Tuesday, October 30, 2012

ပြည်ထောင်စု စစ်စစ်မူကို လက်ခံကြပြီဆိုရင် ရွှေပြည်တော် မျှော်တိုင်း မဝေးတော့ပါပြီ (မောင်ဝံသ) by Maung Wuntha on Tuesday, October 30, 2012 at 6:29am ·


ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။

အခုလောလောဆယ်မှာ ]အဆိုးထဲက အကောင်း}ဆိုသလို တစ်ဖက်မှာ သေမိန့်ကျရောဂါတစ်ခုအဖြစ် အများနားလည်ထားကြတဲ့ ကင်ဆာရောဂါနဲ့ စစ်ပွဲဆင်နွှဲနေရပေမယ့် အခြားတစ်ဖက်မှာတော့ အရင်ကနဲ့စာရင် အချိန်ပိုရသလိုဖြစ်နေတာကြောင့် စာတွေ ပိုပြီး ဖတ်ဖြစ်နေတယ်ဗျ။ အထူးသဖြင့် ဒီကနေ့ စာဖတ်သူအများစုကို သူ့ထက်ငါကောင်း အပြိုင်အဆိုင် စည်းရုံးဆွဲဆောင်နေကြတဲ့ ဂျာနယ် တွေကို ပိုပြီးတော့လည်း များများ၊ ပိုပြီးတော့လည်း စူးစူးနစ်နစ် ဖတ်ဖြစ်နေမိတယ်ဗျာ။

ဦးခွန်ထွန်းဦးရဲ့ စကား
    အခုရက်ပိုင်းအတွင်း ဖတ်ဖြစ်ခဲ့တဲ့ ဂျာနယ်ပါ သတင်း ဆောင်းပါး တွေ့ဆုံမေးမြန်းခန်းတွေထဲက ကျွန်တော့်အာရုံမှာ လာငြိ တာတွေထဲက တစ်ခုကတေွာှ့န လသငခန ဂျာနယ်ထဲက ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥကဌ ဦးခွန်ထွန်းဦးရဲ့စကား တစ်ခွန်း ဖြစ်တယ်ဗျ။ ဂျာနယ်ထဲမှာပါတဲ့ သူ့စကားက ဒီလိုဗျာ။ ]]လွန်ခဲ့တဲ့ နှစ်ရက်လောက်က သမတရုံး ၀န်ကြီး ဦးအောင်မင်းက ဖက်ဒရယ်ဆိုတာ ပြည်ထောင်စုမူ လို့ လက်ခံလာသလို နိုင်ငံရေးပါတီတွေ၊ သတင်းဂျာနယ်တွေမှာလည်း ဖယ်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး ခွဲထွက်ရေးမဟုတ်ဆိုတာကို ကျယ်ကျယ် ပြန့်ပြန့် သိရှိလာတယ်။ အဘိုး၊ အဖေနဲ့ အန်ကယ်ကိုယ်တိုင် ထောင်ကျခံပြီး ဖယ်ဒရယ်ကို နားလည်လက်ခံလာအောင် ကြိုးပမ်းရကျိုးနပ်တယ်}}လို့ ပြောလိုက်တာဗျ။

ခွဲထွက်ရေးမူအမြင်ကို စွန့်လွှတ်လိုက်ပြီလား
    အားလုံးသိကြတဲ့အတိုင်း ၂၀၀၈ အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့  အစိုးရလက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရကို ကိုယ် စားပြုပြီး စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်နေတဲ့ ယခင် မီးရထား ၀န်ကြီး၊ ယခု သမတရုံးဝန်ကြီး ဦးအောင်မင်းဟာ ယခင် စစ်အစိုးရ လက်ထက်က တိုင်းမှူးအဆင့်အထိ တာဝန်ယူခဲ့ဖူးတဲ့ စစ်အရာရှိ ဟောင်းကြီးတစ်ဦး ဖြစ်တယ်ဗျ။ အဲဒီတော့ ဦးခွန်ထွန်းဦးစကားအရ ဖယ်ဒရယ်မူကို ခွဲထွက်ရေးမူအဖြစ် နှစ်ပေါင်းငါးဆယ်လောက် သဘောထားလာခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ကိုယ်စားလှယ်တစ်ဦး ဟာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ အဲဒီအမြင်ကို စွန့်လွှတ်လိုက်တဲ့ သဘောလို့ ယူဆရမှာ ဖြစ်တယ်ဗျ။

အဓိက အကြောင်းပြချက်ကြီး
    ဖယ်ဒရယ်မူဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးစနစ် တစ်ဆစ်ချိုး ကွေ့သွားခဲ့တဲ့ဇာတ်လမ်းမှာ အဓိက အကြောင်းပြချက်ကြီး ဖြစ်ခဲ့တယ်ဗျ။ အကြောင်းကတော့ ပါလီမန် ဒီမိုကရေစီစနစ်ကို မြေမြှုပ် သင်္ဂြိုဟ်၊ သူ့အခေါ် ဆိုရှယ်လစ် ဒီမိုကရေစီစနစ်၊ ပြည်သူလူထု အများစုကြီး အခေါ် ဆိုရှယ်လစ်အရေခြုံတစ်ပါတီအာဏာရှင်စနစ်ကို ဗိုလ်ချုပ်ကြီးနေ၀င်း ထူထောင်ရာမှာ သူ အဓိက ပေးခဲ့တဲ့အကြောင်းပြ ချက်က အဲဒီဖယ်ဒရယ်မူ ဖြစ်တယ်ဗျ။ ၁၉၄၇ အခြေခံဥပဒေထဲမှာ ထည့်သွင်း ထားတဲ့ ခွဲထွက်ခွင့် တစ်နည်း ဖယ်ဒရယ်မူကို အကြောင်း ပြုပြီး ပြည်နယ် တစ်ခုက ခွဲထွက်ဖို့ ကြံစည်ကြိုးပမ်းလာတာကြောင့် ပြည်ထောင်စုကြီး မပြိုကွဲသွားရလေအောင် နိုင်ငံတော်အာဏာကို တပ်မတော်က ရယူ ထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ အဲဒီတုန်းက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်းက တိုင်းပြည်ကို  အသိပေး ကြေညာခဲ့တာဖြစ်တယ်ဗျ။
အကြံရကျပ်နေတုန်းမှာ
    ရှစ်ဆယ့်ရှစ်အရေးတော်ပုံကာလအတွင်း ကျယ်ကျယ်ပြန့် ပြန့် ထွက်ပေါ်လာတဲ့သတင်းတစ်ခုမှာ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ အာဏာသိမ်းတဲ့ကိစ(ပထစအစိုးရခေါင်းဆောင်တွေနဲ့ ရှမ်းစော်ဘွား အများစုကို ဖမ်းဆီး ထိန်းသိမ်းတဲ့ကိစ)ပြီးတဲ့နောက် တပ်မတော်က ဘာကြောင့် အာဏာသိမ်းရတယ်ဆိုတာ တိုင်းပြည်ကို တရားဝင် အသိပေးကြေညာဖို့ အကြံရကျပ်နေတုန်း သူ့လက်ထောက် စစ်ဗိုလ်ကြီး တစ်ဦးက ကြေညာချက်တစ်စောင် ရေးယူလာတယ်။ အဲဒီကြေညာချက် ထဲမှာ ဖယ်ဒရယ်မူကြောင့် ပြည်ထောင်စုကြီး ပြိုကွဲရတော့မယ် အနရာယ်ရှိလာတဲ့အတွက် အာဏာသိမ်းရတယ်လို့ ရေးထားတယ်။ အဲဒါကို ဗိုလ်ချုပ်ကြီးနေ၀င်းက ဖတ်ကြည့်ပြီး ]]အေး ကောင်းတယ်၊ အဲဒီအတိုင်း ရေဒီယိုက အသံလွှင့် ကြေညာလိုက်}}လို့ ပြောခဲ့တယ်လို့ ဆိုတယ်။ အဲဒီဖော်ပြချက်သာ မှန်တယ်ဆိုရင်တော့ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ ဖယ်ဒရယ်မူကြောင့် ပြည်ထောင်စုကြီး ပြိုကွဲမှာကို တကယ်ပဲ စိုးရိမ်ပြီး အာဏာသိမ်းတာမဟုတ်ပဲ သိမ်းချင်လို့ သိမ်းပြီးမှ ဖယ်ဒရယ်မူ နဲ့ ပြည်ထောင်စု ပြိုကွဲမယ့် အနရာယ်ဆိုတာကို တမင်သက်သက် ဆင်ခြေဆင်လက် ဆင်နားရွက်လုပ်လိုက်တာ ဖြစ်တယ်လို့ ယူဆရမှာ ဖြစ်တယ်ဗျ။

Sunday, October 28, 2012

ဖက်ပေါ်ဆူးကျလည်း ဆူးပဲနာ၏။ဆူးပေါ်ဖက်ကျလည်း ဆူးပဲနာ၏ by စာကြည့်တိုက်(ရွှေအိမ်စည်စာပေဒါနပြုပါသည်) on Saturday, October 27, 2012 at 10:14am ·






ဤပိုစ့်ခေါင်းစီးကိုဖက်ကြားလိုက်ရသော စာဖက်ပရိသတ်သည် ကျနော်ကိုဟာသလူသားတစ်ယောက်အနေဖြင့် ရယ်ဖွယ်ပြု၍ ရယ်ပေလိမ့်မည်။ ရယ်ကောင်းလည် ရယ်ရာ၏။ရယ်ပြီးသော အဆုံးသော် အမျိုးမျိုးသော ထင်ကြေးပေးနိုင်ပါ၏။အပြစ်ဟုမဆိုသာသေချေ။အကြောင်းကား........          

“ဖက်ပေါ်ဆူးကျလည်း ဆူးပဲနာ၏။ဆူးပေါ်ဖက်ကျလည်း ဆူးပဲနာ၏” ဟူသော သဘောသက်သော စာရေးသူ၏ ခေါင်းစီးသည် အရပ်စကား၊အရူးစကား၊ကလေးစကား၊သဘင်သည်များ ပြောကြားသော စကားအသုံးအနှုန်းကြောင့်ဖြစ်ပါသည်။စစ်စစ်စာဖက်ပရိသတ် သိထား ခံယူ ထားကြသော ၎င်းစကားဝါကျကား--လက်ဦးဆရားမည်ထိုက်စွာ အမိအဘတို့က မိမိတို့၏ ချစ်လှစွာသော သမီးလှကို နောက်ဆုံးအနေဖြင့်မာန်ချလက်လျော့၍ ဆင်ခြင်နေ ထိုင် ဖို့ရန် အဆုံးစွန်ဆုံးမလိုက်သော (တိုတိုဖြင့် အထိဆုံးဖြစ်သော) စကားပုံ တစ်ခုပင် ဖြစ်ပါသည်။      

မှန်၏။ပြာချပ်ချပ်သဘောရှိသော ဖက်ရွက်သည် ထက်ချွန်ခြင်းသဘောရှိသော ဆူးပေါ်သို့ ကျရောက်မိပါက ဖက်ရွက် သာပေါက် ရုံဖြစ်သည်။ထို့အတူ ဖက်ရွက်ပေါ်သို့  ဆူးကျရောက်မိပါက လည်း ဖက်သာပြဲရိုးဖြစ်ပါသည်။

စာဖက်ပရိသတ်တို့သည်လည်း ဤသို့ သတိထားသိရှိကြပါ၏။လက်ခံကြပါ၏။  ပို၍သိရှိခံစားကြသည်ကား ဤစာပုဒ်စကားပုံသည် “ယောင်္ကျားနှင့်မိန်းမတို့၏ မတူညီပုံ၊မတူညီသော အချင်အရာ၊ တစ်သက်တာ ဘဝ၏ ပျက်စီးဆုံးရှုံးမှု စသည်တို့ကို ဥပမာပြုထားသော ယောင်္ကျားနှင့်မိန်းမတို့၏ ပမာပြုဥပမာစကားပုံဟု လူတို့သိထားကြပါသည်။ဤသို့ လည် လက်ခံထားကြပါသည်။       ဥပမာ ဥပမေယျအရ မိန်းကလေးသည် ဖက်ရွက်၊ယောင်္ကျားလေးသည်ဆူးဟု ဖက် မိ မှတ်မိကြားမိကတည်းကစ၍ ကြီးကြီးငယ်ငယ်ရွယ်ရွယ် လတ်လတ်စိတ်ရှိသော လူသားတို့သည် မျက်ရိတ်သမ်းလိုက်မိကြ၏။         မိန်းကလေးသည် ဖက်၊ ယောင်္ကျားလေးသည် ဆူးဟုသိကြ လက်ခံကြ၏။ “ဆူပေါ်ဖက်ကျတာ ဖက်ပြဲ၍ ဖက်ပေါ်ဆူးကျကလည်း ဖက်ပဲပြဲရသည်” ဟူသော အဆိုသည် အပေါ်ယံ ရွှေမှုံကြဲအနေဖြင့်(လောကအမြင်ဖြင့်)လက်ခံဖွယ်ဖြစ်၍ အဓိပ္ပါယ် ကောက်ယူ ရသော် လည်း တကယ်တမ်း စေ့စေ့ငင နက်နက်နဲနဲ(ကျမ်းဂံ)နှင့် ကြံဆနှိုင်းယှဉ်လိုက်သောအခါ ...........                      

Saturday, October 27, 2012

မတရား ပိတ်ပင်တားဆီးထားသည့် တိုင်းရင်းသားလူမျိုးစုတွေရဲ့ မူလရပိုင်ခွင့်များကို ပြန်လည်ပေးအပ်လိုက်လျှင် by Ko Baloi on Saturday, October 27, 2012 at 2:16am ·



နှစ်ပေါင်းများစွာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားတို့သည် မိမိတို့၏ ရပိုင်ခွင့်များဖြစ်သည့် တန်းတူရေးနှင့် ကိုယ်ပိုင်
ပြဌါန်းခွင့်များဆုံးခဲ့ရသည့်အပြင် လူသားတို့၏ ရှိသင့်ရှိထိုက်၊ ရသင့်ရထိုက်သော ရပိုင်ခွင့်များဆုံးရှုံးခဲ့ကြရ
သည်။ တိုင်းရင်းသားလူမျိုးစုများသည် မိမိတို့ ရပိုင်ခွင့်များဖြစ်သည့် အခွင့်အရေးများပြန်လည်ရရှိရန်အတွက် နည်းလမ်း ပေါင်းစုံအသုံးပြုကာ   ယနေ့ထက်တိုင် တောင်းဆိုတိုက်ပွဲဝင်လျှက်ရှိနေသည်။ ထိုသို့  နည်းလမ်းပေါင်း
စုံဖြင့်   တောင်းဆိုဆန္ဒပြတိုက်ပွဲဝင်နေသူများသည်   တိုင်းတပါးသားများမဟုတ်ကြပါ၊ ကျွန်ူပ်တို့ရဲ့ ပြည်ထောင်စု
ဖွား တိုင်းရင်းသားညီအကို မောင်နှမ စစ်စစ်များသာဖြစ်ကြပါသည်။ ကျနော်တို့တတွေဟာ  တစ်ဦးနဲ့ တစ်ဦး နှစ်ပေါင်း များစွာအတူတကွ ရှင်တွဲနေထိုင်လာကြသော တိုင်းရင်းသား ညီအကိုမောင်နှမများဖြစ်သော
ကြောင့်  အုပ်ချုပ်သူလူတန်းစားများမှ တိုင်းရင်းသားညီအကို မောင်နှများအပေါ်ရန်သူကြီးသဖွယ်သဘောထား
ကာ ရက်ရက်စက်စက် ဖိနှိပ့်ချုပ်ချယ်အုပ်ချုပ်မှုများမလုပ်သင့်ပေ။

အမှန်တကယ်ဆိုမူ တမြေထဲနေ၊ တရေထဲသောက်သုံးခဲ့ကြတဲ့ တိုင်းရင်းသားတို့ရဲ့ ရပိုင်ခွင့်အရေးများကို အုပ်
ချုပ်သူ လူတန်းစားများမှ နိုင်ထက်စီးနင်းပြုကာ မတရားဟန့်တား ချုပ်ချယ် ပိတ်ပင်တားဆီးမှုမပြုလုပ်သင့်
ပေ။ ၎င်းတို့ရဲ့ မူလရပိုင်ခွင့်များ မပျောက်ပျက် မပျက်ဆီးဆုံးရှုံးသွားရလေအောင် အုပ်ချုပ်သူလူတန်းစားများမှ ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးရန်လိုအပ်သည့်အပြင်၊ အေးအတူ ပူအမျှအတူတကွနေထိုင်ကြမည့် တိုင်း
ရင်းသားတွေရဲ့ လိုအပ်တဲ့ အကူညီနဲ့ နည်းလမ်းကောင်းများကို တတ်စွမ်းသည့်ဘက်က တတ်နိုင်သလောက် ဖြည့်ဆည်းကူညီဆောင်ကျဉ်းပေးရန်လိုအပ်ပါသည်။ သို့မှသာ တိုင်းရင်းသားတွေနဲ့ အုပ်ချုပ်သူလူတန်းစား
များကြားမှာ သဟဇာတမျှတမှုတွေဖြစ်ပေါ်လာပြီး စစ်မှန်တဲ့ သွေးစည်းညီညွှတ်မှုကို ရရှိမှာဖြစ်ပါတယ်။

ဒီနေရာမှာ အရင်ကအုပ်ချုပ်သူလူတန်းစားများကို အထူးမေတ္တာရပ်ခံပန်ကြားလိုသည်မှာ၊ မိမိရဲ့ မှားယွင်းခဲ့တဲ့ လုပ်ရပ်မှားတွေကို ပြုပြင်ပြီး၊ ယနေ့ပြောင်းလဲနေသော မြန်မာ့နိုင်ငံရေးတွင် ရိုးရိုးသားသားနဲ့ တိုင်းပြုပြည်ပြု
လုပ်ငန်းများကို ပါဝင်ကူညီဆောင်ရွက်ပေးစေလိုပါသည်။ ခင်ဗျားတို့မှာရှိတဲ့ငွေများနဲ့ တိုင်းရင်းသားပြည်သူများ
ရဲ့ အကျိုးပြုလုပ်ငန်းများကို ပြုလုပ်စေလိုပါတယ်။ အတင်းအဓမ္မ လယ်သိမ်း၊ ယာသိမ်း ပြောင်းရွေ့ခိုင်းတဲ့ မတရားစီမံကိန်းတွေ အကောင်ထည်ဖော်နေတဲ့ အရင်လူဟောင်း အုပ်ချုပ်သူ လူနည်းစုနဲ့ အသိုင်းအဝိုင်း
တွေရဲ့လုပ်ရပ်ကြောင့် လက်ရှိအပြောင်းလဲကို ဖော်ဆောင်နေတဲ့ အစိုးရတစ်ရပ်လုံးဟာ အဲဒီလူနည်းစုကြောင့် အစိုးရရဲ့ ဂုဏ်သိက္ခာဟာ အမှန်တကယ် ထိခိုက်ငြိုးနွမ်းစေပါတယ်။ ဒါ့-အပြင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်
တွေကိုလည်း အနှောက်အယှက်ဖြစ်စေပြီး၊ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအပေါ်ကိုလည်း သံသယတွေပိုမိုကြီးထွားစေပါတယ်။

ယုန်သူငယ်အသဲပိုင်ရှင်နှင့် ပဲဟင်းစားသူများ / By ဂျစ်(ပ်)စီ (မယူကမ်း)

လင်္ဂလီမူဆလင်ခေါ်တောကုလားများ ဗလီထဲမှ အကြမ်းဖက်ရန်ထွက်လာစဉ်
လင်္ဂလီမူဆလင်ခေါ်တောကုလားများ ဗလီထဲမှ အကြမ်းဖက်ရန်ထွက်လာစဉ်
ယခုလက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ် ပဋိပက္ခများမှာ အဏာရူးများနှင့် ငွေမူးများစခဲ့ကြသော ဇာတ်လမ်းပင်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများ၏ ရပိုင်ခွင့်ကို ထိန်းချုပ်လို၍ ရန်သူဟုထင်ကာ ရန်သူလိုသဘောထားပြီး၊ အရိပ်မည်းနှင့် ငွေထုပ်ထမ်းလာသူကို ကြိုဆိုကာ မြွေပွေးကို ခါးပိုက်ပိုက်ခဲ့ကြသည်။ အစကတော့ ငွေကိုသာမြင်၍ မြွေကိုမမြင်ခဲ့ကြပေ။ သိ၍သတိပေးသူများကိုလည်း မနာလိုသူများအဖြစ်သတ်မှတ်ခဲ့ကြသည်။ ပြဿနာဖြစ်လာသောအခါတွင်ကား ခြေမကိုင်မိလက်မကိုင်မိ သနားစရာအတိ အသွင်သို့ရောက်သွားသည်။ သူများကိုလွှဲပေးလိုက်ရမည်ကိုလည်း စိုးသည်၊ အခွင့်ထူးခံလိုစိတ်ကလည်း မပျောက်သေး၊ တဖက်ကငွေထုပ်ကြီးကို လည်းမျက်စိထဲက မထွက်၊ တစ်ဖက်ကလဲ ခြိမ်းခြောက်နေပြီ။ ကဲ ဘာဆက်လုပ်ကြမလဲ…….။
ပြည်ထဲရေးဝန်ကြီး ဦးခင်ရီက ရိုဟင်ဂျာသည် မြန်မာတိုင်း ရင်းသားမဟုတ် ဟု ကြေငြာပြီးနောက်မကြာမီ ရခိုင်ပြည်နယ်တွင် ပဋိပက္ခဖြစ်လာခဲ့သည်။ ထိုသို့ ဖြစ်လာရခြင်းမှာ ဘင်္ဂလီခေါ်တောတို့၏ ရခိုင်ပြည်နယ်အား (သွေးနှောခြင်းနှင့် ပါတီထောင်ခြင်း စသော) အနုနည်းဖြင့် သိမ်းပိုက်ပြီး ရိုဟင်ဂျာအမည်ခံကာ အစ္စလာမ် (Islam) နိုင်ငံထူထောင်ရေး မဟာဗျူဟာသည် မျှော်လင့်ချက်မဲ့ သွားသောကြောင့်ဖြစ်သည်။ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်အုပ်စု၊ သပြေချောင်းရွာမှ မသီတာထွေးအားသတ်ဖြတ်မှုသည်၊ လတ်တလောဖြစ်ပေါ်ခဲ့သော အကြောင်းရင်းဖြစ်ခဲ့သော်လည်း ယင်းမတိုင်မီ ဘင်္ဂလီတို့၏ မဟာဗျူဟာ အကောင်အထည်ဖေါ်ရန် ရန်စလုပ်ဆောင်မှုများ ရှိခဲ့သည်။

“စာရေးစာဖတ် ဘာလုပ်ဖို့”

“စာရေးစာဖတ် ဘာလုပ်ဖို့”

အမျိုးသားရေးဝါဒနှင့် လူမျိုးစုံဝါဒ

အမျိုးသားရေးဝါဒနှင့် လူမျိုးစုံဝါဒ

ခေတ်သစ် ဖွံ့ဖြိုးရေးပါရာဒိုင်း ပါမောက္ခ ဖူကူယားမား၏ ပို့ချချက် - နှင့် စာရေးသူ၏အတွေးအချို့ (ကျော်ဝင်း) by Kyaw Win on Monday, August 27, 2012 at 5:19am ·


ခေတ်သစ် ဖွံ့ဖြိုးရေးပါရာဒိုင်း
ပါမောက္ခ ဖူကူယားမား၏ ပို့ချချက် - နှင့်
 စာရေးသူ၏အတွေးအချို့

|ကျော်ဝင်း|


အပြောင်းအလဲ၏ လတ်တလောအရသာ

             မြန်မာပြည်ပြောင်းပါပြီ။ ဤအပြောင်းအလဲကို၊ ပြည်တွင်းပြည်ပရှိ၊ သဘောထားတင်းမာသူ အချို့ကပင်၊ သိမှတ်လက်ခံလာကြ ပါပြီ။ ယခင်ကဆိုလျင်၊ လူအရှင်လတ်လတ်မဆိုနှင့်၊ သူတို့စာတွေကိုပင်၊ မရဲတရဲ မိတ်ဆက်နေကြရသော၊ ကမ္ဘာသိ ပညာရှင်တွေ၊ ဝင်လာ မဆဲ၊ တသဲသဲ ရှိလာသည်။ ယခုနှစ်ပိုင်း ၂၀၁၂ ကိုပဲကြည့်။ ထောမတ်ကရိုသာ၊ မန်မိုဟန်ဆင်း၊ ပေါ(လ)ကိုလီယာ၊ လာရီဒိုင်းမွန်း၊ … အခု ဖရန်စစ် ဖူကူယားမား …။ အားလုံးမှာ စာရေးသူ ဒိုင်ခံမိတ်ဆက်ပေးနေသည့် ပညာရှင်တွေချည်း …။ သူတို့စာတွေ ဖတ်ရင်း၊ အဝေးက ကြည်မော နေရသူအနေနှင့် သူတို့နှင့်တွေ့ချင်ဆုံချင်သည်။ မေးချင် မြန်းချင်သည်။ ကြားချင် နာချင်သည်။ သို့တစေ၊ ဖိတ်စာမရ၍၊ အကုန်လုံးနှင့်တော့ တွေ့ခွင့်မရ။ သည်တစ်ခါ၊ ဖူကူယားမားကိုတော့၊ မင်္ဂလာမြန်မာ ဇနီးမောင်နှံ ကျေးဇူးကြောင့်၊ တွေ့ခွင့်ဆုံခွင့်ရသည်။ သူ့ပို့ချချက်ကို ကြားနာခွင့်ရသည်။ အရတော်လေစွ။ ကျေးဇူးအထူးပါ မင်္ဂလာ မြန်မာ …။

            စာရေးသူရောက်တော့၊ ခန်းမအပြည့် ပရိတ်သတ်တွေရောက်နှင့်နေပြီ။ တော်တော်များများက လူငယ်တွေ။ ပါမောက္ခပို့ချချိန် မှာရော၊ မေးမြန်းခွင့်ပေးချိန်မှာရော၊ အားတက်ရွှင်လန်း၊ ပညာဆာလောင် မျက်နှာတွေကို သတိပြုမိသည်။ လွန်ခဲ့သော ဆယ်နှစ်ဝန်းကျင်၊ ဖူကူယားမား၏ စာတွေကို မိတ်ဆက်ပေးစဉ်က၊ ကြုံခဲ့ရသော အဖြစ်သနစ်တွေကို တွေးမိတော့ပြုံးရသေးသည်။ လူ့သမိုင်း၏ အိုင်ဒီအိုလို ဂျီတိုက်ပွဲတွင်၊ ကွန်မြူနစ်ဝါဒ အရေးနိမ့်သွာပြီ ဆိုသော၊ သူ့ကောက်ချက်ကို တဆင့်ပြန်ပြောမိ၍၊ လက်ဝဲဆရာတွေက၊ အအုပ်အသင်းဖွဲ့ ကာ ဝိုင်းတွယ်ကြသည်။ အချို့က၊ အမေရိကန် mouthpiece ဟုစွဲချက်တင်ကာ ချွန်တွန်းလုပ်ကြသည်။ နိုင်ငံခြားရောက် ပညာတတ်မြန် မာ စာရေးဆရာတစ်ယောက်ကဆိုလျင် ‘ဖူကူယားမားဆိုတာ၊ အိမ်ဖြူတော်အတွက် ဆွမ်းကြီးခံထွက်နေတဲ့ ဖိုးသူတော်ပါ ’ စသဖြင့် ခပ် ရမ်းရမ်းမှတ်ချက်ပြုသည်။ အခုတော့ အမြင်တွေပြောင်းသလောက် ပြောင်းပြီ ထင်ပါသည်။ အထူးသဖြင့် လူငယ်တွေ …။ ၂၁ ရာစုခေတ် တွင် မိမိတိုင်းပြည်ဖွံ့ဖြိုးရေးကို မျက်နှာမူသူတိုင်း၊ စစ်အေးခေတ် အစွဲတွေ ခဝါချရတော့မည် မဟုတ်ပါသလော…။

            လူငယ်တွေကြားတွင်၊ လူကြီးအချို့ကိုလည်းတွေရရာ၊ ပို၍ပင်အားတက်မိသည်။ ပါတီအဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူ များ။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှလည်း ပါသည်။ USDP ၊ NLD ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် တိုင်းရင်းသားပါတီများ …၊ အတော်စုံပါသည်။ စာရေးသူက၊ နိုင်ငံရေးသမားဆိုလျင်၊ အာဏာရပါတီမှဖြစ်စေ၊ အတိုက်အခံပါတီများမှဖြစ်စေ၊ မိမိမလုပ်နိုင်သော အလုပ်တွေကို တာဝန်ယူနေကြသူများဖြစ်၍၊ လေးစားတန်ဖိုးထားသည်။ ယခုပွဲတွင် သူတို့နှင့် သိကျွမ်း ခင်မင်ခွင့်ရ၍ ဝမ်းသာသည်။ ထို့ထက်၊ သူတို့အားလုံးက၊ ပါမောက္ခ၏ ဖွံ့ဖြိုးရေးဘာသာရပ်ကို စိတ်ဝင်တစား နားစွင့်နေကြသည်ကို မြင်ရရာ၊ အနာဂတ်အတွက်၊ အမှန်ပင်အားတက်မိသည်။ တစ်ခုပဲ ဝမ်းနည်းမိသည်မှာ၊ ဖူကူယားမား၏ စာတွေကို၊ ပထမဆုံး ဦးဆောင်မိတ်ဆက်ပေးခဲ့သူ၊ ဆရာကြီး မောင်စူးစမ်းကို မတွေ့ရခြင်းပင်။ ဆရာမှာ၊ ကျွန်တော်တို့၏ pioneer ဟု စာရေးသူက ခံယူထားသည်။


ကျောင်းဆရာ၏ ရိုးသားမှု၊ ပညာရှင်၏ထက်မြက်မှု
(ပါမောက္ခ၏ ပို့ချချက်)

            ဖရန်စစ် ဖူကူယားမားမှာ ဓာတ်ပုံတွေထဲက အတိုင်းပင်။ အရပ်ပြတ်ပြတ်၊ ( နိုင်ငံခြားစံချိန်နှင့်ဆိုလျင် - ပုသည် ဟူ၍ပင် ဆိုနိုင်မည်ထင်သည်။ ) မျက်နှာဝိုင်းဝိုင်း၊ အပြုံးချိုချို။ ပါမောက္ခတို့၏ အမှတ်အသားပေပဲလားမသိ။ ထိပ်ကတော့ အတော်ပြောင်သည်။ အဝတ်အစားမှာလည်း တောက်တောက်ပပကြီးမဟုတ်။ ကာကီရောင်ဘောင်းဘီတွန့်တွန့်ကြေကြေ။ မိုးပြာရောင်ရှပ်လက်ရှည် ခပ်နွမ်းနွမ်း။ ပန်းနုဖျော့ဖျော့လည်စည်းတော့ပါသည်။ Lecture စတော့မှ အပေါ်ကုတ်အင်္ကျီ ထပ်ဝတ်သည်။ စကားပြောတော့လည်း၊ တမင်ဖန်တီးထားသော တက်သံကျသံတွေနှင့် တက်ထောင်မောင်းနင်းမဟုတ်။ မိုက်ခရိုဖုန်းကိုင်၊ လမ်းလျှောက်ရင်း အေးအေးသက်သာ ပင် ပြောသည်။ သို့တိုင်၊ ပီသည်၊ ရှင်းသည်၊ စကားလုံးအတိအကျရွေးချယ်သုံးသည်။ တကယ့်ကို ရိုးရှင်းသည့် ကျောင်းဆရာတစ်ယောက် ၏ ဟန်ပန်။ သူ၏ ပို့ချချက်တွင်ကား၊ ပညာရှင်တစ်ယောက်၏ ထက်မြက်မှုကို၊ အထင်းသားမြင်နေရသည်။

          သူ့ပို့ချချက်ခေါင်းစဉ်မှာ၊ “What Is Development” ယနေ့မြန်မာ့နိုင်ငံရေး အခင်းအကျင်းနှင့် ချိန်ခါသင့် အကြောင်းအရာဟု ထင်သည်။ ပထမဆုံး၊ ‘ဖွံ့ဖြိုးရေး’ ဆိုသည်၏ အဓိပ္ပါယ်ကို ဇီဝဗေဒ ရှုထောင့်မှ စတင်ကာ၊ စီးပွားရေး၊ နိုင်ငံရေး အဆင့်များထိ ရှင်းလင်း ဖွင့်ဆိုပြသည်။ နောက်- ဖွံ့ဖြိုးရေး၏ မျက်နှာစာများကို ယခုလို ခင်းပြသည်။ ပုံ (၁) ကိုကြည့်ရန်။


Friday, October 26, 2012

သန်းခေါင်စာရင်း နဲ့ လူမျိုးသတ်မှတ်ရေးပြဿနာ by ဂါ မဏိ on Friday, October 26, 2012 at 5:20pm ·

သန်းခေါင်စာရင်း နဲ့ လူမျိုးသတ်မှတ်ရေးပြဿနာ
by ဂါ မဏိ on Friday, October 26, 2012 at 5:20pm ·
၁ ၃ ၅

နအဖဟာ အရင်အစိုးရအဆက်ဆက်နဲ့ လမ်းခွဲထွက်လာတာဖြစ်တယ်၊ အရင်အစိုးရတွေထက်သာတယ်လို့ ဝါကြွားနေပေမဲ့ ဦးနုအစိုးရလုပ်ခဲ့တဲ့ ကမ္ဘာအေးလှိုဏ်ဂူ၊ နေဝင်းလုပ်ခဲ့တဲ့ မြန်မာစာ ရေးရာမှာ တစ် ခု-တစ် ယောက် စသဖြင့် သုံးစွဲရေး၊ စောမောင်ထွင်ခဲ့တဲ့ မြန်မာနိုင်ငံတိုင်းရင်းသား ၁၃၅ မျိုး၊ ခင်ညွန့်ထွင်ခဲ့တဲ့ မြန်မာအစ-လူသားအစ ပုံတောင်ပုံညာက ဆိုတဲ့အယူအဆတွေကို ဆက်ကျင့်သုံးနေပါတယ်။ အခုဆောင်းပါးမှာတော့ မြန်မာပြည်မှာ တိုင်းရင်း သား ၁၃၅ မျိုးတကယ်ရှိမရှိကို ဆန်းစစ်ဖော်ထုတ်သွားပါမယ်။

ပထဆုံး ကချင် လူမျိုးတွေကိုကြည့်ရင် နဝတ-နအဖက ကချင် ၁၂ မျိုး လို့ဖော်ပြထားရာမှာ လူမျိုးတမျိုး ထဲက ဆွေမျိုးစုကွဲ၊ ဘာသာစကားလေယူလေသိမ်းကွဲတွေကို သီးခြားလူမျိုးအဖြစ် ဇွတ်အတင်းပြထားပါတယ်။ ဒါ့အပြင် ကချင်ဆိုတဲ့နာမယ်နဲ့ လူမျိုးတမျိုး သီးသန့်ပြထားသလို ဂျင်းဖောနာမယ်နဲ့လည်း ပြထားပြန်တယ်။ တကယ်တော့ ကချင်ဆိုတာ အားလုံးကိုခြုံခေါ်တဲ့နာမယ်ဖြစ်မှန်း လူတိုင်းသိပေမဲ့ နအဖဟာ လူမျိုးအရေအတွက် ဖောင်းပွစေ ချင်လွန်းအားကြီးလို့ သီးသန့်လူမျိုးမဟုတ်တာကို အဟုတ်ကြီးလုပ်ထည့်တာဖြစ်တယ်။ နအဖ စာရင်းထဲက ဂေါ်ရီ၊ ခခူ နဲ့ ဒူးလန်းတို့ဟာ ဂျင်းဖောအနွယ်ကွဲတွေသာဖြစ်ပြီး သီးခြားလူမျိုးစုတွေ မဟုတ်ပါဘူး။ ခခူနဲ့ဒူးလန်း ဆိုရင် မျိုးနွယ်ကွဲတခုတည်းကိုဘဲ နာမယ်နှစ်မျိုး ခေါ်ထားတာဖြစ်ပါတယ်။ ကချင် ၁၂ မျိုးထဲက တမျိုးအဖြစ်ပြထားတဲ့ တရုမ်းနဲ့ဒလောင် ဆိုတာလည်း ရဝမ် မျိုးကွဲဖြစ်ပါတယ်။ ဒါကြောင့် နအဖပြောတဲ့ ကချင် ၁၂ မျိုးဟာ လက်တွေ့မှာ ၆ မျိုးဘဲဖြစ်ပါတယ်။
နအဖစာရင်း အမှန်စာရင်း
၁ ကချင် ဂျိန်းဖော၊ မရူ၊ ရဝမ်၊ လရှီ၊ အဇီး နှင့် လီဆူး တို့ကို လွှမ်းခြုံခေါ်ဝေါ်သည့်အမည်
၂ တရုမ်း ရဝမ်မျိုးနွယ်စု
၃ ဒလောင် ရဝမ်မျိုးနွယ်စု
၎ ဂျိန်းဖော ၁ ဂျိန်းဖော (ဂေါ်ရီ၊ ခခူ၊ ဒူးလန်း နှင့် အခြားမျိုးနွယ်စုများပါဝင်)
၅ ဂေါ်ရီ ဂျိန်းဖောမျိုးနွယ်စု
၆ ခခူ ဂျိန်းဖောမျိုးနွယ်စု
၇ ဒူးလန်း ဂျိန်းဖောမျိုးနွယ်စု
၈ မရူ (လော်ဝေါ်) ၂ မရူ
၉ ရဝမ် ၃ ရဝမ် သို့မဟုတ် နုံး (ဒလောင်၊ တရုမ်း နှင့် အခြားမျိုးနွယ်စုများပါဝင်)
၁ဝ လရှီ (လချိတ်) ၄ လရှီ
၁၁ အဇီး ၅ အဇီး သို့မဟုတ် ဇိုင်ဝါး
၁၂ လီဆူး ၆ လီဆူး သို့မဟုတ် ယောယင် သို့မဟုတ် လီရှော
၁၂ စုစုပေါင်း ၆ စုစုပေါင်း

Thursday, October 25, 2012

တရုတ်နဲ့ ဆက်ဆံရေးကိစ္စ ပြောရပေဦးမယ် (ပြောချင်လွန်းလို့-မောင်ဝံသ) by ပြည်သူ့ခေတ် on Tuesday, September 25, 2012 at 4:01am ·


အိမ်နီးချင်းကို   ရွေးလို့ မရ
ဆွေမျိုးဆိုတာ မခေါ်ရင်ရပေမယ့် မတော်ချင်လို့တော့ မရဘူးဆိုသလို ကမ္ဘာမှာ အိမ်နီးချင်းနိုင်ငံ ဆိုတာလည်း ရွေးလို့ရတာမျိုး မဟုတ်ဘူးဗျ။ ကိုယ့်အိမ်နီးချင်း ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ မဖြစ်မနေ မိတ်ဝတ်မပျက် ဆက်ဆံရမှာပဲ ဖြစ်တယ်ဗျာ။ သိပ်ဆိုးတဲ့ အိမ်နီးချင်း ဆိုရင်တော့ အဆက်အဆံ မလုပ်ဘဲ ကိုယ့်ခြံစည်းရိုးကို ကိုယ်လုံခြုံအောင် ပိတ်ဆို့ထားဖို့ပဲ ရှိတယ်ဗျ။  ဒါပေမဲ့ ကိုယ့်ထက် အဆပေါင်းများစွာ အင်အား ပိုမို ကြီးထွားတဲ့ အိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရတဲ့ နိုင်ငံငယ်တစ်ခုရဲ့ ဦးစီးခေါင်းဆောင်တွေ အနေနဲ့ကတော့ အင်မတန်ကို ပါးပါးနပ်နပ်နဲ့ သတိတမန် ဉာဏ်မြေကတုတ် လုပ်ကြဖို့တော့ လိုသပေါ့ဗျာ။ ရေတိုအကျိုးထက် ရေရှည်အကျိုးကို ကြည့်ပြီး  လျှော့တန်လျှော့ တင်းတန်တင်း နည်းပရိယာယ် ကြွယ်ဝစွာနဲ့ ဆက်ဆံခဲ့ကြတဲ့ အိမ်နီးချင်း ဒစ်ပလိုမေစီတွေကို နမူနာ ယူနိုင်ကြမယ် ထင်တယ်ဗျ။

အမျိုးသားရေး သတိနဲ့   ဆင်ခြင်
မြန်မာပြည်သူများရဲ့ အကျိုးစီးပွားရှုထောင့်က ရပ်တည်ပြီး ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကို နိုင်ငံတော်သမ္မတကြီးက မိမိရဲ့ ရာထူးသက်တမ်းအတွင်း ဆက်မလုပ်စေဖို့ ရပ်ဆိုင်းခဲ့တာ တစ်နှစ်ကျော်သွားပြီးတဲ့နောက် မနေ့တစ်နေ့က သတင်းတစ်ခု ကြားလိုက်တယ်ဗျာ။ မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းထားတာတဲ့။ ဖျက်သိမ်းပစ်တာ မဟုတ်ဘူးတဲ့။ ကျွန်တော့်ဗျာ၊ နားရင်းပါးရင်းတွေ ထူပူသွားမိပါတယ်။ လက်သီးကို ကျစ်ကျစ် ဆုပ်လိုက်မိပါတယ်။ တယ် ခံရခက်ပါလားဗျ။ ဟိုတလောကလည်း အသားထဲက လောက်တစ်ယောက်က ပြောလိုက်သေးတယ် မဟုတ်လား။  မြစ်ဆုံ စီမံကိန်းကို တိုင်းပြည်အကျိုးအတွက် ဆက်လုပ်ရမယ်တဲ့ဗျာ။

အင်ဒိုချိုင်းနား  ဒေသ
သည်အကြောင်းတွေ ပြန်လှန် စဉ်းစားရင်း ကိုယ့်နေရာ ကိုယ့်ဒေသ အကြောင်း သုံးသပ်မိတယ်ဗျ။
        အခု အရှေ့တောင် အာရှဒေသလို့ ခေါ်ခေါ်နေကြတဲ့  ဒေသကြီးတစ်ခု လုံးကို တစ်ချိန်က သမိုင်းပညာရှင်တွေက အင်ဒိုချိုင်းနားဒေသကို ခေါ်ဝေါ် ခဲ့ကြတာ အားလုံး အသိပါ။  နိုင်ငံ အကျယ်အ၀န်း ပမာဏအရရော၊ လူဦးရေအရရော၊ ယဉ်ကျေးမှု အစဉ်အလာအရပါ အင်မတန်မှ ကြီးမား ရင့်ညောင်း ခိုင်မာလှတဲ့ အိန်္ဒိယနဲ့ တရုတ်ဆိုတဲ့ နိုင်ငံကြီး နှစ်ခုကြားမှာ တည်ရှိနေတာကြောင့် ပထ၀ီသဘောအရ ကွက်ကွက်ကွင်းကွင်း ထင်းခနဲ လင်းခနဲ ဖြစ်သွားအောင် Indochina လို့ ခေါ်ဝေါ်ခဲ့ကြတာ ဖြစ်တယ်ဗျ။

လားဟူလူမျိုး မူရင်း.. မြန်မာ့စွယ်စုံကျမ်း


လားဟူလူမျိုးများသည် ရှမ်းပြည်နယ်အရှေ့ပိုင်း တာကော်မှစ၍ ကျိုင်းတုံနယ် အရှေ့ဖျားတိုင်အောင် ခရီးလမ်းတလျှောက် ကျေးရွာများတွင် နေထိုင်ကြ၍ လိုလို အုပ်စုခွဲတွင် ပါဝင်ကြသည်။ လားဟူလူမျိုးစုတို့တွင် လားဟူနနှင့် လားဟူရှီဟူ၍ နှစ်မျိုးရှိပြီးလျှင် ရှမ်းများကမူ ယင်းတို့ကို မူဆိုးဟု ခေါ်ကြသည်။ ဤသို့ခေါ်ခြင်းကို လားဟူတို့က မနှစ်သက်ကြဘဲ ယင်းတို့အချင်းချင်းသည် တဦးကိုတဦး လ
ားဟူ ဟုသာ ခေါ်ကြသည်။ ရှေးအခါက လားဟူတို့သည် သံလွင်မြစ်မြောက်ဖျား အရပ်ဒေသတွင် နေထိုင်ခဲ့ကြ၍ ယခုအခါ မိုင်းဆတ်၊ မိုင်းပန်နှင့် ကျိုင်းတုံ အနီးတ၀ိုက် ကျေးရွာများသို့ ပြောင်းရွှေ့ရောက်ရှိလာကြသည်။

လားဟူများသည် နတ်ကို လုံးလုံးလျားလျား ကိုးကွယ်သည်ဟူ၍ မရှိခဲ့ချေ။ နောင်ပွင့်မည့် ဘုရားကို မျှော်နေ ကြသူများ ဖြစ်သည်ဟု ပြောဆိုကြသည်။ အိမ်ဦးခန်းတွင် ဘုရားစင်ကို နတ်စင်ကဲ့သို့ ထားရှိကြသည်။ ယင်းတို့ လူဦးရေ ၁၀ပုံ ကိုးပုံမှာ ဗုဒ္ဓ၀ါဒီများဖြစ်သော်လည်း ရုပ်ပွားတော်များကို ထားပြီး ထင်ထင်ရှားရှား ကိုးကွယ်ခြင်း မရှိကြချေ။ အချို့မှာ ခရစ်ယန်ဝါဒီများ ဖြစ်ကြသည်။

လားဟူများသည် လယ်ယာလုပ်ခြင်းထက် တောင်ယာခုတ် အလုပ်မျိုးကိုသာ အားထား၍ လုပ်ကိုင်ကြသည်။ တောင်ယာပဲခင်းမှ ပေါ်ဦးပေါ်ဖျား ဖြစ်သည့် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် စပါးပဲပြောင်းများကို ရှေးဦးစွာ မိမိတို့ သက်ဝင်ယုံကြည်သော အယူဝါဒအလိုက် လှူဒါန်းပူဇော်ပြီးမှ စားသုံးကြသည်။

လားဟူများသည် လူတိုင်းလိုလို ဦးခေါင်းထိပ်တွင် ကျစ်ဆံမြီး ထားကြရသည်။ ထိပ်လယ်တွင်ရှိသော ဗွေနေရာ၌ ဆံပင်ကို ရိတ်လိုက်လျှင် ဖျားနာပြီး သေတတ်သည်ဟု အယူရှိကြသည်။ လားဟူနသည် ယောကျာ်းမိန်းမ နှစ်ဦးစလုံးပင် ရင်ဖုံးအင်္ကျီများ ၀တ်ကြသည်။ ရင်ကွဲအင်္ကျီမှာ ယခုခေတ်တွင်မှ ၀တ်သော အင်္ကျီဖြစ်သည်။ ယင်းတို့ အ၀တ်တွင် အိမ်ထောင်ကျပြီးသူများအတွက် ရွှေခြည်ထိုးရာ၌ အပြာနှင့် အစိမ်းရောင်ကိုသာ ထိုးရသည်။ လူပျို အပျိုများအတွက် အနီ၊ အဖြူ၊ အ၀ါရောင်များ ထည့်ရသည်။ လားဟူမိန်းမသည် အ၀တ်ရှည်ဝတ်ရသည်။ ရှေ့ကရော နောက်ကပါ ကိုယ်ကို လုံအောင်ဖုံးရသည်။ ဤကဲ့သို့ ၀တ်ဆင်ခြင်းမှာ လင်သားအား၎င်း၊ လူကြီးမိဘနှင့် ဂုဏ်သရေရှိ လူကြီးလူကောင်းများအား၎င်း ရိုသေသမှုပြုသည်ဟု သဘောထားကြသည်။ လားဟူရှီများမှာ အင်္ကျီတိုဝတ်ဆင်သူများ ဖြစ်ကြသော်လည်း ယင်းလူမျိုးမှ ဆင်းသက်လာခဲ့သော လူမျိုးများမှာ အင်္ကျီရှည် ၀တ်ဆင်သူက များပြားလေသည်။
.
လားဟူလူမျိုး

မူရင်း.. မြန်မာ့စွယ်စုံကျမ်း

လားဟူလူမျိုးများသည် ရှမ်းပြည်နယ်အရှေ့ပိုင်း တာကော်မှစ၍ ကျိုင်းတုံနယ် အရှေ့ဖျားတိုင်အောင် ခရီးလမ်းတလျှောက် ကျေးရွာများတွင် နေထိုင်ကြ၍ လိုလို အုပ်စုခွဲတွင် ပါဝင်ကြသည်။ လားဟူလူမျိုးစုတို့တွင် လားဟူနနှင့် လားဟူရှီဟူ၍ နှစ်မျိုးရှိပြီးလျှင် ရှမ်းများကမူ ယင်းတို့ကို မူဆိုးဟု ခေါ်ကြသည်။ ဤသို့ခေါ်ခြင်းကို လားဟူတို့က မနှစ်သက်ကြဘဲ ယင်းတို့အချင်းချင်းသည် တဦးကိုတဦး လားဟူ ဟုသာ ခေါ်ကြသည်။ ရှေးအခါက လားဟူတို့သည် သံလွင်မြစ်မြောက်ဖျား အရပ်ဒေသတွင် နေထိုင်ခဲ့ကြ၍ ယခုအခါ မိုင်းဆတ်၊ မိုင်းပန်နှင့် ကျိုင်းတုံ အနီးတ၀ိုက် ကျေးရွာများသို့ ပြောင်းရွှေ့ရောက်ရှိလာကြသည်။

လားဟူများသည် နတ်ကို လုံးလုံးလျားလျား ကိုးကွယ်သည်ဟူ၍ မရှိခဲ့ချေ။ နောင်ပွင့်မည့် ဘုရားကို မျှော်နေ ကြသူများ ဖြစ်သည်ဟု ပြောဆိုကြသည်။ အိမ်ဦးခန်းတွင် ဘုရားစင်ကို နတ်စင်ကဲ့သို့ ထားရှိကြသည်။ ယင်းတို့ လူဦးရေ ၁၀ပုံ ကိုးပုံမှာ ဗုဒ္ဓ၀ါဒီများဖြစ်သော်လည်း ရုပ်ပွားတော်များကို ထားပြီး ထင်ထင်ရှားရှား ကိုးကွယ်ခြင်း မရှိကြချေ။ အချို့မှာ ခရစ်ယန်ဝါဒီများ ဖြစ်ကြသည်။

လားဟူများသည် လယ်ယာလုပ်ခြင်းထက် တောင်ယာခုတ် အလုပ်မျိုးကိုသာ အားထား၍ လုပ်ကိုင်ကြသည်။ တောင်ယာပဲခင်းမှ ပေါ်ဦးပေါ်ဖျား ဖြစ်သည့် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် စပါးပဲပြောင်းများကို ရှေးဦးစွာ မိမိတို့ သက်ဝင်ယုံကြည်သော အယူဝါဒအလိုက် လှူဒါန်းပူဇော်ပြီးမှ စားသုံးကြသည်။

လားဟူများသည် လူတိုင်းလိုလို ဦးခေါင်းထိပ်တွင် ကျစ်ဆံမြီး ထားကြရသည်။ ထိပ်လယ်တွင်ရှိသော ဗွေနေရာ၌ ဆံပင်ကို ရိတ်လိုက်လျှင် ဖျားနာပြီး သေတတ်သည်ဟု အယူရှိကြသည်။ လားဟူနသည် ယောကျာ်းမိန်းမ နှစ်ဦးစလုံးပင် ရင်ဖုံးအင်္ကျီများ ၀တ်ကြသည်။ ရင်ကွဲအင်္ကျီမှာ ယခုခေတ်တွင်မှ ၀တ်သော အင်္ကျီဖြစ်သည်။ ယင်းတို့ အ၀တ်တွင် အိမ်ထောင်ကျပြီးသူများအတွက် ရွှေခြည်ထိုးရာ၌ အပြာနှင့် အစိမ်းရောင်ကိုသာ ထိုးရသည်။ လူပျို အပျိုများအတွက် အနီ၊ အဖြူ၊ အ၀ါရောင်များ ထည့်ရသည်။ လားဟူမိန်းမသည် အ၀တ်ရှည်ဝတ်ရသည်။ ရှေ့ကရော နောက်ကပါ ကိုယ်ကို လုံအောင်ဖုံးရသည်။ ဤကဲ့သို့ ၀တ်ဆင်ခြင်းမှာ လင်သားအား၎င်း၊ လူကြီးမိဘနှင့် ဂုဏ်သရေရှိ လူကြီးလူကောင်းများအား၎င်း ရိုသေသမှုပြုသည်ဟု သဘောထားကြသည်။ လားဟူရှီများမှာ အင်္ကျီတိုဝတ်ဆင်သူများ ဖြစ်ကြသော်လည်း ယင်းလူမျိုးမှ ဆင်းသက်လာခဲ့သော လူမျိုးများမှာ အင်္ကျီရှည် ၀တ်ဆင်သူက များပြားလေသည်။
.