Thursday, October 18, 2012

ကရင်အမျိုးသားအစည်းအရုံးအတွင်း စည်းရုံးရေးပြသနာ နှင့် ပြည်တွင်းငြိမ်းချမ်းရေး အပိုင်း (5) by Aung Htoo on Thursday, October 18, 2012 at 6:22am ·


အခြား အကြောင်းအရာများကို ရွေးချယ် မရေးဘဲ ကရင်အမျိုးသား အစည်းအရုံးနှင့် ဆက်စပ်၍ ငြိမ်းချမ်းရေး ပြသနာ ဆိုင်ရာ
 ဆောင်းပါး များကို အဘယ်ကြောင့် ဆက် တိုက်ရေးနေကြောင်း မိတ်ဆွေအချို့က မေးကြသည်။ ဖြေပါမည်။ စစ်မှန်သည့်
 ပြည်တွင်း ငြိမ်းချမ်းရေး မရှိလျှင် လူထုများအတွက် လွတ်လပ်မှု၊ တရားမျှတမှု နှင့် စီးပွားရေး တိုးတက်မှု မရနိုင်သည့် အပြင်
ဆင်းရဲပင်ပမ်းမှုများ၊ မျက်ရည်များ၊ ကြေကွဲမှုများ၊ အာဃာတ များသာ ဖုံးလွှမ်းနေမည်ဟု ယုံကြည် သောကြောင့် ဖြစ်သည်။
 ဤသည်မှာ ပထမ တချက်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး၏ အရေးပါမှုကို ရည်ညွန်းသည်။

ဒုတိယ အချက်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို မည်သို့ ရှာဖွေမည် ဟူသော နည်းလမ်းနှင့် သက်ဆိုင်သည်။ ငြိမ်းချမ်းမှု ကို ရှာဖွေရာ၌
ခေါင်းဆောင်များသည် အရေးကြီးသော အခန်းမှ ပါဝင်ကြောင်း အသိအမှတ်ပြုပါသည်။ သို့ရာတွင် နှစ်ပေါင်း ခြောက်ဆယ်ကျော်မျှ
 ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြီးကို အပြီး အပိုင် ငြိမ်းသတ်နိုင်အောင် ကြိုးပမ်းရာ၌ ခေါင်းဆောင် အဓိက အားကိုးရေးဝါဒ မျှနှင့်
 မလုံလောက်ပါ။ လူထုလမ်းစဉ် ကို ကျင့်သုံးဘို့လိုပါမည်။

အခြေခံလူထုများကိုယ်တိုင် ရောဂါ၏ အရင်းအမြစ်ကို သိအောင်ကြိုးစား၊ ကုစားသင့်သည့် နည်းလမ်းများအား လက် လှမ်းမီသမျှ
 ရှာဖွေ၊ မိမိတို့ခေါင်းဆောင်များကို တင်ပြ၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုများအား ပြည်လုံးအနှံ့ သာမက ကမ္ဘာ တခွင်တွင်ပါ
 အားကောင်းကောင်းပေါ်လာအောင် ပါဝင် လုပ်ဆောင်လာကြ စေခြင်သည်။ ဤသို့သော စေတနာ နှင့် ရေးပါသည်။

"ထာဝရ ငြိမ်းချမ်းရေး" ဟူသည်မှာ မည်သည့် အရာနည်း။

ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်းသည် "ထာဝရ ငြိမ်းချမ်းရေး" ဟူသည့် စကားလုံးကို ကရားရေလွှတ်တတွတ်တွတ်
ရွတ်လျှက်ရှိသည်။ သို့ရာတွင် ဤသည်မှာ မည်သည့်အရာ ဖြစ်ကြောင်းကို လူထုအား တကြိမ်တခါမျှ ရှင်းပြခြင်းမရှိ။
ဟို အဖွဲ့သည်အဖွဲ့များနှင့် တွေ့ဆုံလျှက်ရှိသော ဆွေးနွေးပွဲများတွင် တခွန်းမျှ မြွက်ဟသံမကြားရ။

"ထာဝရ ငြိမ်းချမ်းရေး" ဆိုသည်မှာ လူ့အဖွဲ့အစည်းက လိုလားမြတ်နိုးသည့် တန်ဘိုး ဖြစ်သည်။ ဤတန်ဘိုးကို ရရှိ စေရန်
တနိုင်ငံလုံး တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံး ဦးတည် လျှောက်လှမ်းရမည့် "ပန်းတိုင်" ရှိဘို့ လိုသည်။ ဤသည်မှာ
အဘယ်နည်း။ "ပန်းတိုင်" နှင့် စပ်လျှဉ်း၍ ဦးအောင်မင်းကိုယ်တိုင် ရှင်းလင်းစွာ သိမသိမှာလည်း အတတ် မပြောနိုင်။
 စေတနာကောင်းဖြင့် ဆောင်ကျဉ်းရန် ကြိုးစားသည် ဆိုစေဦး။ "ထာဝရ ငြိမ်းချမ်းရေး" နှင့်စပ်လျှဉ်း၍ ကိုယ် သွားခြင်သည့်
 ပန်းတိုင်ကိုမျှ ကိုယ်ကိုယ်တိုင်ကရေရေရာရာ မသိလျှင် အနှစ်တထောင်ပင် ဦးဆောင် ကြိုးစားသော် လည်း
 ရောက်နိုင်ဘွယ်မရှိပါ။ ဤသို့ဖြစ်လျှင် ဦးအောင်မင်းအတွက်သာမက ထိပ်ပိုင်းက ဦးဆောင်ကြိုးပမ်းနေသည် ဟု
ဆိုသော သမတ ဦးသိန်းစိန်အတွက်လည်း မကောင်းပါ။

၎င်းတို့သည် ကိုယ်သွားခြင်သည့် "ပန်းတိုင်" ကို ရှင်းလင်းစွာသိပြီး လုပ်ဆောင်နေခြင်းလည်း ဖြစ်နိုင် သည်။ "ငါတို့
မင်းထက် ပိုပြီး သိတာပေါ့ကွာ။" ဟု စာရေးသူအားပင် စိတ်ထဲမှ ကြိတ်ပြုံးကောင်းပြုံးနေပါမည်။  မိမိတို့ လျှောက်ခြင် သည့်
"ပန်းတိုင်" အစစ်ကို ဖုံးကွယ်ပြီး လူထုကို အခြားတပါးသို့ တွန်းပို့နေတာများ ဖြစ်လေမလား။ ကြွားတော့ "နိဗ္ဗာန်ဘုံ" ၊
လား တော့ "အ၀ီဇိငရဲ" ပန်းတိုင် ဖြစ်သွားနိုင်သည်။ ဤသို့ဖြစ်လျှင်မူ လူထုကြီးတရပ်လုံးအား လိမ်လည် လှည့်ဖျား ရာ
 ရောက်ပါမည်။ ဤသည်ကို ၀ိုင်းဝန်းဖေါ်ထုတ်ကြဘို့လိုသည်။

တကယ်တန်းအားဖြင့် ဦးသိန်းစိန်၊ ဦးအောင်မင်းတို့ခေါင်းဆောင်သည့် အစိုးရ အာဏာပိုင်များသည် "ထာဝရ ငြိမ်းချမ်းရေး"
ရဘို့ "နိဗ္ဗာန်ဘုံ ပန်းတိုင်" ကို လှမ်းကိုင်ရန် ကြိုးပမ်းနေသည် ဆိုလျှင်မူ ယင်းမှာ မည်သည့်အရာ ဖြစ်သည်ကို ရှင်းလင်းရန်
 တိုက်တွန်း ပါသည်။

"ထာဝရ ငြိမ်းချမ်းရေး" ဟူသည်ကို လူထု ခံစားနိုင်ရေး အတွက် "ပန်းတိုင်" သည် အဘယ်နည်း။

နိုင်ငံသားတဦး အနေဖြင့် ရသင့်ရထိုက်သင့် တဦးချင်းအခွင့်အရေး၊ တိုင်းရင်းသား လူမျိုးစု တခုခြင်းစီ ရသင့်ရထိုက် သည့်
 စုပေါင်း အခွင့်အရေးများအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြား ဥပဒေများတွင် ထည့်သွင်းပြဌာန်းထားသည့် အပြင်
တိုင်းပြည်အုပ်ချုပ်ရေး အဆောက်အအုံများအား ထိုအခွင့်အရေးများကို လေးစားကာကွယ်ဖေါ်ဆောင်ပြီး လွတ်လပ်၊
ဘက်မလိုက်၊ ထက်မြက်သည့် ယန္တယားများဖြစ်လာစေရန် ပြုပြင်ပြောင်းလဲ ဖွဲ့စည်းရေး ဖြစ်သည်။

Wednesday, October 17, 2012

ပွန်း (စစ်တုရင် ကစားပွဲမှ စစ်သည်ရုပ်) တွေနဲ့ တိုက်နေလို့ ဘာမှမထူးဘူး၊ by Myat Thi Ha on Wednesday, October 17, 2012 at 5:11am ·


သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၈)
ထက်အောင်ကျော် October 17, 2012

သံရုံးကို ဝင်စီးတဲ့အဖွဲ့ ခေါင်းဆောင် ကိုဂျော်နီကို နယ်စပ်စခန်းတခုတွင် တွေ့ရစဉ်

ရတ်ချပူရီဆေးရုံစီးနင်းမှုကို ဦးဆောင်ခဲ့တဲ့ ကိုဗေဒါ (ဆံပင်ရှည်နှင့် ပုဂ္ဂိုလ်) ကို နယ်စပ်စခန်းတခုတွင် တွေ့ရစဉ်

သံရုံးသိမ်း သေနတ်သမားနှင့် အင်တာဗျုးခြင်း

 အဲဒီလို ဘာ ID မှ မရှိတာကိုက ကံကောင်းသွားတယ် ပြောရမလားပါပဲ။ တခြားသတင်းထောက်တွေ သံရုံးရှေ့ပြေးနေချိန်မှာ သူတို့လို မပြေးနိုင်တဲ့ကျနော်က ရုံးခန်းကျဉ်းကျဉ်းထဲမှာ ဖုန်းတဂွမ်ဂွမ် ဆက်ရင်းနဲ့ NGO သတင်းရပ်ကွက်ဆီကနေ သံရုံးဖုန်းနံပတ်တခု ရလိုက်ပါတယ်။ ရမ်းသမ်းပြီးနှိပ်ထည့်လိုက်တော့ “ဆ၀ါဒီခပ်” ဆိုပြီး ဖုန်းကိုင်တဲ့လူက ထိုင်းလိုပြောပါတယ်။ ဒါပေမဲ့ ဒီလူ့အသံ ထိုင်းအသံ မဟုတ်ဘူးဆိုတာကို ရိပ်မိတာနဲ့ ထိုင်းလိုပြန်မပြောတော့ဘဲ “ကျနော် DVB ကပါ။ အဲ …” ဆိုပြီး စကားဆက်ဖို့ အရှိန်ယူနေတုန်း။ “DVB နော်ဝေလား။ ဘယ်သူလဲမသိဘူး” ဆိုပြီး ဖုန်းကိုင်တဲ့ပုဂ္ဂိုလ်က ပြန်မေးပါတယ်။ တကယ်က ကျနော့်သတင်းထောက်အမည် ”ထက်အောင်ကျော်” ဆိုတာကို ပြောရမယ့်အစား မေ့ပြီးတော့ အမည်ရင်းဖြစ်တဲ့ “၀င်းထိန်ပါ … ကျနော်။ ခင်ဗျားတို့ အဲဒီ … ဟိုကိစ္စ ဘာပြောလို့ရမလဲ၊ နောက်ဆုံးအခြေနေ” ဆိုပြီး အစီစဉ်တကျမဟုတ်တဲ့ မေးခွန်းတွေ ထွက်သွားပါတယ်။

 ”သြော် … နော်ဝေးအသံကိုလား။ ဟုတ်ကဲ့ ကျနော်တို့သိမ်းထားတယ်။ သံရုံးကို စီးထားလိုက်ပြီ” ဆိုပြီး အဲဒီပုဂ္ဂိုလ်က ပြောပါတယ်။ တကယ်က အဲဒီအချိန်မှာ အသေချာ မေးခွန်းဆက်မေးရမယ့်အစား အတွေ့အကြုံမရှိသေးတဲ့ သတင်းထောက်ပီပီ “ဒီနံပါတ်က သံရုံးနံပါတ်ဟုတ်ပါတယ်နော်” ဆိုပြီး သွားမေး မိပါတယ်။ တော်သေးတယ်။ ဟိုဖက်ကပုဂ္ဂိုလ်က စိတ်ဆိုးပြီး ဖုန်းချမသွားလို့။ ပြီးတော့ ကျနော်စမေးတဲ့ မေးခွန်းကကြည့်ပါဦး၊ “ခင်ဗျားတို့ ဘာပြောချင်လဲ။ ပြောချင်တာတွေအကုန်လုံး ပြောထားခဲ့ဗျာ” တဲ့။

 “ကျနော်ဘာမှ မပြောနိုင်သေးဘူး။ စတိတ်မန့်ထဲမှာ ပါသလောက်ပဲ ပြောနိုင်ဦးမယ်။ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ ကျနော်တို့ တောင်းထားပါတယ်။ ခင်ဗျား စတိတ်မန့် ရပြီးပြီမို့လား” လို့ ပြန်မေးပါတယ်။ မရသေးရင် Fax နံပါတ်ပေး၊ သူပို့ပေးမယ်လို့ ဆိုပါတယ်။ ကျနော်တို့ရုံးက ပုန်းလျှိုးကွယ်လျှိုး ဖွင့်ထားရတာဆိုတော့ ပြဿနာဖြစ်နေတဲ့အရပ်ဆီ Fax နံပါတ်ပေးလို့ ဘယ်ဖြစ်မလဲ။ ဒါနဲ့ အသံနဲ့ လိုချင်လို့ပါ။ ဘာညာ ညှိရတာ တမိနစ်လောက်ကြာသွားပါတယ်။ ပြီးတော့မှ ကျနော်မေးမယ်၊ ခင်ဗျားဖြေဗျာ ဆိုပြီးပြောတော့ “အိုကေ” လို့ သူကဆိုပါတယ်။

ရခိုင်လူမျိုး နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ/by ဦးဦး မှော်ဆရာ


သေချာတဲ့ သမိုင်းအထောက်အထားများဖြင့် ကျနော့် အမြင်မှားယွင်းကြောင်း ၀င်ရောက်ဆွေးနွေးခြင်းဖြင့် ကိုယ့်ကိုယ်ကို အရည်အချင်းရှိကြောင်း ပြပါ

ဦးဦး မှော်ဆရာ

မေးလ်တစ်စောင်မှာ ပြောထားတဲ့အချက်တစ်ချက်ကို ပုံပြင်ပါလို့ ကျနော် ငြင်းလိုက်တာကို မကျေနပ်တဲ့ မည်သူမဆို
အထောက်အထားဖြင့် ၀င်ရောက်ဆွေးနွေးနိုင်သည် ။ ၂၁ ရာစု ပညာခေတ်ကြီးမှာ ဒီလိုပြောတာမကျေနပ်ဘူးကွ လို့
အရူးတစ်ယောက်လိုအော်ဟစ်နေမဲ့အစား သေချာတဲ့ သမိုင်းအထောက်အထားများဖြင့် ကျနော့် အမြင်မှားယွင်းကြောင်း
ဝင်ရောက်ဆွေးနွေးခြင်းဖြင့် ကိုယ့်ကိုယ်ကို အရည်အချင်းရှိကြောင်း ပြပါ ။

မူရင်းပို့စ်

ရခိုင်လူမျိုး နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
======
ရခိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို
စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။

ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း
ဒေသဘက် သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင်
အခြား လူမျိုးစုများသည်လည်း ရခိုင်ကမ်းရိုးတန်း ဒေသများသို့
့အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များဘက်မှ ၀င်ရောက်လာကြသည်။
ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့် အခါ
ရှေးအကျဆုံး မင်းဆက်များနှင့် တိုင်းပြည် နယ်ပယ်များသည်
စစ်တွေပတ်ဝန်းကျင် ဒေသတ၀ိုက်လောက်တွင် အခြေခံသည်ကို
အများဆုံးတွေ့ရှိရသည်။

ဘူစတာ/by ဘိုကြည်



၁၉၉၈ခုနှစ် (နွေဦး/ဆောင်းဦး?)တရက်သာယာဝတီထောင်ရဲ့တိုက် ၃၊ အခန်းနံပါတ် ၅မှာ ဟောဒီမေတ္တာဇာတ်လမ်းလေးစခဲ့ပါတယ်။ အဲဒီအချိန်က ကျနော့်အခန်းမှာ ကျနော်ရယ်၊ဟန်ဝင်းအောင်ရယ် (နောက်တခါအဖမ်းခံရပြီး အခုချိန်ထိ ထောင်ထဲမှာ ရှိနေသူ) ၊ ၀တုတ် (ခ) ခင်မောင်ဦးရယ် ၃ ယောက်နေထိုင်ကြပါတယ်။ တနေ့မှာ ဟန်ဝင်းအောင်ကအပျံသင်ခါစခိုလေးတစ်ကောင် မပျံနိုင်ဘဲပြုတ်ကျလာလို့ ကောက် လာတယ်။ အဲဒီ ခိုလေးမှာ ၀ဲတွေ ပေါက်နေတယ်။ တစ်ကိုယ်လုံးအဖုလေးတွေနဲ့ပေါ့။

ဟန်ဝင်းအောင်က ခိုလေးကိုအခန်းထဲမှာမွေးဖို့ အတူနေကျနော်တို့ကိုညှိတယ်။ အတောင်မဖြတ်ရဖူး။ ပျံနိုင်တဲ့အချိန်ကျရင်ပျံခွင့်ပေးရမယ်ဆိုတဲ့ ကျနော့်ညှိနှိုင်းချက် ကိုသူလည်းသဘောတူတာနဲ့ ကျနော်တို့ခိုကလေးကိုမွေးဖြစ်သွားကြတယ်။ အဲဒီ အချိန်တုန်းက ခိုလေးကို အထီးလား၊ အမလား ကျနော်တို့ မခွဲခြားနိုင်ကြပါဘူး။ ဒါပေမဲ့ နာမည်ရှိဖို့တော့လိုတယ်ဆိုပြီး နာမည်စဉ်းစားကြတယ်။ နောက်ဆုံးကျနော် အဆိုပြုတဲ့ booster ဆိုတဲ့ နာမည်လေးကို သဘောတူလိုက်ကြတယ်။ ကျနော်က အဲဒီနာမည်လေးကိုထောင်မကျခင်ကအိမ်တွေမှာအမြဲသုံးနေတဲ့ လျှပ်စစ်မီးအားတိုး မြှင့်တဲ့စက်ကလေးကိုအစွဲပြုပြီးပေးလိုက်တာပါ။တဖက်ကအဓိပ္ပါယ်ကလည်း ကျနော် တို့ အထီးကျန်နေတဲ့အချိန်မှာ ကျနော်တို့ကို ကြည်နူးမူလေးတချို့ ပေးစွမ်းနိုင်တယ် ဆိုတဲ့ အဓိပ္ပါယ်လေးပေါ့။
ဒီလိုနဲ့ခိုလေးရောက်လာပြီးအစပိုင်းရက်တွေမှာ ကျနော်တို့လည်းသူ့ကိုအရိပ် တကြည့်ကြည့်နဲ့ပေါ့။ အစာလေးတွေ ခွံ့ကျွေးကြ၊ ရေတိုက်ကြ။ အနာတွေကို ဆေးလိမ်းပေးကြနဲ့ အရမ်းကို ကြည်နူးနေကြပါတယ်။ ခိုလေးကို တရိစ္ဆန်လို့တောင် သဘောမထားပါဘူး။ ကိုယ့်သားသမီးလိုကို ချစ်နေကြတာပါ။
ရက်အနည်းငယ်ကြာပြီးနောက်ပိုင်းမှာတော့ ခိုကလေးလည်းနေတော်တော် ကောင်းလာပြီပေါ့။ ကျနော်တို့ရဲ့ကြည်နူးမှုတွေမှာလည်း အပျော်တွေထပ်တိုးလာ တယ်။သူဗိုက်ဆာရင် ကျနော်တို့ကိုပွတ်သီးပွတ်သတ်လေးလုပ်။ ကျနော်တို့ကလက် ဖ၀ါးပေါ်ကိုကုလားပဲစေ့လေးတင်ထား၊သူကလက်ပေါ်ကိုခုန်တက်ပြီးအစာစား။ “သိပ်ပျော်စရာကောင်းတဲ့အချိန်လေးတွေပါ။ အဲဒီအချိန်မှာတော့ကျနော်တို့လည်း သူ့ကို သမီးလေးမှန်း ခွဲနိုင်ခဲ့ပါပြီ။
ဒီလိုနဲ့ သမီးလေးအရွယ်ရောက်လာတဲ့အခါမှာတော့ ကျနော်တို့လည်း မိဘ၀တ္တရားကျေပါ့မလား။ ထမင်းဟင်းကျွေးထားရုံနဲ့ လုံလောက်ပါ့မလားဆိုတာမျိုး ပူရပင်ရတာတွေရှိလာပါပြီ။ သူ့ကိုယ်သူရပ်တည်နိုင်အောင် ဘယ်လိုပြုစုပျိုးထောင် မလဲ။ သူ့အမျိုးအဆွေတွေကိုသိအောင်ဘယ်လိုလုပ်ပေးရမလဲ။ အကယ်၍များ ငါတို့ ထောင်ပြောင်းကြရရင်ဘယ်လိုလုပ်ရပါ့မလဲ၊ စသည်ဖြင့်ကျနော်တို့၃ယောက်သား ခေါင်းချင်း ရိုက်တိုင်ပင်မိကြပါတယ်။
သူ့ကိုသဘာဝအကြောင်းသိအောင်သင်ပေးရမယ်။ သူ့ဆွေမျိုးတွေနဲ့ သူ့အ သိုင်းအ၀ိုင်းကို သူသိအောင်လုပ်ပေးရမယ်။ သူ့အသိုင်းအ၀ိုင်းကသူ့ကို ပြန်လက်ခံ အောင်ကြိုးစားရမယ်။ သူဖာသာသူအစာရှာစားတတ်အောင် လေ့ကျင့်ပေးရမယ်။ အဲဒါမှသူ့ကိုချစ်ရာရောက်မယ်။ ငါတို့လူသားတွေကိုသူ့ရဲ့ဆွေမျိုးရယ်လို့ ထင်ယောင် နေတဲ့အမြင်မှားကို ချေဖျက်ပေးရမယ်လို့ကျနော်တို့ဆွေးနွေးဖြစ်ခဲ့ကြတယ်။
‘သမီးရေ--- သမီးဟာငှက်လေးတစ်ကောင်ဖြစ်တယ်။ခိုမျိုးနွယ်စုလေးပေါ့။ ငှက်ဆိုတာဟိုးလွတ်လပ်တဲ့ကောင်းကင်ပြင်ကြီးမှာလွတ်လွတ်လပ်လပ် ပျံသန်းခွင့် ရှိတယ်။ ပျံသန်းနိုင်တဲ့စွမ်းရည်လည်းရှိကြတယ်သမီးရဲ့။ ဒါကြောင့်ပျံနိုင်အောင် ကြိုးစားပါသမီးရေ။ သမီး ပျံသန်းနိုင်အောင် အဖေတို့ ၀ိုင်းကြိုးစားပေးကြမယ်။
သူနားလည်မှာမဟုတ်မှန်းသိပေမယ့်ကျနော်က အဲဒီလိုတတွတ်တွတ်ဆက် ကာ ၊ဆက်ကာပြောနေမိခဲ့ပါတယ်။
‘ဖေဖေ့ဆီမှာ လည်း အဖေနဲ့ အမေ ဆိုတာရှိတယ် သမီးရဲ့။ ဖေဖေရဲ့ အဖေနဲ့ အမေတို့ကအဖေ့ကိုသိပ်ချစ်ကြတာပေါ့။ ဒါပေမဲ့မတရားတဲ့အာဏာရှင်တွေကအဖေ သိပ်ချစ်တဲ့မိဘတွေရဲ့ရင်ခွင်ထဲကနေအဖေ့ကိုအတင်းလုယူလာကြပြီး ဒီလှောင်အိမ် ထဲမှာထားထားကြတယ်။ ဒါပေမဲ့သမီးရယ်အဖေကတော့သမီးကို ဒီလှောင်အိမ်ထဲမှာ မထားနိုင်ဘူး။သမီးကိုအဖေတို့နားမှာအမြဲရှိနေစေချင်ပါတယ်၊ဒါပေမဲ့ သမီးအဖေတို့နဲ့ မနေရဖူး။ ဟိုးလွတ်လပ်တဲ့ကောင်းကင်ကြီးထဲမှာ သမီးမြူးတူးခုန်ပေါက်ပြီး ကခုန်နေ တာကိုဘဲ အဖေမြင်ချင်တယ်။
“ခင်ဗျားကသာဒီလိုပြောနေတာသူ့ကိုလောကကြီးအကြောင်းသိအောင်ဘယ်
လိုသင်ပေးမှာလဲ“ –
ဝတုတ်က ကျနော်ပြောနေတာတွေကို နားထောင်ရင်း ထမေးပါတယ်။ ဒါကလွယ်တော့မလွယ်ဘူး။ ဒါပေမဲ့ကြိုးစားလို့ရပါတယ်။အရင်းအနှီးလိုတယ်။ အချိန် လိုတယ်။ လုပ်ပိုင်ခွင့်လိုတယ်လို့ ကျနော်ပြန်ဖြေလိုက်တယ်။ နောက်တနေ့မှာ ကျနော်ကစပြီး အဆိုပြုတယ်။
“ဟန်ဝင်းအောင်ရေ..ငါတို့ဆီမှာ ရှိနေတဲ့ ကုလားပဲ လက်နှစ်ဆုတ်စာကို ရှေ့က ကွက်လပ်ထဲမှာ ကြဲထားလိုက်။ မင်းအဲဒါကို နေ့တိုင်းလုပ်ပေးပါ။ ပြီးတော့ သမီးကို လက်ထဲမှာ အစာမကျွေးနဲ့တော့။ အောက်မှာ ချကျွေးချေတော့။“
‘မစားရင် ဘယ်လိုလုပ်မလဲလို့’ --၀တုတ်က မေးပြန်ပါတယ်။
“မလိုပါဘူး။ သူဆာရင် စားလိမ့်မယ်။”
ဒီလိုနဲ့ရက်အနည်းငယ်အတွင်းမှာဘဲ သူဟာအစာကိုအောက်ကနေကောက်စားကျင့် ရသွားပါတယ်။ အဲဒီကမှနောက်တဆင့်ပ်တက်ရပါတယ်။
“သူ့ကို အခန်းထဲမှာ အစာမကျွေးနဲ့တော့ဗျာ၊ ကျနော်တို့ အခန်းရှေ့မှာ ချကျွေးမယ်။“
ကျနော်တို့ကကုလားပဲစေ့တွေကို ကျနော်တို့ရှေ့ စိုက်ခင်းထဲကိုကျဲချထားလိုက်တော့ အခြားခိုတွေလာပြီး ကျနော်တို့ကြဲထားတဲ့ကုလားပဲတွေကို လာပြီးစားသောက်နေကြ တာပေါ့။
“သမီးရေ --- ဟိုမှာတွေ့လား။ အဲဒါ သမီးရဲ့ ခိုမျိုးနွယ်စုတွေပေါ့။ အဲဒီထဲမှာ သမီးရဲ့ အဖေ၊အမေ၊မောင်နှမတွေရှိကြတယ်။သွားပြီးမိတ်ဆက်ချည်။ ဆွေမျိုးတွေကိုရှာချည် ပါသမီးရယ်။ဒါမှသမီးဟာကိုယ့်ရဲ့မျိုးရိုးဗီဇကိုသိမှာပေါ့။ ကိုယ့်ရဲ့မိဘဆွေမျိုးကိုသိမှာ ပေါ့ကလေးရဲ့။“
ကျနော်ကတတွတ်တွတ်ရေရွတ်ပြောပြနေပေမယ့် သူမသွားပါ။ စူးစမ်းတဲ့ အကြည့်နဲ့ တော့ကြည့်နေလေရဲ့။ အဲဒီလိုဘဲသူ့ရဲ့ခိုမျိုးနွယ်စုကလည်း သူ့ကိုစူးစမ်းတဲ့အကြည့်
တွေနဲ့ပြန်ကြည့်နေတာကိုကျနော်တို့သတိထားမိခဲ့ကြတယ်။ ခိုတွေကြားထဲမှာလည်း သူတို့အချင်းချင်းမေးခွန်းတွေ မေးရင်းတွတ်ထိုးနေကြတာနေမှာပေါ့။
‘ဒီကောင်မ ခိုဖြစ်ပြီး လူတွေနဲ့ဘာလို့နေနေတာလဲမသိဘူး။ လူဆိုတာက ငါတို့ရဲ့ အသားကိုစားဖို့ အမြဲကြိုးစားနေတာ။ ဒီလိုလူတွေနဲ့အတူတူနေနေတဲ့ခိုမကို ယုံလို့မရဘူး။ သူ့ကိုငါတို့ဆီအလာခံလို့မဖြစ်နိုင်ဘူး။’ အစရှိသဖြင့်ဆွေးနွေးဝေဖန် နေကြမှာပေါ့။
သူတို့ထဲကအကောင်းမြင်တတ်တဲ့ခိုအချို့ကလည်း “အရမ်းတော့သိမ်းကြုံး မပြောပါနဲ့လေ။ လူတွေထဲမှာလည်းကောင်းတဲ့လူတွေရှိသလို၊ ဆိုးတဲ့လူတွေလည်း ရှိတာပါဘဲ ၊ငါတို့ကိုပစ်ခတ်မစားသောက်ဘဲငါတို့စားဖို့အစားကျွေးနေတဲ့လူတွေ လည်းရှိနေတာပါဘဲ။ ဒါကြောင့်လည်း ငါတို့ဒီမှာအန္တရာယ်ကင်းကင်းနဲ့ နေထိုင်စား သောက်နေကြရတာ မဟုတ်လား“ လို့ ပြန်ပြောနေကြတယ်ထင်ပါရဲ့။
သူတို့အချင်းချင်းအမြင်ဖလှယ်နေကြစဉ်ကာလမှာ ကျနော်တို့သမီးလေးကို သူတို့ အသိုင်းအ၀ိုင်းထဲ အ၀င်မခံသေးတာဘဲရှိပေမဲ့ ရန်မရှာကြပါဘူး။ ကျနော့်ရင်ထဲမှာ တော့ဒီအခြေအနေလေးကို အတော်လေးကျေနပ်နေမိတယ်။ ငါတို့ အဆင့်တခု တော့ရောက်နေပြီ။ မကြာခင် ငါတို့သမီးလေးသူ့ဆွေသူ့မျိုးတွေကြားထဲမှာ ပျော်ပျော် ရွင်ရွင်နေနိုင်တော့မယ်။
ဒီလိုနဲ့ရက်အနည်းငယ်ကြာတော့ ကျနော်တို့သမီးလေးကြောင့် သူတို့မှာအန္တရာယ်မရှိ နိုင်ဘူးဆိုတဲ့အသိက ခိုအသိုင်းအ၀ိုင်းကြားကိုရောက်ရှိသွားပါတော့တယ်။ယုံကြည်မူ တည်ဆောက်တဲ့ အဆင့်ပြီးသွားခဲ့ပြီပေါ့။
သမီးလေးကလည်း ခိုတွေနားကို တဖြည်းဖြည်းနဲ့ ကပ်ရဲသွားတယ်။ ခိုတွေကလည်း သူ့ကိုနေရာပေးရဲလာတယ်။ ဘာသာစကားချင်းကလည်းတူလို့ထင်ပါရဲ့။ တသား တည်းဖြစ်သွားကြတယ်။ ဒါပေမဲ့အခြားခိုတွေအစာစားပြီးအခြားနေရာကိုထွက်သွား ရင်သမီးလေးက လိုက်သွားလေ့မရှိဘဲ ကျနော်တို့အခန်းထဲကို ပြန်လာလေ့ရှိတယ်။ ညဆိုရင်လည်းကျနော်တို့နဲ့ဘဲအိပ်တယ်။ တကယ်တော့အဲဒါကိုကျနော် အလိုချင်ဆုံး ပါဘဲ။
ဒါပေမဲ့သဘာဝတရားဆိုတာတားမရပါဘူး။ ဒီလိုနဲ့နေနေကြရင်းသမီးကလည်း အပျိုပေါက်ဖြစ်လာခဲ့ပြီပေါ့။ တနေ့တော့ခိုအုပ်လေးထဲမှာကျနော့်သမီးက ထူးထူးခြား ခြားခိုထီးလေးတစ်ကောင်နဲ့တွဲနေတာကို ကျနော်သတိထားမိတယ်။
သူတို့တပူးတွဲတွဲရှိနေတာမြင်ရတာနဲ့တင် ကျနော်ကတော်တော်ဒေါသ ထွက်နေပြီ။ ဒါ့ကြောင့်ကျနော်က ၀တုတ်ကိုစိတ်ဆိုးမန်ဆိုးနဲ့ပြောလိုက်မိတော့တယ်။
“၀တုတ်..ဟိုမှာကြည့်စမ်း၊ ဟိုကောင်ငါတို့သမီးကိုရည်းစားစကားလိုက်ပြောနေတယ် ထင်တယ်၊ ဟိုကောင်မကလည်းပြန်ကြိုက်နေပုံရတယ်ကွ။ အရွယ်က မရောက်သေး ဘူး။ ကိုယ့်ခြေထောက်ပေါ်တောင်ကိုယ်မရပ်နိုင်သေးဖူး။ လင်ကလိုချင်နေပြီ။ အခု ခေတ်ကလေးတွေများတော်တော်ခက်တယ်ကွာ။ ပြန်လာရင်တော့တွေ့မယ်။ နောက် နေ့ကျရင်အပြင်ကိုပေးမထွက်တော့ဘူး“ –
ဒီလိုနဲ့နောက်တနေ့မှာ ကျနော်ကသူ့ကိုအပြင်ပေးမထွက်တော့ဘဲ တံခါး တွေကိုအသေပိတ်ထားလိုက်ပါတယ်။ ရုပ်ရှင်တွေထဲကခတ်နောက်ကျတဲ့ အဖေ တွေရဲ့အမူအယာအတိုင်းသရုပ်ဆောင်ရင်း ဒီနေ့ကစပြီ သမီးအပြင်မထွက်ရဖူး၊ ဘယ်သူမှတံခါးဖွင့်မပေးရဆိုပြီတချက်လွတ်အမိန့်ထုတ်လိုက်ပါတယ်။ အစာနဲ့ရေကို လည်းအခန်းထဲမှာဘဲကျွေးပါတယ်။ ဒါပေမဲ့ သမီးကအာဂခိုမပါ၊ အစာမစားဖူးဗျ။ ရေလည်းမသောက်ဖူး။ အစာငတ်ခံဆန္ဒပြတော့တာဘဲ။ ကျနော်လည်းဘာလုပ်ရမှန်း မသိကို ဖြစ်သွားတော့တယ်။
ဒီကြားထဲသူ့ချစ်သူကလည်း အပြင်ကနေ ဘာသာဘာဝဖိုသံလာပေး တာပေါ့။ သူကလည်းအပြင်ထွက်ဖို့အတင်းကြိုးစား၊ ကျနော်ကလည်းဟန့်တားနဲ့ သုံးပွင့်ဆိုင်အချစ်ပြဇာတ်တစ်ပုဒ် ကနေရသလိုဖြစ်နေခဲ့ပါတယ်။ သုံးပွင့်ဆိုင်ဆိုပေမဲ့ ၅၂၈နဲ့၁၅၀၀ကြားကအားပြိုင်မှုဆိုတော့ အတော်စိတ်ဝင်စားစရာကောင်းနေတာပေါ့။
နောက်ဆုံးတော့မိဘကပဲအလျော့ပေးရတာဘဲ။ ကိုယ့်သမီးစိတ်ဆင်းရဲ၊ဒုက္ခ ရောက်နေတာကိုမကြည့်ရက်ဘူးလေ။ ညနေစောင်းမှာတော့ကျနော်ကတံခါးဖွင့်ပေး လိုက်တယ်။ တံခါးဖွင့်ပေးလိုက်တယ်ဆိုတာနဲ့ နောက်ကိုမကြည့်တော့ဘဲထွက် သွားတော့တာဘဲ။ ဒါပေမယ့်တော်ပါသေးရဲ့။ ညကျတော့အိမ်ပြန်လာတယ်လေ။
နောက်နေ့တွေမှာတော့ပုံမှန်ပါဘဲ။ မနက်ဆိုထွက်သွား။ ညနေဆိုရင်ပြန် လာ။တနေ့တော့ကျနော်တို့သမီးလေးဟာ အခြားခိုတွေနဲ့အတူတူကျနော်တို့ မျက်နှာ ချင်းဆိုင်နှစ်ထပ်တိုက်ရဲ့ခေါင်မိုးပေါ်မှာ ပျော်ရွင်နေတာတွေ့ရတယ်။ အဲဒီအချိန်မှာ မိုးတွေအုံ့ပြီး သည်းကြီးမည်းကြီးရွာတော့မဲ့ပုံပေါ်နေတယ်။ ကျနော့်ရင်ထဲမှာတော့စိုး
ရိမ်နေလိုက်တာ။ မိုးရွာရင်သမီးလေးဘယ်လိုလုပ်မလဲ၊ မိုးလွတ်ရာခိုတတ်ပါ့မလား စိုးရိမ်စိတ်တွေနဲ့ပူလောင်လို့။ သူကတော့ဒါတွေကိုတွေးနေမှာမဟုတ်ပါဘူး။ ကြိုတင် ပြင်ဆင်ရမယ်ဆိုတာကို သူသိမှသိပါ့မလား။ ဒါပေမဲ့သူ့ကောင်လေးကတော့ အတွေ့ အကြုံ ရှိတာဘဲလေ၊ မိုးလွတ်ရာကိုခေါ်သွားမှာပေါ့လို့ ဖြေတွေးတွေးနေတုံးမှာဘဲ အခြားခိုလေးတွေကမိုးလွတ်ရာဖက်ကိုပျံထွက်သွားကြပါတော့တယ်။ သမီးလေးက တော့မိုးးလွတ်ရာကိုသွားရမယ်ဆိုတာကိုနားမလည်ဘဲ ခေါင်မိုးပေါ်မှာရပ်မြဲဆက်ရပ် နေပါ့တယ်။ မကြာခင်မှာ မိုးကသည်းကြီးမည်းကြီးကိုရွာပါတော့တယ်။ ကျနော်တို့က လည်းအခန်းအပြင်ကိုမထွက်နိုင်တော့ အခန်းထဲကနေဘဲ ‘သမီးရေ….ပြန်လာခဲ့ …ပြန်လာခဲ့’ လို့ အော်ခေါ်နေပေမဲ့ သူကမကြားဘဲဆက်ရပ်နေပါတယ်။
မိုးတိတ်သွားပြီးတဲ့အခါကျတော့မှ သမီးလေးကခေါင်မိုးကနေ ပြန်ဆင်းလာပြီး အခန်းထဲကို တလှမ်းချင်းလျှောက်လာပါတယ်။ ကျနော်တို့ကလည်းစိုးရိမ်တကြီးဆီး ကြိုကြရတာပေါ့။
“ဟင်..ဒုက္ခရောက်မှမိဘဆီပြန်လာတယ်--ပြီးရင် ပြန်ထွက်သွားအုံးမှာမဟုတ်လား“ လို့ဗျစ်တောက်ဗျစ်တောက်ပြောနေရင်းနဲ့ဘဲ-- ရေသုတ်ပေးနေမိပါတယ်။
မိုးလုံးဝတိတ်သွားပြီး အခြားခိုတွေလည်းကျနော်တို့တိုက်ရှေ့နားကို အစာလာပြန်စား တဲ့အခါမှာတော့ သမီးက အဲဒီခိုလေးတွေဆီကို ပြန်ရောက်သွားပြန်ပါတယ်။
နောက်တနေ့မှာတော့ ထုံးစံအတိုင်းမနက်ဖက်ထွက်သွားပြီး ညနေပြန် ရောက်လာမယ်ထင်ပေမဲ့ပြန်ရောက်လာနေကျအချိန်မှာပြန်ရောက်မလာတော့ပါဘူး။ သမီးလေးတော့ ငါတို့ကိုခွဲသွားပြီဆိုတဲ့သောကကကျနော်တို့ကို အိပ်မရဖြစ်စေခဲ့ပါ တယ်။
နောက်နေ့တွေမှာသမီးက တရက်ခြားပြန်လာတယ်။ တရက်ခြားသော်ငြား လည်း သမီးကိုမြင်တွေ့ခွင့်နေရသေးတာကိုပဲ ကျနော်တို့ ကျေနပ်ပျော်ရွှင်နေမိပါ
တယ်။တဖြည်းဖြည်းနဲ့နှစ်ရက်ခြား။ နောက်တော့သုံးရက်ခြားမှ ရောက်ရောက်လာ တော့တယ်။ဒီလိုနဲ့ခြားတဲရက်တွေများလာရင်းကနေ သမီးလေးကိုလုံးဝမတွေရတော့ ပါဘူး။
ကျနော်တို့သမီးလေးကိုလွမ်းပါတယ်။ သမီးနဲ့ကယုကလင်ပျော်ရွှင်ခဲ့တဲ့ အချိန်တွေဟာကျနော်တို့ဘ၀ရဲ့ အရေးပါတဲ့အချိန်တွေဖြစ်ခဲ့ပါတယ်။ သမီးရဲ့ချော မွတ်မွတ်ငှက်တောင်မွေးလေးတွေကိုပွတ်သပ်ရင်း သမီးကိုချော့မြူချင်ပါသေးတယ်။
သမီးကတော့ကျနော်တို့ရဲ့အလွမ်းတွေ၊ ကျနော်တို့ရဲ့ဆန္ဒတွေကိုသိနိုင်မှာ မဟုတ်ပါဘူး။လွတ်လပ်တဲ့မိုးကောင်းကင်မှာ ပျော်ပျော်ရွင်ရွင်ပျံသန်းနေမဲ့ သမီးလေး အကြောင်းကိုတွေးရင်း ပီတိဖြစ်နေတဲ့လူ၃ယောက်ကတော့ သမီးခေတ္တနားခိုခဲ့ဖူးရာ လှောင်အိမ်ကလေးထဲမှာပဲရှိနေပါသေးတယ်။
ပျံသန်းနေတဲ့ခိုကလေးတွေကိုတွေ့တိုင်း သူတို့သမီးလေး ‘ဘူစတာ’ လားလို့
လိုက်ရှာကြည့်နေရင်း သူတို့လည်းသူတို့သမီးလေးလို လိုရာပျံသန်းခွင့်ရနိုင်မယ့်ရက် ကို ဆက်စောင့်နေကြလေရဲ့။
မှတ်ချက်။ ။ သူတို့ ၃ ယောက်စလုံး ပြန်လည်လွတ်မြောက်လာကြပြီး တစ်ယောက်ကတော့ဖြင့် ဒုတိယအကြိမ် ပြန်လည် အဖမ်းဆီးခံရပြီး အခုချိန်အထိ အကျဉ်းထောင်ထဲမှာ ရှိနေဆဲပါ။

ဘိုကြည်

Tuesday, October 16, 2012

သူပုန်ကျောင်းသားဘ၀(၂) by Ko Oo on Friday, October 5, 2012 at 5:35pm ·


"မဲဂလာချောင်းကိုလွမ်းနေဆဲပါ"

ကိုကိုဦး(တပ်ရင်း-၁၀၂)၊ အောက်တိုဘာလ(၅)ရပ်နေ့၊

ကျနော်တို့ နောက်ဆုံးထွက်ခဲ့တဲ့မြို့ကလေးမှာ သရက်ချောင်း(ရှက်ခလောင်း)လို့ထင်ပါတယ်၊
တောတွင်းခရီးကြမ်းကို လျှောက်ရတော့မှာမို့ ပြင်ပြင်ဆင်ဆင်ရှိခဲ့ကြသလားလို့ ပြန်ကြည့် လိုက်တော့လည်း အားလုံးသူလိုကိုယ်လိုပင်၊ စင်ကြယ်ဖိနပ်၊ ကွင်းထိုးဖိနပ်များနဲ့သာ ဖြစ် သလိုစခန်းသွားကြသူများပင် ဖြစ်ကြတယ်၊ နည်းနည်းပါးပါး ကြိုတင်ပြင်ဆင်ထားသူများသာ သွားတိုက်ဆေး၊သွားပွတ်တံများပါလာကြတယ်၊

ကျနော်တို့ကို တောတွင်းကို ဦးဆောင်ခေါ်သွားပေးမဲ့သူများကတော့ မြန်မာပြည်တောင်ပိုင်း ကွန်မြူနစ်ပါတီဝင်များဖြစ်ကြတဲ့ ခရိုင်ကော်မီတီဝင် ကိုတင်ထွန်းနဲ့ဦးရှိန် တို့အဖွဲ့ပဲဖြစ်ပါတယ်၊
လမ်းမှာနှစ်ဖွဲ့ခွဲပြီးသွားကြရတယ်၊ ကျနော်တို့အဖွဲ့မှာ ထားဝယ်မြို့လုပ်ရှားမှုကို ဗွီဒီယိုသတင်း မှတ်တန်းလာယူတဲ့ ထိုင်းတီဗွီချယ်နယ်(၃)က သတင်းထောက်တစ်ယောက်လည်းပါလာတယ်၊ သူကထားဝယ်လူမျိုး ထိုင်းနိုင်ငံသားဖြစ်လို့ ထားဝယ်သားတွေနဲ့ရောနှောပြီးသတင်းကို အရဲစွန့် လာယူတာဖြစ်တယ်၊ အာဏာသိမ်းပြီး စစ်တပ်ကလူတွေကို လိုက်လံဖမ်းဆီးမဲ့သူတွေအထဲမှာ အဲဒီကိုမောင်မောင်လို့ခေါ်တဲ့ သတင်းထောက်လဲပါနေတာမို့ ကျနော်တို့အဖွဲ့တွေ တောထဲမှာ တော်တော်ပြေးလွှားလိုက်ရတယ်၊ နောက်ဆုံးကျနော်တို့ အဖွဲ့ကို ပင်လယ်ရွာတရွာအရောက် မှာစက်လှေတစ်စင်းနဲ့ တင်ပေးလိုက်တယ်၊ ရနောင်းကိုရောက်အောင် တရက်သာသာမျှမောင်း လိုက်ရတယ်၊ လှေကငယ်ငယ် လူကအပြည့်မို့ လှိုင်းလှေလွတ်ခဲ့တာကိုပဲ ကံကောင်းလှပြီ၊
မိုးတွေကလည်း တအားရွာနေတော့ မိုးထဲရေထဲတရွှဲရွဲနဲ့ ရနောင်းမြို့ကိုရောက်ခဲ့ကြတယ်၊

နောက်နေ့မှာ ဘတ်စ်ကားစီးပြီး ဘန်ကောက်ကိုရောက်ခဲ့ကြတယ်၊ ထိုင်းတီဗွီချယ်နယ်(၃) မှာ အင်တာဗျူးလုပ်ပြီး နောက်တနေ့မှာပဲ သတင်းဌါနကားနဲ့ပင် မဲဆောက်ကိုရောက်ခဲ့ကြတယ်၊
မဲဆောက်က ကိုကျောက်ခဲအိမ်ကိုရောက်တော့ လူစုံတက်စုံကိုတွေ့လိုက်ရတယ်၊ ကိုဝင်မိုး၊ ကိုအောင်နိုင်၊ သာယာဝတီသား ကိုဂျော်လီထွန်းတို့နဲ့အတူ မင်းသားသီဟတင်စိုးနှင့် ညီတော် မောင်ဝဏ္ဍတင်စိုးတို့ကိုပါတွေ့လိုက်ရတယ်၊ တယောက်တကွဲစီလာကြပေမဲ့ အခုလိုပြန်ဆုံကြ တော့လည်း အားလုံးဝမ်းပန်းတသာဖြစ်ခဲ့ကြတယ်၊

သူပုန်ကျောင်းသားဘ၀(၃) by Ko Oo on Tuesday, October 16, 2012 at 9:54am ·


ရှုပ်ရှုပ်ရှက်ရှက်ကြားကရုန်းထခဲ့ရသည်၊
ကိုကိုဦး(တပ်ရင်း-၁၀၂)၊ အောက်တိုဘာ(၁၆)ရက်၊ ၂၀၁၂

ပထမဦးဆုံးကျင်းပမည့်ညီလာခံအတွက် သေ့ဘောဘိုးစခန်းက ကိုယ်စားလှယ်အတွက် ကျနော်၊ကိုဝမ်ဟုတ်နဲ့ဘုန်းကိုတို့သုံးဦးကို စခန်းမှရွေးချယ်ပေးလိုက်ကြပါတယ်၊
တကယ်ပါသင့်တဲ့ကိုလှအောင် ကျန်ခဲ့တဲ့အတွက်လည်း မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်၊ ထိုအချိန်ထဲကပင် ကျနော်တို့ရဲ့နောက်မှာ မဟာမိတ်ရဲ့ဖိအားတွေကရှိနေခဲ့ပြီဖြစ်ပါတယ်၊ ထိုအချိန်က တပ်ပေါင်းစု အတွက်ကျောင်းသားရေးရာကို ကေအင်ယူက ဗိုလ်ချုပ်ကြီး တာမလာဘောနဲ့ ကေအိုင်အေက ဒေါက်တာထူးဂျာတို့က တာဝန်ယူထားပါတယ်၊ တကယ်တန်းညီလာခံကို ကျင်းပမည့်ဝမ်းခါ စခန်းကိုရောက်သည်အထိ ညီလာခံကိုယ်စားလှယ် ရွေးချယ်မှုတွေက စနစ်တကျမဖြစ်ခဲ့သေးပါ၊

အခြေခံစခန်းကိုအခြေခံပြီး လာကြတဲ့သူတွေရှိကြသလို ဘန်ကောက်မှာလာသော ကိုယ်စားလှယ်များ ဗကကကိုယ်စားလှယ်များလည်းရှိခဲ့ပါတယ်၊ မွန်ဒေသမှလာသော ကိုယ်စားလှယ် အဖွဲ့ဆိုလျှင် နှစ်ဖွဲ့တောင်ဖြစ်နေခဲ့တယ်၊ ကရင်ဒေသမှာရှိသော စခန်းများသာ စခန်းလူဦးရေကို ထည့်မတွက်ပဲ စခန်းတစ်ခုကိုသုံးဦးဆီဖြင့် တက်လာခဲ့ကြတယ်၊ ကိုယ်စားလှယ်စီစစ်ရေး ကိစ္စကို သဘာပတိအဖွဲ့ကို တိုင်တည်ပြီး ညှိနှိုင်းရွှေးချယ်ခဲ့ရသော်လည်း အတော်ကိုပရမ်းပတာ နိုင်ခဲ့တယ်ဆိုတာကိုတော့ အားလုံးက၀န်ခံရပါလိမ့်မယ်၊

ဆည်းပူးလေ့လာ နိုင်ငံရေးပညာ အခန်း (၂)



နိုင်ငံတော် (The State) ဆိုရာဝယ် (အပိုင်း-၂)

နိုင်ငံတော်ဆိုင်ရာ သီအိုရီများ

နိုင်ငံတော်ဆိုတဲ့ သဘောတရားကို အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်များစွာ ရှိသလို၊ နိုင်ငံတော်ဆိုင်ရာ သီအိုရီများစွာလဲ ရှိပါတယ်။ ဒီသီအိုရီတွေရဲ့ မြစ်ဖျားခံလာမှုတွေ၊ ဖွံ့ဖြိုးတိုးတက်လာမှုတွေနဲ့ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုတွေကလဲ ကွဲပြားခြားနားပါတယ်။ နိုင်ငံတော်ဆိုတာ လူ့အဖွဲ့ အစည်းနဲ့ သီးခြားကွဲပြားနေတဲ့ အရာလား (သို့မဟုတ်) လူ့အဖွဲ့အစည်းထဲကနေ ပေါ်ထွက်လာတဲ့ အရာလား။ နိုင်ငံတော်ဆိုတာ အများပြည်သူရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတဲ့ အရာလား (သို့မဟုတ်) လူတစုနဲ့ လူတန်းစားတခုကို ကိုယ်စားပြုတာလား စတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို သီအိုရီတခုချင်းဆီက ကွဲပြားခြားနားစွာ အဖြေပေးထားကြပါတယ်။

နိုင်ငံတော်ပေါ်ပေါက်လာခြင်းရဲ့ သမိုင်းအစ (Origins of the State)နဲ့ပတ်သက်ပြီး၊ social contract theory, evolutionary theory, divine rights theory နဲ့ force theory လေးမျိုးရှိကြောင်း နိုင်ငံရေးပညာရှင်အများစုက လက်ခံထားကြပါတယ်။ နိုင်ငံရေးပညာရှင် အယ်ဒရူးဟေ၀ပ်ကတော့ နိုင်ငံတော်ဆိုင်ရာ သီအိုရီတွေဟာ ခေတ်ပြိုင်သီအိုရီတွေလို့ သတ်မှတ်ပြီး၊ pluralist theory, capitalist theory, leviathan theory နဲ့ patriarchal theory လေးမျိုးကို ခေတ်ပြိုင် နိုင်ငံတော်သီအိုရီများအဖြစ် တင်ပြရေးသားခဲ့ပါတယ်။ လက်ဝဲနိုင်ငံရေးကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ Clyde Barrow ကတော့ Marxism, Neo-Marxism နဲ့ Post-Marxism သီအိုရီသုံမျိုးကို Critical theories of the State အဖြစ် ရေးသားဖော်ပြခဲ့ပါတယ်။

(၁) နိုင်ငံတော်ပေါ်ပေါက်လာခြင်း၏ သမိုင်းအစဆိုင်ရာ သီအိုရီများ

(က) Social contract theory

social contract theory အရ နိုင်ငံတော်ဆိုတာ လူတွေ ဖန်တီးထားတဲ့ အင်စတီကျူးရှင်း တခုဖြစ်ပါတယ်။ တန်ခိုးရှင်တွေက ဖန်ဆင်းထားတဲ့ အင်စတီကျူးရှင်း မဟုတ်ပါဘူး။ နိုင်ငံတော်ဆိုတာ လူမှုဆက်နွယ်မှုတွေ၊ ဆက်စပ်မှုတွေက တဆင့် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဒီသီအိုရီ သဘောတရားတွေကို နိုင်ငံရေးဒဿနိကဗေဒပညာရှင်များဖြစ်တဲ့ Thomas Hobbes, John Locke နဲ့ Rousseau တို့က ထောက်ခံအားပေးထားကြပါတယ်။

Thomas Hobbes ရဲ့ အဆိုအရ လူတွေက သူတို့ဘာသာသူတို့ အုပ်ချုပ်ခွင့်ကို အုပ်ချုပ်ရေး အစုအဖွဲ့တခုကို သွားရောက်ပေးအပ်ပြီး၊ ဒီအစုအဖွဲ့ရဲ့ အမိန့်အာဏာတွေကို လိုက်နာရန် သဘောတူလက်ခံထားတဲ့အတွက် supreme body နဲ့ အများပြည်သူအကြားမှာ social contract ဖြစ်တည်သွားတာ ဖြစ်ပါတယ်။ John Locke ရဲ့ အမြင်အရ လူတွေဟာ သဘာဝတရားက ပေးအပ်ထားတဲ့ အခွင့်အရေး (natural rights) တွေ ဖြစ်တဲ့ လူ့ဘ၀ဖြစ်တည်မှု၊ လွတ်လပ်မှု နဲ့ ပိုင်ဆိုင်မှုအခွင့်အရေးတွေကို ရယူခံစားကြပေမယ့်၊ သဘာဝတရားရဲ့ ဥပဒေကို ပြန်ဆိုအသုံးချမယ့် judicial agency မရှိတဲ့အတွက် နိုင်ငံတော်ဆိုတဲ့ အင်စတီကျူရှင်းတရပ် ပေါ်ထွက်လာတာဖြစ်ပြီး၊ social contract နှစ်ခု ဖြစ်တည်လာပါတယ်။ တခုကတော့ လူထုအကြားမှာ ဖြစ်ပြီး၊ နောက်တခုကတော့ လူထုနဲ့ အစိုးရအကြားမှာ ဖြစ်ပါတယ်။ Rousseau ရဲ့ အဆိုအရ လူတယောက်ဟာ သူ့ရဲ့ အခွင့်အရေးတွေကို အများရဲ့ သဘောဆန္ဒ (General will of the People) အတွက် ဆုံးရှုံးခံလိုက်တဲ့အခါ social contract ဖြစ်တည်လာပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေးမှာ လိုအပ်နေတဲ့အရာ by Messenger News Journal on Tuesday, October 16, 2012 at 2:17am ·



          မြန်မာပြည်၌ အပြောင်းအလဲကာလ ဒီမိုကရေစီ ဖော်ဆောင်ရာတွင် ရှေ့လမ်းခရီး၌ အမျိုးမျိုးသော စိန် ခေါ်မှုများရှိနေကြောင်း မကြာခဏ ကြားသိ သတိပြု မိပါသည်။ အဆိုပါစိန်ခေါ်မှုများသည် အမျိုးမျိုး ဖြစ်နိုင် ပါသည်။ ထင်သာမြင်သာရှိသော စိန်ခေါ်ချက်များ အနေဖြင့် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေး မှသည်  ရခိုင်အရေးအခင်း၊ ကချင်ပဋိပက္ခ၊ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု၊ လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လာဘ် ပေးလာဘ်ယူတိုက်ဖျက်ရေး စသည်ဖြင့် အမျိုးမျိုး ရှိနိုင်ပါသည်။ ထင်သာမြင်သာမရှိသော၊ မခန့်မှန်း မမှန်းဆနိုင်သော အခြားစိန်ခေါ်ချက်များလည်း များစွာ ရှိနိုင်ပါသည်။ အဆိုပါ စိန်ခေါ်ချက်များအတွက် နိုင်ငံ တော်အစိုးရသည် ပြည်တွင်း၊ ပြည်ပအင်အားစုများနှင့် ဒီမိုကရေစီကျင့်စဉ်အောက်တွင် ငြင်းခုံဆွေးနွေး အဖြေ ရှာရင်း ရင်ဆိုင်ဖြေရှင်းရမှာဖြစ်သလို နိုင်ငံသား တစ်ဦး ချင်းအနေဖြင့်လည်း အဆိုပါ စိန်ခေါ်မှုများအား မိမိ ကျရာ၊ နိုင်ရာဘက်မှ သုံးသပ်ပါဝင်ဆောင်ရွက်ကြရန် မိမိတို့၏ လူသားရင်းမြစ်စွမ်းအားများကို အမြဲမပြတ် တိုးတက်ဖွံ့ဖြိုးနေစေရန် ကိုယ်စွမ်းÓဏ်စွမ်း ရှိသ၍ ကြိုးစားအားထုတ်နေကြရမည်ဖြစ်သည်။
          နိုင်ငံရေးဆိုသည်မှာ လုပ်ရင်းကိုင်ရင်း ပိုမိုရှုပ်ထွေး ယိုယွင်းလာသည့် သဘောရှိတတ်သဖြင့် နိုင်ငံသားအား လုံးသည် မိမိတို့အနာဂတ် ကံကြမ္မာအပေါ် သက်ရောက် လွှမ်းခြုံမှုရှိမည့် နိုင်ငံရေးပတ်ဝန်းကျင်နှင့် များစွာ မဝေး လှရန် လိုပြီး၊ မည်သူသည် မည်သည့်အင်အားစုများ  သည် ကိုယ်ကျိုးရှာသည်။ အမှန်အလုပ်လုပ်သည် ဆိုသည်ကို ဝေဖန်ပိုင်းခြားတတ်ရန် အရေးကြီးသည်။ မြန်မာ့နိုင်ငံရေး သမိုင်းအဆက်ဆက်ကို သုံးသပ်လျှင် ပြည်သူလူထုသည် စိတ်ဓာတ်မမှန်သော နိုင်ငံရေး သမားများ၊ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ၊ အုပ်ချုပ် သူ အာဏာပိုင်များ၏ လှည့်ဖျားဖိစီးနှိပ်စက်သည်ကို မကြာခဏခံခဲ့ရသည်။ နိုင်ငံရေးသမားအချင်းချင်း ထိုင်ခုံ လုမှုများကြား မကြာခဏ မြေစာပင်ဖြစ်ခဲ့ရသည်။ အုပ်ချုပ်သူအာဏာပိုင်များ၏ အာဏာပြ အုပ်ချုပ်မှု အောက်တွင် ပြားပြားဝပ်ခဲ့ရသည်။ အာဏာတွေ အလီလီသိမ်းလို့ စနစ်တွေ တစ်ခုပြီးတစ်ခု ပြောင်းသော် လည်း ကြီးပွားချမ်းသာသွားသူများမှာ လူနည်း  စုသာ ဖြစ်ပြီးခံရသူများမှာ ပြည်သူများသာဖြစ်သည်။

Monday, October 15, 2012

ပြည်ထောင်စုဆိုင်ရာ တပိုင်းတစအမြင် Posted by admin on December 6, 2010 / ရဲဘော်ကျော်သန်း

တကယ်ညီညွတ်ချင်ရင် ရန်သူအစစ်ကို မြင်ဖို့လိုတယ်
ကိုထွန်းအောင်ကျော်ရဲ့ ဖယ်ဒရယ်ပြည်ထောင်စုဆိုတဲ့ စာတန်းဆန်ဆန် ဆောင်းပါးကို ဖတ်ရပါတယ်။ တန်းတူရေးကို အခြေခံတဲ့ တိုင်းရင်းသားစုံ ညီညွတ်ရေးနဲ့ ပြည်ထောင်စု သစ် တည်ဆောက်ရေးအတွက် သူ့အမြင်တွေကို တင်ပြထားပါတယ်။ စာတမ်းဆောင်း ပါးရဲ့ အာဘော်နဲ့ ရည်ရွယ်ချက်ကို ယေဘုယျအားဖြင့် သဘောတူ လက်ခံပါတယ်။ သို့ သော်လည်း တချို့အချက်များကိုတော့ အပြန်အလှန်ဆွေးနွေးလိုပါတယ်။ ဖြည့်စွက်တင် ပြခြင်း သဘောပါ။
ဒါကလည်း နိုင်ငံရေးသမားတယောက်ရဲ့ တာဝန်လို့ ယူဆလို့ ဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းပြောသလို နိုင်ငံရေးသမားဆိုတာ ကိုယ့်အမြင်အယူအဆကို လူထုအကြား ပွင့်ပွင့်လင်းလင်း ချပြရဲရမယ်။ အမှားအမှန်ကို သမိုင်း(ရာဇ၀င်) က ဆုံးဖြတ်ပါလိမ့်မယ်။ ဒီတော့ နိုင်ငံနဲ့ ပြည်သူအတွက် ရှောင်ရန် ဘေးအန္တရာယ်တွေ၊ ဆောင်ရန် သာယာဝ ပြောရေးနဲ့ ညီညွတ်ရေးနည်းလမ်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်မှန်တွေ အမြင်အယူ အဆတွေကို တင်ပြဘို့ နိုင်ငံရေးသမားများ လုပ်ရှားတက်ကြွသူများမှာ တာ ၀န်ရှိပါတယ်။
ပထမဆုံး ဆွေးနွေးလိုတာက ပြည်ထောင်စုသစ် အမည်နဲ့ ပတ်သက်ပါတယ်။ သူ့ ဆောင်းပါး အဆုံးပိုင်းက စတင်ဆွေးနွေးရတာက ဗမာ၊ မြန်မာအသုံးနဲ့ ပတ်သက်နေလို့ ဖြစ်ပါတယ်။ ကျွန်တော်ရေးခဲ့တဲ့ စာတွေမှာလည်း တပြည်လုံး တမျိုးသားလုံးနဲ့ သက် ဆိုင်ရင် ဗမာလို့ပဲ သုံးနှုန်းခဲ့သလို ဒီမှာလည်း ထို့အတူ သုံးစွဲသွားမှာ ဖြစ်ပါတယ်။ ဒါ ကြောင့် ဗမာ၊ မြန်မာ ကွဲပြားတဲ့ အယူအဆကို တင်ပြလိုတဲ့အတွက် သိသာထင်ရှားမှုရှိ အောင် ဦးစွာ ဆွေးနွေးတင်ပြခြင်း ဖြစ်ပါတယ်။
ကိုထွန်းအောင်ကျော်က သူ့အတွက် ဗမာပဲဖြစ်ဖြစ်၊ မြန်မာပဲဖြစ်ဖြစ် အကြောင်းကိစ္စမရှိ၊ ဒါမှမဟုတ် ဗမာရော၊ မြန်မာကိုပါ ပယ်ပြီး အားလုံးသဘောတူတဲ့ တခြားအမည် တခုကို သုံးရင်လဲ သဘောတူညီတယ်၊ တဆက်တည်း သုဝဏ္ဏဘူမိကို ပြည်ထောင်စုသစ်ရဲ့ အ မည်အဖြစ် အဆိုပြုသွားပါတယ်။ ကျွန်တော့ အတွက်တော့ နိုင်ငံတခုရဲ့ အမည်ဟာ အ များညီရုံနဲ့ အလွယ်မသတ်မှတ်သင့်လို့ မြင်ပါတယ်။ ခိုင်လုံတဲ့ သမိုင်းကြောင်း ဇာစ်မြစ်နဲ့ ကျိုးကြောင်း ယုတ္တိရှိဖို့ လိုပါတယ်။ ဒီနေ့ခေတ်မှာတော့ ဗမာပဲပြောပြော၊ မြန်မာပဲပြော ပြော အတူတူပါပဲလို့ ကွယ်လွန်သူ ဗိုလ်ချုပ်မြ ပြောသလိုပဲ မြေပြန့်နေ လူမျိုးစုကြီးရဲ့ အ မည်လို့ အများက နားလည် လက်ခံနေကြတယ်။ ဒါပေမဲ့ နိုင်ငံတခုရဲ့ အမည်ဆိုတော့ အထက်မှာ ဆိုခဲ့သလို အကျိုးအကြောင်း ဇာစ်မြစ်ကိုတော့ ရှာဖို့လိုပါတယ်။ ရှာတဲ့ အခါ မှာလည်း ခေတ်ပြိုင် အိမ်နီးခြင်း အမျိုးသားတွေက ကျနော်တို့ကို ဘယ်လို ခေါ်ဝေါ် သတ်မှတ်တယ် ဆိုတာကို ထည့်သွင့် စီစစ်ဖို့ လိုပါတယ်။
လေ့လာဆန်းစစ်မိသလောက်နဲ့ ကျွန်တော့အမြင် ပြောရရင်တော့ ပြည်ထောင်စု တခုလုံး နဲ့ ပတ်သက်တဲ့ အများဆိုင်နာမ်ဟာ ဗမာသာဖြစ်သင့်ပြီး မြန်မာကတော့ ပြည်ထောင်စု အလယ်ပိုင်း မြေပြန့်နေ လူမျိုးစုကြီးကို ခေါ်ဝေါ်ရည်ညွန်းသင့်တယ်လို့ ယူဆပါတယ်။
ဗမာ
ဒီဝေါဟာရတွေနဲ့ ပတ်သက်ပြီး လေ့လာရာမှာ အိန္ဒိယမှာ ရောက်ရှိနေထိုင်ရတာက ကျွန် တော့အတွက် အားသားချက်လို့ ဆိုရပါမယ်။ တကယ်တော့ ဗမာဆိုတဲ့ ဝေါဟာရဟာ ဒီ ကနေ့ ဗမာပြည်ထဲမှာ နေထိုင်နေ့ကြတဲ့ တိုင်းရင်းသား မျိုးနွယ်စုအားလုံးရဲ့ ဘာသာစ ကားနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ ဗမာဆိုတာ အိန္ဒိယစကား သက္ကတဘာသာ ဗြဟ္မာ ကနေ ပျက်ရွေ့လာတဲ့ ဝေါဟာရဖြစ်တယ်။ လွန်ခဲ့တဲ့ အနှစ် (၃၀၀၀) ကျော် အထက်ကာ လက ကျွန်တော်တို့ ဘိုးဘွားတွေ ၀င်ရောက်အခြေချ မနေထိုင်မီကတည်းက မဇ္ဈိမတိုင်း သားတွေက လက်ရှိ ဗမာပြည်လို့ခေါ်တဲ့ နယ်မြေကိုတွေ့ရှိထားပြီး ဖြစ်ပါတယ်။
အာသံနယ်ကနေ ဖြတ်စီးပြီး ဂင်္ဂါမြစ်ထဲကို ပေါင်းဆုံသွားတဲ့ ဗြဟ္မာကြီးရဲ့သားလို့ အဓိ ပ္ပါယ်ရှိတဲ့ ဗြဟ္မပုတ္တရမြစ်ရဲ့ အရှေ့ဘက်ဒေသကို မဇ္ဈိမတိုင်းသားတွေက သူတို့ဘာသာ နဲ့ ဗြဟ္မာဒေ့ရှ် (သို့) ဗာရမာဒေ့ရှ် (Bramah Desh) လို့ ခေါ်ပါတယ်။ ဗြဟ္မာ+ ဒေ့ရှ် က ဗြဟ္မာဟာ ဗြဟ္မာကြီးကို ရည်ညွန်းပြီး ဒေ့ရှ်ဆိုတာကတော့ ဒေသ၊ နယ်မြေလို့ အဓိပ္ပါယ် ရှိပါတယ်။ ဗြဟ္မာကြီးရဲ့ နယ်မြေ (Land of Lord Bramah) ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်။ အဲဒီဒေသထဲမှာ နေထိုင်သူများကိုတော့ ဗာရမာ သို့မဟုတ် ဗားရမားလို့ ခေါ်ကြတယ်။ ဒီနေ့ခေတ် အိန္ဒိယ နိုင်ငံသားတွေက နိုင်ငံကို ဗရမာဒေ့ရှ်လို့ ခေါ်ပြီး လူတွေကိုတော့ ဗား ရမားလို့ ခေါ်နေကြဆဲ ဖြစ်တယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အထင်ကရဖြစ်တဲ့ ဧရာဝ တီမြစ်ဆိုတာကလည်း ဆင်မြစ်လို့ အဓိပ္ပါယ်ရတဲ့ သက္ကတ စကားပျက်ဖြစ်ပါတယ်။ ဧရာ ၀ဏ်+ နဒီ က ဧရာဝဏ် (Iravan) ဆိုတာ ဆင်ဖြစ်ပြီး နဒီဆိုတာကတော့ မြစ်ပဲဖြစ်ပါ တယ်။ ဒါကြောင့် ဗမာဆိုတဲ့ ဝေါဟာရသာလျှင် လက်ရှိပြည်ထောင်စုအတွင်းမှာ နေထိုင် ကြတဲ့ တိုင်းရင်းသား အမျိုးအနွယ်စု အားလုံးကို ခြုံငုံကိုယ်စားပြုတယ်လို့ ယူဆပါတယ်။

Burma: Is It Like Father, Like Daughter? – OpEd

 Burma: Is It Like Father, Like Daughter? – OpEd
 
27


Burma: Is It Like Father, Like Daughter? – OpEd

By: October 13, 2012
An old man like me, near dotage stage cannot do anything except to show my solidarity with the Kachin brethren, as the small Vancouver Ethnic Community launch a fund drive for the Kachin Women Association Thailand (KAWT) to relieve the Kachin refugees who in no-man’s land number over 100,000, and whose humanitarian aid is cut off both by the Chinese and the Burmese governments. The clearly depicts not only the Myanmar and the Chinese mentality, but also to what length can the dictatorial regimes go to justify their political appetite.

Genocide in Kachin State

Aung San Suu Kyi
Aung San Suu Kyi
Hundreds of people have lost their lives, thousands have been maimed or injured, and thousands of ethnic women have been raped by the Tamadaw soldiers. But after 1,800 battles, the conflict between Kachin freedom fighters and the Burmese army—now into its 15th month—shows no sign of abating.
A secret visit by a reporter mailed to me some grotesque pictures of dead Burmese and Kachin soldiers piled on top of the corpses of civilian porters. Farmers and villagers are now being targeted for attacks and interrogation by the government troops who naturally suspect them of being sympathizers or members of the Kachin Independence Organization (KIO).1
The Burmese Army, or Tatmadaw, is determined to knock out the Kachin, once and for all, as men and munitions are increased around in the conflict zones. One could recall that at the recent ASEAN Conference in Bali, President Thein Sein boasted that it would only take a few hours for the Tatmadaw to wipe out the Kachin, and the government media calls the Kachin as Thaung Gyan Thu, in Burmese which is usually translated as “insurgents,” a rebel group with no political agenda and has connotations of terrorism.2 With this kind of attitude how can there be ceasefire not to mentioned peace negotiations? 3
The 1994 ceasefire agreement never produced a political result leading to autonomy or fundamental rights and instead Kachin leaders were offered business opportunities in logging, jade mining and other enterprises viewed by the Kachin populace as a rape of the land and an attempt by the Myanmar authorities to exploit the Kachin’s rich forests and natural resources. Experiencing an 18-year truce shattered, no ethnic nationalities trust the words of Naypyidaw and now every intelligent ethnic sense that Tatmadaw is not interested in whatever peace deals. What more prove is wanted when it is already over a year that President Thein Sein ordered the army to stop the offensive with no result, raising the question of whether the Burmese government is controlling the army or vice versa.