Monday, December 17, 2012

ရောဂါ / by မင်းခိုက်စိုးစန်/ရေးသားသူ... နိုင်းနိုင်းစနေ ဘလော့ (ဂ်)မှ

ရောဂါ


မင်းခိုက်စိုးစန်
ရှင်ကွဲ ကွဲခံပုံကတော့
သူလိုငါလိုပါပဲ...

ကြယ်တွေကလည်း တိတ်တိတ်လေးပဲ လင်းတယ်

သံယောဇဉ်ဆိုတာ သကြားလုံးတစ်မျိုးပဲ မဟုတ်လား
အချိုသိပ်ကြိုက်တဲ့သူဟာ
တစ်နေ့နေ့မှာ သွားပိုးစားခံရမှာ သေချာတယ်

အဲဒီအခါ မငိုပါနဲ့
မျက်ရည်ဆိုတာလည်း ပုံတိုပတ်စတစ်ခုပဲလေ

ကိုယ့်ကိုယ်ကို
လမ်းကြိုလမ်းကြား သေးသေးလေးဖြစ်အောင်ဖန်ဆင်း
ဘယ်သူမှမသိတဲ့ မြို့တစ်မြို့မှာ
ကျောခင်းပြီး လှဲနေလိုက်ပါ

ပိုးလောက်လန်းတွေကို စစ်နေရတာထက်စာရင်
အချစ်ကိုသွန်ပစ်လိုက်ရတာက ပိုကောင်းတယ်

မင်းခိုက်စိုးစန်

မင်းခိုက်စိုးစန်ဆိုမှ အီးမေးလ်ထဲမှာ လွန်ခဲ့တဲ့၂လလောက်က လူတစ်ယောက်ပို့ထားတဲ့ကဗျာကို သွားသတိရတယ်။ ကျွန်မကြိုက်လို့စုထားတဲ့ မင်းခိုက်စိုးစန်ကဗျာတွေထဲမှာ ဒီကဗျာမပါသေးလို့တဲ့။ ကျေးဇူးတင်ပါတယ် Agga Aye Chanး)

Share/Bookmark

Sunday, May 16, 2010

သဲပွင့်ငယ်လေး ကျွန်တော် Posted by AF in ဆောင်းပါးများ, နိုင်ငံရေးရာ သတင်း


မြန်မာနိုင်ငံသည် ဗြိတိသျှ လက်အောက်မှ လွတ်မြောက်ဖို့ ကြိုးစားနေဆဲ ကာလကပင် အိန္ဒိယ နိုင်ငံနှင့် ဆက်နွှယ်မှုရှိခဲ့သည်။ ဗြိတိသျှ လက်အောက်ခံဘဝမှာ အိန္ဒိယမှ တစ်ဆင့် အုပ်ချုပ်ခံရသော စနစ်အရ အိန္ဒိယနှင့် ကူးလူးဆက်ဆံ မှုရှိခဲ့သည်။ တို့ဗမာအစည်းအရုံးမှာ လူငယ်သခင်များ တက်ကြွစွာ လှုပ်ရှားကြသည်နှင့် အိန္ဒိယ ကွန်မြူ နစ် ပါတီနှင့်ဆက်သွယ်မှုရသည်။ အချုပ်အားဖြင့် စဉ်းစားလျှင် အိန္ဒိယ ကွန်မြူနစ်ပါတီမှ ခေါင်းဆောင် တစ်ဦးဖြစ်သူ မစ္စတာပူ(ရ်)နန္ဒူ ဒတ်စ်ဂုပတားသည် ၁၉၃၉ ခုနှစ်၊ သြဂုတ်လတွင် ရန်ကုန်မြို့သို့ ရောက်လာသည်။ ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ကွန်မြူနစ်ပါတီက လာပ်စည်းအဖြစ် လျှို့ဝှက်ဖွဲ့စည်းသည်။ ကလာပ် စည်းတွင် (၁) သခင် အောင်ဆန်း (အထွေထွေ အတွင်းရေးမှူး)၊ (၂) သခင်စိုး (လူထု ခေါင်းဆောင်)၊ (၃) ရဲဘော်ဂိုရှယ် (စည်းရုံးရေးမှူးနှင့် လျှို့ဝှက် လုပ်ငန်း)၊ (၄)သခင် ဗဟိန်း (ကျောင်း သားစည်းရုံးရေး)၊ (၅) သခင်လှဖေ (ဘဏ္ဍာရေးမှူး)၊ (၆) ရဲဘော် နာ့ထ်(စာကြည့်တိုက်မှူး) ဟူ၍ တာဝန်ယူ ဖွဲ့စည်းခဲ့ကြသည့် သမိုင်းသည် အထင် အရှားရှိခဲ့ပါ ၏။

နေ့သစ် » မီးရထားဖြင့် ခရီးသွားသူများ (မင်းရာမ ဒေါင်းဖတ်စာ)

နေ့သစ် » မီးရထားဖြင့် ခရီးသွားသူများ (မင်းရာမ ဒေါင်းဖတ်စာ)

ထိုးစစ်ရပ်ပြီး အသေခံနေသော ကျပ် ၁ သိန်း မတန်သည့် တပ်မတော်သားများ... Monday, 17 December 2012

Nhkum Yaw commented on a photo.

ထိုးစစ်ရပ်ပြီး အသေခံနေသော ကျပ် ၁ သိန်း မတန်သည့် တပ်မတော်သားများ...
Monday, 17 December 2012

သမ္မတကြီး၏ ထိုးစစ်ရပ်ဆိုသည့် အမိန့်သည် ဒို့တာဝန် အရေး(၃)ပါး ကာကွယ်သည့် တပ်မတော် သားများ အား သေဒဏ်ချမှတ်နေသကဲ့သို့ ဖြစ်နေပြီလို့သာ ဆိုချင်တော့သည်။ အင်တာနက်ပေါ်တွင် ယခုလို တိုက်ပွဲ ဓာတ်ပုံ များကို ကြည့်နိုင်သူများသည် ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေသည့် စစ်သားများ မဟုတ်ကြ သလို နေ့စဉ်နှင့်အမျှ မြင်တွေ့ေ
နရ၊ ကြားနေရသည်မှာ မြန်မာ့တပ်မတော်၏ ထိခိုက်ကျဆုံးမှု သတင်းများ သာ ဖြစ်နေသည်။

သေဆုံးနေသည့် ငါတို့ တပ်မတော်သားသည် အလှဓာတ်ပုံ အရိုက်ခံဖို့ မဟုတ်
တပ်မတော်သည် မည်သည့်အခါမျှ စစ်ပွဲသတင်း ထုတ်ပြန်လေ့မရှိသည့်အတွက် သတင်း အတိအကျ မသိသော်လည်း ကေအိုင်အေ ခေါ် ကချင်သောင်းကျန်းသူများ ထိခိုက်ဒဏ်ရာရမှု မရှိဘဲ တစ်ဖက်သတ် စစ်ပွဲကို ဆင်နွှဲနေ ခြင်းကို လွှတ်တော်အမတ်များ သိပါလေစ။ နယ်မြေ လုံခြုံရေး အတွက်သာ လှည့်လည် သွားလာနေသည့် စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ခိုက်သည်။ တိုက်ပွဲများ အပြင်းအထန် ဖြစ်နေသယောင် ဗွီဒီယိုများ ရိုက်ပြသည်။ ကေအိုင်အေ တပ်သားများ အထိအခိုက် အကျအဆုံး မရှိ။ လမ်းပေါ်တွင် ပစ်ခတ်နေ သည့် ဗီဒီယိုများ၊ စခန်းပေါ်မှ ပစ်ခတ်နေသည့် ပုံများ သည် မည်သည့်အတွက် ကြောင့် ရိုက်နိုင်ပါသလဲ။ တစ်ဖတ်သတ် စစ်ဆင်နွှဲနေခြင်းနှင့် တပ်မတော်၏ အသက်စွန့် သည်းခံနေရခြင်းကို ငြိမ်းချမ်းရေး ကိုယ်စား လှယ် များ သိပါလေစ။

" တို့ရွာသမိုင်း "(မင်းသုဝဏ်)

Ter Tee and Ma Nandar shared Be Shoke's photo.
" တို့ရွာသမိုင်း "(မင်းသုဝဏ်)

သူတို့လာမှ
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည်
တွေးတိုင်း တက်ခေါက်မိသတည်း။
ငါတို့ရွာတွင်
မိုးခါမိုးလျောက်၊ ငါးဖားလောက်၏၊
ဆောင်းလျောက်ဆောင်းခွင်၊ သီးပွင့်ရွှင်၏။
နွေလျှင်စုံတော၊ ဟင်းရွက်ပေါ၏။

သူတို့လာမှ
တို့ရွာအိုင်အင်း၊ ငါးဖားကင်းခဲ့။
စိုက်ခင်းစင်အုံ၊ သီးပွင့်ကုန်ခဲ့။
တောစုံမြိုင်ကြား၊ ဟင်းရွက်ရှားခဲ့။

ငါတို့ရွာတွင်
ရှေးခါအရှက်၊ အကြောက်ဖက်၍
ကျင့်ပျက်အမှု၊ မကောင်းစုကို
ပြုခဲပြောခဲ၊ တွေးကြံခဲ၏။

သူတို့လာမှ
ချော့ကာတမျိုး၊ ခြောက်တမျိုးနှင့်
ကျင့်ရိုးပျက်အောင်၊ မျှားသွေးဆောင်၍
ယောင်ယောင်မှားမှား၊ ကျင့်ပျက်ပြားခဲ့။

တက်တခေါက်ခေါက်၊ စိတ်နောက်နောက်နှင့်
တယောက်တမျိုး၊ ထဲကြံခိုး၍
တိုးတိုးတိတ်တိတ်၊ အတွင်းကျိတ်လျက်
စိတ်ချင်းညှိကာ၊ သွေးညှိကာလျှင်
ညီညာသောလိုက်၊ အချိန်ဆိုက်သော်
ကောက်စိုက်စူးတံ၊ ကောက်ဆွလှံနှင့်
ဝါးချွန်ကိုင်စွဲ၊ ဓားကိုင်ဆွဲ၍
ရွာထဲရွာပြင်၊ တောတခွင်၌
(မြို့ထဲမြို့ပြင်၊ ပြည်တခွင်၌)
သမင်ကိုကျား၊ ချောင်းသောလားသို့
စောင့်စားထိုးခုတ်၊ ရန်မျိုးဖြုတ်က
မျိုးယုတ်လူညစ်၊ သူကောင်ပစ်လျက်
လစ်သည်လွတ်ရာ၊ လွတ်ကြောင်းရှာသော်
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းမှ
(မြန်မာသမိုင်း၊ အဖြစ်ရိုင်းမှ)
ရှိတိုင်းအမှန်၊ ထွန်းသစ်ပြန်သည်
တော်လှန်ရေး၏ ကျေးဇူးတည်း။ ။

မင်းသုဝဏ်
‎" တို့ရွာသမိုင်း "(မင်းသုဝဏ်)

သူတို့လာမှ
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည်
တွေးတိုင်း တက်ခေါက်မိသတည်း။
ငါတို့ရွာတွင်
မိုးခါမိုးလျောက်၊ ငါးဖားလောက်၏၊
ဆောင်းလျောက်ဆောင်းခွင်၊ သီးပွင့်ရွှင်၏။
နွေလျှင်စုံတော၊ ဟင်းရွက်ပေါ၏။

သူတို့လာမှ
တို့ရွာအိုင်အင်း၊ ငါးဖားကင်းခဲ့။
စိုက်ခင်းစင်အုံ၊ သီးပွင့်ကုန်ခဲ့။
တောစုံမြိုင်ကြား၊ ဟင်းရွက်ရှားခဲ့။

ငါတို့ရွာတွင်
ရှေးခါအရှက်၊ အကြောက်ဖက်၍
ကျင့်ပျက်အမှု၊ မကောင်းစုကို
ပြုခဲပြောခဲ၊ တွေးကြံခဲ၏။

သူတို့လာမှ
ချော့ကာတမျိုး၊ ခြောက်တမျိုးနှင့်
ကျင့်ရိုးပျက်အောင်၊ မျှားသွေးဆောင်၍
ယောင်ယောင်မှားမှား၊ ကျင့်ပျက်ပြားခဲ့။

တက်တခေါက်ခေါက်၊ စိတ်နောက်နောက်နှင့်
တယောက်တမျိုး၊ ထဲကြံခိုး၍
တိုးတိုးတိတ်တိတ်၊ အတွင်းကျိတ်လျက်
စိတ်ချင်းညှိကာ၊ သွေးညှိကာလျှင်
ညီညာသောလိုက်၊ အချိန်ဆိုက်သော်
ကောက်စိုက်စူးတံ၊ ကောက်ဆွလှံနှင့်
ဝါးချွန်ကိုင်စွဲ၊ ဓားကိုင်ဆွဲ၍
ရွာထဲရွာပြင်၊ တောတခွင်၌
(မြို့ထဲမြို့ပြင်၊ ပြည်တခွင်၌)
သမင်ကိုကျား၊ ချောင်းသောလားသို့
စောင့်စားထိုးခုတ်၊ ရန်မျိုးဖြုတ်က
မျိုးယုတ်လူညစ်၊ သူကောင်ပစ်လျက်
လစ်သည်လွတ်ရာ၊ လွတ်ကြောင်းရှာသော်
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းမှ
(မြန်မာသမိုင်း၊ အဖြစ်ရိုင်းမှ)
ရှိတိုင်းအမှန်၊ ထွန်းသစ်ပြန်သည်
တော်လှန်ရေး၏ ကျေးဇူးတည်း။ ။

မင်းသုဝဏ်

ကျောက်ကပ်ကို အဆိုးဆုံး ထိခိုက်နိုင်သည့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

New MyanmarFoundation shared Royal Hero Media's photo.
ကျောက်ကပ်ကို အဆိုးဆုံး ထိခိုက်နိုင်သည့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

ဆီးနှင့် ကျောက်ကပ် ရောဂါများတွင် အဖြစ်များပြီး ကာကွယ်ရုံ၊ စနစ်တကျ ကုသရုံဖြင့် ပျောက်ကင်းနိုင်သော ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် စနစ်တကျဆေး ကုသမှု မရှိသည့်အခါ ကျောက်ကပ် ပျက်စီးသည်အထိ ဖြစ်ပွားနိုင်သည်။ ထိုဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် မြန်မာနိုင်ငံတွင် အဖြစ်များသော ရောဂါတစ်ခု ဖြစ်ပြီး နေ့စဉ် သတိမပြုမူသည့် နေထိုင်မှု ပုံစံများကြောင့် ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ရောက်သွားနိုင်ကာ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံအရ အမျိုးသမီးများတွင် ဆီးလမ်းကြောင်း ပိုးဝင်နိုင်သည့် အခြေအနေမှာလည်း ပိုမိုများပြားကြောင်း ဆီးနှင့် ကျောက်ကပ် ခွဲစိတ်ကု ပညာဌာနမှ ပါမောက္ခ ဒေါက်တာ တိုးလွင်က ပြောသည်။ 

အမျိုးသမီးများတွင်မူ အသက် ၂၀ နှင့် ၄၀ ကြားအရွယ် ဖြစ်ပွားမှုများပြီး ထိုအရွယ်သည် လုပ်ငန်းခွင် ဝင်ရောက်နေသည့် အရွယ်နှင့် ပညာသင်နေသည့် အရွယ်များ ဖြစ်သည့်အတွက် များသောအားဖြင့် ပုံမှန်ထက် ဆီးသွားနည်းလေ့ ရှိကြသည်။ ဆီးအောင့်ထားခြင်းကြောင့် ဆီးကျန်လာခြင်းသည် ဆီးပိုးတွယ်ရန် အခြေအနေပေးသည်နှင့် ဆီးပိုးဝင်ရောက်လာချိန် တိုက်ဆိုင်သည့်အခါ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဝေဒနာ ခံစားလာရကြောင်း ဒေါက်တာတိုးလွင်က ပြောသည်။ ထို့အပြင် ဝမ်းဟောင်းစွန့်သည့် နေရာမှလည်းကောင်း၊ အစာအိမ်ဟောင်းမှတစ်ဆင့် လည်းကောင်း၊ သားအိမ်မှတစ်ဆင့် လည်းကောင်း ရောဂါပိုးများ ဆီးအိမ်ထဲ ဝင်ရောက်ရာမှ ကျောက်ကပ်သို့ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း သိရသည်။ “အိမ်သာသွားပြီး ရေသုံးတဲ့အခါ နောက်ကနေရှေ့ကို သန့်ရှင်းရင် အစာဟောင်းဘက်က ပိုးကို ဆီးလမ်းကြောင်းဘက်ကို ဖိတ်ခေါ်သလို ဖြစ်တတ်တဲ့အတွက် ဒါကို ဆင်ခြင်ရမယ်လို့ အထူးသဖြင့် အလေးအနက် ထပ်ပြီး ပြောချင်ပါတယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။ 

ရောဂါပိုး ဝင်လာသည့်အခါ ဆီးအိမ်ရောင်လာသည့်အတွက် မကြာခဏ ဆီးသွားလိုခြင်း၊ ဆီးသွားပြီးပါက ဆီးကျင်ချောင်း ကျဉ်ခြင်း၊ စပ်ခြင်း၊ အောင့်ခြင်း၊ ဆီးသွားပြီးပါက မကုန်သလို ခံစားရခြင်း၊ ဆီးထဲတွင် သွေးစများပါခြင်း စသည့် ရောဂါ လက္ခဏာများ ခံစားကြရသည်။ ဆီးအိမ်ရှိ ဆီးပိုးများ ကျောက်ကပ်သို့ ရောက်ရှိသွားသည့်အခါမူ ကျောက်ကပ် ရောင်ပြီး တင်းလာသဖြင့် ခါးနာခြင်း ဝေဒနာအား စတင်ခံစားလာရပြီး ပိုးများ သွေးအတွင်း ပျံ့နှံ့သည့်အတွက် ချမ်းလာခြင်း၊ ဖျားခြင်း ဝေဒနာများကိုပါ ခံစားလာရကြောင်း ဒေါက်တာတိုးလွင်က ပြောသည်။ “တချို့အမျိုးသမီးတွေ ချမ်းပြီး ဖျားကြတဲ့အခါ မီးယပ်ချမ်း ထတယ်ဆိုပြီး သက်သာမယ်ထင်တဲ့ ဆေးလေးတွေ သောက်သောက်ပြီး နေကြတာတွေ အများကြီး တွေ့ဖူးတယ်။ တချို့ကျတော့လည်း မကြာခဏ ဖြစ်တာကနေ ဖြစ်တာ များများလာတော့မှ ဆေးရုံလာပြရင်း စစ်ဆေးကြည့်ကြတာ နည်းတယ်” ဟု သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ သားဖွားမီးယပ်ဆရာဝန် တစ်ဦးပြောသည်။ 

ရာသီဥတု အေးသောအချိန်နှင့် ညအချိန်များတွင် ချမ်းပြီး ဖျားသည့် အမျိုးသမီးအများစုသည် မြန်မာအယူအဆ ဖြစ်လေ့ရှိသော မီးယပ်ချမ်းထသည့် ရောဂါဟုသာ ထင်မှတ်လေ့ရှိပြီး ခါးနာခြင်း၊ ချမ်းပြီး ဖျားသော ရောဂါလက္ခဏာများ၊ ဆီးတွင် သွေးပါလာသည့် လက္ခဏာများသည် ကျောက်ကပ်တွင် ပိုးတွယ်နေခြင်း ဖြစ်ကြောင်း သတိပြုရန်လည်း လိုအပ်ကြောင်း သိရသည်။ “အဲဒီ့အဆင့်မှာ ဆေးကုရင် ပုံမှန်ပြန်ရောက်သွားမယ်။ မဟုတ်လို့ ဆေးမြီးတိုလေးတွေနဲ့ ကုလိုက်၊ သက်သာလိုက်၊ ပြန်ဖြစ်လိုက်နဲ့ ကြာလာရင် ကျောက်ကပ်မှာ အနာရွတ်လေးတွေ ပေါ်လာတယ်။ များလာရင် အနာရွတ်တွေက ကျောက်ကပ်သားကို နေရာယူလာပြီး အလုပ်လုပ်တဲ့ ကျောက်ကပ် လုံးဝ ပျက်စီးသွားတဲ့အဆင့် ရောက်သွားတဲ့အတွက် စောစောစီးစီး ဆေးကုသဖို့ လိုပါတယ်” ဟု ဒေါက်တာတိုးလွင်က ပြောသည်။ 

အသက် ၂၀ နှင့် ၄၀ ကြား အမျိုးသမီးများသည် အဖြစ်များသည့် အုပ်စုဖြစ်သော်လည်း ထိုဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် အမျိုးသား၊ အမျိုးသမီးအရွယ်စုံ ဖြစ်ပွားသည့် ရောဂါတစ်ခုလည်း ဖြစ်သည်။ သွေးဆုံးပြီး အမျိုးသမီးများတွင်လည်း ခန္ဓာကိုယ်အတွင်း ဟော်မုန်းဓာတ် နည်းပါးလာပြီး ဆက်စပ်သည့် အကြောင်းရင်းများကြောင့် ဆီးပိုးဝင်ခြင်းနှင့် အသက် ၄၅ နှစ်အထက် ဆီးချိုရှိပါက ဆီးပိုးဝင်နိုင်သည့် အခြေအနေ များပြားကြောင်း သိရသည်။ အသက်ကြီးသောသူများ နာတာရှည် ရောဂါ ခံစားနေရသူများတွင်လည်း ဆီးပိုးဝင်လာနိုင်သည့် အခွင့်အရေးများသော လူများ ဖြစ်သည့်အတွက် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် အဖြစ်များသည့် ရောဂါတစ်ခုလည်း ဖြစ်လာသည်။ ကလေးများတွင် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းမှာ သက်ကြီးရွယ်အိုများ၊ အမျိုးသားများ၊ ဖြစ်ပွားမှုများသည့် အမျိုးသမီးများနှင့် ယှဉ်လျှင် မများသော်လည်း ဆီးပိုး တစ်ခါဝင်ရုံနှင့် အရေးကြီးလာပြီး ကလေးများတွင် အောက်ပါလက္ခဏာများ ပြသသည့် အချိန်တွင်မူ စနစ်တကျနှင့် ထိရောက်စွာ ကုသရန် အလေးအနက် ပြောချင်ကြောင်း ဒေါက်တာတိုးလွင်က ပြောသည်။ 

“အရမ်းငယ်တဲ့ ကလေးတွေကတော့ ဆီးသွားရင် ဘယ်လို ဖြစ်တယ်ဆိုပြီး မဖော်ပြတတ်ပေမယ့် နည်းနည်းကြီးတဲ့ ကလေးတွေမှာ ဆိုရင် ဆီးသွားရင် နာတယ်။ ပုံမှန် မဟုတ်တော့ဘဲ ဆီးသွားရင် ခဏခဏသွားတယ်၊ များတယ်။ ညဘက် ဆီးသွားတယ်၊ ဖျားတာတွေ ဖြစ်လာတယ်။ ဆီးပိုး ခဏခဏ ဝင်လာရင် ကလေးရဲ့ ကြီးထွားမှု ရပ်သွားပြီး ပိုးတွယ်တဲ့ ဒဏ်ကြောင့် ကလေးက လှီလာတယ်” ဟု ဒေါက်တာတိုးလွင်က ပြောသည်။ ကလေးများတွင် ဆီးပိုးဝင်ခြင်းသည် များသောအားဖြင့် မွေးရာပါ အခြေအနေများကြောင့် ဖြစ်နိုင်ပြီး ပိုးဝင်သည့် အကြောင်းအရင်းကို သေချာရှာဖွေ ကုသလျှင် ကြီးသည့်အခါ ကျောက်ကပ် ပျက်စီးခြင်းအား ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ 

ဆီးနှင့် ကျောက်ကပ်ရောဂါ အများစုသည် ကာကွယ်နိုင်သည့် ရောဂါများ ဖြစ်ပြီး ရောဂါလက္ခဏာများအား စောစီးစွာ သိရှိခြင်းဖြင့် စောစောကုသလျှင် ကျောက်ကပ်ပျက်စီးခြင်းမှလည်း ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ဆီးပိုးဝင်ခြင်း ရောဂါကို ကာကွယ်နိုင်ရန် ဘယ်လို အကြောင်းကြောင့် ဖြစ်စေ ဆီးအောင့်ထားခြင်းအား ရှောင်ကြဉ်သင့်ပြီး ရေကဲ့သို့ ကြည်သည့် ဆီးသွားနိုင်သည်အထိ နေ့စဉ် ရေများများ သောက်သင့်ပြီး ကျောက်ကပ် ပျက်စီးခြင်းမှ ကာကွယ်ရန် ဆီးလမ်းကြောင်း ပိုးဝင်သည့် လက္ခဏာများ ထပ်ခါထပ်ခါ ပြသလာပါက အကြောင်းအရင်းအား ရှာဖွေပြီး ဆေးကုသမှု ခံယူသင့်ကြောင်း ပါမောက္ခ ဒေါက်တာတိုးလွင်က အကြံပြု ပြောကြားထားသည်။ 

ဝတ်ရည်အောင်

@[452793661418174:274:Royal Hero Media]
ကျောက်ကပ်ကို အဆိုးဆုံး ထိခိုက်နိုင်သည့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

ဆီးနှင့် ကျောက်ကပ် ရောဂါများတွင် အဖြစ်များပြီး ကာကွယ်ရုံ၊ စနစ်တကျ ကုသရုံဖြင့် ပျောက်ကင်းနို
င်သော ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် စနစ်တကျဆေး ကုသမှု မရှိသည့်အခါ ကျောက်ကပ် ပျက်စီးသည်အထိ ဖြစ်ပွားနိုင်သည်။ ထိုဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် မြန်မာနိုင်ငံတွင် အဖြစ်များသော ရောဂါတစ်ခု ဖြစ်ပြီး နေ့စဉ် သတိမပြုမူသည့် နေထိုင်မှု ပုံစံများကြောင့် ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ရောက်သွားနိုင်ကာ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံအရ အမျိုးသမီးများတွင် ဆီးလမ်းကြောင်း ပိုးဝင်နိုင်သည့် အခြေအနေမှာလည်း ပိုမိုများပြားကြောင်း ဆီးနှင့် ကျောက်ကပ် ခွဲစိတ်ကု ပညာဌာနမှ ပါမောက္ခ ဒေါက်တာ တိုးလွင်က ပြောသည်။

အမျိုးသမီးများတွင်မူ အသက် ၂၀ နှင့် ၄၀ ကြားအရွယ် ဖြစ်ပွားမှုများပြီး ထိုအရွယ်သည် လုပ်ငန်းခွင် ဝင်ရောက်နေသည့် အရွယ်နှင့် ပညာသင်နေသည့် အရွယ်များ ဖြစ်သည့်အတွက် များသောအားဖြင့် ပုံမှန်ထက် ဆီးသွားနည်းလေ့ ရှိကြသည်။ ဆီးအောင့်ထားခြင်းကြောင့် ဆီးကျန်လာခြင်းသည် ဆီးပိုးတွယ်ရန် အခြေအနေပေးသည်နှင့် ဆီးပိုးဝင်ရောက်လာချိန် တိုက်ဆိုင်သည့်အခါ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဝေဒနာ ခံစားလာရကြောင်း ဒေါက်တာတိုးလွင်က ပြောသည်။ ထို့အပြင် ဝမ်းဟောင်းစွန့်သည့် နေရာမှလည်းကောင်း၊ အစာအိမ်ဟောင်းမှတစ်ဆင့် လည်းကောင်း၊ သားအိမ်မှတစ်ဆင့် လည်းကောင်း ရောဂါပိုးများ ဆီးအိမ်ထဲ ဝင်ရောက်ရာမှ ကျောက်ကပ်သို့ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း သိရသည်။ “အိမ်သာသွားပြီး ရေသုံးတဲ့အခါ နောက်ကနေရှေ့ကို သန့်ရှင်းရင် အစာဟောင်းဘက်က ပိုးကို ဆီးလမ်းကြောင်းဘက်ကို ဖိတ်ခေါ်သလို ဖြစ်တတ်တဲ့အတွက် ဒါကို ဆင်ခြင်ရမယ်လို့ အထူးသဖြင့် အလေးအနက် ထပ်ပြီး ပြောချင်ပါတယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။

အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ (ကျန်းမာရေး ဆောင်းပါး)

Sawpudu Du and 5 other people shared Aye Chan Mon's photo.
အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ

(ကျန်းမာရေး ဆောင်းပါး)

မနက်အိပ်ရာ နိုးထပြီးချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူများစွာအတွက် နေ့စဉ်
ပြုမူ လုပ်ဆောင်နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရပါတယ်။ ထို့အပြင် သိပ္ပံပညာရှင်များ သုတေသနပြုချက်အရ ၎င်းဟာ အလွန်အရေးပါပြီး ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ နံနက်ခင်း ရေသောက် ပေးခြင်းအားဖြင့် သင့်ရဲ့ တစ်ညတာ ပင်ပန်းတစ်ကြီး လှုပ်ရှား ခဲ့ရတဲ့ အစာအိမ်အတွက် များစွာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာအတွက် အဆင်မပြေမှုများ၊ စိတ်သောကများ အတွက်ပါ ရေရဲ့ အစွမ်းကြောင့် လန်းဆန်း သွားစေနိုင်ပါတယ်။

ဒါကို ဂျပန်ဆေးပညာရှင် တွေက ၉၆ ပါး ရောဂါနှင့် များစွာသော အောက် ဖော်ပြပါ ရောဂါများအတွက် အလွန်ပင် အစွမ်းထက်တဲ့ နည်းလမ်း တစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့တာပါ။

ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)၏ ကဗျာ

July Moe and 3 other friends shared Zaw Win's photo.
ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)၏ ကဗျာ
========================

ငလျင်လှုပ်ပြီး
ဘုန်းကြီး မီးလောင်
ဒေါသတချောင်းချောင်း
လက်ပတောင်း ဒီတောင်
တရုတ်ကျေးဇူး.???
ရှိဖူးသတဲ့ မောင်
--အမလေး
စစ်ခွေးတစ်ကောင်ဟောင်...။ ။

ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)

Credit: Ponnya Swe / ပုညဆွေ
ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)၏ ကဗျာ
========================

ငလျင်လှုပ်ပြီး
ဘုန်းကြီး မီးလောင်
ဒေါသတချောင်းချောင်း
လက်ပတောင်း ဒီတောင်
တရုတ်ကျေးဇူး.???
ရှိဖူးသတဲ့ မောင်
--အမလေး
စစ်ခွေးတစ်ကောင်ဟောင်...။ ။

ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)

Credit: Ponnya Swe / ပုညဆွေ

သာသနာကို အကြိမ်ကြိမ် စော်ကားတတ်တဲ့ ကောသလင်းမင်းရဲ့ မိုက်မဲတဲ့လုပ်ရပ်တခုက စခဲ့တဲ့ ပြဿနာ တရပ်ကြောင့် ဘုရားရှင်ရဲ့ ဆွေတော်မျိုးတော်တွေ အကုန်လုံးနီးပါး အသတ်ခံ ခဲ့ ရတယ် ။

Khin Mgoo shared Burma Thwe's photo.
သာသနာကို အကြိမ်ကြိမ် စော်ကားတတ်တဲ့  ကောသလင်းမင်းရဲ့   မိုက်မဲတဲ့လုပ်ရပ်တခုက  စခဲ့တဲ့  ပြဿနာ တရပ်ကြောင့်
ဘုရားရှင်ရဲ့  ဆွေတော်မျိုးတော်တွေ အကုန်လုံးနီးပါး အသတ်ခံခဲ့ ရတယ် ။

ကျန်ရှိတဲ့  လူတွေဟာ ကောသလမင်းရဲ့ သားတော် ၀ိတဒူပ ရဲ့ ရန်က ရှောင်ရှားရင်း ရည်ကြည်ရာ
မြက်နုရာမှာ ခက်ခဲစွာ အသက်မွေးဝမ်းကြောင်းမှု ပြုလုပ်ကာ ရောက်လေရာ အရပ်မှာ ဒေါင်းရုပ်လေးတွေကို
ကျောက်တိုင်ထက်မှာ ထုဆစ်ပြီး အမှတ်အသားချန်ထားခဲ့ ကြရင်း အင်အားစုခဲ့ကြတယ် ။

ဒီလိုနဲ့  အင်အားပြည့်ဝလာတဲ့ တနေ့  မှာ  သူတို့ရဲ့  ညီညွှတ်တဲ့  အစွမ်းအစကို ပြပြီး မြို့ရွာနယ်ပယ်များကို သိမ်းပိုက်ရင်းက
နောက်ဆုံးမှာ  အင်အားအလွန်ကောင်းတဲ့  အိန္ဒိယ ပြည်ထောင်စု ကို ထူထောင်ခဲ့ ကြတယ် ။ မောရိယ ဒိုင်နက်စတီ ဆိုပြီး
သမိုင်းမှာ ထင်ရှားခဲ့  တယ်။

အဲဒီနောက်ပိုင်းမှာ ဒေါင်းပုံဟာ အမှန်တရားကို ချစ်ခင်မြတ်နိုးပြီး ၊ မဟုတ်မခံစိတ်ရှိသူတိုင်း အမြတ်တနိုး တန်ဖိုးထားတဲ့
အမှတ်အသားဖြစ်လာခဲ့ တယ် ။

 သာသနာကို အကြိမ်ကြိမ်စော်ကားတတ်ပြီး မိုက်မဲတဲ့  ဘုရင်ရူး များလက်ထက်မှာ စတင်ပေါ်ပေါက်လာပြီး
အဆုံးသတ်မှာ အောင်ပွဲခံကာ အမှန်တရားကို ဖော်ထုတ်ပြသနိုင်ခဲ့  တဲ့  ဒေါင်းမျိုးတွေဟာ သူတိုရဲ့  တန်ဖိုးထားတဲ့
အလံမှာ ဒေါင်းတံဆိပ်ကို ခပ်နှိပ်ပြီး ဒေါင်းအလံ အဖြစ် မြတ်နူိုးစွာ သုံးစွဲခဲ့ ကြတယ် ။

တိုင်းပြည်အေးချမ်းသာယာတဲ့  အခါသမယ ဆိုရင် ကဒေါင်းပုံကို အသုံးပြုပြီး မတရားမှုတွေ ကြီးစိုးလာတဲ့ အခါ
အမှန်တရားကို ဖော်ထုတ်ဖို့  အတွက် ခွပ်ဒေါင်းပုံကို အသုံးပြုလာခဲ့ ကြပါတယ် ။

မတရားမှုတွေ ၊ အဓမ္မအနိုင်ကျင့် မှုတွေ ၊ သာသနာကိုစော်ကားမှုတွေကို ဖန်တီးနေတဲ့  အာဏာရူးတွေရဲ့ လုပ်ဆောင်ချက်တွေ
ရှိနေသေးသမျှ ၊ သူတို့ လုပ်ဆောင်ချက်များဟာ မှားယွင်းနေကြောင်း ထောက်ပြကာ အမှန်တရားကို တောင်းဆိုနေဖို့  အတွက် ဒေါင်းအလံက  လေမှာပျံဝဲနေအုံးမှာ  ပါဆိုတဲ့  သူတို့  ယုံကြည်ချက် စကားလေးကို နားမှာ ကြားယောင်နေမိတယ် ။

ကောသလမင်းရဲ့ အကြောင်းကို လေ့လာကြည့်ရင် ဒီနေ့ ခေတ် စစ်အာဏာရှင်ခေါင်းဆောင်းများရဲ့ အဖြစ်အပျက်နဲ့
အတော်လေးကို ဆင်တူနေပြီး ၊ ကောသလရဲ့ စောရတွေကလည်း စစ်အာဏာရှင်များရဲ့ နောက်လိုက်များနဲ့
အရမ်းကို တူနေပါတယ် ။
သာသနာကို အကြိမ်ကြိမ် စော်ကားတတ်တဲ့ ကောသလင်းမင်းရဲ့ မိုက်မဲတဲ့လုပ်ရပ်တခုက စခဲ့တဲ့ ပြဿနာ တရပ်ကြောင့်
ဘုရားရှင်ရဲ့ ဆွေတော်မျိုးတော်တွေ အကုန်လုံးနီးပါး အသတ်ခံ
ခဲ့ ရတယ် ။

ကျန်ရှိတဲ့ လူတွေဟာ ကောသလမင်းရဲ့ သားတော် ၀ိတဒူပ ရဲ့ ရန်က ရှောင်ရှားရင်း ရည်ကြည်ရာ
မြက်နုရာမှာ ခက်ခဲစွာ အသက်မွေးဝမ်းကြောင်းမှု ပြုလုပ်ကာ ရောက်လေရာ အရပ်မှာ ဒေါင်းရုပ်လေးတွေကို
ကျောက်တိုင်ထက်မှာ ထုဆစ်ပြီး အမှတ်အသားချန်ထားခဲ့ ကြရင်း အင်အားစုခဲ့ကြတယ် ။

ဒီလိုနဲ့ အင်အားပြည့်ဝလာတဲ့ တနေ့ မှာ သူတို့ရဲ့ ညီညွှတ်တဲ့ အစွမ်းအစကို ပြပြီး မြို့ရွာနယ်ပယ်များကို သိမ်းပိုက်ရင်းက
နောက်ဆုံးမှာ အင်အားအလွန်ကောင်းတဲ့ အိန္ဒိယ ပြည်ထောင်စု ကို ထူထောင်ခဲ့ ကြတယ် ။ မောရိယ ဒိုင်နက်စတီ ဆိုပြီး
သမိုင်းမှာ ထင်ရှားခဲ့ တယ်။

အဲဒီနောက်ပိုင်းမှာ ဒေါင်းပုံဟာ အမှန်တရားကို ချစ်ခင်မြတ်နိုးပြီး ၊ မဟုတ်မခံစိတ်ရှိသူတိုင်း အမြတ်တနိုး တန်ဖိုးထားတဲ့
အမှတ်အသားဖြစ်လာခဲ့ တယ် ။

သာသနာကို အကြိမ်ကြိမ်စော်ကားတတ်ပြီး မိုက်မဲတဲ့ ဘုရင်ရူး များလက်ထက်မှာ စတင်ပေါ်ပေါက်လာပြီး
အဆုံးသတ်မှာ အောင်ပွဲခံကာ အမှန်တရားကို ဖော်ထုတ်ပြသနိုင်ခဲ့ တဲ့ ဒေါင်းမျိုးတွေဟာ သူတိုရဲ့ တန်ဖိုးထားတဲ့
အလံမှာ ဒေါင်းတံဆိပ်ကို ခပ်နှိပ်ပြီး ဒေါင်းအလံ အဖြစ် မြတ်နူိုးစွာ သုံးစွဲခဲ့ ကြတယ် ။

တိုင်းပြည်အေးချမ်းသာယာတဲ့ အခါသမယ ဆိုရင် ကဒေါင်းပုံကို အသုံးပြုပြီး မတရားမှုတွေ ကြီးစိုးလာတဲ့ အခါ
အမှန်တရားကို ဖော်ထုတ်ဖို့ အတွက် ခွပ်ဒေါင်းပုံကို အသုံးပြုလာခဲ့ ကြပါတယ် ။

မတရားမှုတွေ ၊ အဓမ္မအနိုင်ကျင့် မှုတွေ ၊ သာသနာကိုစော်ကားမှုတွေကို ဖန်တီးနေတဲ့ အာဏာရူးတွေရဲ့ လုပ်ဆောင်ချက်တွေ
ရှိနေသေးသမျှ ၊ သူတို့ လုပ်ဆောင်ချက်များဟာ မှားယွင်းနေကြောင်း ထောက်ပြကာ အမှန်တရားကို တောင်းဆိုနေဖို့ အတွက် ဒေါင်းအလံက လေမှာပျံဝဲနေအုံးမှာ ပါဆိုတဲ့ သူတို့ ယုံကြည်ချက် စကားလေးကို နားမှာ ကြားယောင်နေမိတယ် ။

ကောသလမင်းရဲ့ အကြောင်းကို လေ့လာကြည့်ရင် ဒီနေ့ ခေတ် စစ်အာဏာရှင်ခေါင်းဆောင်းများရဲ့ အဖြစ်အပျက်နဲ့
အတော်လေးကို ဆင်တူနေပြီး ၊ ကောသလရဲ့ စောရတွေကလည်း စစ်အာဏာရှင်များရဲ့ နောက်လိုက်များနဲ့
အရမ်းကို တူနေပါတယ် ။

လက်ပံတောင်း သပိတ်စခန်း အသစ်ဖွင့်ထားတာကို ဆက်ထားမယ်လို့ သပိတ်စခန်းမှာ စည်းဝေးပြီး ဆုံးဖြတ်

Cho Tu Zal and 2 other people shared Ko Htike's status update.
မနေ့က .. လက်ပံတောင်း သပိတ်စခန်း အသစ်ဖွင့်ထားတာကို ဆက်ထားမယ်လို့ သပိတ်စခန်းမှာ စည်းဝေးပြီး ဆုံးဖြတ်လိုက်ကြတယ်လို့ သိရတယ်။

ကျွန်တော်နဲ့ သဘောထား ကွဲသူတွေ ရှိနိုင်ပါတယ်။ သို့သော် ဒီစာကို ဆုံးအောင် ဖတ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။

ကျွန်တော့်သဘောအရဆို သပိတ်စခန်းကို (ခဏ) ပိတ်လိုက်စေချင်တယ်။ သံဃာတွေကို တောင်းပန်လိုက်လို့ ..
ကျေနပ်ပြီး ပိတ်ခိုင်းတာ မဟုတ်ပါ။ အစိုးရ လှည့်ကွက်နဲ့ မိပြီး ခံလိုက်ရတာ မဟုတ်ပါ။ ကျွန်တော့်မှာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိပါတယ်။ အဲဒါတွေကတော့ ..

(၁) သံဃာတွေက တောင်းဆိုတာ အပြည့်အဝ မရပေမယ့် .. သာဓုခေါ် ကျေနပ်ထားကြတော့ ..အဲဒါကို လေးစားလိုတဲ့ စိတ်

(၂) တောင်းပန်ပွဲကို အတိုင်းအတာ တစ်ခုအထိ ကျေနပ်တယ် ဆိုထားတာကြောင့် .. တနိုင်ငံလုံး လှုပ်ရှားမှုတွေက စိတ်အားထန်သန်မှု (motivation) လျော့သွားတယ်။ ဒီအတွက် .. သပိတ် စခန်းအတွက် စိတ်ဓါတ်ရေးရာ ထောက်ပံ့မှုက အားနည်းနေချိန် ဖြစ်တာကြောင့် ခဏ ရပ်သင့်တယ် ထင်တယ်။