Saturday, September 29, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖယ်ဒရယ်ပြည်ထောင်စု။ အောင်ထူး / သောသီခို ဘလော့ မှ-



အောင်ထူး

ဒေါ်အောင်ဆန်းစုကြည်သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အခြေအမြစ်မှနေ၍ ပြင်သည့်နည်းဖြင့် တိုင်းရင်းသားရေးရာများကို ကိုင်တွယ်တော့မည်လား။

စစ်အစိုးရတည်ထောင်ထားသော လွှတ်တော်အတွင်းတွင် တိုင်းရင်းသားရေးရာများနှင့် စပ်လျှဉ်း၍ ဒေါ်အောင်ဆန်းစု ကြည် က မကြာခင်ဆွေးနွေးပြောကြားလိမ့်မည် ဟူသောသတင်းထွက်ပေါ်လာခဲ့သည်။ ဤတွင် ဒေါ်အောင်ဆန်းစု ကြည် သည် တိုင်းရင်းသားရေးရာများကို မည်သည့်အခြေခံမှနေ၍ စတင်ကိုင်တွယ်တော့မည်နည်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ဆက်စပ်တော့မည်လား ဟူ၍ လူထုအနေဖြင့် သိခြင်ကြတော့မည် ဖြစ်သည်။ ပြီးခဲ့သည့် ကြား ဖြတ်ရွေးကောက်ပွဲ၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်သွားမည်ဟူ၍ လူထုအား မဲဆွယ်ကတိပြုခဲ့သော် လည်း ဖွဲ့စည်းပုံ၏ မည်သည့် အပိုင်းကဏ္ဍကို ပြင်ဆင်သွားမည်ဟူ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် တိတိ ကျကျ ထုတ်ပြန်ကြေငြာသည်ကို မတွေ့ရသေးပါ။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ရှမ်းတိုင်းရင်းသား ဒီမိုကေ၇စီအဖွဲ့ချုပ်၊ ရခိုင် ဒီမိုကေ၇စီအဖွဲ့ချုပ်၊ မွန် ဒီမို ကေ၇စီအဖွဲ့ချုပ်၊ ဇိုမီး ဒီမိုကေ၇စီအဖွဲ့ချုပ်၊ ကရင်အမျိုးသားဒီမိုကရေစီ ကွန်ဂရက်၊ ကချင်ပြည်နယ် အမျိုးသား ဒီမို ကရေစီ ကွန်ဂရက်၊ ချင်း တိုးတက်ရေးပါတီ အစရှိသော တိုင်းရင်းသားပါတီများ စည်းဝေးပြီးတိုင်းရင်းသား လူမျိုးများ အခွင့်အရေး အခြေခံ အရင်းအမြစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုံစံမကျမှု အပေါ်မှာ မူတည်ကြောင်း၊ သို့ ဖြစ်၍ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြုပြင်လိုက်ခြင်းက သာလျှင် ပြသနာအရပ်ရပ်ကို ဖြေရှင်းရာရောက်မည်ဟု အားလုံးက သဘောတူ ဆုံးဖြတ်ကြောင်းဖြင့် ရေးသားကာ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ ခဲ့သည် ဟု သိရသည်။

ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ခြင်း အပိုင်း (၁) by Htun Aung Gyaw on Friday, November 26, 2010 at 9:12am ·



ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ခြင်း အပိုင်း (၁)

နောက်ခံသမိုင်း
မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီစံနစ်အောက်မှ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းမှုကို ဦးရွက်ပြုလုပ်နေသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ရှမ်းပြည် ပင်လုံမြို့လေးတွင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လွတ်လပ်ရေးကို အတူတကွ ယူပါမည်ဆိုသည့် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။

၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့တွင် မြန်မာပြည်လွတ်လပ်ရေးရရှိခဲ့သည့်အခါ ၁၉၄၇ အခြေခံဥပဒေသည် ပြည်ထောင်စုစံနစ် အုပ်ချုပ်ပုံမဟုတ်ဘဲ တပြည်ထောင်စံနစ်သာ ဖြစ်သည်ဟု ရှမ်းခေါင်းဆောင်များက ဦးဆောင်တင်ပြလာခဲ့ပြီး အခြေခံဥပဒေကို ပြင်ဆင် ရေးဆွဲရေးကို တောင်းဆိုလာခဲ့ကြသည်။ လွတ်လပ်ရေးရရှိပြီးနောက် ပြည်တွင်းလက်ဝဲ ကွန်မြူနစ်များက ပုန်ကန်ထကြွခဲ့ပြီး၊ ကရင်တပ်များကလည်း ကေအင်ဒီအို (KNDO) Karen National Defense Organization က ဦးဆောင်ပြီး ပုန်ကန်ခဲ့ကြသဖြင့် လွတ်လပ်ခါစနိုင်ငံ သည် ပြည်တွင်းစစ်မီးများကြားတွင် ကျရောက်ခဲ့ရသည်။ ထိုအခါ ပြည်သူများက သူပုန်များကို နှိမ်နှင်းနေသည့် တပ်မတော်ကို အားကိုးလာခဲ့ကြပြီး တပ်မတော်၏ အခန်းကဏ္ဍသည် မြန်မာနိုင်ငံရေးတွင် အရေးပါလာခဲ့သလို ပြည်တွင်းစစ်ကို ရင်ဆိုင်ရင်း သြဇာအာဏာ ကြီးမားလာခဲ့ရသည်။ တပ်မတော်ဗိုလ်ချုပ်ကြီး နေ၀င်းကို အားကိုးလာခဲ့ကြသည်။

ပြည်တွင်းစစ်ဖြစ်ရခြင်းမှာ မြန်မာပြည်ကွန်မြူနစ်ပါတီမှ အာဏာရယူရန်အတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက မြန်မာပြည်မှ ခွဲထွက်၍ မိမိကိုယ်ပိုင်နိုင်ငံထူထောင်လိုခြင်းနှင့် အုပ်ချုပ်နေသော အစိုးရမှ စစ်မှန်သော ဖယ်ဒရယ်အခြေခံဥပဒေကို မရေးဆွဲနိုင်ခြင်းကြောင့်ဟု ယေဘုယျသုံးသပ်နိုင် ပါသည်။ လက်ဝဲ လက်ယာနိုင်ငံရေးအဖွဲ့အစည်းများမှ ကိုယ်လိုရာဆွဲရေးသည့် သမိုင်းက လည်းရှိသဖြင့် အဓိက ပြည်တွင်းစစ်ဖြစ်ရခြင်း (၃) ချက်ကို အကျဉ်းရုံး၍ တင်ပြခြင်းဖြစ် ပါသည်။

ယနေ့မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စံနစ် ဖြစ်ထွန်းလာခြင်းမှာ ပင်လုံညီလာခံတွင် ပါသည့် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ဆိုသည့် စာပိုဒ်သည် အဓိကအကြောင်းအရာ ဖြစ်နေသည်ဟုထင်သည်။ မြန်မာတနိုင်ငံလုံး လွတ်လပ်ရေးရရှိရန်အတွက် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ပင်လုံမြို့တွင် ဆွေးနွေးခဲ့ကြစဉ် တန်းတူညီမျှရေး နှင့် အကယ်၍ မကျေနပ်လျှင် နောင် (၁၀) နှစ်အကြာတွင် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ရှိစေရမည်ဆိုသည့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။ ဗိုလ်ချုပ် အောင်ဆန်းက ထိုစဉ်အခါက ဗြိတိသျှတို့က ပြည်မနှင့် တောင်တန်းဒေသဟူ၍ အုပ်ချုပ် ထားခြင်းကြောင့် အကယ်၍ ဤအချက်ကို လက်မခံပါက တိုင်းရင်းခေါင်းဆောင်များက ပြည်မနှင့်အတူ မပူးပေါင်းဘဲ ကျန်ရစ်ခဲ့မည်ကို စိုးရိမ်သည့်အတွက် လက်မှတ်ရေးထိုးပေးခဲ့ သည်ဟု ယူဆရသည်။

ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟူသည် အစွဲများ ပပျောက်ရေးသာဖြစ်သည် by Htun Aung Gyaw on Tuesday, December 21, 2010 at 3:25pm ·



In face book my foot notes did not show in order.  If you want the file please email to me and I will send you the original file.  Here is my email address: hagyawa@gmail.com.  Any feed back or criticism is welcome.
Regards

Htun Aung Gyaw

 ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟူသည် အစွဲများ  ပပျောက်ရေးသာဖြစ်သည်
 နိဒါန်း 
ကျွန်တော်ရေးသားခဲ့သော ပြည်ထောင်စု တည်ဆောက်ရေး ဆောင်းပါး၏ ဦးတည်ချက်သည် စစ်မှန်သော ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် အခက်အခဲများကို မည်သို့မည်ပုံ ဖြေရှင်းရမည် (Solution) ကို မိမိအတွေ့အကြုံအရလည်းကောင်း၊ လေ့လာချက်များအရလည်းကောင်း တိုင်းပြည်ချစ်စိတ်နှင့် တင်ပြခြင်းသာဖြစ်သည်။ ၎င်းအပေါ် ကိုကျော်သန်းက သူ့အမြင်ကို တင်ပြလာခြင်းအပေါ် ပြန်လည်ရှင်းလင်းရန် လိုသည်ဟု ယူဆသဖြင့် ဤဆောင်းပါးကို ရေးလိုက်ခြင်းဖြစ်ပါသည်။ ကိုကျော်သန်းကိုလည်း ကျွန်တော့ အမြင်ကို ပိုမိုရှင်းလင်းရန်အတွက် လမ်းဖွင့်ပေးသဖြင့် ကျေးဇူးတင်ပါသည်။
ယနေ့ ITခေတ်တွင်စာဖတ်သူများမှီငြမ်းချက်များကိုတိုက်ရိုက်လေ့လာနိုင်ရန်အတွက်အောက်ခြေမှတ်စု (Foot Notes) များကိုဖေါ်ပြရာ၌အင်တာနက်လင့်များကိုစာဖတ်သူများတိုက်ရိုက်ယှဉ်တွဲ၍ ဖတ်ရှု့နိုင် ရန်ဖေါ်ပြထားခဲ့ပါသည်။ထို့အပြင်အင်တာနက်မှတိုက်ရိုက်မကြည့်နိုင်သောအထောက်အထားများကို ကျမ်းကိုးစာရင်းတွင်ဖေါ်ပြထားခဲ့ပါသည် ။

တိုင်းသူပြည်သားများကိုသတင်းမှောင်ချ၍တပါတီအာဏာရှင်စံနစ်ကိုကျင့်သုံးပြီးဝါဒဖြန့်စာပေများဖြင့် အုပ်ချုပ်နေသောခေတ်သည်ကုန်ဆုံးချိန်ရောက်နေပါပြီ ။
ထို့ကြောင့်ထိုအခွင့်အရေးကိုအသုံးချ၍ကျနော်တို့အားလုံးပြည်သူများကိုသတင်းမှန်အထောက်အထားမှန်တို့ဖြင့်မျက်စိနားဖွင့်ပေးဖို့တာဝန်ရှိပါသည် စာဖတ်သူများ မှအောက်ခြေမှတ်စုများရှိလင့်များကို
တိုက်ရိုက်ကြည့်ရှု့လေ့လာခြင်းအားဖြင့်အမှားအမှန်ကိုကိုယ်ပိုင်ဥာဏ်ဖြင့်ထိုးထွင်းသိမြင်နိုင်ကြပါစေ။


နိုင်ငံအမည်နှင့် ပတ်သက်၍ သဘောထား
နိုင်ငံအမည်နှင့် ပတ်သက်၍ ယခင်က တင်ပြထားသည့်အတိုင်း
(၁) ညီညွတ်ရေးသည် အဓိကဖြစ်သည်။
(၂) အမည်သည် ပညတ်မျှသာဖြစ်သည်ဟု သုံးသပ်ပါသည်။
နံမည်တခုကြောင့် ညီညွတ်ရေး ပျက်ပြားမည်ဆိုလျှင် ကျွန်တော့အနေနှင့် အမည်ကို အများသဘော ကျ၊ ဘ၀င်ကျသည့် နံမည် ရွေးချင်းကို ထောက်ခံမည်ဖြစ်ပါသည်။ ဗမာဘဲခေါ်ခေါ် မြန်မာဘဲခေါ်ခေါ် သုဝဏ္ဏဘုမ္မိလို့ ခေါ်ခေါ် ကြိုက်ရာခေါ် ညီညွတ်ကြလျှင် ငြင်းစရာ မရှိပါ။
ဥပမာ- ကမ္ဘောဒီယားနိုင်ငံကို ကွန်မြူနစ်တို့က ကမ်ပူးခြားဟု ပြောင်းလဲလိုက်သည်။ သန်းရွှေတို့က Burma ကို Myanmar ဟု ပြောင်းလဲလိုက်သည်။ အင်္ဂလိပ်လို ပြောင်းလိုက်သော်လည်း ဗမာလိုရေးလျှင်မူ အတူတူပင် ဖြစ်သည်။ တိုင်းပြည်နံမည် ပြောင်းလိုက်သော်လည်း စစ်အုပ်စုက ဆက်လက်စိုးမိုးနေသဖြင့် ထူးမခြားနားပင် ဖြစ်သည်။ ထို့ကြောင့် နံမည်ကိစ္စကို အငြင်းမပွါးလိုပါ။ တိုင်းရင်းသား အားလုံးနှင့် ညီညွတ်ရေး ယူနိုင်သည့် နံမည်ဖြစ်ရေးသည် အဓိက အရေးကြီးသော အချက်ဖြစ်ပါသည်။ ဗမာလူမျိုးတွေ ကြီးစိုးတဲ့ နိုင်ငံဟူသောအစွဲ ကွယ်ပျောက်ပြီး ပြည်တွင်းရှိ တိုင်းရင်းသားများ အားလုံးက “ငါတို့ နိုင်ငံ” ဟူ၍ ၀င့်ကြွားစွာ ပြောဆိုနိုင်သော နံမည်ဖြစ်လျှင်  ရည်မှန်းချက်ပြီးပြည့်စုံပါသည်။ ကျွန်တော့တွင် နံမည်စွဲ မရှိပါ။ ညီညွတ်ရေးသာ လိုလားပါသည်။

အရေးကြီးဆုံး အချက်မှာ တကယ်စစ်မှန်သည့် ပြည်ထောင်စု စံနစ်ကို အများဆန္ဒနှင့် ညီညွတ်ရေးတည်ဆောက်ခြင်းနှင့် လက်တွေ့ကျကျ ကျင့်သုံးနိုင်ရေးပင်ဖြစ်သည်။ စာရွက်ပေါ်တွင် ရှိသည့် ညီညွတ်ရေးမျိုး၊ စာရွက်ပေါ်တွင် ရေးသားထားသည့် စိတ်ကူးယဉ် (Utopia) လောက နိဗ္ဗာန်မျိုးထက် တကယ့် လက်တွေ့တွင် ပြည်သူပြည်သားများ၏ လူ့အခွင့်အရေး အပြည့်အ၀ ပေးနိုင်သော စံနစ်များ ဖြစ်ဖို့သာ လိုပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပင်လုံစာချုပ်
ကိုကျော်သန်း ပြောသလို အဲဒီခေတ်ကို သူရော ကျွန်တော်ရော မမှီပါဘူး။ မမွေးသေးလို့ ဖြစ်ပါသည်။ ဒါပေမဲ့ ကိုကျော်သန်းက ဗိုလ်ချုပ်အောင်ဆန်းက ခွဲထွက်ခွင့်ကို သဘောတူ လက်မှတ်ရေးထိုးလိုက်ခြင်းဟာ လက်ဝဲအယူအဆကို သက်ဝင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လီနင်ရဲ့ ခွဲထွက်ခွင့်နဲ့ ကိုယ့်ကြမ္မာ ကိုယ် ပြဋ္ဌာန်းခွင့်ပြုတယ်ဆိုတဲ့ သဘောတရားအရ လက်ခံခဲ့၍ ဖြစ်မယ်လို့ ဆိုခြင်းဟာ ဘာအထောက်အထားမှ မရှိဘဲ ကိုယ်လိုရာကို ဆွဲရေးတယ်လို့ ယူဆပါတယ်။

ကျွန်တော့စာထဲမှာ တချို့လက်ဝဲသမားတွေကလို့ ဆိုခဲ့ရာမှာ ကွန်မြူနစ်တွေကလို့ တိတိကျကျ မရည်ညွန်းခဲ့ပါဘူး။ ဒါဟာလဲ စစ်အာဏာရှင်ကို အင်အားစု အားလုံးနဲ့ ညီညီညွတ်ညွတ် တိုက်ချင်တဲ့ စိတ်ကြောင့်ဖြစ်ပါသည်။ နောက်ဗိုလ်ချုပ်အောင်ဆန်း ကြည်ညိုသူတွေနဲ့ လက်ဝဲကွန်မြူနစ်တွေနဲ့ တိုက်ပေးတယ် ဆိုရအောင်လဲ ဗိုလ်ချုပ်အောင်ဆန်းကို ကွန်မြူနစ်ပါတီက ဗြိတိသျှအစိုးရအဖွဲ့ထဲမှာ အာဏာလွှဲပြောင်းယူဖို့အတွက် ပထမအဆင့်အနေနဲ့ ပါဝင်ခဲ့တဲ့ အတွက် ဗိုလ်ချုပ်အောင်ဆန်း နဲ့ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကို ဗြိတိသျှ အစိုးရချပေးတဲ့ ဖောက်ပြန်ရေးလမ်းစဉ်ကို လိုက်တယ်ဆိုပြီး ကွန်မြူနစ်ပါတီက ပြင်းပြင်းထန်ထန်ဝေဖန်ပြီး တိုက်ခိုက်ခဲ့တဲ့ အတွက် ကွန်မြူနစ်ပါတီကို ဖ.ဆ.ပ.လ ထဲက ထုတ်ပစ်လိုက်တာကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ ကွန်မြူနစ်ဝါဒကို နိုင်ငံရေးသမ္ဘာ ရှိလာတဲ့အခါ လက်မခံနိုင်ဘူးဆိုတာ ထင်ရှားပါသည်။[1] ရန်တိုက်ပေးစရာ မလိုပါဘူး။ ထိုခေတ်က ကိုလိုနီစံနစ်ကို တိုက်ဖျက်သူတိုင်း လက်ဝဲ၀ါဒကို ကြိုက်ကြပါတယ်။ ဒါဟာလဲ လက်ဝဲဝါဒက ကိုလိုနီစံနစ်ကို တိုက်နိုင်တဲ့အကြောင်းပြချက်ကို စံနစ်တကျ တင်ပြနိုင်ခဲ့လို့ပါ။ ဒါပေမဲ့ ကွန်မြူနစ်အတွေးအခေါ်မှာ လူတွေကို ခံစားမှုမရှိတဲ့ ကုန်ပစ္စည်းတွေလို သဘောထားခဲ့တာတွေ၊ အထူးသဖြင့် ဒီကွန်မြူနစ်စံနစ်ကို အကောင်အထည်ဖေါ်တဲ့ ခေါင်းဆောင်တွေ ကို ဘုရား ရဟန္တာတွေလို ကိုးကွယ်ခဲ့တာတွေဟာ အဓိက မှားယွင်းမှုကြီးလို့ မြင်ပါတယ်။ ကွန်မြူနစ်စံနစ်ကို ခေါင်းဆောင်ခဲ့သူတွေဟာ လူထဲက လူတွေဘဲဖြစ်ပါတယ်။ ဘုရား ရဟန္တာတွေ မဟုတ်ပါဘူး။ ဒီလူတွေမှာ လောဘ၊ ဒေါသ၊ မောဟတွေရှိတယ်ဆိုတာ ကွန်မြူနစ်ကြီးစိုးတဲ့ နိုင်ငံတွေကို ကြည့်ရင် အထင်းသား မြင်နိုင်ပါတယ်။

Friday, September 28, 2012

ဖူ့တာမိက် (အင်းဟှးလင်ဖ၀်): ကရင့်အရေး တွေးကြည့်ခြင်း

ဖူ့တာမိက် (အင်းဟှးလင်ဖ၀်): ကရင့်အရေး တွေးကြည့်ခြင်း: မြန်မာအစိုးရနှင့် ကေအဲန်ယူ အပစ်အခတ်ရပ်စဲရေး  တတိယအကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲ  ကရင့်အရေး တွေးကြည့်ခြင်း   By မင်းစိုးစံ  26 Se...

ကရင်ပြည်နယ် ဘားအံမြို့တွင် ဗဟို အဆင့် ဆက်ဆံရေးရုံး ဖွင့်လှစ်မည့် ကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်း အရုံး (KNU) အဖွဲ့မှ ခေါင်းဆောင်များ အကြား သဘောထား အမြင် ကွဲလွဲမှုများ ရှိနေကြသည်။posted by burma.irrawaddy.org

ကရင်ပြည်နယ် ဘားအံမြို့တွင် ဗဟို အဆင့် ဆက်ဆံရေးရုံး ဖွင့်လှစ်မည့် ကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်း အရုံး (KNU) အဖွဲ့မှ ခေါင်းဆောင်များ အကြား သဘောထား အမြင် ကွဲလွဲမှုများ ရှိနေကြသည်။
ဇန်န၀ါရီ ၁၁ ရက်နေ့က ဘားအံမြို့တွင် တွေ့ရသော အစိုးရ၏ ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဝင်များ နှင့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်များ၏ ညစာစားပွဲ မြင်ကွင်း။ ၀န်ကြီး ဦးအောင်မင်း ၏ ဘေး၌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး (ဘယ်ဘက်မှ ဒုတိယ) ဖြစ်သည် (ဓာတ်ပုံ – ဧရာဝတီ)
လာမည့် စနေနေ့တွင် KNU ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် အတွက် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ဖွဲ့မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက တပ်မဟာ ခေါင်းဆောင်တချို့ကို ဦးဆောင်၍ KNU ဗဟို ကော်မတီဝင်များနှင့် တိုင် ပင် ဆွေးနွေးခြင်း မရှိဘဲ ယမန်နေ့က ဘားအံမြို့သို့ ထွက်ခွာသွားခြင်း ဖြစ်ကြောင်း KNU က ပြောသည်။
ဘားအံမြို့သို့ ထွက်ခွာသွားသည့် အဖွဲ့တွင် KNU တပ်မဟာ(၇)မှ ဗိုလ်မှူးချုပ် ဂျော်နီနှင့် တပ်မဟာ(၄) ဒေသ ထားဝယ်ခရိုင် ဥက္ကဌ ပဒို ကွယ်ထူးဝင်း၊ ပဒိုဒေးဗစ်ထော၊ ပဒိုရွှေမောင်း အပါအ၀င် ကိုယ်စားလှယ် ၃၁ ဦး လိုက်ပါသွားကြောင်း သိရသည်။
ယင်း ခရီးစဉ်နှင့် ပတ်သက်၍ KNU အနေနှင့် ဆောင်ရွက်ခြင်း မဟုတ်သည့် အပြင် KNLA ဗဟို စစ်ဌာနချုပ်၏ အစီအစဉ် မဟုတ်၍ တွေ့ဆုံ ဆွေးနွေးမည့် အကြောင်းအရာများကိုလည်း KNU ဗဟိုမှ တစုံတရာ မသိရကြောင်း ယမန်နေ့က KNU ဗဟိုဌာနချုပ် ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်ပြီး သဘောတူညီမှု လက်မှတ်ရေးထိုးသည့် အကြိမ်တိုင်း၌ အစိုးရနှင့် KNUတို့ ၏ နှစ်ဦးနှစ် ဘက် သဘောတူညီမှု ဖြင့်သာ ဆောင်ရွက်ကြကြောင်းလည်း KNU ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
KNU အဖွဲ့မှ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက“ဘာမှ တိုင်ပင် ဆွေးနွေးခြင်း မပြုဘဲ သူ့နောက်ကို လိုက်ချင်တဲ့လူ လိုက်ကြ သွားလုပ်ကြမယ်၊ ဆက်ဆံရေးရုံး သွားဖွင့်မယ်၊ ငါအကြီးအကဲပဲ ဆိုပြီးတော့ အဲဒီလို ခေါ်သွားတဲ့ ကိစ္စကို ဘယ်လိုလုပ် အာမခံလို့ ရမလဲ၊ ဒီကိစ္စက ဒီလိုဖြစ်နေတယ်၊ တာဝန်မယူနိုင်ဘူး ဆိုတာ အားလုံးကို အသိပေးတာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ဘားအံမြို့သို့ သွားရောက်ကြသည့် KNU ခေါင်းဆောင်များကို အရေးယူဆောင်ရွက်ရန် စီစဉ်နေကြောင်းလည်း ဗိုလ်မှူး စောလှငွေ က ဆက်ပြောသည်။
“ဘယ်လို အရေးယူဆောင်ရွက် မလဲဆိုတာ တိုင်ပင်ဆွေးနွေးနေပြီ၊ KNU ရဲ့ မူမှာ အရေးယူဆောင်ရွက်မှုကတော့ သတိပေးတာရှိ တယ်၊ ပညာပေး ရှေ့ဆောင်တာရှိတယ်၊ ထုတ်လိုက်တာ ရှိတယ်”ဟု ၎င်းက ရှင်းပြသည်။ သို့သော် မည်သို့ အရေးယူ ဆောင်ရွက် မည်ကို မသိရှိရသေးပေ။
KNLA တပ်ဖွဲ့သည် KNU ၏ ဌာန ၁၄ ခုရှိသည့်အနက် ကရင်အမျိုးသား ကာကွယ်ရေး ဌာန အုပ်ချုပ်မှုနှင့် ဦးဆောင်မှုအောက်တွင် ရှိသော အဖွဲ့တခု ဖြစ်ကြောင်း သိရသည်။
ဘားအံမြို့တွင် ဆက်ဆံရေးရုံး ဖွင့်လှစ်ပွဲကိုလည်း ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ၀န်ကြီး ဦးအောင်မင်းတို့ တက်ရောက်မည် ဖြစ်သည်ဟု ဆိုသည်။
ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် ပါဝင်သူ တချို့က ဗဟို ခွင့်ပြုချက် မပါဘဲ ယခုလ ၁၅ ရက်နေ့က ဘားအံမြို့ရှိ ဇွဲကပင် ဟိုတယ် တွင် ဆက်ဆံရေးရုံး ဖွင့်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူ တဦး က ပြောသည်။
KNU ဗဟိုနှင့် စစ်ဦးစီးချုပ်တို့ အကြား ယခုလဆန်းပိုင်းမှ စတင်၍ တဘက်နှင့် တဘက် အမိန့်နာခံမှုနှင့် ပတ်သက်၍ အပြန်အလှန် လေးစားမှု မရှိတော့ဘဲ ကြေးနန်းဖြင့်သာ နှစ်ဘက် သဘောထားများကို ပေးပို့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် ပထမဆုံး အကြိမ် ပြည်နယ် အဆင့် အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သည့်  အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် ဆက်ဆံရေး ရုံးများ ဖွင့်လှစ်သွားရန် ပါရှိပြီး ယခုနှစ် ဧပြီလမှ စတင်၍ ပဲခူးတိုင်း ကျောက်ကြီး မြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ ဘုရားသုံးဆူမြို့နယ်နှင့် မြ၀တီမြို့နယ်တို့တွင် ဖွင့်လှစ်ထားပြီး ဖြစ်သည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် အနေနှင့် ဦးအောင်မင်းက KNU ကိုယ်စားလှယ်များကို ငြိမ်းချမ်း ရေး တွေ့ဆုံဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့ပြီးနောက် တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

အစိုးရ လုပ်ရပ်များအပေါ် တိုင်းရင်းသားများ သံသယရှိကြောင်း အမေရိကန်ကို ပြော ဖနိဒါ | သောကြာနေ့၊ စက်တင်ဘာလ ၂၈ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၁၁ မိနစ်



ချင်းမိုင်(မဇ္စျိမ) ။      ။ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များ လက်တွေ့ လုပ်ဆောင်ရာတွင် တိုင်းရင်းသားများအနေနှင့် မေးခွန်းထုတ်စရာ သံသယများ ရှိနေဆဲ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။

နယူးယောက်မြို့တွင် အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိကြီးများနှင့် တွေ့ဆုံစဉ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB တို့မှ ကိုယ်စားလှယ် များက ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

အရှေ့အာရှနှင့် ပစိဖိဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲ Kurt Campbell ၊ လက်ထောက် ဒု-နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝိုင်ယွန်တို့ အပါအဝင် အမေရိကန် အစိုးရအရာရှိများနှင့် စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း NCUB ၏ အမေရိကန် ပြည်ထောင်စု ဒါရိုက်တာ ကိုမိုးချမ်း က ပြောသည်။

“တိုင်းရင်းသားတွေက အပစ်အခတ် ရပ်စဲရေး မအောင်မြင်တဲ့ ကိစ္စတွေ၊ ကချင်နဲ့ ရှမ်းမှာ တိုက်နေတဲ့ကိစ္စတွေ၊ စစ်အစိုးရက ဒီအချိန်အထိ လူတွေကို ခွဲခြား ဆက်ဆံပြီးတော့မှ အုပ်ချုပ်နေသလားဆိုတဲ့ မေးခွန်းတွေ သူတို့မှာ ရှိနေတယ်။ အစိုးရ ဆက်ဆံနေတဲ့ ပုံစံက အမြဲတမ်း ခွဲထုတ်ပြီးတော့မှ တောင်ပိုင်းမှာတော့ ငြိမ်းချမ်းရေးလုပ်တယ်။
မြောက်ပိုင်းမှာတော့ ကချင်နဲ့ ရှမ်းကို ထိုးစစ်ဆင်နေတယ်ဆိုတော့ ဘာသဘောလဲဆိုတာ သူတို့မှာလည်း မေးခွန်း
တွေ မေးဖို့ ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ သံသယကြီးစွာ ရှိနေပါတယ်” ဟု မဇ္စျိမကို ပြောသည်။

NCUB ဥက္ကဋ္ဌ၊ UNFC ဒု- ဥက္ကဌ ဒေးဗစ်သာကဘော ဦးဆောင်သည့် တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့တွင် UNFC အထွေထွေ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ နိုင်ငံခြားရေး အဖွဲ့ဝင် Sao Swy Mangrai၊ UNFC အဖွဲ့ဝင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဗိုလ်မှူးကြီး လအောင်နှင့် ကိုမိုးချမ်းတို့ ပါဝင်သည်။

သမ္မတ ဦးသိန်းစိန်၏ လုပ်ဆောင်ချက်များအပေါ် ကြိုဆိုသော်လည်း တိုင်းရင်းသားအရေး ဖြေရှင်းမှုတွင် လက်တွေ့ ကျကျ အကောင်အထည်ဖော်ရန်နှင့် သမ္မတသည် ကာကွယ်ရေး ဦးစီးချုပ် လက်အောက်ခံ တပ်မတော်၏ သြဇာလွှမ်းမိုးမှု ရှိလားဆိုသည့် မေးခွန်းများ ရှိနေပြီး သံသယရှိနေကြောင်း သူက ဆိုသည်။

“တပ်မတော်ပေါ်မှာ သြဇာလွှမ်းမိုးမှု မရှိဘူးဆိုရင် အနာဂတ် အောင်မြင်ပါ့မလား။ အထူးသဖြင့် အပစ်အခတ်ရပ်စဲရေး ကိစ္စတွေ၊ နိုင်ငံရေးစကားပြောမယ့် ကိစ္စတွေ အောင်မြင်ပါ့မလားဆိုတဲ့ မေးခွန်းတွေက တိုင်းရင်းသားခေါင်းဆောင်
တွေမှာ ရှိနေပါတယ် ဆိုတာတွေ ပြောတယ်” ဟု ကိုမိုးချမ်း က ပြောသည်။

သမ္မတ ဦးသိန်းစိန်က နေပြည်တော်သို့ လာရောက်ရန် KIO အား တရားဝင် စာဖြင့် ဖိတ်ခေါ်ခြင်း မရှိသေးဘဲ ဝန်ကြီး ဦးအောင်မင်း ကသာ မီဒီယာများတွင်သာ ပြောဆိုခြင်း ဖြစ်သည်ဟု KIO မှ ဗိုလ်မှူးကြီး လအောင်က ရှင်းပြခဲ့သည်ဟု သိရှိရသည်။

ကြောက်ရွံ့ခြင်းတို့ ဝေးကမ္ဘာဆီ Submitted by admin on Wednesday, 26 September 2012-- M. ထက်ခေါင်


(၁)
ဝါတွင်းကာလနှင့် မလျော်ညီစွာပင် ကြားသိဖတ်ရှုရသော သတင်းတွေက အတော့်ကို စိတ်မချမ်းမသာ ဖြစ်စရာ ကောင်းသည်။
သံဃာတော်တွေကိုယ်တိုင် လက်သမား ပန်းရံလုပ်ကာ ဆောက်ထားသည့် တောင်ကြီးမှ ဘုန်းတော်ကြီးကျောင်းတကျောင်းကို တရားဝင် အသိအမှတ်ပြုထားသည့် ကျောင်းတိုက် မဟုတ်သောကြောင့်ဟုဆိုကာ မြို့နယ်သံဃမဟာနာယကအဖွဲ့နှင့် ရာနှင့်ချီသော အာဏာပိုင်အဖွဲ့အစည်းတွေက အတင်းအဓမ္မ ၀င်ရောက်ဖျက်ဆီးပြီး ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် ခန်းနေသံဃာတော်တွေကို မောင်း ချလိုက်သဖြင့် ထိုကျောင်းတိုက်တွင် ဆယ်နှစ်ကျော် သီတင်းသုံးလာခဲ့သော ဆရာတော်နှင့် ကျောင်းရှိ သံဃာတော် ၂၂ပါးမှာ ၀ါတွင်း သီတင်းသုံးစရာ အခက်အခဲ ကြုံကြရသည်။ ဒကာ ဒကာမများနှင့် ဒေသခံ လူထုကလည်း မကျေမနပ် ဖြစ်ကြသည်။
မန္တလေး၊ ချမ်းအေးသာစံရပ်၊ ၀ါးခင်းကုန်း ဣစ္ဆာသယ ပရိယတ္တိစာသင်တိုက်မှ ပဓာန နာယက ဆရာတော်၏ သံဃာ့ကျင့်ဝတ် နှင့် မလျော်ကန်သော လုပ်ဆောင်မှုများကို ကျောင်းနေ အခြားသံဃာတော်များက အာဏာပိုင်တို့ထံ တင်ပြတိုင်ကြားရာတွင် တစုံတရာ အရေးယူ ဆောင်ရွက်မပေးဘဲ မဟနနှင့် ခရိုင်သာသနာရေးဌာနတို့ပေါင်းကာ တိုင်ကြားသော နာယက ဆရာတော် (၇)ပါးနှင့်တကွ စာသင်သား ၃၀၀ကို ၀ါတွင်းကာလကြီးမှာပင် ကျောင်းကနေ ဖယ်ရှားခိုင်းသည်။ စာသင်သား သံဃာတော်တွေအတွက် စာဖြေဆိုခွင့် စာရင်းကိုလည်း တင်ပေးမှာမဟုတ်ဟု အာဏာပိုင်ဆိုသူတွေက ပြောသည်။ အကျင့်သီလ ချွတ်လွဲ ဖောက်ပြန်သည့် ပုဂ္ဂိုလ်ကို အရေးမ ယူဘဲ တရားနည်းလမ်းတကျ တိုင်ကြားကြသူများနှင့် ကျောင်းရှိ သံဃာကုန်ကို နှင်ထုတ်ခြင်းမှာ အနည်းငယ်မျှ ကြားလို့မတော်သည့် မလျော်မကန်ကိစ္စ ဖြစ်၏။ ဗူးတောင်းနစ်လို့ စောင်းခြမ်းပေါ်သည့်အဖြစ်မျိုး။ မသူတော်တွေ ကြီးစိုးနေချိန်၌ တရားကို နတ်လည်း မစောင့် နိုင်တော့ချေ။
ဇူလိုင်လအတွင်းက နေပြည်တော်ရှိ ဥတ္တရသီရိ မြို့နယ်နှင့် ဇမ္ဗူသီရိ မြို့နယ်ဝန်းကျင်မှ ဘုန်းတော်ကြီးကျောင်းပေါင်း ၅၀ကို စည်ပင်သာယာက ဖျက်မိန့်ပေးပို့ထားပြီး ထိုကျောင်းများထဲမှ ၂ကျောင်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။ ကြည့်မြင်တတ်သူများ အနေဖြင့် ဗမာနိုင်ငံ မြို့ကြီးအချို့မှ ဈေးကြီးများ၊ လူနေရပ်ကွက်များ မကြာခဏ မီးလောင်ခဲ့ခြင်း၏ လက်သည်တရားခံကို ခပ်ရှင်းရှင်း တွေ့ရှိနိုင်ကြမည် ဖြစ်သည်။ လူနေအိမ်ခြေများ မီးလောင်ပျက်စီးသည်ကို တစိမ့်စိမ့်ကြည့်ကာ ကျေနပ်ပီတိ ဖြစ်ရသည့်အရသာကို မက် မက်မောမော ခံစားလိုသောကြောင့် ၎င်းတို့တွင် အကျင့်ပါနေသည့်အတိုင်း ဘုန်းတော်ကြီးကျောင်းကို မီးရှို့ခဲ့ကြခြင်း ဖြစ်၏။ မီးရှို့သည့် နေရာဌာနကလည်း အများ အာရုံစိုက်နေသည့် နေပြည်တော်က ရပ်ကွက်ထဲမှာပင် ဖြစ်လေသည်။
မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင်းမှ အိမ်များကို ကျူးကျော်အိမ်တွေဆိုကာ ဘူဒိုဇာနှင့် ထိုးကော်ဖျက် ဆီးမှုများ ကြားရတွေ့ရသည်မှာတော့ ဒေါသဖြစ်ဖွယ် ကောင်းသည်။ လူကြားထဲ စစ်တပ်က ၀င်ပြီး အဓမ္မ အိမ်ပေါ်တက် ဆွဲချသည်။ ရှိခိုး တောင်းပန်၍လည်းမရ၊ အတင်းပင် မောင်းထုတ်သည်။ မကျန်းမာသူများနှင့် သက်ကြီးရွယ်အိုတွေပါ ထိခိုက်ရ၏။ လူထုထဲ ဒဏ်ရာရသူ တွေလည်း ရှိသည်။ ကျူးကျော်ရပ်ကွက်အဖြစ် သတ်မှတ်လိုက်သော ထိုနေရာတွေမှာ တရုတ်ကုမ္ပဏီသို့ ရောင်းချထားပြီး ဖြစ်သည်ဟု ဆို၏။
ပုသိမ်ကြီးမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်များမှ အရောင်းအ၀ယ်စာချုပ်စာတမ်း အထောက်အထားများဖြင့် တရားဝင် အခွန်ပေး ဆောင်နေထိုင်လျက်ရှိသော အိမ်အတော်များများကိုလည်း ကျူးကျော်အိမ်တွေဆိုပြီး အဓမ္မ ဖျက်သိမ်းခိုင်းသည်။ မန္တလေးမှာသာမက နေပြည်တော် ပျဉ်းမနားမြို့ဦးကျေးရွာ အရှေ့ပိုင်းမှ အိမ်ကြီးအိမ်ကောင်း ၁၀၀နီးပါးကို ကျူးကျော်အိမ်တွေဆိုကာ ဖိအားပေး ဖျက်သိမ်း ခိုင်းသည်။ ဖျက်သိမ်းပြီးသည့် အိမ်တွေမှာ ကိုယ့်သဘောနှင့်ကိုယ်ဖျက်သိမ်းကြောင်း ရေးထားသည့် စာရွက်ပေါ်တွင် လက်မှတ်ထိုးကြရ ၏။ မလိမ့်တပတ်လုပ်ခြင်း ဖြစ်လေသည်။ ပျဉ်းမနားတောင်ဘက် ကျေးရွာအချို့နှင့် ပျဉ်းမနားအရှေ့ဘက် ကျေးရွာအချို့မှ အိမ်များကိုပါ ဖျက်ခိုင်းနေကြသည်။
စစ်အုပ်စုနှင့် ဗမာပြည် ပြည်သူလူထု ဘယ်သူက ဘယ်သူ့မြေကို ကျူးကျော်တာလဲ၊ ဘယ်သူက အင်အားသုံးအနိုင်ကျင့် အဓမ္မ လုပ်ရပ်တွေ လုပ်တာလဲ။ ဘယ်သူက တိုင်းတပါးသြဇာခံ ပြည်တွင်းသစ္စာဖောက်လဲ။ တိုင်းပြည်မှာ ရှိရှိသမျှ မြေပေါ်မြေအောက် သယံဇာ တတွေကို တိုင်းသူပြည်သားတွေရဲ့အကျိုး အနည်းငယ်မျှ မပါပဲ တိုင်းတပါးကို လက်ညှိုးထိုး ရောင်းစားနေတာ ဘယ်သူတွေလဲ ဆိုသည် ကို လူတိုင်း သိ၏။
လူထု၏ အသက်အိုးအိမ် အကျိုးစီးပွားကို စောင့်ရှောက်ဖို့၊ အာမခံ အကာအကွယ်ပေးဖို့မဟုတ်ပဲ ထိပါးနှောက်ယှက် သိမ်းယူနေ သည့်အဖြစ်၊ နေရင်းထိုင်ရင်း ပုဒ်မအမျိုးမျိုးဖြင့် အချိန်မရွေး ဖမ်းဆီးနှိပ်စက် ခံရနိုင်သည့် အခြေအနေ၊ လုံခြုံမှုမရှိသော ဘ၀ကို ပြည်သူ တွေ ကြုံနေကြရ၏။
သူခိုး၊ ဓားပြ၊ မုဒိမ်းတန္တ တို့ထက် အဆပေါင်းများစွာ ယုတ်မာညစ်ညမ်းသောသူများက အစိုးရ အရေခြုံကာ တတိုင်းတပြည်လုံး ကို အဓမ္မပြုကျင့် စော်ကားနေသည့်အဖြစ်အပေါ် အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံကြီးများကပါ အထောက်အကူ ပေးနေကြသည်။ ဗမာ ပြည်သားတို့အနေဖြင့် မည်သူ့ကိုသွား၍ အားကိုးယုံကြည်ရမည်နည်း။ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈အုပ်စုနှင့် မည်သည့်ဒီမိုကရက်တစ် နိုင်ငံရေးသမားတွေကိုမျှ အားကိုးဖွယ်ရာမရှိ။ နာကျည်းလွန်းမက နာကျည်းလာသည့်နောက် မိမိတို့ကိုယ်တိုင် ရုန်းထွက် တွန်းလှန်ခြင်းမှ တပါး အခြားနည်းလမ်းလည်း မရှိချေ။

Thursday, September 27, 2012

ကုဋေ ခြောက်ထောင် အိပ်မက် soe naing




မြန်မာစကားပြောနည်းမှာ ``ကောက်ပင်ရိပ်လှီး`` စကားပြောနည်းတစ်ခုပါတယ်။ ကိုယ်ပြောချင်တာကို ဒုတ်ထိုးအိုးပေါက်မပြောပဲ သွယ်ဝိုက် သိမ်းပိုက်ခြုံငုံပြီးမှ ကိုယ်ပြောချင်တာကိုပြောတာပါ။ အဲဒီလို စကားပြောနည်းက ဘယ်အခါမှာ သုံးရသလဲဆိုရင် ကိုယ့်စကားကို နားထောင်တဲ့သူက လျှက်တစ်ပြတ် အလွယ်နားလည်ပြီး အထင်လွဲစေနိုင်တဲ့အခါသုံးပါတယ်။ အထင်လွဲသွားပြီဆိုရင်တော့ ရွာလည်ပြီး တိုင်ပတ်သွားရင် ပြန်ရှင်းပြဘို့က သိပ်ခက်သွားတတ်တယ်။ အခု ကျွန်တော်လည်း တိုင်ပတ်နိုင်တဲ့ အတွေးတစ်ခုကို တင်ပြချင်လို့ စကားကြောရှည်ပြီး နိဒါန်းပျိုးနေရတာပါ။

၁))

ကျွန်တော် က ဗုဒ္ဓဘာသာပါ။ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားဟာ ဘုရားအဖြစ်ကို မရောက်ခင် သိဒတ္ထမင်းသား ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်းသိပါတယ်။ အိမ်ရှေ့စံပါ။ တစ်ချိန်မှာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ဘို့ ဖခင်ကြီး အထူးမျှော်လင့်ထားတဲ့သူပါ။ ဒီတော့ လူသားတိုင်း အရမ်းတောင့်တ တဲ့ သက်ဦးဆံပိုင် ရှင်ဘုရင်ဘဝ၊ လိုတရ ပြီး လက်ညှိုးညွှန်ရာ ရေဖြစ်စေတဲ့ ဘဝကို စွန့်လွှတ်ပြီး ပဋိက္ခရာ ရှစ်ပါးလောက်နဲ့ တောထွက် တရားရှာပြီး ဗုဒ္ဓအဖြစ်ရောက်ရှိခဲ့တာပါ။ ကျွန်တော် ပြောလိုခြင်းက သိဒတ္ထမင်းသားဟာ ရွှေငွေ ကျောက်သံ ပတ္တမြား ၊ ရာထူး အာဏာ စည်းစိမ် ၊ စတာတွေကို မတွယ်ကပ် မငြိတွယ်ဘဲ သံသရာရဲ့ လွတ်မြောက်ရာကို ရှာဖွေခဲ့သလို ဒီ စည်းစိမ်ဥစ္စာ ရွှေငွေ ရတနာတွေကိုလည်း တရားကျင့်သူ တရားရှာသူတွေနဲ့ မအပ်စပ်တဲ့ ပစ္စည်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် ယနေ့အချိန်ထိ ဝိနည်း အလွန်လိုက်နာတဲ့ ရဟန်းတွေဟာ ငွေကို ကိုယ်တိုင် ကိုင်စွဲမသုံးကြပါဘူး။ ရွှေငွေ ကျောက်သံပတ္တမြားကို စုဘို့ဆိုတာဝေးရောပေါ့။ စုရင်လည်း ဘုရားက အပြစ်တင် ကဲ့ရဲ့မှာပါပဲ။ ဒီတော့ ရွှေငွေ စတာတွေဟာ ဘုရားသားတော် ရဟန်းတို့နဲ့တောင် မအပ်စပ်ဘူး ဆိုရင် ဘုရားရှင် ကိုယ်တိုင်ဆိုရင်တော့ ပြောဘို့တောင် မလိုအပ်ပါဘူး။

posted by Salai Tluangvellian “တရားနဲ့ဖြေပါဗျာ”

“တရားနဲ့ဖြေပါဗျာ”
ဒီစကားလေးကို၊ အားလုံးပဲ ခဏခဏကြားဖူးနေကြပြီးသားပါ။ မြန်မာလူမျိုးများ၊ မြန်မာဇာတ်ကား၊ ကြည့်၍ပဲဖြစ်ဖြစ်၊ ပျက်စီးဆုံးရှုံးမှု၊ တခုခုနဲ့၊ ကြုံလို့ပဲဖြစ်ဖြစ်၊ သို့မဟုတ် ကိုယ့်အသိမိတ်ဆွေထဲက၊ တဦးတယောက်၊ လူ့လောကထဲက၊ ထွက်ခွာသွား ရလို့ပဲဖြစ်ဖြစ်၊ အနီးအနားရှိသူက၊ နှစ်သိပ့်စကား၊ ပြောတဲ့အခါ၊ “တရားနဲ့ဖြေပါဗျာ”ဆိုတဲ့၊ အားပေစကားပြောသံကို၊ အားလုံးကြားဖူးကြမှာ၊ အမှန်ပါပဲ။
တဦးတယောက
်၊ တစုံတခုနဲ့၊ ဆေးရုံဆေးခန်း၊ သွားပြကြ ဆေးရုံတင်ကြစဉ်တွင်လည်း၊ ဆရာဝန်ရဲ့၊ “တရားနဲ့ဖြေပါဗျာ”ဆိုတဲ့၊ အသံလေးကိုလည်း၊ ဇာတ်ကားထဲမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ်၊ အားလုံးကြားဖူးကြမှာ၊ မလွဲပါဘူး။
“တရားနဲ့ဖြေပါဗျာ”တဲ့ လွယ်တယ်နော်။ ပြောတဲ့သူကလဲ လွယ်တယ်။ နားထောင်တဲ့သူကလည်း လွယ်တယ်နော်။ တကယ်မလွယ်တာက၊ လက်တွေ့မှာ “တရားနဲ့ဖြေဖို့”၊ မလွယ်တာပဲ။
မြန်မာစကားပုံတခုရှိတယ်။ “ခလုတ်ထိမှ၊ အမိတ”တဲ့၊ လမ်းသွားရင်း ကိုယ်နမော်နမဲ့နိုင်လို့၊ သူ့ပါသူခလုတ်တိုက်တာနော်၊ ပါးစပ်က အမိတတယ်၊ အမေလာမကယ်နိုင်ဘူးနော်၊ တတာလွယ်တယ်၊
ကယ်ဖို့ကြတော့ခက်နေတယ်။ လက်ထဲကတစုံတခု၊ ကိုယ်ခပ်ပေါ့ပေါ့ ကိုင်လို့၊ ပြုတ်ကျတယ်။ အမိတယ်။
“သေကိန်းသေပေါက်၊ ရောက်လေမှ အမိတယ်၊ အမိတလို့ရပါ့မလား၊ မရနိုင်ဘူးနော်၊ အမေလဲမကယ်နိုင်ဘူး၊ အဖေလည်းမကယ်နိုင်ဘူး”။ ဘယ်လောက်ပဲချစ်နေပါစေ၊ မကယ်နိုင်ပါဘူး။ တရားနဲ့ဖြေပါဆိုလို့၊ မရဘူးနော်။
ဒီလိုပါပဲ “ခလုတ်ထိမှ၊ အမိတလို့မရသလို၊ သေရေးနဲ့ကြုံ၊ သေမင်းနဲ့တွေ့မှ၊ တရားတလို့၊ မရဘူး”။

Wednesday, September 26, 2012

ခွဲထွက်ခွင့် (by Bo K Nyein) by မဟာကြောင် on Tuesday, September 25, 2012 at 1:49am ·



Constitution ဆိုတာ အလွန် သိမ်မွေ့ သလို  ၊ consequence လည်းရှိတာမို့
Constitution အရပြောတော့မယ် ဆိုရင် နက်နက် တွေး ၊ အဖက်ဖက် ကတွေးပြီးမှ
ပြောသင့်တယ်လို ထင်မိတယ်။

နံမည်ရအောင် ၊ လက်ဦးမှု ရအောင် ၊ အားလုံး ( ခွဲထွက်ခွင့် ) ပေးဆိုပြီး
အရမ်း ပြောလို့ မရ သလို ၊
ခြိမ်းခြောက်ဖို့ လက်နက် ပါလို့ လွယ်လွယ်ပေါ့ပေါ့ တွေးလို့ မရဖူး လို့ထင်မိလို့ပါ။

Constitution ဆိုတာ Binding Document ။
ဒါကြောင့် စကားလုံး တိုင်းကိုစဉ်းစဉ်းစား ၊ ရွေးပြီးမှ သုံးရတာ။
ဒါထောင် ပညာတတ်တွေပဲ ၊ အမျိုးမျိုး Interpret လုပ်နေကြတာပဲ မဟုတ်လား

Constitution မှာ နိုင်ငံရေး အရ စဉ်းစားရင် ၊ ရိုက်ခပ်မဲ့ Consequence ကိုအရင် စဉ်းစားရမယ်။
ပြီးမှ ဥပဒေ အရ အကျိုးသက်ရောက်မှု ဆိုတာကို သုံးသပ်ရမယ်။

အမေရိကန် Constitution ကိုရေးခဲ့ တဲ့ လွပ်လပ်ရေးဖခင် တွေဟာ
နောက်ဆက်တွယ် ပြဿနာတွေကို သိလို့
(ခွဲထွက်ခွင့်) ဆိုတာကို ထဲ့မရေးခဲ့ကြတာပေါ့။

ဗိုလ်ချုပ်တို့ကလည်း ပေးချင်လို့ပေးခဲ့ကြတာမှ မဟုတ်တာ။
ပဒေသရာဇ် (၂) ဦးက အင်္ဂလိပ်ကို ဗိုလ်ချုပ်အောင်ဆန်း ဟာ သူတို့ကိုကိုယ်စားမပြုပါဖူးလို့
ဗိုလ်ချုပ်တို့ လန်ဒန်မှာ ဆွေးနွေးနေတုန်း သံကြိုးရိုက်ပြီး ဖိအားပေးတယ်
ဒါကြောင့် တိုင်းရင်းသား တွေပါဝင်ကြောင်း ပင်လုံ ကိုခေါ်ပြီး သက်သေ ပြရတယ်။
ဒီလို အကြပ်အတည်းမှာ ( ခွဲထွက်ခွင့် ) ပါရမယ်ဆိုလို့
ရှမ်း နဲ့ ကယား ကိုပဲ ပေးခဲ့ရတယ်။
ဗိုလ်ချုပ်တို့ က အားလုံးကို ပေးခဲ့တာမဟုတ်
အန္တရာယ်ကို နားလည် ကြတယ်။

(၁၀) နှစ်ပြည့်တော့ ပိုင်ပြီဆိုပြီး ( ခွဲထွက်ခွင့် ) ကိုတင်လာတော့
(ကင်း) ရပြီဆိုပြီး ရွှေ့လိုက်တာ ၊ ကိုယ်ပါအစားခံ လိုက်ရတယ်။
တကွက်မှားသောကျား ၊ သာဓက ဟာ ၁၉၆၂ ခုမှာ ဖြစ်ခဲ့ရတာပဲ။

နိုင်ငံရေးဆိုတာ သတိမရှိ ၊ (အသိ) မရှိပဲ
အစာ ဆိုပြီး (ဟပ်) လိုက်ရင် ၊ ငါးမြှားဂျိပ်မှာ ပါသွားသလို
အကျိုးနဲ တတ်တယ်။