တကယ်တော့၊အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ၊ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ၊အလေးနက်ဆုံး အသိဉာဏ်ကို ဘဝတွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး၊ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပါပဲ(ဆရာတော်ဦဇောတိက)
Friday, January 11, 2013
Thursday, January 10, 2013
! တိမ်တွေပြိုတဲ့နေ့ !
Zaw Nay Myo shared Ko Lin's photo.
!!!!!! တိမ်တွေပြိုတဲ့နေ့ !!!!!သူ့အမည်က မွှေးကြိုင်
ကျနော်တို့နိုင်ငံရဲ့ကြယ်နီတပွင
ကြွေလွင့်စောစွာ..။
ရှစ်လေးလုံးနောက်ခံသမိုင်း
ပဲခူးတိုင်းအနောက်ခြမ်းဒေသ
သွေးစည်းညီညွှတ်ရေးကော်မတီဖွဲ့စဥ
သူနဲ့ ဆုံ တွေ့ ခဲ့ရ
အတူတူလှုပ်ရှားခဲ့ကြ
သွေးစည်းညီညွှတ်ခဲ့ကြ
သူ့အမည်နဲ့သူ့ပုံရိပ်ကိုမေ့မရခ့
အုတ်ဖိုမြို့ရဲ့ရွာကလေးတရွာက
မူလတန်းပြကျောင်းဆရာ
ကျောင်းသားတော်လှန်ရေးသမား
လူပုံကအရပ်ရှည်ရှည် ပိန်ပိန်ပါးပါး
ဆံပင်တိုတို ပုဆိုးတိုတို
နှစ်လိုဖွယ်ရာကောင်းတဲ့မျက်နှာထ
တောက်လက်အပြုံးပိုင်ရှင်…။
စစ်အာဏာရှင်ဆန့်ကျင်ရေးကျောင်းသ
လူ့ဘောင်သစ်ပါတီဝင်
ကျောင်းသားတပ်မတော်တပ်ဖွဲ့ ဝင်
ရာဇ၀င်မှာစာတင်ခဲ့..။
ပေါင်းလောင်းဂွင်မှာကျဆုံးသွားတ
သူ့ရဲ့သတင်းကိုကြားရတဲ့အခါ
နာကျဉ်းချက်နဲ့ တက်တချက်ခေါက်ရင်း
ရဲရင့်ခြင်းရုပ်ပုံလွှာကို
ပြန်လည်ဖွေရှာမိခဲ့ပေါ့…။
(ရဲဘော်မွှေးကြိုင်ရေ)……
အဲဒီမြေ၀သုန်မှာ
ဂုဏ်ပြုအပ်တဲ့သူရဲကောင်းတွေရဲ့
ခွပ်ဒေါင်းအသက်ဝိညာဉ်နဲ့အတူ
ပြန်လည်ရှင်သန်ထမြောက်ပါစေသတည်း
နီလွင်သွေး(ဒဿနိကဗေဒ)
၂၁၊၈၊၂၀၀၆..။ ရဲဘော်မွှေးကြိုင်….သို့..။
အဆုတ်ထဲ ထိုးဖောက်ဝင်ရောက်မယ့် ကိုယ့်အနီးနားက အဆိပ်ဝတ်မှုန်
တို့ဗမာ Dobama's photo.
အဆုတ်ထဲ ထိုးဖောက်ဝင်ရောက်မယ့် ကိုယ့်အနီးနားက အဆိပ်ဝတ်မှုန်
The Voice Weekly Vol. 8/No. 48 ဒီဇင်ဘာ ၃-၉၊ ၂၀၁၂ OPINION အပိုင်းမှာ ပါတဲ့ ဦးအုန်းမြင့် (မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း) ရဲ့ ပေးစာကို ဖတ်လိုက်ရလို့ ဒီဆောင်းပါးကို ထရေး မိတယ်။ လွန်ခဲ့တဲ့ လများက ချယ်ရီ
ကားတွေရဲ့ အင်ဂျင်နှင့် အိတ်ဇော အပိုင်းတွေမှာ အဆုတ်ကင်ဆာကို ဖြစ်စေတဲ့ Asbestos ပါဝင်နေတယ် ဆို တဲ့ သတင်းတွေကြောင့် ချယ်ရီကား ဝယ်ထားသူတွေ၊ ငှားစီးသူတွေ စိုးရိမ်မှုတွေ ဝေခဲ့ရတယ်။
တကယ် တွေ့ရှိတာက ကျွန်တော်တို့ နိုင်ငံမှာ မဟုတ်ဘူး။ နည်းပညာတွေ တိုးတက်တဲ့ သြစတြေးလျမှာ။ သြစတြေးလျ ပိုင်နယ်မြေ အတွင်း Asbestos ပါဝင်တဲ့ ပစ္စည်းများ ရောင်းချဖြန့်ဝေ၊ အသုံးပြု တာကို သူ့နိုင်ငံတွင်း ဥပဒေအရ တားမြစ် ပိတ်ပင်ထားတယ်။ (ဂျပန်၊ အီးယူနိုင်ငံတွေ အားလုံးနဲ့ ဖွံ့ဖြိုးပြီး ၅၅ နိုင်ငံတို့ကလည်း Asbestos ပါဝင်တဲ့ အဆောက်အအုံတွေ၊ ကားအစိတ်အပိုင်းတွေ မထုတ်လုပ်ဖို့ တားမြစ်ထားပါတယ်။) အဲဒါနှင့် ပတ်သက်ရင် သြစတြေးလျဥပဒေ အရ တစ်စီး ဒဏ်ငွေ ၁၁၀ç၀၀၀ ဒေါ်လာဖြစ်လို့ မီလီယံနှင့်ချီပြီး ဒဏ်ငွေ တပ်ခံရမှာဖြစ်တယ်။
တချို့ကားတွေမှာ Asbestos ပါတဲ့ Gasket တစ်ခုစ နှစ်ခုစသာ ပါပေမယ့် တချို့ကားကျတော့ ရှစ်ခုထိ တွေ့ ရတယ်ဆိုတယ်။ မျိုးမတူတဲ့ Asbestos ပါ ဂတ်စကက်ပေါင်း ၃၀ တွေ့တယ် ဆိုတယ်။

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၉) by Myat Thu on Thursday, January 10, 2013 at 4:15am ·
ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၉)
by Myat Thu on Thursday, January 10, 2013 at 4:15am ·
စောထခံစစ်
၉၂ အကုန်လောက် တပ်ရင်းကရဲဘော်တွေအများစုရှေ့တန်းလှုပ်ရှားစစ်ကြောင်းနဲ့ အတူရှိနေတဲ့အချိန် ဗဟို က အရေးပေါ်အထူးစစ်ကြောင်းအတွက် လူလိုတယ်ဆိုပြီးခေါ်ပြန်တယ်။ အဲဒီအချိန် ကိုယ့်တပ်ရင်းက တပ်စိတ်တစ်စိတ်တောင်လူမပြည့်လို့ တပ်ရင်းမှူးကို ကျနော်ပါလိုက်သွားမယ်လို့ ခွင့်တောင်းတော့သူက ခွင့်ပြုတယ်။ တပ်ရင်း ၂၁၀ တပ်ရင်းမှူး ကိုဆန်းလင်းနဲ့အတူ ကိုကျင်သန်းဦးနဲ့ ရဲဘော်သစ်တွေပါ ပါလာ တယ်။ အထူးတပ်သာဖြစ်တာ အားလုံးပေါင်းမှ လူ ၄၀ တောင်မပြည့်ဘူး။ ကျနော်မှတ်မိသလောက် ကျနော် တို့ ၃၆ ယောက်ပဲရှိတယ်။ စောထဒေသဖက်ကို နွားသယ်တဲ့လှေကြီးနဲ့တက်သွားပြီး ကမ်းကပ်တာနဲ့ နောက် ကျောဖက်က တောင်ပေါ်ကိုချက်ချင်းတက်ပြီး နေရာယူရတော့တယ်။ စောထရွာထဲက ရွာသားတွေကတော့ ထိုင်းဖက်ကမ်းကို တစ်ရွေ့ရွေ့ရွှေ့နေကြပြီ။ ရန်သူစစ်ကြောင်းတစ်ကြောင်းပျောက်နေတယ်လို့ ရှမ်းတပ်တွေ က ကရင်ကို သတင်းပို့ထားတယ်တဲ့။ ကိုဆန်းလင်းလည်း ကျနော်တို့ကို သူ့ရဲဘော်သစ်တွေကိုပါ ညှပ်ပြီး ထိမ်းပေးဖို့ မေတ္တာရပ်ခံတယ်။ ကျနော်တို့ သဘောတူတယ်။ ကျနော်တို့ရောက်လို့ ၀ပ်ကျင်းတွေတူး၊ ထမင်း စားပြီး ဘာမှမကြာလိုက်ဘူး၊ အဲဒီညနေ ရန်သူတပ်တက်လာတယ်။
Monday, January 7, 2013
တတိယလှိုင်း နှင့် ကချင်စစ်ပွဲ by Thanda Win on Sunday, January 6, 2013 at 9:04pm ·
- ပညာရှိများ တွေးကြည့်ရင် ပြေးကြည့်တာထက်မှန်တယ် တဲ့။ ရှေးစကားပုံတွေဆိုတာ အလကားထားခဲ့တာမှ မဟုတ်ပဲ။ အယ်လ်ဗင်တော်ဖလာ ဆိုတဲ့ စာရေးဆရာကြီးဟာ တတိယလှိုင်းဆိုတဲ့ ခေတ်ပြောင်းစနစ်ပြောင်း အနာဂတ်ဟောကိန်းစာအုပ်ကို ရေးသားထုတ်ဝေခဲ့စဉ်က ၁၉၈၀ ခုနှစ်ကပါ။ နှစ်ပေါင်း ၃၂ နှစ် ကြာပြီးနောက်မှာတော့ ပြေးကြည့်စရာမလိုတော့ပဲ သွေးထွက်အောင်မှန်တယ်လို့ သိလာရပါပြီ။ ဂုရုကြီးက ရှင်းပြထားတာ
- ပထမလှိုင်း -- စိုက်ပျိုးနည်းကို စတင်တွေ့ရှိမှုကြောင့် လူနေမှုစနစ်ပြောင်းလဲခြင်း
- ဒုတိယလှိုင်း --- စက်မှုသိပ္ပံထွန်းကားမှုကြောင့် လူနေမှုစနစ်ပြောင်းလဲခြင်း
- တတိယလှိုင်း --- နည်းပညာအသစ်များတိုးတက်မှုကြောင့် လူနေမှုစနစ်ပြောင်းလဲခြင်း
သွားဖြူစင်နည်း 6.1.2013
D Nyein Lin and 6 other people shared Aye Chan Mon's photo.
သွားဖြူစင်နည်6း.1.2013
သွားများဖြူဝင်းစေဖို့ သီးမွှေး ဌက်ပျောသီးလေးက စွမ်းဆောင်ပေးမှာပါ။
- သီးမွှေးဌက်ပျောသီးလေး တစ်လုံးကို အခွံနွှာလိုက်ပါ
- အသားကိုတော့ စားလိုက်ပေါ့နော်။
- အခွံကို မပစ်လိုက်ပါနှင့် . သွားများဖြူဝင်းစေဖို့ အခွံလေးက စွမ်းဆောင်ပေးမှာပါ။
- သီးမွှေးဌက်ပျောသီး အထဲက အခွံနှင့် သွားများအားလုံးကို ပွတ်တိုက်ပေးလိုက်ပါ။
- ပွတ်တိုက်ပြီးတာနှင့် တစ်ရှုးလေးနှင့် စင်ကြယ်အောင် သုတ်ပေးလိုက်တာနှင့် ဖြူဝင်းနေတဲ့သွားများကို သင်တွေ့လိုက်ရပါမယ်။
- ဒီနည်းလေးကတော့ အရိုးရှင်းဆုံးနည်းလမ်းလေး တစ်ခုပါ
- ပြီးတော့ သင့်အတွက်လည်း မပင်ပန်းစေမယ့် နည်းလမ်းလေးပါ
- နေ့တိုင်းမဟုတ်သည့်တိုင် တစ်ပတ်ကို ( 4 ) ရက်လောက် တိုက်ပေးနိုင်ပါတယ်
- အားလုံးအဆင်ပြေပါစေ။
facebook(Htet Kyaw Lynn)
အေးချမ်းမွန်မှ Shan News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ
ပျော်ပျော်နေ သေခဲ
Lu Bo and KhingKhing Su shared Aye Chan Mon's photo.
ပျော်ပျော်နေ သေခဲဘဝခရီးမှာ ပျော်ရွှင်ခြင်းများ ပျောက်ဆုံး၍ ချမ်းမြေ့ခြင်း နည်းသူများနှင့် စာလျှင် ဘဝခရီး တစ်လျှောက် ကိုယ်ရည် ကိုယ်သွေးများ မြှင့်တင်ပြီး ပျော်ရွှင် ချမ်းမြေ့ခြင်း ရှိသူများသည် အသက် ပိုရှည်သည့် အလားအလာ များကြသည်ဟု ဆိုသည်။
အသက် ၅၂ နှစ်မှ ၇၉ နှစ်အရွယ်ရှိ ဗြိတိန်မှ လူပေါင်း ၃၈၀၀ ကျော်အား ငါးနှစ်တာမျှ စဉ်ဆက်မပြတ် လေ့လာ ခဲ့ရာတွင် အချိန်အများစု၌ ကိုယ်စိတ် နှစ်ပါး ပျော်ရွှင်စွာရှိကြသူများ၏ သေဆုံးနှုန်းသည် ၃၅ ရာနှုန်းမျှ လျော့နည်း ကြောင်း တွေ့ရသည်ဟု ဖော်ပြထားသည်။ အဆိုပါ လေ့လာမှုတွင် ပါဝင်သူ များအား အိပ်ယာနိုးပြီးချိန် မိနစ် ၃၀ အကြာ နံနက် ၇ နာရီမှ အစပြု၍ ညအိပ်ယာဝင်ချိန် ထိတိုင် တစ်နေ့တာအတွင်း လေးချိန်နီးပါးမျှ ၎င်းတို့၏ စိုးရိမ် သောက စိုးရွံထိတ်လန့်မှု၊ ပျော်ရွှင်မှု စိတ်လှုပ်ရှားမှုစသည့် ခံစားချက် များကို တစ်ဦးချင်းစီ မှတ်တမ်းပြု လေ့လာခဲ့ခြင်း ဖြစ်သည်။
လေ့လာမှု မှတ်တမ်းတွင် ပါဝင်သူများ၏ ပျော်ရွှင်မှုခံစားချက် အတိုင်းအဆ နှုန်းထားကို ၁ မှ ၄ထိ စကေးသတ်မှတ် လေ့လာခဲ့သည်။ ၅ နှစ်ကြာသည့် အခါ လန်ဒန် တက္ကသိုလ်အဖွဲ့မှ သုတေသီများက လေ့လာမှုမှတ်တမ်းတွင် ပါဝင်သူများ၏ သေဆုံးသည့် အကြောင်းရင်းများ ပါဝင်သူများ၏ အသက် ကျား-မ နှုန်းထား ကျန်းမာရေး၊ ချမ်းသာကြွယ်ဝမှု ပညာရေးနှင့် အိမ်ထောင်ရေး အခြေအနေတို့ကို စစ်ဆေးခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဘန် သုံးသပ်ခြင်း ။ အပိုင်း (၄) by Aung Htoo on Sunday, January 6, 2013 at 11:31pm ·
ကချင်ပြည်နယ်
စစ်ပွဲသတင်း ထိပ်တန်းကို ရောက်လာသည့်အချိန်တွင် စိတ်ဝင်စားစရာကောင်းသည့်
ကချင် သမိုင်း ဆောင်းပါး တစောင်ကို ဖတ်လိုက်ရသည်။ ဆောင်းပါးရှင်မှာ
ကိုဝိုင်ဝိုင်ကေ အမည်ရှိ မြန်မာတဦးဖြစ်သည်။ ဗမာနိုင်ငံ လုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂ (ဗကသ) မှ ဖြစ်ပုံရသည်။ မြန်မာနှင့် ကချင်အကြား တွင်
လူမျိုးရေးမုန်းတည်းမှုများ မပေါ်ပေါက်စေရန် ဦးတည်ကြောင်း ဖေါ်ပြထားသဖြင့်
တန်ဘိုးထားမိ သည်။ စာရေးသူကဲ့သို့ မြန်မာများက ကချင်များ အပေါ်
လူမျိုးရေးအရ မုန်းတည်းမှုရှိစေရန် စစ်အာဏာရှင်များ က
ဆက်သွယ်ရေးနည်းပညာအမျိုးမျိုးသုံး၍ လှုံ့ဆော် နေသည့်အချိန်၌ ကိုဝိုင်ဝိုင်ကေ
၏ ဆောင်းပါးလေးကို ဖတ်လိုက်ရသည် မှာ ရင်ထဲအေးသွားမိသည်။ ၄င်း၏ ဆောင်းပါး
ထဲမှ စာပုဒ် သုံးပုဒ်ကို ကိုးကားလိုပါသည်။ အောက်ပါ ပထမ နှစ်ပုဒ်မှာ
ကချင်သမိုင်းနှင့် ဆိုင်ပါသည်။
“ ကချင် လူမျိုးတို့သည် ၁၈၈၅-ခု၊ ဒီဇင်ဘာ၂၈-ရက်တွင် အင်္ဂလိပ်တို့ ရေကြောင်းခရီးဖြင့် ဗန်းမော်မြို့သို့စတင်၍ ကျုး ကျော် လာစဉ်ကတည်းက အလွန်တရာမုန်းတီးခဲ့ပြီး ဗမာနှင့်အခြားတိုင်းရင်းသားများနည်းအတူမျိုးချစ်စိတ်ဓါတ်ဖြင့် ခုခံ တွန်း လှန် ခဲ့ကြပါသည်။ ကချင်လူမျိုးတို့၏စရိုက်တစ်ခုမှာ မဟုတ်မခံစိတ်ရှိသည်၊ ရိုးသားဖြောင့်မတ်သည်၊ မတရား အနိုင်ကျင့်တာကို မကြိုက်၊ အထူးသဖြင့် ခေါင်းကိုလက်နှင့်ပုတ်ရိုက်ခြင်း၊ လက်နှစ်ဘက်ကို ချည်နှောင်ခြင်း၊ အတင်း အဓမ္မ ဒူးထောက် အညံ့ခံ ခိုင်းခြင်းများကို လုံးဝမကြိုက်ပါ။”

Subscribe to:
Posts (Atom)