KhingKhing Su shared Lun Swe's photo.
“ဘာမှ ဖြစ်မလာမယ့် ၂၀၁၅ ကြီးကို မျှော်မှန်းပြီး အစိုးရဘက်က ကာဆီးကာဆီး လုပ်နေတာဟာ ဒီမိုကရေစီသမားတွေရဲ့ ညီညွတ်ရေးကို ပျက်စီးစေပါတယ်။ ယုံကြည်မှုတွေ ပျက်ပြားစေပါတယ်။”စစ်အာဏာရှင်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲကို ညစ်ကို ညစ်မှာပါ။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာတောင် ကြိုတင်ပြီး ညစ်ချင်ညစ်ပါမယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲစနစ်ကို ပြင်ပြီး ကြိုညစ်တာမျိုး လုပ်ချင်လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ရွေးကောက်ပွဲမှာ ညစ်မှာပါ။ ဒီချုပ်ကို လွှတ်တော်ထဲမှာ နေရာတချို့ ပေးပါလိမ့်မယ်။ ဒါပေမယ့် အစိုးရဖွဲ့ခွင့် ပေးမှာမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပါဘူး။ ဖြစ်ခွင့်မပေးပါဘူး။ အခြေခံဥပဒေကို ပြင်မပေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်သာ မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီထဲက တယောက်ယောက်ကိုလည်း အစိုးရဖွဲ့ခွင့်၊ သမ္မတဖြစ်ခွင့် မပေးပါဘူး။ ဒီချုပ်ပါတီတွင်မဟုတ်၊ ကြံ့ဖွံ့မဟုတ်တဲ့ ဘယ်ပါတီကိုမှလည်း အစိုးရဖွဲ့ခွင့်၊ သမ္မတဖြစ်ခွင့် မပေးပါဘူး။ အဲသလို မဖြစ်အောင် နည်းမျိုးစုံ သုံးပြီး ညစ်ဦးမှာပါ။ အဘက်ဘက်က တားဆီးတဲ့ကြားထဲက ဖြစ်ခဲ့ရင် အာဏာတောင် သိမ်းပါလိမ့်မယ်။







