Tuesday, January 1, 2013

အလံမီး ရှို.ခြင်းနှင်.ပါတ်သက်သရွေ. ----

Khin Mgoo shared Aye Aye Soe Win's status update.
အလံမီး ရှို.ခြင်းနှင်.ပါတ်သက်သရွေ. ----

Flag desecration is not forbidden by Canadian law.
အလံ ရှို.ခြင်းကို ကနေဒါ နိုင်ငံမှာ မည်သည်.ဥပဒေနှင်.မျှ တားမြစ်ထားခြင်းမရှိ။

Neither the law of England and Wales nor the law of Scotland has a concept of "flag desecration."
အင်္ဂံလန် နှင်. ဝေးလ် ၊စကော.တလန် က ဥပဒေများမှာလည်း အလံ မီး ရှို.ခြင်းဖျက်ဆီးခြင်း ဆိုင်ရာ ဘာကိုမှ မပြဌာန်းထား။

The United States Supreme Court in Texas v. Johnson, 491 U.S. 397 (1989), and reaffirmed in U.S. v. Eichman, 496 U.S. 310 (1990), has ruled that due to the First Amendment to the United States Constitution, it is unconstitutional for a government (whether federal, state, or municipality) to prohibit the desecration of a flag, due to its status as "symbolic speech."
အမေ၇ိကန်ဆူပရင်ကုတ် (တက်ဆက်စ် ပြည်နယ် နှင်. ဂျွန်ဆင် ၁၉၈၉ အမှု က ၁၉၉၀ ဆူပရင်ကုတ် နှင်. အစ်ခ်မန် ပြဌာန်းချက် ကို ထပ်မ့ အတည်ပြုပေးထားသည်။ ) လွတ်လပ်စွာ ပြောဆို ပြသခွင်.
freedom of speech အရအမေရိကန်နိုင်ငံရှိ မြို.နယ်၊ တိုင်း၊ ပြည်ထောင်စု အဆင်.ဆင်. အုပ်ချုပ်ရေးရုံးများက သင်္ကေံတ ပြလွတ်လပ်စွာ ထုတ်ဖေါ်ပြသမှု Symbolic Speech ကို နည်းတနည်းနည်းဖြင်.တားမြစ်ခြင်း၊ ပိတ်ပင်ခြင်း သည်၊ ဖွဲ.စည်းပုံ အခြေခံဥပဒေနှင်. မညီ ညွတ်ဟု ဆုံးဖြတ်ခဲ.သည်။

“မူရင်းကောင်းမှ မိတ္တူကောင်းမည်” by Soe Min on Tuesday, January 1, 2013 at 12:22am ·


          “တိမ်ယံအတွင်းက နှင်းကျပြီ။ အာကာတိုင်းက မှိုင်းလို့ရီ။ ဟေမန်ခါမှီ အထူးပဲချမ်းလှသည်။ တမေခင် ဘွေသဉ္ဇာလီ စက်ရာခန်းဆောင် ကြာခြည် ကတ္တီပါစောင် ခြုံထွေးတာတောင် နွေးနိုင်ပေါင်အတည်။”
          ဘိလပ်ပြန်သန်းရဲ့ “ဆောင်းကတ္တီပါ” ဆိုတဲ့ခေတ်ဟောင်းသီချင်းကလေးကို ငယ်ငယ်ကတည်းက နားရောအသည်းရော စွဲနေခဲ့တာမို့ ပြင်သစ်ကျောင်းရောက်တော့ “Le Lambeth walk” ဆိုတဲ့ပြင်သစ်သီချင်းကလေးကို ကြားလိုက်တဲ့အခါ “ကြည့်စမ်း ကြည့်စမ်း။ တစ်သက်လုံး ငါတို့ကသာ သူတို့ဆီက ခိုးခိုးချလာခဲ့တာ။ သည်တစ်ခါတော့ ငါတို့ဆီကနေ သူတို့ပြန်ခိုးချရပဟဲ့။” ဆို ခေါင်းလေးဘာလေးတောင် မော့သွားပြီး ပြင်သစ်ဆရာမကိုတောင် “အဲဒါ ငါတို့ဆီမှာ ကိုလိုနီခေတ်တုန်းက အရမ်းနံမယ်ကြီးတဲ့ သီချင်း။” လို့ ကြွားပလိုက်မိပါတယ်။ တို့ဆီမှာ ဟိုးရှေးရှေးကတည်းက နံမယ်ကြီးပြီးသားဆိုတော့ နင်တို့ကသာ ကော်ပီဖြစ်လိမ့်မယ် လို့ သေးသေးတင်ချင်တာလည်း ပါတာပေါ့။ ဘူတန်ရောက်လို့ Youtube မှာမွှေတတ်သွားတော့မှ အဲဒါသူတို့ ပြင်သစ်သီချင်းလည်း မဟုတ်သေးဘူး။ “Me and My Girl” ရုပ်ရှင်ထဲက “The Lambeth Walk” ဆိုတဲ့သီချင်းကို သူတို့လည်း ကော်ပီပြန်လုပ်ထားတာ လို့ သိလာတယ်။ အနုပညာဆိုတာ ဒီလိုပါပဲ။ နားထဲမှာနားဝင်ပီယံဖြစ်တဲ့ သီချင်းကလေးတွေကိုခံစားဖို့ ဘာသာစကားက အတားအဆီးဖြစ်လာတဲ့အခါ ကိုယ့်ဘာသာနဲ့ ပြန်လည်ခံစားရေးဖွဲ့လိုက်တော့ ထိထိမိမိ အရသာခံစားနိုင်တာပေါ့။ ဥရောပတစ်တိုက်လုံး သီချင်းလေးတွေကို အပြန်အလှန် ကူးယူခံစားခဲ့ကြတယ်။ ဥပမာတွေ ပြလို့တောင် မကုန်ဘူး။ ခေတ်ရေစီးကြောင်း လို့ပဲ ပြောရမယ်။ စာပေလောကမှာလည်း အတူတူပါပဲ။ ဂန္တ၀င်မြန်မာစာပေတွေဖြစ်တဲ့ ပန်းသာမစာအုတို့၊ ရတနာပုံတို့ဟာ ကော်ပီကူးထားမှန်းကို ယုံနိုင်စရာမရှိအောင် ကောင်းတဲ့ အနုပညာလက်ရာတွေပါ။ “Moment to Moment” ကနေ “တိမ်လွှာမို့မို့လွင်” ဖြစ်လာတာ။ “North by North-West” ကနေ “ကျောက်ဘီလူး နဲ့ ပပ၀င်း” ဖြစ်လာတာတွေကို ကြည့်ရင် မွေးစားထားတဲ့ဇာတ်အိမ်မို့လို့ အနုပညာ မမြောက်ဘူးလို့ ပြောလို့မရမှန်း သိပါလိမ့်မယ်။

Monday, December 31, 2012

HTML မိတ်ဆက်


လေ့ လာရအောင် စီအက်အက် အကြောင်း/ Learning CSS


ကွန်ပြူတာမှပြဿနာဖြေရှင်းနည်း/ ဥာဏ်ကြွယ်


ဖိစီးမှု့  နှင့် အတူနေခြင်း/ ချစ်စံဝင်း


ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီ(ဘော်ရှီဗစ်) C.P.S.U.(B)သမိုင်းအကျဥးချုပ်/ဘာသာပြန်သူ ဒေါ်ယဉ်ယဉ်လှ


မှန်ကန်ခြင်းနှင့် ရဲရင့် ခြင်း/ သော်တာဆွေ


သပိတ်မှောက်ကျောင်းသား(ဒုတိယပိုင်း)/ သိန်းဖေမြင့် 


ဗိုလ်ချုပ်အောင်ဆန်းကိုဘယ်သူသတ်သလဲ/ ဦးအောင်ခင်