Monday, December 10, 2012

တော်လှန်ရေး ဆိုတာ ကြားနေ လို့ မရဘူး. . .

တော်လှန်ရေး ဆိုတာ ကြားနေ လို့ မရဘူး. . .

ပြည်တွင်းစစ်ကြီး ဖြစ်လာတော့ တောင်ပိုင်းခွဲထွက်ပြည်နယ်စုတွေနဲ့ မြောက်ပိုင်း ပြည်ထောင်စုတပ်တွေ အပြင်းအထန်တိုက်ခိုက်ကြ၊ နှစ်ဘက် ကျဆုံးတာတွေ အောင်မြင်တာတွေ ရှိလာတော့ သမ္မတလင်ကွန်းက ပြောခဲ့တယ်။

" ခုလို စစ်ကြီးဖြစ်လာတော့ နှစ်ဘက်စလုံးက ဘုရားသခင်ကို ပြိုင်တူ တ မိကြမှာပဲ။ ဒီတော့ ဘုရားသခင်အနေနဲ့ တပြိုင်နက် တချိန်တည်းမှာတော့ နှစ်ဘက်စလုံးကို ရပ်တည်ပေးလိမ့်မယ် ကျနော
်မထင်ဘူး။ မှန်တဲ့ဘက်ကပဲ ရပ်တည်ပေးလိမ့်မယ်၊ ကျနော်တို့ ကိုယ့်ရပ်တည်ချက်ကို ကိုယ်မှန်တယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ တိုက်ဖို့ပဲ လိုပါတယ်။
ကျနော်တို့ မှန်တယ်ဆိုတာ ဘုရားသခင်က သက်သေ ပြပါလိမ့်မယ်.."

တဲ့။

သင်ဆဲတာကို ငါဘုရားမယူ

Lu Bo and 2 other people shared News of Myanmar's photo.
သင်ဆဲတာကို ငါဘုရားမယူ
တစ်ခါက ပုဏ္ဏားက ဘုရားကို စေတ၀န်ကျောင်းရှေ့မှာ နေ့တိုင်းလာဆဲတယ်။ ကြာတော့လည်း သူ့ဘာသာသူ ရပ်သွားတယ်။ ဒီလောက်ဆဲနေတာ ဘာကြောင့် ဘာမှပြန်မပြောတာလဲလို့ ဗုဒ္ဓကိုမေးတယ်။
ဗုဒ္ဓက – အသင် ပုဏ္ဏား ငါဘုရားဥပမာပေးမယ်။ သင်က လက်ဆောင်တစ်ခုပေးချင်လို့ ယူလာတယ်။ ယူလာတဲ့ပစ္စည်းကို ပေးတာ ငြင်းလို့ရှိရင် လက်ဆောင်ကဘယ်သူ့ဆီမှာရှိနေမလဲ။ ပုဏ္ဏားကြီးက ကိုယ်လက်ထဲမှာပဲ ရှိနေမှာပါတဲ့။ အဲ့ဒီလိုပဲ သင်ဆဲတာကို ငါဘုရားမ
ယူဘူးတဲ့။

ဒါ့ကြောင့် ကိုယ်က ယူလိုက်လို့ ခံနေရတာပါနော်။
ကိုယ်စိတ်ဆင်းရဲမှုဖြစ်ရတာဟာ ကိုယ့်ဘက်ကပူးပေါင်းဆောင်ရွက်မှု ပါနေတယ်ဆိုတာကို သဘောပေါက်ဖို့ လိုတယ်။
ဒုက္ခဖြစ်လာဖို့ မိမိကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်နေတယ်။
ဒါကို သဘောပေါက်ရင် အင်မတန်ကောင်းတယ်။
ဒါ့ကြောင့် တရားအားထုတ်ပြီးတော့ ကိုယ့်စိတ်ကို ကိုယ်ကြည့်ပြီးတော့ မိမိကိုယ်ကို အဲ့ဒီလိုဒုက္ခမရောက်အောင် မတိုးတက်အောင် မကြီးပွားအောင် လုပ်နေတာတွေကို မြင်ပြီးတော့ ရပ်တန့်လိုက်မယ် ဖယ်ရှားလိုက်မယ်ဆိုရင် ကိုယ့်ဘ၀မှာ ပိုချောလာပါလိမ့်မယ်။


‘ဆရာတော် ဦးဇောတိက’

____________________________________
Reference and Credit to -အနှိုင်းမဲ့ စာတိုပေစများ
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)
သင်ဆဲတာကို ငါဘုရားမယူ
တစ်ခါက ပုဏ္ဏားက ဘုရားကို စေတ၀န်ကျောင်းရှေ့မှာ နေ့တိုင်းလာဆဲတယ်။ ကြာတော့လည်း သူ့ဘာသာသူ ရပ်သွားတယ်။ ဒီလောက်ဆဲနေတာ ဘာကြောင့် ဘာမှပြန်မပြောတာလဲ
လို့ ဗုဒ္ဓကိုမေးတယ်။
ဗုဒ္ဓက – အသင် ပုဏ္ဏား ငါဘုရားဥပမာပေးမယ်။ သင်က လက်ဆောင်တစ်ခုပေးချင်လို့ ယူလာတယ်။ ယူလာတဲ့ပစ္စည်းကို ပေးတာ ငြင်းလို့ရှိရင် လက်ဆောင်ကဘယ်သူ့ဆီမှာရှိနေမလဲ။ ပုဏ္ဏားကြီးက ကိုယ်လက်ထဲမှာပဲ ရှိနေမှာပါတဲ့။ အဲ့ဒီလိုပဲ သင်ဆဲတာကို ငါဘုရားမ
ယူဘူးတဲ့။

အာဏာမက်မောရူးသွပ်ခြင်းမရှိတဲ့ တို့ ဗိုလ်ချုပ်..

အာဏာမက်မောရူးသွပ်ခြင်းမရှိတဲ့ တို့ ဗိုလ်ချုပ်..
လက်အောက်ငယ်သားတွေကို ငြိုငြင်မှု မပြုပဲ ဆိုဆုံးမတတ်တဲ့ တို့ ဗိုလ်ချုပ်...
ခုခေတ်မှာ သူလိုဗိုလ်ချုပ်.. တယောက်မှ မရှိတော့ပြီ..
‎"ခင်ဗျား ဘယ်သူလဲ.. ဘယ်သွားမလို့လဲ.."အစောင့်ရဲဘော်လေးက မေးလိုက်သည်..။ ပုံပန်းကိုလည်းကြည့်ပါဦးလေ..။ ခေါင်းမွေးတွေက စုတ်ဖွာ..၊ မေးရိုးကားကား မျက်စိပေါက်ကျဉ်းကျဉ်း
ဝတ်ထားတာကလည်း စွပ်ကျယ်လက်တို တစ်ပတ်ရစ်ယောပုဆိုး..၊ သဲကြိုးနီ လေယာဉ်ပျံဖိနပ်နှင့် ပိန်ကပ်ကပ် မွဲခြောက်ခြောက်...."ကျုပ် ဗိုလ်အောင် နဲ့ တွေ့ချင်လို့ပါ.."ရုံးကိစ္စလား အိမ်ကိစ္စလား ဆိုတော့ "အိမ်မှာတွေ့ပြီး ပြောမှဖြစ်မယ့် ရုံးကိစ္စပဲ.."တဲ့..။
 

ထိုင်းနိုင်ငံသည် ပညာရေးအကဲဖြတ်အဆင့်တွင် အညံ့ဆုံးဖြစ်နေ Written by ရွှေမောင်

Lu Bo shared Miraculous Master For English Language's photo.
ထိုင်းနိုင်ငံသည် ပညာရေးအကဲဖြတ်အဆင့်တွင် အညံ့ဆုံးဖြစ်နေ
 Written by ရွှေမောင် 

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ဝေသည့် ဘန်ကောက်ပို့စ် သတင်းသာတွင် နိုင်ငံပေါင်း ၄၀ ကို ပညာရေး လေ့လာဆန်းစစ်မှုများ ပြုလုပ်ရာ၌ ထိုင်းနိုင်ငံသည် အဆင့် ၃၇ တွင်ရှိနေသောကြောင့် အညံဆုံးအနေအထား သို့ရောက်နေကြောင်း သိရသည်။ ထိုလေ့လာဆန်းစစ်ချက်ကို ဗြိတိန်ပညာရေးသုတေသနအဖွဲ့ Person Plc မှပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လေ့လာဆန်းစစ်ချက်အရ ဖင်လန်နိုင်ငံသည် ရမှတ်ပေါင်း ၁ ဒသမ ၂၆ မှတ်ဖြင့် ပထမနေရာတွင်ရှိကြောင်း၊ ဒုတိယနေရာတွင် တောင်ကိုရီးယားနှင့် တတိယနေရာတွင်ဟောင်ကောင်တို့ကလိုက်ကြောင်း၊ စတုတ္ထနေရာမှာ ဂျပန်၊ ပဉ္စမနေရာတွင် စင်ကာပူနိုင်ငံတို့ဖြစ်သည်။

ထိုင်းနိုင်ငံသည် ရမှတ်ပေါင်း ၁ ဒသမ ၄၆ မှတ်ဖြင့် အဆင့် ၃၇ တွင်ရောက်နေပြီး၊ သူ့နောက်တွင် ၃ နိုင်ငံသာ ရှိတော့သည်ဟုဆိုသည်။

ထိုသို့နိုင်ငံအဆင့်များ သတ်မှတ်ရာတွင် စမ်းသပ်စစ်ဆေးရာ၌ စာဖတ်၊ စာရေးနှင့် သင်္ချာဆိုင်ရာ စွမ်းရည်များနှင့် ပညာရေးဆိုင်ရာ အောင်မြင်မှုရလဒ်များကိုကြည့်ကာ ဆုံးဖြတ်အမှတ်ပေးခြင်းဖြစ်သည်။ ထို့ပြင် နိုင်ငံ ၄၀ အတွင်း စာတတ်မြောက်မှုနှုန်းထားနှင့်၊ ပညာတတ်ဘွဲ့ရမွေးထုတ်ပေးနိုင်မှု အနေအထားတို့အပေါ်ကြည့်ပြီး အမှတ်ပေးခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် ပညာရေးနိမ့်ကျနေသည်ဆိုသည့် အကဲဖြတ်ခံရမှုနှင့်ပတ်သက်ပြီး အွန်လိုင်း ဘလော့ဂ်များတွင် ဝေဖန်ရေးသားကြရာ၌

“ဆရာတွေ ညံ့ဖျင်းလို့”

“ပညာရေးကို ဘယ်လောက်အောင်မြင်သလဲဆိုတာနဲ့တွက်လို့မရပါဘူး။ ပညာတတ်ဆိုတာ ပညာတတ်ပြီး ဘာမှ မလုပ်နိုင်ရင် အလကားပဲ”

“ပညာရေးအတွက် ဆရာကောင်းတွေရှိဖို့ ငွေတွေအများကြီး စိုက်ထုတ်သုံးဖို့လိုသေးတယ်”

“ကျုပ်တို့နိုင်ငံ တက္ကသိုလ်ပညာတတ်တွေဆိုတာက ဘွဲ့သာရတယ်၊ အထက်တန်းအဆင့်တွေလောက်တောင် မတတ်ဘူး”

“ငွေပေးနိုင်က ဘွဲ့တွေရဆိုတဲ့ အလေ့အထကြီးကို မပြင်နိုင်သမျှ ဟန်မကျဘူး” 

ဆိုသည့် ဝေဖန်ချက်များကို တွေ့နေရသည်မှာ ပြန်လည်စဉ်းစားစရာဖြစ်သည်ဟုသိရသည်။ 


NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language
ထိုင်းနိုင်ငံသည် ပညာရေးအကဲဖြတ်အဆင့်တွင် အညံ့ဆုံးဖြစ်နေ
Written by ရွှေမောင်

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ဝေသည့် ဘန်ကောက်ပို့စ် သတင်းသာတွင် နိုင်ငံပေါင်း ၄၀ ကို
ပညာရေး လေ့လာဆန်းစစ်မှုများ ပြုလုပ်ရာ၌ ထိုင်းနိုင်ငံသည် အဆင့် ၃၇ တွင်ရှိနေသောကြောင့် အညံဆုံးအနေအထား သို့ရောက်နေကြောင်း သိရသည်။ ထိုလေ့လာဆန်းစစ်ချက်ကို ဗြိတိန်ပညာရေးသုတေသနအဖွဲ့ Person Plc မှပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“လူတွေသည် အာလူးနှင့် တူ၏”

Lu Bo shared Miraculous Master For English Language's photo.
“လူတွေသည် အာလူးနှင့် တူ၏”

“Though Times Never Last, But Though People Do!” စာအုပ် ပြုစုရေးသားသူ ရောဘတ်ရှူးလာ Robert H. Schuller က “လူတွေသည် အာလူးနှင့် တူ၏” ဟု ဆိုလိုက်သည်။
ဘယ်ကိစ္စမှာ တူသနည်း။
ဘယ်အကြောင်းအချက်နှင့် နှီးနွယ်ကာ အာလူးနှင့် လူကို ဆက်စပ်နှိုင်းယှဉ်မှု ပြုလိုက်သနည်း။
ရှင်းပါမည်။
ရှူးလာ အကျွမ်းဝင်သည့် အိုင်ဒါဟိုးဒေသက ယာသမားတွေ အာလူးစိုက်ကြသည်။ အာလူးခင်းတွေ ဖော်ပြီးပြီဆိုလျှင် အတော်ဦးနှောက်ခြောက်စရာ အလုပ်တစ်ခု သူတို့ လုပ်ကြရသည်။ အဲဒါက အာလူးကို အကြီး အလတ် အသေး ရွေးကြရခြင်းဖြစ်သည်။
အာလူးစိုက်ရတာက သူတို့အတွက် အပန်းမကြီး။ အာလူးတစ်လုံးစီကို တစ်ကိုင်ကိုင်လုပ်ကာ ဟိုတောင်းထဲ ထည့်ရမလား၊ ဒီတောင်းထဲထည့်ရမလား စဉ်းစားဝေဖန်နေရတာ သူတို့ကြောက်ကြသည်။ သို့သော် မြို့က ဒိုင်မှာ သွားရောင်းသည့်အခါ အရောရောအနှောနှော ရောင်း၍ မရ။ သုံးမျိုးခွဲသွင်းမှ လက်ခံသည်။ ဈေးကလည်း သုံးမျိုး။ အကြီးဆုံးက ဈေးအကောင်းဆုံး၊ အဲသည်တော့လည်း မလွှဲမရှောင်သာ မြို့ဈေးသို့မသွားမီ အာလူးတွေ အကြီးအလတ်အသေးရွေးကာ အိတ်တွေထဲ သီးခြားစီ ခွဲထည့်သည့်အလုပ်ကို စိတ်ပင်ပန်းခံ၍ သူတို့လုပ်ကြရသည်။
အိုင်ဒါဟိုး ယာသမားများထဲမှာ တစ်ယောက်ကတော့ ထူးခြားသည်။ သူက ခွဲခြားခြင်း၊ အိတ်သွတ်ခြင်းလည်း မရှိ။ သည်အတိုင်း လှည်းနှင့်တိုက်သွားပြီး မြို့ရောက်မှ အိတ်တွေထဲ ခပ်မြန်မြန် ကောက်ထည့်ကာ သွားရောင်းတတ်သည်။ ဒိုင်ကလည်း သူ့အိတ်တွေကို လက်ခံသည်။
သည်ကိစ္စ ကျန်သည့်လူတွေ နားမလည်နိုင်ကြ။ သူ့မှာ ဘယ်လိုထူးခြားဆန်းကြယ်သည့် နည်းလမ်းများ ရှိလေသလဲ သိချင်ကြသည်။
သို့နှင့် မနေနိုင်သည့် တစ်ယောက်က မေးသည့်အခါ သည်ပုဂ္ဂိုလ်က ရှင်းပြသည်။ “ဒါက အလွယ်လေးပါဗျာ၊ မြို့တက်တော့မယ်ဆိုရင် ကျွန်တော့်အာလူးတွေအားလုံး လှည်းထဲ သွန်ထည့်လိုက်တာပဲဗျ။ ပြီးရင် မြို့ကိုသွားတဲ့လမ်းတွေထဲမှာ ဘယ်လမ်းအကြမ်းဆုံးလဲရွေးပြီး အဲဒီ လမ်းအတိုင်း မောင်းတာပဲ။ ကျွန်တော့်ယာခင်းနဲ့ မြို့နဲ့က ရှစ်မိုင်ဝေးတော့ လမ်းတစ်လျှောက်မှာ လှုပ်ရင်း ယမ်းရင်း အသေးဆုံး အာလူးတွေက တဖြည်းဖြည်း အောက်ဆုံးထိ ဆင်းသွား၊ အလယ်အလတ်တွေက အလယ်မှာနေပြီး၊ အကြီးဆုံးတွေက ထိပ်ဆုံးတက်လာတာပဲ” ဟူ၍။
မြို့ရောက်သည့်အခါ အာလူးတွေက အကြီးအလတ်အသေး သုံးလွှာဆင့်ထားသလို ဖြစ်နေတော့ တစ်လွှာစီ ကဲ့ပြီး အိတ်တွေထဲ ထည့်လိုက်သည့်အခါ တစ်လုံးချင်း ရွေးထားသူများနှင့် ဘာမှ မကွာခြားတော့ပေ။
ကျမ်းပြုဆရာ ရှူးလာက အိုင်ဒါဟိုးယာသမား၏ အာလူးအရွယ်အစားခွဲခြားသည့် နည်းလမ်းကို ကြည့်ကာ လူတွေ၏ အဖြစ်သည်လည်း အာလူးများနှင့် တူပေတာပဲဟု သွားမြင်သည်။
ခရောင်းလမ်းမှာ ဒလကြမ်း မောင်းလိုက်သည့်အခါ လှည်းထဲမှ အသေးဆုံး အညံ့ဆုံး အာလူးတွေ အောက်ဆုံးရောက်ကာ အကြီးဆုံး၊ အကောင်းဆုံးတွေက ထိပ်ဆုံးတက်လာသကဲ့သို့၊ အခက်အခဲတွေ အကျပ်အတည်းတွေ လောကဓံလှိုင်းဂယက်တွေကြား ကာလအတန်ကြာ ဖြတ်သန်းပြီးသည့်အခါ၌ ခံနိုင်ရည်နည်းသည့် အရည်အချင်းနည်းသည့် လူညံ့လူဖျင်းတွေသည် ဘ၀အဆင့် ကျမှန်းမသိကျကာ အောက်ဆုံးအထိ ထိုးဆင်းသွားကြပြီး၊ ခံနိုင်ရည်ရှိ အရည်အချင်းရှိသည့် လူတော်လူကောင်းတွေ ထိပ်ဆုံးတန်း တက်လာတတ်ခြင်းမှာလည်း လူ့လောက ဓမ္မတာသဘောသာ ဖြစ်သည်ဟု ရှူးလာက ကောက်ချက်စကား ဆိုခဲ့ခြင်း ဖြစ်ပါသည်။

ဖေမြင့်

from; ရေးမိရေးရာလေးများ
“လူတွေသည် အာလူးနှင့် တူ၏”

“Though Times Never Last, But Though People Do!” စာအုပ် ပြုစုရေးသားသူ ရောဘတ်ရှူးလာ Robert H. Schuller က “လူတွေသည် အာလူးနှင့် တူ၏” ဟု
ဆိုလိုက်သည်။
ဘယ်ကိစ္စမှာ တူသနည်း။
ဘယ်အကြောင်းအချက်နှင့် နှီးနွယ်ကာ အာလူးနှင့် လူကို ဆက်စပ်နှိုင်းယှဉ်မှု ပြုလိုက်သနည်း။
ရှင်းပါမည်။
ရှူးလာ အကျွမ်းဝင်သည့် အိုင်ဒါဟိုးဒေသက ယာသမားတွေ အာလူးစိုက်ကြသည်။ အာလူးခင်းတွေ ဖော်ပြီးပြီဆိုလျှင် အတော်ဦးနှောက်ခြောက်စရာ အလုပ်တစ်ခု သူတို့ လုပ်ကြရသည်။ အဲဒါက အာလူးကို အကြီး အလတ် အသေး ရွေးကြရခြင်းဖြစ်သည်။
အာလူးစိုက်ရတာက သူတို့အတွက် အပန်းမကြီး။ အာလူးတစ်လုံးစီကို တစ်ကိုင်ကိုင်လုပ်ကာ ဟိုတောင်းထဲ ထည့်ရမလား၊ ဒီတောင်းထဲထည့်ရမလား စဉ်းစားဝေဖန်နေရတာ သူတို့ကြောက်ကြသည်။ သို့သော် မြို့က ဒိုင်မှာ သွားရောင်းသည့်အခါ အရောရောအနှောနှော ရောင်း၍ မရ။ သုံးမျိုးခွဲသွင်းမှ လက်ခံသည်။ ဈေးကလည်း သုံးမျိုး။ အကြီးဆုံးက ဈေးအကောင်းဆုံး၊ အဲသည်တော့လည်း မလွှဲမရှောင်သာ မြို့ဈေးသို့မသွားမီ အာလူးတွေ အကြီးအလတ်အသေးရွေးကာ အိတ်တွေထဲ သီးခြားစီ ခွဲထည့်သည့်အလုပ်ကို စိတ်ပင်ပန်းခံ၍ သူတို့လုပ်ကြရသည်။
အိုင်ဒါဟိုး ယာသမားများထဲမှာ တစ်ယောက်ကတော့ ထူးခြားသည်။ သူက ခွဲခြားခြင်း၊ အိတ်သွတ်ခြင်းလည်း မရှိ။ သည်အတိုင်း လှည်းနှင့်တိုက်သွားပြီး မြို့ရောက်မှ အိတ်တွေထဲ ခပ်မြန်မြန် ကောက်ထည့်ကာ သွားရောင်းတတ်သည်။ ဒိုင်ကလည်း သူ့အိတ်တွေကို လက်ခံသည်။

I believe in one thing only, the power of human will. (Joseph Stalin) ငါ ယုံကြည်တာ တစ်ခုပဲ ရှိတယ်။ အဲဒါ လူသားရဲ့ ဆန္ဒအင်အား .. ပဲ။ (ဂျိုးဆက် စတာလင်)

I believe in one thing only, the power of human will.
(Joseph Stalin)

ငါ ယုံကြည်တာ တစ်ခုပဲ ရှိတယ်။ အဲဒါ လူသားရဲ့ ဆန္ဒအင်အား .. ပဲ။ (ဂျိုးဆက် စတာလင်)

ကမ္ဘာမှာ နာမည်ကျော် အာဏာရှင်တွေကလည်း ..ဆန္ဒရဲ့ အင်အားကို ယုံကြည်ပါတယ်တဲ့။

အထက်က စကားကို ဖတ်လိုက်ရပြီး .. အဲဒီလို လူသားဆန္ဒဆိုတာလိုပဲ ... ပြောလေ့ရှိတဲ့ ... General Will (ပြည်သူ့ ဆန္ဒ) ဆိုတဲ့ စကားလုံးလေး အကြောင်း နည်းနည်း ပေရှည်ကြည့်ချင်စိတ် ဖြစ်လာတယ်။

မြေပိုင်၊ ယာပိုင် ပဒေသရာဇ် (Aristocracy)
တွေ ကြီးစိုးတဲ့ ခေတ်စနစ်နဲ့ .. အာဏာဆိုတာ အဲဒီလို မြေပိုင်ရှင်တွေက လာတယ်ဆိုတဲ့ (Feudalism) ထုံးတမ်းစဉ်လာကို ဖေါက်ထွက်ပြီး .... General Will (ပြည်သူအများစုရဲ့ သဘောဆန္ဒ) ဆိုတဲ့ အာဏာဟာ အောက်ခြေ လူထုထံကနေ ပေါ်ထွက်လာတယ် .. ဆိုတဲ့ သဘောတရားကို စတင် အသုံးပြုခဲ့တဲ့ ပြင်သစ်လူမျိုး နိုင်ငံရေး တွေးခေါ် ပညာရှင် ရူဆိုး (Rousseau)က အင်္ဂလိပ် နိုင်ငံရေး တွေးခေါ် ပညာရှင်တွေ ဖြစ်ပြီး ... သူ့ထက် စောတဲ့ ... ဂျွန်လော့၊ သောမက်(စ) ဟော့(ဘ) တို့နဲ့ အတူတူ .. ဒီနေ့ခေတ် liberalism (လွတ်လပ်သော အယူဝါဒ) ရှိသူများ နဲ့ ကိုယ်စားပြု ပါလီမာန် ဒီမိုကရေစီ ဆိုတဲ့ စနစ်ဆိုတဲ့ အယူဝါဒကို ၁၈ ရာစုမှာ မျိုးဆက် ချပေးခဲ့တယ်။ (မြန်မာပြည်မှာတော့ မင်းကြီးများ ... ဘုရား ... ဆိုပြီး ထူးလို့ ကောင်းတုန်းကာလပေါ့။)

Sunday, December 9, 2012

တရုတ် အင်အားအတွက် ပထ၀ီနိုင်ငံရေး


တရုတ် အင်အားအတွက် ပထ၀ီနိုင်ငံရေး
၁၉၀၄ ခုနှစ်မှာ အင်္ဂလိပ် ပထ၀ီ ပညာရှင် ဆာဟယ်လ်ဖိုဒ့် မက်ကင်ဒါ က သူရဲ့ ကျော်ကြားတဲ့ ဆောင်းပါး တစ်ပုဒ် ဖြစ်တဲ့ `သမိုင်း၏ ပထ၀ီ ဆိုင်ရာ ဆုံချက်´ (The Geographical Pivot of History) အတွက် တရုတ်ကို

သတိထားစရာ အဖြစ် ရည်ညွှန်းရင်း အခုလို ရေးခဲ့ပါတယ်။

“အကယ်၍ တရုတ်သည် သူ့ နယ်နမိတ်ကို ကျော်လွန်ပြီး အင်အား ချဲ့ကားလာပြီဆိုလျှင်၊ ဤအရာက ကမ္ဘာကြီး လွတ်လပ်မှုအတွက် အ၀ါရောင် အန္တရာယ်ဆိုး ဖွဲ့တည်လာခြင်းပင် ဖြစ်သည်။ အကြောင်းမှာ သူ၏ ပင်လယ်မျက်နှာစာကို ယူရေးရှား (Eurasia) တိုက်ကြီး တခုလုံးအထိ ဆွဲဆန့်သွင်းလာပြီး၊ ရင်းမြစ်အားလုံး အသုံးပြုရင်း ရုရှား ဩဇာ မကြီးနိုင်အောင် ၀ါးမျိုသွားလိမ့်မည်။”

နိုင်ငံအတွက် သတင်းထောက်လှမ်း ရယူခြင်း (အပိုင်း - ၂)


နိုင်ငံအတွက် သတင်းထောက်လှမ်း ရယူခြင်း (အပိုင်း - ၂)


အမေရိကန်နိုင်ငံ သမိုင်းတွင် သူလျှိုဟု သံသယရှိသူ အများအပြားကို ဖော်ထုတ် အရေးယူ နိုင်ခဲ့ခြင်းမှာ ယခု အကြိမ်သည် ပထမဦးဆုံးဖြစ်သည်။ FBI ၏ တွေ့ရှိချက်အရ
အချို့သော ပုဂ္ဂိုလ်များ သူလျှိုလုပ်နေသည်မှာ ဆယ်နှစ်ခန့်ပင် ကြာပြီဟုဆိုသည်။ ဖော်ထုတ်ဖမ်းမိ ခဲ့သူများ၏ လုပ်ရပ်အချို့ကို အောက်တွင် အကျဉ်းမျှဖော်ပြ လိုက်ပါသည်။

Christopher Mettosos
ကနေဒါနိုင်ငံသားဟုဆိုသည်။ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံတမန် အဖွဲ့နှင့် ယခု အဖမ်းချွံ R Murphy, C. Murphy, M.Zottoli နှင့် P. Mills တို့အား ဆက်သွယ်ပေးခဲ့ သည်။ ကနေဒါ နိုင်ငံသို့ မကြာခဏ ခရီးထွက်သည်။

၂ဝဝ၁ ခုနှစ်မှ ၂ဝဝ၅ ခုကြား R. Murphy နှင့် နယူးယောက် စားသောက်ဆိုင် တစ်ခု၌ လေးကြိမ် တွေ့ဆုံခဲ့သည်။

၂ဝဝ၁ ခုနှစ်မှစ၍ ယခုသံသယ ရှိသူများနှင့် တွေ့ဆုံခဲ့သည့် အထောက် အထားများရှိသည်။

မီးရထားဖြင့် ခရီးသွားသူများ (မင်းရာမ ဒေါင်းဖတ်စာ)

Maung Lwin and 2 other friends shared Zaw Ye's photo.
မီးရထားဖြင့် ခရီးသွားသူများ       (မင်းရာမ  ဒေါင်းဖတ်စာ)

အခန်း ၁

မီးရထား ရုံပိုင်ကြီး ဦးသိန်းစိန်သည်

ဘူတာရုံတွင်လူ ၆ ယောက်တိုးခန့်ထားလေသည်။ ကိုအောင်မင်းနှင့် ကိုစိုးသိန်းတို့ ကို လက်မှတ်ရောင်းစရာမလို ဘူတာရုံသန့်ရှင်းရေးလုပ်စရာမလိုတော့ပဲ တစ်ဘူတာဝင် တစ်ဘူတာထွက် ဘူတာများများ ရောက်ရန် ကြိုးစားခိုင်းလေသည်။

 ဦးသိန်းစိန်သည် ကိုအောင်မင်းနှင့် ကိုစိုးသိန်းတို့ကို ရထားပေါ်တွင် တွေ့သမျှ အားလုံး တင်ရန် ကြိုးစားခိုင်းလေတော့သည်။ ထိုအခါ ရထားစီးသူများလာလေ၏။  တစ်ချို့က ရရာဘူတာမှစီး၏ တစ်ချို့က အပ်ပါးကလပ်မှ စီးချင်ကြ၏။ တချို့မှာမူ တစ်ယောက်ထည်းစီးချင်၏၊ တစ်ချို့ကား အဖွဲ့လိုက် လက်မှတ်ဝယ်၏။ တစ်ချို့သည် အမေရိကားမှ လာစီးကြ၏။ အော်စတြေးလျှမှ တစ်ချို့ကား ဖင်လန်မှ လာစီးကြ၏။ လမ်းဆုံးအထိ လိုက်မည်ဟုဆိုကာ အရှိန်များသောကြောင့် လန့်လာသဖြင့် ခုန်ဆင်း ကြသူများလည်းရှိသည်။

ရထားပေါ်တွင် အမှန်အကန် မီးရထားစီးသူ ကုန်ပစ္စည်းတင်သူ အပျော်လိုက် စီးသူ ဈေးရောင်းသူ ခေါင်မိုးပေါ်တက်စီးသူ တွယ်စီးသူ နှင့် ခါးပိုက်နိုက်များပါ ပါဝင်၏။ အမှန်အကန်စီးသူများသည် ရထားကြီးကို သူတို့ရောက်ချင်သည့် ဘူတာရောက် မည်ဟု ယုံကြည်ကြ၏။ ကုန်ပစ္စည်းတင်သူများကား ဈေးသက်သက်သာသာနဲ့ ကြက်သွန်အိတ် ပဲအိတ် ဆန်အိတ်များကို သယ်ချင်သူ မှောင်ခိုများဖြစ်၏။ အပျော် လိုက်စီးသူများမှာ အိမ်ပြန်လည်ချင်သူများဖြစ်၏။ ဈေးရောင်းသူများမှာ မြတ်ရင်ပြီး ရောဖြစ်ပြီး ခေါင်မိုးပေါ် တက်စီးသူနဲ့ တွယ်စီးသူတို့မှာ မိမိကိုယ်မိမိ သေကြောင်း ကြံစည်သူများဖြစ်၏။ ခါးပိုက်နိုက်များကား ခရီးသွားသူအချင်းချင်း ဒုက္ခပေးရန် ရရာ နှိုက်မည်သူများဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ရထားကြီးပေါ်တွင် ယခင်ကထက် လူပိုများလာသည်က အမှန်ပေတည်း။

 

အခန်း ၂

ရထားကြီးပေါ်တွင် စီးကြရင်းနှင့် အချင်းချင်း အပြန်အလှန်ကူညီကြ၏။ ရထားက အလွန်မြန်သဖြင့် လန့်နေသူလည်းရှိ၏၊ အချို့ဘူတာတွင် အကြာကြီးရပ်၏ အချို့ ဘူတာတွင်ကား ဘီးလိမ့်ရုံသာရပ်၏။ ကိုအောင်မင်းနှင့် ကိုစိုးသိန်းတို့သည် လည်းကောင်းတို့နားတွင် တိုလီမုတ်စခိုင်းရန် ခင်ရီဆိုသူ ကောင်လေးတစ်ယောက်ကို ခေါ်ထားကာ ထမင်းထုပ်ဝယ်ခိုင်း၏။ အဝတ်လျှော်ခိုင်း၏။ ညှောင်းလျှင်နှိပ်ခိုင်း၏။ ထိုမီးရထားလာနေချိန်တွင် ရွာထဲတွင်လည်း ရှုပ်ရှက်ခက်လျက်ရှိသည် ရွာထဲရှိ ကုလားလေးများနှင့် ရခိုင်လေးများသည် ရန်ဖြစ်လျက်ရှိသည် ရွာတောင်ဘက်ရှိ မြေ ကွက်ကို သူကြီးဖြစ်သူဦးပိုင်က မပြောမဆိုပဲ တရုတ်များကိုရောင်းလိုက်၏။ ရွာသား များက မကျေနပ်ကြ၊ ရွာထဲရှိ ဘုန်းကြီးများကို သူကြီးက တုတ်နှင့်ရိုက်၏ ဆောင့် ကန်၏၊ သေနတ်နှင့်ပစ်၏၊ ရွာအလည်ကောင်ရှိ မြေကွက်ကို ရွှေတူးမည်ဟုဆိုကာ ခြံစည်းရိုးခတ်၏ ရွာတရားရုံးကို စားသောက်ဆိုင်လုပ်ရန် ရောင်းပြန်၏။  သူကြီးသည် မူးရမ်းကာ တရုတ်လူမိုက်တစ်စုနှင့်အတူ ရွာထဲတွင်လုပ်ချင်တာလုပ်နေတော့သည်။

ထိုအကြောင်းအရာများကို မီးရထားပေါ်ရှိ တချို့လူများသိကြ၏ တချို့လူများမသိကြ။ တချို့ကား မသိချင်ရောင်ဆောင်နေကြ၏  ရွာထဲတွင် ဖရိုဖရဲ ဖြစ်နေသည်ကား အမှန်ပေတည်း။

 

 အခန်း ၃

ထိုပြဿနာများကို ဖြေရှင်းရန် သူကြီးသည် ဟိုဘက်ရွာမှ တရုတ်ကြီးများကို လာ လည်ခိုင်း၏ သူကြီးလည်း လေး ငါး ခြောက် ခေါက် ခုနှစ် ခေါက် ရှစ် ခေါက်သွား၏။ တော်တော်ဝေးသောရွာမှ ဘားတိုက်တွင်နေသော ဘားတိုက်အိုဘားမား ဆိုသူလည်း လာလည်၏

ရွာသားများကား စိတ်ရှုပ်သူရှုပ် ဒေါသထွက်သူထွက် ပျော်သူပျော် ပြေးသူပြေး ဖြစ်ကာ အလွန်နေထိုင်ဖွယ်ရာကောင်းသော ရွာသာယာသည် ယခုမူ ဝမ်းရောဂါဖြစ် နေသော မီးလောင်ထားသည့် တံငါရွာနှင့်တူနေလေသည်။

 

အခန်း၎

မီးရထားကြီးကား ရုံပိုင်ကြီး ဦးသိန်းစိန်၏ မီးစိမ်းကိုရသည်နှင့် စထွက်ရန်ကြိုးစားသည် မီးခိုးက တော်တော်ထွက်၏ စမောင်းပြီး တော်တော်အရှိန်ရသောအခါ ကိုအောင်မင်း ကား အိပ်ငိုက်လာလေသည်။ ကိုစိုးသိန်းက အရက်မူးနေသောကြောင့် ခေါင်း မထောင်နိုင်။ ၄င်းတို့၏ ကလေး မောင်ခင်ရီ က တစ်ခါတစ်ခါ ဥသြဆွဲ၏၊ မောင်း၍ အရှိန် တော်တော်ရချိန်တွင် မီးရထားလမ်းရှေ့၌ ကျွဲအုပ်ကြီးတစ်အုပ် ဖြတ်သည့် အကောင်ကဖြတ်၊ ရပ်သည့်အကောင်က ရပ်နေသည်ကိုမြင်သောကြောင့် ဘရိတ်ဖမ်း သောအခါ ဘရိတ်နှင့်လီဗါ မှား၍ ဆွဲမိသဖြင့် မီးရထားကြီးမှာ ကျွဲအုပ်ကို တိုက်ပြီး နောက် ပေ ၇၀၀၀ ကျော်အမြင့်မှ လေဟုန်စီး၍ သက်တောင့်သက်သာ မြေပြင်သို့ မီးလောင်ပေါက်ကွဲ ကျဆင်းသွားလေတော့သတည်း။

 အားလုံးရန်သူမျိုး ၅ ပါးနှင့် မီးရထားဘေးမှ လွတ်ကင်းကြပါစေ

 သဗ္ဗေသတ္တာ ကီးမားပလာတာ

မင်းရာမ
မီးရထားဖြင့် ခရီးသွားသူများ (မင်းရာမ ဒေါင်းဖတ်စာ)

အခန်း ၁

မီးရထား ရုံပိုင်ကြီး ဦးသိန်းစိန်သည်

ဘူတာရုံတွင်လူ ၆ ယောက်တိုးခန့်ထားလေသည်။ ကိုအောင်မင်းနှင့် ကိုစိုးသိန်းတို့ ကို လက်မှတ်ရောင်းစရာမလို ဘူတာရုံသန့်ရှင်းရေးလုပ်စရာမလိုတော့ပဲ တစ်ဘူတာဝင် တစ်ဘူတာထွက် ဘူတာများများ ရောက်ရန် ကြိုးစားခိုင်းလေသည်။

ဦးသိန်းစိန်သည် ကိုအောင်မင်းနှင့် ကိုစိုးသိန်းတို့ကို ရထားပေါ်တွင် တွေ့သမျှ အားလုံး တင်ရန် ကြိုးစားခိုင်းလေတော့သည်။ ထိုအခါ ရထားစီးသူများလာလေ၏။ တစ်ချို့က ရရာဘူတာမှစီး၏ တစ်ချို့က အပ်ပါးကလပ်မှ စီးချင်ကြ၏။ တချို့မှာမူ တစ်ယောက်ထည်းစီးချင်၏၊ တစ်ချို့ကား အဖွဲ့လိုက် လက်မှတ်ဝယ်၏။ တစ်ချို့သည် အမေရိကားမှ လာစီးကြ၏။ အော်စတြေးလျှမှ တစ်ချို့ကား ဖင်လန်မှ လာစီးကြ၏။ လမ်းဆုံးအထိ လိုက်မည်ဟုဆိုကာ အရှိန်များသောကြောင့် လန့်လာသဖြင့် ခုန်ဆင်း ကြသူများလည်းရှိသည်။

အစွမ်းထက်မြက် ဒန့်သလွန်ရွက်===နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်သလွန်ရွက်ကိုစား။

Kobo Gyi and 2 other people shared Zaw Mintun Zawmintun's photo.
အစွမ်းထက်မြက် ဒန့်သလွန်ရွက်===နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်သလွန်ရွက်ကိုစား။
 
ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။
အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့်တည့်သလို သွေးတိုးဝေဒနာများ၊ ဆီးချို, သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်။
 
ဒန့်သလွတ်ပင်လုံးဟာ ဆေးဖက်ဝင်လှပါတယ်။ ဒန့်သလွန်ရွက်၊ အပွင့်၊ အသီး၊ အခေါက်နှင့် အမြစ်တို့ဟာ တိုင်းရင်းမြန်မာဆေးပညာမှာ သူ့နေရာနှင့်သူ အသုံးဝင်လှပါသည်။ အထူးသဖြင့် ဒန့်သလွန်ရွက်ကို
နေ့စဉ်မှန်မှန် စားပေးခြင်းကြောင့် လူ့ခန္ဓာကိုယ်ရှိ ပျစ်နေသောသွေးကို ကျဲစေတယ်။ တက်နေသောသွေးကို ကျစေတယ်။ ဆီးနှင့်ဝမ်းကို ရွှင်စေပါတယ်။ အဲဒီလို ဂုဏ်ထူးဝိသေသအပေါင်းပြည့်သော ဒန့်သလွန်ရွက်ပါ။ 
 
ဒါ့အပြင် ဒန့်သလွန်ရွက်ကို မည်သည့်ဝေဒနာရှင်ကိုမဆို မြိန်စေတယ်။ အစာကို ကြေညက်စေတယ်။ နှုတ်ကို မြိန်စေတယ်။ မျက်စိကို အကျိုးပြုတယ်။
ဒေါသသုံးပါးလုံးကို နိုင်တယ်လို့ ဆေးကျမ်းတွေမှာ ဖွင့်ဆိုထားပါတယ်။
 
ဒန့်သလွန်၏စွမ်းပကား--- 
(၁) ဒန့်သလွန်ရွက် ဟင်းခါးကို ကြက်သွန်ဖြူခတ်၍ နေ့, ည သောက်ပေးပါက မိုးဥတုတွင် ဖြစ်ပေါ်တတ်သည့် နှာစေးခြင်း၊ နှာမွှန်ခြင်း၊ အအေးပတ်ဖွဲ့ဖျားခြင်းတို့ကို သက်သာပျောက်ကင်း စေပါတယ်။ 
 
သွေးတက်နှင့်သွေးတိုး--
(၂) နေ့စဉ် ဒန့်သလွန်ရွက်ကို ဟင်းခါး (ငရုတ်ကောင်းနှင့်ကြက်သွန်ဖြူပါသည်) ချက်သောက်ပေးပါက သွေးတိုးနှင့် သွေးတက်ရောဂါဝေဒနာရှင်များ သက်သာပျောက်ကင်းပါသည်။
 
 
သန်ကောင်နှင့် ဒန့်သလွန်သီး---
(၃) သန်ရှိပြီး ဗိုက်ပူနံကားဖြစ်နေသော ကလေးများအား ဒန့်သလွန်သီးကို ရက်ဆက် ချက်ကျွေးပေးပါ။ ဒန့်သလွန်သီးရဲ့ စွမ်းပကားကြောင့် ကလေးငယ်များ ဝမ်းတွင်းရှိ သန်ကောင်၊ တုတ်ကောင်များ
သေကြေကုန်ကြပါတယ်။ ဒီနည်းဟာ ကလေးငယ်များအတွက် အန္တရာယ်ကင်းသော ရိုးရာနည်းဖြစ်ပါတယ်။
 
 
ဆီးလွန်ရောဂါ (မကြာခဏဆီးသွားခြင်း)
(၄) ဒန့်သလွန်သီးခြောက် အတွင်းသား (အစေ့ပါ) ကို အမှုန့်ပြုပြီး နေ့စဉ် သကြားနှင့် ရောသောက်ပေးပါက ဆီးများခြင်းကို သက်သာပျောက်ကင်းပါတယ်။
 
 
နားကိုက်၊ နားအူ---
(၅) အစေ့မှုန့်ကို နားနာ၊ နားကိုက်၊ နားပြည်ယိုရောဂါများအတွက် အုန်းဆီနှင့်ရောစပ်ပြီး ကြက်တောင်သန့်သန့်ဖြင့် နားကျပ်ပေးပါက အထက်ပါရောဂါများကို ပျောက်ကင်းသက်သာစေပါတယ်။
 
 
ပါးစပ်မှ နံခြင်းအတွက်---
(၆) ပါးစပ်မှ အနံ့ဆိုးများ နံခြင်း၊ သွားဖုံးများမှ သွေးယိုခြင်းများအတွက် ဒန့်သလွန်ပင်စည်ကို ဓားဖြင့်ထစ်၍ ထွက်လာသောအစေးကို ရေနွေးဖြင့်ရောစပ်ကာ ပါးလုတ်ကျင်းပေးရပါတယ်။ ဒီလို မကြာခဏ ပြုလုပ်ပေးပါက ပါးစပ်နံခြင်း၊ သွားဖုံးသွေးယိုခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။
 
 
ခေါင်းအုံ၊ ဇက်လေး---
(၇) ဒန့်သလွန်အပင်မှ အခေါက်ကိုခွါပြီး အဝတ်သန့်သန့်ဖြင့်ထုပ်ကာ ထုခြေပြီး နာနာရှူပေးပါက ခေါင်းအုံ၊ ဇက်လေးရောဂါများ ပျောက်ကင်းစေတယ်။ 
 
 
နို့ထွက်ဆေး---
(၈) မီးနေသည် အမျိုးသမီးများအတွက် ဒန့်သလွန်ရွက် ဟင်းခါးချက်သောက်ပေးခြင်း (သို့မဟုတ်) ဒန့်သလွန်သီးကို ငါးကင်ဖြင့် ချက်ကျွေးပါက မထွက်သောနို့မှ နို့ရည်များ ဖြိုင်ဖြိုင်ထွက်လာပါတယ်။
 
 
ပန်းသေ၊ ပန်းညှိုး---
(၉) ဒန့်သလွန်သီး မနုမရင့်ကို ငါးကြင်းသားနှင့်ချက်ပြီး မကြာခဏစားပေးပါက ပန်းသေ၊ ပန်းညှိုးခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။
 
 
ကျား,မ မရွေး အားဆေး---
 
ပရန္နဝါ, ပါးပါးလွှာ
သကာများနှင့်ဖက်၊
ဒန့်သလွန်ပွင့်, အုန်းဆံရင့်
ချိန်သင့်ညီမျှစွက်၊
မင်းတုန်းမင်းခေါင်, သူသုံးဆောင်
ဘုန်းခေါင်နေသို့လက်။
 
အထက်ပါဆေးနည်းကဗျာကို ကုန်းဘောင်ခေတ်တွင် နန်းတွင်းသမားတော်ကြီး ဆရာခဲမှ အားဆေးအဖြစ် ဖော်စပ်ပြီး မင်းတုန်းမင်းတရားကြီးကို ဆက်သခဲ့ပါတယ်။ ဒါကြောင့် မင်းတုန်းမင်းတရား ကြီးသည် ကျန်းမာခြင်း ကာယ-စိတ္တသုခ နှစ်ဝတို့ဖြင့် ပြည့်စုံကြောင်း ကဗျာက ဖော်ညွှန်းဖွင့်ဆိုထားပါတယ်။
 
အထက်ပါဆေးနည်းကို ဖော်စပ်မည်ဆိုပါက 
(၁) ပရန္နဝါပင် ပဉ္စငါးပါးကို ပါးပါးလှီးထားရမယ်။
(၂) ဒန့်သလွန်ပွင့်ကို အသင့်စုဆောင်းထားရမယ်။
(၃) အုန်းသီးဆံရင့်ရင့်ကို အသင့်ခြစ်ထားရပါမယ်။
(၄) နောက် ပျားရည်တဆ၊ သကာ (မရလျှင် သကြား) တို့ကို အလေးချိန်အညီအမျှရောထည့်ပြီး ရေလေးခွက်ထည့်ကာ တခွက်သာကျန်အောင် ကြိုရပါမယ်။
 
စားသုံးနည်း---
 
အထက်ပါဆေးရည်ကို ပိတ်စိမ်းပါးနဲ့ စစ်ယူပြီး ပုလင်းသန့်သန့်မှာထည့်ထားပေးပါ။ အဲဒီဆေးရည်ကို ည-မနက် ဟင်းစားဇွန်း တဇွန်းစီ သောက်ပေးသွားခြင်းဖြင့် မောပန်းအားနည်းသောရောဂါ၊ သွေးလေမမှန်သောရောဂါ၊ ပန်းသေ၊ ပန်းညှိုးရောဂါ၊ နှလုံးအားနည်းခြင်း ရောဂါနှင့် ဒူလာပိန်၊ မီးယပ်ကြောင့်ပိန်သူများ အပျိုစင်ကဲ့သို့ နဂိုယဉ်ကာ လှပလာစေမည် ဖြစ်ပါတယ်။
 
ဆေးကုန်လျှင် အထက်ပါနည်းအတိုင်း ဖော်စပ်သောက်သုံးနိုင်ကြောင်း တင်ပြအပ်ပါတယ်။
မှတ်ချက်။ ။ အထက်ပါ အားဆေးရည်သည် အစွမ်းသတ္တိဖြင့် ပြည့်စုံသည်။ ဆေးကို အညွှန်းထက်ပိုပြီး မသောက်ရန် သတိပြုပါ။ (စာရေးသူ)
 
ဝေဝေနွယ်(တိုင်းရင်းဆေး)
(ဂမ္ဘီရ ၂၀၀၇-၁၂)
source>>>http://natureenergycare.blogspot.com/2012/12/blog-post_1297.html#mor======Nangmy Nangmy
အစွမ်းထက်မြက် ဒန့်သလွန်ရွက်===နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်သလွန်ရွက်ကိုစား။

ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။
ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။
အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့်တည့်သလို သွေးတိုးဝေဒနာများ၊ ဆီးချို, သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်။