Friday, October 12, 2012

Kho Lian

Vansangva Library – Vansangva စာကြည့်တိုက်

ပြည်ထောင်စုမြန်မာနိုင်ငံ ခေါ် ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေး သမိုင်းဝင်မှတ်တမ်းများ။
Historical Documents on the making of a new democratic Nation – the “Union of Burma”
VanSangVa Library1 by vansangva

Contents မာတိကာ

၁။ သမိုင်းဝင် ပင်လုံစာချုပ် (၁၉၄၇)
၂။ ဗိုလ်ချုပ်အောင်ဆန်း ၏ “လမ်းညွှန်ပြဌာန်းချက် (ရ) ချက်”။ (၁၉၄၇)*
၃။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ရေးဆွဲ ခဲ့သော “ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ ပထမူကြမ်း”။ (၁၉၄၇)
၎။ အခြေခံဥပဒေရေးဆွဲရေး ကော်မီတီ နှင့် အလုပ်ကြံခံရသည့် အာဇာနည် ခေါင်းဆောင် ကြီး များစာရင်း။
၅။ ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ (၁၉၄၇)
၆။ ဦးထွန်းမြင့် (တောင်ကြီး) ၏ “ပြည်ထောင်စု အတွင်းမှ တန်းတူသော ရှမ်းပြည်”။ (၁၉၅၇)*
၇။ ကချင်ပြည်နယ် ၀န်ကြီးဟောင်း ဦး ဇန်ထားရှင် ၏ “ဒီမိုကရေစီပြောင်းပြန်”။ (၁၉၅၈)*
၈။ ချင်းကျောင်းသားခေါင်းဆောင်ဟောင်း / ၁၉၉၀ အရွေးကောက်ခံ အမတ် ဦးလျန်အုပ် ၏ “ချင်းလူငယ်များ အကြံပေးတင်ပြချက်”။ (၁၉၆ဂ)*
၉။ ဒဂုန်တာရာ ၏ “အောက်ချင်းငှက်တေးသံ”ဆောင်းပါး။ ချင်းမဂ္ဂဇင်း၊ တက္ကသိုလ်များ – ရန်ကုန် (၁၉ဂ၂ – ၁၉ဂ၃)*
၁၀။ ABSDF ၏ “ဖက်ဒရယ်လ်”။ (၁၉၉၄)
၁၁။ မောင်မြတ်နိုင် ၏ “၂၀၀၈ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ တွေနဲ့ အနာဂတ် နိုင်ငံရေး အလားအလာများ” စာတမ်း။ (၂၀၁၀)

*ဤ စာအုပ် စာတမ်း နှင် ဆောင်းပါးများ ကို ဆလိုင်းလျန်မှုန်း စုဆောင်းပြုစုသည့် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဝါဒ မှသည် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စနစ် ဆီသို့” (တတိယတွဲ) ၊ ပင်လုံ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသား လူမျိုးများ ၏ ပြည်ထောင်စု အပေါ် ဝေဖန်သုံးသပ်သည့် စာတမ်းများ။ စာအုပ် မှ ထုတ်နှုတ်ဖေါ်ပြထားခြင်းဖြစ်ပါသည်။

၁. The Panglong Agreement – ပင်လုံစာချုပ် (၁၉၄၇)

သမိုင်းဝင် ပင်လုံစာချုပ် ၏ အနှစ်သာရ များ။
ပြည်ထောင်စုမြန်မာနိုင်ငံ ခေါ် ဒီမိုကရေစီ လူ့ဘောင်သစ် တရပ် ကို အရှည်သဖြင့် ခိုင်ခိုင်မာမာ တည်ဆောက် နိုင်ရေး အတွက် ခိုင်မာသော ခြေခံအုတ်မြစ် များ။
    ရှမ်း၊ ကချင်၊ ချင်း တို့သည် ဗမာ နဲ့ အတူ ဗြိတိသျှ ကျွန်သဘောက် ဘ၀ မှ ရုန်းထွက်ပြီး လွတ်လပ်၍ တန်းတူသော ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံ သစ် ကိုတည်ထောင်ကြမည်။
    ထူထောင်လတ္တံ့သော ပြည်ထောင်စု မြန်မာနိုင်ငံတွင် ပြည်နယ်များသည် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် အပါ အ၀င် အမျိုးသား ကိုယ် ပိုင်ပြဌာန်း ပိုင်ခွင့်များ ကို အပြည့် အ၀ရရှိခံစားစေရမည်။
    ဗမာ နှင့် အတူတကွ ပူးပေါင်းထူထောင် မည့် ပြည်ထောင်စု နိုင်ငံတွင်ရှမ်း၊ ကချင်၊ချင်း အစရှိသည်တို့သည် ဗမာ အပါအ၀င်အခြားသောပြည်ထောင် စု အဖွဲ့ ၀င် အမျိုးသား များနည်းတူ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံများမှ ပြည်သူ အများ ခံစားရရှိ ကြသည့် ဒီမိုကရေစီ အခွင့်အရေးများ ကို ခံစားကြရမည်။

Monday, October 8, 2012

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားရေးရာတွေကို ဘယ်လို ကိုင်တွယ်တော့မလဲ။ အောင်ထူး (ရှေ့နေ) by Aung Htoo on Friday, July 20, 2012 at 10:28am ·

ဒေါ်အောင်ဆန်းစုကြည်သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အခြေအမြစ်မှနေ၍ ပြင်သည့်နည်းဖြင့် တိုင်းရင်းသားရေးရာများကို ကိုင်တွယ်တော့မည်လား။

စစ်အစိုးရတည်ထောင်ထားသော လွှတ်တော်အတွင်းတွင် တိုင်းရင်းသားရေးရာများနှင့် စပ်လျှဉ်း၍ ဒေါ်အောင်ဆန်းစု ကြည် က မကြာခင် ဆွေးနွေးပြောကြားလိမ့်မည် ဟူသောသတင်းထွက်ပေါ်လာခဲ့သည်။ ဤတွင် ဒေါ်အောင်ဆန်းစု ကြည် သည် တိုင်းရင်းသားရေးရာများကို မည်သည့်အခြေခံမှနေ၍ စတင်ကိုင်တွယ်တော့မည်နည်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ဆက်စပ်တော့မည်လား ဟူ၍ လူထု အနေဖြင့် သိခြင်ကြတော့မည် ဖြစ်သည်။  ပြီးခဲ့သည့် ကြား ဖြတ်ရွေးကောက်ပွဲ၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်သွားမည်ဟူ၍ လူထုအား မဲဆွယ်ကတိပြုခဲ့သော် လည်း ဖွဲ့စည်းပုံ၏ မည်သည့် အပိုင်းကဏ္ဍကို ပြင်ဆင်သွားမည်ဟူ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် တိတိ ကျကျ ထုတ်ပြန်ကြေငြာသည်ကို မတွေ့ရသေးပါ။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ရှမ်းတိုင်းရင်းသား ဒီမိုကေ၇စီအဖွဲ့ချုပ်၊ ရခိုင် ဒီမိုကေ၇စီအဖွဲ့ချုပ်၊ မွန် ဒီမို ကေ၇စီအဖွဲ့ချုပ်၊ ဇိုမီး ဒီမိုကေ၇စီအဖွဲ့ချုပ်၊ ကရင်အမျိုးသားဒီမိုကရေစီ ကွန်ဂရက်၊ ကချင်ပြည်နယ် အမျိုးသား ဒီမို ကရေစီ ကွန်ဂရက်၊ ချင်း တိုးတက်ရေးပါတီ အစရှိသော တိုင်းရင်းသားပါတီများ စည်းဝေးပြီးတိုင်းရင်းသား လူမျိုးများ အခွင့်အရေး အခြေခံ အရင်းအမြစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုံစံမကျမှု အပေါ်မှာ မူတည်ကြောင်း၊ သို့ ဖြစ်၍ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြုပြင်လိုက်ခြင်းက သာလျှင် ပြသနာအရပ်ရပ်ကို ဖြေရှင်းရာရောက်မည်ဟု အားလုံးက သဘောတူ ဆုံးဖြတ်ကြောင်းဖြင့် ရေးသားကာ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ ခဲ့သည် ဟု သိရသည်။

စင်စစ်အားဖြင့်မူ တိုင်းရင်းသားခေါင်းဆောင်များ၏ ဤသဘောထားထုတ်ဖေါ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် ယခုမှ သာ ကြားသိရသည့် အသစ်အဆန်း မဟုတ်ပါ။ လွန်ခဲ့သော နှစ်ပေါင်းများစွာကထဲက ရှင်းရှင်းလင်းလင်းကြားသိခဲ့ပြီး ဖြစ်သည်။ တောင်ကြီး ဦးထွန်းမြင့် ဆိုသော ရှမ်းတိုင်းရင်းသား ခေါင်းဆောင်ကြီးမှာ ၁၉၆၁ ခုနှစ်တောင်ကြီးညီလာခံ၌ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးဆောင်တင် သွင်းခဲ့သူဖြစ်သည့်အပြင် ကမ္ဘာပေါ်ရှိနိုင်ငံများ၏ ဖွဲ့စည်း ပုံအခြေခံ ဥပဒေအတော် များများကို လေ့လာပြီး ဖက်ဒရယ်အခြေခံမှ ရှင်းပြနိုင်သူဖြစ်သည်။ တောင်ကြီး ဦးထွန်းမြင့် မှာ ရှမ်း တိုင်းရင်းသား များ သာမက ပြည်ထောင်စု စစ်စစ်တည်ဆောက်ရေးအတွက် ဦးတည်လှုပ်ရှားနေကြသော အခြား တိုင်းရင်းသားခေါင်း ဆောင်များ၊ အဖွဲ့ အစည်းများ အားလုံးနီးပါးကပါ လေးစားရသူဖြစ်သည်။ ယခုတော့ ကွယ် လွန်သွားရှာ ပါပြီ။

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်စည်းရုံးရေးခရီးစဉ်အတွင်း တောင်ကြီးမြို့ ကိုရောက်ခဲ့ရာ ဦးထွန်းမြင့်က“ဒေါ်အောင် ဆန်းစုကြည်၊ ခင်ဗျား ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ရှိတုံးကလိုဘဲ ရှမ်းပြည်ကို ခင်ဗျားလဲရောက်လာပြန်ပြီ။ ပြည်ထောင် စု တည်ဆောက်ရေး နဲ့ ပတ်သက်ပြီး နိုင်ငံရေးခေါင်းဆောင်တွေ ပါတီ  အဖွဲ့ အစည်းတွေရဲ့  ကတိစကား တွေကိုတော့ တန်ဘိုး ထားပါရဲ့။ ဒါပေမယ့် သူတို့ တွေက တည်မြဲကြ တာ မဟုတ်ဘူး။ ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အခွင့် အရေး တွေကို ဖွဲ့ စည်းပုံအခြေခံဥပဒေ နဲ့အညီ ကာကွယ်စောင့်ရှောက်ပေးတာကို လိုခြင်တယ်။” ဟုပြောကြားခဲ့ကြောင်း လေ့လာရသည်။

တောင်ကြီး ဦးထွန်းမြင့်ပြောကြားခဲ့သည့် စကားမျိုးကိုပင် လက်ရှိတိုင်းရင်းသားခေါင်းဆောင်များက ပြောကြားလျှက် ရှိပြန်ပါပြီ။ တောင်ကြီး ဦးထွန်းမြင့် နှင့် ယခုလက်ရှိတိုင်းရင်းသားခေါင်းဆောင်များ၏ ပြောကြားချက် ကွာခြားမှုတော့ ရှိသည်။ ယင်းမှာ တောင်ကြီး ဦးထွန်းမြင့် အသက်ထင်ရှားရှိစဉ်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ မပေါ်သေးပါ။ ယခု ၂၀၀၈ ဖွဲ့  စည်းပုံအခြေခံဥပဒေပေါ်ပြီးဖြစ်သည့်အပြင် ၄င်းနှင့်အညီ တည်ဆောက်ထားသော လွှတ်တော်များ တိုင်းနှင့် ပြည်နယ် အသီးသီး၌ ပေါ်ပေါက်နေပြီး ဖြစ်သည်။ ဤသို့ သော ဖြစ်ထွန်းတိုးတက်မှုမှာ မြန်မာနိုင်ငံ၌ ယခင်တုံးက တကြိမ်မျှ မတည်ရှိခဲ့၊ ယခု ဖေါ်ဆောင်ဖန်တည်းပေးထားပြီး တိုင်းရင်းသားများ၏ အခွင့်အရေးကို အာမခံချက်
ပေးထား လိုက်ပြီ ဟူ၍ စစ်ခေါင်းဆောင်သစ် ဟောင်းများ၊ ဦးသိန်းစိန်ဦးဆောင်သည့် လက်ရှိ စစ်အစိုးရတာဝန်ရှိသူများက ထပ် ခါ တလဲလဲ ထုတ်ဖေါ်လာကြ သည်။

Min Zin: What Aung San Suu Kyi didn’t say during her visit ...

Min Zin: What Aung San Suu Kyi didn’t say during her visit ...: Posted By Min Zin    Tuesday, October 2, 2012 - 11:23 AM The Lady continues her  U.S. tour . Aung San Suu Kyi has already visited W...

ကရင်အမျိုးသားအစည်းအရုံးအတွင်း စည်းရုံးရေးပြသနာနှင့် ပြည်တွင်းငြိမ်းချမ်းရေး အပိုင်း (၁)

ကရင်အမျိုးသား အစည်းအရုံး (ကေအင်ယူ) ၏ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးအာ
း တာဝန်များမှ ထုတ်ပယ် လိုက် သည့် သတင်းများထွက်ပေါ်လာပြီး
နောက် အဖွဲ့အစည်းအနေဖြင့် ကွဲပြဲတော့မည်လားဟူသော စိုးရိမ်ပူပန်မှုမျ
ား သည် စာရေး သူအပါအ၀င် လူထုများ အတွင်း အတော်ပင် ကြီးမားစွာ
ဖြစ်ပေါ်လျှက်ရှိသည်။ အဘယ်ကြောင့်ပါနည်း။

ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးသည့်နောက် ထောင်ပေါင်းများစွာသော ကျောင်းသား၊ ပြည်သူ များသည် တိုင်းရင်း သား လက်နက်ကိုင်တော်လှန်ရေး
အင်အားစုများ အခြေပြုရာ ဒေသများသို့ လည်းကောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်ရာ ရှမ်းပြည်အရှေ့မြောက်ဒေသရှိ လွတ်မြောက်နယ်မြေသို့
လည်းကောင်း ရောက်ရှိခိုလှုံခဲ့ကြရာ စာရေးသူ လည်း တဦးအပါဝင်ဖြစ်ခဲ့သည်။ လက်နက်ကိုင်တော်လှန်ရေးနှင့် အခြား နည်းလမ်းပေါင်းစုံသုံးပြီး
စစ်အာဏာရှင် စနစ် အား ဆက်လက်တိုက်ပွဲဝင်ရန်ကြိုးပမ်းခဲ့ကြသည်။ တော်လှန်လိုသည့် ကျောင်းသားများ၊ လူထုများအား ကောင်းမွန်စွာ လက်ခံကြိုဆို
နေရာချထားပြီး တတ်နိုင်သမျှ ကျွေးမွေး ထောက်ပံ့ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့အစည်းများအနက် ကေအင်ယူသည်
ရှေ့တန်းမှပါဝင်ခဲ့သည်။

မိမိအနေဖြင့် ကျေးဇူးရှင်သဘွယ်သဘောထားသတ်မှတ်ခဲ့သည့် အဖွဲ့အစည်းများအနက်တွင် ကေအင်ယူသည် ထိပ်တွင် ရှိသည်။ ၁၉၉၉ မှ ၂၀၀၄ ခုနှစ်
များတ၀ိုက်တွင် အရှိန်အ၀ါကြီးမားခဲ့သည့် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ်ကို ဦးဆောင် ခဲ့သော ဗိုလ်ချုပ်ကြီးမြ နှင့် တဖြေးဖြေးနှင့် အနီးကပ်
ဆက်ဆန်မိရင်း ၄င်းသည် စစ် အစိုးရ အဆက်ဆက်က ၀ါဒဖြန့်ခဲ့သလို လူဆိုး လူမိုက်ကြီး တဦးမဟုတ်ဘဲ သူရသတ္တိ နှင့် ပြည့်စုံသည့် တော်လှန်ရေးသမားကြီး
တဦးဖြစ်မှန်းသိခဲ့သည်။ လေးစားချစ်ခင် ခဲ့သည်။ “ ကိုယ့်လူမျိုးကို ချစ်တယ်ဆိုတာ အခြားလူမျိုးကို မုန်းဘို့ မဟုတ်ဘူး ” ဟူသည့် ၄င်း၏ ရိုးရှင်းသော
လူမျိုးရေးအမြင် ဆိုင်ရာသင်ကြားချက်ကို အမှတ်ရနေဆဲဖြစ်သည်။

အလားတူပင် ၁၉၈၉ ခုနှစ်နောက်ပိုင်းမှစ၍ ယနေ့အထိခေါင်းဆောင်လျှက်ရှိသော ကေအင်ယူခေါင်းဆောင်များ အပါ အ၀င် မိမိနှင့်ဆက်ဆန်ထိတွေ့
မိသမျှများမှာ တနည်းမဟုတ်တနည်း လေးစားချစ်ခင်ဘွယ်ကောင်း သူများဖြစ် ကြောင်း တွေ့ရသည်။ ကိုယ်ကျိုးစွန့် အနစ်နာခံလျှက် ကရင်အမျိုးသား
အရေးသာမက မြန်မာအပါအ၀င် တိုင်းရင်းသားအားလုံး အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး
ရရှိရေး တို့ အတွက် စွမ်းစွမ်း တမန် တိုက်ပွဲဝင်လျှက်ရှိသူများ ဖြစ်ကြောင်းတောက်လျှောက်လေ့လာခွင့်ရခဲ့သည်။ ယခု ဤ အစည်းအရုံးကြီးမှာ အကွဲ
အပြဲဖြစ်တော့မည်လား ဟူသည့် စိုးရိမ်မှုသည် အခြားသူများထက် မလျော့နည်းဘဲ ခံစားမိလာသည်။ ဒေါက်တာ စင်သီယာမောင် ကဲ့သို့ နိုင်ငံရေး
လုပ်ငန်းများနှင့် မစွက်ဘက်ဘဲ ဆေးပညာသန့်သန့် ဖြင့် လူထုအကျိုးပြုလုပ်ငန်း လုပ်နေသူကပင်လျှင် စိုး၇ိမ်ပူပန်ကြောင်း ထုတ်ဖေါ်ချက်ကို
လေ့လာနိုင်ပါသည်။

မန်းကိုကို ~ Mahn Ko Ko: ကရင်ကရင် ဘယ်လိုထင် ~ စောက်ရမ်းပဒဲကော အရိပ်တွေမြင်

မန်းကိုကို ~ Mahn Ko Ko: ကရင်ကရင် ဘယ်လိုထင် ~ စောက်ရမ်းပဒဲကော အရိပ်တွေမြင်:   ခေါင်းစဉ်ကြမ်းတော့ လန့်သွားကြမလား မသိဘူး ။    အမှန်တော့ ကိုယ့်ဖင်ကိုယ်လှန်ပြရတာ သိပ်ကောင်းလှတယ်တော့ မဟုတ် ။ အထူးသဖြင့် ကရင်လို ...

Sunday, October 7, 2012

The Panglong Agreement – ပင်လုံစာချုပ် (၁၉၄၇)

Kho Lian

Vansangva Library – Vansangva စာကြည့်တိုက်

ပြည်ထောင်စုမြန်မာနိုင်ငံ ခေါ် ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေး သမိုင်းဝင်မှတ်တမ်းများ။
Historical Documents on the making of a new democratic Nation – the “Union of Burma”
VanSangVa Library1 by vansangva

Contents မာတိကာ

၁။ သမိုင်းဝင် ပင်လုံစာချုပ် (၁၉၄၇)
၂။ ဗိုလ်ချုပ်အောင်ဆန်း ၏ “လမ်းညွှန်ပြဌာန်းချက် (ရ) ချက်”။ (၁၉၄၇)*
၃။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ရေးဆွဲ ခဲ့သော “ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ ပထမူကြမ်း”။ (၁၉၄၇)
၎။ အခြေခံဥပဒေရေးဆွဲရေး ကော်မီတီ နှင့် အလုပ်ကြံခံရသည့် အာဇာနည် ခေါင်းဆောင် ကြီး များစာရင်း။
၅။ ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ (၁၉၄၇)
၆။ ဦးထွန်းမြင့် (တောင်ကြီး) ၏ “ပြည်ထောင်စု အတွင်းမှ တန်းတူသော ရှမ်းပြည်”။ (၁၉၅၇)*
၇။ ကချင်ပြည်နယ် ၀န်ကြီးဟောင်း ဦး ဇန်ထားရှင် ၏ “ဒီမိုကရေစီပြောင်းပြန်”။ (၁၉၅၈)*
၈။ ချင်းကျောင်းသားခေါင်းဆောင်ဟောင်း / ၁၉၉၀ အရွေးကောက်ခံ အမတ် ဦးလျန်အုပ် ၏ “ချင်းလူငယ်များ အကြံပေးတင်ပြချက်”။ (၁၉၆ဂ)*
၉။ ဒဂုန်တာရာ ၏ “အောက်ချင်းငှက်တေးသံ”ဆောင်းပါး။ ချင်းမဂ္ဂဇင်း၊ တက္ကသိုလ်များ – ရန်ကုန် (၁၉ဂ၂ – ၁၉ဂ၃)*
၁၀။ ABSDF ၏ “ဖက်ဒရယ်လ်”။ (၁၉၉၄)
၁၁။ မောင်မြတ်နိုင် ၏ “၂၀၀၈ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ တွေနဲ့ အနာဂတ် နိုင်ငံရေး အလားအလာများ” စာတမ်း။ (၂၀၁၀)

*ဤ စာအုပ် စာတမ်း နှင် ဆောင်းပါးများ ကို ဆလိုင်းလျန်မှုန်း စုဆောင်းပြုစုသည့် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဝါဒ မှသည် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စနစ် ဆီသို့” (တတိယတွဲ) ၊ ပင်လုံ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသား လူမျိုးများ ၏ ပြည်ထောင်စု အပေါ် ဝေဖန်သုံးသပ်သည့် စာတမ်းများ။ စာအုပ် မှ ထုတ်နှုတ်ဖေါ်ပြထားခြင်းဖြစ်ပါသည်။

၁. The Panglong Agreement – ပင်လုံစာချုပ် (၁၉၄၇)

သမိုင်းဝင် ပင်လုံစာချုပ် ၏ အနှစ်သာရ များ။
ပြည်ထောင်စုမြန်မာနိုင်ငံ ခေါ် ဒီမိုကရေစီ လူ့ဘောင်သစ် တရပ် ကို အရှည်သဖြင့် ခိုင်ခိုင်မာမာ တည်ဆောက် နိုင်ရေး အတွက် ခိုင်မာသော ခြေခံအုတ်မြစ် များ။
    ရှမ်း၊ ကချင်၊ ချင်း တို့သည် ဗမာ နဲ့ အတူ ဗြိတိသျှ ကျွန်သဘောက် ဘ၀ မှ ရုန်းထွက်ပြီး လွတ်လပ်၍ တန်းတူသော ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံ သစ် ကိုတည်ထောင်ကြမည်။
    ထူထောင်လတ္တံ့သော ပြည်ထောင်စု မြန်မာနိုင်ငံတွင် ပြည်နယ်များသည် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် အပါ အ၀င် အမျိုးသား ကိုယ် ပိုင်ပြဌာန်း ပိုင်ခွင့်များ ကို အပြည့် အ၀ရရှိခံစားစေရမည်။
    ဗမာ နှင့် အတူတကွ ပူးပေါင်းထူထောင် မည့် ပြည်ထောင်စု နိုင်ငံတွင်ရှမ်း၊ ကချင်၊ချင်း အစရှိသည်တို့သည် ဗမာ အပါအ၀င်အခြားသောပြည်ထောင် စု အဖွဲ့ ၀င် အမျိုးသား များနည်းတူ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံများမှ ပြည်သူ အများ ခံစားရရှိ ကြသည့် ဒီမိုကရေစီ အခွင့်အရေးများ ကို ခံစားကြရမည်။
    ရှမ်း၊ ကချင်၊ ချင်း တို့သည် ဗမာ နဲ့ အတူ ဗြိတိသျှ ကျွန်သဘောက် ဘ၀ မှ ရုန်းထွက်ပြီး လွတ်လပ်၍ တန်းတူသော ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံ သစ် ကိုတည်ထောင်ကြမည်။
    ထူထောင်လတ္တံ့သော ပြည်ထောင်စု မြန်မာနိုင်ငံတွင် ပြည်နယ်များသည် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် အပါ အ၀င် အမျိုးသား ကိုယ် ပိုင်ပြဌာန်း ပိုင်ခွင့်များ ကို အပြည့် အ၀ရရှိခံစားစေရမည်။

ပင်လုံစာချုပ် (၁၉၄၇) ကို အပြည့် အစုံဖတ်ရန် / ဆွဲချရန်

ပင်လုံသို့  တကျော့ပြန် ခရီး (၂) – Back to Panglong, back to basics (2)

Kho Lian

ပင်လုံ နိုင်ငံ က စစ်သူကြီး ဗိုလ်ချုပ်အောင်ဆန်း။
ဗိုလ်ချုပ်အောင်ဆန်း က ဦးဆောင်ပြီး တိုင်းရင်းသားခေါင်း တွေနဲ့ အတူတကွ ချုပ်ဆို လက်မှတ်ရေးထိုး ခဲ့ ကြတဲ့ သမိုင်းဝင်ပင်လုံစာချုပ် ဟာ ပေါ်ထွန်းလာတော့မယ့် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း မှီတင်း နေထိုင် ကြ မယ့် ပြည်ထောင်စုသား တွေ အချင်းချင်း ကြား မှာ ရန်လိုမုန်းထားမှု တွေ ကင်းရှင်းရေး၊ သံသယစိတ် တွေ ထာဝရ ပြေပျောက် ပြီး၊ လူမျိုး တမျိုး နဲ့ တမျိုး အကြား စစ်မက် နဲ့လူမျိုး ရေး ပဋိပက္ခ တွေ မရှိတဲ့ ထာဝစဉ်ငြိမ်းချမ်း သာယာ တဲ့ ပြည်ထောင်စုကြီးတခု ထူထောင် ရေး အစရှိတဲ့ ကောင်းမွန်တဲ့ အချက်အလက်တွေ နဲ့ ပြည့်စုံ လုံလောက်တဲ့ အခြေခံအုတ်မြစ်တွေပါရှိပါတယ်။
တနည်းအားဖြင့် ပင်လုံကိုအခြေခံပြီး တည်ဆောက်တော့မယ့် ပြည်ထောင်စု ကြီးထဲမှာ လူမျိုးတမျိုး နဲ့ တမျိုး ချစ်ချစ်ခင်ခင် ပေါင်း သင်း နေထိုင်တဲ့၊ အပြန်အလှန်လေးစားမှု တွေ ရှင်သန်တဲ့ ညီညွတ်ရေး အုတ်မြစ် တွေ ငြိမ်းချမ်းရေး အုတ်မြစ် တွေ ကို ပင်လုံမှာ အခိုင်အမာ ချမှတ်ခဲ့ ကြတာဖြစ်ပါ တယ်။
အဲဒီလို သေနတ်တချက်မဖေါက်၊ သွေးမြေ တစက်မကျပဲ ငြိမ်းချမ်းတဲ့ နည်းအားဖြင့် ပြည်ထောင်စု နိုင်ငံကြီးကို တည်ဆောက် နိုင် ခဲ့ ကြတဲ့ အတွက် ကျနော် တို့ ရဲ့ ပြည်ထောင်စု နိုင်ငံသစ် ထူထောင်ရေး သမိုင်း အစမှာ တာအထွက်ကောင်းခဲ့ပါတယ်။ သမိုင်း အစမှာ အဲဒီလိုသာ တာအထွက် မကောင်းခဲ့ပဲ ကွဲကြပြဲကြ၊ သတ်ကြဖြတ်ကြ၊ သေကြ၊ ကြေကြ၊ ပျက်စီး ခဲ့ကြရင်တော့ အဲဒီသမိုင်း အစ ဖြစ်တဲ့ ပင်လုံဆီ ကို ဘယ်သူမှ ပြန်လည် တမ်းတ ကြမှာ လည်း မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို လည်း တမ်းတသတိရကြ တော့ မှာ မဟုတ်ပါဘူး။

Basic Principles of Democracy/ဒီမိုကရေစီ အခြေခံတရားများ

Introduction
ဘုရင်တဦးအပေါ်မှာအာဏာပုံအပ်ထားတဲ့ ပဒေသရာဇ်စနစ်ကိုကျင့် သုံးခဲ့ ကြတဲ့  ကာလတုံးက
ဘုရင်မင်းမြတ်အပေါ်မကျေနပ်ရင်ဘုရင်ကိုပုန်ကန်ခြားနားကြတယ်။

Khin Ma Ma Myo: Violence, Non-Violence and Terrorism

Khin Ma Ma Myo: Violence, Non-Violence and Terrorism: တခါတုန်းက မိုးကုတ်က သူငယ်ချင်းဆီ အလည်သွားဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းတို့ ရပ်ကွက်မှာက လီဆူး လူမျိုးတွေ အများအပြား နေထိုင်ပါတယ်။ ဒါနဲ့ သူငယ်ချင်...

Khin Ma Ma Myo: အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တ...

Khin Ma Ma Myo: အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တ...: အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန် နိဒါန်း ပြည်ထောင်စု မပြိုကွဲရေး ........................................