Sunday, July 21, 2013
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထုအား သွေးခွဲရန် စနစ်တကျ အုပ်စုဖွဲ့ ကြိုးပမ်းနေခြင်း အပေါ် လေ့လာ သုံးသပ်ခြင်း (သို့မဟုတ်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအား လေ့လာ စမ်းစစ်ခြင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထုအား သွေးခွဲရန် စနစ်တကျ အုပ်စုဖွဲ့ ကြိုးပမ်းနေခြင်း အပေါ် လေ့လာ သုံးသပ်ခြင်း (သို့မဟုတ်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအား လေ့လာ စမ်းစစ်ခြင်း
~~~~~~~~~~~~~~~***~~~~~~~~~~~~~~~
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
နှင့်
နိုင်င်ငံရေး သဘောတရားနှင့် လုပ်ငန်းစဉ်များ
ဟူသည့် NLD ပါတီမှ ထုတ်ဝေထားသည့် စာအုပ်ငယ်လေးအား ဖတ်ရှု လေ့လာ မိသည့် ထဲမှ အချို့သော အချက်အလက် များကို သုံးသပ် တင်ပြ ရလျှင် ……
~~~~~~~~~***~~~~~~~~~
စာမျက်နှာ(၁) နိဒါန်းအောက်တွင်-
~~~~~~~~~***~~~~~~~~~
၁။ ပြည်ထောင်စု မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ပြည်သူ လူထုကြီး တစ်ရပ်လုံးသည် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ထောင်ရန် အစဉ်တစိုက် အားထုတ် ကြိုးပမ်း ခဲ့ကြသည်။
၂။ ပြည်သူတို့၏ ဆန္ဒနှင့် ရည်မှန်းချက်ကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရန်၊ နိုင်ငံတော်၏ အလုပ်သမားများ၊ တောင်သူ လယ်သမားများ၊ ကုန်သည် စီးပွားရေး လုပ်ငန်းရှင်များ၊ လူငယ် ကျောင်းသားများ၊ တတ်သိ ပညာရှင်များ၊ အနု ပညာရှင်များ၊ တိုင်းရင်းသား လူမျိုးများနှင့် လူထု လူတန်းစား အလွှာ အသီးသီးမှ ပြည်သူတို့ကို ကိုယ်စားပြုသော နိုင်ငံရေး အဖွဲ့ပေါင်းချုပ်ကြီး တစ်ရပ် လိုအပ် ပါသည်။
၃။ ထိုအချက်ကို အကြောင်းပြု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် National League for Democracy ကို ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းနှင့် အညီ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက် နေ့တွင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (ဥပဒေ အမှတ်-၄/၈၈) အရ ဖွဲ့စည်း တည်ထောင် ခဲ့ပါသည်။ .................................……………………………………..
~~~~~~~~~***~~~~~~~~~
စာမျက်နှာ(၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံ၏ အဓိပါယ် ဖွင့်ဆိုချက် အောက်တွင်-
~~~~~~~~~***~~~~~~~~~
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အလံတွင် အသုံးပြုထားသော အရောင်များနှင့် ပတ်သက် အောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ဆိုသည်။
- အနီရောင်သည် ရဲရင့်ခြင်း၊ သူရ သတ္တိရှိခြင်း၊ နိုးကြား တက်ကြွခြင်း။
- အဖြူရောင်သည် ဖြူစင်ခြင်း၊ ရိုးသားခြင်း၊ သစာရှိခြင်း။
- ရွှေဝါရောင်သည် မြင့်မြတ်ခြင်း၊ ဂုဏ်ရည်ပြောင်ခြင်းကို ရည်ညွှန်းသည်။
- အလံတွင် အသုံးပြုထားသော ကြယ်ဖြူကြီးမှာ ပြည်ထောင်စုနှင့် ဒီမိုကရေစီ အရေးတော်ပုံကို ရည်ညွှန်းသည်။
- ခွပ်ဒေါင်းမှာ ခေတ်အဆက်ဆက် အမျိုးသား နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကျောင်းသား လူငယ် မျိုးဆက်၏ အားမာန်ကို ရည်ညွှန်းသည်။
အခန်း(၁) *ရန်ကုန်ကို ကိုင်လှုပ်သောထို (၇) ရက်*/ by Kyaw Naing
အခန်း(၁) *ရန်ကုန်ကို ကိုင်လှုပ်သောထို (၇) ရက်*
၁၉၈၈ခု မတ်လ ဒုတိယအပတ်။
ငိုက်မြည်းနေသော ရန်ကုန်မြို့တော်၌ ထူးထူးခြားခြားလက္ခဏာ တစ်စုံတစ်ရာမျှ မတွေ့ရချေ။ ခရီးသည်များနှင့် ကြပ်သိပ်နေသော ဘတ်စ်ကားအိုတို့သည် လမ်းမကြီးများ တလျှောက် လေးတွဲ့စွာ သွားလာနေကြသည်။ ယိုးဒယား၊တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ပါမကျန် အိမ်နီးချင်းနိုင်ငံများမှ ဝင်လာသော မှောင်ခိုပစ္စည်းမျိုးစုံရောင်းသည့် ဈေးများ မှာလည်း စည်ကားလျက်ရှိနေသည်။
နိုင်ငံ၏ ဘဏ္ဍာရေး လျာထားချက်ကို ပြည်သူ့ လွှတ်တော်၌ တင်သွင်းဆွေးနွေးနိုင်ရန် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)၏ ဗဟိုကော်မတီဝင်များ စည်းဝေးတိုင်ပင်၍ ကြိုတင်ပြင်ဆင်ခဲ့သည်။ အရွယ်အစားသေး၍ စိတ်ဝင်စားစရာ နတ္ထိ ငြီးငွေ့ဖွယ်ရာအတိဖြစ်သော မြန်မာ့ သတင်းစာများမှာလည်း တာဝန် ကျေပြွန်စွာဖြင့် မဆလ ဗဟိုကော်မတီအစည်းအဝေး သတင်းများကို ဝေဝေဆာဆာ ဖော်ပြထားကြသည်။ သတင်းများတွင် အစည်းအဝေး တက်ရောက်ကြသော ဗဟိုကော်မတီဝင်များ၏ အမည်နာမ အပြည့်အစုံကို လည်းကောင်း၊ အခမ်းအနားမှူးများ မည်သူမည်ဝါဖြစ်သည်ကို လည်းကောင်း၊ ကိုယ်စားလှယ်တော်ကြီးများသည် ဘဏ္ဍာရေး လျာထားချက်များကို တစ်ဦးပြီးတစ်ဦး မည်သို့မည်ပုံ ထောက်ခံဆွေးနွေးကြသည်ကို လည်းကောင်း၊ ရှည်လျားစွာ ဖော်ပြထားသည်။ ထိုထောက်ခံဆွေးနွေးမှုများမှာ လုပ်ရိုးလုပ်စဉ် တစ်ခုသာဖြစ်သည်ကို လူတိုင်းသိရှိထားပြီးဖြစ်သည်။ နေဝင်းကိုယ်တိုင် ကနဦး ကတည်းက အတည်ပြုရန် ညွန်ကြားထားခဲ့သည်။ ထုံးစံအတိုင်းသတင်းစာများတွင် သတင်းဟူ၍ မယ်မယ်ရရမပါ။ မတ်လ ၁၁ ရက်နေ့ ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ ခေါင်းကြီးပိုင်းတွင်ကျောင်းသားများ အနေနှင့် ကျန်းမာရေးဂရုစိုက်ကြရန် သတိပေးဆော်သြ ထားကြောင်းကို တွေ့မြင်နိုင်သည်။ နီးကပ်လာနေသော အတန်းတင် စာမေးပွဲကို စိုးရိမ်ပူပန်ပြီး ညဥ့်နက်သန်းခေါင်ယံတိုင် စာမဖတ်သင့်ကြောင်း၊ အချိန်ဇယားဆွဲပြီး အချိန်မှန်မှန် စာကြိုးစားသင့်ကြောင်း စသည်ဖြင့် သတင်းစာ က ထောက်ပြသွားသည်။ ထိုအကြံပေးချက်များကို နှလုံးသွင်းကြသော လူငယ်သုံးဦးမှာ ဝင်းမြင့်၊ အမည်တူ ဝင်းမြင့်နှင့် ကျော်စံဝင်းတို့ဖြစ်သည်။ သုံးဦးစလုံးမှာ ရန်ကုန်မြောက်ပိုင်းဆင်ခြေဖုံးအနောက် ကြို့ကုန်းရှိ အထင်ကရ ရန်ကုန် စက်မှုတက္ကသိုလ်မှ ကျောင်းသားများဖြစ်ကြသည်။
Thursday, July 18, 2013
" ၀န်ကြီးတမတ် " July 13, 2012 at 4:03am/ By: Ter Tee
                                                            သူတို့သိပါတယ်
                                                           -------------------
" စာသဘင် "  ကို တာဝန်ယူထားသောသားများက စာတပုဒ်-စာတအုပ် အသစ်ရေးပေးပါဟု သာဓုကို အပူကပ်ကြသည်။ (အနယ်နယ်က တောင်းဆိုနေပါပြီ) ဟုလည်း အလွယ်ဆုံးနည်းဖြင့် အကြောင်းပြသည်။
" ကိုယ့်ဟာကိုယ် ထုတ်ချင်လဲ ရေးပေးပါ့မယ် ဟိုကတောင်းဆိုချက် ၊ ဒီက တိုက်တွန်းမှု ဆိုတာတွေနဲ့ ခုတုံးမလုပ်ပါနဲ့ကွာ "  သို့ ပြောရင်း ဤစာအုပ် ရေးပေးမည်ဟု ပြောလိုက်သည်နှင့် ပြိုက်ကနဲ ကောက်၍ကြော်ငြာကြသည်။
(ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးစက ဒေါသဖြစ်စရာ ကမောက်ကမမြင်ကွင်းများကို မကျေမနပ်ဖြစ်ခဲ့ရာမှ စာတပုဒ်ကောက်ရေးရင်း စာရေးဆရာ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရသော) စသဖြင့် ....
ဤတွင် ထိုကောက်ရေးသည် ဆိုသော စာတပုဒ်သည် အဘယ်စာတပုဒ်လေနည်း ဟု သိလိုလာကြသည်။ သိပြီးသူက မသိသေးသူကို " ၀န်ကြီးတမတ် " ဆိုတဲ့ ၀တ္ထုပေါ့ ဟု သူတို့ချင်းပြော၍ (သိ) သွားပြီးသောအခါတွင်မူ (ဖတ်)ချင်လာကြပြန်သည်။
ဤသည်ကိုလည်း သားများက ပြော၍ သိရသည်။ စာရှုပရိသတ်ကိုပင် ခုတုံးလုပ်ပြန်လေသလော မပြောတတ်။ ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ ၊ " အဆစ် " ကလေးအဖြစ်ကား ထည့်ပေးသင့်သည်ဟု ယူဆသည့်အတိုင်း ဆက်ဖတ်လိုက ဖတ်ပါ ၊ သာဓု၏ စာရှုသူ ....။
**********************************************************************************
                                                               -----------------
                                                                                                                 သာဓုရေးသည်။
ဂျစ်ကားကလေးတစင်းသည် ဆူးလေဘုရားဘက်မှ ဒါလဟိုဇီလမ်းအတိုင်း အနောက်ဘက်သို့ မောင်းလာပြီး သိမ်ကြီးဈေးထိပ် ဘုရားလမ်းသို့ ရောက်သည်နှင့် လက်ျာဘက်သို့ ချိုးကွေ့ကာ သိမ်ကြီးဈေး ဆင်ဝင်အောက် အထည်ဆိုင်များအနီးတွင် ရုတ်တရက် ထိုးရပ်လိုက်သည်။
"ဂျူလိုင် ၁၉ လုပ်ကြံမှုကြီး ကိုယ်တွေ့ကြုံသူတို့၏ပြောကြားချက်များ" July 19, 2012 at 12:31pm - ဦးဘဂျမ်း
ထိုနေ့က ၀န်ကြီးများအစည်းအဝေးသည် အတွင်းဝန်များရုံး အဆောက်အဦး ဗိုလ်ချုပ်အောင်ဆန်း၏
ရုံးခန်းတွင် ဂ ငယ်ပုံ အစည်းအဝေးစာပွဲကြီး၌ နံနက် ၁၀ နာရီခန့်အချိန်တွင် စတင်ကျင်းပရာ
ထိပ်စာပွဲအလယ်၌ ဗိုလ်ချုပ်အောင်ဆန်းထိုင်သည်။ ဗိုလ်ချုပ်၏ လက်ဝဲဖက်၌ ၀န်ကြီးများအဖွဲ့
အတွင်းဝန် ဦးရွှေဘော်သည်လည်းကောင်း ၊ လက်ယာဖက်စာပွဲ၌ သခင်မြ ၊ ဦးရာဇတ် ၊ ဒီးဒုတ်ဦးဘချို ၊
ဦးဘ၀င်း နှင့် မန်းဘခိုင် တို့ အစဉ်အတိုင်းသည် လည်းကောင်း ၊ လက်ဝဲဘက်စာပွဲ၌ ဦးဘဂျမ်း ၊
ဦးအောင်ဇံဝေ ၊ ပျော်ဘွယ်ဦးမြ ၊ မိုင်းပွန်စော်ဘွားကြီး တို့ အစဉ်အတိုင်းသည် လည်းကောင်း ထိုင်ကြပြီးလျှင်
လက်ယာဖက် သခင်မြတို့ စာပွဲထိပ်ရှိ ကုလားထိုင်၌ အစည်းအဝေးတွင် စဉ်းစားသောကိစ္စနှင့်
သက်ဆိုင်သည့် ၀န်ကြီးဌာန၏ အတွင်းဝန်က ထိုင်ရသည်။
နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် လူသတ်သမားများရောက်လာချိန်၌ ၀န်ကြီးများ အစည်းအဝေးတွင်
ရှိနေသော အလှည့်ကျ အစိုးရအတွင်းဝန်မှာ ဦးအုန်းမောင်ဖြစ်သည်။ ဦးအုန်းမောင် ရောက်လာပြီး
သုံးလေးမိနစ်ခန့်အကြာတွင် လူသတ်သမားများ ရောက်လာခြင်းဖြစ်သည်။ အစည်းအဝေးအစီအစဉ်အရ
ထိုအချိန်သည် ဦးအုန်းမောင်၏ အလှည့် မကျရောက်သေး။ သံအမတ်ဟောင်း (ထိုအချိန်က အတွင်းဝန်) ဦးကြင်၏
အလှည့် ဖြစ်သည်။ ဦးအုန်းမောင်က မိမိတွင် အခြားအရေးကြီးသော ကိစ္စတခု ရှိနေသေးကြောင်း ဦးကြင်အား
ပြောပြခွင့်ပန်ပြီးလျှင် အစည်းအဝေးသို့ ဦးစွာလာ၍ သူရေးထားသည့် သယ်ယူပို့ဆောင်ရေး စီမံကိန်းအကြောင်း ရှင်းလင်းတင်ပြထားခြင်း ဖြစ်သည်။ အကယ်၍သာ အစည်းအဝေးအစီအစဉ်အတိုင်း စဉ်းစားဖြစ်လျှင်
(သို့တည်းမဟုတ်) လူသတ်သမားများ ငါးမိနစ်ခန့်စော၍ ရောက်လျှင် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့်
ရင်နင့်ဖွယ်ကိစ္စတွင် ဦးအုန်းမောင်၏ အသက်တချောင်း အဆစ်ပါသွားခဲ့မည် မဟုတ်ပေ။
အမှောင်လှိုင်းထဲကသူရဲကောင်းတို့ တိုင်းပြည်/နှင်းပန်းအိမ်