Wednesday, December 19, 2012
နှလုံးသားကို ရင်းပြီး ဦးနှောက်နဲ့ ရေးတဲ့ မိခင်တစ်ဦးရဲ့ စာတစ်စောင်
Saw Kyaw and 3 other people shared a photo.
နှလုံးသားကို ရင်းပြီး ဦးနှောက်နဲ့ ရေးတဲ့ မိခင်တစ်ဦးရဲ့ စာတစ်စောင်
==========================================
သမ္မတကြီးရှင့်…
နိုင်ငံရဲ့ တာဝန်တွေကို မအားလပ်နိုင်အောင် ထမ်းဆောင်နေရတဲ့ သမ္မတကြီးကို အနှောက်အယှက် ဖြစ်စေ လို တဲ့ စိတ် မရှိပေမယ့် ကျွန်မ ဒီစာကို ရေးလိုက်မိပါတယ်။ ကျွန်မဟာ တိုင်းပြည်အတွက် ခြေတစ်ဖက် စွန့်ထားသူ ရဲ့ ဇနီး၊ တိုင်းပြည်အတွက် အသက်ပေးသွားသူရဲ့ မိခင်၊ လက်ရှိ တိုင်းပြည်အတွက် အလုပ်အကျွေးပြု နေဆဲ ကျောင်းဆရာမ တစ်ဦးပါ။ ကျွန်မ အမျိုးသား ခြေတစ်ဖက် ဆုံးရှုံးချိန်မှာ ရခဲ့ဖူးတဲ့ ကြေးတံဆိပ်လေးကို ကျွန်မ ဂုဏ်ယူ ကျေနပ်ခဲ့ဖူးပေမယ့် ကျွန်မရဲ့ သားအပါအ၀င် တိုင်းပြည်အတွက် ကချင်ပြည်နယ်မှာ အသက်စွန့်ခဲ့တဲ့ စစ်သည်တွေ အပေါ် သမ္မတကြီးတို့ရဲ့ လျစ်လျူရှု နေနိုင်မှုကို ကျွန်မ တကယ် မခံစားနိုင်ပါဘူး။
ကျွန်မတို့ မိသားစုဟာ စစ်ကိုင်းတိုင်းက မြို့နယ်တစ်ခုမှာ နေထိုင်ကြီးပြင်း ခဲ့ကြတယ်။ ကျွန်မအမျိုးသားဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ခြေတစ်ဖက် စွန့်ခဲ့ရတယ်။ ကျွန်မရဲ့ သားငယ်လေးဟာ ကချင်ပြည်နယ်မှာ အသက် စွန့်ခဲ့ရတယ်။ကျွန်မရဲ့ သားငယ်ဟာ အသက်စွန့်ပြီး စီးပွားရေး လုပ်ခဲ့တာ မဟုတ်ပါဘူး။ တိုင်းပြည် ငြိမ်းချမ်းရေးအတွက် အသက်ပေးခဲ့တဲ့ အုတ်တစ်ချပ် သဲတစ်ပွင့်ပါ သမ္မတကြီး။ သမ္မတကြီးတို့ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံဆိုတာ ဖြစ်အောင်၊ ကျွန်မ ကလေးတွေကို သင်ပေးတဲ့ တိုင်းနဲ့ ပြည်နယ်တွေ ပါဝင်တဲ့ မြန်မာနိုင်ငံ မြေပုံကြီး ဖြစ်အောင် မွေးရပ်မြေကို စွန့်ခွာပြီး အသက်စွန့်တာဝန်ထမ်းဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ တပ်မတော် သားတွေပါရှင်။
အသက် ၂၅ နှစ် ဆိုတဲ့ ကျွန်မ သားငယ်ဟာ ကျွန်မအတွက်တော့ ကလေးပါပဲ။ ကျွန်မ သားငယ် စစ်ဆင်ရေး တာဝန်ကို စပြီးထမ်းဆောင်ကတည်းက ကျွန်မသားဟာ သူ့လစာကို မစားခဲ့ရဘူး။ သူနဲ့ ရွယ်တူ အပေါင်း အသင်းတွေ မိသားစုနဲ့ အတူနေပြီး ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချိန်မှာ ကျွန်မသားအတွက် မိသားစု ဆိုတာ တာဝန်နဲ့ ရဲဘော်ရဲဘက်တွေပဲ ဖြစ်ခဲ့ရတယ်။ သူအရမ်း နှစ်သက်တဲ့ ဘုရားပွဲတွေကို နှစ်ပေါင်းများစွာ မိသားစုနဲ့အတူ ပျော်ရွှင်ခွင့်မရခဲ့ဘူး။ အခုတော့ ဒီဘ၀မှာ သူ့အတွက် မိသားစုနဲ့ ပြန်ဆုံဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ရပါပြီ။
နိုင်ငံကြီးတစ်ခုက စစ်သားတစ်ယောက်ဟာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ချိန်မှာ အနွေးထည် မလုံလောက် လို့ သူ့အမေဆီ စာရေးပြီး မှာခဲ့ဖူးတယ်။ သူ့မိခင်က အစိုးရကို ဒီအဖြစ်အတွက် စာရေးတောင်းဆိုလို့ အစိုးရက ဖြေရှင်းခဲ့ပေးရတယ်။ ကျောပိုးအိတ် တစ်လုံးနဲ့ ရိက္ခာ အငတ်ငတ်အပြတ်ပြတ် တာဝန်ထမ်းဆောင်တဲ့ တပ်မ တော် သားတွေအတွက် သမ္မတကြီးတို့ အစိုးရအဖွဲ့မှာ တာဝန်မရှိဘူးလို့ သမ္မတကြီး ယူဆပါလား လို့ ကျွန်မ တကယ် မေးလိုက်ချင်တယ်။ စစ်သားဘ၀ကို ဖြတ်သန်းပြီးမှ သမ္မတဖြစ်လာတဲ့ သမ္မတကြီးတို့လို လူကြီး တွေက တပ်မတော်သားတွေ အပေါ် ပိုပြီး ကြင်နာရမှာ မဟုတ်ပါဘူးလား။
မာနယ်ပလော၊ မဲသဝေါ လိုဒေသ မျိုးတွေမှာတောင် တိုက်ပွဲတိုင်းနိုင်အောင် တိုက်ပြီး တိုင်းပြည် အေးချမ်း စေခဲ့တဲ့ တပ်မတော်သား တွေဟာ ဘာမဟုတ်တဲ့ ကချင်လက်နက်ကိုင်ကျမှ အကျိုးမဲ့ အသက်ပေးခိုင်း ခဲ့ရပါသ လား။ ကချင်ထိုးစစ်ရပ် ဆိုလို့ ရပ်ထားခဲ့ရတယ်တဲ့။ ဒါဆို ထိုးစစ်ရပ်ဆိုတဲ့ ကာလမှာ ကျွန်မသားဟာ ရန်သူ့ရဲ့ ကျည်ဆံအောက်မှာ ကျဆုံးခဲ့ရတာပါလဲ။ တကယ်ဆို သမ္မတကြီးတို့ လုပ်တဲ့ ငြိမ်းချမ်းရေးသာ စစ်မှန် ရင် ဒီအချိန် ကျွန်မဟာ ကျွန်မသား ပြန်အလာကို စောင့်ရင်းနဲ့ ဘုရားမှာ ဆုတောင်းနေရမှာပါ။
ကျွန်မ အရမ်း ၀မ်းနည်းမိပါတယ်။ စစ်သားတစ်ယောက် ဖြစ်လို့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ကျွန်မသားကို ကျွန်မ ဂုဏ်ယူပေမယ့် ကျွန်မသား ပေးဆပ်ရတဲ့ အသက်ဟာ သမ္မတကြီးရဲ့ ထိုးစစ်ရပ်ဆိုတဲ့ စကားကြောင့် ဆိုတဲ့ အတွေးကလည်း ကျွန်မကို နှိပ်စက်နေပါတယ်။ သမ္မတကြီးရဲ့အမိန့်ကို ကာကွယ်ရေး ဦးစီးချုပ်က နာခံပါ့မယ် လို့ ၀န်ကြီး ဦးအောင်မင်းက ပြောခဲ့တယ်။ ဒီလို ကချင်ပြည်နယ်မှာ တပ်မတော် မလိုအပ်ဘူး။ ကေအိုင်အေပဲ လိုအပ်တယ်ဆိုရင် ကချင်ပြည်နယ်က တပ်မတော်ကို သမ္မတကြီး အမိန့်ထုတ်ပြီး ပြန်ရုပ်ခိုင်းလိုက်ပါတော့လား။ ဒါဆို ကျွန်မ သားလို ကျည်တစ်တောင့် မပစ်ရဘဲ သေဆုံးရတဲ့ တပ်မတော်သားတွေ မရှိနိုင်တော့ဘူး မဟုတ် လား ရှင်။
အခု သေဆုံးသွားတဲ့ ကျွန်မသား အပါအ၀င် တပ်မတော်သားတွေဟာ သူရဲကောင်းတွေပါ။ သူရဲကောင်းတို့ အသက်စွန့်ခြင်းနဲ့ တိုင်းပြည်အတွက် ပေးဆပ်ခဲ့သူတွေပါ။ သမ္မတကြီးတို့ အမြဲပြောဆိုနေတဲ့ အမေရိကန်လို ဒီမိုကရေစီ နိုင်ငံက စစ်သားတွေ ဗီယက်နမ် စစ်မြေပြင်မှာ သေဆုံးတုန်းကတောင် အမေရိကန် သမ္မတက သူ့မိသားစု တွေဆီကို ၀မ်းနည်းကြောင်း ပို့ပေးခဲ့ဖူးပါတယ်။ အခုလို ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အသက် ပေးခဲ့ရသူတွေအတွက် သမ္မတကြီး ၀မ်းနည်းကြောင်း တစ်ခွန်း မပြောသင့်ဘူးလားလို့ မေးချင်ပါတယ်။
ကျွန်မဟာ ကျွန်မသား သေဆုံးမှုအတွက် ၀မ်းနည်းတာတစ်ဖက်၊ ခံပြင်းတာတစ်ဖက်မို့ အရူးတစ်ပိုင်း ဖြစ်နေရ ပါတယ်။ကျွန်မ မျက်ရည်တွေကို ကူမသုတ်ပေးနိုင်ရင်တောင် နောက်ထပ် ကျွန်မလို မိဘတွေ ထပ်ပြီး မရှိရ အောင် သမ္မတကြီးတို့ ဆုံးဖြတ်ကြပါတော့လို့ ကျွန်မ တိုက်တွန်းလိုက်ပါတယ်။
သမ္မတကြီးကို အားကိုးယုံကြည်လျှက်။။
နှလုံးသားကို ရင်းပြီး ဦးနှောက်နဲ့ ရေးတဲ့ မိခင်တစ်ဦးရဲ့ စာတစ်စောင်
==============================
============
သမ္မတကြီးရှင့်…
နိုင်ငံရဲ့ တာဝန်တွေကို မအားလပ်နိုင်အောင် ထမ်းဆောင်နေရတဲ့ သမ္မတကြီးကို အနှောက်အယှက် ဖြစ်စေ လို တဲ့ စိတ် မရှိပေမယ့် ကျွန်မ ဒီစာကို ရေးလိုက်မိပါတယ်။ ကျွန်မဟာ တိုင်းပြည်အတွက် ခြေတစ်ဖက် စွန့်ထားသူ ရဲ့ ဇနီး၊ တိုင်းပြည်အတွက် အသက်ပေးသွားသူရဲ့ မိခင်၊ လက်ရှိ တိုင်းပြည်အတွက် အလုပ်အကျွေးပြု နေဆဲ ကျောင်းဆရာမ တစ်ဦးပါ။ ကျွန်မ အမျိုးသား ခြေတစ်ဖက် ဆုံးရှုံးချိန်မှာ ရခဲ့ဖူးတဲ့ ကြေးတံဆိပ်လေးကို ကျွန်မ ဂုဏ်ယူ ကျေနပ်ခဲ့ဖူးပေမယ့် ကျွန်မရဲ့ သားအပါအ၀င် တိုင်းပြည်အတွက် ကချင်ပြည်နယ်မှာ အသက်စွန့်ခဲ့တဲ့ စစ်သည်တွေ အပေါ် သမ္မတကြီးတို့ရဲ့ လျစ်လျူရှု နေနိုင်မှုကို ကျွန်မ တကယ် မခံစားနိုင်ပါဘူး။
အကင်လည်းစားကြပါ ….ကင်ဆာကိုလည်း မြင်ကြပါ
အကင်လည်းစားကြပါ ….ကင်ဆာကိုလည်း မြင်ကြပါ 
အလွန်အကျွံအကင်စားသုံးသူများပြားလာလျှင် ကင်ဆာရောဂါဖြစ်ပွားနှုန်း များပြားလာနိုင်ပါသည် ။   
အကင် ကင်ရာ ကနေ ထွက်လာတဲ့ ဒီ နိုက် ထရိုစမင်း (Nitrosamine)ဓာတ်ဟာ  အစာအိမ် ကို  ကင်ဆာဖြစ်စေနိုင်ပါတယ်။
ဒီလိုအကြောင်းလေးနဲ့ ပတ်သတ်ပြီးတော့လည်း အသည်းဆရာဝန်ကြီး တဦးကပြောခဲ့သည့် စကားလေး မှာ  ''အကင်တွေ ဟာ ဘယ်လောက်အထိ သန့်သ လဲဆိုတာ ရောင်းချတဲ့သူအပေါ် မှာ မူတည်တယ်။  စားသင့်လား၊ မစားသင့်ဘူးလားဆိုတာဆရာဝန် တွေအနေနဲ့ကတော့ ကျန်းမာရေး ပညာပေးကိုသာ လုပ်နိုင်ပါတယ်။ လိုက်နာတာ၊ မလိုက်နာတာက တော့ ပြည်သူလူထု အပေါ်မှာပဲ မူတည်တယ်။ ဆရာတို့က ဘယ် လောက်ပဲ  ပညာတွေပေးပေး စားသုံးသူက အလွန်အကျွံစား နေမယ်ဆိုရင်တော့   ဆရာတို့ တိုင်းပြည်မှာ ကင်ဆာဖြစ်နှုန်း တ ဖြည်းဖြည်းတက်လာမှာပါ။ စား သုံးသူတွေရှိနေရင်  ရောင်းချသူ တွေလဲရှိနေဦးမှာပါ''ဟုပြောပြပါသည် ။
ယခုအခါတွင် စားသုံးသူများ လွန်စွာကြိုက်နှစ်သက်နေသော အကင်များတွင် အသားကို အဆီ ရွှဲနစ်အောင်သုတ်၍   ကင်သော အကင်များကို   စားသုံးပါက အသည်း အဆီဖုံးရောဂါဖြစ်ပွား နိုင်ပြီး 
အချို့သောအသားများကို ဆီနှင့်ကြော်၍  ရောင်းချသော ဆိုင်များသည်လည်း  ပြန်ကြော် ဆီကိုသာ  အသုံးပြုခြင်းကြောင့် ၎င်းဆီများမှ ဓာတ်တိုးနေပြီး ကင် ဆာရောဂါမျိုးစုံဖြစ်ပွားနိုင်ကြောင်း Mg Mandalay သတိပေးရေးသားတင်ပြပါသည် ။
ငှက်တို့၏တေး
အသိုက်ထဲ ဝပ်နေသူတို့ရေ … ။
#################
ငှက်တို့၏တေး
----------
မလိုက်ရဲရင်လည်း
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ။
တစ်နေ့နီးမှာပေါ့
ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်
(ငှက်ဆိုတာကတော့ ...) ပျံရင်းသေ။
ကဆုန်ဆိုင်းသလိုပေါ့
မုန်တိုင်းက ရှေ့မှာမွှေ
တောမီးတွေက ရှေ့မှာဝိုင်း။
ခြင်္သေက မြက်မစား
ကျားက ကြွက်မချောင်း
မိချောင်းက ဖွတ်လိုမနေ
အိုးဝေ..အိုးဝေ တွန်သံနှောလေတဲ့
စိမ်းမြညို ဟောဟိုတောဆီသို့
အမောခံ ဇောမာန်တင်းပါလို့
ပျံရင်းသေ ခရီးဆက်မယ်တဲ့
(အဲဒါ..) ငှက်တို့ရဲ့သမိုင်း။
မောင်စိန်ဝင်း(ပုတီးကုန်း)
ငှက်တို့၏တေး
----------
မလိုက်ရဲရင်လည်း
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ။
တစ်နေ့နီးမှာပေါ့
ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်
(ငှက်ဆိုတာကတော့ ...) ပျံရင်းသေ။
ကဆုန်ဆိုင်းသလိုပေါ့
မုန်တိုင်းက ရှေ့မှာမွှေ
တောမီးတွေက ရှေ့မှာဝိုင်း။
ခြင်္သေက မြက်မစား
ကျားက ကြွက်မချောင်း
မိချောင်းက ဖွတ်လိုမနေ
အိုးဝေ..အိုးဝေ တွန်သံနှောလေတဲ့
စိမ်းမြညို ဟောဟိုတောဆီသို့
အမောခံ ဇောမာန်တင်းပါလို့
ပျံရင်းသေ ခရီးဆက်မယ်တဲ့
(အဲဒါ..) ငှက်တို့ရဲ့သမိုင်း။
မောင်စိန်ဝင်း(ပုတီးကုန်း)
Tuesday, December 18, 2012
တရုတ်ကျောထောက်နောက်ခံရှိသည့် ၀ တပ်မတော်အကြောင်း..။ by ငရဲ သား on Thursday, July 26, 2012 at 2:30am ·
ယနေ့ခေတ် လူငယ်များဟာ ကိုယ့်မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်လေ့ရှိတဲ့ ကေအင်ယူ၊ ကေအိုင်အေ အက်စ်အက်စ်အေ နဲ့ အခြား လက်နက်ကိုင်
တပ်ဖွဲ့အများစုကိုသာ သတိထားမိကြမှာပါ..။  မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုများပြားသလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များလည်း များပြားပါတယ်။ အဲဒီအထဲမှာ ငြိမ်းချမ်းရေးအရ ညှိလို့ရတဲ့ တပ်ဖွဲ့တွေ ရှိသလို တိုက်ပွဲဖြစ်နေတဲ့ လက်နက်ကိုင်တွေလည်း အများကြီးပါ။
ဒါပေမယ့် အခြားတိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ လုံးဝမတူပဲ တရုတ်ကြီးအားကိုးနဲ့ ဘယ်လောက်ညှိညှိ လက်မခံတဲ့ အဖွဲ့ကတော့ ၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပဲဖြစ်ပါတယ်..။
၁၉၈၈ အပြီးမှာ န၀တ/နအဖ အစိုးရရဲ့ စစ်ရေး မဟာဗျူဟာနဲ့ ငြိမ်းချမ်းရေးပေါ်လစီတွေအားနည်းချက်ကြောင့် အပစ်အခတ်ရပ်စဲတာကို ငြိမ်းချမ်းရေးရခဲ့တယ်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ တစ်ဖြည်းဖြည်းနဲ့ အင်အားကြီးထွားလာကြပါတယ်.။ အဲဒီတုန်းက ငြိမ်းချမ်းရေးကို ဖော်ဆောင်သူဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ပေါ်လစီဟာ တကယ်တော့ နားလည်မှုရှိစွာ နိုင်ငံရေး၊ တိုင်းရင်းသားရေး အရ ငြိမ်းချမ်းရေးယူထားတာမဟုတ်ဘဲ သေနတ်မပစ်ရင်ပြီးရောမူဝါဒချပြီး အခွင့်အရေးများစွာပေးကာ ပြည်တွင်းမှာ စီးပွားရေးကို လုပ်ချင်သလို လုပ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်..။ အဲဒါကြောင့် ၀ တပ်မတော် (UWSA) အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုဟာ ခေတ်မီတောင့်တင်းတဲ့ လက်နက်ကိုင်များအဖြစ် အင်အားကြီးထွားလာကြပါတယ်.။
အပြင်းထန်ဆုံး စစ်ဆင်ရေးအတွက် KIA ပြင်ဆင်နေ
Zaw Lin shared ခွန် ဒီးယမ်'s photo.
အပြင်းထန်ဆုံး စစ်ဆင်ရေးအတွက် KIA ပြင်ဆင်နေ
=============================   
အစိုးရသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၏ လိုင်ဇာစစ်ဌာနချုပ်ကို အလုံးအရင်းနှင့် စစ်ဆင်ရန် ပြင်ဆင်နေပြီးဖြစ်ကြောင်း KIA စစ်သတင်းနှင့် နီးစပ်သော စစ်ကြောင်း အရာရှိတဦးက ဆိုပါသည်။
“စစ်ရေးအခြေအနေက အစိုးရတပ်ဘက်က လှုပ်ရှားမှုတွေ ပြင်ဆင်မှုတွေ တအားလှုပ်လာနေတယ်။ မြစ်ကြီးနားမှာကော ဗန်မော်မှာကော တွေ့နေရ ကြားနေရတာ ရှိပါတယ်။ ရဟတ်ယာဉ်ကလဲ ဒီနေ့မှာ တက်လိုက်ဆင်းလိုက် လုပ်နေကြတယ်။ မြစ်ကြီးနားကနေ ဒေါ့ဖုန်းယန်းဖက်ကိုပေါ့။ တကယ်လို့ လဂျားယန် တိုက် ပွဲက လူနာတွေသယ်ရင်တောင် တရက်ထဲနဲ့ ပြီး တဲ့ကိစ္စပါ အခုတော့ (၄) ရက်ရှိပြီးဆိုတော့ အဲဒါမဖြစ်နိုင်ဘူးပေါ့။ အခုတော့ အဲဒီလိုမဟုတ်ဘူး။ အရန်တပ်တွေကို လည်း ရွှေ့နေတယ်လေ” ဟု ဆိုပါသည်။
မြစ်ကြီးနားမြို့ ဒေါ့ဖုန်းယန်မြို့သို့လည်း ရဟတ်ယာဉ်များ ခေါက်တုန့်ခေါက်ပြန် တက်ဆင်းနေသည်ဟု ဆိုပါသည်။ ထို့အတူ ဒေါ့ဖုန်းယန်မြို့ ခန်းကိုင်တောင်မှ အမှတ် (၃၇၀) အမြောက်တပ်ရင်းသည်လည်း လိုင်ဇာမြို့သို့ ၁၀၅ မမဟော်ဝစ်ဇာဖြင့် ည ၁၂ နာရီမှာ တကြိမ် နှင့် ယနေ့မနက် (၉) နာရီ၌ တကြိမ် ပစ်ခတ်ခဲ့ပြီး အမြဲတမ်းလိုလိုလည်း ပစ်ခတ်နေခဲ့ပါသည်။
ဒီဇင်ဘာ (၁၄) ရက်နေ့၌ဖြစ်သော လဂျားယန်တိုက်ပွဲသည် အစိုးရဖက်မှထိခိုက်ကျဆုံးမှု များစွာဖြင့် ဆုတ်ခွာခဲ့ရသော်လည်း ယခုစစ်ဆင်လာမည့် ထိုးစစ်သည် အဆပေါင်းများစွာ အင်အားများလာဖွယ်ရှိသည်ဟု တွက်ဆထားပါသည်။ အစိုးရသည် လဂျားယန် စစ်ဆင်ရေး၌ အင်အား (၄၀၀) ခန့် အသုံးပြုခဲ့ပါသည်။
အစိုးရသည် မြစ်ကြီးနားနှင့် ဗန်းမော်မြို့တို့၌ အရန်အင်အားအဖြစ် စုထားသော တပ်မ (၃၃) နှင့် အနောက်မြောက်တိုင်း တပ် များမှတပ်ရင်း (၁၀) ရင်းခန့်ရှိနေပါသည်။ ဤအင်အားများကိုလည်း ရဟတ်ယာဉ်များဖြင့် ယနေ့မနက်ပိုင်းမှစပြီး အခေါက် ခေါက်အခါခါ ဒေါ့ဖုန်းယန်မြို့ဖက်သို့ သယ်ဆောင်နေခဲ့သည်ဟု အဆိုပါ KIA စစ်အရာရှိကဆိုပါသည်။
ထို့အပြင် လာမည့်စစ်ဆင်ရေးတွင် ရဟတ်ယာဉ်များကိုပါ ပန်ဝါစစ်ဆင်ရေးထက် ပိုမိုအသုံးပြုလာဖွယ်ရှိ နေသည်ဟု KIA ဖက်မှ တွက်ဆထားကြောင်း ဆိုပါသည်။
ထို့အပြင်အစိုးရသည် မိမိတို့အသုံချနေသော မီဒီယာများကိုပါ ပြင်ဆင်လာပါသည်။ ယနေ့ထုတ် ၄င်းတို့၏ မီဒီယာများတွင် ဖါးကန့်ဒေသရှိ မိုးကောင်းရဲစခန်းတစ်ခုဖြစ်သော ကာမိုင်းရဲစခန်း အတိုက်ခံရသည့်သတင်းကို ပြည်တွင်းထုတ် ၄င်းတို့ မီဒီယာအတော်များများက စတင်ရေးလာကြပါသည်။ ဤလက္ခဏာသည် ရှေ့လာမည့် KIA စစ်ဆင်ရေးတွင် လက်သုံးမီဒီ ယာများပါ ၀ိုင်းပြီးဝါဒဖြန့်ရန် စတင် အသုံးပြုလာဖွယ် ရှိနေပါသည်။
ဤသို့ကြောင့် KIA သည် အစိုးရပြင်ဆင်ထားသမျှကို တုန့်ပြန်နိုင်ရန် ABSDF ကျောင်းသားတပ်များနှင့်အတူ ရင်ဆိုင်ရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်ဟု ဆိုပါသည်။
စစ်ရေးအကဲခတ်များကမူ အစိုးရသည် KIAကို အပိုင်းလိုက် ချေမှုန်းရန် အားစမ်းခဲ့ပြီးဖြစ်သည်ဟု ဆိုပါသည်။ ထို့အပြင် အခြားတပ်မဟာများမှ KIA တပ်များ ၄င်းဗဟိုသို့ စစ်ကူမပို့နိုင်ရန်လည်း လိုအပ်သောတပ်ဖွဲ့များဖြင့် ရံထားခဲ့ပြီးဖြစ်သည်ဟု ဆိုပါသည်။ ဤအချိန်မျိုး၌ KIAသည် မိမိတို့၏အရန်တပ်များကို အချိန်မှီရရှိရန်အတွက် ပြင်ဆင်ထားသင့်သည်ဟု ဆိုပါ သည်။- ရွှေဟင်္သာသတင်းဌာန-(16-12-2012) >> http://www.phophtaw.org/burmese/index.php/news/local-news/2534--kia-.html
အပြင်းထန်ဆုံး စစ်ဆင်ရေးအတွက် KIA ပြင်ဆင်နေ
=============================
အစိုးရသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၏ လိုင်ဇာစစ်ဌာနချုပ်ကို အလုံးအရင်းနှင့် စစ်ဆင်ရန် ပြင်ဆင်နေပြီးဖြစ်ကြောင်း KIA စစ်သတင်းနှင့် နီးစပ်သော စစ်ကြောင်း အရာရှိတဦးက ဆိုပါသည်။
“စစ်ရေးအခြေအနေက အစိုးရတပ်ဘက်က လှုပ်ရှားမှုတွေ ပြင်ဆင်မှုတွေ တအားလှုပ်လာနေတယ်။ မြစ်ကြီးနားမှာကော ဗန်မော်မှာကော တွေ့နေရ ကြားနေရတာ ရှိပါတယ်။ ရဟတ်ယာဉ်ကလဲ ဒီနေ့မှာ တက်လိုက်ဆင်းလိုက် လုပ်နေကြတယ်။ မြစ်ကြီးနားကနေ ဒေါ့ဖုန်းယန်းဖက်ကိုပေါ့။ တကယ်လို့ လဂျားယန် တိုက် ပွဲက လူနာတွေသယ်ရင်တောင် တရက်ထဲနဲ့ ပြီး တဲ့ကိစ္စပါ အခုတော့ (၄) ရက်ရှိပြီးဆိုတော့ အဲဒါမဖြစ်နိုင်ဘူးပေါ့။ အခုတော့ အဲဒီလိုမဟုတ်ဘူး။ အရန်တပ်တွေကို လည်း ရွှေ့နေတယ်လေ” ဟု ဆိုပါသည်။
မြစ်ကြီးနားမြို့ ဒေါ့ဖုန်းယန်မြို့သို့လည်း ရဟတ်ယာဉ်များ ခေါက်တုန့်ခေါက်ပြန် တက်ဆင်းနေသည်ဟု ဆိုပါသည်။ ထို့အတူ ဒေါ့ဖုန်းယန်မြို့ ခန်းကိုင်တောင်မှ အမှတ် (၃၇၀) အမြောက်တပ်ရင်းသည်လည်း လိုင်ဇာမြို့သို့ ၁၀၅ မမဟော်ဝစ်ဇာဖြင့် ည ၁၂ နာရီမှာ တကြိမ် နှင့် ယနေ့မနက် (၉) နာရီ၌ တကြိမ် ပစ်ခတ်ခဲ့ပြီး အမြဲတမ်းလိုလိုလည်း ပစ်ခတ်နေခဲ့ပါသည်။
သမိုင်းအော်သံ ကြားနေရပြီ. . .
Cho Tu Zal
about an hour ago ·
သမိုင်းအော်သံ ကြားနေရပြီ. . .
လက်ရှိ မြန်မာပြည်ရဲ့အခြေအနေဟာ အင်မတန်ကြီးမားလှတဲ့ ရောဂါဝေဒနာဆိုးကြီး ငြိတွယ်စွဲကပ်နေသလို ခွဲစိတ်ဖြတ်တောက်ကုသမှ ကို သက်သာပျောက်ကင်းရမယ့် အခြေအနေမျိုးပါ။
ဒါကို နာမှာကြောက်လို့ ဆိုပြီး၊ ဆေးထည့်ပေးလိုက်၊ အနာအကျင်ကိုက်ခဲပျောက်ဆေးလေးသောက်ခိုင်းလိုက်လုပ်နေရင်တော့ အနာပွားသည်ထက်ပွား၊ ကြီးသည်ထက်ကြီးလို့ လုံးပါးပါးရလိမ့်မယ်။
ဒီလောက်ထိ အဘက်ဘက် က ယိုယွင်းနေတာကိုတောင် ဒီအချိန်မှာ မတရားတဲ့ လုပ်ရပ်တွေကို နောက်မဆုတ်မပြုပြင်ဘဲ၊ ရသလောက် မှိန်းပြီး အိတ်ထဲထည့်ဖို့
ကြိုးစားနေတဲ့ လူတစုနဲ့၊ အဲဒါကို သိသိကြီးနဲ့ မြိုသိပ်ဖို့လိုတယ် ဆိုတဲ့ ဇွတ်ရင်ကြားစေ့ရေး လမ်း ခင်နေတဲ့ နိုင်ငံရေးသမားတွေနဲ့ တော့ တိုင်းပြည်မှာ
အုံကြွမှုကြီးကြီး ကြီးတခု မလွဲမသွေဖြစ်သွားနိုင်ပါတယ်။
ဒီတခါဖြစ်ရင် တပ်ထဲမှာကို ဖြစ်မယ်၊
အဲဒီလို ဖြစ်ရင် တိုင်းပြည်ကြီး အစိတ်စိတ်အမွှာမွှာ ပျက်စီးခြင်းငါးပါးနဲ့ ပျက်စီးသွားနိုင်တယ် လို့ ကျနော်တော့ မြင်ပါတယ်။
ဒီလို အခြေအနေဆိုးကြီး မဖြစ်စေဖို့၊
နှစ်ဘက်ခေါင်းဆောင်တွေဟာ လက်ရှိပကတိအခြေအနေမှန်ကို အရှိအတိုင်း လက်ခံပြီး၊
ကမ်းကုန်အောင် မတရား၊ မမျှတ ဖြစ်နေတဲ့ အခြေအနေတွေကို အမြန်ဆုံးပြင်ဆင်
ပြောင်းလဲသင့်ပြီ။
ဘိုးဘွား အမွေအနှစ်များကို ရောင်းစားတတ်ရုံမျှဖြင့် … by ပြည်သူ့ခေတ် on Tuesday, December 18, 2012 at 2:14am ·
စေ့စေ့တွေးလျှင် အလွန် ရင်နာစရာ ကောင်းလှသည်။ လွတ်လပ်ရေးရပြီး အနှစ်ခြောက်ဆယ် ကျော် ကြာပြီးနောက် ကမ္ဘာကြီးနှင့် ယှဉ်တွဲ ရှုမြင်လိုက်သောအခါ မြန်မာနိုင်ငံသည် တိုးတက် ဖွံ့ဖြိုးမှု အနိမ့်ဆုံး အဆင့်အတန်းမှာ ထိပ်ဆုံးနား ရောက်နေသည်ကို မြင်ရလေသည်။ သယံဇာတ အမွေအနှစ်များ ပေါကြွယ်လှသည်ဟု နာမည်ကြီးသော မြန်မာနိုင်ငံ။ ငါတို့ဆီမှာ သယံဇာတတွေ အများအပြား၊ သုံးလို့ မကုန်နိုင်ဟူ၍ ၀င့်ကြွား လေ့ရှိသော မြန်မာပြည်သူ ပြည်သားများ။
          ယခုတော့ ခြောက်ခန်းလာနေသော ဧရာဝတီမြစ်ကြီး၊ ကောစ ပြုနေသော အင်းလေး ကန်ကြီး၊ ပြောင်သလင်းခါနေသော သစ်တောကွက်များ၊ တူးဖော် ဖြိုချထား၍ မွစာကြဲနေသော ကျောက်မျက်ရတနာ သဘာဝဓာတ်ငွေ့၊ ရေနံ၊ ရွှေ၊ သတ္တုသိုက်များ တည်ရာဒေသများ။ ဘယ်တော့မှ မကုန်နိုင်ဟု ထင်ခဲ့ကြသော ဘိုးဘွားအမွေအနှစ်များက ယခုအထိ အများကြီး ကျန်နေသေးသည်ဟု ဆိုနေသည့်ကြားကပင် အတော်ခြောက်ခန်းနေခဲ့ပြီ၊ အတော် ပြုန်းတီး နေခဲ့ပြီဖြစ်သည်။ လွန်ခဲ့သော အနှစ်ငါးဆယ်ခန့် အတွင်း မြန်မာနိုင်ငံ၏ တန်ဖိုးကြီး ဘိုးဘွား အမွေအနှစ် များပေါ် တည်မှီ၍ မည်သည့် အစိတ်အပိုင်းမှ ကြီးပွားတိုးတက် လာသည်ဟု မရှိဘဲ၊ ဆုတ်ယုတ် ပြုန်းတီးသွားတာကိုသာ မြင်တွေ့ခဲ့ရသည်။ ကန့်လန့်ကာများကို ဆွဲဖွင့် ကြည့်လိုက်သောအခါ၊ မိဘထားခဲ့သော အမွေအနှစ်များသာ ကုန်ဆုံးပြုန်းတီး သွားခဲ့တာကို တွေ့ရသည်။ တိုင်းပြည်၏ မည်သို့သော ကဏ္ဍများမှာမှ ဖွံ့ဖြိုးတိုးတက်မှုကို မမြင်ရ။ တောတောင်ရေမြေတို့ ခြောက်ခန်းသွားကြသလို၊ ပြည်သူအများစု၏ ဘ၀တွေက ခြောက်ခြောက် ခန်းခန်း။
KIA က သူ့နယ်မြေကို ကာကွယ်နေတာမဟုတ်ပါဘူး တရုတ်နိုင်ငံ အတွက် လုပ်ပေးနေတာပါ။
Nay Min's photo.
ဒီနေ့ ဟိုဖတ်ဒီဖတ် ဖတ်နေရင်းကနေ ပလေတို ဒီမို ရဲ့ စာလေးထဲက စားသားလေးတွေဟာ တော်တော်များ များ မှန်နေတာ ကြောင့် အနည်းငယ်ကောက် နှုတ်ပြီး မျှဝေ တင်ပြချင်ပါတယ်.....
တစ်ကယ်တော့ ကချင် ပြည်သူတွေ အများ စုက KIA KNU ဆိုတဲ့ အဖွဲ့တွေက သူတို့ ကချင်တွေကို ကာကွယ်နေတယ် ကချင်ပြည်နယ် ကောင်းစားဖို့ အတွက်ပေါ့ တစ်ကယ်တော့ မဟုတ်ဖူးဗျ
သူတို့မှာလည်း ရည်ရွယ်ချက် နဲ့ လျှို့ဝှက်ချက်တွေ ရှိပါတယ်။ဒီနေ့ကချင်ကို အမေရိကန်က လူကြီးတစ်ယောက်လာတဲ့အချိန်မှာ အင်အား (၈၀)နဲ့  (၂၀)လောက်ပဲ ရှိတဲ့ ရဲစခန်းကို ၀င်သိမ်းတာ ဘာအတွက်လဲ။ ကာမိုင်းမြို့ က အရပ်သား အပြစ်မဲ့သူတွေ (၁)ဦးသေ၊ (၁)ဦး ဒဏ်ရာရသွားတယ်။ ကာမိုင်းမြို့ ဝင်တံတားကို မိုင်းခွဲပြီး ချိုးသွားသေးတယ်။ဘာအတွက်လဲ အဓိက တော့ ကချင်တိုင်းရင်းသားတွေထင်သလို KIA က သူ့နယ်မြေကို ကာကွယ်နေတာမဟုတ်ပါဘူး တရုတ်နိုင်ငံ အတွက် လုပ်ပေးနေတာပါ။
ကေအိုင်အေက စပြီး မတိုက်ပါဘူး လို့  ဂွမ်မော် ဗြောင်လိမ်ဦးမှာလား။
တရုတ်ဘက်ကရော မသိဘူး လို့  ဗြောင်လိမ်ဦးမှာလား။
မြန်မာတွေ သတိရှိကြဖို့  သတိပြုကြဖို့  လိုတာက မြစ်ဆုံမှာ ကေအိုင်အေ ဘယ်လိုရပ်တည်ခဲ့ပါသလဲ။ကချင်ပြည်သူတွေ ပြန်စဉ်းစားကြည့်။ ခင်ဗျားတို့  စောင်မရှိ အနွေးထည် မရှိ ခိုက်ခိုက်တုန်အောင် ချမ်းနေကြရတဲ့ အချိန်မှာ တရုတ်ပြည်မကြီးထဲ အတားအဆီး မရှိ သွားချင်သလို သွား ဇိမ်ခံချင်သလို ခံနေကြတဲ့ ကေအိုင်အေ ခေါင်းဆောင်တွေ စည်းစိမ်ယစ်မူးနေတာ မသိကြဖူးလား။ ရွှေလီမှာ ဟိုတယ်တွေ
အနှိပ်ခန်းတွေ အများကြီးပိုင်ထားတဲ့ ဂွမ်မော် ညာဦးမှာလား။
“ဒီမိုကရေစီလမ်းပေါ်လျှောက်နိုင် အောင် ယခင်စစ်အုပ်စုခေါင်းဆောင်တွေ လုပ်ပေးခဲ့တယ်ဆိုတာလုံးဝလက်မခံပါဘူး´´၀ါရင့်နိုင်ငံရေးသမားကြီး ဟံသာဝတီဦးဝင်းတင် နှင့်တွေ့ဆုံခြင်း December 18, 2012Home, အင်တာဗျူး
Cho Tu Zal and Zaw Lin shared Aye Chan Mon's photo.
“ဒီမိုကရေစီလမ်းပေါ်လျှောက်နိုင်အောင် ယခင်စစ်အုပ်စုခေါင်းဆောင်တွေ လုပ်ပေးခဲ့တယ်ဆိုတာလုံးဝလက်မခံပါဘူး´´၀ါရင့်နိုင်ငံရေးသမားကြီး ဟံသာဝတီဦးဝင်းတင် နှင့်တွေ့ဆုံခြင်း
December 18, 2012Home, အင်တာဗျူး
လက်ရှိမြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းစဉ်အား စတင်အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမှာ ယခင်အစိုးရခေါင်းဆောင်များ၏ ဆောင်ရွက်ပေးခဲ့မှုဖြစ်ကြောင်းနှင့် ယခင်စစ်အစိုးရခေါင်းဆောင်များ လုပ်ဆောင်ပေးခဲ့သဖြင့် ပြည်သူများ ဒီမိုကရေစီအရသာအား စတင်ခံစားနေရပြီဖြစ်ကြောင်း၊ လက်ရှိအစိုးရ၏ ခေါင်းဆောင်ပိုင်း တာဝန်ရှိသူအချို့မှ ပြောနေခြင်းအပေါ် ၀ါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်အား Hot News Weekly  သတင်းထောက်မှ တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းစဉ် ကျင့်သုံးနိုင်ခြင်း အပေါ် ယခင်စစ်အစိုးရခေါင်းဆောင်များ၏ အခန်းကဏ္ဍအပေါ် အမြင်သုံးသပ်ချက်အချို့အား မေးမြန်းဖြစ်ခဲ့သည်။လက်ရှိအစိုးရခေါင်းဆောင်ပိုင်းက တာဝန်ရှိသူတွေအနေနဲ့ ဒီနေ့ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီလမ်းစဉ် ကျင့်သုံး လာနိုင်တာ ယခင်စစ်အစိုးရခေါင်း ဆောင်တွေ လုပ်ပေးခဲ့လို့လို့ ပြောနေ ကြပါတယ်။ ဒီအပေါ် ဘဘရဲ့ အမြင် လေးကို သိပါစေ။
ခုသမ္မတဦးသိန်းစိန်နဲ့ အသိုင်း အ၀ိုင်းကလည်း ဒီလို ပြောနေတယ်။ နောက်ဆုံး သမ္မတဦးသိန်းစိန်ကိုယ်တိုင် ကကို ထုတ်ဖော်ပြောခဲ့တာပဲ။ ခု ဒီမို ကရေစီလမ်းစဉ်ကို လျှောက်လှမ်းနိုင်ဖို့ ယခင်စစ်အာဏာရှင်အစိုး ခေါင်းဆောင် တွေက လုပ်ပေးခဲ့တာပါ၊ လမ်းခင်းပေး ခဲ့တာပါလို့ သူတို့ပြောနေကြတာတွေကို လုံးဝလက်မခံပါဘူး။ သူတို့ကပြောရင်
ယခင် နှစ် နှစ်ဆယ်ကျော်ထဲက ဒီမို ကရေစီစနစ်တည်ဆောက်ဖို့ စီစဉ်ပြီး သားပါဆိုတာတွေ ပြောကြတယ်။ အဲဒီ အချိန်ကတည်းကပြောရရင် ၁၉၈၈/၈၉ ထဲက တိုင်းပြည်ကိုဖျက်ဆီးခဲ့တာ၊ နှိပ်ကွပ် ခဲ့တာ စစ်အုပ်စုတွေပဲ။ သူတို့က ဒီမို ကရေစီနဲ့ တိုင်းပြည်ကိုသွားဖို့ ဖွင့်ပေးခဲ့ တာမဟုတ်ဘူး၊ ဒီမိုကရေစီကို ပိတ်ခဲ့ တာ။
၁၉၉၀ အထွေထွေရွေးကောက်ပွဲကြီး တုန်းကလည်း ဗိုလ်ချုပ်မှူးကြီးစော မောင်က အနိုင်ရ NLD  ကို အခြေခံ ဥပဒေဆွဲခိုင်းတယ်လို့ သိရပါတယ်။ အဲဒီတုန်းက တိုင်းပြည်ရဲ့အခြေအနေ တွေအပေါ် ဘဘအနေနဲ့ ဘယ်လို သုံး သပ်ပါသလဲ။
အဲဒီအချိန်က လူထုက စစ်အုပ်စု တွေကို မလိုလားလို့ NLD ကို မဲပေးခဲ့ တာ အပြတ်အသတ်နိုင်ခဲ့တာပဲ။ ဒီတော့ ရွေးကောက်ပွဲမလုပ်ခင် ဗိုလ်ချုပ်မှူးကြီး စောမောင် ပြောခဲ့တာပဲ။ ရွေးကောက်ပွဲ ကျင်းပပေးမယ်။ အနိုင်ရတဲ့သူကို အာ ဏာလွှဲပေးမယ်။ ပြီးရင် သူတို့တွေ စစ် စခန်းတွေကို ပြန်မယ်။ ဒီတော့ လိုအပ် တဲ့အခြေခံဥပဒေဆွဲပါလို့ ပြောတယ်။ ဒီဟာက ကမ္ဘာ့သတင်းစာတွေမှာတောင် နေရာယူခဲ့တာ။ အဲဒီတုန်းက အခြေ အနေတွေကို သုံးသပ်ရရင် NLD နိုင်ခဲ့ တယ်။ NLD နိုင်တယ်ဆိုတာက သိပ် ကောင်းလို့မဟုတ်ဘူး။ အဲဒီ ရွေးကောက် ပွဲရဲ့ရလဒ်ကို စစ်အုပ်စုတွေအောက်မှာ နှစ်ပေါင်းများစွာ ချုပ်ချယ်မှုတွေနဲ့ နေ လာခဲ့ရတဲ့ ပြည်သူတွေက စစ်အုပ်စုတွေ၊ စစ်အာဏာရှင်တွေကို လက်မခံတော့ ကြောင်း ပြလိုက်တာ NLD ပွဲကလည်း တစ်နှစ်နဲ့ ၇ လကျော်ပဲရှိတာ။ ဒါဟာ စစ်အာဏာရှင်အုပ်စုကို ပြည်သူက ငြင်း ပယ်လိုက်တာပဲ။ မင်းတို့တွေသွားလို့ မောင်းထုတ်လိုက်တာပဲ။ အဲဒီတုန်းက လူထုက ဒီမိုကရေစီလိုချင်တယ်ဆိုတာ ထက် စစ်အုပ်စုကို အလိုမရှိဘူးဆိုပြီး ငြင်းလိုက်တာပဲ။
အဲဒီတုန်းက အနိုင်ရတဲ့ NLD က လွှတ်တော်ခေါ်ပေးဖို့ န၀တအစိုးရကို တောင်းဆိုတုန်း ၁/၉၀ ကြေညာချက် ထုတ်ပြန်မှုအရ အမျိုးသားညီလာခံကြီး ကျင်းပရတဲ့အပေါ်ရော ဘယ်လိုမြင်မိ ပါသလဲ။
၁၉၉၀ မှာ NLD က ရွေးကောက်ပွဲ နိုင်တယ်။ အဲသလို နိုင်ပြီးတဲ့နောက် န၀တကို လွှတ်တော်ခေါ်ပေးဖို့ တောင်း ဆိုတယ်။ နှစ်လအထိ အစိုးရက လွှတ် တော်မခေါ်ဘူး။ အဲဒါနဲ့ နောက်တစ်လ ထပ်စောင့်မယ်။ အဲဒီလိုစောင့်တာမှ မရ ရင် ကိုယ့်သဘောနဲ့ကိုယ် လွှတ်တော် ခေါ်မယ်ဆိုပြီး န၀တကို ရာဇသံပေး လိုက်တယ်။ အဲဒီမှာပဲ န၀တက ၁/၉၀ ကြေညာချက်ဆိုပြီးထုတ် ဒီတော့ အစိုးရ က အာဏာလွှဲပြောင်းဖို့တာ ဟုတ်ပြီ။ အခြေခံဥပဒေဆွဲပါ။ တကယ်တော့ စစ် အုပ်စုတွေက အာဏာလည်း မလွှဲချင် ရော အမျိုးသားညီလာခံ ခေါ်ပြီးမှ အခြေခံဥပဒေဆွဲပါ။ အဲဒီညီလာခံမှာ NLD ကိုယ်စားလှယ်တွေလည်း တက် ပါ။ တကယ်တက်ခွင့်ရတော့ အနိုင်ရ NLD အမတ် ၄၀၀ ထဲက လေးပုံတစ်ပုံ ပဲ တက်ရတယ်။ ညီလာခံကိုယ်စားလှယ် တွေနဲ့ယှဉ်ရင် ၈ ပုံ ၁ ပုံပဲ တက်ရတယ်။ ဒါဟာ အစိုးရရဲ့ တစ်ဖက်သတ်ဖိနှိပ်တဲ့ သဘောကို ပြခဲ့တာပဲ။ အနိုင်ကျင့်တဲ့ သဘောကို ပြခဲ့တာပဲ။ ကျွန်တော် ဆွဲ ပြောနေတာ မဟုတ်ဘူး ဒီလိုပဲမြင်တယ်။
အဲဒီညီလာခံကြီးရဲ့ ရလဒ်တွေအရ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲနိုင်တာတို့၊ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းနိုင်ခဲ့တာရော ရှိခဲ့ပါသလား။
အဲဒီညီလာခံကြီးမှာ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ် အခတ်ရပ်စဲရေးဆိုတာလည်း လုပ်ခဲ့တာ ပဲ။ ပြဿနာကို အဖြေရှာခဲ့ကြတာပဲ။ ဒါပေမဲ့ အပစ်အခတ် ရပ်စဲရေးဆိုတာ လောက်ပဲ လုပ်နိုင်ခဲ့တယ်။ သူတို့ရဲ့ နိုင်ငံ ရေးပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ဘူး။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို ထိထိရောက်ရောက် မဆွေးနွေးနိုင်ခဲ့ဘူး။ အဖြေမရှာနိုင်ခဲ့ဘူး။ အဲသလို ဘာမှ အဖြေတိတိကျကျ မထွက် ခဲ့တဲ့ ညီလာခံက ထွက်ပေါ်လာတဲ့ အခြေ ခံဥပဒေလည်း ဘာမှ အသုံးမကျဘူး။ တိုင်းပြည်အတွက်ရော ညီလာခံတက်ခဲ့ တဲ့ တိုင်းရင်းတွေအတွက်ရော ဘာမှ အသုံးမကျခဲ့ဘူး။
ခု သမ္မတဦးသိန်းစိန် ဦးဆောင်ပြီး လုပ်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု တွေ၊ ဆွေးနွေးမှုတွေအပေါ်မှာရော ဘယ်လိုမြင်မိပါသလဲ။
ခုသမ္မတက တိုင်းရင်းသားတွေကို လာခဲ့ကြပါ။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အတွက် လွှတ်တော်ထဲဝင်ကြပါ။ ပါတီ တွေဖွဲ့ကြပါ။ ပြီးလျှင် လွှတ်တော်ထဲက နေ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြပါလို့ ပြောတယ်။ မသိတဲ့ လူကျတော့ ဒီအစိုးရ သိပ်ကောင်းတာပဲ။ သိပ်ပွင့်လင်းတာပဲ။ သင်ကြမယ်။ တကယ်တော့ ဒီလိုလုပ်နေတာတွေ၊ ဒီလို ပြောနေတာတွေဟာ ဒီမိုကရေစီကို သူတို့ပေးတာ၊ ဒီမိုကရေစီကို သူတို့ဖန်တီး တာဆိုတာမျိုး ဖြစ်အောင်ပြောနေတာ ကျွန်တော်က ဒီလိုပဲမြင်တယ်။
ဘဘခင်ဗျား… လက်ရှိမြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီပြောင်းလဲလာမှုကရော ဘယ်အတိုင်းအတာထိ ရှိပါသလဲ၊ အဲဒီ အပေါ်မှာရော ဘဘအနေနဲ့ ဘယ်လို မြင်မိပါသလဲ။
လက်ရှိဒီမိုကရေစီ ပြောင်းလဲမှုဖြစ် စဉ်က အရမ်းကို အရှိန်အဟုန်မြင့်နေ တယ်လို့ မသိတဲ့လူတွေက ထင်ကြတယ်။ ပြီးတော့ ဒီအစိုးရကိုလည်း ဒီမိုကရေစီကို ဖွင့်ပေးတဲ့အစိုးရ၊ ယခင် စစ်ခေါင်းဆောင် တွေကိုလည်း ဒီမိုကရေစီသွားနိုင်အောင် လုပ်ပေးခဲ့သူတွေလို့ မြင်ကြတယ်။ တကယ်တော့ စစ်အစိုးရ အသွင်ပြောင်း အုပ်စုတွေက ဒီမိုကရေစီကို ဖွင့်ပေးတဲ့ သူတွေ၊ ဒီမိုကရေစီရအောင် လုပ်ပေးသူ တွေမဟုတ်ဘူး။ ဒီမိုကရေစီမရအောင် ပိတ်သူတွေပဲ။ ပြီးတော့ သူတို့လုပ်လို့ ရတယ်ဆိုတဲ့ ဒီမိုကရေစီကလည်း ရေ ပေါက်လေးပမာပဲ။ သူတို့တွေ ပိတ်ဆို့တဲ့ ကြားကနေ ပြည်သူတွေရဲ့ လိုလားမှုနဲ့ စိမ့်ထွက်လာတဲ့ ရေပေါက်လေးပမာပါပဲ။ ဒီတော့ ဒီကနေ့ ဒီမိုကရေစီဟာ ဘာမှ မပြည့်ဝသေးတဲ့ ဒီမိုကရေစီ လုံးဝပြည့်ဝမှု မရှိသေးတဲ့ ဒီမိုကရေစီပဲလို့ မြင်တယ်။
ဟုတ်ကဲ့၊ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘဘ။
 ခန့်ခန့်(ဒဿနိက)
အေးချမ်းမွန်မှ The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Hot News
“ဒီမိုကရေစီလမ်းပေါ်လျှောက်နိုင်
အောင် ယခင်စစ်အုပ်စုခေါင်းဆောင်တွေ လုပ်ပေးခဲ့တယ်ဆိုတာလုံးဝလက်မခံပါဘူး´´၀ါရင့်နိုင်ငံရေးသမားကြီး ဟံသာဝတီဦးဝင်းတင် နှင့်တွေ့ဆုံခြင်း
December 18, 2012Home, အင်တာဗျူး
လက်ရှိမြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းစဉ်အား စတင်အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမှာ ယခင်အစိုးရခေါင်းဆောင်များ၏ ဆောင်ရွက်ပေးခဲ့မှုဖြစ်ကြောင်းနှင့် ယခင်စစ်အစိုးရခေါင်းဆောင်များ လုပ်ဆောင်ပေးခဲ့သဖြင့် ပြည်သူများ ဒီမိုကရေစီအရသာအား စတင်ခံစားနေရပြီဖြစ်ကြောင်း၊ လက်ရှိအစိုးရ၏ ခေါင်းဆောင်ပိုင်း တာဝန်ရှိသူအချို့မှ ပြောနေခြင်းအပေါ် ၀ါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်အား Hot News Weekly သတင်းထောက်မှ တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းစဉ် ကျင့်သုံးနိုင်ခြင်း အပေါ် ယခင်စစ်အစိုးရခေါင်းဆောင်များ၏ အခန်းကဏ္ဍအပေါ် အမြင်သုံးသပ်ချက်အချို့အား မေးမြန်းဖြစ်ခဲ့သည်။လက်ရှိအစိုးရခေါင်းဆောင်ပိုင်းက တာဝန်ရှိသူတွေအနေနဲ့ ဒီနေ့ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီလမ်းစဉ် ကျင့်သုံး လာနိုင်တာ ယခင်စစ်အစိုးရခေါင်း ဆောင်တွေ လုပ်ပေးခဲ့လို့လို့ ပြောနေ ကြပါတယ်။ ဒီအပေါ် ဘဘရဲ့ အမြင် လေးကို သိပါစေ။
ခုသမ္မတဦးသိန်းစိန်နဲ့ အသိုင်း အ၀ိုင်းကလည်း ဒီလို ပြောနေတယ်။ နောက်ဆုံး သမ္မတဦးသိန်းစိန်ကိုယ်တိုင် ကကို ထုတ်ဖော်ပြောခဲ့တာပဲ။ ခု ဒီမို ကရေစီလမ်းစဉ်ကို လျှောက်လှမ်းနိုင်ဖို့ ယခင်စစ်အာဏာရှင်အစိုး ခေါင်းဆောင် တွေက လုပ်ပေးခဲ့တာပါ၊ လမ်းခင်းပေး ခဲ့တာပါလို့ သူတို့ပြောနေကြတာတွေကို လုံးဝလက်မခံပါဘူး။ သူတို့ကပြောရင်
လက်ပံတောင်းတောင်အရေး နှင့် မြေယာပြသနာအပေါ် ဥပဒေစိုးမိုးရေး ရှုဒေါင့်မှ သုံးသပ်ခြင်း။ အပိုင်း (၃)
ဥပဒေစိုးမိုးရေးကို “ နိုင်ငံတော် ” ရှုဒေါင့်မှ အဓိက မဟုတ်ဘဲ လူထုရသင့်ရထိုက်သည့် အခွင့်အရေး အခြေခံမှ အဓိက
ချဉ်းကပ်ရန်ကို၎င်း၊ ပထမဆုံးအနေဖြင့် “ လယ်လုပ်သူ လယ်ပိုင်ခွင့်” အား အသိအမှတ်ပြုရန် ကို၎င်း၊ စာရေးသူ၏ ဆောင်းပါး
အမှတ် (၁) နှင့် (၂) တို့တွင်ဖေါ်ပြခဲ့သည်။
အသက်ရှင်ရပ်တည်ခွင့်၊ ပညာသင်ကြားခွင့်၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ စုဝေးခွင့် စသည်များ မှာ တဦးချင်း
အခွင့်အရေးများဖြစ်သည်။ “ လယ်လုပ်သူ လယ်ပိုင်ခွင့်” သည်လည်း တဦးချင်းအခွင့်အရေးဖြစ်သည်။ ဥပဒေများအား လူထု၏
တဦးချင်း အခွင့်အရေးများကို အခြေခံလျှက်ပြဌာန်း ကျင့်သုံးရပါမည်။ သို့ရာတွင် ယင်းမျှ နှင့် မပြည့်စုံပါ။ လူထုတွင် တဦးချင်း
အခွင့်အရေးသာမက အုပ်စုလိုက်အခွင့်အရေး (သို့မဟုတ်) စုပေါင်းအခွင့်အရေး များ လည်း ကျင့်သုံးခွင့် ရှိရပါမည်။ လူသည်
တဦးချင်းသာမက စုပေါင်းကာ ရပ်တည်၊ ရှင်သန်၊ နေထိုင်ကြရသည့် သဘာဝ ရှိသောကြောင့်ပင်။ မြေယာနှင့် စပ်လျှဉ်း၍ စုပေါင်း
အခွင့်အရေးကို မည်သို့ကျင့်သုံးမည်နည်း။