တကယ်တော့၊အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ၊ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ၊အလေးနက်ဆုံး အသိဉာဏ်ကို ဘဝတွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး၊ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပါပဲ(ဆရာတော်ဦဇောတိက)
Sunday, October 14, 2012
Saturday, October 13, 2012
စစ်တပ်မှာ စီးပွားရေးလုပ်ငန်း လုပ်ခွင့်ရှိသင့်သလား။ by အောင်ထူး (ရှေ့နေ) ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၁၀) ရက်
စစ်တပ်မှာ စီးပွားရေးလုပ်ငန်း လုပ်ခွင့်ရှိသင့်သလား။
ကေအင်ယူဗဟိုမှ နေ၍ ကေအင်ယူ စစ်ဦးစီးချုပ်အား တာဝန်မှ ရပ်ဆိုင်းရသည့် အကြောင်းများတွင် စီးပွားရေး နှင့်
ပတ်သက်သည့် ကိစ္စများကိုလည်း တွေ့ရသည်။ စွပ်စွဲချက်များ မှန်ကန်မှုမရှိလျှင် ဗိုလ်ချုပ်ကြ

ီးမူတူးဆေးဖိုးအနေနှင့်
အများသိအောင်ရှင်းလင်းခွင့် ရှိပါသည်။ ရှင်းလင်းလိမ့်မည်ဟုလည်း မြှော်လင့်သည်။ စာရေးသူ အနေဖြင့်မူ စစ်တပ် နဲ့
စီးပွားရေး ဆိုင်ရာ မူသဘောအခြေခံမှ တင်ပြပါမည်။ ဤပြသနာမှာ တပြည်လုံးကို လှိုက်စားနေခြင်းကြောင့်ဖြစ်သည်။
တော်လှန်ရေးတပ်ဖြစ်စေ၊ တိုင်းပြည်ကို တရားဝင်အုပ်ချုပ်နေသည့် အစိုးရ၏ တပ်ဖြစ်စေ စစ်အသုံးအဆောင်၊ ရုပ်ဝတ္တု
ပစ္စည်း နှင့် ငွေကြေး လိုအပ်သည်မှာ အမှန်ဖြစ်သည်။ သို့ရာတွင် စစ်တပ်အား စီးပွားရေးလုပ်ခွင့် ပေး၍မရပါ။ မြန်မာနိုင်ငံ၌
စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသည်မှာ စစ်တပ်ကိုယ်တိုင်က စီးပွားရေးလုပ်ငန်းကြီးများ လုပ်ပြီး ၀င်ငွေ များကို
အစစ်အဆေးမရှိ တိုက်ရိုက် သုံးစွဲခွင့်ရနေခဲ့၍ဖြစ်သည်။ စစ်အစိုးရ၏ လက်ဝေခံ စီးပွားရေးသမားကြီးများ ကလည်း
ဝေစားမျှစားလုပ်ကာ စစ်တပ်စီးပွားရေးကို ကျားကန်ပေးထားသောကြောင့်ဖြစ်သည်။ ယင်း၏ အကျိုးဆက် အဖြစ် ထိပ်ပိုင်း
စစ် ခေါင်းဆောင်များသာ ကျိကျိတက် ချမ်းသာသွားကြပြီး တပ်မှုးငယ်များ အပါအ၀င် တပ်အောက်ခြေ ထု တခုလုံး နှင့်
အခြေခံလူထုကြီးတရပ်လုံး ဆင်းရဲတွင်း နက်သွားခြင်းဖြစ်သည်။
ထိုနည်းတူပင် တော်လှန်ရေးတပ်ကို စီးပွားရေးလုပ်ခွင့် ပေးလိုက်လျှင် တပ်ခေါင်းဆောင်သည် စစ်အာဏာရှင်ဖြစ်သွား
နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် တပ်ခေါင်းဆောင်သည် လက်နက်ကိုင်တပ်ကို ကိုင်ထားသဖြင့် စစ် ရေးအာဏာ
ရှိနေသည့် တချိန်တည်းတွင် စီးပွားရေးအာဏာပါ ရှိသွားသောကြောင့်ဖြစ်သည်။ ယင်းသို့ဖြစ်လျှင် တော်လှန်ရေးတပ် ၏
စစ်ဦးစီးချုပ်ကို မည်သူမျှ ထိမ်းကြောင်း၍မရတော့။ ထင်ရာစိုင်းပြီး လုပ်ခြင်ရာလုပ်တော့သည်။ အခြေခံလူထုများ အနေဖြင့်
နည်းလမ်းပေါင်းစုံသုံး၍ စစ်အာဏာရှင်ကြီး စနစ်ကို တိုက်နေသည့်အချိန်တွင် စစ်အာဏာရှင်ကလေးများ ဟိုက သည်က
ပေါ်လာတာမျိုးမဖြစ်သင့်ပါ။
"အောက်ခြေတပ်ထု ငတ်ပြတ်ပြီး စားစရာ မရှိဖြစ်နေတယ်။ ယူနီဖေါင်း၊ ဖိနပ်၊ စစ်အသုံးအဆောင်တွေက အစမရှိဘူး။
လက်နက်ခဲယမ်းမီးကျောက် ပြည့်စုံဘို့ဆိုရင်ဝေးရော။ ဒီ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဘို့ တပ်အနေနဲ့စီးပွားရေး
လုပ်ငန်းတွေကို တွဲပြီး မလုပ်ရင် ဓါးပြတိုက်ရမလား။" ဟူ၍ တော်လှန်ရေးတပ်ခေါင်းဆောင် အနေဖြင့် စောဒက တက်
ကောင်း တက်ပါမည်။ တော်လှန်ရေးကို တပ်သက်သက်ဖြင့် ဖွဲ့စည်းလည်ပတ်ခြင်း မဟုတ်ပါ။ အရပ်ဘက်အဖွဲ့အစည်းများ
ရှိပါသည်။ ၄င်းတို့က တာဝန်ယူပြီး တော်လှန်ရေးတပ်၏ လိုအပ်ချက်ကို ဖြည့်ဆည်းရပါမည်။ ကေအင်ယူသည် ဤ အတိုင်းပင်
ကျင့်သုံးလျှက်ရှိကြောင်း နားလည်ပါသည်။
ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးအနေဖြင့် "ကျုပ် ဦးစီးချုပ်လုပ်ခဲ့ သမျှ တပ်အနေနဲ့ ဘယ်တုန်းကမှ စီးပွားရေး မလုပ်ခဲ့ဘူး။
နောင်လဲ လုပ်မှာ မဟုတ်ဘူး။ လုပ်ဘို့ လဲ မညွှန်ကြားဘူး။" ဟူ၍ အများသိ ရှင်းလင်းလိမ့်မည်ဟု မြှော်လင့်သည်။
စစ်ဦးစီးချုပ်အနေဖြင့် တပ်အောက်ခြေထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် သဘောရိုးဖြင့် ဆောင်ရွက်ခဲ့မှုများ ဖြစ်ပါက
ပြန်လည်ညှိနိုင်းတင်ပြပြီး နောင်မဖြစ်အောင်ရှောင်ကြဉ်မည်ဟု တာဝန်ခံလျှင် ညီညွတ်ရေးအတွက် အကူအပံ့ များ
ဖြစ်လေမလားဟု မြှော်မှန်းပါသည်။ စစ်တပ်တွင် တာဝန်ထမ်းဆောင်ဆဲ မည်သည့် တပ်မှုးတပ်သား ကိုမျှ စီးပွားရေး
လုပ်ငန်းတွင် တာဝန်ပေးအပ်ခြင်း မပြုသင့်ပါ။ ဤမူကို ယခုကစ၍ တင်းကြပ်စွာလိုက်နာလုပ်ဆောင်ခြင်းဖြင့် တော်လှန်ရေး
အဖွဲ့အစည်းများ၌ နောင် အလားတူ ပြသနာမျိုးမဖြစ်ရန် ရှောင်လွှဲနိုင်မည့်အပြင် အနာဂါတ်ပြည်ထောင် စု အတွက်ပါ
အုတ်မြစ်ကောင်း ချရာရောက်ပါမည်။
အပစ်အခတ်ရပ်စဲရေးကို စီးပွားရေး မြှော်မှန်းချက်ဖြင့် လုပ်သင့်သလား။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအပေါ်အခြေခံသည့် စစ်မှန် သည့်ပြည်တွင်းငြိမ်းချမ်းရေး နိုင်ငံရေး ရည်မှန်းချက်ကို
ကိုင်စွဲကာ ကေအင်ယူဗဟိုသည် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နေခြင်းဟု နားလည်ပါသည်။ အပစ်အခတ် ရပ်စဲရေးကို
စီးပွားရေးရည်မှန်းချက်ဖြင့် မလုပ်သင့်ပါ။ အကယ်၍ ကေအင်ယူ အလံအောက်မှ ခွဲထွက်၊ သီးခြား အဖွဲ့ တခုထပ်ထောင်၊
အပစ်အခတ်ရပ်စဲရေး ကို အခွင့်ကောင်းယူကာ စီးပွားရေးလုပ်ငန်းများ လုပ်မည်ဆိုပါက မည်မျှအထိ လက်တွေ့ အကျိုးရှိမရှိ
သုံးသပ်ရန်လိုပါမည်။
မွန်ပြည်သစ်ပါတီ သည် အပစ်အခတ်ရပ်စဲရေးကို ၁ရ နှစ်တာ လုပ်ခဲ့ပြီး ဖြစ်ပါသည်။ စစ်အစိုးရက ပါတီအား လုပ်ငန်း လိုင်စင်များ
တဘက်က ချပေးသော်လည်း အခြားတဘက်က၄င်းလုပ်ငန်း များ အလုပ်မဖြစ်ရန် အနှောက်အယှက် ပြုသည်။ ပါတီအနေဖြင့်
စီးပွားရေးအရ ဟုတ္တိပတ္တိ ထိထိရောက်ရောက် အကျိုးမရှိခဲ့ပါ။ အပစ်အခတ်ရပ်စဲခဲ့ သော အခြားအဖွဲ့ငယ်အတော်များများတွင်
စီးပွားရေးလုပ်ငန်းများ လုပ်ခွင့်ရခဲ့သည့် ထိပ်ပိုင်း သို့မဟုတ် အလတ်ပိုင်း စစ် ဘက်၊ အရပ်ဘက် ခေါင်းဆောင်အတော်များများ
ပုဂ္ဂိုလ်တဦးခြင်း အရ ကြီးပွားချမ်းသာ သွားကြသည်။ အောက်ခြေ ရဲဘော်ထုများနှင့် လူထုများမှာ ဆင်းရဲတွင်းမှ မတက်ခဲ့ပါ။

ကျောင်းပရိဝုဏ်အတွင်း၌ တိုက်စစ်ဆင်ခြင်း by Lu Cifer on Saturday, October 13, 2012 at 1:55am ·
![](https://fbcdn-photos-a.akamaihd.net/hphotos-ak-snc6/284152_458951774148749_742073595_a.jpg)
ရန်ကုန်မြို့ အခြေစိုက်တက္ကသိုလ်ကျောင်းကြီး တစ်ကျောင်းကနေပါမောက္ခဘဝဖြင့် အငြိမ်းစား ယူသွားပြီး ဖြစ်သူ ဆရာတစ်ယောက်နှင့် ကျွန်တော်တို့ မကြာခဏဆိုသလို စကားစမြည် ပြောဖြစ်ပါသည်။ ထိုစကားစမြည်တွင် ကားဆရာက "တိုက်စစ်" အကြောင်းပြောကာ ရယ်ပွဲဖွဲ့ပါသည်။ "တိုက်စစ်" တဲ့။ တက္ကသိုလ်ကျောင်းထဲက တိုက်စစ်။ ဤတွင်ပညာရေးလောကနှင့် တိုက်စစ်ဘာဆိုင်လို့တုန်းဟု ဆန္ဒစောသူ တို့က မေးနိုင်ပါသည်။ ရေလည်အောင်ရှင်းပြပါရစေဦး။
စစ်ရေးလောက၌ တိုက်စစ်၊ ထိုးစစ်၊ ခံစစ်၊ ပြောက်ကျားစစ် စသည် စသည်ဖြင့် သေနင်္ဂဗျူဟာ အမျိုးမျိုးရှိသည်ကို အများအသိဖြစ်ပါသည်။ ယခုက တက္ကသိုလ်ကျောင်းပရိဝုဏ်ထဲက "တိုက်စစ်"။
ထိုဆရာတို့၏ ဘာသာရပ်က အင်္ဂလိပ်ဘာသာဖြင့် သင်ယူကာ အင်္ဂလိပ်ဘာသာဖြင့်ပင် ပြန်လည်ဖြေဆိုရသည့် ဘာသာရပ်ဖြစ်ပါသည်။ သို့ဖြင့် တစ်နေ့စာ မေး-အဖြေလွှာများ စစ်ဆေးအပြီး အမှတ်များ ထည့်သွင်းကြစဉ် သံသယဖြစ်ဖွယ် ခုံနံပါတ်တစ်ခုကို သွားတွေ့လိုက်ကြရသည်ဟု ဆိုပါသည်။ ထိုခုံနံပါတ်ရှင်က ဘာသာရပ်တိုင်း လိုလိုတွင် အမှတ်ကောင်းကောင်း မြင့်မြင့်တွေရထားပြီး တစ်ခုတည်းသော ဘာသာရပ်၌ အလွန်ညံ့ဖျင်း စုတ်ပြတ်သည့် အမှတ်ကိုသာရထားသည်ဟု ဆိုပါသည်။
ဤတွင် ဆရာ၊ ဆရာမကြီးအချို့တို့ သံသယဖြစ်ကာ ထိုညံ့ဖျင်းစုတ်ပြတ်သည့် အဖြေလွှာကို ထုတ်ကြည့်ရာ ခေါင်းနားပန်းကြီးသွားကြရသည်ဟု ဆိုပါသည်။
အကြောင်းမှာ အလွန်တရာ အဆင့်အတန်းမြင့်သည့် အင်္ဂလိပ်စာအရေးအသားဖြင့် ဘာသာရပ်ကို ပိုင်ပိုင်နိုင်နိုင် ဖြေဆိုထားကြောင်းတွေ့လိုက်ရသောကြောင့်ဟု ဆိုပါသည်။ သို့ဖြင့် ထိုအဖြေလွှာစစ်ဆေးသည့် နည်းပြဆရာမ ကို ခေါ်ရပါသည်။ ဘယ်လိုစစ်ဆေးသလဲ မေးရပါသည်။ ဆရာမကလည်း ရိုးရိုးသားသားပဲဖြစ်ပါသည်။ မည်သည့် ပယောဂတစ်စုံတစ်ရာမှ မရှိပါ။
Friday, October 12, 2012
Kho Lian
Vansangva Library – Vansangva စာကြည့်တိုက်
Comment ရေးရန် (58 comments)
ပြည်ထောင်စုမြန်မာနိုင်ငံ ခေါ် ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေး သမိုင်းဝင်မှတ်တမ်းများ။
Historical Documents on the making of a new democratic Nation – the “Union of Burma”
VanSangVa Library1 by vansangva
၁။ သမိုင်းဝင် ပင်လုံစာချုပ် (၁၉၄၇)
၂။ ဗိုလ်ချုပ်အောင်ဆန်း ၏ “လမ်းညွှန်ပြဌာန်းချက် (ရ) ချက်”။ (၁၉၄၇)*
၃။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ရေးဆွဲ ခဲ့သော “ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ ပထမူကြမ်း”။ (၁၉၄၇)
၎။ အခြေခံဥပဒေရေးဆွဲရေး ကော်မီတီ နှင့် အလုပ်ကြံခံရသည့် အာဇာနည် ခေါင်းဆောင် ကြီး များစာရင်း။
၅။ ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ (၁၉၄၇)
၆။ ဦးထွန်းမြင့် (တောင်ကြီး) ၏ “ပြည်ထောင်စု အတွင်းမှ တန်းတူသော ရှမ်းပြည်”။ (၁၉၅၇)*
၇။ ကချင်ပြည်နယ် ၀န်ကြီးဟောင်း ဦး ဇန်ထားရှင် ၏ “ဒီမိုကရေစီပြောင်းပြန်”။ (၁၉၅၈)*
၈။ ချင်းကျောင်းသားခေါင်းဆောင်ဟောင်း / ၁၉၉၀ အရွေးကောက်ခံ အမတ် ဦးလျန်အုပ် ၏ “ချင်းလူငယ်များ အကြံပေးတင်ပြချက်”။ (၁၉၆ဂ)*
၉။ ဒဂုန်တာရာ ၏ “အောက်ချင်းငှက်တေးသံ”ဆောင်းပါး။ ချင်းမဂ္ဂဇင်း၊ တက္ကသိုလ်များ – ရန်ကုန် (၁၉ဂ၂ – ၁၉ဂ၃)*
၁၀။ ABSDF ၏ “ဖက်ဒရယ်လ်”။ (၁၉၉၄)
၁၁။ မောင်မြတ်နိုင် ၏ “၂၀၀၈ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ တွေနဲ့ အနာဂတ် နိုင်ငံရေး အလားအလာများ” စာတမ်း။ (၂၀၁၀)
*ဤ စာအုပ် စာတမ်း နှင် ဆောင်းပါးများ ကို ဆလိုင်းလျန်မှုန်း စုဆောင်းပြုစုသည့် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဝါဒ မှသည် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စနစ် ဆီသို့” (တတိယတွဲ) ၊ ပင်လုံ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသား လူမျိုးများ ၏ ပြည်ထောင်စု အပေါ် ဝေဖန်သုံးသပ်သည့် စာတမ်းများ။ စာအုပ် မှ ထုတ်နှုတ်ဖေါ်ပြထားခြင်းဖြစ်ပါသည်။
သမိုင်းဝင် ပင်လုံစာချုပ် ၏ အနှစ်သာရ များ။
ပြည်ထောင်စုမြန်မာနိုင်ငံ ခေါ် ဒီမိုကရေစီ လူ့ဘောင်သစ် တရပ် ကို အရှည်သဖြင့် ခိုင်ခိုင်မာမာ တည်ဆောက် နိုင်ရေး အတွက် ခိုင်မာသော ခြေခံအုတ်မြစ် များ။

Contents မာတိကာ
၁။ သမိုင်းဝင် ပင်လုံစာချုပ် (၁၉၄၇) ၂။ ဗိုလ်ချုပ်အောင်ဆန်း ၏ “လမ်းညွှန်ပြဌာန်းချက် (ရ) ချက်”။ (၁၉၄၇)*

၁. The Panglong Agreement – ပင်လုံစာချုပ် (၁၉၄၇)

- ရှမ်း၊ ကချင်၊ ချင်း တို့သည် ဗမာ နဲ့ အတူ ဗြိတိသျှ ကျွန်သဘောက်
ဘ၀ မှ ရုန်းထွက်ပြီး လွတ်လပ်၍ တန်းတူသော ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံ
သစ် ကိုတည်ထောင်ကြမည်။
- ထူထောင်လတ္တံ့သော ပြည်ထောင်စု မြန်မာနိုင်ငံတွင်
ပြည်နယ်များသည် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် အပါ အ၀င်
အမျိုးသား ကိုယ် ပိုင်ပြဌာန်း ပိုင်ခွင့်များ ကို အပြည့်
အ၀ရရှိခံစားစေရမည်။
- ဗမာ နှင့် အတူတကွ ပူးပေါင်းထူထောင် မည့် ပြည်ထောင်စု
နိုင်ငံတွင်ရှမ်း၊ ကချင်၊ချင်း အစရှိသည်တို့သည် ဗမာ
အပါအ၀င်အခြားသောပြည်ထောင် စု အဖွဲ့ ၀င် အမျိုးသား များနည်းတူ ကမ္ဘာ့
ဒီမိုကရေစီ နိုင်ငံများမှ ပြည်သူ အများ ခံစားရရှိ ကြသည့် ဒီမိုကရေစီ
အခွင့်အရေးများ ကို ခံစားကြရမည်။
- ရှမ်း၊ ကချင်၊ ချင်း တို့သည် ဗမာ နဲ့ အတူ ဗြိတိသျှ
ကျွန်သဘောက် ဘ၀ မှ ရုန်းထွက်ပြီး လွတ်လပ်၍ တန်းတူသော ပြည်ထောင်စု
ဒီမိုကရေစီ နိုင်ငံ သစ် ကိုတည်ထောင်ကြမည်။

Monday, October 8, 2012
ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားရေးရာတွေကို ဘယ်လို ကိုင်တွယ်တော့မလဲ။ အောင်ထူး (ရှေ့နေ) by Aung Htoo on Friday, July 20, 2012 at 10:28am ·
ဒေါ်အောင်ဆန်းစုကြည်သည်
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား
အခြေအမြစ်မှနေ၍ ပြင်သည့်နည်းဖြင့် တိုင်းရင်းသားရေးရာများကို
ကိုင်တွယ်တော့မည်လား။
စစ်အစိုးရတည်ထောင်ထားသော လွှတ်တော်အတွင်းတွင် တိုင်းရင်းသားရေးရာများနှင့် စပ်လျှဉ်း၍ ဒေါ်အောင်ဆန်းစု ကြည် က မကြာခင် ဆွေးနွေးပြောကြားလိမ့်မည် ဟူသောသတင်းထွက်ပေါ်လာခဲ့သည်။ ဤတွင် ဒေါ်အောင်ဆန်းစု ကြည် သည် တိုင်းရင်းသားရေးရာများကို မည်သည့်အခြေခံမှနေ၍ စတင်ကိုင်တွယ်တော့မည်နည်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ဆက်စပ်တော့မည်လား ဟူ၍ လူထု အနေဖြင့် သိခြင်ကြတော့မည် ဖြစ်သည်။ ပြီးခဲ့သည့် ကြား ဖြတ်ရွေးကောက်ပွဲ၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်သွားမည်ဟူ၍ လူထုအား မဲဆွယ်ကတိပြုခဲ့သော် လည်း ဖွဲ့စည်းပုံ၏ မည်သည့် အပိုင်းကဏ္ဍကို ပြင်ဆင်သွားမည်ဟူ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် တိတိ ကျကျ ထုတ်ပြန်ကြေငြာသည်ကို မတွေ့ရသေးပါ။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ရှမ်းတိုင်းရင်းသား ဒီမိုကေ၇စီအဖွဲ့ချုပ်၊ ရခိုင် ဒီမိုကေ၇စီအဖွဲ့ချုပ်၊ မွန် ဒီမို ကေ၇စီအဖွဲ့ချုပ်၊ ဇိုမီး ဒီမိုကေ၇စီအဖွဲ့ချုပ်၊ ကရင်အမျိုးသားဒီမိုကရေစီ ကွန်ဂရက်၊ ကချင်ပြည်နယ် အမျိုးသား ဒီမို ကရေစီ ကွန်ဂရက်၊ ချင်း တိုးတက်ရေးပါတီ အစရှိသော တိုင်းရင်းသားပါတီများ စည်းဝေးပြီးတိုင်းရင်းသား လူမျိုးများ အခွင့်အရေး အခြေခံ အရင်းအမြစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုံစံမကျမှု အပေါ်မှာ မူတည်ကြောင်း၊ သို့ ဖြစ်၍ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြုပြင်လိုက်ခြင်းက သာလျှင် ပြသနာအရပ်ရပ်ကို ဖြေရှင်းရာရောက်မည်ဟု အားလုံးက သဘောတူ ဆုံးဖြတ်ကြောင်းဖြင့် ရေးသားကာ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ ခဲ့သည် ဟု သိရသည်။
စင်စစ်အားဖြင့်မူ တိုင်းရင်းသားခေါင်းဆောင်များ၏ ဤသဘောထားထုတ်ဖေါ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် ယခုမှ သာ ကြားသိရသည့် အသစ်အဆန်း မဟုတ်ပါ။ လွန်ခဲ့သော နှစ်ပေါင်းများစွာကထဲက ရှင်းရှင်းလင်းလင်းကြားသိခဲ့ပြီး ဖြစ်သည်။ တောင်ကြီး ဦးထွန်းမြင့် ဆိုသော ရှမ်းတိုင်းရင်းသား ခေါင်းဆောင်ကြီးမှာ ၁၉၆၁ ခုနှစ်တောင်ကြီးညီလာခံ၌ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးဆောင်တင် သွင်းခဲ့သူဖြစ်သည့်အပြင် ကမ္ဘာပေါ်ရှိနိုင်ငံများ၏ ဖွဲ့စည်း ပုံအခြေခံ ဥပဒေအတော် များများကို လေ့လာပြီး ဖက်ဒရယ်အခြေခံမှ ရှင်းပြနိုင်သူဖြစ်သည်။ တောင်ကြီး ဦးထွန်းမြင့် မှာ ရှမ်း တိုင်းရင်းသား များ သာမက ပြည်ထောင်စု စစ်စစ်တည်ဆောက်ရေးအတွက် ဦးတည်လှုပ်ရှားနေကြသော အခြား တိုင်းရင်းသားခေါင်း ဆောင်များ၊ အဖွဲ့ အစည်းများ အားလုံးနီးပါးကပါ လေးစားရသူဖြစ်သည်။ ယခုတော့ ကွယ် လွန်သွားရှာ ပါပြီ။
ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်စည်းရုံးရေးခရီးစဉ်အတွင်း တောင်ကြီးမြို့ ကိုရောက်ခဲ့ရာ ဦးထွန်းမြင့်က“ဒေါ်အောင် ဆန်းစုကြည်၊ ခင်ဗျား ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ရှိတုံးကလိုဘဲ ရှမ်းပြည်ကို ခင်ဗျားလဲရောက်လာပြန်ပြီ။ ပြည်ထောင် စု တည်ဆောက်ရေး နဲ့ ပတ်သက်ပြီး နိုင်ငံရေးခေါင်းဆောင်တွေ ပါတီ အဖွဲ့ အစည်းတွေရဲ့ ကတိစကား တွေကိုတော့ တန်ဘိုး ထားပါရဲ့။ ဒါပေမယ့် သူတို့ တွေက တည်မြဲကြ တာ မဟုတ်ဘူး။ ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အခွင့် အရေး တွေကို ဖွဲ့ စည်းပုံအခြေခံဥပဒေ နဲ့အညီ ကာကွယ်စောင့်ရှောက်ပေးတာကို လိုခြင်တယ်။” ဟုပြောကြားခဲ့ကြောင်း လေ့လာရသည်။
တောင်ကြီး ဦးထွန်းမြင့်ပြောကြားခဲ့သည့် စကားမျိုးကိုပင် လက်ရှိတိုင်းရင်းသားခေါင်းဆောင်များက ပြောကြားလျှက် ရှိပြန်ပါပြီ။ တောင်ကြီး ဦးထွန်းမြင့် နှင့် ယခုလက်ရှိတိုင်းရင်းသားခေါင်းဆောင်များ၏ ပြောကြားချက် ကွာခြားမှုတော့ ရှိသည်။ ယင်းမှာ တောင်ကြီး ဦးထွန်းမြင့် အသက်ထင်ရှားရှိစဉ်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ မပေါ်သေးပါ။ ယခု ၂၀၀၈ ဖွဲ့  စည်းပုံအခြေခံဥပဒေပေါ်ပြီးဖြစ်သည့်အပြင် ၄င်းနှင့်အညီ တည်ဆောက်ထားသော လွှတ်တော်များ တိုင်းနှင့် ပြည်နယ် အသီးသီး၌ ပေါ်ပေါက်နေပြီး ဖြစ်သည်။ ဤသို့ သော ဖြစ်ထွန်းတိုးတက်မှုမှာ မြန်မာနိုင်ငံ၌ ယခင်တုံးက တကြိမ်မျှ မတည်ရှိခဲ့၊ ယခု ဖေါ်ဆောင်ဖန်တည်းပေးထားပြီး တိုင်းရင်းသားများ၏ အခွင့်အရေးကို အာမခံချက်
ပေးထား လိုက်ပြီ ဟူ၍ စစ်ခေါင်းဆောင်သစ် ဟောင်းများ၊ ဦးသိန်းစိန်ဦးဆောင်သည့် လက်ရှိ စစ်အစိုးရတာဝန်ရှိသူများက ထပ် ခါ တလဲလဲ ထုတ်ဖေါ်လာကြ သည်။

Min Zin: What Aung San Suu Kyi didn’t say during her visit ...
Min Zin: What Aung San Suu Kyi didn’t say during her visit ...: Posted By Min Zin Tuesday, October 2, 2012 - 11:23 AM The Lady continues her U.S. tour . Aung San Suu Kyi has already visited W...
ကရင်အမျိုးသားအစည်းအရုံးအတွင်း စည်းရုံးရေးပြသနာနှင့် ပြည်တွင်းငြိမ်းချမ်းရေး အပိုင်း (၁)
ကရင်အမျိုးသား အစည်းအရုံး (ကေအင်ယူ) ၏ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးအာ
နောက် အဖွဲ့အစည်းအနေဖြင့် ကွဲပြဲတော့မည်လားဟူသော စိုးရိမ်ပူပန်မှုမျ
ား သည် စာရေး သူအပါအ၀င် လူထုများ အတွင်း အတော်ပင် ကြီးမားစွာ
ဖြစ်ပေါ်လျှက်ရှိသည်။ အဘယ်ကြောင့်ပါနည်း။
ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးသည့်နောက် ထောင်ပေါင်းများစွာသော ကျောင်းသား၊ ပြည်သူ များသည် တိုင်းရင်း သား လက်နက်ကိုင်တော်လှန်ရေး
အင်အားစုများ အခြေပြုရာ ဒေသများသို့ လည်းကောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်ရာ ရှမ်းပြည်အရှေ့မြောက်ဒေသရှိ လွတ်မြောက်နယ်မြေသို့
လည်းကောင်း ရောက်ရှိခိုလှုံခဲ့ကြရာ စာရေးသူ လည်း တဦးအပါဝင်ဖြစ်ခဲ့သည်။ လက်နက်ကိုင်တော်လှန်ရေးနှင့် အခြား နည်းလမ်းပေါင်းစုံသုံးပြီး
စစ်အာဏာရှင် စနစ် အား ဆက်လက်တိုက်ပွဲဝင်ရန်ကြိုးပမ်းခဲ့ကြသည်။ တော်လှန်လိုသည့် ကျောင်းသားများ၊ လူထုများအား ကောင်းမွန်စွာ လက်ခံကြိုဆို
နေရာချထားပြီး တတ်နိုင်သမျှ ကျွေးမွေး ထောက်ပံ့ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့အစည်းများအနက် ကေအင်ယူသည်
ရှေ့တန်းမှပါဝင်ခဲ့သည်။
မိမိအနေဖြင့် ကျေးဇူးရှင်သဘွယ်သဘောထားသတ်မှတ် ခဲ့သည့် အဖွဲ့အစည်းများအနက်တွင် ကေအင်ယူသည် ထိပ်တွင် ရှိသည်။ ၁၉၉၉ မှ ၂၀၀၄ ခုနှစ်
များတ၀ိုက်တွင် အရှိန်အ၀ါကြီးမားခဲ့သည့် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ်ကို ဦးဆောင် ခဲ့သော ဗိုလ်ချုပ်ကြီးမြ နှင့် တဖြေးဖြေးနှင့် အနီးကပ်
ဆက်ဆန်မိရင်း ၄င်းသည် စစ် အစိုးရ အဆက်ဆက်က ၀ါဒဖြန့်ခဲ့သလို လူဆိုး လူမိုက်ကြီး တဦးမဟုတ်ဘဲ သူရသတ္တိ နှင့် ပြည့်စုံသည့် တော်လှန်ရေးသမားကြီး
တဦးဖြစ်မှန်းသိခဲ့သည်။ လေးစားချစ်ခင် ခဲ့သည်။ “ ကိုယ့်လူမျိုးကို ချစ်တယ်ဆိုတာ အခြားလူမျိုးကို မုန်းဘို့ မဟုတ်ဘူး ” ဟူသည့် ၄င်း၏ ရိုးရှင်းသော
လူမျိုးရေးအမြင် ဆိုင်ရာသင်ကြားချက်ကို အမှတ်ရနေဆဲဖြစ်သည်။
အလားတူပင် ၁၉၈၉ ခုနှစ်နောက်ပိုင်းမှစ၍ ယနေ့အထိခေါင်းဆောင်လျှက်ရှိသော ကေအင်ယူခေါင်းဆောင်များ အပါ အ၀င် မိမိနှင့်ဆက်ဆန်ထိတွေ့
မိသမျှများမှာ တနည်းမဟုတ်တနည်း လေးစားချစ်ခင်ဘွယ်ကောင်း သူများဖြစ် ကြောင်း တွေ့ရသည်။ ကိုယ်ကျိုးစွန့် အနစ်နာခံလျှက် ကရင်အမျိုးသား
အရေးသာမက မြန်မာအပါအ၀င် တိုင်းရင်းသားအားလုံး အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး
ရရှိရေး တို့ အတွက် စွမ်းစွမ်း တမန် တိုက်ပွဲဝင်လျှက်ရှိသူများ ဖြစ်ကြောင်းတောက်လျှောက်လေ့လာခွ င့်ရခဲ့သည်။ ယခု ဤ အစည်းအရုံးကြီးမှာ အကွဲ
အပြဲဖြစ်တော့မည်လား ဟူသည့် စိုးရိမ်မှုသည် အခြားသူများထက် မလျော့နည်းဘဲ ခံစားမိလာသည်။ ဒေါက်တာ စင်သီယာမောင် ကဲ့သို့ နိုင်ငံရေး
လုပ်ငန်းများနှင့် မစွက်ဘက်ဘဲ ဆေးပညာသန့်သန့် ဖြင့် လူထုအကျိုးပြုလုပ်ငန်း လုပ်နေသူကပင်လျှင် စိုး၇ိမ်ပူပန်ကြောင်း ထုတ်ဖေါ်ချက်ကို
လေ့လာနိုင်ပါသည်။
ဖြစ်ပေါ်လျှက်ရှိသည်။ အဘယ်ကြောင့်ပါနည်း။
ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးသည့်နောက် ထောင်ပေါင်းများစွာသော ကျောင်းသား၊ ပြည်သူ များသည် တိုင်းရင်း သား လက်နက်ကိုင်တော်လှန်ရေး
အင်အားစုများ အခြေပြုရာ ဒေသများသို့ လည်းကောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်ရာ ရှမ်းပြည်အရှေ့မြောက်ဒေသရှိ လွတ်မြောက်နယ်မြေသို့
လည်းကောင်း ရောက်ရှိခိုလှုံခဲ့ကြရာ စာရေးသူ လည်း တဦးအပါဝင်ဖြစ်ခဲ့သည်။ လက်နက်ကိုင်တော်လှန်ရေးနှင့် အခြား နည်းလမ်းပေါင်းစုံသုံးပြီး
စစ်အာဏာရှင် စနစ် အား ဆက်လက်တိုက်ပွဲဝင်ရန်ကြိုးပမ်းခ
နေရာချထားပြီး တတ်နိုင်သမျှ ကျွေးမွေး ထောက်ပံ့ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့အစည်းများအနက် ကေအင်ယူသည်
ရှေ့တန်းမှပါဝင်ခဲ့သည်။
မိမိအနေဖြင့် ကျေးဇူးရှင်သဘွယ်သဘောထားသတ်မှတ်
များတ၀ိုက်တွင် အရှိန်အ၀ါကြီးမားခဲ့သည့် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ်ကို ဦးဆောင် ခဲ့သော ဗိုလ်ချုပ်ကြီးမြ နှင့် တဖြေးဖြေးနှင့် အနီးကပ်
ဆက်ဆန်မိရင်း ၄င်းသည် စစ် အစိုးရ အဆက်ဆက်က ၀ါဒဖြန့်ခဲ့သလို လူဆိုး လူမိုက်ကြီး တဦးမဟုတ်ဘဲ သူရသတ္တိ နှင့် ပြည့်စုံသည့် တော်လှန်ရေးသမားကြီး
တဦးဖြစ်မှန်းသိခဲ့သည်။ လေးစားချစ်ခင် ခဲ့သည်။ “ ကိုယ့်လူမျိုးကို ချစ်တယ်ဆိုတာ အခြားလူမျိုးကို မုန်းဘို့ မဟုတ်ဘူး ” ဟူသည့် ၄င်း၏ ရိုးရှင်းသော
လူမျိုးရေးအမြင် ဆိုင်ရာသင်ကြားချက်ကို အမှတ်ရနေဆဲဖြစ်သည်။
အလားတူပင် ၁၉၈၉ ခုနှစ်နောက်ပိုင်းမှစ၍ ယနေ့အထိခေါင်းဆောင်လျှက်ရှိသော ကေအင်ယူခေါင်းဆောင်များ အပါ အ၀င် မိမိနှင့်ဆက်ဆန်ထိတွေ့
မိသမျှများမှာ တနည်းမဟုတ်တနည်း လေးစားချစ်ခင်ဘွယ်ကောင်း သူများဖြစ် ကြောင်း တွေ့ရသည်။ ကိုယ်ကျိုးစွန့် အနစ်နာခံလျှက် ကရင်အမျိုးသား
အရေးသာမက မြန်မာအပါအ၀င် တိုင်းရင်းသားအားလုံး အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး
ရရှိရေး တို့ အတွက် စွမ်းစွမ်း တမန် တိုက်ပွဲဝင်လျှက်ရှိသူများ ဖြစ်ကြောင်းတောက်လျှောက်လေ့လာခွ
အပြဲဖြစ်တော့မည်လား ဟူသည့် စိုးရိမ်မှုသည် အခြားသူများထက် မလျော့နည်းဘဲ ခံစားမိလာသည်။ ဒေါက်တာ စင်သီယာမောင် ကဲ့သို့ နိုင်ငံရေး
လုပ်ငန်းများနှင့် မစွက်ဘက်ဘဲ ဆေးပညာသန့်သန့် ဖြင့် လူထုအကျိုးပြုလုပ်ငန်း လုပ်နေသူကပင်လျှင် စိုး၇ိမ်ပူပန်ကြောင်း ထုတ်ဖေါ်ချက်ကို
လေ့လာနိုင်ပါသည်။
မန်းကိုကို ~ Mahn Ko Ko: ကရင်ကရင် ဘယ်လိုထင် ~ စောက်ရမ်းပဒဲကော အရိပ်တွေမြင်
မန်းကိုကို ~ Mahn Ko Ko: ကရင်ကရင် ဘယ်လိုထင် ~ စောက်ရမ်းပဒဲကော အရိပ်တွေမြင်: ခေါင်းစဉ်ကြမ်းတော့ လန့်သွားကြမလား မသိဘူး ။ အမှန်တော့ ကိုယ့်ဖင်ကိုယ်လှန်ပြရတာ သိပ်ကောင်းလှတယ်တော့ မဟုတ် ။ အထူးသဖြင့် ကရင်လို ...
Sunday, October 7, 2012
The Panglong Agreement – ပင်လုံစာချုပ် (၁၉၄၇)
Kho Lian
Vansangva Library – Vansangva စာကြည့်တိုက်
Comment ရေးရန် (58 comments)
ပြည်ထောင်စုမြန်မာနိုင်ငံ ခေါ် ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေး သမိုင်းဝင်မှတ်တမ်းများ။
Historical Documents on the making of a new democratic Nation – the “Union of Burma”
VanSangVa Library1 by vansangva
၁။ သမိုင်းဝင် ပင်လုံစာချုပ် (၁၉၄၇)
၂။ ဗိုလ်ချုပ်အောင်ဆန်း ၏ “လမ်းညွှန်ပြဌာန်းချက် (ရ) ချက်”။ (၁၉၄၇)*
၃။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ရေးဆွဲ ခဲ့သော “ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ ပထမူကြမ်း”။ (၁၉၄၇)
၎။ အခြေခံဥပဒေရေးဆွဲရေး ကော်မီတီ နှင့် အလုပ်ကြံခံရသည့် အာဇာနည် ခေါင်းဆောင် ကြီး များစာရင်း။
၅။ ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ (၁၉၄၇)
၆။ ဦးထွန်းမြင့် (တောင်ကြီး) ၏ “ပြည်ထောင်စု အတွင်းမှ တန်းတူသော ရှမ်းပြည်”။ (၁၉၅၇)*
၇။ ကချင်ပြည်နယ် ၀န်ကြီးဟောင်း ဦး ဇန်ထားရှင် ၏ “ဒီမိုကရေစီပြောင်းပြန်”။ (၁၉၅၈)*
၈။ ချင်းကျောင်းသားခေါင်းဆောင်ဟောင်း / ၁၉၉၀ အရွေးကောက်ခံ အမတ် ဦးလျန်အုပ် ၏ “ချင်းလူငယ်များ အကြံပေးတင်ပြချက်”။ (၁၉၆ဂ)*
၉။ ဒဂုန်တာရာ ၏ “အောက်ချင်းငှက်တေးသံ”ဆောင်းပါး။ ချင်းမဂ္ဂဇင်း၊ တက္ကသိုလ်များ – ရန်ကုန် (၁၉ဂ၂ – ၁၉ဂ၃)*
၁၀။ ABSDF ၏ “ဖက်ဒရယ်လ်”။ (၁၉၉၄)
၁၁။ မောင်မြတ်နိုင် ၏ “၂၀၀၈ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ တွေနဲ့ အနာဂတ် နိုင်ငံရေး အလားအလာများ” စာတမ်း။ (၂၀၁၀)
*ဤ စာအုပ် စာတမ်း နှင် ဆောင်းပါးများ ကို ဆလိုင်းလျန်မှုန်း စုဆောင်းပြုစုသည့် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဝါဒ မှသည် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စနစ် ဆီသို့” (တတိယတွဲ) ၊ ပင်လုံ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသား လူမျိုးများ ၏ ပြည်ထောင်စု အပေါ် ဝေဖန်သုံးသပ်သည့် စာတမ်းများ။ စာအုပ် မှ ထုတ်နှုတ်ဖေါ်ပြထားခြင်းဖြစ်ပါသည်။
သမိုင်းဝင် ပင်လုံစာချုပ် ၏ အနှစ်သာရ များ။
ပြည်ထောင်စုမြန်မာနိုင်ငံ ခေါ် ဒီမိုကရေစီ လူ့ဘောင်သစ် တရပ် ကို အရှည်သဖြင့် ခိုင်ခိုင်မာမာ တည်ဆောက် နိုင်ရေး အတွက် ခိုင်မာသော ခြေခံအုတ်မြစ် များ။
Historical Documents on the making of a new democratic Nation – the “Union of Burma”
VanSangVa Library1 by vansangva
Contents မာတိကာ
၁။ သမိုင်းဝင် ပင်လုံစာချုပ် (၁၉၄၇) ၂။ ဗိုလ်ချုပ်အောင်ဆန်း ၏ “လမ်းညွှန်ပြဌာန်းချက် (ရ) ချက်”။ (၁၉၄၇)*
၃။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ရေးဆွဲ ခဲ့သော “ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ ပထမူကြမ်း”။ (၁၉၄၇)
၎။ အခြေခံဥပဒေရေးဆွဲရေး ကော်မီတီ နှင့် အလုပ်ကြံခံရသည့် အာဇာနည် ခေါင်းဆောင် ကြီး များစာရင်း။
၅။ ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ (၁၉၄၇)
၆။ ဦးထွန်းမြင့် (တောင်ကြီး) ၏ “ပြည်ထောင်စု အတွင်းမှ တန်းတူသော ရှမ်းပြည်”။ (၁၉၅၇)*
၇။ ကချင်ပြည်နယ် ၀န်ကြီးဟောင်း ဦး ဇန်ထားရှင် ၏ “ဒီမိုကရေစီပြောင်းပြန်”။ (၁၉၅၈)*
၈။ ချင်းကျောင်းသားခေါင်းဆောင်ဟောင်း / ၁၉၉၀ အရွေးကောက်ခံ အမတ် ဦးလျန်အုပ် ၏ “ချင်းလူငယ်များ အကြံပေးတင်ပြချက်”။ (၁၉၆ဂ)*
၉။ ဒဂုန်တာရာ ၏ “အောက်ချင်းငှက်တေးသံ”ဆောင်းပါး။ ချင်းမဂ္ဂဇင်း၊ တက္ကသိုလ်များ – ရန်ကုန် (၁၉ဂ၂ – ၁၉ဂ၃)*
၁၀။ ABSDF ၏ “ဖက်ဒရယ်လ်”။ (၁၉၉၄)
၁၁။ မောင်မြတ်နိုင် ၏ “၂၀၀၈ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ တွေနဲ့ အနာဂတ် နိုင်ငံရေး အလားအလာများ” စာတမ်း။ (၂၀၁၀)
*ဤ စာအုပ် စာတမ်း နှင် ဆောင်းပါးများ ကို ဆလိုင်းလျန်မှုန်း စုဆောင်းပြုစုသည့် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဝါဒ မှသည် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စနစ် ဆီသို့” (တတိယတွဲ) ၊ ပင်လုံ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသား လူမျိုးများ ၏ ပြည်ထောင်စု အပေါ် ဝေဖန်သုံးသပ်သည့် စာတမ်းများ။ စာအုပ် မှ ထုတ်နှုတ်ဖေါ်ပြထားခြင်းဖြစ်ပါသည်။
၁. The Panglong Agreement – ပင်လုံစာချုပ် (၁၉၄၇)
ပြည်ထောင်စုမြန်မာနိုင်ငံ ခေါ် ဒီမိုကရေစီ လူ့ဘောင်သစ် တရပ် ကို အရှည်သဖြင့် ခိုင်ခိုင်မာမာ တည်ဆောက် နိုင်ရေး အတွက် ခိုင်မာသော ခြေခံအုတ်မြစ် များ။
- ရှမ်း၊ ကချင်၊ ချင်း တို့သည် ဗမာ နဲ့ အတူ ဗြိတိသျှ ကျွန်သဘောက်
ဘ၀ မှ ရုန်းထွက်ပြီး လွတ်လပ်၍ တန်းတူသော ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံ
သစ် ကိုတည်ထောင်ကြမည်။
- ထူထောင်လတ္တံ့သော ပြည်ထောင်စု မြန်မာနိုင်ငံတွင်
ပြည်နယ်များသည် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် အပါ အ၀င်
အမျိုးသား ကိုယ် ပိုင်ပြဌာန်း ပိုင်ခွင့်များ ကို အပြည့်
အ၀ရရှိခံစားစေရမည်။
- ဗမာ နှင့် အတူတကွ ပူးပေါင်းထူထောင် မည့် ပြည်ထောင်စု
နိုင်ငံတွင်ရှမ်း၊ ကချင်၊ချင်း အစရှိသည်တို့သည် ဗမာ
အပါအ၀င်အခြားသောပြည်ထောင် စု အဖွဲ့ ၀င် အမျိုးသား များနည်းတူ ကမ္ဘာ့
ဒီမိုကရေစီ နိုင်ငံများမှ ပြည်သူ အများ ခံစားရရှိ ကြသည့် ဒီမိုကရေစီ
အခွင့်အရေးများ ကို ခံစားကြရမည်။
- ရှမ်း၊ ကချင်၊ ချင်း တို့သည် ဗမာ နဲ့ အတူ ဗြိတိသျှ
ကျွန်သဘောက် ဘ၀ မှ ရုန်းထွက်ပြီး လွတ်လပ်၍ တန်းတူသော ပြည်ထောင်စု
ဒီမိုကရေစီ နိုင်ငံ သစ် ကိုတည်ထောင်ကြမည်။
- ထူထောင်လတ္တံ့သော ပြည်ထောင်စု မြန်မာနိုင်ငံတွင်
ပြည်နယ်များသည် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် အပါ အ၀င်
အမျိုးသား ကိုယ် ပိုင်ပြဌာန်း ပိုင်ခွင့်များ ကို အပြည့်
အ၀ရရှိခံစားစေရမည်။
ပင်လုံစာချုပ် (၁၉၄၇) ကို အပြည့် အစုံဖတ်ရန် / ဆွဲချရန်
Subscribe to:
Posts (Atom)