Aung Moe Win likes a photo.
I
bear witness to so much heartbreak in social media over recent events
with the loss of so many innocents in a most vicious massacre.
Incidents as this have us all searching for the 'Why?' and 'How?' as we
cast stones of culpability in so many directions. Industry and agencies
with agendas look for advancement opportunities in the wake of such
events while emotional motivation is elevated. We
need
to keep our eyes on this big picture with discernment. I am borrowing
some information here from an academic friend who compiled a list which
directs our thinking toward a significant aspect of our American culture
- one that we are all victims of as we all participate in the
perpetuation of.




![ကျောက်ကပ်ကို အဆိုးဆုံး ထိခိုက်နိုင်သည့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
ဆီးနှင့် ကျောက်ကပ် ရောဂါများတွင် အဖြစ်များပြီး ကာကွယ်ရုံ၊ စနစ်တကျ ကုသရုံဖြင့် ပျောက်ကင်းနိုင်သော ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် စနစ်တကျဆေး ကုသမှု မရှိသည့်အခါ ကျောက်ကပ် ပျက်စီးသည်အထိ ဖြစ်ပွားနိုင်သည်။ ထိုဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် မြန်မာနိုင်ငံတွင် အဖြစ်များသော ရောဂါတစ်ခု ဖြစ်ပြီး နေ့စဉ် သတိမပြုမူသည့် နေထိုင်မှု ပုံစံများကြောင့် ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ရောက်သွားနိုင်ကာ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံအရ အမျိုးသမီးများတွင် ဆီးလမ်းကြောင်း ပိုးဝင်နိုင်သည့် အခြေအနေမှာလည်း ပိုမိုများပြားကြောင်း ဆီးနှင့် ကျောက်ကပ် ခွဲစိတ်ကု ပညာဌာနမှ ပါမောက္ခ ဒေါက်တာ တိုးလွင်က ပြောသည်။
အမျိုးသမီးများတွင်မူ အသက် ၂၀ နှင့် ၄၀ ကြားအရွယ် ဖြစ်ပွားမှုများပြီး ထိုအရွယ်သည် လုပ်ငန်းခွင် ဝင်ရောက်နေသည့် အရွယ်နှင့် ပညာသင်နေသည့် အရွယ်များ ဖြစ်သည့်အတွက် များသောအားဖြင့် ပုံမှန်ထက် ဆီးသွားနည်းလေ့ ရှိကြသည်။ ဆီးအောင့်ထားခြင်းကြောင့် ဆီးကျန်လာခြင်းသည် ဆီးပိုးတွယ်ရန် အခြေအနေပေးသည်နှင့် ဆီးပိုးဝင်ရောက်လာချိန် တိုက်ဆိုင်သည့်အခါ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဝေဒနာ ခံစားလာရကြောင်း ဒေါက်တာတိုးလွင်က ပြောသည်။ ထို့အပြင် ဝမ်းဟောင်းစွန့်သည့် နေရာမှလည်းကောင်း၊ အစာအိမ်ဟောင်းမှတစ်ဆင့် လည်းကောင်း၊ သားအိမ်မှတစ်ဆင့် လည်းကောင်း ရောဂါပိုးများ ဆီးအိမ်ထဲ ဝင်ရောက်ရာမှ ကျောက်ကပ်သို့ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း သိရသည်။ “အိမ်သာသွားပြီး ရေသုံးတဲ့အခါ နောက်ကနေရှေ့ကို သန့်ရှင်းရင် အစာဟောင်းဘက်က ပိုးကို ဆီးလမ်းကြောင်းဘက်ကို ဖိတ်ခေါ်သလို ဖြစ်တတ်တဲ့အတွက် ဒါကို ဆင်ခြင်ရမယ်လို့ အထူးသဖြင့် အလေးအနက် ထပ်ပြီး ပြောချင်ပါတယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။
ရောဂါပိုး ဝင်လာသည့်အခါ ဆီးအိမ်ရောင်လာသည့်အတွက် မကြာခဏ ဆီးသွားလိုခြင်း၊ ဆီးသွားပြီးပါက ဆီးကျင်ချောင်း ကျဉ်ခြင်း၊ စပ်ခြင်း၊ အောင့်ခြင်း၊ ဆီးသွားပြီးပါက မကုန်သလို ခံစားရခြင်း၊ ဆီးထဲတွင် သွေးစများပါခြင်း စသည့် ရောဂါ လက္ခဏာများ ခံစားကြရသည်။ ဆီးအိမ်ရှိ ဆီးပိုးများ ကျောက်ကပ်သို့ ရောက်ရှိသွားသည့်အခါမူ ကျောက်ကပ် ရောင်ပြီး တင်းလာသဖြင့် ခါးနာခြင်း ဝေဒနာအား စတင်ခံစားလာရပြီး ပိုးများ သွေးအတွင်း ပျံ့နှံ့သည့်အတွက် ချမ်းလာခြင်း၊ ဖျားခြင်း ဝေဒနာများကိုပါ ခံစားလာရကြောင်း ဒေါက်တာတိုးလွင်က ပြောသည်။ “တချို့အမျိုးသမီးတွေ ချမ်းပြီး ဖျားကြတဲ့အခါ မီးယပ်ချမ်း ထတယ်ဆိုပြီး သက်သာမယ်ထင်တဲ့ ဆေးလေးတွေ သောက်သောက်ပြီး နေကြတာတွေ အများကြီး တွေ့ဖူးတယ်။ တချို့ကျတော့လည်း မကြာခဏ ဖြစ်တာကနေ ဖြစ်တာ များများလာတော့မှ ဆေးရုံလာပြရင်း စစ်ဆေးကြည့်ကြတာ နည်းတယ်” ဟု သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ သားဖွားမီးယပ်ဆရာဝန် တစ်ဦးပြောသည်။
ရာသီဥတု အေးသောအချိန်နှင့် ညအချိန်များတွင် ချမ်းပြီး ဖျားသည့် အမျိုးသမီးအများစုသည် မြန်မာအယူအဆ ဖြစ်လေ့ရှိသော မီးယပ်ချမ်းထသည့် ရောဂါဟုသာ ထင်မှတ်လေ့ရှိပြီး ခါးနာခြင်း၊ ချမ်းပြီး ဖျားသော ရောဂါလက္ခဏာများ၊ ဆီးတွင် သွေးပါလာသည့် လက္ခဏာများသည် ကျောက်ကပ်တွင် ပိုးတွယ်နေခြင်း ဖြစ်ကြောင်း သတိပြုရန်လည်း လိုအပ်ကြောင်း သိရသည်။ “အဲဒီ့အဆင့်မှာ ဆေးကုရင် ပုံမှန်ပြန်ရောက်သွားမယ်။ မဟုတ်လို့ ဆေးမြီးတိုလေးတွေနဲ့ ကုလိုက်၊ သက်သာလိုက်၊ ပြန်ဖြစ်လိုက်နဲ့ ကြာလာရင် ကျောက်ကပ်မှာ အနာရွတ်လေးတွေ ပေါ်လာတယ်။ များလာရင် အနာရွတ်တွေက ကျောက်ကပ်သားကို နေရာယူလာပြီး အလုပ်လုပ်တဲ့ ကျောက်ကပ် လုံးဝ ပျက်စီးသွားတဲ့အဆင့် ရောက်သွားတဲ့အတွက် စောစောစီးစီး ဆေးကုသဖို့ လိုပါတယ်” ဟု ဒေါက်တာတိုးလွင်က ပြောသည်။
အသက် ၂၀ နှင့် ၄၀ ကြား အမျိုးသမီးများသည် အဖြစ်များသည့် အုပ်စုဖြစ်သော်လည်း ထိုဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် အမျိုးသား၊ အမျိုးသမီးအရွယ်စုံ ဖြစ်ပွားသည့် ရောဂါတစ်ခုလည်း ဖြစ်သည်။ သွေးဆုံးပြီး အမျိုးသမီးများတွင်လည်း ခန္ဓာကိုယ်အတွင်း ဟော်မုန်းဓာတ် နည်းပါးလာပြီး ဆက်စပ်သည့် အကြောင်းရင်းများကြောင့် ဆီးပိုးဝင်ခြင်းနှင့် အသက် ၄၅ နှစ်အထက် ဆီးချိုရှိပါက ဆီးပိုးဝင်နိုင်သည့် အခြေအနေ များပြားကြောင်း သိရသည်။ အသက်ကြီးသောသူများ နာတာရှည် ရောဂါ ခံစားနေရသူများတွင်လည်း ဆီးပိုးဝင်လာနိုင်သည့် အခွင့်အရေးများသော လူများ ဖြစ်သည့်အတွက် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် အဖြစ်များသည့် ရောဂါတစ်ခုလည်း ဖြစ်လာသည်။ ကလေးများတွင် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းမှာ သက်ကြီးရွယ်အိုများ၊ အမျိုးသားများ၊ ဖြစ်ပွားမှုများသည့် အမျိုးသမီးများနှင့် ယှဉ်လျှင် မများသော်လည်း ဆီးပိုး တစ်ခါဝင်ရုံနှင့် အရေးကြီးလာပြီး ကလေးများတွင် အောက်ပါလက္ခဏာများ ပြသသည့် အချိန်တွင်မူ စနစ်တကျနှင့် ထိရောက်စွာ ကုသရန် အလေးအနက် ပြောချင်ကြောင်း ဒေါက်တာတိုးလွင်က ပြောသည်။
“အရမ်းငယ်တဲ့ ကလေးတွေကတော့ ဆီးသွားရင် ဘယ်လို ဖြစ်တယ်ဆိုပြီး မဖော်ပြတတ်ပေမယ့် နည်းနည်းကြီးတဲ့ ကလေးတွေမှာ ဆိုရင် ဆီးသွားရင် နာတယ်။ ပုံမှန် မဟုတ်တော့ဘဲ ဆီးသွားရင် ခဏခဏသွားတယ်၊ များတယ်။ ညဘက် ဆီးသွားတယ်၊ ဖျားတာတွေ ဖြစ်လာတယ်။ ဆီးပိုး ခဏခဏ ဝင်လာရင် ကလေးရဲ့ ကြီးထွားမှု ရပ်သွားပြီး ပိုးတွယ်တဲ့ ဒဏ်ကြောင့် ကလေးက လှီလာတယ်” ဟု ဒေါက်တာတိုးလွင်က ပြောသည်။ ကလေးများတွင် ဆီးပိုးဝင်ခြင်းသည် များသောအားဖြင့် မွေးရာပါ အခြေအနေများကြောင့် ဖြစ်နိုင်ပြီး ပိုးဝင်သည့် အကြောင်းအရင်းကို သေချာရှာဖွေ ကုသလျှင် ကြီးသည့်အခါ ကျောက်ကပ် ပျက်စီးခြင်းအား ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ဆီးနှင့် ကျောက်ကပ်ရောဂါ အများစုသည် ကာကွယ်နိုင်သည့် ရောဂါများ ဖြစ်ပြီး ရောဂါလက္ခဏာများအား စောစီးစွာ သိရှိခြင်းဖြင့် စောစောကုသလျှင် ကျောက်ကပ်ပျက်စီးခြင်းမှလည်း ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ဆီးပိုးဝင်ခြင်း ရောဂါကို ကာကွယ်နိုင်ရန် ဘယ်လို အကြောင်းကြောင့် ဖြစ်စေ ဆီးအောင့်ထားခြင်းအား ရှောင်ကြဉ်သင့်ပြီး ရေကဲ့သို့ ကြည်သည့် ဆီးသွားနိုင်သည်အထိ နေ့စဉ် ရေများများ သောက်သင့်ပြီး ကျောက်ကပ် ပျက်စီးခြင်းမှ ကာကွယ်ရန် ဆီးလမ်းကြောင်း ပိုးဝင်သည့် လက္ခဏာများ ထပ်ခါထပ်ခါ ပြသလာပါက အကြောင်းအရင်းအား ရှာဖွေပြီး ဆေးကုသမှု ခံယူသင့်ကြောင်း ပါမောက္ခ ဒေါက်တာတိုးလွင်က အကြံပြု ပြောကြားထားသည်။
ဝတ်ရည်အောင်
@[452793661418174:274:Royal Hero Media]](https://sphotos-a.xx.fbcdn.net/hphotos-ash4/s480x480/403696_507121465985393_913661447_n.jpg)