Zaw Lin shared The Power of Fraternity - စည်းလုံးခြင်းရဲ့ အင်အား's photo.
လက်ပန်းတောင်းတောင် အရေးအခင်းနဲ့ ရဲသမိုင်းအစဉ်အလာ - အပိုင်း (၁)ယခုသတင်းအား www.photayokeking.org မှ ကူးယူဖော်ပြပါသည်။
မူရင်းသတင်းအား http://photayokeking.org/h
ot-news/ 1060-01-myanmar-police-force-pa rt-01
တွင်သွားရောက်ဖတ်ရှုနိုင်ပါသည်။ ယခု သတင်းကို www.facebook.com/pofpage မှ တင်ပြပေးလိုက်ပါသည်။
အယ်ဒီတာအဖွဲ့၏ တင်ပြချက် (၁) ။ ။ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုက်ဒ်အနေဖြင့် လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ ဂယက်ရိုက်နေတဲ့ လက်ပန်းတောင်းတောင် အရေးအခင်းတွင် အကြမ်းဖက်နှိမ်နှင်းခဲ့ရတဲ့ ရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီး အကြောင်းအရာများကို သတင်းအနေဖြင့်၎င်း၊ သတင်းဆောင်းပါးအနေဖြင့်၎င်း ဖော်ပြရန် စီစဉ်ထားပါတယ်။ နိုင်ငံတော်မှာ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့တည်းသာရှိရမည်ဟု သတ်မှတ်ထားရာ စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေဟာ လုပ်ငန်းတာဝန် သဘောသဘာဝအရ ဆက်စပ်ရောထွေး ပတ်သက်နေတာမို့ တင်ပြရခြင်း ဖြစ်ပါတယ်။
(၂) ။ ။ ယခုအခါ လက်ပန်းတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းထားပြီးဖြစ်လို့ သတင်းအချက်အလက် အထောက်အထား လိုက်လံစုဆောင်းနေပြီဖြစ်ရာ တစ်ထောင့်တစ်နေရာမှ တင်ပြထားချက်များကို အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ အစိုးရအဆက်ဆက် အမိန့်နှင့်တာဝန်အရ ထမ်းဆောင်ရသည်ဆိုသော်လည်း စည်းကမ်းတကျနှင့် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိမှု၊ အကျင့်စာရိတ္တ အနည်းနဲ့အများ ပျက်ယွင်းမှု၊ အစိုးရအဖွဲ့များရဲ့ တာဝန်ခံခြင်း၊ ဖြေရှင်းနိုင်ခြင်း မရှိမှုတို့ကြောင့် ပြည်သူလူထုရဲ့ ဝေဖန်ပြစ်တင်ခြင်းကို အမြဲလိုလို ခံရသလို အစိုးရအဖွဲ့များရဲ့ ထိုးကျွေးခြင်းကိုလည်း ခံရပါတယ်။ ရဲသမိုင်း အစဉ်အလာကစပြီး တပ်ပုံစံ ဇာတ်သွင်းတာကအလယ်၊ လက်ရဲဇက်ရဲ သွေးသံရဲရဲနဲ့ ပရမ်းပတာနိုင်လှတဲ့ နိုင်ငံတော်ရဲရဲ့ အနေအထား၊ လက်ပန်းတောင်းတောင်ပိနေတဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကြောင်းအရာများကို ပြည်တွင်းက ရဲတပ်ဖွဲ့နဲ့ နီးစပ်သူမိတ်ဆွေများရဲ့ သတင်းပေးပို့ချက်ပေါ် မူတည်ပြီး စဉ်ဆက်မပြတ်တင်ပြသွားပါမယ်။