Tuesday, December 11, 2012

မြန်မာ့ထုံးတမ်းစဉ်လာ လက်ထပ်ထိမ်းမြားခြင်း (၁၀) ပါး

ဘာဟာကောင်းမလဲ စဉ်းစားနေတာ
မြန်မာ့ထုံးတမ်းစဉ်လာ လက်ထပ်ထိမ်းမြားခြင်း (၁၀) ပါး

မြန်မာနိုင်ငံတွင် သမားရိုးကျအစဉ်အလာအားဖြင့် မြန်မာထုံးတမ်းစဉ်လာ (၁၀)မျိုးဖြင့် လက်ထပ်ထိမ်းမြား ဆောင်ရွက်လေ့ ရှိကြပေသည်။ မိမိအဆင့် အတန်းအလိုက် ကြိုက်နှစ်သက်ရာ (၁)ပါးဖြစ်စေ၊ (၂)ပါးတွဲ၍ဖြစ်စေ၊ (၅)ပါး တွဲ၍ဖြစ်စေ၊ (၆)ပါးတွဲ၍ဖြစ်စေ ဆောင်ရွက်ခြင်းဖြင့် လက်ထပ်မင်္ဂလာမှုပြု လုပ်ကြပေသည်။ ထိုလက်ထပ်ခြင်း (၁၀)မျိုးတို့မှာ

၁။ ပုဆိုးတန်းတင်လက်ထပ်ခြင်း

ကုန်ကျငွေနည်းနည်းနှင့် လိုရင်းထိရောက်စေသော လက်ထပ်ခြင်းဖြစ်သည်။ သတို့သားဝတ်ဆင်သော ပုဆိုးအင်္ကျီတို့ကို မိဘအုပ်ထိန်းသူ ခွင့်ပြုချက် အရ သတို့သမီးနေထိုင်သော အခန်းအတွင်း၌ရှိသော ကြိုးတန်းပေါ်တွင် လွှားတင်ခြင်းဖြင့် ထိမ်းမြားခြင်း မင်္ဂလာကိစ္စအောင်မြင်စေသည်။

၂။ ထမင်းလက်ဆုံစားလက်ထပ်ခြင်း

ကုန်ကျငွေနည်းသော လက်ထပ်ခြင်းဖြစ်သည်။ သက်ဆိုင်သူ၊ မိဘအုပ်ထိန်း သူ ခွင့်ပြုချက်အရ ထိုအကြိးအကဲတို့ ရှေ့မှောက်တွင် ထမင်း(သို့)ချိုချဉ် အာဟာရဖြစ်စေသော အစားအစာတစ်ခုခုတို့ကို မင်္ဂလာသတို့သားနှင့် မင်္ဂလာသတို့သမီးတို့ အတူတကွ လက်ဆုံစားခြင်းဖြင့် ထိမ်းမြားခြင်း မင်္ဂလာကိစ္စ အောင်မြင်စေသည်။

၃။ လက်စွပ်ချင်းလဲလက်ထပ်ခြင်း

မိဘ အုပ်ထိန်းသူ ခွင့်ပြုချက်အရ မင်္ဂလာသတို့သားလက်စွပ်အား မင်္ဂလာ သတို့သမီးမှဝတ်၍ မင်္ဂလာသတို့သမီး၏ လက်စွပ်အား မင်္ဂလာသတို့သား မှ ၀တ်ခြင်းကို မိဘအကြိးအကဲတို့ရှေ့မှောက် ဆောင်ရွက်ခြင်းဖြင့် ထိမ်းမြားခြင်းမင်္ဂလာအောင်မြင်စေသည်။

၎။ သစ်ပင်ဓားထစ်လက်ထပ်ခြင်း

ကုန်ကျငွေအနည်းဆုံးလက်ထပ်ခြင်းဖြစ်ပေသည်။ သစ်ပင်ရှေ့တွင် ထမင်းနှစ်ဆုပ်၊ လက်ဖက်နှစ်ပုံ ပုံ၍ သစ်ပင်ကိုစောင့်သော ရုက္ခစိုးနတ် မင်း၊ တောတောင်စောင့်နတ်မင်းများအား တိုင်တည်၍ မင်္ဂလာသတို့သားမှ သစ်ပင်ကို ဓားဖြင့်ထစ်ခြင်း၊ မင်္ဂလာသတို့သမီးမှ ထိုသစ်ပင်ကို ဓားဖြင့် ထစ်ခြင်းဖြင့် အကျွန်ုပ်တို့အား လင်မယားအဖြစ် အသိအမှတ်ပြုပါဟု သစ္စာဆိုတိုင်တည် ဆုတောင်းကာ ထိမ်းမြားမင်္ဂလာအောင်မြင်စေသည်။

၅။ လက်ထပ်၍ထိမ်းမြားခြင်း

မင်္ဂလာသတို့သားနှင့်မင်္ဂလာသတို့သမီးတို့ နှစ်ဘက်မိဘ အကြီးအကဲ ခွင့်ပြုချက်အရ လက်ခြင်းပူးကပ်စပ်နှော်နေဘိသကဲ့သို့ ချစ်ခြင်းမေတ္တာ သည်လည်း ထာဝစဉ်ပူးကပ်စေသား။ လက်အတွဲမြဲသလို ချစ်ခြင်းမေတ္တာ သည်လည်း မကွဲမကွာမြဲစေသတည်း။ လင်မယားအရာ မြောက်စေသတည်း ဆုတောင်းကာ ထိမ်းမြားမှုအောင်မြင်စေသည်။

၆။ ဒါလီဖွဲ့လက်ထပ်ခြင်း
ဒါလီမှာ ရွှေကြိုး၊ ရွှေဘယက်ဖြစ်ပါသည်။ ထိုဒါလီဆွဲကြိုးအား လူနှစ်ကိုယ် စာ ဆုံအောင် လုပ်ဆောင်ပြီးလျှင် မင်္ဂလာဂုဏ်အင်္ဂါငါးပါးနှင့် ပြည့်စုံသော ဇနီးမောင်နှံမှ မင်္ဂလာသတို့သားနှင့် မင်္ဂလာသတို့သမီးနှစ်ယောက်လုံး၏ လည်ပင်းကို တပြိုင်နက်စွပ်ခြင်းအားဖြင့် ထိမ်းမြားမှုအောင်မြင်စေသည်။

၇။ ပန်းကုံစွပ်လက်ထပ်ခြင်း

နှစ်ဘက်မိဘ သဘောတူခွင့်ပြုခြင်းကြောင့် မင်္ဂလာဂုဏ်အင်္ဂါငါးပါးနှင့် ပြည့် စုံသော ဇနီးမောင်နှံမှ မင်္ဂလာသတို့သားနှင့် မင်္ဂလာသတို့သမီးတို့ကို တစ်ဦးစီ၏လည်၌ ပန်းကုံးစွပ်၍ ထိမ်းမြားခြင်းဖြစ်သည်။

၈။ ရေစင်သွန်းလက်ထပ်ခြင်း

နှစ်ဘက်မိဘ သဘောတူခွင့်ပြုခြင်းကြောင့် မင်္ဂလာဂုဏ်အင်္ဂါငါးပါးနှင့် ပြည့် စုံသော ဇနီးမောင်နှံမှ မင်္ဂလာသတို့သားနှင့် မင်္ဂလာသတို့သမီးတို့၏ဦးထိပ် တွင် ခေါင်းကို နံ့သာရည်တို့ဖြင့် လက်ယာရစ် ခရုသင်းတွင်ထည့်ပြီး သွန်းလောင်းဖျန်းပက်လက်ထပ်ခြင်းဖြစ်သည်။

၉။ စုလျားရစ်ပတ်လက်ထပ်ခြင်း

နှစ်ဘက်မိဘ သဘောတူခွင့်ပြုခြင်းကြောင့် မင်္ဂလာဂုဏ်အင်္ဂါငါးပါးနှင့် ပြည့် စုံသော ဇနီးမောင်နှံမှ မင်္ဂလာသတို့သား၏ လက်ယာလက်နှင့် မင်္ဂလာ သတို့သမီး၏ လက်ယာအပေါ်တင်၍ စုလျားခေါ် တဘက်အဖြူရောင် ၀တ်ဖြင့် ချည်နှောင်ရစ်ပတ်၍ လက်ထပ်ခြင်းဖြစ်သည်။

၁၀။ ရေခွက်ထဲလက်ဆုံချ ရေစင်သွင်းလက်ထပ်ခြင်း

နှစ်ဘက်မိဘ သဘောတူခွင့်ပြုခြင်းကြောင့် မင်္ဂလာဂုဏ်အင်္ဂါငါးပါးနှင့် ပြည့် စုံသော ဇနီးမောင်နှံမှ မင်္ဂလာသတို့သားလက်ယာလက်နှင့် မင်္ဂလာသတို့ သမီးလက်ယာ လက်တို့ကို မင်္ဂလာငွေဖလားထဲတွင် နှင်းဆီပန်း၊ စံပယ်ပန်း၊ ဇွန်ပန်း၊ ကန့်ကော်ပန်းတို့ကို ရေနှင့်အတူထည့်ထားပြီး ထိုမင်္ဂလာလက် ယာရစ် ခရုသင်းဖြင့် ရေစင်သွန်းလောင်း၍ ဩဒတပတ္တပါဏီ၊ ဂါထာမန္တာန် ရွက်ဖတ်၍ လက်ထပ်ထိမ်းမြားခြင်းဖြစ်သည်။

မင်္ဂလာအမှုပြုရာတွင် ဘုရားအမှူးပြုသော ရဟန်းသံဃာများကို မိမိတတ်နိုင် သလောက် ရဟန်းအပါးအရေအတွက်တို့ကို အိမ်သို့ပင့်၍ မင်္ဂလာဆွမ်း ကပ်ရာသည်။ မင်္ဂလာသင်္ကန်းလည်းကပ်နိုင်သည်။
You'realways Onmymind
မြန်မာ့ထုံးတမ်းစဉ်လာ လက်ထပ်ထိမ်းမြားခြင်း (၁၀) ပါး

မြန်မာနိုင်ငံတွင် သမားရိုးကျအစဉ်အလာအားဖြင့် မြန်မာထုံးတမ်းစဉ်လာ (၁၀)မျိုးဖြင့် လက်ထပ်ထိမ်းမြား ဆောင်ရွက်လေ့
ရှိကြပေသည်။ မိမိအဆင့် အတန်းအလိုက် ကြိုက်နှစ်သက်ရာ (၁)ပါးဖြစ်စေ၊ (၂)ပါးတွဲ၍ဖြစ်စေ၊ (၅)ပါး တွဲ၍ဖြစ်စေ၊ (၆)ပါးတွဲ၍ဖြစ်စေ ဆောင်ရွက်ခြင်းဖြင့် လက်ထပ်မင်္ဂလာမှုပြု လုပ်ကြပေသည်။ ထိုလက်ထပ်ခြင်း (၁၀)မျိုးတို့မှာ

၁။ ပုဆိုးတန်းတင်လက်ထပ်ခြင်း

ကုန်ကျငွေနည်းနည်းနှင့် လိုရင်းထိရောက်စေသော လက်ထပ်ခြင်းဖြစ်သည်။ သတို့သားဝတ်ဆင်သော ပုဆိုးအင်္ကျီတို့ကို မိဘအုပ်ထိန်းသူ ခွင့်ပြုချက် အရ သတို့သမီးနေထိုင်သော အခန်းအတွင်း၌ရှိသော ကြိုးတန်းပေါ်တွင် လွှားတင်ခြင်းဖြင့် ထိမ်းမြားခြင်း မင်္ဂလာကိစ္စအောင်မြင်စေသည်။

၂။ ထမင်းလက်ဆုံစားလက်ထပ်ခြင်း

ကုန်ကျငွေနည်းသော လက်ထပ်ခြင်းဖြစ်သည်။ သက်ဆိုင်သူ၊ မိဘအုပ်ထိန်း သူ ခွင့်ပြုချက်အရ ထိုအကြိးအကဲတို့ ရှေ့မှောက်တွင် ထမင်း(သို့)ချိုချဉ် အာဟာရဖြစ်စေသော အစားအစာတစ်ခုခုတို့ကို မင်္ဂလာသတို့သားနှင့် မင်္ဂလာသတို့သမီးတို့ အတူတကွ လက်ဆုံစားခြင်းဖြင့် ထိမ်းမြားခြင်း မင်္ဂလာကိစ္စ အောင်မြင်စေသည်။

"ထိပ်ထားလမ်းလား သေနာလမ်းလား၊ လမ်းကောင်းရွေးမှ ပြည်ရေးလှမယ်"-ဟံသာဝတီဦးဝင်းတင် by Myat Thi Ha on Tuesday, December 11, 2012 at 9:46am ·



ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၁၂၊ ၂၀၁၂
အင်းလေ....စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအစိုးရဆိုကိုး။ ဒီလောက်တော့ စီးမှာ ကန်းမှာပေါ့ဗျာ။ နေပါအုန်း။ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း ပါနေဆို။

ကျုပ်က အသက်တော်တော်ကို ကြီးလာခဲ့ပြီလေ။ ဒီတော့ လူလိမ္မာ ပီပီ သံဝေဂလေး ရသပေါ့ဗျာ။ သံဝေဂဆိုတာ သံသရာမှ ထိတ်လန့်ကြောက်ရွံ့ခြင်းလို့ဆိုသဗျ။ ဘဝမှာ အလကားနေ အသေစောင့်ရင်း ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ ဝတ္ထုတွေကလည်း ရှိပေသကိုး။

ကြားဖူးတယ် မဟုတ်လား။ ဗြဟ္မာ့ဘုံ၌ ခံရခြင်းဟာလည်း ဆင်းရဲပဲတဲ့။ အဲဒါ ကြောက်ရွံ့ ထိတ်လန့်စရာပဲတဲ့။ ဗြဟ္မာဘုံမှာ စံစားရခြင်းကိုတောင် ကြောက်စရာဆိုမှတော့ ကျုပ်တို့လို တိရစ္ဆာန်ဘုံမှာ ခံစားနေရသူတွေအဖို့ ဘာများပြောစရာ လိုတော့မှာလဲဗျ။

တစ်ကိုယ်ရေ ကျန်းမာရေးအတွက် Nike မှထုတ်သော သားရေကွင်း (Nike+ FuelBand)

Thein Moe shared Aye Chan Mon's photo.
တစ်ကိုယ်ရေ ကျန်းမာရေးအတွက် Nike မှထုတ်သော သားရေကွင်း (Nike+ FuelBand) 

ယခုနှစ် ဧပြီလက စတင်လို့ ကမ္ဘာတစ်လွှားကို ဖြန့်ချိခဲ့တဲ့ တစ်ကိုယ်ရေ ကျန်းမာရေး ထိန်း ပစ္စည်း -သရေကွင်း- Nike+ FuelBand ဖြစ်ပါ တယ်။ မြန်မာပြည် မှာ ခေတ်မစားပေမယ့် ကမ္ဘာတစ်လွှားမှာတော့ အရောင်းသွက်တဲ့ ပစ္စည်း ဖြစ်ပါတယ်။ 

အရောင်းသွက်လို့ နောက်ထပ်အရောင်နှစ်မျိုးတောင် လာမယ့် အောက် တိုဘာ ၃၀ ကနေ စတင်ဖြန့်ချိပေးအုံးမှာ ဖြစ်ပါ တယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၄၉ ဒေါ်လာဝန်းကျင် ရှိပါတယ်။
...
သားရေကွင်းရယ်လို့မဟုတ်ပဲ နာရီလို့လည်း သတ်မှတ်နိုင်ပါတယ်။ LED မျက်နှာပြင်ကို အကွင်း အပြားသေးသေးလေးမှာ ထည့်သွင်းပေးထားပါ တယ်။ နာရီကြည့်လို့ရပါမယ်။ တစ်နေ့တာ လှုပ်ရှားမှုများကို ဒီဂျစ်တယ် ဂဏန်းတွေနဲ့ ပြပါမယ်။ မျက်နှာပြင်သေးတဲ့ အတွက် အားလုံးတော့ မမြင်ရပါ ဘူး။ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းတို့နဲ့ ကြည့်မှ အားလုံး မြင်ရတာ ဖြစ်ပါတယ်။ 

ကယ်လိုရီလောင်ကျွမ်းမှုနှုန်း၊ လမ်းလျှောက်မှု ပမာဏ၊ အချိန်၊ ကုန်ခမ်းသွားသော ကိုယ်ခန္ဓာ စွမ်းအင် ပမာဏ စတဲ့ လေးမျိုးကို အဓိကထား ဖော်ပြပါတယ်။ ယင်းနောက် ပမာဏအားလုံးကို တွက်ချက်ပြီ လမ်းဘယ်လောက်လျှောက်သင့်တယ်။ ဘယ်လို အစားအစာများကို ပိုမို စားသုံးသင့်တယ်။ ကယ်လိုရီ ဘယ်လောက်လိုတယ် စတာတွေကို တွက်ချက် အကြံပေးမှာ ဖြစ်ပါတယ်။ Nike ရဲ့  Fuel Band official ဝဘ်ဆိုဒ်မှာလည်း Share ပေးပါတယ်။ Fuel Band မှာ ဘလူးတော့ ပါဝင်ပါတယ်။ 

ဒါကြောင့် လမ်းလျှောက်နေစဉ်လည်း မိုဘိုင်းဖုန်းဖွင့်ပြီး App ကတစ်ဆင့် ဝင်ရောက် ကြည့်ရှု မှတ်သားနိုင်ပါတယ်။ Android, iOS, Windows Phone OS စတာတွေအတွက် Fuel Band App ပါရှိပါတယ်။ PC ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ကြည့်ရှုဖို့လည်း USB ပေါက် နဲ့ ကြိုးလည်း ပါဝင်ပါသေးတယ်။ 

အမှန်တော့ ဒီလို ပစ္စည်းက ဇိမ်ခံပစ္စည်းဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူပြုရန် ပစ္စည်းအနေနဲ့ အားကစား ပစ္စည်းထုတ် Nike မှ နည်းပညာ အကူအညီနဲ့ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ 

ခန္ဓာကိုယ်ရဲ့ တစ်နေ့တာ လှုပ်ရှားမှုကို မှတ်သားပြီးအမြဲ Fit ဖြစ်နေ ရန် စောင့်ကြည့် လမ်းညွန်ပေးမယ့် ပစ္စည်းတစ်ခုလို့ ဆိုပါတယ်။ 

Nike+ FuelBand ဟာ ဧပြီလက စတင်လို့ယနေ့တိုင် အဝယ်လိုက်နေတဲ့ ပစ္စည်း တစ်ခုဖြစ်ပြီး Nike ရဲ့  Official ဝဘ်ဆိုဒ်မှာ ဝင်ရောက် လေ့လာနိုင် ပါတယ်။ 

http://store.nike.com/us/en_us/?l=shop%2Cfuelband

မြန်မာပြည်မှာလည်း ရရှိနိုင်ပါပြီ။ Fuel Band တစ်ကွင်းကို မြန်မာကျပ်ငွေ ၁သိန်း၈ သောင်းနဲ့ www.ads.com.mm မှာဖော်ပြထားတာ တွေ့ရပါတယ်။ စိတ်ပါဝင်စားလို့ အွန်လိုင်းကနေ ဆက်သွယ်မှာယူ လိုသူများ အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ 

http://www.ads.com.mm/for-sale/mobile-phones-phone-accessoires/iphone/18061.html
---
--
http://www.innewsmyanmar.com/2012/12/nike-nike-fuelband.html
--
----
အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
တစ်ကိုယ်ရေ ကျန်းမာရေးအတွက် Nike မှထုတ်သော သားရေကွင်း (Nike+ FuelBand)

ယခုနှစ် ဧပြီလက စတင်လို့ ကမ္ဘာတစ်လွှားကို ဖြန့်ချိခဲ့တဲ့ တစ်ကိုယ်ရေ ကျန်းမာရေး ထိန်း ပစ္စည်
း -သရေကွင်း- Nike+ FuelBand ဖြစ်ပါ တယ်။ မြန်မာပြည် မှာ ခေတ်မစားပေမယ့် ကမ္ဘာတစ်လွှားမှာတော့ အရောင်းသွက်တဲ့ ပစ္စည်း ဖြစ်ပါတယ်။

အရောင်းသွက်လို့ နောက်ထပ်အရောင်နှစ်မျိုးတောင် လာမယ့် အောက် တိုဘာ ၃၀ ကနေ စတင်ဖြန့်ချိပေးအုံးမှာ ဖြစ်ပါ တယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၄၉ ဒေါ်လာဝန်းကျင် ရှိပါတယ်။
...

ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း

KhingKhing Su and 5 other people shared International news for myanmar's photo.
ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း

ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီ သဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။ ဆေးသာက်နေရာ သူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။  

ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။ 

ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျော ဖို့ လိုပြီး ရေ သန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီ ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။ 
--
Ref: medic-facts

http://www.innewsmyanmar.com/2012/12/blog-post_5404.html

--
ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း

ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီ သဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။ ဆေးသာက်နေရာ သူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။

ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။

ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျော ဖို့ လိုပြီး ရေ သန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီ ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။
--
Ref: medic-facts

http://www.innewsmyanmar.com/2012/12/blog-post_5404.html

“ ဒေါ်အောင်ဆန်းစုကြည် ဘာလဲ၊ ဘယ်လဲ ”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အနောက်တိုင်း ခရီးစဉ်တွေမှာတော့ ဦးသိန်စိန်အစိုးရကို ကောင်းပြီကောင်းရဲ့နဲ့ ကောင်းသလိုပြောခဲ့ပြီးမှ နိုဝင်ဘာလ အိန္ဒိယခရီးစဉ်မှာတော့ . . 'မြန်မာနိုင်ငံနဲ့ ပတ်သက်၍ The Hindu သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားရာတွင် စိတ်ပျက်တယ်ဆိုတဲ့ စကားထက်တောင် ပိုဆိုးတယ်' လို့ မှတ်ချက်ချခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် အလွန်အကျွံ အကောင်းမမြင်ရန်လည်း အိန္ဒိယအစိုးရကို သတိပေးခဲ့ပါတယ်။'
ကိုဖိုးဖြူ ဖေ့စ်ဘုတ်မှ ရှယ်ပါသည်။

Valinnat
Ko Phoe Phyu merkittiin henkilön Kyaw Naing Win kuvaan. — seuranaan Anyar Thar ja 26 muuta.
“ ဒေါ်အောင်ဆန်းစုကြည် ဘာလဲ၊ ဘယ်လဲ ” ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အနောက်တိုင်း ခရီးစဉ်တွေမှာတော့ ဦးသိန်စိန်အစိုးရကို ကောင်းပြီကောင်းရဲ့နဲ့ ကောင်းသလိုပြောခဲ့ပြီးမှ နိုဝင်ဘာလ အိန္ဒိယခရီးစဉ်မှာ
တော့ . . 'မြန်မာနိုင်ငံနဲ့ ပတ်သက်၍ The Hindu သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားရာတွင် စိတ်ပျက်တယ်ဆိုတဲ့ စကားထက်တောင် ပိုဆိုးတယ်' လို့ မှတ်ချက်ချခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် အလွန်အကျွံ အကောင်းမမြင်ရန်လည်း အိန္ဒိယအစိုးရကို သတိပေးခဲ့ပါတယ်။' အခု ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး သုံးသပ်ပြောဆိုရာမှာတော့ စိတ်ပျက်တယ်ဆိုတဲ့ စကားထက်တောင် ပိုဆိုးတယ်ဆိုတဲ့ အခြေအနေတွေကို ဖာထေးဖုံးဖိ ပြောဆိုသွားပါတယ်။ ဥပမာ ပတ်ဝန်းကျင် ပျက်စီးတာဟာ အခုမှ မဟုတ်ဘူး။ နည်းနည်းနှစ်နဲ့ကြာပြီ။ (ဆိုလိုတာက ၀မ်ပေါင်ကုမ္ပဏီကြောင့် မဟုတ်ဘဲ အရင်ကတည်းက ပျက်စီးနေတာ) 'ဦးပိုင်လီမီတက်ဆိုတာလည်း ဦးပိုင်နဲ့ ဆက်စပ်နေတယ်ဆိုတော့ ကျွန်မ တို့ ဒီကိစ္စတွေကို ချဉ်းကပ်တဲ့အခါမှာ သဘောထားကြီးကြီးနဲ့ နောက်ဆုံးကျတော့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ပဲ ချဉ်းကပ်မယ် ' သဘောထားကြီးပါ။ သည်းခံပါ၊ စိတ်ရှည်ပါ၊ နိုင်ငံကြီးသား ပီသပါဆိုတာတွေကို ပြည်သူတွေကိုပဲ ပြောနေတာဖြစ်ပြီး '၀မ်ပေါင်နဲ့ဦးပိုင်' ဘက်ကိုတော့ မြှားဦးတောင် မလှည့်ရဲခဲ့ရှာဘူး။ 'စီမံကိန်းရပ်သွားအောင် လုပ်ပေးနိုင်တဲ့ အခြေအနေ မရှိပါဘူး' လို့လည်း ဆိုတယ်။ 'နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် နှစ်နိုင်ငံကြားထဲမှာ ယူထားတဲ့ သဘောတူညီချက်တွေကို လေးစားရမယ်၊ လိုက်နာရတယ် ' “လက်ပန်းတောင်းတောင် စီမံကိန်းကို သဘောတူညီချက် စာချုပ်ဖြင့် လုပ်ဆောင်နေသည်ကို နားလည်ထားရမယ်” ' ဒီကြေးနီစီမံကိန်းပြီးတဲ့ နောင်အနှစ် ၃၀ မှာလည်း ဒေသခံတွေဟာ ပြည့်ပြည့်စုံစုံနဲ့ ရပ်တည်နိုင်ဖို့ကို ကြည့်ပြီးလုပ်သွားမယ်' ဒေါ်စုပြောခဲ့တာတွေကို စိစစ်ကြည့်လိုက်ရင် ဦးပိုင်နဲ့ ၀မ်ပေါင်တရုတ်ကုမ္ပဏီဘက်က မသိမသာ ရပ်တည်ပြောဆိုနေကြောင်း တွေ့ရပါတယ်။ ပြည်သူလူထုကြီးနဲ့ ရဟန်းသံဃာတွေ တောင်းဆိုနေတဲ့ 'ကြေးနီစီမံကိန်းကြီး လုံးဝရပ်ဆိုင်းပစ်' ဆိုတဲ့ ပဲ့တင်သံကို ဒေါ်စုဆီမှာ မတွေ့ခဲ့ရပါဘူး။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ၆-၁၂-၂၀၁၂ က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ - 'လက်ရှိအချိန်မှာ ကျွန်မအနေနဲ့ ဘယ်သူ့ကိုမှ အပြစ်ရှိတယ်လို့ မသတ်မှတ်သေးပါဘူး။ 

Laptop | Computer | Monitor | Software | Hardware | Maintenance Care: Important For Backup Files

Laptop | Computer | Monitor | Software | Hardware | Maintenance Care: Important For Backup Files: Threat of spyware and adware is one of the reasons why you should make a backup copy of the data and files on your computer (mp3, pho...

Laptop | Computer | Monitor | Software | Hardware | Maintenance Care: Laptop Buying Guide

Laptop | Computer | Monitor | Software | Hardware | Maintenance Care: Laptop Buying Guide: 1. Use - Motif or main purpose of the laptop was purchased. If you need a laptop to play games that are more sophisticated. If only for...

Monday, December 10, 2012

ရက်စက်မှုအဟောင်း ဖော်ထုတ်မှုအသစ်များနှင့် မြန်မာ ဘာတီးလ်လစ်တနာရေးသား၍ ကျော်မျိုးဘာသာပြန်ဆိုသည်

7Day News Journal's photo.
ရက်စက်မှုအဟောင်း ဖော်ထုတ်မှုအသစ်များနှင့် မြန်မာ

ဘာတီးလ်လစ်တနာရေးသား၍ ကျော်မျိုးဘာသာပြန်ဆိုသည်

လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ခန့်က လက်နက်ကိုင်တော်လှန်ရေး ကျောင်းသားအဖွဲ့တစ်ခုက ကျူးလွန်ခဲ့သော သွေးထွက်သံယို ရက်စက်မှုတစ်ခုသည် မြန်မာနိုင်ငံအား ဆက်လက်ခြောက်လှန့်နေသည်။ ထိုအမှုမှာ နိုင်ငံ၏ ဒီမိုကရေစီရေးလှုပ်ရှားမှု အစိတ်အပိုင်းများ၊ ၎င်းတို့၏ နိုင်ငံရပ်ခြားမှ ထောက်ခံအားပေးသူများနှင့် ယခင်စစ်အစိုးရ၏ အဖွဲ့ဝင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော အစိုးရသစ်တို့အတွက် ကျယ်ပြန့်သောအကျိုးဆက်များ ပေးစွမ်းနိုင်သည်။

နှစ်ပေါင်းနှစ်ဆယ်ခန့်မျှကြာအောင် ၎င်းတို့၏နာကျင်မှုနှင့် ဒေါသတို့ကို ဖုံးအုပ်ထားခဲ့ပြီးနောက် ထိုအမှုတွင် သားကောင်ဖြစ်ခဲ့ရသူများ၏ မိသားစုဝင်များ၊ အသက်မသေဘဲကျန်ရစ်ခဲ့သူများသည် ယခုအခါ အမှုတွင်တာဝန်ရှိခဲ့သူများကို တရားစီရင်သင့်ကြောင်း တောင်းဆိုနေကြပေပြီ။စွပ်စွဲခံရသော လူသတ်သမားများအနက် အချို့မှာ နိုင်ငံတကာအင်န်ဂျီအိုအဖွဲ့များက ပံ့ပိုးပေးမှုဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်နေကြသည်။ တရားမျှတမှုသည် ထိုနေရာ၌ပင် လမ်းဆုံးသွားတော့မည်လား။ ပြီးတော့လည်း ယင်းအဖွဲ့၏ အတိတ်ကမတရားမှုများကို နောက်ကြောင်းပြန် စုံစမ်းစစ်ဆေးမှုများအတွက်ရော စစ်တပ်သည် ဘယ်လောက်ကြာကြာ ခွင့်ပြုပါမည်လဲ။

မြန်မာအာဏာပိုင်များသည် ဤကိစ္စနှင့်ပတ်သက်ပြီး ကောင်းစွာသိနားလည်ထားကာ သတိရှိရှိနှင့်ပင် တိတ်ဆိတ်နေခဲ့ပါသည်။ မြန်မာလူမျိုး သတင်းရင်းမြစ်တစ်ခုက ပြောသလိုပင်။ “တကယ်မမေ့နိုင်ကြသေးပေမယ့်၊ သူတို့ရဲ့ ရဲဘော်တွေကို သတ်ခဲ့တဲ့သူတွေကို ခွင့်လွှတ်ကြမယ်ဆိုရင် ၁၉၈၈ ခု စစ်တပ်ရဲ့ကျည်ဆန်တွေကြောင့် အသတ်ခံခဲ့ရတဲ့ လူထောင်ပေါင်းများစွာအတွက် တရားမျှတမှုကရောဘာလဲ။ ဒါမှမဟုတ်လည်း မှောင်မည်းတဲ့ အကျဉ်းထောင်အခန်းတွေထဲမှာ သူတို့ငယ်ဘ၀ရဲ့ အချိန်အများစုကို ကုန်ဆုံးစေခဲ့ရ၊ အနှိပ်စက်ခံခဲ့ရသူတွေအတွက် တရားမျှတမှုကရော ဘာဖြစ်မလဲ”ဟူ၍ 

၁၉၉၂ ခုနှစ် အစောပိုင်းတွင် ကချင်ပြည်နယ်မြောက်ပိုင်း၊ တရုတ်နယ်စပ်အနီးရှိနေသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်စစ်တပ်ဦး ABSDF မှ မြေအောက်သူပုန်များသည် ၎င်းတို့၏ ရဲဘော်များထဲမှ သုံးပုံတစ်ပုံနီးပါးခန့် (သို့မဟုတ်) ကျောင်းသားတပ်မတော်၏ စုစုပေါင်းလူဦးရေ ၃၅၀ မှ ၄၀၀ ခန့်အတွင်းမှ လူပေါင်း ၁၀၇ ဦးကို စစ်အစိုးရနှင့် ၎င်း၏ထောက်လှမ်းရေးဌာနအတွက် သူလျှိုလုပ်ပေးနေသည်ဟု စွပ်စွဲခဲ့သည်။ အသက်ရှင်ကျန်ရစ်သူများ၏အဆိုအရ လူပေါင်း ၃၀ ဦးမှာ ကွပ်မျက်ခံရခြင်း (သို့မဟုတ်) စစ်ကြောရေးဝင်စဉ် ခံစားခဲ့ရသော နှိပ်စက်မှုဒဏ်များကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။ ဝေးလံခေါင်ဖျားသော တောနက်ဒေသများအတွင်း ဒီမိုကရေစီရေးအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြသော နုပျိုသည့်လူငယ်များထဲတွင် ဖြစ်ခဲ့သည့် (မျိုးဖြုတ်)သုတ်သင်မှုမှာ လူတိုင်း၏အမြင်တွင် ထူးထူးကဲကဲပင် ရက်စက်လွန်းခဲ့ပါသည်။

မန္တလေးမြို့မှ တက်ကြွလှုပ်ရှားသူ၊ လူသိများသည့် ကျောင်းသားခေါင်းဆောင်ဟောင်းဖြစ်ပြီး ABSDF မြောက်ပိုင်း၏ဥက္ကဋ္ဌဖြစ်သည့် (ကို)ထွန်းအောင်ကျော်မှာ (ကျန်ရစ်သူများ၏) ပြောပြချက်အရ သံပူပြားဖြင့် နှိပ်စက်ခံခဲ့ရပြီးနောက် ခေါင်းဖြတ်အသတ်ခံခဲ့ရသည်။ ၎င်းသည် မသေခင်အစောပိုင်းက ခေါင်းဖြတ်အသတ်ခံထားရသည့် အခြားရဲဘော်တစ်ဦး၏ ခေါင်းမှထွက်ကျနေသော သွေးများကို သောက်သုံးရန် အတင်းအကျပ် စေခိုင်းခံခဲ့ရသည်။ စွပ်စွဲခံရသည့် အခြားတစ်ဦးဖြစ်သည့် (ကို)အောင်ဖုန်းမှာ ခြေထောက်တွင် မြေမြှုပ်မိုင်းများချည်နှောင်၍ ဖောက်ခွဲခံရပြီး ခြေထောက်ပြတ်ခဲ့ရသည်။ ထိုနေ့မှာပင် ၎င်းမှာလည်း ခေါင်းဖြတ်အသတ်ခံခဲ့ရသည်။

အမျိုးသမီးရဲဘော်တစ်ဦးမှာမူ အုပ်စုလိုက် မုဒိန်းကျင့်ခံခဲ့ရပြီးနောက် အသတ်ခံခဲ့ရသည်။ ထိုအမျိုးသမီးမှာ ထိုစဉ်က မြို့တော်ရန်ကုန်တွင် ဒီမိုကရေစီရေးဆန္ဒပြသူများကို စက်တင်ဘာ ၁၉၈၈ ၌ အစုအပြုံလိုက် သုတ်သင်မှုပြီးနောက် လက်နက်ကိုင်တော်လှန်ရေး နယ်ပယ်ထဲမရောက်ခင် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ကျောင်းသူတစ်ဦးဖြစ်ခဲ့သည်။

သူလျှိုများကို စွပ်စွဲရှာဖွေမှုကိစ္စမှာ ၁၉၉၁ ခုနှစ်နှောင်းပိုင်း၌ ABSDF စခန်းမှ နယ်စပ်အနီး တရုတ်ပြည် ယင်ကျန်း၌ တရုတ်ရဲတပ်ဖွဲ့က ပစ္စတိုသေနတ်များ၊ လောင်ချာများနှင့်အတူ မြန်မာလူငယ် ၁၀ ဦးကို ဖမ်းဆီးမိလိုက်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို စခန်းသို့ ပြန်ပို့ခံခဲ့ရပြီးနောက် လူငယ်တော်လှန်ရေးသမားများအကြားတွင် ရူးသွပ်မှုက ရုတ်တရက် ထူးခြားစွာဖြစ်ပေါ်ခဲ့တော့သည်။ နောက်ပိုင်းတွင် ABSDF က ထုတ်ပြန်ခဲ့သော ဗီဒီယိုတိတ်ခွေတစ်ခု၌ ယူနီဖောင်းဝတ်ထားသော လူငယ်များမှာ သစ်သားစားပွဲတစ်ခု၌ ထိုင်နေကြပြီး ၎င်းတို့အသွင်မှာ ထိုစဉ်က ၎င်းတို့ကို ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများပုံစံအဖြစ် မြင်ကြည့်ရသည်ထက် ရောမခေတ်က စုံစမ်းစစ်ဆေးရေးအရာရှိများအသွင်နှင့် ပိုတူနေတော့သည်။ ဗီဒီယိုတိတ်ခွေထဲ၌ စွပ်စွဲခံရသူတစ်ယောက်ချင်းသည် ၎င်းတို့၏ “ပြစ်မှု”များကို ၀န်ခံခဲ့ကြသည်။

၎င်းတို့၏ ထုတ်ဖော်ပြောဆိုချက်များမှာ ကမ္ဘောဒီးယား၌ ရုအောလ်ဆလန်းထောင်ရှိ ခမာနီအာဏာပိုင်များက နှိပ်စက်ညှဉ်းပန်းကာ ထွက်ဆိုစေခဲ့သော ၀န်ခံချက်များကဲ့သို့ပင် အသေးစိတ်ကျကျနှင့် သေသေချာချာ တိတိကျကျပင် ဖြစ်သည်။ ညတွင် အကျဉ်းသားအားလုံးကို ၀ါးတဲကြီးတစ်လုံး၌ ချုပ်နှောင်ထားပြီး မြေသားကြမ်းပြင်ပေါ်တွင် စောင်မပါဘဲ အတူတကွ အိပ်စက်စေခဲ့သည်။ 

ယခုအခါ ရန်ကုန်တွင် လူသိများသည့် ပန်းချီနှင့်ပါဖောမန့်စ် အတတ်ပညာရှင်တစ်ဦးဖြစ်ပြီး အဖမ်းခံခဲ့ရသူများထဲမှ အသက်ရှင်ကျန်ရစ်သူ တစ်ဦးဖြစ်သည့် (ကို)ထိန်လင်းက “ကျွန်တော်တို့ဘ၀တွေအားလုံးက သူတို့လက်ထဲမှာ ရှိခဲ့တာဆိုတော့ ကျွန်တော်တို့ဟာ သူတို့ရဲ့ စိတ်ကူးပေါက်ရာတွေအတိုင်း ခေါင်းညိတ်ခဲ့ရတော့တာပေါ့”ဟု ပြောပါသည်။

ကျန်ရစ်သူ နောက်တစ်ဦးဖြစ်သည့် (မ)နန်းအောင်ထွေးကြည်ကလည်း သူမ၏ဦးခေါင်းကို သေနတ်ဖြင့် ချိန်ထားခံရပြီး သူမနားမလည်သော မေးခွန်းဖြစ်သည့် “သူတို့ မင်းကို ဘာလုပ်ဖို့ညွှန်ကြားထားလဲ”ဟူသော မေးခွန်းကို အမေးခံခဲ့ရသည်ဟု ဆိုပါသည်။ ထိုစဉ်က အသက် ၂၀ အရွယ်အတွင်း ကျောင်းသားတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် နန်းအောင်ထွေးကြည်မှာ အစိုးရ၏  စစ်ထောက်လှမ်းရေးအတွက် အလုပ်လုပ်ပေးနေသည့် ဒုတပ်ကြပ်တစ်ဦးအဖြစ် စွပ်စွဲခံခဲ့ရသည်။ သူမမှာ ယခုအခါ ပြည်ပအခြေစိုက်အနေဖြင့် ဆစ်ဒနီတွင် နေထိုင်လျက်ရှိပြီး မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် ဆက်လက်ထောက်ခံအားပေးနေဆဲရှိနေသည်။

စွပ်စွဲခံရသူများ၏ မိသားစုအချို့မှာ ABSDF မြောက်ပိုင်းစခန်းသို့ သွားရောက်ခဲ့ကြသည်။ နန်းအော်ထွေးကြည် အပါအ၀င် ယနေ့အထိ အသက်ရှင်ကျန်ရစ်သူအချို့မှာ ပြန်လွှတ်ပေးခြင်းခံခဲ့ရပြီး ကိုထိန်လင်းနှင့် အခြားသူများမှာမူ ထွက်ပြေးလွတ်မြောက်ခဲ့ရပြီးနောက် အစိုးရတပ်များ၏ ဖမ်းဆီးခြင်းခံခဲ့ရကာ အကျဉ်းထောင်သို့ နှစ်ပေါင်းများစွာကျခံရန် ပို့ဆောင်ခံခဲ့ရသည်။

သတိရှိသော တိတ်ဆိတ်မှု

ထိုအချိန်လောက်က (ကျောင်းသားများအား) သတ်ဖြတ်မှုကို ပြင်ပကမ္ဘာ၏ အာရုံစိုက်မှု အနည်းငယ်သာရှိခဲ့သည်။ မြောက်ပိုင်းရှိ ထိုကျောင်းသားစခန်းသို့ သွားရောက်ခဲ့ဖူးသော နေးရှင်းသတင်းစာမှ ထိုင်းသတင်းထောက် ယင်းဒီလတ်ခူးရိုယန်ချုတ်ကမူ ထိုအကြောင်းကို သူမ၏ ဘန်ကောက်အခြေစိုက်သတင်းစာတွင် ရေးသားခဲ့သည်။ ဤစာရေးသူသည်လည်း လူသတ်မှုများအကြောင်းကို ၁၉၉၂၊ ဇွန် ၁၆ ရက်နေ့ထုတ် ဟောင်ကောင်အခြေစိုက် Far Eastern Economic Review အရှေ့ဖျားစီးပွားရေးစာစောင်တွင် ရေးသားခဲ့ဖူးသည်။ အစိုးရဆန့်ကျင်ရေးကျောင်းသားအုပ်စုကို တိုက်ရိုက်နှင့်သွယ်ဝိုက် ရန်ပုံငွေထောက်ပံ့ခဲ့သော နိုင်ငံတော်အဖွဲ့အစည်းများသည်လည်း ဖြစ်စဉ်နှင့်ပတ်သက်၍  တိတ်ဆိတ်နေခဲ့ကြသည်။ ထိုင်းနယ်စပ်တွင်ရှိသော ABSDF ဗဟိုဌာနချုပ်ရုံးသည် ၁၉၉၂ မတ် ၁ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ဤအချက်မှာ ဖမ်းမိခဲ့သောသူများသည် ABSDF ခေါင်းဆောင်များကို လုပ်ကြံရန် ကြိုးပမ်းသော အစိုးရသူလျှိုများဖြစ်၍ သုတ်သင်ခံရခြင်းများအပေါ် သက်သေပြသလို ဖြစ်ခဲ့သည်။

ထိုစဉ်က ABSDF တစ်ဖွဲ့လုံး၏ ဥက္ကဋ္ဌဖြစ်သူ နိုင်အောင်မှာ ဖမ်းဆီးမှုများဖြစ်ပွားပြီးနောက် မြောက်ပိုင်းသို့ရောက်ခဲ့ကာ သုတ်သင်မှုများကို ရှုတ်ချခြင်းမပြုခဲ့ဟု သတင်းများအရဆိုသည်။ ၎င်းကလည်း ဖမ်းဆီးခံထားရသူများကို ထိုစဉ်က ၎င်းကိုယ်တိုင်ထုတ်ပြန်သော အစီရင်ခံစာ၌ သူလျှိုများအဖြစ် ညွှန်းဆိုထားခဲ့သည်။ သတ်ဖြတ်မှုများဖြစ်စဉ်က ABSDF မြောက်ပိုင်းဗျူရို၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ရော်နယ်အောင်နိုင်က ဖြစ်ရပ်များတွင် ပါဝင်ခဲ့သည့် ၎င်း၏အခန်းကဏ္ဍကို ထိုင်းအခြေစိုက် စာရေးဆရာဖီးလ်သွန်တန်၏ Restless Souls:Rebels, Refugees, Medics andMisfits on the Thai-Burma Border စာအုပ်၏ အခန်းတစ်ခန်းတွင် ၀န်ခံထားခဲ့သည်။

ယနေ့ကာလတွင်တော့ နိုင်အောင်သည် ထိုင်းနယ်စပ်အခြေစိုက် Forum For Democracy in Burma ကို ခေါင်းဆောင်နေပြီး၊ ရော်နယ်အောင်နိုင်မှာ ထိုင်းမြောက်ပိုင်း မြို့တော်ချင်းမိုင်၌ မီဒီယာလေ့ကျင့်ရေးမှူးတစ်ဦး ဖြစ်နေပါပြီ။ သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်သည်ဟု စွပ်စွဲခံထားရသူ အများစုမှာ ယခုအခါ နိုင်ငံတကာအဖွဲ့အစည်းများထံမှ ဘဏ္ဍာရေးထောက်ပံ့မှုများ ရယူနေဆဲဖြစ်ပြီး ဤအခြေအနေကို ယခုအခါ မြန်မာနိုင်ငံတွင်းနှင့် ပြည်ပတွင်နေထိုင်သော ကျန်ရစ်သူများက စိန်ခေါ်၊ ဖော်ထုတ်လျက် ရှိနေခဲ့ပါပြီ။ Asia Times Online သတင်းဌာန၏ မေးခွန်းများကို စာဖြင့်ရေးသား ဖြေဆိုထားချက်၌ နိုင်အောင်က ၎င်းသည် ABSDF ဗဟို၏ ဆုံးဖြတ်ချက်နှင့် သိရှိမှုမပါဘဲ ဖြစ်ခဲ့သည်ဟု ၎င်းဆိုသော ထိုလူ့အခွင့်အရေးချိုးဖောက်မှုများကို နောင်တရမိကြောင်း ပြောထားပါသည်။ ၎င်းသည် နေးရှင်းသတင်းစာတွင် ပါမလာခင်အထိ သတ်ဖြတ်မှုများကို သတိမပြုမိခဲ့ကြောင်း၊ ၎င်း၏ဌာနချုပ်သည် “အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်းအပေါ် ဆက်လက်အရေးယူဆောင်ရွက်ရန်နှင့် စုံစမ်းစစ်ဆေးရန် လက်တွေ့ပိုင်းအရရော၊ ဖွဲ့စည်းပုံအရပါ မည်သည့်အာဏာမှ မရှိခဲ့ကြောင်း”ဆိုပါသည်။

ဟားဗတ်တက္ကသိုလ်ရှိ ကနေဒီ School of Government ကျောင်းတွင် ပညာသင်ကြားခွင့် စကောလားရှစ်ရခဲ့သော နိုင်အောင်သည် သုတ်သင်မှုမှ ကျန်ရစ်ခဲ့သူများ၏ ကန့်ကွက်ခြင်းခံရပြီးနောက် ၂၀၀၂ တွင် ၎င်း၏ပညာသင်ဆု ရုတ်သိမ်းခံခဲ့ရသည်။ ၂၀၀၈တွင် ရော်နယ်အောင်နိုင်မှာ BBC သတင်းဌာန၏ မြန်မာပိုင်းအစီအစဉ်တွင် သတင်းထောက်အဖြစ် ငှားရမ်းခံရပြီး နောက်ပိုင်းတွင် ကန့်ကွက်မှုများကြောင့် ရာထူးဆုံးရှုံးခဲ့ရသည်။ ယခုလအတွင်း ရန်ကုန်တွင် ဤစာရေးသူနှင့်တွေ့ဆုံခဲ့သော ကျဆုံးသူများ၏ မိသားစုဝင်များနှင့် ကျန်ရစ်သူများသည် ၎င်းတို့၏အမှုနှင့် ဇာတ်လမ်းများကို ပြောပြရန် စိတ်အားထက်သန်ခဲ့ကြသည်။ နောက်ကြောင်းပြန်လှန်၍ ဖော်ထုတ်ရေးသားသော ဆောင်းပါးများစွာလည်း ထိုအစုအပြုံလိုက် သုတ်သင်မှုအကြောင်းကို မြန်မာ့မီဒီယာများတွင် မကြာသေးမီက ပုံနှိပ်ဖော်ပြခဲ့ကြပါသည်။ သုတ်သင်မှုမှာ ကျန်ရစ်သူတစ်ဦး၏ အစ်ကိုတော်စပ်သူ မောင်မောင် ခေါ် ရွှေကရ၀ိတ်မှာ ဖြစ်စဉ်နှင့်ပတ်သက်၍ “ခေတ်သစ်ဟင်္သာကိုးသောင်းဇာတ်လမ်း”အမည်ဖြင့် မြန်မာဘာသာ စာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေထားခဲ့ပါပြီ။ ယခုအချိန်မတိုင်မီအထိမူ ကျန်ရစ်သူများထဲမှ တစ်ဦး၏ပြောကြားချက်အရ ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုဝင်များသည် ဒီမိုကရေစီလှုပ်ရှားမှုအား ဆန့်ကျင်သည့် စစ်တပ်၏၀ါဒဖြန့်ချိရေးအဖြစ် အသုံးချခံရမည့်အရေး ရှောင်ရှားနိုင်ရန် ၎င်းတို့ ကိုယ်တွေ့အဖြစ်အပျက်များကို မဖော်ပြချင်ကြဟု ဆိုကြပါသည်။

အခြားတစ်ဖက်တွင်တော့ ကျန်ရစ်သူများမှာ အနောက်(နိုင်ငံရေးသမားများ)ဘက်မှ စာနာမှု (သို့မဟုတ်) ထောက်ခံမှုအနည်းငယ်သာ ရခဲ့ကြသည်။ ဤသို့လျှင် ကြာရှည်နေသော တိတ်ဆိတ်မှုမှာ ဒီမိုကရေစီလှုပ်ရှားမှုကို သိက္ခာကင်းမဲ့စေနိုင်ပါသည်။ 

သို့သော်လည်း ခံစားခဲ့ရသူများ၏ ပူဆွေးမှုများကို နားထောင်ပေးရန် အစိုးရ၏ ဆန္ဒမရှိမှုမှာ ပိုမိုကျယ်ပြန့်သော အထိအခိုက်မခံနိုင်သည့် ကိစ္စတစ်ရပ်ကို ရောင်ပြန်ဟပ်ပြနေပါသည်။ ထိုကိစ္စမှာ စစ်တပ်က ဒီမိုကရေစီလှုပ်ရှားမှုနှင့် တိုင်းရင်းသားလူနည်းစုအုပ်စုများအပေါ် ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် မျိုးဖြုတ်သတ်ဖြတ်မှုများကို မည်သို့ကိုင်တွယ်မည်နည်းဆိုသည့်ကိစ္စ ဖြစ်ပါသည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ၊ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ Human Rights Watch နှင့် အခြား လူ့အခွင့်အရေးအဖွဲ့အစည်းများသည် မြန်မာစစ်တပ်၏ ငြိမ်းချမ်းစွာဆန္ဒပြမှုများအပေါ် လက်နက်အင်အားအသုံးပြု၍ နှိမ်နင်းခြင်း၊ တရားစီရင်ခြင်းမရှိဘဲ သတ်ဖြတ်မှုများ၊ လက်လွတ်စပယ်ဖမ်းဆီးမှုများ၊ နှိပ်စက်ညှင်းပန်းမှုများနှင့် မုဒိန်းမှုများကို အသေးစိတ် မှတ်တမ်းတင်ထား ကြပါသည်။ Human Rights Watch အဖွဲ့မှ မြန်မာ့ရေးရာ အကြီးတန်းသုတေသီ ဒေးဗစ်မက်သီးဆင်က “ABSDF ကိစ္စဟာ အစိုးရတပ်ဖွဲ့တွေကနေ သူပုန်အုပ်စုတွေအထိ အကြမ်းဖက်မှုနဲ့ပတ်သက်လို့ ကျူးလွန်ကြသူတွေကို နမူနာတစ်ခုအဖြစ် ပြသသင့်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီအမှုက အတိတ်က မတရားမှုတွေကို ဖြေရှင်းရေးနဲ့ပတ်သက်လို့ ထိုကျယ်ပြန့်တဲ့ လူထုကြား အငြင်းအခုံကို လှုံ့ဆော်စေနိုင်ပါတယ်။ ဘယ်လို(တရားစီရင်ရေး) ယန္တရားက ဆယ်စုနှစ်များစွာဖြစ်ခဲ့တဲ့ မတရားမှုတွေ၊ အပြစ်ဒဏ်က လွတ်ခဲ့မှုတွေကို အဆုံးသတ်ရေးမှာ အကောင်းဆုံးသင့်တော်တာ ဖြစ်မလဲဆိုတာကို လှုံ့ဆော်စေနိုင်ပါတယ်”ဟု ပြောသည်။

ပထမဆုံးသော မဖြစ်နိုင်သည့် ကိစ္စတစ်ရပ်ကိုမူ ABSDF သတ်ဖြတ်မှုများမှ အသက်ရှင်ကျန်ရစ်ခဲ့သူများက ပြုလုပ်ခဲ့ကြပြီးပါပြီ။ သို့သော် မြန်မာ (သို့မဟုတ်) အခြားနေရာတစ်ခုခုရှိ တရားရေးအဖွဲ့အစည်း တစ်ရပ်ရပ်က ၎င်းတို့အမှုကို ကိုင်တွယ်ဆောင်ရွက်လိုစိတ် ရှိသလားဆိုသည်မှာ ဆက်လက်ကြည့်ရှုရဦးမည်။ “အတိတ်က ချိုးဖောက်ခဲ့မှုတွေကို မသိကျိုးကျွံပြုခြင်းဟာ မတရားပြုခဲ့သူတွေကို စွပ်စွဲခံရမှုကင်းအောင်လုပ်တာ၊ အပြစ်မဲ့ခံစားခဲ့ရသူတွေနဲ့ သူတို့မိသားစုတွေအတွက် အမှန်တရားကို ငြင်းပယ်တာ၊ ပြီးတော့ အရပ်သားတွေအပေါ် ပြစ်ဒဏ်ခံစရာမလိုဘဲ အကြမ်းဖက်မှုကျူးလွန်ဖို့ သေနတ်ကိုင်ထားတဲ့ မျိုးဆက်သစ်တစ်ရပ်ကို အလားအလာရှိရှိ အားပေးအားမြှောက်ပြုတာပါပဲ။ မြန်မာ့လက်နက်ကိုင် တပ်ဖွဲ့တွေဟာ သင့်တင့်လျောက်ပတ်တဲ့ တရားရေးအရ စုံစမ်းစစ်ဆေးမှုတွေကို ရင်ဆိုင်ရတာ ရှားလှတယ်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေမှာလည်း အဲဒီလိုမရှိကြပါဘူး”ဟု သုတေသီမက်သီးဆင်က ပြောလိုက်ပါသည်။ 

-Ref : Myanmar : Old Atrocity, new implicationsby Bertil Lintner. Asia Times.(မူရင်းဆောင်းပါးရှင် ဘာတီးလ်လစ်တနာသည် ယခင်က Far Eastern Economic Review ၏ သတင်းထောက်ဟောင်းတစ်ဦးဖြစ်ပြီး မြန်မာ့အရေးစာအုပ်များစွာ ရေးသားခဲ့သည်။ ယင်းတွင် Aung Sann Suu Kyi and Burma's Struggle for Democracy (2011) နှင့် Burma in Revolt : Opium and Insurgency Since 1948 (၂၀၀၃)၊ Outrage Burma's Struggle for Democracy (၁၉၉၀)၊ The Rise and Fall of the Communist Party of Burma (၁၉၉၀)တို့ ပါဝင်သည်။ ၎င်းသည် လက်ရှိတွင် Asia Media Services ၏ ဆောင်းပါးရှင်တစ်ဦးဖြစ်သည်။)
ရက်စက်မှုအဟောင်း ဖော်ထုတ်မှုအသစ်များနှင့် မြန်မာ

ဘာတီးလ်လစ်တနာရေးသား၍ ကျော်မျိုးဘာသာပြန်ဆိုသည်

လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ခန့်က လက်နက်ကိုင်တော်လှန်ရေး ကျောင်းသားအဖ
ွဲ့တစ်ခုက ကျူးလွန်ခဲ့သော သွေးထွက်သံယို ရက်စက်မှုတစ်ခုသည် မြန်မာနိုင်ငံအား ဆက်လက်ခြောက်လှန့်နေသည်။ ထိုအမှုမှာ နိုင်ငံ၏ ဒီမိုကရေစီရေးလှုပ်ရှားမှု အစိတ်အပိုင်းများ၊ ၎င်းတို့၏ နိုင်ငံရပ်ခြားမှ ထောက်ခံအားပေးသူများနှင့် ယခင်စစ်အစိုးရ၏ အဖွဲ့ဝင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော အစိုးရသစ်တို့အတွက် ကျယ်ပြန့်သောအကျိုးဆက်များ ပေးစွမ်းနိုင်သည်။

နှစ်ပေါင်းနှစ်ဆယ်ခန့်မျှကြာအောင် ၎င်းတို့၏နာကျင်မှုနှင့် ဒေါသတို့ကို ဖုံးအုပ်ထားခဲ့ပြီးနောက် ထိုအမှုတွင် သားကောင်ဖြစ်ခဲ့ရသူများ၏ မိသားစုဝင်များ၊ အသက်မသေဘဲကျန်ရစ်ခဲ့သူများသည် ယခုအခါ အမှုတွင်တာဝန်ရှိခဲ့သူများကို တရားစီရင်သင့်ကြောင်း တောင်းဆိုနေကြပေပြီ။စွပ်စွဲခံရသော လူသတ်သမားများအနက် အချို့မှာ နိုင်ငံတကာအင်န်ဂျီအိုအဖွဲ့များက ပံ့ပိုးပေးမှုဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်နေကြသည်။ တရားမျှတမှုသည် ထိုနေရာ၌ပင် လမ်းဆုံးသွားတော့မည်လား။ ပြီးတော့လည်း ယင်းအဖွဲ့၏ အတိတ်ကမတရားမှုများကို နောက်ကြောင်းပြန် စုံစမ်းစစ်ဆေးမှုများအတွက်ရော စစ်တပ်သည် ဘယ်လောက်ကြာကြာ ခွင့်ပြုပါမည်လဲ။

“ရှက်စရာကြီး” by Soe Min on Monday, December 10, 2012 at 7:32pm ·


          တလွဲဆံပင်ကောင်း နောက်စေ့ခေါင်းပေါင်းပေါင်း ဆိုတဲ့ မြန်မာတွေထဲမှာ ကိုယ်ကိုယ်တိုင်လည်း ပါပါတယ်။ ရှက်ရမယ့်ကိစ္စတွေမှာ ရှက်ရကောင်းမှန်း မသိပဲ မရှက်ရမယ့်နေရာတွေမှာ အလကားနေရင်း ရှက်သလိုရွံ့သလို တွန့်ဆုတ်နေတဲ့အတွက် ရဲရဲတင်းတင်းမရှိ မြုံစိစိနဲ့နေတတ်တဲ့အမျိုးလို့ သူများတွေက ထင်စရာဖြစ်လာရသလို လူပုံအလယ်မှာ ကိုယ့်အထုပ်ကိုယ် ဖြေပြမိမှန်းမသိတဲ့ သူတွေအဖြစ်ကိုလည်း ရောက်သွားတတ်ပါတယ်။ အဓိကကတော့ ဖော်စရာနဲ့ ဖုံးစရာကို ကွဲကွဲပြားပြား မသိလို့ ထင်ပါရဲ့။  တခါတခါကျတော့ ကိုယ်ကိုယ်တိုင်တောင်မှ ဇဝေဇ၀ါဖြစ်သွားပြီး သေချာစဉ်းစားကြည့်မိမှ ငါ့နှယ် မဟုတ်သေးပါဘူး။ ဒါက ရှက်စရာမှ မဟုတ်ပဲ လို့ တွေးမိတာလည်း ရှိပါတယ်။ ခုတစ်ခေါက် ရန်ကုန်ရောက်တော့ ဆေးကျောင်းတက်မယ့် ပုဂံသားကလေးလည်း ရန်ကုန်ရောက်နေတယ်ဆိုလို့ ၀မ်းသာအားရ သွားတွေ့ဖြစ်ပါတယ်။ သူနဲ့အပြင်မှာ တစ်ခါမှ မတွေ့ဖူးပဲ အမ်းကနေပြီး ဟိုလူ့အကူအညီတောင်း သည်လူ့အကူအညီတောင်းနဲ့လုပ်လာခဲ့တာ မဟုတ်လား။ သူ့ကိုလှူတဲ့ မိတ်ဆွေတွေဆို နံမယ်တောင် မမှတ်မိတော့ဘူး။ သူတို့လည်း ကိုယ်နဲ့တစ်ခါမှ မြင်ဖူးတာ မဟုတ်ဘူးလေ။ ဒီလူတွေကို အမှန်တကယ်လှူတန်းဖြစ်ကြောင်း ခိုင်ခိုင်လုံလုံ ဓါတ်ပုံကလေးတစ်ပုံလောက် တင်ပေးချင်တာနဲ့ ရိုက်ဖြစ်သွားပါတယ်။  တကယ်ဆိုတော့ ရှက်ကိုးရှက်ကန်းနဲ့ ရိုက်ရတာ။ လက်အကျိုးနဲ့ပုံကြီးတင်လိုက်ရင် ဘာဖြစ်တာလဲ မေးမယ့်သူတွေရှိသလို “ကောင်းတယ်။ အခုတော့ထိပြီ။ ဟီဟီ” ဆိုတဲ့သူတွေလည်း မရှားမှန်း ကိုယ့်ကိုယ်ကိုယ် သဘောပေါက်တယ်။ ကိုယ်ရှက်ရတာ အရေးမကြီးဘူး။ ကလေးက အားနာပါးနာနဲ့ ရှက်နေမှာစိုးလို့ သေသေချာချာ သဘောတူမတူ မေးမြန်းခဲ့ပါတယ်။ မေးနေရင်းနဲ့ ကိုယ့်ခေါင်းထဲမှာ အတွေးစတစ်ခုပေါ်လာတာကြောင့် ရဲရဲဝံ့ဝံ့ပဲ အဲဒီဓါတ်ပုံကိုရိုက်ပြီး တင်ဖြစ်အောင် တင်လိုက်ပါတယ်။  တကယ်တော့ သူရောကိုယ်ရော နှစ်ယောက်စလုံးဟာ လူသိမခံဝံ့စရာ၊ ရှက်စရာ ဘာတစ်ခုမှ မရှိခဲ့ဖူးလေ။ အလကားနေရင်း ကိုယ့်ဂုဏ်ကိုယ်ဖော်နေချင်တဲ့သူတွေလည်း မဟုတ်ဘူး။ ဒါပေမယ့် ကျေးဇူးတင်ထိုက်တဲ့သူတွေ သူ့မှာရော ကိုယ့်မှာရော ရှိတယ်။ ကိုယ်နဲ့တစ်ခါမှ မတွေ့ဖူးတဲ့သူတွေက ဆွေမျိုးသားချင်းတောင် အကူအညီတောင်းလို့မရတဲ့ အထောက်အပံ့တွေပေးခဲ့တာမို့ အဲဒီလူတွေကို ၀မ်းမြောက်ပါစေကြောင်း အရေးတယူ ကျေးဇူးတင်စကား ပြန်ကြားဖို့ သင့်တယ်။ ဒါကြောင့်လိပ်ပြာသန့်သန့်နဲ့ ရိုက်တယ် တင်တယ်။ မြင်တဲ့သူတွေက သူတို့စိတ်အခံရှိတဲ့အတိုင်း မြင်ကြပစေပေါ့။

တော်လှန်ရေး ဆိုတာ ကြားနေ လို့ မရဘူး. . .

တော်လှန်ရေး ဆိုတာ ကြားနေ လို့ မရဘူး. . .

ပြည်တွင်းစစ်ကြီး ဖြစ်လာတော့ တောင်ပိုင်းခွဲထွက်ပြည်နယ်စုတွေနဲ့ မြောက်ပိုင်း ပြည်ထောင်စုတပ်တွေ အပြင်းအထန်တိုက်ခိုက်ကြ၊ နှစ်ဘက် ကျဆုံးတာတွေ အောင်မြင်တာတွေ ရှိလာတော့ သမ္မတလင်ကွန်းက ပြောခဲ့တယ်။

" ခုလို စစ်ကြီးဖြစ်လာတော့ နှစ်ဘက်စလုံးက ဘုရားသခင်ကို ပြိုင်တူ တ မိကြမှာပဲ။ ဒီတော့ ဘုရားသခင်အနေနဲ့ တပြိုင်နက် တချိန်တည်းမှာတော့ နှစ်ဘက်စလုံးကို ရပ်တည်ပေးလိမ့်မယ် ကျနော
်မထင်ဘူး။ မှန်တဲ့ဘက်ကပဲ ရပ်တည်ပေးလိမ့်မယ်၊ ကျနော်တို့ ကိုယ့်ရပ်တည်ချက်ကို ကိုယ်မှန်တယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ တိုက်ဖို့ပဲ လိုပါတယ်။
ကျနော်တို့ မှန်တယ်ဆိုတာ ဘုရားသခင်က သက်သေ ပြပါလိမ့်မယ်.."

တဲ့။