Monday, December 17, 2012

အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ (ကျန်းမာရေး ဆောင်းပါး)

Sawpudu Du and 5 other people shared Aye Chan Mon's photo.
အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ

(ကျန်းမာရေး ဆောင်းပါး)

မနက်အိပ်ရာ နိုးထပြီးချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူများစွာအတွက် နေ့စဉ်
ပြုမူ လုပ်ဆောင်နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရပါတယ်။ ထို့အပြင် သိပ္ပံပညာရှင်များ သုတေသနပြုချက်အရ ၎င်းဟာ အလွန်အရေးပါပြီး ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ နံနက်ခင်း ရေသောက် ပေးခြင်းအားဖြင့် သင့်ရဲ့ တစ်ညတာ ပင်ပန်းတစ်ကြီး လှုပ်ရှား ခဲ့ရတဲ့ အစာအိမ်အတွက် များစွာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာအတွက် အဆင်မပြေမှုများ၊ စိတ်သောကများ အတွက်ပါ ရေရဲ့ အစွမ်းကြောင့် လန်းဆန်း သွားစေနိုင်ပါတယ်။

ဒါကို ဂျပန်ဆေးပညာရှင် တွေက ၉၆ ပါး ရောဂါနှင့် များစွာသော အောက် ဖော်ပြပါ ရောဂါများအတွက် အလွန်ပင် အစွမ်းထက်တဲ့ နည်းလမ်း တစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့တာပါ။

ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)၏ ကဗျာ

July Moe and 3 other friends shared Zaw Win's photo.
ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)၏ ကဗျာ
========================

ငလျင်လှုပ်ပြီး
ဘုန်းကြီး မီးလောင်
ဒေါသတချောင်းချောင်း
လက်ပတောင်း ဒီတောင်
တရုတ်ကျေးဇူး.???
ရှိဖူးသတဲ့ မောင်
--အမလေး
စစ်ခွေးတစ်ကောင်ဟောင်...။ ။

ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)

Credit: Ponnya Swe / ပုညဆွေ
ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)၏ ကဗျာ
========================

ငလျင်လှုပ်ပြီး
ဘုန်းကြီး မီးလောင်
ဒေါသတချောင်းချောင်း
လက်ပတောင်း ဒီတောင်
တရုတ်ကျေးဇူး.???
ရှိဖူးသတဲ့ မောင်
--အမလေး
စစ်ခွေးတစ်ကောင်ဟောင်...။ ။

ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)

Credit: Ponnya Swe / ပုညဆွေ

သာသနာကို အကြိမ်ကြိမ် စော်ကားတတ်တဲ့ ကောသလင်းမင်းရဲ့ မိုက်မဲတဲ့လုပ်ရပ်တခုက စခဲ့တဲ့ ပြဿနာ တရပ်ကြောင့် ဘုရားရှင်ရဲ့ ဆွေတော်မျိုးတော်တွေ အကုန်လုံးနီးပါး အသတ်ခံ ခဲ့ ရတယ် ။

Khin Mgoo shared Burma Thwe's photo.
သာသနာကို အကြိမ်ကြိမ် စော်ကားတတ်တဲ့  ကောသလင်းမင်းရဲ့   မိုက်မဲတဲ့လုပ်ရပ်တခုက  စခဲ့တဲ့  ပြဿနာ တရပ်ကြောင့်
ဘုရားရှင်ရဲ့  ဆွေတော်မျိုးတော်တွေ အကုန်လုံးနီးပါး အသတ်ခံခဲ့ ရတယ် ။

ကျန်ရှိတဲ့  လူတွေဟာ ကောသလမင်းရဲ့ သားတော် ၀ိတဒူပ ရဲ့ ရန်က ရှောင်ရှားရင်း ရည်ကြည်ရာ
မြက်နုရာမှာ ခက်ခဲစွာ အသက်မွေးဝမ်းကြောင်းမှု ပြုလုပ်ကာ ရောက်လေရာ အရပ်မှာ ဒေါင်းရုပ်လေးတွေကို
ကျောက်တိုင်ထက်မှာ ထုဆစ်ပြီး အမှတ်အသားချန်ထားခဲ့ ကြရင်း အင်အားစုခဲ့ကြတယ် ။

ဒီလိုနဲ့  အင်အားပြည့်ဝလာတဲ့ တနေ့  မှာ  သူတို့ရဲ့  ညီညွှတ်တဲ့  အစွမ်းအစကို ပြပြီး မြို့ရွာနယ်ပယ်များကို သိမ်းပိုက်ရင်းက
နောက်ဆုံးမှာ  အင်အားအလွန်ကောင်းတဲ့  အိန္ဒိယ ပြည်ထောင်စု ကို ထူထောင်ခဲ့ ကြတယ် ။ မောရိယ ဒိုင်နက်စတီ ဆိုပြီး
သမိုင်းမှာ ထင်ရှားခဲ့  တယ်။

အဲဒီနောက်ပိုင်းမှာ ဒေါင်းပုံဟာ အမှန်တရားကို ချစ်ခင်မြတ်နိုးပြီး ၊ မဟုတ်မခံစိတ်ရှိသူတိုင်း အမြတ်တနိုး တန်ဖိုးထားတဲ့
အမှတ်အသားဖြစ်လာခဲ့ တယ် ။

 သာသနာကို အကြိမ်ကြိမ်စော်ကားတတ်ပြီး မိုက်မဲတဲ့  ဘုရင်ရူး များလက်ထက်မှာ စတင်ပေါ်ပေါက်လာပြီး
အဆုံးသတ်မှာ အောင်ပွဲခံကာ အမှန်တရားကို ဖော်ထုတ်ပြသနိုင်ခဲ့  တဲ့  ဒေါင်းမျိုးတွေဟာ သူတိုရဲ့  တန်ဖိုးထားတဲ့
အလံမှာ ဒေါင်းတံဆိပ်ကို ခပ်နှိပ်ပြီး ဒေါင်းအလံ အဖြစ် မြတ်နူိုးစွာ သုံးစွဲခဲ့ ကြတယ် ။

တိုင်းပြည်အေးချမ်းသာယာတဲ့  အခါသမယ ဆိုရင် ကဒေါင်းပုံကို အသုံးပြုပြီး မတရားမှုတွေ ကြီးစိုးလာတဲ့ အခါ
အမှန်တရားကို ဖော်ထုတ်ဖို့  အတွက် ခွပ်ဒေါင်းပုံကို အသုံးပြုလာခဲ့ ကြပါတယ် ။

မတရားမှုတွေ ၊ အဓမ္မအနိုင်ကျင့် မှုတွေ ၊ သာသနာကိုစော်ကားမှုတွေကို ဖန်တီးနေတဲ့  အာဏာရူးတွေရဲ့ လုပ်ဆောင်ချက်တွေ
ရှိနေသေးသမျှ ၊ သူတို့ လုပ်ဆောင်ချက်များဟာ မှားယွင်းနေကြောင်း ထောက်ပြကာ အမှန်တရားကို တောင်းဆိုနေဖို့  အတွက် ဒေါင်းအလံက  လေမှာပျံဝဲနေအုံးမှာ  ပါဆိုတဲ့  သူတို့  ယုံကြည်ချက် စကားလေးကို နားမှာ ကြားယောင်နေမိတယ် ။

ကောသလမင်းရဲ့ အကြောင်းကို လေ့လာကြည့်ရင် ဒီနေ့ ခေတ် စစ်အာဏာရှင်ခေါင်းဆောင်းများရဲ့ အဖြစ်အပျက်နဲ့
အတော်လေးကို ဆင်တူနေပြီး ၊ ကောသလရဲ့ စောရတွေကလည်း စစ်အာဏာရှင်များရဲ့ နောက်လိုက်များနဲ့
အရမ်းကို တူနေပါတယ် ။
သာသနာကို အကြိမ်ကြိမ် စော်ကားတတ်တဲ့ ကောသလင်းမင်းရဲ့ မိုက်မဲတဲ့လုပ်ရပ်တခုက စခဲ့တဲ့ ပြဿနာ တရပ်ကြောင့်
ဘုရားရှင်ရဲ့ ဆွေတော်မျိုးတော်တွေ အကုန်လုံးနီးပါး အသတ်ခံ
ခဲ့ ရတယ် ။

ကျန်ရှိတဲ့ လူတွေဟာ ကောသလမင်းရဲ့ သားတော် ၀ိတဒူပ ရဲ့ ရန်က ရှောင်ရှားရင်း ရည်ကြည်ရာ
မြက်နုရာမှာ ခက်ခဲစွာ အသက်မွေးဝမ်းကြောင်းမှု ပြုလုပ်ကာ ရောက်လေရာ အရပ်မှာ ဒေါင်းရုပ်လေးတွေကို
ကျောက်တိုင်ထက်မှာ ထုဆစ်ပြီး အမှတ်အသားချန်ထားခဲ့ ကြရင်း အင်အားစုခဲ့ကြတယ် ။

ဒီလိုနဲ့ အင်အားပြည့်ဝလာတဲ့ တနေ့ မှာ သူတို့ရဲ့ ညီညွှတ်တဲ့ အစွမ်းအစကို ပြပြီး မြို့ရွာနယ်ပယ်များကို သိမ်းပိုက်ရင်းက
နောက်ဆုံးမှာ အင်အားအလွန်ကောင်းတဲ့ အိန္ဒိယ ပြည်ထောင်စု ကို ထူထောင်ခဲ့ ကြတယ် ။ မောရိယ ဒိုင်နက်စတီ ဆိုပြီး
သမိုင်းမှာ ထင်ရှားခဲ့ တယ်။

အဲဒီနောက်ပိုင်းမှာ ဒေါင်းပုံဟာ အမှန်တရားကို ချစ်ခင်မြတ်နိုးပြီး ၊ မဟုတ်မခံစိတ်ရှိသူတိုင်း အမြတ်တနိုး တန်ဖိုးထားတဲ့
အမှတ်အသားဖြစ်လာခဲ့ တယ် ။

သာသနာကို အကြိမ်ကြိမ်စော်ကားတတ်ပြီး မိုက်မဲတဲ့ ဘုရင်ရူး များလက်ထက်မှာ စတင်ပေါ်ပေါက်လာပြီး
အဆုံးသတ်မှာ အောင်ပွဲခံကာ အမှန်တရားကို ဖော်ထုတ်ပြသနိုင်ခဲ့ တဲ့ ဒေါင်းမျိုးတွေဟာ သူတိုရဲ့ တန်ဖိုးထားတဲ့
အလံမှာ ဒေါင်းတံဆိပ်ကို ခပ်နှိပ်ပြီး ဒေါင်းအလံ အဖြစ် မြတ်နူိုးစွာ သုံးစွဲခဲ့ ကြတယ် ။

တိုင်းပြည်အေးချမ်းသာယာတဲ့ အခါသမယ ဆိုရင် ကဒေါင်းပုံကို အသုံးပြုပြီး မတရားမှုတွေ ကြီးစိုးလာတဲ့ အခါ
အမှန်တရားကို ဖော်ထုတ်ဖို့ အတွက် ခွပ်ဒေါင်းပုံကို အသုံးပြုလာခဲ့ ကြပါတယ် ။

မတရားမှုတွေ ၊ အဓမ္မအနိုင်ကျင့် မှုတွေ ၊ သာသနာကိုစော်ကားမှုတွေကို ဖန်တီးနေတဲ့ အာဏာရူးတွေရဲ့ လုပ်ဆောင်ချက်တွေ
ရှိနေသေးသမျှ ၊ သူတို့ လုပ်ဆောင်ချက်များဟာ မှားယွင်းနေကြောင်း ထောက်ပြကာ အမှန်တရားကို တောင်းဆိုနေဖို့ အတွက် ဒေါင်းအလံက လေမှာပျံဝဲနေအုံးမှာ ပါဆိုတဲ့ သူတို့ ယုံကြည်ချက် စကားလေးကို နားမှာ ကြားယောင်နေမိတယ် ။

ကောသလမင်းရဲ့ အကြောင်းကို လေ့လာကြည့်ရင် ဒီနေ့ ခေတ် စစ်အာဏာရှင်ခေါင်းဆောင်းများရဲ့ အဖြစ်အပျက်နဲ့
အတော်လေးကို ဆင်တူနေပြီး ၊ ကောသလရဲ့ စောရတွေကလည်း စစ်အာဏာရှင်များရဲ့ နောက်လိုက်များနဲ့
အရမ်းကို တူနေပါတယ် ။

လက်ပံတောင်း သပိတ်စခန်း အသစ်ဖွင့်ထားတာကို ဆက်ထားမယ်လို့ သပိတ်စခန်းမှာ စည်းဝေးပြီး ဆုံးဖြတ်

Cho Tu Zal and 2 other people shared Ko Htike's status update.
မနေ့က .. လက်ပံတောင်း သပိတ်စခန်း အသစ်ဖွင့်ထားတာကို ဆက်ထားမယ်လို့ သပိတ်စခန်းမှာ စည်းဝေးပြီး ဆုံးဖြတ်လိုက်ကြတယ်လို့ သိရတယ်။

ကျွန်တော်နဲ့ သဘောထား ကွဲသူတွေ ရှိနိုင်ပါတယ်။ သို့သော် ဒီစာကို ဆုံးအောင် ဖတ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။

ကျွန်တော့်သဘောအရဆို သပိတ်စခန်းကို (ခဏ) ပိတ်လိုက်စေချင်တယ်။ သံဃာတွေကို တောင်းပန်လိုက်လို့ ..
ကျေနပ်ပြီး ပိတ်ခိုင်းတာ မဟုတ်ပါ။ အစိုးရ လှည့်ကွက်နဲ့ မိပြီး ခံလိုက်ရတာ မဟုတ်ပါ။ ကျွန်တော့်မှာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိပါတယ်။ အဲဒါတွေကတော့ ..

(၁) သံဃာတွေက တောင်းဆိုတာ အပြည့်အဝ မရပေမယ့် .. သာဓုခေါ် ကျေနပ်ထားကြတော့ ..အဲဒါကို လေးစားလိုတဲ့ စိတ်

(၂) တောင်းပန်ပွဲကို အတိုင်းအတာ တစ်ခုအထိ ကျေနပ်တယ် ဆိုထားတာကြောင့် .. တနိုင်ငံလုံး လှုပ်ရှားမှုတွေက စိတ်အားထန်သန်မှု (motivation) လျော့သွားတယ်။ ဒီအတွက် .. သပိတ် စခန်းအတွက် စိတ်ဓါတ်ရေးရာ ထောက်ပံ့မှုက အားနည်းနေချိန် ဖြစ်တာကြောင့် ခဏ ရပ်သင့်တယ် ထင်တယ်။

ABSDF ဒု ဥက္ကဌ ရဲဘော်မျိုးဝင်းနှင့် Living Color တွေ့ဆုံမေးမြန်းခန်း by Nyo Htet on Monday, December 17, 2012 at 9:15am ·


“ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့ လူထုရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ နှစ်ဘက်စလုံးက လူထုပါဝင်မှုအတွက် လမ်းဖွင့်ပေးဖို့လိုတယ်” ဆိုသည့်   မြန်မာနိင်ငံလုံးဆိုင်ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၏ ပြည်တွင်းငြိမ်းချမ်းရေး၊လူမျိုးကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ရေးတို့နှင့် ပတ်သက်ပြီး  ဒုတိယဥက္ကဌ ကိုမျိုးဝင်းနှင့်တွေ့ဆုံမေးမြန်ထားသည်များ ကို စုစည်ဖော်ပြလိုက်ပါသည်။
Living Colors ။  ။ UNFC က ပြောတဲ့ ငြိမ်းချမ်းရေး ပုံစံ ၆ ချက် နဲ့ အစိုးရ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး Road  Map က နှစ်ချက်လောက်လွဲနေတယ်၊ အဲ့ဒါကို ဘယ်လိုညှိနို်င်းလို့ ရမယ်ထင်လဲ၊ အဲ့ဒီပေါ် မှာ ဘယ်လို သုံးသပ်ပါသလဲ။
UMW ။   ။ ဘက်နှစ်ဖက် ဆွေးနွေးမှုတိုင်းမှာတော့ ရပ်တည်ချက်နဲ့ အမြင်မတူနိုင်တာတွေ ရှိနိုင်ပါတယ်။ ကွဲလွဲ တာက ပြသနာမရှိဘူး၊ အရေးအကြီးဆုံးက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာလိုစိတ် ရှိဖို့ဘဲ။ ကြိုတင် သတ်မှတ်ထားချက်တွေကြောင့် တွေ့ဆုံဆွေးနွေးပွဲကို အကန့်အသတ် မဖြစ်စေသင့်ဘူး။
ဒီနေ့ကာလ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံး တောင်းဆိုတင်ပြနေတာက နိုင်ငံ ရေးအရ တန်းတူရည်တူ ဆွေးနွေးရေးဖြစ်တယ်။ ဒီနေရာမှာ အဓိက အဖြေရှာရမှာက ပြည်တွင်းစစ် ဖြစ်ရခြင်းရဲ့ အရင်းခံအကြောင်းတရားဘဲ ဖြစ်တယ်။ ဗမာမဟုတ်တဲ့ တိုင်းရင်းသား အင်အားစုတွေ အားလုံး တောင်းဆိုတိုက်ပွဲဝင်နေတာက အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအ တွက်ဘဲ။ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို အသိအမှတ်မပြုဘဲ၊ နိုင်ငံရေးပါတီများ ထူထောင်ပြီး ရွေးကောက်ပွဲဝင်ပါ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလက်ခံပါ၊ လွှတ်တော်အ တွင်းမှာ အများဆန္ဒနဲ့အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပါလို့ဘဲ အစိုးရဘက်က တဖက် သတ် တောင်းဆိုနေမယ်ဆိုရင်တော့ ဆွေးနွေးပွဲက အဆင်ပြေမှာမဟုတ်ဘူး။ အမျိုးသားတန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖေါ်ဆောင်နိုင်မဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လွှတ် တော်ပ ဆွေးနွေးပွဲမှာ သဘောတူညီမှုတွေကို အခိုင်အမာ ချမှတ်နိုင်ဖို့လိုမယ်။
အရေးကြီးဆုံးက ဒီနေ့ကာလ တိုင်းပြည်မှာ တည်ရှိနေတဲ့ နိုင်ငံရေးပြသနာအားလုံးကို တဦး ကောင်း၊ တဖွဲ့ကောင်းနဲ့ ဖြေရှင်းလို့မရဘူး။ အားလုံးလက်တွဲ ဖြေရှင်းသွားဖို့လိုမယ်။ ဒါကြောင့် အား လုံးပါဝင်နိုင်မဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲလိုတယ်။ ဒီဆွေးနွေးပွဲကနေ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပြင်ဆင်ရေးဆွဲရေးအပါအ၀င် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နိုင်ငံရေးလုပ်ငန်းစဉ်တရပ်ကို ချ မှတ်သွားဖို့လိုမယ်။ ဒါမှသာလျှင် မတူညီမှုတွေ၊ ကွဲလွဲချက်တွေကို ကျော်လွှားနိုင်လိမ့်မယ်။

Sunday, December 16, 2012

ဇက်ကြောတက် သက်သာစေမည့် လေ့ကျင့်ခန်းများ by Health Articles on Sunday, December 16, 2012 at 6:07am ·


ပခုံးနေရာနဲ့ ကုတ်ပိုးတစ်လျှောက် ကြွက်သားတွေ တင်းပြီး နာကျင်နေမှုနဲ့ အရာဝတ္ထု တစ်ခုခု တင်ထားသလို လေးလံမှုကို ခံစားနေရမယ် ဆိုရင်တော့ အောက်ပါ လေ့ကျင့်ခန်းတွေကို ပြုလုပ်ကြည့်ပါ။  တစ်နေ့ကို သုံးကြိမ်လောက် ပြုလုပ်ပေးရင် နာကျင်မှု တဖြည်းဖြည်း သက်သာသွားနိုင်ပါတယ်။

လေ့ကျင့်မှုပုံစံ (၁)

နောက်မှီ ထိုင်ခုံတစ်လုံးပေါ်မှာ ခါးကို မတ်မတ်လေးထိုင်နေပြီး မေးစေ့ကို ရင်ဘတ်နေရာနားသို့ ငုံ့ချလိုက်ပါ။ ခဏလောက်နေပြီး ခေါင်းကို ပုံမှန်အတိုင်း ပြန်ထားပါ။ ငါးကြိမ် ပြုလုပ် လေ့ကျင့်ပေးပါ။

လေ့ကျင့်မှုပုံစံ (၂)

ထိုင်ခုံပေါ်မှာ ထိုင်နေရင်း နောက်သို့ ဦးခေါင်းကို လှန်ချရမှာပါ။ မျက်နှာက မျက်နှာကြက်ဆီကို မော့လိုက်ပြီး နောက်ကျောပေါ်မှာ မှီလိုက်တဲ့ ပုံစံမျိုးပါ။ ခဏလောက်နေပြီး ဦးခေါင်းကို မတ်မတ်ပြန်ထားပါ။ ငါးကြိမ် ပြုလုပ်လေ့ကျင့်ပေးပါ။

Computer ဆက်တိုက် သုံးနေသူများ မျက်စိကို ဘယ်လိုကာကွယ် ထိန်းသိမ်း ကြမလဲ

Lu Bo and Maung Lwin shared Zaw Mintun Zawmintun's photo.
Computer ဆက်တိုက် သုံးနေသူများ မျက်စိကို ဘယ်လိုကာကွယ် ထိန်းသိမ်း ကြမလဲ""""ယနေ့ အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပျူတာဖြင့် နေစဉ်ရက်ဆက်
အလုပ်လုပ်ကိုင် နေ
ကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း တို့ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒီလိုမချွတ်ယွင်း၊ အားမနည်းအောင် ကျွန်မတို့ဘယ်လို ကာကွယ်ကြမလဲ။ အောက်ပါ နည်းလမ်းလေးတွေကို လိုက်နာပေးလိုက်ပါ။
နေရာမှန်ပါစေ
သင့်ရဲ့ကွန်ပျူတာ၊ keyboard၊ mouse တို့ကို နေရာမှန်ထားတက်ဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ့လက်တဆန့်စာ အကွာနဲ့ မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့်နေရပါမယ်။
အလင်းရောင်
သင့်အခန်းတွင်း အလင်းရောင် ပျံ့နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ screen မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ screen အား သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။

စကားကြီး (၁၁) ခွန်း by လက်တွဲဖော်ချစ်သူ ဘလော့ (ဂ်)မှ



 
စကားကြီး (၁၁) ခွန်း
၁။ ရေကူးညာတင်ပြောဆိုခြင်း ~ လိုသည်ထက်ပို၍ပြောဆိုခြင်း
၂။ ကောက်ပင်ရိတ်လှီးပြောဆိုခြင်း ~ စကားတစ်ခွန်းတည်းနှင့် အပိုင်ပြောဆိုခြင်း
၃။ ရေစီးဖောင်ဆန်ပြောဆိုခြင်း ~ စကားပြောရာ၌ လက်ဝင် ပင်ပန်းသော စကားမျိုးပြောဆိုခြင်း
၎။ အိုးတန်ဆန်ခပ်ပြောဆိုခြင်း ~ တစ်ဖက်လူနှင့် တန်သလောက်ပြောဆိုခြင်း
၅။ ဆီပွတ်ကျည်ပွေ့ပြောဆိုခြင်း ~ တဖြည်းဖြည်း ကိုယ့်ဘက်ပါအောင် ဖွဲ့နွဲ့ ပြောဆိုခြင်း
၆။ ဆင်ဝှေ့ရန်ရှောင်ပြောဆိုခြင်း ~ တာဝန်မဲ့သော၊ ရှောင်လွှဲသောစကားကို ပြောဆိုခြင်း
၇။ တောင်သူယာခုတ်ပြောဆိုခြင်း ~ ပြောသင့်သည်ကိုအရင်ပြောပြီး လိုရာကို နောက်မှပြောဆိုခြင်း
၈။ ကြက်ဆုပ်ခွပ်ပစ်ပြောဆိုခြင်း ~ မိမိအသာစီးရသောအခါ အပိုင်ပြောဆိုခြင်း
၉။ ရေစစ်ကရားပြောဆိုခြင်း ~ စကားကိုချန်မထားဘဲ အကုန်ပြောခြင်း
၁၀။ ရေသာသဲတင်ပြောဆိုခြင်း ~ အရှုံးဖြင့်ပြောဆိုခြင်း
၁၁။ ခက်တင်မောင်းနင်းပြောဆိုခြင်း ~ မတင်မကျနှင့် ရှေ့မရောက် နောက်မထိုင် ပြောဆိုခြင်း
စကားများခြင်း၏ အပြစ် (၅) ပါး
၁။ မဟုတ်မမှန်သောစကားကို ပြောမိတတ်၏။
၂။ ကုန်းတိုက်စကားကို ပြောမိတတ်၏။
၃။ ကြမ်းတမ်းသောစကားကို ပြောမိတတ်၏။
၎။ အနှစ်မဲ့သောစကားကို ပြောမိတတ်၏။
၅။ သေလွန်သောအခါ အပါယ်သို့ကျ၏။
စကားအရာ အင်္ဂါ (၁၀) ပါး
၁။ ကာလဝါဒီ ~ ပြောချိန်ပြောခွင့်သင့်မှ ပြောဆိုခြင်း
၂။ ဘူတဝါဒီ ~ ဟုတ်မှန်သော စကားကိုသာ ပြောဆိုခြင်း
၃။ ဓမ္မဝါဒီ ~ တရားနှင့် စပ်သည်ကိုသာ ပြောဆိုခြင်း
၎။ အတ္တဝါဒီ ~ အကျိုးနှင့် စပ်သည်ကိုသာ ပြောဆိုခြင်း
၅။ ပိယဝါဒီ ~ ချစ်ဖွယ်သောစကားကိုသာ ပြောဆိုခြင်း
၆။ မိဟိတပုဗ္ဗဘာဏီ ~ ပြုံးရွှင်ခြင်းကိုသာ ရှေးဦးပြ၍ ပြောဆိုခြင်း
၇။ မိတာဘာဏီ ~ မပိုမလွန် ချင့်ချိန်၍ ပြောဆိုခြင်း
၈။ အတုရိတဝါဒီ ~ အဆောတလျင် မပြောဆိုခြင်း
၉။ ပေါရီ ~ ဓလေ့ထုံးစံကိုလိုက်၍ ပြောဆိုခြင်း
၁၀။ ဝိသဒဝါဒီ ~ သန့်ရှင်းသေချာ ဋ္ဌာန်ကရိုဏ်းကျအောင် ပြောဆိုနိုင်ခြင်း
စကား ၆ ခွန်း လူ၌ထွန်း၊ ၄ ခွန်းကိုပယ် ၂ ခွန်းတည်
၁။ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကလည်းမနှစ်သက်သော မုသာဝါဒစကားများ
၂။ မှန်လည်းမှန်၏၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကနှစ်သက်သော ပိသုဏဝါစာစကားများ
၃။ မှန်လည်းမှန်၏၊ အကျိုးလည်းမရှိ၊ သူတစ်ပါးလည်းမနှစ်သက်သော ဖရုသဝါစာစကားများ
၎။ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကနှစ်သက်သော သမ္ဖပ္ပလာပဝါစာစကားများ
၅။ မှန်လည်းမှန်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါးလည်းနှစ်သက်သော သမ္မာဝါစာစကားများ
၆။ မှန်လည်းမှန်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါးတော့မနှစ်သက်သော သမ္မာဝါစာစကားများ

ဆွန်ယက်ဆင်၏ အရေးသုံးပါး 14Jun12

ဆွန်ယက်ဆင်၏ အရေးသုံးပါး

14Jun12

အမျိုးသား စည်းလုံးရေး ဒီမိုကရေစီရေး စားဝတ်နေရေး
ဗမာပြည်မှာ လူမျိုးစုံ ဘာသာစုံ ဆွေးနွေးပွဲ ဝပ်ရှော့ ဆိုတာတွေ တက်ခဲ့ဖူးပါတယ်။ တိုင်းရင်းသား အဖွဲ့တွေ ကြီးမှူးလုပ်တာပါ။ အဲဒီမှာ တိုင်းရင်းသားစုံ ဘာသာစုံက လူငယ် လူကြီး အစုံအလင် သိရ ပြောဆိုရဖူးပါတယ်။ အဲဒိကတခါ နိုင်ငံခြားမှာ ဒီလိုမျိုး ငြိမ်းချမ်းရေး စခန်းသွင်းပွဲတွေ သွားတက်ရပါတယ်။ အဲဒိတိုင်းပြည်မှာ လူမျိုး ဘာသာက ဗမာပြည်လိုပဲ များပြားတော့ အဓိကရုဏ်းတွေ ဖိနှိပ်မှုတွေ ဖြစ်ခဲ့လေတော့ ဘေးဆီးရန်ကာ လူထု လှုပ်ရှားမှုတွေ အဖွဲ့အစည်းတွေလဲ တော်တော်စုံနေပါပီ။ သူတို့ဆီက ပညာတတ် လူငယ် အမျိုးသမီးတွေကလဲ ဒီအရေးကို အတော် ထက်ထက်သန်သန် ပြောနိုင်ကြတာ တွေ့ရပါတယ်။ အစိုးရ အုပ်ချုပ်ပုံပြောင်းပီး နိုင်ငံတကာနဲ့ အထိအတွေ့ ဆိုတာတွေ သိပ်များလာတော့ သူတို့ဆီမှာ ဒီလို အဓိကရုဏ်းတွေ ဖြစ်တာနဲလာပီး ခွဲခြားနှိမ်ချမှု ဆိုတာ ရှက်ရမှန်း သိလာတဲ့ လက္ခဏာ တွေ့ရပါတယ်။ ဒါကြောင့် မွတ်ဆလင် နိုင်ငံကြီးပေမယ့် အတော် သည်းခံ လွတ်လပ်ခွင့် ကျင့်သုံးနိုင်ကြတယ်။
ကျနော်တို့ ဆီမှာလဲ အရင်က ပတ်သက်စရာ မရှိတဲ့ အသိုင်းအဝိုင်း လူမျိုးစုံ စကားပြောခိုင်း နာကြည်းမှုတွေ ဖွင့်ပြောကြတော့ အပြန်အလှန် နားလည်မှု တမျိုး ရှိလာတာကို တွေ့ရပါတယ်။ ဒါကလဲ ပွဲပီးမီးသေပါပဲ ဆိုလဲ ဟုတ်နိုင်တာပဲ။ နေ့စဉ်ဘဝမှာ ဒီလို ခွဲခြားမှုတွေ ဆင်ခြင် ရပ်တန့်သွားဖို့က အစိုးရနဲ့ လူ့အဖွဲ့အစည်း တခုလုံး ပါဝင်လာမှ ဖြစ်တာကိုး။ အန်ဂျီအို တချို့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းလေးတွေ စာဖတ်တဲ့ လူစုတွေမှာလောက် ကွက်ကွက်မှာ ကျင့်သုံးနိုင်တာက တကယ့် ရပ်ကွက်ထဲ ရွာထဲ ဖေ့စ်ဘုတ်ထဲ ရောက်တယ် မပြောနိုင်ပါ။

သိုးရေကို ခြုံလာတဲ့ ဝံပုလွေ/Posted by ကိုထိုက် Saturday, 17 September 2011

Saturday, 17 September 2011

သိုးရေကို ခြုံလာတဲ့ ဝံပုလွေ

သိန်းစိန်တို့ အုပ်စုရဲ့ သတိထားရမယ့် လှည့်ကွက် တချို့ကို ကျွန်တော် တင်ပြလိုပါတယ်။ အဲဒီ လှည့်ကွက်တွေ ကတော့ .. နအဖ၊ နဝတ လက်ထက်ကတည်းက လုပ်နေတဲ့ လုပ်ကွက် တွေကနေ ဘာမှ မပြောင်းလဲသေးဘူးဆိုတာပါဘဲ။ ပြောချင်တာက သွေးခွဲ အုပ်ချုပ်ရေး (သို့) အင်အားစုတွေ တစုတစည်းတည်း မဖြစ်ရေးပါ။ အဲဒါတွေကတော့ …

၁။ ၁၉၈၈ နောက်ပိုင်းကနေ ဒီနေ့အထိ .. ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေကို တပြိုင်နက် လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ပေးတာမျိုး မရှိဘဲ .. (ပြည်သူလူထု ဖိအား၊ နိုင်ငံတကာ ဖိအား၊ စစ်တပ်အတွင်း အကြပ်အတည်းဖိအားတွေ လျော့လာအောင် လွှတ်ပေးရတာမျိုး ရှိခဲ့ရင်တောင်) .. တစ်ယောက်ကို လွှတ်ရင် အပြင်မှာ ရှိနေတဲ့ လူကို ပြန်ဖမ်းပါတယ်။ ဒါကြောင့် ဒီနေ့အထိ ကိုမင်းကိုနိုင်တို့ အုပ်စုနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ အပြင်မှာ တပြိုင်နက် မရှိခဲ့တာ ၈၈ နောက်ပိုင်းကနေ ဒီန့အထိပါပဲ။ သူတို့ အင်အားစု နှစ်ခု အတူတကွရှိရင် ဖြစ်လာမယ့် အင်အားက အရမ်းကြီးတာကြောင့် စစ်အုပ်စုရဲ့ အာဏာ ထိခိုက်မှာ စိုးရိမ်နေတာပါပဲ။ ဒါဟာ .. ကိုမင်းကိုနိုင်တို့ကို မလွှတ်ပေးသေးနိုင်တာဟာ ဘာကို ပြနေသလဲဆိုတော့ ဘောင်းဘီချွတ် သိန်းစိန်တို့ အုပ်စုဟာလည်း တိုင်းပြည်ကောင်းဖို့၊ အမျိုးသားရေး ပြန်လည်ပေါင်းစည်းဖို့ ဆိုတာထက် သူတို့ အာဏာမြဲဖို့ လုပ်ရပ်ရဲ့ သက်သေပြချက် တစ်မျိုးပါပဲ။