Thursday, November 29, 2012

မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားတဲ့ ဗြိတိ Spitfire လေယာဉ်များကို စတင်ရှာဖွေ

KhingKhing Su and New MyanmarFoundation shared RFA Burmese's photo.
မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားတဲ့ ဗြိတိ Spitfire လေယာဉ်များကို စတင်ရှာဖွေ

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားခဲ့တယ်လို့ ယုံကြည်ရတဲ့ Spitfire ဗြိတိသျှ တိုက်လေယာဉ်တွေကို ရှေ့လာမယ့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ စတင်တူးဖေါ်ရှာဖွေဖို့ ပြင်ဆင်နေပြီလို့ ဗြိတိန် ရှာဖွေရေးအဖွဲ့ကခေါင်းဆောင် မစ္စတာ David Cundall က လန်ဒန်မြို့ စစ်သမိုင်းပြတိုက်မှာ မနေ့က ပြောကြားခဲ့ပါတယ်။

Spitfire လေယာဉ်အသစ်စက်စက်တွေကို မြန်မာနိုင်ငံအတွင်း နေရာ (၃) နေရာမှာ မြှပ်နှံထားပြီး၊ အဲဒီထဲက တစ်နေရာကတော့ ရန်ကုန်နိုင်ငံတကာ လေယာဉ်ကွင်းရဲ့အောက်  အနက် (၃၃) ပေ မှာ အလုံပိတ် သေတ္တာကြီးတွေနဲ့်မြှပ်နှံထားကြောင်း၊ (၃၆) စင်းလောက်ရှိမယ်လို့ ယုံကြည်ရကြောင်း မစ္စတာ Cundall က ပြောပါတယ်။

အဲဒီ ဗြိတိန်နိုင်ငံလုပ် တစ်ယောက်စီး Spitfire လေယာဉ်တွေကို ၁၉၄၅ ခုနှစ် မြန်မာပြည်ကို  ဂျပန်အဝင်မှာ ဂျပန်စစ်တပ်တွေ မတွေ့ရအောင်  ဗြိတိသျှစစ်တပ်က မြေအောက်မှာ လျှို့ဝှက်မြှပ်နှံခဲ့တယ်လို့ ယူဆကြပါတယ်။

ဦးဆောင်ရှာဖွေသူ မစ္စတာ Cundall ဟာ လယ်သမားတစ်ဦးဖြစ်ပြီး၊ လေယာဉ်ဝါသနာအိုး တစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလေယာဉ်တွေနဲ့ ပတ်သက်ပြီး မစ္စတာ Cundall က မိမိအနေနဲ့ ဒီလေယာဉ်တွေရဲ့ သဲလွန်စကို (၁၆) နှစ်တိုင်တိုင် စုံစမ်းခဲ့ပြီး၊ (၁၆) ကြိမ်  ခရီးထွက်ခဲ့ရပါတယ်။

မျက်မြင်သက်သေတွေထဲမှာ အမေရိကန်လေတပ်သားဟောင်းတစ်ယောက်နဲ့ လေယာဉ်တွေ်မြှပ်နှံရာမှာ ပါဝင်ခဲ့ကြတဲ့ မြန်မာလူမျိုးတွေ ပါဝင်ကြပါတယ်၊ သူတို့အားလုံးက နေရာတစ်နေရာတည်းကို  ညွှန်ပြခဲ့ကြပါတယ်လို့ ပြောဆိုခဲ့တာပါ။

လက်ရှိအနေနဲ့ တစ်ကမ္ဘာလုံးမှာ Spitfire ဗြိတိသျှ တိုက်လေယာဉ် အစင်း (၅ဝ) လောက်သာ ကျန်ရှိနေပါတယ်။ မစ္စတာ Cundall ရဲ့  ရှာဖွေမှုအောင်မြင်မယ်ဆိုရင် အရေအတွက် နှစ်ဆတက်သွားမယ့်အပြင် ၊ ကမ္ဘာ့လေကြောင်းသမိုင်းမှာလည်း အထင်ကရဖြစ်သွားမယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

ဒီရှာဖွေတူးဖေါ်မှုကနေ ရရှိမယ့်အကျိုးအမြတ်ကို မစ္စတာ Cundall က (၃ဝ) ရာခိုင်နှုန်း၊ သူ့လက်ထောက်တွေက (၂ဝ) ရာခိုင်နှုန်း၊ မြန်မာအစိုးရက ( ၅ဝ) ရာခိုင်နှုန်း ခွဲဝေဖို့ သဘောတူညီထားပါတယ်။ ဒါပေမဲ့ Spitfire လေယာဉ်တွေရဲ့ တန်ဖိုးကိုမသိရသေးပါဘူး။ မစ္စတာ Cundall ကတော့ ငွေအတွက် တူးဖေါ်တာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားတဲ့ ဗြိတိ Spitfire လေယာဉ်များကို စတင်ရှာဖွေ

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားခဲ့တယ်လို
့ ယုံကြည်ရတ
ဲ့ Spitfire ဗြိတိသျှ တိုက်လေယာဉ်တွေကို ရှေ့လာမယ့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ စတင်တူးဖေါ်ရှာဖွေဖို့ ပြင်ဆင်နေပြီလို့ ဗြိတိန် ရှာဖွေရေးအဖွဲ့ကခေါင်းဆောင် မစ္စတာ David Cundall က လန်ဒန်မြို့ စစ်သမိုင်းပြတိုက်မှာ မနေ့က ပြောကြားခဲ့ပါတယ်။

“စီမံဂိမ်း နှင့် စာရင်းအင်” by Soe Min on Thursday, November 29, 2012 at 7:41am ·

“စီမံဂိမ်း နှင့် စာရင်းအင်”

by Soe Min on Thursday, November 29, 2012 at 7:41am ·
          ဆုတ်လည်းစူး စားလည်းရူးဆိုတာ ကိုယ်တို့ မြန်မာတွေက ပဒိုင်းသီးကို ပြောတာပါ။ ရှေ့တိုးထမ်းပိုး နောက်ဆုတ် လှည်းတုတ် လို့လည်း ပြောကြတယ်။ အမှားတစ်ခုကို တော်တော် နောက်ကျပြီးမှ သိလိုက်ရလို့ မရှူနိုင်မကယ်နိုင်ဖြစ်တဲ့အခါ အဲဒီစကားကို သုံးတယ်။ အဖြေရှာမရပဲ လမ်းပျောက်နေတဲ့ ငိုညည်းခြင်းတစ်မျိုးပဲ။ လောလောဆယ်မှာတော့ ကိုယ်တို့တွေအားလုံး ပဒိုင်းဆိပ်တက်နေပြီထင်တာပဲ။ အိမ်မှာနေရင်း ၀မ်းပျက်ဝမ်းလျှောဖြစ်ရင်တောင် မနေ့က ငါဘာများ အစားမှားပါလိမ့်လို့ ပြန်ပြန်တွေးကြတဲ့ မြန်မာတွေဟာ အဲဒီပဒိုင်းသီးတွေကို ငါတို့ဘယ်အချိန်ကတည်းက စားမိနေပါလိမ့်လို့ တွေးကြည့်ဖို့ မကောင်းပါလား။ ဒီအသီးစားလို့ ဒီလိုဖြစ်မှန်းသိရင် နောင်ကို သူများက အတင်းလာကျွေးရင်ကော အလွယ်တကူ စားဦးမှာလား။ မျောက်တစ်ကောင်ကို ထမင်းတစ်လုပ် တုတ်တစ်ချက် ရိုက်ရိုက်ပြီး ကျွေးကြည့်စမ်းပါလေ။ နောင်ကျတော့ ထမင်းလုပ်မြင်ရုံနဲ့ ထွက်ပြေးတတ်လာလိမ့်မယ်။ လူသန်းပေါင်းများစွာကို ပဒိုင်းသီးတွေ အတင်းကျွေးနေတာကိုတော့ ဘာဖြစ်လို့များ ငြင်းဆန်ရကောင်းမှန်း မသိကြသလဲ။ အပေါ်က သကာအုပ်ထားလည်း ပဒိုင်းသီးမှန်ရင် ဖန်တွတွနဲ့ ကန်ကြွကြွဖြစ်လာစမြဲပဲ။ ခုတော့ တစ်နိုင်ငံလုံး ပဒိုင်းသီးဖီလင်တက်လို့ အရူးချေးပန်းဖြစ်ကုန်ပါပေါ့ဗျာ။ ဘာတွေကို စောင်းမြောင်းပြောဆို နေတာတုန်း ဆိုရင်တော့ အကုန်လုံးပါပဲ။ အဲဒီအထဲမှာမှ လတ်တလော အထင်ရှားဆုံးကိစ္စက ကြေးနီတောင်ပါတယ်။ ဘာတွေအဆိပ်တက်လို့ အခုလိုဖြစ်ရသလဲဆိုတော့ အစကတည်းက စာရင်းဇယား၊ ကိန်းဂဏန်း၊ အချက်အလက်၊ အလားအလာ၊ အကျိုးအပြစ် သေသေချာချာ တွက်ဆမထားပဲ “လာစေပါစေ အာရကေ” လောက်ပဲ မြင်ပြီး နှစ်နိုင်ငံသဘောတူစာချုပ်ကို ကလေးကစားစရာလိုသဘောထားလျက် “ဘယ်သူမှမသိစေနဲ့။ ရောင်းသူဝယ်သူအသံတူ ပြီးစတမ်း” လို့  လက်ညှိုးထိုးရောင်းစားသွားတဲ့ အတွက်ပါပဲ။

သမ္မတ ဦးသိန်းစိန်အား International Crisis Group မှ ပဋိပက္ခ ပြီးဆုံးအောင် ဖြေရှင်းတတ်သော ထူးချွန်ပြောင်မြောက်သည့် အမြင်ကျယ်သော ခေါင်းဆောင် အဖြစ် သူကောင်းပြု ဘွဲ့တံဆိပ် ပေးအပ်ခြင်း ခံရကြောင်း

Burma Strange News's photo.
သမ္မတ ဦးသိန်းစိန်အား International Crisis Group မှ ပဋိပက္ခ ပြီးဆုံးအောင် ဖြေရှင်းတတ်သော ထူးချွန်ပြောင်မြောက်သည့် အမြင်ကျယ်သော ခေါင်းဆောင် အဖြစ် သူကောင်းပြု ဘွဲ့တံဆိပ် ပေးအပ်ခြင်း ခံရကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာက ဖော်ပြသည်။ 

ထိုသတင်း ကြေးမုံ သတင်းစာတွင် ပါလာပြီးနောက် နှစ်ရက် ကြာသော အခါတွင် ဦးသိန်းစိန် အစိုးရသည်  လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရန် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ရဟန်းရှင်လူ ပြည်သူ များကို အကြမ်းဖက် နှိမ်နင်းခြင်းလိုက်ခြင်းဖြင့် ပဋိပက္ခ ပြီးဆုံးအောင် ဖြေရှင်းရာတွင် အမြင်ကျယ် ထူးချွန်ကြောင်း ကို ပြသလိုက်တော့သည်။ 

“ကျွန်တော်တို့ အစိုးရအနေနဲ့ ပဋိပက္ခ ပြီးဆုံးအောင် ဖြေရှင်းတဲ့ ဆုကို သမ္မတကြီးက ပူပူနွေးနွေး ရထားတယ် ဆိုတော့- ဘာမှ မလုပ်ဘဲ နေလို့ မကောင်းတော့ဘူးလေ။ ဘာမှ မနှိမ်နင်းဘူး ဆိုရင် ရထားတဲ့ ဆုနဲ့ မထိုက်တန်သလို ဖြစ်နေမှာပေါ့။ ဒါကြောင့် အခုလို မြန်မာပြည်သူတွေကို အကြမ်းဖက် နှိမ်နင်းပြီးတော့ ပဋိပက္ခ မြန်မြန် ပြီးဆုံးအောင် ဖြေရှင်းနိုင်တယ် ဆိုတာ ပြသတာ ဖြစ်ပါတယ်။ ရထားတဲ့ ဆုနဲ့ ထိုက်တန်အောင်လို့ပါ” ဟု သမ္မတရုံး အရာရှိ တစ်ဦးက ဘီအက်စ်အဲန်သို့ ပြောသည်။ 

“တစ်ခုတော့ ရှိတယ်ဗျ။ ကျွန်တော်တို့ အနေနဲ့ တစ်ခုခု ဖြစ်ပြီ ဆိုရင် ကိုယ့်ပြည်သူတွေကိုဘဲ နှိမ်နင်းသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ ကိုယ့်ပြည်သူတွေဆိုတော့ လက်ခုပ်ထဲက ရေပေါ့ဗျာ.. ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူးလေ။ ဟုတ်ဘူးလား။ ပြီးခဲ့တဲ့ ဇွန်လတုန်းက နိုင်ငံခြားသား ဘင်္ဂလီတွေက တိုင်းရင်းသား ပြည်သူတွေကို အကြမ်းဖက်တုန်းက ကျွန်တော်တို့ မနှိမ်းနင်းခဲ့ဘူးဗျ။ ဒီအတိုင်းပဲ လက်ပိုက် ကြည့်နေခဲ့တာပါ။ သူတို့က ကိုယ့်လူမျိုး မဟုတ်ဘူးလေ။ ပြီးတော့ သူတို့ နောက်ခံ background နိုင်ငံ တွေကို ကြောက်ရတယ် ခင်ဗျ။ ကျွန်တော်တို့ ဘာမှ မလုပ်ရဲဘူး။ 

အဲ ကိုယ့်လူမျိုး ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ နှိပ်ကွပ်ဖို့ အဆင်သင့် ပါဘဲ ခင်ဗျ။ တို့လူမျိုး နောက်မှာ background မရှိဘူးလေ.. နော။ ဒီတော့.. ကိုယ့်လူမျိုးကိုယ် နှိမ်နင်းတယ်ဗျာ... သမ္မတကြီးရထားတဲ့ ဆုနဲ့ ထိုက်တန်ကြောင်းကို ပြသရာ ရောက်အောင်ရယ်.. ပြီးတော့ ကျေးဇူးရှင် ပေါက်ဖော်ကြီးတို့ ၀မ်းသာလုံး ဆို့ဖို့ရယ်.. ရည်ရွယ်ပြီးတော့ ဆုထဲမှာ ဖော်ပြထားသလို အမြင်ကျယ်စွာနဲ့ ပဋိပက္ခ အမြန်ဆုံး ပြီးစေရေး အတွက် ဆောင်ရွက် ခဲ့တာပါ” ဟု ၄င်းက ဆိုသည်။ 

“ဒီတော့ အခုလို အကြမ်းဖက် နှိမ်နင်းမှုတွေ ဖြစ်ပေါ်လာရတာဟာ ပဋိပက္ခ မြန်မြန် ဖြေရှင်း နိုင်သူဆု ပေးလိုက်တဲ့ အဖွဲ့ရဲ့ ပယောဂ ကြောင့်ပဲ ဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ အစိုးရရဲ့ တာဝန် လုံးဝ မဟုတ်ပါဘူး ခင်ဗျာ... အဲ ခင်ဗျားတို့ ကန့်ကွက် ချင်တယ်.. ရှုတ်ချ ချင်တယ် ဆိုရင်တော့ ဆုပေးတဲ့ အဖွဲ့ကို သွားရောက် ရှုတ်ချ ကြပါ” ဟု ၄င်းက အဆုံးသတ် အနေဖြင့် ပြောကြား သွားခဲ့ကြောင်း သတင်းရရှိသည်။
သမ္မတ ဦးသိန်းစိန်အား International Crisis Group မှ ပဋိပက္ခ ပြီးဆုံးအောင် ဖြေရှင်းတတ်သော ထူးချွန်ပြောင်မြောက်သည့် အမြင်ကျယ်သော ခေါင်းဆောင် အဖြစ် သူကောင်းပြု ဘွဲ့တ
ံဆိပ် ပေးအပ်ခြင်း ခံရကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာက ဖော်ပြသည်။

ထိုသတင်း ကြေးမုံ သတင်းစာတွင် ပါလာပြီးနောက် နှစ်ရက် ကြာသော အခါတွင် ဦးသိန်းစိန် အစိုးရသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရန် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ရဟန်းရှင်လူ ပြည်သူ များကို အကြမ်းဖက် နှိမ်နင်းခြင်းလိုက်ခြင်းဖြင့် ပဋိပက္ခ ပြီးဆုံးအောင် ဖြေရှင်းရာတွင် အမြင်ကျယ် ထူးချွန်ကြောင်း ကို ပြသလိုက်တော့သည်။

“ကျွန်တော်တို့ အစိုးရအနေနဲ့ ပဋိပက္ခ ပြီးဆုံးအောင် ဖြေရှင်းတဲ့ ဆုကို သမ္မတကြီးက ပူပူနွေးနွေး ရထားတယ် ဆိုတော့- ဘာမှ မလုပ်ဘဲ နေလို့ မကောင်းတော့ဘူးလေ။ ဘာမှ မနှိမ်နင်းဘူး ဆိုရင် ရထားတဲ့ ဆုနဲ့ မထိုက်တန်သလို ဖြစ်နေမှာပေါ့။ ဒါကြောင့် အခုလို မြန်မာပြည်သူတွေကို အကြမ်းဖက် နှိမ်နင်းပြီးတော့ ပဋိပက္ခ မြန်မြန် ပြီးဆုံးအောင် ဖြေရှင်းနိုင်တယ် ဆိုတာ ပြသတာ ဖြစ်ပါတယ်။ ရထားတဲ့ ဆုနဲ့ ထိုက်တန်အောင်လို့ပါ” ဟု သမ္မတရုံး အရာရှိ တစ်ဦးက ဘီအက်စ်အဲန်သို့ ပြောသည်။

"အရှုံးမပေးနဲ့"

Mohammed Naeem's photo.
"အရှုံးမပေးနဲ့"

မိန်းကလေးတစ်ယောက်ဟာ သူမရဲ့ ဖခင်ဖြစ်သူ နှင့်အတူ ကားမောင်းပြီး အိမ်ကနေ ထွက်လာပါတယ်။ သွားရင်းနဲ့ တစ်နေရာအရောက်မှာ ပြင်းထန်တဲ့ လေမုန်တိုင်းနဲ့ ကြုံရပါတယ်။ အဲဒီအခါမှာ သမီးဖြစ်သူက ကားမောင်းနေရင်း အဖေဖြစ်သူကို "သမီးဘာဆက်လုပ်သင့်သလဲ"လို့ တိုင်ပင်မေးမြန်းလိုက်ပါတယ်။

အဖေဖြစ်သူက "ဆက်မောင်းပါ သမီး"လို့ ဖြေကြားပါတယ်။

မုန်တိုင်းကလည်း တော်တော်ပြင်းထန်ပါတယ်။ ကားဟာလည်း လေပြင်းဒဏ်ကြောင့် ဘေးတိုက်ဆွဲနေပါတယ်။ ဒါကြောင့်သမီးဖြစ်သူက တစ်ခါ အခုလို ထပ်မေးပြန်ပါတယ်။ "ဖေဖေ ကားက လေတိုက်တာအရမ်းပြင်းလို့ ဘေးဘက်ကို ပါသွားနေတယ်။ သမီးဘာဆက်လုပ်သင့်သလဲ။" 

အဖေဖြစ်သူက "ဆက်မောင်းပါ သမီး"လို့ပဲ ဖြေကြားပြန်ပါတယ်။

မောင်းနေရင်းနဲ့ ပေအနည်းငယ် အရှေ့ရောက်သွားတဲ့အခါ ၁၈ဘီး ပါတဲ့ ကားကြီးတစ်စီး လေဒဏ်ကို အန်မတုနိုင်တော့ဘဲ ဘေးထိုးရပ်နေတာကိုတွေ့ရပါတယ်။ဒီတစ်ကြိမ်မှာတော့ သမီးဖြစ်သူက အဖေကို "သမီးတို့လည်း ဘေးထိုးရပ်လိုက်ရအောင်လား ဖေဖေ။ ရှေ့ကိုလည်း ကောင်းကောင်းမမြင်ရသလို သမီးတို့ထက်ကြီးတဲ့ ကားတွေတောင် ကြောက်စရာကောင်းတဲ့ မုန်တိုင်းကြောင့် ဘေးထိုးရပ်နေကြရတယ်။"

ဒီတစ်ကြိမ်မှာလည်း အဖေဖြစ်သူက "အားမလျော့နဲ့ သမီး၊ ရှေ့ကိုသာဆက်မောင်းနေပါ"လို့ ဖြေကြားပြန်ပါတယ်။

အခုတော့ လေရော မိုးပါ ပြင်းထန်တဲ့ မုန်တိုင်းထဲမှာ အဖေ့စကားနားထောင်တဲ့ သမီးဖြစ်သူ တဖြည်းဖြည်း ကားကိုမောင်းနေစဲပါ။

ဒီလိုနဲ့ မိုင်အချို့ ဖြတ်သန်းလာရင်း ရှေ့က မြင်ကွင်း အနည်းငယ် ကြည်လင်လာပါတယ်။ မကြာမီမှာပဲ လုံးဝ ခြောက်သွေ့နေတဲ့ နေရာကို ရောက်ရှိလာပါတယ်။

ဒီအချိန်မှာ အဖေဖြစ်သူက သမီးကို ကားရပ်ဖို့ဘေးကပ်ခိုင်းပါတယ်။ ပြီးတော့ ကားပေါ်ကလည်း ဆင်းဖို့ ပြောပါတယ်။ သမီးဖြစ်သူက "ဖေဖေ အခုမှ ဘာအတွက်ကြောင့် ကားကိုဘေးကပ်ရပ်ခိုင်းပြီး သမီးကို ဆင်းခိုင်းရတာလည်း"လို့ နားမလည်စွာနဲ့ မေးလိုက်ပါတယ်။

အဖေက "သမီးအခုဆင်းပါ၊ ပြီးရင် သမီးလာခဲ့တဲ့ လမ်းကို ပြန်ကြည့်ပါ၊ မုန်တိုင်းဒဏ်ကို အရှုံးပေး လက်လျော့ပြီး ဘေးမှာကပ်နေခဲ့တဲ့ သူတွေဟာ အခုထိ မုန်တိုင်းထဲမှာ ရှိနေစဲပဲ။ ဒါပေမဲ့ ဖေဖေ့သမီးဟာ အလျော့မပေးပဲ မုန်တိုင်းကို အန်တုလို့ သတိကြီးစွာထားပြီး ရှေ့ဆက်ခဲ့လို့ မုန်တိုင်းကနေ လွတ်ခဲ့ရပြီ ဆိုတာ ပြချင်လို့ပါသမီး" လို့ ဖြေကြားလိုက်ပါတယ်။

ကျွန်တော်တို့မှာလည်း အလွန်ပြင်းထန်တဲ့ မုန်တိုင်းတွေ အနည်းနှင့်အများကြုံတွေ့ရလေ့ ရှိပါတယ်။ အလွန်ခံနိုင်ရည်ရှိပါတယ် ဆိုတဲ့လူတွေတောင် လက်လျော့ အရှုံးပေးနေကြတာ မြင်တွေ့နေရပါတယ်။ ဒါပေမဲ့ ဒီလို ခက်ထန်မှုတွေအကြား ရုန်းကန် တွန်းလှန်သူတွေသာ သာယာတဲ့ ရာသီဥတုကို မျှော်လင့်နိုင်ကြမှာ ဖြစ်ပြီး လက်လျော့ အရှုံးပေးသူများ အတွက်တော့ မုန်တိုင်းထဲမှာ လူးလွန့်နေကြရဦးမှာသာ ဖြစ်ပါတယ်ခင်ဗျား။

Mohammed Naeem
‎"အရှုံးမပေးနဲ့"

မိန်းကလေးတစ်ယောက်ဟာ သူမရဲ့ ဖခင်ဖြစ်သူ နှင့်အတူ ကားမောင်းပြီး အိမ်ကနေ ထွက်လာပါတယ်။ သွားရင်းနဲ့ တစ်နေရာအရောက်မှာ ပြင်းထန်တဲ့ လေမုန်တိုင်းနဲ့ ကြုံ
ရပါတယ်။ အဲဒီအခါမှာ သမီးဖြစ်သူက ကားမောင်းနေရင်း အဖေဖြစ်သူကို "သမီးဘာဆက်လုပ်သင့်သလဲ"လို့ တိုင်ပင်မေးမြန်းလိုက်ပါတယ်။

အဖေဖြစ်သူက "ဆက်မောင်းပါ သမီး"လို့ ဖြေကြားပါတယ်။

မုန်တိုင်းကလည်း တော်တော်ပြင်းထန်ပါတယ်။ ကားဟာလည်း လေပြင်းဒဏ်ကြောင့် ဘေးတိုက်ဆွဲနေပါတယ်။ ဒါကြောင့်သမီးဖြစ်သူက တစ်ခါ အခုလို ထပ်မေးပြန်ပါတယ်။ "ဖေဖေ ကားက လေတိုက်တာအရမ်းပြင်းလို့ ဘေးဘက်ကို ပါသွားနေတယ်။ သမီးဘာဆက်လုပ်သင့်သလဲ။"

ခေါင်းဆောင် မတင်ထိုက်သူများ “ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”

Thu Zar's photo.
ခေါင်းဆောင် မတင်ထိုက်သူများ

“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”

၁။ ဂဏန်း = လက်မထောင်ခြင်း

၂။ ပုတ်သင် = ပြောသမျှခေါင်းငြိမ့်ခြင်း

၃။ ၀ါးပင် = လေသင့်ရာယိမ်းတတ်ခြင်း

၎။ လိပ်မျိုး = မိမိဘက်သို့ယက်တတ်ခြင်း

၅။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင်း

၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက ။


၁။ ဂဏန်းနဲ့တူတဲ့ လူစားမျိုးတဲ့။ ဂဏန်းဆိုတဲ့ ကောင်ဟာ အမြဲတမ်း လက်မ တစ်ထောင်ထောင်နဲ့ ရှိတတ်ပါတယ်။ ငါမှတတ်တာ၊ မင်းတို့ကဘာမှ သိ တာမဟုတ်ဘူး။ ငါ့ဆရာလာမလုပ်နဲ့ဆိုတဲ့ လူစားမျိုးပါ။ အောက်လက်ငယ် သားကို ကျွန်လို ဆက်ဆံတတ်တဲ့ သူမျိုးကို ဆရာမတင်ထိုက်ဘူး။

၂။ ပုတ်သင်လို လူစားမျိုးတဲ့။ ဒီကောင်ကတော့ ကိုယ်ပိုင်အရည်အချင်းဘာမှ မရှိပါဘူး။ သူများပြောတိုင်း ခေါင်းညိတ်တယ်၊ ဘယ်သူက ပြောပြော “အေးလုပ်လိုက်ဆိုတာချည်းပဲ”။ အဲဒိလို လူမျိုးဆရာတင်မိပြန်ရင်လည်း ငါးပါးမကဘူး။ ဆယ့်ငါးပါးလောက်မှောက်ရော။

၃။ ၀ါးပင်လို လူစားမျိုးတဲ့။ ဒီလူကတော့ ခပ်ညံ့ညံ့လူစားမျိုး၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်မရှိဘူး။ကိုယ်ပိုင်ရပ်တည်မှု မရှိဘူး၊ နေရာတကာ ရေလိုက် ငါးလိုက်ဆိုတဲ့ လူစားမျိုး၊ အစွယ်ကောင်းရင် ပါသွားတာချည်းပဲ၊ ကောင်း တာ ဆိုလည်း အစွယ်ကောင်းရင် လုပ်တယ်။ မကေကာင်းတာဆိုရင်လည်း မက်လုံးကောင်းရင်လုပ်တယ်။ ပျော့ညံ့လူစားမျိုး၊ ဒီလိုလူစားမျိုးလည်း ဆ၇ာတစ်ယောက်အနေဲ့ အားမကိုးထိုက်ပြန်ဘူး။

၎။ နွားသိုး နဲ့တဲ့ လူမျိုး။ ဒီကောင်ကတော့ ဘာမဆို အမှားအမှန် မဝေခွဲ ဘူး။ နေရာတကာ ရှုးဒိုင်းဒိုင်းနဲ့ စွတ်လုပ်တတ်တယ်။ နှလုံးရေ နည်းပြီး၊ လက်ရုံးရေ အားကိုးတဲ့ လူစားမျိုးပေါ့။ ဒီလိုလူမျိုးခေါင်းဆောင် တင်မိရင် လည်း အားလုံးပျက်ဆီးဘို့များပြီ။

၅။ လိပ်နဲ့တူတဲ့ လူစား။ ဒီလူမျိုးကတော့ အတ္တကြိးတဲ့ လူစားပေါ့။ ဘာမဆို သူ့အတွက်ပဲ သူသိတယ်။ “ငါခေါင်းဆောင်၊ ငါပေးမှ မင်းတို့ရမယ်၊ ငါပြီး မှ ပြီးမယ်”ဆိုတဲ့လူစားမျိုး၊ ကိုယ်ကျိုးစီးပွါးပဲ သိတယ်။ အများအတွက် ထဲ့မတွက်တတ်တဲ့လူစားမျိုး။(ပရဟိတ စိတ်မ၀င်စားတဲ့ လူစားမျိုး)

၆။ ခွေးအနဲ့ တူတဲ့ လူမျိုး။ ဒီလူစားကတော့ ကောက်ကျစ်တယ်။ ဘယ်နေရာ မဆို နည်းမှန်၊ လမ်းမှန်က မသွားတတ်ဘူး။ ဘယ်သူ့ကိုမဆို လှည့်စားလိုက် ရမှ စားဝင် အိပ်ပျော်တဲ့လူမျိုး။ ကိုယ့်လက်အောက်ငယ်သားကို ကိုယ့်လက် ခုတ်ထဲက ရေလို၊ ကိုယ်လိုတဲ့ နေရာမှာပဲ အသုံးချတတ်တယ်။

ကဲ...ခေါင်းဆောင်များ စဉ်းစားကြည့်ပါ၊ ငါဘယ်နံပါတ်နဲ့ ငြိနေလည်းဆိုတာ၊ ဘယ်နံပါတ်နဲ့မှ မငြိဘူးဆို၇င်တော့ သင်လူကောင်းဖြစ်ပြီ၊ ခေါင်းဆောင်ေ ကာင်းဖြစ်၊ မဖြစ်တော့ နောက်တင်ပြမယ့် “ခေါင်းဆောင်အင်္ဂါ”နဲ့ ဆက်ပြီး တိုက်ဆိုင်ကြည့်ရပါမယ်။


(သိင်္ဂါလောဝါဒသုတ်ကို ကိုးကားပါသည်....)
ခေါင်းဆောင် မတင်ထိုက်သူများ

“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”

၁။ ဂဏန်း = လက်မထောင်ခြင်း

၂။ ပုတ်သင် = ပြောသမျှခေါင်းငြိမ့်ခြင်း

၃။ ၀ါးပင် = လေသင့်ရာယိမ်းတတ်ခြင်း

၎။ လိပ်မျိုး = မိမိဘက်သို့ယက်တတ်ခြင်း

၅။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင်း

၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက ။

Wednesday, November 28, 2012

ဘ၀ကျောင်း ဖတ်စာ

KhingKhing Su shared ဘ၀ကျောင်း ဖတ်စာ's photo.
တစ်ခါက တောအုပ်တစ်ခုထဲမှာ သစ်တောက်ငှက်အုပ်တစ်အုပ်ဟာ သစ်ပင်တွေရဲ့ပင်စည်တွေမှာ သူတို့အတွက် အသိုက်တွေ ဆောက်ပြီး သူတို့ရဲ့ မိသားစုတွေ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေထိုင်ကြပါတယ်။ ဒါ့ပြင် သူတို့ရဲ့ ကလေးလေးတွေကိုလည်း တော်တော်လေးကို ဂရုစိုက်ခဲ့ကြတယ်။ 
တစ်ရက်မှာတော့ သူတို့ရဲ့ ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ ကမ္ဘာလေးကို ဖျက်ဆီးပစ်မယ့် လူတစ်သိုက်ရောက်လာခဲ့ပါတယ်။ အဲဒီလူတွေကတော့ သစ်တောက်ငှက်တွေနေထိုင်တဲ့တောအုပ်ထဲမှာ ရှိတဲ့ သစ်ပင်တွေကို ခုတ်တဲ့ သစ်ခုတ်သမားတွေပါ။ 

သစ်ခုတ်သမားတစ်သိုက်ဟာ တောထဲမှာရှိတဲ့ သစ်ပင်တွေကို ခုတ်လှဲပစ်လိုက်ကြပါတယ်။ ဒီအချိန်မှာ သစ်တောက်ငှက်တွေဟာ ၀ိုင်းဝန်းပြီးတော့ သစ်ခုတ်သမားကို 
“ရပ်လိုက်….. ရပ်လိုက်…။ အခုချက်ချင်းရပ်လိုက်။ ဘာဖြစ်လို့ ဒီသစ်ပင်တွေကို ခုတ်ထွင်နေရတာလဲ” 
လို့ ၀ိုင်းဝန်းပြီး အော်ဟစ်ကြပါတယ်။ 

“ငါတို့အတွက် အိမ်တွေဆောက်ဖို့ သစ်သားတွေ လုပ်နေတယ်။ ဒါကြောင့်မို့ ခုတ်တာ”လို့ သစ်ခုတ်သမားက ပြန်ပြောလိုက်တယ်။ ဒီတော့ သစ်တောက်ငှက် ခေါင်းဆောင်က 
“ငါတို့က မင်းတို့အရင် ဒီသစ်ပင်တွေမှာ ငါတို့အတွက် အသိုက်အမြုံတွေ ဆောက်ပြီးနေပြီလေ…” 
ပြီးတော့ “တကယ်လို့ မင်းတို့အတွက် အိမ်ဆောက်ချင်တယ်ဆိုရင် တခြား အုတ်ခဲတွေ၊ ကျောက်ခဲတွေနဲ့ တည်ဆောက်လို့ရတယ်လေ။ ဘာဖြစ်လို့ ငါတို့အိမ်တွေကို ဖျက်ဆီးရတာလဲ။ 
ငါတို့ဘ၀လေး အေးအေးချမ်းချမ်းနဲ့ နေနေတာကို ကျေးဇူးပြုပြီး မဖျက်ဆီးပါနဲ့”လို့ ဆက်ပြောလိုက်တယ်။ 

ဒီတော့ သစ်ခုတ်သမားက ဒေါသထွက်သွားပြီး 
“ငါတို့ ဂရုမစိုက်ဘူး။ ငါတို့အတွက် အိမ်တွေကို သစ်သားတွေနဲ့ပဲ တည်ဆောက်မယ်။ မင်းတို့ ဘယ်လိုနည်းနဲ့မှ ငါတို့အလုပ်ကို တားဆီးပိုင်ခွင့်မရှိဘူး။ ဒါဟာ ငါတို့ရဲ့ အလုပ်ပဲ”လို့ ပြန်ပြောလိုက်တယ်။ 

 သစ်ခုတ်သမားတွေဟာ သစ်ပင်တွေကို တစ်ပင်ပြီး တစ်ပင်ခုတ်လှဲပစ်လိုက်တဲ့အတွက်  သစ်တောတစ်ခုလုံးလည်း သစ်ခုတ်သမားတွေ လက်ချက်ကြောင့် ဘာမှ မကျန်တော့သလို သစ်တောက်ငှက်တွေမှာလဲ အိမ်မဲ့ယာမဲ့ဘ၀ကို ရောက်သွားခဲ့ကြတယ်။ သစ်ခုတ်သမားတွေဟာ သူတို့ခုတ်ထားတဲ့ သစ်တွေကို သယ်ယူပြီးနောက် သူတို့အတွက် အိမ်တွေကို တည်ဆောက်ကြပါတယ်။ သူတို့ရဲ့အိမ်တွေကို ဖျက်ဆီးခံလိုက်ရလို့ ဒေါသထွက်နေတဲ့ သစ်တောက်ငှက်တွေဟာ သစ်ခုတ်သမားတွေအပေါ်မှာ ပြန်ပြီးတော့ လက်စားချေချင်နေခဲ့တယ်။ 

တနေ့မှာတော့ သစ်တောက်ငှက်ခေါင်းဆောင်ကြီးဟာ အစည်းအဝေးတစ်ခုခေါ်ပြီး သစ်တောက်ငှက်တွေကို
 “သူတို့မှာ ပုဆိန်ဆိုတဲ့ လက်နက်တွေရှိသလို ငါတို့မှာလဲ နှုတ်သီးဆိုတဲ့ လက်နက်တွေ ရှိတယ်…။ ငါတို့တတွေ သူတို့ရဲ့ အိမ်တွေကို ငါတို့နှုတ်သီးတွေကို အသုံးပြုပြီးတိုက်ခိုင်မယ်။ ဒါမှ ငါတို့ကို အိမ်မဲ့ယာမဲ့ဘ၀ရောက်အောင် လုပ်ခဲ့တဲ့ သူတို့ကိုလည်း ငါတို့လို ဖြစ်စေရမယ်”ဆိုပြီး ပြောလိုက်ပါတယ်။ 

ဒီလိုနဲ့ သစ်တောက်ငှက်အုပ်တွေဟာ သစ်ခုတ်သမားတွေရဲ့ အိမ်တွေကိုသွားပြီး လက်စားချေတိုက်ခိုက်ကြပါတယ်။ ဒီတော့ သစ်ခုတ်သမားတွေဟာ သစ်တောက်ငှက်တွေကို အော်ဟစ်မောင်းထုတ်ကြပါတယ်။ ဘယ်လိုပဲ မောင်းထုတ် မောင်းထုတ် သစ်တောက်ငှက်တွေဟာ ဂရုမစိုက်ဘဲ သစ်ခုတ်သမားတွေရဲ့ အိမ်တွေကို ဖျက်ဆီးကြပါတယ်။ နေ့စဉ်နေ့တိုင်းလာလာတိုက်ခိုက်နေတဲ့ သစ်တောက်ငှက်တွေရဲ့ ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးနဲ့ တိုက်ခိုက်နိုင်မှုကြောင့် အဆုံးမှာတော့ သစ်ခုတ်သမားတွေရဲ့ အိမ်တွေလည်း ပျက်စီးသွားပြီး သူတို့လည်း အိမ်မဲ့ယာမဲ့ဘ၀ကို ပြန်ရောက်သွားခဲ့ကြပါတယ်။ 

***************************************

ဒီလိုပါပဲ ကျနော်တို့လောကထဲမှာ သစ်ခုတ်သမားလို “ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုတဲ့ Materialism (ဥစ္ဆေဒ)သမားတွေရဲ့ တဖက်သူအပေါ်မှာ မစာနာမထောက်ထားတတ်၊ ငါသာတတ်ငါသာသိဆိုပြီး အထင်အမြင်သေးတတ်တဲ့ စိတ်ဓာတ်တွေကြောင့် သစ်တောက်ငှက်တွေ ဒုက္ခရောက်သလို အိမ်မဲ့ယာမဲ့၊ မိသားစုမဲ့ဘ၀တွေကို ရောက်သွားကြရတဲ့ အဖြစ်အပျက်တွေ တပုံတပင်ကြီးပင်ရှိခဲ့ပါတယ်။ 

တကယ်လို့ ဒီ Materialism သမားတွေကို တွန်းလှန်ဖို့ဆိုရင်တော့ ကျနော်တို့တတွေအားလုံးလည်း သစ်တောက်ငှက်တွေရဲ့ထုံးကို နှလုံးမူသင့်လှပါကြောင်း…..

✍ ဘ၀ကျောင်းဖတ်စာ
တစ်ခါက တောအုပ်တစ်ခုထဲမှာ သစ်တောက်ငှက်အုပ်တစ်အုပ်ဟာ သစ်ပင်တွေရဲ့ပင်စည်တွေမှာ သူတို့အတွက် အသိုက်တွေ ဆောက်ပြီး သူတို့ရဲ့ မိသားစုတွေ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပ
ါးပါးနေထိုင်ကြပါတယ်။ ဒါ့ပြင် သူတို့ရဲ့ ကလေးလေးတွေကိုလည်း တော်တော်လေးကို ဂရုစိုက်ခဲ့ကြတယ်။
တစ်ရက်မှာတော့ သူတို့ရဲ့ ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ ကမ္ဘာလေးကို ဖျက်ဆီးပစ်မယ့် လူတစ်သိုက်ရောက်လာခဲ့ပါတယ်။ အဲဒီလူတွေကတော့ သစ်တောက်ငှက်တွေနေထိုင်တဲ့တောအုပ်ထဲမှာ ရှိတဲ့ သစ်ပင်တွေကို ခုတ်တဲ့ သစ်ခုတ်သမားတွေပါ။

သစ်ခုတ်သမားတစ်သိုက်ဟာ တောထဲမှာရှိတဲ့ သစ်ပင်တွေကို ခုတ်လှဲပစ်လိုက်ကြပါတယ်။ ဒီအချိန်မှာ သစ်တောက်ငှက်တွေဟာ ၀ိုင်းဝန်းပြီးတော့ သစ်ခုတ်သမားကို
“ရပ်လိုက်….. ရပ်လိုက်…။ အခုချက်ချင်းရပ်လိုက်။ ဘာဖြစ်လို့ ဒီသစ်ပင်တွေကို ခုတ်ထွင်နေရတာလဲ”
လို့ ၀ိုင်းဝန်းပြီး အော်ဟစ်ကြပါတယ်။

“ငါတို့အတွက် အိမ်တွေဆောက်ဖို့ သစ်သားတွေ လုပ်နေတယ်။ ဒါကြောင့်မို့ ခုတ်တာ”လို့ သစ်ခုတ်သမားက ပြန်ပြောလိုက်တယ်။ ဒီတော့ သစ်တောက်ငှက် ခေါင်းဆောင်က
“ငါတို့က မင်းတို့အရင် ဒီသစ်ပင်တွေမှာ ငါတို့အတွက် အသိုက်အမြုံတွေ ဆောက်ပြီးနေပြီလေ…”
ပြီးတော့ “တကယ်လို့ မင်းတို့အတွက် အိမ်ဆောက်ချင်တယ်ဆိုရင် တခြား အုတ်ခဲတွေ၊ ကျောက်ခဲတွေနဲ့ တည်ဆောက်လို့ရတယ်လေ။ ဘာဖြစ်လို့ ငါတို့အိမ်တွေကို ဖျက်ဆီးရတာလဲ။
ငါတို့ဘ၀လေး အေးအေးချမ်းချမ်းနဲ့ နေနေတာကို ကျေးဇူးပြုပြီး မဖျက်ဆီးပါနဲ့”လို့ ဆက်ပြောလိုက်တယ်။

တူညီသော ကိုယ်စားပြုမှု လိုပါသည် (၂) by Zaw Khun Naw on Thursday, November 22, 2012 at 11:57pm ·


တူညီသော ကိုယ်စားပြုမှု လိုပါသည် (၁)  ရဲ့အဆက်ပါ..။

အနွယ်ကွဲပေမဲ့ တူညီသောယဉ်ကျေးမှုကို မျှဝေကိုယ်စားပြုပြီး လူမျိုးတစ်မျိုး၊ အမျိုးသားတစ်ရပ်အဖြစ်ပဲ ရပ်တည်ဖို့ ဘယ်လို အမျိုးသားရေးလက္ခဏာရှိရမယ် ကျနော်ဆွေးနွေးချင်ပါတယ်..။ ပညာရှင်ကြီးတော့မဟုတ်ပါဘူး.။ တခြား တိုင်းရင်းသားတွေအကြောင်းလဲ ဒီလောက်နားမလည်ပါဘူး..။ ရှမ်းပြည်နယ်မှာ ပလောင်၊ ဓနု၊ ပအို့ဝ်၊ ကိုးကန့်၊ ၀ စသဖြင့် မျိုးနွယ်အများကြီးရှိပေမဲ့၊ ရှမ်းအမျိုးသား တစ်ရပ်အဖြစ်သာ စုစည်းထားသလားတော့ ကျနော်မသိပါဘူး..။ ဘယ်လိုတူညီသော ရိုးရာယဉ်ကျေးမှုတွေနဲ့ ရစ်ပတ်စုစည်း ထားတယ်ဆိုတာလဲ နားမလည်ပါဘူး.။ ဒါကြောင့် ကိုယ့်ကချင်လူမျိုးအကြောင်းပဲ ပြောပါ့မယ်..။ ကချင်လူမျိုး အကြောင်း ဝေမျှရုံလေးပါ..။

တူညီသော ကိုယ်စားပြုမှု လိုပါသည် (၁) by Zaw Khun Naw on Thursday, November 22, 2012 at 11:51pm ·


ကိုလိုနီခေတ်ဗမာပြည်(British Burma)မှာ ဒေါက်တာဘမော်၊ ဦးစော၊ ဆာပေါ်ထွန်း အစရှိတဲ့ နာမည်ကျော် နိုင်ငံရေးသမားတွေ ရှိခဲ့ပါတယ်.။ ဗြိတိသျှအစိုးရရဲ့ အစိုးရအဖွဲ့မှာလဲ ၀န်ကြီးချုပ်(အဲဒီတုန်းကတော့ အတွင်းဝန်လို့ခေါ်မလား၊ နန်းရင်းဝန်လို့ ခေါ်မလားပဲ)၊ ၀န်ကြီးနေရာတွေမှာ ဗမာလူမျိုးများ ပါဝင်ကြပါတယ်..။ ရှင်းရှင်းပြောရရင် ဗြိတိသျှဘားမားကို ဗမာလူမျိုးပညာတတ်များကပဲ ဦးဆောင်ခဲ့ကြတာပါ..။ ဆာမောင်ကြီးဆိုရင် ၁၉၃၀ ခုနှစ်မှာ ခေတ္တဘုရင်ခံတောင်ဖြစ်ပါသေးတယ်.။ (Sir ဘွဲ့တောင် ရထားတာနော်..၊ နဲနဲနောနောအဆင့် မဟုတ်ဘူး.။ သခင်မျိုးဟေ့ ဒို့ဗမာဆိုတဲ့ ခေတ်ကြီးထဲမှာ ဗြိတိသျှဘုရင်/မကြီး ချီးမြင့်တဲ့ ဆာဘွဲ့ရဖို့ဆိုတာ မျက်နှာဖြူတွေရဲ့ မျက်စိရှေ့မှာ အစွန်းအထင်းမရှိ၊ ပြောစရာမရှိအောင် နေနိုင်မှရတာမျိုးပါ..။ ဆာထွန်းအောင်ကျော်၊ ဆာမောင်ဘ၊ ဆာမောင်ခင် စတဲ့သူတွေဟာလဲ ဗြိတိသျှဘားမားလက်ထက်က ဆာဘွဲ့ရခဲ့တဲ့ နိုင်ငံရေးသမား၊ ၀န်ကြီးတွေ၊ လွှတ်တော်အမတ်တွေ ဖြစ်ကြပါတယ်..။) (မှတ်ချက်။ ။ ဆာမောင်ကြီးက မော်လမြိုင်သား၊ မွန်သွေးပါသူလို့ ထင်ပါတယ်..။)

နမ့်ဆမ် NLD ပါတီဝင်တဦးအား ဒေသခံ စစ်တပ် ဗိုလ်မှူးက ထိုးကြိတ်ခဲ့

နမ့်ဆမ် NLD ပါတီဝင်တဦးအား ဒေသခံ စစ်တပ် ဗိုလ်မှူးက ထိုးကြိတ်ခဲ့

ပျက်စီးနေသော တရားစီရင်ရေးနှင့် ချည့်နဲ့နေသော မဏ္ဍိုင်များ by Lu Cifer on Wednesday, November 28, 2012 at 8:03am ·



ယခင် ဗဟိုတရားရုံးချုပ် (ယခု ရန်ကုန်တိုင်း တရားရုံးချုပ်) နှင့် ရန်ကုန်တိုင်း စုပေါင်းတရားရုံး နှစ်ခုကို ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချမှုကို ရှေ့နေများ ကန့်ကွက်ခဲ့ကြသည် (ဓာတ်ပုံ – Reuters)

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးသမိုင်းဟာ ၁၉၄၈ မတိုင်မီက မြန်မာနိုင်ငံမှာ High Court သာရှိပြီး အယူခံကိုတော့ အိန္ဒိယနဲ့ အင်္ဂလန်ကိုသွားရတယ်။ အဆင့်အနေနဲ့တော့ နိမ့်တာပေါ့။ ၁၉၄၈ လွတ်လပ်ရေးရပြီးတော့ မြန်မာတရားစီရင်ရေးက Common Law Family ထဲမှာပါပြီး တရားစီရင်ရေးဆိုင်ရာ ဥပဒေအခြေခံ မူသဘောတရားတွေ (Legal Principles) နဲ့အညီ ဆောင်ရွက်ခဲ့ကြတယ်။ ဟိုခေတ်က ဥပဒေပညာသင်တဲ့ သူတွေကလည်းများတော့ တတ်ကျွမ်းကြတယ်။ လူအများစုကလည်း တရားစီရင်ရေးအပေါ် လေးစားကြတယ်။ အုပ်ချုပ်ရေးပိုင်းက မတရားဆောင်ရွက်တာတွေကို တရားစီရင်ရေးက ကြပ်မတ် ထိန်းသိမ်းပေးရတယ်။

၁၉၆၂ တော်လှန်ရေးကောင်စီ တက်တော့ အခြေအနေက တဖြည်းဖြည်း လျော့လျဲလာတယ်။ ဒါပေမယ့် တရားစီရင်ရေးကို အာဏာရှင်ကြီး ဦးနေဝင်း ကျော်လို့မရခဲ့ဘူး။ အဲဒီလို ကျော်လို့မရတဲ့အတွက် ဖျက်ဆီးပစ်လိုက်ပါတယ်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥဒေအသစ် ရေးဆွဲတယ်။ ပြီးတော့ ပြည်သူ့တရားစီရင်ရေးဆိုပြီး ဥပဒေက မည်သို့ပင်ဆိုစေကာမူဆိုတဲ့ သဘောတရားနဲ့ နင်းချေခဲ့ပါတယ်။

၁၉၇၄ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်သူ့တရားစီရင်ရေးကလည်း ပြည်သူ့အကျိုးပြု တရားစီရင်ရေး မဖြစ်ခဲ့ပါဘူး။ တရားစီရင်ရာမှာ အဆင်ပြေအသုံးတည့်မယ့် ကျင့်ထုံးဥပဒေတချို့ကို သုံးတယ်။ သုံးရင်း အဆင်မပြေတဲ့အခါကျတော့ မည်သည့်ဥပဒေက မည်သို့ပင်ဆိုစေကာမူဆိုပြီး ကိုယ်သဘောကိုယ်ဆောင်ပြီး တရားစီရင်တယ်။
၁၉၈၈ မှာတော့ ပြည်သူ့တရားစီရင်ရေးဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်နဲ့အတူ ပြောင်းလဲသွားပါတယ်။ နဝတ/နအဖ ခေတ်တွေမှာ တရားစီရင်ရေးဆိုတာ အုပ်ချုပ်သူတွေရဲ့ တခါတရံ လက်ကိုင်တုတ်၊ တခါတရံ အသုံးချခံ အဆင့်ပါပဲ။