တကယ်တော့၊အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ၊ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ၊အလေးနက်ဆုံး အသိဉာဏ်ကို ဘဝတွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး၊ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပါပဲ(ဆရာတော်ဦဇောတိက)
Wednesday, February 27, 2013
Monday, February 25, 2013
မန်းကိုကို ~ Mahn Ko Ko: Ethnics
မန်းကိုကို ~ Mahn Ko Ko: Ethnics: source : http://pwintthitsa.blogspot.com/ အခုတွေ့ရတဲ့ အလံကတော့ ကရင့်အလံဖြစ်ပါတယ်။ ၁၉၃၇ နှစ်မှာ ကရင့်အမျိုးသားသီချင်းနဲ့ အတူ မြန်မာပြ...
Saturday, February 16, 2013
အုတ်ခဲကျိုးဇော်ကြီး (သို့) သတ္တ၀ါ တကောင်အကြောင်း ( ဧရာဝတီ သတင်းဌာန ဖြစ်ပေါ်လာခြင်းအစ)
L-Zaw Sai shared a photo.
သူ့ အကြောင်းမသိကြတဲ့သူတွေဆိုရင် အတိုက်အခံလောကတခုလုံးကို သူကလုပ်ကြွေး နေရသလို..အားလုံးကသူ့ အောက်မှာရှိသလို..မြောက်ပိုင်း ကို သူကစပြီးဖွပေး သလို..ပြော နေတဲ့ အောင်ဇော် .. သတ္တိရှိ ရင် မင်းနောက်စေ့က အမာရွတ်အကြောင်း အားလုံးသိ အောင်ပြော လိုက်ပါ လား...။
၁၉၈၈ စက်တင်ဘာလမှာ စစ်တပ်ကအာဏာသိမ်းအပြီး မြန်မာနိုင်ငံ အရပ်ရပ်မှာရှိတဲ့ကျောင်းသားလူငယ်တော်တော်များများဟာ လက်နက်ကိုင်တော်လှန်ရေး တရပ်ဆင်နွှဲဖို့အတွက် နယ်စပ်ဒေသတွေဆီ ထွက်လာကြတယ်။ တော်လှန်ရေး နယ်မြေထဲမှာ
အစားအသောက်ဆင်းရဲဒဏ်၊ ငှက်ဖျားဒဏ်တွေခံစားရတာကြောင့်
တချို့လဲပြည်တော်ပြန်ကြပြီး၊ တချို့လဲဘန်ကောက်မြို့ပေါ်တက်ပြီး
UNHCR မှာ ဒုက္ခသည်အဖြစ်ခံယူပြီး၊ မြို့ပေါ်နိုင်ငံရေးဆက်လုပ်ကြတယ် ။
ကျနော့်ညီမလေးတယောက်လဲ အရေးအခင်းပြီး သူ့သူငယ်ချင်းတွေနဲ့
ထွက်သွားတာလိုက်တာ လိုက်ရှာရင်း ညီမလေးကို ဘန်ကောက်မြို့ Victory
monument အနီး စနမ်းပေါင်ရပ်ကွက် ဆွိုင်ရ် လူးခြား မှာရှိတဲ့ JRS Jesuit
Refugee Service မှာပြန်တွေ့ခဲ့ရပါတယ်။ Jesuit ဆိုတာ ကောင်းကျိုးအတွက်ဆို
လိမ်ညာသင့်ရင် လိမ်ညာရမယ်လို့ အယူအဆရှိတဲ့
ခရစ်ယန်ဘုန်းတော်ကြီးအုပ်စုဖြစ် ပြ်ီး ဒီအယူအဆနဲ့ပဲ ဒုက္ခသည်တော်တော်
များများကို အကာအကွယ်ပေးနိုင်ခဲ့ပါတယ်။
၁၉၈၈ စက်တင်ဘာလမှာ စစ်တပ်ကအာဏာသိမ်းအပြီး မြန်မာနိုင်ငံ အရပ်ရပ်မှာရှိတဲ့ကျောင်းသားလူငယ
အစားအသောက်ဆင်းရဲဒဏ်၊ ငှက်ဖျားဒဏ်တွေခံစားရတာကြောင့်
တချို့လဲပြည်တော်ပြန်ကြပြီး၊ တချို့လဲဘန်ကောက်မြို့ပေါ်တက်ပြီ
UNHCR မှာ ဒုက္ခသည်အဖြစ်ခံယူပြီး၊ မြို့ပေါ်နိုင်ငံရေးဆက်လုပ်ကြတယ်
ကျနော့်ညီမလေးတယောက်လဲ အရေးအခင်းပြီး သူ့သူငယ်ချင်းတွေနဲ့
ထွက်သွားတာလိုက်တာ လိုက်ရှာရင်း ညီမလေးကို ဘန်ကောက်မြို့ Victory
monument အနီး စနမ်းပေါင်ရပ်ကွက် ဆွိုင်ရ် လူးခြား မှာရှိတဲ့ JRS Jesuit
Refugee Service မှာပြန်တွေ့ခဲ့ရပါတယ်။ Jesuit ဆိုတာ ကောင်းကျိုးအတွက်ဆို
လိမ်ညာသင့်ရင် လိမ်ညာရမယ်လို့ အယူအဆရှိတဲ့
ခရစ်ယန်ဘုန်းတော်ကြီးအုပ်စုဖြစ်
များများကို အကာအကွယ်ပေးနိုင်ခဲ့ပါတယ်။
Wednesday, February 13, 2013
ဗုဒ္ဓသာသာနာတော်မြတ်ကြီး မြန်မာပြည်မှာ တင်ကျန်စေချင်တယ်ဆိုရင် ဒေါက်တာအေးမောင်ရဲ့ အဆို
နန္ဒ ထွန်း and ခိုင် မိုး နိုင် shared ရခိုင်လူငယ်များအဖွဲ့ (Arakan Youths Organization)'s photo.
ဗုဒ္ဓသာသာနာတော်မြတ်ကြီး မြန်မာပြည်မှာ တင်ကျန်စေချင်တယ်ဆိုရင် ဒေါက်တာအေးမောင်ရဲ့ အဆိုကို လွှတ်တော်က အတည်ပြုနိုင်တဲ့အထိ ဝိုင်းဝန်း Share ကြစေလိုပါတယ်။ ဝိုင်းဝန်းထောက်ခံကြစေလိုပါတယ်။ဒါဟာ ရခိုင်ကိစ္စမဟုတ်ပါဘူး၊ ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားအားလုံးရဲ့ ကိစ္စဖြစ်ပါတယ်။
ဒီအလှည့်အပြောင်းဟာ ဗုဒ္ဓဘာသာဝင်အားလုံးအတွက် အင်မတန်အရေးကြီးလှပါတယ်။
ဒီအဆိုရှုံးနိမ့်ခဲ့မယ်ဆိုရင် အနာဂါတ် မြန်မာပြည်က ဂျီဟတ်နဲ့ နီးစပ်လာဖို့ရှိနေပါပြီ။
______________________________
"၂၀၁၂ ခုနှစ်၊ဇွန်လအတွင်းရခိုင်ပြည်နယ
******************************
"ကျွန်တော်တို့ရဲ့ပြည်ထောင်စုသမ
Sunday, February 10, 2013
ဆေးဝါး တစ်လက်ကဲ့သို့ အသုံးဝင်သော ကြက်သွန်ဖြူ
Winmit WinMyint shared Myawady News's photo.
ဆေးဝါး တစ်လက်ကဲ့သို့ အသုံးဝင်သော ကြက်သွန်ဖြူကြက်သွန်ဖြူ စားရင် ပါးစပ် နံတတ်တာကြောင့် ကြက်သွန်ဖြူကို မစားဘဲ ရှောင်ရှားနေမိပါသလား။ ကြက်သွန်ဖြူ စားလို့ ပါးစပ်နံတာကို တရုတ်နံနံ၊ သံပုရာသီးနဲ့ လိမ္မော်ခွံ စတာတွေကို စားပေးရင် အနံ့ဆိုး သက်သာနိုင်ပါတယ်။ သွားချေးတွေ ကင်းစင်စေပြီး ကိုလက်စထရော များတာနဲ့ ချောင်းဆိုးတာလို ကျန်းမာရေး ပြဿနာတွေကို ကင်းစင်စေဖို့ ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။
ကြက်သွန်ဖြူ အကြောင်း သိနားလည်ပါ
ဆိုဒီယမ် မှီဝဲမှုကို လျှော့ချနိုင်ဖို့ အတွက် ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။ ကြက်သွန်ဖြူကို ဝယ်ပြီးချိန်မှာ အာနိသင် မပျက်ပြယ်စေဖို့ အေးမြ ခြောက်သွေ့ပြီး မည်းမှောင်တဲ့ နေရာမှာ ထားပေးပါ။ ကြက်သွန်ဖြူရဲ့ အကျိုးကျေးဇူးကို အကောင်းဆုံး ရရှိစေဖို့ အတွက် အောက်ပါ နည်းလမ်းတွေကို လိုက်နာပေးပါ။
သင့်ကိုယ်တွင်းရှိ အဆိပ်အတောက်များကို ကင်းစင်စေမည့် အစားအသောက် (၉)မျိုး
New MyanmarFoundation shared Royal Hero Media's photo.
သင့်ကိုယ်တွင်းရှိ အဆိပ်အတောက်များကို ကင်းစင်စေမည့် အစားအသောက် (၉)မျိုးခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေ ကင်းဝေးစေဖို့ လေ့ကျင့်ခန်း လုပ်တာ၊ အရက်ကို ရှောင်တာ၊ အခွံချွတ်ထားတဲ့ သကြားဖြူတွေကို မစားတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေစားတာ စတဲ့ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ ဒီလိုနည်းလမ်းတွေ အပြင် ကိုယ်တွင်း သဘာဝကျကျ သန့်စင်စေတဲ့ အစွမ်းရရှိစေဖို့ အောက်ပါ အစားအသောက်တွေကို သင်စားတဲ့ အစာထဲ ထည့်စားပေးသင့်ပါတယ်။
(၁) တောင်ကြာကလေးရွက်
တောင်ကြာကလေးရွက်ဟာ သင့်ခန္ဓာကိုယ်တွင်းရှိ ဆဲလ်တွေထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်လ်တွေကို ကင်းဝေးစေပြီး အသည်းထဲရှိ သန့်စင်ပေးတဲ့ အင်ဇိုင်းတွေကို စွမ်းအားဖြည့်ပေးပါတယ်။ ဒါ့အပြင် သဘာဝ ဆီးသွားစေတဲ့ အာနိသင် ရှိပါတယ်။
(၂) သံပရာရည်
သံပရာရည်မှာ ဗီတာမင်စီများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်မှ အဆိပ်တွေကို ချေဖျက်ပေးနိုင်စွမ်းရှိကာ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ နံနက်တိုင်း သံပရာရည်ကို သောက်ပေးရင် အစာကြေညက်စေတယ်လို့ ဒေါက်တာဖရန့်က ဆိုပါတယ်။
Facebook Account များ Hack အလုပ်မခံရစေရန်
Ye Yint Nge shared အမျိုးကောင်းသား's status update.
Facebook Account များ Hack အလုပ်မခံရစေရန်******************************
၁. Window Lincense Version ကို သုံးပါ . . Account ကို Password နဲ့ ဝင်ပါ
၂. ပုံမှန် Update , Upgrade များလုပ်ပါ
၃. Security ကို Recommanded Setting မှာ ထားပါ
၎. Antivirus နဲ့ Internet Security တစ်ခုခုတင်ထားပါ
၅. Virus Update ပုံမှန်လုပ်ပါ
၆. System အောက်က Remote Setting ထဲက Remote အောက်က Allow Remote Assistant connection ကို uncheck လုပ်ထားပါ
၇. Your-Freedom ကဲ့သို့သော Proxy surf တစ်ခုခုကိုသုံးပါ
၈. Brower ရဲ့ Peoxy refer ကို 127.0.0.1 နဲ့ Port 8080 ကို အမြဲထားပါ
၉. Facebook ကို Https://facebook.com/ နဲ့ ဝင်ပါ
၁၀. Account Name နဲ့ Password ကို တစ်ခါဝင်တိုင်းတစ်ခါ ရိုက်ထည့်ပါ
၁၁. ဖြစ်နိုင်ရင် onscreen keyboard ကို သုံးပါ
၁၂. Facebook သုံးမယ့် System ကို အခြားမလိုအပ်တဲ့ Browser Add-ons တွေ Extension တွေ Plug-ins တွေ Install မလုပ်မိပါစေနဲ့
ရေခဲသေတ္တာထဲသို့ အမြဲထည့်မထားသင့်သော အစားအသောက်များ
Htun Gla shared Aye Chan Mon's photo.
ရေခဲသေတ္တာထဲသို့ အမြဲထည့်မထားသင့်သော အစားအသောက်များတချို့အစားအစာတွေကို ကျန်းမာရေးကောင်းစေတယ်လို့ ထင်မှတ်ပြီး ရေခဲသေ တ္တာထဲမှာ သိမ်းဆည်းပြီး စားသုံးလေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့အစာတွေဟာ သင်ထင်သလိုမဟုတ်ဘဲ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် အောက်ပါအစားအသောက်တွေက အမြဲနေ့စဉ်စားသုံးရင် အန္တရာယ်ရှိနိုင်တာကြောင့် သင့်အိမ်ရှိ ရေခဲသေတ္တာထဲ အမြဲထည့်မထားသင့်ပါဘူး။
၁။ နို့နဲ့ နို့ထွက်ပစ္စည်း
နို့နဲ့ နို့ထွက်ပစ္စည်းမှာ ကယ်လ်စီယမ် ပါဝင်တာကြောင့် အဓိက စားသုံးသင့်တယ်လို့ လူအများစုက ထင်မှတ်ထားကြပါတယ်။ တရုတ်နိုင်ငံမှာ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ နို့နဲ့ နို့ထွက်ပစ္စည်းဟာ အရိုးကျန်းမာရေးအတွက် အသုံးမဝင်ရုံမက နို့ထွက်ပစ္စည်း များများ အသုံးပြုတာကြောင့် အရိုးပါးရောဂါနဲ့ ဆက်စပ်နေတဲ့ အရိုးကျိုးနိုင်ခြေ ပိုမြင့်မားတယ်လို့ တွေ့ရှိခဲ့ပါတယ်။ နို့ထွက်ပစ္စည်းတွေဟာ ခန္ဓာကိုယ်အတွင်း အက်စစ်ဓာတ်ဖြစ်စေတာကြောင့်လို့ ဆိုပါတယ်။ အက်စစ်ဓာတ်ပြယ်ဖို့အတွက် ခန္ဓာကိုယ်က အရိုးထဲမှ ဆားတွေကို ဆွဲထုတ်လိုက်ရတာကြောင့် အရိုးတွေ အားနည်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူအများစုဟာ နို့နဲ့ နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ Lactose ခေါ်တဲ့ သကြားတစ်မျိုးနဲ့ Casein ခေါ်တဲ့ ပရိုတင်း အမျိုးအစားကို ခံနိုင်ရည်နည်းကြပါတယ်။ နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ rGBH ခေါ်တဲ့ ဟော်မုန်းဟာလည်း တချို့ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။
Subscribe to:
Posts (Atom)