Sunday, November 3, 2013

ဌေးမောင် - တိုက်ပွဲခေါ်သံ.


ဦးဥာဏ်သင်း - မြန်မာ့ကျောက်စိမ်း.


အထောက်တော်လှအောင် - အာရပ် အစ္စရေးလ် ၆ရက်စစ်ပွဲ.


လူထုဒေါ်အမာ - ကျွန်မတို့သိတဲ့ရွှေကိုင်းသား ဆရာတော်ဦးသောဘိတ.


ဂျူး - အောက်ခြေသန်းတစ်ထောင်.


မောင်ဝံသ - ဒုတိယအတွေး.


Thursday, October 31, 2013

လွမ်းရတဲ့  အညာ

အခုပုံမျိုးတွေတွေ့တော့ အရမ်းလွမ်းတာ၊ ဟိုအ၇င်ကစိတ်ထဲခံစားချက်အမျိုးမျိုးပေါ်လာလို့၊ ဒီမှာကြုံခဲ့တာလေးတွေနဲ့ပေါင်းပြီး တပုဒ်ရေးခဲ့ဖူးတယ်၊“သာသည့်မြေသို့နှင့်ငှက်သွင်ပျံကြွမတတ်သော်”၊ အခုဒီနေ့မှစာတိုက်ကရောက်လာတဲ့စာအုပ်လေးစဖတ်ကြည့်ဖြစ်တယ်၊ အမှာစာနဲ့တင်လူက ရွပိုးထိုးသွားတယ်၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့၊ “စိမ်းနေဦးမည့်ကျွန်တော့မြေ”၊ ဆရာတက္ကသိုလ်ဘုန်းနိုင်လည်း အရင်တချိန်က ကျွန်တော့လိုမျိုးခံစားချက်ရှိခဲ့ဖူးတာပဲလို့၊သိလိုက်ရတယ်၊ သူ့လိုပဲခံစားချက်ရှိခဲ့ဖူးတဲ့သူကိုလည်း သူ့စာအုပ်ထဲမှာတွေ့လိုက်ရတယ်၊ Wordsworth ဖြစ်ပါတယ်။ အဲတော့ဒီပုံလေးကိုရှယ်ယာယူရင်း ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ အမှာစာလေးကို ရေးပြီးပြန်တင်လိုက်ပါတယ်ဗျာ။
ပထမပုံနှိပ်ခြင်းမှ
စာရေးသူ၏ အမှာစာ
(၁)
“စိမ်းနေဦးမည့် ကျွန်တော့်မြေ”ကို ကြော်ငြာခဲ့သည်မှာ ကြာပြီ၊ ကျွန်တော်၏စာဖတ်ပရိတ်သတ်ကြီးအတွက် မျှော်ရသည်မှာလည်း ကြာသင့်ရက်ထက်ပိုရှည်ခဲ့ရသည်။ ကျုအမှာစာဖြင့် စာဖတ်ပရိတ်သတ်ကြီးကို လေးစားစွာ တောင်းပန်ပါသည်။
စင်စစ်မူ ကျုဝတ္တုကြီးကို(၁၉၅၃)ခုနှစ်ကတည်းက ရေးပြီးခဲ့သည်ဆိုလျှင် အံ့သြကြပေမည်။ ကျွန်တော် ရှင်းလင်းတင်ပြပါရစေ။
(၂)
(၁၉၅၃)ခုနှစ်ဆီက ကျွန်တော့်တွင်ဂုဏ်ထူးဘွဲ့ထူးကြီးများ မရှိသေးး ရာထူးဆိုလျှင်ဝေးစွ၊ ကလောင်နာမည်မှာလည်း စာပေသမုဒ္ဒရာနှိုက် ရေပွက်ငယ်ပမာသာရှိသေးသည်။ ဘ၀ကို ပင်ပန်းချို့ငဲ့ စွာရုန်းကန်ရင်း ကျုဝတ္တုကြီးကိုရေးသားပြီးစီးခဲ့သည်။ ထိုစဉ်က ၀တ္တုအမည်ကို“မဟီမြနန်း”ဟုတပ်ကာမြန်မာပြည်နှိုက် ဒုတိယ၀ါအရင့်ဆုံးဖြစ်သော အကျော်ကြားဆုံး မဂဇင်း တစောင်သို့ပေးအပ်ခဲ့သည်.....။အရွေးချယ်မခံရရုံမျှမက စာပင်ပြန်တောင်းလို့မရပဲ ပျောက်ဆုံး လက်လွှတ်ခဲ့ရသည်။
ယခုအချိန် တိုက်ပိုင်ရှင်များ ဇွတ်ရောအဓမ္မ ၀ိုင်းဓားပြအတိုက်ခံရဆဲအဖြစ်မှ စဉ်းစားလျှင် ထိုစဉ်က ကြုံရချက်မှာ အသည်းနာဖွယ်ဖြစ်သည်။