Tuesday, June 26, 2012

သစ်ဆွေးအိမ်

“မိမိတို့၏ အန္တိမရည်မှန်းချက်မှာ အိုးအိမ်ပြောင်းရွှေ့ထွက်ပြေးရသူများ၊ အိုးအိမ်မဲ့နှင့် မျှော်လင့်ချက်မဲ့သူများ မရှိသည့် ကမ္ဘာကြီးတခု၊ မည်သည့်အရပ်တွင်ပင်ဖြစ်စေ မှီခိုနေထိုင်ကြသူများကို ကာကွယ်လုံခြုံစေမည့်၊ လွတ်လပ်စွာနေထိုင်နိုင်မည့်၊ အရည်အသွေးကို ပြနိုင်မည့်၊ ငြိမ်းချမ်းသည့် ကမ္ဘာကြီးတခု ဖန်တီးကြရန်ပင် ဖြစ်ပါသည်။ တွေးခေါ်မှုတခုချင်းစီ၊ စကားလုံးတခုချင်းစီ၊ လှုပ်ရှားမှုတခုချင်းစီတိုင်းသည် အပြုသဘောဆောင် ပေါင်းစည်းစေရမည်ဖြစ်ပြီး အလုံးစုံ ပေါင်းစည်းပါက ငြိမ်းချမ်းရေးကို ဦးတည် အထောက်အကူပြုစေကြရမည် ဖြစ်ပါသည်။ မိမိတို့ တဦးချင်းက ယခုကဲ့သို့ ဖြည့်ဆည်းဆောင်ရွက်ရန် တတ်စွမ်းကြပါသည်။ မိမိတို့လက်များ တွဲဆက်၍ မိမိတို့ အိပ်နေစဉ် လုံခြုံ၍ နိုးထသည့်အချိန်တွင် ပျော်ရွှင်ချမ်းမြေ့စွာ နိုးထရသော ငြိမ်းချမ်းသည့် ကမ္ဘာကြီးကို ဖန်တီးကြပါစို့” (ဒေါ်အောင်ဆန်းစုကြည်)

Wednesday, August 10, 2011


သစ်ဆွေးအိမ်

သစ်ဆွေးအိမ်
ညိုခက်ကျော်

မှောင်မည်းတိတ်ဆိတ်သော အခန်းကျဉ်းကလေးထဲမှာ အသက်ကို တပင်တပန်း ရှူရှိုက်နေရစဉ် ညတိုင်း ချောက်ချားနေရမြဲဖြစ်သော အသံတို့က တဖျတ်ဖျတ်နှင့် နားထဲသို့ ဆိုးဆိုးရွားရွား ၀င်ရောက်လာသည်။ ဒါ ... အဲဒီအသံ။ ဘုရား ဘုရား ... လူ့ဘ၀မှာ အသက်ရှင်နေထိုင်ရစဉ် ခဏလေးမှာ အဲဒီအသံတွေက ဘာဖြစ်လို့ ညစဉ်လို လိုက်ပြီး နှိပ်စက်နေရတာလဲ။ လူတဦးတယောက် ဒဏ်ရာတွေ ဗရပွနဲ့ ဒယိုင်းဒယိုင် ပြိုလဲနေတဲ့အ ချိန်မှာ အဲဒီသတ္တ၀ါတွေက ဒီလောက် နားဝင်ဆိုးလှတဲ့ အသံတွေမျိုးစုံ အော်ဟစ်ပြပြီး ပျော်ရွှင်မြူးထူးပြနေဖို့ မကောင်းဘူးဟု ထင်ပါသည်။ သူတို့မှာ ဦးနှောက်လည်းမရှိ၊ နှလုံးသားလည်း မရှိ၊ ဒါကြောင့် ကိုယ်ချင်းစာတ ရားရှိကြောင်းလည်း စိုးစဉ်းမျှ မျှော်လင့်နေစရာမလို။

ထို့အပြင် သူတို့မှာ (သူတို့ကိုလည်း ရန်မပြုပါဘဲနှင့်) လူတွေကို ရောဂါပိုးပေါင်းများစွာ လှလှပပလေး မသိမ သာကလေး ဖြန့်ဝေပေးနိုင်စွမ်းလည်းရှိကြသေးသည်။ သူတပါး ပင်ပန်းကြီးစွာ ချက်ပြုတ်ထားသော အစားအ စာပေါင်းများစွာကို ခိုးယူတမျိုး၊ ပြောင်တမျိုးနှင့် မြိန်ရေရှက်ရေ တ၀တပြဲ စားသောက်ပြီးနောက် အဲဒီပန်းကန် အိုးခွက်ထဲမှာပဲ မစင်စွန့်ခဲ့ကြ၊ ဥတွေ ဥချခဲ့တတ်ကြတဲ့ သူတို့ဟာ ဟောဒီလောကကြီးထဲက ၃၁ ဘုံ သတ္တ၀ါ တွေထဲ စာရင်းရှိနေဖို့ မကောင်းပါ။ “သားရေပေါ်အိပ် သားရေနားစား” ဆိုတဲ့ စကားပုံဟာ သူတို့တွေအတွက် အထိုက်တန်းဆုံး ဆုလာဘ်တခုဖြစ်မည်။

တိမ်တောက်ချိန်

 

Saturday, January 22, 2011


တိမ်တောက်ချိန်

တိမ်တောက်ချိန်
မောင်ရင့်မာ (ကျောင်းကုန်း)

“သေချာရဲ့လားဗျ၊ ခင်ဗျားအဖေက ဘာမှ မမျှော်လင့်ခဲ့ဘူးဆိုတာ”

ကျနော့်တွင် အလွန်သံသယဖြစ်တတ်၍ အလွန်လည်း အငြင်းသန်တတ်သော သူငယ်ချင်းတို့ တယောက်မက ရှိနေခဲ့ခြင်းမှာ ကံကောင်းသောအချက်တချက် ဖြစ်နိုင်ပါသည်။ သူတို့သည် ရေးမိရေးရာ ကျနော် ရေးသည့် စာ တညှိုတထွာလေးတွေကို တွေ့ရသည့်အခါ “ဒို့သူငယ်ချင်း ရေးတာ” ဟူ၍ တခုတ်တရ ဖတ်ကြသည်။ တ ခုတ်တရ ပြောကြသည်။ ဘ၀င်မကျ သဘောမမျှနိုင်သည်များ တွေ့လျှင်လည်း နီးဝေးနေ့ညဥ့်မဟူ တခုတ်တရ ငြင်းခုံတတ်ကြသည်။

ခုကြည့်၊ သန်းယံလွန်မြောက် တမိုးသောက်လုနီးနီး အချိန်သို့ရောက်ခါမှ အော်မြည်လာသော တယ်လီဖုန်း မြည်သံက ကျနော်နှင့် မိုင်ငါးရာကျော် ကွာဝေးသော ဇာတိမြို့ကလေးဆီမှ သူငယ်ချင်းကဗျာဆရာ၏ ငြင်းခုံ သံပဲ ဖြစ်နေလေသည်။ ကျနော်၏ ရသစာတမ်း စုစည်းမှုစာအုပ်တအုပ်တွင် ရည်ညွန်းရေးသားခဲ့သော စာတ ပိုဒ်ကို သဘောမတူနိုင်ပါဟု သူက ဆိုသည်။

“ဆွတ်ယူစားသုံးခွင့် မရနိုင်မည်ကို သိတန်ကောင်းပါလျက် ထွန်ယက်ခဲ့၊ စိုက်ပျိုးခဲ့၊ ပေါင်းသင်ခဲ့၊ မြေဆွခဲ့ ဘ ၀ခရီးတလျှောက်လုံး မမောမနွမ်း ပင်ပန်းစွာ ရုန်းကန်၊ အနစ်နာခံ သန့်စင်စွာ အသက်ရှင်သန် နေထိုင်သွားခဲ့ လေသော ဖေဖေသို့ ...”

ဘ၀တွင် ပင်ပန်းဆင်းရဲခြင်းတွေကိုသာ ခံစားခဲ့ရပြီး ချမ်းမြေ့ကြည်သာခြင်းတွေကို မစံစားရဘဲ ကွယ်လွန်ခဲ့ ရှာသော ကျေးဇူးရှင်ဖခင်ကြီးအား ကျနော့်အဓိပ္ပာယ်နှင့် ကျနော် ရည်ရွယ်လွမ်းဆွတ်ခဲ့ခြင်းဖြစ်သည်။ သူငယ် ချင်းက သူ့အဓိပ္ပာယ်နှင့်သူ အနက်ကောက်၍ ငြင်းခုံလိုက်ခြင်းဖြစ်သည်။ ဘ၀င်မကျ သဘောမမျှနိုင်ပါဟု ဆို သည်။ သူ့အတွေ့အကြုံနှင့် အညီအညွတ်မရှိဟုဆိုသည်။ အင်္ဂုတ္ထိုရ် ပါဠိတော်လာ ‘ပုတ္တသုတ်’ နှင့် အညီအ ညွတ်မရှိဟု ဆိုသည်။ သို့သော် သူ၏ ငြင်းခုံချက်က စိတ်ဝင်စားဖို့ ကောင်းပါသည်။


*****

သူ၏ ဖခင်သည် ကျောင်းကုန်းနှင့် အိမ်မဲကြားက ဘုရားကြီးကုန်းရွာသား ဖြစ်သည်။

“ခင်ဗျားလည်း သိသားပဲ၊ အဖေက အင်မတန် စကားနည်းတာ။ သူ ဘာဖြစ်ချင်နေတာလဲဆိုတာ သိရတာမ ဟုတ်ဘူး”

ကျနော် သိရှိမှတ်မိသလောက်ဆိုလျှင် သူ့ဖခင်သည် ကျောင်းကုန်းတဘက်ကမ်းရှိ ‘တာဦး’ ၌ ရောင်းပန်းဝယ် ပန်းတို့ ပွင့်လန်းလာသောအခါ ကိုးတန်းအောင်သော သားကို ရန်ကုန်သို့ ပို့၍ ကျောင်းထားပေးခဲ့သည်။ သူ ငယ်ချင်းက စမ်းချောင်းမှာ မပျော်ပိုက် ဆိုသည်နှင့် လသာကျောင်းသို့ ချက်ချင်း ပြောင်းထားပေးခဲ့သည်။ မြို့ ၌ အပျော်လွန်၍ ဆယ်တန်းတနှစ်ကျလိုက်သောအခါ “စက်မှုတက္ကသိုလ် အမှတ်မမီမှာ စိုးလို့ ခြစ်ပစ်ခဲ့တာ” ဟု သူငယ်ချင်းက ခပ်တည်တည် အကြောင်းပြခဲ့သည်။

သူ့ဖခင်ကလည်း ယုံပစ်လိုက်သော အမူအရာနှင့် “နောက်နှစ်ပေါ့ သားရာ” ဟု ခပ်အေးအေးပဲ တုံ့ပြန့်ခဲ့သည်။ အဲသည်တနှစ် စိတ်လေလွင့်ပြီး ကုန်ကားနောက် လျှောက်လိုက်နေတော့လည်း မမြင်မကြားသလို တုံဏှိဘာ ဝေ နေခဲ့သည်။ နောက်တနှစ် ဆယ်တန်းအောင်၍ ပုသိမ်ကောလိပ်တွင် ဘော်လီဘော ယောင်ယောင်၊ က ဗျာယောင်ယောင် လုပ်နေတော့လည်း ဖခင်ကြီးက ဆိတ်ဆိတ်ပဲနေခဲ့သည်။ မြ၀ါးရုံတော ပျော်မောရင်း လေး နှစ်မြောက်တော့ ကျောင်းပြီးခဲ့သည်။ အဖေ့ဇာတိ ဘုရားကြီးကုန်းသို့ ပြန်၍ ဆီစက်တည်တော့လည်း ဘာမှမ ဆို ဘာမှမပြောခဲ့ဟု ဆိုသည်။ ဘွဲ့နှင်းသဘင် ခေါ်ပြီ။

သူငယ်ချင်းက ဘွဲ့တက်မယူလိုပါ ဆိုသောအခါတွင်မှ ဖခင်ကြီးက တုံဏှိဘာဝေ ဆိတ်ဆိတ်မနေနိုင်ပါလေ တော့။ “စာတွေ အကြာကြီး သင်လာပြီးမှ ရတဲ့ဘွဲ့ မင်းမယူရင် အဖေတက်ယူမယ်” ဟု ဆိုလေသောအခါ သားအဖနှစ်ယောက် ရန်ကုန်သို့ အတူတကွ တက်ခဲ့ကြပါသည်။

“ဘွဲ့ယူမယ့်နေ့က ၀တ်ရုံကြီး တကားကားနဲ့ ကျနော်ကသာ စိတ်အိုက်နေတာ၊ အဖေက တမနက်လုံး တက် ကြွနေတာဗျ။ ပါမောက္ခချုပ်က ကျနော့်ကို ဘွဲ့လက်မှတ်ပေးပြီး လက်ဆွဲနှုတ်ဆက်တော့ ပရိသတ်ထဲကနေ ကိုယ်တပိုင်းလောက်ပေါ်အောင် ဖင်ကြွကြည့်နေတဲ့ အဖေ့ကို မျက်လုံးထောင့်စွန်းကနေ မြင်လိုက်တယ်။ အ ဖေ တော်တော်ပျော်နေတာပါလားလို့ တွေးလိုက်မိတာနဲ့ ရင်ထဲ ၀မ်းနည်းသလိုလိုကြီး ဖြစ်သွားတယ်ဗျာ” 


Monday, April 30, 2012

ပဲကြီးလှော်ကြိုက်လို့ ။Status Update By Htin Lin Htet

ပဲကြီးလှော်သိတဲ့ လူကလဲသိမှာပါ

တခါတုန်းက ပဲကြီးလှော် အင်မတန်ကြိုက်တတ်တဲ့ အမျိုးသမီးတယောက်
ရှိသတဲ့။ပဲကြီးလှော် ကြိုက်တတ်ပေမယ့် သူမရဲ့ ပြဿနာကတော့ ပဲလှော်
စားပြီးတိုင်းမှာစိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းလောက်အောင်
တားမနိုင်ဆီးမရချက်ချင်းလက်ငင်း လေလည်တတ်တာပါပဲတဲ့။

တနေ့ကျတော့ အဲဒီအမျိုးသမီးဟာ လူတယောက်နဲ့
ချစ်ကြိုက်သွားပြီးလက်ထပ်တော့မယ် အလုပ်မှာ သူမ ဘာသာတွေးသတဲ့။
“ငါ့ယောက်ျားဟာ အင်မတန်ယဉ်ကျေးသိမ်မွေ့နူးညံ့ပြီး
လူကြီးလူကောင်းဆန်တယ်။ ငါ့ရဲ့အီးပေါက်တတ်တဲ့အကျင့်ကို
သူ့အနေနဲ့ နှစ်သက်နိုင်မှာ မဟုတ်ဘူး”လို့တွေးမိပြီး
ပဲကြီးလှော်စားတဲ့အကျင့်ကို အနစ်နာခံ စွန့်လွှတ်လိုက်သတဲ့။

ဒီလိုနဲ့ လပေါင်းများစွာ ကြာလာခဲ့ပြီး တရက် အလုပ်ကနေ အိမ်အပြန်
လမ်းမှာသူမရဲ့ ကားပျက်သွားတယ်။ ဒါနဲ့ အိမ်ကို
လမ်းလျှောက်ပြန်လာရမှာမို့နောက်ကျမယ်ဆိုတဲ့အကြောင်း ခင်ပွန်းသည်ကို
ကြိုတင် ဖုန်းဆက်အကြောင်းကြားထားလိုက်တယ်။

အိမ်ကို လမ်းလျှောက်ပြန်လာနေတုန်းမှာ လမ်းမှာ
ပဲကြီးလှော်သည်နဲ့ပက်ပင်းတိုးရောတဲ့။ ပဲကြီးလှော်ကို မြင်တော့ စားချင်စိတ်က
တကျော့ပြန်ပြီးထကြွသောင်းကျန်းလာပြန်တော့တာပေါ့။

အိမ်ကလည်း တော်တော်လေး လှမ်းသေးတော့ “အခုနေ
စားသွားလိုက်ရင်အိမ်ပြန်ရောက်တဲ့အချိန်လောက်ဆို
အီးပေါက်တာလည်းပြီးသွားလောက်ရောပေါ့”လို့ တွေးပြီး စိတ်မထိန်းနိုင်ဘဲ
ပဲကြီးလှော်တွေဝယ်စားမိရောတဲ့။

Thursday, April 19, 2012

တန်ဖိုးရှိတဲ့ မြန်မာမိန်းကလေးတွေဖြစ်စေချင် 3:09 AM ပန်းခရေ.. /

တန်ဖိုးရှိတဲ့ မြန်မာမိန်းကလေးတွေဖြစ်စေချင်




လောကကြီးတစ်တစ်ခုလုံးမှာနေထိုင်
ကြကုန်သောသူတို့သည်ရှေ့ဆောင်လမ်းပြဆုံးမတတ်သောသူတို့ကိုအလိုရှိကြပေသည်။
ဤကိစ္စသည်လောကကြီးတစ်ခုလုံး၏မလွန်ဆန်ကောင်းသောသဘာဝဓမ္မသဘောတရားကြီးပင်ဖြစ်ပါသည်
မြန်မာပြည်ကြီးတွင် ဘုရား ၊တရား ၊ သံဃာ၊မိဘ ၊ဆရာ သမားဟူသော ရှေ့ဆောင်လမ်းပြငါးဦးတို့၏ ဦးဆောင်ဆုံးမမှုကို လိုက်နာကျင့်ကြံအားထုတ်၊ပြုလုပ်ဆောင်ရွက်ကြကုန်သောကြောင့်သံသရာနှစ်ဖြာသောအရေးတို့တွင်
အေးအေးဆေးဆေးသက်သက်သာသာနေနိုင်သောအခွင့်အရေးတို့ကိုရခဲ့ကြသည်မှာဟိုးရှေးကတည်းကပင်ဖြစ်ပါသည်။
ယခုခေတ် ၊ ယခုအခါတွင် ပျက်စီးခြင်း ကြီးမားပျက်စီး ၍လာကြသည်။ အဘယ်ကြောင့်ဆိုသော်ဦးဆောင်လမ်းပြသူမှာတစ်မျိုးတစ်စားထဲမဟုတ်နှစ်မျိုးနှစ်စားဖြစ်နေသောကြောင့်ဖြစ်သည်။
ကောင်းတာကိုလမ်းပြသူနှင့်မကောင်းတာကိုလမ်းပြသူဟူနှစ်မျိုးနှစ်စားပင်ဖြစ်သည်။
အဖိုးမဖြတ်နိုင်အောင်အလွန်ထိုက်တန်သောအမျိုးပျက်စီးရသည်မှာများစွာမှဆိုးဝါးလှပါသည်။
လောကကြီးမှာဥပမာအားဖြင့်"အမျိုး" ဟူသည်"ကျောင်း" "အိမ်" "တိုက်တာ" စသောအဆောက်အဦးတို့တွင်အမာခံဖြစ်သော"တိုက်နံရံ"တို့နှင့်တူပါသည်။ "ဘာသာ သာသနာ၊ ပညာ" တို့သည်"အမိုး ၊ အကာ ၊အခင်း"တို့နှင့်တူပါသည်။
အိမ်တို့တွင်အမာခံဖြစ်သောတိုက်နံရံတို့ပျက်စီးချို့ယွင်းခဲ့လျှင် အမိုးအကာအခင်းတို့လဲတည်တံ့ ခိုင်မြဲခြင်းမရှိနိုင်ပါ။ပျက်စီးယိုယွင်းခြင်းကိုသာ ရောက်နိုင်ပါသည်။
လောကကြီးကိုကောင်းအောင်သော်လည်းကောင်း ၊ပျက်စီးအောင်သော်လည်းကောင်း ပြုမြင်စီမံနိုင်သောသူများမှာ"မိန်းမ"များပင်ဖြစ်လေသည်။ ဤ အကြောင်းကိုစဉ်းစားရန်(ဗလာတိ-ဗလာမိတ္ထိဟေ)"မိန်းမ"တို့သည်ဗလာတိ-ဗလံ" "အား"အရှိတကာ့အရှိဆုံးဖြစ်သည်။မိုက်ရိုင်းအောင်လဲမိန်းမတွေသင်ပေးနိုင်သလို၊လိမ္မာယဉ်ကျေးအောင်လည်း မိန်းမတို့ပင်စွမ်းနိုင်လေသည်။ အိမ်တိုင်းတွင် မိန်းမများသာအရေးပါအရာရောက် ၍ကြီးမားကာအုပ်ချုပ်စီမံနေကြသည်ဆိုသည်မှာအားလုံးအသိပါ။
သင်တို့နေသောအိမ်တွင်လင်ယောက်ျားနှင့်သားသမီးတွေကိုဘယ်လိုပြုပြင်စီမံထားပါသလဲ။လိမ္မာအောင်ပြုပြင်ထားပါသလား။သင်တို့စဉ်းစားကြည့်ပါ။အိမ်သားတွေမကောင်းရင်
သင်မကောင်းလို့ပါဘဲ။ အိမ်မှာတာဝန်အရှိဆုံးဟာ သင်ပါပဲ။သင်မြန်မြန်ပြုပြင်ပေးပါ။
အမိုက်နှင့်အလိမ္မာသည်လောကကြီးတစ်ခုလုံးတွင်ရှိကြသမြဲပေတည်း။အမိုက်နှင့်အလိမ္မာ ခွဲခြား၍သိရာတွင်လည်း အသိနှစ်မျိုးဖြစ်ပေါ်ရပြန်လေ၏။အသိနှစ်မျိုးမှာ အတွင်းသိနှင့်အပြင်သိ ဟူ၍ူဖြစ်၏။ထိုနှစ်မျိုးတွင်အတွင်းသိဖြစ်သူကားတစ်ခြားသူမဟုတ် မိခင်ဖြစ်သော အမျိုးသမီးများပင်ဖြစ်ပါသည်။
မိခင်ဖြစ်သူသည် မိမိ၌ဖြစ်ပေါ်လာသောသားသမီးကလေးများအားမမွေးဖွားခင်ပဋိသန်ဓေတည်နေစကတည်းကပင် အမိုက်ကလေးမွေးမည်၊ အလိမ္မာလေးမွေးမည်ဆိုတာ သူတစ်ပါးတို့မသိခင်ရှေးဦးစွာကပင် ကြိုတင်၍သိနိုင်၏။ ထို့ကြောင့်မိခင်ဖြစ်သူကို(အတွင်းသိ)ဟုခေါ်ရသည်။အခြားသောအဖေလုပ်သူနှင့်မျိုးဆွေသားချင်း၊ပေါင်းသင်းဆက်နွယ် အသွယ်သွယ်သော မိတ်ဆွေအပေါင်းတို့သည် ကြီးရင့်သော အရွယ်အိုသို့ရောက်လာမှ မိုက်သည်၊ လိမ္မာသည်တို့ကို ခွဲခြား သိမြင်ပြောဆိုနိုင်သောကြောင့်(အပြင်သိ) တွေခေါ်ဆိုကြရသည်။
မိမ္မမိုက်စစ်တန်း
(၁) သူတပါးအသက်ကို ညှင်းဆဲသတ်လေ့ရှိခြင်း။
(၂)သူတပါး၏ ပစ္စည်းဥစ္စာကို ၊မတော်လောဘ ခိုးယူလေ့ရှိခြင်း။
(၃)တပါးလင်ယောက်ျားတို့ကို ရွှင်ပျကြည်သာစွာဧည့်ခံစကားပြောလေ့ရှိခြင်း။
(၄)မိမိလင်မှ တပါးတခြားယောက်ျားနှင့်ပျော်ပါးကျူးလွန်လေ့ရှိခြင်း။
(၅) လိမ်လည်၍်ပြောကြားလေ့ရှိခြင်း။
(၆) လောင်းကစားအမှုတို့ကို ပြုလုပ်လိုက်စားခြင်း။
(၇) ပွဲလမ်း၊ သဘင်၊ အပျော်အရွှင် အားကြီးလေ့ရှိခြင်း။
(၈)မိဘသားချင်းတို့အပေါ်မှာ အရိုသေကင်းမဲ့၍ နိုင်ထက်မှုလေ့ရှိခြင်း။
(၉) လင်ယောက်ျားအပေါ်မှာနိုင်လိုသောစိတ်ရှိခြင်း။
(၁၀) လင်ဘက်ကိုမသဒ္ဒါ ၊ မိမိ ဆွေမျိုးကိုသာကြည့်ရှုထောက်ပံ့ခြင်း။
(၁၁) လင်၏အလိုမလိုက်လဘဲ လင်ယောက်ျားစိတ်ဆင်းရဲအောင် ညှဉ်းဆဲလေ့ရှိခြင်း။
(၁၂) လင်ရှာပေးသောပစ္စည်းတို့ကို မတရားဖြုန်းပစ်ခြင်း။
(၁၃) တပါးသောအိမ်ကိုသွားလာလည်ပတ်ခြင်း။
(၁၄) မိမိအပြစ်ကိုဖုံးကွယ်ပြီး သူတစ်ပါးတို့အပြစ်ကိုသာ ပြောဆိုလေ့ရှိခြင်း။
(၁၅) ကျယ်လောင်သောအသံဖြင့် ပြောဆိုရယ်မောလေ့ရှိခြင်း။
(၁၆) ရတနာသုံးပါးနှင့်စပ်သော တရားစကားကိုမကြားနိုင်ဘဲ ကာမဂုဏ်နှင့်စပ်သောစကားကိုသာ ပြောခြင်း၊ နားထောင်ခြင်း၊ သာယာလေ့ရှိခြင်း။
(၁၇) အကုသိုလ်အမှုတို့ကို ရဲတင်းစွာပြုဝံ့သလောက်၊ ကုသိုလ်မှုတို့ကို ကြောက်ရွံ့တုန်လှုပ်၊ နောက်ဆုတ်ခြင်း။
ဤ အချက်များကို မရှောင်ကြဉ်ဘဲ ဆက်ဆံပေါင်းသင်းပြီး နေကြပါမှုလောကသံသရာ နှစ်ဖြာစလုံး ဆုံးရှုံးနှစ်မွမ်းရပါမည်။ အထက်ဖော်ပြပါ အချက်တို့ကို ရှောင်ကြဉ်ပြီး မိန်းမ အလိမ္မာလေးများအောင်ကြိုးစားကြစေချင်ပါသည်။
အမျိုး ဘာသာ ၊ သာသနာ နှင့်ပညာတိုးပွား၊အကျိုးများစေသော ရည်ရွယ်ချက်ဖြင့်ဤ ဆောင်းပါးလေးကိုရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။ သိစေ၊ တတ်စေ၊ လိမ္မာကြစေလိုသော ဆန္ဒအမှန်ဖြင့် ဖော်ပြပေးရခြင်းဖြစ်ပါသည်။မိန်းခလေးတစ်ယေက်လိမ္မာလျှင် အိမ်သာ၏။ရွာသာ၏။ မြို့သာ၏။ တိုင်းပြည်သာယာပါ၏။ ဆောင်းပါးလေးကိုဖတ်မိကြသောမိန်းခလေးတိုင်း အလိမ္မာလေးတွေအဖြစ် ပြုပြင်ပြောင်းလဲနိုင်ကျပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်........

ရွှေမြန်မာဥယျဉ်မှ မခိုင်လေးရေးသားသောစာကိုပြန်လည်မျှဝေလိုက်ပါသည်.....

ငါ့ဖက်မှာ တစ်ယောက်တော့ရှိတယ် (မြင့်သန်း)

ဘာစိတ်ကူးရလို့ရယ်တော့ မသိဘူး။ ကျောင်းမှာ စာသင်သားတွေ၊ စာချတွေ ပါးနေတုန်း ဆွမ်းစားဆောင်ဖက် ရေနံလေးဘာလေး ပြန်သုတ်ထားပြီး၊ ကုဋီအသစ်၊ အိမ်သာအသစ်၊ အပိုတစ်လုံး၊ နှစ်လုံးလောက်ဆောက်ထားရင် ကောင်းမယ်လို့ ဆရာတော်ကြီးက မိန့်တယ်။ ကောင်းပါသဘုရာ့လို့ လက်အုပ်ကလေး အသာချီရင်း တိုက်အုပ်ကတော့ ဖြေရုံပဲ။ ဆရာသမားဆီက၊ လူကြီးဆီက ထွက်လာတဲ့အကြံဆိုတာကို မကောင်းဘူးလို့ပြောလို့ ဘယ်ဖြစ်မှာတုန်း။ အကြံကောင်းဉာဏ်ကောင်း စိတ်ကူးကောင်းကောင်း ဆိုတာမျိုးကလည်း လူကြီးသူမတွေဆီကမှ အထွက်များတာမဟုတ်လား။ အဓိကကတော့ လူကြီးသူမတွေဆီမှာ စဉ်းစားစရာအချိန်တွေ ပိုနေလို့ပဲဖြစ်မယ်။ အချိန်ပိုလို့တင်တော့လည်း မဟုတ်ဘူး။ တခြား ထူးထူးထွေထွေ တွေးနေစရာမှ မရှိဘဲကိုး။ ထူးထူးထွေထွေ တွေးစရာ မရှိမှလည်း တွေးစရာဆိုတာက ကောင်းကောင်းလေးတွေ ပေါ်လာနိုင်တာ။ ထမင်းဆာနေရင်၊ ရှူရှူပေါက်ချင်ရင်၊ ယုတ်စွအဆုံး ယောက္ခမကို ကြောက်နေရင်တောင် အတွေးကောင်းကောင်း စိတ်ကူးကောင်းကောင်း ဘယ်ပေါ်နိုင်မှာလဲ။ ဒါကြောင့်လည်း တိုက်အုပ်နဲ့ ဆရာတော်ကြီးတို့ ကွာကြတာ။ တိုက်အုပ်အနေနဲ့ကတော့ စိတ်ကူးကောင်းကောင်းရဖို့ အချိန်လည်းမရှိဘူး။ ရစရာအကြောင်းလည်း မရှိဘူး။ တင်ပါ့ဘုရားလို့ နှုတ်က အာမခံလိုက်မိတာနဲ့ နောက်တစ်ဆင့်ကတော့ ဒီကိစ္စ ဘယ်သူနဲ့တိုင်ပင်ပြီး ဘယ်အကောင်တွေ ခေါ်ရမယ်ဆိုတာ ဆက်စဉ်းစားရတော့တာပဲ။ ဒီလိုစဉ်းစားတယ်ဆိုတာက တိုက်အုပ် ကျွမ်းကျင်တဲ့ အတတ်ပညာထဲက တစ်မျိုးလို့တောင် ပြောရလိမ့်မယ်။ ခိုင်းတတ်ရင် ပတတ်တောင် ဖွတ်ဖြစ်ခိုင်းလို့ရတယ်လို့ ဆိုကြသမို့လား။ တိုက်အုပ်ကတော့ သူ့တကာတွေကို ငါ့ကိုတော့ဖြင့် ကူကြဦးဆိုတာမျိုးမဟုတ်ရင် ငါ့ကို အကြံလေးဘာလေး ပေးကြစမ်းပါဆိုတာမျိုး ပြောလေ့ရှိတယ်။ တကယ်တော့ ခိုင်းကောင်းအောင် နွားများကို စုတ်သပ်ပေးလိုက်တဲ့ သဘောမျိုးပဲ။


တိုက်အုပ်အနေတော့ သူ့တပည့်တွေ၊ တကာတွေဆီက အကြံယူဖို့စဉ်းစားရတယ်ဆိုပေတဲ့လည်း စိတ်ထဲကတော့ သိပ်ဖြောင့်လှတာမဟုတ်ဘူး။ ဘုန်းကြီးပြန်ပွဲလုပ်တုန်းက၊ ဘုရားပွဲလုပ်တုန်းက၊ ချောင်းထိပ်က တံတားတိုင်လဲတုန်းက စတာတွေမှာလည်း သူ့တပည့်တွေ၊ တကာတွေရှိလို့ပဲ။ စိတ်မထင်လို့ သူ့တပည့်တွေ၊ တကာတွေက ကြိမ်းရင်လည်း သူက ခံရသေးတာကိုး။ ဘုန်းကြီးပြန်လုပ်တုန်းကဆို ကိုယ်တော်က ဘာမှမသိဘဲ ဘာလို့ တင်ပါ့လို့ ၀န်ခံခဲ့ရတာတုန်းရယ်လို့ သူ့လက်ငုတ်လက်ရင်းတပည့် သောင်းစိန် အကြိမ်းတောင် ခံလိုက်ရသေးတယ်။ တံတားတိုင် လဲတုန်းကများဆိုရင် ပင်ပန်းသမှ၊ ညနေမတိုင်ခင်ကပဲ တိုက်အုပ်ခမျာ အပူတွေဘာတွေပျံပြီး ယဲ့ယဲ့ကျန်တော့တာ။ အဲဒီတုန်းက အလုပ်ပြီးကြလို့ ကျောင်းအောက်ဘက်က သစ်ပင်ရိပ်မှာ ထိုင်နေကြတုန်း ကျောင်းပေါ်ဘက်ကနေ ဆရာတော်ကြီးက လှမ်းမေးသေးတယ်။ တိုက်အုပ်ကတော့ တံတားတိုင်ကို ဘယ်လိုလုပ် လဲကြတယ်။ ဘယ်သူက ဘာလုပ်တယ် စသည်ဖြင့် သူ့တပည့်တွေရဲ့ အားထုတ်မှုကို ဆရာတော်ကြီးသိအောင် အရှည်အကျယ် ပြန်လျှောက်တယ်။ ပြီးသွားတော့ ဆရာတော်ကြီးက ထပ်မေးပြန်တယ်။ မောင်ဉာဏ် မင်းကကော ဘာလုပ်သတုန်းတဲ့။ ဒီတော့ တိုက်အုပ်က တပည့်တော်ကတော့ဘုရား၊ ဒီအောက်နားဆီကပဲ ဒီကောင်တွေ အလုပ်ဖြစ်အောင်၊ လုပ်နိုင်ကိုင်နိုင်အောင် ဉာဏ်ကူရပါတယ်ဘုရားလို့ လျှောက်လိုက်တယ်။ ဒီတော့ ဆရာတော်ကြီးက သာသာပြုံးတယ်။ ပြီးတော့ အေးအေးသာဓုလို့ခေါ်ပြီး မင်း သိပ်လည်း အပင်ပန်းမခံနေနဲ့ဦး။ တို့ကျောင်းမှာ မင်းမရှိလို့ မဖြစ်ဘူး။ အေးအေးသာသာနေဦးလို့ မိန့်ပြီး ထွက်သွားတော့တယ်။ အဲဒီတုန်းကများဆို ဆရာတော်ကြီးမိန့်လို့သွားတာနဲ့ တိုက်အုပ်ရဲ့ တပည့်တွေ တကာတွေဆီက ခွိကနဲ အသံထွက်လာသေးတယ်။ မျက်နှာတွေက ပြုံးစေ့စေ့ လုပ်နေကြသေးတာ။ တိုက်အုပ်အဖို့တော့ လျစ်လျူရှုနိုင်ခြင်းဟာ ငြိမ်းချမ်းမှုတစ်မျိုးပဲ ဆိုတာကို လေ့ကျင့်ပျိုးထောင်ထားခဲ့တာ ကြာပြီပဲ။ ဘယ်မှာ တုန်လှုပ်ပါတော့မလဲ။ ဥပေက္ခာတရား များများထားနိုင်တာဟာ နိဗ္ဗာန်နဲ့နီးမယ်လို့ ဘယ်သူမှ အာမခံထားတာ မဟုတ်ပေတဲ့လည်း အလုပ်တော့ ဖြစ်တယ်လို့တော့ တိုက်အုပ်က သိပြီးသားပဲ။
ကျောင်းပေါ်ကဆင်းလာတာနဲ့ တိုက်အုပ်ဟာ ဆွမ်းစားဆောင်ဘက်ဆီကို ထွက်လာခဲ့တယ်။ ဆွမ်းစားဆောင်ဘက်ဆီ လျှောက်လာရင်း ခပ်လှမ်းလှမ်းက အရိပ်ထဲဆီမှာ ကျည်းသားရိုက်နေတဲ့ ကျောင်းသားကလေးတစ်သိုက်ကို တွေ့လိုက်ရတာနဲ့ တိုက်အုပ်က လက်လှမ်းပြလိုက်တယ်။ နှုတ်ကတော့ ဘာမျှ မပြောပေတဲ့ ကျောင်းသားလေးတွေက တိုက်အုပ်က သူတို့ကိုခေါ်တာပဲရယ်လို့ သိလိုက်တယ်။ ဘုန်းကြီးကတော့ ရပ်မစောင့်ဘူး။ ဆွမ်းစားဆောင်ဘက်သွားနေတဲ့ ခြေလှမ်းကို မပြင်ဘူး။ ဆွမ်းစားဆောင်ထဲ လှမ်းတက်လိုက်တော့ အတွင်းနားဆီမှာ အကြမ်းသောက်နေကြတဲ့ ကပ္ပိယကြီးဦးကြွိနဲ့ ကိုရင်ကြီးစံမောင်ကို တွေ့လိုက်ရတယ်။ ဦးကြွိကတော့ သူ့ထုံးစံအတိုင်း သမာဓိသတင်းစာကိုဖတ်နေရင်းက မော့ကြည့်ပြီး၊ ကိုယ်တော် ကြွ၊ အကြမ်းက ကျနေပြီ အတော်ပဲလို့ လှမ်းလျှောက်လိုက်တယ်။ ပြီးမှ ကိုရင်ကြီး ကြံသကာသွားချိုးချေ။ သေတ္တာအသစ်တစ်လုံး ရောက်နေတယ်လို့ ကိုရင်ကြီးစံမောင်ကို ညွှန်ကြားချက်ပေးလိုက်တယ်။ ကိုရင်ကြီးကတော့ တိုက်အုပ်ကို အသာလက်အုပ်ချီရင်း နောက်ဘက်ထဲ အသာထသွားတယ်။ ဦးကြွိက တိုက်အုပ်ကိုကျော်ပြီး နောက်နားဆီလှမ်းလိုက်တော့ ကျောင်းသားလေး သုံးလေးယောက် အပြင်နားဆီမှာ လက်ကလေးပိုက်ပြီးရပ်နေကြတာ တွေ့လိုက်ရတာမို့ ဘာကိစ္စရှိပြန်သတုန်းကိုယ်တော်လို့ လှမ်းမေးလိုက်ပြန်တယ်။ ဘုန်းကြီးလေးက ချက်ချင်းမဖြေသေးဘဲ ရေနွေးကြမ်း လင်ပန်းဆီမှာ ထိုင်ချလိုက်တယ်။ ဦးကြွိက အကြမ်းတစ်ခွက်ထည့်ပြီး ဘုန်းကြီးလေးကို ကပ်လိုက်ရင်း အဖြေစောင့်နေပုံရတယ်။ ဘုန်းကြီးလေးကတော့ ဦးကြွိဖတ်လက်စသတင်းစာ ထိပ်နားဆီကရက်စွဲကို လှမ်းကြည့်လိုက်ပြီး ရက်တွက်နေပုံရတယ်။ ပြီးမှ ခင်ဗျားသတင်းစာက နှစ်ဆယ့်တစ်ရက်လောက် ရှိတောင်နေပြီလို့ လှမ်းပြောလိုက်တော့ ဦးကြွိက ဘာမျှမပြောဘဲ ဘုန်းကြီးလေးမျက်နှာကို ကြည့်နေတယ်။ အကြည့်ကတော့ လာပြန်ပလားဒီအပြော ဆိုတဲ့ပုံပဲ။  တိုက်အုပ်ကတော့ ရက်စွဲအရသာ တွက်ပြောတာ။ အဖြေလိုချင်လို့တော့ မဟုတ်ဘူး။ အရင်ကတည်းက ဦးကြွိက ပြောထားဖူးတာကိုး။ ကျုပ်က သတင်းစာဖတ်တယ်ဆိုတာ သတင်းသိချင်လို့၊ ကမ္ဘာကြီးမှာ ဘာဖြစ်တယ်သိချင်လို့။ တစ်ပတ်နောက်ကျကျ တစ်လနောက်ကျကျ ကျုပ်အတွက် အရေးမကြီးဘူး။ ကျုပ်အတွက်က ဆီတော်၏ဆားတော်၏ သိရင်ပြီးတာပဲ။ သတင်းစာဖတ်ပြီးသိချင်တာက အပျင်းပြေအောင်လို့ပဲ။ ကိုယ်တော့်လို အာဂုံဆောင်ထားတာတွေ ပြန်ပြီးရွတ်ပြဖို့မဟုတ်ဘူးလို့ ကြေငြာချက်ထုတ်ထားတယ်။ ဒီကတည်းက တိုက်အုပ်လည်း စကားမရှည်ရဲတော့ဘူး။
အကြမ်းကို နည်းနည်းငုံပြီး ပါးစောင်းအသာကျင်းလိုက်တယ်။ ပြီးမှ ဆရာတော်ကြီးက ကျောင်းမှာ ကိစ္စတွေပါးနေတုန်း ရေနံလေးဘာလေးသုတ်၊ ကုဋီအသစ်၊ အိမ်သာအသစ်တွေဆောက်ထားရင် ကောင်းမယ်ပြောလို့ဗျာ။ ကျုပ် ဟိုကောင်တွေ အခေါ်ခိုင်းလိုက်ဦးမယ်လို့ အပြင်ဘက်ကို ကြည့်နေရင်း ဦးကြွိကို ဦးတည်ပြောလိုက်တယ်။ ပြောရင်း ကောင်လေးတွေ လာစမ်းလို့ ကျောင်းသားလေးတွေကို လှမ်းခေါ်လိုက်တယ်။ ဦးကြွိကတော့ ဘာမှပြန်မပြောတော့ဘဲ ဦးစံသိန်းရဲ့ ကုန်ဈေးနှုန်းသတင်း ဖတ်နေတယ်။ ကိုရင်ကြီးစံမောင်က ကြံသကာထည့်ထားတဲ့ ကြွေရည်သုတ်ပန်းကန်ကို ဘုန်းကြီးလေးကို ကပ်လိုက်တယ်။

Third Heaven: ဘဝတဏှာ

Third Heaven: ဘဝတဏှာ: ပုံရိပ်တွေပါပဲ... ခင်ဗျားလဲ တကယ်မရှိနိုင်ပါဘူး။ အာရုံငါးပါးကို သတိထားမိတယ် ချစ်ခြင်း၊ မုန်းခြင်း၊ ခံစားချက်တွေလဲပါတယ် ဒီအိပ်မက်က တစ်ဘဝစ...

လူဗိုလ်ဟူသည် ...: “ဘက်မလိုက်ခြင်း” ၊“အဓိပ္ပာယ် ဖွင့်ခြင်း” ၊အကန့်အကန်...

လူဗိုလ်ဟူသည် ...: “ဘက်မလိုက်ခြင်း” ၊“အဓိပ္ပာယ် ဖွင့်ခြင်း” ၊အကန့်အကန်...: by   အား မာန်   on Friday, April 13, 2012 at 5:32pm   “ဘက်မလိုက်ခြင်း” မည်သည့် တိုင်းပြည်၌ဖြစ်စေ ပါတီတစ်ခု၊ သို့မဟုတ် အဖွဲ့အစည်...

ကိုဇော်

ရွာပြင်မှ နရီကျသော စည်းနဲ့ဝါး

ဟိုးက . . .
ရွာအပြင်မှာ ငါ နေဖို့ . . .
ခပ်ယိုင်ယိုင် တဲတစ်လုံးထိုးထားတယ်။
ကိစ္စ မရှိပါဘူး . . .
ညနေညခင်း ကြယ်စင်တွေ အလင်းမှာ
မြက်သင်ဖြူးကို ကျောခင်းပြီး
ငါ မော့ကြည့်နေမယ်။
အဲဒီ့အချိန်မှာ . . .
ညလေသင်းသင်းက ငါ့ကို ပွေ့ဖက်နမ်းနေမယ်။
တစ်ယောက်တည်းပေမဲ့ ကောင်းကင်က မိုးထားပြီး
မြေပြင်က ငါ့ကို ရွက်ထားလိမ့်မယ်။
ဟိုးအဝေးက ပုရစ်အော်သံ သဲ့သဲ့ကိုလည်း ကြားရနိုင်လိမ့်မယ်။
ဒါဆိုရင် . . .
ငါ့ရဲ့ ရင်ထဲက
အလွမ်းတွေ တဟုန်ထိုး မြုံနေလိမ့်ဦးမယ်။
တိတ်တိတ်ဆိတ်ဆိတ် လွမ်းရတာကို
တစ်ခါတလေ ပိုခုံမင်တယ်။
ရှု့မြင်လိုက်ရတဲ့ ကောင်းကင် တခွင်လုံးကလည်း
ဖျောက်ဆိတ်တွေနဲ့ အပြည့်. . .
တစ်ယောက်ဆိုတိုင်း အထီးကျန်တာ မဟုတ်ဘူး။
အတွေးများနဲ့ ရှင်သန်နေနိုင်သမျှ
ငါ့မှာ နေ့ရက်တွေ ရှိသေးတယ်။
တိုက်ခန်းတွင်းက အဲယားကွန်းလေငွေ့ အေးအေးစက်စက်ကြားမှာ
ငြီးစီစီ ဖြစ်လာတဲ့ တစ်နေ့ . . . 
မင်းလည်း . . .
ငါ့ရဲ့ ရွာပြင်က ဇရပ်လေးကို
တမ်း . . တ . . . လာ . . . မိနေလိမ့်မယ်။

ကိုဇော် - ( 3-Apr-2012 )