Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Saturday, February 2, 2013
“ စစ္ပြဲ ” by ၿမေသြးနီ
July Moe shared မြသွေးနီ's photo.
“ စစ်ပွဲ ”
အလျှင်အမြန်နီးလာတယ်..
တဖြည်းဖြည်း ဝေးသွားတတ်တယ် ..
ဘယ်သူ့ဘယ်သူမှ နားစွင့်စရာ…
မလိုဘူး..။
အကြိမ်ကြိမ်အံကြိတ်ရမယ်..
တစ်ခါတစ်ရံမကငိုကြွေးရလိမ့်မယ်..
ပြီးတော့…
အဆုံးသတ်ကို မျှော်လင့်ပြန်တယ်..။
အပျက်အစီးဆိုတာယဉ်ပါးတတ်လာတော့
မပျက်စီးတာတွေ မရိုင်းစိုင်းအောင်
အကာအကွယ်တွေ ပေးဆပ်ရင်း..
အမုန်းတွေအပြိုင်းအရိုင်းအဖြစ်
အဲ့ဒါကြီးကို…
မြင့်မြင့်မားမားထူထောင်ကြတယ်..။
မုန်းစရာကောင်းတာက
ပန်းတိုင်မရှိတဲ့ ယှဉ်ပြိုင်ပွဲမှာ
ဘာကိုမျှော်မှန်းရမှန်းမသိခင်
အသက်၀၀ရှူခွင့်
ဆက်လက်ရှိနိုင်ဖို့…
အဲ့ဒါကြီးကြောင့်ဘဲ..
တခြားသူတွေ အသက်ကို နင်းခြေပစ်ရတယ်..။
အားလုံးမဟုတ်တောင်..
အများစုကတော့….
အဖေနဲ့အမေကိုဝေးကွာစေတဲ့…
အဖေနဲ့အမေဆီက..
သား…သမီး..ကို…
ပျော်ရွှင်ခွင့်မဲ့စေတဲ့….
ချစ်သူတွေချင်းကို
ကွာဝေးစေတဲ့
…….စေတဲ့
…….စေတဲ့ ။
ဘာဘဲဖြစ်ဖြစ်
တစ်ကမ္ဘာလုံးရဲ့ချစ်သူတွေ..
ကျခဲ့တဲ့မျက်ရည်တွေအတွက်
အဲ့ဒါကြီးကို…
သက်ဆိုးမရှည်စေချင်ဘူး..။
မြသွေးနီ
www.myathwayni.com
( ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးတွေ အမြန်ဆုံး ငြိမ်းပါစေ..)
(Photo was taken at Vietnam War and Credit to http://photo-icio.ru)
“ စစ်ပွဲ ”
အလျှင်အမြန်နီးလာတယ်..
တဖြည်းဖြည်း ဝေးသွားတတ်တယ် ..
ဘယ်သူ့ဘယ်သူမှ နားစွင့်စရာ…
မလိုဘူး..။
အကြိမ်ကြိမ်အံကြိတ်ရမယ်..
တစ်ခါတစ်ရံမကငိုကြွေးရလိမ့်မယ်..
ပြီးတော့…
အဆုံးသတ်ကို မျှော်လင့်ပြန်တယ်..။
အပျက်အစီးဆိုတာယဉ်ပါးတတ်လာတော့
မပျက်စီးတာတွေ မရိုင်းစိုင်းအောင်
အကာအကွယ်တွေ ပေးဆပ်ရင်း..
အမုန်းတွေအပြိုင်းအရိုင်းအဖြစ်
အဲ့ဒါကြီးကို…
မြင့်မြင့်မားမားထူထောင်ကြတယ်..
မုန်းစရာကောင်းတာက
ပန်းတိုင်မရှိတဲ့ ယှဉ်ပြိုင်ပွဲမှာ
ဘာကိုမျှော်မှန်းရမှန်းမသိခင်
အသက်၀၀ရှူခွင့်
ဆက်လက်ရှိနိုင်ဖို့…
အဲ့ဒါကြီးကြောင့်ဘဲ..
တခြားသူတွေ အသက်ကို နင်းခြေပစ်ရတယ်..။
အားလုံးမဟုတ်တောင်..
အများစုကတော့….
အဖေနဲ့အမေကိုဝေးကွာစေတဲ့…
အဖေနဲ့အမေဆီက..
သား…သမီး..ကို…
ပျော်ရွှင်ခွင့်မဲ့စေတဲ့….
ချစ်သူတွေချင်းကို
ကွာဝေးစေတဲ့
…….စေတဲ့
…….စေတဲ့ ။
ဘာဘဲဖြစ်ဖြစ်
တစ်ကမ္ဘာလုံးရဲ့ချစ်သူတွေ..
ကျခဲ့တဲ့မျက်ရည်တွေအတွက်
အဲ့ဒါကြီးကို…
သက်ဆိုးမရှည်စေချင်ဘူး..။
မြသွေးနီ
www.myathwayni.com
( ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးတွေ အမြန်ဆုံး ငြိမ်းပါစေ..)
(Photo was taken at Vietnam War and Credit to http://photo-icio.ru/)
Monday, January 28, 2013
ဆရာနိုင်ဝင်းဆွေ ရဲ့ ငွေ. . .ရွှေ . . .ရတု
24th . Feb . 95 မှာ ဘ၀ထဲကအပြီးခရီးထွက်ခွာသွားခဲ့သော
အကိုကြီးနိုင်ဝင်းဆွေရဲ့ကဗျာ
" ငွေ . . . ရွှေ . . . ရတု "       --    နိုင်ဝင်းဆွေ ( 1940 - 1995 )
အရွယ်ပြည့်ဝန်းတဲ့ 
နှစ်လေးဆယ်ပာာ
တေးလေးတဖဲ့
အမှတ်တရနဲ့ ကျနော်
ရေးဖွဲ့ခဲ့ဖူးရဲ့ ။
အဲသည်တုန်းက
ပြီးတော့လဲ အမှတ်တမဲ့နဲ့ပဲ
ပျောက်လဲပျောက်ကွယ် 
အချစ်မီးလေးတခဲ 
ရင်ထဲမှာစွဲငြိဆဲလေ ။
အချစ်ကို ချစ်
အလှကို ချစ်
အနုပညာကို ချစ်သူရဲ့
အချစ်ကို အုံဖွဲ့လို့ ။
" အမြဲတန်း မြူနှင်းတွေ မှိုင်းပြာဝေနေတဲ့
ကာဝိုင်း တောင်မကြီးထိပ်က
ဝ ဒိုင်နယ်ရုံးကလေးရှေ့မှာ
ကမြူး ခုန်ပေါက်နေတဲ့
အမွေးဖွား ခွေးကလေးနဲ့
ဆော့ကစားနေတဲ့ ကျနော်လေ " ။
" အနုပညာကိုချစ်
ယုံကြည်ချက်ကိုချစ်
သစ္စာတရားကိုချစ်
လောကကို ငါချစ်တယ်
အချစ်ကြောင့်ပဲ ကွန်မြူနစ်လဲဖြစ်လာတယ် " ။
အဲသည် တေးလေးတဖဲ့
ကျနော် ရေးဖွဲ့ခဲ့ဖူးရဲ့ ။
၁၉၈၆ ကလောင်နှစ် နှစ် ၂၀
ပထမ အရွယ်နေ့
ကျနော့် ရွှံ့အိမ်ဖြူလေးရဲ့ နံရံထက်မှာ
ကျနော်က
" ပာင့်အင်း....ညီအကိုတို့
အာဏာ
ငွေ
ကျော်ဇောခြင်းနှင့်
ရောင်းဝယ်ခြင်းမပြုမှသာ
အနုပညာရဲ့ တြိသီလတရားလို့
ကျနော် ကိုးကွယ်ထားတယ် " ။
" ပာုတ်တယ် ညီအကိုတို့
တဂိုးရဲ့တရား တဂိုးရဲ့စကား
တဂိုးရဲ့အနုပညာနှလုံးသား
ကျနော် ကိုးကွယ်ထားတယ်" 
ဘင်္ဂလားပြည်ရဲ့ ခေါင်းဆောင်သစ်
ငါမဖြစ်ချင်ဘူးတဲ့ ။
" ပာုတ်တယ် ညီအကိုတို့
တကယ်လို့ နောင်ဘ၀မှာ
လူပြန်လာဖြစ်ခဲ့ရင်လည်း
ကျနော်လည်းလေ
လုံမလေးတွေ ထောပတ်မွှေရာ
ဘရိန္တာတောအုပ်ထဲက
သော်ကပင်ရိပ်အောက်မှာ
ပုလွေကြူအေး
လောကအတွက်တေး
သီကုံးပေးနေတဲ့
နွားကျောင်းသားလေးပဲဖြစ်ချင်တယ် " ။
မနှစ်ကတော့ 
ဖလံတောင်ဝှေးများဖြစ်ထွန်းရာ တိုင်းပြည်မှာ
မာနယ်ပလောရဲ့ သောင်ရင်းမြစ်ကမ်းမှာ
နွားကျောင်းသားလေးများ ဖွားသန့်စင်ရာ
စာသဘင်တေးကို သီကြွေးတဲ့အခါ
တေးလေးတပိုဒ်
ကျနော် ရေးလိုက်ဖူးရဲ့ ။
သဲကန္တာရမုန်တိုင်းမှာ
နိုင်ငံရေးသမားအိုပာာ
တောင်ဝှေးကို ထောက်ကိုင်လို့
ဖရိုဖရဲ အပြိုပြိုအလဲအလဲ လူအုပ်ကြီးထဲ
တချို့က နောက်ပြန်ပြေးနေရဲ့
တချို့က လူးလှိမ့်ငိုကြွေးရင်း မြေပြင်ပေါ်မှာ
တချို့က ခိုလိုညည်းတွားလို့
တချို့က မျက်စိစုံမှိတ်ရင်း
အားတင်းသီချင်းအော်ပာစ်လို့
တချို့ကဒေါသပေါက်ကွဲနေ
တချို့က တချို့ကို အတင်းဆွဲထူ
တချို့က တချို့ကို အားပေး
ကိုယ့်ကိုကိုယ်လည်း အားပေးလို့
တည်ငြိမ်ရင့်ကျက်တဲ့ 
သူရဲကောင်းတွေလည်း များစွာပါရဲ့ ။
သတိကို တဖြေးဖြေးစောင့်ခေါ်ရင်း
အဖိုးအိုပာာ မောပန်းနွမ်းလျနေလေရဲ့ ။
အဲသည်အခိုက်မှာ
ဓားဝင့်လိုက်တဲ့ တကိုယ်တော်သမားပာာ
လျှပ်စီးများနဲ့ ရောထွေးယှက်နေတဲ့ မုန်တိုင်းထဲမှာ
သူ့မြင်းကို ဇက်ကုန်လွှတ် ကဆုန်စိုင်းလို့
လူတွေမမြင်တွေ့နိုင်သေးတဲ့
ပိာုးအဝေးကအနာဂတ်ဆီ
ဖြတ်ချီသွားလေရဲ့
ရှေ့ဆုံးများရဲ့ ရှေ့ဆုံးကလူ
သူ အနုပညာသမားပေါ့ ။
အနုပညာဘုံမှာ
သေခြင်းကင်းစွာ ဇရာမရှိ
ထာဝရနုပျို
စိမ်းစိုနေတဲ့ အလှနဲ့ သစ္စာ
ပရမတ္တအချစ်နဲ့ ရွှန်းသစ်မှု
အော် . . . 
ကျနော်ရဲ့အနုပညာတောင်မှ 
ငွေရတုမြောက်ခဲ့ပါပေါ့ ။
ညည်နေ့မှာ
" သန်းဆွေ ၊ ခင်နှင်းယု
မင်းသုဝဏ် ၊ မင်းဏီ
မမလေး ( ဂျာနယ်ကျော် )
ကျနော့ရဲ့ တေးသမားဘ၀ကို
မွေးဖွားသန့်စင်ပေးခဲ့သူ
ဆရာ အဆူဆူနဲ့ ပဲာမင်းဝေးအား
နှလုံးသားမှ မြတ်နိုး
ရိုကျိုး မာန်လျှော့ ဖြေလျှော့
ကျနော် ကန်တော့ဧ။် " ။
အော် . . .
ကျနော်တောင်မှပဲလေ
ရတုမြစ်ရဲ့ပျိုမြစ်စိမ်းလန်းမှု
ငွေသားထု ပြင်ကျယ်ထက်မှာ
( ဘယ်လောက်များ လှပ တောက်ပ နေလိုက်ပါသလဲ )
အရွယ်ရဲ့ ငြိမ်သက်မြဲမြံမှု
ရွှေနေခြည်များ ဆွတ်ဖြန်းထားလိုက်ပေါ့ ။ ။။
နိုင်ဝင်းဆွေ
( 1st . April . 1991 )
ကျမရဲ့16 နှစ်ပြည့် မွေးနေ့
First April မှာရေးခဲ့သောကြောင့် အမှတ်တရပါပဲ ။
‎24th . Feb . 95 မှာ ဘ၀ထဲကအပြီးခရီးထွက်ခွာသွားခဲ့သေ
အကိုကြီးနိုင်ဝင်းဆွေရဲ့ကဗျာ
" ငွေ . . . ရွှေ . . . ရတု " -- နိုင်ဝင်းဆွေ ( 1940 - 1995 )
အရွယ်ပြည့်ဝန်းတဲ့
နှစ်လေးဆယ်ပာာ
တေးလေးတဖဲ့
အမှတ်တရနဲ့ ကျနော်
ရေးဖွဲ့ခဲ့ဖူးရဲ့ ။
အဲသည်တုန်းက
ပြီးတော့လဲ အမှတ်တမဲ့နဲ့ပဲ
ပျောက်လဲပျောက်ကွယ်
အချစ်မီးလေးတခဲ
ရင်ထဲမှာစွဲငြိဆဲလေ ။
အချစ်ကို ချစ်
အလှကို ချစ်
အနုပညာကို ချစ်သူရဲ့
အချစ်ကို အုံဖွဲ့လို့ ။
" အမြဲတန်း မြူနှင်းတွေ မှိုင်းပြာဝေနေတဲ့
ကာဝိုင်း တောင်မကြီးထိပ်က
ဝ ဒိုင်နယ်ရုံးကလေးရှေ့မှာ
ကမြူး ခုန်ပေါက်နေတဲ့
အမွေးဖွား ခွေးကလေးနဲ့
ဆော့ကစားနေတဲ့ ကျနော်လေ " ။
Sunday, January 13, 2013
"ဘာတွေဖြစ်ကုန်ကြပြီလဲ"
Ma Nwe and 7 other people shared Than Htaik Thu's photo.
(ဒီကဗျာရေးပြီး ထောင်ကျခဲ့ရတဲ့ .................စာရေးဆရာမင်းလူ။။ မိုးမခမီဒီယာမှာတွေ့လို့ ကော်ပီလုပ်လာခဲ့တာပါ.အားပေးကြပါဦး)
"ဘာတွေဖြစ်ကုန်ကြပြီလဲ"
(၁)
အော်…… ဒုက္ခ ဒုက္ခ
သူတို့ကြီးစိုးတဲ့ခေတ်မှာ
အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော်။
တနှစ်တခါ
ဝတ်ကျေတန်းကျေ အလေးပြုခံရ
ဥက္ကဌ ကြီး၏ လမ်းညွှန်မှုဖြင့်လို့
တလျှောက်လုံးအော်ခဲ့ပြီး
မအောင်မြင်ပဲကျဆုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုး တရားခံ လုပ်ခံရ၏
သမီးအရင်းရင်း ခေါက်ခေါက်တောင်
လွတ်လွတ်လပ်လပ် ပန်းခွေချခွင့် မရ။
(၂)
ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲမှာ
ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး
အာဇာနည်ဗိမာန်ကို
လှိုင်သာယာ ပို့မပစ်တာပဲ
ကျေးဇူးတင်ရမလိုလို
တိုင်းပြည်ကို ချစ်သောတပ်မတော်
မျိုးချစ်စိတ်ရှိသောတပ်မတော်
ပြည်သူကိုကာကွယ်ခဲ့သောတပ်မတော်
ဗမာပြည်ကိုကယ်တင်ခဲ့သောတပ်မတော်
သောက်ကျိုးနဲတော်တဲ့တပ်မတော်
လူတိုင်းပါးစပ်ဖျားက “ တော်တော် ” လို့
မြည်နေတဲ့တပ်မတော်
အိမ်ယာမဲ့တွေကို
ရေမီးအစုံနဲ့
ပြည်လည်နေရာချထားပေးတာကိုပဲကြည့်
ဟုတ်တယ်လေ
မိုးတွင်းမှာရေကြီးတယ်
နွေမှာမီးလောင်တယ်
ဒါကရေမီးအစုံမဟုတ်ဘူးလား
(၃)
ဒီမိုကရေစီအရေးလှုပ်ရှားတဲ့
သံဃာတော်တွေကို သင်္ဃန်းဝတ်တွေတဲ့
ဘောင်းဘီဝတ်တွေကစွပ်စွဲတာလေ
ပြီးတော့သူတို့ပဲ
ဝါဆိုသင်္ဃန်းနဲ့ လာဘ်ထိုးတာ
နားမလည်နိုင်စရာ။
စစ်ကိုမုန်းလို့စစ်တိုက်နေရတာပါတဲ့
ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား
ကြားဖူးပါတယ်အောက်မေ့နေ
လက်စသတ်တော့
စတားဝါး စီမံကိန်းကို
ကာကွယ်ပြောကြားသွားတဲ့
အမေရိကန် သမ္မတစကားနဲ့
သွားတူနေတာပါကလား
“ ရေဂင် ” အလုံးက
သူ့ပါးစပ်ထဲရောက်နေတာကိုး။
သတင်းစာဆရာကြီးများတဲ့အတိုင်း
မိမိတို့အနေဖြင့်
ဟ၀ှာပြုလျှင် ဟ၀ှာပြုမည်ဖြစ်ကြေင်း
ဟ၀ှာမပြုလျှင် ဟ၀ှာမပြုမည်ဖြစ်ကြောင်း
ထို့ကြောင့်
ဟ၀ှာပြုစေလိုကြောင်း…..
သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့
ရှင်းလင်းချက်ပေါ့
ရှင်းပါတယ်နော်။
(၄)
ဟိုတယောက်လေ
တွေ့တဲ့လူကိုနေကောင်းလားမေးတဲ့လူ
ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး
ဘာမှလည်းနားမလည်ဘဲနဲ့
အဲဒါပေါ့
လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ
လာပါပြီ…. လာပါပြီ….
နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့
ဥက္ကဌတဲ့…..
(၅)
သူ့ရဲ့ အနှစ်ဆုံးဝါသနာက
မိန့်ခွန်းပြောခြင်းပါတဲ့
“ ကိုယ်မပြောချင်ဘူး
ဒါပေမယ့်ပြောသင့်တာတော့ပြောမယ်
အဲဒါကဘာလဲဆိုရင်
ကိုယ်မပြောချင်ဘူး ဆိုတာပဲ ” တဲ့
မှတ်သားလောက်ပါပေရဲ့
“ ကိုယ်တို့အစိုးရဟာ တရားဝင်အစိုးရ
ကမ္ဘာကအသိအမှတ်ပြုထားတဲ့အစိုးရတဲ့
ဟုတ်ကဲ့
ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့
တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့
တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်
လုပ်ဆိုတဲ့အထဲမှာ
အခြေခံဥပဒေနဲ့
အာဏာလွှဲပြောင်းရေးတော့မပါဘူးတဲ့
အခြေခံဥပဒေဆိုတာ
မာရှယ်လောဥပဒေလို
ချက်ချင်းထုတ်လို့ရတာမဟုတ်ဘူးတဲ့
အာဏာလွှဲတယ်ဆိုတာ
အာဏာသိမ်းသလို
ပြီးစလွယ် လုပ်လို့မရဘူးတဲ့
(၆)
ဒါပေမယ့်
လွှဲမှာပါ.. လွှဲမှာပါ..
ပုခက်လွှဲသလို လွှဲမှာပါ
ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့်
ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့
တခါလာလဲ ဒေါက်တာမောင်မောင်
တခါလာလဲ ဒေါက်တာမောင်မောင်
စာအုပ်ကြော်ငြာပေးတာလား
ဒါဆိုဒီလိုလုပ်လေ
ဆရာမောင်မောင်ရဲ့စာအုပ်တအုပ်ဝယ်ရင်
ဆရာမောင်ဆေးနီမှုန့်တထုပ်
လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား
သိပ်ရောင်းကောင်းမယ်နော်။
ဒါနဲ့နေစမ်းပါအုံး
မိန့်ခွန်းပြောရင် ဘာဖြစ်လို့ရယ်တာလဲဟင်
သွားကြီးဖြဲဖြဲပြတာ ကြောက်စရာကြီး
ရှေးက ကဗျာတပုဒ်ထဲက
စာကြောင်းတကြောင်း သတိရမိတယ်
“ ဘီလူးသွားကို လဖြဲ ” တည်းတဲ့
နိဂုံးချုပ်အားဖြင့်ပြောရရင်
တပ်မတော်ရဲ့
လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့
“ ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ ”
အလိုဗျာ…. ဘာတွေဖြစ်ကုန်ကြပြီလဲ… …..
မင်းလူ(၁၉၈၉)
‎(ဒီကဗျာရေးပြီး ထောင်ကျခဲ့ရတဲ့ .................စာရေးဆရာမင်းလ
ူ။။ မိုးမခမီဒီယာမှာတွေ့လို့ ကော်ပီလုပ်လာခဲ့တာပါ.အားပေးကြပါဦး)
"ဘာတွေဖြစ်ကုန်ကြပြီလဲ"
(၁)
အော်…… ဒုက္ခ ဒုက္ခ
သူတို့ကြီးစိုးတဲ့ခေတ်မှာ
အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော်။
တနှစ်တခါ
ဝတ်ကျေတန်းကျေ အလေးပြုခံရ
ဥက္ကဌ ကြီး၏ လမ်းညွှန်မှုဖြင့်လို့
တလျှောက်လုံးအော်ခဲ့ပြီး
မအောင်မြင်ပဲကျဆုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုး တရားခံ လုပ်ခံရ၏
သမီးအရင်းရင်း ခေါက်ခေါက်တောင်
လွတ်လွတ်လပ်လပ် ပန်းခွေချခွင့် မရ။
(၂)
ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲမှာ
ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး
အာဇာနည်ဗိမာန်ကို
လှိုင်သာယာ ပို့မပစ်တာပဲ
ကျေးဇူးတင်ရမလိုလို
တိုင်းပြည်ကို ချစ်သောတပ်မတော်
မျိုးချစ်စိတ်ရှိသောတပ်မတော်
ပြည်သူကိုကာကွယ်ခဲ့သောတပ်မတော်
ဗမာပြည်ကိုကယ်တင်ခဲ့သောတပ်မတော်
သောက်ကျိုးနဲတော်တဲ့တပ်မတော်
လူတိုင်းပါးစပ်ဖျားက “ တော်တော် ” လို့
မြည်နေတဲ့တပ်မတော်
အိမ်ယာမဲ့တွေကို
ရေမီးအစုံနဲ့
ပြည်လည်နေရာချထားပေးတာကိုပဲကြည်
ဟုတ်တယ်လေ
မိုးတွင်းမှာရေကြီးတယ်
နွေမှာမီးလောင်တယ်
ဒါကရေမီးအစုံမဟုတ်ဘူးလား
(၃)
ဒီမိုကရေစီအရေးလှုပ်ရှားတဲ့
သံဃာတော်တွေကို သင်္ဃန်းဝတ်တွေတဲ့
ဘောင်းဘီဝတ်တွေကစွပ်စွဲတာလေ
ပြီးတော့သူတို့ပဲ
ဝါဆိုသင်္ဃန်းနဲ့ လာဘ်ထိုးတာ
နားမလည်နိုင်စရာ။
စစ်ကိုမုန်းလို့စစ်တိုက်နေရတာပါတဲ့
ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား
ကြားဖူးပါတယ်အောက်မေ့နေ
လက်စသတ်တော့
စတားဝါး စီမံကိန်းကို
ကာကွယ်ပြောကြားသွားတဲ့
အမေရိကန် သမ္မတစကားနဲ့
သွားတူနေတာပါကလား
“ ရေဂင် ” အလုံးက
သူ့ပါးစပ်ထဲရောက်နေတာကိုး။
သတင်းစာဆရာကြီးများတဲ့အတိုင်း
မိမိတို့အနေဖြင့်
ဟ၀ှာပြုလျှင် ဟ၀ှာပြုမည်ဖြစ်ကြေင်း
ဟ၀ှာမပြုလျှင် ဟ၀ှာမပြုမည်ဖြစ်ကြောင်း
ထို့ကြောင့်
ဟ၀ှာပြုစေလိုကြောင်း…..
သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့
ရှင်းလင်းချက်ပေါ့
ရှင်းပါတယ်နော်။
မျှော်လင့်ခြင်း by Swe Ko on Sunday, January 13, 2013 at 5:27pm ·
မျှော်လင့်ခြင်း                      ဆွေကို  (ခေတ္တ USA)
 ညတစ်ညရဲ့ ဘဝဟာ
 မလှမပနဲ့...၊၊
 လောကရဲ့ မှောင်မိုက်မှူမှာ
ရေချိန်ကိုက်သူက
ကိုက်...
ခေါင်းစိုက်သူက
စိုက်...
သေနတ်ပြောင်းတိုက်သူက
တိုက်... နေလေရဲ့၊၊
နှစ်ဦး နှစ်ဖက်
စားမဲ့ လက်ဖက်တွေလည်း
ပုပ်ကုန်ပြီ၊၊
ဘာကြောင့်...
သံလွင်ခက်တွေက
ပြာကျသွားသလို
ဂျိုးဖြူငှက်တွေက
စွံ့အသွားကြလည်း၊၊
ဆက်တွက်လို့မရတဲ့
ပုစ္ဆာတစ်ပုဒ်မှာ
အဖြေထုတ်စရာမရှိဘူး၊၊
ခွပ်ဒေါင်း...
ကဒေါင်းတွေကလည်း
ကြိုးကြာငှက်တွေလို
အိုဗာစီး ( ပင်လယ်ရပ်ခြား ) ကို
ပြန်သန်းဖို့
အားယူနေကြ၊၊
လေဟုန်အကြာကြီးစီးခဲ့တဲ့
ငှက်တေလေတွေကလည်း
အစာရှာဖို့....
အတိုက်အမြုံကိုပြန်လာကြ၊၊
စစ်မုန်းသူတွေရှေ့မှာ
ထိုးစစ်ကအမှား...
ခုခံစစ်မှ အမှန်...
ငြင်းခုန်နေကြ၊၊
ငါလိုချင်တာက...
ညဉ့်နက်နက်မှာ
ခြောက်ခြားစွာနဲ့
စောင့်စားခဲ့ရတဲ့
လှပတဲ့
အရုဏ်တက်ချိန်၊၊
အရည်းကြီးတယောက်ရဲ့ ယပ်လှဲတရား
A strange idea and lovely poem
အရည်းကြီးတယောက်ရဲ့ ယပ်လှဲတရား
 ၈၈ ကို စွန်ဦးတည်ထွင်ခဲ့သူ 
ကိုယ်တော် တယောက်အနေနဲ့
ဒီမိုကရက်တယောက် ဖြစ်မယ့်အစား
ခရိုနီတယောက်ဖြစ်ခဲ့ရင်တောင်
သနားမယ့်သူ ရှိသေးရဲ့
ငါနှယ့် …။
ခရိုပြာဖြစ်သွားတဲ့ ဘ၀မှာ
ရှင်အဇ္ဇဂေါန လိုများ ဖြစ်မလား
သူဆင်းရဲသားများကို မဟာဂရုဏာထား၊
ရွှေဖြစ်လမ်းလိုက်မိတဲ့
အဂ္ဂိရက်သမား လူမုန်းများလှရဲ့။
ရွှေဖြစ်လမ်းလိုက်ကာ
အားလုံးတိုက်ဆောက်နိုင်ဖို့ကြံရွယ်ခဲ့သူ
အရိုးသားဆုံး အရည်းကြီး ခမြာ
အမှုတရာမက ရင်ဆိုင်နေရရှာတယ်။ 
ရန်သူကလဲ ဆဲ
မိတ်ဆွေဆိုသူတွေကလဲ ဆဲ
အတွေးသိပ်ခေါင်ခေါင်
ခွေးလိုဟောင်လွန်းတဲ့ ခေတ်ပျက်ကြီးထဲမှာ
ဒေါက်ချာကြီးကိုစောင်းပြီး ရိပ်ကြီးခိုနေတဲ့
သိက္ခာရှိတဲ့ အရည်ကြီးဆိုလို ငါတယောက်သာရှိသပေါ့။ 
ဒါတော့ ဂုဏ်ယူရမယ်။
 ‘’ မန်းနီးလောင်းထရင်း သည်းခံပါ ‘’ လို့  
ကျောင်းဝမှာကပ်ထားရင်း၊
ခရိုနီနဲ့ ကင်းကင်းနေတဲ့အကျိုးဆက်က၊
ပန်းဦးဆက်မဲ့သူမရှိ။
သေတပုံး လောက်ကပ်မဲ့သူမရှိ။ 
ဒါပေသိ အမှု  စုံထောက်တွေတရာမက 
သတင်းထောက်တွေတရာမက 
ကိုယ်တော်နောက် ကိုလိုက်နေကြသပေါ့။ 
လမ်းဘေးသေးပန်းနေတဲ့ကောင်ကို တောင် မဝေဖန်ရဲ၊ 
မြစ်ထဲချေးယိုထဲကောင်ကို တရားမပြရဲ တဲ့သူတွေက 
 နိဗန်ကိုတရက်ခရီး နဲ့ အရောက်ပို့ ပေးမယ်ဆိုပဲ။ 
ဖြီးစားနေတဲ့ကိုယ်တော်များ၊
ကိုးကွယ်သူများရဲ့ ။ 
ဒကာမတွေစကပ်တိုတာကို 
ငါက ဖက်ရှင်လို့ မြင်နေချိန်မှာ၊ 
တဏှာလို့ အများဆုံးဟောတဲ့ကိုယ်တော် တွေ
အွန်လိုင်းပေါ်မှာ တချိန်လုံး ချက်ရိုက်
အော်ဒါကြောင့်လဲ  
လူပညာရှိတွေ ပြောနေကြ တယ်၊
လောကကြီးမှာ သူတို့ နဲ့ထိုက်တန်တဲ့ အရည်ကြီးကိုရသတဲ့။ 
ဝရုမ်းသုံးကားဖြစ်နေတဲ့ 
ဟော့ဒီ ဒွန်နယာကြီးထဲမှာ 
အားလုံးဟာလူကောင်းတွေဖြစ်ကုန်ကြရဲ့ ။ 
အိမ်ထဲမှာရောက်နေတဲ့ 
ဆင်ရိုင်းကို 
ဟေ့ကောင်ထွက်သွားလို့  တန်ခိုးပြရဲတဲ့ 
ငါလိုအရည်းကြီးစစ်က 
ရှားပါးလှရဲ့ ။ 
မော်ဒယ်ဂဲကများများ 
ကောက်စိုက်သမရှားလှတဲ့ခေတ်ကြီးမှာ 
ရေငုတ်မီးလှုံ 
တုံးခုံဇယ်ခတ်
ယပ်လှဲတရားနာရခဲ ပါဘိတကာ တို့ ။ 
ငချစ်သင် ( ပုဂံ)
အရည်းကြီးတယောက်ရဲ့ ယပ်လှဲတရား
၈၈ ကို စွန်ဦးတည်ထွင်ခဲ့သူ
ကိုယ်တော် တယောက်အနေနဲ့
ဒီမိုကရက်တယောက် ဖြစ်မယ့်အစား
ခရိုနီတယောက်ဖြစ်ခဲ့ရင်တောင်
သနားမယ့်သူ ရှိသေးရဲ့
ငါနှယ့် …။
ခရိုပြာဖြစ်သွားတဲ့ ဘ၀မှာ
ရှင်အဇ္ဇဂေါန လိုများ ဖြစ်မလား
သူဆင်းရဲသားများကို မဟာဂရုဏာထား၊
ရွှေဖြစ်လမ်းလိုက်မိတဲ့
အဂ္ဂိရက်သမား လူမုန်းများလှရဲ့။
ရွှေဖြစ်လမ်းလိုက်ကာ
အားလုံးတိုက်ဆောက်နိုင်ဖို့ကြံရွယ်ခဲ့သူ
အရိုးသားဆုံး အရည်းကြီး ခမြာ
အမှုတရာမက ရင်ဆိုင်နေရရှာတယ်။
ရန်သူကလဲ ဆဲ
မိတ်ဆွေဆိုသူတွေကလဲ ဆဲ
အတွေးသိပ်ခေါင်ခေါင်
ခွေးလိုဟောင်လွန်းတဲ့ ခေတ်ပျက်ကြီးထဲမှာ
ဒေါက်ချာကြီးကိုစောင်းပြီး ရိပ်ကြီးခိုနေတဲ့
သိက္ခာရှိတဲ့ အရည်ကြီးဆိုလို ငါတယောက်သာရှိသပေါ့။
ဒါတော့ ဂုဏ်ယူရမယ်။
Thursday, January 10, 2013
! တိမ်တွေပြိုတဲ့နေ့ !
Zaw Nay Myo shared Ko Lin's photo.
!!!!!! တိမ်တွေပြိုတဲ့နေ့ !!!!!
သူ့အမည်က မွှေးကြိုင်
ကျနော်တို့နိုင်ငံရဲ့ကြယ်နီတပွင့်
ကြွေလွင့်စောစွာ..။
ရှစ်လေးလုံးနောက်ခံသမိုင်း
ပဲခူးတိုင်းအနောက်ခြမ်းဒေသ
သွေးစည်းညီညွှတ်ရေးကော်မတီဖွဲ့စဉ်က
သူနဲ့ ဆုံ တွေ့ ခဲ့ရ
အတူတူလှုပ်ရှားခဲ့ကြ
သွေးစည်းညီညွှတ်ခဲ့ကြ
သူ့အမည်နဲ့သူ့ပုံရိပ်ကိုမေ့မရခဲ့။
အုတ်ဖိုမြို့ရဲ့ရွာကလေးတရွာက
မူလတန်းပြကျောင်းဆရာ
ကျောင်းသားတော်လှန်ရေးသမား
လူပုံကအရပ်ရှည်ရှည် ပိန်ပိန်ပါးပါး
ဆံပင်တိုတို ပုဆိုးတိုတို
နှစ်လိုဖွယ်ရာကောင်းတဲ့မျက်နှာထားအောက်က
တောက်လက်အပြုံးပိုင်ရှင်…။
စစ်အာဏာရှင်ဆန့်ကျင်ရေးကျောင်းသား
လူ့ဘောင်သစ်ပါတီဝင်
ကျောင်းသားတပ်မတော်တပ်ဖွဲ့ ဝင်
ရာဇ၀င်မှာစာတင်ခဲ့..။
ပေါင်းလောင်းဂွင်မှာကျဆုံးသွားတဲ့
သူ့ရဲ့သတင်းကိုကြားရတဲ့အခါ
နာကျဉ်းချက်နဲ့ တက်တချက်ခေါက်ရင်း
ရဲရင့်ခြင်းရုပ်ပုံလွှာကို
ပြန်လည်ဖွေရှာမိခဲ့ပေါ့…။
(ရဲဘော်မွှေးကြိုင်ရေ)……
အဲဒီမြေ၀သုန်မှာ
ဂုဏ်ပြုအပ်တဲ့သူရဲကောင်းတွေရဲ့
ခွပ်ဒေါင်းအသက်ဝိညာဉ်နဲ့အတူ
ပြန်လည်ရှင်သန်ထမြောက်ပါစေသတည်း…။
နီလွင်သွေး(ဒဿနိကဗေဒ)
၂၁၊၈၊၂၀၀၆..။ ရဲဘော်မွှေးကြိုင်….သို့..။
‎!!!!!! တိမ်တွေပြိုတဲ့နေ့ !!!!!
သူ့အမည်က မွှေးကြိုင်
ကျနော်တို့နိုင်ငံရဲ့ကြယ်နီတပွင
့်
ကြွေလွင့်စောစွာ..။
ရှစ်လေးလုံးနောက်ခံသမိုင်း
ပဲခူးတိုင်းအနောက်ခြမ်းဒေသ
သွေးစည်းညီညွှတ်ရေးကော်မတီဖွဲ့စဉ်က
သူနဲ့ ဆုံ တွေ့ ခဲ့ရ
အတူတူလှုပ်ရှားခဲ့ကြ
သွေးစည်းညီညွှတ်ခဲ့ကြ
သူ့အမည်နဲ့သူ့ပုံရိပ်ကိုမေ့မရခဲ့။
အုတ်ဖိုမြို့ရဲ့ရွာကလေးတရွာက
မူလတန်းပြကျောင်းဆရာ
ကျောင်းသားတော်လှန်ရေးသမား
လူပုံကအရပ်ရှည်ရှည် ပိန်ပိန်ပါးပါး
ဆံပင်တိုတို ပုဆိုးတိုတို
နှစ်လိုဖွယ်ရာကောင်းတဲ့မျက်နှာထားအောက်က
တောက်လက်အပြုံးပိုင်ရှင်…။
စစ်အာဏာရှင်ဆန့်ကျင်ရေးကျောင်းသား
လူ့ဘောင်သစ်ပါတီဝင်
ကျောင်းသားတပ်မတော်တပ်ဖွဲ့ ဝင်
ရာဇ၀င်မှာစာတင်ခဲ့..။
ပေါင်းလောင်းဂွင်မှာကျဆုံးသွားတဲ့
သူ့ရဲ့သတင်းကိုကြားရတဲ့အခါ
နာကျဉ်းချက်နဲ့ တက်တချက်ခေါက်ရင်း
ရဲရင့်ခြင်းရုပ်ပုံလွှာကို
ပြန်လည်ဖွေရှာမိခဲ့ပေါ့…။
(ရဲဘော်မွှေးကြိုင်ရေ)……
အဲဒီမြေ၀သုန်မှာ
ဂုဏ်ပြုအပ်တဲ့သူရဲကောင်းတွေရဲ့
ခွပ်ဒေါင်းအသက်ဝိညာဉ်နဲ့အတူ
ပြန်လည်ရှင်သန်ထမြောက်ပါစေသတည်း…။
နီလွင်သွေး(ဒဿနိကဗေဒ)
၂၁၊၈၊၂၀၀၆..။ ရဲဘော်မွှေးကြိုင်….သို့..။
Monday, December 31, 2012
ကျားရဲ ( ဦးဝင်းတင်..ဟံသာဝတီ )
ကျားရဲ ( ဦးဝင်းတင်..ဟံသာဝတီ )
နေပြင်းလျှင်
နှင်းမှုန်လည်း
စွေ့စွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း
အခန်းကျဉ်ကျဉ်း
အလင်းမဝင် .. လေမဝင်
နေမမြင် .. လမမြင်
လူမမြင် .. သူမမြင်မှာ
ထိုင်လျှင်ထိုင် .. မထိုင်လျှင်ငေး
အိပ်လျှင်အိပ် .. မအိပ်လျှင်တွေး
သတင်းမေးဖို့ဝေးရော .. သီချင်းလေးမှ မဆိုရ
စာဖတ်ဖို့ ဝေးရော .. ကဗျာလေးမှ မစပ်ရ
တရားဟောဖို့ ဝေးရော .. စကားလေးမှ မပြောရ
အဟောသိက .. သံသရာ
ငါ့ကမ္ဘာ ပိစိကွေး
အခန်းကျဉ်းကလေး .. ပတ်လျှောက်လိုက်
သံတခါးဝ .. ရပ်လိုက်
တမတ်တပ်တပ် .. တနေကုန်။
မနေ့ ကလည်း .. တနေကုန်
ဒီနေ့ လည်း .. တနေကုန်
မနက်ဖြန်လည်း .. ကုန်အုံးမယ်
ကုန် .. ကုန် .. ကုန် ..
ကုန်ချင်သလောက်ကုန်စမ်း..
တရက်ကုန်မလား .. တသက်ကုန်မလား
တလကုန်မလား .. တဘဝကုန် မလား
တနှစ်ကုန်မလား .. တခေတ်ကုန်မလား
အားမလျှော့ဘူး .. မပျော့ဘူး
ပေဖြစ်တော့ခံမယ် .. တုဖြစ်တော့ နှံမယ်
အမှန်တရား .. တို့ဖက်မှာရှိတယ်
ပြည်သူအများ .. တို့ဖက်မှာရှိတယ်
ကာလယန္တား .. တို့ဖက်မှာရှိတယ်
ရှင်တော်ဘုရား .. တို့ဖက်မှာရှိတယ်
သိကြရဲ့လား။
တိရစ္ဆာန်ရုံ က ကျားလို .. လှောင်အိမ်ထဲမှာ
တလွန့်လွန့်နဲ့ 
ကျားညွန့် တုံးမယ် ထင်နေသလား ..
မှားလိုက်တဲ့အမြင် .. ဟားတိုက်လို့ ရီချင် စရာ။
မှတ်ထားဟေ့ ..
အဝါပေါ်မှာ .. အနက်စင်း ..
မပျက်မယွင်း .. ကွက်ကွက်ကွင်း ..
အရှင်းသား မလွဲသ၍
အထင်းသားစွဲ သ၍
ကျားရဲဟာ ကျားရဲ
ငါလည်း ..
အဲဒီလိုပဲကွ .. ဟေ။
ဦးဝင်းတင် (ဟံသာဝတီ)
(ထောင်တွင်းမှကဗျာ)
အငိုဒုက္ခ တိုင်းပြည်
Myint Sein and Lu Bo shared Thit Sar's photo.
အငိုဒုက္ခ တိုင်းပြည်
==========
လိုသလို ပုဒ်မ ချလို့ ရတဲ့
အငို ဒုက္ခ တိုင်းပြည်မှာ
မိစ္ဆာတွေ ဘုရင်လုပ် နေသည်။
လိပ်ပြာတွေကို နှင်ထုတ်နေသည်။
သွေးညှီနံ့တွေနဲ့  ချဉ်စုတ် နေပြီ။
လူတွေအားလုံး ရင်ရှုပ် နေသည်။
တက္ကသိုလ်များ လယ်ကွင်းထဲသို့ ပြောင်းသွားလေပြီ။
ဘွဲ့ ရတစ်ယောက် အလုပ်မရ၍ ခေါင်းစားနေသည်။
သူတောင်းစားတို့ ကျ ကောင်းစားနေသည်။
အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။
တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။
ယတြာတွေချေပြီး မန်းမှုတ်နေပြီ။
သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။
အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။
လူမဆန်စွာ ကြမ်းကြုတ်နေပြီ။
ဖြုတ်ဦးနှောက်တွေနဲ့ ..အရမ်း..လုပ်နေပြီ။
သူတို့ ခေါင်းထဲ..သွားမကြည့်နဲ့ ..ဘာမှမရှိဘူး..အဟောင်းသား။
လူတွေလည်း..တွေးလာကြတယ်..တစ်ရွာပြောင်းရင်..ကောင်းမလား။
ဒီလိုနဲ့ ပဲ..မိသားစုတွေ..မဆုံဆည်းနိုင်လောက်အောင်..ချောင်းခြား။
ဘဝနဲ့ ရင်းပြီး..ကြိုးစားတာတောင်.. မရေရာတဲ့ ...လောင်းကစား။
ဒါတွေဟာ.. အမေတစ်ကွဲသားတစ်ကွဲ.. ဖြစ်နေရတဲ့.. အကြောင်းများ။
ရင်ထဲကို.. သောကငှက်တွေ.. ကျူးကျော်လာတာတောင်.. မမောင်းအား။
သူငယ်ချင်းတစ်ချို့  အလုပ်ရှာဖို့ ..စင်ကာပူကို ထွက်နေကြတယ်။
အလုပ်မရရင် သိန်းနှစ်ဆယ်လောက်.. ရှုံးပြီဆိုတော့ မျက်ရည်ကျမယ်။
ကြိုးစားကြည့်လိုက်မှ ပိုဆိုးသွားတတ်တာ.. ဒီခေတ်ဆိုးရဲ့ သက်သေတစ်စပဲ။
ကမ္ဘာက သာမန်လူတွေနဲ့ ငါတို့ ကာရန်တူရုံလေးတောင်.. ဘာလို့ ဒီလောက်အထိ ခက်နေရသလဲ။
မြေညီထပ်လေး ရောက်ဖို့ တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်.. လှေကားလိုနင်းပြီး.. တက်နေရဆဲ။
ဆန္ဒခံယူပွဲ အတုကြီးနဲ့ လည်း ကမ္ဘာကိုတောင် နားလှည့်ပါးရိုက်။
မသူတော် အချင်းချင်းကျတော့ အိမ်နီးချင်းကောင်း ဆိုတဲ့ စကားနဲ့ ဖားလိုက်။
သူငယ်ချင်းတို့ ......သူတို့ မျှားလာတဲ့ ငါးစာတွေကို မစားနဲ့ ...ထားလိုက်။
အသိဥာဏ် မရှိတဲ့ ခွေးသူခိုးတွေဟာ
ခြောက်ဆယ့်နှစ်တုန်းကထက်လည်း သွေးဆိုး နိုင်တယ်။
နောင်တစ်ချိန်မှာ ဘုန်းကြီးကျောင်းတွေကို ဒိုင်းနမိုက်နဲ့မဖောက်ဘူးလို့ ဘယ်သူပြောရဲသလဲ။
ကမ္ဘာ့မြေပုံကြီးထဲက သွေးကွက်လေး တစ်ကွက်ရဲ့ ကံကြမ္မာကို ဘယ်သူဟောရဲသလဲ။
သူငယ်ချင်း...
မင်း..အေးအေးဆေးဆေးနေလို့ လည်း ဒီဂယက်က လွတ်မယ်မထင်နဲ့ ။
မိစ္ဆာတွေ မဆင်းမချင်း ဒီဝဋ်က ကျွတ်မယ် မထင်နဲ့ ။
ဝန်နဲ့ အားမမျှတဲ့ မင်းစီးလာတဲ့ဒိုင်နာဟာ အချိန်မရွေး လမ်းချော်မှောက်သွားနိုင်တယ်။
ကပ်တစ်ခုစိုက်လိုက်တာနဲ့ မင်းဘဝက အချိန်မရွေး လမ်းပေါ်ရောက်သွားနိုင်တယ်။
တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တစ်အုပ်ဟာ
အစိုးရနာမည်ခံထားတဲ့ မစင်တစ်ထုပ်ပါ
ပြည်သူတွေကလည်း သူတို့ ထင်သလို အချဉ်မဟုတ်ပါ။
ဒီလိုနဲ့ မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ်
သူတို့ တွေရဲ့  ပလ္လင်ခဏခဏလှုပ်လည်း
အခုထိမပြုတ်သေးတော့
တစ်ယောက်တည်းတွေးရင်း ရင်ရှုပ်
ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။
ဒုက္ခတွေနဲ့  ရှုပ်ပွနေတဲ့ စိတ်ဓာတ်ခြွေ ပြောင်းပြန်ကမ္ဘာထဲ
လဲကျတိုင်းသာ ပုလဲခနေရင် မျက်ရည်တွေသာ ချောင်းလျှံလာမယ်။
အကျိတ်အခဲတွေ စိတ်ထဲမှာ သိပ်သည်းကာ ဗြောင်းဆန်လာတယ်။
စကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။
FROM-ကောင်းကင်ကို
(http://kaungkinko.myanmarbloggers.org)
အငိုဒုက္ခ တိုင်းပြည်
==========
လိုသလို ပုဒ်မ ချလို့ ရတဲ့
အငို ဒုက္ခ တိုင်းပြည်မှာ
မိစ္ဆာတွေ ဘုရင်လုပ် နေသည်။
လိပ်ပြာတွေကို နှင်ထုတ်နေသည်။
သွေးညှီနံ့တွေနဲ့  ချဉ်စုတ် နေပြီ။
လူတွေအားလုံး ရင်ရှုပ် နေသည်။
တက္ကသိုလ်များ လယ်ကွင်းထဲသို့ ပြောင်းသွားလေပြီ။
ဘွဲ့ ရတစ်ယောက် အလုပ်မရ၍ ခေါင်းစားနေသည်။
သူတောင်းစားတို့ ကျ ကောင်းစားနေသည်။
အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။
တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။
ယတြာတွေချေပြီး မန်းမှုတ်နေပြီ။
သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။
အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။
လူမဆန်စွာ ကြမ်းကြုတ်နေပြီ။
ဖြုတ်ဦးနှောက်တွေနဲ့ ..အရမ်း..လုပ်နေပြီ။
သူတို့ ခေါင်းထဲ..သွားမကြည့်နဲ့ ..ဘာမှမရှိဘူး..အဟောင်းသား။
လူတွေလည်း..တွေးလာကြတယ်..တစ်ရွာပြောင်းရင်..ကောင်းမလား။
ဒီလိုနဲ့ ပဲ..မိသားစုတွေ..မဆုံဆည်းနိုင်လောက်အောင်..ချောင်းခြား။
ဘဝနဲ့ ရင်းပြီး..ကြိုးစားတာတောင်.. မရေရာတဲ့ ...လောင်းကစား။
ဒါတွေဟာ.. အမေတစ်ကွဲသားတစ်ကွဲ.. ဖြစ်နေရတဲ့.. အကြောင်းများ။
ရင်ထဲကို.. သောကငှက်တွေ.. ကျူးကျော်လာတာတောင်.. မမောင်းအား။
သူငယ်ချင်းတစ်ချို့  အလုပ်ရှာဖို့ ..စင်ကာပူကို ထွက်နေကြတယ်။
အလုပ်မရရင် သိန်းနှစ်ဆယ်လောက်.. ရှုံးပြီဆိုတော့ မျက်ရည်ကျမယ်။
ကြိုးစားကြည့်လိုက်မှ ပိုဆိုးသွားတတ်တာ.. ဒီခေတ်ဆိုးရဲ့ သက်သေတစ်စပဲ။
ကမ္ဘာက သာမန်လူတွေနဲ့ ငါတို့ ကာရန်တူရုံလေးတောင်.. ဘာလို့ ဒီလောက်အထိ ခက်နေရသလဲ။
မြေညီထပ်လေး ရောက်ဖို့ တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်.. လှေကားလိုနင်းပြီး.. တက်နေရဆဲ။
ဆန္ဒခံယူပွဲ အတုကြီးနဲ့ လည်း ကမ္ဘာကိုတောင် နားလှည့်ပါးရိုက်။
မသူတော် အချင်းချင်းကျတော့ အိမ်နီးချင်းကောင်း ဆိုတဲ့ စကားနဲ့ ဖားလိုက်။
သူငယ်ချင်းတို့ ......သူတို့ မျှားလာတဲ့ ငါးစာတွေကို မစားနဲ့ ...ထားလိုက်။
အသိဥာဏ် မရှိတဲ့ ခွေးသူခိုးတွေဟာ
ခြောက်ဆယ့်နှစ်တုန်းကထက်လည်း သွေးဆိုး နိုင်တယ်။
နောင်တစ်ချိန်မှာ ဘုန်းကြီးကျောင်းတွေကို ဒိုင်းနမိုက်နဲ့မဖောက်ဘူးလို့ ဘယ်သူပြောရဲသလဲ။
ကမ္ဘာ့မြေပုံကြီးထဲက သွေးကွက်လေး တစ်ကွက်ရဲ့ ကံကြမ္မာကို ဘယ်သူဟောရဲသလဲ။
သူငယ်ချင်း...
မင်း..အေးအေးဆေးဆေးနေလို့ လည်း ဒီဂယက်က လွတ်မယ်မထင်နဲ့ ။
မိစ္ဆာတွေ မဆင်းမချင်း ဒီဝဋ်က ကျွတ်မယ် မထင်နဲ့ ။
ဝန်နဲ့ အားမမျှတဲ့ မင်းစီးလာတဲ့ဒိုင်နာဟာ အချိန်မရွေး လမ်းချော်မှောက်သွားနိုင်တယ်။
ကပ်တစ်ခုစိုက်လိုက်တာနဲ့ မင်းဘဝက အချိန်မရွေး လမ်းပေါ်ရောက်သွားနိုင်တယ်။
တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တစ်အုပ်ဟာ
အစိုးရနာမည်ခံထားတဲ့ မစင်တစ်ထုပ်ပါ
ပြည်သူတွေကလည်း သူတို့ ထင်သလို အချဉ်မဟုတ်ပါ။
ဒီလိုနဲ့ မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ်
သူတို့ တွေရဲ့  ပလ္လင်ခဏခဏလှုပ်လည်း
အခုထိမပြုတ်သေးတော့
တစ်ယောက်တည်းတွေးရင်း ရင်ရှုပ်
ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။
ဒုက္ခတွေနဲ့  ရှုပ်ပွနေတဲ့ စိတ်ဓာတ်ခြွေ ပြောင်းပြန်ကမ္ဘာထဲ
လဲကျတိုင်းသာ ပုလဲခနေရင် မျက်ရည်တွေသာ ချောင်းလျှံလာမယ်။
အကျိတ်အခဲတွေ စိတ်ထဲမှာ သိပ်သည်းကာ ဗြောင်းဆန်လာတယ်။
စကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။
FROM-ကောင်းကင်ကို
(http://kaungkinko.myanmarbloggers.org/)
Sunday, December 30, 2012
အောင်လံကိုင်သူ အစစ်အမှန်ဟာ ပြည်သူတွေဖြစ်ရမှာ မုချပါ။ ။ တင်မိုး
ပြည်သူ့အောင်လံ ထူပါလိမ့်
အောင်လံကိုင်ဘယ်သူလဲ ....... (တင်မိုး )
ရန်သူရဲ့ သေနတ်ပြောင်းဝက
တစက်စက်ကျတဲ့ သွေး
ငါတို့တတွေရဲ့ သွေး
ဘယ်တော့မှ မတိတ်တဲ့ သွေး
... အရေးတော်ပုံ သွေး။
သွေးနဲ့ရေးတဲ့ သမိုင်းစာမျက်နှာ
အရှည်ကြီး၊ အထူကြီး၊ အများကြီးပါ
မော်ကွန်းထိုးလို့ မဆုံးနိုင်ပါ။
အာဇာနည်များရဲ့ မော်ကွန်းကျောက်စာတိုင်
ရန်သူများ
သစ္စာဖောက်များ
ကိုယ်ကျိုးရှာသမားများ
သတင်းပေးများက
မတရားဖြိုလှဲလို့မပြိုကွဲနိုင်ပါ။
နှလုံးသားထဲက ကျောက်တိုင်
ကမ္ဘာတည်အောင် ခိုင်လိမ့်မယ်
အောင်လံကိုင်သူ အစစ်အမှန်ဟာ
ပြည်သူတွေဖြစ်ရမှာ မုချပါ။ ။
တင်မိုး
Sunday, December 23, 2012
"သူပုန်ကျောင်း" by Thein Myint Win on Sunday, December 23, 2012 at 4:53am
"သူပုန်ကျောင်း"
by Thein Myint Win on Sunday, December 23, 2012 at 4:53am ·
သူပုန်တွေ စားတဲ့ အစားအစာ
နွေးချင်နွေး၊ အေးချင်အေး၊
မေတ္တာပေါင်းကူးလေး ဖြစ်ချင်ဖြစ်မယ်
သူပုန်တွေ ဝင်တဲ့ အပေါက်ဟာ
ဆင်းရဲသားဖြစ်ဖြစ်၊ ဦးလူပေါဖြစ်ဖြစ်၊
လမ်းကြား နောက်ပေါက် ဖြစ်ချင်လည်း ဖြစ်မယ်
သူပုန်တွေ ပေးတဲ့ သြဘာ
နောက်သလိုလို၊ ပြောင်သလိုလို၊
ချောက်ကျတဲ့ လမ်းဖြစ်ချင်ဖြစ်မယ်
သူပုန်တွေ ဆွဲတဲ့ ပုံ
အတိုင်းအတာပါမယ်၊ အချိုးကိုက်မယ်၊
ထောင့်စုံချင်မှတော့ စုံမယ်
လူငယ်ဆိုတာက ပုန်ကန်မှ ပုံမှန်
အကုန် မှန်စရာလည်း မလိုပါဘူး
ခေတ်ဆန်ချင်လည်း ဆန်မယ်
ခေတ်ကိုလည်း ဆန်ချင်ဆန်မယ်
လူသားတွေဟာ ပညာမီးကို ပုန်ကန်ပြီး မွှေးခဲ့ရတာ
လူသားတွေဟာ ပညာခေတ်ကို ပုန်ကန်ပြီး ဆောက်ခဲ့ရတာ
ပုန်ကန်တယ်ဆိုပေမယ့် စုံကန်တာမဟုတ်တာ သေချာတယ်
ပညာဆိုတော့ အစုန်အဆန် ရှိတာသေချာတယ်
ဒါပေမယ့်
အဲဒီ တစ်ခါတုန်းကတော့
ခေတ်က တို့ကို ငြိုငြင်ခဲ့လေတယ်
သူပုန်အမည်တပ် မြိုင်ရပ်ကိုနှင်
တို့ တစ်မျိုးဆက် အောင်မြင်စွာ ကျဆုံးခဲ့တယ်
အဲဒီ စာမေးပွဲ
သူပုန်သမိုင်းမှာ ဂုဏ်ထူးနဲ့ အောင်တယ်
သူပုန်ကျောင်းခမျာတော့ ကျောင်းခေါ်ချိန် မပြည့်ရှာဘူး
ဒါ သူပုန်ကျောင်းရဲ့ သမိုင်း၊ သူပုန်တွေရဲ့ ရာဇဝင်
ဒီကျောင်းကို ဝင်လာရင်
သူပုန်နံ့ ရမယ်၊ သူပုန်စကား ကြားမယ်၊ သူပုန်စိတ် နိုးကြွမယ်
အကုန် မှန်စရာလည်း မလိုပါဘူး
သူပုန်ကျောင်းဆိုမှတော့ ပုန်ကန်မှ ပုံမှန်လေ ။   ။
သိန်းခေါင်ငြိမ်းသစ်
20121223
Wednesday, December 19, 2012
ငှက်တို့၏တေး
အသိုက်ထဲ ဝပ်နေသူတို့ရေ … ။
#################
ငှက်တို့၏တေး
----------
မလိုက်ရဲရင်လည်း
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ။
တစ်နေ့နီးမှာပေါ့
ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်
(ငှက်ဆိုတာကတော့ ...) ပျံရင်းသေ။
ကဆုန်ဆိုင်းသလိုပေါ့
မုန်တိုင်းက ရှေ့မှာမွှေ
တောမီးတွေက ရှေ့မှာဝိုင်း။
ခြင်္သေက မြက်မစား
ကျားက ကြွက်မချောင်း
မိချောင်းက ဖွတ်လိုမနေ
အိုးဝေ..အိုးဝေ တွန်သံနှောလေတဲ့
စိမ်းမြညို ဟောဟိုတောဆီသို့
အမောခံ ဇောမာန်တင်းပါလို့
ပျံရင်းသေ ခရီးဆက်မယ်တဲ့
(အဲဒါ..) ငှက်တို့ရဲ့သမိုင်း။
မောင်စိန်ဝင်း(ပုတီးကုန်း)
ငှက်တို့၏တေး
----------
မလိုက်ရဲရင်လည်း
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ။
တစ်နေ့နီးမှာပေါ့
ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်
(ငှက်ဆိုတာကတော့ ...) ပျံရင်းသေ။
ကဆုန်ဆိုင်းသလိုပေါ့
မုန်တိုင်းက ရှေ့မှာမွှေ
တောမီးတွေက ရှေ့မှာဝိုင်း။
ခြင်္သေက မြက်မစား
ကျားက ကြွက်မချောင်း
မိချောင်းက ဖွတ်လိုမနေ
အိုးဝေ..အိုးဝေ တွန်သံနှောလေတဲ့
စိမ်းမြညို ဟောဟိုတောဆီသို့
အမောခံ ဇောမာန်တင်းပါလို့
ပျံရင်းသေ ခရီးဆက်မယ်တဲ့
(အဲဒါ..) ငှက်တို့ရဲ့သမိုင်း။
မောင်စိန်ဝင်း(ပုတီးကုန်း)
Monday, December 17, 2012
ရောဂါ / by မင်းခိုက်စိုးစန်/ရေးသားသူ... နိုင်းနိုင်းစနေ ဘလော့ (ဂ်)မှ
ရောဂါ
မင်းခိုက်စိုးစန်
ရှင်ကွဲ ကွဲခံပုံကတော့
သူလိုငါလိုပါပဲ...
ကြယ်တွေကလည်း တိတ်တိတ်လေးပဲ လင်းတယ်
သံယောဇဉ်ဆိုတာ သကြားလုံးတစ်မျိုးပဲ မဟုတ်လား
အချိုသိပ်ကြိုက်တဲ့သူဟာ
တစ်နေ့နေ့မှာ သွားပိုးစားခံရမှာ သေချာတယ်
အဲဒီအခါ မငိုပါနဲ့
မျက်ရည်ဆိုတာလည်း ပုံတိုပတ်စတစ်ခုပဲလေ
ကိုယ့်ကိုယ်ကို
လမ်းကြိုလမ်းကြား သေးသေးလေးဖြစ်အောင်ဖန်ဆင်း
ဘယ်သူမှမသိတဲ့ မြို့တစ်မြို့မှာ
ကျောခင်းပြီး လှဲနေလိုက်ပါ
ပိုးလောက်လန်းတွေကို စစ်နေရတာထက်စာရင်
အချစ်ကိုသွန်ပစ်လိုက်ရတာက ပိုကောင်းတယ်
မင်းခိုက်စိုးစန်
မင်းခိုက်စိုးစန်ဆိုမှ အီးမေးလ်ထဲမှာ လွန်ခဲ့တဲ့၂လလောက်က လူတစ်ယောက်ပို့ထားတဲ့ကဗျာကို သွားသတိရတယ်။ ကျွန်မကြိုက်လို့စုထားတဲ့ မင်းခိုက်စိုးစန်ကဗျာတွေထဲမှာ ဒီကဗျာမပါသေးလို့တဲ့။ ကျေးဇူးတင်ပါတယ် Agga Aye Chanး)
Share/Bookmark
Sunday, May 16, 2010
" တို့ရွာသမိုင်း "(မင်းသုဝဏ်)
Ter Tee and Ma Nandar shared Be Shoke's photo.
" တို့ရွာသမိုင်း "(မင်းသုဝဏ်)
သူတို့လာမှ
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည်
တွေးတိုင်း တက်ခေါက်မိသတည်း။
ငါတို့ရွာတွင်
မိုးခါမိုးလျောက်၊ ငါးဖားလောက်၏၊
ဆောင်းလျောက်ဆောင်းခွင်၊ သီးပွင့်ရွှင်၏။
နွေလျှင်စုံတော၊ ဟင်းရွက်ပေါ၏။
သူတို့လာမှ
တို့ရွာအိုင်အင်း၊ ငါးဖားကင်းခဲ့။
စိုက်ခင်းစင်အုံ၊ သီးပွင့်ကုန်ခဲ့။
တောစုံမြိုင်ကြား၊ ဟင်းရွက်ရှားခဲ့။
ငါတို့ရွာတွင်
ရှေးခါအရှက်၊ အကြောက်ဖက်၍
ကျင့်ပျက်အမှု၊ မကောင်းစုကို
ပြုခဲပြောခဲ၊ တွေးကြံခဲ၏။
သူတို့လာမှ
ချော့ကာတမျိုး၊ ခြောက်တမျိုးနှင့်
ကျင့်ရိုးပျက်အောင်၊ မျှားသွေးဆောင်၍
ယောင်ယောင်မှားမှား၊ ကျင့်ပျက်ပြားခဲ့။
တက်တခေါက်ခေါက်၊ စိတ်နောက်နောက်နှင့်
တယောက်တမျိုး၊ ထဲကြံခိုး၍
တိုးတိုးတိတ်တိတ်၊ အတွင်းကျိတ်လျက်
စိတ်ချင်းညှိကာ၊ သွေးညှိကာလျှင်
ညီညာသောလိုက်၊ အချိန်ဆိုက်သော်
ကောက်စိုက်စူးတံ၊ ကောက်ဆွလှံနှင့်
ဝါးချွန်ကိုင်စွဲ၊ ဓားကိုင်ဆွဲ၍
ရွာထဲရွာပြင်၊ တောတခွင်၌
(မြို့ထဲမြို့ပြင်၊ ပြည်တခွင်၌)
သမင်ကိုကျား၊ ချောင်းသောလားသို့
စောင့်စားထိုးခုတ်၊ ရန်မျိုးဖြုတ်က
မျိုးယုတ်လူညစ်၊ သူကောင်ပစ်လျက်
လစ်သည်လွတ်ရာ၊ လွတ်ကြောင်းရှာသော်
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းမှ
(မြန်မာသမိုင်း၊ အဖြစ်ရိုင်းမှ)
ရှိတိုင်းအမှန်၊ ထွန်းသစ်ပြန်သည်
တော်လှန်ရေး၏ ကျေးဇူးတည်း။ ။
မင်းသုဝဏ်
‎" တို့ရွာသမိုင်း "(မင်းသုဝဏ်)
သူတို့လာမှ
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည်
တွေးတိုင်း တက်ခေါက်မိသတည်း။
ငါတို့ရွာတွင်
မိုးခါမိုးလျောက်၊ ငါးဖားလောက်၏၊
ဆောင်းလျောက်ဆောင်းခွင်၊ သီးပွင့်ရွှင်၏။
နွေလျှင်စုံတော၊ ဟင်းရွက်ပေါ၏။
သူတို့လာမှ
တို့ရွာအိုင်အင်း၊ ငါးဖားကင်းခဲ့။
စိုက်ခင်းစင်အုံ၊ သီးပွင့်ကုန်ခဲ့။
တောစုံမြိုင်ကြား၊ ဟင်းရွက်ရှားခဲ့။
ငါတို့ရွာတွင်
ရှေးခါအရှက်၊ အကြောက်ဖက်၍
ကျင့်ပျက်အမှု၊ မကောင်းစုကို
ပြုခဲပြောခဲ၊ တွေးကြံခဲ၏။
သူတို့လာမှ
ချော့ကာတမျိုး၊ ခြောက်တမျိုးနှင့်
ကျင့်ရိုးပျက်အောင်၊ မျှားသွေးဆောင်၍
ယောင်ယောင်မှားမှား၊ ကျင့်ပျက်ပြားခဲ့။
တက်တခေါက်ခေါက်၊ စိတ်နောက်နောက်နှင့်
တယောက်တမျိုး၊ ထဲကြံခိုး၍
တိုးတိုးတိတ်တိတ်၊ အတွင်းကျိတ်လျက်
စိတ်ချင်းညှိကာ၊ သွေးညှိကာလျှင်
ညီညာသောလိုက်၊ အချိန်ဆိုက်သော်
ကောက်စိုက်စူးတံ၊ ကောက်ဆွလှံနှင့်
ဝါးချွန်ကိုင်စွဲ၊ ဓားကိုင်ဆွဲ၍
ရွာထဲရွာပြင်၊ တောတခွင်၌
(မြို့ထဲမြို့ပြင်၊ ပြည်တခွင်၌)
သမင်ကိုကျား၊ ချောင်းသောလားသို့
စောင့်စားထိုးခုတ်၊ ရန်မျိုးဖြုတ်က
မျိုးယုတ်လူညစ်၊ သူကောင်ပစ်လျက်
လစ်သည်လွတ်ရာ၊ လွတ်ကြောင်းရှာသော်
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းမှ
(မြန်မာသမိုင်း၊ အဖြစ်ရိုင်းမှ)
ရှိတိုင်းအမှန်၊ ထွန်းသစ်ပြန်သည်
တော်လှန်ရေး၏ ကျေးဇူးတည်း။ ။
မင်းသုဝဏ်
ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)၏ ကဗျာ
July Moe and 3 other friends shared Zaw Win's photo.
ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)၏ ကဗျာ
========================
ငလျင်လှုပ်ပြီး
ဘုန်းကြီး မီးလောင်
ဒေါသတချောင်းချောင်း
လက်ပတောင်း ဒီတောင်
တရုတ်ကျေးဇူး.???
ရှိဖူးသတဲ့ မောင်
--အမလေး
စစ်ခွေးတစ်ကောင်ဟောင်...။ ။
ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)
Credit: Ponnya Swe / ပုညဆွေ
ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)၏ ကဗျာ
========================
ငလျင်လှုပ်ပြီး
ဘုန်းကြီး မီးလောင်
ဒေါသတချောင်းချောင်း
လက်ပတောင်း ဒီတောင်
တရုတ်ကျေးဇူး.???
ရှိဖူးသတဲ့ မောင်
--အမလေး
စစ်ခွေးတစ်ကောင်ဟောင်...။ ။
ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)
Credit: Ponnya Swe / ပုညဆွေ