Wednesday, November 28, 2012

တူညီသော ကိုယ်စားပြုမှု လိုပါသည် (၁) by Zaw Khun Naw on Thursday, November 22, 2012 at 11:51pm ·


ကိုလိုနီခေတ်ဗမာပြည်(British Burma)မှာ ဒေါက်တာဘမော်၊ ဦးစော၊ ဆာပေါ်ထွန်း အစရှိတဲ့ နာမည်ကျော် နိုင်ငံရေးသမားတွေ ရှိခဲ့ပါတယ်.။ ဗြိတိသျှအစိုးရရဲ့ အစိုးရအဖွဲ့မှာလဲ ၀န်ကြီးချုပ်(အဲဒီတုန်းကတော့ အတွင်းဝန်လို့ခေါ်မလား၊ နန်းရင်းဝန်လို့ ခေါ်မလားပဲ)၊ ၀န်ကြီးနေရာတွေမှာ ဗမာလူမျိုးများ ပါဝင်ကြပါတယ်..။ ရှင်းရှင်းပြောရရင် ဗြိတိသျှဘားမားကို ဗမာလူမျိုးပညာတတ်များကပဲ ဦးဆောင်ခဲ့ကြတာပါ..။ ဆာမောင်ကြီးဆိုရင် ၁၉၃၀ ခုနှစ်မှာ ခေတ္တဘုရင်ခံတောင်ဖြစ်ပါသေးတယ်.။ (Sir ဘွဲ့တောင် ရထားတာနော်..၊ နဲနဲနောနောအဆင့် မဟုတ်ဘူး.။ သခင်မျိုးဟေ့ ဒို့ဗမာဆိုတဲ့ ခေတ်ကြီးထဲမှာ ဗြိတိသျှဘုရင်/မကြီး ချီးမြင့်တဲ့ ဆာဘွဲ့ရဖို့ဆိုတာ မျက်နှာဖြူတွေရဲ့ မျက်စိရှေ့မှာ အစွန်းအထင်းမရှိ၊ ပြောစရာမရှိအောင် နေနိုင်မှရတာမျိုးပါ..။ ဆာထွန်းအောင်ကျော်၊ ဆာမောင်ဘ၊ ဆာမောင်ခင် စတဲ့သူတွေဟာလဲ ဗြိတိသျှဘားမားလက်ထက်က ဆာဘွဲ့ရခဲ့တဲ့ နိုင်ငံရေးသမား၊ ၀န်ကြီးတွေ၊ လွှတ်တော်အမတ်တွေ ဖြစ်ကြပါတယ်..။) (မှတ်ချက်။ ။ ဆာမောင်ကြီးက မော်လမြိုင်သား၊ မွန်သွေးပါသူလို့ ထင်ပါတယ်..။)

နမ့်ဆမ် NLD ပါတီဝင်တဦးအား ဒေသခံ စစ်တပ် ဗိုလ်မှူးက ထိုးကြိတ်ခဲ့

နမ့်ဆမ် NLD ပါတီဝင်တဦးအား ဒေသခံ စစ်တပ် ဗိုလ်မှူးက ထိုးကြိတ်ခဲ့

ပျက်စီးနေသော တရားစီရင်ရေးနှင့် ချည့်နဲ့နေသော မဏ္ဍိုင်များ by Lu Cifer on Wednesday, November 28, 2012 at 8:03am ·



ယခင် ဗဟိုတရားရုံးချုပ် (ယခု ရန်ကုန်တိုင်း တရားရုံးချုပ်) နှင့် ရန်ကုန်တိုင်း စုပေါင်းတရားရုံး နှစ်ခုကို ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချမှုကို ရှေ့နေများ ကန့်ကွက်ခဲ့ကြသည် (ဓာတ်ပုံ – Reuters)

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးသမိုင်းဟာ ၁၉၄၈ မတိုင်မီက မြန်မာနိုင်ငံမှာ High Court သာရှိပြီး အယူခံကိုတော့ အိန္ဒိယနဲ့ အင်္ဂလန်ကိုသွားရတယ်။ အဆင့်အနေနဲ့တော့ နိမ့်တာပေါ့။ ၁၉၄၈ လွတ်လပ်ရေးရပြီးတော့ မြန်မာတရားစီရင်ရေးက Common Law Family ထဲမှာပါပြီး တရားစီရင်ရေးဆိုင်ရာ ဥပဒေအခြေခံ မူသဘောတရားတွေ (Legal Principles) နဲ့အညီ ဆောင်ရွက်ခဲ့ကြတယ်။ ဟိုခေတ်က ဥပဒေပညာသင်တဲ့ သူတွေကလည်းများတော့ တတ်ကျွမ်းကြတယ်။ လူအများစုကလည်း တရားစီရင်ရေးအပေါ် လေးစားကြတယ်။ အုပ်ချုပ်ရေးပိုင်းက မတရားဆောင်ရွက်တာတွေကို တရားစီရင်ရေးက ကြပ်မတ် ထိန်းသိမ်းပေးရတယ်။

၁၉၆၂ တော်လှန်ရေးကောင်စီ တက်တော့ အခြေအနေက တဖြည်းဖြည်း လျော့လျဲလာတယ်။ ဒါပေမယ့် တရားစီရင်ရေးကို အာဏာရှင်ကြီး ဦးနေဝင်း ကျော်လို့မရခဲ့ဘူး။ အဲဒီလို ကျော်လို့မရတဲ့အတွက် ဖျက်ဆီးပစ်လိုက်ပါတယ်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥဒေအသစ် ရေးဆွဲတယ်။ ပြီးတော့ ပြည်သူ့တရားစီရင်ရေးဆိုပြီး ဥပဒေက မည်သို့ပင်ဆိုစေကာမူဆိုတဲ့ သဘောတရားနဲ့ နင်းချေခဲ့ပါတယ်။

၁၉၇၄ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်သူ့တရားစီရင်ရေးကလည်း ပြည်သူ့အကျိုးပြု တရားစီရင်ရေး မဖြစ်ခဲ့ပါဘူး။ တရားစီရင်ရာမှာ အဆင်ပြေအသုံးတည့်မယ့် ကျင့်ထုံးဥပဒေတချို့ကို သုံးတယ်။ သုံးရင်း အဆင်မပြေတဲ့အခါကျတော့ မည်သည့်ဥပဒေက မည်သို့ပင်ဆိုစေကာမူဆိုပြီး ကိုယ်သဘောကိုယ်ဆောင်ပြီး တရားစီရင်တယ်။
၁၉၈၈ မှာတော့ ပြည်သူ့တရားစီရင်ရေးဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်နဲ့အတူ ပြောင်းလဲသွားပါတယ်။ နဝတ/နအဖ ခေတ်တွေမှာ တရားစီရင်ရေးဆိုတာ အုပ်ချုပ်သူတွေရဲ့ တခါတရံ လက်ကိုင်တုတ်၊ တခါတရံ အသုံးချခံ အဆင့်ပါပဲ။

နိုင်ငံတော် ကို အကြောင်းပြပြီး လူပါးဝတဲ့သူတွေ ချမ်းသာတယ် . . . ပြည်သူတွေ ဆင်းရဲတယ် by Naung Taw Lay on Wednesday, November 28, 2012 at 8:38am ·


တန်ဆောင်တိုင် အခါသမယ သူများတွေ ဆူကြပူကြအချိန်အခါမှာ ကျွန်တော်ပါ (၃)ယောက် လက်ဖက်ရည်ဆိုင်ထိုင်ပြီး နိုင်ငံရေး ဆိုလား ဘာဆိုလား . . . . ဆိုလား ကိစ္စတွေ ပြောနေမိကြတယ် . . . . ကိုကြီး ၊ ကိုလတ် ၊ မောင်ငယ် လို့ပဲ ဆိုကြပါစို့ . . . .
ကိုကြီး - မြန်မာနိုင်ငံက တိုးတက်ဖို့ မလွယ်ပါဘူး။ တော်လှန်လို့လည်း မအောင်မြင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အရင်တုန်းက (စစ်တပ်အကြီးအကဲ)တွေကို ထိုင်ခုံက ဖယ်မပေးချင်တာတို့ စကားလုံးကြီးတွေနဲ့ နှပ်ခဲ့တဲ့သူတွေက အခု သူတို့တွေကိုလည်း နေရာလေးတွေ ပေးထားတော့ မပြောကြတော့ဘူးလေ။
ကိုလတ် - ဒါပေါ့ ကျွန်တော်တို့ လမ်းထဲက ဥတ္တမပြောတာ မကြားမိဘူးလား။ အောက်ခြေမှာတုန်းက သွေးရဲရဲနီတယ် ။ နဲနဲလေး နေရာရသွားရင် သွေးက ပန်းရောင်သန်းသွားရော ။ ဘာမှမလုပ်တော့ဘူးတဲ့။
ကိုကြီး - အဲဒါပဲလေ။ ၈၈ တုန်းက လူထုအောင်ပွဲခံဖို့ အချိန်ရောက်တော့မယ်။ အဲဒီအချိန်မှာ ဗိုလ်ခင်ညွှန့်က အလုပ်မဆင်းဘဲ ဆန္ဒပြတဲ့သူတွေကို နောက်နေ့အလုပ်မဆင်းရင် အကုန်ဖြုတ်မယ်လဲ ဆိုရော အားလုံး အလုပ်ပြန်ဆင်းကြတယ်။ သူတို့ကို အသိအမှတ်ပြုလိုက်သလိုဖြစ်သွားတော့ ရှုံးပြန်တာပေါ့။
ကိုလတ် - ကျွန်တော်ကျန်တဲ့သူကို မပြောလိုဘူး အဲဒီလူကိုတော့ နုတ်နုတ်ဆင်းချင်လောက်ကို မုန်းတာ။ တခြားတိရစ္ဆာန်တစ်ကောင်ကို သတ်ပါဆိုရင် သတ်ရဲချင်မှ သတ်ရဲမယ်။ သူ့ဆိုရင်တော့ တကယ်လုပ်မိမှာ။
မောင်ငယ် - ကိုကြီးတို့ ဗိုလ်ချုပ်ဝေလွင်က ရှင်းသွားတယ်။ ဦးပိုင်ကုမ္ပဏီက ရတဲ့အကျိုးအမြတ်ကို တပ်မတော် သားတွေကို မျှဝေပေးတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။
ကိုလတ် - ဟာကွာ ။ ဦးပိုင်က အမြတ်ရတာ နည်းမှတ်လို့။ ဖက်ဆက်လုပ်တဲ့ကိစ္စတွေမှာ ဘာမှ စိုက်ရတာ မဟုတ်ဘူး။ မြေပဲစိုက်ရတာ။ ရှုံးစရာလည်း ဘာမှ မရှိဘူး။ မြေက အများပိုင်လေကွာ။ အဲဒါနဲ့ရင်းပြီးလုပ်တာ။ အမြတ်ခွဲပေးလား မပေးလား စဉ်းစားကြည့်ပေါ့။ ၀ယ်ချင်ချင် မ၀ယ်ချင်ချင် အတင်းစာအုပ်တွေ လိုက်ရောင်းနေတဲ့ တပ်မတော်သားတွေက သူတောင်းစားတွေကြနေတာပဲ။ သူတို့ဗိုလ်ကြီးအဆင့်ရှိသူတွေ လောက်ပဲရမှာပေါ့။ တပ်မတော်သားတွေ အဲသလိုသာ အထောက်အပံ့တွေရရင် သူတောင်းစားတောင်း ဘယ်လိုက်တောင်းပါ့မလဲ။
မောင်ငယ် - အေးဗျာ . . . ကျွန်တော်လဲ အဲဒါကို ပြောချင်တာ။ ကျွန်တော် ကရင်ပြည်နယ်က ပြန်လာတော့ ကားခေါင်မိုးပေါ်က ထိုင်စီးပြီး တောင်ငူကို လိုက်လာတဲ့အချိန်မှာ စစ်သားတစ်ယောက် ခေါင်မိုးပေါ်မှာ ပါလာတယ်။ လမ်းတစ်ဝက်လောက်ရောက်တော့ သူဆေးခန်းသွားမှာ ပိုက်ဆံမပါလို့ပါဆိုပြီး ပါလာတဲ့ ဓာတ်မီလေးက ၁၅၀၀ နဲ့ဝယ်ထားတာ ၁၀၀၀ ပဲပေးပါဆိုပြီး ရောင်းတယ်။ သူ့ဘ၀အကြောင်းကိုလည်း ပြောပြတယ်။ ငယ်ငယ်ကတည်းက စစ်ထဲဝင်ပြီး တစ်ခါထွက်ပြေးတယ်။ ထောင်ကျပြီး အပြင်မှာ အလုပ်လုပ်နေရင်းက ကားတိုက်မှုဖြစ်ပြီး စစ်ထဲတစ်ခါပြန်ဝင်သွားတယ်။ သူကလည်း ကျွန်တော်တို့ အရိပ်အကဲကိုကြည့်ပြီးမှ သူလိုအပ်တာကိုပြောတာဆိုတော့ ကျွန်တော်တို့ ၂ ယောက်ပေါင်းပြီး တစ်ထောင်ပဲ ပေးခဲ့နိုင်တယ်။
ကိုလတ် - အေး အဲဒါကြောင့်ပြောတာပေါ့ကွာ ။ ဦးပိုင်က တပ်မတော်အကျိုးစီးပွားအတွက် ထောင်ထားတဲ့ ကုမ္ပဏီတော့ မှန်တယ်။ တပ်မတော်သား အားလုံးအတွက် မဟုတ်တာတော့ သေချာတယ်။
ကိုကြီး - အဲသလိုဆို အဲဒီက ပိုက်ဆံတွေက ဘယ်ရောက်ကုန်တာလဲ။ ဦးပိုင်နဲ့ ပတ်သက်ပြီး နာမည်ထွက်လာ တဲ့သူ တစ်ယောက်မှ မရှိဘူး။ တချို့ကောင်တွေ နာမည်အကြီးအကျယ်ထွက်လာတယ်ကွာ။ ဦးပိုင်ကနေ ကြတော့ နာမည်ထွက်မလာပါလား။

Tuesday, November 27, 2012

အန္တရာယ်တောင်ကြားက ကျောင်းတက်ချင်တဲ့ သမီးငယ်

အန္တရာယ်တောင်ကြားက ကျောင်းတက်ချင်တဲ့ သမီးငယ်

အမေရိကန်သမ္မတကြီးအိုဘားမားရဲ့ မိန့်ခွန်းကို ဝေဖန်ခြင်း November 27, 2012Home, ဆောင်းပါး

John Glenn and New MyanmarFoundation shared Aye Chan Mon's photo.
အမေရိကန်သမ္မတကြီးအိုဘားမားရဲ့ မိန့်ခွန်းကို ဝေဖန်ခြင်း

November 27, 2012Home, ဆောင်းပါး 

သမ္မတကြီးအိုဘားမားဟာ ကျွန်မ တို့ မြန်မာနိုင်ငံကို ၂၀၁၂ခုနှစ် နိုဝင်ဘာ ၁၉ ရက်က တစ်ရက်တာခရီးအဖြစ် ရောက်ရှိလာပါတယ်။ သမ္မတအိုဘားမား မြန်မာနိုင်ငံကို လာတဲ့ခရီးစဉ်ဟာဖြင့် သမိုင်းဝင်ခရီးစဉ်ပဲဖြစ်ပါတယ်။ မြန်မာ နိုင်ငံနဲ့ အမေရိကန်နိုင်ငံဟာ  နှစ်ပေါင်း တော်တော်ကြာကြာ ခပ်တန်းတန်းနေခဲ့ ကြပါတယ်။ ကမ္ဘာပေါ်မှာ အချမ်းသာ ဆုံးနဲ့ပါဝါအရှိဆုံးနိုင်ငံရဲ့ သမ္မတဟာ ကျွန်မတို့ မြန်မာနိုင်ငံကို လာရောက်တဲ့ အတွက် အလွန်ပဲအားရမျှော်လင့်စရာ ကောင်းပါတယ်။
ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမမှာ ပြောကြားသွားတဲ့ သမ္မတကြီး ရဲ့ မိန့်ခွန်းကိုတော့ ကြိုက်တာတွေပါသ လို မကြိုက်တာတွေလည်းပါတယ်လို့ ပြောချင်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်လာ တာကို သူအားရ၀မ်းသာကြောင်း၊ စစ် အုပ်ချုပ်ရေးကာလတွေမှာ မြန်မာလူမျိုး တွေရဲ့ သတ်္တိတွေဟာ အံ့မခန်းဂုဏ်သိက္ခာ ရှိပုံတွေကို ပြောကြားသွားပါတယ်။ သူ အခုလို ကျွန်မတို့နိုင်ငံကို ရောက်လာတာ ဟာလည်း သူ့ပြောစကားအရ ကျွန်မတို့ ရဲ့ အရပ်သားအစိုးရဟာ လက်သီးတွေ ကို ဖြေလိုက်တဲ့အတွက် သူတို့ကလည်း လက်ကမ်းကြိုတာဖြစ်ပုံရပါတယ်။
ကမ္ဘာပေါ်မှာပါဝါအရှိဆုံးနိုင်ငံကြီး တစ်နိုင်ငံနဲ့အခုလို နွေးနွေးထွေးထွေးမိတ် တွေပြန်ဖြစ်ရတာ ကျွန်မတို့နိုင်ငံအတွက် ကောင်းပါတယ်။ ဘာကြောင့်လဲဆို တော့ ကျွန်မတို့နိုင်ငံဟာ စစ်အုပ်ချုပ်ရေး ကာလကလည်း ကြာတယ်။ ပြည်တွင်း စစ်ကလည်း လွတ်လပ်ရေးရတာနဲ့ တစ် ပြေးညီဖြစ်နေခဲ့တယ်။ ကိုယ့်နိုင်ငံတိုင်း ရင်းသားအချင်းချင်း ရန်ဖြစ်နေတာနဲ့ပဲ အိမ်နီးချင်းတွေက အချောင်နှိုက်နေကြ တယ်။ ကိုယ့်ခြံဝင်းထဲ အလစ်ဝင်လာပြီး အခြေချချင်သူတွေက ရှိသေးတယ်။ ကျွန်မတို့နိုင်ငံမှာ ထူထောင်စရာ၊ ပြုပြင် စရာတွေကလည်းများမှ များပါပဲ။ သူများ က ကိုယ့်နိုင်ငံလာစော်ကားတယ်ဆိုတာ ကိုယ့်အချင်းချင်း မသင့်လို့ဆိုတာ ထင် ရှားပါတယ်။
သမ္မတကြီးပြောသွားတဲ့မိန့်ခွန်းမှာ ကျွန်မတို့ နိုင်ငံအတွက် သင်ခန်းစာယူ စရာတွေ၊ အတုခိုးစရာတွေလည်း အများ ကြီးပါပါတယ်။ ကျွန်မတို့ နိုင်ငံအတွက် စီးပွားရေးတွေ နာလန်ထူလာအောင်၊ ပြည်သူတွေအတွက် အခွင့်အလမ်းတွေ ပေါ်လာအောင် ပိတ်ဆို့ဒဏ်ခတ်မှုတွေ လျှော့ချထားပြီဆိုတဲ့ အကြောင်းလည်း ပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေဟာ လည်း ထိပ်ပိုင်းမှာတင် ရပ်မနေဘဲအခြေ ခံလူတန်းစားတွေဆီကို တိုက်ရိုက်ရောက် ရှိဖို့လိုတဲ့အကြောင်း၊ သဘောကတော့ ဆင်းရဲသားလူတန်းစားတွေဆီကို ဖွံ့ဖြိုးမှု တွေဟာ ရောက်ရှိဖို့၊ အခုမြင်နေရတဲ့ တိုးတက်မှုဆိုတာလည်း မီးပွားကလေး လောက်ပဲရှိသေးတဲ့အကြောင်း၊ ဒီမီးပွား ကလေးငြိမ်းမသွားဖို့နဲ့ မြန်မာပြည်သူတွေ အတွက် ရှေ့ဆောင်လမ်းပြ ဓူဝံကြယ်ကြီး ဖြစ်သွားစေချင်ကြောင်း ပြောသွားတယ်။
ကြီးကျယ်တဲ့နိုင်ငံတစ်ခုဖြစ်လာဖို့ ဆိုတာဘယ်လိုစနစ်တွေကျင့်သုံးလာတယ် ဆိုတာ အမေရိကသမ်္မတကြီးကပြောပြ သွားပါတယ်။ ဒီဟောပြောချက်ကိုတော့ ကျွန်မအရမ်းပဲ နှစ်သက်သလို ကျွန်မတို့ မြန်မာ့တပ်မတော်ကိုလည်း ဒီအတိုင်း ကျင့်သုံးစေချင်ပါတယ်။ အမေရိကန်ဟာ ကမ်္ဘာပေါ်မှာ အင်အားအကြီးဆုံး စစ် တပ်ရှိတယ်။ ဒီစစ်တပ်ဟာ အရပ်သား အစိုးရရဲ့ ထိန်းချုပ်မှုကို နာခံရတယ်။ သမ္မတကိုယ်တိုင် စစ်သေနာပတိချုပ်ဆို ပေမဲ့ သမ္မတရဲ့ ဆန္ဒအတိုင်းကို ကွန်ဂ ရက်လွှတ်တော်မှာ အတင်းအကျပ်အ တည်ပြုခိုင်းလို့မရပါဘူး။ နိုင်ငံတော်ရဲ့ တရားသူကြီးတွေကို သမ်္မတက ခန့်အပ် ရတာဆိုပေမဲ့ သူတို့ရဲ့ တရားစီရင်ရေးမှာ သူပါဝင်လို့မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အမေရိကားမှာ ဆင်းရဲတဲ့ ကလေးငယ်ကလေးကနေ သမ်္မတအထိ အားလုံးဟာ ဥပဒေအောက်မှာ တညီ တညွတ်တည်းဖြစ်နေလို့ပါတဲ့။ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာမှန် လိုက်တာ။ ဒီစနစ်ကိုတော့ အလွန်ပဲ ကြိုက်နှစ်သက်ပါတယ်။ ဒီမိုကရေစီနိုင်ငံ ဟာ အဲဒီလို အတိုင်းဖြစ်ဖို့ ကျွန်မတို့ အမြန်ဆုံးအကောင်အထည်ဖော်သင့်ပါတယ်။
သမ္မတကြီးအိုဘားမားပြောသွားတဲ့ နိုင်ငံသားဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ ဘယ်နိုင်ငံမဆို အပြင်းအထန် ကြိုးစားခဲ့ ကြတယ်လို့ ဆိုပါတယ်။ သူတို့ဆီမှာ လည်း ဒီပြဿနာနဲ့ပတ်သက်ပြီး အကြီး အကျယ်ဆွေးနွေးငြင်းခုံနေတုန်းပဲလို့ဆိုပါ တယ်။ အဓိက အခြေခံအချက်ကတော့ အတူတူပဲလို့ သူကပြောပါတယ်။ ဘယ် သူဖြစ်ဖြစ် ခြိမ်းခြောက်မခံရဘဲ နေထိုင် နိုင်ခွင့်ရှိဖို့လိုတယ်တဲ့။ ဒီစကားကတော့ သူရခိုင်ပြည်နယ်အရေးကို ရည်ညွှန်းထား တာ။ ကျွန်မသာ သူ့ကိုမေးခွင့်ရှိမယ်ဆို ရင် သမ္မတကြီးတို့နိုင်ငံရဲ့မက္ကဆီကို နယ် စပ်မှာ သံဆူးကြိုးတွေ အမြင့်ကြီး ကာရံ ထားတာ၊ CCTV ဂြိုဟ်တုစလောင်းတွေ တပ်ပြီး Guard အမျိုးမျိုးနဲ့ စောင့်ကြည့် ထားတာ၊ ခွေးတောင်မ၀င်နိုင်အောင် လုံ ခြုံပါတယ်။ စွန့်စွန့်စားစား ခိုးဝင်လာရင် လည်း ချက်ချင်းပြန်ပို့တာ။ အခု သူတို့ဆီ မှာ နိုင်ငံသားဖြစ်ဖို့ဆိုတာ သိပ်မလွယ် တော့ဘူးလို့  သိရပါတယ်။
သမ္မတကြီးတို့ဆီမှာ အပြင်က အိမ် နီးချင်းက ဥဒဟိုဝင်လာမှာကိုတားသေး တာပဲ မဟုတ်လား။ သမ္မတကြီးတို့က ချမ်းသာတဲ့နိုင်ငံဆိုတော့ ၀င်မလာနိုင် အောင် အဘက်ဘက်က အကုန်အကျခံ လုပ်နိုင်တယ်လေ။ လူ့အခွင့်အရေးဆိုတာ ကို သမ္မတကြီးတို့ကော ကိုယ်ရေးကြုံ တော့ ကျင့်သုံးလို့လား။ ကျွန်မတို့ကို တော့ ““လူ့အခွင့်အရေး””ဆိုတဲ့ စကားလုံး နဲ့ ကိုင်မပေါက်ပါနဲ့။ အခုတော့လည်း ကျွန်မတို့ တတ်နိုင်သလောက် ခြံစည်း ရိုးကာနေပြီ။ ခြံစည်းရိုးကာနေတဲ့တပ် သားနှစ်ယောက်တောင် အနောက်နိုင်ငံ က ဖမ်းသွားတယ်။ ဒါကိုကြည့်ရင် ဘယ် သူလွန်တာလည်း စဉ်းစားလို့ရပါတယ်။ သမ္မတကြီးက လူသားအားလုံးအကျိုး စီးပွားကို ရှေးရှုပေးရန် မေတ္တာရပ်ခံတာ ကတော့ ကိုယ်ချင်းမစာဘူးလို့ သုံးသပ်မိ တယ်။ 

မအေးဆေး

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Hot News
အမေရိကန်သမ္မတကြီးအိုဘားမားရဲ့ မိန့်ခွန်းကို ဝေဖန်ခြင်း

November 27, 2012Home, ဆောင်းပါး

သမ္မတကြီးအိုဘားမားဟာ ကျွန်မ တို့ မြန်မာနိုင်ငံကို ၂၀၁၂ခုနှစ် နိုဝင်ဘာ ၁
၉ ရက်က တစ်ရက်တာခရီးအဖြစ် ရောက်ရှိလာပါတယ်။ သမ္မတအိုဘားမား မြန်မာနိုင်ငံကို လာတဲ့ခရီးစဉ်ဟာဖြင့် သမိုင်းဝင်ခရီးစဉ်ပဲဖြစ်ပါတယ်။ မြန်မာ နိုင်ငံနဲ့ အမေရိကန်နိုင်ငံဟာ နှစ်ပေါင်း တော်တော်ကြာကြာ ခပ်တန်းတန်းနေခဲ့ ကြပါတယ်။ ကမ္ဘာပေါ်မှာ အချမ်းသာ ဆုံးနဲ့ပါဝါအရှိဆုံးနိုင်ငံရဲ့ သမ္မတဟာ ကျွန်မတို့ မြန်မာနိုင်ငံကို လာရောက်တဲ့ အတွက် အလွန်ပဲအားရမျှော်လင့်စရာ ကောင်းပါတယ်။
ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမမှာ ပြောကြားသွားတဲ့ သမ္မတကြီး ရဲ့ မိန့်ခွန်းကိုတော့ ကြိုက်တာတွေပါသ လို မကြိုက်တာတွေလည်းပါတယ်လို့ ပြောချင်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်လာ တာကို သူအားရ၀မ်းသာကြောင်း၊ စစ် အုပ်ချုပ်ရေးကာလတွေမှာ မြန်မာလူမျိုး တွေရဲ့ သတ်္တိတွေဟာ အံ့မခန်းဂုဏ်သိက္ခာ ရှိပုံတွေကို ပြောကြားသွားပါတယ်။ သူ အခုလို ကျွန်မတို့နိုင်ငံကို ရောက်လာတာ ဟာလည်း သူ့ပြောစကားအရ ကျွန်မတို့ ရဲ့ အရပ်သားအစိုးရဟာ လက်သီးတွေ ကို ဖြေလိုက်တဲ့အတွက် သူတို့ကလည်း လက်ကမ်းကြိုတာဖြစ်ပုံရပါတယ်။

ဦးသိန်းစိန် အစိုးရအနေနဲ့သတ္တိရှိဖို့ အမြော်အမြင်ရှိဖို့ ပါ။

ဦးသိန်းစိန် အစိုးရအနေနဲ့  ကြေးစင်တောင်ပရောဂျက်ကိုရပ်လို့ ရပါတယ်။ နိင်ငံတကာမှာလဲ ဒီလို ဖြစ်ရပ်တွေဟာ မဆန်းလှပါဘူး။ စာချုပ်တွေကို ပြန်လည်ညှိ နိင်းလို့ ရပါတယ်။ တရုပ်ကလဲ မြန်မာအခြေအနေကို နားလည်ပါတယ်။ မြန်မာ ကို ကူညီနိင်ပါတယ်။ ဒါက နှစ်နိင်ငံအပြန်အလှန် နားလည်မှုနဲ့  ဆွေးနွေးလို့ ရတယ်။ တရုပ်က ဒီလိုကိစ္စမျိုးတွေအတွေ့ အကြုံရှိတယ်။
တခုပဲ ဦးသိန်းစိန် အစိုးရအနေနဲ့သတ္တိရှိဖို့ အမြော်အမြင်ရှိဖို
ု့ ပါ။

တရုပ် နဲ့ အမေရိကန် ဟာ အာရှနဲ့ အာဖရိက မှာ အပြိုင်အဆိုင်ဝင်နေပါတယ်။ အမေရိကန် က Legacy ရှိနေတော့ အပေါ်စီးက၀င်ပါတယ်။ တရုပ်ကတော့ ငွေထုတ်ပို က်ပြီး ၀င်ရပါတယ်။
ဥပမာ ကင်ညာအစိုးရက ရထားလမ်းတွေပြင်ဖို့  အတွက် ကမ္ဘာဘဏ်ကို
သန်း ၄၀ လောက်ချေးတာ ၁၀ နှစ်လောက်ကြခဲ့ပါတယ်။ (ဒီအစိုးရကလဲ
လူအခွင့်အရေးချိုးဖေါက်မှုနဲ့  လဘ်စားမှုတွေက လွန်လွန်းပါတယ်။က မှ မချေးခြင်တော့တဲ့သဘောပါ။ ကမ္ဘာဘဏ်က စည်းမျဉ်းနဲ့ အညီလုပ်ရတဲ့အဖွဲ့ 
စည်းတွေဖြစ်လေတော့ အရမ်းကာရော ပေးလို့ မရတဲ့အနေထားပါ။ )
ဒီအချိန်မှာ တရုပ်က၀င်လာတော့ ကင်ညာအစိုးရကို ၁ ဘီလီယံလောက် နှောင်ကကြိုးမဲ့ ပြစ်ပေး ခဲ့ပါတယ်။ ကင်ညာက တရုပ်ကိုပြန်ပေးရတာတော့ထုံးစံ အတိုင်း သယံဇတတွေပြန်ပေးရတာပေါ့။

တခါ အိုဘားမာ မြန်မာပြည်လာတော့ ထိုင်းငံရေးလောက ကထိပ်သီး တွေက ဆိုးရိမ်လာတာတွေရှိတယ်။ မြန်မာ ဟာ အမေရိကန်နဲ့ 
ပေါင်းပြီး သူတို့ ကို ဖြတ်ကျော်သွားမလားဆိုတာပါ။ ဒါကို မြန်မာ သိဖို့ လိုပါတယ်။

မဟုတ်မမှန်ရင်မခံ အမှန်တရားအတွက်ဆို အဖေပါမကျန်တရားစွဲရဲတဲ့ “အာဇာနည်ကြီး စောဘဦးကြီး”

Lu Bo shared Manh Lay's photo.
မဟုတ်မမှန်ရင်မခံ အမှန်တရားအတွက်ဆို အဖေပါမကျန်တရားစွဲရဲတဲ့  

“အာဇာနည်ကြီး  စောဘဦးကြီး”


ဇာတ်လမ်းကဒီလိုပါ....... ခုနှစ်သက္ကရာဇ် အချိန်ကာလမပါပါ။ 

 ဒေါက်တာစောဘဦးကြီးဟာ အင်္ဂလန်က ဥပဒေပညာဘွဲ့ရပြီး မြန်မာပြည်ပြန်ရောက်တဲ့အချိန် သူ့မိဘများနှင့် အတူနေထိုင်စဉ် တစ်နေ့မှာ….လယ်သမား ကြီးတစ်ဦးဟာ သူ့အိမ်ပေါ်ကနေခေါင်းငိုက်စိုက် မျက်ရည်စက်လက်နဲ့ ဆင်းသွားတာကို..... အိမ်ရှေ့ဝရန်တာမှာ စာဖတ်နေတဲ့ စောဘဦးကြီးကတွေ့လိုက်တယ်။ 

ဒါနဲ့အကြောင်းသိချင်လို့ထင်ပါရဲ့ ….. ခြံပြင်ရောက်သွားတဲ့လယ်သမား ကြီးနောက်ကိုလိုက်သွားပြီး အကျိုးအကြောင်းမေးတယ်။ လယ်သမားကြီးက စောဘဦးကြီးကို သူဆင်းလာတဲ့ အိမ်ပေါ်ကမှန်းမသိတော့ အကျိုးအကြောင်းရှင်းပြသတဲ့။ ဖြစ်စဉ်က အဲဒီလယ်မားကြီးဟာ သူပိုင်တဲ့လယ်မြေတွေ ကို စောဘဦးကြီးဖခင်ထံမှာ ပေါင်နှံထားခဲ့တယ်။ အဲဒီနေ့ဟာနောက်ဆုံးရွေးရမဲ့ရက်ဖြစ်တယ်။ အခက်အခဲအမျိုးမျိုးကြောင့် အဲဒီနေ့ကျမှရွေးနိုင်ပြီး လာခဲ့တဲ့ခရီးကလဲ ခက်ခဲတော့ ညနေပိုင်းမှရောက်လာသတဲ့။ 

ဒါကြောင့်လယ်မြေကိုသွားရွေးတဲ့အခါမှာ နောက်ဆုံးရက်လဲဖြစ်…စာချုပ်ပါအရ ထိုနေ့ညနေအထိဆိုတော့ ညနေစောင်းသွားပြီဖြစ်တဲ့အတွက်  လက်မခံနိုင် တော့ကြောင်း….လယ်မြေများသိမ်းဆည်းလိုက်ပြီ ဖြစ်ကြောင်းပြောလိုက်လို့ဝမ်းနဲအားငယ်စွာနဲ့ပြန်လာရတာဖြစ်ကြောင်း။မိမိတို့မိသားစု ဘာဆက်လုပ်ရမည်မသိကြောင်း စောဘဦးကြီးကိုရှင်းပြသတဲ့။ ဒီအခါမှာ စောဘဦးကြီးက သူ့လက်ကနာရီကိုကြည့်ပြီး “ အခု ညနေ ၅ နာရီခွဲဘဲရှိသေးတယ် ဦးကြီးသွားပြောတဲ့အချိန်ကဆိုရင် ၅ နာရီ လောက်ဘဲရှိမယ် ဒါကြောင့် ၆ နာရီမထိုးသေးရင် အချိန်မှီသေးတယ်လို့ပြောလို့ရတယ် ကျွန်တော်သက်သေဘဲ။ ဒီကိစ္စတရားရုံးကို လျှောက်ပါ“ ဆိုပြီးလယ်သမားကြီးကိုအကြံပေးတယ်။  ဒီအခါမှာ လယ်သမားကြီးက “ဦးကြီးတို့ ဒီအဆင့်အထိ…နားမလည်...လက်လှမ်းမမှီပါဘူးကွယ် ။ ရုံးတို့ဂတ်တို့ဆိုတာ…..ရှေ့နေရှေ့ရပ်တွေနဲ့မှဖြစ်မှာ၊ ဦးကြီးတို့မှာ ဒီလိုရှေ့နေငှားရအောင်လဲ လက်လှမ်းမမှီ ငွေကြေးမပြည်စုံပါဘူး..... ဘ၀ကံအတိုင်းဘဲ ရှိပါစေတော့” လို့ပြန်ပြောသတဲ့ ၊ ဒီအခါမှာစောဘဦးကြီးက “ဒီမှာဦးကြီး ကျွန်တော်ဟာရှေ့နေဘဲ၊ ဦးကြီးကမတရားခံရတာ။ ဒီအမှုဟာရုံး ရောက်ရင် နိုင်ကိုနိုင်ရမယ်။ ဦးကြီးသာအမှုတင်ပါ... ကျွန်တော်လိုက်မယ်   ရှေ့နေခတစ်ပြားမှပေးစရာမလိုပါဘူး ကျွန်တော်မတရားမှုကိုမကြိုက်လို့ပါ”  ဆိုပြီး အားပေးရင်းနဲ့ တရားစွဲဖြစ်သွား ခဲ့တယ်တဲ့။


ဒီလိုနဲ့…စောဘဦးကြီးအဖေကတစ်ဖက်…စောဘဦးကြီးနဲ့လယ်သမားကြီးကတစ်ဘက်….အဆင့်ဆင့် တရားရင်ဆိုင်ကြရင်း…နောက်ဆုံးစီရင်ချက်ချတဲ့နေ့မှာ…စောဘဦးကြီးဟာ လက်သီးကျစ်ကျစ်ဆုတ်.... ခေါင်း ငိုက်ဆိုက်နဲ့ အိမ်ပြန်လာခဲ့ရတယ်။ တရားရုံးကစီရင်ချက်မှာ သူ့ဖခင်ဘက်ကိုအနိုင်ပေးလိုက်တယ်လေ။ အိမ်ပြန် ရောက်တော့ ဖခင်နဲ့မျက်နှာချင်းဆိုင်ရင်း စောဘဦးကြီးက ဒီအမှုမှာ သူ့ဘက်က ဥပဒေကြောင်းလျှောက်လှဲ ချက်တွေ ဘယ်လောက်ခိုင်ခိုင်မာမာ တင်ပြနိုင်ခဲ့ကြောင်း။ ဒါပေမဲ့တရားရုံးက ဆုံးဖြတ်ပုံ... မမျှတဟုထင်ကြောင်း….မကျေနပ်နိုင်ကြောင်း မကျေမနပ်နဲ့ပြောသတဲ့။ အဲဒီအခါမှာ စောဘဦးကြီးဖခင်က သူ့သားကို “အေး....မင်းလျှောက်လဲချက်တွေ အကုန်ပြည့်စုံပေမဲ့… မပြည့်စုံတာတစ်ခုရှိတယ်..... အဲဒါက.... အဲဒီတရားသူကြီးကို ငါကျွေးသလိုမင်းကျွေးမထားနိုင်ခဲ့ဘူးလေ” လို့ ခပ်အေးအေးပြန်ပြောသတဲ့။


သမိုင်းမ၀င်တဲ့ ဖြစ်ရပ်မှန်ပုံပြင်ကလေးကတော့ ဒါပါဘဲ ။ 

ဆိုလိုတာက...
ဥပဒေပညာရှင် စောဘဦးကြီးဟာ အဲဒီကထဲက..... ဥပဒေဆိုတာဟာ… တစ်ခါတရံမှာ တကယ်တမ်းရိုးသားတဲ့သူတွေကို ကာကွယ်ဖို့ထက်... နားလည်တဲ့လူလည် တွေက ဥပဒေနားမလည်တဲ့ ရိုးသားသူတွေကို ပိုပြီးဖိနှိပ်ဖို့ ”လက်နက်”သဖွယ် ဖြစ်တတ်တယ်ဆိုတာ….နားလည် သဘောပေါက်သွားပုံရပါတယ်။


 ဒီပုံကတော့ Oxford University မှာ ဘွဲ့ရစဉ်က ရှေ့နေ စောဘဦးကြီးရဲ့ပုံဖြစ်ပါတယ်။
မဟုတ်မမှန်ရင်မခံ အမှန်တရားအတွက်ဆို အဖေပါမကျန်တရားစွဲရဲတဲ့

“အာဇာနည်ကြီး စောဘဦးကြီး”


ဇာတ်လမ်းကဒီလိုပါ....... ခုနှစ်သက္ကရာဇ် အချိန်ကာလမပါပါ။

ဒေါက်တာစောဘဦးကြီးဟာ အင်္ဂလန်က ဥပဒေပညာဘွဲ့ရပြီး မြန်မာပြည်ပြန်ရောက်တဲ့အချိန် သူ့မိဘများနှင့် အတူနေထိုင်စဉ် တစ်နေ့မှာ….လယ်သမား ကြီးတစ်ဦးဟာ သူ့အိမ်ပေါ်ကနေခေါင်းငိုက်စိုက် မျက်ရည်စက်လက်နဲ့ ဆင်းသွားတာကို..... အိမ်ရှေ့ဝရန်တာမှာ စာဖတ်နေတဲ့ စောဘဦးကြီးကတွေ့လိုက်တယ်။

ဒါနဲ့အကြောင်းသိချင်လို့ထင်ပါရဲ့ ….. ခြံပြင်ရောက်သွားတဲ့လယ်သမား ကြီးနောက်ကိုလိုက်သွားပြီး အကျိုးအကြောင်းမေးတယ်။ လယ်သမားကြီးက စောဘဦးကြီးကို သူဆင်းလာတဲ့ အိမ်ပေါ်ကမှန်းမသိတော့ အကျိုးအကြောင်းရှင်းပြသတဲ့။ ဖြစ်စဉ်က အဲဒီလယ်မားကြီးဟာ သူပိုင်တဲ့လယ်မြေတွေ ကို စောဘဦးကြီးဖခင်ထံမှာ ပေါင်နှံထားခဲ့တယ်။ အဲဒီနေ့ဟာနောက်ဆုံးရွေးရမဲ့ရက်ဖြစ်တယ်။ အခက်အခဲအမျိုးမျိုးကြောင့် အဲဒီနေ့ကျမှရွေးနိုင်ပြီး လာခဲ့တဲ့ခရီးကလဲ ခက်ခဲတော့ ညနေပိုင်းမှရောက်လာသတဲ့။

ဒါကြောင့်လယ်မြေကိုသွားရွေးတဲ့အခါမှာ နောက်ဆုံးရက်လဲဖြစ်…စာချုပ်ပါအရ ထိုနေ့ညနေအထိဆိုတော့ ညနေစောင်းသွားပြီဖြစ်တဲ့အတွက် လက်မခံနိုင် တော့ကြောင်း….လယ်မြေများသိမ်းဆည်းလိုက်ပြီ ဖြစ်ကြောင်းပြောလိုက်လို့ဝမ်းနဲအားငယ်စွာနဲ့ပြန်လာရတာဖြစ်ကြောင်း။မိမိတို့မိသားစု ဘာဆက်လုပ်ရမည်မသိကြောင်း စောဘဦးကြီးကိုရှင်းပြသတဲ့။ ဒီအခါမှာ စောဘဦးကြီးက သူ့လက်ကနာရီကိုကြည့်ပြီး “ အခု ညနေ ၅ နာရီခွဲဘဲရှိသေးတယ် ဦးကြီးသွားပြောတဲ့အချိန်ကဆိုရင် ၅ နာရီ လောက်ဘဲရှိမယ် ဒါကြောင့် ၆ နာရီမထိုးသေးရင် အချိန်မှီသေးတယ်လို့ပြောလို့ရတယ် ကျွန်တော်သက်သေဘဲ။ ဒီကိစ္စတရားရုံးကို လျှောက်ပါ“ ဆိုပြီးလယ်သမားကြီးကိုအကြံပေးတယ်။ ဒီအခါမှာ လယ်သမားကြီးက “ဦးကြီးတို့ ဒီအဆင့်အထိ…နားမလည်...လက်လှမ်းမမှီပါဘူးကွယ် ။ ရုံးတို့ဂတ်တို့ဆိုတာ…..ရှေ့နေရှေ့ရပ်တွေနဲ့မှဖြစ်မှာ၊ ဦးကြီးတို့မှာ ဒီလိုရှေ့နေငှားရအောင်လဲ လက်လှမ်းမမှီ ငွေကြေးမပြည်စုံပါဘူး..... ဘ၀ကံအတိုင်းဘဲ ရှိပါစေတော့” လို့ပြန်ပြောသတဲ့ ၊ ဒီအခါမှာစောဘဦးကြီးက “ဒီမှာဦးကြီး ကျွန်တော်ဟာရှေ့နေဘဲ၊ ဦးကြီးကမတရားခံရတာ။ ဒီအမှုဟာရုံး ရောက်ရင် နိုင်ကိုနိုင်ရမယ်။ ဦးကြီးသာအမှုတင်ပါ... ကျွန်တော်လိုက်မယ် ရှေ့နေခတစ်ပြားမှပေးစရာမလိုပါဘူး ကျွန်တော်မတရားမှုကိုမကြိုက်လို့ပါ” ဆိုပြီး အားပေးရင်းနဲ့ တရားစွဲဖြစ်သွား ခဲ့တယ်တဲ့။

နိုင်ငံရေးကို နှာခေါင်းရှုံ့ခဲ့တဲ့ ရေပေါ်စီ လူတန်းစားတွေ(လူထုစိန်ဝင်း) by ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည် on Tuesday, November 27, 2012 at 1:38am ·


နိုင်ငံရေးကို နှာခေါင်းရှုံ့ခဲ့တဲ့ ရေပေါ်စီ လူတန်းစားတွေ(လူထုစိန်ဝင်း)

(အောက်တိုဘာ ၅ ရက်နေ့ထုတ် Favourite ဂျာနယ်မှာ ရေးထားတဲ့
ဆရာလူထုစိန်ဝင်းရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ တတိယအုပ်စု ဆိုသူတွေကို
ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ ဆရာ လူထုစိန်ဝင်းရဲ့ အမြင်ကို
သိနိုင်အောင် မျှဝေပေးလိုက် ပါတယ်။ )

"မြန်မာ လူမျိုးများရဲ့ နိုင်ငံရေး အသိအမြင် ဗဟုသုတက နိမ့်ကျနေသေး လေတော့
ဒီမိုကရေစီ စနစ် အောင်မြင်ပါ့မလား" အသက်နှစ်ဆယ်၊ အစိတ်ဝန်းကျင်
လူငယ်တွေနဲ့ စကားပြောကြတိုင်း ဒီမေးခွန်း တစ်ခုကို မေးမြဲဖြစ်တယ်။ သူတို့
စိတ်ထဲမှာ အနောက် နိုင်ငံကြီးတွေလို ဖွံ့ဖြိုး တိုးတက်နေတဲ့
နိုင်ငံကြီးတွေမှ ဒီမိုကရေစီ အောင်မြင်နိုင်တယ်လို့ ထင်မှတ် နေကြဟန်
ရှိပါတယ်။ တချို့ကျတော့လည်း နိုင်ငံရေးဆိုတာ နှာခေါင်း ရှုံစရာလို့
ယူဆပြီး တစ်သက်လုံး ဝေးဝေးရှောင်ခဲ့တဲ့ ရေပေါ်ဆီ လူတန်းစား "အီလစ်"(elite)
တွေ ပြောတဲ့ စကားသံတွေ ကြားပြီး "နဝေတိမ်တောင်" ဖြစ်နေကြပုံ ရပါတယ်။

အပေါ်ယံမှာ ဝေ့ကာဝဲကာ

Monday, November 26, 2012

အမျိုးသားတို့ စားသင့်သောအစားအသောက် - (၁၀) မျိုး

Htay Tint shared Thet Ko Oo's photo.
အမျိုးသားတို့ စားသင့်သောအစားအသောက် - (၁၀) မျိုး

အမျိုးသားတွေ အနေနဲ့ ဘဝတစ်လျှောက်လုံး ကျန်းမာရေးကောင်းနေဖို့အတွက် အမျှင်ဓာတ်များစွာ ပါဝင်ပြီး အဆီနည်း
တဲ့ အစာတွေကို များများစားသင့်ပေမယ့် အဆင်သင့်အစာတွေကိုပဲ ဖြစ်သလိုစားကြတာ များပါတ
ယ်။ အစားအသောက်
ရွေးချယ်မှု မှားယွင်းတဲ့အတွက် အဝလွန်တာ၊နှလုံးရောဂါနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။

၁။ ငှက်ပျောသီး

အခွံခွာထားတဲ့ ငှက်ပျောသီးတစ်လုံးမှာ ပိုတက်စီယမ်များစွာ ပါဝင်တာကြောင့် ကြွက်သား ကြွက်တက်တာ မဖြစ်အောင်
ကာကွယ်ပေးနိုင်ပြီး သွေးဖိအားကို လျော့ကျစေပါတယ်။ ငှက်ပျောသီးကိုစားရင် အဆစ်နဲ့ ကြွက်သားတွေကို နာကျင်မှု
ကင်းစေပါတယ်။ အကြောင်းကတော့ ငှက်ပျောသီးမှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင် ပါဝင်ပါတယ်။ ငှက်ပျောသီးမှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောကို လျော့ကျစေပါတယ်။ ဒါ့အပြင် မဂ္ဂနီစီယမ် ပါဝင်တာကြောင့် လေဖြတ်ဝေဒနာကို လျော့ကျစေပါတယ်။

၂။ ဂျုံမှုန့်အကြမ်း

အမျိုးသားတွေအတွက် အသင့်တော်ဆုံး နံနက်စာက ဂျုံမှုန့်အကြမ်းနဲ့ လုပ်ထားတဲ့ မုန့် (Oatmeal Snack) နဲ့ ကွေကာ
(Oatmeal Cereal) တို့ပဲဖြစ်ပါတယ်။ ဒီအစားအသောက်တွေကို မုန့်ပုံးတွေ၊ အဆင်သင့်စီမံထားတဲ့ ကွေကာအုတ်တွေ
အနေနဲ့ City Mart ဆိုင်ကြီးတွေမှာ ရနိုင်ပါတယ်။ ဂျုံမှုန့်အကြမ်းပါတဲ့ နံနက်စာ တစ်ကြိမ်စားရင် အမျှင်ဓာတ်များများပါ
ဝင်ပြီး ဗိုက်ပြည့်စေကာ သွေးတွင်း သကြားဓာတ်ဟန်ချက် ညီနေပါလိမ့်မယ်။ ဒါပေမဲ့ သွေးတွင်း ကိုလက်စထရောအဆီလျော့ကျပါလိမ့်မယ်။ ဂျုံမှုန့်အကြမ်းတွေမှာ ခုခံအားစနစ် ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှုကို တွန်းလှန်ပေးမယ့်ဗီတာမင်ဘီအုပ်စုနဲ့ အင်တီအောက်ဆီးဒင့် ပေါများစွာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ပေါများစွာ ပါဝင်ပါတယ်။

၃။ ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေများစွာ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးမှာ အရောင်ပြာစေ
တဲ့ အန်သိုဆိုင်ယာနင်ဆိုတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် ခန္ဓာကိုယ်အနှံ့ရှိ ဖရီးရယ်ဒီကယ်တွေကို ထိခိုက်
ပျက်စီးစေပါတယ်။ ဒါကြောင့် အိုမင်းမှုနဲ့ တစ်သျှူးထိခိုက်မှုတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၎။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက ဆီးကျိတ် ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ အကြောင်းကတော့ အင်တီအောက်ဆီးဒင့်လိုင်
ကိုပင်း ပါဝင်လို့ပါ။ အစွမ်းထက် ကာရိုတီးနွိုက် ပါဝင်တာကြောင့် ခရမ်းချဉ်သီးအရောင် နီမြန်းရတာ ဖြစ်ပြီး အမျိုးသားတစ်ဦးရဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေတဲ့ အစွမ်းရှိပါတယ်။ အထိရောက်ဆုံး အာနိသင်ရဖို့အတွက်မစားခင်မှာ ခရမ်းချဉ်သီးကို ချက်ပြီးစားသင့်ပါတယ်။ ချက်ပြီးသား ခရမ်းချဉ်သီးဟင်းမှာပါတဲ့ လိုင်ကိုပင်းကို ခန္ဓာကိုယ်ကပိုမိုစုပ်ယူနိုင်ပါတယ်။

၅။ သံလွင်ဆီ

တစ်နေ့မှာ သံလွင်ဆီ ထမင်းစားဇွန်းနှစ်ဇွန်းစားပေးရင် ကိုယ်အလေးချိန်ကို လျော့ကျစေကာစိတ်ခံစားမှု ကောင်းစေပြီး
ရောဂါဝေဒနာဖြစ်နှုန်းကို လျော့ကျစေပါတယ်။ သံလွင်ဆီကကောင်းတဲ့အဆီဖြစ်ပြီး မပြည့်ဝဆီ ဖြစ်တာကြောင့် ကာရိုတီးနွိုက်နဲ့ ဗီတာမင်အီးတွေလို အင်တီအောက်ဆီးဒင့်ပါဝင်ပါတယ်။ ဒါကြောင့်သံလွင်ဆီကို စားရင်သွေးဖိအားကို လျော့ကျစေပြီး ကင်ဆာရောဂါ ကြီးထွားမှုကို လျော့ကျစေကာ ရင်ကျပ်ပန်းနာနဲ့ အဆစ်ရောင်နာရဲ့ ပြင်းထန်မှုကို လျော့နည်းစေပါတယ်။ သံလွင်ဆီမှာ ရောင်ရမ်းမှုနဲ့ နာကျင်မှုကို လျော့ကျစေမယ့် ရောင်ရမ်းမှုကျစေတဲ့ အာနိသင် ရှိတာကြောင့်ပါ။

၆။ သီဟိုဠ်စေ့

သီဟိုဠ်စေ့မှာ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဆီလီနီယမ်၊ မဂ္ဂနီစီယမ်နဲ့ ဗီတာမင်အီးတို့ ပါဝင်တာကြောင့် ဆီးကျိတ်ကို
ကာကွယ်ပေးနိုင်ပါတယ်။ သီဟိုဠ်စေ့မှာ အပင်ထွက် အိုမီဂါ ၃ ဖက်တီးအက်စစ် ကောင်းမွန်စွာ ပါဝင်ပါတယ်။ လေ့လာမှုအရ သီဟိုဠ်စေ့စားတဲ့ ကျန်းမာနေတဲ့ သူကကောင်းတဲ့ ကိုလက်စထရော ပမာဏ မြင့်တက်နေပြီး မကောင်းတဲ့ကိုလက်စထရော လျော့ကျနေတာကြောင့် နှလုံးသွေးကြောရောဂါ အန္တရာယ်ကို လျော့နည်းစေပါတယ်။

၇။ ပန်းဂေါ်ဖီစိမ်း

နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေဟာ အသက် ၃၅နှစ်ကျော်တဲ့ အမျိုးသားတွေမှာအဖြစ်များဆုံး ကျန်းမာရေးအန္တရာယ်
တွေ ဖြစ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းဟာ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီ
စိမ်းမှာ ခုခံအားစနစ်ကို တိုးမြင့်စေတဲ့ ဗီတာမင်အေ၊ စီနဲ့ အီးတို့ ပါဝင်ပါတယ်။ ဒါကြောင့် သွေးဖိအားကို ကောင်းမွန်စေ
ပါတယ်။ ပန်းဂေါ်ဖီစိမ်းကို စားတာကြောင့် ခန္ဓာကိုယ်ထဲကဟိုမိုစစ်စတင်း အဆင့်ကို လျော့ကျစေပါတယ်။ ခန္ဓာကိုယ်ထဲ
မှာ ဟိုမိုစစ်စတင်း အဆင့်များရင် နှလုံးရောဂါ၊လေဖြတ်ဝေဒနာနဲ့ နှလုံးနဲ့ ဆက်စပ်နေတဲ့ တခြားကျန်းမာရေး ပြဿနာ
တွေရဲ့ ဖြစ်နှုန်းကို တိုးစေပါတယ်။ အမျိုးသားတွေအနေနဲ့ ကင်ဆာရောဂါ ကင်းစေဖို့အတွက်သံဓာတ်၊ ကယ်လ်စီယမ်၊အမျှင်ဓာတ်၊ ဘီတာကယ်ရိုတင်းနဲ့ ဆာဖိုရာဖိန်းတွေ များစွာပါဝင်တဲ့ အစာတွေကို စားပေးသင့်ပါတယ်။

၈။ အဆီများသော ငါး

အဆီများတဲ့ ငါးတွေမှာ ကျန်းမာရေးအာနိသင် များများ ရှိပါတယ်။ ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ ဆာဒင်းငါးတွေမှာ အိုမီဂါ
၃ ဖက်တီးအက်စစ် ပေါများစွာ ပါဝင်ပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ထရစ်ပတိုဖန် ပါဝင်တာကြောင့်တစ်နေ့လုံး စိတ်တည်ငြိမ် အေးချမ်းပြီး တက်ကြွကာ အိပ်ရေးဝဝ အိပ်မောကျစေပါတယ်။

၉။ ပဲမည်း

ပဲမည်းမှာ ဆိုဒီယမ်၊ အဆီ၊ကိုလက်စထရောတို့ ပါဝင်မှုနည်းတဲ့ ပရိုတင်းပုံစံပါဝင်ပြီး အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။
ဒါကြောင့် ပဲမည်းကို စားပေးတဲ့အခါမှာ တစ်နေ့လုံး စွမ်းအင်တိုးစေပြီး မကောင်းတဲ့ ကိုလက်စထရောကို လျော့နည်းစေ
ပါတယ်။ လေ့လာမှုအရ ပဲကပိုမည်းလေလေ အင်တီအောက်ဆီးဒင့် ပါဝင်မှုများလေလေဖြစ်တာကြောင့် ကင်ဆာနဲ့နှလုံးရောဂါတို့ မဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။

၁ဝ။ လက်ဖက်စိမ်း လက်ဖက်ရည်

သင့်ခင်ပွန်းကို လက်ဖက်စိမ်း လက်ဖက်ရည် တစ်နေ့တစ်ခွက် တိုက်ပါ။ လက်ဖက်စိမ်း လက်ဖက်ရည်မှာ အင်တီအောက်
ဆီးဒင့် ကက်တီချင် ပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေရဲ့ လှုပ်ရှားမှုကို တားဆီးပေးပြီး ခုခံအားစနစ်ကိုကောင်းစေတဲ့
အင်ဇိုင်းတွေ ထုတ်လုပ်မှုကို ကောင်းမွန်အောင် လှုံ့ဆော်ပေးပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်မှာပါတဲ့ ကတ်တီချင်
က တခြား လက်ဖက်ရည်တွေမှာပါတဲ့ ပမာဏထက် ပိုများတာကြောင့် ကင်ဆာကာကွယ်ရေးမှာ ပိုအစွမ်းထက်ပါတယ်။

By Good Health Originally posted
အမျိုးသားတို့ စားသင့်သောအစားအသောက် - (၁၀) မျိုး

အမျိုးသားတွေ အနေနဲ့ ဘဝတစ်လျှောက်လုံး ကျန်းမာရေးကောင်းနေဖို့အတွက် အမျှင်ဓာတ်များစွာ ပါဝင်ပြီး အဆီနည်း
တဲ့ အစာတွေ
ကို များများစားသင့်ပေမယ့် အဆင်သင့်အစာတွေကိုပဲ ဖြစ်သလိုစားကြတာ များပါတ
ယ်။ အစားအသောက်
ရွေးချယ်မှု မှားယွင်းတဲ့အတွက် အဝလွန်တာ၊နှလုံးရောဂါနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။

၁။ ငှက်ပျောသီး

အခွံခွာထားတဲ့ ငှက်ပျောသီးတစ်လုံးမှာ ပိုတက်စီယမ်များစွာ ပါဝင်တာကြောင့် ကြွက်သား ကြွက်တက်တာ မဖြစ်အောင်
ကာကွယ်ပေးနိုင်ပြီး သွေးဖိအားကို လျော့ကျစေပါတယ်။ ငှက်ပျောသီးကိုစားရင် အဆစ်နဲ့ ကြွက်သားတွေကို နာကျင်မှု
ကင်းစေပါတယ်။ အကြောင်းကတော့ ငှက်ပျောသီးမှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင် ပါဝင်ပါတယ်။ ငှက်ပျောသီးမှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောကို လျော့ကျစေပါတယ်။ ဒါ့အပြင် မဂ္ဂနီစီယမ် ပါဝင်တာကြောင့် လေဖြတ်ဝေဒနာကို လျော့ကျစေပါတယ်။