အရှုံးတွေကို ဆက်တိုက်ရင်ဆိုင်နေရတဲ့အခါမျိုးမှာ ကလေးလေးတစ်ယောက်လို ချုံးပွဲချ ငိုယိုလိုက်ချင်တယ်။ ဒါပေမယ့် ငိုလို့မရဘူး။ ရင့်ကျက်မှုဆိုတဲ့အရာကြီးဟာ တစ်ခါတစ်ခါ ဆေးခါးကြီးလိုပဲ မြိုရခက် တယ်။
ကိုယ်နဲ့ပတ်သက်တဲ့ လူတွေအားလုံး ကိုယ်နဲ့ ခွဲခွာရတဲ့အချိန်မှာ ကိုယ့်ကို ရုတ်တရက် အပြင်းအထန် သတိရတာမျိုးမဟုတ်ဘဲနဲ့ အသက်တွေကြီးလာလေ ကိုယ့်ကို နားလည်လေ။ ပညာတွေ ပိုးပြီးတတ် လာလေ။ ကိုယ်ပြောတာကို ပိုပြီးသဘောပေါက်လာလေမျိုး ဖြစ်စေချင်တယ် . . .။
လောကအကျိုးကို ဆောင်သူတိုင်း အများနဲ့မတူဘဲ ရုန်းကန်ခဲ့ရတယ်။ တစ်စတစ်စနဲ့ ကိုယ်တိုင်ရုန်း ကန်ကြည့်မှ ကျေးဇူးရှင်ကြီးတွေရဲ့ ဉာဏ်နဲ့ဝီရိယကို လေးစားမိတယ်. . .။
တစ်ခါတစ်ခါမှာ ကိုယ့်ရဲ့အချစ်နဲ့ သံယောဇဉ်တို့က ကိုယ့်ကိုပြန်ပြီး နာကျင်စေတာမျိုးတွေရှိတယ်။ ဥပမာ၊ ကိုယ်ချစ်တဲ့သူကို မမြင်ရရင် မနေနိုင်ဘူး။ မြင်ရတော့လည်း ရင်နာတယ် ဆိုတာမျိုးပေါ့ . . .
နေပျော်တာတွေလည်း ရှိပါတယ်။ လူတွေက ကိုယ့်ကို အဆင်မပြေတဲ့ လူတစ်ယောက်လို့ မြင်ပေ မယ့် ကိုယ်တိုင်ကတော့ အဆင်ပြေတဲ့အခါမျိုးပေါ့. . .။ ဒါပေမယ့် အဲဒါပြဿနာရဲ့အစပဲ။ ကိုယ့်ဘဝကို မှတ်ကျောက်တင်မယ့် လောကဓံနဲ့ ပျော်ပွဲစားထွက်ရသလိုပဲ။
ပျားကောင်လို လူတွေတချို့ကြောင့် လောကကြီးက နေပျော်နေတာ။ သူတို့ဟာကောင်းတဲ့အရပ်၊ သန့်ရှင်းတဲ့ အရပ်က လာတာ။ သူတို့ရဲ့ ဝတ်ရည်ကလည်း ချိုမြခြင်းအတိ။ ဒါပေမယ့် သူတို့တော့ သွားမထိလေနဲ့ အဆိပ်ရှိကြောင်း ပြလိမ့်မယ်။




![ဆန္ဒပြပွဲ(၂)ခုနဲ့ အယူအဆအချို့
သမ္မတရပ်တည်ချက် ထောက်ခံပွဲ၊ ကင်တာနားဆန့်ကျင်ပွဲတုန်းက စာရေးသူ ရေးခဲ့ဖူးပါတယ်။ ထောင်ကျော်ရှိတဲ့ သံဃာ့အင်အားဟာ မနည်းလှပါဘူး။ ဒီသံဃာတော်အရှင်သူမြတ်များဟာ ဆန္ဒထွက်ပြမဲ့အစား သင်တန်းပေးသင့်တယ်၊ အိုအိုင်စီအကြောင်း၊ နိုင်ငံတကာဥပဒေအကြောင်း၊ ရှရီယာဥပဒေအကြောင်း၊ လူဝင်မှုဥပဒေအကြောင်း အစရှိသည် ရှင်းလင်းပွဲတွေ လုပ်ရင် ပိုထိရောက်တယ်လို့ ရေးခဲ့ဖူးတယ်။ ရခိုင်နဲ့ဘင်္ဂလီအရေးကို အကျယ်ချဲ့လိုသူများ ရှိနေလို့ နိုင်ငံတကာမှာ အမြတ်ထုတ်ခံရမှာစိုးလို့ပါ။
ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ပညာပေးသင်တန်းတွေ လုပ်ရုံနဲ့ မရပါ။ ပြည်သူတို့ရဲ့နစ်နာချက်ကို လမ်းပေါ်ထွက်ဆန္ဒပြမှသာ အစိုးရက အာရုံထားမှာ ဖြစ်ပါတယ်။ ဆန္ဒပြခြင်းဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခြင်းဖြစ်လို့ ဒါဟာ သင့်တော်ပါတယ်လို့ ယူဆပါတယ်။ သံဃာတော်အရှင်သူမြတ်များကလည်း မေတ္တာသုတ်တော်ရွတ်ဖတ်ပွားများပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ခြင်းရယ်ပါ။ ပါမောက္ခချုပ်ဆရာတော်တစ်ပါးကလည်း ဒါဟာ ဝိနည်းတော်နဲ့ညီပါတယ်လို့ မိန့်တော်မူခဲ့ပြီဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲဟာ ဦးပိုင်နဲ့တရုတ်အကျိုးစီးပွားကို ထိခိုက်စေနိုင်ပေမဲ့ ပြည်တွင်းရေးကိစ္စတစ်ခုဖြစ်တယ်လို့ နိုင်ငံတကာက ယူဆပုံရပါတယ်။ ဒီသပိတ်အားကောင်းနေချိန်မှာ အယ်ဂျာဇီးရားက ဒီအကြောင်းကို ထုတ်လွှင့်မဲ့အစား Hidden Genocide ကိုပဲ ထုတ်လွှင့်ခဲ့တာကို ထောက်ကြည့်ရင် သိနိုင်ပါတယ်။
ဒီတော့ ဒီဆန္ဒပြပွဲ(၂)ခုကို အစိုးရ၊ အတိုက်အခံပါတီများ၊ တသီးပုဂ္ဂလနိုင်ငံရေးသမားများ၊ ဗုဒ္ဓဘာသာဝင်များနဲ့ ဘာသာခြားများ အစရှိသူတို့က မိမိတို့လိုချင်သလို ချဲ့၊ ချုံ့ယူကြတာကို တွေ့ရပါတယ်။ ရခိုင်နဲ့ဘင်္ဂလီအရေးမှာ သွေးထိုးလို့ ဟိုမှာ သေကုန်ပြီး လုံးဝမပြောခဲ့တဲ့ စစ်တပ်နောက်ခံရှိသူများဟာ ကြေးနီအရေးမှာ ဗျူဟာတစ်မျိုးပြောင်းခဲ့ပါတယ်။ သွေးထိုးမနေနဲ့၊ ပြည်တွင်းကို ပြန်လာပါဆိုတဲ့ လေသံနဲ့ ဝင်လာကြပါတယ်။
နောက်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆရာတော်ဦးညာဏိဿရတို့ဟာ စစ်အာဏာရှင် ကြောက်ရတဲ့ပုဂ္ဂိုလ်များဖြစ်တယ်ဆိုတဲ့အယူအဆပါ။ ဒါဟာ တက်တက်စင် လွှဲမှားနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို ကြောက်အောင် ဘယ်တုန်းက မခြောက်ခဲ့ဘူး။ ဆရာတော်ဦးညာဏိဿရဟာ ဒသရာဇဓမ္မသုတ္တန်ကို ဟောခဲ့တာတစ်ခုကလွှဲပြီး စစ်အစိုးရနဲ့ နီးနီးကပ်ကပ် ဆက်ဆံခဲ့သူ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ အာဏာရှင်တွေအကြောက်ဆုံးမှာ ၂၀၀၈ ဥပဒေ၊ လွှတ်တော်နဲ့ အစိုးရကို လက်မခံသေးတဲ့ အဖွဲ့အစည်းများသာ ဖြစ်တယ်လို့ ယူဆပါတယ်။
ပုံအတွက် @[100003077667688:2048:Swe Swe Kyi] ကို Credit ပေးပါရစေ။](https://sphotos-a.xx.fbcdn.net/hphotos-prn1/s480x480/67046_258432707618305_700770293_n.jpg)
