Saturday, 17 September 2011
သိုးရေကို ခြုံလာတဲ့ ဝံပုလွေ
သိန်းစိန်တို့
အုပ်စုရဲ့ သတိထားရမယ့် လှည့်ကွက် တချို့ကို ကျွန်တော် တင်ပြလိုပါတယ်။ အဲဒီ
လှည့်ကွက်တွေ ကတော့ .. နအဖ၊ နဝတ လက်ထက်ကတည်းက လုပ်နေတဲ့ လုပ်ကွက် တွေကနေ
ဘာမှ မပြောင်းလဲသေးဘူးဆိုတာပါဘဲ။ ပြောချင်တာက သွေးခွဲ အုပ်ချုပ်ရေး (သို့)
အင်အားစုတွေ တစုတစည်းတည်း မဖြစ်ရေးပါ။ အဲဒါတွေကတော့ …
၁။ ၁၉၈၈ နောက်ပိုင်းကနေ ဒီနေ့အထိ .. ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေကို တပြိုင်နက် လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ပေးတာမျိုး မရှိဘဲ .. (ပြည်သူလူထု ဖိအား၊ နိုင်ငံတကာ ဖိအား၊ စစ်တပ်အတွင်း အကြပ်အတည်းဖိအားတွေ လျော့လာအောင် လွှတ်ပေးရတာမျိုး ရှိခဲ့ရင်တောင်) .. တစ်ယောက်ကို လွှတ်ရင် အပြင်မှာ ရှိနေတဲ့ လူကို ပြန်ဖမ်းပါတယ်။ ဒါကြောင့် ဒီနေ့အထိ ကိုမင်းကိုနိုင်တို့ အုပ်စုနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ အပြင်မှာ တပြိုင်နက် မရှိခဲ့တာ ၈၈ နောက်ပိုင်းကနေ ဒီန့အထိပါပဲ။ သူတို့ အင်အားစု နှစ်ခု အတူတကွရှိရင် ဖြစ်လာမယ့် အင်အားက အရမ်းကြီးတာကြောင့် စစ်အုပ်စုရဲ့ အာဏာ ထိခိုက်မှာ စိုးရိမ်နေတာပါပဲ။ ဒါဟာ .. ကိုမင်းကိုနိုင်တို့ကို မလွှတ်ပေးသေးနိုင်တာဟာ ဘာကို ပြနေသလဲဆိုတော့ ဘောင်းဘီချွတ် သိန်းစိန်တို့ အုပ်စုဟာလည်း တိုင်းပြည်ကောင်းဖို့၊ အမျိုးသားရေး ပြန်လည်ပေါင်းစည်းဖို့ ဆိုတာထက် သူတို့ အာဏာမြဲဖို့ လုပ်ရပ်ရဲ့ သက်သေပြချက် တစ်မျိုးပါပဲ။