ကျောင်းဆက်တက်ဖို့ ထက်အိမ်လခပေးဖို့ ကအရေးကြီးတယ်၊ကျနော်လိုအသက်(၅၀)အရွယ်ကကောလိပ်တက်ပြီးဘွဲ့ ထပ်ယူနေလို့ ဘာမှ မထူးဘူး၊ အလုပ်ထပ်ရှာဖို့ ကြိုးစားပါတယ်၊အမေရိကန်မှာက အလုပ်တခုကိုကိုယ်တိုင်ရှာဖွေပြီးအလုပ်ရသွားတဲ့ လူတွေက နည်းပါတယ်၊ လူအတော်များများဟာ အေးဂျင့် စီ တခုခုကနေအလုပ်ရှာပေးမှရသွားကြတာ၊ အေဂျင့် စီကလာဗျူးတဲ့ အခါ ကိုယ်ဘာလုပ်တတ်သလဲ၊ အမေရိကန်မှာအရင်လုပ်ခဲ့ တဲ့ အလုပ်ကဘာလဲ၊ အရင်အလုပ်ကဘာကြောင့် ထွက်လိုက်သလ၊ဲ ဘယ်အချိန်မျိုးကိုအလုပ်ဆင်းချင်ပါသလဲ၊ ၂၅ ပေါင်အလေးချိန်လောက်ရှိရင်မနိုင်ပါမလား၊ပညာအရည်းအချင်း၊စတာတွေကိုမေးတယ်၊ ပြန်ဖြေတဲ့ အခါဘာမှ မလုပ်တတ်ဘူး၊ အလုပ်မလုပ်ဘူးပါဘူးဆိုရင်တော့ အလုပ်မရတော့ ဘူး၊ ကျနော်တို့ မြန်မာတိုင်းရင်းသားတွေကရိုသားလွန်လွန်းတယ်၊ထုံအတယ်၊ အလုပ်ရစေချင်လွန်းလို့  ဒီလိုမေးလာရင် ဒီလိုဖြေဖို့ သင်ပေးတယ်ဗျာ၊ သူတို့ အလုပ်ရစေချင်လွန်းလို့ ပြောတာပါ၊ ဘာလုပ်ခဲ့ ဘူးသလဲ၊ မြန်မာလိုစကားပြန်နဲ့ ပြောရပါတယ်၊ ကိုယ်ကိုမမေးခင် ကိုယ်ကိုအလုပ်ရှာပေးတဲ့ အေးဂျင့် ဆီကကိုယ်ရဲ့ အလုပ်အတွေ့ အကြုံကိုရေးပို့ ပြီးသား သူတို့ ဖတ်ပြီးသား၊ စုံစမ်းပြီးသား၊ အင်တာဗျူးမှာသူတို့ မေးတဲ့ အခါသွက်သွက်လက်လက်ပြောတတ်ဖို့ ၊ ကြောက်ရွံမနေဖို့ ဒါအရေးကြီးတယ်၊ ကျနော်ဆိုဗျာ မြန်မာပြည်မှာတုံးက ကျောင်းသား၊ ၈၈၈၈ သပိတ်မှောက်တယ်၊တောခိုတယ်၊ နယ်စပ်မှာတော့ ကျောင်းဆရာမတတ် တခေါက်လုပ်ခဲ့တယ်၊မျက်နှာကိုပြုံးနေတတ်အောင် ထားပြီး၊သူတို့ သဘောကျရီမောလောက်အောင်ဖြေလိုက်လို့  အင်တာဗျူးအောင်ခဲ့ တယ်၊ ကျနော်ကို ဘာအလုပ်လုပ်ခဲ့ ဘူးလဲ၊မေးတုံးက ကားပြင်တတ်တယ်၊ဆောက်လုပ်ရေးအတတ်ပညာတွေတတ်တယ်၊လက်သမား၊ ပန်းရံ၊ ရေဒီယို၊ ကက်ဆက်၊တီဗွီပြင်တတ်တယ်၊ ပေါင်မုန့် ၊ကိတ်မုန့်  လုပ်တတ်တယ်၊ ၊တကယ်တော့ ဘာမှမတတ်ဘူး၊ ကျောင်းဆရာလုပ်တော့ ခလေးတွေဘာဘာသာသင်ပေးသလဲ၊ သချာင်္ဘာသာ သင်ပေးပါတယ်၊ဆရာသင်ပေးတာကိုခလေးတွေနားလည်ဖို့  လွယ်ပါရဲ့ လား၊ ဆရာလည်းတခါခါမှားပါတယ်၊ ဆရာမှားရင်တော့ ဆောရီးလို့ ခလေးတွေကိုတောင်းပန်ပါတယ်၊ ကျနော်အင်တာဗျူးမှာ သူတို့  အူတက်အောင်ရယ်ကြတယ်၊ နောက်နေ့ မှာ ဘယ်အလုပ်ရုံ၊ဘယ်နေ့ ၊ဘယ်အချိန်၊ အလုပ်စဝင်ဖို့ ဖုန်းဆက်လာပါတယ်၊ ဒါပါပဲ၊
အမေရိကန်မှာအလုပ်ရဖို့ မလွယ်ဘူး၊အလုပ်ပြုတ်ဖို့ တော့ လွယ်ပါတယ်၊အလုပ်လုပ်မှ အဆင်ပြေရုံလေးရှိမယ်၊လက်ရှိအလုပ်လေးပြုတ်မသွား
ထိမ်းသိမ်းထားရတာလဲအမောပါပဲ၊ ရုတ်တရက်အလုပ်ပြုတ်သွားရင်တော့ အိမ်လခမပေးနိုင်ရင်အိမ်ပေါ်ကဆင်း၊လမ်းပေါ်ရောက် ဘဝပျက်သွား
တာပါပဲ၊ဒုက္ခသည်စခန်းကသူငယ်ချင်းတွေက ကျနော်ကိုအထင်ကြီး အကူအညီလှမ်းတောင်းကြတယ်၊ကူညီနိုင်သလောက်ကူညီပေးပါတယ်၊
သူတို့ ရောက်တဲ့ ဒုက္ခကထမင်းငတ်ပြီးမသေနိုင်ဘူး၊နေစရာရှိသေးတယ်၊ အမေရိကန်မှာအလုပ်ပြုတ်သွားလို့ ဒုက္ခရောက်ရင်နေစရာမရှိဘူး၊
ကူညီဖို့ လူလည်းမရှိဘူး၊ အလုပ်ပြန်ရတော့ ဝမ်းသာခဲ့ တယ်၊ ကျနော်အသက်က(၅၀)ရှိပြီးဆိုတော့ လူငယ်တွေလိုမြန်အောင်အားစိုက်လုပ်ရ
ပါတယ်၊မုန့် လုပ်တဲ့ စက်ရုံပါ၊တနာရီ(၈)ဒေါ်လာနဲ့ မတန်အောင်လုပ်ရပါတယ်၊မုန့် ဖျော်တဲ့ နေရာပေါ့ ၊ ချော်ကလက်အိပ်ကအလေးချိန်(၅၀)ကီ
လိုရှိပါတယ်၊တနေ့ ကိုအိပ်(၁၀၀)လောက် မချီကိုင်တွယ်ရတယ်၊ ထောပတ်တုံးလည်း(၅၀)ကီလိုပဲ တနေ့ ကို(၁၀၀)လောက်မချီနေရတယ်၊စက်
နဲ့ ဖျော်ပြီးသားမုန့် ကို မီးဖိုဆီပို့ ပေးရတယ်၊ အသက်(၅၀)လောက်လူတွေကအလုပ်ရုံ၊စက်ရုံတွေမှာအလုပ်ရဖို့မလွယ်တော့ ဘူး၊ အသက်(၄၀)
ကျော်သွားရင်အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ ဘူးလို့ စက်ရုံတိုင်းလိုလိုဒီသဘောထားကြတယ်၊ငါတော့ ဒီအလုပ်မှာအမြဲတမ်းလုပ်ပြီး၊
အဆင်ပြေပြီးလို့ ပုံသေတွက်ထားပြီး မာန်တက်နေလို့ မရဘူး၊ ဘာကိုမှပုံသေတွက်ထားလို့ မရဘူး၊ လွန်ခဲ့ တဲ့ (၂)လောက်ကကျနော်တို့ စက်
ရုံမှာရုတ်တရက်ကြီးလူ(၃၀)လောက်အလုပ်ထုတ်လိုက်တယ်၊ကျနော်တော့ ပါမသွားဘူး၊ဘာကြောင့် လဲဆိုတာလည်းမသိဘူး၊ကျန်တဲ့ အလုပ်
သမားတွေကကောက်ချက်အမျိုးချတယ်၊ စီးပွါရေးကျဆင်းလို့ ၊ လူလျော့ တယ်ဆိုလား၊ အဲဒီလူတွေကိုကြည့် တော့ လည်း၊ လုပ်သက်တွေက
(၄)နှစ်လောက်ရှိကြပြီ၊လူဟောင်းတွေကိုဖြုတ်ပြီးလူသစ်တွေပြန်ခေါ်တာတွေ့ ရတယ်၊ ဒါဆိုလူလျော့ တာမဟုတ်ဘူး၊ကျနော်ကအတွေ့ အကြုံ
မရှိတော့ ၊ဒီနည်းစနစ်ကိုမသိဘူး၊ အတွေ့ အကြုံရှိတဲ့ လူဟောင်း မြန်မာတယောက်က အခုလိုသူထင်မြင်ချက်အတိုင်းရှင်းပြတာကိုတွေး
ကြည့် မိတယ်၊ ဖြစ်နိုင်တယ်ပေါ့ ၊ အရင်းရှင်စီးပွါးရေးစနစ် တဲ့ ၊ ကျနော်က အရင်းရှင်စီးပွါးရေးတို့ ဘာတို့ ဆိုတာနားလည်တာမဟုတ်ဘူး၊သူ့ 
တို့ ပြောတာကို မှတ်လိုက်တာပါ၊ လူဟောင်းတွေကိုပေးရတဲ့ လုပ်ခက(၁၁)ဒေါ်လာနဲ့ အထက်၊ လူဟောင်းဆိုတော့ အတွေ အကြုံရှိတယ် ဆိုပေမဲ့ ရေရှည် သုံးမရတော့ ဘူး၊