Saturday, November 10, 2012
"ဤခရီး သည်ကဗျာတပုဒ် မဟုတ်" by Saw Lin
"ဤခရီး သည်ကဗျာတပုဒ် မဟုတ်"
ဒီပုံလေးကြည့်ပြီး၁၉၉၇ စစ်ပြေးဘ၀လေး ကို သတိ၇မိတယ် ကျမ အသက် ၁၁ နှစ် အ၇ွယ်ကဆို၇င် ကျမတို့ရွာမူလတန်း ကျောင်းလေးမှာ ကော်သူးလေ မူလတန်းကျောင်းနဲ့ မြန်မာနိုင်ငံ အစိုး၇မူလတန်း ကျောင်းဆိုပြီး ဆိုင်းဘုတ်နှစ်ခုရှိပါတယ် ကျောင်းရှေ့က အလံတိုင် နဲ့ ဆိုင်း ဘုတ်ကို ကြည့်ပြီး တခါတလေ ကမ္ဘာမကြေ မြန်မာပြည် တခါတလေ ယပွာကလူယဲဧိုး.... ကဗျာလေး တပုဒ် လဲရှိ
<အပိုင်း ၂ ကို နက်ဖန်မှဆက်ေ၇းမည် >
ကုလားဟူသည် ဤသို့တည်း... အပိုင်း(၂) by Won Thar Nu on Friday, November 9, 2012 at 10:57am ·
အခန်း(၄) ထင်ရှားသည့်ပုဂ္ဂိုလ်များ၏ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံ ဥပမာများ
(1) မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၇ခုနှစ် ဇူလိုင်လ ၁၃ရက်နေ့၊ လုပ်ကြံခြင်းမခံရခင် ၆ရက်အလိုတွင် ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်းအတွင်း မြန်မာနိုင်ငံသားများ၏ လက်ဖွာမှုများ၊ဖြုန်းတီးမှုများကို ထောက်ပြသွားပြီး  အဆိုပါစရိုက်များကြောင့် လွတ်လပ်ရေးရရှိပြီးနောက် ပြည်ပတင်သွင်းကုန်အရေအတွက်ကို လျှော့ချသင့်သည်ဟု ပြောကြားသည့်နေရာတွင် ကုလားဟူသော အသုံးအနှုန်းအား ဤသို့သုံးစွဲခဲ့သည်။
“ဆီကို ကုလားပြည်က ၀ယ်ရတယ်”
အကယ်၍ ကုလားဟူသော အသုံးအနှုန်းသည် တစ်စုံတစ်ရာအား ထိခိုက်စေသည့် ဆိုးရွားသောအဓိပ္ပါယ်သက်ရောက်မှုမျိုး ရှိနေခဲ့လျှင် ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အဆိုပါစကားလုံးအား သူ၏မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားလိမ့်မည် မဟုတ်ချေ။
(2) မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဦးနု
Burma under the Japanese အမည်ဖြင့် J. S. Furnival ဘာသာပြန်ဆိုထုတ်ဝေခဲ့သည့် ၀န်ကြီးချုပ်ဦးနု မြန်မာဘာသာဖြင့် မူရင်းရေးသားသော ငါးနှစ်ရာသီ ဗမာပြည်  စာအုပ် စာမျက်နှာ ၁၇ တွင်-
“ကန်ထရိုက်တာကုလားသည် သူ၏အလုပ်ကို ဆက်မလုပ်တော့ဘဲ မန္တလေးမှ ထွက်ပြေးခြင်းဖြစ်လေသည်။”
စာမျက်နှာ ၂၀၅ တွင်-
“အုပ်ချုပ်ရေးစီရင်မှုအဖွဲ့ (preparatory Committee) ကိုဖွဲ့ပြီး၍ တစ်လလောက်ရှိသောအခါ တစ်နေ့သ၌ လက္ခဏာဖတ်တတ်သော ကုလားနာမည်ကြီးတစ်ဦးကို သူ၏ရုံးခန်းအတွင်း၌ ဒေါက်တာဘမော်သည် ခေါ်၍ (သူသည် ချောင်း၍ အသတ်ခံရမည်လောဟူ၍) တိုင်ပင်ဘူး၏။”
(3) ဗမာပြည်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး၊ သတင်းစာဆရာ၊စာရေးဆရာ ဦးသိန်းဖေမြင့်
သူ၏ထင်ရှားသော စာအုပ်တစ်အုပ်ဖြစ်သည့် ဘုံဝါဒနှင့်တို့ဗမာ စာအုပ် စာမျက်နှာ၁၇၀ တွင်-
“ကုလားဆင်းရဲသားများကား ဗမာပြည်၌လာရောက်နေထိုင်ရသော ကျေးဇူးကိုမေ့ဟန်မရှိ။ ဗမာများကို ရန်မမူ၊ တခါတခါ ဗမာများနှင့် ဆိုးတူကောင်းဘက် ဆောင်ရွက်ကြလေသည်။ ရေနံချောင်း၊တညင်စသော ရေနံမြေသပိတ်တို့၌၎င်း၊ အခြားသပိတ်တို့၌၎င်း၊ ကုလားအလုပ်သမားနှင့် ဗမာအလုပ်သမားသည် တပူးတပေါင်းတည်းရှိသည်မှာ ထင်ရှား၏။”
အခန်း(၅) အရေးကြီးစာရွက်စာတမ်းများမှ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံဥပမာများ
(1) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်၏ ကြေငြာစာတမ်း အမှတ်(၁)၊ အပိုဒ်(၂)၊ အပိုဒ်ခွဲ(ဏ)၊ ၁၉၄၄-ခု၊သြဂုတ်လ ၇ ရက်။(3)
“ကရင်၊ရှမ်း၊ပလောင်၊တောင်သူ၊ကချင်၊ချင်း၊ မွန်၊တရုပ်၊ကုလား စသောလူနည်းစုများ၏ နိုင်ငံရေး၊စီးပွားရေး၊ လူမှုဆက်ဆံရေးအခွင့်အရေးများကို အစိုးရက အထူးစောင့်ရှောက်ပေးခြင်း။”
(2) မြေအောက်ကွန်မြူနစ်ပါတီ၏ ကြေငြာချက်၊ ၁၉၄၅-ခု ဖေဖော်ဝါရီလ ၂၇ရက်။ အခဏ်း (၆)၊ အပိုဒ် (၄)။(4)
“ကုလားစစ်တပ်ကိစ္စ။ ကုလားစစ်တပ်သည် ဂျပန်စစ်တပ်နှင့်အတူ ဆုတ်ချင်လည်းဆုတ်သွားမည်၊ သို့မဟုတ် ဗမာပြည်တွင် ဖရိုဖရဲဖြစ်ချင်လည်း ဖြစ်သွားလိမ့်မည်၊ ကုလားစစ်တပ် ဖရိုဖရဲဖြစ်ခဲ့လျှင် ဗမာပြည်တွင် အဓိကရုဏ်းများ ဖြစ်နိုင်စရာလမ်းရှိသည်၊ ဖြစ်နိုင်ပါလျှင် ဂျပန်ကို တော်လှန်တိုက်ခိုက်ရေးတွင် ကုလားစစ်တပ်သည် ငါတို့နှင့်အတူ ပူးပေါင်း၍လုပ်သည်အထိ ကြိုးစားကြရမည်။”
Friday, November 9, 2012
ငြိမ်းချမ်းရေးပြဿနာရဲ့ သမိုင်းကြောင်း တစေ့တစောင်း by ဂါ မဏိ on Friday, November 9, 2012 at 10:21am ·
                         တဖက်အဖွဲ့အစည်းများ လိုက်နာရန် . . .
(၂ဝဝ၄ ခု မေလထုတ် မိုးကြိုးစာစောင် အမှတ် ၅၁ မှာဖော်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။)
           ၁၉၈၉ ခုဧပြီ ၁၇ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်အင်အားစုဖြစ်တဲ့ ‘ပြည်သူ့တပ်မတော်’ ထဲက ပင်မမဏ္ဍိုင် ဝလူမျိုးစုတပ်သားတွေဟာ ပုန်ကန်ထကြွပြီး တရုတ်-ဗမာနယ်စပ်မှာရှိတဲ့ ဗကပ ဗဟိုဌာနချုပ် ပန်ဆန်းမှာ အာဏာသိမ်းပွဲတခုကို အောင်အောင်မြင်မြင်နဲ့ အလွယ်တကူ ဆင်နွှဲနိုင်ခဲ့ပါတယ်။ လအနည်းငယ်အတွင်း တိုက်ရည်ခိုက်ရည်ပြည့်ဝလှတဲ့ ဗကပတပ် အားလုံးနီးပါး ဗကပထဲက ခွဲထွက်ကုန်ကြပါတယ်။
           ဗမာအစိုးရကို ပုန်ကန်တိုက်ခိုက်နေတဲ့ အမျိုးမျိုးအဖုံဖုံသော လက်နက်ကိုင်သူပုန်များထဲမှာ ကွန်မြူနစ်တွေဟာ စစ်အင်အားအရဘဲကြည့်ကြည့်၊ နိုင်ငံရေးအရှိန်အဝါ ဂုဏ်သိက္ခာအရဘဲပြောပြော အင်အားအကြီးဆုံး သြဇာအရှိဆုံး ဖြစ်လို့ ဗမာပြည် ပြည်တွင်းစစ်ရဲ့ ရုပ်ပုံလွှာဟာ ဘယ်လိုမှ မလွှဲမရှောင်သာဘဲ ထူးခြားကြီးမားစွာ ပြောင်းလဲသွားပါ တော့တယ်။ ဒီလိုနဲ့ ၁၉၈၉ ခု သင်္ကြန်ချိန်ခါ မြန်မာ့နှစ်ဆန်းက ဗမာပြည်ရဲ့ ရာစုနှစ်တဝက်ကြာပြည်တွင်းစစ် တစတစနဲ့ နိဂုံးချုပ်တဲ့ ခေတ်တခေတ်ကို မွေးဖွားပေးလိုက်ပြီး နှစ်ဟောင်းကနေ နှစ်သစ်အကူးမှာ ဘဝခရီးသစ်ကို စခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ပြီးဆုံးခြင်း ဆိုတဲ့ ရှည်လျားလှတဲ့ ဒီဖြစ်စဉ်ဟာ ဗကပထဲက ဝ တွေ ခွဲထွက်ပုန်ကန်မှု တခုထဲကြောင့် ပေါ်ပေါက်လာရတာတော့ မဟုတ်ပါ။
           ဝ အာဏာသိမ်းမှုမဖြစ်မီ ရှစ်လအလိုမှာ၊ ကျောင်းသားတွေက ရှေးဦးပထမ ဆင်နွှဲခေါင်းဆောင်ခဲ့ပြီး နောက်ပိုင်း လှည်းနေလှေအောင်း မြင်းစောင်းမကျန် တတိုင်းတပြည်လုံး ပါဝင်ဆင်နွှဲကြတဲ့ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြအုံကြွမှုတွေ အကြီးအကျယ်ပေါက်ကွဲ ပေါ်ထွက်ခဲ့တဲ့အခါ လပိုင်းအတွင်း သမတ သုံးယောက် ပြုတ်ကျသွားခဲ့ပါတယ်။ အဲဒီ ၈ လေးလုံး အုံကြွမှုကြီး ဖြစ်ပြီးနောက်မှာတော့ ဗမာပြည်ဟာ အရင်နဲ့ ဘယ်လိုမှမတူတော့ပါ။ ပြည်သူလူထုတရပ်လုံးဟာ ဒီမိုကရေစီ တည်ထောင်ရေး၊ အများဆန္ဒနဲ့ ရွေးကောက်တဲ့အစိုးရ ပေါ်ထွန်းရေး လမ်းကြောင်းပေါ် နောက်ပြန်မလှည့်စတမ်း ခိုင်ခိုင်မာမာ တက်လှမ်းသွားကြပြီ ဖြစ်ပါတယ်။ ဒါကို ၁၉၉ဝ ရွေးကောက်ပွဲက ဥပဒေကြောင်းအရ တရားဝင်အောင်နဲ့ ဘယ်လိုမှငြင်းမရအောင် အတည်ပြုပေးလိုက်ပါတယ်။
ကောသလမင်းအိမ်မက်(၁၆)ချက်။by ကိုရင် သြ
မသိသေးသောသူများအတွက်ပါ....
ကောသလမင်းအိမ်မက်(၁၆)ချက်
ဘုရားရှင် လက်ထက်တော်မှာ ကောသလမင်းကြီးက အိပ်မက် ၁၆ချက် မက်တော့ ဘုရားရှင်ထံ မေးမြန်းရာ
ဘုရားရှင်က ပြန်လည်ဖြေကြားတော်မူခဲ့ပါတယ်။
အဆိုပါ အချက် ၁၆ချက်က နောင်အနာဂတ်မှာ ဖြစ်ပေါ်လာမယ်လို့ ဆိုပါတယ်။ အခုဆိုရင် အချို့ အချက်တွေ ဖြစ်ပေါ်နေပြီလို့ ဆိုနိုင်နေပါတယ်။
အဆိုပါ ၁၆ ချက်ကတော့ . . .
(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်၏။
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကာက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။
(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြကုန်၏။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။
(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။
(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍
လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်ကုန်၏။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ၀ါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ
အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။
လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။
(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားကုန်၏။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။
ရိုဟင်ဂျာ အက်သနစ် ဟုတ် မဟုတ်/by Gypsy Byrd.
ရိုဟင်ဂျာ အက်သနစ် ဟုတ် မဟုတ်
ရိုဟင်ဂျာ ဆိုတဲ့ ပြသနာရဲ့  အရင်းအမြစ်ဟာ အက်သနစ် (Ethnic) ကို တိုင်းရင်းသားလို့ ဘာသာပြန်ဆို (သို့မဟုတ်) နားလည်သဘောပေါက် တာက စတယ်လို့ မြင်ပါတယ်။ အက်သနစ် ကို မြန်မာလို တိုင်းရင်းသား လို့ ဘာသာပြန်ဆိုလိုက်တာနဲ့ အော်တိုမစ်တစ် တွဲပါလာတာက မူရင်းဌာနေလူမျိုး ဆိုတဲ့ အဓိပ္ဗါယ် ပါပဲ။ မူရင်းဌာနေလူမျိုးဆိုတာကတော့ Native (or) Indigenous ပါပဲ။ အမှန်က အက်သနစ် နဲ့ မူရင်း ဌာနေလူမျိုးဆိုတာကွာပါတယ်။ ဒီ ၂ ခုကို ၁ ခုတည်း အနေနဲ့  တိုင်းရင်းသား ဆိုပြီး ပြန်ဆိုလိုက်တဲ့နေရာမှာ ရောထွေးပြီး ရိုဟင်ဂျာ အက် သနစ် ဟုတ်မဟုတ်ကနေ မြန်မာပြည်ရဲ့  လူမျိုး ဟုတ်မဟုတ်၊ တိုင်းပြည်ရဲ့  အရင်း ဟုတ်မဟုတ်၊ ရိုဟင်ဂျာဆိုတဲ့ နာမည်ရှိမရှိ ဆိုတာတွေဖြစ်လာပါတယ်။
ဒီ concepts တွေကို အကြမ်းအားဖြင့် ပြောရမယ်ဆိုရင်
(၁) အက်သနစ် ဆိုတာ လူစု (Cultural group) ပါပဲ။ လူတစုမှာ ဘာသာ၊ စကား၊ စသဖြင့် အုပ်စုတစ်ခု ရဲ့ သွင်ပြင်လက္ခာတွေရှိမယ်၊ လူအစုအဝေး အနေနဲ့ ပြစရာရှိမယ်ဆိုရင် သူဟာ အက်သနစ် (သို့ ) ကာချရာဂရုပါပဲ။ အက်သနစ် သွင်ပြင်လက္ခဏာဟာ တသက်လုံး တည်ငြိမ်မှုမ ရှိနိုင်ပါဘူး။ သူ့ သဘောသဘာဝအရ စီးပွားရေး၊ နိုင်ငံရေး၊ စသဖြင့် လိုအပ်ချက်ပေါ်မူတည်ပြီး အက်သနစ်သွင်ပြင်တွေ ကို ပြောင်း လဲခြင်း၊ ပြင်ခြင်းခြင်း၊ အသစ်သွင်းခြင်း၊ ထုတ်ပြစ်ခြင်း စသဖြင့်လုပ်လေ့ရှိပါတယ်။ မြန်မာပြည်က ကချင်လူမျိုးတွေ အကြောင်း လေ့လာတဲ့ Edmond Leach က ၁၉၅၀ လောက်ကတည်းက ဒီအချက်ကို ထောက်ပြထားပါတယ်။ ချင်းနဲ့  ကယားလူမျိုးတွေအကြောင်းလေ့လာတဲ့ Dr. FK Lehman (aka) Chit Hlaing ကလည်း ၁၉၇၀ လောက်ကတည်းက ဒီလိုပဲဆိုပါတယ်။ အက်သနစ်နဲ့ပတ်သက်ပြီး လေ့လာသူတိုင်း ဒီအချက်ကို နားလည်ပါတယ်။
Thursday, November 8, 2012
ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေမှု ကို လန်ဒန်သုတေသီ တစ်ဦး ဝေဖန်ပြောကြား ခေါင်းကြီးသတင်း — နိုဝင်ဘာလ ၀၇၊ ၂၀၁၂
မြန်မာနိုင်ငံ အနောက်ဘက်စွန်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အကြမ်းဖက် တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ သဘောထား တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိဘဲ၊ ရေငုံနှုတ်ပိတ် နေသည့်အတွက် နိုင်ငံတကာ ဒီမိုကရေစီ ပြယုဂ် လည်း ဖြစ်၊ မြန်မာနိုင်ငံ၏ ထူးခြား ထင်ရှားသော အတိုက်အခံ ခေါင်းဆောင်လည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ထင်ရှားကျော်စောမှုတို့သည် လျင်မြန်စွာ ဆုတ်ယုတ် ကျဆင်းလျက် ရှိပေသည်။
ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်
“ထိတ်လန့် ကြောက်ရွံ့စရာ အဖြစ်အပျက်တွေ အပေါ် နှုတ်ဆိတ်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် ယုံကြည် ကိုးစားမှုတွေ တော်တော့်ကို ကျဆင်းခဲ့ရပါတယ်” ဟု လန်ဒန်မြို့ရှိ  SOAS University မှ သုတေသီ Guy Horton က The Week သတင်းစာစောင် သို့ ပြောကြားခဲ့သည်။ “ဒီကနေ့ ကမ္ဘာမှာ အဆိုးရွားဆုံးလူ့ အခွင့်အရေး ချိုးဖောက်မှုတွေထဲက တစ်ခုဖြစ်တဲ့ ဒီကိစ္စတွေအပေါ် သူ့ ရဲ့ပါးနပ်လိမ္မာတဲ့ ရှောင်ကွင်းမှုက သူအမြဲလို တစ်နင့်တစ်ပိုး ရရှိနေကျ ကိုယ်ကျင့်တရား အခွင့်အာဏာကို ဆုံးရှုံးစေခဲ့တာ ဖြစ်ပါတယ်”ဟု Horton က မှတ်ချက်ပြုသည်။
Horton သည် မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းဒေသများမှ လူ့ အခွင့်အရေး ချိုးဖောက်မှုများ အကြောင်း ဖော်ပြသည့် Dying Alive အမည်ရစာအုပ်ကို ရေးသားပြုစုခဲ့ သူဖြစ်သည်။ Dying Alive သည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ၂ဝဝ၇ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် Burma: A Threat to Peace အမည်ရ မြန်မာနိုင်ငံနှင့် စပ်လျဉ်းသည့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တစ်ရပ်တွင် ထည့်သွင်းညွှန်းဆို ဖော်ပြခြင်း ခံခဲ့ရသည့် စာအုပ်ဖြစ်သည်။
ဝါရင့် ဆွီဒင်စာနယ်ဇင်းသမား စာရေးဆရာ Bertil Lintner က ဒေါ်အောင်ဆန်းစုကြည်၏ မတိုးသာ မဆုတ်သာ အကျပ်အတည်းကို ရှင်း ပြခဲ့သည်။ မွတ်စလင်များအား တိုက်ခိုက်ခြင်းကို ရှုတ်ချမည် ဆိုပါက သူ၏ မဲဆန္ဒနယ် မြေမှ ဗုဒ္ဓဘာသာဝင်များက သူ့ကို ကျောခိုင်းသွားကြမည် ဖြစ်သလို တစ်စုံတစ်ရာ ပြောကြား ခြင်းမရှိပါကလည်း နိုင်ငံတကာ အသိုင်းအဝိုင်း၌ ယုံကြည်ကိုးစားမှု လျော့ကျ ဆုံးရှုံးလိမ့်မည် ဖြစ်သည်ဟု Bertil Lintner က The Week သတင်းဌာနသို့ ရှင်းပြခဲ့ခြင်း ဖြစ်သည်။
“သူက ဒုတိယအချက်ကို ရွေးလိုက်ပုံရပါတယ်။ နောက်ဆက်တွဲ အဖြစ်အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အ စည်းတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကြားမှာ သူ့ အပေါ်ဝေဖန်ပြောကြားမှုတွေ ပေါ်ပေါက်လာ ခဲ့တာပဲဖြစ် ပါတယ်။ သူ့ရဲ့ ရှုထောင့်ကနေကြည့်ရင်တော့၊ သူ့ ကိုကျောခိုင်းသွားစေမယ့် ပြည်တွင်းက ဘင်္ဂါလီ ဆန့်ကျင်ရေး သဘောထားတွေ ကိုပဲ လက်ခံရတာ ဖြစ်နိုင်ပါတယ်” ဟု Lintner က ဆိုသည်။
Lintner သည် မြန်မာနိုင်ငံအကြောင်း စာအုပ်ပေါင်းများစွာ ရေးသားခဲ့သူ ဖြစ်ကာ ယခုလ အစောပိုင်းက လည်း နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆုံတွေ့ခဲ့သည်။ Lintner က ဒေါ်အောင်ဆန်းစုကြည် သည် ပြည်တွင်း၌လည်း ဖိအားများ သက်ရောက်ခံနေရပါကြောင်း ပြောကြားခဲ့သည်။ “ပြဿနာကတော့ ရခိုင်ပြည်နယ် ပဋိပက္ခတွေအပေါ်နှုတ် ဆိတ်နေတာနဲ့၊ နိုင်ငံမြောက်ပိုင်းမှာ ကချင်တွေကို အစိုးရတပ်တွေက ထိုးစစ်ဆင်နေတာတွေပဲ။ ဒါတွေက သူ့အပေါ်လူထုထောက်ခံမှုကျဆင်း စေတာပါ”ဟု ဆိုသည်။
Tuesday, November 6, 2012
နိုင်ငံကြီးသားများ အတွက် ပြည်သူ့ နီတိ/ by Saya Myo Win
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံ အားလုံးနှင့် နှိုင်းယှဉ်လျှင် အကျယ်အဝန်း အရ သော်လည်းကောင်း၊ လူဦးရေ အရ သော်လည်းကောင်း၊ နိုင်ငံငယ်ကလေး တစ်ခု မဟုတ်ကြောင်း၊ မြန်မာနိုင်ငံထက် အရွယ်အစား အားဖြင့် ကြီးသော နိုင်ငံများမှာ ၃၉ နိုင်ငံသာ ရှိပြီး မြန်မာနိုင်ငံ ထက် သေးသော နိုင်ငံမှာ ၂ဝ၉ နိုင်ငံ ရှိကြောင်းနှင့် လူဦးရေအားဖြင့် ဆိုလျှင်လည်း မြန်မာနိုင်ငံထက် များသော နိုင်င
ံမှာ ၂၅ နိုင်ငံသာ ရှိပြီး မြန်မာနိုင်ငံထက် လူဦးရေ နည်းသောနိုင်ငံ စုစုပေါင်း ၂၁၆ နိုင်ငံ ရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသားများ အနေနှင့် မိမိတို့ ကိုယ်ကို မိမိနိုင်ငံငယ်ကလေး တစ်ခုက နိုင်ငံသားများ အဖြစ် မမှတ်ယူ စေလို ဘဲ နိုင်ငံကြီးသားများ အဖြစ် မှတ်ယူကာ နိုင်ငံကြီးသားများ၏ ဂုဏ်အင်္ဂါနှင့် ထိုက်တန်သူများ အဖြစ် မိမိတို့ဘာသာ တည်ဆောက်မြှင့်တင် ထားသင့်ကြောင်း အွန်လိုင်း ဆောင်းပါး တစ်ပုဒ်တွင် ဖော်ပြထားပါသည်။
မှန်ပါသည်။ မြန်မာနိုင်ငံသည် သမိုင်းကြောင်းအရ သော်လည်းကောင်း၊ ယဉ်ကျေးမှုအရ သော် လည်းကောင်း နိုင်ငံတကာ တွင် အောက် တန်း နောက်တန်း က ရှိခဲ့သော နိုင်ငံတစ်ခု မဟုတ်ခဲ့ပေ။ နိုင်ငံသားများ၏ အရည်အချင်း ညံ့ဖျင်းသောကြောင့် မဟုတ်ဘဲ ၁၉၆၂ ခုနှစ်နောက်ပိုင်း ကျင့်သုံး အုပ်ချုပ်ခဲ့သော စနစ်ဆိုးကြောင့် အများ အထင်သေးခံ ရသည့် အခြေအနေသို့ ရောက်ရှိ သွားခဲ့ရခြင်း ဖြစ်ပါသည်။
မျက်မှောက် မြင်တွေ့နေရသည့် စည်းကမ်းမဲ့မှုများ၊ အပြစ်တင်စိတ်ကဲသော ရှုမြင် သုံးသပ်မှုများ၊ ပုဂ္ဂိုလ်ရေး သက်သက် ချိုးနှိမ် တိုက်ခိုက်မှုများ၊ ကိုယ်ကျိုးသက်သက် ကြည့်ကာ အများအကျိုး လျစ်လျူရှုမှုများ၊ အချောင်စီးပွားဖြစ် လိုသူများ၊ အပြောင်းအလဲ ကို မသိသူများ၊ အပြောင်းအလဲကို အခုအခံ ကြီးကြီးဖြင့် ကာဆီး လိုသူများ၊ အာဏာ ဖက်တွယ်လိုသူများ စသည့် နိုင်ငံကြီးသားများ၏ ဂုဏ်အင်္ဂါနှင့် ဆန့်ကျင်ဘက် ဖြစ်နေမှု များသည် နှစ် ၅၀ ကာလ ကျင့်သုံးခဲ့သော စနစ်ဆိုး၏ အလွဲသြဇာ သက်ရောက်မှုများ ဖြစ်ပါသည်။
"ဒီစကား" အောင်ဆန်းစုကြည် by Myat Thi Ha
ကန္တာရခရီးလမ်းကို ပန်းခင်းထားတဲ့ စတားလမ်းလို့ မထင်မိကြပါစေနဲ့။
Browse › Home › ဆောင်းပါး » "ဒီစကား" အောင်ဆန်းစုကြည်
(အတွဲ (၁)၊ အမှတ် (၄၁)၊ အောက်တိုဘာ ၂၉၊ ၂၀၁၂ ထုတ် ဒီလှိုင်း ဂျာနယ်မှာ ပါတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ "ဒီစကား" စာကို သဘောကျ လွန်းလို့ စာရိုက်ပြီး ဝေငှလိုက် ရပါတယ်။ စာအကျ အပေါက်များ ပါဝင်ပါက ကျွန်တော့်ရဲ့ တာဝန်သာ ဖြစ်ပါတယ်။)
"ဒီစကား" အောင်ဆန်းစုကြည်
တစ်နေ့ လွှတ်တော်ထဲမှာ မျက်မှန်ကို စာရေးခုံပေါ်မှာ ကိုင်ထားတုန်း ငုံ့ကြည့် လိုက်တဲ့အခါ ခန်းမ အထက် မျက်နှာကြက်က မီးလုံးများ မြောက်များစွာဟာ မျက်မှန်ရဲ့ မှန်သား တွေပေါ်မှာ ကြယ်ကလေးများ တောက်ပ သလို လင်းလက်နေတာ တွေ့လိုက်ရပါတယ်။ ကြည်နူးဖွယ်ရာ မြင်ကွင်းလေးမို့ လွှတ်တော်အတွင်း ဘာတွေပြောနေ ကြတယ် ဆိုတာကို သတိမပြုနိုင်တော့ဘဲ ကြယ်ကလေးများ အကြောင်းကို အတွေးရောက် သွားပါတယ်။
“ကြယ်ကလေးတွေ” လို့ပြောလိုက်ပေမဲ့ ကြယ်တွေဆိုတာ တကယ်တော့ ကြီးမားတဲ့ ဂြိုလ်ကမ္ဘာကြီးတွေဖြစ်ပါတယ်။ မီးလျှံတွေဟုန်းဟုန်းတောက်နေလို့ ကျွန်မတို့ ကမ္ဘာက ကြည့်လိုက်တော့ လင်းလက်နေတာပါ။ စကြာဝဋ္ဌာကြီးရဲ့ ဝေးလံလှသော တစ်နေရာမှာရှိနေတဲ့ ကြယ်ကြီးအချို့ရဲ့ မီးလျှံတွေဟာ ငြိမ်းသွားတာကြာလှပါပြီ။ ဒါပေမယ့် အလင်းရောင်ရဲ့ အမြန်နှုန်းနဲ့တောင် အင်မတန်ကြာတဲ့ခရီးကိုဖြတ်ကျော်ခဲ့ရတာကြောင့် ဇစ်မြစ်ဖြစ်တဲ့ကြယ်ကြီးတွေ လောင်ကျွမ်းပျောက်ကွယ်သွားသည့်တိုင် ကျွန်မတို့အမြင်မှာတော့ တောက်ပဆဲအလင်းပွင့်လေးများလို မြင်နေရပါတယ်။
Friday, November 2, 2012
ABSDF -ကျောင်းသားရဲဘော်-ဗဟိုကော်မတီဝင်ဟောင်း ရဲလင်းရဲ့ မြောက်ပိုင်း ခရီး(၁၀) by May Thingyan Hein on Friday, November 2, 2012 at 11:21am ·
မေသင်္ကြန်ဟိန်(မြစ်မခ)
နိုဝင်ဘာ ၃၊ ရန်ကုန်မြို့။
အပိုင်း(၁၀)
ထောင်ထဲမှာ စားရတာကလည်း အဟာရ မရှိတော့ ကျနော်တို့ အကျဉ်းကျခံနေရတဲ့ သူတွေမှာ အဟာရ တွေပြတ်ကြတယ်။ကျနော်တို့ကို ထားတဲ့ နေရာမှာလည်း  ၇၀ကျော် ၈၀ လောက်ကိုပဲ ဒီအတိုင်း ထားထားတဲ့ အနေအထားတွေလည်း ရှိတော့ ကျန်းမာရေးတွေလည်း ဆိုးဆိုးဝါးဝါး ထိခိုက်ကြတာတွေလည်းရှိတယ်။
အဲလိုအနေအထားမျိုးနဲ့ နေနေတုန်း တရက်မှာတော့ ကျနော်တို့ကို ညနေ  ၃နာရီလောက်ပဲ ရှိသေးတယ် အလုပ်စောစောသိမ်းခိုင်းတယ်။ ကျနော်ရယ် ဘိုဘိုရယ် ကိုကျော်နိုင်ဦးတို့ရယ်က တဖွဲ့ပေါ့၊ နောက်ကိုယ်စီကိုယ်စီ အလုပ်သွားလုပ်ကြရတဲ့ သူတွေကလည်း တဖွဲဖွဲပြန်ရောက်လာကြတာပေါ့။
အဲဒီလိုအချိန်မှာပဲ ရဲဘော် ၃ ယောက်က ပေါက်တူးတွေ ဂေါ်ပြားတွေ လာယူတယ်။ ရှိတဲ့ ပေါက်တူးတွေ ဂေါ်ပြားတွေ ယူသွားရုံနဲ့တင် မလောက်သေးဘူး ဆိုတော့ ဟာ ကျနော့် စိတ်ထဲ တခုခုပဲပေါ့ ထင့်သွားတယ်။
ရဲဘော်တွေကတော့ ထင်းခွဲတဲ့ နေရာတွေ မငယ်တို့ မခင်ချိုဦးတို့ ထမင်းချက်နဲ့ နေရာတွေမှာပါ ၀င်ရှာ ပြီးတော့ အားလုံး ယူသွားကြတယ်။
အဲဒီအချိန်မှာ အကုန်လုံးကို ထုံးစံအတိုင်း မျက်နှာတွေစည်း၊ နံရံဘက်ကိုလည့်ပြီးတော့ လက်နောက်ပြန်ကြိုးတုတ်ပေါ့လေ။ အဲဒီနေ့က လက်ပြန်ကြိုးတုတ်တာလည်း တော်တော်နာတယ်။ မခံနိုင်အောင်ကို တင်းကြပ်နေအောင်ကို ချည်ထားတာ။ ခါတိုင်းနေ့နဲ့ကို မတူဘူး။
ကျနော့် စိတ်ထဲမှာလည်း တခုခုတော့ဖြစ်နေပြီ ငါတို့ကို တခုခုတော့ လုပ်တော့မှာပဲ ဆိုပြီး အတွေးကလည်း ၀င်နေပြီ။ နားကလည်း စွင့်ထားတော့ ကုန်းပေါ်ကလည်း ၀ီစီမှုတ်သံတွေ လူစုတဲ့ အသံတွေ ကြားနေရတယ်ပေါ့လေ။
နောက် ညနေ ၄ နာရီကျော် ၅ နာရီဝန်းကျင်လောက်ရှိမယ်ထင်တယ်၊ ကျနော်တို့ ဆီကို လူ ၁၀ ဦးကျော်လောက် လာတဲ့ အသံတွေကို ကြားနေရတယ်။ လှဆိုင်းက ထောင်ပြောင်းမယ်ဟေ့လို့ ပြောပြီး ၀င်လာတာ။ နာမည်ခေါ်တဲ့ သူတွေ ထ ဆိုပြီးတော့ပြောပြီး နာမည်ခေါ်တယ်။
ကျနော်တို့မှာကလည်း မျက်နှာကလည်း စည်းထားတယ်၊ လက်ကိုလည်း တင်းကြပ်နေအောင်နောက်ပြန်ကြိုးတုပ်ပြီး ချည်ထားတယ်၊ ခြေထောက်မှာလည်း သံခြေကျင်းတွေနဲ့ ဆိုတော့ ဘာပဲ လုပ်လုပ် လွယ်တာက မလွယ်ဘူး၊ ထဆိုရင်လည်း မလွယ်ဘူး၊ လှဲရ ပြုရတာကလည်း တကယ်ကို မလွယ်ပါဘူး။
အဲဒီမှာ ကျနော့်နားကို တယောက်ယောက်လာပြီးတော့ လက်ပြန်ကြိုးတုပ်ထားတဲ့ ကြိုးကို လာဖြည်တယ်။ ကျနော့်စိတ်ထဲ လှစ်ခနဲ ၀မ်းသာသွားမိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့်လက်တွေ အရမ်းနာနေပြီ။ လက်ကို ကြိုးဖြေပေးလိုက်တဲ့ အချိန်မှာ အနာလေး နည်းနည်းသက်သာသွားလို့ ကျနော် ၀မ်းသာသွားတယ်။
ကျနော်တို့ကို တကယ်ကို ကောင်းတဲ့ နေရာပြောင်းပေးမယ်လို့ ရိုးရိုးသားသား ထင်နေခဲ့တာ၊ အဲဒီအချိန်မှာပဲ နောက်ထပ် ရဲဘော်တယောက်အနားရောက်လာပြီး ဟာ သူ မပါဘူး။ သူမပါဘူး လို့ လာပြောတယ်။
We are Rakkhapureans 16 hours ago “ကမန် (သို့မဟုတ်) ကုလားဝင်ပေါက်”
“အမှန်က နှစ်သောင်းလောက်ရှိတဲ့ ကမန်လူမျိုးဟာ နှစ်သိန်းလောက်ဖြစ်နေလို့ ကျွန်တော်တို့ကိုလည်း ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်၊ ကုလားကို ကမန်ဖြစ်အောင် လ၀က ကပဲ လာဒ်စားပြီး လုပ်ပေးနေတာ၊ ခံရတာက ကျွန်တော်တို့ကမန်တွေပ
ဲ”လို့ ရမ်းဗြဲမြို့နယ်က “ကမန်”တစ်ယောက် BBC ကျေးတမာနဲ့ပေဖူးလွှာကဏ္ဍကနေ ၂၀၀၄-ခုနှစ်လောက်က ထအော်တာကို ကြားလိုက်ရတော့ ကျွန်တော့်ကိုယ်တွေ့ ကမန်အသွင်ပြောင်းလဲမှုကို တင်ပြချင်နေခဲ့တယ်။
ခုအခြေအနေမှာ လိုအပ်ချက်ကလည့် ရှိနေပြီမို့ အုပ်စိုးသူအပါအ၀င်၊ နိုင်ငံရေးပါတီတွေ၊ မြန်မာရဟန်းရှင်လူ ပြည်သူပြည်သားတွေ စဉ်းစားချင့်ချိန်နိုင်အောင် တင်ပြလိုက်ပါတယ်။
၁၉၉၂-ခုနှစ် ပတ်ဝန်းကျင်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ သိမ်ကျောင်းရွာထိပ်မှာ ကျွန်တော်က သစ်စက်လုပ်ငန်းလုပ်နေတယ်။ တနေ့မှာ ကျွန်တော်တို့နဲ့ ကပ်ရက် ကုန်ခြောက်ဆိုင်ကို ဈေးဝယ်ဖို့သွားတော့ ကျွန်တော်နဲ့ အထူးခင်မင်ရင်းနှီးနေတဲ့ ဆိုင်ရှင်အဒေါ်ကြီးက “ဒါမင်းတို့ရခိုင်ပြည်က ကမန်လူမျိုးတွေပဲ”လို့ လူစိမ်းငါးယောက်နဲ့ မိတ်ဆက်ပေးတယ်။
ကျွန်တော်က “မင်းတို့ဘယ်ကလဲ”လို့ ရခိုင်စကားနဲ့မေးလိုက်တော့၊ လ၀က ပုံစံစာရွက်တွေ ဖြည့်နေသူတစ်ဦးက “မြောက်ဦးမြို့ကပါ”လို့ ရခိုင်စကားနဲ့ပြန်ပြောတယ်။ “မြောက်ဦးမြို့ ဘယ်ရပ်ကွက်ကလဲ”လို့ ထပ်မေးတော့ “ရွှေဂူတောင်ကပါ”တဲ့။ “ငါမြောက်ဦးမြို့သားပဲ၊ ရွှေဂူတောင်မှာ ကုလားပဲနည်းနည်းပါးပါးရှိတယ်၊ ကမန်မှမရှိတာ”လို့ ပြန်ပြောလိုက်တော့ သူငြိမ်သွားတယ်။ ကျန်လေးယောက်ကို “မင်းတို့ကကောဘယ်ကလဲ”လို့ ရခိုင်လိုမေးတော့ နားမလည်သလို ပြန်ကြည့်နေလို့၊ ဗမာစကားနဲ့ မေးလိုက်တော့လဲ နားမလည်ကြ။ ပထမဆုံး ရခိုင်လိုဖြေခဲ့တဲ့လူကိုပဲ ကုလားလိုမေးနေကြတယ်။ အဲဒီလူက သူတို့ကို ကုလားလိုပြန်ပြောလိုက်တော့ ကြောက်ကြောက်လန့်လန့်မျက်နှာနဲ့ ကျွန်တော့်ကို ငေးကြည့်နေကြတယ်။ အဲဒီ ၄-ယောက်က ရခိုင်ပြည်မှာပင် မနေဖူးပဲ ဘင်္ဂလားဒေ့ခ်ျက တိုက်ရိုက်ဝင်လာသူတွေဆိုတာ ကျွန်တော်သဘောပေါက်လိုက်တယ်။
“သူတို့ခမျာ မြန်မာစာလည်းမရေးတတ်တော့ ငါကပဲဒီပုံစံတွေကို ဖြည့်ပေး၊ တို့ရှေ့က လ၀က နဲ့ ဆက်သွယ်ပေး လုပ်နေရတယ်။ လ၀က က တစ်ယောက်ကို သုံးထောင်ကျပ်နှုံးယူတယ်၊ အဒေါ့်ကိုတော့ လ္ဘက်ရည်ဖိုးလောက်ပဲပေးတယ်။ ဒါပေမဲ့ လာလုပ်တဲ့ ကမန်တွေကများတော့ အိမ်စရိတ် နည်းနည်းပါးပါး ကာမိတာပေါ့”လို့ ဆိုင်ရှင်အဒေါ်ကြီးကပြောတော့ ကျွန်တော်တို့ သစ်စက်ရှေ့မှာရှိတဲ့ လ၀က ရုံးကလူကြီးတွေ ညဘက်မှာလည့် အိမ်မပြန်ကြပဲ စားကြသောက်ကြ၊ တရုန်းရုန်းနဲ့ မိန်းမပျက်တွေနဲ့ ပျော်ပါးနေကြတာ ဒီဝင်ငွေကြောင့်ပဲလို့ နားလည်လိုက်တယ်။
စစ်အစိုးရက နိုင်ငံအနှံ့ မြို့သစ်တွေဖေါ်ပေးနေတယ်၊ ကျူးကျော်ရပ်ကွက်တွေကိုပါ မြို့သစ်တွေမှာ နေရာချထားပေးတော့ သန်းခေါင်စာရင်းပျောက်တဲ့လူနဲ့ မှတ်ပုံတင်မရှိတဲ့လူတွေ အများကြီးဆိုတော့၊ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်လုပ်ပေးတာကို လျှော့လျှော့ပေါ့ပေါ့နဲ့ လုပ်ပေးနေခဲ့တယ်။ ဒီအကွက်ကို ကုလားတွေက ကောင်းကောင်းအသုံးချပြီး လှိမ့်ဝင်လာတာတွေ အကုန်လုံး မြို့သစ်တွေမှာလာပြီး မှတ်ပုံတင်လုပ်ကြတယ်။ မှတ်ပုံတင်မှာမှ “ဘင်္ဂလီလူမျိုး၊ အစ္စလာမ်ဘာသာဝင် အဆင့်တင်မကပဲ၊ ကမန်လူမျိုး အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား”အထိ လုပ်ပေးလိုက်ကြတယ်။
မြို့သစ်ပေါင်း မြောက်များစွာမှာ သူတို့ဘယ်လောက်များများ လုပ်သွားကြပြီလဲ၊ တွေးကြည့်ပြီး စိတ်မကောင်းဖြစ်နေခဲ့တယ်။ ရမ်းဗြဲမြို့နယ်က ကမန်တစ်ယောက် ၂၀၀၄-ခုနှစ်ပတ်ဝန်းကျင်မှာ BBC ကနေပြောလိုက်တဲ့အချိန် နှစ်သိန်းရှိနေပြီဆိုတော့ ခုဆိုဘယ်လောက်များ ရှိနေပြီလဲ၊ ဌာနဆိုင်ရာတွေနဲ့ ရဲ၊ စစ်တပ်တွေထဲကို ကုလားတွေ ကမန်အရေခြုံပြီး ဘယ်လောက် များများစားစား ၀င်ရောက်နေရာယူထားကြပြီလဲ၊ စဉ်းစားမိတိုင်း တုန်လှုပ်ခြောက်ခြားမိရတယ်။
ကမန်ကို တိုင်းရင်းသားအဖြစ် သွတ်သွင်းလိုက်တာကတော့ ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံအတည်ပြုပြီးမှ မဆလ အစိုးရက သတ်မှတ်လိုက်တာ။ မြန်မာပြည်သူတွေ အကုန်လုံးကို ချပြအသိပေးဖို့ မပြောနဲ့ ရခိုင်ပြည်သူတွေရဲ့ သဘောတူညီချက်ကိုပင် မေးစမ်းမကြည့်ပဲ ထင်သလိုလုပ်ခဲ့တယ်။ အဲဒီတုန်းက ရခိုင်စကားပြောပြီး ရခိုင်မှာ အနေကြာလာတဲ့ ဒီကမန်လူမျိုးတွေကို ခင်မင်မှုအစွဲနဲ့ ရခိုင်ပညာရှင်တချို့က မဆလ အစိုးရနဲ့အတူ တိုင်းရင်းသားအဖြစ် လက်ခံခဲ့ပေမဲ့ ပညာရှင်အများစုနဲ့ ရခိုင်ပြည်သူတွေက လုံးဝလက်မခံခဲ့ကြဘူး။
လက်မခံတဲ့ ရခိုင်ပညာရှင်အများစုနဲ့ ပြည်သူတွေရဲ့ သဘောထားကတော့- နံပါတ် (၁) အချက်-ကမန်ဆိုတာ မြို၊ သက်၊ ဒိုင်းနက်၊ ခမွီး၊ ရခိုင်၊ ဗမာ၊ ရှမ်း၊ ချင်း၊ ကရင်တို့လို ဒီမြေ၊ ဒီရေမှာ ဘယ်အချိန်ကာလကစပြီး နေထိုင်လာကြသလဲဆိုတာကို မှန်းဆမှုသာပြုနိုင်တဲ့ တိုင်းရင်းသား စစ်စစ်မျိုးမဟုတ်ပဲ၊ ၁၆၆၀-ခုနှစ်လောက်မှာမှ တိုင်းတပါး အာဖကန်နစ္စတန်က လာရောက်နေထိုင်သူတွေ ဖြစ်နေလို့ပဲ။
နံပါတ် (၂) အချက်က ကမန်ကိုအကြောင်းပြုပြီး ကုလားတွေ ရခိုင်ကိုပိုင်ဆိုင်ဖို့ ကြိုးစားမှုတွေ သမိုင်းမှာရှိနေတော့ ကမန်ကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုလိုက်တာဟာ ကုလားတွေအတွက် တိုက်ကွက်ကြီး ဖြစ်လာနိုင်တာကို ရခိုင်ပညာရှင်အများစုနဲ့ အသိအမြင်ကျယ်တဲ့ ပြည်သူတွေက သိထားခဲ့ကြလို့ဘဲ။
ထင်ခဲ့တဲ့အတိုင်း ဖြစ်လာတာပဲ။ ၁၉၉၀-ခုနှစ် ရွေးကောက်ပွဲမှာ ကမန်ကိုရှေ့ကတင် ကုလားတွေက ၀ိုင်းပြီးမေးပေးခဲ့လို့ စစ်တွေမဲဆန္ဒနယ်မြေမှာပင် ကမန်တစ်ယောက် မဲအနိုင်ရခဲ့တယ်။
ခုဖြစ်နေတဲ့ ရခိုင်ပဋိပက္ခမှာလည်း ဒေသခံတိုင်းရင်းသားတွေနဲ့ ခိုးဝင်၊ တိုက်ဝင်လာတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေနဲ့ဘဲ ဖြစ်နေကြတာမဟုတ်ပါဘူး၊ အစ္စလာမ်ဘာသာဝင်အားလုံးနဲ့ ဖြစ်နေကြတာပါလို့ ကမ္ဘာကို လှည့်စားချင်တဲ့ ရည်ရွယ်ချက်နဲ့ ကုလားတွေက ကမန်ကိုပါ ပြဿနာထဲပါလာအောင် ဆွဲသွင်းနေတယ်။ ၈၈-ကျောင်းသားခေါင်းဆောင် ကိုမြအေးစကားကို ငှားယူပြောရရင် “ရိုဟင်ဂျာတွေဟာ သူတို့ရဲ့အရေးကို အစ္စလာမ်ဘာသာအရေး ဖြစ်လာအောင် ဖန်တီးနေကြတာပါ”လို့ ပြောချင်တယ်။
ကမန်ဆိုတာက အစ္စလာမ်ဘာသာကို ကိုးကွယ်တာကလွဲလို့ ရခိုင်လိုပြောပြီး၊ ရခိုင်လိုနေကြသူတွေ၊ ကုလားစကား(ဘင်္ဂလီစကား)လည့် မတတ်ကြဘူး။ ကုလားစာတတ်ဖို့ကအဝေးကြီး၊ ကုလားတွေဟာ သူတို့ထက် နိမ့်ကျတဲ့လူမျိုးတွေလို့ သတ်မှတ်ပြီး ကုလားနဲ့သားပေး သမီးယူလည့် မလုပ်ခဲ့ကြဘူး၊ ရခိုင်တွေနဲ့ပဲ ရင်းနှီးခင်မင်စွာနဲ့ နေထိုင်လာခဲ့ကြတယ်။