ရှေးအကျဆုံး ကရင်မောင်နှံပုံ
*************************
ရေးဆွဲသူ = မိုင်ကယ်ဆိုင်း(Michael Symes)
ခုနှစ် = ၁၇၉၅
ကာလ = ဗဒုံမင်းလက်ထက်(ကုန်းဘောင်ခေတ်)
ဤပုံသည် ဘိုးတော်ဗဒုံမင်းလက်ထက်တွင်
ဘုရင်ခံ ဆာ၊ဂျွန်ရှိုး(Sir John Shore)က မိုက်ကယ်ဆိုင်းကို သံမှူးခန့်၍ အင်းဝနေပြည်တော်သို့စေလွတ်
ရာတွင် ရခိုင်နှင့် အင်းဝကြား ပြည်ခရိုင်ဒေသ တောင်ပေါ်နေ ကရင်ဇနီးမောင်နှံနှစ်ဦးကို တွေ့ရှိ၍ ၁၇၉၅ ခုနှစ်
တွင်ရေးဆွဲခဲ့ခြင်းဖြစ်သည်။
မိုင်ကယ်ဆိုင်းသည် ပန်းချီပညာ တတ်ကျွမ်းသူဖြစ်၍
သူရေးဆွဲခဲ့သည့် ပုံမှာ အလွန်ပင်တူကြောင်း
ရေးဆွဲချိန် (၂)နာရီခန့်ကြာခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။
သူ၏ မှတ်တမ်းတွင် ကရင်မောင်နှံနှစ်ဦးမှာ သင်တိုင်း
အမည်းရောင် ဝတ်ဆင်ထားပြီး အမျိုးသမီးသင်တိုင်း
အင်္ကျီသည် အမျိုးသားထက် ပိုရှည်၍ သင်တိုင်းအင်္ကျီ
၌ အဖြူ အနီ နှင့်အဝါအဆင်းများ ပါရှိအောင် ချည်ကြမ်း
နှင့် ယှက်လုပ်ထားကြောင်း သိရသည်။
အထူးခြားဆုံးမှာ အမျိုးသမီး၏ မျက်နှာပြင်တွင် ဆေးမင်ကြောင်များရေးထိုးထား၏။ အမျိုးသမီးတိုင်းပင်
ဤသို့ပါရှိပြီး ထိုဓလေ့သည် မည်သည့်အချိန်က ပေါ်ပေါက်ခဲ့ကြောင်းကို ဆိုင်းမေး၍မရခဲ့ပေ။
ကရင်အမျိုးသမီးသည် လည်ပင်းနှင့်လက်မောင်းတို့၌
ပုတီးစေ့နှင့်ကြွေစေ့များဖြင့် တန်ဆာဆင်သောလည်ဆွဲ
တို့ကို ဝတ်တင်ထားသည်။ ယင်းတို့၏ စကားမှာလည်း
မြန်မာတို့နှင့်မတူကြောင်း မိုက်ကယ်ဆိုင်း သိခဲ့သည်။
ထိုဒေသရှိကရင်များသည် ဆင်များနှင့်
သစ်ခုတ်သည့်အလုပ်ဖြင့် အသက်မွေးကြကာ
သစ်ဈေးမှာအလွန်ပေါကြောင်းနတ်ယုံကြည်သူများဖြစ်ပြီး သေသူအား မီးသဂြိုဟ်၍အရိုးကောက်ဓလေ့ရှိကြောင်းလည်း မှတ်တမ်းတင်ခဲ့သည်။
(အကျယ်ကို ဒေါက်တာ နန်းလှိုင်၏
ကရင်သမိုင်းစာအုပ်တွင် လေ့လာနိုင်ပါသည်)