တရုပ်ခေါင်းဆောင်သစ်အတွက် စိန်ခေါ်မှုများ
Aung Moe Win
အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲစတင်တော့မှာဖြစ်သလို၊ တရုပ်ပြည်မှာလည်း ခေါင်းဆောင်သစ်တယောက်ကို လွှဲပြောင်းရတော့မယ်။
၁၈ ကြိမ်မြောက်တရုပ်ပြည်ကွန်မြူနစ်ပါတီညီလာခံဟာ ပြုပြင်ပြောင်းလဲရေးကို မဖြစ်မနေလုပ်ရတော့မယ် လို့ အကြံပေးကြတယ်။
လွတ်လပ်တဲ့အာရှအသံရဲ့ နိုဝင်ဘာ (၁) ရက်နေ့၊ ကြာသာပတေးနေ့ညပိုင်းမှာ တင်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။
သောတရှင်များခင်ဗျား
တရုပ်ပြည် ရှန်ဆီဒေသ ဆီက ယင်အန်းတောင်တန်း နဲ့ ယင်အန်းစာပေဆွေးနွေးပွဲအကြောင်းကို ဖတ်ဖူးမိကြပါလိမ့်မယ်။
ကွန်မြူနစ်တော်လှန်ရေးရဲ့ ဗဟိုအဖြစ်လူသိများခဲ့တဲ့
ယင်အန်းတောင်တန်းကြီးပေါ်မှာ လယ်သမားတွေရဲ့ဘဝကို ခြယ်မှုန်းလေ့ရှိတဲ့
ဆိုရှယ်လစ်သရုပ်မှန်စာပေတွေ ပေါ်ပေါက်လာဖို့အတွက်
တရုပ်ကွန်မြူနစ်ခေါင်းဆောင်တွေ စိတ်ကူးဥာဏ်ကွန့်မြူးခဲ့ကြသလို၊
တော်လှန်ရေးဒီရေကိုဆက်လက်သယ်ဆောင်မဲ့ တပ်နီလူငယ်များအတွက်
လက်တွေ့ကွင်းဆင်းရာနေရတခုလည်းဖြစ်ခဲ့ပါတယ်။
နာမည်ကျော်
စာရေးဆရာတဦးဖြစ်သူ အက်ဂါစနိုး အပါအဝင် အနောက်တိုင်းသတင်းစာဆရာတွေ၊
စာရေးဆရာတွေလည်း ယင်အန်းတောင်တန်းကြီးကို အနီရောင်မြို့တော်ကြီးအဖြစ်
ခေါ်ဆိုခဲ့ဘူးပါတယ်။ တရုပ်တော်လှန်ရေးကို ဂုဏ်ယူလေ့ရှိတဲ့
လက်ရှိအစိုးရခေါင်းဆောင်ပိုင်းကလည်း ယင်အန်းမြို့တော်ထဲမှာ
တော်လှန်ေ၇းအထိမ်းအမှတ် အဆောက်အဦကြီးတခုအတွက် ဒေါ်လာသန်းပေါင်း (၈၀)
ကျော်ဖိုး အကုန်အကျခံဆောက်ခဲ့သလို၊ လာရောက်လည်ပတ်သူတွေကလည်း ယခင်နှစ်တွေထက်
သုံးဆလောက်များလာခဲ့ပါတယ်။
၂၀၁၁ ခုနှစ် တနှစ်ထဲမှာတင် ကမ္ဘာလှည့်ခရီးသွား သန်းနှစ်ဆယ်ကျော်အလည်ရောက်ခဲ့တာကြောင့် ၁.၇ ဘီလျှံကျော် ဝင်ငွေရရှိခဲ့ပါတယ်။
တခါတုံးကတော့ ဒီတောင်တန်းကြီးပေါ်က အေးစက်နေတဲ့ ဂူတွေထဲမှာ
တော်လှန်ရေးသမားတွေ ပုန်းအောင်းခဲ့ကြပြီး၊ ဖုံတက်နေတဲ့စားပွဲတွေပေါ်မှာ
အဖိနှိပ်ခံလယ်သမားတွေအတွက် ကဗျာ၊ ဝတ္ထုတိုတွေရေးခဲ့ကြတယ်။ ပြည်သူ့ဒီမိုကရေစီ
ဆိုတဲ့ စာတမ်းကြီးကို ချိတ်ဆွဲခဲ့ကြတယ်။ ဥက္ကဋ္ဌကြီး မော်စီတုံး ကိုယ်တိုင်
ပါတီစုံဒီမိုကရေစီ စံနစ်ကျင့်သုံးဖို့ ပြောဆိုခဲ့ပေမဲ့ သူ
အာဏာရလာတဲ့အခါကျတော့ ကွန်မြူနစ်ပါတီဟာ ဆန့်ကျင်ဘက်လမ်းကြောင်းကို
ပြောင်းလဲသွားနေပြီ ဆိုတာ သတိထားခဲ့မိတယ်။တကယ်တော့ ကွန်မြူနစ်ပါတီဟာ
လယ်သမားထု၊ အလုပ်သမားထုကို ကိုယ်စားပြုတယ် လို့ပြောနေခဲ့ပေမဲ့ သူတို့
အုပ်စိုးတဲ့ ၆၃ နှစ်အတွင်းမှာ ကျနော်တို့ ယင်အန်းဒေသက လယ်သမားတွေရဲ့
လူနေမှုအဆင့်အတန်းကတော့ ဘာမှမပြောင်းလဲခဲ့ဘူး။
ဆယ်စုနှစ်
ငါးခုခြောက်ခုလောက်ကျော်လွန်လာခဲ့တဲ့အချိန်မှာတော့ တရုပ်တော်လှန်ရေးမှာ
အဓိက အင်အားစုတရပ်ဖြစ်တဲ့ လယ်သမားတွေဟာ ကွန်မြူနစ်တော်လှန်ရေးရဲ့
အသီးအပွင့်ကို သံသယရှိလာခဲ့ကြပါတယ်။ လယ်သမား၊ အလုပ်သမားထုရဲ့ ဘဝတွေကို
ပုံဖေါ်ရေးသားရမယ် ဆိုတဲ့ ဆိုရှယ်လစ်ရေးကြွေးကြော်သံတွေအစား သူတို့ရဲ့
လယ်ယာမြေတွေကို ဘူဒိုဇာ နဲ့ ထိုးမဲ့ သူတွေသာ ရောက်ရှိလို့လာခဲ့ပါတယ်။ ၂၀၁၀
ခုနှစ် တနှစ်ထဲမှာတင် လယ်သမားဆန္ဒပြပွဲတွေနဲ့
ရုန်းရင်းဆန်ခပ်ဖြစ်ပွားမှုပေါင်း တသိန်း ရှစ်သောင်းကျော်ရှိခဲ့တယ် လို့
ဆိုပါတယ်။
ကျနော်တို့တော်လှန်ရေးရဲ့ အဓိက ရည်ရွယ်ချက်က ဒီမိုကရေစီ နဲ့
လွတ်လပ်မှုဗျ။ ကွန်မြူနစ်ပါတီဟာ ခြစားအကျင့်ပျက်မှု နဲ့ ဇိမ်ခံမှုတွေကို
ဆန့်ကျင်ရမယ် ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဂုဏ်ယူခဲ့ကြတယ်။ ခုတော့
ပါတီခေါင်းဆောင်တွေဟာ တခါတုံးက ကွန်မြူနစ်တွေ ဆန့်ကျင်ခဲ့ကြတဲ့
လူတန်းစားတွေအတိုင်းနေထိုင်လာကြတယ်။ အဖေက အင်ပါယာဘုရင်မင်းမြတ်ဖြစ်တဲ့အခါ၊
သားတော်မောင်ကလည်း တချိန်မှာ အလိုလို မင်းဖြစ်လာ၊ ရာထူးရလာတဲ့
အဖြစ်လိုမျိုးဖြစ်လာတယ်။ ပါတီခေါင်းဆောင်ပိုင်းတွေဟာ ခရိုနီတွေနဲ့ပေါင်း၊
ချမ်းသာစီးပွားဖြစ်ကြပြီး၊ သူတို့ရဲ့ သြဇာစက်ဝိုင်းတွေကို
တဖြည်းဖြည်းချဲ့ထွင်လာခဲ့တယ်။ ဒါဟာ တရုပ်ပုံစံဆိုရှယ်လစ် စံနစ်ဆိုရင်တော့
အင်မတန်မှားယွင်းတဲ့ စံနစ်ပဲဖြစ်မယ်။ တကယ်တော့ ငါ့မှာ အာဏာပါဝါရှိရမယ်။
ငါဟာ အရာရှိဖြစ်ရမယ်။ ဒါမှ ဥပဒေမဲ့ လုပ်ရပ်တွေကို လုပ်လို့ရမယ်
ဆိုတဲ့အတွေးအခေါ်တွေပါဗျာ။
တကယ်တော့ ၂၀၁၂ ခုနှစ်မှာ တရုပ်ပြည်ရဲ့
ခေါင်းဆောင်သစ်အဖြစ်လွှဲပြောင်းတာဝန်ယူမဲ့သူအတွက်တော့
လမ်းဆုံလမ်းခွတခုဖြစ်သလို၊ စိန်ခေါ်မှုတွေကလည်း စောင့်ကြိုနေပါတယ်။
ပြည်သူတွေဟာ ပွင့်ပွင့်လင်းလင်း ရွေးချယ်မှု နဲ့ တိုက်ရိုက်
ရွေးကောက်ပွဲတွေကို လိုချင်နေခဲ့ကြပါတယ်။
ကျနော်တို့ကျေးရွာတွေမှာဆိုရင် မြေပိုင်ရှင်ခေတ်ထက် ဆိုးတယ်လေ။
မြေပိုင်ရှင်ခေတ်တုံးက မြေရှင်ကြွေးရှင်ကိုပဲကြောက်ရတယ်။ အခုတော့ ၁၀
ယောက်လောက်ကြောက်နေရတယ်။ ပါတီခေါင်းဆောင်၊ လယ်ယာကောင်စီ၊ ဒေသအကြီးအကဲ၊
ရုံးဝန်ထမ်း -- အစုံပါပဲဗျာ။ ဒါကြောင့် ကျနော်တို့ရဲ့ ခံစားချက်ကို
ကွန်မြူနစ်ပါတီကွန်ဂယက်ထဲမှာ ပြောနိုင်မဲ့ ကိုယ်စားလှယ်ကို
ကျနော်တို့ဘာသာရွေးချယ်ချင်တယ်။ တိုက်ရိုက်ဒီမိုကရေစီကို တောင်းနေတာပေါ့။
တရုပ်ပြည်ကြီးရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ နှေးကွေးလာခဲ့သလို၊
ကွန်မြူနစ်ပါတီအတွင်းမှာလည်း ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးနေတဲ့
အသံတွေက ပိုပြီးညံနေခဲ့ပါတယ်။ ပါတီတွင်းမှာလည်း အရှုပ်တော်ပုံတွေက
တခုပြီးတခုပေါ်နေခဲ့တယ်။
တရုပ်ပြည်ကြီးဟာ မြို့ပြဖွံ့ဖြိုးရေး၊
ဈေးကွက်စီးပွားရေးတွေအောက်မှာ အလျင်အမြန်တိုးတက်ခဲ့ပေမဲ့
ဆင်းရဲချမ်းသာကွာဟမှုနှုန်းကလည်း ကြောက်ခမန်းလိလိ မြင့်တက်ခဲ့ပါတယ်။
မြို့နေလူတန်းစားဟာ ကျေးလက်ဒေသပြည်သူတွေထက် ဝင်ငွေ သုံးဆကျော်ရကြပါတယ်။
ဒါကြောင့်လည်း ကျေးလက်ပြည်သူတွေဟာ သူတို့ဘဝတွေကို မြို့နေလူထုနဲ့
နှိုင်းယှဉ်ပြီး မကျေမနပ်ခံစားခဲ့ကြရပါတယ်။
Aung Moe Win
အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲစတင်တော့မှာဖြစ်သလို၊ တရုပ်ပြည်မှာလည်း ခေါင်းဆောင်သစ်တယောက်ကို လွှဲပြောင်းရတော့မယ်။
၁၈ ကြိမ်မြောက်တရုပ်ပြည်ကွန်မြူနစ်ပါတီညီလာခံဟာ ပြုပြင်ပြောင်းလဲရေးကို မဖြစ်မနေလုပ်ရတော့မယ် လို့ အကြံပေးကြတယ်။
လွတ်လပ်တဲ့အာရှအသံရဲ့ နိုဝင်ဘာ (၁) ရက်နေ့၊ ကြာသာပတေးနေ့ညပိုင်းမှာ တင်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။
သောတရှင်များခင်ဗျား
တရုပ်ပြည် ရှန်ဆီဒေသ ဆီက ယင်အန်းတောင်တန်း နဲ့ ယင်အန်းစာပေဆွေးနွေးပွဲအကြောင်းကို ဖတ်ဖူးမိကြပါလိမ့်မယ်။
ကွန်မြူနစ်တော်လှန်ရေးရဲ့ ဗဟိုအဖြစ်လူသိများခဲ့တဲ့ ယင်အန်းတောင်တန်းကြီးပေါ်မှာ လယ်သမားတွေရဲ့ဘဝကို ခြယ်မှုန်းလေ့ရှိတဲ့ ဆိုရှယ်လစ်သရုပ်မှန်စာပေတွေ ပေါ်ပေါက်လာဖို့အတွက် တရုပ်ကွန်မြူနစ်ခေါင်းဆောင်တွေ စိတ်ကူးဥာဏ်ကွန့်မြူးခဲ့ကြသလို၊ တော်လှန်ရေးဒီရေကိုဆက်လက်သယ်ဆောင်မဲ့ တပ်နီလူငယ်များအတွက် လက်တွေ့ကွင်းဆင်းရာနေရတခုလည်းဖြစ်ခဲ့ပါတယ်။
နာမည်ကျော် စာရေးဆရာတဦးဖြစ်သူ အက်ဂါစနိုး အပါအဝင် အနောက်တိုင်းသတင်းစာဆရာတွေ၊ စာရေးဆရာတွေလည်း ယင်အန်းတောင်တန်းကြီးကို အနီရောင်မြို့တော်ကြီးအဖြစ် ခေါ်ဆိုခဲ့ဘူးပါတယ်။ တရုပ်တော်လှန်ရေးကို ဂုဏ်ယူလေ့ရှိတဲ့ လက်ရှိအစိုးရခေါင်းဆောင်ပိုင်းကလည်း ယင်အန်းမြို့တော်ထဲမှာ တော်လှန်ေ၇းအထိမ်းအမှတ် အဆောက်အဦကြီးတခုအတွက် ဒေါ်လာသန်းပေါင်း (၈၀) ကျော်ဖိုး အကုန်အကျခံဆောက်ခဲ့သလို၊ လာရောက်လည်ပတ်သူတွေကလည်း ယခင်နှစ်တွေထက် သုံးဆလောက်များလာခဲ့ပါတယ်။
၂၀၁၁ ခုနှစ် တနှစ်ထဲမှာတင် ကမ္ဘာလှည့်ခရီးသွား သန်းနှစ်ဆယ်ကျော်အလည်ရောက်ခဲ့တာကြောင့် ၁.၇ ဘီလျှံကျော် ဝင်ငွေရရှိခဲ့ပါတယ်။
တခါတုံးကတော့ ဒီတောင်တန်းကြီးပေါ်က အေးစက်နေတဲ့ ဂူတွေထဲမှာ တော်လှန်ရေးသမားတွေ ပုန်းအောင်းခဲ့ကြပြီး၊ ဖုံတက်နေတဲ့စားပွဲတွေပေါ်မှာ အဖိနှိပ်ခံလယ်သမားတွေအတွက် ကဗျာ၊ ဝတ္ထုတိုတွေရေးခဲ့ကြတယ်။ ပြည်သူ့ဒီမိုကရေစီ ဆိုတဲ့ စာတမ်းကြီးကို ချိတ်ဆွဲခဲ့ကြတယ်။ ဥက္ကဋ္ဌကြီး မော်စီတုံး ကိုယ်တိုင် ပါတီစုံဒီမိုကရေစီ စံနစ်ကျင့်သုံးဖို့ ပြောဆိုခဲ့ပေမဲ့ သူ အာဏာရလာတဲ့အခါကျတော့ ကွန်မြူနစ်ပါတီဟာ ဆန့်ကျင်ဘက်လမ်းကြောင်းကို ပြောင်းလဲသွားနေပြီ ဆိုတာ သတိထားခဲ့မိတယ်။တကယ်တော့ ကွန်မြူနစ်ပါတီဟာ လယ်သမားထု၊ အလုပ်သမားထုကို ကိုယ်စားပြုတယ် လို့ပြောနေခဲ့ပေမဲ့ သူတို့ အုပ်စိုးတဲ့ ၆၃ နှစ်အတွင်းမှာ ကျနော်တို့ ယင်အန်းဒေသက လယ်သမားတွေရဲ့ လူနေမှုအဆင့်အတန်းကတော့ ဘာမှမပြောင်းလဲခဲ့ဘူး။
ဆယ်စုနှစ် ငါးခုခြောက်ခုလောက်ကျော်လွန်လာခဲ့တဲ့အချိန်မှာတော့ တရုပ်တော်လှန်ရေးမှာ အဓိက အင်အားစုတရပ်ဖြစ်တဲ့ လယ်သမားတွေဟာ ကွန်မြူနစ်တော်လှန်ရေးရဲ့ အသီးအပွင့်ကို သံသယရှိလာခဲ့ကြပါတယ်။ လယ်သမား၊ အလုပ်သမားထုရဲ့ ဘဝတွေကို ပုံဖေါ်ရေးသားရမယ် ဆိုတဲ့ ဆိုရှယ်လစ်ရေးကြွေးကြော်သံတွေအစား သူတို့ရဲ့ လယ်ယာမြေတွေကို ဘူဒိုဇာ နဲ့ ထိုးမဲ့ သူတွေသာ ရောက်ရှိလို့လာခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် တနှစ်ထဲမှာတင် လယ်သမားဆန္ဒပြပွဲတွေနဲ့ ရုန်းရင်းဆန်ခပ်ဖြစ်ပွားမှုပေါင်း တသိန်း ရှစ်သောင်းကျော်ရှိခဲ့တယ် လို့ ဆိုပါတယ်။
ကျနော်တို့တော်လှန်ရေးရဲ့ အဓိက ရည်ရွယ်ချက်က ဒီမိုကရေစီ နဲ့ လွတ်လပ်မှုဗျ။ ကွန်မြူနစ်ပါတီဟာ ခြစားအကျင့်ပျက်မှု နဲ့ ဇိမ်ခံမှုတွေကို ဆန့်ကျင်ရမယ် ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဂုဏ်ယူခဲ့ကြတယ်။ ခုတော့ ပါတီခေါင်းဆောင်တွေဟာ တခါတုံးက ကွန်မြူနစ်တွေ ဆန့်ကျင်ခဲ့ကြတဲ့ လူတန်းစားတွေအတိုင်းနေထိုင်လာကြတယ်။ အဖေက အင်ပါယာဘုရင်မင်းမြတ်ဖြစ်တဲ့အခါ၊ သားတော်မောင်ကလည်း တချိန်မှာ အလိုလို မင်းဖြစ်လာ၊ ရာထူးရလာတဲ့ အဖြစ်လိုမျိုးဖြစ်လာတယ်။ ပါတီခေါင်းဆောင်ပိုင်းတွေဟာ ခရိုနီတွေနဲ့ပေါင်း၊ ချမ်းသာစီးပွားဖြစ်ကြပြီး၊ သူတို့ရဲ့ သြဇာစက်ဝိုင်းတွေကို တဖြည်းဖြည်းချဲ့ထွင်လာခဲ့တယ်။ ဒါဟာ တရုပ်ပုံစံဆိုရှယ်လစ် စံနစ်ဆိုရင်တော့ အင်မတန်မှားယွင်းတဲ့ စံနစ်ပဲဖြစ်မယ်။ တကယ်တော့ ငါ့မှာ အာဏာပါဝါရှိရမယ်။ ငါဟာ အရာရှိဖြစ်ရမယ်။ ဒါမှ ဥပဒေမဲ့ လုပ်ရပ်တွေကို လုပ်လို့ရမယ် ဆိုတဲ့အတွေးအခေါ်တွေပါဗျာ။
တကယ်တော့ ၂၀၁၂ ခုနှစ်မှာ တရုပ်ပြည်ရဲ့ ခေါင်းဆောင်သစ်အဖြစ်လွှဲပြောင်းတာဝန်ယူမဲ့သူအတွက်တော့ လမ်းဆုံလမ်းခွတခုဖြစ်သလို၊ စိန်ခေါ်မှုတွေကလည်း စောင့်ကြိုနေပါတယ်။ ပြည်သူတွေဟာ ပွင့်ပွင့်လင်းလင်း ရွေးချယ်မှု နဲ့ တိုက်ရိုက် ရွေးကောက်ပွဲတွေကို လိုချင်နေခဲ့ကြပါတယ်။
ကျနော်တို့ကျေးရွာတွေမှာဆိုရင် မြေပိုင်ရှင်ခေတ်ထက် ဆိုးတယ်လေ။ မြေပိုင်ရှင်ခေတ်တုံးက မြေရှင်ကြွေးရှင်ကိုပဲကြောက်ရတယ်။ အခုတော့ ၁၀ ယောက်လောက်ကြောက်နေရတယ်။ ပါတီခေါင်းဆောင်၊ လယ်ယာကောင်စီ၊ ဒေသအကြီးအကဲ၊ ရုံးဝန်ထမ်း -- အစုံပါပဲဗျာ။ ဒါကြောင့် ကျနော်တို့ရဲ့ ခံစားချက်ကို ကွန်မြူနစ်ပါတီကွန်ဂယက်ထဲမှာ ပြောနိုင်မဲ့ ကိုယ်စားလှယ်ကို ကျနော်တို့ဘာသာရွေးချယ်ချင်တယ်။ တိုက်ရိုက်ဒီမိုကရေစီကို တောင်းနေတာပေါ့။
တရုပ်ပြည်ကြီးရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ နှေးကွေးလာခဲ့သလို၊ ကွန်မြူနစ်ပါတီအတွင်းမှာလည်း ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးနေတဲ့ အသံတွေက ပိုပြီးညံနေခဲ့ပါတယ်။ ပါတီတွင်းမှာလည်း အရှုပ်တော်ပုံတွေက တခုပြီးတခုပေါ်နေခဲ့တယ်။
တရုပ်ပြည်ကြီးဟာ မြို့ပြဖွံ့ဖြိုးရေး၊ ဈေးကွက်စီးပွားရေးတွေအောက်မှာ အလျင်အမြန်တိုးတက်ခဲ့ပေမဲ့ ဆင်းရဲချမ်းသာကွာဟမှုနှုန်းကလည်း ကြောက်ခမန်းလိလိ မြင့်တက်ခဲ့ပါတယ်။ မြို့နေလူတန်းစားဟာ ကျေးလက်ဒေသပြည်သူတွေထက် ဝင်ငွေ သုံးဆကျော်ရကြပါတယ်။ ဒါကြောင့်လည်း ကျေးလက်ပြည်သူတွေဟာ သူတို့ဘဝတွေကို မြို့နေလူထုနဲ့ နှိုင်းယှဉ်ပြီး မကျေမနပ်ခံစားခဲ့ကြရပါတယ်။