
25-35--91
တောင်ကိုရီယားရဲ့
ဒီမိုကရက်တိုက်ဇေးရှင်းဟာ ပဋိညာဉ်အရ အပြောင်းအလဲ (Transition by Pact)
မဟုတ်ဘဲ ရုန်းကန်မှုတွေကြောင့် ဖြစ်လာတဲ့ အပြောင်းအလဲ (Transition by
Movement) ဖြစ်ပါတယ်။ အာဏာရှင်က သဘောကောင်းတာကြောင့် အထက်ကနေ ချပေးခဲ့တဲ့
အပြောင်း အလဲမဟုတ်ပါဘူး။ကွန်မြူနစ်ဆန့်ကျင်ရေး
၁၉၄၅ ခုနှစ်၊ သြဂုတ်လမှာဂျပန်လက်နက်ချတော့ တောင်ကိုရီယားဟာ ဂျပန်ကိုလိုနီဘ၀က ကျွတ်ပြီး လွတ်လပ်တဲ့ နိုင်ငံအိပ်မက်မက်လာကြတယ်၊ ဒီကာလမှာပဲ လက်ဝဲလက်ယာ ပြသနာတွေ ပေါ်၊ အမေရိကား ထီးရိပ်အောက်က တောင်ကိုရီယား (၁၉၄၈၊ သြဂုတ်)၊နဲ့ ဆိုဗီယက် ထီးရိပ်က မြောက်ကိုရီးယားဆိုပြီး နှစ်ခြမ်းကွဲခဲ့တယ်။ (တောင်ကိုရီးယားနိုင်ငံ ပေါ်ပေါက် လာတာဟာ အမေရိကန် အကျိုးစီးပွားနဲ့လည်း ပတ်သက်နေပါတယ်၊ ပထ၀ီ နိုင်ငံရေးရူ့ထောင့်က ကြည့်ရင် ကိုရီးယား ကျွန်းဆွယ်ဟာ အရှေ့အာရှမှာ အမေရိကားနဲ့ ဆိုဗီယက်တို့ရဲ့ ၀ါဒရေးရာ သင်္ကေတတိုက်ပွဲနယ်မြေ ဖြစ်ပါတယ်၊ တောင်ကိုရီယားနိုင်ငံကို ကွန်မြူနစ်ဆန့်ကျင်ရေး၊ လစ်ဘရယ် ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံဖြစ်ရေးကို အမေရိကန်အစိုးရက မျှော်မှန်းခဲ့ပါတယ်၊ ဒီရည်မှန်းချက်နှစ်ခုထဲမှာ ကွန်မြူနစ် ဆန့်ကျင်ရေးကတော့ ပိုပြီး အရေးကြီးတဲ့ ရည်ရွယ်ချက်ဖြစ်ခဲ့ပါတယ်၊ ဒါကြောင့် ဒီမိုကရေစီအင်စတီကျူးရှင်းတွေ (ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲ၊ အတိုက်အခံပါတီ၊ လူထုအခြေပြုအဖွဲ့) တွေဟာ ကွန်မြူနစ်ဆန့်ကျင်ရေးဆိုတဲ့ အကန့်အသတ် ထဲမှာပဲ လည်ပတ်ခဲ့ရပါတယ်၊ ဒီလိုနဲ့ တောင်ကိုရီးယားနိုင်ငံဟာ Strong State အဖြစ်ကို ရောက်ခဲ့တယ်။



