Friday, December 21, 2012

Heavy metals and health သတ္တုလေး (heavy metals) တွေရဲ့ အဆိပ်သင့်မှု Written by ဒေါက်တာခင်မောင်ညို Sunday, 16 December 2012 14:09

Dumb Brain
မြန်မာတပြည်လုံး အဆိပ်တို့ဖြင့်လွှမ်းစေ၊ ငါဆက်လုပ်မည်

Heavy metals and health သတ္တုလေး (heavy metals) တွေရဲ့ အဆိပ်သင့်မှု PDF Print
Written by ဒေါက်တာခင်မောင်ညို
Sunday, 16 December 2012 14:09
AddThis Social Bookmark Button

thn-16-12-1

''ဆရာ ကိုဘသစ်ခင်ဗျား၊ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ် ပြန်သွားတာရှိတယ်။အဲဒါကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အက်ဆစ်ထိမိပြီး ကျန်းမာရေးထိခိုက်ကြောင်း သံသယရှိတဲ့ ကလေးငယ်လေးဦးကို ရန်ကုန်ကလေးဆေးရုံက စုံစမ်းစစ်ဆေးတယ်လို့ ဆိုတယ်။အဲဒီ ကလေးထဲက သုံးဦးကတော့ သူငယ်နာအကြောနဲ့ ကြွက်သား အားနည်းရောဂါ (Cerebral Palsy) ဖြစ်ပြီး တစ်ဦးကတော့ ဦးနှောက်အကျိတ် (braintumour) ဖြစ်တယ်လို့ဆိုတယ်။ ဒီလို စစ်ဆေးလိုက်တော့ အက်ဆစ်ကြောင့် ဖြစ်တဲ့ရောဂါများ မရှိဘူးလို့ အစီရင်ခံထားတယ်။ အဲဒါ ဆရာ့သဘောထားအမြင်ကို သိပါရစေ''

ကိုဘသစ်သည် ခုတလော အတော်နာမည်ကြီးနေသည်။ သူ့ကို ဓာတုဗေဒဆရာမှန်း သိသွားသော ဂျာနယ်လစ်များက သတင်းအင်တာဗျူးတွေ လုပ်ကြသည်။တကယ်တမ်း အင်တာဗျူးလုပ်ခံရသူသည် ပိုက်ဆံ မရသလို အန္တရာယ်တွေလည်း ကြီးပါသည်။ သူသည် အလုပ်မှအနားယူထားပြီး အေးအေးချမ်းချမ်းဘ၀ကို တည်ဆောက်နေသူဖြစ်သည်။ ယခု မေးခွန်းတွင် အဖြေမျိုးစုံရှိပါသည်။

ထိုကိစ္စမျိုးတွင် စကားတစ်လုံးသည် ဘီလျံ ဒေါ်လာတန်ဖိုးရှိသော လုပ်ငန်းကို ပျက်စီးသွားနိုင်သောကြောင့် ဖြစ်သည်။ ဥပမာ အာဖရိကစိန်တွင်းများကို အမှီပြုကာ အစိုးရကို တော်လှန်ပုန်ကန်နေသော တောင်အာဖရိကမှ သူပုန်အဖွဲ့သည် စိန်များကို ထုတ်ပြီး လက်နက်ဝယ်နေသည်ကို ဂျာနယ်လစ်တစ်ယောက်က ထိုစိန်များကို Blood Diamond (သွေးစွန်းနေသောစိန်များ)ဟု ရေးခဲ့သောကြောင့် စိန်တွင်းများကို လုပ်ကိုင်နေသော

Thursday, December 20, 2012

သက်ဦးဆံပိုင် ဘုရင်စနစ်မှာ သာမန် တောင်သူလယ်သမားတွေက ရှင်ဘုရင်ကို တရားပြန်စွဲပြီးတဲ့ ကိစ္စတွေ ဖြစ်ခဲ့ဘူးတယ်ဆိုတာ

Ter Tee and 3 other friends shared Kyaw Thu Yein's status update.
သက်ဦးဆံပိုင် ဘုရင်စနစ်မှာ သာမန် တောင်သူလယ်သမားတွေက ရှင်ဘုရင်ကို တရားပြန်စွဲပြီးတဲ့ ကိစ္စတွေ ဖြစ်ခဲ့ဘူးတယ်ဆိုတာ ယုံနိုင်စရာတောင် မရှိဘူးဗျာ။ ဘိုးတော်ဘုရား (ဦးဝိုင်း) လက်ထက်မှာ ဖြစ်ခဲ့တာ။ တစ်ရက် လွှတ်တော်မှာ ၀န်ကြီးစုံညီ အစည်းအဝေးလုပ်နေတုန်း ရတနာသိင်္ခက လယ်သမားကြီးတွေ ရောက်လာကြသတဲ့။ တကယ်တော့ အဲဒီလယ်သမားကြီးတွေဟာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့ ဆွေတော်မျိုးတော်တွေဖြစ်ပေမယ့် မင်းစိုးရာဇာလို မနေချင်လို့ တောင်သူကြီးအလုပ်ပဲ ပြန်လုပ်နေကြတဲ့ သူတွေပဲ။ ဘိုးတော်ဘုရား နန်းတက်ပြီးတော့ သူပိုင်တဲ့လယ်တွေကို ရွှေကြိုးတားသတဲ့။ အဲဒီလိုရွှေကြိုးတားပြီး နယ်နိမိတ်ပိုင်းခြားသတ်မှတ်တဲ့အခါ ချိုင့်တွေ၊ လျှိုတွေ၊ ဂမူတွေ ရှိနေလို့ သူပိုင်လယ်ကွက်အပြင် နီးစပ်ရာ လယ်ကွက်တွေကိုပါ ထည့်ပြီး ပိုင်းဖြတ် ရွှေကြိုးသတ်မှတ် ကြတဲ့အခါ ဒေသခံ တောင်သူတွေရဲ့ လယ်ကွက်တွေပါ ဘုရင်ပိုင်လယ်ကွက်ဖြစ်ကုန်လေတော့ အဲဒီလယ်သမား ကြီးတွေက ဘုရင်ကို ပြန်တရားစွဲဖို့ လွှတ်တော်ရောက်လာကြတာ။ 

တွဲဖက်၍ မစားသင့်သော အစာများ Posted lu bo Monday, December 10, 2012 at 11:26 PM

Htun Gla shared General Knowledge's photo.
တွဲဖက်၍ မစားသင့်သော အစာများ

Posted lu bo Monday, December 10, 2012 at 11:26 PM 

ဆရာဝန်တွေက သဘောတူထားတာတွေ ဟုတ်ချင်မှ ဟုတ်ပါမယ်။ မြန်မာတွေစားသုံးကြတဲ့ အစားအစာတွေကို လေ့လာမှုတွေ၊ သုတေသနတွေ အလွန်အားနည်းနေသေးလို့၊ သတိသမ္ပဇဉ် ဆင်ခြင်ပြီး စားသုံးသင့်ကြပါတယ်။

• ကကတစ် နှင့် ကြာဟင်း
• ကုန်းကျေး နှင့် ပုစွန်
• ကန့်ချုပ်နီ နှင့် သေရည်သေရက်အမျိုးမျိုး
• ကျွဲခေါင်းသီး နှင့် အချဉ်အမျိုးမျိုး (သံပရာသီး)
• ကျွဲခေါင်းသီး နှင့် လက်ဖက်
• ကြေးခွက် နှင့် အချဉ်အမျိုးမျိုး
• ကုန်းငှက်သား နှင့် ကြက်ဆူဆီ
• ကန်စွန်းမြစ် နှင့် နှမ်းမှုန့်
• ကြာစွယ် နှင့် ဝက်သား
• ကြက်ဆူဆီ နှင့် ခါသား
• ကြက်ဆူသီး နှင့် ငှက်သား
• ကောက်ညှင်း နှင့် ရေငန်သီး
• ကတိုး နှင့် သရက်သီး
• ကြံတင်လဲ နှင့် နှမ်းမှုန့်ဆုပ်
• ကင်းပုံရွက်/သီး နှင့် နှမ်းဆီ
• ကင်းပိတ်ရွက် နှင့် နှမ်းဖတ်ချဉ် နှမ်းဆီ
• ကြာပဒုမ္မာစေ့ နှင့် ငှက်တော်သား
• ကျောက်ဖရုံ နှင့် အိုးမဲ
• ကြောင်လျှာသီး နှင့် ငါးသေတ္တာ
• ကြောင်လျှာသီး နှင့် ကြက်သား
• ကျေးသား နှင့် ဘူးသီး
• ကျွဲသား နှင့် ကြာစွယ်ကြာဥ
• ကြက်သွန်ဖြူ နှင့် နို့ရည်
• ကြံ့သား နှင့် ငါးခူ၊ ငါးဒန်
• ကြက်သား နှင့် အင်ဖူး
• ကြက်ဟင်းခါးသီး နှင့် မှို
• ကြက်ဟင်းခါးသီး နှင့် ကြက်သား
• ကိုင်းဥ နှင့် ပုဇွန်ချဉ်
• ကြက်ဥ နှင့် ခံသီး
• ကြက်ဥ နှင့် တမာရွက်၊ တမာဖူး
• ချင်း နှင့် သင်္ဘောသီး၊ သင်္ဘောပွင့်
• ချောကလက် နှင့် စောင်းလျား
• ချောကလက် နှင့် ပဲမြစ်
• ချိုချဉ် နှင့် ပဲငါးပိ
• ချဉ်ဆီ နှင့် ထောပတ်
• ခရမ်းပိမ့်သီး နှင့် နို့ရည်
• ခရု နှင့် အမဲသား
• ခိုသား နှင့် ချင်းစိမ်း
• ခိုသား နှင့် ခြေလေးချောင်းသား
• ခိုသား နှင့် မုန်ညင်းဆီ
• ခံသီး နှင့် ငရုတ်ကောင်း
• ခံသီး နှင့် နို့ရည်
• ချီးသီး နှင့် နို့ရည်
• ခံသီး နှင့် ပီလောပီနံဥ
• ချိုချဉ်သကြားလုံး နှင့် စိမ်းစားဥ
• ဂွေးရွက် နှင့် နို့ရည်
• ဂွေးသီး နှင့် အာတာလွတ်ဥ
• ဂွေးသီး နှင့် နို့အေးချောင်း
• ဂွေးသီး နှင့် ပီလောပီနံဥ
• ဂျယ်လီ နှင့် ကော်ဖီ
• ငရုပ်ကောင်း နှင့် ခံသီး
• ငွေ နှင့် ရှိန်းခို
• ငါးချက်သောအိုး နှင့် ပိတ်ချင်းရွက်
• ငါးဆီ နှင့် ပိတ်ချင်းရွက်
• ငှက်ပျောသီး နှင့် မှို
• ငါးရံ့သား နှင့် ပွေးသား
• ငုံးသား နှင့် စောင်းလျား
• ငုံးသား နင့် ခိုသား
• ငှက်သား နှင့် ကြက်ဆူဆီ
• ငါးပူတင်းဥများ
• ငှက်ပျောသီး စားပြီရေအေးသောက်ခြင်း
• စတော်ဘယ်ရီ နှင့် သီးသီး
• စားတော်ပဲ နှင့် သီးသီး
• စိန် နှင့် သံပရာသီး
• စိမ်းစားဥ နှင့် ချောကလက်
• စိမ်းစားဥ နှင့် ရေခဲချောင်း
• စပါးကြီးမြွေသား နှင့် ကြောင်လျှာသီး
• စောင်းလျားသီး နှင့် ခိုသား
• စောင်းလျားသီး နှင့် ရှောက်သီး
• ဆေးခြောက် နင့်နနွင်းရည်
• ဆီ နှင့် ဆီခဲစပ်တူ
• ဆင်သမနွယ်ရွက် နှင့် နို့ရည်
• ဆောင်မေခါးရွက် နှင့် နို့ရည်
• ဆိတ်ဖူး နှင့် ငှက်ပျောဖူး
• ဆိတ်သား နှင့် ကျွဲသား
• ဆတ်သား နှင့် ဆူးပန်းရွက်
• ဆတ်သား နှင့် နို့ရည်
• ဆိတ်နို့ နှင့် ဆူးပန်းရွက်
• ဆပ်ပြာ နှင့် အုန်းရည်
• ဆပ်ပြာ နှင့် အချဉ်မျိုး
• ဆိတ်နို့ဆိတ်သား နှင့် ငါးကြီးဆီ
• စောင်းလျားသီး နှင့် ပီလောပီနံဥ
• ဥာဏ်ရွက် နှင့် သေရက် အမျိုးမျိုး
• တလည်းသီး နှင့် နို့ရည်
• တလည်းသီး နှင့် ပဲကြီး
• တောပဲရိုင်း နှင့် နို့
• တောင်ပိန္နဲသီး နှင့် နို့ရည်
• တေဇောဘမ်း နှင့် ခါချဉ်ကောင် ကိုက်သည် ကိုမလိမ်းရ၊
• ထနောင်းရွက် နှင့် မန်ကျည်းသီးမှည့်
• ထုံး နှင့် မြင်းသား
• ထန်းလျက် နှင့် နလင်ကျော်
• ထန်းလျက် နှင့် သပြေသီး
• ထန်းရည်ချို နှင့် ဝက်သား
• ထန်းသီး နှင့် နို့မျိုး ချဉ်
• ထန်းလျက် နှင့် သပြေသီး
• ထောပတ် နှင့် ကြေးခွက်
• ထောပတ် နှင့် ဆီခဲအမျိုးမျိုး
• ထုံးရေတို့တွင် ဖြစ်သောငါး လိပ်အစရှိသည် နှင့် နို့ရည်
• ထန်းရည်ကိုငှက် ပျောသီး စားပြီး သောက်ခြင်း
• ထန်းသီးကိုငှက်ပျော သီးစားပြီး စားခြင်း
• ဒန့်သလွန်ရွက် နှင့် နို့ရည်
• ဒန့်သလွန်သီး နှင့် ကလောဥ
• ဒိန်ချဉ် နှင့် ထန်းသီးမုန့်
• ဒုတ္တာ နှင့် အချဉ်မျိုး
• ဒူးရင်းသီး နှင့် ရှိန်းခို
• ဒေါင်းသား နှင့် နို့ချဉ်
• ဒေါင်းသား နှင့် ပီလောပီနံ
• နလင်ကြော် နှင့် ထန်းလျက်
• နလင်ကြော် နှင့် အချဉ်
• နို့ခဲပျက် နှင့် ပဲဒလက်
• နို့မျိုး နှင့် ဆား
• နို့မျိုး ချဉ် နှင့် ပီလောပီနံဥ
• နို့စိမ်း နှင့် အချဉ်မျိုး
• နို့ရည် နင့် စောင်းလျားသီး
• နို့ရည် နှင့် ကုလားပဲ
• နို့အေးချောင်း နှင့် သခွားသီး
• နို့အေးချောင်း နှင့် ဘူးသီး
• နှမ်းမှုန့်ဆုပ် နှင့် တလည်းသီး
• ပတဲကော နှင့် သံပရာသီး
• ပဒုမ္မာကြာရွက်နု နှင့် ပျားရည်
• ပရုတ်ဆီ နှင့် ကရင်နီကောင်ကိုက်သည့်နေရာကို မလိမ်းပါနှင့်
• ပဲကြီး နှင့် မုန်လာ
• ပဲဒလက်စေ့ နှင့် ဆူးပန်း
• ပဲလင်းမြွေသီး နှင့် လင်းမြွေသား
• ပဲဒလက်စေ့ နင့်ဆိတ်သား
• ပဲစိမ်းစားဥ နှင့် ချိုချဉ်အမျိုးမျိုး
• ပိန္နဲသီး နှင့် ပျားရည်
• ပီလောပီနံ နှင့် ပျားရည်
• ပီလောပီနံ နှင့် ပေအူ
• ပေရည် နှင့် ငှက်သား
• ပျားရည် နှင့် သင်္ကန်းဖွယ် ငှက်သား
• ပျားရည် နှင့် မိုးရည်
• ပျားရည် နှင့် ကင်းပိတ်ရွက်
• ပျားရည် နှင့် ရှားစောင်း
• ပျားရည် နှင့် ပိတ်ချင်းရွက်
• ပုန်းရည် နှင့် ဗျိုင်းအောက်သား
• ပြောင်းသား နှင့် နို့ရည်
• ပိုင်ရီတွန် (Piriton) နှင့် အရက်
• ဖရဲသီး နှင့် နို့မျိုး
• ဖရဲသီး နှင့် ဘဲဥ
• ဖားသား နှင့် မှို
• ဖွတ်သား နှင့် ကြက်ဆူဆီ
• ဖောင်စီးဂဏန်း နှင့် မှို
• ဖန်ခါးသီး နှင့် ပုဒမ္မာကြာရွက်
• ဖန်ခါးသီး နှင့် ပီလောပီနံဥ
• ဗုံလုံသီး နှင့် ပီလောပီနံ
• ဗျိုင်းသား နှင့် ဝက်ဆီ
• ဗျိုင်းအောက်သား နှင့် ဝက်ဆီ
• ဗျိုင်းနှမ်းနှင် သေရည်
• ဘူးသီး နှင့် ကြက်တူရွေးသား
• ဘာစပရိုဆေးပြား နှင့် သံပရာသီး
• ဘာမီတွန် Burmeton ဆေးပြား နှင့် ထန်းလျက်ခဲ
• ဘာမီတွန် Burmeton နှင့် Tiffy တစ်ဖီအစိမ်းရောင် ကတ်
• ဘီလုံးငှက်သား နှင့် ကြက်ဆူဆီ
• ဘာစပရို Buspro ဆေးပြားကို အစာခံမရှိဘဲမသောက်ရ၊
• မဲနယ်အိုး နှင့် သားငါး
• မဲဇလီဖူးရွက် နှင့် လက်ဖက်သုပ်
• မိချောင်းသား နှင့် နနွင်း
• မန်ကျည်းသီး နှင့် နို့ရည်
• မင်းကွတ်သီး နှင့် သကြား
• မတ်ပဲ နှင့် တင်လဲ
• မတ်ပဲ နှင့် မုန်လာ
• မုန်ညှင်းဆီ နှင့် သင်္ကန်းဖွက်ငှက်
• မုန်လာမြစ် နှုင့်ပျားရည်
• မုန်လာ နှုင့် မတ်ပဲ
• မှို နှင့် ရှားစောင်း
• မြေပဲဆန် နှင့် ကြက်ဟင်းခါးသီး
• မြေဇာဥ နှင့် သစ်ကြားသီး
• မျောက်တည်သီး နှင့် နို့ရည်
• မြွေသား နှင့် ငါးရံသား
• မြန်မာလျက်ဆား နှင့် သွားတိုက်ဆေး
• မြင်းခွာရွက် နှင့် သခွားသီး
• မက်ထရိုနီဒါဇော (Meronidazole) နှင့် အရက်
• ယုန်သား နှင့် မှို
• ရာဘာချဉ် နှင့် ဆိတ်သား
• ရှာလကာချဉ် နှင့် ပီလောပီနံ
• ရိုးနီပီလောပီနံ နှင့် အချဉ်မျိုး
• ရေခဲသုပ် နှင့် ချင်းသုပ်
• ရေငန်သီး နှင့် လက်ဖက်
• ရှားစောင်းချဉ် နှင့် အမဲသား
• ရှားစောင်း နှင့် ကုလားဗရာကြော်
• ရှောက်သီး နှင့် စောင်းလျားသီး
• ရှောက်သီး နှင့် ပီလောပီနံ
• ရှောက်သီး နှင့် ပဲစိမ်းစားဥ
• ရှောက်သီး နှင့် ခိုသား
• ရှောက်သီး နှင့် နို့ရည်
• ဝက်သားချဉ် နှင့် မဲနယ်အိုး
• ဝက်သား နှင့် ဒိန်ချဉ်
• ဝက်သား နှင့် နွားနို့
• ဝမ်းဘဲဥ နှင့် ဖရဲသီး
• ဝမ်းဘဲဥ နှင့် ပေသီးပေရည်
• ဝါစေ့/ ဝါဆီ နှင့် သမင်သား
• ဝါးမျှစ် နှင့် အင်ဥ
• သမုန်းမြစ် နှင့် အချဉ်ချက်သောအိုး
• သမုန်းရွက် နှင့် ငါးချက်သောအိုး
• သကြားပြာ နှင့် ပျားရည်
• သမင်သား နှင့် ဝါရွက်
• သပြေသီး နှင့် ပီလောပီနံ
• သံပရာသီး နှင့် ပီလောပီနံ
• သံပရာသီး နှင့် နို့ရည်
• သံပရာသီး နှင့် စိမ်းစားဥ
• သားငါးအဆီ နှင့် ထောပတ်
• သားငါးတို၏အဆီ နှင့် ချဉ်ဆီ
• သားမျိုးဟင်း နှင့် နှမ်းမှုန့်
• သေရက်မျိုး နှင့် သမုန်း ဧကရာဧ်
• သေရည်သေရက် နှင့် နှမ်းမှုန့်ဆုပ်
• သေရက်မျိုး နှင့် ပိတ်ချင်းရွက်
• သေရည် နှင့် ဗျိုင်းအောက်သား
• သေရည်သေရက် နှင့် နို့အမျိုးမျိုး
• သစ်ကြားသီး နှင့် ဝက်မြေဇာဥ
• သည်းခြေ နှင့် သားဟင်းမျိုး
• ဟင်းငန်ရွက် နှင့် နှမ်းဖတ်
• ဟစ်တမင်း (Histamine) နှင့် အရက်
• အင်ဥ နှင့် ပြောင်းဆန်
• အမဲသားချဉ် နှင့် မဲနယ်အိုး
• အရက် နှင့် ဘိန်း
• အရက် နှင့် Burmeton ဘာမီတွန်
• အချဉ်မျိုး နှင့် နို့မျိုး
• အိမ်ဆီးချို နှင့် နို့ရည်
• အုန်းသီး နှင့် နိုရည်
• အုန်းရည် နှင့် ပျားရည်
• အုံတုံဆံ နှင့် ကလောဥ
• ဥသျှစ်သီး နှင့် ပျားရည်
• ဥဒေါင်းသား နှင့် ကြက်ဆူဆီ
• ဥမျိုး နှင့် ကြက်ဆူဆီ
• ဥသျှစ်သီး နှင့် ကင်းပိတ်ရွက်
• သြဇာသီး နှင့် ပျားရည်
• တွဲဖက်စားလျှင်သေစေနိင်သောအစားအစာများ
• ကြက်ဆူသီး + ငှက်သား = သေ
• ကျေးသား + ဘူးသီး = သေ
• ကြောင်လျှာသီး + ငါးသေတ္တာ = သေ
• ကြောင်လျှာသီး + ပဲဒလက် = သေ
• ကြောင်လျှာသီး + စပါးကြီးမြွေ = သေ
• ကျွဲကောသီးး + သံပရာသီး = သေ
• ကျွဲခေါင်းသီး + သံပရာသီး = သေ
• ကိုင်းဥ + ပုစွန်ချဉ် = သေ
• ချောကလက် + စောင်းလျားသီး = သေ
• ချောကလက် + ပဲမြစ် = သေ
• ခိုသား + ချင်း = သေ
• ခိုသား + ဖရုံသီး = သေ
• ချင်း + သင်္ဘောသီး = သေ
• ဂွေးသီး + အာတာလွတ် = သေ
• ငှက်ပျောသီး + ထန်းသီး = သေ
• တညင်းသီး + ရှိန်းခို = သေ
• ထန်းလျက် + နလင်ကျော် = သေ
• ထန်းလျက် + ၂၇ ပါးဆေး = သေ
• နို့ဆီ + ကိုးပါးဆေး = သေ
• နွားနို့ + အချဉ်အမျိုးအမျိုး = သေ
• နွားနို့ + မှို = သေ
• နို့အေးချောင်း + ဂွေးသီး = သေ
• ပျားရည် + သြဇာသီး = သေ
• ပျားရည် + အုန်းသီး = သေ
• ပျားရည် + ဥသျှစ်သီး = သေ
• ပီလောပီနံ + ပဲကြားလှော် = သေ
• ပီလောပီနံ + မျှစ်ချဉ် = သေ
• ပီလောပီနံ + ဒေါင်းသား = သေ
• ပီလောပီနံ + အချဉ်အမျိုးမျိုး = သေ
• မင်းကွတ်သီး + သကြား = သေ
• မှို + တညင်းသီး = သေ
• မိုင်လို + ပဲမြစ် = သေ
• မှို + ဖားသား = သေ
• မှို + လယ်ကဏန်း = သေ
• မှို + ယုန်သား = သေ
• ရေခဲမုန့် + ချင်းသုပ် = သေ
• ရှောက်သီး + နွားနို့၊ နို့ရည် = သေ
• လက်ဖက် + ကျွဲခေါင်းသီး = သေ
• ဝက်သား + ထန်းရည်ချို = သေ
• ဝက်သား + ဗျိုင်းသား = သေ
• ဝက်သား + ကြာရိုးကြာစွယ် = သေ
• သပြေသီး + ထန်းလျက် = သေ
• သိုးသား + စောင်းလျားသီး = သေ
• အမဲသား + ခရု = သေ
• အုန်းနို့ခေါက်ဆွဲ + Pepsy ပက်ပစီ = သေ

Written -  Vinsent Vango
တွဲဖက်၍ မစားသင့်သော အစာများ

Posted lu bo Monday, December 10, 2012 at 11:26 PM

ဆရာဝန်တွေက သဘောတူထားတာတွေ ဟုတ်ချင်မှ ဟုတ်ပါမယ်။ မြန်မာတွေစားသုံးကြတဲ့ အစားအစာတွေကို လေ့လာမှုတွေ၊ သုတေသနတွေ အလွန်အားနည်းနေသေးလို့၊ သတိသမ္ပဇဉ် ဆင်ခြင်ပြီး စားသုံးသင့်ကြပါတယ်။

• ကကတစ် နှင့် ကြာဟင်း
• ကုန်းကျေး နှင့် ပုစွန်
• ကန့်ချုပ်နီ နှင့် သေရည်သေရက်အမျိုးမျိုး
• ကျွဲခေါင်းသီး နှင့် အချဉ်အမျိုးမျိုး (သံပရာသီး)
• ကျွဲခေါင်းသီး နှင့် လက်ဖက်
• ကြေးခွက် နှင့် အချဉ်အမျိုးမျိုး
• ကုန်းငှက်သား နှင့် ကြက်ဆူဆီ
• ကန်စွန်းမြစ် နှင့် နှမ်းမှုန့်
• ကြာစွယ် နှင့် ဝက်သား
• ကြက်ဆူဆီ နှင့် ခါသား
• ကြက်ဆူသီး နှင့် ငှက်သား
• ကောက်ညှင်း နှင့် ရေငန်သီး
• ကတိုး နှင့် သရက်သီး
• ကြံတင်လဲ နှင့် နှမ်းမှုန့်ဆုပ်
• ကင်းပုံရွက်/သီး နှင့် နှမ်းဆီ
• ကင်းပိတ်ရွက် နှင့် နှမ်းဖတ်ချဉ် နှမ်းဆီ
• ကြာပဒုမ္မာစေ့ နှင့် ငှက်တော်သား
• ကျောက်ဖရုံ နှင့် အိုးမဲ
• ကြောင်လျှာသီး နှင့် ငါးသေတ္တာ
• ကြောင်လျှာသီး နှင့် ကြက်သား
• ကျေးသား နှင့် ဘူးသီး


အမှန်ခြစ်လေးများ..။ by Shwe Eaim Si on Sunday, July 22, 2012 at 9:20am ·



------အခန်း ၁ --------

မနက်က ကျွန်တော် ငယ်ငယ်က အလယ်တန်းထိ ပညာသင်ကြားခဲ့ဖူးတဲ့ နယ်မြို့လေးတစ်မြို့ရဲ့ အသင်းနှစ်ပတ်လည် အစည်းဝေးပွဲကိုရောက်ခဲ့တယ်။မှတ်မိသူတွေလည်းမှတ်မိ မမှတ်မိသူတွေလည်း ပြန်မိတ်ဆက်ရင်း လွမ်းစရာရော ပျော်စရာပါကောင်းပါတယ်။ ငယ်ငယ်က ဆရာဆရာမတွေ အကြောင်းပြောရင်း သူငယ်ချင်းတွေ အကြောင်းပြောရင်းပေါ့။
အံ့သြလေးတစ်ခုဖြစ်ခဲ့တယ်။ မိတ်လာဆက်တဲ့သူက သူ့ကိုသူ နာမည်လည်းပြောရင်း လက်ရှိ ရန်ကုန်တက္ကသိုလ်မှာ သချာင်္ပါမောက္ခတာဝန်ထမ်းဆောင်နေကြောင်းပြောပါတယ်။
ကျွန်တော်သူ့ကို မှတ်မိပါတယ်။ အံ့သြစရာဘာရှိလဲ မေးစရာရှိပါတယ်။အံ့သြစရာက ဒီလိုပါ သူဘယ်လိုများ သချာင်္ပါမောက္ခဖြစ်လာလဲလို့ပါ။
ကျွန်တော်နဲ့သူက တစ်ခန်းထဲနေခဲ့ဖူးပါတယ်။သချာင်္မှာ သူကအတော်ကိုညံ့ပါတယ်။ ဆရာ ဆရာမ အားလုံးလက်မြောက်ထားလောက်အောင် ညံ့ပါတယ်။ ပြီးတော့နောက်တစ်ခုက သချာင်္နဲ့ပတ်သက်ရင် ဘယ်လိုမှ မရပါဘူးလို့လဲ သူ့ကိုသူခံယူထားသူပါ။ အဲဒိတော့ သင်တဲ့သူ ဘယ်လောက်ကောင်းကောင်း သူကတော့ ညံ့မြဲပါ။ ပညာရေးစနစ်ရဲ့ ထုံးစံအတိုင်း အတန်းတင်စာမေးပွဲတွေ သူအောင်မြင်လာခဲ့ပေမယ့် သူ့ရဲ့အမှတ်က
ဘယ်တုန်းကမှ အောင်မှတ်ဖြည့်ပေးလို့ရတဲ့အဆင့်ကိုတောင် မမှီခဲ့ပါဘူး။သူက သူ့ကိုဆက်သွယ်ပါလို့ ဆိုပြီးတော့ ဖုန်းနံပါတ် တစ်ခုပေးသွားခဲ့တယ်။ သေချာပါတယ် ကျွန်တော်သူ့ကို ဆက်သွယ်ဦးမှာပါ။

မဟာဗျူဟာမြောက် ချစ်တဲ့သူ / The Voice Weekly နှင့် The Messenger Journal

Thet Zaw and Lu Bo shared Zaw Mintun Zawmintun's photo.
မဟာဗျူဟာမြောက် ချစ်တဲ့သူ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
. The Voice Weekly နှင့် The Messenger Journal တို့တွင် နိုင်ငံရေး လေ့လာချက် ဆောင်းပါးများ ရေးသား နေသော ဆရာနေသန်မောင်၏ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး လေ့လာသုံးသပ်ချက် စာအုပ်တစ်အုပ် ဖြစ်ပြီး ထက်ဝေယံ စာပေမှ ပထမ အကြိမ် ထုတ်ဝေလိုက်သည်။ ဂျာ နယ်များတွင် ရေးသားခဲ့သည့် အခြားဆောင်းပါး များအတိုင်း မြန်မာ့ဒီမိုရေစီ အပြောင်းအလဲများအပေါ် သုံးသပ်ထားခြင်းဖြစ်သော်လည်း နိုင်ငံရေး အယူအဆ များထက် ပွင့်လင်းလာသည့် အချိန်ကာလ အလျောက် မြန်မာနိုင်ငံ၏ ပထဝီအနေအထား အရ အနာဂတ် အရေးပါမှုများကို အခြေတည် သုံးသပ်ထားခြင်းလည်း ဖြစ်သည်။

စာအုပ်ကို အပိုင်း ၃ ပိုင်း ခွဲထားပြီး အပိုင်း ၁ တွင် တရုတ် အဖျား၊ အိန္ဒိယတရွတ်ဆွဲမှု၊ တရုတ် စူးအက် တူးမြောင်း၊ အန်ကယ်ဆမ် နှင့် တစ်ညနေ လူလည်အာရှသား စသည့် စိတ်ဝင်စားဖွယ်ခေါင်းစဉ် များခွဲ၍ တင်ဆက်ထားပြီး အပိုင်း ၂ တွင်မူ မဟာတံတိုင်းပေါ်က နဂါး ကြီး၊ အတောင်ဖြန့်သော သိမ်းငှက်၊ အရှေ့မျှော် ဘောလီးဝုဒ်၊ ဒေါ်လာကို ရာဇဝင်ထဲမှာ ထားခဲ့ပါ စသည့် ခေါင်းစဉ်များဖြင့် တင်ဆက်ထားသည်။ နိဂုံး သုံးသပ်ချက်ကိုမူ ၂ဝ၁၂-၂ဝ၁၃ မြန်မာလုပ်ဆောင်ရ မည့် အချက်များ ခေါင်းစဉ်ဖြင့် သုံး သပ်တင်ပြထားသည်။

မြန်မာ့ဒီမိုကရေစီ အသွင်ပြောင်း လဲရေးကာလတွင် ထည့်သွင်း ဆင်ခြင်ဖွယ်ဖြစ်သော ပထဝီနိုင်ငံရေး ဆိုင်ရာ ရှုထောင့်မှ အဓိက ဦးတည် ထားသည့်အတိုင်း ကမ္ဘာ့ရေးရာ မြင်ကွင်းတွင် ရှေ့တန်း ရောက်လာသော အရှေ့တောင် အာရှနိုင်ငံများ နှင့် တရုတ်နိုင်ငံ၏ တစ်စိတ်တစ် ပိုင်းဦးဆောင်သူဖြစ်လာသော အခြေ အနေကို အလေးပေးထားသည်။ ထို နှင့်ဆက်စပ်၍ အမေရိကန်ပြည်ထောင် စု၏ အရှေ့ဖျားနိုင်ငံများအပေါ် သဘောထား၊ တရုတ်နှင့် အင်အား  ချိန်ခွင်လျှာညှိလိုခြင်း၊ အရှေ့တောင် အာရှ၏ အဓိကတံခါးဝအချက်အချာ  ကျနေသော မြန်မာနိုင်ငံ၏ အရေးပါမှုများကိုလည်း သုံးသပ်ထားသည်။

တရုတ်နိုင်ငံ၏ အရေးပါလာမှု ကို စိုးရိမ်တကြီးစောင့်ကြည့်နေကြ သော ကမ္ဘာ့နိုင်ငံများ၊ တရုတ်နိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေပြီး ပြိုင်ဆိုင် မှုပြင်းထန်လာသော အိန္ဒိယနိုင်ငံ၊ အာဆီယံတွင် ပတ်သက်စိုးမိုးလာ နိုင်သော တရုတ်နိုင်ငံ၏ ဝါဒရေး ရာများကို အပိုင်း ၁ တွင် တွေ့ရ မည်ဖြစ်သည်။ အထူးသဖြင့် အချက်  အချာကျသော မြန်မာနိုင်ငံနှင့် အိမ် နီးချင်းနိုင်ငံများ နိုင်ငံရေး၊ စီးပွားရေး၊ ဒေသရေး ဆက်စပ်နေမှုများ မှ ထိုနိုင်ငံများ၏ မျက်စိကျ လာခြင်းကို ထည့်သွင်း သုံးသပ်ထားသည်မှာ ဆင်ခြင်ဖွယ် ဖြစ်သည်။ တစ်ချိန်က ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုအဖြစ် ရပ်တည်ကာ ဩဇာလွှမ်းမိုးနိုင်ခဲ့သူ အမေရိကန်၏ ကံကြမ္မာအလှည့် အပြောင်းတစ်ခုအတွင်း ဣနြေ္ဒဆည် နိုင်ရန် ရုန်းကန်နေရပုံ၊ နိုင်ငံရေး၊ စီးပွားရေးချိန်ခွင်လျှာညှိရန် လက်ဦး မှု ယူလာခြင်းများကိုလည်း တွေ့ မြင်ရမည်ဖြစ်သည်။

တစ်ချိန်က ကမ္ဘာ့မြင်ကွင်းတွင် အနှိမ်ခံ၊ အပယ်ခံဖြစ်ခဲ့ရသော်လည်း ပင်ကိုသဘာဝအရ စွဲမက်ဖွယ် မြန်မာနိုင်ငံ ကို လျစ်လျူမရှု နိုင်ကြတော့သည့် ကမ္ဘာ့နိုင်ငံများ၏ ဝါဒရေးရာ ပြောင်းလဲလာသည်လည်း ဖြစ်သည်။ အရပ်သား အစိုးရအသွင်ယူအပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်နှင့် သမ္မတ ဦးသိန်းစိန် တို့၏ ခရီးစဉ်များ၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်နှင့်တကွ ကမ္ဘာ့ခရီးစဉ်တို့၏ ဇစ်မြစ်၊ ကန့်သတ်ပိတ်ဆို့မှုများ လျှော့ချလိုက်ရသော မူဝါဒ အပြောင်းအလဲ၏ နောက်ကြောင်းကိုလည်း  ဤစာအုပ်မှ သုံးသပ်ထားသည်။ မြန်မာနိုင်ငံ၏ အရေးပါမှုအပေါ် တရုတ်နှင့် အာဆီယံနိုင်ငံများ၏ အာရုံ အလှည့် အပြောင်းသည်လည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။

အပိုင်း ၂ တွင်မူ တရုတ်နိုင်ငံ ၏ မူဝါဒရေးရာနှင့် အမေရိကန်၊ တရုတ်အားပြိုင်မှုများကို အဓိက တင်ဆက်ထား သည်။ အထူးသဖြင့် တရုတ်၏ အရှေ့ဖျားပိုင်နက် ပြဿနာများ၊ အမေရိကန်ဩဇာကို အံတုလာမှုများသည် အရှေ့အလယ်ပိုင်း မှ အာရုံညောင်း၊ သတိလည်လာသော အမေရိကန်တို့၏ နိုင်ငံရေး ပေါ်လစီနှင့် ထိပ်တိုက် တိုးကြခြင်း၊ အရှေ့တောင် အာရှနိုင်ငံများ၏ ရုတ်တရက် ရှေ့တန်းရောက်လာခြင်းနှင့် သွေးအေးသွားကြခြင်း သည် အမေရိကန်၏ တစ်ချိန်က တင်းမာသော သဘောထားကြောင့် ဖြစ်ကြောင်းလည်း သုံးသပ်ထားသည်။ အမေရိကန်သည် သမ္မတ အိုဘားမား လက်ထက် ပျော့ပြောင်းလာသော သဘော ထားနှင့် ကမ္ဘာ အလှည့် အပြောင်းကို နားလည်သွားဟန်လည်း တူသည်။ လက်ရှိကာလ သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ် ပူပူနွေးနွေးသည်လည်း ဤရှုမြင်ချက်များနှင့် သက်ဆိုင်သည်မှာ သေချာသည်။

ရှောင်လွှဲ၍ မရသော အိမ်နီးချင်းများနှင့် ဆက်ဆံရေးနှင့် ရပ်ဝေး မိတ်ဆွေသစ်တစ်ဦးနှင့် ဆက်ဆံရေး အခြေအနေများသည် မြန်မာနိုင်ငံ အတွက် အထူးသတိပြု ရပ်တည်ရမည့် အချက်ဟုလည်း စာရေးသူက ရဲဝံ့စွာ သုံးသပ်ထားသည်။ မျက်စိကျဖွယ် နိုင်ငံတစ်နိုင်ငံ၏ ရပ်တည်ချက် တိမ်းစောင်းသွားပါက ကြုံလာနိုင်သည့် ထည့်သွင်း စဉ်းစားဖွယ်များ ကိုလည်း စာရေးသူက တင်ပြခဲ့သည်။ အမေရိကန်၏ အာဆီယံ ဝင်ပေါက်နှင့် တရုတ်၏ အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်တစ်ခု၏ မှန်ကန်သော ရပ်တည်ချက်မှ တစ်ဆင့် နိုင်ငံ၏ အကျိုးစီးပွား၊ ဩဇာ သက်ရောက်မှုတို့ကို မည်မျှစွမ်းဆောင်နိုင်မည် ဆိုသည်ကို ဤစာအုပ်မှ မေးခွန်း ထုတ်ထားသည်။ အိမ်နီးချင်း အင်အားကြီးများနှင့် မြန်မာနိုင်ငံ၏ ဆက်နွယ်မှုများကို သုံးသပ်ထား သော်လည်း အင်အား သေးငယ်သော နိုင်ငံများ၏ အခန်းကဏ္ဍကိုမူ လျှော့ပေါ့ထားသည်ဟု သတိပြုမိသည်။ အဓိကအားဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ကဏ္ဍဖြစ်သည်။ လတ်တလော လူမျိုးရေးပြဿနာများနှင့် အနီးဆုံး ရေပြင်ပိုင်နက် ထိစပ်နေခြင်း ကိုလည်း သတိပြုရမည်ဟု ယူဆသည်။ ဤ မလွယ်ပေါက်၏ လက်ဦးမှုသည် လည်း မှန်ကန် တည်ငြိမ်စွာ ရပ်တည်နိုင်ရန် ကြိုးစားရမည့် မြန်မာနိုင်ငံ အတွက် တစ်ဖက်ဘက်မှ မဲတင်း သွားစေနိုင်သော ကြောင့်ဖြစ်သည်။ စာအုပ်၏ အပိုင်း ၃ တွင်လည်း ပထဝီနိုင်ငံရေးမှအပ အခြားအသွင် ကူးပြောင်းရေး ကာလ ဆိုင်ရာ သုံးသပ်ချက် ဆောင်းပါး ၇ ပုဒ်ကို ပေါင်းစည်း တင်ပြထားသည်။

ဆိုရသော် ဤစာအုပ်သည် အကူးအပြောင်းကာလရှိ ပြည်သူလူထုအတွက် မျှော်လင့်ချက် မှန်းဆမှုများ ပေးလိုခြင်း မဟုတ်ဘဲ ဆင်ခြင်တွေးဆ အားထုတ်ဖွယ်ရာများ ကိုသာ ယူဆောင်လာသည့် စာအုပ်ဟုဆိုချင် သည်။ အရိုးစွဲ ခေါင်းဆောင်အာဏာ အခြေပြုစနစ်မှ အမျှော်အမြင်ရှိသည့် ဥာဏ်ပညာ ဦးဆောင်သော နိုင်ငံရေး စနစ်တစ်ခုဆီသို့ ဦးတည်မောင်းနှင် ထားသည့် စာအုပ်ဟုလည်း ဆိုနိုင်သည်။ အသိပညာနှင့် ယှဉ်၍ တိုင်းပြည်ကို ချစ်သောသူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ဟန် တူသည်။

နိုင်ငံရေးစာပေ လေ့လာသူများနှင့် စိတ်ဝင်စားသူတို့၏ စာအုပ်စင်တွင် ထားရှိလေ့လာသင့်သည့် စာအုပ် ကောင်းတစ်အုပ် ဖြစ်သည်ကား သေချာသည်။ အထူးသဖြင့် လက်သီးလက်မောင်းတန်း နိုင်ငံရေးလေ့လာ သူများအတွက် ပိုမို ရည်ညွှန်းလိုက်ရပါသည်။

“တရုတ်နှင့် အတူတကွ ချမ်းသာ၊ အတူတကွ ပျော်ရွှင်စွာခံစား၊ ဒေသတွင်း လုံခြုံရေးနှင့် ကာကွယ်ရေး အတွက် တရုတ်တို့ တာဝန်ယူပေးမည် စသည့် အာရှအိပ်မက်ဖြစ်သည်။ ထိုအိပ်မက်တွင် အနောက်တိုင်းသား တို့မပါ။ အနောက်တိုင်းသား တို့ကို အားကိုးသူများကို တရုတ်နဂါးကြီး အကြောင်းပြမည်။”   (စာ-၉၉)Myanmar Independent News
မဟာဗျူဟာမြောက် ချစ်တဲ့သူ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။
. The Voice Weekly နှင့် The Messenger Journal တို့တွင် နိုင်ငံရေး လေ့လာချက် ဆောင်းပါးများ ရေးသား နေသော ဆရာနေသန်မောင်၏ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး လေ့လာသုံးသပ်ချက် စာအုပ်တစ်အုပ် ဖြစ်ပြီး ထက်ဝေယံ စာပေမှ ပထမ အကြိမ် ထုတ်ဝေလိုက်သည်။ ဂျာ နယ်များတွင် ရေးသားခဲ့သည့် အခြားဆောင်းပါး များအတိုင်း မြန်မာ့ဒီမိုရေစီ အပြောင်းအလဲများအပေါ် သုံးသပ်ထားခြင်းဖြစ်သော်လည်း နိုင်ငံရေး အယူအဆ များထက် ပွင့်လင်းလာသည့် အချိန်ကာလ အလျောက် မြန်မာနိုင်ငံ၏ ပထဝီအနေအထား အရ အနာဂတ် အရေးပါမှုများကို အခြေတည် သုံးသပ်ထားခြင်းလည်း ဖြစ်သည်။

စာအုပ်ကို အပိုင်း ၃ ပိုင်း ခွဲထားပြီး အပိုင်း ၁ တွင် တရုတ် အဖျား၊ အိန္ဒိယတရွတ်ဆွဲမှု၊ တရုတ် စူးအက် တူးမြောင်း၊ အန်ကယ်ဆမ် နှင့် တစ်ညနေ လူလည်အာရှသား စသည့် စိတ်ဝင်စားဖွယ်ခေါင်းစဉ် များခွဲ၍ တင်ဆက်ထားပြီး အပိုင်း ၂ တွင်မူ မဟာတံတိုင်းပေါ်က နဂါး ကြီး၊ အတောင်ဖြန့်သော သိမ်းငှက်၊ အရှေ့မျှော် ဘောလီးဝုဒ်၊ ဒေါ်လာကို ရာဇဝင်ထဲမှာ ထားခဲ့ပါ စသည့် ခေါင်းစဉ်များဖြင့် တင်ဆက်ထားသည်။ နိဂုံး သုံးသပ်ချက်ကိုမူ ၂ဝ၁၂-၂ဝ၁၃ မြန်မာလုပ်ဆောင်ရ မည့် အချက်များ ခေါင်းစဉ်ဖြင့် သုံး သပ်တင်ပြထားသည်။

ဗိုလ်ချုပ်ကြီးဟောင်းဦးနေ၀င်း အတွက် ပြန်လည်ဖြေရှင်းချက်

Thein Moe and Lu Bo shared Zaw Mintun Zawmintun's photo.
ဗိုလ်ချုပ်ကြီးဟောင်းဦးနေ၀င်းအတွက် ပြန်လည်ဖြေရှင်းချက်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.... အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်  ချုပ်အောင်ဆန်းနှင့်အတူ ရဲဘော်သုံးကျိပ်   ၀င်အဖြစ် စစ်တပ်(တပ်မတော်ကြီး)အား စတင်တည်ထောင်ဖွဲ့စည်းခဲ့ပြီး ဗိုလ်ချုပ်  ကွယ်လွန်ခဲ့ပြီးနောက် ထိုစစ်တပ်(တပ် မတော်)ကြီးအား၊နိုင်ငံရေး မုန်တိုင်းကြီး တိုက်ခတ်မှုကြားထဲမှ အဖွဲ့ပေါင်းစုံဆူပူ   သောင်းကျန်းမှုမျိုးစုံ အဖျက်ပေါင်းစုံ လုပ် ရပ်များကို ကာကွယ်ထိန်းသိမ်းကြီးကြပ်   ကွပ်ကဲလျက် နိုင်ငံတော်လုံခြုံရေး၊ငြိမ်ဝပ် ပိပြားရေး၊ငြိမ်းချမ်းရေး ရရှိမှုတို့ကို ပြည် သူများနှင့်အတူ စောင့်ရှောက်ကာကွယ်  ရင်း၊စစ်တပ်တပ်မတော်ကြီးအား အဖက် ဖက်မှတိုးတက်စေရန် အမြဲမပြတ်ဦးဆောင်  လမ်းညွှန်ကြိုးပမ်းခဲ့သူဖြစ်၍ နိုင်ငံနှင့်ပြည် သူတို့အတွက် အကျိုးပြုခဲ့ဘူးသော ဗိုလ် ချုပ်ကြီးဟောင်းနိုင်ငံတော်သမ္မတဟောင်း၊  တစ်ပါတီစနစ်လမ်းစဉ်ပါတီဥက္ကဋ္ဌဟောင်း၊   ကွယ်လွန်သူဦးနေ၀င်းအား၊သူပြုခဲ့ဘူး သော ဖော်ပြပါ ကျေးဇူးတရားများကို လစ်လျူရှုခဲ့ကြပြီး ကပ်သီးကပ်သတ် ပေါက်ပေါက်ရှာရှာ အချိန်ရှိတိုင်း အ ကောင်းတစ်ကွက်မှမမြင်ရှုံ့ချပစ်တင်ပြော  ဆိုရေးသားခဲ့ကြပြီး၊ရေးသားနေကြဆဲနှင့်   နောင်တွင်လည်းပြောဆိုရေးသားကြဦး မည့် အချိန်ကာလမျိုးတွင် စာရေးသူမှ ထူးခြားစွာ ဗိုလ်ချုပ်ကြီးဟောင်းဦးနေ၀င်း အတွက် ပြန်လည်ဖြေရှင်းချက်ကို ရေးသား တင်ပြလိုက်သောအခါ အချို့ချို့သော ပုဂ်္ဂိုလ်များက ဒီလူဟာ ဦးနေ၀င်းရဲ့လူ   ဗိုလ်နေ၀င်းရဲ့အောက်ဆွဲ ဖော်လံဖားသူ  ဟု  ထင်မြင်ယူဆပြောဆိုကြမည်ဖြစ်ပါ သည်။
စာရှုသူတိုင်းစဉ်းစားကြည့်ပါ ဦးနေ ၀င်းမှာ ယခုအသက်ထင်ရှားရှိနေသူမ ဟုတ် ဗိုလ်ချုပ်ကြီး၊သမ္မတကြီးလဲမဟုတ် တော့ပါ။သူတို့ မည်သည့်အကြောင်းမှ  မြှောက်ပင့်ဖော်လံဖားစရာ အကြောင်း  လုံးဝမရှိပါ။ဤသို့ ရေးသားခြင်းဖြင့် စာ ရေးသူအတွက် ပုဂ်္ဂိုလ်ရေးအကျိုး၊စီးပွား  ဟူ၍ ““သုံးမရသော ခဲမတ်စေ့””ပင်ရမည်  မဟုတ်သည်ကို လူတိုင်းနားလည်ကြမည်    ဖြစ်ပါသည်။ထို့အပြင် အချို့သော တစ် ဖက်သတ်အမြင်ရှိသူ နိုင်ငံရေးအာဏာ တကြီးသူများကမူ စာရေးသူအား ကြိပ် ၍ မေတ္တာပို့ကြိမ်ဆဲနေမည့်သူများကို မမှု ပါ။အာသောကံ စိုးရိမ်ခြင်းလည်းမရှိဘဲ    ဤသို့ ဖြေရှင်းရေးသားတင်ပြရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ သမိုင်း၏ ဖြစ် ရပ်မှန်များကို မှန်မှန်ကန်ကန်မျှမျှတတ    ယနေ့မျက်မှောက်ခေတ်နှင့်အနာဂတ်  မျိုးဆက်သစ်လူငယ်များအား ဖြစ်ရပ်မှန်  များထက်““အမှားကိုပုံကြီးချဲ့ အမှန်ကို ပုံသေချုံ့ခြင်းမျိုး ရှုမြင်တွေးခေါ်မှုများ    မဖြစ်ပေါ်စေရေးအတွက် ရပ်တည်ရေး သားခြင်းဖြစ်ပါသည်။တစ်နည်းဆိုရသော်    ပုဂ်္ဂိုလ်တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့   ကိုငဲ့ပြီး၊ ပြောသင့်ရေးသင့်တာ မပြော မရေးလျှင်”” အမှားကြာလျှင် အမှန်ဖြစ် သွားနိုင်၍ နောင်အခါ တိုင်းပြည်နှင့် လူ မျိုးပါ ဒုက္ခရောက်စေနိုင်သည်ဖြစ်သော ကြောင့် ဤသို့သော ဗိုလ်ချုပ်ကြီးဟောင်း  ဦးနေ၀င်းအတွက် ပြန်လည်ဖြေရှင်းချက် ကို ရေးသားရခြင်းဖြစ်ပါသည်။
ပထမ ဖြေရှင်းရေးသားလိုသည့် အချက်မှာ မော်နီတာသတင်းဂျာနယ်   အတွဲ(၁)အမှတ်(၂၅)၁၄.၁၀.၂၀၁၂နေ့ ထုတ်တွင် ဖော်ပြခဲ့သော နိုင်ငံခြားဌာန  သတင်းထောက် ယခုလန်ဒန်မြို့တွင် နေ ထိုင်သူ  PETER POPHAM ရေး THE LADY AND THE PEA COCK THE LIFE OF AUNG SAN SUKYI စာအုပ် ကို မော်နီတာဂျာနယ်မှ ဆီလျော်အောင် ဘာသာပြန်ဖော်ပြခဲ့ရာ၌ ““စု”” (ဒေါ်အောင် ဆန်းစုကြည်)၁၅နှစ် သမီးအရွယ်တွင်  အိန်္ဒိယပြည် ဒေလီသို့မိသားစုပြောင်းရွှေ့  ရသည်။ဒေလီမြို့တွင် သူမမိခင်ကြီးက သံ အမတ်ကြီးအဖြစ် အမှုထမ်းရသဖြင့် ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း ထိုအချင်း အရာသည်မ ဂုဏ်ပြုခြင်းတော့ဖြစ်ပါ၏ သို့သော် စစ်တပ်အကြီးအကဲဖြစ်သူ နောင်  တွင် အာဏာရှင်ဖြစ်လာမည် ဗိုလ်ချုပ် ကြီးနေ၀င်းသည် နောင်များမကြာမီ သူအာဏာသိမ်းမည့်ကိစ္စတွင် နိုင်ငံရေး   အရ မလိုလားအပ်သူကို အဝေးသို့ပထုတ် ခြင်းလည်းဖြစ်သည်။ ဟူ၍ ရေးသားထား    သည်ကို တွေ့ရှိရပါသည်။ဤအချက် သည် သမိုင်း၏ဖြစ်ရပ်မှန်များနှင့်လုံးဝ ကွဲလွဲနေသည်ဆိုချင်ပါသည်။အထောက် အထားမခိုင်လုံသည့် စိတ်ကူးယဉ် ၀တ္ထု     ဟန် သမိုင်းဇာတ်လမ်းမျိုးသည် မြန်မာ သံတော်ဆင့်ဂျာနယ် အတွဲ(၁)အမှတ်  (၃၂)၌ ဆရာမောင်ဖုန်းပြည့်(တက္ကသိုလ်)    ရေးသားခဲ့သော ““ရေမြှုပ်ဗုံး၏ ဇာတ်သိမ်း   အမှတ်”” ဆောင်းပါး၌ရေးသားခဲ့သလို တရားခံမဟုတ်သူများကို တရားခံဖြစ် အောင် အမည်းကွင်းစွန်းထင်စေသော ဇာတ်လမ်းမျိုးဖြစ်ပါသည်။ဆိုသကဲ့သို့ဖြစ်  ၍နေပါသည်။သို့မဟုတ် စာအုပ်ရေးသူ POPHAM သည်  ဗိုလ်ချုပ်ကြီးဟောင်း     ဦးနေ၀င်းအား အာဏာတကြီးစွာဖြင့် အလောကြီးစွာ ဦးနှောက်နှင့်ခြေတလုံး ကြွက်သားနေရာအထားမှားပြီး ရေးသား     မိခြင်းကြောင့်ပင်လောဟု တွေးထင်စရာ  ဖြစ်၍နေပါသည်။
ဖြစ်ရပ်မှန်သမိုင်းမှာ ဒေါ်ခင်ကြည်   သည် ၁၉၄၇ခုနှစ်မှ ၁၉၅၂/၅၈ခုနှစ် အထိ၊ မြန်မာနိုင်ငံမိခင်ကလေးစောင့် ရှောက်ရေးလုပ်ငန်းများ၊လူမှုဝန်ထမ်းများ    သူနာပြုနှင့်ပြည်သူ့ကျန်းမာရေးလုပ်ငန်း များကို အစဉ်တစိုက်ဆောင်ရွက်ခဲ့သူဖြစ် သည့်အခြားလူမှုရေးအဖွဲ့အမျိုးသမီးအဖွဲ့   များနှင့်ဒီမိုကရေစီပညာပြန့်ပွားရေးအသင်း စသည့်အဖွဲ့ပေါင်းစုံ၌ ဥက္ကဋ္ဌတာဝန်များ  ကို ကိုယ်ကျိုးမဖက် မွန်မြတ်သော ပရဟိ တလုပ်ငန်းများအဖြစ်ပါဝင်ကူညီဆောင် ရွက်ခဲ့သည်။ထိုလုပ်ငန်းများနှင့်သက်ဆိုင် သော နိုင်ငံတကာ အစည်းအဝေးများ၊ ဆွေးနွေးပွဲများအတွက် ကမ္ဘာနိုင်ငံအသီး သီးသို့ တက်ရောက်ခဲ့သူလည်းဖြစ်ရာ ၁၉၅၉/၆၀ခုနှစ် ဖဆပလနှစ်ခြမ်းကွဲ၍    ဦးနုခေါင်းဆောင်သော သန့်ရှင်းဖဆပလ        ရွေးကောက်ပွဲ၌အနိုင်ရရှိခဲ့သည်။ဦးနု၏     သန့်ရှင်းဖဆပလအား မဲဆွယ်စည်းရုံးပေး ခဲ့သော်လည်း ဒေါ်ခင်ကြည်သည် ရွေး ကောက်ပွဲ၌၀င်ရောက်အရွေးခံခြင်းမရှိခဲ့ ပေ။ ရွေးကောက်ပွဲနိုင်၍ သန့်ရှင်းဖဆပလ      အဖြစ်လည်း ပြည်ထောင်စုအဖွဲ့(ပထမ)  မှ အစိုးရဖွဲ့စည်းခဲ့သည် ဦးနုခေါင်းဆောင်    သော ပထမအစိုရအဖွဲ့က ဒေါ်ခင်ကြည်   အား ဂုဏ်ပြု၍ကျေးဇူးတုန့်ပြန်သောအား  ဖြင့် လည်းကောင်း၊ဒေါ်ခင်ကြည်၏ပင်ကို    အရည်အချင်းပြည့်ဝမှုများအရလည်း ကောင်း၊ ၁၉၆၀ပြည့်နှစ် မတ်လ(၁၉)ရက်   တွင် အိန်္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်      ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ပြီး ဇွန်လ    တွင် နီပေါလ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ထမ်း ဆောင်စေခဲ့သည် ထို့ကြောင့် မြန်မာအမျိုး    သမီးလောကတွင် ပထမဦးဆုံတစ်ဦးတည်း သော သံအမတ်ကြီးအဖြစ် မော်ကွန်းတင်  ခံခဲ့ရသည်။
ဤဖြစ်စဉ် သမိုင်းကြောင်းကို လေ့ လာကြည့်ပါက ဗိုလ်ချုပ်ကြီးနေ၀င်းနှင့်  မည်သို့ဆက်နွယ်ပတ်သက်ခြင်းရှိနိုင်ပါ မည်နည်း စဉ်းစားကြည့်ကြပါ အတိတ်  ဖြစ်ရပ်မျာကို မှန်ကန်စွာ ဓမ္မဓိဋ္ဌာန်ကျကျ   သုံးသပ်ဆုံးဖြတ်နိုင်မှသာလျှင် အနာဂတ်      တွင် မှန်ကန်စွာ၍ ဓမ်္မဓိဋ္ဌာတ်ကျသော ဆုံးဖြတ်ချက်ကို တည်ဆောက်နိုင်ကြမည် ဖြစ်ပါသည် တစ်နည်းဆိုရသော် မြန်မာ တို့၏ ဘာသာရေး၊ယဉ်ကျေးမှု ကိုးကွယ်  ယုံကြည်မှုများအရ ကျေးဇူးပြုဖူးသူကို    ကျေးဇူးဆပ်ရန်မမေ့အပ် ဟုဆိုထားသည့် အတိုင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်း ကဲ့သို့ နိုင်ငံနှင့်လူမျိုးကို သူ့ခေတ်နှင့်သူ့ အခါအရ ကျေးဇူးပြုခဲ့ဘူးသူ တစ်ဦးအား၊   ကျေးဇူးပြန်လည်၍ မပေးဆပ်သည့်တိုင်    ကျေးဇူးကန်းသည့်လုပ်ရပ်မျိုးကိုမူ မပြု   လုပ်မကြဖို့ လိုအပ်မည်ဟု ဆိုချင်ပါသည်။  ဤသို့မဟုတ်ဘဲ တိုင်းပြည်နှင့်လူမျိုးအတွက်     ကျေးဇူးပြုရာဟူ၍ မြက်တစ်ပင်မနှုတ် တံ  ပျက်စည်းတစ်ခါမှမလှည်းဘူးသူတို့က  ကျေးဇူးပြုဘူး သူတို့အား ကလောင်တစ် ချောင်းပိုင်ခွင့်မရ ဝေဖန်တိုက်ခိုက်ရေးသား   နေကြသည်မှာ ရင်နာစရာ တစ်သွယ်နှင့်   ရယ်စရာ တစ်ဖုံတို့ဖြင့် ဖြစ်၍နေပါသည်။
ဒုတိယဖြေရှင်းလိုသည့်အချက်မှာ      မြန်မာသံတော်ဆင့်အပတ်စဉ်အတွဲ(၁)  အမှတ်(၃၁)၂၃.၁၀.၂၀၁၂နေ့ထုတ် တွင်ပါရှိသော ““ကရ၀ိတ်ငှက်တို့နှုတ်သီး   ဖြောင့်စေတဲ့ ဗိုလ်ချုပ်နေ၀င်း”” ခေါင်းစဉ်     ဖြင့်ရေးသားထားချက်ဖြစ်ပါသည်။ ဆောင်းပါးရှင်က ပန်းရန်ပန်းပုဆရာဦး  ဘရီဆိုသူရဲ့ ပြောပြချက်ကိုရေးထားခြင်း   ဖြစ်ပါသည်။ထိုပန်းရံဆရာကြီးမှာ သူ၏  ပြောဆိုပုံအရ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ လမ်းစဉ်ပါတီဥက္ကဋ္ဌ သမ္မတကြီး   ဆိုတာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းသိပုံ  မပေါ်ပါဘူး။အလွန်ဗဟုသုတနည်းသူ တစ်ဦးဖြစ်ကြောင်းသိသာပါတယ်။ သူ ပြောပုံက မဆလဥက်္ကဋ္ဌဆိုတဲ့ ဗိုလ်နေ၀င်း     ဟုဆိုပါတယ်။ ဗိုလ်နေ၀င်းဟာ ကရ၀ိတ်        ခန်းမတည်ဆောက်မဲ့ ပုံစံကိုယူကြည့် တယ်။ဟေ့ကောင်တွေ ငှက်နှုတ်သီးကောက် တာ ငါမလိုချင်ဘူး ငှက်နှုတ်သီးကို ဖြောင့်ဖြောင့်လုပ်လို့အမိန့်အာဏာပေး သွားတယ် (စစ်အာဏာရှင်ပုံစံကိုဖော်တဲ့   ပြောနည်းပေါ့)ရှေးမြန်မာယဉ်ကျေးမှုနှင့်  ဘိုးဘေးဘီဘင် အစဉ်အဆက်အမွေကို   ပြင်ချင်သလိုပြင်ထင်သလို လုပ်ချင်ရာ လုပ်သွားကြတဲ့ တစ်ပါတီအာဏာရှင်   စစ်အာဏာရှင်ဗိုလ်နေ၀င်းရဲ့ လက်ညှိုး   ထောင်ခေါင်းညိတ်သမား သူတပည့် ဘက်သားတွေရဲ့ အစစ်မဟုတ် အတု လက်ရာ အဖြစ်လုပ်ခဲ့ပုံများကို ရေးသား   တင်ပြထားသည်မှာ ဟုတ်သလိုလို ဖတ် လို့တော့ အကောင်းသားခင်ဗျာ။
သို့သော် အသေအချာစဉ်စားကြည့်    ပါ။ဗိုလ်ချုပ်ကြီးနေ၀င်းဆိုသူမှာ အချို့ သော သာမန်လူများထက် စစ်ရေး၊နိုင်ငံ ရေး၊စီးပွားရေး၊လူမှုရေး အတွေ့အကြုံများ  စာပေယဉ်ကျေးမှု အနုပညာဆိုင်ရာများ နှင့်မြနမာမှုဓလေ့ ထုံးထမ်းများကို အစဉ်  လေ့လာမှတ်သားခဲ့သူပါ ခပ်ညံ့ညံ့လူ တော့ မဟုတ်ပါဘူး။ဤလိုပုဂ်္ဂိုလ်က    ဤမျှလောက်သောကိစ္စကို အဆင်ခြင်   ဥာဏ်ကင်းမဲ့စွာ ပြောဆိုသုံးနှုန်းလိမ့်မည် ဟု ယြုံ့ကည်နိုင်စရာမရှိနိုင်ပါဘူ။ ဗိုလ် ချုပ်ကြီးဟောင်းနေ၀င်းဟာ မြန်မာမှုနယ် ပယ်မှ သူ့ရဲ့လေ့လာတွေ့ရှိချက်များကို    သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြောဆိုတင်  ပြခဲ့သော မိန့်ခွန်းများကို ပြန်ပြီးလေ့လာ   ကြည့်ရင် သူ့စေတနာသူ့သဘောထားတွေ ကို သိရှိနိုင်ကြမည်ဖြစ်ပါသည်။တစ်ပါတီ   အာဏာရှင်စနစ် စစ်အာဏာရှင် ရွံ့မုန်း  ၍ အစိမ်းလိုက်ဝါးစားလိုလျှင် ကြိုက်သ လိုပြောဆိုရေးသားနိုင်ကြပါသည်။ ထို စနစ်မျိုးကို မည်သူမျှကြိုက်နှစ်သက်ခြင်း၊  မရှိသည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့ သော် လူနှင့်မူ စနစ်နှင့်လူကိုတော့ ပုဂ်္ဂိုလ်   ရေးဆိုင်ရာခွဲခြား၍ တိုက်ခိုက်ရန် လိုအပ်    ပါသည်။လူပုဂ်္ဂိုလ်ဆိုင်ရာ အာဃာတဖြင့်   သိက်္ခာထိခိုက်နစ်နာစေရန် ပြောဆိုရေး သားခြင်းမပြုသင့်ဟုဆိုချင်ပါသည်။
အမှန်အားဖြင့် ဤသို့ပြောဆိုရေး သားစွပ်စွဲမှုများသည် စွပ်စွဲသူနှင့်စွပ်စွဲ  ခံရသူတို့နှစ်ဦးနှစ်ဖက်သက်ရှိထင်ရှား ရှိ ကြသည့်အချိန်တွင်သာဖြစ်သင့်ပေသည်။ သေပြီးနောက်မှ စွပ်စွဲမှုမှာ စွပ်စွဲခံရသူ ဖြေရှင်းခွင့်မရရှိသဖြင့် စွပ်စွဲချက်သည် မှန်ကန်မှုရှိသလိုဖြစ်သွားစေနိုင်ပေသည်   စွပ်စွဲသူနှင့်စွပ်စွဲခံရသူ သက်ရှိထင်ရှားရှိ   နေကြစဉ် သင်ခန်းစာယူသင့်သော ဖြစ် ရပ်တစ်ခုကို တင်ပြရလျှင် (၁၅.၈. ၁၉၇၁)နေ့ထုတ် အိုးဝေဂျာနယ်၌ ဗိုလ် ချုပ်ကြီးဟောင်းခင်ညိုက ဆောင်းပါးတစ် ပုဒ်ရေးခဲ့သည် ““ဂျပန်တော်လှန်ရေးနေ့ ကို ရက်ရွှေ့ခဲ့စဉ်က ဤသို့ရက်ရွေ့ရခြင်း မှာ ဒေါက်တာဘမော်မှတဆင့် ပေါက် ကြားသွားလေဟန်စွပ်စွဲရေးသားခဲ့သည်။   ဒေါက်တာဘမော်သည် ဂျပန်ခေတ်တစ် လျှောက်လုံး လူကြီးလူကောင်းပီသစွာ စောင့်စည်းအပ်သည့်အချက်များကို ထိ ပါးခံလိုက်ရသဖြင့် ထိုစွပ်စွဲချက်အပေါ်    အိုးဝေဂျာနယ်သို့ချက်ချင်းတုန့်ပြန်၍ အောက်ပါအတိုင်းရေးသားခဲ့သည်။
““မြန်မာအမျိုးသားအဓိပတိကြီးတစ်  ယောက်လုံးဖြစ်ပါလျက်နှင့်သစ်္စာဖောက်  ပြီး ဂျပန်လက်ထဲသို့ တိုင်းပြည်ကို ထိုးအပ်   တယ်ဆိုတဲ့ စကားလုံးဟာ အတော်လေး ခံရခက်သည် ယခုစွပ်စွဲချက်သည် မြန်မာ့  ရာဇ၀တ်သမိုင်းကြောင်းကို ထူးခြားစွာ ထိခိုက်စေသည့် စွပ်စွဲချက်ဖြစ်နေသည်”” အမှားကြာလျှင် အမှန်ဖြစ်ဆိုသကဲ့သို့  ယခုမရှင်းလင်းပါက နှောင်းလူများအနေ ဖြင့် အမှားကြီးအတိုင်း ယုံမှတ်သွားပေ လိမ့်မည်။ ရှင်းရှင်းပြောရလျှင် ငါသိသမျှ  ထိုအချိန်က ဖွင့်ပြောခဲ့ရင် မင်းတို့အား လုံး ခေါင်းပြတ်ကုန်မှာပေါ့ ဟုပြောလို ပါသည်။ သက်သေအဖြစ် ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင်ရွှေတောင်မှ သူ့ထံ  ရေးသားသော စာကိုပါပူးတွဲတင်ပြရေး သားဖြေရှင်းလိုက်သောအခါ မည်သူမျှ   တုတ်တုတ်မလုပ်ကြဘဲ ဖြစ်ခဲ့သည်ကို လေ့လာသိရှိခဲ့ရပါသည်။ဤသို့ဖြင့် ဒေါက်  တာဘမော်သည် သေသည့်တိုင် လူကြီး လူကောင်း နိုင်ငံရေးသမားတစ်ဦးအဖြစ် မှတ်ယူလက်ခံသွားခဲ့ကြလေသည်။
စာချုပ်အားဖြင့် တင်ပြရလျှင် အမှန်  တော့ ဆင်ကြီးတစ်ကောင်လုံး ဖမ်းပေး သူကို မချီးကျူးသည့်တိုင် ဆိတ်တစ် ကောင် လွှတ်သွားခဲ့သည်ကိုတော့ အပစ် မဆိုသင့်ဆိုသကဲ့သို့သဘောထားအပ်သည် ဟု ဆိုချင်ပါသည် အကယ်၍သာ ဗိုလ်  ချုပ်ကြီးဟောင်းဦးနေ၀င်းသား သက်ရှိ ထင်ရှားရှိနေပါက ဤကဲ့သို့ သူ့အားစွပ် စွဲပြောဆိုရေးသားလာမှုများကို တွေ့မြင်   သိရှိပါက လွတ်လပ်စွာပြောဆိုရေးသား ခွင့်ရှီသသော ယခုကဲ့သို့သော ဒီမိုကရေစီ    ခေတ်ကြီးတွင် ဒီမိုကရေစီပိုင်ခွင့်များကို  အသုံးချ၍ရှင်းလင်းပြတ်သားစွာပြန်လည်  ချေပသွားမည့်အချက်များသည် ပြည်သူ  များအတွက် တန်ဘိုးရှိသော သမိုင်းသင်  ခန်းစာရယူနိုင်သည့် ပွဲကြီးပွဲကောင်းတစ် ခုအဖြစ် တွေ့မြင်ကြရမှာဖြစ်ပါသည်။ ယခုတော့ စာရေးသူက အမှားများကို  တွေ့အောင်ရှာ၍ လွတ်အောင်ရှောင်နိုင်    ကြလျက် မှန်ကန်မျှတသော အတွေးအ မြင်များ ရှင်သန်နိုင်စေရန်ဤသို့သော ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်းအတွက် ပြန်လည်ဖြေရှင်းချက်ကိုရေးသားတင်ပြ   လိုက်ရပါကြောင်း သမိုင်းအမှန်ကို ဘယ်ခဲဖျက်နဲ့မှ ဖျက်လို့မရဘူးဟု ပညာ ရှင်များ၏ မိန့်ဆိုချက်ကို လေးစားယုံ ကြည်စွာဖြင့်။

 

စောကျော်အေး.THE HOT NEWS JOURNAL
ဗိုလ်ချုပ်ကြီးဟောင်းဦးနေ၀င်း
အတွက် ပြန်လည်ဖြေရှင်းချက်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.... အမျိုးသားခေါင်းဆောင်ကြီး ဗိုလ် ချုပ်အောင်ဆန်းနှင့်အတူ ရဲဘော်သုံးကျိပ် ၀င်အဖြစ် စစ်တပ်(တပ်မတော်ကြီး)အား စတင်တည်ထောင်ဖွဲ့စည်းခဲ့ပြီး ဗိုလ်ချုပ် ကွယ်လွန်ခဲ့ပြီးနောက် ထိုစစ်တပ်(တပ် မတော်)ကြီးအား၊နိုင်ငံရေး မုန်တိုင်းကြီး တိုက်ခတ်မှုကြားထဲမှ အဖွဲ့ပေါင်းစုံဆူပူ သောင်းကျန်းမှုမျိုးစုံ အဖျက်ပေါင်းစုံ လုပ် ရပ်များကို ကာကွယ်ထိန်းသိမ်းကြီးကြပ် ကွပ်ကဲလျက် နိုင်ငံတော်လုံခြုံရေး၊ငြိမ်ဝပ် ပိပြားရေး၊ငြိမ်းချမ်းရေး ရရှိမှုတို့ကို ပြည် သူများနှင့်အတူ စောင့်ရှောက်ကာကွယ် ရင်း၊စစ်တပ်တပ်မတော်ကြီးအား အဖက် ဖက်မှတိုးတက်စေရန် အမြဲမပြတ်ဦးဆောင် လမ်းညွှန်ကြိုးပမ်းခဲ့သူဖြစ်၍ နိုင်ငံနှင့်ပြည် သူတို့အတွက် အကျိုးပြုခဲ့ဘူးသော ဗိုလ် ချုပ်ကြီးဟောင်းနိုင်ငံတော်သမ္မတဟောင်း၊ တစ်ပါတီစနစ်လမ်းစဉ်ပါတီဥက္ကဋ္ဌဟောင်း၊ ကွယ်လွန်သူဦးနေ၀င်းအား၊သူပြုခဲ့ဘူး သော ဖော်ပြပါ ကျေးဇူးတရားများကို လစ်လျူရှုခဲ့ကြပြီး ကပ်သီးကပ်သတ် ပေါက်ပေါက်ရှာရှာ အချိန်ရှိတိုင်း အ ကောင်းတစ်ကွက်မှမမြင်ရှုံ့ချပစ်တင်ပြော ဆိုရေးသားခဲ့ကြပြီး၊ရေးသားနေကြဆဲနှင့် နောင်တွင်လည်းပြောဆိုရေးသားကြဦး မည့် အချိန်ကာလမျိုးတွင် စာရေးသူမှ ထူးခြားစွာ ဗိုလ်ချုပ်ကြီးဟောင်းဦးနေ၀င်း အတွက် ပြန်လည်ဖြေရှင်းချက်ကို ရေးသား တင်ပြလိုက်သောအခါ အချို့ချို့သော ပုဂ်္ဂိုလ်များက ဒီလူဟာ ဦးနေ၀င်းရဲ့လူ ဗိုလ်နေ၀င်းရဲ့အောက်ဆွဲ ဖော်လံဖားသူ ဟု ထင်မြင်ယူဆပြောဆိုကြမည်ဖြစ်ပါ သည်။

နာကျင်မှုတွေဆီက လွတ်မြောက်တဲ့ ကမ္ဘာ /by Aung Moe Win

နာကျင်မှုတွေဆီက လွတ်မြောက်တဲ့ ကမ္ဘာ

Aung Moe Win

ဒေသဆိုင်ရာနိုင်ငံရေးကစားကွက် နဲ့ လူမျိုးစု ပြဿနာတွေအကြောင်းကို သမိုင်းစဉ်တလျှောက် ဆွေးနွေးအဖြေရှာခဲ့တယ်။ အာဏာရှင်တွေနဲ့အပေးအယူလုပ်ပြီး ဒီမိုကရေစီကွက်ကြားမိုး ရွာသွန်းမှုတွေကြောင့်၊ အာရပ်ကမ္ဘာရဲ့ မြေပုံဟာ စုတ်ပြတ်သတ်နေခဲ့ရတယ်။ တချို့လှုပ်ရှားမှုတွေဟာ မီဒီယာတွေရဲ့ ဥပေက္ခာပြုခြင်းကို ခံခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် ဖိနှိပ်ခံနေရတဲ့ သူတွေအတွက် ကျနော်တို့ရဲ့ အသံတွေကို လွှင့်တင်ကြရပါလိမ့်မယ်။
လွတ်လပ်တဲ့အာရှအသံရဲ့ ဒီဇင်ဘာ (၂၀ ) ရက်နေ့မနက်ပိုင်းအစီအစဉ်မှာတင်ဆက်ခဲ့တဲ့ ဆောင်းပါးလေးပါ။
သောတရှင်များခင်ဗျား
အာရာဖတ်တောင်တန်းကြီးပေါ်က တမန်တော်မိုဟာမက်ရဲ့ နောက်ဆုံးဆင့်ခေါ်ခြင်း မိန့်ခွန်းတခုအကြောင်း ဖတ်ဘူးမိကြပါလိမ့်မယ်။
သူက---
ယုံကြည်ဘွယ်ကောင်းတဲ့ အရာမှန်သမျှတွေကို ပိုင်ရှင်အစစ်ဆီ ပြန်အပ်ကြရမယ်။
တပါးသူကမင်းကို နာကျင်စေမဲ့အရာတွေ မကျူးလွန်မိစေဖို့အတွက် မင်းကလည်း သူတပါးကို နာကျင်အောင်မလုပ်မိဖို့လိုမယ် လို့ သတိပေးခဲ့ဘူးပါတယ်။
ဒါပေမဲ့ ကမ္ဘာမြေရဲ့ နေရာအနှံ့အပြားမှာတော့ ပိုင်ရှင်အစစ်ဆီကို ပြန်သွားခွင့်မရတဲ့အရာတွေ၊ .နှလုံးသားကို နာကျင်အောင်လုပ်နေတဲ့အရာတွေက တည်ရှိနေဆဲဖြစ်ပါတယ်။ ဒီအထဲက ဒီမိုကရေစီနိုင်ငံကြီးတွေ နဲ့ မီဒီယာတွေ မျက်ကွယ်ပြုခံနေရတဲ့ ဘာရိန်းနိုင်ငံအကြောင်းလေ့လာကြည့်ကြရအောင်ပါ။

မဟာဗျူဟာကို အထိခိုက်ခံ.... လုံခြုံရေးကို တာဝန်အကြီးဆုံးယူထားပြီး ကိုယ့်နိုင်ငံကို ကန့်လန့်ဖြတ်ခံပြီး ပေးထားတဲ့ပိုက်လိုင်း

Mai Kyaw Oo and Saw Minn Hlaing shared ငရဲ သား's photo.
မဟာဗျူဟာကို အထိခိုက်ခံ.... လုံခြုံရေးကို တာဝန်အကြီးဆုံးယူထားပြီး ကိုယ့်နိုင်ငံကို ကန့်လန့်ဖြတ်ခံပြီး ပေးထားတဲ့ပိုက်လိုင်းက ရတဲ့ငွေပမာဏက လောက်လောက်လားလား မရှိတာကို နိုင်ငံတော်ကိုချစ်ပါတယ်. .. တိုင်းပြည်ကိုချစ်ပါတယ်ဆိုတဲ့ .. ကိုယ့်နိုင်ငံလုံခြုံရေး ထိပါးသူတွေကို ဆန့်ကျင်ပါတယ်ဆိုတဲ့ ပုခုံးပေါ် အပွင့်တွေ အလေးခံပြီးတင်ပြီး လွှတ်တော်ထဲဝင်၊ မျက်လုံးဖွင့်အိပ်နေတဲ့ ... ဘယ်သကောင့်သားကမှ လွှတ်တော်ထဲမှာတင်မဟုတ်ပဲ  FBမှာပါ အလွတ်သဘော ၀င်ရောက်ဆွေးနွေးခြင်းမရှိတာဟာ လွှတ်တော်ရဲ့သိက္ခာအရ တရုတ်ကြောက်လွှတ်တော်ဖြစ်နေတာလား.. ဒါမှမဟုတ် ..တရုတ်ကြောက်ဗူးယိုတွေများလားလို့..။ 


နယ်မြေရှင်းလင်းဖို့ အဲဒီပိုက်လိုင်းပတ်ဝန်းကျင်တလျှောက် ဖြစ်ခဲ့တဲ့ (မြေပုံပါ) တိုက်ပွဲတွေ မှာ ကိုယ့်တိုင်းရင်းသားအချင်းချင်း ပြန်သတ်နေကြတဲ့အဖြစ်ကို တရုတ်က လက်ခုပ်လက်ဝါး တီးနေမလား..။

မြစ်ဆုံလိုပဲ .... ၉၀း ၁၀ အချိုးနဲ့ ခံလိုက်ရတာကို မေ့နေကြပြီလား။

ဝနိုင်ငံတော် .. ၀နိုင်ငံသားတို့အတွက် ..ငါ၏အသက်ကို .. စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏

........................................................................................................................................................................................................................................

''မြန်မာနဲ့ တရုတ်ချုပ်ဆိုခဲ့သမျှ စာချုပ်တွေမှာ မြန်မာဘက်က နစ်နာခဲ့တာချည်းပါပဲ။ ဒီလိုမျိုးတစ်ဖက်သတ် စာချုပ် တွေ ဆက်ချုပ်နေမယ်ဆိုရင် စီးပွားရေးအရရော ဆက်ဆံရေးအရပါ ထိခိုက်လာနိုင်တယ်။ မြစ်ဆုံ တုန်းကလည်း ရာခိုင်နှုန်း ၉၀၊ ၁၀ ပဲရှိခဲ့တယ်။ အခုလည်း မြစ်ဆုံလို မဖြစ်သင့်ပါဘူး။ မဟာဗျူဟာအရရော အမျိုးသားလုံခြုံရေးအရပါ ထိခိုက်ခံပြီးတော့ ပေးထားတာနဲ့ ရရှိမယ့်ပမာဏကို လွှတ်တော်က ပြန်စိစစ် သင့်ပါတယ်။ တကယ်ဖြစ်သင့်တဲ့ ပမာဏ ဟုတ်၊ မဟုတ် ပြန်စိစစ် တွက်ချက်ဖို့ လိုမယ်။ စိစစ်ဆဲကာလမှာတော့ ရပ်ဆိုင်းသင့် ရင်ရပ်ဆိုင်းထားရမှာပါ။ ပိုက်လိုင်း ဖြတ်သန်းခအဖြစ်ရရှိမယ်လို့ သိထားတဲ့ပမာဏက တစ်နှစ်ကို အမေရိကန်ဒေါ်လာ ခုနစ်သန်းတောင် မရှိပါဘူး။ တစ်ရက်ကို အမေရိကန် ဒေါ်လာ နှစ်သောင်းလောက်ဆိုတာက ကလေးကစားသလို ဖြစ်နေတယ်။ ဒါနဲ့ပတ်သက်လို့ စွမ်းအင်ဝန်ကြီးဌာနက လွှတ်တော်မှာ ပြန်ရှင်းသင့်တယ်''
(ဒေါက်တာသန်းထွဋ်အောင်)
=====================================================
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် ပိုက်လိုင်းလမ်းကြောင်း ဖြတ်သန်းခအဖြစ်ရရှိသည့် ငွေကြေးပမာဏသည် သဘာဝသယံဇာတ၊ လူမှုစီးပွားရေး ဆုံးရှုံးနစ်နာမှုများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေ၍ လွှတ်တော်မှ ပြန်လည်စိစစ်ရန် လိုအပ်နေကြောင်း သုံးသပ်မှုများရှိနေ 
www.news-eleven.com/index.php?option=com_content&view=article&id=14594:2012-07-18-04-29-53&catid=42:2009-11-10-07-36-59&Itemid=112
===================================================
မဟာဗျူဟာကို အထိခိုက်ခံ.... လုံခြုံရေးကို တာဝန်အကြီးဆုံးယူထားပြီး ကိုယ့်နိုင်ငံကို ကန့်လန့်ဖြတ်ခံပြီး ပေးထားတဲ့ပိုက်လိုင်းက ရတဲ့ငွေပမာဏက လောက်လောက်လားလား မရှိတာကို နိုင်ငံတော်ကိုချစ်ပါတယ်. .. တိုင်းပြည်ကိုချစ်ပါတယ်ဆိုတဲ့ .. ကိုယ့်နိုင်ငံလုံခြုံရေး ထိပါးသူတွေကို ဆန့်ကျင်ပါတယ်ဆိုတဲ့ ပုခုံးပေါ် အပွင့်တွေ အလေးခံပြီးတင်ပြီး လွှတ်တော်ထဲဝင်၊ မျက်လုံးဖွင့်အိပ်နေတဲ့ ... ဘယ်သကောင့်သားကမှ လွှတ်တော်ထဲမှာတင်မဟုတ်ပဲ FBမှာပါ အလွတ်သဘော ၀င်ရောက်ဆွေးနွေးခြင်းမရှိတာဟာ လွှတ်တော်ရဲ့သိက္ခာအရ တရုတ်ကြောက်လွှတ်တော်ဖြစ်နေတာလား.. ဒါမှမဟုတ် ..တရုတ်ကြောက်ဗူးယိုတွေများလားလို့..။

လူတိုင်း သိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး

Thein Moe shared နှလုံးသားအာဟာရ's photo.
လူတိုင်း သိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး

(၁)  အာဝါသမစ္ဆရိယ
မိမိပိုင်ဆိုင်ရာ နေရာဌာန၌ မိမိမှတစ်ပါး မည်သူ့ကိုမျှ မနေစေလိုခြင်း၊ တစ်နည်း မိမိရနေသော ဆောက်အဦးကောင်းမျိုးကို သူတစ်ပါး မရစေလိုခြင်း။ (ကိုယ်ကောင်းကောင်းရသလို သူများကို မရစေချင်တာမျိုး၊ ရသွားရင်ပဲဖြစ်ဖြစ် ရနေရင်ပဲဖြစ်ဖြစ် မကျေမချမ်းဖြစ်နေတာမျိုး)

(၂)  ကုလမစ္ဆရိယ
ရဟန်းဖြစ်လျှင် မိမိကို ကိုးကွယ်နေသော ဒကာ၊ ဒကာမများ အခြားရဟန်းကို မကိုးကွယ်စေလိုခြင်း၊ လူဖြစ်လျှင် မိမိဆွေမျိုး မိတ်သင်္ဂဟများက မိမိထက် အခြားသူများအား ပိုမိုချစ်ခင်သွားမည်ကို မလိုလားခြင်း။ (ကိုယ်နဲ့ ခင်နေတဲ့မိတ်ဆွေ သူများနဲ့ပိုခင်သွားမှာ စိုးရိမ်တာမျိုး) 

(၃)  လာဘမစ္ဆရိယ
စီးပွားလာဘ်လာဘ မိမိရသလို သူတစ်ပါး မရစေလိုခြင်း။ (ကိုယ့်ထက်သာနေတာကိုလည်း လက်မခံနိုင်ဘဲ မကျေနပ်တာ၊ အလိုမရှိတာ၊ မလိုလားတာမျိုး)

(၄)  ၀ဏမစ္ဆရိယ
သူတစ်ပါး၏ လှပသော အဆင်းဂုဏ် မြင့်မြတ်သော အကျင့်ဂုဏ်ကို မိမိလည်း မချီးမွမ်းနိုင်ခြင်း၊ သူတစ်ပါး ချီးမွမ်းသည်ကိုလည်း အလိုမရှိခြင်း။ (သူများရဲ့ ကောင်းဂုဏ်ကို မချီးမွမ်းနိုင်တာ၊ သူများပြောရင်လဲ မလိုလားပဲ မကောင်းလိုက်ပြောတာမျိုး)

(၅)  ဓမ္မ စ္ဆရိယ
 စာပေပရိယတ္တိနှင့် တရားအသိအမျိုးမျိုးကို မိမိ သိသလို သူတစ်ပါးအား မသိစေလိုခြင်း တို့ဖြစ်ကြလေသည်။ (ကိုယ်သိသလို သူများကို မသိစေချင်တာ၊ မတတ်စေချင်တာမျိုး)

ဒီ (၅)မျိုးကို လက်ခံထားရင် ကိုယ်တိုးတက်မယ့်ဂုဏ် မတိုးတက်ပါဘူး… ကိုယ်ရမယ့်ဟာတွေ ကိုယ်ဖြစ်လာမယ့် အရာတွေဟာ လမ်းပိတ်လိုက်သလို ဖြစ်သွားပါတယ်.. ကိုယ်ပြောစကား ကိုယ့်နှုတ်ထွက်စကားက သြဇာအာဏာ မရှိဘူးတဲ့…. သူများနားမထောင်ဘူးပေါ့… ဖြစ်ရာဘဝကိုလိုက်ပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရတယ်တဲ့… သူတစ်ပါးရဲ့ အကူအညီကိုလဲ မရတတ်ဘူးတဲ့…. အကုသိုလ်ကြီးလွန်းရင် အရမ်းသနားတတ်တဲ့သူ၊ အရမ်းပေးကမ်းတတ်တဲ့သူ၊ အရမ်းစာနာတတ်တဲ့သူနဲ့ တွေ့ရင်တောင် အဲ့ဒီလူအပေါ် သနားချင်စိတ်တွေ.. ပေးကမ်းချင်စိတ်တွေ.. စာနာချင်စိတ်တွေ…ကူညီချင်စိတ်တွေ ပျောက်သွားပါတယ်။

သူတစ်ပါးကြီးပွားပျော်ရွှင်တာကို၊ သူတစ်ပါးတို့ ချစ်ခင်ကြင်နာတာကို အန္တရယ်ပြုသည်အထိ ဝန်တိုခြင်း မစ္ဆရိယရှိသူအတွက် လက်ငင်းဆိုးကျိုး၊ သံသရာဆိုးကျိုးများကို သိလိုပါသည်ဟု မေးလျောက်ရာ ဗုဒ္ဓက မစ္ဆရိယသမားအတွက် လက်ငင်းဆိုးကျိုးကား သူတောင့်တသော အရာမှန်သမျှ ဘယ်တော့မှမရ။ ကူညီစောင့်မမည့်သူလည်း မရှိ။ 

သံသရာဆိုးကျိုးကား ငရဲ၊ တိရစ္ဆာန်စသော အပါယ်လေးဘုံသို့ ကျရောက်ရပြီး ထိုဘုံများမှလွတ်၍ လူ့ဘဝသို့ ရောက်ခဲ့လျှင် အဆင်းရဲဆုံးဘဝသို့ ရောက်ရသည်။ အမြဲလိုလို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရတတ်သည်။ ဝမ်းစာကို နဖူးကချွေး ခြေမကျသည်အထိ ပင်ပန်းဆင်းရဲစွာ ရှာဖွေရသည်ဟု ဖြေကြားခဲ့ပေသည်။

ဆရာတော်အရှင်ဇဝန မေတ္တာရှင်(ရွှေပြည်သာ) 
(ဆရာတော်အရှင်ဇဝန မေတ္တာရှင်(ရွှေပြည်သာ)၏ “အတွင်းရန်သူ” စာအုပ်မှဖြစ်ပါသည်။ အင်မတန်ကောင်းသော စာအုပ်ဖြစ်၍ ကိုယ်တိုင်မဖြစ်မနေ ဝယ်ဖတ်ကြည့်စေချင်ပါသည်) နှလုံးသားအာဟာရ
လူတိုင်း သိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး

(၁) အာဝါသမစ္ဆရိယ
မိမိပိုင်ဆိုင်ရာ နေရာဌာန၌ မိမိမှတစ်ပါး မည်သူ့ကိုမျှ မနေစေလိုခြင်း၊ တစ်နည်း မိမိရနေသော ဆောက်အဦးကောင်းမျိုးကို သူတစ်ပါး မရစေလိုခြင်း။ (ကိုယ်ကောင်းကောင်းရသလို သူများကို မရစေချင်တာမျိုး၊ ရသွားရင်ပဲဖြစ်ဖြစ် ရနေရင်ပဲဖြစ်ဖြစ် မကျေမချမ်းဖြစ်နေတာမျိုး)

(၂) ကုလမစ္ဆရိယ
ရဟန်းဖြစ်လျှင် မိမိကို ကိုးကွယ်နေသော ဒကာ၊ ဒကာမများ အခြားရဟန်းကို မကိုးကွယ်စေလိုခြင်း၊ လူဖြစ်လျှင် မိမိဆွေမျိုး မိတ်သင်္ဂဟများက မိမိထက် အခြားသူများအား ပိုမိုချစ်ခင်သွားမည်ကို မလိုလားခြင်း။ (ကိုယ်နဲ့ ခင်နေတဲ့မိတ်ဆွေ သူများနဲ့ပိုခင်သွားမှာ စိုးရိမ်တာမျိုး)

(၃) လာဘမစ္ဆရိယ
စီးပွားလာဘ်လာဘ မိမိရသလို သူတစ်ပါး မရစေလိုခြင်း။ (ကိုယ့်ထက်သာနေတာကိုလည်း လက်မခံနိုင်ဘဲ မကျေနပ်တာ၊ အလိုမရှိတာ၊ မလိုလားတာမျိုး)

စစ်တပ်ကို မထိန်းချုပ်နိုင်ခြင်းသည် သမ္မတ ဦးသိန်းစိန်အတွက် ပထမဆုံး စိန်ခေါ်မှုဖြစ် လင်းသန့်| December 20, 2012 |

Cho Tu Zal and 3 other people shared a photo.
စစ်တပ်ကို မထိန်းချုပ်နိုင်ခြင်းသည် သမ္မတ ဦးသိန်းစိန်အတွက် ပထမဆုံး စိန်ခေါ်မှုဖြစ်

လင်းသန့်| December 20, 2012 | 


ဒီမိုကရေစီစနစ် တည်ဆောက်နေဆဲ မြန်မာနိုင်ငံ၏ အနာဂတ်တွင် အဓိက စိန်ခေါ်မှုကြီး ၃ ခု ရှိပြီး  သမ္မတ ဦးသိန်းစိန် အနေဖြင့် မြန်မာ့တပ်မတော်ကို အပြည့်အ၀ ထိန်းချုပ်နိုင်မှု မရှိသေးခြင်းသည် ပထမဆုံးဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုမှ ၀ါရင့် နိုင်ငံရေးသိပ္ပံ ပညာရှင် ဒေါက်တာ မိုက်ကယ် ဂရင်းက ပြောဆိုလိုက်သည်။

“ဦးသိန်းစိန်က စစ်တပ်ကို အပြည့်အ၀ မထိန်းချုပ်နိုင်သေးဘူး။ မာရှယ်လော (စစ်အုပ်ချုပ်ရေး) ကြေညာနိုင်တဲ့ မဲပေးခွင့်ရှိတဲ့ အာဏာပိုင်တွေထဲမှာ သူက ဆန္ဒမဲ တ၀က်လောက်ပဲ ရနိုင်သေးတယ်။ အချိန်မရွေး လွှတ်တော်ကို ပိတ်ပစ်လို့ ရနေတယ်” ဟု ဒေါက်တာ မိုက်ကယ် ဂရင်းက Geogorgetown Journal နှင့် “မြန်မာနိုင်ငံရဲ့ အနာဂတ်” အမည်ရှိ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားထားသည်။

ဒေါက်တာ မိုက်ကယ် ဂရင်းကို သမ္မတ ဂျော့ဂ်ျ ဘွတ်ရှ် အစိုးရလက်ထက်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ရာထားခဲ့ဖူးပြီး ၀ါရင့် သံတမန်တဦးလည်းဖြစ်သလို နိုင်ငံတကာရေးရာတွင် နှံ့စပ်ကြွယ်ဝသူတဦးလည်း ဖြစ်သည်။ သူသည် မကြာသေးခင်က မြန်မာနိုင်ငံသို့ သွားရောက်လေ့လာခဲ့ပြီး  နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး စင်တာ (Center for Strategic and International Studies – CSIS) ၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကိုလည်း ပူးတွဲရေးသားခဲ့သူဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ ဂျော့ခ်ျတောင်း တက္ကသိုလ် ပါမောက္ခဟောင်းလည်းဖြစ်၊ အမေရိကန် အမျိုးသားလုံခြုံရေး ကောင်စီ၏ ညွှန်ကြားရေးမှူး တဦးလည်းဖြစ်သူ ဒေါက်တာ မိုက်ကယ် ဂရင်းက ဒုတိယ အနေဖြင့် ကချင်၊ ကရင်ပြည်နယ်နှင့် တချို့တိုင်းရင်းသားဒေသများတွင် အပစ်အခတ် ရပ်စဲရေးသဘောတူညီမှုဖြစ်ပြီး ယခုအထိ ပီပြင်မှု အပြည့်အ၀ မရသေးသည့်အပြင် တချို့ဒေသများတွင် အချိန်မရွေး တိုက်ပွဲများ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း၊ ထို့အပြင် တပ်မတော်အကျိုးစီးပွားများဖြစ်သော တိုင်းရင်းသားဒေသများရှိ ရေနံ၊ သစ်၊ စသည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်း အတူမျှဝေရန် တပ်မတော်ဘက်က အဆင်သင့်မဖြစ်သေးခြင်းသည်လည်း စိန်ခေါ်မှုများ ဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် တလျှောက်လုံး စီးပွားရေးစစ်စစ်ဆိုသည်မှာ မရှိခဲ့သေးကြောင်း၊ ကျွမ်းကျင်သူများ မရှိသေးခြင်းသည် တတိယ စိန်ခေါ်မှုကြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာနှင့် NGO များက အကူအညီပေးလိုပြီး အစိုးရဘက်ရော၊ ဒီမိုကရက်တစ် အတိုက်အခံဘက်တို့ကိုပါ ကဏ္ဍတိုင်းတွင် ကျွမ်းကျင်သူများ လေ့ကျင့်ပေးရန် ဆန္ဒရှိနေကြာင်း ဒေါက်တာ မိုက်ကယ် ဂရင်းက ဆိုသည်။

“သူတို့မှာ စီးပွားရေးဆိုင်ရာ စီမံကွပ်ကဲသူတွေလည်း မရှိဘူး။ စာရင်းဇယားတွေလည်း မရှိဘူး။ သူတို့မှာက နှစ်ပေါင်းများစွာ တလျှောက်လုံး တကယ့်စီးပွားရေး စစ်စစ်ဆိုတာ မရှိခဲ့ဘူး” ဟု ဒေါက်တာ မိုက်ကယ် ဂရင်းက မေးမြန်းခန်းတွင် ပြောထားသည်။

မြန်မာနိုင်ငံသည် ပထ၀ီအနေအထားအရ တရုတ်၊ အန္ဒိယ၊ အာဆီယံတို့၏ လမ်းဆုံဖြစ်နေပြီး မဟာဗျူဟာမြောက် နိုင်ငံဖြစ်နေကြောင်း၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ မြောက်ကိုရီးယားနှင့် လက်နက်ကုန်သွယ်မှုရှိခြင်း အစရှိသော ကိစ္စများ ဆယ်စုနှစ်နှင့်ချီပြီးရှိခဲ့ကြောင်း ဒေါက်တာ မိုက်ကယ် ဂရင်းက ထောက်ပြသည်။

သို့သော် အပြုသဘောဆိုင်ရာ ခြေလှမ်းများအဖြစ် သမ္မတ ဦးသိန်းစိန် အစိုးရက မြောက်ကိုရီယားနှင့် လက်နက်ဆိုင်ရာ ဆက်ဆံမှုများ မလုပ်တော့ဟု ဆိုသည့် အမည်ခံ လက်နက် မပြန့်ပွားရေးဆိုင်ရာ IAEA (နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ) ၏ စာချုပ်ကို လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ စုဝေးခြင်းဆိုင်ရာတို့ကို အတိုင်းအတာ တခုအထိခွင့်ပြုပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်  နိုင်ငံရေးပါတီများ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရခြင်း၊ ပြန်လည် မှတ်ပုံတင်ခွင့်ပေးခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြောင်းလည်း သူက ပြောသည်။

ထို့အပြင် သူက သမ္မတ ဦးသိန်းစိန်ကို ရိုးသားသူ၊ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေသူအဖြစ် မှတ်ချက်ပေး ပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည် သည် သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ အကြား အာဏာလွန်ဆွဲပွဲကြားတွင် ခက်ခက်ခဲခဲ ထိန်းညှိလုပ်ဆောင်နေရသည်ဟု ယူဆကြောင်းလည်း သုံးသပ်ပြောဆိုထားသည်။

“ဦးသိန်းစိန်က သဘာဝ အရင်းအမြစ် လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီမှုတွေကို လက်မှတ်ရေးထိုးခဲ့တယ်။ ပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ကျဉ်းဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ရိုးရိုးသားသား လက်တွဲလုပ်ဆောင်နေတယ်” ဟု သူက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည်လည်း ယခုအထိ ခက်ခဲနေသေးကြောင်း၊ လွတ်တော်တွင်း ၇၅ ရခိုင်နှုန်းဖြင့် ပြင်ဆင်ခွင့် ရပါကလည်း အဆိုပါ ပြင်ဆင်ခွင့်ကို အတည်ပြုနိုင်ရေး လူထုဆန္ဒခံယူပွဲက နောက်ထပ် တဆင့် ၇၅ ရာခိုင်နှုန်းဖြင့် အနိုင်ရပါမှ ဥပဒေပြင်ဆင်နိုင်မည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ဒီမိုကရက်တစ်များ အာဏာမရနိုင်ကြောင်း၊ တဖက်တွင်လည်း စစ်ဘက်၊ အစိုးရဘက်နှင့် အတိုက်အခံဘက်တို့ အားလုံးက နောက်ကြောင်းပြန် မလှည့်လိုကြသည်ကို သိရကြောင်း ဒေါက်တာ မိုက်ကယ် ဂရင်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေရာတွင် တရုတ်နိုင်ငံ၏သြဇာကို ထိန်းညှိရန် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ မြန်မာပြည်သူ လူထု၏ ပြဿနာကို ဖြေရှင်းပေးနိုင်ရေး ကြိုးစားနေပြီး မြန်မာပြည်ကို ကောင်းစေရန် လုပ်ဆောင်နေသည်ဟုလည်း မြင်ကြောင်း သူက မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စု၏ ထိတွေ့ဆက်ဆံရေး မူဝါဒရေးရာနှင့် ပတ်သက်၍ ဒေါက်တာ မိုက်ကယ် ဂရင်းက တခုလုံးခြုံကြည့်က အောင်မြင်သည်ဟု မှတ်ချက်ပေးသော်လည်း မှားယွင်းမှု ၃ ခု ရှိသည်ဟု ယူဆကြောင်း ပြောသည်။

အမေရိကန် အစိုးရအဖွဲ့သည် အပြောကောင်းစွာဖြင့် မြန်မာအစိုးရကို တခါတရံ အလွန်အကျွံ ဖက်လဲတကင်း လုပ်ဆောင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အခိုင်အမာ အားပေးထောက်ခံနေသည့် အမေရိကန်လွှတ်တော်ကိုလည်း လျှော့တွက်ခဲ့ခြင်းသည် ပထမမှားယွင်းမှုဖြစ်ကြောင်း ဒေါက်တာ မိုက်ကယ် ဂရင်းက ဝေဖန်သည်။

ဒုတိယ မှားယွင်းမှုမှာ တရုတ်နှင့် အင်အားချိန်ခွင်လျှာ ညှိလိုသည့်ဗျူဟာ တချိန်ကရှိခဲ့ပြီး တရုတ်၏ဖောက်သည် မြန်မာကို အမေရိကန်က လုယူလိုခဲ့ခြင်းဖြစ်ကြောင်း၊ တတိယ မှားယွင်းချက်မှာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများထဲမှ တော်တော်များများကို ချွင်းချက်တစုံတရာ မထားဘဲ ဖြေလျှော့ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုကိစ္စတွင် အမေရိကန် လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုရရေး တခုတည်းကိုသာ ကြည့်ပြီး နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး အပါအ၀င် မဖြေရှင်းရသေးသည့် ပြဿနာတို့တွင် အားနည်းခဲ့ကြောင်း ဝေဖန်ထောက်ပြသည်။

သို့သော် နိုဝင်ဘာလ ၁၉ ရက်နေ့က အမေရိကန် သမ္မတ အိုဘားမား၏ သမိုင်းဝင် မြန်မာခရီးစဉ်သည် အဆိုပါ မှားယွင်းချက်များကို ပြန်လည် ပြင်ဆင်နိုင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား တချို့လွတ်လာခြင်း၊ တရုတ်ကိုလည်း သံသယ ကင်းရှင်းသွားစေခြင်း၊ မြန်မာအနေဖြင့် IAEA နှင့် နောက်ဆက်တွဲ သဘောတူစာချုပ် ချုပ်ဆိုနိုင်စေခဲ့ခြင်း စသည်တို့ဖြင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု၏ မူဝါဒကို ပြန်လည် ထိန်းညှိပေးနိုင်ခဲ့ကြောင်း သူက ပြောဆိုသွားသည်။

ဒေါက်တာ မိုက်ကယ် ဂရင်း (ဓာတ်ပုံ – East-West Center)

အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီ
စစ်တပ်ကို မထိန်းချုပ်နိုင်ခြင်းသည် သမ္မတ ဦးသိန်းစိန်အတွက် ပထမဆုံး စိန်ခေါ်မှုဖြစ်

လင်းသန့်| December 20, 2012 |


ဒီမိုကရေစီစနစ် တည်ဆောက်နေဆဲ မြန်မာနိုင်ငံ၏ အနာဂတ်တွင် အဓိက စိန်ခေါ်မှုကြီး ၃ ခု ရှိပြီး သမ္မတ ဦးသိန်းစိန် အနေဖြင့် မြန်မာ့တပ်မတော်ကို အပြည့်အ၀ ထိန်းချုပ်နိုင်မှု မရှိသေးခြင်းသည် ပထမဆုံးဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုမှ ၀ါရင့် နိုင်ငံရေးသိပ္ပံ ပညာရှင် ဒေါက်တာ မိုက်ကယ် ဂရင်းက ပြောဆိုလိုက်သည်။

“ဦးသိန်းစိန်က စစ်တပ်ကို အပြည့်အ၀ မထိန်းချုပ်နိုင်သေးဘူး။ မာရှယ်လော (စစ်အုပ်ချုပ်ရေး) ကြေညာနိုင်တဲ့ မဲပေးခွင့်ရှိတဲ့ အာဏာပိုင်တွေထဲမှာ သူက ဆန္ဒမဲ တ၀က်လောက်ပဲ ရနိုင်သေးတယ်။ အချိန်မရွေး လွှတ်တော်ကို ပိတ်ပစ်လို့ ရနေတယ်” ဟု ဒေါက်တာ မိုက်ကယ် ဂရင်းက Geogorgetown Journal နှင့် “မြန်မာနိုင်ငံရဲ့ အနာဂတ်” အမည်ရှိ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားထားသည်။