New MyanmarFoundation shared Royal Hero Media's photo.
ကျောက်ကပ်ကို အဆိုးဆုံး ထိခိုက်နိုင်သည့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဆီးနှင့် ကျောက်ကပ် ရောဂါများတွင် အဖြစ်များပြီး ကာကွယ်ရုံ၊ စနစ်တကျ ကုသရုံဖြင့် ပျောက်ကင်းနို
င်သော
ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် စနစ်တကျဆေး ကုသမှု မရှိသည့်အခါ ကျောက်ကပ်
ပျက်စီးသည်အထိ ဖြစ်ပွားနိုင်သည်။ ထိုဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည်
မြန်မာနိုင်ငံတွင် အဖြစ်များသော ရောဂါတစ်ခု ဖြစ်ပြီး နေ့စဉ် သတိမပြုမူသည့်
နေထိုင်မှု ပုံစံများကြောင့် ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ရောက်သွားနိုင်ကာ
ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံအရ အမျိုးသမီးများတွင် ဆီးလမ်းကြောင်း
ပိုးဝင်နိုင်သည့် အခြေအနေမှာလည်း ပိုမိုများပြားကြောင်း ဆီးနှင့် ကျောက်ကပ်
ခွဲစိတ်ကု ပညာဌာနမှ ပါမောက္ခ ဒေါက်တာ တိုးလွင်က ပြောသည်။
အမျိုးသမီးများတွင်မူ အသက် ၂၀ နှင့် ၄၀ ကြားအရွယ် ဖြစ်ပွားမှုများပြီး ထိုအရွယ်သည် လုပ်ငန်းခွင် ဝင်ရောက်နေသည့် အရွယ်နှင့် ပညာသင်နေသည့် အရွယ်များ ဖြစ်သည့်အတွက် များသောအားဖြင့် ပုံမှန်ထက် ဆီးသွားနည်းလေ့ ရှိကြသည်။ ဆီးအောင့်ထားခြင်းကြောင့် ဆီးကျန်လာခြင်းသည် ဆီးပိုးတွယ်ရန် အခြေအနေပေးသည်နှင့် ဆီးပိုးဝင်ရောက်လာချိန် တိုက်ဆိုင်သည့်အခါ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဝေဒနာ ခံစားလာရကြောင်း ဒေါက်တာတိုးလွင်က ပြောသည်။ ထို့အပြင် ဝမ်းဟောင်းစွန့်သည့် နေရာမှလည်းကောင်း၊ အစာအိမ်ဟောင်းမှတစ်ဆင့် လည်းကောင်း၊ သားအိမ်မှတစ်ဆင့် လည်းကောင်း ရောဂါပိုးများ ဆီးအိမ်ထဲ ဝင်ရောက်ရာမှ ကျောက်ကပ်သို့ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း သိရသည်။ “အိမ်သာသွားပြီး ရေသုံးတဲ့အခါ နောက်ကနေရှေ့ကို သန့်ရှင်းရင် အစာဟောင်းဘက်က ပိုးကို ဆီးလမ်းကြောင်းဘက်ကို ဖိတ်ခေါ်သလို ဖြစ်တတ်တဲ့အတွက် ဒါကို ဆင်ခြင်ရမယ်လို့ အထူးသဖြင့် အလေးအနက် ထပ်ပြီး ပြောချင်ပါတယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။