Thursday, January 24, 2013

ရဟန်းဘာကြောင့် ပြုရတယ်/အရှင်ဆန္ဒာဓိက


ပျောက်ဆုံးနေသောစစ်တရားခံမာတင်ဘောမန်/လင်းယုန်မောင်မောင်


အိုင်ပက် (iPad) အသုံးပြုနည်း (အပိုင်း-၁)

Win Hlaing and Lu Bo shared မာန် ထက်'s photo.
အိုင်ပက် (iPad) အသုံးပြုနည်း (အပိုင်း-၁)


အခုတစ်ခါ အိုင်ပက် (iPad) အသုံးပြုတဲ့ နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။ အိုင်ပက် (iPad) အသုံးပြုပုံ ကို ဖော်ပြချင်တာ ကြာလှပါပြီ။ သို့သော် စိတ်ကူးရုံ သက်သက်လေး။ စိတ်ကူးကို အကောင်အထည် မဖော်နိုင်သေး။ မဖော်နိုင်တဲ့ အကြောင်းကလည်း အများကြီးလေ။ အိုင်ပက် (iPad) ကို သုံးတဲ့လူ နည်းနေ တာကြောင့်ရယ်။ သုံးနေကြတဲ့ အနည်းငယ်သော သူတွေကလည်း အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ လမ်းညွှန်း ကို ဖတ်ပြီး သုံးနိုင်ကြတာရယ်ကြောင့်ပါ။

အဲလို ခပ်ဆိတ်မ နေလာခဲ့တာ…။ လွန်ခဲ့တဲ့ တစ်ပတ်ကမှ မိတ်ဆွေတစ်ဦးက နယူးအိုင်ပက် (The New iPad) ကို ၀ယ်သုံးတယ်။ သင်ပုန်း (Tablet) တစ်မျိုးမျိုးကို ၀ယ်သုံးဖို့ သူ စိတ်ကူးနေတာ ကြာလှပြီ။ ဒါပေမယ့် ဘာဝယ်ရမှန်း မသိဘူး။ အိုင်ပက်က ကောင်းနိုးနိုး၊ ဆမ်ဆောင်းကပဲ ဟိုလိုလိုနဲ့ပေါ့။ နောက်ဆုံးတော့ အိုင်ပက် ကောင်းတယ်လို့ ဘယ်သူကများ ညွှန်းသလဲတော့ မသိပါ။
စာရေးသူရဲ့ ဘလော့ထဲက အိုင်ပက် အကြောင်းကို သူ ဖတ်ဖြစ်ချင်လည်း ဖြစ်မှာ ပါ။ နောက်ဆုံး မှာတော့ ၀ယ်လိုက်ပါပြီ။ မျောက် အုန်းသီး ရသလို ဟိုပြေးဒီလွှား နေရသလားတော့ မပြောတတ်ပါ။ အိုင်ပက် ရရချင်း စာရေးသူဆီ လှမ်းဆက်သွယ်လာတယ်။ အိုင်ပက်အကြောင်းနဲ့ ပတ်သက်ပြီး မေးလိုက်တာများ တပုံတစ်ခါကြီး။ စာရေးသူကလည်း တတ်သမျှ မှတ်မိ သလောက် ဖောက်သည်ချပေးပါတယ်။

အဲ…အဲမိတ်ဆွေက အင်္ဂလိပ်စာကို တီးမိခေါက်မိရုံလေးပါ။ သူ့လိုပဲ အင်္ဂလိပ်စာ သိပ်မကျွမ်းကျင်တဲ့ အိုင်ပက်သုံးသမား မြန်မာပြည်မှာ အများကြီး ရှိတယ်တဲ့။ သူ သိတဲ့ အိုင်ပက်သုံး လူတွေလည်း တပုံကြီး၊ ဆယ်ဂဏန်းချီ ရှိတယ်လို့ ပြောတယ်။ လမ်းညွှန်းကို မဖတ်တတ် ဖတ်တတ်နဲ့ လမ်းညွှန်းချက်အတိုင်း လိုက် လုပ်တာ တလွဲချည်းပဲတဲ့။ အမြဲတန်းလိုလို အိုင်ပက် အရောင်းဆိုင်တွေနဲ့ နှစ်ပါးသွားနေရသတဲ့။ စာရေး သူကိုလည်း အွန်လိုင်းမှာ ဆုံဖြစ်မှ မေးရမြန်းရတယ်ဆိုတော့ မဆုံဖြစ်တဲ့အခါ အဆင်မပြေဘူး။ ဒါကြောင့် အိုင်ပက် သုံးပုံ သုံးနည်း မြန်မာလို ရေးထားတဲ့ ၀က်ဆိုက်တွေ ရှိရင် ညွှန်းစမ်းပါဦး၊ စာရေးသူကိုလည်း သူ့ကို ရှင်းပြသလို အခြားသူတွေကို ထပ်ရှင်းစရာ မလိုအောင် အိုင်ပက်အကြောင်း ရေးတင်ပါဦး လို့ တောင်းဆို တယ်။ ဒီလို အကြောင်းလေးတွေကြောင့် ကောက် ကာငင်ကာ အိုင်ပက် အသုံးပြုနည်းကို တင်လိုက်ပါတယ်

ဆက်ရန်....
http://myanmar-youth-it-technican.blogspot.com/2013/01/ipad.html
အိုင်ပက် (iPad) အသုံးပြုနည်း (အပိုင်း-၁)


အခုတစ်ခါ အိုင်ပက် (iPad) အသုံးပြုတဲ့ နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။ အိုင်ပက် (iPad) အသုံးပြုပုံ ကို ဖော်ပြချင်တာ ကြာလှပါပြီ။ သို့သော် စိတ်ကူးရုံ သက်သက်လေး။ စိတ်ကူးကို အကောင်အထည် မဖော်နိုင်သေး။ မဖော်နိုင်တဲ့ အကြောင်းကလည်း အများကြီးလေ။ အိုင်ပက် (iPad) ကို သုံးတဲ့လူ နည်းနေ တာကြောင့်ရယ်။ သုံးနေကြတဲ့ အနည်းငယ်သော သူတွေကလည်း အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ လမ်းညွှန်း ကို ဖတ်ပြီး သုံးနိုင်ကြတာရယ်ကြောင့်ပါ။

အဲလို ခပ်ဆိတ်မ နေလာခဲ့တာ…။ လွန်ခဲ့တဲ့ တစ်ပတ်ကမှ မိတ်ဆွေတစ်ဦးက နယူးအိုင်ပက် (The New iPad) ကို ၀ယ်သုံးတယ်။ သင်ပုန်း (Tablet) တစ်မျိုးမျိုးကို ၀ယ်သုံးဖို့ သူ စိတ်ကူးနေတာ ကြာလှပြီ။ ဒါပေမယ့် ဘာဝယ်ရမှန်း မသိဘူး။ အိုင်ပက်က ကောင်းနိုးနိုး၊ ဆမ်ဆောင်းကပဲ ဟိုလိုလိုနဲ့ပေါ့။ နောက်ဆုံးတော့ အိုင်ပက် ကောင်းတယ်လို့ ဘယ်သူကများ ညွှန်းသလဲတော့ မသိပါ။
စာရေးသူရဲ့ ဘလော့ထဲက အိုင်ပက် အကြောင်းကို သူ ဖတ်ဖြစ်ချင်လည်း ဖြစ်မှာ ပါ။ နောက်ဆုံး မှာတော့ ၀ယ်လိုက်ပါပြီ။ မျောက် အုန်းသီး ရသလို ဟိုပြေးဒီလွှား နေရသလားတော့ မပြောတတ်ပါ။ အိုင်ပက် ရရချင်း စာရေးသူဆီ လှမ်းဆက်သွယ်လာတယ်။ အိုင်ပက်အကြောင်းနဲ့ ပတ်သက်ပြီး မေးလိုက်တာများ တပုံတစ်ခါကြီး။ စာရေးသူကလည်း တတ်သမျှ မှတ်မိ သလောက် ဖောက်သည်ချပေးပါတယ်။

သူယုတ်လက္ခဏာ- လင်းထင် by Lin Htin on Thursday, January 24, 2013 at 4:42am ·


သူယုတ်လက္ခဏာဆို အစဉ်အလာ ညွှန်းတဲ့ဟာတွေအပေါ် သိပ်ဘ၀င်မကျချင်ဘူး။

ပထမ- ရုပ်ဆင်းသွင်ပြင်ကို သူယုတ်လက္ခဏာ ကပ်လိုက်တဲ့ ဟာမျိုးတွေ (ဥပမာ- ဦးပုည ဆဒ္ဒန်ဇာတ်ထဲက သောနုထ္ထိုရ်ကိုအဖွဲ့၊ ဦးသြဘာသ ဝေဿန္တရာထဲက စူဇကာပုဏ္ဏား အဖွဲ့) ရှေးစာထဲပါပြီး၊ နှောင်းလူတို့ ပြဌာန်းစာသဖွယ် အသင်ခံရတဲ့အခါ၊ စာပေဂုဏ်မြောက်တဲ့ အရေးအသားကို လေ့လာရမယ့် အဖြစ်နဲ့ ဆောင်သင့် ရှောင်သင့်သော စာရိတ္တတရားတို့ကို နီတိထုတ် မှတ်ယူရမယ့်အဖြစ်၊ နှစ်ခုသောကိစ္စရပ်တို့ ရောထွေးကုန်ကြတယ်။

ဗမာ့လူ့အဖွဲ့အစည်းမှာ ရုပ်ဆင်းသွင်ပြင်နဲ့ စာရိတ္တတရားကို ညီမျှခြင်းချလိုတဲ့ အယူမှား စွဲဝင်တာပဲ။ ယိုးဒယားကနေ ရိုဟင်ဂျာတွေကို ပင်လယ်ထဲ ပြန်လွှတ်တဲ့ နောက်ဆက်တွဲ ဂယက်တွေမှာ အဲဒီ့အချိန် ဟောင်ကောင်က မြန်မာကောင်စစ်ဝင်ရဲ့ ရိုဟင်ဂျာဆိုတာ အသားမည်းတယ် ရုပ်ဆိုးတယ်၊ မြန်မာက ရုပ်ရည်ပြေပြစ်တယ် ဆိုတဲ့ နှုတ်ထွက်စကားဟာ ဗမာ့လူ့အဖွဲ့အစည်းမှာ Racism စွဲဝင်မှန်းမသိ စွဲဝင်နေတဲ့ အဖြစ်ရဲ့ ရောဂါလက္ခဏာပဲ။

ဒီလိုစိတ်အခံဟာ နိုင်ငံသားဖြစ်မှုရော ဌာနေဖြစ်မှုရော မျိုးနွယ်စုဖြစ်မှုအပေါ်မှာပါ အများနဲ့ အသားရောင် ဘာသာစကား ဘာသာတရား တူညီမညီ စမ်းစစ်လိုတဲ့ အခြေခံကလွဲတဲ့ တင်ကြိုပြဌာန်းနှင့်ပြီး သဘောထားတို့ စမ်းပေါက်ရာပဲ။

"အမှတ်တရမုန်တိုင်း"

Lu Bo shared မင်းလူ၏ ၀တ္တုတိုများ's photo.
‎"အမှတ်တရမုန်တိုင်း"



အချိန်နှင့်အမျှ သူ့ကိုသာ သတိရနေတော့သည်ဟု မပြောလိုပါ။ ဒါမျိုးက ဖြစ်လည်း
မဖြစ်နိုင်ပါ။ ဘ၀လမ်းတစ်လျှောက်လုံးကို သတိရခြင်း၊ လွမ်းမောတမ်းတခြင်းတို့ဖြင့်သာ
ကုန်ဆုံးသွားစေဖို့ဆိုသည်မှာ ဘယ်လိုမှ သဘာဝမကျသောကိစ္စဟု ကျွန်တော်ထင်သည်။
လက်တွေ့ဘ၀တွင် လုပ်စရာတွေ အများကြီး ရှိသည်။ နေ့စဉ်နှင့်အမျှ သီးခြားမျိုးကွဲ
ပြဿနာတွေနှင့် ကြုံတွေ့ရသည်။ ဒါတွေကို ဖြေရှင်းနေခြင်းကပင် အချိန်များစွာကို
သိမ်းပိုက်ထားသည်။ သို့နှင့် သူ့ကို တိုက်ဆိုင်မှုရှိမှသာ သတိရဖြစ်တော့သည်။

* * *

ကျောင်းဆင်းကာစမို့ အသွားအလာရှုပ်ယှက်ခတ်နေသည်။ သူတို့၏ တိုယိုပက်ကားကလေးသည်
လူရှင်းအောင် စောင့်နေရသဖြင့် မထွက်နိုင်သေး။ ကျွန်တော်တို့လို စက်ဘီးနှင့် ကျောင်းတက်
သူတွေကတော့ ဘဲလ်သံ "ကလင် ကလင်"ပေးရင်း ကျွမ်းကျင်စွာ ကွေ့ပတ်ရှောင်တိမ်းသွား
ကြသည်။