တကယ်တော့၊အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ၊ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ၊အလေးနက်ဆုံး အသိဉာဏ်ကို ဘဝတွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး၊ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပါပဲ(ဆရာတော်ဦဇောတိက)
Thursday, December 13, 2012
ကျနော်တို့ စကားမကျွံဖို့ပဲလိုတယ် . . ကျနော်တို့စကားနဲ့ အမေစုပြောလာမယ့် စကားတွေ ဆန့်ကျင်ဖက်ဖြစ်မသွားဖို့ပဲလိုတယ် . . by Hawdeka Khalaylay on Thursday, December 13, 2012 at 12:05pm ·
Cho Tu Zal
ဒီလို စာ မျိုးတွေ ဖတ်ရတာ
အင်မတန်အာရုံနောက်ရပါတယ်။
ဘယ်သူနဲ့ ဘယ်သူ ဘယ်လို အားပြိုင်နေတယ်၊ ဘယ်သူက ဘယ်လို ကစားတာ စ သဖြင့်
စာမျိုးတွေပါ။
နိုင်ငံရဲ့ ပြောင်းလဲမှု ဖြစ်စဉ်တွေဟာ လူတဦးတယောက်အပေါ်၊ လူတစုအပေါ်မှာ
မှီတည်နေသေးသရွေ့ အဲဒီနိုင်ငံမှာ ဒီမိုကရေစီစနစ် မထွန်းကားသေးပါဘူး ဆိုတာ
ထင်းထင်းကြီး ပြလို့နေပါတယ်။
ဦးသန်းရွှေရဲ့ သေရေး ရှင်ရေး၊ လေဖြတ်ရေး၊ ဆီးမှန်၊ ၀မ်းမှန် ကျန်းမာရေးဟာ
မြန်မာပြည်သား သန်း ၆၀ ရဲ့ ကံကြမ္မာနဲ့ တိုက်ရိုက်အချိုးသက်ရောက်နေသည်ဖြစ်စေ၊ ပြောင်းပြန်အချိုးသက်ရောက်နေသည်
ဖြစ်စေ၊ မြန်မာပြည် ဒီမိုကရေစီ ဝေးပါသေးတယ်။
ဒီလိုပဲ ဦးသန်းရွှေ နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ဆိုလည်း အတူတူပါပဲ။
ခေါင်းဆောင် ဆိုပြီး ဘယ်လောက်ပဲ လေးစား လေးစား သူတယောက်ထဲပေါ်တည်
နေတယ်ဆို ဒါဟာ ဒီမိုကရေစီ လုံးဝ မဟုတ်ပါဘူး။
ကျနော်တို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ စာတွေ ရေးတယ်။ အပြန်အလှန်ဆွေးနွေးတယ်။ နောက်ဆုံး
တူညီတဲ့အမြင်တွေ အပြန်အလှန်နားလည်မှုတွေရတယ်။ အဲဒီကတဆင့် တူညီတဲ့ အလုပ်တွေ
လုပ်ကြတယ်။ အဲဒါကမှ ဒီမိုကရေစီပါ။
သေချာ ချင့်ချိန်စဉ်းစားကြည့်ပါ။
အစိုးရတွင်း ဘယ်လို အလုပ်လုပ်နေသလဲ။
အတိုက်အခံပါတီတွင်းမှာကော ဘယ်လို တွေ လုပ်နေသလဲ။
တဦးတယောက်ထဲ က ထင်တိုင်းကျဲနေသရွေ့ အဲဒါ ဒီမိုကရေစီ လုံးဝ( လုံးဝ ) မဟုတ်ပါဘူး။
နောက် ရပ်တည်ချက် နဲ့ ပါတ်သက်လို့လည်း. .
ဘယ်လိုပုံစံမျိုးနဲ့ပဲ ဖြစ်ဖြစ် ပြည်သူနဲ့သာ တသားတည်းရပ်တည်ရမှာ လို့မြင်ပါတယ်။
ဘယ်အချိန်မျိုးပဲဖြစ်ြဖစ်၊ ဘယ်လို အခြေအနေမျိုးပဲ ဖြစ်ဖြစ်ပါ။ ပြဿနာတွေဟာ
ပြည်သူလူထုဆီမှာ ရှိနေတယ်။
လူတစု ရဲ့ အာဏာရရေး၊ လူတစုရဲ့ စည်းစိမ်ရေး အတွက် အချင်းချင်း လုကြ တိုက်ကြတာ
မြန်မာ့သမိုင်းမှာ အပ်ကြောင်းထပ်နေတဲ့ ရာဇ၀င်ပြဿနာတွေပါ။ ကုန်းဘောင်ခေတ်
မင်းညီမင်းသားတွေ . .အချင်းချင်း တိုက်ကြခိုက်ကြဆိုတာတွေ လည်း အများကြီးကို
ဖြစ်ခဲ့ပေါ့။ တကယ်တမ်း မြေဇာပင်ဘ၀ နဲ့ နာခဲ့ရတာ ခေတ်အဆက်ဆက် ပြည်သူတွေပါ။
ဒါတွေကို သိရင် ပြည်သူနဲ့သာ တသားတည်းရပ်ပြီး၊ ပြည်သူ့အကျိုးစီးပွားကို
ကာကွယ်ဖို့ရပ်တည်တဲ့ လမ်းတခုတည်းသာ တည့်မတ်မှန်ကန်တဲ့ နိုင်ငံရေးကျင့်စဉ်တခုလို့
မြင်လာပါလိမ့်မယ်။
ပြည်သူ့ဆန္ဒနဲ့ ကင်းကွာတဲ့ နိုင်ငံရေးသမားဟာ၊ အကာအကွယ်မဲ့၊ ချပ်ဝပ်တန်ဆာမဲ့
စစ်သည်လိုပဲ အချိန်မရွေး ဟာကွက်ပေါင်းများစွာနဲ့ ထိုးနှက်ခံပြီး
ကျဆုံးသွားမှာပါပဲ။
ချိုတူးဇော်
လိုအပ်လျှင် အာဏာပြန်သိမ်းမည်ဟု ကာကွယ်ရေး ဦးစီးချုပ် အရိပ်အမြွက်ပြော
Myint Sein and 2 other friends shared မျိုးချစ် သူရဲကောင်း's photo.
လိုအပ်လျှင် အာဏာပြန်သိမ်းမည်ဟု ကာကွယ်ရေး ဦးစီးချုပ် အရိပ်အမြွက်ပြောဟိန်းခိုင်ထွန်း၊ ၊ကာကွယ်ရေး ဦးစီးချုပ်အသစ်အဖြစ် ခန့်ထားခြင်း ခံရသည့် ဗိုလ်ချုပ်ကြီးမင်းအေ
ာင်လှိုင်
ဧပြီလ၈ ရက်နေ့က ကျင်းပသည့် ဗထူး တပ်မြို့ ရှိ ဗိုလ်လောင်း သင်တန်း
အမှတ်စဉ် ၁၁၄ ဆင်းပွဲတွင် သင်တန်းဆင်း ဗိုလ်လောင်းများကို မိန့်ခွန်း
ပြောကြားရာ၌ တပ်မတော်သည် လိုအပ်လျှင် အာဏာ ပြန်သိမ်းမည်ဟု အရိပ်အမြွက်
ပြောကြားခဲ့ကြောင်း FNG မှ သတင်း ရရှိသည်။
ခောတ်သစ် မြန်မာနိုင်ငံရေး သမိုင်းတွင် အာဏာအရှိဆုံး ရာထူးဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ရရှိခဲ့သည့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် အဆိုပါ ရာထူးကို ပြီးခဲ့သည့် လက လက်ခံခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် စစ်တပ်၏ အရေးပါသည့် ဗိုလ်လောင်း သင်တန်းဆင်းပွဲတွင် မိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တပ်မတော် အနေဖြင့် အမြဲ သတိရှိနေရန် သူက ပြောကြားပြီး တိုင်းပြည်အတွက် အန္တရာယ် ပေါင်းစုံနှင့် ရင်ဆိုင်ရပြီး အကျပ်အတည်း ဆိုက်နေပါက လိုအပ်လျှင် ၀င်ရောက် ထိန်းသိမ်း ရမည်”ဖြစ်ကြောင်း သူက ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်၏ တိုက်ရိုက် အထောက်အပံ့ကို ကေအိုင်အေ ရရှိနေပြီလား..
Myat Khine and 2 other friends shared Chit Coco's photo.
တရုတ်၏ တိုက်ရိုက် အထောက်အပံ့ကို ကေအိုင်အေ ရရှိနေပြီလား..ဦးအောင်မင်းပြောသည့် တရုတ်ကိုလည်းကြောက်ရတယ်ဆိုတဲ့ စကားအတိုင်း ဖြစ်လာပါတော့မယ်။ ကေအိုင်အေသည် ၈၈ မတိုင်ခင်
က
ဗကပ ဆီမှ အကူအညီများ ရရှိရန် ဗကပဆိုပြီး လုပ်ခဲ့ကာ တရုတ်မှ အကူ အညီများ
ယူခဲ့ဖူးသည်။ ၈၈ နောက်ပိုင်း ကာလတွင်လည်း ကေအိုင်အေ၏ အဓိက ၀င်ငွေ စီးဆင်း
သည့် နိုင်ငံမှ တရုတ်နိုင်ငံ ဖြစ်သည် ဆိုတာကလည်း ငြင်းစရာမရှိ။
ကေအိုင်အေ စိုးမိုးသည့် နယ်နိမိတ်အတွင်း အံ့သြသင့်ဖွယ် တရုတ်ဖုန်းများ လွယ်ကူစွာ အသုံးပြု၍ ရနေကြောင်း၊ ကေအိုင်အေတို့၏ ဆက်သွယ်ရေး စနစ် အရမ်းမြင့်ကြောင်း ရှေ့တန်းမှ ပြန်လာသည့် အရာရှိတစ်ဦးမှ ပြောဆိုခဲ့သည်။ အစက ကျွန်တော်တို့ ထင်ထားတာ ကေအိုင်အေက တောထဲက သူပုန်လို့ပဲ ထင်ထားတာ၊ အခုမှ ဒီကောင်တွေက FM တွေ၊ အင်တာနက် နည်းပညာတွေနဲ့၊ နောက်ဆုံး တိုက်ပွဲမှာ ထိခိုက် ဆုံးရှုံးမှုတွေ ရှိရင်တောင် ချက်ချင်း ရိုက်ပြီး ဌာနချုပ်ကို ပို့ပေးနိုင်တယ်လို့ ပြောကြ တယ်။ ဒီလို နည်းပညာတွေက တရုတ်ကလွဲပြိး ဘယ်သူမှ ထောက်ပံ့မှာ မဟုတ်ဘူး ဟု ၄င်းက ဆက်ပြောခဲ့သည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက် “ဒီစကား” အောင်ဆန်းစုကြည် by ဟိန်း ထိုက် ဈာန် on Thursday, December 13, 2012 at 7:12am ·
Cho Tu Zal
ဒီစကား က ဘယ်သူတွေ သဘောကျမယ့် စကားလဲ
မတရားလုပ်ခံနေရတဲ့သူတွေကို အဲဒီလို စကားတွေသွားပြောကြည့်ပါလား။ ခု အဲဒီစကားကို
နားဝင်ပီယံဖြစ်နေတာ စစ်ဗိုလ်ချုပ်ကြီးတွေ၊ လက်နက်ကြီးငယ်အသွယ်သွယ်ကိုင်ထားတဲ့၊
လုပ်ပိုင်ခွင့်အကုန်မောင်ပိုင်စီးထားတဲ့၊ သန်းပေါင်းများစွာ ချမ်းသာနေတဲ့
စစ်ဗိုလ်ချုပ်ကြီးတွေက သဘောကျကြတာ။
လက်ရှိ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့၊ မြန်မာပြည်မှာကုမ္ပဏီတွေထောင်ထားတဲ့၊
စီးပွားရေးလုပ်ငန်းတွေ ထူထောင်ထားတဲ့၊
လက်ရှိအခြေအနေထက်ပိုမိုလုပ်ပိုင်ခွင့်
လိုချင်နေတဲ့ သူတွေက သဘောကျနေတာ။
လယ်သိမ်းခံရ၊ အိမ်သိမ်းခံရလို့ အရူးမီးဝိုင်းသလို ဖြစ်နေရတဲ့ ပြည်သူတွေက
သဘောကျနိုင်ကြပါ့မလား လို့ စဉ်းစားကြည့်ပါ။
သူတို့ကို လောလောဆယ်တော့ သည်းခံပါ လို့ ပြောစရာလား။ ဟိုမှာ စားရမဲ့၊ နေရမဲ့ ဘ၀ ကို
ရောက်နေပြီ။
အဲဒီလို ပြည်သူတွေကတော့ အဲဒီ စကားကို ဘယ်လိုမှ သဘောကျစရာအကြောင်းမရှိဘူး။
မရှိလို့သာ ခုလို လမ်းပေါ်ကို ဇွတ်ထွက်လာတာပေါ့။
အဲဒီပြည်သူတွေနဲ့ အနီးဆုံးမှာရှိနေတဲ့ သံဃာတွေကလည်း မနေနိုင်လွန်းလို့ပါတာပေါ့။
မသွဲ့သွဲ့ဝင်းတို့ မအေးနက်တို့ကို ဘယ်ပါတီဝင်၊ ဘာနိုင်ငံဘယ်ပြည်ပ က
ထောက်ပံ့ပေးထားတယ် လို့ စွပ်စွဲဦးမလို့လဲ။
သေချာ လေးလေးနက်နက် စဉ်းစားပါ။
ဒေါ်စု ကို လေးစားတာ က သပ်သပ်၊ ပြဿနာကို ပကတိအခြေအနေနဲ့ မကွာဘဲ
စဉ်းစားသုံးသပ်တာကသပ်သပ်ပါ။
ဒီပြဿနာ ဖြစ်နေတာ ပြည်သူတွေက ဇွတ်ကို ခေါင်းဆောင်ကို အာခံနေသလား၊
သူတို့မှာ အားကိုးလွန်းလို့ လာတဲ့အချိန်မှာ လမ်းလယ်ခေါင် ထိုင်တောင်ကန့်တော့ကြတယ်။
ဒါပေမယ့်နောက်နေ့ အဲဒီ ကုမ္ပဏီကလူတွေ၊ စစ်တပ်ကလူတွေက လယ်တွေကို ဆက်သိမ်း၊
အိမ်တွေကို ဆက်သိမ်းတယ်ဆိုတော့ လမ်းပေါ်တက် ဆန္ဒမပြလို့ ဘာလုပ်ရမလဲ။
ဘယ်မလဲ တွေ့ဆုံးညှိနှိုင်းမှု။
ဒီလိုအခြေအနေမှာ ဆန္ဒမပြနဲ့ ဆို သူပုန်ထ ဖို့ပဲ ရှိတော့တယ်ဗျ။
ဒီတော့ခေါင်းဆောင်တယောက်ရဲ့စကား၊ နိုင်ငံရေးသမားတယောက်ရဲ့စကားဟာ ဘယ်သူတွေ
သဘောကျတဲ့ စကားလည်း သေချာစိစစ်ကြည့်ပါ။
သေချာတာက ပြည်သူတွေ တကယ် ဒုက္ခဖြစ်နေတဲ့ ပြည်သူတွေ သဘောကျတဲ့ စကားတော့ မဟုတ်ဘူး။
ချိုတူးဇော်
Burma army sends fresh troops to Indian border in fight against KIO Post 13 December 2012 Kachin news Group
Since the beginning of December Burma’s army has sent hundreds of
troops to a remote region along Kachin State’s border with India to face
off against forces from the Kachin Independence Organization (KIO),
according to eyewitnesses in the area.
More than 300 troops from Light Infantry Division No. 55 are currently
staying in the Kachin town of Danai, a local resident tells the Kachin
News Group. These troops appear to be headed for army positions near
the border at Nam Yun, Pangsau and a military post close to the KIO’s
border based Representative Office of Kachin Affair India (ROKA-I).
Many of the troops traveling to Danai have been escorted by local
forces from Light Infantry Division No. 88. In effort to avoid drawing
attention most of the reinforcements arrived in Danai wearing civilian
clothes. According to local residents they were still easy to spot as
soldiers.
Local people are concerned that the arrival of the
military reinforcements will to lead heavy fighting with the Kachin
Independence Army’s Brigade 2, which is based in western Kachin State
and controls territory along the India border.
Since the Kachin
conflict erupted last year fighting has been much less common along the
Kachin India border compared to the heavy fighting that has taken place
along the northern border with China.
— with Tsaw Ra Tsaw and Khin Mgoo.
Since the beginning of December Burma’s army has sent hundreds of troops to a remote region along Kachin State’s border with India to face off against forces from the Kachin Independence Organization (KIO), according to eyewitnesses in the area.
More than 300 troops from Light Infantry Division No. 55 are currently staying in the Kachin town of Danai, a local resident tells the Kachin News Group. These troops appear to be headed for army positions near the border at Nam Yun, Pangsau and a military post close to the KIO’s border based Representative Office of Kachin Affair India (ROKA-I).
Many of the troops traveling to Danai have been escorted by local forces from Light Infantry Division No. 88. In effort to avoid drawing attention most of the reinforcements arrived in Danai wearing civilian clothes. According to local residents they were still easy to spot as soldiers.
Local people are concerned that the arrival of the military reinforcements will to lead heavy fighting with the Kachin Independence Army’s Brigade 2, which is based in western Kachin State and controls territory along the India border.
Since the Kachin conflict erupted last year fighting has been much less common along the Kachin India border compared to the heavy fighting that has taken place along the northern border with China.
"ဖတ်ဖြစ်အောင်ဖတ်ကြရန်"
Myint Sein shared Zaw Mintun Zawmintun's photo.
"ဖတ်ဖြစ်အောင်ဖတ်ကြရန်"မင်္ဂလာ နှစ်ဦးရက်ကြီး မကောင်းတာတွေ အမင်္ဂလာ ကိစ္စ တွေ မပြောပြချင်ပေမယ့် မပြောမဖြစ်ပြောရမဲ့ ကိစ္စမို့ အားလုံးသိရအောင်ထပ်ရှယ်ပါတယ်။ . မလေးရှားအ
စိုးရ နှင့် မြန်မာအစိုးရကြား မြေဇာပင်ဖြစ်ရရှာအုန်းမည့် မြန်မာအမျိုးသမီးများဘ၀ .
ပြီးခဲ့သောတရက် နှစ်ရက်ကလားမသိ ..မလေးရှားအစိုးရ ၀န်ကြီးချုပ် နာဂျစ်ဦးဆောင်သော အစိုးရအဖွဲ့နှင့် အတူ မလေးရှား လုပ်ငန်းရှင်များလည်း တအုပ်ကြီး လိုက်ပါသွားသည့် သတင်းကို မလေးရှားတီဗွီ TV.3 ချယ်နယ်မှ ၄င်း၊ အင်တာနက် သတင်းဝက်ဆိုက်ဒ်များ မှတဆင့် ကြားလိုက်မြင်လိုက် ရသည်။
ကျနော့်မိတ်ဆွေတဦးမှလည်း ကျနော့်ထံသို့ ညဖက်ကြီးဖုန်းဆက် အကြောင်းကြား လေသည်။
အကိုရေ ..မလေးရှားဝန်ကြီးချုပ် နာဂျစ် မြန်မာပြည်ကိုသွားပြီဗျ....တဲ့.

Wednesday, December 12, 2012
ကြက်သွန်ဖြူ၏ ကျန်းမာရေး အကျိုးပြုပုံ
အေးချမ်းမွန်မှ International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ ည်။
အေးချမ်းမွန်မှ International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ ည်။
ကြက်သွန်ဖြူ၏ ကျန်းမာရေး အကျိုးပြုပုံ
ကြက်သွန်ဖြူဟာ သဘာဝအလျောက် ဆေးတစ်မျိုးဖြစ်ပီး ရှေးယခင် ကတည်းက တစ်ကမ္ဘာလုံးမှာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဆေးဖော်စပ် အသုံးပြု ကြပ
ကြက်သွန်ဖြူဟာ သဘာဝအလျောက် ဆေးတစ်မျိုးဖြစ်ပီး ရှေးယခင် ကတည်းက တစ်ကမ္ဘာလုံးမှာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဆေးဖော်စပ် အသုံးပြု ကြပ
ါတယ်။
ချက်ပြုတ် စားသောက် ကြပါတယ်။ ကြက်သွန်ဖြူ ပုံမှန် စားသုံးနေသူ တစ်ဦးဟာ
ကိုယ်ခံအားကောင်းပြီး အပြင်မှာ အလွယ် တကူ ကူးဆက်နိုင်တဲ့ ရောဂါများကို
တားဆီး ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သူ့ မှာ အခြားသော ကျန်းမာရေး
အကျိုးကျေးဇူးများလည်း ရှိနေသေးတဲ့ အတွက် အောက်ပါအတိုင်း ဖော်ပြလိုက်
ရပါတယ်။
၁။ သွေးကြော အဆီပင်မှုကို ကာကွယ်ခြင်း။
...၂။ ကိုလက်စ်ထရော လျော့ချပေးခြင်း။
၃။ သွေးဖိအားလျော့ချပေးခြင်း (သွေးတိုး ဖြစ်နိုင်ချေကျဆင်း)
၎။ လေးဘက်နာ ဂေါက်ရောဂါကို ကုသနိုင်ခြင်း။
၅။ အအေးမိ အဖျား ပျောက်ကင်းစေခြင်း။
၆။ အသက်ရှုလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများ ပျောက်ကင်းစေခြင်း။
၇။ အဆုတ်နှင့် ဆက်စပ်ရောဂါကို ပျောက်ကင်းစေခြင်း။
၈။ ပြည်တည်နာကို ကျက်စေခြင်း။
၉။ ဆီးလမ်းကြောင်းမှ တစ်ဆင့် ကူးဆက်သော ရောဂါများ အား ပျောက် ကင်းစေခြင်း။
၁၀။ ဝမ်းတွင်း အစာချေဖြတ်မှုလုပ်ငန်း အား မြန်ဆန်စေခြင်း။
၁၁။ ကင်ဆာရောဂါအများစုကို မဖြစ်ရန် ကာကွယ်ပေးခြင်း။
၁၂။ ဓာတုဆေးအဆိပ်တို့ကို ပြေစေခြင်း။
၁၃။ သွေးမခဲစေရန် တားဆီးကာကွယ်ပေးခြင်း။
၁၄။ အစားစားချင်စိတ် ဖြစ်ပေါ်စေခြင်း။
၁၅။ အင်းဆက်နှင့် ပိုးကောင်ကိုက်ဒဏ်ရာများအား ကုသနိုင်ခြင်း။
၁၆။ မျက်စိအတွင်းတိမ်ကို ကုသနိုင်ခြင်း။
၁၇။ ဆီးချိုရောဂါ ကုသပေးခြင်း။
၁၈။ အဆစ်ရောင် ရောါဂါများအား ကုသပေးခြင်း။
၁၉။ သွားကိုက်ရောဂါအား ပျောက်ကင်းစေခြင်း။
၂၀။ ဝက်ခြံ ပျောက်ကင်းစေခြင်း။
၂၁။ ကိုယ်ခံအား တိုးစေခြင်း။
--
Ref: medic-facts
http://www.innewsmyanmar.com/ 2012/12/blog-post_8025.html
၁။ သွေးကြော အဆီပင်မှုကို ကာကွယ်ခြင်း။
...၂။ ကိုလက်စ်ထရော လျော့ချပေးခြင်း။
၃။ သွေးဖိအားလျော့ချပေးခြင်း (သွေးတိုး ဖြစ်နိုင်ချေကျဆင်း)
၎။ လေးဘက်နာ ဂေါက်ရောဂါကို ကုသနိုင်ခြင်း။
၅။ အအေးမိ အဖျား ပျောက်ကင်းစေခြင်း။
၆။ အသက်ရှုလမ်းကြောင်းနှင့်ဆိုင်သေ
၇။ အဆုတ်နှင့် ဆက်စပ်ရောဂါကို ပျောက်ကင်းစေခြင်း။
၈။ ပြည်တည်နာကို ကျက်စေခြင်း။
၉။ ဆီးလမ်းကြောင်းမှ တစ်ဆင့် ကူးဆက်သော ရောဂါများ အား ပျောက် ကင်းစေခြင်း။
၁၀။ ဝမ်းတွင်း အစာချေဖြတ်မှုလုပ်ငန်း အား မြန်ဆန်စေခြင်း။
၁၁။ ကင်ဆာရောဂါအများစုကို မဖြစ်ရန် ကာကွယ်ပေးခြင်း။
၁၂။ ဓာတုဆေးအဆိပ်တို့ကို ပြေစေခြင်း။
၁၃။ သွေးမခဲစေရန် တားဆီးကာကွယ်ပေးခြင်း။
၁၄။ အစားစားချင်စိတ် ဖြစ်ပေါ်စေခြင်း။
၁၅။ အင်းဆက်နှင့် ပိုးကောင်ကိုက်ဒဏ်ရာများအား ကုသနိုင်ခြင်း။
၁၆။ မျက်စိအတွင်းတိမ်ကို ကုသနိုင်ခြင်း။
၁၇။ ဆီးချိုရောဂါ ကုသပေးခြင်း။
၁၈။ အဆစ်ရောင် ရောါဂါများအား ကုသပေးခြင်း။
၁၉။ သွားကိုက်ရောဂါအား ပျောက်ကင်းစေခြင်း။
၂၀။ ဝက်ခြံ ပျောက်ကင်းစေခြင်း။
၂၁။ ကိုယ်ခံအား တိုးစေခြင်း။
--
Ref: medic-facts
http://www.innewsmyanmar.com/
“ဆန့်ကျင်ဘက် လိင်ကို ဘာကြောင့် ချစ်ကြ တာလဲ”
“ဆန့်ကျင်ဘက် လိင်ကို ဘာကြောင့် ချစ်ကြ တာလဲ”
သဘာဝ တရားအရ ယောက်ျားတွေဟာ ကိုယ်နဲ့ သွေးမတော် သားမစပ် တဲ့ အမျိုးသမီးတွေ နဲ့ ချစ်ကျွမ်း ၀င်ကြပါတယ်။
တချို့ စုံတွဲတွေ က ရုပ်ရည် အသွင်အပြင်၊ ၀ါသနာ၊ စိတ်ဓာတ် စတာ တွေမှာ တူညီ တတ်ကြ ပေမယ့် တချို့စုံတွဲတွေ ကတော့ လားလားမှ မတူဘဲ ကွဲပြား ခြားနား နေတတ် ပါတယ်။ ဒါပေမဲ့ အသွင် စရိုက်တွေ မတူတဲ့ စုံတွဲတွေဟာလည်း အသွင်စရိုက် တူတဲ့ စုံတွဲတွေ လိုပဲ အိမ်ထောင်ရေးမှာ အဆင်ပြေ နေတ

တ် ပါတယ်။
အချစ်မြေပုံ
ဘ၀အဖော်ကို ရွေးချယ်တာနဲ့ ပတ်သက်ပြီး ပြောနိုင်တဲ့ အချက် တစ်ခု ကတော့ ကျွန်တော်တို့ရဲ့ ဦးနှောက် ထဲမှာ သဘောကျတာနဲ့ သဘော မကျတာ စတာ တွေကို သိုလှောင် မှတ်သား ထားတဲ့ သတင်း အချက်အလက် အုပ်စု ရှိနေတာ ပါပဲ။ ဒါကို အချစ်မြေပုံလို့ တင်စားချင် ပါတယ်။ အဲဒီ အထဲမှာ ဆံပင် အရောင်၊ မျက်လုံး အရောင်၊ အသံ၊ ကိုယ်နံ့၊ ခန္ဓာကိုယ်ပုံ ပန်း သဏ္ဌာန် စတာတွေ ပါဝင်နေ ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ကို ဆွဲဆောင် နိုင်စေမယ့် ကိုယ်ရည်ကိုယ်သွေး အမျိုး အစား (ဥပမာ- နွေးထွေး ကြင်နာတဲ့ ပုံစံ မျိုးလား၊ ခင်မင် ရင်းနှီးလွယ်တဲ့ ပုံစံမျိုး လား၊ မာကျောတဲ့ ပုံစံမျိုးလား၊ အေးဆေး တည်ငြိမ်တဲ့ ပုံစံမျိုးလား)ကိုလည်း မှတ်သား ထားပါတယ်။ ဒါကြောင့် လူတွေဟာ အချစ်မြေပုံက လမ်းညွှန်ထားတဲ့ ပုံစံနဲ့ကိုက်ညီတဲ့ သူကို တွေ့တဲ့အခါ ဘ၀အဖော်အဖြစ် ရွေးချယ်မိတတ်ကြ တာပါ။

“ကုလားဆီးဖြူသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ”
“ကုလားဆီးဖြူသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ”
ကုလားဆီးဖြူသီးကို ဆေးဖက်ဝင် အသီးတစ်မျိုးအဖြစ် အသုံးပြုကြပါတယ်။
ကုလားဆီးဖြူသီးက သဘာဝ အင်တီအောက်ဆီးဒင့် တစ်မျိုး ဖြစ်ပြီး ကိုယ်တွင်းအင်္ဂါ
စနစ်အားလုံးကို အားသစ်လောင်းပေးပြီး ခွန်အားနဲ့ ကျန်းမာရေး
ကောင်းမွန်မှုကို ရရှိစေပါတယ်။ ကုလား ဆီးဖြူသီးကို သဘာဝ ဗီတာမင်စီ အများဆုံး
အသီးထဲမှာ ပါဝင်တယ် လို့ ဆိုထားပြီး လတ်ဆတ်တဲ့ ဆီးဖြူသီးဖျော်ရည်
တစ်ခွက်မှာ လိမ္မော်ရည်ထက်
ဗီတာမင်စီ အဆ ၂၀ နီးပါး ပါဝင်နေပါတယ်။ ကုလားဆီးဖြူသီးရဲ့ အကျိုးကျေးဇူးတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
အစာအိမ်အူလမ်းကြောင်း စနစ်ကို ကျန်းမာစေခြင်း
ကုလားဆီးဖြူသီးဟာ အစာမကြေတာ၊ အက်စစ်ဆန်တက်မှု များပြီး ရင်ပူတာ၊
ဝမ်းချုပ်တာ၊ လေပွတာစတဲ့ အစာအိမ် အူလမ်းကြောင်း ဝေဒနာတွေကို
သက်သာပျောက်ကင်းစေ ပါတယ်။ အသည်း လုပ်ငန်း ဆောင်တာ ကောင်းမွန်ခြင်း
ကုလားးဆီး ဖြူသီးဟာ အသည်းရဲ့ လုပ်ငန်း ဆောင်တာ တွေကို တိုးတက်
ကောင်းမွန်အောင် ကူညီနိုင်ပါတယ်။
“ကုလားဆီးဖြူသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ”
ကုလားဆီးဖြူသီးကို ဆေးဖက်ဝင် အသီးတစ်မျိုးအဖြစ် အသုံးပြုကြပါတယ်။
ကုလားဆီးဖြူသီးက သဘာဝ အင်တီအောက်ဆီးဒင့် တစ်မျိုး ဖြစ်ပြီး ကိုယ်တွင်းအင်္ဂါ စနစ်အားလုံးကို အားသစ်လောင်းပေးပြီး ခွန်အားနဲ့ ကျန်းမာရေး ကောင်းမွန်မှုကို ရရှိစေပါတယ်။ ကုလား ဆီးဖြူသီးကို သဘာဝ ဗီတာမင်စီ အများဆုံး အသီးထဲမှာ ပါဝင်တယ် လို့ ဆိုထားပြီး လတ်ဆတ်တဲ့ ဆီးဖြူသီးဖျော်ရည် တစ်ခွက်မှာ လိမ္မော်ရည်ထက်
ကုလားဆီးဖြူသီးကို ဆေးဖက်ဝင် အသီးတစ်မျိုးအဖြစ် အသုံးပြုကြပါတယ်။
ကုလားဆီးဖြူသီးက သဘာဝ အင်တီအောက်ဆီးဒင့် တစ်မျိုး ဖြစ်ပြီး ကိုယ်တွင်းအင်္ဂါ စနစ်အားလုံးကို အားသစ်လောင်းပေးပြီး ခွန်အားနဲ့ ကျန်းမာရေး ကောင်းမွန်မှုကို ရရှိစေပါတယ်။ ကုလား ဆီးဖြူသီးကို သဘာဝ ဗီတာမင်စီ အများဆုံး အသီးထဲမှာ ပါဝင်တယ် လို့ ဆိုထားပြီး လတ်ဆတ်တဲ့ ဆီးဖြူသီးဖျော်ရည် တစ်ခွက်မှာ လိမ္မော်ရည်ထက်
ဗီတာမင်စီ အဆ ၂၀ နီးပါး ပါဝင်နေပါတယ်။ ကုလားဆီးဖြူသီးရဲ့ အကျိုးကျေးဇူးတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
အစာအိမ်အူလမ်းကြောင်း စနစ်ကို ကျန်းမာစေခြင်း
ကုလားဆီးဖြူသီးဟာ အစာမကြေတာ၊ အက်စစ်ဆန်တက်မှု များပြီး ရင်ပူတာ၊ ဝမ်းချုပ်တာ၊ လေပွတာစတဲ့ အစာအိမ် အူလမ်းကြောင်း ဝေဒနာတွေကို သက်သာပျောက်ကင်းစေ ပါတယ်။ အသည်း လုပ်ငန်း ဆောင်တာ ကောင်းမွန်ခြင်း ကုလားးဆီး ဖြူသီးဟာ အသည်းရဲ့ လုပ်ငန်း ဆောင်တာ တွေကို တိုးတက် ကောင်းမွန်အောင် ကူညီနိုင်ပါတယ်။

Subscribe to:
Posts (Atom)