Wednesday, December 12, 2012

“ဆန့်ကျင်ဘက် လိင်ကို ဘာကြောင့် ချစ်ကြ တာလဲ”


“ဆန့်ကျင်ဘက် လိင်ကို ဘာကြောင့် ချစ်ကြ တာလဲ”
သဘာဝ တရားအရ ယောက်ျားတွေဟာ ကိုယ်နဲ့ သွေးမတော် သားမစပ် တဲ့ အမျိုးသမီးတွေ နဲ့ ချစ်ကျွမ်း ၀င်ကြပါတယ်။
တချို့ စုံတွဲတွေ က ရုပ်ရည် အသွင်အပြင်၊ ၀ါသနာ၊ စိတ်ဓာတ် စတာ တွေမှာ တူညီ တတ်ကြ ပေမယ့် တချို့စုံတွဲတွေ ကတော့ လားလားမှ မတူဘဲ ကွဲပြား ခြားနား နေတတ် ပါတယ်။ ဒါပေမဲ့ အသွင် စရိုက်တွေ မတူတဲ့ စုံတွဲတွေဟာလည်း အသွင်စရိုက် တူတဲ့ စုံတွဲတွေ လိုပဲ အိမ်ထောင်ရေးမှာ အဆင်ပြေ နေတ
တ် ပါတယ်။

အချစ်မြေပုံ

ဘ၀အဖော်ကို ရွေးချယ်တာနဲ့ ပတ်သက်ပြီး ပြောနိုင်တဲ့ အချက် တစ်ခု ကတော့ ကျွန်တော်တို့ရဲ့ ဦးနှောက် ထဲမှာ သဘောကျတာနဲ့ သဘော မကျတာ စတာ တွေကို သိုလှောင် မှတ်သား ထားတဲ့ သတင်း အချက်အလက် အုပ်စု ရှိနေတာ ပါပဲ။ ဒါကို အချစ်မြေပုံလို့ တင်စားချင် ပါတယ်။ အဲဒီ အထဲမှာ ဆံပင် အရောင်၊ မျက်လုံး အရောင်၊ အသံ၊ ကိုယ်နံ့၊ ခန္ဓာကိုယ်ပုံ ပန်း သဏ္ဌာန် စတာတွေ ပါဝင်နေ ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ကို ဆွဲဆောင် နိုင်စေမယ့် ကိုယ်ရည်ကိုယ်သွေး အမျိုး အစား (ဥပမာ- နွေးထွေး ကြင်နာတဲ့ ပုံစံ မျိုးလား၊ ခင်မင် ရင်းနှီးလွယ်တဲ့ ပုံစံမျိုး လား၊ မာကျောတဲ့ ပုံစံမျိုးလား၊ အေးဆေး တည်ငြိမ်တဲ့ ပုံစံမျိုးလား)ကိုလည်း မှတ်သား ထားပါတယ်။ ဒါကြောင့် လူတွေဟာ အချစ်မြေပုံက လမ်းညွှန်ထားတဲ့ ပုံစံနဲ့ကိုက်ညီတဲ့ သူကို တွေ့တဲ့အခါ ဘ၀အဖော်အဖြစ် ရွေးချယ်မိတတ်ကြ တာပါ။

“ကုလားဆီးဖြူသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ”

“ကုလားဆီးဖြူသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ”
ကုလားဆီးဖြူသီးကို ဆေးဖက်ဝင် အသီးတစ်မျိုးအဖြစ် အသုံးပြုကြပါတယ်။
ကုလားဆီးဖြူသီးက သဘာဝ အင်တီအောက်ဆီးဒင့် တစ်မျိုး ဖြစ်ပြီး ကိုယ်တွင်းအင်္ဂါ စနစ်အားလုံးကို အားသစ်လောင်းပေးပြီး ခွန်အားနဲ့ ကျန်းမာရေး ကောင်းမွန်မှုကို ရရှိစေပါတယ်။ ကုလား ဆီးဖြူသီးကို သဘာဝ ဗီတာမင်စီ အများဆုံး အသီးထဲမှာ ပါဝင်တယ် လို့ ဆိုထားပြီး လတ်ဆတ်တဲ့ ဆီးဖြူသီးဖျော်ရည် တစ်ခွက်မှာ လိမ္မော်ရည်ထက်
ဗီတာမင်စီ အဆ ၂၀ နီးပါး ပါဝင်နေပါတယ်။ ကုလားဆီးဖြူသီးရဲ့ အကျိုးကျေးဇူးတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

အစာအိမ်အူလမ်းကြောင်း စနစ်ကို ကျန်းမာစေခြင်း

ကုလားဆီးဖြူသီးဟာ အစာမကြေတာ၊ အက်စစ်ဆန်တက်မှု များပြီး ရင်ပူတာ၊ ဝမ်းချုပ်တာ၊ လေပွတာစတဲ့ အစာအိမ် အူလမ်းကြောင်း ဝေဒနာတွေကို သက်သာပျောက်ကင်းစေ ပါတယ်။ အသည်း လုပ်ငန်း ဆောင်တာ ကောင်းမွန်ခြင်း ကုလားးဆီး ဖြူသီးဟာ အသည်းရဲ့ လုပ်ငန်း ဆောင်တာ တွေကို တိုးတက် ကောင်းမွန်အောင် ကူညီနိုင်ပါတယ်။

လက်ပန်းတောင်းတောင် အရေးအခင်းနဲ့ ရဲသမိုင်းအစဉ်အလာ - အပိုင်း (၁)

Zaw Lin shared The Power of Fraternity - စည်းလုံးခြင်းရဲ့ အင်အား's photo.
လက်ပန်းတောင်းတောင် အရေးအခင်းနဲ့ ရဲသမိုင်းအစဉ်အလာ - အပိုင်း (၁)

ယခုသတင်းအား www.photayokeking.org မှ ကူးယူဖော်ပြပါသည်။
မူရင်းသတင်းအား http://photayokeking.org/hot-news/1060-01-myanmar-police-force-part-01 တွင်သွားရောက်ဖတ်ရှုနိုင်ပါသည်။ ယခု သတင်းကို www.facebook.com/pofpage မှ တင်ပြပေးလိုက်ပါသည်။

အယ်ဒီတာအဖွဲ့၏ တင်ပြချက် (၁) ။ ။ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုက်ဒ်အနေဖြင့် လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ ဂယက်ရိုက်နေတဲ့ လက်ပန်းတောင်းတောင် အရေးအခင်းတွင် အကြမ်းဖက်နှိမ်နှင်းခဲ့ရတဲ့ ရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီး အကြောင်းအရာများကို သတင်းအနေဖြင့်၎င်း၊ သတင်းဆောင်းပါးအနေဖြင့်၎င်း ဖော်ပြရန် စီစဉ်ထားပါတယ်။ နိုင်ငံတော်မှာ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့တည်းသာရှိရမည်ဟု သတ်မှတ်ထားရာ စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေဟာ လုပ်ငန်းတာဝန် သဘောသဘာဝအရ ဆက်စပ်ရောထွေး ပတ်သက်နေတာမို့ တင်ပြရခြင်း ဖြစ်ပါတယ်။

                                  (၂) ။ ။ ယခုအခါ လက်ပန်းတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းထားပြီးဖြစ်လို့ သတင်းအချက်အလက် အထောက်အထား လိုက်လံစုဆောင်းနေပြီဖြစ်ရာ တစ်ထောင့်တစ်နေရာမှ တင်ပြထားချက်များကို အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ အစိုးရအဆက်ဆက် အမိန့်နှင့်တာဝန်အရ ထမ်းဆောင်ရသည်ဆိုသော်လည်း စည်းကမ်းတကျနှင့် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိမှု၊ အကျင့်စာရိတ္တ အနည်းနဲ့အများ ပျက်ယွင်းမှု၊ အစိုးရအဖွဲ့များရဲ့ တာဝန်ခံခြင်း၊ ဖြေရှင်းနိုင်ခြင်း မရှိမှုတို့ကြောင့် ပြည်သူလူထုရဲ့ ဝေဖန်ပြစ်တင်ခြင်းကို အမြဲလိုလို ခံရသလို အစိုးရအဖွဲ့များရဲ့ ထိုးကျွေးခြင်းကိုလည်း ခံရပါတယ်။ ရဲသမိုင်း အစဉ်အလာကစပြီး တပ်ပုံစံ ဇာတ်သွင်းတာကအလယ်၊ လက်ရဲဇက်ရဲ သွေးသံရဲရဲနဲ့ ပရမ်းပတာနိုင်လှတဲ့ နိုင်ငံတော်ရဲရဲ့ အနေအထား၊ လက်ပန်းတောင်းတောင်ပိနေတဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကြောင်းအရာများကို ပြည်တွင်းက ရဲတပ်ဖွဲ့နဲ့ နီးစပ်သူမိတ်ဆွေများရဲ့ သတင်းပေးပို့ချက်ပေါ် မူတည်ပြီး စဉ်ဆက်မပြတ်တင်ပြသွားပါမယ်။

၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှ ကိုလိုနီ နယ်ချဲ့ လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် ဗြိတိသျှ ကိုလိုနီ၏ ရဲလုပ်ငန်းစနစ်ကို စတင်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက် ဖဆပလအစိုးရလက်ထက်တွင် ရဲတပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံအသွင်သဏ္ဍာန်ကို ဗြိတိသျှပုံစံအချိုးအား အနည်းငယ်သာ ပြင်ဆင်ပြီး ဖွဲ့စည်းပေးခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းခဲ့ပြီးနောက် ၁၉၆၄ ခုနှစ်တွင် ပြည်သူ့ရဲတပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ ဗြိတိသျှကိုလိုနီရဲ့ လက်ကိုင်တုတ်ပုလိပ်ဟု ပြည်သူတွေက ခေါ်ဝေါ်သမုတ်ခဲ့လို့ ပြည်သူ့ရဲလို့ ပြောင်းလဲခေါ်တွင်စေခဲ့ပါတယ်။ မဆလခေတ်မှာ ရဲတွေရဲ့ အကျင့်စရိုက်ဆိုးများ ပပျောက်စေဖို့ နေပြည်တော်ရဲများဟုခေါ်တွင်ကာ စစ်တပ်မှ အရာခံ၊ အကြပ်ကြီးတွေအား ခေါ်ယူသွတ်သွင်းစေခဲ့ပါတယ်။

န၀တအစိုးရလက်ထက်တွင် ပြည်သူ့ရဲအစား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟု ပြောင်းလဲခေါ်ဆို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ရန်ကုန်မြို့ကမ်းနားလမ်းရှိ ပုလိပ်ရုံးကြီးအား ရန်ကင်းဆရာစံလမ်းသို့ ပြောင်းရွှေ့စေခဲ့ပါတယ်။ ပြည်နယ်/တိုင်းရဲတပ်ဖွဲ့မှူးများကို ရဲမှူးကြီးအဆင့်ထားရှိပြီး ခရိုင်ရဲတပ်ဖွဲ့မှူးများကို ဒုရဲမှူးကြီးအဆင့် သတ်မှတ်ကာ မြို့နယ်ရဲတပ်ဖွဲ့မှူးများကို ဒုရဲမှူးများအဆင့် တာဝန်ပေးအပ်ထားခဲ့ပါတယ်။ နအဖလက်ထက်တွင် အုပ်ချုပ်ရေးတာဝန်များဖြစ်ကြတဲ့ မယက၊ ခယက၊ တယကများမှာ အဖွဲ့ဝင်များအဖြစ် ရဲများအား ထည့်သွင်းစေခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင် ရဲချုပ်၊ ဒုတိယရဲချုပ်နှင့် ဦး/ရေး/ထောက် ဆိုင်ရာတို့ကို ရဲမှူးချုပ်အဆင့်များက တာဝန်ယူကြီးကြပ်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့တစ်ခုလုံးအား ကြီးကြပ်ကွပ်ကဲထိန်းချုပ်ပါတယ်။

ရဲဦးစီးဌာနတွင် ရဲမှူးချုပ်တစ်ဦးမှ ဦးစီး၍ နိုင်ငံအတွင်း လုံခြုံရေး၊ ထောက်လှမ်းရေး၊ မှုခင်းများ၊ သင်တန်းများ၊ ဖွဲ့စည်းမှု၊ ကြီးကြပ်ကန့်သတ်ပစ္စည်းများ ထုတ်ပေးအပ်နှံခြင်း၊ စစ်ဆေးရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးများကို ကြီးကြပ်ဆောင်ရွက်ပါတယ်။ ရဲရေးဌာနမှာတော့ ရဲမှူးချုပ်တစ်ဦးမှ ကွပ်ကဲပြီး ရာထူးခန့်ထားရေး၊ ပြောင်းရွှေ့နေရာချထားရေး၊ ရဲစည်းကမ်း၊ လစာစရိတ်၊ သက်သာချောင်ချိမှုနှင့် အငြိမ်းစားခံစားခွင့်များ ဆောင်ရွက်ပါတယ်။ ရဲထောက်ဌာနတွင် ရဲမှူးချုပ်တစ်ဦးမှ ကွပ်ကဲပြီး ထောက်ပံ့ပို့ဆောင်ရေး၊ ပြင်ဆင်ရေး၊ ဝယ်ယူဖြည့်တင်းရေး၊ ဘဏ္ဍာရေးများ ဆောင်ရွက်ပါတယ်။ ဓါတုဗေဒစစ်ဆေးရေးဌာနကို ညွှန်ကြားရေးမှူးအဆင့်မှ ကြီးကြပ်ကွပ်ကဲ၍ အစွန်းအထင်း/ အဆိပ်အတောက် ဓါတ်ခွဲစစ်ဆေးပေးခြင်း၊ မူးယစ်ဆေးဝါးနှင့် အထွေထွေ ဓါတ်ခွဲစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များကိုတော့ အောက်ပါအတိုင်း သတ်မှတ်ခဲ့ပါတယ် -

(က) ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး။

(ခ) တရားဥပဒေစိုးမိုးရေး။

(ဂ) မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး။

(ဃ) ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး။

မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်မှာရှိတဲ့တပ်ဖွဲ့တွေကို -

(က)ဆူပူအကြမ်းဖက်မှုနှင့် အဓိကရုဏ်းများအား အဓိကနှိမ်နင်းရသော ရဲတပ်ရင်းများနဲ့

(ခ) တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိန်းသိမ်းစောင့်ရှောက်ရသော နယ်မြေခံရဲတပ်ဖွဲ့ / ရဲစခန်းများ ဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်။

တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့တွေ၊ သတင်းရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ မူးယစ်အထူးတပ်ဖွဲ့ တို့ကတော့ တရားဥပဒေ စိုးမိုးရေးလုပ်ရတဲ့ တပ်ဖွဲ့တွေထဲမှာ ပါဝင်ပါတယ်။ ဆူပူအကြမ်းဖက်မှုနဲ့ အဓိကရုဏ်းနှိမ်နှင်းရေးလုပ်ငန်းတွေကို ရဲတပ်ရင်းများက တာဝန်ယူရပါတယ်။

လက်ပန်းတောင်းတောင်အရေးအခင်းနဲ့ ရဲသမိုင်းအစဉ်အလာ - အပိုင်း (၂) ကို [LINK=http://photayokeking.org/]http://photayokeking.org[/LINK] မှ ဆက်လက် ဖော်ပြသွားပါမယ်။
လက်ပန်းတောင်းတောင် အရေးအခင်းနဲ့ ရဲသမိုင်းအစဉ်အလာ - အပိုင်း (၁)

ယခုသတင်းအား www.photayokeking.org မှ ကူးယူဖော်ပြပါသည်။
မူရင်းသတင်းအား http://photayokeking.org/h
ot-news/1060-01-myanmar-police-force-part-01
တွင်သွားရောက်ဖတ်ရှုနိုင်ပါသည်။ ယခု သတင်းကို www.facebook.com/pofpage မှ တင်ပြပေးလိုက်ပါသည်။

အယ်ဒီတာအဖွဲ့၏ တင်ပြချက် (၁) ။ ။ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုက်ဒ်အနေဖြင့် လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ ဂယက်ရိုက်နေတဲ့ လက်ပန်းတောင်းတောင် အရေးအခင်းတွင် အကြမ်းဖက်နှိမ်နှင်းခဲ့ရတဲ့ ရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီး အကြောင်းအရာများကို သတင်းအနေဖြင့်၎င်း၊ သတင်းဆောင်းပါးအနေဖြင့်၎င်း ဖော်ပြရန် စီစဉ်ထားပါတယ်။ နိုင်ငံတော်မှာ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့တည်းသာရှိရမည်ဟု သတ်မှတ်ထားရာ စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေဟာ လုပ်ငန်းတာဝန် သဘောသဘာဝအရ ဆက်စပ်ရောထွေး ပတ်သက်နေတာမို့ တင်ပြရခြင်း ဖြစ်ပါတယ်။

(၂) ။ ။ ယခုအခါ လက်ပန်းတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းထားပြီးဖြစ်လို့ သတင်းအချက်အလက် အထောက်အထား လိုက်လံစုဆောင်းနေပြီဖြစ်ရာ တစ်ထောင့်တစ်နေရာမှ တင်ပြထားချက်များကို အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ အစိုးရအဆက်ဆက် အမိန့်နှင့်တာဝန်အရ ထမ်းဆောင်ရသည်ဆိုသော်လည်း စည်းကမ်းတကျနှင့် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိမှု၊ အကျင့်စာရိတ္တ အနည်းနဲ့အများ ပျက်ယွင်းမှု၊ အစိုးရအဖွဲ့များရဲ့ တာဝန်ခံခြင်း၊ ဖြေရှင်းနိုင်ခြင်း မရှိမှုတို့ကြောင့် ပြည်သူလူထုရဲ့ ဝေဖန်ပြစ်တင်ခြင်းကို အမြဲလိုလို ခံရသလို အစိုးရအဖွဲ့များရဲ့ ထိုးကျွေးခြင်းကိုလည်း ခံရပါတယ်။ ရဲသမိုင်း အစဉ်အလာကစပြီး တပ်ပုံစံ ဇာတ်သွင်းတာကအလယ်၊ လက်ရဲဇက်ရဲ သွေးသံရဲရဲနဲ့ ပရမ်းပတာနိုင်လှတဲ့ နိုင်ငံတော်ရဲရဲ့ အနေအထား၊ လက်ပန်းတောင်းတောင်ပိနေတဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကြောင်းအရာများကို ပြည်တွင်းက ရဲတပ်ဖွဲ့နဲ့ နီးစပ်သူမိတ်ဆွေများရဲ့ သတင်းပေးပို့ချက်ပေါ် မူတည်ပြီး စဉ်ဆက်မပြတ်တင်ပြသွားပါမယ်။

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါ အမျိုးလေးဆယ်

ကွန်မြူနစ်ရန်မြန်မာပြည်မှာ ရှိပါသလား၊ ၂၀၀၈ ဖွဲ.စည်းပုံ သည် Road to Perdition-- ငရဲပြည်သို. သွား ရာ လမ်း by Aye Aye Soe Win on Friday, November 30, 2012 at 2:37pm ·



Usual way of crackdown in Burma.
အောက်ပါအတိုင်းမေးခွန်းတွေ ရှိပါတယ်။

---ကွန်မြူနစ်ရန်မြန်မာပြည်မှာ ရှိပါသလား၊
---ကွန်မြူနစ်လို. ဖြဲခြောက်လိုက်ရင်လဲ ကြောက်ဖို. လိုလား

---စစ်အစိုးရလန်.တာဘာလည်း၊
---ပြည်သူက တွန်းလှန်တာ ဘာလည်း။

---ဖြစ်နေတာက ဘာ.ကြောင်.လဲ။
---ဆက်ဖြစ်မှာက ဘာကြောင်.လဲ။              

((အဖြေတွေက ပို.စ်တ်ရဲ. အဆုံးမှာ ရှိပါတယ်။ ))

ခု ဖြစ်နေတာတွေက ဗိုလ်ချုပ်လက်ထက် ကိုလိုနီစနစ်တိုက်ပွဲ နဲ.လားလားမဆိုင်ပါ။ နယ်ချဲ.ဆန်.ကျင်ရေး အမျိုးသားလွတ်မြောက်ရေးဆိုတာ ခေါင်းစဉ်မှားနေပါတယ်။ ဗိုလ်ချုပ်ပုံ ဗိုလ်ချုပ်ဦးဆောင်တဲ. တိုက်ပွဲတွေ  ကို မဆီ မဆိုင် ရှောက် အသုံးချ နေပီး၊  ဗိုလ်ချုပ်ကြုံခဲ.တဲ. အချောင်သမား တွေထက် အဆ ၁၀၀၀ပို ဆိုးတဲ.  သန်းရွှေ ဂိုဏ်းကို ဖော. မပြောစေချင်၊ အကာ အကွယ်မပေးစေချင်ပါ။

Tuesday, December 11, 2012

ပြုပြင်မှု အလွဲသုံးစားမှု နဲ့ အခွင့်ထူးခံစားမှု by Lu Cifer on Saturday, December 8, 2012 at 8:43am ·




စစ်အစိုးရဟာ ၁၉၈၈ ကနေ ဒီကနေ့အထိ တိုင်းပြည်မှာ လိုအပ်နေတဲ့ အခြေခံကောင်းတွေကို တည်ဆောက်ပေးခဲ့တယ်လို့ အစိုးရသစ်မူဝါဒ ရှင်းလင်းတဲ့မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က ပြောပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရရဲ့  သက်တမ်းတနှစ်အတွင်းမှာ ဝန်ကြီးဌာန (၁၅) ခုဟာ ကျပ်သန်းပေါင်း ငါးသောင်းကျော်နဲ့ အမေရိကန်ဒေါ်လာနှစ်သိန်းကျော် အလွဲသုံးစားလုပ်ထားကြောင်း စာရင်းစစ်ချုပ်ဦးသိန်းထိုက်ကျော်က ပြည်ထောင်စုလွှတ်တော်ကို နိုဝင်ဘာလ (၁၄) ရက်နေ့က တင်ပြပါတယ်။ မွေးမြူးရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနက သန်းလေးသောင်းကျော် အလွဲသုံးစားလုပ်ထားက အများဆုံးပါ။

ကျန်တဲ့ဝန်ကြီးဌာန (၁၄) ခုကလည်း သန်းပေါင်းရာထောင်ချီပြီး အလွဲသုံးစားလုပ်ကြပါတယ်။ စာရင်းစစ်ချုပ်ရုံးက အရေးယူတဲ့အတွက် ပြန်ပေးကြတာရှိပေမယ့် ကျန်သန်းလေးသောင်းကျော်နဲ့ အမေရိကန်ဒေါ်လာ ခုနှစ်သောင်းကျော်ဆပ်ဖို့ ကျန်ရှိသေးတယ်လို့ ဆိုပါတယ်။ ကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့ သန့်ရှင်းတဲ့အစိုးရ တည်ဆောက်ရေးဟာ အစိုးရသစ်ရဲ့  အရေးကြီးဆုံး လုပ်ငန်းဖြစ်တယ်လို့ ဦးသိန်းစိန်ပြောပြီး တနှစ်အကြာမှာ ဝန်ကြီးဌာန (၁၅) ခုရဲ့  မသမာမှုတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

လက်ပံတောင်းတောင်အရေး နှင့် မြေယာပြသနာအပေါ် ဥပဒေစိုးမိုးရေးရှုဒေါင့်မှ သုံးသပ်ခြင်း။ အပိုင်း (၁) အောင်ထူး by Aung Htoo on Tuesday, December 11, 2012 at 10:59pm ·


လက်ပံတောင်းတောင် အရေးသည် အမှိုက်ကစ ပြသာဒ် မီးလောင်ခြင်း မဟုတ်ပါ။ ပြသာဒ်ကြီး တခုလုံးကို လောင်နေ သော မီးကျီးခဲသည် အမှိုက်ကလေးတစကို ထပ်မံရှို့မိပြီး ထတောက်လာခြင်းသာ ဖြစ်သည်။ ပြသာဒ်ကြီး တခုလုံးကို လောင်နေသော မီးကျီးခဲ ကို စနစ်တကျ ငြိမ်းသတ်နိုင်မှသာ လက်ပံတောင်းကဲ့သို့ မီးတောက်ကလေးများ တပြည်လုံး  တွင် အလိုလို ငြိမ်းသွားပါ မည်။ ဤသည်ကို ရှင်းပါမည်။

ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် ဖြစ်ပွားလာသော ပြသနာကြီးများကို စုံစမ်းရေးကော်မရှင် ဖွဲ့ပြီး ဖြေရှင်းရန်ကြိုးပမ်းသည့် လုပ်ဟန်မှာ ခေတ်စားလာခဲ့သည်။ သို့ရာတွင် ယခုအချိန်အထိတော့ ဘာတခုမှ မယ် မယ်ရရ ဖြေရှင်းနိုင်ခြင်း မရှိသေးပါ။ ပြသနာ၏ ရင်းမြစ်ကို ဖေါ်ထုတ်ဖြေရှင်းရန်ကြိုးပမ်းခြင်းထက် အပေါ်ယံ အကြောင်း ရပ်များ အပေါ်တွင်သာ စုံစမ်းအဖြေရှာ၇န်ခိုင်းထားခံရသဖြင့် မထိမရောက် ဖြစ်နေခြင်းပင်။

ယခုလည်း လက်ပံတောင်း အရေးတွင် ဒေါ်အောင်ဆန်းစုကြည်အား စုံစမ်းရေးကော်မရှင်ဥက္ကဌ တာဝန်ပေးကာခေါင်းခံ ခိုင်းနေပြန်ပါပြီ။ ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ကြေကြေနပ်နပ်ပင် တာဝန်ယူကာ ကော်မရှင်က ပြုလုပ် သည့် သတင်းစာကွန်ဖရင့်တွင် “ အမှန်တရားကို ဖေါ်ထုတ်မယ်၊ အဖြစ်ကို အဖြစ်အတိုင်းတင်ပြမယ်” ဟူ၍ ပြောဆို လာသည်။

မြန်မာ့အရေးဝေဖန်သုံးသပ်သူ ဒေါက်တာဇာနည်နှင့် အင်တာဗျူး (အပိုင်း - ၃) by Yangon Press International on Tuesday, December 11, 2012 at 6:28am ·


အုပ်ချုပ်သူတွေက တစ်ယောက်နဲ့တစ်ယောက် အမြင်ကွဲပြားတာတွေကို အမြတ်ယူပြီးတော့ နိုင်ငံရေးသွေးစုပ်မယ်ဆိုရင် ၁၀ နှစ်တစ်ခါ၊ ၁၅ နှစ်တစ်ခါ၊ နှစ် ၂၀ တစ်ခါဆိုသလိုပဲ တိုင်းပြည်မှာ စစ်ဘေးရော၊ ဘာသာရေးမီး ရော ဘယ်တော့မှ ငြိမ်းမှာမဟုတ်ဘူး။

ဉာဏ်လင်းမေးမြန်းသည်

(မကြာမီ ထွက်ရှိလာတော့မည့် မော်ကွန်းမဂ္ဂဇင်း အမှတ် ၃ တွင်ပါရှိသော အင်တာဗျူးမှ ထုတ်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။)


MAWKUN: ရခိုင်မှာ လူအုပ်စုနှစ်ခုကြားမှာ မုန်းတီးရေးတွေ တအားမြင့်မားနေတဲ့အချိန်မှာ တချို့ယူဆကြတာက ဘယ်လိုနည်းနဲ့မှ ဒီလူအုပ်စုနှစ်စုဟာ အရင်လို အနေအထားမျိုးပြန်နေလို့မရတော့ဘူး၊ အတူထားဖို့လည်း မသင့်တော့ဘူးဆိုပြီးတော့ ပြောကြတယ်။ တချို့ကပြောတာက အချိန်ကာလတစ်ခု ကို ဖြတ်သန်းပြီးတဲ့ အခါမှာ တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မှုရှိလာ တဲ့အခါကျရင် အရင်လို အနေအထားမျိုး ပြန်ပြီး ထားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြတယ်။ အဲဒီပေါ်မှာ ဘယ်လိုမြင် လဲခင်ဗျ။

“ကောသလအိပ်မက် ၁၆-ချက် ရှစ်လုံးဖွဲ့မြန်မာကဗျာ”

KhingKhing Su shared Buddha In My Life's photo.
“ကောသလအိပ်မက် ၁၆-ချက် ရှစ်လုံးဖွဲ့မြန်မာကဗျာ”

(၁) အမေး။ ။နွားနက်လေးခု၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြဘဲ၊ ရှောင်လွဲသည်မြင်။
အဖြေ။ ။အရှေ့အနောက်၊ တောင်မြောက် မိုးဆင်၊ ခြိမ်းသံပေး မိုးဝေးလွင့်ပျောက်စင်။

(၂) အမေး။ ။မြေကမကြွ၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေ့မြင်။
အဖြေ။ ။အရွယ်မမျှ၊ ပျိုမ လုံခင်၊ သမီးသား၊ လင်ထား အိမ်ထောင်ဆင်။

(၃) အမေး။ ။ယနေ့ဖွားစ၊ နွားမနို့သာ၊ မိခင်နွားကြီး၊ စို့ပြီးနေရှာ။
အဖြေ။ ။သမီးနှင့်သား၊ စီးပွားဆိုင်ရာ၊ မိနှင့်ဖ၊ ကျွေးမှစားရမှာ။

(၄) အမေး။ ။နွားကြီးမကြိုက်၊ ၀န်တိုက်နွားငယ်၊ မရုန်းနိုင်ဘဲ၊ ၀ပ်လဲနေတယ်။
အဖြေ။ ။ကြီးသူပယ်ရှား၊ မြှောက်ထားလူငယ်၊ တိုင်းပြည်ရေး၊ ရှုပ်ထွေးပွေတော့မယ်။

(၅) အမေး။ ။ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကျွေးမွေးသမျှ၊ မ၀နိုင်ပါ။
အဖြေ။ ။မှူးမတ်မင်းစိုး၊ လာဘ်ထိုးသူရှာ၊ နှစ်ဘက်စား၊ တရားစီရင်မှာ။

(၆) အမေး။ ။ခွေးအိုထံဆက်၊ ရွှေခွက်သိန်းတန်၊ ကျင်ငယ်အမြဲ၊ ခွက်ထဲစွန့်ပြန်။
အဖြေ။ ။မျိုးမြတ်သမီး၊ ပစ္စည်းမက်ဟန်၊ အမျိုးယုတ်၊ လင်လုပ်ပေါင်းဆက်ဆံ။

(၇) အမေး။ ။ရှေ့ကကျစ်ချ၊ လွန်စကြိုးကို၊ ခွေးမခိုးစား၊ ကိုက်ဝါးကာမျို။
အဖြေ။ ။လင်ကြီးပစ္စည်း၊ သိမ်းဆည်းမသို၊ လင်ငယ်အား မယားလောကွတ်ပို။

(၈) အမေး။ ။အိုးငယ်ချည်းနှီး၊ အိုးကြီးရေလျှံ၊ အိုးကြီးကိုဘဲ၊ ရေဆွဲလောင်းပြန်။
အဖြေ။ ။ဆင်းရဲသူများ၊ ၀တ်စားမကျန်၊ အခွန်တွက်၊ နှိပ်စက်ငွေကောက်ခံ။

(၉) အမေး။ ။ကြာမျိုးငါးဝ၊ ပွင့်ကြရေကန်၊ ရေလယ်နောက်လျက်၊ ကမ်းဘက်ကြည်ပြန်။
အဖြေ။ ။မြို့တွင်းပွေရှုပ်၊ ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက်၊ ပြည့်နှက်စည်ကားရန်။

(၁၀) အမေး။ ။တစ်အိုးတည်းချက်၊ အကျက်မညီ၊ ထမင်းမာဆတ်၊ ပျော့နပ်သုံးလီ။
အဖြေ။ ။မင်းနှင့်လူများ၊ တရားမညီ၊ မိုးသုံးစား၊ ကွက်ကြားရွာချမည်။

(၁၁) အမေး။ ။မွှေးထုံနဲ့ကြူး၊ စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင့်လဲ၊ သုံးစွဲစားပြန်။
အဖြေ။ ။အလဇ္ဇီများ၊ တရားဖိုးတန်၊ ငွေနှင့်လဲ၊ အမြဲဟောမည်မှန်။

(၁၂) အမေး။ ။သံကြေးမပေါင်း၊ ဘူးတောင်း ဘူးအုံ၊ ရေတွင်စုပ်စုပ်၊ နစ်မြုပ်လုံးစုံ။
အဖြေ။ ။ပညာရှိများ၊ စကားဥဿုံ၊ ပြောသမျှ၊ လောကမသုံးကုန်။

(၁၃) အမေး။ ။အိမ်လုံး တောင်လုံး၊ ကျောက်တုံးကျောက်ဖျာ၊ ရေမှာဘွားဘွား၊ ထင်ရှားပေါ်လာ။
အဖြေ။ ။ရဟန်းရှင်ဆိုး၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်မှာ။

(၁၄) အမေး။ ။အဆိပ်ပြင်းတောက်၊ မြွေဟောက်ကြီးကို၊ ဖားငယ်မများ၊ ကိုက်ဝါးကာမျို။
အဖြေ။ ။ကညာယူထား၊ သက်ကြားဘိုးအို၊ မယားဆဲ၊ အမြဲအော်ငေါက်ဆို။

(၁၅) အမေး။ ။အဆင်းမည်းနက်၊ ကျီးငှက်ထံမှာ၊ ရွှေဟင်္သာများ၊ ခစားနေရှာ။
အဖြေ။ ။ပညာသီလ၊ ပြည့်ဝသူဟာ၊ သူယုတ်အား၊ ၀ပ်တွားနေရမှာ။

(၁၆) အမေး။ ။ဆိတ်ကိုမြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြင်္သေ့သစ်ကျား၊ ခုန်လွှားပြေးပြန်။
အဖြေ။ ။သူယုတ်မာများ၊ ထောင်လွှားနိုင်ငံ၊ သူတော်ကောင်း ပုန်းအောင်းတောမြိုင်ယံ။
“ကောသလအိပ်မက် ၁၆-ချက် ရှစ်လုံးဖွဲ့မြန်မာကဗျာ”

(၁) အမေး။ ။နွားနက်လေးခု၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြဘဲ၊ ရှောင်လွဲသည်မြင်။
အဖြေ။ ။အရှေ့အနောက်၊ တောင်မြောက် မိုးဆင်၊ ခြိ
မ်းသံပေး မိုးဝေးလွင့်ပျောက်စင်။

(၂) အမေး။ ။မြေကမကြွ၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေ့မြင်။
အဖြေ။ ။အရွယ်မမျှ၊ ပျိုမ လုံခင်၊ သမီးသား၊ လင်ထား အိမ်ထောင်ဆင်။

(၃) အမေး။ ။ယနေ့ဖွားစ၊ နွားမနို့သာ၊ မိခင်နွားကြီး၊ စို့ပြီးနေရှာ။
အဖြေ။ ။သမီးနှင့်သား၊ စီးပွားဆိုင်ရာ၊ မိနှင့်ဖ၊ ကျွေးမှစားရမှာ။

(၄) အမေး။ ။နွားကြီးမကြိုက်၊ ၀န်တိုက်နွားငယ်၊ မရုန်းနိုင်ဘဲ၊ ၀ပ်လဲနေတယ်။
အဖြေ။ ။ကြီးသူပယ်ရှား၊ မြှောက်ထားလူငယ်၊ တိုင်းပြည်ရေး၊ ရှုပ်ထွေးပွေတော့မယ်။

“သားသားမီးမီး လိုချင်သည့် အမျိုးသမီးတို့ကို မျိုးအောင်နိုင်စွမ်း မြင့်တက်စေမည့် အစာများ”

Thein Moe and Lu Bo shared New MyanmarFoundation's photo.
“သားသားမီးမီး လိုချင်သည့် အမျိုးသမီးတို့ကို မျိုးအောင်နိုင်စွမ်း မြင့်တက်စေမည့် အစာများ”
ကလေးလိုချင်နေတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေ အိမ်ထောင်ရေးမှာ သာယာ ကျေနပ်မှုရရှိပြီး မျိုးအောင်နိုင်စွမ်း မြင့်မားစေမယ့် အစာတွေ ရှိပါတယ်။ ဒီအစာတွေကို နေ့စဉ် ပါဝင်အောင် စားပေးသင့်တဲ့ အကြောင်းရင်းတွေကို ဖော်ပြပေး လိုက်ပါတယ်။

မုန်လာဥနီ

မုန်လာဥနီမှာ ဗီတာမင်အေများစွာ ပါဝင်တာကြောင့် အမျိုးသမီးတွေရဲ့ သား အိမ်နဲ့ မိန်းမကိုယ်ရှိ Epithiliumတစ် သျှူးတွေ တည်ဆောက်ရေးမှာ အရေးပါ ပါတယ်။ ဗီတာမင်အေဟာ မမျိုးဥ အိမ်ရဲ့ အပူလျှောက်ကူးတဲ့ ပတ်ဝန်းကျင်တည် ဆောက်ရေးမှာ မရှိမဖြစ် အရေးကြီးပါ တယ်။ ဗီတာမင်အေ ပါတဲ့ တခြား အစာ တွေက ကန်စွန်းဥ၊ ရွှေဖရုံသီး၊ ပန်းဂေါ်ဖီ စိမ်းနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တို့ ဖြစ်ကြပါတယ်။

 

ဗာဒံစေ့

မရှိမဖြစ် ဖက်တီးအက်စစ်များစွာ ပါ ဝင်တဲ့ ဗာဒံစေ့ဟာ ဟော်မုန်းအထွက်တိုး စေရေးအတွက် အရေးကြီးတဲ့ အစေ့အ ဆန်ပါ။ ဦးနှောက်နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ မရှိမဖြစ်ဖက်တီးအက်စစ်ဟာ မမျိုးဥြွေကဖို့ရာအတွက် အရေးကြီးတဲ့ အီစထရိုဂျင်၊ ပရိုဂျက်စတီရုန်း၊ တက်စ တိုစတီရုန်းနဲ့ FSHဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ မရှိမဖြစ် ဖက်တီးအက် စစ်ပါဝင်တဲ့ တခြားအစာတွေက သံလွင်ဆီ၊ ငါးအဆီ၊ သီဟိုစေ့စတာတွေ ဖြစ်ပြီး ဒီအစာတွေက ရာသီစက်ဝန်းမှန်ဖို့နဲ့ မျိုး အောင်နိုင်စွမ်း ကောင်းမွန်ဖို့ အားပေးပါ တယ်။

စပီရူလိုင်းနားရေညှိ

စပီရူလိုင်းနားရေညှိမှာ ဗီတာမင် B12များစွာ ပါဝင်တဲ့အတွက် မျိုးအောင်နိုင် စွမ်းကို ကောင်းမွန်စေပါတယ်။ ဗီတာမင် B12 နဲ့ ဖောလစ်အက်စစ် နှစ်မျိုးစလုံး ချို့ တဲ့တာက သန္ဓေတည်ဖို့ ခက်ခဲမှုနဲ့ ဆက် စပ်နေပါတယ်။ ဒါကြောင့် ကိုယ်ဝန် ဆောင်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတွေ အနေနဲ့ ဖောလစ်အက်စစ် ပါဝင်တဲ့ အစာကိုလည်း များများ စားရပါမယ်။ အစိမ်းရောင် ဟင်းရွက်တွေဖြစ်တဲ့ ဟင်းနုနွယ်၊ ဂေါ်ဖီထုပ်၊ အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ တိရစ္ဆာန်ကလီစာနဲ့ ပဲတွေမှာ ဖောလစ်အက်စစ်ပါဝင်မှု မြင့်မားပါတယ်။

နေကြာစေ့

နေကြာစေ့မှာ အစွမ်းထက်အင်တီ အောက်ဆီးဒင့် ဗီတာမင်အီးပါဝင်တာ ကြောင့် မမျိုးဥထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင်အီး ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက် အဆီ၊ အခွံမာသီး၊ အစေ့အဆန်၊ ဂျုံနဲ့ ထောပတ်သီးတွေကလည်း အမျိုးသမီး တွေမှာ မျိုးအောင်နိုင်စွမ်းကို ကောင်းမွန်စေပြီး မျိုးဆက်ပွားစနစ် ကောင်းမွန်ရေး အတွက် လုပ်ဆောင်ပေးပါတယ်။

ဂျုံစေ့

ဂျုံစေ့မှာပါတဲ့ မဂ္ဂနိစ်ဟာ အမျိုးသ မီးဟော်မုန်းအီစထရိုဂျင် တည်ဆောက် ဖြိုခွဲမှုအတွက် အရေးကြီးတဲ့ သတ္တုဓာတ် ပါ။ မဂ္ဂနိစ်ဓာတ်ချို့တဲ့မှုကြောင့် အမျိုးသ မီးတွေရဲ့ မျိုးအောင်နိုင်စွမ်းကို သိသိသာ သာလျော့ကျစေပါတယ်။ ဒါကြောင့် မဂ္ဂ နိစ်ပါဝင်မှုများတဲ့ ဟင်းနုနယ်ရွက်၊ အခွံ ချွတ်မထားတဲ့ ကောက်နှံစာ၊ ပဲအမျိုးမျိုး နဲ့ အခွံမာသီးတို့ကို စားပေးရပါမယ်။

အုတ်ဂျုံ (Oat)

အုတ်ဂျုံနဲ့ လုပ်ထားတဲ့ မုန့်တွေကို City Martဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါ တယ်။ အုတ်ဂျုံမှာ ဆီလီနီယမ်များစွာ ပါ ဝင်တာကြောင့် ကျန်းမာတဲ့ မျိုးဥထုတ် လုပ်ရေးအတွက် လိုအပ်ပါတယ်။ ဆီလီ နီယမ်များစွာ ပါဝင်တဲ့ အဆီနည်းအသား၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ ပဲသီးနဲ့ ဆန်လုံးညိုတို့ ကို များများစားပေးရပါမယ်။ ဝဥ၊ ကန်စွန်း ဥလို အစာတွေမှာ ပါတဲ့ ဓာတ်တွေက ပရိုဂျက်စတီရုန်းလို ဓာတ်ကို ပြောင်းစေ ပြီး ဟော်မုန်းမမျှတမှုကို လျော့ကျစေကာ လိင်စိတ်ပြန်လည် ဖြစ်ပေါ်စေပါတယ်။

ချောကလက်

လေ့လာမှုတွေအရ အမည်းရောင် ချောကလက်ကို နေ့စဉ်စားပေးတဲ့ အမျိုးသမီးတွေက အိမ်ထောင်ရေးမှာ ပိုမိုအ ဆင်ပြေသာယာကြောင်း သိရပါတယ်။ အကြောင်းကတော့ ချောကလက်ဟာ စိတ်ကို အနားရအပန်းပြေစေပြီး စိတ် ကြည်နူးမှု ရရှိစေလို့ပါ။ ပဲပိစပ်ကို နေ့စဉ် စားပေးတာကလည်း မိန်းမကိုယ် ချောဆီ ထွက်ရှိမှု ကောင်းမွန်စေပါတယ်။ က ညွတ်ဟာလည်း အမျိုးသမီးတွေကို အိမ် ထောင်ရေးသာယာမှု ရရှိစေတဲ့ တခြား အစာပါ။
from:မြ၀တီ ကျန်းမာရေး
“သားသားမီးမီး လိုချင်သည့် အမျိုးသမီးတို့ကို မျိုးအောင်နိုင်စွမ်း မြင့်တက်စေမည့် အစာများ”
ကလေးလိုချင်နေတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေ အိမ်ထောင်ရေးမှာ သာယာ ကျေနပ
်မှုရရှိပြီး မျိုးအောင်နိုင်စွမ်း မြင့်မားစေမယ့် အစာတွေ ရှိပါတယ်။ ဒီအစာတွေကို နေ့စဉ် ပါဝင်အောင် စားပေးသင့်တဲ့ အကြောင်းရင်းတွေကို ဖော်ပြပေး လိုက်ပါတယ်။

မုန်လာဥနီ

မုန်လာဥနီမှာ ဗီတာမင်အေများစွာ ပါဝင်တာကြောင့် အမျိုးသမီးတွေရဲ့ သား အိမ်နဲ့ မိန်းမကိုယ်ရှိ Epithiliumတစ် သျှူးတွေ တည်ဆောက်ရေးမှာ အရေးပါ ပါတယ်။ ဗီတာမင်အေဟာ မမျိုးဥ အိမ်ရဲ့ အပူလျှောက်ကူးတဲ့ ပတ်ဝန်းကျင်တည် ဆောက်ရေးမှာ မရှိမဖြစ် အရေးကြီးပါ တယ်။ ဗီတာမင်အေ ပါတဲ့ တခြား အစာ တွေက ကန်စွန်းဥ၊ ရွှေဖရုံသီး၊ ပန်းဂေါ်ဖီ စိမ်းနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တို့ ဖြစ်ကြပါတယ်။