တကယ်တော့၊အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ၊ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ၊အလေးနက်ဆုံး အသိဉာဏ်ကို ဘဝတွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး၊ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပါပဲ(ဆရာတော်ဦဇောတိက)
Saturday, December 22, 2012
အသက် မသေသော်လည်း ဘဝသေခဲ့ရသော တိုက်တန်းနစ်ပေါ်က ဂျပန်တစ်ယောာက်
Zaw Lin shared Aye Chan Mon's photo.
အသက် မသေသော်လည်း ဘဝသေခဲ့ရသော တိုက်တန်းနစ်ပေါ်က ဂျပန်တစ်ယောာက်တိုက်တန်းနစ် သင်္ဘောပေါ်မှာ ဂျပန်လူမျိုး တစ်ဦးတည်းပဲ ပါဝင်ပါတယ်။ တကယ့် ရှားရှားပါးပါးပါပဲ။ ဂျပန် ပို့ဆောင်ရေး ဝန်ကြီးဌာနက အသက် ၄၂ နှစ်အရွယ် ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ Masabumi Hosono လို့ အမည်ရပါတယ်။
ရုရှား နိုင်ငံကနေ မီးရထားလမ်းပညာ လေ့လာသင်ယူပြီးနောက် ဂျပန် ကို ပြန်ရမှာ ဖြစ်ပေမယ့် လန်ဒန်အရင်ရောက်ပါတယ်။ တိုက်တန်းနစ် သင်္ဘောရဲ့  ခရီးစဉ်မှာ သူလည်း ပါလာပါတယ်။ ဒုတိယတန်းစား ခရီးသည် အနေနဲ့ လိုက်စီးတာ ဖြစ်ပါတယ်။ သင်္ဘောရေခဲနဲ့ တိုက်ချိန်မှာတော့ အိပ်ယာမှာ ရှိနေပြီး သင်္ဘောလုပ်သားနိုးမှ ထပါတယ်။ အပေါ် တက်ကြည့်တော့ ဝရုန်းသုန်းကား ဖြစ်နေပြီး သက်ကယ်လှေတိုင်းမှာ အမျိုးသမီးနဲ့ ကလေးတွေနဲ့ ပြည့်နေပါတယ်။ ဒါတောင် ပထမတန်းစား ဧည့်သည်တွေကို ပိုပြီး ဦးစားပေးပါတယ်။ ကိုယ့်ကိုယ်ကို သေပြီလို့ ယူဆ ထားပေမယ့် မျော်လင့်ချက်ကတော့ ပျောက်မသွားပါဘူး။ နံပါတ် ၁၀ သက်ကယ်လှေက လူနှစ်ယောက်အတွက် နေရာရှိသေးကြောင်း လှမ်းအော်ပါတယ်။
Friday, December 21, 2012
၁၈ နှစ်ပြည့် ဒီကေဘီအေ တပ်မတော်နေ့ ကျင်းပ
Khin Mgoo shared RFA Burmese's photo.
၁၈ နှစ်ပြည့် ဒီကေဘီအေ တပ်မတော်နေ့ ကျင်းပဒီဇင်ဘာလ ၂၁ ရက်နေ့မှာကျရောက် တဲ့ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် ဒီကေဘီအေ တည်ထောင်ခြင်း ၁၈ နှစ်ပြည့် တပ်မွေးနေ့ကို ဝါလေဒေသ ဆုံဆည်းမြိုင် မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်ချုပ်စောလားဘွယ် က ဒီကေဘီအေမွေးဖွားလာတာ ၁၈နှစ်ရှိခဲ့ပြီ အဲဒါကို မပပျောက်အောင် နှစ်စဉ်နှစ်တိုင်း ဒီကေဘီအေ တပ်မှူးတပ်သားတွေသိအောင် ပြုလုပ်ရတာဖြစ်တယ်။ အခုလို အခမ်းအနားလုပ်တာက ကျနော်တို့ ဒီကေဘီအေတစ်ခုထဲ ကိုယ်စားပြုပြီး လုပ်တာမဟုတ်ဘူး ကရင်လူထုကိုရော အစိုးရကိုတော်လှန်နေတဲ့ မဟာမိတ်တိုင်းရင်းသားအဖွဲ့အစည်း
ဒီကေဘီအေအဖွဲ့ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အစိုးရတပ်တွေကို လက်နက်ကိုင်တော်လှန်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင်းထိ တပ်စွဲတိုက်ခိုက်ခဲ့ပြီး ၂၀၁၁ခုနှစ် နိုဝင်ဘာလမှာ ကရင်ပြည်နယ် ဘားအံမှာ အစိုးရနဲ့အပစ်အခတ်ရပ်ဆဲရေး သဘောတူခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။
အလုပ်လစာ၊ ရာထူး တိုးအောင် ဘယ်လိုလုပ်မယ်
New MyanmarFoundation shared TechSpace Journal's photo.
အလုပ်လစာ၊ ရာထူး တိုးအောင် ဘယ်လိုလုပ်မယ်ဒါက လက်ရှိ မြန်မာပြည် ဝန်ထမ်းတွေကြားမှာ ဖြစ်ဖြစ်နေတဲ့ ပြဿနာ ဖြစ်ပါတယ်။ လစာ မတိုးလို့ မတိုးလို့ နောက်ဆုံးတော့ အလုပ်ထွက်တဲ့အထိ အကွဲကွဲ အပြဲပြဲတွေ ဖြစ်သွားကြပါတယ်။ ရာထူးမတိုးလို့ ထွက်တာကလည်း အနည်းနဲ့ အများ ရှိနေပါတယ်။
ဒီတော့ ဘယ်သူတွေက နစ်နာပါသလဲ။ နစ်နာသူကို အဖြေရှာကြည့်တော့ အလုပ်ရှင်ရော၊ အလုပ်ပေးသူ ဘက်ပါ နှစ်ဦး နှစ်ဘက် နစ်နာ ရပါတယ်။ ပိုပြီးဆိုးစေတဲ့ ဆိုးကျိုးကတော့ ဝန်ထမ်းမမြဲခြင်း၊ ဝန်ထမ်းအလုပ် ထွက်ခြင်းတို့ ဖြစ်ပါတယ်။ ပြီးတော့ လုပ်ငန်းတစ်ခုက ထုတ်ကုန် ပုံမှန် မထုတ်နိုင် တော့ပါဘူး။ ထုတ်နိုင်ရင်တောင် အကောင်းဆုံး ဖြစ်မလာပါဘူး။ အရည်အသွေး ကျပါမယ်။ အရေအတွက်ကျပါမယ်။ နောက်ဆုံး အကျိုး ဆက်က ကြီးကြီးကျယ်ကျယ် ပြောရရင် တိုင်းပြည် လုပ်အား တန်ဖိုးအထိကို ကျဆင်းစေရပါတယ်။ ဒီတော့ အချက်သုံးချက် သွားတွေ့ပါတယ်။
အလုပ်တစ်ခုကို လုပ်နေတယ်ဆိုပါစို့။ ကိုယ်ကလည်း အချိန်ကာလ တစ်ခုအထိ အစမ်းခန့်မှာ အကောင်းဆုံး လုပ်ပြီးပြီ။ ကိုယ့်လုပ်ရပ် ကြောင့်လည်း ကုမ္မဏီမှာ ထူးထူးခြားခြားပြောင်းလဲ လာတယ်ဆိုရင် ဒါဟာ ကောင်းမွန်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီတော့ လစာက ကြိမ်းသေ တိုးပေးဖို့က လုပ်ငန်းရှင်မှာ တာဝန်ရှိပါတယ်။ ရာထူးဆိုတာကတော့ တိုးပေး ဖို့ရာ အချိန်ကာလ အနည်းငယ်တော့ ကြာမြင့်နိုင်ပါတယ်။
အကယ်၍ ကိုယ်က အလုပ်တစ်ခုကို လုပ်တယ်ဆိုပါစို့။ အစမ်းခန့် ကာလ လည်း ကျော်လွန်လာပြီ။ ကိုယ့်လုပ်ရပ်ကြောင့် ကုမ္မဏီမှာ ဘာမှ ထူးထူးခြားခြား ပြောင်းလဲ မလာသေးဘူးဆိုရင် လစာတိုးတောင်းဖို့ မသင့်သေးပါဘူး။ ရာထူးဆိုရင် ဝေလာဝေး။ တော်တော်များများ ဒီအချက်မှာ သွားညှိပါတယ်။ လက်ရှိ မြန်မာပြည်က ဝန်ထမ်းတွေ တော်တော်များများ ဒီအချက်ကြောင့်ပဲ အလုပ်တွေပြောင်းကြ၊ ထွက်ကြရပါတယ်။ ကိုယ်ရှိနေ စဉ်အတွင်း တာဝန်ယူနေစဉ်အတွင်း ကျေနပ်နိုင်လောက်တဲ့ အတိုင်းအတာ တစ်ခုအထိ အောင်မြင်အောင် ဖန်တီးလုပ်ဆောင် ပေးမယ်။ ကုမ္မဏီ အတွက်လည်း ထူးထူးခြားခြား တိုးတက်ပြောင်းလဲမှု ရှိလာတယ် ဆိုရင် သူ့လိုလူကိုမှ လစာမတိုးဘူး ဆိုရင် ကုမ္မဏီဘက်က နစ်နာဖို့ပဲ များပါတော့ တယ်။ ဘာလို့လဲဆို သူက အခြားတစ်နေရာကို ပျံသန်းတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် လစာ မတိုးမှာ စိတ်မပူပါနဲ့။
ဘယ်သူမဆို လစာအခက်အခဲကတော့ရှိကြစမြဲ ဖြစ်ပါတယ်။ ဒါတွေကို အလုပ်ဝင်ကတည်းက ကြိုတင်ညှိ နှိုင်းထားပြီးသား ဖြစ်သင့်ပါတယ်။ အဲ့ဒီလိုမဟုတ်ပဲ အလုပ်လုပ်နေစဉ်အတွင်း ကိုယ်ကလည်း စကားပြောပြီး သား ဖြစ်နေပြီ လစာကလည်း တိုးရဖို့ မသေချာတော့ဘူးဆိုတော့ အလုပ်ထွက်တော့မယ် ဆိုတဲ့ လက်နက်ကိုပဲ အသုံးချပါတော့တယ်။ နောက်ဆုံး အကျိုးဆက်ကတော့ အလုပ်ရှင်ရော၊ လုပ်သားဘက်ကပါ နှစ်ဖက်လုံး မှားရပါတော့တယ်။
ပြီးတော့ ခံယူချက် တစ်ခုကလည်း ရှိနေပါသေးတယ်။ ငွေကိုရှာနေတာလား။ အောင်မြင်မှုကိုရှာနေတာလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အချို့ က ငွေ့ရဖို့အတွက် အလုပ်လုပ်ကြပါတယ်။ အမှန်အတိုင် ပြောရရင် အများစုက ငွေရဖို့အတွက် အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ သို့ပေမယ့် နက်နက်နဲနဲ တွေးကြည့်တဲ့အခါ ငွေထက် ပိုလေးနက်တာတွေ ရှိလာပါတယ်။ မိသားစုအခက်အခဲ၊ ဘဝအခက်အခဲ တွေကြောင့် လစာတိုးဖို့ကိုပဲ ငွေပိုရဖို့ကိုပဲ စဉ်းစားပါတော့တယ်။ ဒီမှာ အလုပ်အပေါ် ထားတဲ့ စေတနာက အရင်လိုမဟုတ်တော့ပါဘူး။ အလုပ်မှာရှိတဲ့ ခံယူချက်က မတူတော့ပါဘူး။ အမှန်တော့ အလုပ်မှာ အခြားဘာမှ ရောမနေသင့်ပါဘူး။
အလုပ်မှာ အောင်မြင်ရမယ် ဆိုတဲ့ ခံယူချက် တစ်ခုတော့ ကြိမ်းသေ ရှိရပါမယ်။ ကိုယ်လုပ်တဲ့ အလုပ်ကို သူဌေးက ခိုင်းလို့လုပ်တယ်ဆိုတာထက် ဒါင့ါအလုပ်လုပ်နေတယ်လို့တောင် သဘောထားပြီး လုပ်ရမှာ ဖြစ်ပါတယ်။ ဒီခေတ် အများစု ဖြစ်နေတာ တစ်ခုကလည်း ခိုင်းလို့လုပ်တာ၊ စေတနာ ကတော့ သာမန်လောက် ပါပဲ ဆိုတာမျိုး ဖြစ်ပါတယ်။ ဒါဆိုရင် လစာ ပိုတောင်း ဖို့ စိတ်ကူး ရှိပါသေးသလား။ တောင်းရင်လည်း ကိုယ်ထား တဲ့ စေတနာ တန်ဖိုးနဲ့ အညီအမျှသာ တန်ပြန်သက်ရောက်ဖို့ များပါတယ်။ ဒီတော့ ဘယ်အပိုင်းကိုပဲ တာဝန်ယူရ သည် ဖြစ်စေ၊ လုပ်ရသည်ဖြစ်စေ မိမိ ကိုယ်အသွေအသားလို သဘောထားလို့ စေတနာ အပြည်နဲ့ လုပ်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် မအောင်မြင်ဘူးဆိုတာ မရှိပါဘူး မအောင်မြင်ဘူး ဆိုရင် အောင် အလုပ်အတူလုပ်တဲ့ ဝန်ထမ်းချင်းက လူတွေပဲ ဖြစ်ပါမယ်။ ဒါတွေကို အားလုံး ခြုံငုံ သုံးသပ်နေတဲ့ လုပ်ငန်းရှင်အများစုက သိရှိနား လည် ပြီး ဖြစ်ပါတယ်။
ဒီတော့ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပါ။ ငွေရှာဖို့လုပ်နေတာလား။ ငွေငါ့ကို ရှာဖို့ လုပ်နေတာလား ဆိုတဲ့ အချက် ဖြစ်ပါတယ်။ အလုပ်မှာ ထူးချွန်နေတဲ့ လူတစ်ယောက်ဟာ ငွေရှာသူ မဟုတ်တော့ပါဘူး။ ငွေ၊ ရာထူး၊ ဂုဏ် အားလုံးက အလိုလိုဝန်းရံလာပြီး ထူးချွန်တဲ့အလျောက်၊ အောင်မြင်တဲ့ အလျောက် ပြီးပြည်စုံလာမှာ ဖြစ်ပါတယ်။
--
အောင်ခမ်း (TSJ team)
http://blog.techspace.com.mm/
မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြော င်း
Ah Tar shared အရှင်ကောမလ ဆန်နီနေမင်း's photo.
မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောကိုယ်ကမယုံကြည်လို့ ဘာမှမဖြစ်ဘဲ အေးဆေးနေနေတာကို ဦးဇင်း ကမ္ဘာပျက်တော့မယ်ဆိုတာ ဟုတ်လား၊ ဦးဇင်းအနေနဲ့ ဘယ်လိုထင်လဲ။ ယုံလားဆိုပြီး ခဏခဏ Messges တွေ လာလာနေတာကြောင့် ဦးဇင်းဖြေဆိုပေးထားပြီးသားဖြစ်
ကမ္ဘာမြေကြီးဟာ ထုထည်အားဖြင့် ယူဇနာပေါင်း (၂)သိန်း(၄)သောင်းရှိပါတယ်။ အထက်တစ်ဝက်မှာ မြေသားဖြစ်ပြီး အောက်တစ်ဝက်မှာ ကျောက်သားဖြစ်တယ်။ မြေကြီးအောက်မှာ ယူဇနာ(၄)သိန်း(၈)သောင်းထူသော ရေပြင်ရေခဲတုံးကြီးရှိတယ်။ မြေအထုထက် နှစ်ဆကြီးမားတဲ့ ရေပြင်ရေခဲတုံးကြီးက မြေပြင်ကို မြှောက်ထားခြင်း ဖြစ်တယ်။ တဖန် ထိုရေပြင်ရေခဲတုံးကြီးကို ယူဇနာ(၉)သိန်း(၆)သောင်းရှိတဲ့ လေပြင်ကြီးက အောက်မကျအောင် ပင့်မြှောက်တိုက်ခက် ပေးနေတယ်။ အဲဒီလေပြင်ကြီးအောက်မှာမှ အဆုံးအပိုင်းအခြားမရှိတဲ့ ကောင်းကင်ကြီး တည်ရှိပါတယ်။ ထိုကောင်းကင်ကြီးအတွင်းတွင် မီးကလပ် အပြည့်ရှိနေတယ်။ ထိုအောက်တွင်မှ ငရဲကြီးရှစ်ထပ် အစဉ်အတိုင်း တည်ရှိနေပါတယ်။ (၁)ယူဇနာဟာ (၈)မိုင်အနည်းဆုံး ရှိပါတယ်။
အစိမ်းရောင် ပန်းဂေါ်ဖီ
Zaw Lin shared Myawady Health's photo.
အစိမ်းရောင် ပန်းဂေါ်ဖီhttp://www.myawady.net.mm/
အဆုပ်ရောဂါ ကာကွယ်ရန် အတွက် အစိမ်းရောင် ပန်းဂေါ်ဖီ စားသုံးသင့် အစိမ်းရောင် ပန်းဂေါ်ဖီ စားသုံးခြင်းသည် အဆုတ် အတွက် အထောက်အကူ ပြုကြောင်း သိရှိရသည်။
နောက်ဆုံး တွေ့ရှိသော သုတေသန ရလဒ်များအရ အစိမ်းရောင် ပန်းဂေါ်ဖီတွင် ပါရှိသော ဓာတ်တစ်မျိုးမှာ အဆုတ်၏ ခံနိုင်ရည်အားကို တိုးမြှင့် ပေးသည်ဟု ဖော်ပြလျက် ရှိသည်။
ဗြိတိန်နိုင်ငံတွင် နှစ်စဉ်လူ (၃၀၀၀၀)ခန့်မှာ စီးကရက် အလွန်အမင်း သောက်သုံးမှုကြောင့် အဆုတ် ရောဂါများ ဖြစ်ပွားပြီး သေဆုံးလျက် ရှိနေသည်။ အမေရိကန် နိုင်ငံမှ သိပ္ပံ ပညာရှင်များက ဆာလ်ဖိုရာပိန်းခေါ် ဓာတ်တစ်မျိုးမှာ အဆုတ် အတွင်းရှိ ရောဂါ ကာကွယ်သော ဆဲလ်များကို ပိုမိုလှုပ်ရှား အသက်ဝင် စေသည်ဟု တွေ့ရှိခဲ့သည်။ ထိုဓာတ်မှာ အစိမ်းရောင် ပန်းဂေါ်ဖီတွင် ကြွယ်ဝစွာ ပါရှိသည်။
NRF2ဟု ခေါ်သော မျိုးဗီဇဆဲလ်မှာ အဆုတ်အတွင်း အဆိပ်အတောက် ဖြစ်ပွား စေနိုင်သော ပမာဏကို လျော့ကျ စေနိုင်ပြီး ထိုဆဲလ်များကို နိုးကြားစေမည့် လှုံ့ဆော်မှုမျိုးအား အစိမ်းရောင် ပန်းဂေါ်ဖီတွင်...
လူထုခေါင်းဆောင်၊ စစ်အာဏာရှင်ဘက်တော်သားပေလော။ by Zaw Win on Friday, December 21, 2012 at 4:02am ·
လက်ရှိ
ဗမာနိုင်ငံမှာ လူတယောက်ကိုသာ နိုင်ငံ့ခေါင်းဆောင်အဖြစ် မဲပေးယှဉ်ပြိုင်
ရွေးချယ်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်သူမှ ယှဉ်နိုင်မယ်မထင်ဘူး။ လူထုရဲ့မဲ
အများဆုံး ရနိုင်တဲ့သူကို လူထုခေါင်းဆောင်လို့ သတ်မှတ်မယ်ဆိုရင်
ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ပဲ။
ဒါပေမဲ့ ခုတလောမှာ လူထုခေါင်းဆောင်အဖြစ် အများပြည်သူ သတ်မှတ်ယုံကြည်ခြင်းခံရတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ လူထုဘက်မှာမရပ်တည်ဘဲ၊ လူထုကိုနှိပ်စက်သူတွေဘက်က ကာကွယ်ရပ်တည်လာတာကို ရင်မချိစရာ တွေ့မြင်လာရတယ်။
နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေဘက်ကို ကြည့်ရမယ်လို့ ဆိုလားဆိုရဲ့။ ပြည်သူတွေဘက်က သဘောထားကြီးရမယ်လို့ ပြောလားပြောရဲ့။ မီးလောင်တိုက်သွင်းတဲ့ စစ်ဗိုလ်လူထွက်တွေကိုတော့ တချက်မှ အပြစ်တင် ပြောဆိုဝေဖန်တာမျိုး မတွေ့ရဘူး။
စစ်ဗိုလ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ရမယ် ဆိုတဲ့ အလျော့ပေး အညံ့ခံ စေ့စပ်ရေး စာအုပ်ထဲက သဘောတရားကို ဘုရားဟောလောက် သဘောထားပြီး ကိုးကွယ်နေပြီလားလို့ ထင်မှတ်ရတယ်။ စစ်ဗိုလ်ချုပ်တွေနဲ့ ယုံကြည်မှုတည်ဆောက်၊ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင်လုပ်ရမယ်ဆိုတဲ့ သူ့စာအုပ်ထဲက သဘောတရားတွေကို တရားသေလုပ်နေသလား ထင်ရတယ်။
စစ်ဗိုလ်ချုပ်တွေနဲ့တော့ အမှန်ပဲ ယုံကြည်မှုတွေ တိုးတက်လာပါရဲ့။
ဒါပေမဲ့ ခုတလောမှာ လူထုခေါင်းဆောင်အဖြစ် အများပြည်သူ သတ်မှတ်ယုံကြည်ခြင်းခံရတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ လူထုဘက်မှာမရပ်တည်ဘဲ၊ လူထုကိုနှိပ်စက်သူတွေဘက်က ကာကွယ်ရပ်တည်လာတာကို ရင်မချိစရာ တွေ့မြင်လာရတယ်။
နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေဘက်ကို ကြည့်ရမယ်လို့ ဆိုလားဆိုရဲ့။ ပြည်သူတွေဘက်က သဘောထားကြီးရမယ်လို့ ပြောလားပြောရဲ့။ မီးလောင်တိုက်သွင်းတဲ့ စစ်ဗိုလ်လူထွက်တွေကိုတော့ တချက်မှ အပြစ်တင် ပြောဆိုဝေဖန်တာမျိုး မတွေ့ရဘူး။
စစ်ဗိုလ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ရမယ် ဆိုတဲ့ အလျော့ပေး အညံ့ခံ စေ့စပ်ရေး စာအုပ်ထဲက သဘောတရားကို ဘုရားဟောလောက် သဘောထားပြီး ကိုးကွယ်နေပြီလားလို့ ထင်မှတ်ရတယ်။ စစ်ဗိုလ်ချုပ်တွေနဲ့ ယုံကြည်မှုတည်ဆောက်၊ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင်လုပ်ရမယ်ဆိုတဲ့ သူ့စာအုပ်ထဲက သဘောတရားတွေကို တရားသေလုပ်နေသလား ထင်ရတယ်။
စစ်ဗိုလ်ချုပ်တွေနဲ့တော့ အမှန်ပဲ ယုံကြည်မှုတွေ တိုးတက်လာပါရဲ့။
ဘာသာရေးအလွဲသုံးစားလုပ်မှု - ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်) by Zaw Win on Saturday, December 15, 2012 at 2:10am ·
ဘာသာရေးအလွဲသုံးစားလုပ်မှု - ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)
by Zaw Win on Saturday, December 15, 2012 at 2:10am ·
ဘာသာရေးအလွဲသုံးစားလုပ်မှု
ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)

“သာသနာ့ဘေးရန်ကို အာဏာပိုင်ပုဂ္ဂိုလ်များနှင့် ရဟန်းရှင်လူ ပြည်သူအားလုံး လက်တွဲညီညီ ဖယ်ရှားတားဆီးမှသာ သာသနာတော် ထွန်းတောက်မည်ဟု နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် မိန့်ကြားတော်မှု” တယ်ဆိုတဲ့ ခေါင်းစီးတပ်ထားတဲ့သတင်းကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြတယ်။ တဆက်တည်းမှာပဲ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ်ဆရာတော် (၃) ဘွဲ့ရ ဦးကုမာရရဲ့ ဟောကြားချက်ကို ဖော်ပြထားတယ်။ သြ၀ါဒရဲ့ တ၀က်လောက်က ကျေးဇူးတင်စကားဖြစ်တယ်။ သြ၀ါဒစရိယ ဆရာတော်ကြီးများ၊ သံဃမဟာနာယက၊ သာသနာရေးဝန်ကြီး၊ သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန စတာတွေကို အထူးကျေးဇူးတင်ရှိကြောင်း အရင်ဆုံးဖော်ပြတယ်။
ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)

“သာသနာ့ဘေးရန်ကို အာဏာပိုင်ပုဂ္ဂိုလ်များနှင့် ရဟန်းရှင်လူ ပြည်သူအားလုံး လက်တွဲညီညီ ဖယ်ရှားတားဆီးမှသာ သာသနာတော် ထွန်းတောက်မည်ဟု နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် မိန့်ကြားတော်မှု” တယ်ဆိုတဲ့ ခေါင်းစီးတပ်ထားတဲ့သတင်းကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြတယ်။ တဆက်တည်းမှာပဲ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ်ဆရာတော် (၃) ဘွဲ့ရ ဦးကုမာရရဲ့ ဟောကြားချက်ကို ဖော်ပြထားတယ်။ သြ၀ါဒရဲ့ တ၀က်လောက်က ကျေးဇူးတင်စကားဖြစ်တယ်။ သြ၀ါဒစရိယ ဆရာတော်ကြီးများ၊ သံဃမဟာနာယက၊ သာသနာရေးဝန်ကြီး၊ သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန စတာတွေကို အထူးကျေးဇူးတင်ရှိကြောင်း အရင်ဆုံးဖော်ပြတယ်။
ရခိုင်လူမျိုးနှင့် မြန်မာစာ ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာ November 29th, 2012
Hla Htay shared Aye Maung's photo.
ရခိုင်လူမျိုးနှင့် မြန်မာစာ ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာNovember 29th, 2012 .
ရခိုင်လူမျိုးနှင့်မြန်မာစာ ဟူသော ဆောင်ပါးသည် ရခိုင်လူမျိုးနှင့်။ မြန်မာစာ မည်သို့ မည်ပုံ ဆက်စပ်နေသည်ကို သိရှိနိုင်ကြစေရန် ရည်ရွယ် ချက်ဖြင့် ဤဆောင်းပါး ကို ရေးသား ရခြင်း ဖြစ်ပါသည်။ ရခိုင်လူမျိုးနှင့် မြန်မာစာ မြန်မာစာနှင့် ရခိုင်လူမျိုး ကိုမည်သည့်အခါမျှ ခွဲခြား၍ ရလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် မြန်မာစာကို ရခိုင်လူမျိုးတို့က မိမိတို့၏ ကိုယ်ပိုင်စာပေ´´ အနေဖြင့် အသိအမှတ်ပြု ထားသောကြောင့် ဖြစ်၏။
မြန်မာနိုင်ငံတွင် မြန်မာစာဟု သတ်မှတ်ခံ ထားရသော ´အက္ခရာစာပေ´´ ကို ရခိုင်လူမျိုးတို့က မိမိတို့၏ ´´ရခိုင်စာဟူ၍သာ သိနေကြပါသည်။ စာပေကို ရေးသားသည့် အခါ၌ ရခိုင်စကား အပြောအသုံး အနှုန်းဖြင့် ရေးသားခြင်း၊ စာပေအသုံးအနှုန်းဖြင့် ရေးသားခြင်းဟူ၍သာ ခွဲခြားထား သည်။ အက္ခရာ စာပေအနေဖြင့်မူသည် အက္ခရာသည် စာပေဖြင့်သာရေ သားနေကြခြင်း ဖြစ်ပါ သည်။ ယင်းစာ အမျိုးအစားကို ရခိုင်တို့က ´ရခိုင်စာ´(သို့မဟုတ်) ရက္ခ၀ဏ အက္ခရာ´ ဟုအမည် ပေးကာ ခေါ်ဝေါ်သ မှုပြုနေကြသည်ကိုလည်း တွေမြင်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် လူမျိုး ပေါင်း´၁၃၅´ မျိုးရှိကြသည့်အနက်´ မြန်မာစာ အရေးအသားကို မည်သည့်လူမျိုးတို့ က´ရှေ့ဦးစွာ စတင်ရေး သား´ခဲ့ကြသည်ကို လေ့လာစူးစမ်းဖို့ အချိန်တန်ပြီဟု စာရေး သူယူဆပါသည်။
အကယ်၍ အဖြေမှန် ထွက်ရှိခဲ့ပါလျှင်လည်း အားလုံး သဘောထားကြီးစွာဖြင့် လက်ခံ အတည်ပြု ပေးကြဖို့ကိုလည်း အနူးအညွတ် မေတ္တာရပ် ခံလိုပ်သည်။ မြန်မာနိုင်ငံအတွင်း၌ကား ရှေ့က ရခိုင်လူမျိုးတို့တွင် ´ရခိုင်စာ´၊ မွန်လူမျိုးတို့ တွင်´မွန်စာ´၊ ပြူ(ပျူ) လူမျိုးတို့ တွင် ´ပြူ(ပျူစာ)´ ဟူ၍ ကိုယ်ပိုင် စာပေအသီးသီး ရှိခဲ့ကြသည်အနက်သည် ဆောင်းပါးသည် ´မွန်နှင် ပျူစာ´ကို လေ့လာဆန်းစစ်မှု မပြုတောပဲ´မြန်မာစာဟု သတ်မှတ်ခံထားရ သော´ရခိုင်စာ´ကိုသာ နှစ်ဖက် နှိုင်းယှဉ်၍ ဝေဖန်သုံးသပ်တင်ပြသွားမည်ဖြစ်ပါ
အထောက်အထားရှိတိုင်း အကျယ်တ၀င့် တင်ပြဖို့ဆိုသည်မှာ မဂ္ဂဇင်းက စာမျက်နှာနေရာ ပေးနိုင် သည် မဟုတ်ပါ။ ရခိုင်နှင်မြန်မာ ခေတ်ပြိုင်မှုကိုရှာကြည့်ခြင်း မြန်မာစာပေ´ကို ရေးသား နေကြ သည့်´ရခိုင်လူမျိုးနှင့် မြန်မာလူမျိုး´´တို့၏ ခေတ်ပြိုင်အချိန်ကာလကိုရှာကြည့်
ပုမင်း အင်းတောင်ညောင်ရမ်းနောင် ကုန်းဘောင် ခုနစ်ဆက်´´ဟူသောသင်္ကေတ သံပေါက် ကဗျာအရ မြန်မာလူမျိုးတို့တွင် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊
ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် ဟူ၍ခေတ်(၆)ခေတ် ထွန်းကားခဲ့သည်ကို တွေရှိရပါသည်။
ရခိုင်လူမျိုးတို့တွင်လည်း ဒွါရာဝတီခေတ်၊ ဝေသာလီခေတ်၊ ဓည၀တီခေတ်(ပ၊ဒု၊တ)ခေတ် ၊ဝေသာ လီကျောက်လှေကားခေတ်၊ လေးမြိုခေတ်၊ မြောက်ဦး(ပ၊ဒု၊တ)ခေတ်ဟူ၍ ခေတ်(၆)ခေတ် ထွန်း ကားခဲ့သည်ကို တွေ့ရှိနိုင်သည်။ သို့သော်အချိန်ကာလ ကြာမြင့်ပုံခြင်းတော တူနိုင်မည်မဟုတ်ပါ။ ယင်းတို့အနက် မြန်မာတို့၏ ပုဂံခေတ်နှင့် ရခိုင်တို့၏ လေးမြိုခေတ်မှာ ခေတ်ပြိုင်ဖြစ်ကြ၏။ မြန်မာတို့ ဘက်ကပုဂံ၏ထင်ရှား သော´ရာဇကုမာရ် ကျောက်စာခေါ်မြစေတီ ကျောက်စာ´´ကို ခိုင်မာသောအထောက် အထားအဖြစ်တင်ပြမှာဖြစ်ပြီး၊ ရခိုင်တို့ဘက်က စစ်တွေမြို့ ခေါင်းလောင်း ကျောင်းတိုက်ရှိ လေးမြို့ခေတ်´ရခိုင် ဘုရင်မင်းရင်ဖြူ´သွန်းလုပ်ပူဇော
မြန်မာတို့၏ ပုဂံခေတ်..
ကြာ၊ မိုး၊ အံ၊ ပုဂံ တည်´ဟူသောဆောင်ပုဒ်အရ ပျဉ်ပြားမင်း (အေဒီ-၈၄၆ မှ ၈၇၈)ထိသည် ယခုလက်ရှိ ပုဂံမြိုကို တည်ချိန်မှာ ကောဇာ-၂၁၁-ခု၊ ခရစ်အေဒီ ၈၄၉ ခုဖြစ်၏၊
ပုဂံ ပျက်ချိန်ကား´စောမွန်နစ်မင်း´(ေ
ကွမ်းဆော် ကြောင်ဖြူမင်း(အေဒီ-၉၆၄-၉၈၆) ၄င်းနောက် ကျည်စိုးမင်း(အေဒီ-၉၈၆-၉၉၂) ၄င်းနောက် စုက္ကတေမင်း (အေဒီ-၉၉၂-၁၀၁၇) ၄င်းနောက် အနော်ရထာမင်း(အေဒီ-၁၀၄၄-၁၀၇၇) လက်ထက်မှ ထေရ၀ါဒ ဗုဒ္ဒသာသနာကို မွန်ရဟန်းတော် ရှင်အရဟံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ရ၏။ ယင်းအချိန်ထိ ´ပုဂံ´၌ ´မြန်မာစာ´´ဟူသောအရေးအသားမရှိသေ
Subscribe to:
Comments (Atom)






