Sunday, December 30, 2012
မျက်စိကျန်းမာရေး နှင့် စားသင့်သော အစားအစာများ Shared by အာယု
Maung Lwin shared Zaw Mintun Zawmintun's photo.
မျက်စိကျန်းမာရေး နှင့် စားသင့်သော အစားအစာများ
Shared by အာယု
...ယခုတလော စာရေးသူမှာ မျက်စိနဲ့ ပက်သက်ပြီး မကြာခဏ အောင့်လာလိုက်၊ ခေါင်းတွေ နားထင်တွေ ထိုးကိုက်လာ လိုက်နဲ့ စာရေးတာရော စာဖတ်တာမှာပါ အနှောက်အယှက် ဖြစ်နေရတယ်၊
နောက်ပြီး ကွန်ပြူတာ သုံးနေစဉ်မှာရော မသုံးပဲ ပစ်ထားချိန်မှာပါ မျက်ရည်ပူတွေ တောက်လျောက် စီးကျကျနေတာမို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ေ လာက်အောင် တခါတခါ စိတ်ညစ်မိတယ်၊ ဒါကြောင့် ဘလော့ဂါ ဓမ္မမောင်နှမများ ဆီကို လှည့်လည်ဖို့ ပျက်ကွက်တာတွေ များနေတယ်၊ သည်းခံပေးကြပါ လို့ တောင်းဆိုချင်ပါတယ်၊ တခါတလေတော့လည်း ပုံမှန် စာဖတ်ဖြစ်ပေမယ့် ခြေရာ မချန်ထား ဖြစ်လေတော့ …. သည်းခံပေးကြပါ ဟူ၍သာ …
အခုလည်း ကိုယ့်ဒုက္ခနဲ့ ကိုယ်ပါပဲ၊ မျက်စိရှိရင် မျက်စိဒုက္ခ ခံရမှာပေါ့လေ လို့ နှလုံးသွင်းပြီး စိတ်ညစ်တာကို ဖြေသိမ့်နေ ရတယ်၊ ဒါကြောင့် လူတိုင်းမှာ ကျမ္မာရေးနဲ့ ပက်သက်လို့ တစ်ခုမဟုတ် တစ်ခုတော့ တွေ့ကြုံကြရမှာပါပဲ၊ အသက်အရွယ် ကြီးလာလေ ကျမ္မာရေးကို ပိုပြီး ဂရုစိုက်ရလေနဲ့ အော် အနတ္တ လို့တောင် ညည်းမိပါရဲ့၊ ကျမ္မာရေးအကြောင်း ပြောရင်းနဲ့ ကိုယ်တွေ့ ကြုံခဲ့တာလေး ဖောက်သည်ချပါရစေ၊ ဒီနေ့မှာ စာရေးသူတို့ မွန်ဘိုင်း စောမြကောလိပ်အတွင်းရှိ ဋ္ဌာနပေါင်းစုံမှာ တက်ရောက်နေတဲ့ Local ကျောင်းသားတွေရော ၊ foreign ကျောင်းသားတွေရော ကျောင်းဝင်းအတွင်း လွတ်လပ်စွာ ၀င်ထွက်သွားလာခွင့် ရစေဖို့ ကိုယ်ပိုင် ID ကဒ် လုပ်ထားရမယ် တဲ့။ ဆိုတော့ ပတ်စပို့စ် ဓာတ်ပုံကို မဖြစ်မနေ ရိုက်ကြရ တယ်၊ နောင်တော် ကြီး သီတဂူစတား အပါအ၀င် ဋ္ဌာနတစ်ခုလုံးပေါ့လေ၊ ဓာတ်ပုံရိုက် ရင်းနဲ့ သွေးအမျိုးအစား ကို မေးတဲ့အချိန်မှာ A, B , AB, 0, စသည်ဖြင့် မေးပြီး positive or negative? ဆိုတော့ အားလုံး ပါးစပ်အဟောင်းသား၊ ဒါဆို Plus or Minus ? ပြောင်းမေးတော့လဲ အတူတူပဲ၊ ဘယ်သူမှ ကောင်း ကောင်း မသိကြဘူး၊ အမှန်က ကောင်းကောင်း ဆေးမစစ်ဖူးကြလေတော့ A ပိုး၊ B ပိုး C ပိုးစတာတွေကို ရည်ရွယ်ပြီး မေးနေတာကို နောက်မှ သိကြရတယ်၊ ကိုယ့်နိုင်ငံမှာတော့ ကျမ္မာရေး ၀န်ကြီးဋ္ဌာန ကလဲ ယောင်လို့တောင် စစ်မပေးဘူး၊ ကိုယ်ကိုယ်တိုင်လဲ ဘယ်သူမှမ စစ်ဖြစ်ကြဘူး၊ နိုင်ငံခြားကို အလုပ်လုပ်ဖို့၊ ပညာသင်ဖို့ ထွက်ကြတဲ့ လူတွေ အများစုကတော့ သွားမည့်နိုင်ငံအလိုက် ရောဂါ ၂ မျိုးမှ ၅ မျိုး ၆ မျိုးအထိ စစ်ဆေးခံရတာ၊ ဆေးမှတ်တမ်း ယူရတာ သိရတယ်၊ ရဟန်းတော်များမှာတော့ သွေးလှူဖူးသူ လောက်သာ ကိုယ့်သွေးအမျိုးအစားကို သိကြ ရတယ်၊ အပေါင်း အနှုတ်ဆိုရင်တော့ ဝေးရော၊ ရဟန်းတော်များမှာ နိုင်ငံခြား ထွက်ရင် လဲ သွေးစစ်မှတ် တမ်း မလိုအပ်လေ တော့ အေးအေးဆေးဆေးပဲ နေမိကြတယ်။
ကုန်းဘောင်ခေတ်က အင်ဂျင်နီယာ (သို့မဟုတ်) ဖန်ချက်ဝန်ဦးရွှေအိုး
သမိုင်း ကို ပြန်ဖတ်ရင် ကိုလိုနီအောက်မှာ ဒူးထောက်ပြီး အမှုထမ်းခဲ့တဲ့ မင်းလက်ဝါး လို လူမျိုးတွေနဲ့၊ လုံးဝ ဒူးမထောက်ဘဲ သေတဲ့ထိ နေသွားတဲ့သူတွေ၊ အကြိမ်ကြိမ်အလီလီ တော်လှန် မအောင်မြင်တော့ ကျွန်ဘ၀မှာတော့ မနေဘူး ဆိုပြီး တရုတ်ပြည်မှာ ခိုလှုံလို့ လွတ်လပ်ရေးရမှ ပြန်လာတဲ့ ၀န်းသိုစော်ဘွားကြီး ဦးအောင်မြတ် လို လူမျိုး . .
အမျိုးမျိုး အလီလီ၊
ကုန်းဘောင်ခေတ်က အင်ဂျင်နီယာ (သို့မဟုတ်) ဖန်ချက်ဝန်ဦးရွှေအိုး
 ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ အမြော်အမြင်ရှိတဲ့ မြန်မာခေါင်းဆောင်တွေဟာ ခေတ်မီနိုင်ငံတစ်ခု တည်ဆောက်နိုင်ဖို့အတွက် အနောက်နိုင်ငံများကို ပညာတော်သင်အများအပြားစေလွှတ်ခဲ့ပါတယ်။
စေလွှတ်ခဲ့တဲ့ပညာတော်သင်တွေအနက် ဖန်ချက်ဝန်ဦးရွှေအိုးဆိုတာ ကျွန်တော်တို့ နှောင်းလူတွေ နားအယဉ်ဆုံးနာမည်ဖြစ်မယ် ထင်ပါရဲ့။
ဦးရွှေအိုးကို ၁၊ မတ်၊ ၁၈၃၆မှာ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့အပိုင် နွယ်ငြိမ်းရွာမှာ ဖွားမြင်ခဲ့ပါတယ်။
အရွယ်ရောက်လာတဲ့အခါ နန်းတွင်းမှာ ၀င်ရောက်အမှုထမ်းနေစဉ် အသက်၁၈နှစ်အရွယ်မှာ ကနောင်မင်းသားကြီးရဲ့ စီမံကိန်းအရ ကာလကတ္တားကို ပညာတော်သင်ငါးဦးစေလွှတ်ရာမှ ပါဝင်ခဲ့ပါတယ်။
ဦးရွှေအိုးတို့ဟာ ကာလကတ္တားက ဒိုရေတန်ကောလိပ်မှာ သိပ္ပံပညာရပ်များကို တစ်နှစ်ခွဲကြာ သင်ယူခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို ပြန်လာခဲ့ကြပါတယ်။
ကံအားလျော်စွာနဲ့ပဲ သူတို့ဟာ အပြန်လမ်းမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးရဲ့ လူယုံတော် ကောင့်ဟင်နရီ ဒီဆာဆေနဲ့ ရင်းနှီးခဲ့ပြီး နေပြည်တော်ကို ခေါ်ဆောင်လာခဲ့ပါတယ်။
နောက်ပိုင်းမှာ မင်းတုန်းမင်းနဲ့ ကောင့် ဟင်နရီ ဒီဆာဆေတို့ ညှိုနှိုင်းဆွေးနွေးပြီး ပြင်သစ်ကို ပညာတော်သင်သုံးယောက် စေလွှတ်ရာမှာ ဦးရွှေအိုး ပါသွားခဲ့ပြန်ပါတယ်။
ပြင်သစ်ရောက်တဲ့အခါ ဦးရွှေအိုးဟာ ပဲရစ်မြို့၊ ပန်သီယန်သိပ္ပံကျောင်းကနေ သိပ္ပံဘွဲ့ရရှိပြီး ပဲရစ်ဗဟိုဝိဇ္ဇာနဲ့ ထုတ်လုပ်မှုလုပ်ငန်းကျောင်းမှာ တိုက်ရိုက်ဝင်ခွင့်ရခဲ့ပါတယ်။
ဦးရွှေအိုးဟာ အဲဒီကျောင်းမှာ မဟာသိပ္ပံဘွဲ့လွန်သင်တန်းတက်နေရင်း တစ်ဖက်မှာလည်း မြို့ပြအင်ဂျင်နီယာဘွဲ့အတွက် ပညာသင်ကြားခဲ့ပါတယ်။
ဒီလိုနဲ့ ပြင်သစ်မှာ ရှစ်နှစ်ကြာ ပညာသင်ပြီးတဲ့နောက်မှာတော့ ဦးရွှေအိုးဟာ သိပ္ပံဘွဲ့၊ မဟာသိပ္ပံဘွဲ့နဲ့ မြို့ပြအင်ဂျင်နီယာဘွဲ့တို့ကို ရရှိခဲ့ပါတယ်။
ဦးရွှေအိုးတို့ ပြင်သစ်ပညာတော်သင်တွေဟာ တစ်လကို အင်္ဂလိပ်ဒင်္ဂါး ၈၀၀ ထောက်ပံ့ကြေးရကြပါတယ်။
ဦးရွှေအိုးဟာ ပြင်သစ်မှာပဲ ပြင်သစ်သူတစ်ဦးနဲ့ အိမ်ထောင်ကျပြီး သားတစ်ယောက်လည်း မွေးဖွားခဲ့တယ်လို့ ဆိုကြပါတယ်။
ပြင်သစ်နိုင်ငံမှာ ပညာသင်ကြားနေစဉ်အတောအတွင်းမှာ ဦးရွှေအိုးဟာ ကမ္ဘာကျော်သိပ္ပံပညာရှင်အချို့နဲ့ တွေ့ဆုံရင်းနှီးခဲ့ပါတယ်။
ဓာတုဗေဒသင်ကြားရသူတိုင်း အထူးရင်းနှီးပြီးသားဖြစ်တဲ့ Periodic Tableကို တီထွင်ဖော်ထုတ်ခဲ့တဲ့ ရုရှားနိုင်ငံရဲ့ အကျော်ကြားဆုံးဓာတုဗေဒပညာရှင် မင်ဒိလိယက်ဖ်နဲ့လည်း အထူးရင်းနှီးခဲ့ပါတယ်။
(Periodic Table မှာ ဦးရွှေအိုးရဲ့ အကြံဥာဏ်တချို့ပါ ပါဝင်တယ်လို့ အချို့က ယုံကြည်ကြပါတယ်။)
လေယာဉ်ပျံသန်းမှုဆိုင်ရာသိပ္ပံပညာရှင် အာဘယ်ဟူရိုဒဗီလ်နဖ်နဲ့လည်း ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။
ဦးရွှေအိုးဟာ နပိုလီယံဘုရင်ရဲ့ ကြယ်တာရာတံဆိပ်ကိုပါ လက်ခံရရှိခဲ့ပါတယ်။
နောက်ပိုင်းမှာ မြင်ကွန်း၊မြင်းခုံတိုင်အရေးအခင်းကြောင့် ကနောင်မင်းသားကြီးကျဆုံးသွားပြီး အထောက်အပံ့တွေ ခေတ္တရပ်ဆိုင်းသွားတာမို့ ဦးရွှေအိုးဟာ ဇနီးနဲ့သားကို ထားခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။
နေပြည်တော်ပြန်ရောက်တဲ့အခါမှာတော့ ဦးရွှေအိုးဟာ အင်္ဂလိပ်ဘာသာစကားရော၊ ပြင်သစ်ဘာသာစကားပါ ကျွမ်းကျင်တာကြောင့် ယောအတွင်းဝန်ဦးဖိုးလှိုင်လက်အောက်မှာ နိုင်ငံခြားရေးရာကိစ္စအ၀၀အတွက် လုပ်ကိုင်အမှုထမ်းရပါတယ်။
ဒါ့အပြင် ဦးရွှေအိုးဟာ "သြသဓရတနာကရ"အမည်ရ ဖန်ချက်ခြင်းပညာရပ်ဆိုင်ရာစာတမ်းကို ရေးသားဆက်သွင်းခဲ့တဲ့အတွက် ပထမဆုံးဖန်ချက်ဝန်အဖြစ်လည်း ခန့်အပ်ခံခဲ့ရပါတယ်။
ဦးရွှေအိုးဟာ မအားလပ်တဲ့ တာဝန်တွေကြားထဲက လောကဓာတ်ဆေးကျမ်းကြီးခေါ် ဓာတုဗေဒကျမ်းတစ်စောင်ကိုလည်း ဘာသာပြန်ရေးသားနိုင်ခဲ့ပါတယ်။
ဦးရွှေအိုးရဲ့ လူသိပ်မသိတဲ့ တီထွင်မှုတစ်ခုရှိပါသေးတယ်
အဲဒါကတော့ Fermentation Theory (ကစော်ဖောက်ခြင်းသဘောတရား) ဖြစ်ပါတယ်။
ကမ္ဘာ့မှတ်တမ်းများမှာ အဲဒီသီအိုရီကို ၁၈၇၇ခုနှစ်မှာ သိပ္ပံပညာရှင်ထရာဗေက စတင်တွေ့ရှိဖော်ထုတ်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပေမယ့် ၁၈၆၈ခုနှစ်မတိုင်မီကတည်းက ဦးရွှေအိုးက ရှာဖွေဖော်ထုတ်ခဲ့ပြီးဖြစ်တယ်လို့ ကုန်းဘောင်ခေတ် မြန်မာ့သိပ္ပံပညာရှင်များစာအုပ်မှာ ဒေါက်တာမျိုးသန့်တင်က ဖော်ထုတ်ရေးသားထားပါတယ်။
ဦးရွှေအိုးဟာ သံအမတ်အဖြစ်လည်းကောင်း၊ ပညာတော်သင်ကိစ္စရပ်များအတွက်လည်းကောင်း နိုင်ငံရပ်ခြားကို အခေါက်ခေါက်သွားရောက်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ-အင်္ဂလိပ်ပူးတွဲတရားရုံးမှာလည်း တရားသူကြီးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ယောအတွင်းဝန်ဦးဖိုးလှိုင်ရဲ့ နိုင်ငံခြားရေးရာကိစ္စရပ်များတိုင်ပင်ရာ အားအကိုးရဆုံးလက်ရုံးလည်း ဖြစ်ပါတယ်။
နာမည်ကျော်တိုင်တားမင်းကြီးရဲ့ သမက်လည်းဖြစ်ပါတယ်။
ဗြိတိသျှက မြန်မာကို တတိယအကြိမ်စစ်ပြုမယ့်အရေး ရှောင်ရှားနိုင်ဖို့အတွက် လယ်ကိုင်းမြို့စားကင်းဝန်မင်းကြီးနဲ့အတူ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
နောက်ပိုင်း ဗြိတိသျှက မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးတဲ့နောက်မှာ ခေတ်ပညာတတ်ဦးရွှေအိုးဟာ ဗြိတိသျှလက်အောက်မှာ လုံးဝအမှုမထမ်းဘဲ မိမိတတ်တဲ့ပညာနဲ့သာ အသက်မွေးခဲ့ပါတယ်။
ကုန်းဘောင်ခေတ်က မြန်မာ့ပထမဆုံးအင်ဂျင်နီယာလို့ ဆိုနိုင်တဲ့ ဦးရွှေအိုးဟာ အသက်၆၉နှစ်အရွယ်၊ ၂၂၊ ဒီဇင်ဘာ၊ ၁၉၀၅မှာ သူချစ်တဲ့ အမိနိုင်ငံနဲ့တကွ လောကကြီးကိုပါ စွန့်ခွာသွားခဲ့ပါတယ်။
ကိုးကား
ယောမင်းကြီးဦးဖိုးလှိုင်အတ္တုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း - မောင်ထင်
ပထမဆုံးအင်ဂျင်နီယာဘွဲ့ရ ဖန်ချက်ဝန်ဦးရွှေအိုး - တင်နိုင်တိုး (ဆောင်းပါး)
ကုန်းဘောင်ခေတ်က အင်ဂျင်နီယာ (သို့မဟုတ်) ဖန်ချက်ဝန်ဦးရွှေအိုး
ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ
အမြော်အမြင်ရှိတဲ့ မြန်မာခေါင်းဆောင်တွေဟာ ခေတ်မီနိုင်ငံတစ်ခု တည်ဆောက်နိုင်ဖို့အတွက် အနောက်နိုင်ငံများကို ပညာတော်သင်အများအပြားစေလွှတ်ခဲ့ပါတယ်။
စေလွှတ်ခဲ့တဲ့ပညာတော်သင်တွေအနက် ဖန်ချက်ဝန်ဦးရွှေအိုးဆိုတာ ကျွန်တော်တို့ နှောင်းလူတွေ နားအယဉ်ဆုံးနာမည်ဖြစ်မယ် ထင်ပါရဲ့။
ဦးရွှေအိုးကို ၁၊ မတ်၊ ၁၈၃၆မှာ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့အပိုင် နွယ်ငြိမ်းရွာမှာ ဖွားမြင်ခဲ့ပါတယ်။
အရွယ်ရောက်လာတဲ့အခါ နန်းတွင်းမှာ ၀င်ရောက်အမှုထမ်းနေစဉ် အသက်၁၈နှစ်အရွယ်မှာ ကနောင်မင်းသားကြီးရဲ့ စီမံကိန်းအရ ကာလကတ္တားကို ပညာတော်သင်ငါးဦးစေလွှတ်ရာမှ ပါဝင်ခဲ့ပါတယ်။
ဦးရွှေအိုးတို့ဟာ ကာလကတ္တားက ဒိုရေတန်ကောလိပ်မှာ သိပ္ပံပညာရပ်များကို တစ်နှစ်ခွဲကြာ သင်ယူခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို ပြန်လာခဲ့ကြပါတယ်။
ကံအားလျော်စွာနဲ့ပဲ သူတို့ဟာ အပြန်လမ်းမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးရဲ့ လူယုံတော် ကောင့်ဟင်နရီ ဒီဆာဆေနဲ့ ရင်းနှီးခဲ့ပြီး နေပြည်တော်ကို ခေါ်ဆောင်လာခဲ့ပါတယ်။
အောင်လံကိုင်သူ အစစ်အမှန်ဟာ ပြည်သူတွေဖြစ်ရမှာ မုချပါ။ ။ တင်မိုး
ပြည်သူ့အောင်လံ ထူပါလိမ့်
အောင်လံကိုင်ဘယ်သူလဲ ....... (တင်မိုး )
ရန်သူရဲ့ သေနတ်ပြောင်းဝက
တစက်စက်ကျတဲ့ သွေး
ငါတို့တတွေရဲ့ သွေး
ဘယ်တော့မှ မတိတ်တဲ့ သွေး
... အရေးတော်ပုံ သွေး။
သွေးနဲ့ရေးတဲ့ သမိုင်းစာမျက်နှာ
အရှည်ကြီး၊ အထူကြီး၊ အများကြီးပါ
မော်ကွန်းထိုးလို့ မဆုံးနိုင်ပါ။
အာဇာနည်များရဲ့ မော်ကွန်းကျောက်စာတိုင်
ရန်သူများ
သစ္စာဖောက်များ
ကိုယ်ကျိုးရှာသမားများ
သတင်းပေးများက
မတရားဖြိုလှဲလို့မပြိုကွဲနိုင်ပါ။
နှလုံးသားထဲက ကျောက်တိုင်
ကမ္ဘာတည်အောင် ခိုင်လိမ့်မယ်
အောင်လံကိုင်သူ အစစ်အမှန်ဟာ
ပြည်သူတွေဖြစ်ရမှာ မုချပါ။ ။
တင်မိုး
Saturday, December 29, 2012
‘ကျန်းမာတော်မူပါစ' - ဂျူး
Health Magazine (ကျန်းမာရေးမဂ္ဂဇင်း)'s photo.
ဒီဇင်ဘာလထုတ် ကျန်းမာရေး မဂ္ဂဇင်းမှ 
‘ကျန်းမာတော်မူပါစ' - ဂျူး
	အခုတလော ကျွန်မ နံနက်တိုင်းလိုလို လမ်းလျှောက်ရင်း သွားနေကျ ဈေးလေးတစ်ခုမှာ ဆည်မြောင်း ၀န်း နှင့်ကပ်လျက် ရပ်ကွက်ဈေးငယ်လေးဖြစ်သည်။ ကျွန်မတို့အနီးက အေ၀မ်းဈေးသည် အိမ်ရှေ့ တံခါးအ ထွက်မှ ဈေးတန်းအစအရောက်ထိ ခြေလှမ်းတစ်ထောင်သာ လှမ်းရ၏၊ အသွားအပြန်ဆိုတော့ ခြေလှမ်း နှစ် ထောင် ပေါ့။ နည်းသေးသည်။ ဆည်မြောင်းဝန်းနားက ဈေးကတော့ ဈေးအစရောက်သည်အထိဆိုလျှင် ခြေ လှမ်း ၂၇၀၀ လှမ်းရသည်။ အသွားအပြန်ဆိုလျှင် ၅၄၀၀ ပေါ့။ ဒါက သိပ်မဆိုးလှဘူးဟု ထင်သည်။ စွယ်တော် ဘုရားဝန်းအပြင်ဘက်ကနေ ကမ္ဘာအေးဘုရားလမ်းအတိုင်း ရှစ်မိုင်မီးပွိုင့်ဘေးကနေ ပြည်လမ်းသို့ ပြန်လာလျှင် အိမ်အရောက် ခြေလှမ်း ၆၅၀၀ ဖြစ်သည်။ ထိုလမ်းကိုတော့ လမ်းလျှောက်တစ်လှည့် ပျက်တစ်လှည့်၊ မိုးတွင်း တွေမှာဆို ချော်လဲမှာစိုးသဖြင့် မသွားဖြစ်တော့ပေ။ အခုအခါ အလေ့အကျင့် ပျက်နေပြီ။ ထို့ကြောင့် ဆည် မြောင်းဈေး သွားလျှင် ခြေလှမ်း ၅၀၀၀ ကျော် ရသဖြင့် ထိုဈေးသို့သွားဖြစ်တာများပါသည်။
	မကြာသေးမီက ထိုရပ်ကွက်ဈေး၊ ၀င်ပေါက်လေးနှင့် မျက်နှာချင်းဆိုင်မှာ ဆေးခန်းလေးတစ်ခု သေသေ သပ်သပ် တည်ဆောက်လိုက်သည်။ ဆည်မြောင်းဦးစီးဌာနသည် မူလငှားထားသည့် ဆေးခန်းနေရာကို ပြန်ယူ ပြီး အစအဆုံး ပြန်ပြင်လိုက်တာဖြစ်သည်။ မူလဆေးခန်းတုန်းကတော့ ဆေးခန်းလည်းဖြစ်၊ ကပ်လျက်မှာ ကုန်စုံ ဆိုင်၊ မုန့်ဆိုင်လေးလည်း ဖွင့်သည်ဟု မှတ်မိသည်။ လက်ဖက်ရည်ဆိုင်လေးလည်း ရှိသည်ထင်ပါရဲ့။အခု အခါ အရာရာသည် ပြောင်းလဲသွားပြီ။ ဆေးခန်းသည် ဆည်မြောင်းဝန်ထမ်းများအတွက် အခမဲ့ကုသပေးသော ဆေး ခန်း ဖြစ်သွားသည်။ ခြံဝန်းလေးနှင့် အဆောက်အဦလေးကလည်း တစ်ထပ်တိုက်လေး။ ဆည်မြောင်း၏ အ ရောင် ရေညှိရောင်နုနု၊ ဒေါနပန်းရောင်။ တည်ဆောက်ထားပုံလေးက သေသပ်လှပသည်မို့ ကျွန်မ ဈေးသွား လျှင် ထိုဆေးခန်း နေရာလေးကို အမြဲပင်ကြည့်မိသည်။ ယခုတော့ ထိုနေရာလေးမှာ အခမဲ့ ဆေးခန်းဖြစ် နေ တော့ ပိုတောင်စိတ်ဝင်စားမိလေသည်။ ဆည်မြောင်းရုံးသည် ကျွန်မ သိသလောက်တော့ နှစ်နေရာရှိသည်။ ရန်ကင်းမှာတစ်နေရာ၊ အခုနေရာ ရှစ်မိုင်ခွဲမှာ တစ်နေရာဖြစ်သည်။ ရန်ကင်းဆည်မြောင်းဝန်းမှာလည်း အခုလို ပင် ဆေးခန်းလေးရှိသည်ဟု ပြောသည်။ ဆရာဝန်သည် ရှစ်မိုင်ဆေးခန်းမှာ နှစ်ရက်၊ ရန်ကင်းဆေးခန်းမှာ နှစ်ရက် ထိုင်သည်ဟု သိရသည်။
	ကျွန်မပြောချင်တာက ကိုယ့်ဝန်ထမ်းကို အခမဲ့ကုပေးသော ဆည်မြောင်းဆေးခန်းလေးကို မြင်ရသဖြင့် ကျွန်မ ကျေနပ်မိသည့်အကြောင်း ဖြစ်ပါသည်။ ၀န်ထမ်းဆိုတာက အနည်းနှင့်အများ ဆိုသလို လစာအကန့်အ သတ်တွေနှင့်မို့ လစာနှင့် လောက်ငအောင် သုံးစွဲရသည်က များမည်။ ဆေးခန်းတစ်ခါပြလျှင် ကုန်ကျမည့်စရိတ် က မနည်းလှပေ။ ဆရာဝန်စမ်းသပ်ခ၊ ဆေးဖိုး၊ အခြားသော ဓာတ်ခွဲခန်းနှင့် ဓာတ်မှန်စသည် စစ်ဆေးမှုတွေနှင့် ဆိုလျှင် တော်ရုံတန်ရုံ အောက် ခြေ၀န်ထမ်းမှာ လခကုန်သွားနိုင်သည်။ အခမဲ့ ဆေးခန်းဆိုတော့ ၀န်ထမ်းတွေ ကုသမှုခံယူဖို့ တော်တော် အဆင်ပြေသည်။ ၀န်ထမ်းကို အခမဲ့ ကုသပေးပြီး ၀န်ထမ်း၏ ဇနီး၊ ခင်ပွန်း၊ သားသမီး တို့ကို တစ်ဝက်ခကျခံရသည်ဟု ပြောသည်။ ဆည်မြောင်းဆေးခန်းလေးသည် အင်္ဂါနှင့် ကြာသပတေးနေ့တွေမှာ ဖွင့်တာမို့ ထိုနှစ်ရက်တွင် နံနက်တွေမှာ စည်ကားသည်ဟု ဆည်မြောင်း ၀န်ထမ်းအိမ်ရာမှာနေသော ကျွန်မ  တို့ အဖွဲ့၏ စေတနာ့ဝန်ထမ်း တူမလေးက ပြောပါသည်။ သိပ်ကောင်းတာပဲ။ ၀န်ကြီးဌာနတိုင်းမှာ အဲဒီလို အခမဲ့ ဆေး ခန်းတွေရှိလား ကျွန်မတွေးမိသည်။ ကျွန်မက ၀န်ကြီးဌာနတွေ ၀န်ထမ်းတွေနှင့် အလှမ်းဝေးသဖြင့် ကိုယ့် အနီးအနား ကိုယ့်မျက်စိ ရှေ့မှာ ရှိနေသောအရာကိုပဲ မြင်မိတာဖြစ်မှာပါ။ ကျန်သည့် ၀န်ကြီးဌာနတွေလည်း အ ခုလိုပဲ ကိုယ့် ၀န်ကြီးဌာန၏၀န်ထမ်းတွေအတွက် အခမဲ့ ဆေးခန်း လုပ်ပေးမှာပါ။
	မကြာခင်ကပဲ ကုန်းဇောင်းမှ ကျွန်မ ပြန်ခဲ့သည်။ ကုန်းဇောင်း အထက်တန်းကျောင်းက ဆရာကန် တော့ပွဲသို့ သွားခဲ့ခြင်းဖြစ်ပါသည်။ ကုန်းဇောင်းမှာ သည်တစ်ခေါက် အခမဲ့ ဇီဝိတဒါန ဆေးပေးခန်းနှစ်ခုကို တွေ့မြင်ခဲ့ရသည်။ တစ်ခုက မြစေတီဘုရားအထွက် သံကိုင်းလမ်းမှာ တွေ့ခဲ့ရသည့် စေတနာဆေးခန်း၊ နောက်တစ်ခုက မနီးမဝေးမှာရှိသည့် ရွှေပါရမီဆေးခန်း။ ရွှေပါရမီဆေးခန်း တိုက်အဆောက်အဦမှာ အပြီး သတ်နေပြီကို မြင်ရသည်။ ဆေးခန်းဖွင့်ပွဲ မကြာခင် ပြုလုပ်တော့မည်တဲ့။ စေတနာကတော့ အခုကိုပဲ ဆေး ကုသမှု စတင်နေပြီဖြစ်သည်။ နှစ်ခုလုံးမှာ သံဃာတော်များ၏ ဦးဆောင်မှုဖြင့် ရပ်မိရပ်ဖများနှင့် စေတနာ့ ၀န်ထမ်းလူငယ်များက ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ မြ၀တီမြို့တွင် လည်း ဆရာတော် ရှင်ဆန္ဒာဓိက၏ ဦးဆောင်မှု ဖြင့် ရွှေပါရမီ အခမဲ့ဆေးကုခန်းကို ဖွင့်လှစ်ခဲ့ပြီး ပြီဟု သိရပါသည်။
	ကုန်းဇောင်းမြို့လေးတွင် တိုက်နယ် ဆေးရုံရှိသည်။ ကျန်းမာရေးဆေးပေးခန်း ရှိသည်။ ပစ်္ဆိမပရဟိတ လူမှုကူညီအသင်းရှိသည်။ သို့သော် တကယ်တန်း အရေးပေါ်ဖြစ်လာလျှင် အနီးဆုံး ဖြစ်သည့် ပွင့်ဖြူဆေးရုံက ရှစ်မိုင်ဝေးသေးသည်။ လမ်းပမ်းဆက်သွယ်ရေး အရင်ကထက် ကောင်း မွန်လာပြီဖြစ်သော်လည်း လူနာတင်ဖို့ ယာဉ်က လိုသေးသည်။ ငွေကျပ်ငါးသောင်းမှ တစ်သိန်း ထိပေးပြီး ငှားရသော်လည်း ယာဉ်က ရှာဖွေဖို့ အခက် အခဲ ရှိသည်။ ဆိုင်ကယ်တွေတော့ များတာ ပေါ့။ ကားကတော့ အလိုရှိတိုင်း ငှားလို့မရနိုင်။ ထို့ကြောင့် လူနာ တင်ယာဉ် လိုအပ်နေသည်။ အောက်ဆီဂျင်ဘူးတွေတော့ အလှူဒါနကြောင့် ရှိနေပါပြီ။ သို့သော် လူနာတင် ယာဉ်အတွက် စုဆောင်းနေသော ရန်ပုံငွေက မပြည့်သေးဘူးတဲ့။ ညံကန်ကျောင်းတိုက်က ဆရာတော် ဦးတေဇ ဦးဆောင်သည့် ပစ်္ဆိမပရဟိတအဖွဲ့၏ အခက်အခဲကို ကြားသိရသည်။
	မြန်မာနိုင်ငံမှာ လိုအပ်ချက်အရ (အစိုးရ မဟုတ်သည့်၊ နိုင်ငံခြား အန်ဂျီအိုအဖွဲ့အစည်းကြီး တွေလည်း မဟုတ်သည့်) ဒေသခံ အခမဲ့ ဆေးကု ခန်းလေးများ ဟိုနေရာ ဒီနေရာမှာ အသီးသီး ပေါ်ပေါက်လာခဲ့သည်မှာ လေးငါးဆယ်နှစ်ရှိပြီဟု သတိထားမိသည်။ မန္တလေး ဖောင်တော်ဦး ဘုန်းတော်ကြီးကျောင်းမှာ အခမဲ့ဆေးခန်း လေး ရှိသည်။ အမရပူရက ဆေးခန်းလေး ဖွင့်လှစ်သည့် နေ့မှာလည်း တိုက်တိုက်ဆိုင်ဆိုင်ကျွန်မက မန္တလေး ရောက်နေခိုက်နှင့် ကြုံကြိုက်သဖြင့် သွားရောက်အားပေးနိုင်ခဲ့ပါသည်။ ကန်တက်ကုန်း ဘုန်းတော်ကြီးကျောင်း သို့ သွားစဉ်ကလည်း ကျွန်မ ဇီဝိတ ကုသိုလ်ဖြစ်ဆေးခန်းလေး အကြောင်း သိခဲ့ရသည်။ ဇီးကုန်းမြို့နယ် အင်း လယ်ကြီးရွာရှိ အင်းလယ်ကြီး ဘုန်းကြီး ကျောင်းမှာ ဖွင့်လှစ်ထားသော မေတ္တာလွင်ပြင် ဆိုသည့် ဇီဝိတအခမဲ့ ဆေးကုခန်းလေးကိုလည်း ဟောပြောပွဲသွားရင်း ရောက်ဖြစ်ခဲ့သည်။
	ဆေးခန်းတွေကိုရောက်တိုင်း ကျွန်မ ဆေးခန်းထဲသို့ ၀င်ကြည့်ဖြစ်တာ များသည်။ စာရေးဆရာအဖြစ် သွားတာဖြစ်ပေမယ့် ဆရာဝန်စိတ်က ဘယ်လိုပေါ်လာမှန်းမသိ။ စူးစမ်းကြည့်ချင်လာမိသည်။ တချို့ဆေးခန်း တွေမှာ ဆရာဝန်ကို တွေ့ရသည်။ အများအားဖြင့်တော့ ဆရာဝန်မတွေ့ရသေးဘဲ ဆေးခန်းအကူ ၀န်ထမ်း များ ကိုသာ တွေ့ရသည်။ ဆရာမလေးတွေ မတွေ့ရ။ သူနာပြုဆရာမလေးတွေက ပိုတောင် ရှားပါးနေလေသလား။ ဆေးခန်းအကူ ၀န်ထမ်း လေးများကို တစ်ခါ တစ်ခါ ကျွန်မ မေးမိသည်။ ဘယ်နှတန်းအောင်ပြီးပြီလဲ။ ဘွဲ့ရပြီး သားလား။ ဆေးပညာနှင့်ပတ်သက်သည့် အခြား သင်တန်း တွေဘာတွေ တက်ထားသလား။ ကျွန်မတို့ဆီမှာ ပုဂ္ဂလိကသူနာပြုအကူသင်တန်းတို့၊ ဆေးဝါး ကျွမ်းကျင်သင်တန်းတို့ တလောဆီက တော်တော် ခေတ်စား လိုက်သည်။ ရွာက ကလေးတွေဆိုတော့ ဘာသင်တန်းမှ တက်ခွင့်မရသူလေးတွေလည်း ပါမည်။ ကိုယ့်ဆေး ခန်းအတွက် ကိုယ့်ဆရာဝန်က သင်တန်းဖွင့်ပေး၊ သင်ပေးတာကိုပဲ လေ့လာ၊ မှတ်သားရသူတွေ ဖြစ်ဖို့များတာပေါ့။
	အများအားဖြင့်တော့ ထိုးဆေးထက် သောက်ဆေး၊ စားဆေးတွေကို ပိုပြီးအသုံးများတာ တွေ့ရသည်။ ထိုးဆေး၊ စားဆေး ဘယ်ဆေးတွေ ရှိသလဲ။ ဘယ်နိုင်ငံကလာတဲ့ ဆေးကို အသုံးပြု နေသလဲ။ အများစုက တ ရုတ်နိုင်ငံဖြစ်ဆေးတွေပဲ ဖြစ်မလား တွေးမိသည်။ ကျွန်မတို့ငယ်ငယ် ဆရာဝန်ဘ၀တုန်းကတော့ ဘီပီအိုင် ဆေး က သိပ်အစွမ်းထက်ပြီး ယိုးဒယားဆေးက အလယ် အလတ်ဖြစ်ကာ တရုတ်ဆေးက ဈေးချိုသည်။ ပင်နယ်ဆ လင်နှင့် စထရက်ပ်တိုမိုင်ဆင် ထိုးဆေး များကို ဘီပီအိုင်ကိုမှ သုံးကြသည်။ ဂျင်တာမိုင်စင် ဆေးကိုတော့ တ ရုတ် ဆေးကို သုံးကြသည်။ ဆေးပြား၊ ဆေးလုံးတွေကို ဘယ်လို ထည့်ပေး သလဲ။ ဆေးတွေကို လက်ဖြင့် ဒီအ တိုင်း ကိုင် ပေးသလား။ လက်ဖြင့် မထိအောင်၊ စားပွဲ ကြမ်းခင်းနှင့်လည်း မထိအောင် ဘူးခွက်လေးထဲ ပလတ် စတစ်ချောင်းလေးနှင့် (သို့မဟုတ်) ဇွန်းငယ်လေးဖြင့် အသာဆွဲယူပြီး ပလတ်စတစ် အိတ်ထဲ ထည့်ပေးလား။ ကျွန်မတို့၏လက်တွေက သိပ်မသန့်တတ်ဘူးလေ။ ဖုံတွေ ပေချင်ပေနေ မည်။ ချေးအထပ်ထပ် ဖြစ်ချင်ဖြစ် နေ မည်။ ထိုလက်ဖျားတို့ဖြင့် ဆေးပြား၊ ဆေးလုံးကို ထိသည့်အခါ ရွံစရာဖြစ်ချင်ဖြစ်မည်။
	ဆရာကိုတာကတော့ ခဏခဏ ပြောဖူးသည်။ I trust my hands တဲ့။ သူက လက်မဆေးရသေးဘဲ လက်ဖြင့် ကိုင်တွယ် စားသောက်တာကို မရွံရှာဘူးတဲ့။ သူ့လက်ကို သူ ယုံကြည်သည်ဟု ဟာသပြောလေ့ ရှိ သည်။ ကျွန်မကတော့ နေရာတကာမှာ လက်ကို ဆပ်ပြာ ဖြင့် ဆေးချင်သူမို့ ရောဂါပိုးနှင့် ပတ်သက်လျှင် နည်း နည်းပိုသည်ဟု သိသူတွေက စွပ်စွဲလေ့ရှိ သည်။ ကိုတာ့စကားနှင့် ပြောရလျှင် ကျွန်မသည် ကျွန်မလက်ကို မယုံ သူပေါ့။  ဖေဖေ့သမီးမို့လား မသိ ကျွန်မ သူများလက်ကို ပို၍ပင် မယုံပါ။ ဖေဖေက တစ်ယောက်နှင့် တစ် ယောက်  လက်ဆွဲ နှုတ်ဆက်သည့်အလေ့ကို မနှစ်သက်ကြောင်း ကျွန်မကို ဖွင့်ပြောဖူးသည်။ ကိုယ့်လက်ကို သူများ လက်နှင့် ထိကိုင်ခံရမှာ မသဒီသည့်သဘော ပါသည်။ မရွံကြဘူးလား မသိဘူး။ သူများလက်က ဘာ တွေကိုင်ထားမှန်း ဘယ်သိနိုင်မလဲ။ အိမ်သာ က ထွက်လာပြီး လက်ဆေးမထားရင်လည်း မသိနိုင်ဘူးဟု အ တည်ပြောဖူး၏။
	ကျွန်မကလည်း အဲဒီအတိုင်းပဲပေါ့။ အံမယ် ... လက်ကိုသာ ရေနှင့် ဆပ်ပြာနှင့် ဆေးပြီးမှ အစား အ သောက် စားချင်တာ ဖြစ်သော် လည်း တစ်ခါတစ်ခါ လမ်းဘေးမှာ အကြော် အလှော်လေးတွေကို ၀ယ်စား ဖြစ် တာ ပြန်စဉ်းစား မိတော့ ရယ်ချင်စရာ။ သူတို့ကြော်လှော်သူတွေ လက်ကို လက်အိတ်စွပ်တာ ဘယ်နှခါ တွေ့ဖူး လို့ လဲ။ အကြော်ကြော်ဖို့ မုန့်နှစ်ကိုများ လက်ဖြင့် ပယ်ပယ်နယ်နယ် အားရပါးရ နယ်နေလိုက်တာ။ မြင်ဖူးပါ လျက်နှင့် စားမိသွားသည့်အခါတွေ ရှိဖူးသည်။ ဆိုင်တွေမှာ အစားအသောက်စားလျှင် သူတို့ ချက်ပြုတ်ပြင်ဆင် တာ မြင်မှ မမြင်နိုင်ဘဲ။ ကိုတာပြောတာ အမှန်ပါပဲ။ ကျွန်မတို့ အခုလို ချေးများနေလို့ရော ဘာထူးမှာတုန်း။ သို့ သော် စိတ်ဆိုတာက အသိရခက်လေသည်။ ကျွန်မတို့က သန့်စင်သော သောက်ရေသုံးရေကို အလွယ်တကူ ရ နိုင်သည့်ဘ၀မှာ ကြီးပြင်းခဲ့သည့် ကံကောင်းသူ တွေမို့ကိုး။ တချို့ရွာတွေမှာ လက်ဆေးဖို့ နေနေသာသာ သောက် ရေတောင် တော်တော် ရှားပါးစွာ ခရီးဝေးသို့သွားခပ်မှ ရတာမျိုးတွေ ရှိသည်။ တချို့ရွာက မိုးရေ စု သော ကန်ကြီးများမှ ရေကို သောက်ကြသုံးကြရသည်။ တချို့ရွာတွေမှာ ရေသည် အနယ်များဖြင့် နောက်ကျိ လျက် ရှိသည်။ ရေကို အနယ်ထိုင်အောင် အချိန် ကြာကြာထားပြီး ထိုအပေါ်ရေကို သောက်ကြ၊ ချက်ပြုတ် ကြ ရသည်။ အော် ... တကယ်တော့ ကျွန်မတို့နိုင်ငံသည် စာရင်းဇယားအရလည်း (၇၀) ရာခိုင်နှုန်းသော ပြည်သူလူ ထုသည်သာ သောက် သုံးရေကို ရရှိသည်ဆိုတာကိုး။ ကျန်သည့် သုံးဆယ်ရာခိုင်နှုန်းမှာ သန့်စင်သည့် သောက် ရေ သုံးရေကိုမရ။ ရွာလယ်ကန်ကြီးမှာ ကံကောင်း ထောက်မစွာ မိုးအကုန် ဆောင်းအကူး နွေအစ ကျန်ရစ် သည့် မစို့မပို့ရေကို ကျွဲတွေ၊ နွားတွေ နှင့်အတူ လူတွေပါ ရောပြီး သုံးနေကြရသည့် ဘ၀တွေ။ နွေရာသီမှာ ထို ကန်တွေက ရေခန်း တတ်သေး၏။ အဲဒီလို ရွာကလူတွေကို လက်ကို ဆပ်ပြာဖြင့် ရေစင်စင်ဆေးပြီးမှ အစား အ စာတို့၊ ဆေးလုံး၊ ဆေးပြားတို့ကို ကိုင်ပါဟု သွားပြောမိ လျှင် ဟားတိုက်ရယ်ကြမည်လားမသိ။			သွေးဖိအားတိုင်းသည့် ကိရိယာနှင့် နားကျပ်ကို သုံးတတ်ပြီး သွေးဖိအားတိုင်းပေးနိုင် လျှင်ကိုပဲ သွေး တိုးရောဂါကို စောစောစီးစီး ခြေရာ ကောက်မိမှာမို့ အနိမ့်ဆုံးအဆင့် ဇီဝိတအခမဲ့ ဆေးခန်းလေးတွေကတောင် ရပ်ရွာက ပြည်သူ လူထုအတွက် အားကိုးစရာကောင်းလှသည်။ ငှက်ဖျားဆေးရှိသည်။ ၀မ်းလျှောဝမ်းပျက်၊ အ ဆုတ်အအေးမိရောဂါများအတွက် ဆေးဝါးတွေ ရှိသည်။ ကျွန်မတို့နိုင်ငံက ကလေးငယ်လေးတွေ အသေအ ပျောက် အများဆုံးရောဂါတွေက ၀မ်းလျှောဝမ်းပျက်နှင့် အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်သည့် အဆုတ် ရော ဂါအဖျားတွေဖြစ်တာကိုး။
	ကျွန်မ စာပေဟောပြောပွဲသွားရင်း၊ သာမန်ခရီးတွေသွားရင်း ကြုံရလေ့ရှိသော ဇီဝိတ အခမဲ့ ဆေးကုခန်းတို့ကို ပြန်စဉ်းစားကြည့်တော့ မနည်းလှပါ။ ထိုဆေးခန်းလေးတွေကြောင့် ရွာသူရွာသားတွေ သာမန် အာဂန္တု အ ဖျား အနာနှင့် လေထိုးလေအောင့် သွေးတိုး ဆီးချိုလောက်တော့ မြို့သို့ တက်စရာမလိုတော့ပေ။ တကယ်တန်း ကြီး ကြီးမားမားဆိုလျှင်တော့ မြို့ဆေးခန်း ဆေးရုံသို့ သွားရမှာပဲ။ ထိုအခါ သွားရေးလာရေး က အရေးပါသော အ ခက်အခဲတစ်ခု ဖြစ်လာ ပြန်တာပေါ့။ မြန်မာနိုင်ငံသည် ပြည်မ ကွက်ကွက် လေးသာ လမ်းပန်းဆက်သွယ်ရေး ကောင်းသည် ဟု ဆိုရမည်။ ကျန်တိုင်းနှင့် ပြည်နယ်တွေမှာ လမ်းပန်းဆက်သွယ်ရေးက တော်တော်ခက်ခဲ သည်။ ဒါတောင် ပြည်မဖြစ်ပါလျက်နှင့် တချို့နယ် တွေမှာ လမ်းပန်းဆက်သွယ်ရေး တော်တော် ခက်ခဲသည်။ ရွာတွေဆီ သွားရသည့် တချို့လမ်း တွေသည် တော်တော်ဆိုး၏။ ဖုံတထောင်းထောင်း သဲတွေပို့နေသည့် လမ်း သည် လမ်းဖြစ်ရုံ မည်ကာမတ္တာပါပဲ။ အခုအခါ အရင်ကလို လှည်းတွေနွား တွေဖြင့် သွားစရာမလိုတော့တာက ပေါ များ လာသည့် တရုတ်ဆိုင်ကယ်တွေကြောင့်ပါ။ ဆိုင်ကယ်တွေ ပေါလာတော့လည်း လမ်းဆိုး သည့် နေရာ မှာ ဆိုင်ကယ်စီးသူတွေအတွက်  အန္တရယ်ဖြစ်လာသည်။ တိုက်မိ၊ ခိုက်မိတာမျိုး မှောက်တာမျိုး ခဏခဏ ကြား ရ တွေ့ရသည်။ အရင်ကလို ရွာတွေဆီ ရောက်အောင် ထွန်စက် ဖြင့် သွားရတာမျိုးတွေ၊ ထော်လာဂျီဖြင့် သွားရ တာမျိုးတွေတော့ ဒီနှစ်ပိုင်းတွေမှာ ကျွန်မ မကြုံရ တော့ပေ။
	ဆေးခန်းလေးမှာ ဆေးဝါးနှင့် ကျွမ်းကျင်သူမပြည့်စုံလို့ အနီးဆုံးဆေးရုံသို့ လူနာကို ပို့ရတော့မည်ဆိုလျှင် လူနာ တင်ဖို့ ယာဉ် အဆင်သင့် ရှိဖို့လိုသည်။ ထိုယာဉ်အတွက် ဆီဖြည့်စရာ စက်သုံးဆီအဆင်သင့်ရှိဖို့ လိုသည်။ တ ချို့ရွာတွေက မြို့နှင့် ဆယ်မိုင် ဆယ့်ငါးမိုင် ဝေးသည်။ ဆေးရုံသို့ အချိန်မီမရောက်နိုင်သဖြင့် လမ်းမှာတင် အသက်ဆုံးရှုံးသွားသည့် လူနာတွေ အကြောင်း အခုချိန်ထိ မကြာခဏ ကြားနေရဆဲ ဖြစ်သည်။ “ကျွန်မအမေက ဟောဒီလမ်းမှာ၊ ဟောဒီနေရာ နားမှာပဲ အသက်ဆုံးသွားတာ။ ညီမလေးကို မွေးဖို့ရာ ဒီမှာမမွေးနိုင်လို့ ထားဝယ် ဆေးရုံကို အသွားပေါ့” မနှစ်က ကျွန်မကို ပြောပြခဲ့သည့် ဒေသခံတူမလေးတစ်ယောက်၏ စကားမှာ နာကျင်ဖွယ်ရာဖြစ်သည်။ မြန်မာနိုင်ငံသည် တောကြီး မျက်မည်းထဲမှာ ကျန်ရစ်နေသေးသည်ဟု ခံစားရသည့် အဖြစ်အပျက်တွေ၊ အချိန်ကာလတွေ တော်တော်များတာပဲ။ ဇီဝိတ ဒါန အခမဲ့ဆေးခန်းလေးတွေမှာ သားဖွား ဆရာမလေးတွေလည်း ရှိနေလျှင် ဘယ်လောက် ကောင်းမလဲ။ သားဖွားဆေးခန်းလေးတွေလည်း များစွာ လိုအပ်နေတာပဲ။ ကျွန်မ ခဏခဏ စဉ်းစားမိသည်။ “ယောက်ျားဖောင်စီး၊ မိန်းမမီးနေ” ဆို သည့် ဟိုးရှေးရှေးက စကားပုံ အခုထိ သက်ဝင်နေဆဲ၊ မှန်ကန်နေဆဲပါလား။ မိခင် သေဆုံးနှုန်း သည် ၂၀၁၀ မှာ ၂၀၀ ဟူ၏။ အဓိပ္ပာယ်က ၂၀၁၀ ခုနှစ်အတွင်း မီးဖွားသည့်မိခင် တစ်သိန်းမှာ မိခင် ၂၀၀ သေဆုံးရသည်။ တချို့ စာရင်း တွေ မှာ တော့ ၂၂၅ ယောက်နှုန်းဟု ဆိုပါသည်။
	ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့-ယူနီဆက်ဖ်၏ စာရင်းဇယားတွေမှာ မြန်မာနိုင်ငံသည် အောက်ဆုံးနားမှာ ရှိနေဆဲ။ ငါးနှစ်အောက် ကလေးများ အာဟာရချို့တဲ့မှု ၂၃ ရာခိုင်နှုန်း။ ငါးနှစ်အောက် က လေး သေဆုံးနှုန်း ၁၉၇၀ တုန်းက ၁၇၁ တဲ့။ ၁၉၉၀ မှာ တော့ ၁၁၂ တဲ့။ ၂၀၀၀ ခုနှစ်မှာတော့ ၈၇ တဲ့။ ၂၀၁၀ ခုနှစ်မှာတော့ ၆၆ တဲ့။
	ကလေးမီးဖွားစဉ် ကျွမ်းကျင်သည့် လက်သည် သို့မဟုတ် သူနာပြု တစ်ဦးဦးဖြင့် မီးဖွားနိုင်သူ ကိုယ်ဝန် ဆောင် မိခင်က အခုအခါ ၇၇ .၅ ရာခိုင်နှုန်းတဲ့။ ကျန်သည့် ၂၂ယောက်၊ ၂၃ ယောက်က ကျွမ်းကျင်သည့် လက်သည် ပင် မရှိဘဲ အိမ်မှာ ဖြစ်သလိုမွေးဖွားရသည်ဟု အဓိပ္ပာယ်ဖော်ကြည့်မိသည်။ အေးလေ။ တလော ဆီက ကျွန်မ ကြားလိုက်ရသည့် သာကေတက သားအိမ်ကွဲသွားသည်ဆိုသော ကိုယ်ဝန်ဆောင် မိခင်၏အဖြစ်ကိုပဲ စဉ်းစားကြည့်မိသည်။ သာကေတဆိုတာ ရန်ကုန်မြို့ပဲ။ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော်ပဲ။ ပြည်သူ့ဆေးရုံကြီး တွေသာမက ပုဂ္ဂလိကဆေးခန်းတွေ များစွာရှိနေသည့် မြို့ကြီးပါ။ လမ်းပန်း ဆက်သွယ်ရေး ကလည်း နိုင်ငံမှာ တော့ အကောင်းဆုံးနေရာပေါ့။ ဒီကြားထဲက ဘာမှ မဝေးလှသည့် နေရာသို့ သွားဖို့ မဖြစ်နိုင်လို့ အိမ်မှာပင် မကျွမ်းကျင်သည့်လက်သည်ဖြင့် မွေးဖွားရအောင် သူ့ကို ဘယ်အချက် တွေက တားဆီး ပိတ်ပင် ထားလို့လဲ။ ငွေက အဓိကဖြစ်မလား။ မသိနားမလည်မှုက ဒုတိယ ဖြစ်မလား။ ဘယ်မိခင်လောင်းက ဒီလို ဖြစ်ချင် မှာ လဲ။ ကျွမ်းကျင်သည့် သူနာပြုတွေ ဆရာဝန် တွေ၏ လက်ထဲသို့သာ မိမိနှင့်မိမိကလေး အသက်ကို ထည့်ချင်မှာပေါ့။ သို့သော် ဘာဖြစ်လို့ အဲဒီအဖြစ်တွေ ရှိရသလဲ။ မိခင်တစ်ယောက် ကျွမ်းကျင်သည့် သူနာပြုနှင့် မွေးဖွားခွင့်ရဖို့ ဖြစ်နိုင်ချေက ဒီလောက်တောင် နည်းပါးနေသလား။ ၂၂ ရာခိုင်နှုန်းကို နည်းပါသည်ဟု စောဒက တက် လျှင်တောင် အဲဒီ ၂၂ ရာခိုင်နှုန်း ထဲမှာ ရန်ကုန်မြို့တော်က မိခင်လောင်းတစ် ယောက် ပါဝင်သွားခဲ့ရသည့် အဖြစ်သည် မယုံနိုင်စရာပါ။
	ဆေးပညာဗဟုသုတကို ပြည်သူတွေ သိအောင် ဖြန့်ဝေဖို့ လိုအပ်တာလည်း အံ့သြစရာ မဟုတ်။ ဆေး ပညာကျွမ်းကျင်သူတွေဟု ယူဆရသည့် လူမျိုးတွေမှာတောင် နက်နဲသော အသိပညာ လိုအပ်နေတာ တွေ လည်း ကြားဖူး မြင်ဖူးသည်။ နေ့တိုင်းတွေ့ကြုံနေရသော ပြင်ပလူနာဆေးခန်းတို့တွင် ဆရာဝန်သည် လူနာကို ဆေးပတ်လည်အောင် အချိန်မှန်မှန် စားဖို့ သေသေချာချာ ဂရုစိုက်မမှာနိုင်သူတွေကို တွေ့ရ၊ ကြားရဖူးသည်။ ပဋိဇီဝဆေးတို့သည် တချို့က အချိန်ကြာကြာ အာနိသင်ရှိပြီး တချို့က အချိန်အနည်းငယ်သာ အာနိသင် ရှိ သည်။ ဆေးအမျိုးအစားကိုလိုက်ပြီး တစ်နေ့လျှင် လေးကြိမ်စားမှ အာနိသင်ကောင်းတာတွေ ရှိသည်။ သုံး ကြိမ် လောက်ဆိုလျှင် အဆင်ပြေတာ မျိုး ရှိသည်။ တချို့ကတော့ တစ်နေ့နှစ်ကြိမ်မျှနှင့် လုံလောက်သည့် ဆေး တွေရှိသည်။ ဒီလို ဆေးမျိုးဆိုလျှင် ဆယ့်နှစ်နာရီကြာ အာနိသင် ရှိနေသည်မို့ ဆယ့်နှစ်နာရီကြာလျှင် နောက် တစ်လုံးသောက်ရမည်။ ထိုကဲ့သို့ စနစ်တကျ ဆေးသောက်တတ်အောင် ဆေးကို သုံးရက် သို့မဟုတ် လေးရက် သို့မဟုတ် ငါးရက် သောက် ဖြစ်အောင် စနစ်တကျ လေ့ကျင့်ညွှန်ကြား သည့်ဆရာဝန်တွေ ရှိသလို လူနာ နား လည် ပြီးသားပုံစံဖြင့် ခပ်ပေါ့ပေါ့ ဆေးညွှန်လိုက်သည့် ဆရာဝန်တွေလည်း ရှိသည်။ ဆေးကို စားလိုက် မစား လိုက်၊ ဖြတ်ချင်သည့်အချိန် ဖြတ်ချလိုက် ထပ်ခါထပ်ခါ ဖြစ်လာခဲ့လျှင် ထိုဆေးကို ထိုခန္ဓာကိုယ်က မတိုးတော့ သည့်အတွက် ဆေးပြီးသွား သည်ဟုခေါ်သော အဖြစ်မျိုးဖြစ်တတ်သည်။ ဒါကြောင့်လည်း ဒုတိယ မျိုးဆက် ဆေး ( Second generation drug) ၊ တတိယမျိုးဆက်ဆေး(Third generation drug) ဟု တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲ အသုံးပြုရတာပဲ မဟုတ်လား။
	အဆိုးဆုံးကတော့ တီဘီဆေး ယဉ်ပါးသွားသည့်အဖြစ်မျိုးပေါ့။ မြန်မာနိုင်ငံမှာ Multidrug Resistant TB (MDR TB)ခေါ်သော ဆေးမျိုးစုံကို ယဉ်ပါးသွားပြီးသည့် ကူကယ်ရာမဲ့ တီဘီရောဂါတွေ ပြန့်ပွားနေတာလည်း ကျွန်မတို့ အားလုံး အသိပါပဲ။ ကျွန်မတို့မြန်မာနိုင်ငံကို လာလည်လိုသည့် နိုင်ငံခြားသားတွေသည် အကြိုအဖြစ် အင်တာနက်မှ သတင်းတွေ၊ စာတွေ ရှာဖတ်ကြည့်လျှင် သူတို့ကို အားပေးတိုက်တွန်း သည့်စာတွေထက် သတိ ထားဖို့စာတွေကိုသာ ပိုအတွေ့ရများလိမ့်မည်။
	မြန်မာနိုင်ငံမှာရှိသည့် လူဦးရေ သန်း ငါးဆယ်ကျော်သည် မြွေ၊ ခွေးရူးနှင့် အခြား အဆိပ်ရှိ တိရစ္ဆာန် များ၏ အကိုက်ကို ခံရဖို့ ရာနှုန်းများသည်ဟု ရေးထားသည်ကို ကျွန်မ ဖတ်လိုက်ရဖူးသည်။ ပုပ္ပါးက မျောက်လေး တွေကိုလည်း နိုင်ငံခြားသားတွေ ကြောက်ကြသည်။ မျောက်က ကုတ်လျှင်၊ ကိုက်လျှင် မျောက်မှ တစ်ဆင့် ခွေး ရူးရောဂါ၊ အိပ်ခ်ျအိုင်ဗွီရောဂါ ကအစ ဘာရောဂါတွေ ရနိုင်မှာလဲဟု စိုးရိမ်ပူပန် ကြသူတွေ ရှိသည်။ မြန်မာနိုင်ငံမှာ ခွေးပေါင်း သန်းနှင့်ချီပြီး ရှိသည့်အနက် ခွေးရူးကာကွယ်ဆေး ထိုးထားသည့်ခွေးမှာ ၁ ရာခိုင်နှုန်းသာ ရှိသည် ဟုဆိုသည်။ ခွေးရူးဆေး ၀ယ်လို့ရလျှင်လည်း ထိုဆေးသည် မီးမမှန်သည့်တိုင်းပြည်မှာ အအေးခန်းထဲ သိမ်းဆည်းထားဖို့ အခွင့်မရှိတာမို့ အာနိသင်ရှိမှ ရှိပါဦးမလား။ မြွေဆိပ်ဖြေဆေး ကလည်း မလုံလောက်။
	“သက္ကရာဇ် ၂၀၀၀ မှာ ကမ္ဘာသူ ကမ္ဘာသား အားလုံးအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှု ရစေ ရမည်” ဟူသည့် ကမ္ဘာ့ ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ WHO ၏ ဆောင်ပုဒ် သည် မြန်မာနိုင်ငံအတွက်တော့ နောက်ထပ် ဘယ်နှနှစ်လောက် စောင့်ရဦးမည်လဲမသိ။
	ချိုပြုံး၏ သီချင်းတစ်ပုဒ်ထဲက “ကျန်းမာ တော်မူပါစ လေလှိုင်းကြားက ခွန်းဆက်ပါရဲ့ အဆွေ” ဟူသည့် အစပိုဒ်ကို ကြားတိုင်း ကျွန်မ ပြေးမြင်ယောင်မိသည့် မျက်နှာတွေ များစွာရှိ သည်။ အဲဒီမျက်နှာတွေထဲမှာ ကျွန်မ ကိုယ်တိုင် လည်း ပါဝင်လေသည်။
ဂျူး
ဒီဇင်ဘာလထုတ် ကျန်းမာရေး မဂ္ဂဇင်းမှ
‘ကျန်းမာတော်မူပါစ' - ဂျူး
အခုတလော ကျွန်မ နံနက်တိုင်းလိုလို လမ်းလျှောက်ရင်း သွားနေကျ ဈေးလေးတစ်ခုမှာ ဆည်မြောင်း ၀န်း နှင့်ကပ်လျက် ရပ်ကွက်ဈေးငယ်လေးဖြစ်သည်။ ကျွန်မတို့အနီးက အေ၀မ်းဈေးသည် အိမ်ရှေ့ တံခါးအ ထွက်မှ ဈေးတန်းအစအရောက်ထိ ခြေလှမ်းတစ်ထောင်သာ လှမ်းရ၏၊ အသွားအပြန်ဆိုတော့ ခြေလှမ်း နှစ် ထောင် ပေါ့။ နည်းသေးသည်။ ဆည်မြောင်းဝန်းနားက ဈေးကတော့ ဈေးအစရောက်သည်အထိဆိုလျှင် ခြေ လှမ်း ၂၇၀၀ လှမ်းရသည်။ အသွားအပြန်ဆိုလျှင် ၅၄၀၀ ပေါ့။ ဒါက သိပ်မဆိုးလှဘူးဟု ထင်သည်။ စွယ်တော် ဘုရားဝန်းအပြင်ဘက်ကနေ ကမ္ဘာအေးဘုရားလမ်းအတိုင်း ရှစ်မိုင်မီးပွိုင့်ဘေးကနေ ပြည်လမ်းသို့ ပြန်လာလျှင် အိမ်အရောက် ခြေလှမ်း ၆၅၀၀ ဖြစ်သည်။ ထိုလမ်းကိုတော့ လမ်းလျှောက်တစ်လှည့် ပျက်တစ်လှည့်၊ မိုးတွင်း တွေမှာဆို ချော်လဲမှာစိုးသဖြင့် မသွားဖြစ်တော့ပေ။ အခုအခါ အလေ့အကျင့် ပျက်နေပြီ။ ထို့ကြောင့် ဆည် မြောင်းဈေး သွားလျှင် ခြေလှမ်း ၅၀၀၀ ကျော် ရသဖြင့် ထိုဈေးသို့သွားဖြစ်တာများပါသည်
မကြာသေးမီက ထိုရပ်ကွက်ဈေး၊ ၀င်ပေါက်လေးနှင့် မျက်နှာချင်းဆိုင်မှာ ဆေးခန်းလေးတစ်ခု သေသေ သပ်သပ် တည်ဆောက်လိုက်သည်။ ဆည်မြောင်းဦးစီးဌာနသည် မူလငှားထားသည့် ဆေးခန်းနေရာကို ပြန်ယူ ပြီး အစအဆုံး ပြန်ပြင်လိုက်တာဖြစ်သည်။ မူလဆေးခန်းတုန်းကတော့ ဆေးခန်းလည်းဖြစ်၊ ကပ်လျက်မှာ ကုန်စုံ ဆိုင်၊ မုန့်ဆိုင်လေးလည်း ဖွင့်သည်ဟု မှတ်မိသည်။ လက်ဖက်ရည်ဆိုင်လေးလည်း ရှိသည်ထင်ပါရဲ့။အခု အခါ အရာရာသည် ပြောင်းလဲသွားပြီ။ ဆေးခန်းသည် ဆည်မြောင်းဝန်ထမ်းများအတွက် အခမဲ့ကုသပေးသော ဆေး ခန်း ဖြစ်သွားသည်။ ခြံဝန်းလေးနှင့် အဆောက်အဦလေးကလည်း တစ်ထပ်တိုက်လေး။ ဆည်မြောင်း၏ အ ရောင် ရေညှိရောင်နုနု၊ ဒေါနပန်းရောင်။ တည်ဆောက်ထားပုံလေးက သေသပ်လှပသည်မို့ ကျွန်မ ဈေးသွား လျှင် ထိုဆေးခန်း နေရာလေးကို အမြဲပင်ကြည့်မိသည်။ ယခုတော့ ထိုနေရာလေးမှာ အခမဲ့ ဆေးခန်းဖြစ် နေ တော့ ပိုတောင်စိတ်ဝင်စားမိလေသည်။ ဆည်မြောင်းရုံးသည် ကျွန်မ သိသလောက်တော့ နှစ်နေရာရှိသည်။ ရန်ကင်းမှာတစ်နေရာ၊ အခုနေရာ ရှစ်မိုင်ခွဲမှာ တစ်နေရာဖြစ်သည်။ ရန်ကင်းဆည်မြောင်းဝန်းမှာလည်း အခုလို ပင် ဆေးခန်းလေးရှိသည်ဟု ပြောသည်။ ဆရာဝန်သည် ရှစ်မိုင်ဆေးခန်းမှာ နှစ်ရက်၊ ရန်ကင်းဆေးခန်းမှာ နှစ်ရက် ထိုင်သည်ဟု သိရသည်။
ဇာတ်သိမ်းမှားတဲ့ ဒိုင်ယာရီ/by နိုဝင်ဘာလထုတ် ကျန်းမာရေးမဂ္ဂဇင်းမှ နီကိုရဲ
Health Magazine (ကျန်းမာရေးမဂ္ဂဇင်း)'s photo.
နိုဝင်ဘာလထုတ် ကျန်းမာရေးမဂ္ဂဇင်းမှ နီကိုရဲ၏
ဇာတ်သိမ်းမှားတဲ့ ဒိုင်ယာရီ
	ကျောင်းတက်ခေါင်းလောင်းသံကို ကြားရသည်နှင့် ကျွန်တော်တို့ငါးယောက်လက်ထဲတွင် ရှိနေသော ဒူးယားစီးကရက်ကို တစ်ယောက် တစ်လှည့်စီ အမြန်ဖွာကာ လွှင့်ပစ်ရင်း ကျောင်းထဲ သို့ ၀င်ကြရသည်။ ကျွန်တော်တို့ ကျောင်းရှေ့တွင် စီးကရက် ခိုးသောက်နေကြခြင်းဖြစ်သည်။ ယခုခေတ်အတွက်တော့ ထိုစကားမှာ အနည်းငယ် နားရှုပ်သွားစရာအကြောင်းရှိပါသည်။ ကျွန်တော်တို့ (၁၀)တန်း တစ်နှစ်ကျသည့် ၁၉၈၃ ခုနှစ်က ကျွန်တော်တို့မှာ ကျောင်းသားများ လို စီးကရက်ကို ကျောင်းစာသင်ခန်းအပြင် ဆရာများ၊ ဆရာမများရှေ့တွင် စတိုင်(လ်)ကျကျ ခပ်တည်တည် မသောက်ရဲပါ။ ကျောင်းသို့တဖွဲဖွဲ လာနေကြသော ကောင်မလေးများရှေ့တွင် လည်း စီးကရက်ကို စတိုင်(လ်)ပါပါဖြင့် သောက်ပြကာ သူတို့ကို အိုက်တင်ခံချင်ကြ၏။
	ထို့ကြောင့် ဒူးယားစီးကရက်ဝယ်ကာ တစ် ယောက်တစ်လှည့် ခိုးဖွာရင်း ကောင်မလေးတွေကို အိုက်တင်ပြ၊ ဟေ့ ...ဆရာလာပြီဆိုလျှင် စီးကရက်ကို ဖွက်ရသည်။ မည်သည့်အတန်းကို သင်သည့် ဆရာ/ဆရာမဖြစ်စေ ကျွန်တော်တို့ စီးကရက်သောက်နေတာကို မြင်သွားလျှင် အပြစ် ပေး၍ရသည်။ ဆုံးမ၍ရသည်။ ဒါတောင် တစ်ခါ တုန်းက စောနိုင်ဆိုသည့်ကောင် စီးကရက်ဖွာ အပြီး ဘွားခနဲပေါ်လာသော ဆရာမကို သွားပြုံး ပြမိသဖြင့် ဆရာမ သိသွားကာ ကျွန်တော်တို့ ဗိုက်ကြောအလိမ်ခံရ၊ စီးကရက်လွှင့်ပစ်ခံလိုက်ရ ဖူးသည်။
	ကျွန်တော်တို့ ငါးယောက် ဆိုသည်မှာ ကျွန်တော်၊ မောင်နီ၊ ရဲမြင့်တိုး၊ အောင်စိုးနိုင်နှင့် စောနိုင်တို့ဖြစ်သည်။ အတန်းထဲရောက်ပြီး မင်္ဂလာ ပါဆရာမ ...ဟူသည့် အသံအဆုံး ကျောင်းသား တွေ အားလုံးထိုင်ကြတော့ ခင်မျိုးထွေးက မထိုင် လက်ပိုက်ကာ ရပ်နေ၏။
	““ခင်မျိုးထွေး ဘာဖြစ်လို့ မထိုင်တာလဲ””
	““သမီး ...ဆရာမကို တိုင်စရာရှိလို့ပါ ဆရာမ””
	ခင်မျိုးထွေး၏ စကားကြောင့် အတန်းသည် ရုတ်တရက် ငြိမ်ကာသွားသည်။ ကျွန်တော်တို့ လည်း စိတ်ညစ်ကာ ထိတ်လန့်သွားကြ၏။ ကျောင်းတက်ခါစ အတန်းပိုင်ဆရာမ ဒေါပွလျှင် တစ်နေ့လုံး ကျွန်တော်တို့ အတန်းသွားပြီ။ ဆရာမ ကလည်း စာကိုရယ်ရယ်မောမော မသင်တော့ဘဲ ပြဿနာကို အကြောင်းပြုကာ တစ်တန်းလုံးကို ဆူတော့မည်။ ကျန်သည့် ဆရာများကလည်း ပြဿနာတက်ပြီးသား အတန်းဆိုလျှင် ခပ် တည်တည်၊ ခပ်ထန်ထန် ဆက်ဆံတတ်သဖြင့် ကျွန်တော်တို့မှာ နောက်ထပ်အပြစ်တစ်ခု မရ,ရ အောင် မလှုပ်ရဲ၊ မရှားရဲ၊ မပျော်ရဲ၊ မပါးရဲ၊ မအော် ရဲ၊ မဟစ်ရဲဖြင့် တော်တော်စိတ်ညစ်ရတတ်၏။ ထို့ကြောင့် ကျွန်တော်တို့အားလုံး ငြိမ်ကျသွားခြင်း ဖြစ်ပါသည်။
	““အတန်းတောင်မှ မစ,ရသေးပါလား။ ကဲ...ခင်မျိုးထွေး သမီး ဘာလဲပြော ...””
	““သမီးကို အောင်အောင် စာပေးလို့ပါ ဆရာမ””
	သွားပြီ။ ကျွန်တော်တို့ တစ်တန်းလုံး ချောက် ချားကာ အောင်အောင်ကို လှည့်ကြည့်တော့ အောင်အောင်လည်း အတော်တုန်လှုပ်ကာ နေ၏။ ခင်မျိုးထွေးက ဆရာမကို သူ့လွယ်အိတ်ထဲမှ စာကို ထုတ်ကာပြသည်။ ဆရာမက ကျောင်း မတက်မီ မုန့်သွားစားခိုက် ခင်မျိုးထွေး လွယ်အိတ် ထဲကို အောင်အောင် စာဝင်ထည့်တာကိုမြင်သည့် ကျောင်းသူများကို ဒေါသဖြင့် စစ်ဆေးသည်။
	အောင်အောင့်အပြစ်သည် ကျောင်းသားချင်း ရန်ဖြစ်သည့် အမှုကလွဲလျှင် ဒုတိယ အကြီးဆုံး သော အမှုသာလျှင် ဖြစ်သည်။ ကျွန်တော်တို့ တုန်းက ကျောင်းသားကျောင်းသူချင်း ချစ်ရေး ချစ်ရာကိစ္စကို တင်းကြပ်ပြတ်သားစွာတားမြစ်သည်။
	““အေး ... မင်းတို့ အခုအချိန်မှာ စာပဲကြိုးစားကြ၊ အချင်းချင်းကို မောင်နှမ
လို အတန်းဖော်လိုပဲ သဘောထားရမယ်၊ (၁၀) တန်းအောင်လို့ တက္ကသိုလ်ရောက်ရင် မင်းတို့ လူကြီးဖြစ်ပြီ၊ မင်းတို့ကိုယ် မင်းတို့ ထိန်းတတ် သွားပြီ၊ အဲဒီကျတော့ မင်းတို့ စဉ်းစားတတ်သွားတဲ့ လွတ်လပ်မှုတွေကိုရမယ်၊ တက္ကသိုလ်ရောက်ရင် မင်းတို့ ချစ်ချင်သလို ချစ်ကြ””
	ထိုစကားကို ကျွန်တော့် အသက်အရွယ် ရှိနေသူတိုင်း ဆရာများထံမှ ကြားဖူးခဲ့လိမ့်မည် ထင်သည်။ ကျွန်တော်တို့တုန်းက (၁၀)တန်း အောင်ချင်သော စိတ်သည် ငါလူကြီးဖြစ်ပြီ ...ဟု အသိအမှတ် ပြုခံရချင်စိတ်နှင့် တက္ကသိုလ်ရောက် လျှင် ချစ်ချင်တာချစ်၊ စိုးရိမ်ကြောင့်ကြ ကြောက်ရွံ့ စရာ မလိုတော့ဟူသော စိတ်နှစ်ခုမှာ အကြီးမား ဆုံးဖြစ်သည်။ အတော်ရည်မှန်းချက် ကြီးမားပါ ပေသည်ဟုပြောလျှင် ပြော၍ရပါသည်။
	လူငယ်တစ်ယောက် ဘ၀တွင် မိမိကို လူ့ ပတ်ဝန်းကျင်က အသိအမှတ်ပြု ခံချင်စိတ်နှင့် ခံစားမှုရေးရာ လွတ်လပ်လိုစိတ်သည် အတော် ကြီးမားသော အရေးကြီးသော အချက်တစ်ခုသာ ဖြစ်သည် မဟုတ်လား။ မည်မျှပညာရေးကိုသာ အလေးထားသူဟုဆိုဆို ထိုအချက်နှစ်ချက် ကတော့ ပြောစရာမလိုဘဲ ပါနေလိမ့်မည် ဖြစ် သည်။
	သက်သေတွေစုံတော့ ဆရာမ ဒေါသ တော် တော် ထွက်နေပြီဖြစ်သည်။ ကျွန်တော်တို့ ဆရာမက ဒေါ်ကြည်ကြည် ဖြစ်သည်။ အသား ဖြူဖြူ ရုပ်ရည်သန့်ပြန့်ကာ တစ်ကျောင်းလုံးမှာ အချောဆုံး ဆရာမတစ်ဦးဖြစ်သည်။ ထိုအလှပြီး လျှင် ...ဒုတိယနာမည်ကျော်သည့် ကိစ္စက အိမ်သာထွက်လျှင် ကိုင်ရသည့် သစ်သားပြားဖြင့် လက်ဆစ်ကို ခေါက်တတ်ခြင်းပင် ဖြစ်သည်။ ဆရာမက သူဒေါသထွက်လွန်းမက ထွက်မှ ကြိမ်လုံးကို သုံးတတ်၏။
	အခုတော့ ဆရာမက ကြိမ်လုံးကိုဆွဲယူကာ တစ်တန်းလုံးကို ဆူသည်။ တစ်ယောက်မှ တုတ် တုတ် မလှုပ်ရဲကြ။ ကျွန်တော်တို့ တစ်နှစ်ကျ ကျောင်းသားတွေကိုပင် ဟိုကောင်တွေလည်း ကြပ်ကြပ် သတိထား ...ဟု ကြိမ်းလိုက်သေး သည်။ တုံးလိုက်သည့် ငနဲ၊ အောင်အောင်က လည်း ရည်းစားစာကို အိမ်ငှားစာချုပ် မှတ်နေ သလားမသိ။ နာမည်ရေးကာ လက်မှတ်များပင် ထိုးပေးလိုက်သေးသည်။ ထို့ကြောင့် လိမ်ခွင့်၊ ငြင်းခွင့်၊ ရှောင်ခွင့်မရှိတော့။
	““ကဲ ...မင်းမှာအပြစ်ရှိသလား အောင် အောင်””
	““ဟုတ် ...ဟုတ်ကဲ့ ...ဆရာမ””
	““အေး ...ဒါဆိုရင် ...မင်း ဆရာမ ဆုံးမ တာ ခံမလား၊ ရုံးခန်းသွားမလား””
	““ဆရာမ ဆုံးမတာပဲ ခံပါ့မယ် ဆရာမ””
	““အေး ...ဒါဆိုရင် ရှေ့ထွက်ခဲ့””
	မည်သည့်ကျောင်းသားမှ ရုံးခန်းတော့မသွား။ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းရီက အပျိုကြီး ဖြစ်ပြီး၊ သမီးရည်းစားကိစ္စ၊ ရန်ဖြစ်သည့် ကိစ္စများ တွင် အရိုက်အလွန် လက်သံပြောင်သည်။ ကိုယ့် အတန်းပိုင်ဆရာမကမှ ညှာလျှင် ညှာဦးမည်။ ထို့ကြောင့် အောင်အောင် လက်ပိုက်ကာ စတိတ် ခုံပေါ်သို့ တက်သွားသည်။ ဆရာမက ကြိမ်လုံး လေးပင်ပူးကို ညွှတ်ကာ-ညွှတ်ကာ စောင့်နေ၏။ ဆောင်းဦးပေါက်စ မနက်စောစော အေးအေး စက်စက်ကြီးမှာ အဆော်ခံရမည့် အောင်အောင်၏ တင်ပါးကို အားလုံး ကိုယ်ချင်းစာကြပါသည်။
	ကျွန်တော်တို့လို အချစ်ကို ခံစားတတ် သူများကတော့ အောင်အောင့် နှလုံးသားကိုပို၍ ကိုယ်ချင်းစာသည်။
(နှစ်)
	““သူ့ဘာသာ လူရည်ချွန်ပဲ ရဖူးဖူး၊ အဆင့် (၁)ပဲရရ၊ ချမ်းပဲ ချမ်းသာသာကွာ ...ဒီကောင်မ ကိုက လွန်ပါတယ်။ ပြန်မကြိုက်လည်း ပြီးတာပဲ၊ ဆရာမတွေကို တမင်ဖားတာ””
	““သူ့ကိုယ်သူ ဒါမျိုးတွေ ကင်းရှင်းကြောင်း၊ စာပဲစိတ်ဝင်စားကြောင်း ပြတာပါကွာ””
	““ဆရာမကလည်း လွန်ပါတယ်ကွာ ... ရှစ်ချက်လား၊ကိုးချက်လားတီးတာ၊ အောင်အောင် က အေးတာပဲ၊ စာလည်း အဆိုးကြီးမှ မဟုတ်၊ တင်ဦးတို့လို ကောင်မျိုးဆိုထားတော့””
	““ဆရာမက ငါးချက်လောက်ပဲ တီးတာကွ၊ ဟိုကောင်က လက်ပိုက်ပြီး ဆက်ရပ်နေတော့ နောက်အချက်တွေ ဒေါကန်ပြီးဆော်တာ””
	ကျွန်တော်တို့အုပ်စု ကျောင်းဆင်းတော့မှ ကျောင်းရှေ့ စိန်ပန်းကာကာဆိုင်မှာ လက်ဖက် ရည် နှစ်ခွက်ဖြင့် မနက်က ကိစ်္စကို ဝေဖန်ဖြစ်ကြ သည်။ ခင်မျိုးထွေးကို မည်သူမှ မကျေနပ်ကြ။ ခင်မျိုးထွေးက စာတော်သည်။ အဆင့် (၁) အမြဲ ဆိုသလိုရသဖြင့် ဆရာ-ဆရာမများကလည်း မျက်နှာသာပေးကြသည်။ (၈)တန်းနှစ်က လူရည် ချွန်ဝင်ဖြေကာ ရသွားဖူးသည်။ ကျွန်တော်တို့ သင်္ဃန်းကျွန်း အ.ထ.က (၃)၏ တစ်ဦးတည်း သော လူရည်ချွန်လည်း ဖြစ်သည်။ ရုပ်ရည် ကတော့ ကြည့်ကောင်းရုံ၊ မျက်ဝန်း လှလှ၊ နှုတ်ခမ်းပါးပါး၊ ကိုယ်လုံးကိုယ်ပေါက် လှသည်။
	ခင်မျိုးထွေးက အဆင့် (၁)ရသူပီပီ အတန်း ထဲမှာ အခြားကျောင်းသူတွေနှင့် သိပ်မရော၊ ယောက်က်ျားလေး အပေါင်းအသင်း လုံးဝမရှိ။ အားလျှင် စာအုပ်နှင့် မျက်နှာအပ်၊ စာမေးလျှင် သူ အရင်ဆုံး ထ,ထဖြစ်တတ်သော ကျောင်းသူ ဖြစ်သဖြင့် ကျွန်တော်တို့ တော်တော်များများက ခင်မျိုးထွေးကို ကြည့်မရကြ။ ကျွန်တော်တို့က တော့ အဆင့် (၁)မပြောနဲ့၊ အဆင့် (၁၅)နားပင် ကပ်ဖူးသည့် ကောင်တွေမဟုတ်။ အမြဲတမ်း တစ် ဘာသာလောက်တော့ မှန်မှန်ကျတတ်၏။
	သို့သော် ကျွန်တော်တို့က ရန်ဖြစ်၊ ပြဿနာ ရှာ၊ စာလုံးဝမရ၊ ဆရာမနှင့် ပြဿနာတက်၊ အဲဒီလို ကျောင်းသားမျိုးလည်း မဟုတ်။ စီးကရက် ခိုးသောက်ရုံ၊ တစ်ခါတစ်ရံ ကျောင်းပြေးရုံ၊ အဖြူ အစိမ်း မှန်မှန် မ၀တ်တတ်သူ၊ မိန်းကလေးများနှင့် စ,ရင်း၊ နောက်ရင်း ပြဿနာတက်တတ်သူ၊ သာမန်အလယ်အလတ် ကျောင်းသားများသာ ဖြစ်သည်။
	ဆရာမများက ကျွန်တော်တို့ကို အရမ်းမချစ်။ သို့သော် ...အရမ်းလည်း မမုန်း၊ ခင်ခင်မင်မင် တော့ ရှိကြသည်။ ငါးချက်အဆော်ခံရတော့မည့် အချိန်တွင် တစ်ချက်လောက် လျော့ပေးခံရတတ် သူများသာ ဖြစ်သည်။
	““ငါတော့ ခင်မျိုးထွေးကို လုံးဝ မကျေနပ် ဘူးကွာ””
	စောနိုင်က ဒေါသတကြီး အော်သည်။ မောင်နီက ခေါင်းကုတ်ရင်း ပြန်ပြော၏။
	““အဲဒါဆို မင်းစာလိုက်ပေးပါလား””
	ဒီတော့ ...စောနိုင် ငြိမ်ကာသွား၏။ ရဲမြင့် တိုးက စီးကရက်ကိုဖွာရင်း စောနိုင်ကို မကျေမနပ် ကြည့်ရင်း ...
	““မကျေနပ်ရင် ...ဘာမှ မပတ်သက်နဲ့ပေါ့ ကွာ၊ ငါကတော့ လုံးဝဂရုမစိုက်ဘူး အနေသာကြီး ပဲ””
	““မနက်ဖြန် စနေနေ့ ကျူရှင်သွားရင် ငါ လိုက်မယ်ကွာ ...စာလိုက်ပေးမယ်၊ ဒါဆို ကျောင်းနဲ့ မဆိုင်ဘူး ...ကဲ””
	စောနိုင်က မကျေနပ်နိုင်သေးဘဲ ဒေါသဖြင့် ဆက်ပြောပြန်၏။ အောင်နိုင်စိုးက ပြန်ပြောသည်။
	““ကျူရှင်ဆရာကို တိုင်မှာပေါ့ကွ၊ ဦးစော ထွန်း ကြိမ်လုံးနဲ့ မင်းညားမှာပဲ””
	စောနိုင် ပြန်ငြိမ်သွားပြန်၏။ ကျွန်တော်တို့မှာ ကျောင်းက ဆရာများပင်မက။ ကျူရှင်ဆရာများ ကိုလည်း ကြောက်ကြရသေးသည်။ ကျွန်တော် တို့ တက်သည့် BOC မှာ မြသန္တာကျူရှင်က ဆရာဦးစောထွန်း၏ ကြိမ်လုံးကလည်း နာမည် ရပါသည်။
	ကျွန်တော်ရော ထိုကိစ္စကို ကျေနပ်သလား စဉ်းစား၏။
	အဖြေက မကျေနပ်။ မကျေနပ်လျှင် ကျွန်တော် ဘာလုပ်ရမလဲ၊ ခင်မျိုးထွေးကို ပြဿနာရှာ၊ စ,နောက် ရည်းစားစာပေး ဘာပဲ ဖြစ်ဖြစ်၊ ဆရာမ ဒေါ်ကြည်ကြည်၏ ကြိမ်လုံးနှင့် ညားဖို့သာ ရှိသည်။ သို့သော် ခင်မျိုးထွေးကို တစ်ခုခုလည်း လုပ်ချင်နေသည်။
	““ငါလည်း မကျေနပ်ဘူး လေအိုး ...သူ့ကို တစ်ခုခုတော့ ပညာပေးချင်တယ်””
	လေးအိုးဆိုတာက အောင်နိုင်စိုး၏ နာမည် ပြောင်ဖြစ်သည်။ ကျွန်တော်က မှင်စာ၊ စောနိုင်က သခေါဖြစ်၏။
	““မှင်စာရာ မင်းကသူ့ကို ပညာပေး၊ မင်းကို ဒေါ်ကြည်ကြည်က ကြိမ်လုံးပေး ဟဲ ...ဟဲ... ဘာလဲ မင်းက တင်ပါးနှစ်ခု အရင်းပြုမလို့လား””
	ကျွန်တော်က သူငယ်ချင်း (၅)ယောက်ထဲ မှာ အသေးကွေးဆုံး၊ အရပ်အပုဆုံး ဖြစ်သဖြင့် လေအိုးက 
	““ကျွတ် ..ကျွတ်-ကျွတ် သနားပါတယ်”” ဆိုသော တုန့်ပြန်သံကို ကျွန်တော် မကျေမနပ် ဖြစ်သွား၏။
	““ငါဆိုလိုတာက ငါကလည်း စာပေးမယ်၊ အဲဒီစာကို သူကလည်း ကျေနပ်ရမယ်၊ ဆရာမကို လည်း တိုင်လို့မရတဲ့နည်း ဖြစ်ရမယ်။ အဲဒီလို ပြောတာ””
	ကျွန်တော့်စကားဆုံးတော့ သူငယ်ချင်း လေးယောက်စလုံးက ခေါင်းခါကြသည်။ မိန်းကလေး တစ်ယောက်ကို ကျေနပ်အောင် ဘယ်လိုလုပ် စာပေးမည်နည်း၊ မဖြစ်နိုင် ...။
	““မှင်စာရာ အချဉ်မပါဘဲ ဆမူဆာသာ စား လို့ ရမယ်၊ အသင်ပြောတာတော့ မဖြစ်နိုင် ... လုံးဝမဖြစ်နိုင် ဒါပဲ””
	သူတို့မေ့သွားတာ တစ်ခုတော့ ရှိပါသည်။ ကျွန်တော်သည် အကောင်သေးသဖြင့် မိမိ အသက်ရှင်သန်ရပ်တည်ရေးအတွက် ဦးနှောက်ကို စနစ်တကျ အသုံးပြုတတ်သည်ဆိုတာပဲ ဖြစ် သည်။
	ကျွန်တော် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး အပြင်းအထန် စဉ်းစားသည်။
	ကျွန်တော်လုပ်ချင်သည့် ကိစ္စက သမား ရိုးကျ မဟုတ်။ ကျောင်းသားတိုင်း လုပ်ကြသည့် ကိစ္စမဟုတ်။ သူတို့လိုလုပ်လျှင် သူတို့လိုဖြစ်မည် မှာ ကျိန်းသေသည်။ ဖန်တီးမှုတစ်ခုခုတော့ ပါရ မည်။ သာမန်နည်းလမ်းဟောင်းများမှလည်း ခွဲ ထွက်နိုင်ရမည်။ ဘာလုပ်ရမလဲ။
	စနေနေ့ တစ်နေ့လုံး အဖြေမပေါ်။ တနင်္ဂနွေ နေ့ကျတော့ ကျွန်တော် ဟိုဟိုဒီဒီ အတွေးတွေကို ရပ်ကာ အခြေခံကျကျ စဉ်းစားရသည်။ ဖန်တီးသူ တစ်ယောက်သည် ပြဿနာကို အရိုးရှင်းဆုံး သိရှိ နားလည်ထားရန် လိုအပ်သည် မဟုတ်လား။
	မိန်းကလေး တစ်ယောက်ကို စာပေးသည် ဆိုခြင်းမှာ ထိုမိန်းကလေးကို ချစ်သည်ဟု အသိ ပေးခြင်းပင် ဖြစ်သည်။ ကျွန်တော်တို့ ကျောင်း သားတွေ အဆော်ခံကြရတာလည်း ထိုချစ်သည် ဆိုသော စကားကြောင့်သာ ဖြစ်၏။ ချစ်သည် ဆိုသည့် စကားမပါဘဲနှင့် ရည်းစားစာ ပေးလို့ မရဘူးလား။ ဒါတော့ မဖြစ်နိုင်။
	ထိုနေရာမှာ ကျွန်တော့် အတွေးက တစ်၍ နေ၏။ ဆက်စဉ်းစား၍မရ။ ဒါဆိုလျှင် ပြဿနာ သည် ချစ်သည်ဆိုတာပဲ ဖြစ်မည်။ ထို့ကြောင့် ကျွန်တော်ချစ်သည်ကို ဆက်၍ စဉ်းစားရ၏။
	ကဲ ...ချစ်သည်ဆိုတာ ဘာလဲ၊။
	ချစ်သည်ဆိုတာက အထူးခြားဆုံး ရွေးချယ်မှု အမြင့်မားဆုံး အာရုံစိုက်မှု၊ အထူးခြားဆုံး ခံစားမှု၊ ဟောဒီတစ်ကျောင်းလုံးမှာရှိတဲ့ မိန်းကလေးတွေ ထဲက ခင်မျိုးထွေးသည် ကျွန်တော်တို့၏ တစ်ဦး တည်း ရွေးချယ်ထားသော အာရုံစိုက်မိသည့် ခံစားမှုတစ်ခု။ အဲဒါကို ပြနိုင် ...ပြောနိုင်လျှင် ထိုအရာသည် ရည်းစားစာပင် ဖြစ်၏။
	ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ၊။
	သူ့ကို စိုက်ကြည့်ရမလား၊ ဝေးသေး ...။ ခင်မျိုးထွေးက လှည့်ကြည့်မည်မဟုတ်။ သူလုပ် သမျှတွေဂရုစိုက်ရမလား။ သူ့နောက်တစ်ကောက် ကောက် လျှောက်လိုက်ရမလား။ ဒါတွေလည်း မဖြစ်သေး။ သို့သော် ထိုအချက်တွေပါအောင် တော့လုပ်ရမည်။ နောက်တစ်ချက်က မိန်းကလေး တွေ သဘာဝကိုလည်း ပြန်တွက်ရ၏။ ခင်မျိုးထွေး သည် ဆရာဝန်ဖြစ်မှ အိမ်ထောင်ရေးကို စဉ်းစား မည်ဟု ကြွေးကြော်ထား၏။ သို့သော် သူလည်း သာမန် ခံစားတတ်သော မိန်းကလေးသာ ဖြစ်သည်။ ချစ်သည့်စိတ်ကို စာတော်တာ၊ ဆရာမတွေကချစ်တာ စသည်ဖြင့် အချက် များနှင့် ဖိထားခြင်းသာဖြစ်သည်။ ဘယ် မိန်းကလေးမဆို သူတို့ကို ဂရုစိုက်တာ၊ ခံစားတာတွေကို အမြဲလိုလားကြသည်သာ ဖြစ်သည်။ သူများနှင့် မတူအောင် ဂရုစိုက် နိုင်လျှင် စိတ်ကို ၀င်စားရမည်။
		ပြီးတော့ ...မိန်းကလေးတို့ မည်သည် ဇာတ်လမ်းကို သိပ်စိတ်ဝင်စားကြ သည်။ သူက ငါ့ကို ဘယ်လိုလိုက် တာ၊ ဘယ်လိုသူနဲ့ ငါက စ,တွေ့တာ ဟဲ့၊ ငါ့ကြောင့် သူဘာတွေဖြစ်သွား တာတဲ့ ဆိုတာတွေကို သိပ်ပြောချင်ကြသည်။ သူတို့ပြောသည့် အကြောင်းအရာက ထူးခြားလေ လေ သူတို့ ဂုဏ်တက်လေလေသာ ဖြစ်သည်။ ထင်မထားသော ဇာတ်မျိုးနှင့်တွေ့လျှင် လူကိုထက် ထိုဇာတ်ကွက်ကိုပြောဖို့ ပိုစိတ်ဝင်စားကာ ကြိုက် တတ်ကြ၏။
	ထို့ကြောင့် ခင်မျိုးထွေးအတွက် ထင်မထား သော ဖန်တီးမှုတစ်ခုကိုလည်း ရမှဖြစ်မည်။ ပြန် ချစ်စေချင်တာထက် ထိုစိတ်ဝင်စားမှုကို ရမှ ဆရာမထံ စာမရောက်မှာဖြစ်သည်။ ကျွန်တော် တစ်နေ့လုံး စဉ်းစားကာ ညနေရီလောက်တွင်မှ အကောင်းဆုံးသော ဖန်တီးမှုတစ်ခုကို ရသည်။
	ကျွန်တော် ထခုန်မိမတတ် ၀မ်းသာသွား၏။
	ကျွန်တော့်အကြံကို အပြန်ပြန် အလှန်လှန် သုံးသပ်သည်။ ဟာကွက်မရှိ။ သို့သော် အနည်း အကျဉ်းတော့ စွန့်စားရမည်။ မည်သည့်ဖန်တီးမှု ရော မစွန့်စားဘဲ အောင်မြင်ခဲ့ဖူးပါသနည်း။
(သုံး)
	တနင်္လာနေ့ ကျောင်းရောက်တော့ ကျွန်တော့် အကြံကို ဖန်တီးမှုကို သူတို့ကို ပြောပြရသည်။ အားလုံးက ခေါင်းခါကြ၏။ မဖြစ်နိုင်ဟု ပြောကြ သည်။ သို့သော် ထုံးစံအတိုင်း မဟုတ်သဖြင့်၊ သူတို့ ဇဝေဇ၀ါဖြစ်ကာ စိတ်လည်း ၀င်စားကြ၏။
	““မဆိုးတော့ မဆိုးဘူးကွ၊ ဒါပေမယ့် ဆရာမ ဆီပဲရောက်မှာပါကွာ””
	လေအိုးက ညည်းသည်။
	““မဖြစ်နိုင်ပါဘူးကွာ၊ အောင်အောင် တစ် စောင်တည်းပေးတာတောင် ရှစ်ချက်ဆိုတော့ မင်း ဟာက (၂)လစာလောက်ကွ မှင်စာရ၊ တစ်ရက် တစ်ချက်ဆိုရင်တောင်””
	သခေါကလည်း စိုးရိမ်ကာ ပြောသည်။ ရဲမြင့်တိုးက ဘာမှမကြာ၊ မောင်နီကတော့ ...
	““မလွယ်ဘူးနော် ...သူက နာမည်လိုချင် နေတာ၊ မိန်းမစိတ်ဆိုတာ ပြောလို့မရဘူး””
	““ငါသေသေချာချာ တွက်ထားတာ မောင်နီ၊ ဖြစ်ကို ဖြစ်တယ်ကွာ လုပ်စမ်းပါ””
	““ခွီးပဲ ...မင်းဘာသာယုံရင် မင်းဘာသာ လုပ်စမ်းပါ””
	နောက်ဆုံးတော့ ကျွန်တော့်ဖန်တီးမှုကို မည်သူမှ မစွန်စားရဲကြ၊ ကိုယ့်ဖန်တီးမှု ကိုယ်ယုံရင် ကိုယ်လုပ်။ ဒါပဲရှိသည်။ ကျွန်တော့်နည်းက တခြား မဟုတ်၊ ဒိုင်ယာရီစာအုပ် တစ်အုပ်ဝယ်ကာ ခင်မျိုးထွေး၏ နေပုံထိုင်ပုံ၊ ပြောပုံ၊ ၀တ်စားပုံတွေ ကို ဂရုတစိုက်ရေးမှတ် (ကိုယ်ရေးကိုယ်တာတွေ နှင့်ရော၍) ထို့နောက် စာအုပ်ကို ခင်မျိုးထွေး လွယ်အိတ်ထဲ မသိအောင်ထည့်။ ဒါပဲဖြစ်သည်။
	ဥပမာ ...
	မျိုး ဒီနေ့ စံပယ်ပန်းကလေး ပန်လာ ...။ အနားက ဖြတ်လျှောက်တော့ ရင်ခွင်တစ်ခုလုံး စံပယ်ပန်းတောကြီးဖြစ်သွား။ မျိုးကို စာမေးတော့ ရပါ့မလားလို့ စိုးရိမ်နေမိ။ မျိုး အထစ်အငေါ့မရှိ ဖြေသွားတော့မှ သက်ပြင်းချရ (စားပွဲခုံအောက် တန်းကို ဆုပ်ကိုင်ထားမိသည်)။ မျိုးဖျက်တဲ့ ခဲ ဖျက်ကလေးဟာ ၀က်ဝံရုပ်ကလေးနော်။ ကျောင်း အပြန် လက်ဖက်ရည်သောက်။ လေအိုး ၅ိ/-ချေး။ ရှေ့အပတ် ကျောင်းပြေးကာ ရုပ်ရှင်ကြည့်ရန် မောင်နီပြော၊ ရဲမြင့်တိုးထံမှ ဂစ်တာငှားရန်။ ဆရာမ ထံ စာအုပ်ဖိုး ငွေသွားပြီ။
	...ဆိုတာမျိုးတွေကို ထိုဒိုင်ယာရီထဲမှာ နေ့စွဲ တပ်ကာ တစ်နေ့နှင့်တစ်နေ့ မထပ်အောင် ရေးရ မည်။ ထိုစာအုပ်ကို သူ့ထံရောက်သွားလျှင် သူ့ကို ဂရုစိုက်ကြောင်း၊ ခံစားနေကြောင်း ခင်မျိုးထွေး သိသွားမည်။ ဆရာမကို ပြလျှင်လည်း ထိုအရာ သည် ရည်းစားစာမဟုတ်ကြောငှ်းီုဗျွ့ ဖြစ် ကြောင်း၊ တစ်ယောက်ယောက်နောက်ကာ ထည့် ခြင်းဖြစ်ကြောင်း ငြင်းရမည်။ ကျွန်တော့်ဘက်က လုံခြုံစေရန် ခင်မျိုးထွေး အကြောင်းသာမဟုတ်၊ တခြား သူငယ်ချင်း ကောင်မလေးတွေ အကြောင်း လည်း ရေးထည့်ရမည်ဖြစ်သည်။
	ကျွန်တော်ကတော့ ဆုံးဖြတ်ပြီးသားဖြစ်သဖြင့် ခင်မျိုးထွေး ဘာလုပ်သည်၊ ဘာဖြစ်သည်၊ ဘာ ထူးခြားသည် ဆိုတာတွေကို တစ်ပတ်လောက် လေ့လာရသည်။ ဖိနပ်၊ လွယ်အိတ်၊ ပန်လာသည့် ပန်း၊ ကိုင်သည့် ဘောလ်ပင်၊ ကွန်ပါဘူး စတာ တွေကို မှတ်သည်။ ထိုသို့ ဂရုစိုက်ရင်းက ကွန်တော် ခင်မျိုးထွေးအပေါ် နည်းနည်း စိတ်ဝင် စားလာ၏။ စိတ်လှုပ်ရှားလွယ်ချိန် ဖြစ်သဖြင့် ကျွန်တော် ခင်မျိုးထွေးကို ချစ်ပစ်လိုက်သည်။
	ကျွန်တော့်၏ နှစ်လစာDIARY ကို တစ်ပတ် ခန့် မှတ်သားပြီး သုံးရက်တည်းနှင့်အပြီး စဉ်းစား ကာ ရေးရ၏။ တစ်ပတ်စာ လေ့လာထားသော တွေ့ရှိချက်တွေကို ပွားတန်ပွားရ၏။ လွန်ခဲ့သည့် လက ဖြစ်ခဲ့တာတွေကိုတော့ စာတော်သော ကျောင်းသူတစ်ယောက် ဖြစ်လေ့ဖြစ်ထရှိမည့် ကိစ္စ တွေကို ဖန်တီးခန့်မှန်းကာ ရေးသည်။ နေ့စဉ် ရေးသားမှန်း သိသာစေရန်၊ ဘောလ်ပင်အရောင် မတူအောင် ဟိုကောင်တွေ ငါးယောက်ထံမှ ဘောလ်ပင်တွေ ငှားရသည်။ နောက်ဆုံးDIARYကျောဘက်မှာ အကြွေးတွက်ထားတာပင် ဘောလ်ပင် ထည့်ရေးလိုက်၏။ ကျွန်တောDIARY သည် တကယ်ကို နေ့စဉ်မှန်မှန်ရေးထားသောDIARY တစ်အုပ်နှင့် တူသွားပြီ ဖြစ်လေသည်။
	သူငယ်ချင်းတွေကို ပြတော့ အားလုံးက ထိတ်လန့်ကြသည်။ သူတို့နာမည်တွေ ပါနေသော ကြောင့် ပြဿနာတက်လျှင် သူတို့ပါ အဆော်ခံ ရမည်ကို စိုးရိမ်နေသောကြောင့် ဖြစ်၏။ လေအိုးက သူ့နာမည်ကို အတင်းဖျက်မည်ဟုဆိုကာDIARYကို အတင်းလုသည်။
	““မလုပ်ပါနဲ့ကွာ ...ဒါ ငါသဘာဝကျအောင် ရေးထားတာပါ။ မင်းတို့နဲ့ မဆိုင်ပါဘူး။ ဒါ ငါ့စာအုပ် ပဲ။ ခင်မျိုးထွေး သွားတိုင်လည်း ငါပဲ အဆော်ခံရမှာ ပါ။ မင်းတို့နဲ့ မဆိုင်ပါဘူးလို့ ငါဝန်ခံပါမယ်ကွာ””
	အကြိမ်ကြိမ် ကတိပြုပြီးမှ လက်ခံကြသည်။
	ထိုစာအုပ်ပါးပါးကလေးကို ခင်မျိုးထွေး လွယ်အိတ်ထဲရောက်အောင် ထည့်ဖို့သာ ကျန် တော့၏။ ကျွန်တော်က ကျောင်းတက်ချိန်ထက် မုန့်စားဆင်းချိန်ကို ရွေးချယ်လိုက်သည်။ မုန့်စား ဆင်းချိန်က အတန်းထဲမှာ လူရှိတတ်သော်လည်း ကိုယ့်မုန့်ကိုယ်စား ကိုယ့်ထမင်းဘူး ကိုယ်စားနေကြ သဖြင့် ပို၍ အခွင့်အရေးသာသည်။
	မုန့်စားဆင်းတော့ လူအရှင်း၊ လူအလစ်ကို စောင့်ကာ ကျွန်တော် ခင်မျိုးထွေး ခုံအနားမှာ ဘောလ်ပင်ပြုတ်ကျယောင်ဆောင်၊ ကျန်သူငယ် ချင်းများက ကွယ်ပေးပြီး ကျွန်တော့်ဒိုင်ယာရီ အပါး ကလေးကို ထည့်ရသည်။ မည်သူမျှ သတိမထား မိကြ။
	မုန့်စားကျောင်းပြန်တက်တော့ ကျွန်တော်တို့ ငါးယောက် စကားမပြောရဲ အသက်မရှူရဲလောက် အောင်ကို ဖြစ်သည်။ ခင်မျိုးထွေးသိသွားပြီး ဆရာ့ ကိုများ တိုင်မလား။ မင်္ဂလာပါ ဆရာ ...တိုင်း ကျွန်တော်တို့ ရင်ခုန်ရသည်။ ကျွန်တော်က အဆိုး ဆုံးဖြစ်ပါသည်။ ခင်မျိုးထွေး စာအုပ်ထုတ်ရန် လွယ်အိတ်ကိုင်တိုင်း ပါးစပ်ထဲမှာ ဘာအရသာမှန်း မသိ အတုံးလိုက်ရှိနေတတ်သည်။ ကျွန်တော် စာအုပ်အနှောင့်တွေ နောက်ကို သေသေချာချာ ထိုးထည့်ခဲ့ပါသည်။
	ထိုနေ့က ““ကမ္ဘာမကြေ””ကျောင်းဆင်း သီချင်းကို ခပ်သုတ်သုတ်ဆိုကာ အခန်းထဲမှ အရင် ဆုံး ပြေးထွက်သူမှာ ကျွန်တော်တို့ ငါးယောက် သာ ဖြစ်သည်။
	နောက်တစ်နေ့ မနက်တော့ ရင်ခုန်စရာ အကောင်းဆုံးနှင့် ကြောက်စရာ အကောင်းဆုံးသာ ဖြစ်လေသည်။ အချိန်ဇယားနှင့်ကိုက်ကာ စာအုပ် များ ထည့်ရင်း ခင်မျိုးထွေးDIARY ကို တွေ့မည် မှာ ကျိန်းသေနေပြီဖြစ်၏။
	““မင်းက ခွီးမို့DIARY မှာ မင်းနာမည် ထိုး ထားရတာလဲ””
	““ဟ ..ဒါမှ ငါ့စာအုပ်မှန်း သိမှာပေါ့ သခေါ ရ””
	““မလိုပါဘူးကွာ ...စာပေးတယ်၊ သူ မတိုင် ဘူးဆိုရင် အောင်မြင်တာပဲဟာ၊ ဘယ်သူဆိုတာ သိစရာမလိုဘူး””
	““ငါက သူ့ကို ကြိုက်သွားပြီကွ၊ တကယ်””
	““အေး ..သေ ..သေ””
	သခေါနှင့် လေအိုးက ကျောင်းမတက်တော့ ဟု ပြောသည်။ မောင်နီနှင့် ရဲမြင့်တို့ကတော့ ဘာမှမပြော။ သို့သော် ဘာဖြစ်မလဲဆိုတာကို လည်း သိချင်နေကြ၏။ ကျွန်တော်ကတော့ တင်ပါးနှစ်ခု အရင်းပြုလိုက်ရပြီ ဖြစ်လေသည်။
	အတန်းထဲရောက်တော့ ခင်မျိုးထွေး မျက်နှာ က သိပ်မထူးခြား။ ကျွန်တော့်ကို သုံးလေးခါ ကြည့်တာတော့ ထူးခြားသည်။ ကျွန်တော် ပြန် မကြည့်ရဲ၊ ရင်တော့ခုန်နေသည်မှာ ပြောစရာ မရှိ တော့။ ဟိုကောင်တွေကတော့ ကျွန်တော့်ကို ခင်မျိုးထွေးကြည့်တိုင်း လန့်လန့်နေကြ၏။ သွားပြီ ဟုလည်း ထင်ကြသည်။ ကျွန်တော်တို့ သိသိ သာသာ မျက်နှာပျက်နေကြသည်။
	““မင်္ဂလာပါ ဆရာမ””
	တစ်တန်းလုံးအော်ပြီးတော့ ကျွန်တော် မျက်စိမှိတ်ကာ ထိုင်ချလိုက်သည်။ ခင်မျိုးထွေး မတ်တပ်ရပ် ကျန်ခဲ့မှာလား၊ ကျွန်တော် မျက်စိ မှိတ်ကာ ထားသည်။
	““ဟေ့ကောင်မှင်စာ ...မရပ်ဘူးကွ၊ ထိုင် တယ် ...ထိုင်တယ်””
	ကျွန်တော့် ရင်ခုန်သံ တဒုတ်ဒုတ်ကို ကျွန်တော် ယခုအချိန်အထိ ကြားနေရပါသေး သည်။ ထိုနေ့က ခင်မျိုးထွေး အေးအေးဆေးဆေး ပင် ရှိပါသည်။ ကျွန်တော့်ကို နောက်ထပ်နှစ်ကြိမ် လောက် ခိုးကာကြည့်၏။ ကျွန်တော့် ရင်ထဲမှာ ဆရာ ချစ်ဦးညိုရေးသည့် လင်္ကာဒီပချစ်သူထမှ ဒဿဂီရိစီးသည့် စစ်ရထားအစင်းတစ်ရာ မောင်းနေ ကြသည်။
	အိမ်သာသို့ ခိုးထွက်ကာ အောင်မြင်ကြောင်း လုကာလုကာ စကားပြောရသည်။ ကျွန်တော်နဲ့ ခင်မျိုးထွေးတို့ အဆင်ပြေပြီ။ သို့သော် မုန့်စားဆင်း တော့ ခင်မျိုးထွေး ကျွန်တော့်ကို ဂရုမစိုက်တော့ မကြည့်တော့။ သူရှက်နေတာပေါ့လေ ...။
	ဒါပေမယ့် ...
	နောက်နေ့၊ နောက်အပတ်၊ နောက်လတွေ မှာလည်း ထိုအတိုင်း။ ကျွန်တော် နားမလည်။ ခင်မျိုးထွေးသည် စာကို ကျက်သည်။ စံပယ်ပန်းကို ပန်သည်။ ၀က်ဝံရုပ် ခဲဖျက်ကလေးကို သုံးသည်။ ခုံမြင့်အ၀ါကလေးကို စီးသည်။ ခါလာကြီး၏ ဘယာကြော်နှင့် အိမ်ကဓာတ်ဗူးနှင့် ယူလာသော ကော်ဖီကို သောက်သည်။ သို့သော် ကျွန်တော့်ကို ကား ဘာတစ်ခုမှ တုန့်ပြန်မလာ။
	““မင်း တစ်ခုခုတော့ လုပ်သင့်ပြီမှင်စာ၊ မင်း စာအုပ် သူရတာ ကျိန်းသေတယ်၊ ဆရာမကို လည်း မတိုင်ဘူး။ မင်းဘာဆက်လုပ်မလဲ””
	ကျွန်တော်လည်း ဘာဆက်လုပ်ရမှန်းမသိ။ နောက်ဆုံးအားလုံးပေးသောအကြံအရ ခင်မျိုးထွေး ၏ တစ်ဦးတည်းသော သူငယ်ချင်းပပကို ချဉ်းကပ် ကာ ...ကျွန်တောDIARYစာအုပ်ကို လေအိုးက ခင်မျိုးထွေး လွယ်အိတ်ထဲ နောက်ကာထည့်လိုက် ကြောင်း၊ ထို DIARYစာအုပ်ကို ဖတ်သလား၊ ဘာထူးခြားသလဲ၊ ပြန်ပေးပါဟု တောင်းရသည်။ လုပ်ဇာတ်တစ်ခု ထွင်ရ၊ ဖန်ရခြင်း ဖြစ်၏။
	ပပက စိတ်ဝင်စားကာ သူမေးပေးမည်ဟု ကတိပေးသည်။ သို့သော် ပြန်လာသော စကား အရ ခင်မျိုးထွေးက သူမ ဘာDIARYစာအုပ်မှ မရပါဟူသော စကားသာဖြစ်သည်။ ကျွန်တော်တို့ ရူးချင်သွား၏။ ဘာဆက်လုပ်ရမှန်း မသိကြတော့။ ထိုအဖြေသည် မရိုးသားမှုတစ်ခု ဖြစ်ရမည်။ ပပ သိသွားသဖြင့် ရှက်ကာငြင်းခြင်းလည်း ဖြစ်မည်။ ထို့ကြောင့် ကျွန်တော်ကိုယ်တိုင် လိုက်မေးရန် သူငယ်ချင်းများက မြှောက်ပေးကြ၏။ ကျွန်တော် ကလည်း ရည်းစားစာပြောလျှင် ရည်းစားစကား ပြောနှင့်လိုက်ဖို့ ဆုံးဖြတ်ချက်ကို ချသည်။ သူ ဆရာမ တိုင်လျှင်လည်း ရည်းစားစကားပြောခြင်း မဟုတ်၊ စာအုပ်ပြန်တောင်းခြင်းဟု ကာကွယ်နိုင် သည်။
	ကျွန်တော်လိုက်သည့်နေ့က တုန်လှုပ်သည် ကိုတော့ ၀န်ခံရမည်။
	သို့သော် ခင်မျိုးထွေးက အေးအေးဆေးဆေး ပင် အနားကပ်ခံ၏။ ကျွန်တော် တော်တော်နှင့် စကားပြောမထွက်၊ နောက်ဆုံးမှ ကြိုးစားကာ ပြောရသည်။
	““ခင်မျိုးထွေး ကိုယ့်စာအုပ်ရတယ် မဟုတ် လား””
	““ဘာစာအုပ်လည်း မှင်စာ ...””
	“DIARYစာအုပ်လေ””
	““ဘာတွေလာပြောနေတာလဲ ...ဘာDIARY စာအုပ်မှ မရဘူး””
	““မဟုတ်ဘူးလေ ..နင့်လွယ်အိတ်ထဲကို ငါကိုယ်တိုင် ...””
	““အိုး မရပါဘူးဆို ဘာစာအုပ်မှ မရဘူး။ ငါ ဘာမှမသိဘူး။ နင်ငါ့ကို မနှောင့်ယှက်နဲ့နော်””
	ထိုစကားနှင့်ပင် ကျွန်တော် လက်လျှော့ကာ ပြန်ပြေးရ၏။ အဖြေကား ရှာ၍မရ။ ဘာမှ ထပ် ဖန်တီး၍လည်း မရတော့။ ခင်မျိုးထွေးကား ပထမ အစမ်းမှာ အဆင့် (၁)ရမြဲ။
(လေး)
	ကျွန်တော်တို့ ကျောင်းမှာ နံရံကပ်စာစောင် အမြဲလုပ်သည်။
	သို့သော် ကျွန်တော့်ကဗျာကို မည်သူကမှ မချီးမွှမ်းကြပါ။
	ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ချီးမွှမ်းသော လူကထူးခြားစွာ ခင်မျိုးထွေးသာ ဖြစ်သည်။ ခင်မျိုးထွေး၏ “ကျွန်မ ၏ ဒိုင်ယာရီ”ဆိုသော ၀တ္ထုတိုကလေး အရမ်း ကောင်းတာပဲ ...တဲ့။ (ခင်မျိုးထွေးသည် နံရံကပ် စာစောင်မှာ တစ်ခါမှ ကဗျာ၊ ၀တ္ထုရေးဖူးသူ မဟုတ်)။
	ကျွန်တော်တို့ ငါးယောက်စလုံး ၀ုန်းခနဲ နံရံ ကပ်စာစောင်တွေ ရှေ့ရောက်သွား၏။ ကျွန်တော့်DIARYထဲက စကားလုံးတွေကို လူနေရာပြောင်း ကာ ရေးထားခြင်းဖြစ်သည်။ ကျွန်တော်တို့ အံ့သြ ခြင်း၊ ၀မ်းသာခြင်း ..တွေ ခံစားရ၏။ မှတ်မှတ်ရရ ခင်မျိုးထွေးက အဆုံးသတ်ကို အလွမ်းနှင့် သိမ်း ထား၏။ သူမ အမြဲဂရုစိုက်နေသော ကောင်လေး က စာမေးပွဲကျကာ သူမက အောင်သွားခြင်း ဖြစ်သည်။ ထိုဇာတ်သိမ်းတစ်ပိုဒ်တည်းကိုသာ သူ ရေးခြင်းလည်း ဖြစ်သည်။
	ကျွန်တော်တို့မှာ ဘာမှပြောလို့ မရ။
	အခုမှ ဒါကျွန်တော့်ဝတ္ထုပါဆို၍ ဟစ်ကြွေး လို့ မရ။ ဆရာမကို တိုင်၍လည်း မဖြစ်။ ခင်မျိုးထွေးကို ကျောင်းသူ၊ ကျောင်းသား တွေ ချီးကျူး တာ ကြားရ တိုင်း ကျွန် တော့်မှာ အ သည်း နှစ် ခါပြန် သုံး ခါပြန်နာသည်။ အံကြိတ်ရုံမှတစ်ပါး အခြားမရှိ။ အံ့သြရတာက ထင်မှတ်မထားဘဲ ခံရခြင်းကြောင့် ဖြစ်သည်။ ၀မ်းသာရတာက ခင်မျိုးထွေးDIARYကို တကယ်ရသည်။ ဒေါသထွက်ရတာက တော့ ကိုယ့်စကားလုံးများနှင့် သူချီးမွမ်းခံနေရ၊ ဂုဏ်တက်နေရသောကြောင့် ဖြစ်၏။
	သို့သော် လောကကြီးက အင်မတန် အံ့သြ စရာ ကောင်းပါသည်။ မတရားမှုကို သဘာဝ လောကကြီးက လက်မခံပါ။ ထိုနှစ်ကတစ်ကျောင်း လုံးက ဘက်စုံအထင်ကြီးသော ခင်မျိုးထွေး ဆယ်တန်းကို ဖုန်းကနဲကျလေသည်။ ကျွန်တော် တို့ ငါးယောက်စလုံး အောင်၏။ ရဲမြင့်တိုးကEnglish စာ ဒီပင်ပါသေးသည်။ ခင်မျိုးထွေး ဘာ ဖြစ်လို့ကျတာလဲဆိုတာ အားလုံးအံ့အားသင့်၍ စုံစမ်းကြရသည်။
	““နံရံကပ်စာစောင်မှာ ပါပြီးကတည်းက ၀တ္ထု တွေ ရေးရေးပြီး မဂ္ဂဇင်းကို ပို့နေလို့””
	““ဟာဍ ...ဍ””
	““ဟုတ်လား ဆရာမ၊ တကယ်လား””
	““ဟုတ်တယ်၊ ဆရာမနဲ့ သူ့အိမ်က တားတာ လည်း မရဘူး၊ ဘယ်လိုဖြစ်သွားလည်း မသိပါဘူး ကွာ၊ နှမြောစရာ ကောင်းလိုက်တာ ...””
	ခင်မျိုးထွေး စာရေးဆရာမ ဖြစ်နေလား၊ မဖြစ်ဘူးလား၊ ကျွန်တော် မသိတော့ပါ။
(၁၉၈၃-၈၄)
သူငယ်ချင်းများအမှတ်တရ
နီကိုရဲ
	၂၄-၁၀-၂၀၁၂ တွင် ကွယ်လွန်သွားသည်မှာ သုံးနှစ်ပြည့်ခဲ့ပြီဖြစ်သော ဆရာနီကိုရဲကို ဂုဏ်ပြုသော အားဖြင့် အမှတ်-၉၂၊ ဟန်သစ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့ သည့် ၀တ္ထုတိုကို ပြန်လည်ဖော်ပြအပ်ပါသည်။
နိုဝင်ဘာလထုတ် ကျန်းမာရေးမဂ္ဂဇင်းမှ နီကိုရဲ၏
ဇာတ်သိမ်းမှားတဲ့ ဒိုင်ယာရီ
ကျောင်းတက်ခေါင်းလောင်းသံကို ကြားရသည်နှင့် ကျွန်တော်တို့ငါးယောက်လက်ထဲတွင် ရှိနေသော ဒူးယားစီးကရက်ကို တစ်ယောက် တစ်လှည့်စီ အမြန်ဖွာကာ လွှင့်ပစ်ရင်း ကျောင်းထဲ သို့ ၀င်ကြရသည်။ ကျွန်တော်တို့ ကျောင်းရှေ့တွင် စီးကရက် ခိုးသောက်နေကြခြင်းဖြစ်သည်။ ယခုခေတ်အတွက်တော့ ထိုစကားမှာ အနည်းငယ် နားရှုပ်သွားစရာအကြောင်းရှိပါသည်။ ကျွန်တော်တို့ (၁၀)တန်း တစ်နှစ်ကျသည့် ၁၉၈၃ ခုနှစ်က ကျွန်တော်တို့မှာ ကျောင်းသားများ လို စီးကရက်ကို ကျောင်းစာသင်ခန်းအပြင် ဆရာများ၊ ဆရာမများရှေ့တွင် စတိုင်(လ်)ကျကျ ခပ်တည်တည် မသောက်ရဲပါ။ ကျောင်းသို့တဖွဲဖွဲ လာနေကြသော ကောင်မလေးများရှေ့တွင် လည်း စီးကရက်ကို စတိုင်(လ်)ပါပါဖြင့် သောက်ပြကာ သူတို့ကို အိုက်တင်ခံချင်ကြ၏။
ထို့ကြောင့် ဒူးယားစီးကရက်ဝယ်ကာ တစ် ယောက်တစ်လှည့် ခိုးဖွာရင်း ကောင်မလေးတွေကို အိုက်တင်ပြ၊ ဟေ့ ...ဆရာလာပြီဆိုလျှင် စီးကရက်ကို ဖွက်ရသည်။ မည်သည့်အတန်းကို သင်သည့် ဆရာ/ဆရာမဖြစ်စေ ကျွန်တော်တို့ စီးကရက်သောက်နေတာကို မြင်သွားလျှင် အပြစ် ပေး၍ရသည်။ ဆုံးမ၍ရသည်။ ဒါတောင် တစ်ခါ တုန်းက စောနိုင်ဆိုသည့်ကောင် စီးကရက်ဖွာ အပြီး ဘွားခနဲပေါ်လာသော ဆရာမကို သွားပြုံး ပြမိသဖြင့် ဆရာမ သိသွားကာ ကျွန်တော်တို့ ဗိုက်ကြောအလိမ်ခံရ၊ စီးကရက်လွှင့်ပစ်ခံလိုက်ရ ဖူးသည်။
ကျွန်တော်တို့ ငါးယောက် ဆိုသည်မှာ ကျွန်တော်၊ မောင်နီ၊ ရဲမြင့်တိုး၊ အောင်စိုးနိုင်နှင့် စောနိုင်တို့ဖြစ်သည်။ အတန်းထဲရောက်ပြီး မင်္ဂလာ ပါဆရာမ ...ဟူသည့် အသံအဆုံး ကျောင်းသား တွေ အားလုံးထိုင်ကြတော့ ခင်မျိုးထွေးက မထိုင် လက်ပိုက်ကာ ရပ်နေ၏။
““ခင်မျိုးထွေး ဘာဖြစ်လို့ မထိုင်တာလဲ””
““သမီး ...ဆရာမကို တိုင်စရာရှိလို့ပါ ဆရာမ””
ခင်မျိုးထွေး၏ စကားကြောင့် အတန်းသည် ရုတ်တရက် ငြိမ်ကာသွားသည်။ ကျွန်တော်တို့ လည်း စိတ်ညစ်ကာ ထိတ်လန့်သွားကြ၏။ ကျောင်းတက်ခါစ အတန်းပိုင်ဆရာမ ဒေါပွလျှင် တစ်နေ့လုံး ကျွန်တော်တို့ အတန်းသွားပြီ။ ဆရာမ ကလည်း စာကိုရယ်ရယ်မောမော မသင်တော့ဘဲ ပြဿနာကို အကြောင်းပြုကာ တစ်တန်းလုံးကို ဆူတော့မည်။ ကျန်သည့် ဆရာများကလည်း ပြဿနာတက်ပြီးသား အတန်းဆိုလျှင် ခပ် တည်တည်၊ ခပ်ထန်ထန် ဆက်ဆံတတ်သဖြင့် ကျွန်တော်တို့မှာ နောက်ထပ်အပြစ်တစ်ခု မရ,ရ အောင် မလှုပ်ရဲ၊ မရှားရဲ၊ မပျော်ရဲ၊ မပါးရဲ၊ မအော် ရဲ၊ မဟစ်ရဲဖြင့် တော်တော်စိတ်ညစ်ရတတ်၏။ ထို့ကြောင့် ကျွန်တော်တို့အားလုံး ငြိမ်ကျသွားခြင်း ဖြစ်ပါသည်။
““အတန်းတောင်မှ မစ,ရသေးပါလား။ ကဲ...ခင်မျိုးထွေး သမီး ဘာလဲပြော ...””
““သမီးကို အောင်အောင် စာပေးလို့ပါ ဆရာမ””
သွားပြီ။ ကျွန်တော်တို့ တစ်တန်းလုံး ချောက် ချားကာ အောင်အောင်ကို လှည့်ကြည့်တော့ အောင်အောင်လည်း အတော်တုန်လှုပ်ကာ နေ၏။ ခင်မျိုးထွေးက ဆရာမကို သူ့လွယ်အိတ်ထဲမှ စာကို ထုတ်ကာပြသည်။ ဆရာမက ကျောင်း မတက်မီ မုန့်သွားစားခိုက် ခင်မျိုးထွေး လွယ်အိတ် ထဲကို အောင်အောင် စာဝင်ထည့်တာကိုမြင်သည့် ကျောင်းသူများကို ဒေါသဖြင့် စစ်ဆေးသည်။
ဒီလိုနည်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်လို့ ရမတဲ့လား (ရဲဘော်ဖိုးသံချောင်း) နေ့သစ် .. http://www.naytthit.net/?p=31965
Ag Kyaw Khin and 3 other friends shared Zaw Win's photo.
ဒီလိုနည်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်လို့ ရမတဲ့လား (ရဲဘော်ဖိုးသံချောင်း)
နေ့သစ် .. http://www.naytthit.net/?p=31965
ဗမာပြည်ရဲ့ရာစုနှစ်တ၀က်ကျော်ကြာ ပြည်တွင်းစစ်ကြီး စတင်ဖြစ်ပေါ်ခဲ့တာမှာ ဗမာပြည်စစ်အုပ်စုအဆက်ဆက်ရဲ့ ရှေးဦး လမ်းဖောက်သူလို့ ပြောရမယ့် စစ်တပ်အတွင်းက ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးစသူတွေရဲ့ ဆိုရှယ်လစ် အုပ်စုဟာ အရေးကြီးတဲ့အခန်းက ပါဝင်ခဲ့ပါတယ်။ နောက်ပြီး ဖဆပလ-ပထစအစိုးရတွေရဲ့ လက်ထက် တလျှောက်လုံး မှာလည်း သူတို့ဟာ ပြည်တွင်းစစ်ရပ်စဲရေးကို အပြင်းအထန်ဆန့်ကျင်ပြီး အပြုတ်တိုက်ရေး ကြွေးကြော်သံကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ခဲ့ကြပါတယ်။
ဗမာပြည်မှာပထမဆုံးငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာက ၁၉၆၂မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်နေ၀င်းက ၁၉၆၃ ခုနှစ်မှာ ခေါ် ဆိုခဲ့တဲ့ဆွေးနွေးပွဲ ဖြစ်ပါတယ်၊ အဲဒီတုန်းက တော်လှန်ရေးကောင်စီအစိုးရက ဒီဆွေးနွေးပွဲကိုခေါ်ရတာရဲ့နောက်ခံက
(၁) ၁၉၆၂ခုနှစ် အာဏာသိမ်းပွဲဟာ ပြည်သူလူထုက တဘက်စောင်းနင်း ၀ှဲချီးမဲပေးခဲ့တဲ့ ဦးနုရဲ့ပထစအစိုးရလက်ထဲက အာဏာသိမ်းတာမို့ တပြည်လုံးကမခံမရပ်နိုင်ဖြစ်နေချိန် ဖြစ်တယ်။
(၂) ၇ရက်ဇူလိုင်ကျောင်းသားသတ်ပွဲလို၊ ရနိကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဆောက်အဦကြီးဖြိုချတာလို လူ ထုဆန့်ကျင်ရေးလုပ်ငန်းတွေကြောင့် စစ်အစိုးရဟာ ပြည်တွင်းပြည်ပမှာ အကြီးအကျယ်နာမည်ပျက်ပြီး အထီးကျန်ဖြစ် နေရတယ်။
(၃) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတဲ့ အသစ်အဆန်းတခုကိုလည်းပွဲထုတ်တော့မှာမို့ အားလုံးကအထင်ကြီးမယ့်၊ အာရုံ ဆွဲဆောင်နိုင်တဲ့ စတန့်လုပ်ရပ်တခုလုပ်ပြဖို့ လိုနေပါတယ်။ ဒါကြောင့် ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲဆို တာကို ခေါ်ဆိုလိုက်တာပါ။
အဲဒီဆွေး နွေးပွဲတွေပြီးသွားတဲ့အခါကျတော့ စစ်အစိုးရအနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခုက ခေါင်းဆောင်၂ ဦးကို ရာထူးပေး၊ အခွင့်အရေးပေးပြီးဝယ်ယူလိုက်နိုင်တာပဲ အဖတ်တင်ကျန်ရစ်ပါတယ်။ ကျန်လက်နက်ကိုင် အဖွဲ့အစည်းတွေ အပေါ်တော့ ကြီးမားတဲ့ထိုးစစ်ကြီးတွေ ဆက်တိုက်ဆင်နွှဲခဲ့ပါတယ်။
ဒုတိယတကြိမ်က ၁၉၈၀-၈၁ တုန်းက ဗကပ၊ ကေအိုင်အိုတို့နဲ့ တိုးတိုးတိတ်တိတ် ခေါ်ဆိုကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေး နွေးပွဲဆိုတာတွေပါ။ အဲဒါကလည်း ဗိုလ်နေ၀င်းတို့ကဆန္ဒရှိလို့ လက်ဦးမှုယူခေါ်ခဲ့တာ မဟုတ်ပါဘူး။ တရုတ်က သူ့တိုင်း ပြည်စီးပွားရေးတွန်းတင်ဖို့အတွက် ဗမာပြည်နဲ့နယ်စပ်တလျှောက်မှာ စစ်တိုက်တာတွေ ရပ်စဲစေချင်လို့ တိုက်တွန်းတာနဲ့ တရုတ်ခေါင်းဆောင်တွေကျေနပ်အောင် ဗိုလ်နေ၀င်းက ဟန်ဆောင်ဆွေးနွေးပွဲခေါ်ခဲ့တာပါ။ ဗကပနဲ့ ကေအိုင်အိုတို့က တော့ သူတို့အနေနဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားကြောင်းဖော်ပြချင်တာနဲ့ သွားဆွေးနွေးကြပါတယ်။ ဒါပေမဲ့ မဆလ အစိုးရဟာ ဗကပနဲ့ဆွေးနွေးပွဲကို တမနက်ပဲဆွေးနွေးပြီး ဘာအကြောင်းပြချက်မှ မယ်မယ်ရရမပြဘဲ ဖျက်ပစ်ခဲ့ပါတယ်။ ကေအိုင်အိုနဲ့ဆွေးနွေးတာကိုတော့ ရုပ်ပြကောင်းအောင်အချိန်ဆွဲထားပြီး နောက်ဆုံးကျတော့လည်း ဘာအသီးအပွင့်မှ မတွေ့ကြရဘဲ စစ်ပြန်ဖြစ်ခဲ့တာ ဒီနေ့အထိပါပဲ။
တတိယအကြိမ်ကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးပြီးလို့ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲလုပ်တော့မယ့် အချိန် တ၀ိုက်မှာ ပါ။ အားလုံးသိကြတဲ့အတိုင်းပါပဲ အဲဒီအချိန်လောက် စစ်အစိုးရအထီးကျန်ဖြစ်တာ ဘယ်တုန်းကမှမရှိပါဘူး။ သူတို့မှာ အင်အားကြီးလှတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်သူလူထုကြီး ကိုရင်ဆိုင်နေရပါတယ်။ သူတို့အနေနဲ့ စစ်မျက်နှာ တွေအများကြီးမဖွင့်နိုင်ပါဘူး။ အဲဒီတုန်းက သူတို့ရဲ့စစ်အင်အားဟာ အဓိကအားဖြင့် ဆန္ဒပြလူထုကိုဖြိုခွဲဖို့ အရံတပ်အဖြစ် ထားရှိရပါတယ်။ ဒီလိုအခါမှာ န၀တအစိုးရဟာ “အပစ်ရပ်” လှုပ်ရှားမှုကို အကောင်အထည်ဖော်ခဲ့ရပါတယ်။ နောက်ပြီး အဲဒီတုန်းက တိုင်းရင်းသားတပ်တွေက လမ်းခွဲလိုက်တဲ့ ဗကပကို ခြေကုပ်အသစ်မရအောင်လုပ်ဖို့ကလည်း အထူးလိုအပ် နေပါတယ်။ ဒီလိုနဲ့ အနှစ်နှစ်ဆယ်နီးပါးကြာတဲ့ စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်းမဟုတ်ဆိုတဲ့အနေ အထားတခုကို တိုင်းပြည်ရဲ့ သယံဇာတတွေအဆုံးအရှုံးခံပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဗိုလ်ခင်ညွန့်ကို အကူအညီအ ထောက်အကူတွေ အများကြီးပေးခဲ့တဲ့ ဘိန်းဘုရင်လော်စစ်ဟန်နဲ့ သူ့သားကို စစ်အုပ်စုက သူတို့ပိုင် မူးယစ်ဆေးဝါးကရ တဲ့ ငွေစက္ကူတွေခ၀ါချဖို့အတွက် တခြားလုပ်ငန်းအမျိုးမျိုး လုပ်ကိုင်ခွင့်ပေးတာအပြင် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအ တွက် စားပေါက်တွေဖန်တီးဆုချခဲ့ပါတယ်။
အခု အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးသိန်းစိန်ရဲ့လက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်ခေတ်ထလာပါတယ်။ ဒီတခါ ဟာလည်း သူတို့ရဲ့“အပြောင်းအလဲ” ဇာတ်လမ်းသစ်အတွက် ရုပ်ပြကောင်းဖို့လိုအပ်နေချိန် ဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်အပါ အနောက်နိုင်ငံတွေရဲ့ အသိအမှတ်ပြုဆက်ဆံမှုကို အရမ်းလိုချင်နေချိန် ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကို အနှစ် ၆၀ ကျော် တိုက်လာတဲ့ စစ်တပ်အနေနဲ့ ဒီစစ်ကိုနိုင်အောင်တိုက်လို့မရဘူးလို့ သဘောပေါက်လာတာကလည်း တကြောင်းဖြစ်နိုင်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ စစ်အစိုးရအဆက်ဆက်ရဲ့ “ငြိမ်းချမ်းရေး” ခေါ်ဆိုတယ်ဆိုတာတွေကို ပြန်ကြည့်လိုက်ရင် စစ်အ စိုးရတွေဟာ သူတို့ရဲ့နိုင်ငံရေးအကြပ်အတည်းကိုကျော်လွှားဖို့၊ ဒါမှမဟုတ် ပြည်ပအင်အားကြီးတွေကို မျက်နှာချိုသွေးဖို့၊ မီဒီယာအမြတ်ထုတ်ဖို့ ”ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဇာတ်ခင်းလေ့ရှိတယ်ဆိုတာကို တွေ့ရမှာပါ။ တနည်းပြောရရင် ဒီကွေ့ မျိုးကို ဒီတက်နဲ့မှ ကျော်လို့ရတယ်ဆိုတာ စစ်ဗိုလ်ချုပ်တွေကောင်းကောင်းသိနေပါပြီ။ ဗိုလ်နေ၀င်း လက်ထက်ကစလို့ ပြည်တွင်းစစ်ကို တမင်မွေးထားတဲ့စစ်အုပ်စုဟာ နောင်မှာလည်း ဒီလို “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဇာတ်လမ်းတွေ လိုအပ် ရင် လိုအပ်သလို ခင်းနေဦးမယ်ဆိုတာ သေချာပါတယ်။
ဒီနေ့ကာလမှာ ပြည်တွင်းစစ်ကိုဖြစ်ပေါ်စေတဲ့၊ ပြည်တွင်းငြိမ်းချမ်းရေးကိုပျက်ပြားစေတဲ့ အရာတွေဟာ ကြံ့ဖွတ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မတရားသင်းဥပဒေ၊ ပုဒ်မ (၅) တို့လို ဥပဒေတွေထဲမှာ တည်ရှိနေပါတယ်။ အဲဒီ ဥပဒေတွေကိုမဖျက်သိမ်းဘဲ ငြိမ်းချမ်းရေးတည်ဆောက်တယ်ဆိုတာဟာ ရေပေါ်မှာသဲပုံစေတီတည်သလိုသာ ဖြစ်ပါလိမ့် မယ်။
ကြံ့ဖွတ်အစိုးရဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုခေါ်ဆိုရာမှာ တကယ်တမ်းသာ ရိုးသားတယ်ဆိုရင် တဘက်အင်အား စုတွေကို ဖြိုခွဲဖို့၊ ဥစ္စာဓနအခွင့်အရေးနဲ့ ဆွဲဆောင်တာ မဖြစ်ဖို့လိုပါတယ်။ စစ်အစိုးရတွေနဲ့ “ဆွေးနွေး” လို့ အဖွဲ့အစည်း တွေအတွင်း ကွဲတယ်ပြဲတယ်ဆိုတာဟာ ၁၉၆၃-၆၄ခုနှစ်တွေကတည်းက တွေ့ခဲ့ရပြီးပါပြီ။ အခုအခါမှာလည်း တဖွဲ့ချင်း၊ တစုချင်း၊ တဦးချင်း ပဲ့ထွက်၊ ကွဲထွက်တာတွေ မမြင်ချင့်အဆုံး တွေ့နေရပါတယ်။
ဗိုလ်နေ၀င်းရဲ့ ၁၉၆၃ ခုနှစ် ဆွေးနွေးပွဲတုန်းက ဗိုလ်နေ၀င်းဟာ “လက်နက်ကိုင်တိုက်ခိုက်နေကြသော တောတွင်းအဖွဲ့ အစည်းအားလုံးသို့” လို့ လိပ်မူပြီး တိုင်းပြည်တနံတလျားကို ဆွေးနွေးပွဲဖိတ်ခေါ်ကြောင်း အတိအလင်းကြေညာခဲ့ပါတယ်။ ဒါနဲ့ပြောင်းပြန် ကြံ့ဖွတ်အစိုးရကတော့ “ကြားခံ” လူတွေကတဆင့် ခိုးကြောင်ခိုးဝှက်လုပ်၊ အခြေအနေတခုရောက်ရင် လူ သိရှင်ကြားကြေညာ ဆိုတာမျိုးတွေလုပ်နေပါတယ်။
အဲဒီအခါတုန်းက နှစ်ဘက်သဘောတူညီချက်တွေမရှိပေမဲ့ နှစ်ဘက်ဟာစစ်ရပ်ထားသလို ပြုမူကြပါတယ်။ ဒီနေ့ ကြံ့ဖွတ် အစိုးရကတော့ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ထဲမှာ ထိုးစစ်အကြီးအသေးတွေကို ရပ်ထားခြင်းမရှိတဲ့အပြင် ဒီလို စစ် တိုက်ပြီး ဆွေးနွေးပွဲတွေမှာ ဖိအားပေးတာတွေတောင်လုပ်နေပါတယ်။
၁၉၆၃ ခုနှစ်တုန်းက ရန်ကုန်မှာ (၇) ခရိုင်ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြပွဲကြီး၊ မန္တလေးမှာ (၅) ခရိုင် ငြိမ်းချမ်းရေးဆန္ဒ ပြပွဲကြီးတွေကို လူတွေသိန်းချီတက်တာရှိခဲ့ပါတယ်။ ဒါတွေကို ဗိုလ်နေ၀င်းက “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” တွေ မဖျက်သိမ်း မချင်း ခွင့်ပြုထားပါတယ်။ (ဆွေးနွေးပွဲတွေပြီတော့မှ အားလုံးကို ၀ါးလုံးသိမ်းလိုက်ဖမ်းပါတယ်) ဒါနဲ့မတူ့ အငြိမ်းစား ဗိုလ် ချုပ်ကြီး ဦးသိန်းစိန်ကတော့ “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” တွေလုပ်နေတယ် ဆိုတဲ့ကာလအတွင်းမှာပဲ ညမှာအိပ်နေတဲ့ သံ ဃာတော်တွေ (သူတို့ထက်ငြိမ်းချမ်းစွာဆန္ဒပြတာမရှိ) ကို မီးလောင်တိုက်သွင်းတာ၊ အနယ်နယ်အရပ်ရပ်က သပိတ် သမားတွေကို ဖမ်းဆီးနှိပ်စက်တာတွေလုပ်နေပါတယ်။
ဗိုလ်နေ၀င်းကစလို့ ဗိုလ်သိန်းစိန်အထိ စစ်အစိုးရအဆက်ဆက်လုပ်ခဲ့တဲ့ “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဆိုတာတွေမှာ ထူး ထူးခြားခြား တူညီချက်နှစ်ချက်ကတော့ ဒီဆွေးနွေးပွဲတွေထဲမှာ ထောက်လှမ်းရေးကအဓိက ပါဝင်နေတာနဲ့ အစိုးရဟာ လူထုကိုလှုံ့ဆော်ကျင်းပတာမျိုး မလုပ်တာပါပဲ။ တကယ်တော့ ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်အလိုလားဆုံးသူဟာ ပြည်သူလူထုတွေပါ။ တကယ်တမ်း ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုရင် သူတို့တတွေ အင်မတန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရုံမက တက်တက်ကြွကြွ ပါဝင်ကြမှာပါ။ ဒါပေမဲ့ စစ်အစိုးရတွေကတော့ အဲဒါနဲ့ပြောင်းပြန် လူထုကိုခြောက်လှန့်တာ တွေတောင် လုပ်ထားကြပါတယ်။
၁၉၆၃ ခုနှစ် “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဆိုတာနဲ့ အမ်အိုင်တင်ဦး၊ ၁၉၉၀ ခုနှစ် တ၀ိုက်က “အပစ်ရပ်ဆွေးနွေးပွဲ” တွေနဲ့ ဗိုလ်ခင်ညွန့်၊ ဒီနေ့လုပ်နေတဲ့”ငြိမ်းချမ်းရေးဆွေးနွေးပွဲ”တွေနဲ့ဗိုလ်အောင်မင်း (ဗိုလ်အောင်မင်းဟာ တပိုင်းက ထောက် လှမ်းရေးအလုပ်ကို လုပ်နေတယ်ဆိုတာ လူတိုင်းသိကြပါတယ်)၊ ခွဲမရနိုင်တဲ့ လက်သည်တွေလို့ပြောနိုင်ပါတယ်။ ဒါဟာ စစ်အစိုးရဘက်က ရိုးသားမှုမရှိတာကိုဖော်ပြနေတာလို့ ပြောရင် မမှားပါဘူး။
ဗိုလ်ချုပ်ကြီးဟောင်း သန်းစိန်တို့အနေနဲ့ တကယ်တမ်းငြိမ်းချမ်းရေး ဖော်ဆောင်ချင်တယ်ဆိုရင်
(၁) တနိုင်ငံလုံးကို ကြေညာပြီးအဖွဲ့အစည်းအားလုံးနဲ့ တတန်းတည်းဆက်ဆံလုပ်ကိုင်ပါ။
(၂) ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရာမှာ ပြည်သူလူထုကို လွတ်လွတ်လပ်လပ် တက်တက်ကြွကြွ ပါဝင်ခွင့်ပြုပါ။ (၃) ပြည်တွင်းငြိမ်းချမ်းရေးကို အတားအဆီဖြစ်နေတဲ့၊ ပြည်တွင်းစစ် ဆက်လက်တည်ရှိရေးအတွက် အကျိုးပြုနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပါ မတရားတဲ့၊ နိုင်ငံရေးလက္ခဏာဆောင်တဲ့ အမိန့်ဥပဒေတွေကို ဖျက်သိမ်းပစ်ပါ။ (၄) ကိုယ့်နိုင်ငံရေး၊ ဒါမှမဟုတ် စီးပွားရေး၊ ဒါမှမဟုတ် သံတမာန်ရေးအကြပ်အတည်းတွေကို ကျော်လွှားနိုင်ရုံ တနပ်စား ဖြေရှင်းနည်းတွေနဲ့ မဖြေရှင်းပါနဲ့။
ရဲဘော်ဖိုးသံချောင်း
ဒီလိုနည်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက
်လို့ ရမတဲ့လား (ရဲဘော်ဖိုးသံချောင်း)
နေ့သစ် .. http://www.naytthit.net/?p=31965
ဗမာပြည်ရဲ့ရာစုနှစ်တ၀က်ကျော်ကြာ ပြည်တွင်းစစ်ကြီး စတင်ဖြစ်ပေါ်ခဲ့တာမှာ ဗမာပြည်စစ်အုပ်စုအဆက်ဆက်ရဲ့ ရှေးဦး လမ်းဖောက်သူလို့ ပြောရမယ့် စစ်တပ်အတွင်းက ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးစသူတွေရဲ့ ဆိုရှယ်လစ် အုပ်စုဟာ အရေးကြီးတဲ့အခန်းက ပါဝင်ခဲ့ပါတယ်။ နောက်ပြီး ဖဆပလ-ပထစအစိုးရတွေရဲ့ လက်ထက် တလျှောက်လုံး မှာလည်း သူတို့ဟာ ပြည်တွင်းစစ်ရပ်စဲရေးကို အပြင်းအထန်ဆန့်ကျင်ပြီး အပြုတ်တိုက်ရေး ကြွေးကြော်သံကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ခဲ့ကြပါတယ်။
လွင့်မျောနေသောကမ္ဘာကြီး၏ အနုပညာသည်တစ်ဦး - မြင့်သန်း
လေယာဉ်/ရဟတ်ယာဉ် လေကြောင်းပစ်ကူ...။ လက်နက်ကြီးပစ်ကူ...။ လူ့အသက်ပေါင်းများစွာ အစတေးခံအရင်းတည်ပြီး မိမိတိုင်းရင်းသားလက်နက်ကိုင် ကေအိုင်အေကိုတိုက်ခိုက်နေသော မြန်မာ့တပ်မတော်ခေါင်းဆောင်များသို့ .....။
Khin Mgoo and Myint Sein shared ငရဲ သား's photo.
လေယာဉ်/ရဟတ်ယာဉ် လေကြောင်းပစ်ကူ...။
လက်နက်ကြီးပစ်ကူ...။
လူ့အသက်ပေါင်းများစွာ အစတေးခံအရင်းတည်ပြီး
မိမိတိုင်းရင်းသားလက်နက်ကိုင် ကေအိုင်အေကိုတိုက်ခိုက်နေသော 
မြန်မာ့တပ်မတော်ခေါင်းဆောင်များသို့ .....။
----------------------------------------------------------------------------------
ခင်ဗျားတို့ကို .... ကျုပ်တို့ ပိုပြီး အပြစ်တင်တယ်.....။
တင်ခွင့်ရှိတယ်....။
ခင်ဗျားတို့ကို ကျုပ်တို့ လစာပေးထားတာ.....။
ခင်ဗျားတို့ .. ကျုပ်တို့ ပြည်သူ့လစာ စားနေတာ...။
ခင်ဗျားတို့ အင်းဝဘဏ်က ထုတ်သမျှ ငွေတိုင်းက ဦးပိုင်ငွေမဟုတ်ဘူး..။ ပြည်သူ့ဘဏ္ဍာ..။
--------------------------------------------------------------------------------------
ခင်ဗျားတို့ လေကြောင်းပစ်ကူသုံးတယ်....။ 
အဲဒီအတွက် ..ခင်ဗျားတို့ကို ကျုပ်တို့ ပိုပြီး .....အပြစ်တင်တယ်...။
အပြစ်တင်ခွင့်လည်းရှိတယ်...။
ခင်ဗျားတို့ သုံးတဲ့လေယာဉ်တွေက .........
ကျုပ်တို့တတွေ မီးအပျက်ခံ.....။ ကျောင်းစာအုပ် အလာက်မငှတဲ့ဒဏ်ခံ၊
ဆေးရုံမှာ ဆေးဝါးမရှိခဲ့ဒဏ် ....။ မ၀ရေစား စားခဲ့ရတဲ့ ဒဏ် .. နောက်ဆုံးဗျာ.....
နိုင်ငံခြားမှာ ကျွန်ခံလုပ်ပြီး အခွန်ဆောင်ခဲ့ရတဲ့ ဘဏ္ဍာငွေတွေကို 
စစ်သုံးစရိတ် အဖြစ် ဘတ်ဂျက် ရှင်းတမ်းအများဆုံးနဲ့ ....။
ခင်ဗျားတို့ သုံးစွဲခွင့်ပြုခဲ့တာ...... .. 
----------------------------------------------------------------------------------------
ခင်ဗျားတို့ လက်နက်ကြီးမျိုးစုံသုံးတယ်....။
အဲဒီအတွက် ..ခင်ဗျားတို့ကို ကျုပ်တို့ ပိုပြီး အပြစ်တင်တယ်...။
အပြစ်တင်ခွင့်လည်းရှိတယ်..။
ခင်ဗျားတို့သုံးတဲ့ လက်နက်ကြီး/ကျည် တွေက
ကျုပ်တို့မြေမှာ ...
တရုတ်က လာပြီး ဂုတ်သွေးအစုပ်ခံ၊
အလကားနီးပါး .. စီမံကိန်းတွေ လာလုပ်၊ ပြုကျင့်ခြင်းတိုင်းပြုကျင့်..။
သယံဇတတွေကို မတန်တဆ ရောင်း၊ ဖဲသမား ရွှေပေါင်သလို ရတာလေးကို ...
ခင်ဗျားတို့ သုံးဖို့ အတွက် ဘတ်ဂျက်ချမှတ်ပေးခဲ့တာ....။
-------------------------------------------------------------------------------------------
ခင်ဗျားတို့ လူအင်အား၊ ရဲဘော်ပေါင်းများစွာ၊ ပြည်သူပေါင်းများစွာ ရဲ့ သွေး/ချွေးတွေကို စတေးခဲ့တယ်..
အဲဒီအတွက် ..ခင်ဗျားတို့ကို ကျုပ်တို့ ပိုပြီး အပြစ်တင်တယ်...။
အပြစ်တင်ခွင့်လည်းရှိတယ်..။
ခင်ဗျားတို့ စတေးခဲ့တဲ့ အသက်တွေက ..
ကျုပ်တို့တတွေ မွေးဖွား ပျိုးထောင်ခဲ့ရတဲ့ လူငယ်တွေ၊ အနာဂတ်အတွက် အားကိုးရသူတွေ၊
တချိန်မှာ နိုင်ငံအကျိုးအတွက်အတွက် မြုပ်နှံထားတဲ့ ရင်းနှီးမှုတွေကို...
ခင်ဗျားတို့ တလွဲဆံပင်ကောင်း အညွန့်ချိုး ... အသုံးချခဲ့တယ်....။ စတေးခဲ့တယ်..။
--------------------------------------------------------------------------------
တစ်ဦးတစ်ယောက်ရဲ့ လမ်းညွှန်မှုကြောင့်ပဲဖြစ်ဖြစ် ..။
အစိုးရနဲ့ အာဏာ လွန်ဆွဲချင်လို့ပဲဖြစ်ဖြစ် .....။
တစ်နိုင်ငံ/တစ်ဦးတစ်ယောက်/အဖွဲ့အစည်း တစ်ခုရဲ့ ဆန္ဒ/အကျိုးစီးပွားကြောင့်ပဲဖြစ်ဖြစ်...။
အခြေခံဥပဒေ အားကိုးနဲ့ပဲဖြစ်ဖြစ် .... ကေအိုင်အေကို အင်အားအလွန်အကျွံသုံးတိုက်ခိုက်နေခဲ့တာဟာ...
တပ်မတော် အား ပြည်သူမှု ယုံကြည်ကိုးစားမှု ....
တိုင်းရင်းသားများရဲ့ ယုံကြည်ကိုးစားမှုနဲ့ ......
နိုင်ငံတကာ အလယ်မှာ ခေတ်မီတပ်မတော်ဖြစ်လာဖို့ .. အလားအလာရှိလာမယ့် ...
နိုင်ငံတကာနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာအကူအညီ ရရှိမှု
အစရှိတဲ့ မျှော်လင့်ချက်တွေကို .....
ခင်ဗျားတို့ဘာသာ ရိုက်ချိုးလိုက်တာပဲလို့ .... ယူဆပါတယ်....။
-----------------------------------------------------------------------------------------------------------------------------
ခင်ဗျားတို့ကို ဖခင်ကြီး မှာသွားတဲ့ စကားကိုလည်း သတိရကြပါဦး..။
ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကိုညှဉ်းဘို့မဟုတ်။ 
လက်နက်အားကိုးတန်ခိုးပြဘို့မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့အစေခံ မဖြစ်ရဘူး။
ဒါက စကားရိုင်းရိုင်းနဲ့နားလည်အောင်ပြောပြတာ ပဲ။ 
ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။
 နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။
အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲအားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ 
အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကိုလက်နက်အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင်အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။
ငါတို့က ဒီလိုမဟုတ်အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကိုမတရားရင်မကြောက်။ အားကြီးတဲ့အခါလည်းအားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်းလုပ်ချင်တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့အစေခံဖြစ်တယ်လို့ ပြောတာဘဲ။
နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီးနိုင်ငံရဲ့အမှုကို ဘယ်ခါမဆိုထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။
(ဗိုလ်ချုပ်အောင်ဆန်း)
------------------------------------------------------------------------------------------------------------------------------------
အဲဒီတော့ ...
အခုလို စစ်ပွဲတွေ ဖြစ်နေတာကို ....
ခင်ဗျားတို့ကို ...
ကျုပ်တို့ ..အပြစ်တင်ခွင့်ရှိတယ်....။
ရှုတ်ချပိုင်ခွင့်ရှိတယ်..။
ကန့်ကွက်ပိုင်ခွင့်ရှိတယ်...။
တောင်းဆိုပိုင်ခွင့်ရှိတယ်....။
တားမြစ်ပိုင်ခွင့်ရှိတယ်....။
ဘာ့ကြောင့်လဲဆိုတော့ ... ခင်ဗျားတို့ဟာ ကျုပ်တို့လစာစားနေရတဲ့ ပြည်သူ့အစေခံတွေပဲ.....။
လေယာဉ်/ရဟတ်ယာဉ် လေကြောင်းပစ်ကူ...။
လက်နက်ကြီးပစ်ကူ...။
လူ့အသက်ပေါင်းများစွာ အစတေးခံအရင်းတည်ပြီး
မိမိတိုင်းရင်းသားလက်နက်ကိုင် ကေအိုင်အေကိုတိုက်ခိုက်နေသော
မြန်မာ့တပ်မတော်ခေါင်းဆောင်များသို့ .....။
----------------------------------------------------------------------------------
ခင်ဗျားတို့ကို .... ကျုပ်တို့ ပိုပြီး အပြစ်တင်တယ်.....။
တင်ခွင့်ရှိတယ်....။
ခင်ဗျားတို့ကို ကျုပ်တို့ လစာပေးထားတာ.....။
ခင်ဗျားတို့ .. ကျုပ်တို့ ပြည်သူ့လစာ စားနေတာ...။
ခင်ဗျားတို့ အင်းဝဘဏ်က ထုတ်သမျှ ငွေတိုင်းက ဦးပိုင်ငွေမဟုတ်ဘူး..။ ပြည်သူ့ဘဏ္ဍာ..။
--------------------------------------------------------------------------------------
ခင်ဗျားတို့ လေကြောင်းပစ်ကူသုံးတယ်....။
အဲဒီအတွက် ..ခင်ဗျားတို့ကို ကျုပ်တို့ ပိုပြီး .....အပြစ်တင်တယ်...။
အပြစ်တင်ခွင့်လည်းရှိတယ်...။
ခင်ဗျားတို့ သုံးတဲ့လေယာဉ်တွေက .........
ကျုပ်တို့တတွေ မီးအပျက်ခံ.....။ ကျောင်းစာအုပ် အလာက်မငှတဲ့ဒဏ်ခံ၊
ဆေးရုံမှာ ဆေးဝါးမရှိခဲ့ဒဏ် ....။ မ၀ရေစား စားခဲ့ရတဲ့ ဒဏ် .. နောက်ဆုံးဗျာ.....
နိုင်ငံခြားမှာ ကျွန်ခံလုပ်ပြီး အခွန်ဆောင်ခဲ့ရတဲ့ ဘဏ္ဍာငွေတွေကို
စစ်သုံးစရိတ် အဖြစ် ဘတ်ဂျက် ရှင်းတမ်းအများဆုံးနဲ့ ....။
ခင်ဗျားတို့ သုံးစွဲခွင့်ပြုခဲ့တာ...... ..
----------------------------------------------------------------------------------------
သမိုင်းတရားခံ ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာ ပြည်သူက ဆုံးဖြတ်မှာပါဟု NLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောကြား
သမိုင်းတရားခံ ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာ ပြည်သူက ဆုံးဖြတ်မှာပါဟု NLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောကြား
ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၈) by Myat Thu on Friday, December 28, 2012 at 4:52am ·
ပွဲတွေ့ကျောင်းသား
၉၂ အစောပိုင်းလောက် ဒု-ရင်းမှူးကိုခင်ထွန်းကြည် ဇီးပြောင်းတိုက်ပွဲမှာ ကိုယ့်အချင်းချင်းမှားပစ်မိပြီး ခြေ ထောက်မှာဒဏ်ရာရတော့ ကျနော် ရဲဘော်လေးငါးယောက်နဲ့ တက်ပြီးကြိုတယ်။ ဟိုရောက်တော့ ကိုခင် ထွန်းကြည်ကို လန်းလန်းဆန်းဆန်းတွေ့ရတယ်။ ငါ့ပေါင်မှာမှန်တာပါကွာ။ ငါတို့က ဖြစ်ဖြစ်ချင်း တစ်ဟုန်ထိုး တက်သိမ်းပစ်လိုက်တာ။ အဲဒါ တဲပေါ်ကဆင်းလာတော့ နောက်ကတက်လာတဲ့ မဟာမိတ်ရဲဘော်လေးက လူမှားပြီးပစ်လိုက်တာလေ။ ငါတို့ကလည်း တက်ထရက်ယူနီဖောင်းနဲ့ ဂျန်းဂဲဟက်ကြိုက်တော့ လူမှားတာ ပေါ့တဲ့။ ဟုတ်တယ် ကျနော်တို့က တက်ထရက်က ရေစိုရင်လည်းခဏနဲ့ခြောက်တယ်။ ပူအိုက်တဲ့ရာသီမှာ လည်း အေးတယ်ဆိုတော့ တက်ထရက်စစ်စိမ်းရောင်ယူနီဖောင်းတွေကိုကြိုက်ကြတာ။ တစ်ခါတစ်လေ ရွာတွေက ကျနော်တို့ကျောင်းသားစစ်ကြောင်းကို ရန်သူ စစ်တပ်စစ်ကြောင်းနဲ့မှားပြီးထွက်ထွက်ပြေးကုန်ကြ လို့ ထမင်းငတ်ကြရတာလည်း အကြိမ်ကြိမ်။ ဆေးရုံကလူနာတွေထဲမှာ အသက်ကြီးကြီးအဖိုးကြီးတစ် ယောက်ကိုတွေ့တော့ နှုတ်ဆက်ပြီး၊ အလာပသလာပပြောလိုက်ဦးမယ်ဆိုပြီး အဘက နေမကောင်းဘူး လား၊ ဘာဖြစ်လို့ဆေးရုံတက်နေလဲ ဆိုတော့ ကျနော့ကိုမျက်မှောင်ကုတ်ကြည့်ပြီး တဘက်ကိုလှည့်သွား တယ်။ ဟာ… ဒီအဖိုးကြီး မာနကြီးလှချည့်လားပေါ့။ ဒါနဲ့ နောက် တခြားလူနာတစ်ယောက်ကိုမေးကြည့် တော့ ဒီအဖိုးကြီးက ညနေစောင်း သစ်ပင်ပေါ်မှာပျားအုံတွေ့လို့ ပျားတက်ဖွတ်တယ်တဲ့။ အဲဒါကို ဖြတ်သွား တဲ့ ကရင်ရဲဘော်တစ်ယောက်က လှမ်းကြည့်တော့ ၀က်ဝံကြီးပျားဖွတ်နေတာကိုမြင်တယ်။ အဲဒါနဲ့ပစ်ချ လိုက်တာ “အား” ဆိုတဲ့အသံကြားမှ သတိရပြီးသွားကြည့်တော့ ခါးမှာသေနတ်မှန်ထားအဖိုးကြီးဖြစ်နေ တာတဲ့။ ညီအစ်ကိုမသိတစ်သိအချိန် တောမှောက်တယ်ဆိုတာ ဒါဘဲဖြစ်ရမယ်။ သူက သူ့အဖြစ်ကိုသူ စိတ် တိုနေတာ ကျနော်ကသွားမေးမိတော့ ဒေါကန်ပြီးပြန်မဖြေတာနေမှာ။