Thursday, January 3, 2013

ဟက္ကာလက်စွဲ


မြန်မာပြည်သား


ဤမြေမှသည်


ယဉ်ကျေးမှု့ များတိုးတိုက်မိခြင်းနှင့် မဟာပြိုကွဲမှုကြီး /ကျော်ဝင်း


ကချင်စစ်ဘေးဒုက္ခသည်တွေကိုဘယ်လို စဉ်းစားပေးမှာလဲ KIA ?

Thein Moe and Boon Myo Myo shared မွန်းဒီပါ's photo.
ကချင်စစ်ဘေးဒုက္ခသည်တွေကိုဘယ်လိုစဉ်းစားပေးမှာလဲ KIA ?
------------------------------------------------------------------------
KIA ကိုတိုင်းရင်းသားတွေရဲ့အခွင့်အရေးအတွက်လက်နက်ကိုင်တိုက်ပွဲ
ဝင်နေတဲ့အဖွဲ့လို့ အရင်ကစိတ်ထဲမှာအသိအမှတ်ပြုခဲ့သေးတယ်။
ဒါပေမယ့် ခုနောက်ပိုင်းတဖြည်းဖြည်းသိလာတာက နိုင်ငံရေးခံယူချက်
မည်မည်ရရမရှိတဲ့အဖွဲ့တစ်ခုဆိုတာပါပဲ။ဘယ်လိုနိုင်ငံရေးလမ်းစဉ်ကို
ကိုင်စွဲပြီးတိုက်ပွဲဝင်နေတာလဲ၊(အကယ်၍)ကချင်ပြည်နယ်ကိုKIAလက်ထဲ
ထည့်ပြီး “ခင်ဗျားတို့စိတ်ကြိုက်အုပ်ချုပ်ပါ”ဆိုရင်ဘယ်လိုဖွဲ့စည်းပုံနဲ့ဘယ်လို
အုပ်ချုပ်မယ်ဆိုတာမျိုးရှိရဲ့လား၊ကချင်လူထုအကျိုးအတွက်လုပ်ကိုင်ဆောင်
ရွက်နေတဲ့အဖွဲ့ဖြစ်တယ်ဆိုတာသေချာရဲ့လားဆိုတဲ့မေးခွန်းတွေကိုမေးခွန်းထုတ်ရပါလိမ့်မယ်။ငြိမ်းချမ်းရေးကိစ္စစဉ်းစားတဲ့နေရာမှာကချင်စစ်ဘေးဒုက္ခသည်တစ်သိန်းကျော်အတွက်ဘာလို့ထည့်မစဉ်းစားနိုင်ရတာလဲ။အဲဒီဒုက္ခ
သည်တွေအတွက်ဘာတွေများကူညီစောင့်ရှာက်မှုတွေလုပ်ပေးပါသလဲ။မြန်မာစစ်တပ်နဲ့အစိုးရကမလုပ်ပေးဘူးဆိုရင်တောင်လက်ခံလို့ရသေးတယ်။KIAအနေနဲ့ကိုယ့်လူမျိုးအချင်းချင်းအတွက်အဲဒီကိစ္စတွေကိုမစဉ်းစားပေးဘဲလက်နက်ကိုင်တိုက်ပွဲဝင်နေတာကချင်လူထုအတွက်လုပ်နေတဲ့တော်လှန်ရေးဟုတ်ပါရဲ့လား။KIAထိပ်တန်းခေါင်းဆောင်တွေရဲ့ချမ်းသာကြွယ်ဝမှုဟာန၀တစစ်အစိုးရခေါင်းဆောင်တွေထက်မလျော့ဘူးဆိုတာလိုင်ဇာကိုရောက်ဖူးသူတိုင်းသိတဲ့ကိစ္စပါ။ဒါပေမယ့် သူတို့အနေနဲ့ကချင်ပြည်နယ်အတွက်ကျန်းမာရေး၊
ပညာရေး၊လူမှုဘ၀ဖွံ့ဖြိုးစည်ပင်ရေးတွေအတွက်ဘာများလုပ်ကိုင်ပေးခဲ့ပါသလဲ။လုပ်ခွင့်မရလို့ဆိုတဲ့အကြောင်းပြချက်ချက်လောက်နဲ့တော့မလုံလောက်ပါဘူး။ပညာထူးချွန်တဲ့ကချင်တိုင်းရင်းသားတွေအတွက်ပညာရေးရန်ပုံငွေတစ်ရပ်ထူထောင်ပြီးပြည်ပနိုင်ငံတွေမှာကျောင်းသွားတက်ဖို့စီစဉ်ပေးတာမျိုး
လောက်တော့အနည်းဆုံးလုပ်လို့ရပါတယ်။တချို့မြို့နဲ့အလှမ်းဝေးတဲ့နေရာ
တွေကဆင်းရဲငတ်မွတ်နေတဲ့ရွာသူရွာသားတွေအတွက်ဘယ်လိုများကူညီထောက်ပံ့ပေးခဲ့ဖူးပါသလဲ။တကယ်တမ်းပြန်တွေးကြည့်ရင် KIA နဲ့ န၀တ စစ်အစိုးရ ဟာ ကချင်လူထုအတွက်အတူတူပါပဲ။( န၀တ စစ်အစိုးရကတော့ ကချင်လူထုချည်းပဲမဟုတ်ဘူး၊မြန်မာတစ်နိုင်ငံလုံးအတွက်လဲဘာမှမစဉ်းစားပေးခဲ့ဘူး) ကချင်ပြည်နယ်ကိုသာKIAလက်ထဲထည့်ပြီးစိတ်ကြိုက်
လုပ်ခွင့်ပေးလိုက်ရင်ကချင်ပြည်သူတွေအနေနဲ့စစ်အာဏာရှင်စနစ်ကိုနောက်တစ်ကြိမ်ပြန်ရင်ဆိုင်ရမှာအသေအချာပဲ။ငြိမ်းချမ်းရေးကိစ္စညှိနှိုင်းရခက်နေ
တယ်ဆိုတာလဲ KIA မှာတိကျသေချာတဲ့နိုင်ငံရေးမူဝါဒမရှိသလို ကချင်ပြည်နယ်အနာဂတ်အတွက်ရည်ရွယ်ချက်ကြီးကြီးမားမားမရှိလို့ပဲဖြစ်ပါတယ်။နိုင်ငံရေးမူဝါဒမရှိဘဲလက်နက်ကိုင်တယ်ဆိုရင်ဓားမြအဖွဲ့ပဲဖြစ်လာမှာပါ။တော်လှန်ရေးသမားတော့ဖြစ်လာမှာမဟုတ်ပါဘူး။အခုလဲသိပ်တော့မထူးပါဘူး…လက်နက်ကိုင်စီးပွားရေးလုပ်ဖို့အတွက်ငြိမ်းချမ်းရေးကိစ္စအပေါ်
အလေးအနက်မရှိခြင်းဆိုတာသေချာခဲ့ရင်တော့အပြစ်မဲ့ဒုက္ခရောက်နေရတဲ့ကချင်လူထုရဲ့ဒဏ်ခတ်မှုကို KIA အနေနဲ့တချိန်ချိန်မှာရင်ဆိုင်ရပါလိမ့်မယ်။ ကိုယ်ကျိုးရှာရုံ၊ကိုယ့်အာဏာတည်မြဲရုံလောက်နဲ့ တစ်ဖက်က
ကချင်တိုင်းရင်းသားတွေရဲ့ဒုက္ခတွေကိုမျက်ကွယ်ပြုနေတဲ့KIAရဲ့သမိုင်းဟာ
ရှေ့ဆက် ဘယ်လိုမှလှပခန်းနားနိုင်မှာမဟုတ်တာသေချာပါတယ်။

                                     မွန်းဒီပါ
ကချင်စစ်ဘေးဒုက္ခသည်တွေကိုဘယ်လို
စဉ်းစားပေးမှာလဲ KIA ?
------------------------------------------------------------------------
KIA ကိုတိုင်းရင်းသားတွေရဲ့အခွင့်အေးအတွက်လက်နက်ကိုင်တိုက်ပွဲ
ဝင်နေတဲ့အဖွဲ့လို့ အရင်ကစိတ်ထဲမှာအသိအမှတ်ပြုခဲ့သေးတယ်။
ဒါပေမယ့် ခုနောက်ပိုင်းတဖြည်းဖြည်းသိလာတာက နိုင်ငံရေးခံယူချက်
မည်မည်ရရမရှိတဲ့အဖွဲ့တစ်ခုဆိုတာပါပဲ။ဘယ်လိုနိုင်ငံရေးလမ်းစဉ်ကိ
ကိုင်စွဲပြီးတိုက်ပွဲဝင်နေတာလဲ၊(အကယ်၍)ကချင်ပြည်နယ်ကိုKIAလက်ထဲ
ထည့်ပြီး “ခင်ဗျားတို့စိတ်ကြိုက်အုပ်ချုပ်ပါ”ဆိုရင်ဘယ်လိုဖွဲ့စည်းပုံနဲ့ဘယ်လို
အုပ်ချုပ်မယ်ဆိုတာမျိုးရှိရဲ့လား၊ကချင်လူထုအကျိုးအတွက်လုပ်ကိုင်ဆောင်
ရွက်နေတဲ့အဖွဲ့ဖြစ်တယ်ဆိုတာသေချာရဲ့လားဆိုတဲ့မေးခွန်းတွေကိုမေးခွန်းထုတ်ရပါလိမ့်မယ်။ငြိမ်းချမ်းရေးကိစ္စစဉ်းစားတဲ့နေရာမှာကချင်စစ်ဘေးဒုက္ခသည်တစ်သိန်းကျော်အတွက်ဘာလို့ထည့်မစဉ်းစားနိုင်ရတာလဲ။အဲဒီဒုက္ခ
သည်တွေအတွက်ဘာတွေများကူညီစောင့်ရှာက်မှုတွေလုပ်ပေးပါသလဲ။မြန်မာစစ်တပ်နဲ့အစိုးရကမလုပ်ပေးဘူးဆိုရင်တောင်လက်ခံလို့ရသေးတယ်။KIAအနေနဲ့ကိုယ့်လူမျိုးအချင်းချင်းအတွက်အဲဒီကိစ္စတွေကိုမစဉ်းစားပေးဘဲလက်နက်ကိုင်တိုက်ပွဲဝင်နေတာကချင်လူထုအတွက်လုပ်နေတဲ့တော်လှန်ရေးဟုတ်ပါရဲ့လား။KIAထိပ်တန်းခေါင်းဆောင်တွေရဲ့ချမ်းသာကြွယ်ဝမှုဟာန၀တစစ်အစိုးရခေါင်းဆောင်တွေထက်မလျော့ဘူးဆိုတာလိုင်ဇာကိုရောက်ဖူးသူတိုင်းသိတဲ့ကိစ္စပါ။ဒါပေမယ့် သူတို့အနေနဲ့ကချင်ပြည်နယ်အတွက်ကျန်းမာရေး၊

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဘန် သုံးသပ်ခြင်း ။ အပိုင်း (၃) by Aung Htoo on Thursday, January 3, 2013 at 10:01am ·


စာရေးသူ၏ ဆောင်းပါးများကို ဖတ်ပြီးနောက် စာဖတ်သူ ဖိုးကြီး ဆိုသူတဦးက “ အရင်က ခင်ညွန့်တို့ သန်းရွှေတို့ အကြောင်း ကို လက်ဖက်ရည်ဆိုင်မှာတောင် ခပ်ကျယ်ကျယ် မဝေဖန်ရဲတဲ့ခေတ်၊ အခုက NLD အာဏာရလို့ အစိုးရ ဖွဲ့နိုင်ခဲ့ရင် ဒေါ်စု နဲ့ NLD ကို ဝေဖန်တဲ့စကားမျိုး ခပ်ကျယ်ကျယ် မဟရဲ မဆိုရဲ တဲ့ခေတ်များ ရောက်လာလေမလား မသိဘူး။ မကြိုက်လဲ မတတ်နိုင်ဘူး မသင့်တာတွေ့တော့ ပြောရမှာပဲ အခုလဲ ပြောမယ် နောင်လဲပြောမယ်။” ဟု မှတ်ချက် ပြု ခဲ့သည်။ စာရေးသူသည် အဆိုပါ စာဖတ်သူနှင့် သဘောချင်း တူပါသည်။

ဝေဘန်ရေးသည် ဒီမိုကရေစီ၏ အသက်သွေးကြောဖြစ်သလို လူပုဂ္ဂိုလ်တဦး၏ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် လည်း ဖြစ်သည်။ နိုင်ငံရေးပါတီ တရပ်တွင် ပါတီတွင်း ဝေဘန်ရေး ရှိမှ ကောင်းစွာရှင်သန်ပါမည်။ လူ့အဖွဲ့အစည်း၌ လူထု အတွင်း လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ရှိမှ တိုးတက်ပါမည်။ ဤအခြေခံမှ ဆက်လက်ဝေဘန်သွားပါမည်။

ဥပဒေစိုးမိုးရေးကို တည်ဆောက်မပေးနိုင်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

၂၀၀၈ ဖွဲ့စည်းပုံကို မည်သို့ ချဉ်းကပ်မည်နည်း ဟူသည်မှ မြန်မာနိုင်ငံ၏ မျက်မှောက်ပြသနာများတွင် သော့ချက်ဖြစ် လာသည်။ ဥပဒေစိုးမိုးရေး ရနိုင် မရနိုင် ချိန်ထိုးရမည့် စံပေတန် ဖြစ်လာသည်။

၂၀၀၈ ဖွဲ့စည်းပုံကို ဖြစ်နိုင်လျှင် လုံးဝဖျက်သိမ်းပစ်သင့်သည်။ အနည်းဆုံးအားဖြင့် ယင်း၏ အခြေခံကြောရိုး များအား ပြင်ကိုပြင်ရပါမည်။ ဤသည်မှာ တိုင်းပြည်အကျိုး အတွက် လျှောက်ရမည့် လမ်းကြောင်းပင်။ ယင်းလမ်း ကြောင်းကို အထောက်အပံ့ဖြစ်စေရန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လှုပ်ရှားမှုများနှင့် စပ်လျှဉ်း၍ လူထု၏ အခန်း ကဏ္ဍကို တိုးမြင့်စေခြင်း ဖြစ်သည်။

“အထွေထွေယဉ်ကျေးခြင်း”

Nwe Aung and 2 other people shared အလင်းရောင် ချစ်သူ's photo.
“အထွေထွေယဉ်ကျေးခြင်း”

၁။ လူကြီးလူကောင်းများနှင့် လည်းကောင်း၊ လူစိမ်းများနှင့် လည်းကောင်း စကားပြောလျှင် ခေါင်းငုံ့၍မပြောပါနှင့်၊ ထိုသူကိုကြည့်၍ပြောရာ၏။

၂။ စကားပြောဆိုရာတွင် ရှက်ကန်းကန်းလည်းမဖြစ်နှင့်၊ ရဲတင်းလွန်းသောအမူအရာဖြင့် မဖွယ်မရာလည်းမပြုနှင့်၊

(သူတစ်ပါးသည် သင့်အားအပြစ်ရှာနေသည်ဟုမထင်နှင့်)။

၃။ သူတစ်ပါးစကားပြောလျှင် ကြားဖြတ်၍မပြောရ၊ ထိုသူ၏စကားဆုံးအောင် စောင့်ဆိုင်းရာ၏။

အကယ်၍ စိတ်မပါသ့ည့်တိုင်အောင် စိတ်မပါသည့် အမူအရာမပြဘဲ စိတ်ပါသကဲ့သို့ နားထောင်ရာ၏။

၎။ ဖြည့်စွက်၍ပြောရန်ရှိသော်လည်း ထိုသူစကားပြီးဆုံးမှ ယဉ်ကျေးသောအမူအရာနှင့် ရိုသေစွာဖြည့်စွက်ရမည်။

(မိမိတတ်ကျွမ်းနားလည်ကြောင်း ပြလိုသည့် သဘော၊ ဆရာလုပ်လိုသည့် သဘောဖြင့် ပြောဆိုခြင်းမပြုရ)။

၅။ သူတစ်ပါး၏ အပြစ်ကို မပြောဘဲ ရှောင်ကြဉ်ရာ၏။ သို့မဟုတ် အကောင်းကိုသာလျှင် ပြောရာ၏။ အကောင်းချီးမွမ်းရန်မရှိလျှင် မပြောဘဲနေရာ၏။

၆။ ဒေါသထွက်နေသူတစ်ဦး၏ အတုံ့ အပြန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရာ၏၊ တစ်ယူသန်သူနှင့်လည်း ယှဉ်ပြိုင်ပြောဆိုခြင်းမပြုအပ်၊

ထိုသူနှင့် မလွှဲမရှောင်သာ၍ ပြောရလျှင်ဖြည်းညင်းစွာ၊ ချိုသာစွာ ပြောဆိုအပ်၏။

၇။ မိတ်ဆွေအချင်းချင်းပင်လျှင် မနှစ်သက်ဖွယ်သော စကား၊ အကျိုးမရှိသောစကားကို မပြောရာ၊ ပြောလေ့ရှိလျှင် အကျင့်ပါတတ်၏။


၈။ လူကြီးလူကောင်း မိကောင်းဖခင် သားသမီးပီသစွာ ရိုင်းပျသော စကားအသုံးအနှုန်းကိုရှောင်ကြဉ်ရာ၏၊

စိတ်ဆိုးသောအခါမှာပင် မသုံးမိစေရန် သတိထားရာ၏၊

(လျှာကိုထိန်းနိုင်လျှင် ကိုယ်ကို ထိန်းနိုင်လာလိမ့်မည်)။

၉။ မကောင်းသောစကားကို မပြောမိစေရန်၊ မကောင်းသောအလုပ်ကို မလုပ်မိစေရန် သတိကြီးစွာ ထားရာ၏။

သူတစ်ပါးပြောဆိုလုပ်ကိုင်နေပါလျှင်ရှောင်၍သွားရာ၏၊ တစ်စုံတစ်ရာအား ပေးခြင်း၊ မပြုဘဲ ဆိတ်ဆိတ်နေရာ၏။

ရွယ်တူချင်းဖြစ်သော် ဆုံးမရာ၏။

( ဤကား ဝတ္တရားဖြစ်ကြောင်း မမေ့အပ်)။

၁၀။ မိမိနှင့် မဆိုင်သောနေရာ အရာဝတ္ထုပစ္စည်း အလုပ်အကိုင်များတွင် မပါမဝင် ရှောင်ကြဉ်ရာ၏။

၁၁။ မိမိနှင့်ဆိုင်သော ကိစ္စဖြစ်စေကာမူ မိမိအား သိစေသော အခါမှသာလျှင် သိရာ၏၊

သိလိုဇောနှင့် လောဘတကြီး စကားမဆုံးမီ မေးမြန်းခြင်းမပြုနှင့် ၊ အခွင့်ကိုစောင့်၍ မေးသင့်မှမေးရာ၏။

၁၂။ အခြားသူများ၏ အာရွက်စားတမ်းများအား စောင်းငဲ့ ၍ပင် မကြည့်ရာ၊ (စည်းကမ်းစနစ်ကြီးသူဖြစ်ပါစေ)။

၁၃။ မိမိဆောင်ရွက်ရန် တာဝန်ဝတ္တရားရှိပါက မညည်းညူပါနှင့်၊ ညည်းတွားတတ်သူသည် မည်သည့်နေရာမျှ အသုံးမဝင်ချေ၊

အများ၏ အနှောင့်အယှက်ဖြစ်စေရုံမျှမက ကြားသူတို့စိတ်တွင် မနှစ်မြို့မှုကိုဖြစ်စေသည်။

၁၄။ မည်သည့်အခါမဆို မျက်နှာကိုကောင်းစွာထားရာ၏။ မကောင်းသောဘေးဒုက္ခ တွေ့သည့်အခါမှာပင် စိတ်မညစ်ဘဲ မှတ်သားရန်

သင်ခန်းစာရပေသည်ဟုအကောင်းဘက်က ယူရာ၏။

၁၅။ ပြုံးရွှင်သောမျက်နှာကို ထားနိုင်သမျှထားပါ။

၁၆။ စကားပြောချိုခြင်းသည် ယဉ်ကျေးဖွယ်ရာသော အမူအရာဖြစ်၍ မိတ်ဆွေပေါများကြောင်းဖြစ်၏၊

၁၇။ ယဉ်ကျေးသော စကားအသုံးအနှုန်းတို့ကို အစဉ်အမြဲ သတိထား၍ သုံးပြီးလျှင် စိတ်ချမ်းသာစွာ မျက်နှာထားချိုသာ ရွှင်ပြုံးနိုင်ပါစေ။
“အထွေထွေယဉ်ကျေးခြင်း”

၁။ လူကြီးလူကောင်းများနှင့် လည်းကောင်း၊ လူစိမ်းများနှင့် လည်းကောင်း စကားပြောလျှင် ခေါင်းငုံ့၍မပြောပါနှင့်၊ ထိုသူကိုကြည့်၍ပြောရာ၏။

၂။ စကားပြောဆိုရာတွင် ရှက်ကန်းကန်းလည်းမဖြစ်နှင့်၊ ရဲတင်းလွန်းသောအမူအရာဖြင့် မဖွယ်မရာလည်းမပြုနှင့်၊

(သူတစ်ပါးသည် သင့်အားအပြစ်ရှာနေသည်ဟုမထင်နှင့်)။

၃။ သူတစ်ပါးစကားပြောလျှင် ကြားဖြတ်၍မပြောရ၊ ထိုသူ၏စကားဆုံးအောင် စောင့်ဆိုင်းရာ၏။

အကယ်၍ စိတ်မပါသ့ည့်တိုင်အောင် စိတ်မပါသည့် အမူအရာမပြဘဲ စိတ်ပါသကဲ့သို့ နားထောင်ရာ၏။

၎။ ဖြည့်စွက်၍ပြောရန်ရှိသော်လည်း ထိုသူစကားပြီးဆုံးမှ ယဉ်ကျေးသောအမူအရာနှင့် ရိုသေစွာဖြည့်စွက်ရမည်။

(မိမိတတ်ကျွမ်းနားလည်ကြောင်း ပြလိုသည့် သဘော၊ ဆရာလုပ်လိုသည့် သဘောဖြင့် ပြောဆိုခြင်းမပြုရ)။

Tuesday, January 1, 2013

ဆန္ဒရယ် … လက်တွေ့ရယ် … ၂၀၀၈ အခြေခံဥပဒေရယ် (Tu Maung Nyo)

Myint Sein shared Sa Maung's photo.
ဆန္ဒရယ် … လက်တွေ့ရယ် … ၂၀၀၈ အခြေခံဥပဒေရယ် (Tu Maung Nyo)

“သမ္မတ” ဖြစ်ချင်တာကစိတ်ကူးပဲ ၊ အဲဒီစိတ်ကူး အကောင်အထည်ဖြစ်လာဖို့ လက်တွေ့ပထမဆုံးလုပ်ရမှာက “၂၀၀၈ အခြေခံ ဥပဒေ” ပြင်ဆင်ရေးဖြစ်ပါတယ်။ ဒါကလူတိုင်းသိတဲ့ကိစ္စပဲ။ “၂၀၀၈ အခြေခံဥပဒေ” မပြင်ဆင်နိုင်သမျှ “သမ္မတ” ဖြစ်ချင်တာဟာ စိတ်ကူး အဖြစ်ပဲတည်ရှိနေလိမ့်မယ်။ ဘယ်တော့မှ အကောင်အထည်ဖြစ်လာမှာမဟုတ်ပါဘူး။
“စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်ချင်တာကလည်း စိတ်ကူးပဲ၊ အဲဒီစိတ်ကူး အကောင်အထည်ဖြစ်လာဖို့ လက်တွေ့ ပထမဆုံးလုပ်ရမှာက “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးဖြစ်ပါတယ်။ ဒါလည်း လူတိုင်းသိတဲ့ကိစ္စပဲ။ “၂၀၀၈ အခြေခံဥပဒေ” မပြင်ဆင်နိုင်သမျှ “စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု”တည်ဆောက်ချင်တာကလည်း စိတ်ကူးဖြစ်ပဲ တည်ရှိနေလိမ့်မယ်။ ဘယ်တော့မှ အကောင်အထည်ဖြစ်လာမှာမဟုတ်ဘူး။
အကြောင်းကြောင်းကြောင့် ပြည်ပရောက်တွေ ပြည်တွင်းပြန်ဝင်ပြီး (နိုင်ငံရေးလုပ်ချင်တယ် ဆိုရင်လည်း) “၂၀၀၈ အခြေခံ ဥပဒေ” ကို ပြင်ဆင်ရလိမ့်မယ်။ အခြေခံဥပဒေ ပုဒ်မ ၁၂၀ (ဂ) ကိုပြင်ရမယ်။
“သမ္မတဖြစ်ချင်ရင်”၊
“စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ချင်ရင်”၊
“ပြည်ပရောက်တွေ ပြည်တွင်းဝင်ပြီး နိုင်ငံရေး လုပ်ချင်ရင်”
လက်တွေ့ ပထမဆုံးလုပ်ရမှာက “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးဖြစ်ပါတယ်။
ဒါကြောင့် ယနေ့ကိစ္စအားလုံးရဲ့ ဆုံချက်ဟာ “၂၀၀၈ အခြေခံ ဥပဒေ” ပြင်ဆင်ရေးဖြစ်နေတယ်။
၂၀၁၅ မှာ သမ္မတဖြစ်လာဖို့ စိတ်ကူးနေတယ်၊ မျှော်မှန်းနေတယ် ဆိုရင် ၂၀၁၅ မတိုင်ခင် “၂၀၀၈ အခြေခံဥပဒေ” ကို ပြင်ဆင်ထားရလိမ့်မယ်။ ပြင်ဆင်တယ် ဆိုတာမှာလည်း အပေါ်ယံလောက်ရှပ်ပြီး ပြင်တာမျိုးမဟုတ်ဘဲ၊ တကယ့်ကို အခြေခံကျကျ ပြင်ဆင်ရ မှာဖြစ်ပါတယ်။
အပေါ်ယံလောက်ရှပ်ပြီးပြင်ဆင်တာမျိုး ဆိုတာဟာ အခြေခံဥပဒေ ပုဒ်မ ၅၉ ၊ ပုဒ်မ ၁၂၀ ၊ ပုဒ်မ ၁၂၁ တို့မှာ  ပြဋ္ဌာန်းထားတဲ့ အချက်တွေလောက်သာ ကွက်ပြီးပြင်ဆင်တာမျိုးကိုဆိုလိုပါတယ်။
အခြေခံကျကျပြင်ဆင်ရမယ်ဆိုတာကတော့ အစိုးရအဖွဲ့ဝင်များနဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးဟာ မဲဆန္ဒနယ်များကနေ ပြည်သူလူထုမဲဆန္ဒနဲ့ ရွေးကောက်ပွဲမှာ တိုက်ရိုက် ရွေးချယ်တင်မြှောက်သူများသာ ဖြစ်ရပါမယ်။ စစ်ဦးစီးချုပ်တစ်ဦးတည်း ရဲ့သဘောထား ဆန္ဒ နဲ့ စိတ်ကြိုက်ရွေး စေလွှတ်တာ/ရုပ်သိမ်းတာတွေ လုပ်ပိုင်ခွင့်ရှိတဲ့ ပြဋ္ဌာန်းချက်များကို လုံးဝ ပယ်ဖျက်ပစ်ဖို့လိုအပ်ပါတယ်။
အခြေခံဥပဒေပုဒ်မ ၁၄၊ ပုဒ်မ ၇၄ (ခ)၊ ပုဒ်မ ၁၀၉ (ခ)၊ ၁၄၁ (ခ) နဲ့ ပုဒ်မ ၂၃၂ (ခ)ရှိ ပုဒ်မခွဲငယ် (၂) နှင့် (၃) တို့ကို လုံးဝ ပယ်ဖျက်ရပါမယ်။
တပ်မတော်ဟာ လွှတ်တော်နဲ့အစိုးရစီမံခန့်ခွဲမှုကို တိတိကျကျနာခံရပါမယ်။ စစ်ဦးစီးချုပ်ဟာ အစိုးရရဲ့အမိန့်ပေးညွန်ကြားမှုကို တိကျစွာလိုက်နာခံယူရပါမယ်။ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ စည်းကမ်းသေဝပ်စွာ နေထိုင်လုပ်ကိုင်တဲ့ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း သာဖြစ်ရပါမယ်။ ရဲတပ်ဖွဲ့ဟာလည်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့စီမံညွန်ကြားမှုအောက်မှာရှိရပါမယ်။  ဒါကြောင့် အခြေခံဥပဒေပုဒ်မ ၂၀ ၊ ပုဒ်မ ၄၀ တို့မှာ ပြဋ္ဌာန်းထားတဲ့အချက်များကို မုချပြင်ဆင်ရမှာဖြစ်ပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆိုလျှင်လည်း အခြေခံဥပဒေ ပုဒ်မ ၈၊ ပုဒ်မ ၉ တို့ကို မုချပြင်ဆင်ရပါ လိမ့် မယ်။
ဒါ့အပြင် တိုင်းရင်းသားတွေ တစ်လျှောက်လုံးရပ်ခံတင်ပြခဲ့ကြတဲ့ စစ်မှန်သောပြည်ထောင်စု (ဖက်ဒရယ်မူ) မှာ အခြေခံမူကြီး တွေအဖြစ်ပါဝင်တဲ့ – ဗမာပြည်နယ်ဖွဲ့စည်းရေး၊ လွှတ်တော်နှစ်ရပ်အာဏာတူပေးရေး၊ အထက်လွှတ်တော်သို့ တူညီသောလွှတ်တော် ကိုယ်စားလှယ်ဦးရေစေလွှတ်ရေး၊ ဗဟိုကိုအာဏာကန့်သတ်ပေးပြီး ပြည်နယ်များက ကျန်အာဏာများရယူရေး စတဲ့အချက်တွေကို ဘယ် လိုထည့်သွင်းပြဋ္ဌာန်း အကောင်အထည်ဖေါ်မလဲဆိုတာတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။
(ကျားဖြူပါတီ ကိုယ်စားလှယ် ဒေါ်နန်းဝါနု ကတော့ “၂၀၀၈ ဘောင်ထဲကနေ ဖက်ဒရယ်မူကို တစတစ ကျင့်သုံးနိုင်တယ်” လို့ ပြောပါတယ်)
ဒီလိုအချက်တွေကို ပြင်ဆင်မှသာ အခြေခံကျကျပြင်ဆင်တယ်လို့ ပြောနိုင်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် အပေါ်ယံရှပ်ပြီး အမည်ခံပြင်ဆင်တာမျိုးသာဖြစ်ပါလိ့မ်မယ်။
ဒါကြောင့် အခြေခံကျပြီး ထင်သာမြင်သာရှိတဲ့ အချက်တွေကို အကြမ်းဖျဉ်း ကောက်နုတ်တင်ပြတာပါ။ အခြားပြင်ဆင်စရာ အချက်တွေကျန်ပါသေးတယ်။
နောက်တစ်ချက် က “၂၀၀၈ အခြေခံဥပဒေ” ကို ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကနေ ရှောရှောရှုရှု ပြင်ဆင်နိုင်ပ့ါမလား။
“၂၀၀၈အခြေခံဥပဒေ” ပြင်မလား/ မပြင်ဘူးလားဆိုတဲ့အချက်ဟာ ကြံ့ဖွံ့ပါတီနဲ့ စစ်ဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင် တို့လက်ထဲမှာ ရှိနေတဲ့ကိစ္စဖြစ်ပါတယ်။
သူတို့ကမှ ပြင်ဆင်ဖို့ သဘောထားမရှိရင် ပြင်ဆင်နိုင်ရေးက မလွယ်ရေးချ မလွယ်ပါဘူး။  ပြည်ထောင်စု လွှတ်တော် (ပြည်သူ့ လွှတ်တော်+အမျိုးသားလွှတ်တော်) အတွင်းလက်တွေ့တည်ရှိနေတဲ့ အမတ်ဦးရေအင်အားအချိုးအစားက အဲဒီအချက်ကိုထောက်ခံနေပါ တယ်။
ဒါကြောင့် “၂၀၀၈ အခြေခံဥပဒေ” ကို ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကနေ ပြင်ဆင်နိုင်ရေးအတွက် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြံ့ဖွံ့ပါတီအကြီးအကဲတို့၊  စစ်ဦးစီးချုပ်ဗိုလ်မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံပြီး သူ့တို့သဘောထား တီးခေါက်ကြည့်သင့် ပါတယ်။
အခြေခံဥပဒေဆိုင်ရာခုံရုံး ပြန်လည်ဖွဲ့စည်းရေးကလည်း (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအတွက် “၂၀၀၈အခြေခံဥပဒေ” ပြင်ရမယ့် ကိန်းဆိုက်နေပါတယ်။ သူတို့ ပြင်ဆင်ထားတဲ့အတိုင်း “အခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ” အတည်ဖြစ်ဖို့ဆိုရင် အခြေခံဥပဒေထဲက ပုဒ်မ ၃၂၁၊ ပုဒ်မ ၃၂၃ နဲ့ ပုဒ်မ ၃၂၄ တို့ကို ပြင်ဆင်ဖို့လိုအပ်နေပါတယ်။
ဒါကြောင့် (ဗိုလ်) ဦးသိန်းစိန်အစိုးရအတွက်ဖြစ်စေ၊ ဒီမိုကရေစီအတိုက်အခံတွေအတွက် ဖြစ်စေ၊ တိုင်းရင်းသားအင်အားစုများ အတွက်ဖြစ်စေ   “၂၀၀၈အခြေခံဥပဒေ” ပြင်ဆင်ရေးဟာ လိုအပ်ချက်တစ်ခုဖြစ်နေပါတယ်။ ပြင်ဆင်လိုတဲ့ရည်ရွယ်ချက်နဲ့ အတိုင်းအတာကတော့ တူညီချင်မှ တူညီပါလိမ့်မယ်။
“ (တခါသေဖူး ပျဉ်ဘိုးနားလည်) ဆိုတဲ့ စကားပုံလို၊ ခေါင်းဆောင်တဦး သို့မဟုတ် ပါတီတခုရဲ့ စိတ်စေတနာ ယုံကြည်ကိုးစားနေ လို့မရတော့ပါဘူးလူဆိုတာ သင်္ခါရပါ၊ ပါတီအဖွဲ့အစည်းလည်း မတည်မြဲပါဘူး၊ ဒါကြောင့် ကျွန်တော်တို့အခွင့်အရေးတွေကို အဖြူအမဲ ခွဲခြား ပြီး ရေပက်မဝင်အောင်ရေးဆွဲထားဖို့ လိုအပ်လာတယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်။
ပုဒ်မအချို့လောက်ပြင်လိုက်ရင် ဖြစ်နိုင်စရာကောင်းရဲ့လို့ အစ ပထမတွင်ယူဆခဲ့ကြပါသေးတယ်။
ဒါပေမယ့်လက်တွေ့ခံစားရတဲ့ အတွေ့အကြုံနဲ့ယှဉ်တွဲပြီး အခြေခံဥပဒေကိုစိစစ်တဲ့အခါ၊ တခုနဲ့တခု ဆက်စပ်နေတာတွေ့မြင်လာ ရပါတယ်၊ အခြေခံမူတွေကို မပြင်ရင် မဖြစ်တာတွေ မြင်လာရပါတယ်။ ဒါကြောင့်လဲဘဲ အခြေခံမူကြီးတွေကို ပြုပြင်ပစ်ဖို့ ကျွန်တော်တို့တင် ပြလာရခြင်းဖြစ်ပါတယ်။
ဥပဒေပြုစာရင်း အခွန်တော်စာရင်းတွေ ပြုပြင်ပေးခြင်းဖြင့် အခွင့်အရေးတွေ ပိုမရနိုင်ဘူးလားလို့ မေးရင် ရသင့်သလောက်ရပါ တယ်လို့ ဖြေရပါမယ်။
ဒါပေမယ့်ဒီနည်းဟာ အခြေအမြစ်ကို မကုစားနိုင်ပါဘူး Palliative ခေါ်တဲ့ အပေါ်ယံလိမ်းဆေးနည်းဘဲ ဖြစ်ပါတယ်၊ အခြေအမြစ် ကို မကုစားနိုင်တဲ့အတွက် မကြာခဏ ဟိုကရောင် ဒီကဖောင်းနဲ့ ပြဿနာတွေ အစဉ်အမြဲ ပေါ်လာနေမှာမလွဲပါဘူး။
ကျွန်တော်တို့ပြည်ထောင်စုစစ်စစ်မူဟာ အနာကို အခြေအမြစ်ကကုစားနိုင်တဲ့နည်းဘဲလို့ ကျွန်တော်တို့ ရိုးရိုးသားသား ယုံကြည် ကြပါတယ်”
အထက်ပါစကားတွေဟာ ၁၉၄၇ အခြေခံဥပဒေဘောင်ထဲကနေ “၁၉၄၇ အခြေခံဥပဒေ” ကိုပြင်ဆင်ပေးဖို့ ၁၉၆၂ ခုနှစ်၊ ဖေဖေါ် ဝါရီလ ၂၄ ရက်နေ့၊ ရန်ကုန်မြို့ လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲမှာ ဦးထွန်းမြင့် ပြောကြားခဲ့တဲ့ မိန့်ခွန်းမှ ကောက်နုတ်ထားတာဖြစ်ပါတယ်။
၇ ရက်ခန့် အကြာ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဗိုလ်နေဝင်းစစ်အုပ်စု က အာဏာာသိမ်းပါတယ်။
“၁၉၄၇ အခြေခံဥပဒေ” ကို ဖျက်သိမ်းလိုက်ပါတယ်။
“၂၀၀၈ အခြေခံဥပဒေ” ကိုတော့ (နဝတ-နအဖ) စစ်အစိုးရကစိတ်ကြိုက်ရေးဆွဲအတည်ပြုခဲ့ပြီး လက်ရှိ (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရကို အမွေးစားအမွေခံအဖြစ် လွှဲအပ်ခဲ့တာပါ။ “၂၀၀၈ အခြေခံဥပဒေ” က စစ်ဦးစီးချုပ်ကို အာဏာသိမ်းခွင့်ပေးထားပါတယ်။
“၂၀၀၈အခြေခံဥပဒေ” ပြင်မလား/ မပြင်ဘူးလားဆိုတဲ့ အချက်ဟာ ကြံ့ဖွံ့ပါတီနဲ့ စစ်ဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင် တို့ဆန္ဒနဲ့ သဘောထားအပေါ်မှာတည်နေပါတယ်။
ဒါကြောင့် “၂၀၀၈အခြေခံဥပဒေ” မပြင်ဆင်နိုင်သေးဘူးဆိုရင်တော့ “သမ္မတဖြစ်ချင်တဲ့၊ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းချင်တဲ့၊ ပြည်တော်ပြန်နိုင်ငံရေးလုပ်ချင်တဲ့” ဆန္ဒတွေ ဟာ စိတ်ကူးယဉ်အိပ်မက်တွေ အဖြစ်သာ ရှိမြဲရှိနေပါလိမ့်မယ်။

ညွန်း 
            – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ 
- ၁၉၆၂ ခုနှစ်၊ ဖေဖေါ် ဝါရီလ ၂၄ ရက်နေ့၊ ရန်ကုန်မြို့လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲတွင် ဦးထွန်းမြင့် ပြောကြားခဲ့သော မိန့်ခွန်း၊ ဒို့တာဝန်ပုံနှိပ်တိုက်၊ ၃၀ -၃၂ သင်္ဂဟလမ်း၊ ကျောက်မြောင်း၊ ရန်ကုန်မြို့။ 




NLABR
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language
ဆန္ဒရယ် … လက်တွေ့ရယ် … ၂၀၀၈ အခြေခံဥပဒေရယ် (Tu Maung Nyo)

“သမ္မတ” ဖြစ်ချင်တာကစိတ်ကူးပဲ ၊ အဲဒီစိတ်ကူး အကောင်အထည်ဖြစ်လာဖို့ လက်တွေ့ပထမဆုံးလုပ်ရမှာက “၂၀၀၈ အခြေခံ ဥပဒေ” ပြင်ဆင်ရေးဖြစ်ပါတယ်။ ဒါကလူတိုင်းသိတဲ့ကိစ္စပဲ။ “၂၀၀၈ အခြေခံဥပဒေ” မပြင်ဆင်နိုင်သမျှ “သမ္မတ” ဖြစ်ချင်တာဟာ စိတ်ကူး အဖြစ်ပဲတည်ရှိနေလိမ့်မယ်။ ဘယ်တော့မှ အကောင်အထည်ဖြစ်လာမှာမဟုတ်ပါဘူး။
“စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်ချင်တာကလည်း စိတ်ကူးပဲ၊ အဲဒီစိတ်ကူး အကောင်အထည်ဖြစ်လာဖို့ လက်တွေ့ ပထမဆုံးလုပ်ရမှာက “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးဖြစ်ပါတယ်။ ဒါလည်း လူတိုင်းသိတဲ့ကိစ္စပဲ။ “၂၀၀၈ အခြေခံဥပဒေ” မပြင်ဆင်နိုင်သမျှ “စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု”တည်ဆောက်ချင်တာကလည်း စိတ်ကူးဖြစ်ပဲ တည်ရှိနေလိမ့်မယ်။ ဘယ်တော့မှ အကောင်အထည်ဖြစ်လာမှာမဟုတ်ဘူး။


အလံမီး ရှို.ခြင်းနှင်.ပါတ်သက်သရွေ. ----

Khin Mgoo shared Aye Aye Soe Win's status update.
အလံမီး ရှို.ခြင်းနှင်.ပါတ်သက်သရွေ. ----

Flag desecration is not forbidden by Canadian law.
အလံ ရှို.ခြင်းကို ကနေဒါ နိုင်ငံမှာ မည်သည်.ဥပဒေနှင်.မျှ တားမြစ်ထားခြင်းမရှိ။

Neither the law of England and Wales nor the law of Scotland has a concept of "flag desecration."
အင်္ဂံလန် နှင်. ဝေးလ် ၊စကော.တလန် က ဥပဒေများမှာလည်း အလံ မီး ရှို.ခြင်းဖျက်ဆီးခြင်း ဆိုင်ရာ ဘာကိုမှ မပြဌာန်းထား။

The United States Supreme Court in Texas v. Johnson, 491 U.S. 397 (1989), and reaffirmed in U.S. v. Eichman, 496 U.S. 310 (1990), has ruled that due to the First Amendment to the United States Constitution, it is unconstitutional for a government (whether federal, state, or municipality) to prohibit the desecration of a flag, due to its status as "symbolic speech."
အမေ၇ိကန်ဆူပရင်ကုတ် (တက်ဆက်စ် ပြည်နယ် နှင်. ဂျွန်ဆင် ၁၉၈၉ အမှု က ၁၉၉၀ ဆူပရင်ကုတ် နှင်. အစ်ခ်မန် ပြဌာန်းချက် ကို ထပ်မ့ အတည်ပြုပေးထားသည်။ ) လွတ်လပ်စွာ ပြောဆို ပြသခွင်.
freedom of speech အရအမေရိကန်နိုင်ငံရှိ မြို.နယ်၊ တိုင်း၊ ပြည်ထောင်စု အဆင်.ဆင်. အုပ်ချုပ်ရေးရုံးများက သင်္ကေံတ ပြလွတ်လပ်စွာ ထုတ်ဖေါ်ပြသမှု Symbolic Speech ကို နည်းတနည်းနည်းဖြင်.တားမြစ်ခြင်း၊ ပိတ်ပင်ခြင်း သည်၊ ဖွဲ.စည်းပုံ အခြေခံဥပဒေနှင်. မညီ ညွတ်ဟု ဆုံးဖြတ်ခဲ.သည်။

“မူရင်းကောင်းမှ မိတ္တူကောင်းမည်” by Soe Min on Tuesday, January 1, 2013 at 12:22am ·


          “တိမ်ယံအတွင်းက နှင်းကျပြီ။ အာကာတိုင်းက မှိုင်းလို့ရီ။ ဟေမန်ခါမှီ အထူးပဲချမ်းလှသည်။ တမေခင် ဘွေသဉ္ဇာလီ စက်ရာခန်းဆောင် ကြာခြည် ကတ္တီပါစောင် ခြုံထွေးတာတောင် နွေးနိုင်ပေါင်အတည်။”
          ဘိလပ်ပြန်သန်းရဲ့ “ဆောင်းကတ္တီပါ” ဆိုတဲ့ခေတ်ဟောင်းသီချင်းကလေးကို ငယ်ငယ်ကတည်းက နားရောအသည်းရော စွဲနေခဲ့တာမို့ ပြင်သစ်ကျောင်းရောက်တော့ “Le Lambeth walk” ဆိုတဲ့ပြင်သစ်သီချင်းကလေးကို ကြားလိုက်တဲ့အခါ “ကြည့်စမ်း ကြည့်စမ်း။ တစ်သက်လုံး ငါတို့ကသာ သူတို့ဆီက ခိုးခိုးချလာခဲ့တာ။ သည်တစ်ခါတော့ ငါတို့ဆီကနေ သူတို့ပြန်ခိုးချရပဟဲ့။” ဆို ခေါင်းလေးဘာလေးတောင် မော့သွားပြီး ပြင်သစ်ဆရာမကိုတောင် “အဲဒါ ငါတို့ဆီမှာ ကိုလိုနီခေတ်တုန်းက အရမ်းနံမယ်ကြီးတဲ့ သီချင်း။” လို့ ကြွားပလိုက်မိပါတယ်။ တို့ဆီမှာ ဟိုးရှေးရှေးကတည်းက နံမယ်ကြီးပြီးသားဆိုတော့ နင်တို့ကသာ ကော်ပီဖြစ်လိမ့်မယ် လို့ သေးသေးတင်ချင်တာလည်း ပါတာပေါ့။ ဘူတန်ရောက်လို့ Youtube မှာမွှေတတ်သွားတော့မှ အဲဒါသူတို့ ပြင်သစ်သီချင်းလည်း မဟုတ်သေးဘူး။ “Me and My Girl” ရုပ်ရှင်ထဲက “The Lambeth Walk” ဆိုတဲ့သီချင်းကို သူတို့လည်း ကော်ပီပြန်လုပ်ထားတာ လို့ သိလာတယ်။ အနုပညာဆိုတာ ဒီလိုပါပဲ။ နားထဲမှာနားဝင်ပီယံဖြစ်တဲ့ သီချင်းကလေးတွေကိုခံစားဖို့ ဘာသာစကားက အတားအဆီးဖြစ်လာတဲ့အခါ ကိုယ့်ဘာသာနဲ့ ပြန်လည်ခံစားရေးဖွဲ့လိုက်တော့ ထိထိမိမိ အရသာခံစားနိုင်တာပေါ့။ ဥရောပတစ်တိုက်လုံး သီချင်းလေးတွေကို အပြန်အလှန် ကူးယူခံစားခဲ့ကြတယ်။ ဥပမာတွေ ပြလို့တောင် မကုန်ဘူး။ ခေတ်ရေစီးကြောင်း လို့ပဲ ပြောရမယ်။ စာပေလောကမှာလည်း အတူတူပါပဲ။ ဂန္တ၀င်မြန်မာစာပေတွေဖြစ်တဲ့ ပန်းသာမစာအုတို့၊ ရတနာပုံတို့ဟာ ကော်ပီကူးထားမှန်းကို ယုံနိုင်စရာမရှိအောင် ကောင်းတဲ့ အနုပညာလက်ရာတွေပါ။ “Moment to Moment” ကနေ “တိမ်လွှာမို့မို့လွင်” ဖြစ်လာတာ။ “North by North-West” ကနေ “ကျောက်ဘီလူး နဲ့ ပပ၀င်း” ဖြစ်လာတာတွေကို ကြည့်ရင် မွေးစားထားတဲ့ဇာတ်အိမ်မို့လို့ အနုပညာ မမြောက်ဘူးလို့ ပြောလို့မရမှန်း သိပါလိမ့်မယ်။