Monday, January 28, 2013

မျက်နှာပေါ်က အမဲစက်တွေ ပျောက်ချင်ရင်တဲ့

မျက်နှာပေါ်က အမဲစက်တွေ ပျောက်ချင်ရင်တဲ့။ လုပ်နည်းက လွယ်လွယ်လေးဖြစ်သလို၊ အင်္ဂလိပ်လိုရေးထားတာကလည်း လွယ်လွယ်လေးမို့ ဘာသာမပြန်တော့ဘူးနော်။ လုပ်နည်းက (၂)နည်းပေါ့။ ကြိုက်တဲ့ နည်းကို သုံးလို့ရပါတယ်။ ကျွန်ုပ်ဆိုရင်တော့ သကြားပါတဲ့ နည်းကို သုံးဖြစ်မယ်ထင်တယ်။

You do not have to hide dark spots
on your face with heavy makeup or
subject your delicate skin to harsh
chemical peels or laser treatments
to remove annoying marks.

Whether they are age-related "liver
spots" or stubborn acne and insect
bite scars, nature's warehouse
holds effective options for removing
most dark spots from your face.

ကချင်သမိုင်း သုံးသပ်ချက်များ( Lachid Kachin )

Khin Mgoo shared လူထုအသံ လူထုရင်ဖွင့်အသံ လူထုကိုယ်စားပြုအသံ ဗမာပြည်တိုးတက်ရေးအသံ's photo.
Black Angle
ကချင်သမိုင်း သုံးသပ်ချက်များ( Lachid Kachin )

မေး။ ။ ကိုလိုနီမတိုင်ခင်ခေတ်က စကြရအောင်။ အဲဒီအချိန်တုန်းက ကချင်လူမျိုးတွေနဲ့ မန္တလေးက ဗမာဘုရင်တွေရဲ့အကြားဆက်ဆံရေးက ဘယ်လိုရှိခဲ့သလဲ။
ဖြေ။ ။ ကချင်လူမျိုးတွေဟာ ဗမာပြည်နဲ့တရုတ်ပြည်ကြားမှာ နေထိုင်ခဲ့ကြတယ်။ အင်အားကြီးတိုင်းပြည်နှစ်ခု ကြားနေဖြစ်ခဲ့ကြတယ်။ ဗမာဘုရင်တွေ တရုတ်ပြည်ကိုသွားရောက်တိုင်းမှာ ကချင်အကြီးအကဲတွေနဲ့ညှိနှိုင်း ရလေ့ရှိတယ်။ သမိုင်းမှတ်တမ်းမရှိခင်အချိန်ကတည်းက ကျနော်တို့ဟာ ဒီကြားနေနယ်မြေမှာ နေထိုင်ခဲ့ကြတယ်။ ကချင်တွေဟာ ဒီနယ်စပ်ဒေသကို ထိန်းချုပ်ခဲ့ကြတယ်။ ကချင်လူမျိုးတွေဟာ ဗမာဘုရင်တွေနဲ့ဆက်ဆံရေး ရှိတစ်လှည့်၊ မရှိတစ်လှည့် ဖြစ်ခဲ့တယ်။ တခါတရံ ဗမာဘုရင်တွေက မိုးကောင်း၊ ဗန်းမော်တို့ကိုသိမ်းပိုက်ခဲ့ဖူးတယ်။ အောက်ပိုင်းဒေသတွေလောက်ပါပဲ။ အရင်တုန်းကတော့ ကချင်တွေဟာ ကြေးစားစစ်သားတွေဖြစ်ခဲ့တယ်။ ကချင်တွေရဲ့အားသာချက်က ဒီတောင်တန်းဒေသ၊ ဒီရာသီဥတုတွေနဲ့ သဟဇာတဖြစ်အောင်နေထိုင်တတ်တယ်။ ဗမာတပ်မှာ လက်နက်ကောင်းတွေ ရှိပေမယ့် သဘာဝအတားအဆီးတွေကို သူတို့မကျော်လွှားနိုင်ခဲ့ကြဘူး။ စစ်ဖြစ်တိုင်းမှာ ကချင်တွေနဲ့မိတ်ဖွဲ့တဲ့သူက နိုင်စမြဲပဲ။

မေး။ ။ ဗမာလူမျိုးအများစုက သူတို့ကိုယ်သူတို့ တောင်ပေါ်သားလို့ခေါ်ကြတဲ့ ကချင်၊ ကရင်တို့လိုတိုင်းရင်းသားလူမျိုးတွေထက် သာတယ်လို့ထင်ကြတယ်။ ဘာကြောင့် ဒီလိုဖြစ်တယ်လို့ ထင်သလဲ။
ဖြေ။ ။ ဗမာလူမျိုးတွေဟာ သူတို့မှာ ဘုရင်ရှိခဲ့ဖူးတယ်ဆိုပြီး အင်မတန်ဝံ့ကြွားကြတယ်။ ကျနော်တို့ ကချင်တွေကျတော့ ဗမာ၊ တရုတ် ဘယ်သူ့လက်အောက်မှ မကျရောက်ခဲ့ဖူးတဲ့အတွက် အင်မတန်စိတ်ဓါတ်ခိုင်မာကြတယ်။ ကချင်တွေကို ဗြိတိသျှတွေ ပထမဆုံးအောင်နိုင်ခဲ့တယ်။ ကချင်တွေက အမြဲလိုလို စစ်တိုက်နေကြလေ့ရှိတယ်။ တခါတရံ ကိုယ့်အချင်းချင်းတိုက်ကြတယ်။ တခါတလေတော့ တခြားရန်သူတွေနဲ့ တိုက်ကြတယ်။ ရှမ်းလူမျိုးတွေက အရင်တိုးတက်ခဲ့ကြပြီး ကချင်တွေက ရှမ်းတွေရဲ့ယဉ်ကျေးမှုကို လိုက်လျောညီထွေဖြစ်အောင် အသုံးပြုခဲ့ကြတယ်။ လယ်စိုက်ပျိုးခြင်းကို ရှမ်းလူမျိုးတွေဆီက သင်ယူခဲ့တယ်။ ဗမာဘုရင်တွေက ကချင်တွေကို အရိုင်းအစိုင်းတွေလို့ပဲ သတ်မှတ်ခဲ့ကြတဲ့အတွက် ကချင်တွေကိုထိမ်းချုပ်ဖို့ စိတ်မကူးခဲ့ကြဘူး။ သူတို့ဟာ ကျနော်တို့ကို လုံးဝလျစ်လျူရှုခဲ့ကြတယ်။

မေး။ ။ ကိုလိုနီခေတ်ကို ဆက်သွားကြတာပေါ့။ ဗြိတိသျှတွေက ဗမာပြည်နဲ့ကချင်တွေကို ဘယ်လိုပြောင်းလဲ စေခဲ့သလဲ။
ဖြေ။ ။ ဗြိတိသျှလက်အောက်ကဗမာပြည်နဲ့ ဗမာဘုရင့်တိုင်းပြည်က တခြားစီပါ။ ဗမာဘုရင်တွေရဲ့ နယ်ပယ်က အကန့်အသတ်နဲ့ပဲရှိတာပါ။ ကချင်ပြည်၊ ၀ပြည်၊ ကရင်နီပြည်၊ တခြားပြည်တွေ တစ်ပြည်လုံးကို ဗမာဘုရင်တွေ မထိမ်းချုပ်နိုင်ခဲ့ပါဘူး။ ဗမာပြည်မဒေသလောက်ပဲ သူတို့အုပ်ချုပ်ခဲ့ကြတာပါ။ အိန္ဒိယဒေသ (Indian sub-continent) ကို ကာကွယ်ဖို့အတွက် ဗြိတိသျှတွေက ဒီနယ်မြေဒေသတွေအားလုံးကို သိမ်းပိုက်ခဲ့တယ်။ ၁၈၈၆ ခုနှစ် ဗြိတိသျှကျူးကျော်မှုကိုတွန်းလှန်ခဲ့တုန်းက ဘယ်ဗမာစစ်သူကြီးကမှ မပါဝင်ခဲ့ဘူး။ ကချင်ခေါင်းဆောင်တွေပဲ နယ်ချဲ့တွေကိုတွန်းလှန်ခဲ့တယ်။ ၁၈၈၅ ခုနှစ်မှာ သီပေါဘုရင်လက်က ဗမာ့ထီးနန်းကိုသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ကချင်ပြည်ကိုလည်း အလိုအလျောက်အောင်နိုင်ပြီလို့ ဗြိတိသျှတွေထင်မှတ်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့တွေရောက်လာတာနဲ့ ကချင်ခေါင်းဆောင်တွေက တော်လှန်တော့တာပဲ။ ဒါကြောင့် ကချင်ဟာ ဗမာဘုရင်တွေရဲ့လက်အောက်ခံ မဟုတ်ဘူးဆိုတာ ဗြိတိသျှတွေသဘောပေါက်သွားခဲ့ကြတယ်။ ဒီကနေ့ ပြည်ထောင်စုမှာ ကျနော်တို့က မိမိဆန္ဒအလျောက် ပူးပေါင်းပါဝင်ခဲ့တာပါ။ ရှမ်း၊ ကချင်နဲ့တခြားတိုင်းရင်းသားတွေမှာ ကိုယ်ပိုင်သမိုင်း၊ ကိုယ်ပိုင်နယ်မြေဒေသ၊ ကိုယ်ပိုင်ဘာသာစကားတွေ ကိုလိုနီအုပ်ချုပ်ရေး မတိုင်ခင်ကတည်းကရှိခဲ့တယ်။ ဗြိတိသျှအစိုးရက တိုင်းရင်းသားနယ်မြေတွေအားလုံးကိုပေါင်းစည်းပြီး ဗြိတိသျှဗမာပြည်ကို တည်ထောင်ခဲ့တာပါ။

မေး။ ။ ဒုတိယကမ္ဘာစစ်မှာ ကချင်တွေ ဗြိတိသျှဘက်ကပါဝင်တိုက်ခိုက်ခဲ့တယ်။ ဗမာတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဦးဆောင်မှုနဲ့ ဂျပန်တွေနဲ့ပဲအချိန်တော်တော်ကြာ ကုန်လွန်ခဲ့တယ်။ ဒီအချက်က ကချင်-ဗမာဆက်ဆံရေးကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်စေခဲ့သလဲ။
ဖြေ။ ။ ကချင်နဲ့ချင်းတွေက မဟာမိတ်တပ်ပေါင်းစုကို ထောက်ခံတဲ့သူတွေဆိုတော့ ဂျပန်ခေတ်မှာ (ဗိုလ်ချုပ်) အောင်ဆန်းနဲ့ သူ့ရဲ့ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ) ရောက်လာချိန်မှာ ကချင်တွေ အမြောက်အများကို နယ်ချဲ့လက်ပါးစေတွေဆိုပြီး သတ်ဖြတ်ခဲ့တယ်။ ကျနော့်ဆီမှာ ဒီအကြောင်းနဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေအများကြီးရှိပါတယ်။ ဂျပန်သေနတ်တွေကို နေရာတိုင်းမှာသုံးခဲ့တယ်။ ၁၉၄၄ မတိုင်ခင်အထိ ဘီအိုင်အေတပ်တွေ ရွာတွေထဲဝင်ရောက်ပြီး ကချင်ပြည်သူတွေကို ဒုက္ခမျိုးစုံပေးခဲ့တယ်။ ဘီအိုင်အေက ဗမာပြည်ကို ဂျပန်လက်အောက်ကနေ လွတ်လပ်ရေးရယူပေးခဲ့တယ်ဆိုတာ တကယ့်ဟာသပဲ။ မဟာမိတ်တပ်ပေါင်းစု၊ ကချင်လူမျိုးတွေ၊ မြောက်ပိုင်းကချင်ရိန်းဂျားတပ်သားတွေ တခြားတောင်ပေါ်သားလူမျိုးစုတွေနဲ့ပူးပေါင်းပြီး ဂျပန်ကို နှင်ထုတ်ခဲ့တာပါ။ အောင်နိုင်မှုအထိမ်းအမှတ်အဖြစ်နဲ့ ကချင်ရိန်းဂျားတွေ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၄-၂၆ရက်နေ့အတွင်း ဗန်းမော်မှာ ပနမ်မနောပွဲ(Panam Manau)ကို ကျင်းပခဲ့တယ်။ နောက်တစ်ရက် မတ်လ(၂၇)ကျမှ (ဗိုလ်ချုပ်)အောင်ဆန်းက ရန်ကုန်မှာ ဖက်ဆစ်တော်လှန်ရေးကို စတင်ခဲ့တာပါ။ ဒါ့ကြောင့် ဗမာတွေ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာပါဝင်ခဲ့တာ နှစ်လ၊ သုံးလပါပဲ။ ဂျပန်ကို အောင်နိုင်လိုက်နိုင်တာကြောင့် နိုင်ငံရေးပြောဆိုဆွေးနွေးရာမှာ ကချင်ကအဓိကဖြစ်လာတာပါ။ နိုင်ငံရေးချိန်ခွင်လျှာမှာ ကျနော်တို့ကအသာစီးဖြစ်ခဲ့တာကိုး။ အဲဒါကတော့ အပြောင်းအလဲကာလပေါ့။ အဲဒီအချိန်တုန်းက ဗမာစစ်သားတစ်ယောက်မှ မရှိပါဘူး။ ကချင်တပ်တွေပဲ ရှိတာပါ။ စစ်အောင်နိုင်တဲ့အထိမ်းအမှတ်မနောပွဲမှာ (ဗိုလ်ချုပ်)အောင်ဆန်းနဲ့ သူ့ရဲ့ဖက်ဆစ်ဆန့်ကျင်ရေးသမားတွေကို ဖိတ်ကြားခဲ့တယ်။ သူတို့ တက်လာပြီး ကျနော်တို့နဲ့တွေ့ဆုံတယ်။ ပြီးတော့ လွတ်လပ်ရေးအတူတကွ ပူးပေါင်းရယူဖို့ သဘောတူခဲ့ကြတယ်။

မေး။ ။ ၁၉၄၇ မှာ ကချင်တွေ အခြားသူတွေနဲ့အတူ ပင်လုံစာချုပ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့တယ်။ ဦနုရဲ့အရပ်သားအစိုးရက ဒီစာချုပ်ကိုလေးစားလိုက်နာခဲ့လား။
ဖြေ။ ။ (ဗိုလ်ချုပ်)အောင်ဆန်း သေသွားပြီးတဲ့နောက်၊ ဦးနုက ပင်လုံစိတ်ဓါတ်ကို ဆက်လက်ထိန်းသိမ်း ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့အတွက် အဓိကကျရှုံးမှုက နု-အက်တလီစာချုပ်ပဲ။ ပင်လုံစာချုပ်အရ ကျနော်တို့ တန်းတူအခွင့်အရေးရတယ်။ ဒါပေမယ့် တိုင်းရင်းသားလူမျိုးစုတွေက အဲဒီအချိန်တုန်းက ပါးရည်နပ်ရည် မရှိခဲ့ကြဘူး။ နု-အက်တလီစာချုပ်က အင်မတန်အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ကာကွယ်ရေး၊ ဘဏ္ဍာရေးအပါအ၀င် အာဏာအရပ်ရပ်ကို ဦးနုရဲ့ဖဆပလအဖွဲ့ချုပ်ကို လွှဲပြောင်းပေးခဲ့ တာကိုး။ ၁၉၄၈ အခြေခံဥပဒေအရ ဖဆပလကဲ့သို့သော အင်အားကြီးပါတီကပဲ ပါလီမန်တစ်ခုလုံးကို ချုပ်ကိုင်ထားတဲ့အပြင် နု-အက်တလီစာချုပ်အရ ဥစ္စာဓနတွေနဲ့လုပ်ပိုင်ခွင့်အာဏာအားလုံးကို ဗြိတိသျှအစိုးရက ရန်ကုန်အစိုးရကိုလွှဲပြောင်းပေးခဲ့တယ်။

မေး။ ။ ကေအိုင်အိုကို ၁၉၆၁ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့တယ်။ အဲဒီအချိန်တုန်းက ဘာဖြစ်ခဲ့လဲ။ ဘာလို့ ဒီအဖွဲ့အစည်းကို တည်ထောင်ခဲ့တာလဲ။
ဖြေ။ ။ အဲဒီအချိန်တုန်းက တိုင်းပြုပြည်ပြုလွှတ်တော်မှာ လူနည်းစုတိုင်းရင်းသားကိုယ်စားလှယ်တွေ အကန့်အသတ်နဲ့ပဲ ရှိခဲ့တယ်။ ဗမာအစိုးရက ၁၉၄၈ အခြေခံဥပဒေနဲ့ပါလီမန်မှာ လူနည်းစုတိုင်းရင်းသားအမတ်တွေကို ထိန်းချုပ်ခဲ့တယ်။ ပထမဆုံးအချက်က ကချင်ရွာတွေကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးလိုက်တဲ့ကိစ္စ။ ကချင်ပြည်သူတွေ၊ အထူးအဖြင့် ကချင်ကျောင်းသားတွေ ဆန့်ကျင်ခဲ့ကြတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်၊ ကိုယ်စားလှယ်နည်းတဲ့အတွက်ကြောင့် ကျနော်တို့မှာ အားမရှိခဲ့ဘူး။ ဒုတိယပြဿနာက နိုင်ငံတော်ဘာသာ။ အခြေခံဥပဒေမှာ ကျနော်တို့က နိုင်ငံရေးနဲ့ဘာသာရေးကိုခွဲခြားထား(Separation of the Church and the State) စေချင်တယ်။ ဒါပေမယ့် ဦးနုက နိုင်ငံရေးကိစ္စမှာ ဗုဒ္ဒဘာသာကိုအသုံးချလာတယ်။ ဗုဒ္ဓဘာသာဝင်တွေကို ကျနော်တို့ မမုန်းပါဘူး။ ဒါပေမယ့် နိုင်ငံရေးမှာ ဗုဒ္ဓဘာသာကိုဆွဲထည့်လာတာကိုတော့ မကြိုက်ဘူး။
ပင်လုံစာချုပ်မှာပါတဲ့ကတိက၀တ်က မျှတမှုနဲ့အခြေခံအခွင့်အရေး-လူနည်းစုတိုင်းရင်းသားများ ကာကွယ်စောင့်ရှောက်ရေး၊ တန်းတူအခွင့်အရေးရရှိရေး၊ လွတ်လပ်စွာပြောဆိုခွင့်၊ ဘာသာရေးလွတ်လပ်မှုနဲ့ ဒီမိုကရေစီ။ ဒါတွေက ပင်လုံစာချုပ်မှာပါဝင်တဲ့အကြောင်းအရာတွေ။ ဒါပေမယ့် ဦးနုက ၁၉၄၈ အခြေခံ ဥပဒေကိုသုံးပြီး ဥပဒေကိုလက်တစ်လုံးခြားလုပ်ဖို့ ကြိုးစားလာတယ်။ နိုင်ငံတော်ဘာသာနဲ့ အာဏာခွဲဝေမှုဆိုတဲ့အချက်နှစ်ချက်ကြောင့် ပါလီမန်ဟာ ကချင်လူမျိုးတွေအတွက် မျှော်လင့်ချက်မဟုတ်တော့ဘူး။ အဲဒါကြောင့် ကျနော်တို့ရဲ့လက်နက်ကိုင်တော်လှန်ရေးကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ စတင်ခဲ့တာပါ။ ဒီကနေ့အထိလည်း ကျနော်တို့ကတော့ နိုင်ငံရေးကိုပဲ ဦးစားပေးဆွေးနွေးချင်တာပါ။ အပစ်ရပ်ဖို့ မလိုဘူး။ ဖွံ့ဖြိုးရေးစီမံကိန်းတွေ မလိုဘူး။ ပင်လုံစာချုပ်ကစတဲ့ ပြဿနာတွေအားလုံးရဲ့အရင်းအမြစ်က နိုင်ငံရေးပြဿနာဖြစ်တဲ့အတွက် ကျနော်တို့ဘက်က နိုင်ငံရေးကိစ္စတွေကိုပဲ စတင်ဆွေးနွေးသွားရမှာပါ။

မေး။ ။ ကေအိုင်အိုကို စတင်ဖွဲ့စည်းတုန်းက ကချင်တွေက လုံးဝလွတ်လပ်ရေးကို လိုချင်ခဲ့တာပါ။ ၁၉၇၀ နောက်ပိုင်းကျမှ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပြောင်းလဲတောင်းဆိုလာတယ်။ ဘာလို့ သူတို့ရဲ့ရပ်တည်ချက်ကို လုံးဝလွတ်လပ်ရေးကနေ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုပြောင်းသွားရတာလဲ။
ဖြေ။ ။ ကျနော်တို့ရဲ့အခြေခံရည်မှန်းချက်ကို ရနိုင်မှာမဟုတ်ဘူးဆိုတာ သိမြင်လာလို့ပါ။ ဒါ့ကြောင့် အခြေအနေကိုလိုက်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ကိုတောင်းဆိုရခြင်းဖြစ်ပါတယ်။ ကျနော်တို့ရဲ့နှလုံးသားထဲမှာ အမြစ်စွဲနေတဲ့လုံးဝလွတ်လပ်ရေးဆိုတာ ကျနော်တို့ရဲ့အခြေအနေအရ ဘယ်လိုနည်းနဲ့မှ ညှိနှိုင်းဆွေးနွေးရယူဖို့ မဖြစ်နိုင်ပါဘူး။ ကျနော်တို့တိုင်းပြည်ဟာ ကုန်းတွင်းပိတ်ဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတွေကြောင့်၊ ကျနော်တို့ရဲ့စစ်ရေးအင်အား၊ ခေါင်းဆောင်မှုစတာတွေကြောင့် ကျနော်တို့ရဲ့ရပ်တည်ရှင်သန်ခွင့်အတွက် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့လိုပါတယ်။
တချိန်တုန်းကတော့ ဆိုရှယ်လစ်အစိုးရတွေ စည်းလုံးညီညွတ်တော့မလို ဖြစ်လာခဲ့တယ်။ ဆိုဗီယက်ယူနီယံ၊ ယူဂိုဆလားဗီယားနဲ့ အနောက်နိုင်ငံတွေ ညီညွတ်ကြတော့မလိုဖြစ်ခဲ့တယ်။ နေရာဒေသတိုင်းမှာ အားလုံးက ပေါင်းစည်းညီညွတ်လာကြတော့ ကျနော်တို့လည်း ပြောင်းလဲဖို့ကြိုးစားခဲ့တယ်။ အခြားတိုင်းရင်းသား လူမျိုးစုတွေဖြစ်တဲ့ ကရင်၊ ချင်း၊ ရခိုင်တွေနဲ့မဟာမိတ်ဖွဲ့ခဲ့တယ်။ သူတို့နဲ့ ပေါင်းစည်းခြင်းအားဖြင့် ကျနော်တို့ရဲ့နိုင်ငံရေးရပ်တည်ချက်ကို ပိုပြီးခိုင်မာစေချင်ခဲ့တယ်။ ကျနော်တို့ရဲ့နောက်ဆုံး အဆုံးအစွန်ရည်မှန်းချက်ကတော့ လုံးဝလွတ်လပ်ရေး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
Black Angle
ကချင်သမိုင်း သုံးသပ်ချက်များ( Lachid Kachin )

မေး။ ။ ကိုလိုနီမတိုင်ခင်ခေတ်က စကြရအောင်။ အဲဒီအချိန်တုန်းက ကချင်လူမျိုးတွေနဲ့ မန္တလေးက ဗမာဘုရင်တွေရဲ့အကြားဆက်ဆံရေးက ဘယ်လိုရှိခဲ့သလဲ။
ဖြေ။ ။ ကချင်လူမျိုးတွေဟာ ဗမာပြည်နဲ့တရုတ်ပြည်ကြားမှာ နေထိုင်ခဲ့ကြတယ်။ အင်အားကြီးတိုင်းပြည်နှစ်ခု ကြားနေဖြစ်ခဲ့ကြတယ်။ ဗမာဘုရင်တွေ တရုတ်ပြည်ကိုသွားရောက်တိုင်းမှာ ကချင်အကြီးအကဲတွေနဲ့ညှိနှိုင်း ရလေ့ရှိတယ်။ သမိုင်းမှတ်တမ်းမရှိခင်အချိန်ကတည်းက ကျနော်တို့ဟာ ဒီကြားနေနယ်မြေမှာ နေထိုင်ခဲ့ကြတယ်။ ကချင်တွေဟာ ဒီနယ်စပ်ဒေသကို ထိန်းချုပ်ခဲ့ကြတယ်။ ကချင်လူမျိုးတွေဟာ ဗမာဘုရင်တွေနဲ့ဆက်ဆံရေး ရှိတစ်လှည့်၊ မရှိတစ်လှည့် ဖြစ်ခဲ့တယ်။ တခါတရံ ဗမာဘုရင်တွေက မိုးကောင်း၊ ဗန်းမော်တို့ကိုသိမ်းပိုက်ခဲ့ဖူးတယ်။ အောက်ပိုင်းဒေသတွေလောက်ပါပဲ။ အရင်တုန်းကတော့ ကချင်တွေဟာ ကြေးစားစစ်သားတွေဖြစ်ခဲ့တယ်။ ကချင်တွေရဲ့အားသာချက်က ဒီတောင်တန်းဒေသ၊ ဒီရာသီဥတုတွေနဲ့ သဟဇာတဖြစ်အောင်နေထိုင်တတ်တယ်။ ဗမာတပ်မှာ လက်နက်ကောင်းတွေ ရှိပေမယ့် သဘာဝအတားအဆီးတွေကို သူတို့မကျော်လွှားနိုင်ခဲ့ကြဘူး။ စစ်ဖြစ်တိုင်းမှာ ကချင်တွေနဲ့မိတ်ဖွဲ့တဲ့သူက နိုင်စမြဲပဲ။

ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက် နေသူများ အတွက်

Sawpudu Du shared Aye Chan Mon's photo.
ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက် နေသူများ အတွက်

မိန်းခလေးဘဲ ဖြစ်ဖြစ် ယောင်္ကျားလေး ဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုး တတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီများ နေသူတွေ အတွက်... လက်တွေ့... ၇ ရက်အတွင်း...
သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျ စေတဲ့ ဆေးနည်းလေးကို မျှဝေ လိုက်ပါတယ်... ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန် သက်သာပါတယ်... အိမ်မှာ ရှိတတ်တဲ့ ပစ္စည်းလေး တွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..

ပါဝင်တဲ့ ပစ္စည်းတွေ ကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါ လိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...

ဖေါ်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်း ပုဂံလုံး ထဲကို အရည်ညှစ်ပါ... အကြမ်း ပုဂံလုံး ထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/ မိဂသီ/ ရှမ်းရိုးမ/ လင်ဇီး (လိမ်းဆေးထည့်) တစ်မျိုးမျိုးကို တစ်ခါ လိမ်းစာ အနေတော် ထည့်ပြီး... မွှေပေးပါ...

အသုံးပြုနည်း

ညအိပ်ယာ ၀င်ခါနီးတိုင်း...ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှ အောက်သို့ ဆွဲချပြီး အသားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင် အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်း ပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...

မှတ်ချက်- ညစာကို ပုံမှန်ထက်... လျှော့စားပေးရင်... ပိုပြီး သိသိ သာသာ ဗိုက်ချပ် စေပါတယ်... တစ်ပါတ် အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျ သွားမှာ ဖြစ်ပါတယ်။

http://www.myawady.com.mm/health/treatment/item/4503-2013-01-16-09-44-07#.UQZo5B03t8E

အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက် နေသူများ အတွက်

မိန်းခလေးဘဲ ဖြစ်ဖြစ် ယောင်္ကျားလေး ဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုး တတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီများ နေသူတွေ အတွက်... လက်တွေ့... ၇ ရက်အတွင်း...
သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျ စေတဲ့ ဆေးနည်းလေးကို မျှဝေ လိုက်ပါတယ်... ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန် သက်သာပါတယ်... အိမ်မှာ ရှိတတ်တဲ့ ပစ္စည်းလေး တွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..

ပါဝင်တဲ့ ပစ္စည်းတွေ ကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါ လိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...

ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာ အုပ်စု လေးမျိုး

Maung Maung Kyaw and 2 other people shared Aye Chan Mon's photo.
ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာ အုပ်စု လေးမျိုး

၁။ ကြက်ဥနှင့် ကြက်သား

အမိုင်နို အက်စစ်တွေက ဆံပင် သန်စွမ်း စေဖို့အတွက် လိုအပ်တဲ့ ပရိုတင်းတွေ ပါပဲ။ ပရိုတင်းဓာတ် များများ ရအောင် အသား၊ ငါး၊ ကြက်သား၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေ၊ ပဲနို့၊ ဥအမျိုးမျိုး စတာတွေ စားပေးပါ။ ကြက်ဥမှာ များစွာပါဝင်တဲ့ ဘိုင်အိုတင်နဲ့ ဗီတာမင်ဘီ- ၁၂က ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အရေပြားမှာရှိတဲ့ ဆဲလ်တွေကို ကြီးထွားစေပါတယ်။

၂။ ငါးနှင့် အိုမီဂါ- ၃

မပြည့်ဝ ဆီဖြစ်တဲ့ အိုမီဂါ- ၃ အဆီတွေက ဆံပင်နဲ့ အရေပြားကို ကျန်းမာ သန်စွမ်း စေပါတယ်။ အိုမီဂါ- ၃ အဆီကို ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး စတဲ့ ငါးတွေနဲ့ သစ်ကြားသီး၊ မိကျောင်း ကွမ်းဖတ်နဲ့ ပဲပိစပ်တွေကနေ များစွာ ရရှိနိုင်ပါတယ်။

၃။ အမဲသား၊ ကမာကောင်နှင့် အစေ့အဆန်

အမဲသားနဲ့ ကမာကောင်တွေမှာ ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ဇင့်ဓာတ် ချို့တဲ့ပါက ဆံပင် ကျွတ်စေပါတယ်။ အစေ့အဆန် တွေဖြစ်တဲ့ ဗာဒံစေ့၊ သစ်ကြားသီး တွေကနေလည်း ဇင့်ဓာတ်ကို ရရှိနိုင်ပါတယ်။ ထောပတ်သီးနဲ့ သံလွင်ဆီမှာ ဗီတာမင်အီးတွေ ပါဝင်တာကြောင့် ဆံသားကို ကျန်းမာ သန်စွမ်းစေပါတယ်။

၎။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် တွေဖြစ်တဲ့ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ် စတာတွေမှာ သံဓာတ်၊ ဗီတာမင်အေနဲ့ ဗီတာမင်စီဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ဗီတာမင် အေနဲ့ စီက ဆံပင်ရဲ့ အရင်းမှာရှိတဲ့ မွေးညင်း အိတ်လေးတွေ ကနေ အဆီတွေကို ထုတ်လုပ် ပေးပြီး ဆံသားနူးညံ့ ပျော့ပျောင်းစေတဲ့ ကွန်ဒီရှင်နာအဖြစ် လုပ်ဆောင် ပေးပါတယ်။

http://www.myawady.com.mm/health/preventing/item/5332-2013-01-25-09-46-33#.UQSL3B03t8E

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာ အုပ်စု လေးမျိုး

၁။ ကြက်ဥနှင့် ကြက်သား

အမိုင်နို အက်စစ်တွေက ဆံပင် သန်စွမ်း စေဖို့အတွက် လိုအပ်တဲ့ ပရိုတင်းတွေ ပါပဲ။ ပရိုတင်းဓာတ် များများ ရအောင် အသား၊ ငါး၊ ကြက်သား၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေ၊ ပဲနို့၊ ဥအမျိုးမျိုး စတာတွေ စားပေးပါ။ ကြက်ဥမှာ များစွာပါဝင်တဲ့ ဘိုင်အိုတင်နဲ့ ဗီတာမင်ဘီ- ၁၂က ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အရေပြားမှာရှိတဲ့ ဆဲလ်တွေကို ကြီးထွားစေပါတယ်။

၂။ ငါးနှင့် အိုမီဂါ- ၃

မပြည့်ဝ ဆီဖြစ်တဲ့ အိုမီဂါ- ၃ အဆီတွေက ဆံပင်နဲ့ အရေပြားကို ကျန်းမာ သန်စွမ်း စေပါတယ်။ အိုမီဂါ- ၃ အဆီကို ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး စတဲ့ ငါးတွေနဲ့ သစ်ကြားသီး၊ မိကျောင်း ကွမ်းဖတ်နဲ့ ပဲပိစပ်တွေကနေ များစွာ ရရှိနိုင်ပါတယ်။

အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း

နန္ဒ ထွန်း shared Knowledge Library .'s photo.
အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း
========================


အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများ အတွက် ပထမဦးစွာ ရှောက်ရွက် ကြမ်းများကို ရှာထားပါ။

ပုလင်း တစ်လုံးစီတွင် ရိုးရိုး သကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများ တစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက် လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံး သွားပေးပါ။

တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။ အဆီကျ ဓာတ်စာဆေးများ စားခြင်းထက် စိတ်ချရသော ရိုးရာ ဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်း အဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်း တို့မှလည်း သက်သာ ပျောက်ကင်း စေပါသည်။

လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက် နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင် စားထားရန် အမှာရှိသည်။ ထို့သို့ စားပေးခြင်းဖြင့် လေရောဂါများ မ၀င်ရောက်နိုင်၊ လေထိုး၊ လေအောင့်၊ လေငန်းရောဂါများ မ၀င်ရောက်နိုင်။ လေငန်း ရောဂါရှင်များ ရှောက်ရွက်၊ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူတို့ဖြင့် ဟင်းခါးချက် ကာ နေ့စဉ် သောက်သုံး ပေးခြင်းဖြင့် လေငန်း ရောဂါမှ သက်သာ ပျောက်ကင်း စေသည်။
-------------------------------
မြ၀တီကျန်းမာရေးကဏ္ဍ မှ
အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း
========================


အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများ အတွက် ပထမဦးစွာ ရှောက်ရွက် ကြမ်းများကို ရှာထားပါ။

ပုလင်း တစ်လုံးစီတွင် ရိုးရိုး သကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများ တစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက် လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံး သွားပေးပါ။

လက်ဝဲ၊ လက်ယာ ဆိုတာ ဘာကို ခေါ်တာပါလဲ။ ဘယ်က ပေါ်ပေါက်လာတာပါလဲ/by ကိုထိုက်

နိုင်ငံရေးစကားလုံး ဗဟုသုတ အချို့ပါ။ စိတ်ဝင်စားသူတွေအတွက် ...

နိုင်ငံရေး စကားလုံးတွေမှာ လက်ဝဲ၊ လက်ယာ ဆိုပြီး ခွဲခြား ပြောဆိုမှုတွေ ရှိသလို .. ဒီလူက လက်ဝဲ ဝါဒီ၊ ဒီလူက လက်ယာ ဝါဒီဆိုပြီး ပြောဆိုကြတာ ရှိပါတယ်။

လက်ဝဲ၊ လက်ယာ ဆိုတာ ဘာကို ခေါ်တာပါလဲ။ ဘယ်က ပေါ်ပေါက်လာတာပါလဲ ... စိတ်ဝင်စားစရာပါ။

တချို့က လက်ယာကို .. ရှေးရိုးစွဲဝါဒီ တွေလို့ ခေါ်ကြပြီး၊ လက်ဝဲကို တော်လှန်သူတွေလို့ ခေါ်ကြပါတယ်။ ဒါလည်း မမှားပါဘူး။ တချို့ကတော့ ... လက်ယာကို လူချမ်းတွေနဲ့ စီးပွားရေး တစ်ခုကိုပဲ မျက်နှာသာပေးတဲ့ နိုင်ငံရေးမူဝါဒ စွဲကိုင်သူများနဲ့ လက်ဝဲကို လူအများ တန်းတူရေး (ဆိုရှယ်လစ်၊ ကွန်မြူနစ်) ဝါဒ စွဲကိုင်သူများလို့ သတ်မှတ်ကြပါတယ်။ ဒါလည်း မှန်ပါတယ်။ လက်ဝဲ၊ လက်ယာ ဝါဒတွေမှာ သူတို့ စွဲကိုင်တဲ့မူဝါဒတွေက ကွဲကြပါတယ်။ (ဝါဒအကြောင်း ပြောတာ မဟုတ်လို့ ဒီနေရာမှာ ဝါဒကိစ္စ အရှည် မရှင်းတော့ပါ။)

ဘယ်က ပေါ်ပေါက်လာတာလဲဆိုတာ ကတော့ (ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ် အခင်းအကျင်းကြီး တစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့တဲ့) ... ပြင်သစ် တော်လှန်ရေးကာလကနေ ထွက်ပေါ်လာတဲ့ စကားလုံး ဖြစ်ပါတယ်။

ဆရာနိုင်ဝင်းဆွေ ရဲ့ ငွေ. . .ရွှေ . . .ရတု


24th . Feb . 95 မှာ ဘ၀ထဲကအပြီးခရီးထွက်ခွာသွားခဲ့သော
အကိုကြီးနိုင်ဝင်းဆွေရဲ့ကဗျာ
 
" ငွေ . . . ရွှေ . . . ရတု "       --    နိုင်ဝင်းဆွေ ( 1940 - 1995 )

အရွယ်ပြည့်ဝန်းတဲ့ 
နှစ်လေးဆယ်ပာာ
တေးလေးတဖဲ့
အမှတ်တရနဲ့ ကျနော်
ရေးဖွဲ့ခဲ့ဖူးရဲ့ ။

အဲသည်တုန်းက
ပြီးတော့လဲ အမှတ်တမဲ့နဲ့ပဲ
ပျောက်လဲပျောက်ကွယ် 
အချစ်မီးလေးတခဲ 
ရင်ထဲမှာစွဲငြိဆဲလေ ။

အချစ်ကို ချစ်
အလှကို ချစ်
အနုပညာကို ချစ်သူရဲ့
အချစ်ကို အုံဖွဲ့လို့ ။

" အမြဲတန်း မြူနှင်းတွေ မှိုင်းပြာဝေနေတဲ့
ကာဝိုင်း တောင်မကြီးထိပ်က
ဝ ဒိုင်နယ်ရုံးကလေးရှေ့မှာ
ကမြူး ခုန်ပေါက်နေတဲ့
အမွေးဖွား ခွေးကလေးနဲ့
ဆော့ကစားနေတဲ့ ကျနော်လေ " ။

" အနုပညာကိုချစ်
ယုံကြည်ချက်ကိုချစ်
သစ္စာတရားကိုချစ်
လောကကို ငါချစ်တယ်
အချစ်ကြောင့်ပဲ ကွန်မြူနစ်လဲဖြစ်လာတယ် " ။

အဲသည် တေးလေးတဖဲ့
ကျနော် ရေးဖွဲ့ခဲ့ဖူးရဲ့ ။

၁၉၈၆ ကလောင်နှစ် နှစ် ၂၀
ပထမ အရွယ်နေ့
ကျနော့် ရွှံ့အိမ်ဖြူလေးရဲ့ နံရံထက်မှာ
ကျနော်က
" ပာင့်အင်း....ညီအကိုတို့
အာဏာ
ငွေ
ကျော်ဇောခြင်းနှင့်
ရောင်းဝယ်ခြင်းမပြုမှသာ
အနုပညာရဲ့ တြိသီလတရားလို့
ကျနော် ကိုးကွယ်ထားတယ် " ။

" ပာုတ်တယ် ညီအကိုတို့
တဂိုးရဲ့တရား တဂိုးရဲ့စကား
တဂိုးရဲ့အနုပညာနှလုံးသား
ကျနော် ကိုးကွယ်ထားတယ်" 

ဘင်္ဂလားပြည်ရဲ့ ခေါင်းဆောင်သစ်
ငါမဖြစ်ချင်ဘူးတဲ့ ။

" ပာုတ်တယ် ညီအကိုတို့
တကယ်လို့ နောင်ဘ၀မှာ
လူပြန်လာဖြစ်ခဲ့ရင်လည်း
ကျနော်လည်းလေ
လုံမလေးတွေ ထောပတ်မွှေရာ
ဘရိန္တာတောအုပ်ထဲက
သော်ကပင်ရိပ်အောက်မှာ
ပုလွေကြူအေး
လောကအတွက်တေး
သီကုံးပေးနေတဲ့
နွားကျောင်းသားလေးပဲဖြစ်ချင်တယ် " ။

မနှစ်ကတော့ 
ဖလံတောင်ဝှေးများဖြစ်ထွန်းရာ တိုင်းပြည်မှာ
မာနယ်ပလောရဲ့ သောင်ရင်းမြစ်ကမ်းမှာ
နွားကျောင်းသားလေးများ ဖွားသန့်စင်ရာ
စာသဘင်တေးကို သီကြွေးတဲ့အခါ
တေးလေးတပိုဒ်
ကျနော် ရေးလိုက်ဖူးရဲ့ ။

သဲကန္တာရမုန်တိုင်းမှာ
နိုင်ငံရေးသမားအိုပာာ
တောင်ဝှေးကို ထောက်ကိုင်လို့
ဖရိုဖရဲ အပြိုပြိုအလဲအလဲ လူအုပ်ကြီးထဲ
တချို့က နောက်ပြန်ပြေးနေရဲ့
တချို့က လူးလှိမ့်ငိုကြွေးရင်း မြေပြင်ပေါ်မှာ
တချို့က ခိုလိုညည်းတွားလို့
တချို့က မျက်စိစုံမှိတ်ရင်း
အားတင်းသီချင်းအော်ပာစ်လို့
တချို့ကဒေါသပေါက်ကွဲနေ
တချို့က တချို့ကို အတင်းဆွဲထူ
တချို့က တချို့ကို အားပေး
ကိုယ့်ကိုကိုယ်လည်း အားပေးလို့
တည်ငြိမ်ရင့်ကျက်တဲ့ 
သူရဲကောင်းတွေလည်း များစွာပါရဲ့ ။

သတိကို တဖြေးဖြေးစောင့်ခေါ်ရင်း
အဖိုးအိုပာာ မောပန်းနွမ်းလျနေလေရဲ့ ။

အဲသည်အခိုက်မှာ
ဓားဝင့်လိုက်တဲ့ တကိုယ်တော်သမားပာာ
လျှပ်စီးများနဲ့ ရောထွေးယှက်နေတဲ့ မုန်တိုင်းထဲမှာ
သူ့မြင်းကို ဇက်ကုန်လွှတ် ကဆုန်စိုင်းလို့
လူတွေမမြင်တွေ့နိုင်သေးတဲ့
ပိာုးအဝေးကအနာဂတ်ဆီ
ဖြတ်ချီသွားလေရဲ့
ရှေ့ဆုံးများရဲ့ ရှေ့ဆုံးကလူ
သူ အနုပညာသမားပေါ့ ။

အနုပညာဘုံမှာ
သေခြင်းကင်းစွာ ဇရာမရှိ
ထာဝရနုပျို
စိမ်းစိုနေတဲ့ အလှနဲ့ သစ္စာ
ပရမတ္တအချစ်နဲ့ ရွှန်းသစ်မှု
အော် . . . 
ကျနော်ရဲ့အနုပညာတောင်မှ 
ငွေရတုမြောက်ခဲ့ပါပေါ့ ။

ညည်နေ့မှာ
" သန်းဆွေ ၊ ခင်နှင်းယု
မင်းသုဝဏ် ၊ မင်းဏီ
မမလေး ( ဂျာနယ်ကျော် )
ကျနော့ရဲ့ တေးသမားဘ၀ကို
မွေးဖွားသန့်စင်ပေးခဲ့သူ
ဆရာ အဆူဆူနဲ့ ပဲာမင်းဝေးအား
နှလုံးသားမှ မြတ်နိုး
ရိုကျိုး မာန်လျှော့ ဖြေလျှော့
ကျနော် ကန်တော့ဧ။် " ။

အော် . . .
ကျနော်တောင်မှပဲလေ
ရတုမြစ်ရဲ့ပျိုမြစ်စိမ်းလန်းမှု
ငွေသားထု ပြင်ကျယ်ထက်မှာ
( ဘယ်လောက်များ လှပ တောက်ပ နေလိုက်ပါသလဲ )
အရွယ်ရဲ့ ငြိမ်သက်မြဲမြံမှု
ရွှေနေခြည်များ ဆွတ်ဖြန်းထားလိုက်ပေါ့ ။ ။။

နိုင်ဝင်းဆွေ
( 1st . April . 1991 )

ကျမရဲ့16 နှစ်ပြည့် မွေးနေ့
First April မှာရေးခဲ့သောကြောင့် အမှတ်တရပါပဲ ။
‎24th . Feb . 95 မှာ ဘ၀ထဲကအပြီးခရီးထွက်ခွာသွားခဲ့သေ

အကိုကြီးနိုင်ဝင်းဆွေရဲ့ကဗျာ

" ငွေ . . . ရွှေ . . . ရတု " -- နိုင်ဝင်းဆွေ ( 1940 - 1995 )

အရွယ်ပြည့်ဝန်းတဲ့
နှစ်လေးဆယ်ပာာ
တေးလေးတဖဲ့
အမှတ်တရနဲ့ ကျနော်
ရေးဖွဲ့ခဲ့ဖူးရဲ့ ။

အဲသည်တုန်းက
ပြီးတော့လဲ အမှတ်တမဲ့နဲ့ပဲ
ပျောက်လဲပျောက်ကွယ်
အချစ်မီးလေးတခဲ
ရင်ထဲမှာစွဲငြိဆဲလေ ။

အချစ်ကို ချစ်
အလှကို ချစ်
အနုပညာကို ချစ်သူရဲ့
အချစ်ကို အုံဖွဲ့လို့ ။

" အမြဲတန်း မြူနှင်းတွေ မှိုင်းပြာဝေနေတဲ့
ကာဝိုင်း တောင်မကြီးထိပ်က
ဝ ဒိုင်နယ်ရုံးကလေးရှေ့မှာ
ကမြူး ခုန်ပေါက်နေတဲ့
အမွေးဖွား ခွေးကလေးနဲ့
ဆော့ကစားနေတဲ့ ကျနော်လေ " ။

မြန်မာ့ရိုးရာ လက်ထပ် ထိမ်းမြားခြင်း

နန္ဒ ထွန်း shared Knowledge Library .'s photo.
မြန်မာ့ရိုးရာ လက်ထပ် ထိမ်းမြားခြင်း 
===================
ယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေး တစ်ယောက် အချိန်တန် အရွယ်ရောက်၍ လူလား မြောက်သောအခါတွင် အိမ်ထောင် ပြုကြသည်မှာ လောကဓမ္မတာ တစ်ခုပင် ဖြစ်သည်။ ထိုသို့ အရွယ်ရောက်သော ယောက်ျား တစ်ယောက်နှင့် အရွယ်ရောက်သော မိန်းကလေး တစ်ယောက် အိမ်ထောင် ပြုသည်ကို မြန်မာတို့က ထိမ်းမြား မင်္ဂလာဆောင်သည်ဟု ခေါ်ဝေါ် သမုတ်ကြ လေ့ရှိသည်။ ထိုအခါ မျိုးများတွင်လည်း မင်္ဂလာ အခမ်းအနားများကို ကျင်းပ လေ့ရှိကြသည်။ 
မြန်မာ့ရိုးရာ ထိမ်းမြားမင်္ဂလာ အခမ်းအနားများ
မြန်မာနိုင်ငံကား ရှေးနှစ်ပေါင်း များစွာ ကတည်းကပင် တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးခဲ့သော နိုင်ငံဖြစ်သည်။ ထို့အတွက် မြန်မာ့ လူမှုနယ်ပါယ်တွင် ထိမ်းမြား မင်္ဂလာဆောင်ခြင်း ကိစ္စနှင့် ပတ်သတ်၍ “တစ်သက်မှာ တစ်မင်္ဂလာ” ဟူသော စကားတစ်ခုသည် အထူးပင် ရေပန်းစား ခဲ့လေသည်။ အဆိုပါ စကားကို မြန်မာ အမျိုးသားများ အနေဖြင့် ဥပက္ခာပြု မထားကြသည့်တိုင် မြန်မာ အမျိုးသမီးများကမူ ထိုစကားအပေါ် အထူးသဖြင့် ပို၍ အလေးထားကြ ဟန်ရှိသည်။ ထို့အတွက်လည်း အမျိုးသမီးများ အနေဖြင့် မင်္ဂလာအခမ်းအနား ကျင်းပခြင်းကို အမျိုးသားများထက် ပို၍ နှစ်ခြိုက် ကြခြင်းလည်း ဖြစ်ပုံရသည်။
မင်္ဂလာ အခမ်းအနား ကျင်းပ ရာတွင်လည်း အမျိုးသမီးများက အမျိုးသားများထက် ပို၍ ပြင်ဆင် ခြယ်သ ကြလေ့ရှိသည်။ သို့ရာတွင် ၄င်းတို့၏ ၀တ်စား ဆင်ယင် ပုံများကတော့ ရှေးမြန်မာ့ ရိုးရာများ အတိုင်းပင် ဖြစ်သည်။ မြန်မာဘုရင်များ လက်ထက်က နန်းတွင်းသူများ ၀တ်သည့် ပုံစံအတိုင်းပင် ဖြစ်သည်။ တင်ပါး အထိဖုံးသော ခါးထောင် အင်္ကျီနှင့် ထိုင်မသိမ်း ပင်ဖြစ်သည်။ အရောင်အသွေး ၊ ပိတ်စ အမျိုးအစားနှင့် ခေတ်အလျောက် ဒီဇိုင်း အနည်းငယ် ပြောင်းလဲမှု ရှိသည့်တိုင် အခြေခံပုံစံ ကတော့ ဆိုခဲ့ပြီးသလို ရှေးမြန်မာ နန်းတွင်းသူတွေ အတိုင်းပင်ဖြစ်သည်။ အလားတူပင် မြန်မာ အမျိုးသားများ မှာလည်း မင်္ဂလာ အခမ်းအနားတွင် ရိုးရာ အ၀တ် အထည်များ ကိုသာ ၀တ်ဆင် ကြသည်။ မင်္ဂလာဆောင်မည့် အမျိုးသား (သတို့သား) အတွက် အဓိကျသည့် ၀တ်စုံမှာ ခေါင်းပေါင်း ၊ ကော်လံကတုံး ရှပ်အင်္ကျီ အဖြူ ၊ တိုက်ပုံ နှင့် သာမန် လုံချည်များထက် နှစ်ဆနီးပါးမျှ ပို၍ရှည် လျားသော (တောင်ရှည်) ပုဆိုးတို့ ဖြစ်သည်။ ထိုဝတ်စုံနှင့် လိုက်ဖက် ညီအောင်လည်း သတို့သားမှာ ကတ္တီပါ (သို့မဟုတ်) သားရေ ညှပ်ဖိနပ်ကိုသာ စီးနင်းကြလေ့ ရှိသည်။
ဘိသိက်ဆရာ
အခမ်းအနား အများအပြားတွင် အခမ်းအနားမှုး (Master of Ceremony) ရှိလေ့ ရှိကြသည့် အတိုင်း မြန်မာ့ မင်္ဂလာ အခမ်းအနားများတွင် လည်းအခမ်းအနားမှုး လုပ်သူများပါရှိ လေ့ရှိကြသည်။ ထိုသူကို မြန်မာမှု အခေါ်အဝေါ်အရ ဘိသိက်ဆရာ ဟုခေါ်လေ့ရှိသည်။ ထိုဘိသိက်ဆရာက မင်္ဂလာ အခမ်းအနား တစ်ခုလုံးကို ဦးဆောင် ကျင်းပပေးရသလို မင်္ဂလာ သတို့သားနှင့် သတို့သမီး အပါအ၀င် နှစ်ဖက်သော မိဘဆွေမျိုး အသိုင်းအ၀ိုင်းအား ချီးမွမ်းခန်း နှင့် မင်္ဂလာ သတို့သားနှင့် သတို့သမီးတို့ ရွှေလက်မြဲမြဲ တွဲနိုင်ပါစေကြောင်း ဆုတောင်းခန်း တစ်ခုပါရှိသည့် ကဗျာရှည် တစ်ပိုဒ်ကို အထူး ရေးသားကာ ဖတ်ကြားပေးရသည်။ ဤသို့ ဖတ်ကြားပေးခြင်းကို ဘိသက် မြောက်ခြင်းဟု ခေါ်သည်။ သြဘာ စာဖတ်သည်ဟုလည်း သုံးနှုန်းကြသည်။ သို့ရာတွင် အဆိုပါ ဘိသိက်ဆရာမှာ မင်္ဂလာ အခမ်းအနား တစ်ခုလုံးကို ဦးဆောင် ကျင်းပ ပေးရသူဖြစ်သည့်တိုင် အခမ်းအနား ထွက်ရာတွင် မင်္ဂလာမောင်နှံရှေ့မှ ဦးဆောင် ခွင့်ရသူမဟုတ်ပေ။ မင်္ဂလာမောင်နှံရှေ့မှ ဦးဆောင် ထွက်ခွင့် ရသူမှာတော့ ပန်းကြဲသည့် မိန်းမပျိုသာဖြစ်သည်။ ထိုမိန်းမပျိုက မင်္ဂလာမောင်နှံ ရှေ့မှ ဦးဆောင်ကာ မင်္ဂလာ မောင်နှံလာမည့် လမ်းတစ်လျှောက် (စတိသဘော) ပန်းကြဲ ပေးရခြင်းဖြစ်သည်။ ထိုသို့ ပန်းကြဲခြင်းမှာ မြန်မာ့ရိုးရာ ရှေးရိုး အစဉ်အလာ တစ်ရပ် ဖြစ်ပြီး မင်္ဂလာမောင်နှံ၏ ဘ၀ခရီး တစ်လျှောက် ပန်းခင်းသော လမ်းတွင် လျှောက်ရ ပါစေကြောင်း အတိတ်နိမိတ်ကို ဆောင်ကျဉ်းခြင်းဖြစ်သည်။
အဆိုပါ ပန်းကြဲသော မိန်းမပျို၏ နောက်တွင် မင်္ဂလာမောင်နှံက နေရာယူကြရသည်။ ၄င်းတို့၏ နောက်တွင်မှ သတို့သား ၊ သတို့သမီး အရံများ ၊ မင်္ဂလာမောင်နှံ၏ နှစ်ဘက်သော မိဘများက တန်းစီလိုက်ပါကာ အခမ်းအနား ထွက်ကြရသည်။ (သို့ရာတွင် အချို့သော မင်္ဂလာဆောင်များ တွင်မူ ပန်းကြဲသည့် မိန်းမပျိုနှင့် မင်္ဂလာ မောင်နှံကြားတွင် မင်္ဂလာလက်စွပ် ဗန်းကိုင်များ ၊ မင်္ဂလာ ပန်းကုံးကိုင်များကို တတ်နိုင်လျှင် တတ်နိုင်သလို ထည့်သွင်း ကြလျက်ရှိသည်။)

မင်္ဂလာ အခမ်းအနားသို့ ကြွရောက်လာသော ပရိတ်သတ်များမှာ သတို့သားနှင့် သတို့သမီး ၊ နှစ်ဖက်သော အသိုင်းအ၀ိုင်းမှ ဆွေမျိုးများ ၊ မိတ်ဆွေ သင်္ဂဟများနှင့် ၄င်းတို့၏ မိဘများ၏ မိတ်ဆွေ သင်္ဂဟများ ၊ အိမ်နီးချင်းများသာ ဖြစ်လေ့ရှိကြသည်။ သို့ရာတွင် ထိုသို့ မင်္ဂလာ အခမ်းအနားသို့ တက်ရောက် လာကြသူများမှာ မင်္ဂလာ မောင်နှံအတွက် လက်ဆောင်များ ကိုယ်စီ ပါးလေ့ရှိကြသည်။ ဤသည်ကို မြန်မာမှု နယ်ပယ်တွင် မင်္ဂလာလက်ဖွဲ့ သည်ဟု ပြောစမှတ်ပြုလေ့ ရှိကြသည်။ အိမ်ထောင်တစ်ခုကို စတင် တည်ထောင်မည့်သူ နှစ်ဦးအား မိမိတို့ တတ်နိုင် သလောက် ၀ိုင်းဝန်း ထောက်ပံ့ကြသည့် သဘောဖြစ်သည်။ ထိုကဲ့သို့သော မင်္ဂလာ အခမ်းအနားတစ်ခု၏ ကြာမြင့်ချိန်သည် တစ်နာရီခွဲမှ သုံးနာရီ အထိကြာ မြင့်လေ့ရှိသည်။ သို့ရာတွင် မင်္ဂလာ အခမ်းအနား ပြီးသည့်တိုင် သတို့သားနှင့် သတို့သမီးတို့၏ လုပ်ငန်းစဉ်များမှာ မပြီးဆုံးသေးပေ။ အိမ်ပြန်ပြီး ဘုရားရှိခိုး ကြရသည်။ နှစ်ဖက်သော မိဘများကို ကန်တော့ကြရသည်။ ပြီးမှ မိမိတို့ နေထိုင်မည့် အိမ်(သို့မဟုတ်) အခန်းကို ၀င်ကြရသည်။ ဤနေရာတွင် မြန်မာတို့၏ ချစ်စရာ လူမှု ဓလေ့တစ်ခုကို တွေ့နိုင်သည်။ အခန်းတွင်း ၀င်မည့် မင်္ဂလာမည့် မောင်နှံကို ရွှေကြိုး ၊ ငွေကြိုး များတား၍ ခဲဘိုးတောင်း ကြခြင်းပင်။ ခြိမ်းခြောက်ခြင်း ၊ အနုကြမ်းစီးခြင်း ကဲ့သို့ မဟုတ်ပဲ အပျော်သဘော လာဘ်တောင်း ခြင်းဖြစ်သည်။ သို့ရာတွင် အထက်ပါ ကဲ့သို့သော မင်္ဂလာဆောင်မှု မျိုးမဟုတ်သော ဓလေ့မျိုးကိုလည်း မြန်မာမှု နယ်ပယ်တွင် ရှိနေသေးပါသည်။ ထိုအရာများကား မင်္ဂလာ ဆွမ်းကပ်ခြင်းနှင့် ရုံးတက် လက်မှတ်ထိုးခြင်း တို့ဖြစ်သည်။

မင်္ဂလာဆွမ်းကပ်ခြင်း
သံဃာတော် များအား ပင့်ဖိတ်ကာ ဆွမ်းနှင့်တကွ လှူဘွယ်ဝတ္ထု အစုစုတို့ကို လှူးဒါန်း ဆက်ကပ်ခြင်း ဖြစ်သည်။ ဗုဒ္ဓအလိုကျ လက်ထပ်နည်း ဖြစ်ပြီး ဧည့်ပရိတ်သတ် များလည်း ဖိတ်ကြားကျွေးမွေး နိုင်သည်။ များသောအားဖြင့် သီးသန့်မင်္ဂလာ အခမ်းအနား ကျင်းပသည် ဖြစ်စေ ၊ မကျင်းပသည်ဖြစ်စေ မင်္ဂလာဦးအလှူ အဖြစ်ကျင်းပလေ့ရှိကြသည်။

ရုံးတက်လက်ထပ်ခြင်း
ဥပဒေအရ လက်ထပ်သည့် လက်ထပ်နည်း ဖြစ်သည်။ တရားရုံး တစ်ခုခုတွင် ဂျူဒီလူကြီးရှေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုပြီး လက်ထပ် စာချူပ်ပေါ်တွင် သတိုးသားရော သတိုးသမီးပါ လက်မှတ် ရေးထိုးကာ လက်ထပ်ရသည့် နည်းဖြစ်သည်။ တရားရုံးတွင် လက်ထပ်ခြင်း ဖြစ်သဖြင့် ဧည့်ပရိတ်သတ် အမြောက်အမြားကို ဖိတ်ကြား၍ မရသကဲ့သို့ အသိသက်သေဖြစ် လက်မှတ် ထိုးပေးရမည့်သူ နှစ်ဦးလည်း ရှိရသည်။ သို့မှသာ လက်ထပ် စာချုပ်ပေါ်တွင် လက်မှတ် ရေးထိုးခွင့် ရှိပြီး ဥပဒေအရ မှတ်ပုံတင်ခွင့် ရရှိမည်ဖြစ်သည်။ ယခုကာလတွင် ငွေကြေး တတ်နိုင်သူရော ၊ မတတ်နိုင်သူများပါ ရုံးတက် လက်မှတ်ထိုးသည့် အလုပ်ကို အိမ်ထောင်မှု၏ အခန်းကဏ္ဍ တစ်ရပ်အဖြစ် ပြုလုပ်လာကြောင်း တွေ့ရသည်။ ဥပဒေအရ တရားဝင်အောင် ပြုလုပ်သည့် သဘောဖြစ်သည်။ များသောအားဖြင့် မင်္ဂလာအခမ်းအနား မကျင်းပမီ တရာရုံးသို့ သွား၍ လက်မှတ် ထိုးကြလေ့ရှိသည်။

မည်သို့ပင် ကျင်းပ ကြသည်ဖြစ်စေ မြန်မာလူမျိုးတို့ အနေဖြင့် ထိမ်းမြား မင်္ဂလာဆောင် ကျဉ်းမှုကို ၀ါတွင်းကာလ တစ်လျှောက်တွင် ကျင်းပကြလေ့မရှိချေ၊ အဆိုပါ ၀ါတွင်းကာလမှာ မြန်မာ ပြက္ခဒိန်အရ ၀ါဆို-၀ါခေါင် နှင့်တော်သလင်း ဟူသော သုံးလတာကာလ ဖြစ်ပြီး အင်္ဂလိပ် ပြက္ခဒိန်အရ ဇူလိုင်လ လယ်ပိုင်းမှ အောက်တိုဘာ လ လယ်ပိုင်းခန့် အထိဖြစ်သည်။ အဆိုပါ ကာလကို ထိမ်းမြားမင်္ဂလာ မပြုအပ်သော ကာလအဖြစ် ရှေးအစဉ်အဆက် ကတည်းက ယူဆ သတ်မှတ်ခဲ့ကြသည်။

မြန်မာ့ ဓလေ့ ထုံးတမ်းအရ ထိမ်းမြား မင်္ဂလာ (၁၀)ပါး ရှိပါသည်-

    သတို့သား၊ သတို့သမီးနှစ်ဦးလုံးကို လူလည်ခေါင်တွင် ကန်တော့ခံမထွက်ပဲ မိမိအိမ်မှာပင် လွတ်လပ်စွာနေလျှင် ဖိတ်ထားသောပရိတ်သတ်များ စားသောက်ပြီး ပြန်သွားကြမှ သတိုးသမီး အိပ်ခန်းရှိ ကြိမ်တန်း၊ ကြိုးတန်း၌ သတိုးသား ပုဆိုး၊ ပုဝါ လှန်း၍ တင်ကာထိမ်းမြားခြင်းကို ပုဆိုးတန်းတင် ထိမ်းမြားခြင်း ဟုခေါ်သည်။

    ထမင်း သို့မဟုတ် မုန့်တစ်ခုခု ကို သတို့သား၊ သတို့သမီးတို့က လက်စုံစားစေ ထိမ်းမြားခြင်းကို လက်စုံစား ထိမ်းမြားခြင်း ဟုခေါ်သည်။ (ယခု လင်မယားအရာ မြောက်ပြီးမှသာ ပြုလုပ်လေ့ ရှိသည်။)

    သတို့သား ၀တ်ဆင်သော လက်စွပ်ကို သတို့သမီးအား ၀တ်ဆင်ပေးခြင်း၊ သတို့သမီး ၀တ်ထားသော လက်စွပ်ကို သတို့သားအား ၀တ်ဆင်ပေးခြင်း၊ အချင်းချင်းလဲလှယ်၍ ထိမ်းမြားခြင်းကို လက်စွပ်လဲ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

    သတို့သားက သတို့သမီးအိမ်သို့ လာသည့်အခါ သတို့သမီး၏ မိဘများက အ၀တ်ပုဆိုးအသစ် လဲလှယ်ဝတ်ပေးခြင်းကို အ၀တ်ပေး၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

    သတို့သမီးလက်ယာလက်ကို ဖြန့်ထား၍ သတို့သားလက်ယာဘက်ကို အပေါ်တင်စေကာ ဘိသိက်ဆရာက ဖြစ်စေ၊ လူကြီးတစ်ဦးဦးကဖြစ်စေ ရွှေနှင့်ငွေ ဂဟေ ဆက်ထားသကဲ့သို တူနှစ်ကို တစ်စိတ်တစ်ဝမ်းထည်းဟု ပရိသတ်အလယ်တွင် ထိမ်းမြားခြင်းကို လက်ထပ်ထိမ်းမြားခြင်း ဟုခေါ်သည်။

    ဖြန့်လျှင်နှစ်ဦးစလုံး ဦးခေါင်းဆံ့လောက် လေးတောင်ခန့်ရှိသော ရွှေဆွဲကြိုး ပန်းကုံသဖွယ်ပြုလုပ်၍ သတို့သား၊ သတို့သမီး နှစ်ဦးစလုံး တစ်ခါတည်း စွပ်၍ ထိမ်းမြားခြင်းကို ဒါလီဖွဲ့၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

    အလျှား (၆) တောင်၊ အနံ (၂)တောင် ရှိသော သတို့သမီးခြုံသော စုလျှားတဘက်အား သတို့သား၊ သတို့သမီးနှစ်ဦးအား ရစ်ပတ်ထိမ်းမြားခြင်းကို စုလျှားရစ်ပတ် ထိမ်းမြားခြင်း ဟုခေါ်သည်။

    သတို့သားက သတို့သမီးအား ပန်းကုံးစွပ်ပေးသဖြင့်၊ သတို့သမီးက သတို့သားအား ပန်းကုံးစွပ်ပေးသဖြင့် ထိမ်းမြားခြင်းကို ပန်းကုံစွပ်၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

    ရွှေဖလား၊ ငွေဖလား၊ ဖန်ခွက် စသည်တို့ ရေတစ်ဝက်ထည့်၍ သပြေပန်း၊ နေဇာမြက်များ ထည့်ပြီး သတို့သား၊ သတို့သမီး တို့၏ လက်ယာလက်များကို ချထားစေ၍ ရေကြည်လင်အေးမြ၍ မကွဲတပြား တသားတည်းနေ သတို့သား၊ သတို့သမီးတို့ ရိုးမြေကျ ရာသက်ပန်တည်ပါစေ ဟုဆို၍ လက်ချထိမ်းမြား ခြင်းကို ရေခွက်၌ လက်ချ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

    ရွှေခွက်၊ငွေခွက်၊ဖန်ခွက် စသည့် န၀ရတ် ကိုးပါး၊ နံသာမျိုးငါးပါး သွေး၍ (သို့မဟုတ်) ရေမွှေးများထည့်၍ သတို့သား၊ သတို့သမီးတို့၏ ထိပ်၌ သပြေပန်းခက်ဖြင့် ပက်ဖြန်း၍ လက်ထပ်ထိမ်းမြားခြင်းကို ဦးထိပ်၌ ရေစင်သွန်း၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
================
Credits to သုတကမ္ဘာ
မြန်မာ့ရိုးရာ လက်ထပ် ထိမ်းမြားခြင်း
===================
ယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေး တစ်ယောက် အချိန်တန် အရွယ်ရောက်၍ လူလား မြောက်သောအခါတွင် အိမ်ထောင် ပြုကြသည်မှာ လောကဓမ္မတာ တစ်ခုပင် ဖြစ်သည်။ ထိုသို့ အရွယ်ရောက်သော ယောက်ျား တစ်ယောက်နှင့် အရွယ်ရောက်သော မိန်းကလေး တစ်ယောက် အိမ်ထောင် ပြုသည်ကို မြန်မာတို့က ထိမ်းမြား မင်္ဂလာဆောင်သည်ဟု ခေါ်ဝေါ် သမုတ်ကြ လေ့ရှိသည်။ ထိုအခါ မျိုးများတွင်လည်း မင်္ဂလာ အခမ်းအနားများကို ကျင်းပ လေ့ရှိကြသည်။
မြန်မာ့ရိုးရာ ထိမ်းမြားမင်္ဂလာ အခမ်းအနားများ
မြန်မာနိုင်ငံကား ရှေးနှစ်ပေါင်း များစွာ ကတည်းကပင် တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးခဲ့သော နိုင်ငံဖြစ်သည်။ ထို့အတွက် မြန်မာ့ လူမှုနယ်ပါယ်တွင် ထိမ်းမြား မင်္ဂလာဆောင်ခြင်း ကိစ္စနှင့် ပတ်သတ်၍ “တစ်သက်မှာ တစ်မင်္ဂလာ” ဟူသော စကားတစ်ခုသည် အထူးပင် ရေပန်းစား ခဲ့လေသည်။ အဆိုပါ စကားကို မြန်မာ အမျိုးသားများ အနေဖြင့် ဥပက္ခာပြု မထားကြသည့်တိုင် မြန်မာ အမျိုးသမီးများကမူ ထိုစကားအပေါ် အထူးသဖြင့် ပို၍ အလေးထားကြ ဟန်ရှိသည်။ ထို့အတွက်လည်း အမျိုးသမီးများ အနေဖြင့် မင်္ဂလာအခမ်းအနား ကျင်းပခြင်းကို အမျိုးသားများထက် ပို၍ နှစ်ခြိုက် ကြခြင်းလည်း ဖြစ်ပုံရသည်။