“ရေရှည်
တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့ လူထုရဲ့ အခန်းကဏ္ဍကလည်း
အရေးကြီးပါတယ်။ နှစ်ဘက်စလုံးက လူထုပါဝင်မှုအတွက် လမ်းဖွင့်ပေးဖို့လိုတယ်”
ဆိုသည့် မြန်မာနိင်ငံလုံးဆိုင်ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၏
ပြည်တွင်းငြိမ်းချမ်းရေး၊လူမျိုးကို အခြေခံသည့်
ဖက်ဒရယ်ပြည်ထောင်စုတည်ရေးတို့နှင့် ပတ်သက်ပြီး ဒုတိယဥက္ကဌ
ကိုမျိုးဝင်းနှင့်တွေ့ဆုံမေးမြန်ထားသည်များ ကို စုစည်ဖော်ပြလိုက်ပါသည်။
Living Colors ။ ။ UNFC က ပြောတဲ့ ငြိမ်းချမ်းရေး ပုံစံ ၆ ချက် နဲ့ အစိုးရ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး Road Map က နှစ်ချက်လောက်လွဲနေတယ်၊ အဲ့ဒါကို ဘယ်လိုညှိနို်င်းလို့ ရမယ်ထင်လဲ၊ အဲ့ဒီပေါ် မှာ ဘယ်လို သုံးသပ်ပါသလဲ။
UMW ။ ။ ဘက်နှစ်ဖက် ဆွေးနွေးမှုတိုင်းမှာတော့ ရပ်တည်ချက်နဲ့ အမြင်မတူနိုင်တာတွေ ရှိနိုင်ပါတယ်။ ကွဲလွဲ တာက ပြသနာမရှိဘူး၊ အရေးအကြီးဆုံးက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာလိုစိတ် ရှိဖို့ဘဲ။ ကြိုတင် သတ်မှတ်ထားချက်တွေကြောင့် တွေ့ဆုံဆွေးနွေးပွဲကို အကန့်အသတ် မဖြစ်စေသင့်ဘူး။
ဒီနေ့ကာလ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံး တောင်းဆိုတင်ပြနေတာက နိုင်ငံ ရေးအရ တန်းတူရည်တူ ဆွေးနွေးရေးဖြစ်တယ်။ ဒီနေရာမှာ အဓိက အဖြေရှာရမှာက ပြည်တွင်းစစ် ဖြစ်ရခြင်းရဲ့ အရင်းခံအကြောင်းတရားဘဲ ဖြစ်တယ်။ ဗမာမဟုတ်တဲ့ တိုင်းရင်းသား အင်အားစုတွေ အားလုံး တောင်းဆိုတိုက်ပွဲဝင်နေတာက အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအ တွက်ဘဲ။ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို အသိအမှတ်မပြုဘဲ၊ နိုင်ငံရေးပါတီများ ထူထောင်ပြီး ရွေးကောက်ပွဲဝင်ပါ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလက်ခံပါ၊ လွှတ်တော်အ တွင်းမှာ အများဆန္ဒနဲ့အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပါလို့ဘဲ အစိုးရဘက်က တဖက် သတ် တောင်းဆိုနေမယ်ဆိုရင်တော့ ဆွေးနွေးပွဲက အဆင်ပြေမှာမဟုတ်ဘူး။ အမျိုးသားတန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖေါ်ဆောင်နိုင်မဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လွှတ် တော်ပ ဆွေးနွေးပွဲမှာ သဘောတူညီမှုတွေကို အခိုင်အမာ ချမှတ်နိုင်ဖို့လိုမယ်။
အရေးကြီးဆုံးက ဒီနေ့ကာလ တိုင်းပြည်မှာ တည်ရှိနေတဲ့ နိုင်ငံရေးပြသနာအားလုံးကို တဦး ကောင်း၊ တဖွဲ့ကောင်းနဲ့ ဖြေရှင်းလို့မရဘူး။ အားလုံးလက်တွဲ ဖြေရှင်းသွားဖို့လိုမယ်။ ဒါကြောင့် အား လုံးပါဝင်နိုင်မဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲလိုတယ်။ ဒီဆွေးနွေးပွဲကနေ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပြင်ဆင်ရေးဆွဲရေးအပါအ၀င် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နိုင်ငံရေးလုပ်ငန်းစဉ်တရပ်ကို ချ မှတ်သွားဖို့လိုမယ်။ ဒါမှသာလျှင် မတူညီမှုတွေ၊ ကွဲလွဲချက်တွေကို ကျော်လွှားနိုင်လိမ့်မယ်။