Saturday, December 15, 2012

ခြောက်ခန်း ခဲ့ရတဲ့ ပုလဲ မျက်ရည်. . . .

Waimar Nyunt shared Cho Tu Zal's status update.
ခြောက်ခန်း ခဲ့ရတဲ့ ပုလဲ မျက်ရည်. . . .

အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကို လိုလားတယ်ဆိုရင်၊ တပ်မတော်နဲ့ ပြည်သူနဲ့ အကြားက အမုန်းတွေကို
ဒီအတိုင်းဆက်ထားပြီး ဒီအတိုင်းဆက်သွားသရွေ့ ဘယ်လို မှ ရင်ကြားမစေ့နိုင်ပါဘူး။

အမုန်းဆိုတာ အကြောင်းမဲ့ ဖြစ်လာတာ မဟုတ်ဘူး။
မုန်းစရာရှိလို့ မုန်းကြတာပါ။
ဘာကို မုန်းတာလည်း၊ ဘာကို မကြိုက်ကြ၊ မကျေနပ်ကြတာလည်း ဆိုတာကို သိအောင် လေ့လာပြီး၊ သူတို့ရဲ့ အမြင်နဲ့ ခံစားကြည့်ပြီး၊ သူတို့နေရာမှာ ငါဆိုလည်း မုန်းမိမှာပဲ လို့ စာနာစိတ်နဲ့ နားလည် ပြင်ဆင်ညှိနှိုင်းတဲ့ တနည်းထဲ
သာ အမုန်းကနေ အချစ်ကို ပြောင်းနိုင်ပါလိမ့်မယ်။

အမုန်းကို အချစ်တမျိုးထဲက သာ နိုင်ပါတယ်။
မေတ္တာသာလျှင် တခုတည်းသော ဖြေရှင်းရာပါ။
ဒီလိုပြောလို့ ဒီလောက် အမုန်းတွေ ရေးနေတဲ့ကောင် လို့ ပြောလည်း ခံရမှာပါပဲ။

မိကျောင်းတစ်ကောင်ရဲ့မျက်ရည် ________________________

Thein Moe and Lu Bo shared Nine Nine Sanay @ နိုင်းနိုင်းစနေ's photo.
မိကျောင်းတစ်ကောင်ရဲ့မျက်ရည်
________________________

ကျွန်မ မငိုဘူးလို့ သူတို့ပြောကြတယ်။ မျက်ရည်ကလည်း အတုတွေပါတဲ့။ တောင်အမေရိကတိုက်က တောနက်တစ်နေရာမှာ ကျွန်မ မင်းမူကျက်စားတယ်။ ကျွန်မက ခွန်အားဗလပြည့်စုံတဲ့ မိကျောင်းတစ်ကောင်ပါ။ ကျွန်မဘာဖြစ်လို့ ငိုရမှာလဲ?

အမှောင်ထဲကနေ ကျွန်မအမြဲလန့်လန့်နိုးတယ်။ ညတိုင်းမက်တဲ့အိပ်မက်ထဲကနေ ကျွန်မ လန့်နိုးတယ်။ အိပ်မက်ထဲမှာ ကျွန်မ အင်အားမဲ့နေတယ်။ မျက်လုံးတွေ ဖျော့တော့နေတယ်။ ကိုယ်လက်တွေ လှုပ်ရှားလို့မရဘူး။

ကျွန်မကိုမွေးဖွားပြီး သိပ်မကြာခင်မှာ အမေနဲ့အတူ စွတ်စိုတဲ့ကမ်းစပ်တလျှောက် ကျွန်မတွားသွားနေခဲ့တယ်။ အဲဒီအချိန်က မနက်ခင်းဆိုတာကို ကျွန်မကောင်းကောင်းမှတ်မိနေတယ်။ နေရောင်ခြည်ကြောင့် လက်လက်ထနေတဲ့ အေးစိမ့်စိမ့်ချောင်းရေတွေက ကျွန်မကိုယ်ပေါ်ဖြတ်စီးနေတယ်။ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ထဲ ကျွန်မနစ်မျောနေမိတယ်။

ကျွန်မက အမေရဲ့အငယ်ဆုံးကလေးပါ။ ကျွန်မကို အစာပေးတယ်၊ နေရာအနှံ့ခေါ်လည်တယ်ဆိုပေမယ့် အမေဘယ်တော့မှ မပြုံးဘူး။ တစ်ခါတလေ အမေမျက်လုံးထဲမှာ နူးညံ့သိမ်မွေ့တဲ့ အရိပ်အယောင်တွေ စွန်းထင်နေတတ်တယ်။ ဒါတွေဟာ အမေ့မျက်လုံးကို ပိုလှစေတယ်။ ဒါပေမယ့် အဲဒီသိမ်မွေ့မှုတွေက လျှပ်တစ်ပြက်အတွင်းမှာ ပျောက်သွားတတ်ပြီး "ဒီလောကကြီးမှာ အားနွဲ့သူရဲ့အသားကို အားသန်သူစားဆိုတဲ့ စကားတစ်ခွန်းရှိတယ်။ အင်အားကြီးသူ အသက်ရှင်စတမ်းဆိုတဲ့ ဥပဒေတစ်ခုရှိတယ်" လို့ အမေပြောတယ်။

ဒါကြောင့် အားနွဲ့သူ မဖြစ်ရဘူး။

အဲဒီနေ့မနက်က ကျွန်မတို့ အတိုက်ခိုက်ခံလိုက်ရတယ်။ ချောင်းအကွေ့တစ်ခုမှာ အမေက ကျွန်မကိုရှေ့ဆက်သွားဖို့ အမိန့်ပေးတယ်။ အမေ့စကားကို ကျွန်မနားထောင်ပြီး ရှေ့ဆက်သွားတယ်။ စကျင်ကျောက်တွေကြောင့် ကျွန်မဗိုက်သားတွေ စူးပြီးနာနေတယ်။ ရှေ့ဆက်မသွားချင်လို့ ရပ်လိုက်ပြီး အမေ့ကို ကျွန်မလှည့်ကြည့်လိုက်တယ်။ အမေကနောက်ပြန်လှည့်ပြီး ဆုတ်ခွါဖို့ပြင်နေတာကို ကျွန်မတွေ့လိုက်တယ်။ အမေ့ကိုကြည့်ပြီး ကျွန်မနားမလည်ဘူး။ ကိုယ်ကိုအမြန်လှည့်ပြီး အမေနောက်အမီလိုက်ဖို့ ကျွန်မစဉ်းစားလိုက်တယ်။

ရုတ်တရက် ကျွန်မခါးကနေ ကိုင်မြောက်ခံလိုက်ရတယ်။ ထက်မြက်တဲ့သွားတွေက သိပ်မမာသေးတဲ့ ကျွန်မအခွံထဲတိုးဝင်လာတယ်။ ကျွန်မရုန်းမိတယ်။ အမြီးနဲ့ရေပြင်ကို ကျွန်မရိုက်ပြီးရုန်းမိတယ်။ အမေက ကျွန်မကို နောက်ပြန်လှည့်ကြည့်တယ်။ အမေ့မျက်လုံးထဲမှာ ပြတ်သားတဲ့အရိပ်တွေ ပြည့်နေတယ်။ အမေပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို ကျွန်မရုတ်တရက် သတိရလိုက်မိတယ်။ ကျွန်မတို့မိကျောင်းမိသားစုမှာ ကိုယ့်အသက်ရှင်ဖို့ ကိုယ့်သားသမီးတွေကိုလည်း စွန့်လွှတ်နိုင်ရသတဲ့...

ကျွန်မ မျက်လုံးအိမ်ကမျက်ရည်တွေ ပန်းထွက်လာတယ်။ အမေ... အမေ!

ဒီတောနက်ထဲမှာ နောက်ထပ်အင်အားကြီးသူက ကျားသစ်တွေဖြစ်တယ်။ သူတို့ရဲ့ အမူအရာကသိမ်မွေ့ပြီး သွားတွေက ချွန်ထက်တယ်။ မနက်ပိုင်းမှာ သူတို့အစာရှာလေ့ရှိတယ်။ တစ်ခါတလေ မိကျောင်းလေးတစ်ကောင်ကလည်း သူတို့အတွက် အရသာထူးတဲ့မနက်စာဖြစ်တယ်။

ကျွန်မကိုဖမ်းတဲ့ကျားသစ်က ကျားသစ်မတစ်ကောင်ပါ။ ကျွန်မ မကြောက်မိဘူး။ ကျွန်မကိုထားပြီး အမေ နောက်ပြန်လှည့်သွားတဲ့အချိန်ကစပြီး ကျွန်မ ဘာကိုမှ မကြောက်တော့ဘူး။ ကျွန်မကို ကျားသစ်လေးတွေရှေ့ ကျားသစ်မ ပစ်ပေးလိုက်တဲ့အချိန် ကျားသစ်မကို ကျွန်မနှစ်သက်သွားမိတယ်။ အမေလည်း ကျွန်မကို အစာတွေကျွေးဖူးပါတယ်။ ဒါပေမယ့် ဒီလို သိမ်သိမ်မွေ့မွေ့ မရှိခဲ့ဖူးဘူး။

ကျားသစ်လေးတွေကို လျာနဲ့လျှက်ပြီး မနက်စာစားဖို့ ကျားသစ်မက ညင်ညင်သာသာခေါ်နေတယ်။ ကျားသစ်လေးတွေက ကျွန်မဘက်ကို ဦးတည်လာနေတယ်။ ဦးခေါင်းထိပ်မှာ ထောင့်ရှစ်ထောင့်ရှိတဲ့နေမင်းလို ထူးခြားတဲ့ပန်းကွက်ပါတဲ့ ကျားသစ်ငယ်လေးတစ်ကောင်က ကျွန်မအနားနားကပ်ပြီး ကျွန်မကိုကြည့်တယ်။ ကျွန်မစိတ်ထဲမှာ "စားပါ.. စားပါ.. မင်းသိပ်ကံကောင်းတယ်။ မင်းမှာ မင်းကိုချစ်တဲ့ အမေရှိတယ်။ ငါ့မှာ ဘာမှမရှိဘူး။ ငါသေတာပဲကောင်းမယ်" လို့ တွေးနေမိတယ်။

ကျားသစ်လေးက ကျွန်မကိုကြည့်ပြီး ကျားသစ်မကိုမေးတယ်။

"သူဒီလောက် ငယ်တာ... သူ့မေမေရော?"

ပြောပြောဆိုဆို ကျားသစ်လေးက ကျွန်မကို ရုတ်တရက် ရေထဲပစ်ချလိုက်တယ်။ ကျားသစ်မဘေးမှာ ပွတ်သပ်ကျီစယ်ရင်း ရေစီးနောက် မျောသွားတဲ့ကျွန်မကို သူငေးကြည့်နေခဲ့တယ်။

အမေ့အနား ကျွန်မ မပြန်ခဲ့ဘူး။ ရေစီးအတိုင်း နောက်နေရာတစ်နေရာဆီ ကျွန်မစီးမျောခဲ့တယ်။ ကျွန်မ မြန်မြန်ဆန်ဆန် ကြီးပြင်းခဲ့တယ်။ ကိုယ်တိုင်အစာရှာတယ်။ ကိုယ်တိုင်ကာကွယ်စောင့်ရှောက်တယ်။ ဒါပေမယ့် ကျွန်မ အိပ်မက်ဆိုး မကြာခဏမက်တတ်တယ်။ မက်တဲ့အိပ်မက်တိုင်းက ကျွန်မကို အမေစွန့်ပစ်တဲ့ မနက်ခင်းဖြစ်တယ်။ အိပ်မက်ရဲ့အစက လှပတယ်။ အဲဒီနောက် တဖြည်းဖြည်း အကျည်းတန်လာပြီး ဒဏ်ရာတွေ ပြင်းထန်လာတယ်။ အိပ်မက်ဆိုးက လန့်နိုးလာတိုင်း ကျွန်မကိုယ်ကျွန်မ မေးမိတယ်။ ကျွန်မဘာဖြစ်လို့ မိကျောင်းဖြစ်ရတာလဲ?

ကျွန်မလူလားမြောက်ခဲ့တယ်။ ကျွန်မရဲ့ အရေခွံတွေမာကျောပြီး မျက်လုံးတွေစူးရှလာတယ်။ ရက်စက်ကြမ်းကြုတ်လာတယ်။ ဒီရေစီးကြောင်းမှာ ကျွန်မဟာ ဘုရင်တစ်ဆူဖြစ်ခဲ့တယ်။ ကျွန်မမှာ ကျွန်မရင်သွေးလေးတွေရှိတယ်။ မိခင်ကောင်းတစ်ဦးဖြစ်ဖို့ ကျွန်မကြိုးစားခဲ့တယ်။ သူတို့ကိုကျွန်မချစ်တယ်၊ ဂရုစိုက်ကာကွယ်တယ်၊ အန္တရာယ်နဲ့ကြုံခဲ့သည့်တိုင် သူတို့ကိုစွန့်ပစ်ပြီး ကိုယ်တိုင်လွတ်မြောက်ဖို့ ကျွန်မကိုယ်လွတ်ရုန်းမှာ မဟုတ်ဘူး။

မိကျောင်းမိသားစုမှာ မိခင်ကောင်းတစ်ဦးရှိတယ်လို့ တောနက်ထဲမှာ သတင်းမွှေးခဲ့တယ်။ ကလေးတွေက ဒီအတွက် ကျွန်မကို ဂုဏ်ယူဝမ်းမြောက်ကြတယ်။

တစ်ည အိပ်မက်ဆိုးကနေ ကျွန်မလန့်နိုးလာတဲ့အချိန် အနီရောင်အလင်းတန်းတစ်ခုကို ကျွန်မတွေ့လိုက်တယ်။ ကလေးတွေကိုနှိုးပြီး နေရာကနေကျွန်မခွါခိုင်းတယ်။ ဒီနေရာက မကြာခင်ပျက်သုန်းတော့မယ်။ ကီလိုမီတာ(၂၀)က တောအုပ်တွေ အဖျက်ဆီးခံလိုက်ရတယ်။ ကီလိုမီတာ(၂၀၀)အပြင်ကတောအုပ်တွေ စိုက်ပျိုးမြေဖြစ်ခဲ့တယ်။

အတော်ကြာ ခရီးဆက်ပြီး အရင်က ကျွန်မနေခဲ့တဲ့နေရာကို ကျွန်မတို့ရောက်လာခဲ့တယ်။ ဒီနေရာမှာလည်း အစာတွေ ခေါင်းပါးနေပြီ။ တိရစ္ဆာန်အများက ဒီထက်နက်ထဲ တောထဲပြောင်းရွေ့သွားကြပြီ။ အသက်ရှင်နေတဲ့တိရစ္ဆာန်တွေကို ကျွန်မတို့မမြင်မိတာ (၂)ရက်ရှိနေပါပြီ။

မနက်ခင်းတစ်ခုမှာ အငယ်ဆုံးကလေးကိုခေါ်ပြီး ကျွန်မအစာရှာထွက်ခဲ့တယ်။ ကံဆိုးစွာနဲ့ ကျွန်မရဲ့မျက်စိရှေ့မှာပဲ ကျားသစ်တစ်ကောင်ရဲ့ အတိုက်အခိုက်ကို သူခံလိုက်ရတယ်။ ရှေ့ကို အမြန်ထိုးတက်ပြီး ကလေးရဲ့အသက်ကိုကယ်ဖို့ ကျွန်မကြိုးစားတယ်။

ရှေ့တက်ပြီး ကျားသစ်ကို ကျွန်မအမြီးနဲ့ ပုတ်ထုတ်မယ့်အချိန် ကျားသစ်ရဲ့ဦးခေါင်းထိပ်က ရှစ်ထောင့်နေမင်းကို ကျွန်မတွေ့လိုက်တယ်။ သူပိန်လှီနေတယ်။ ဗိုက်တွေပြားချပ်နေတယ်။ အစာမစားရတာ တော်တော်ကြာနေပုံရတယ်။ တကယ်လို့ အစာထပ်မရရင် သူသေနိုင်တယ်လို့ ကျွန်မထင်တယ်။ ကျွန်မမှာ သားသမီးတွေအများကြီးရှိတယ်။ ဒီကျားသစ်သာမရှိခဲ့ရင် ကျွန်မမှာလည်း ဒီမိသားစုရှိခဲ့မှာ မဟုတ်ဘူး။

ကျွန်မအကြာကြီး တွေဝေနေတယ်။ နောက်ဆုံး ကျွန်မလှည့်ထွက်လာခဲ့တယ်။ ထောင့်ချိုးတစ်နေရာရောက်တော့ ကျွန်မနောက်ပြန်လှည့်ကြည့်မိတယ်။ ကျွန်မအမြင်တွေ မှုန်ဝါးနေတယ်။ မျက်စိရှေ့ကအရာအားလုံးကို ကျွန်မသဲသဲကွဲကွဲ မမြင်နိုင်တော့ဘူး... ကျွန်မရဲ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေ ပြည့်နှက်နေလို့လေ.......


မူရင်းလင့်-- http://book.qq.com/s/book/0/10/10929/47.shtml

နိုင်းနိုင်းစနေ (Saturday, May 29, 2010)
.
မိကျောင်းတစ်ကောင်ရဲ့မျက်ရည်
________________________

ကျွန်မ မငိုဘူးလို့ သူတို့ပြောကြတယ်။ မျက်ရည်ကလည်း အတုတွေပါတဲ့။ တောင်အမေရိကတိုက်က တောနက်တစ်နေရာမှာ ကျွန်မ မင
်းမူကျက်စားတယ်။ ကျွန်မက ခွန်အားဗလပြည့်စုံတဲ့ မိကျောင်းတစ်ကောင်ပါ။ ကျွန်မဘာဖြစ်လို့ ငိုရမှာလဲ?

အမှောင်ထဲကနေ ကျွန်မအမြဲလန့်လန့်နိုးတယ်။ ညတိုင်းမက်တဲ့အိပ်မက်ထဲကနေ ကျွန်မ လန့်နိုးတယ်။ အိပ်မက်ထဲမှာ ကျွန်မ အင်အားမဲ့နေတယ်။ မျက်လုံးတွေ ဖျော့တော့နေတယ်။ ကိုယ်လက်တွေ လှုပ်ရှားလို့မရဘူး။

ကျွန်မကိုမွေးဖွားပြီး သိပ်မကြာခင်မှာ အမေနဲ့အတူ စွတ်စိုတဲ့ကမ်းစပ်တလျှောက် ကျွန်မတွားသွားနေခဲ့တယ်။ အဲဒီအချိန်က မနက်ခင်းဆိုတာကို ကျွန်မကောင်းကောင်းမှတ်မိနေတယ်။ နေရောင်ခြည်ကြောင့် လက်လက်ထနေတဲ့ အေးစိမ့်စိမ့်ချောင်းရေတွေက ကျွန်မကိုယ်ပေါ်ဖြတ်စီးနေတယ်။ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ထဲ ကျွန်မနစ်မျောနေမိတယ်။

ကျွန်မက အမေရဲ့အငယ်ဆုံးကလေးပါ။ ကျွန်မကို အစာပေးတယ်၊ နေရာအနှံ့ခေါ်လည်တယ်ဆိုပေမယ့် အမေဘယ်တော့မှ မပြုံးဘူး။ တစ်ခါတလေ အမေမျက်လုံးထဲမှာ နူးညံ့သိမ်မွေ့တဲ့ အရိပ်အယောင်တွေ စွန်းထင်နေတတ်တယ်။ ဒါတွေဟာ အမေ့မျက်လုံးကို ပိုလှစေတယ်။ ဒါပေမယ့် အဲဒီသိမ်မွေ့မှုတွေက လျှပ်တစ်ပြက်အတွင်းမှာ ပျောက်သွားတတ်ပြီး "ဒီလောကကြီးမှာ အားနွဲ့သူရဲ့အသားကို အားသန်သူစားဆိုတဲ့ စကားတစ်ခွန်းရှိတယ်။ အင်အားကြီးသူ အသက်ရှင်စတမ်းဆိုတဲ့ ဥပဒေတစ်ခုရှိတယ်" လို့ အမေပြောတယ်။

ရခိုင်ပြည်တပ်မတော် (Arakan Army) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၃) ဖွဲ့ ပူးပေါင်း၍ မြ၀တီမြို့တွင် ဆန္ဒထုတ်ဖော်

Ma Nandar shared Ko Aung's photo.
Arakan Review

ရခိုင်ပြည်တပ်မတော် (Arakan Army) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၃) ဖွဲ့ ပူးပေါင်း၍ မြ၀တီမြို့တွင် ဆန္ဒထုတ်ဖော်
 
လက်နက်အင်အား အပြည့်အစုံတပ်ဆင်ထားကြသော ရခိုင်ပြည်တပ်မတော် (Arakan Army)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)၊ နှင့် (KNU/KNLA) Peace Council တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်း တွင် မြ၀တီမြို့၌ ဆန္ဒထုတ်ဖော်မှု တစ်ခု ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိ သည်။ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ ရခိုင်ပြည်တပ်မတော် (Arakan Army) မှ ဗိုလ်ကြီးအောင်ထွန်းသို့ Arakan Review  မှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် `ခုလို လက်နက်ကိုင်ပြီးတော့ မြ၀တီမြို့ပေါ်မှာ ဆန္ဒထုတ်ဖော်ရတဲ့ ရည်ရွယ် ချက် (၂) ချက်ရှိပါတယ်။ ပထမတစ်ချက်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်တိုက်ပွဲဝင်နေကြတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်လို့ ဒီနေ့ နိုင်ငံအ၀ှမ်းမှာ ဆန္ဒပြတောင်းဆိုနေကြတဲ့ သံဃာတော်တွေ ရဲ့ တောင်းဆို ချက်တွေကို အမြန်ဆုံး လိုက်လျောပေးစေဖို့နဲ့ ဒုတိယအချက်ကတော့ ကချင်ထိုးစစ်ကို လုံးဝ ရပ်တန့် ပေးဖို့ ဖြစ်တယ်´ ဟု ပြောသည်။aa2

ဆန္ဒပြ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင် အင်အား (၂၀၀) ခန့်ရှိပြီး လက်နက်အင်အား အပြည့်အစုံ့ဖြင့် မြ၀တီ မြို့ တောရကျောင်းမှ ကြံခင်းလမ်းထိ ချီတက်ဆန္ဒပြခဲ့ ကြကြောင်း သိရသည်။

အဆိုပါ စီတန်းဆန္ဒပြမှုအား ကရင်ပြည်- ပြည်နယ်ရဲမှူး အား အသိပေး အကြောင်းကြားထားကြောင်းနှင့် အာဏာပိုင်များ ဘက်မှ စောင့်ကြည့်မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးမှုများ ပြု လုပ်ခဲ့ကြောင်း သိရသည်။

မြ၀တီမြို့ရှိ ပြည်သူလူထုများအနေဖြင့် ၀င်ရောက် ပူးပေါင်းလိုသော်လည်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဘက်မှ ခွင့်မပြု ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

`အခုလိုမျိုး ကိုယ်တို့ဘက်က တိုင်းရင်းသားလက်နက်တပ်တွေက ပြည်သူတွေနဲ့ တသားတည်းရှိတယ်ဆိုတာ သိရတော့၊ ကျနော် တို့လည်း ပူးပေါင်းချင်တယ်။ သူတို့ဆီက ခွင့်ပြုချက်တောင်းတော့ မရဘူးပေါ့။ သူတို့ပြောတာက တကယ်လို့ အစိုးရတပ်တွေ နဲ့ ပြဿနာတစ်ခုခုဖြစ်ရင် နှစ်ဘက်စလုံးက လက်နက်ကိုင်ထားကြတာမို့ ပြည်သူတွေကို အထိမနာစေချင်တာကြောင့် လို့ ပြော တယ်´ ဟု မြ၀တီ ဒေသခံတစ်ဦးက ပြောသည်။aa3

သံဃာတော်များနှင့် ပြည်သူလူထု၏ ဆန္ဒသဘောသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ထပ်တူဖြစ်ကြောင်းနှင့် ပြည် သူ လူထုများဘက်မှ တောင်းဆိုလာပါက တုံ့ပြန်ရန် အသင့်ရှိနေကြောင်း ရခိုင်ပြည်တပ်မတော် (Arakan Army) မှ ဗိုလ်ကြီးအောင်ထွန်း က ထုတ်ဖော်ပြောကြားခဲ့သည်။
Arakan Review

ရခိုင်ပြည်တပ်မတော် (Arakan Army) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၃) ဖွဲ့ ပူးပေါင်း၍ မြ၀တီမြို့တွင် ဆန္ဒထုတ်ဖော်

လက်နက်အင်အား အပြည့်အစုံတပ်
ဆင်ထားကြသော ရခိုင်ပြည်တပ်မတော် (Arakan Army)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)၊ နှင့် (KNU/KNLA) Peace Council တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်း တွင် မြ၀တီမြို့၌ ဆန္ဒထုတ်ဖော်မှု တစ်ခု ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိ သည်။ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ ရခိုင်ပြည်တပ်မတော် (Arakan Army) မှ ဗိုလ်ကြီးအောင်ထွန်းသို့ Arakan Review မှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် `ခုလို လက်နက်ကိုင်ပြီးတော့ မြ၀တီမြို့ပေါ်မှာ ဆန္ဒထုတ်ဖော်ရတဲ့ ရည်ရွယ် ချက် (၂) ချက်ရှိပါတယ်။ ပထမတစ်ချက်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်တိုက်ပွဲဝင်နေကြတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်လို့ ဒီနေ့ နိုင်ငံအ၀ှမ်းမှာ ဆန္ဒပြတောင်းဆိုနေကြတဲ့ သံဃာတော်တွေ ရဲ့ တောင်းဆို ချက်တွေကို အမြန်ဆုံး လိုက်လျောပေးစေဖို့နဲ့ ဒုတိယအချက်ကတော့ ကချင်ထိုးစစ်ကို လုံးဝ ရပ်တန့် ပေးဖို့ ဖြစ်တယ်´ ဟု ပြောသည်။aa2

ဆန္ဒပြပွဲ(၂)ခုနဲ့ အယူအဆအချို့

Khin Mgoo shared Ven Ravika's photo.
ဆန္ဒပြပွဲ(၂)ခုနဲ့ အယူအဆအချို့

သမ္မတရပ်တည်ချက် ထောက်ခံပွဲ၊ ကင်တာနားဆန့်ကျင်ပွဲတုန်းက စာရေးသူ ရေးခဲ့ဖူးပါတယ်။ ထောင်ကျော်ရှိတဲ့ သံဃာ့အင်အားဟာ မနည်းလှပါဘူး။ ဒီသံဃာတော်အရှင်သူမြတ်များဟာ ဆန္ဒထွက်ပြမဲ့အစား သင်တန်းပေးသင့်တယ်၊ အိုအိုင်စီအကြောင်း၊ နိုင်ငံတကာဥပဒေအကြောင်း၊ ရှရီယာဥပဒေအကြောင်း၊ လူဝင်မှုဥပဒေအကြောင်း အစရှိသည် ရှင်းလင်းပွဲတွေ လုပ်ရင် ပိုထိရောက်တယ်လို့ ရေးခဲ့ဖူးတယ်။ ရခိုင်နဲ့ဘင်္ဂလီအရေးကို အကျယ်ချဲ့လိုသူများ ရှိနေလို့ နိုင်ငံတကာမှာ အမြတ်ထုတ်ခံရမှာစိုးလို့ပါ။

ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ပညာပေးသင်တန်းတွေ လုပ်ရုံနဲ့ မရပါ။ ပြည်သူတို့ရဲ့နစ်နာချက်ကို လမ်းပေါ်ထွက်ဆန္ဒပြမှသာ အစိုးရက အာရုံထားမှာ ဖြစ်ပါတယ်။ ဆန္ဒပြခြင်းဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခြင်းဖြစ်လို့ ဒါဟာ သင့်တော်ပါတယ်လို့ ယူဆပါတယ်။ သံဃာတော်အရှင်သူမြတ်များကလည်း မေတ္တာသုတ်တော်ရွတ်ဖတ်ပွားများပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ခြင်းရယ်ပါ။ ပါမောက္ခချုပ်ဆရာတော်တစ်ပါးကလည်း ဒါဟာ ဝိနည်းတော်နဲ့ညီပါတယ်လို့ မိန့်တော်မူခဲ့ပြီဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲဟာ ဦးပိုင်နဲ့တရုတ်အကျိုးစီးပွားကို ထိခိုက်စေနိုင်ပေမဲ့ ပြည်တွင်းရေးကိစ္စတစ်ခုဖြစ်တယ်လို့ နိုင်ငံတကာက ယူဆပုံရပါတယ်။ ဒီသပိတ်အားကောင်းနေချိန်မှာ အယ်ဂျာဇီးရားက ဒီအကြောင်းကို ထုတ်လွှင့်မဲ့အစား Hidden Genocide ကိုပဲ ထုတ်လွှင့်ခဲ့တာကို ထောက်ကြည့်ရင် သိနိုင်ပါတယ်။

ဒီတော့ ဒီဆန္ဒပြပွဲ(၂)ခုကို အစိုးရ၊ အတိုက်အခံပါတီများ၊ တသီးပုဂ္ဂလနိုင်ငံရေးသမားများ၊ ဗုဒ္ဓဘာသာဝင်များနဲ့ ဘာသာခြားများ အစရှိသူတို့က မိမိတို့လိုချင်သလို ချဲ့၊ ချုံ့ယူကြတာကို တွေ့ရပါတယ်။ ရခိုင်နဲ့ဘင်္ဂလီအရေးမှာ သွေးထိုးလို့ ဟိုမှာ သေကုန်ပြီး လုံးဝမပြောခဲ့တဲ့ စစ်တပ်နောက်ခံရှိသူများဟာ ကြေးနီအရေးမှာ ဗျူဟာတစ်မျိုးပြောင်းခဲ့ပါတယ်။ သွေးထိုးမနေနဲ့၊ ပြည်တွင်းကို ပြန်လာပါဆိုတဲ့ လေသံနဲ့ ဝင်လာကြပါတယ်။

နောက်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆရာတော်ဦးညာဏိဿရတို့ဟာ စစ်အာဏာရှင် ကြောက်ရတဲ့ပုဂ္ဂိုလ်များဖြစ်တယ်ဆိုတဲ့အယူအဆပါ။ ဒါဟာ တက်တက်စင် လွှဲမှားနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို ကြောက်အောင် ဘယ်တုန်းက မခြောက်ခဲ့ဘူး။ ဆရာတော်ဦးညာဏိဿရဟာ ဒသရာဇဓမ္မသုတ္တန်ကို ဟောခဲ့တာတစ်ခုကလွှဲပြီး စစ်အစိုးရနဲ့ နီးနီးကပ်ကပ် ဆက်ဆံခဲ့သူ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ အာဏာရှင်တွေအကြောက်ဆုံးမှာ ၂၀၀၈ ဥပဒေ၊ လွှတ်တော်နဲ့ အစိုးရကို လက်မခံသေးတဲ့ အဖွဲ့အစည်းများသာ ဖြစ်တယ်လို့ ယူဆပါတယ်။

ပုံအတွက် @[100003077667688:2048:Swe Swe Kyi] ကို Credit ပေးပါရစေ။
ဆန္ဒပြပွဲ(၂)ခုနဲ့ အယူအဆအချို့

သမ္မတရပ်တည်ချက် ထောက်ခံပွဲ၊ ကင်တာနားဆန့်ကျင်ပွဲတုန်းက စာရေးသူ ရေးခဲ့ဖူးပါတယ်။ ထောင်ကျော်ရှိတဲ့ သံဃာ့အင်အားဟာ မနည်းလှပါဘူး။ ဒီသံဃာတေ
ာ်အရှင်သူမြတ်များဟာ ဆန္ဒထွက်ပြမဲ့အစား သင်တန်းပေးသင့်တယ်၊ အိုအိုင်စီအကြောင်း၊ နိုင်ငံတကာဥပဒေအကြောင်း၊ ရှရီယာဥပဒေအကြောင်း၊ လူဝင်မှုဥပဒေအကြောင်း အစရှိသည် ရှင်းလင်းပွဲတွေ လုပ်ရင် ပိုထိရောက်တယ်လို့ ရေးခဲ့ဖူးတယ်။ ရခိုင်နဲ့ဘင်္ဂလီအရေးကို အကျယ်ချဲ့လိုသူများ ရှိနေလို့ နိုင်ငံတကာမှာ အမြတ်ထုတ်ခံရမှာစိုးလို့ပါ။

ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ပညာပေးသင်တန်းတွေ လုပ်ရုံနဲ့ မရပါ။ ပြည်သူတို့ရဲ့နစ်နာချက်ကို လမ်းပေါ်ထွက်ဆန္ဒပြမှသာ အစိုးရက အာရုံထားမှာ ဖြစ်ပါတယ်။ ဆန္ဒပြခြင်းဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခြင်းဖြစ်လို့ ဒါဟာ သင့်တော်ပါတယ်လို့ ယူဆပါတယ်။ သံဃာတော်အရှင်သူမြတ်များကလည်း မေတ္တာသုတ်တော်ရွတ်ဖတ်ပွားများပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ခြင်းရယ်ပါ။ ပါမောက္ခချုပ်ဆရာတော်တစ်ပါးကလည်း ဒါဟာ ဝိနည်းတော်နဲ့ညီပါတယ်လို့ မိန့်တော်မူခဲ့ပြီဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲဟာ ဦးပိုင်နဲ့တရုတ်အကျိုးစီးပွားကို ထိခိုက်စေနိုင်ပေမဲ့ ပြည်တွင်းရေးကိစ္စတစ်ခုဖြစ်တယ်လို့ နိုင်ငံတကာက ယူဆပုံရပါတယ်။ ဒီသပိတ်အားကောင်းနေချိန်မှာ အယ်ဂျာဇီးရားက ဒီအကြောင်းကို ထုတ်လွှင့်မဲ့အစား Hidden Genocide ကိုပဲ ထုတ်လွှင့်ခဲ့တာကို ထောက်ကြည့်ရင် သိနိုင်ပါတယ်။

ကိုယ့်ပြည်နယ် ကိုယ် အုပ်ချုပ်ပိုင်ခွင့် တောင်းတာ ဘာများ အလိုမကျစရာ ရှိသလဲ?.....

ကိုယ့်ပြည်နယ် ကိုယ် အုပ်ချုပ်ပိုင်ခွင့် တောင်းတာ ဘာများ အလိုမကျစရာ ရှိသလဲ?............
ကိုယ့်ပြည်နယ် ကိုယ် အုပ်ချုပ်ပိုင်ခွင့် တောင်းတာ ဘာများ အလိုမကျစရာ ရှိသလဲ?
********************************************
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အနေနဲ့ သိန်းစိန်အစိုးရသစ်ကို တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်ဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ အခုလို တဖွဲ့ချင်းနဲ့ အပစ်ရပ် စကားပြောနေစရာမလို UNFC နဲ့ တပေါင်းထဲ ပြောလိုက်ရင် မပြီးနိုင်စရာ အကြောင်းမရှိ။ သို့သော်၊ သမ္မတကြီးက အင်ဒိုနီးရှားမှာ ပြောတာက သူတို့ တဖွဲ့နဲ့ တဖွဲ့ လိုချင်တာလဲ မတူဘူး၊ လို့လဲ ပြောလာတယ်။ အားလုံး လိုချင်တာ အတူတူ ဖြစ်နေတဲ့ UNFC နဲ့ ကျတော့ စကားမပြောနိုင်ဘူးတဲ့။ UNFC အဖွဲ့သားတွေ အားလုံး တညီတညွတ်ထဲ တောင်းဆိုနေတာ ဖက်ဒရယ် ဖြစ်တယ်။ ဒါကို ဘာများ မတူဘူးလို့ ပြောစရာ ရှိသလဲ။ သဘောကတော့ တဖွဲ့ချင်း ဖဲ့တိုက်မဲ့ အစီအစဉ်က ရှိပြီးသားပါ။

မြန်မာနိုင်ငံ ဆင်းရဲရခြင်းရဲ့ အဓိက သော့ချက်ကတော့ စစ်စရိတ်ထောင်းလို့ ဖြစ်ပါတယ်။ စစ်စရိတ်ထောင်းလာခဲ့ရခြင်းသည် ပြည်တွင်းစစ်ကြောင့် ဖြစ်တယ်။ ပြည်တွင်းစစ် ဖြစ်လာရခြင်းသည် တိုင်းရင်းသားတွေက ကိုယ့်နယ်ကိုယ် အုပ်ချုပ်ပိုင်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဆုံးရှုံးခြင်းအပေါ် ဆွေးနွေးတိုင်ပင်ဖို့ အခွင့်အရေး မရှိခဲ့လို့ တိုက်ပွဲဝင်လာရခြင်း ကြောင့် ဖြစ်တယ်။ 

ဒါကို ဘာများ အလိုမကျ စရာ ရှိသလဲ? ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးပိုင်ခွင့် (self-determination) သာ ဖြစ်တယ်။ အဲဒါကို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်အားလုံး (အစိုးရကို ကပ်ဖါးစားနေတဲ့ တိုင်းရင်းသားစီးပွါးရေးသမားများ မပါ) တညီတညွတ်ထဲ တောင်းဆိုလာခဲ့တာပါ။ ဗမာ လူမျိုးအထဲမှလဲ ဒေါ်အောင်ဆန်းစုကြည်လို ပညာတတ် ပုဂ္ဂိုလ် နိုင်ငံရေးသမား အစစ်အမှန်များက ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးရေး ကို လက်ခံပြီးသား၊ ပြောလဲ ပြောပြီးသား ဖြစ်တယ်။ 

ဆိုတော့… ဘယ်သူ့ကြောင့် မပြေလည်နေရတာလဲ?
၂၀၀၈ အခြေခံ ဥပဒေ ပုဒ်မ ၉ (က) မှာ တိုင်း ဒေသကြီး (၇) ခု နှင့် ပြည်နယ် (၇) ပြည်နယ် တို့သည် အဆင့်အတန်းတူညီကြသည်။…  လို့ဆိုထားလေတော့…. အမှန်မှာ အဆိုပါ တိုင်း (၇) တိုင်းဟာ ဗမာ ပြည်နယ် တခုထဲကို ခွဲလိုက်တာဖြစ်တယ်။

ကချင် ပြည်နယ် = ဗမာ တိုင်း
ကယား ပြည်နယ် = ဗမာ တိုင်း
ကရင် ပြည်နယ် = ဗမာ တိုင်း
ချင်း ပြည်နယ် = ဗမာ တိုင်း
မွန် ပြည်နယ် = ဗမာ တိုင်း
ရခိုင် ပြည်နယ် = ဗမာ တိုင်း
ရှမ်း ပြည်နယ် = ဗမာ တိုင်း

ဒီနေရာမှာ နိုင်ငံတော် ဘက်ဂျက် ဆွဲလိုက်တဲ့ အခါမှာ ဗမာ ပြည်နယ်က အလိုလို ဝေစု (၇) စု ရနေပြီးသား။ 

ဒီတော့ 
ကချင် တစ်ကျပ် = ဗမာ တစ်ကျပ်
ကယား တစ်ကျပ် = ဗမာ တစ်ကျပ်
ကရင် တစ်ကျပ် = ဗမာ တစ်ကျပ်
ချင်း တစ်ကျပ် = ဗမာ တစ်ကျပ်
မွန် တစ်ကျပ် = ဗမာ တစ်ကျပ်
ရခိုင် တစ်ကျပ် = ဗမာ တစ်ကျပ်
ရှမ်း တစ်ကျပ် = ဗမာ တစ်ကျပ်
အားလုံးပေါင်းလိုက်တော့ ဗမာ က (၇) ကျပ် ရနေတဲ့ အချိန် တိုင်းရင်းသားတွေက တစ်ကျပ်တောင် မနည်းမနည်း တောင်းယူရမဲ့ အနေအထား ဖြစ်နေတာပါ။

ဒီလို ရေးလိုက်လို့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပျက်ပြားစေမဲ့ အရေးအသား လို့ ပြောပါလိမ့်မယ်။ ဒါက ပျက်နေပြီးသား ပြဿနာကို ထောက်ပြတာ။ ဒီလိုဟာတွေက နိုင်ငံရေး မသိနားမလည်တဲ့ လူတွေ တန်းတူ ညီမျှ အခွင့်အရေး ဆိုတာ ဘာမှန်းသိမှာ မဟုတ်ပါ။

အပေါ်က ခွဲတန်း မညီမျှမှု ပြဿနာ ထားပါ။
အခု ကျနော်တို့ တိုင်းရင်းသားတွေက ဗမာ တွေ (၇) ကျပ် မက ရနေတာကို ငြိုဆူတာ မဟုတ်။ ပဲနိ တစ်ကျပ် ဝေစုလေးတောင် အပြည့် မရလို့ ဖြစ်နေတဲ့ ပြဿနာ ပါ။ တစ်နည်းပြောရရင် အဲဒီ မရှိမဲ့ ရှိမဲ့ တစ်ကျပ် ခွဲတန်းလေးကို အပြည့်ရဖို့ တောင်းနေတာ။

မြန်မာပြည်လို့ပဲ ပြောပြော၊ ဗမာ ပြည်လို့ပဲ ပြောပြော ကချင်တွေက သိပ် ဂရုစိုက်တာ မဟုတ်၊ အရေးကြီးတာ နာမည် မဟုတ်။ လက်တွေ့ကျတဲ့ စနစ်ဖြစ်တယ်။ လူကို မှီခိုတဲ့ နိုင်ငံရေး စကား မပြောဘူး၊ စနစ်ကို လက်တွေ့ကျကျ ကျင့်သုံးသလား၊ ဆိုတာ ကြည့်နေတာပါ။ 

သမ္မတက ထိုးစစ် မဆင်ဘူး လို့ ပဲ ပြောပြော၊ မြ၀တီက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး သီချင်း ဘယ်လောက် လွင့်လွင့်၊ လူလိုကျင့်ကြံပြီး လူလို သိတတ်မှ ငြိမ်းချမ်းရေး ဆိုတာ တကယ် ဖြစ်လာပါမယ်။
ကိုယ့်နယ်၊ ကိုယ်ဇာတိ ကိုယ် အုပ်ချုပ်ပိုင်ခွင့် တောင်းတာ ဘာများ အလို မကျစရာ ရှိသလဲ? ကမ္ဘာ့နိုင်ငံ အတော်များများမှာ ဒီလိုပဲ ကိုယ့်နယ် ကို အုပ်ချုပ်နေကျပါတယ်။ မကောင်းတာ ဘာမှ မရှိပါ။

မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး ရာသီဥတုမှာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေးကို ငြင်းပယ်ပြီး ငြိမ်းချမ်းရေး စကားပြောတာသည်၊ ရိုင်းရိုင်း ပြောရရင် ကိုယ့်မိန်းမ ကိုယ် လိင်မဆက်ဆံပဲ ကလေးမွေးပါသည်၊ လို့ ပြောနေတာနဲ့ အတူတူပါ။ လိင်မဆက်ဆံပဲ ခင်များ မိန်းမ ကလေးမွေးကောင်းမွေးမယ် သို့သော် သူများဟားစရာ ဖြစ်မှာပေါ့။ မိသားစု အစစ်အမှန်တော့ ဘယ်ဟုတ်တော့မလဲ။ ဆိုလိုချင်တာ သဘာဝ မကျတာကို ပြောတာပါ။ ဖေါက်ပြန်တတ်တဲ့ သဘောနဲ့ အဆင်ပြေတာကို ကြိုက်သလား? သဘာဝကျကျ ခင်များမိန်းမ ကလေးမွေးတာကို ကြိုက်သလား? ဆိုတာ စဉ်းစားဖို့ပါ။

ကိုယ့်ပြည်နယ် ကိုယ် အုပ်ချုပ်ပိုင်ခွင့်တောင်းတာ လွန်စရာ အကြောင်းမရှိပါ။ လောကပါလ တရားနဲ့လည်း ကိုက်ညီပါတယ်။ ဘာသာတရားနဲ့လည်း ကိုက်ညီပါတယ်။ ခိုးဆိုးလုယှက်ခြင်းမဟုတ်။ လိမ်လည် လှည့်ဖျားခြင်းမဟုတ်။ သူများပစ္စည်းလုခြင်းလည်းမဟုတ်။ သူများစည်းစိမ်လုနေတာလည်း မဟုတ်။ ကိုယ့်ကံကြမ္မာအတွက် ကိုယ်အလုပ်လုပ်နေခြင်းသာ ဖြစ်သည်။
ကိုယ့်ပြည်နယ် ကိုယ် အုပ်ချုပ်ပိုင်ခွင့် တောင်းတာ ဘာများ အလိုမကျစရာ ရှိသလဲ?
******************************
**************
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရ
ယ် ကောင်စီ (UNFC) အနေနဲ့ သိန်းစိန်အစိုးရသစ်ကို တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်ဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ အခုလို တဖွဲ့ချင်းနဲ့ အပစ်ရပ် စကားပြောနေစရာမလို UNFC နဲ့ တပေါင်းထဲ ပြောလိုက်ရင် မပြီးနိုင်စရာ အကြောင်းမရှိ။ သို့သော်၊ သမ္မတကြီးက အင်ဒိုနီးရှားမှာ ပြောတာက သူတို့ တဖွဲ့နဲ့ တဖွဲ့ လိုချင်တာလဲ မတူဘူး၊ လို့လဲ ပြောလာတယ်။ အားလုံး လိုချင်တာ အတူတူ ဖြစ်နေတဲ့ UNFC နဲ့ ကျတော့ စကားမပြောနိုင်ဘူးတဲ့။ UNFC အဖွဲ့သားတွေ အားလုံး တညီတညွတ်ထဲ တောင်းဆိုနေတာ ဖက်ဒရယ် ဖြစ်တယ်။ ဒါကို ဘာများ မတူဘူးလို့ ပြောစရာ ရှိသလဲ။ သဘောကတော့ တဖွဲ့ချင်း ဖဲ့တိုက်မဲ့ အစီအစဉ်က ရှိပြီးသားပါ။

မြန်မာနိုင်ငံ ဆင်းရဲရခြင်းရဲ့ အဓိက သော့ချက်ကတော့ စစ်စရိတ်ထောင်းလို့ ဖြစ်ပါတယ်။ စစ်စရိတ်ထောင်းလာခဲ့ရခြင်းသည် ပြည်တွင်းစစ်ကြောင့် ဖြစ်တယ်။ ပြည်တွင်းစစ် ဖြစ်လာရခြင်းသည် တိုင်းရင်းသားတွေက ကိုယ့်နယ်ကိုယ် အုပ်ချုပ်ပိုင်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဆုံးရှုံးခြင်းအပေါ် ဆွေးနွေးတိုင်ပင်ဖို့ အခွင့်အရေး မရှိခဲ့လို့ တိုက်ပွဲဝင်လာရခြင်း ကြောင့် ဖြစ်တယ်။

ဖေ့စ်ဘွတ် Sign up စာမျက်နှာမှာ မိမိဗီဒီယို နဲ့ ဓါတ်ပုံပါစေချင်တယ် ဆိုရင် Posted by Chit Snow on December 15, 2012 at 6:37pm in သိပ္ပံနဲ့ နည်းပညာဆိုင်ရာများView Discussions



၂၀၁၂ သြဂုတ်လက စလို့ Facebook က Facebook Stories ဆိုတဲ့ Community လေးတစ်ခု ဖန်တီးထားပါတယ်။
ရည်ရွယ်ချက်ကတော့ Facebook အသုံးပြုတဲ့ လူများရဲ့ ထူးထူခြားခြား ဖြစ်ရပ်များ ကို ပြန်တင်ပေး ဖို့ ဖြစ်ပါတယ်။

ပေါ်လစီအရဖြစ်ပြီး Facebook သုံးခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရပါတယ်လို့ အမွမ်းတင်တဲ့ ဗီဒီယိုတွေ၊
အက်ဆေးတွေ၊ ဓာတ်ပုံတွေကို တင်ပေးပါတယ်။ လူတိုင်း တင်နိုင်ပါတယ်။ သို့ပေမယ့် Facebook က ပြန်လည်
ရွေးချယ်ပြီး သူနှစ်သက်တဲ့ ပုံတွေ၊ စာတွေ၊ ဗီဒီယိုတွေ ကိုပဲ ပြန်လည်ဖော်ပြပါတယ်။

Facebook ရဲ့  Sign in စာမျက်နှာကို ဖွင့်လိုက်ပြီဆိုရင် တစ်ခါခါကျ ဘေးမှာ ဗီဒီယိုတွေ တစ်ခုဆီ တွဲထားပေးတတ်
ပါတယ်။ အမှန်တော့ ယင်းဗီဒီယို များကို Facebook က လုပ်တာမဟုတ်ပါဘူး။ ဒီလိုပဲ ကမ္ဘာတစ်ဝန်း က ပေးပို့တဲ့
ဗီဒီယိုများ ဖြစ်ပါတယ်။ တစ်လောကတောင် ပါကစ္စတန်က လူငယ်လေး အတိတ်မေ့သွားတာ Facebook က
သူငယ်ချင်း list ကိုပြန်မြင်ပြီး သတိရတဲ့ ဗီဒီယိုတိုတိုလေး ကြည့်လိုက်ရပါတယ်။ ၅ မိနစ် စာဝန်းကျင် ဗီဒီယိုပေါင်း
များစွာ ရှိပါတယ်။ အမေရိကန်ရောက် အာရှကျောင်းသားငယ်လေးက အားကစားညံ့ပေမယ့် Facebook က
သူငယ်ချင်းများ အားပေးလို့ အကောင်းဆုံး ကြိုးစားလာနိုင်တာတို့ အစရှိသဖြင့် ဗီဒီယိုပေါင်းမြောက်များစွာ ရှိပါတယ်

နေ့သစ် » အင်းစိန်ထောင်ရဲ့ အကျဉ်းကျနေ့တွေ (၂)

နေ့သစ် » အင်းစိန်ထောင်ရဲ့ အကျဉ်းကျနေ့တွေ (၂)

သွေးအစက်စက်လမ်းအတိုင်း by Nay Zaw on Saturday, December 15, 2012 at 11:16am ·



မောင်သစ်ဝေ(မြင်းခြံ)

ပုဒ်မ ၁၈ ကို တော်လှန်သော ကိုအောင်မှိုင်းဆန်း၊ ကိုကျော်ကြီး၊ ကိုသန့်ဇင်၊ ကိုရဲရင့်ကျော်(မုံရွာ)၊ ကိုသန့်ဇင်၊ ကိုမိုးစက်၊ ကိုဇော်လင်းအောင်၊ ကိုဥာဏ်ကြီး စတဲ့ ဗကသ များသို့ ဂုဏ်ပြုချင်လို့ စာအုပ်ထွက်တဲ့အထိ မစောင့်နိုင်ပဲ တင်လိုက်ပါတယ်။

======================================
သွေးအစက်စက်လမ်းအတိုင်း
=================
“ မြင်းခွာတစ်ချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေရမည် ”
အဲဒီသွေး
ကျောင်းသားများရဲ့ရင်ဘတ်တွေမှာ
ကိုင်းကူးစိုက်ခဲ့ကြရဲ့။


ကျောင်းသားသမဂ္ဂ ဆိုတာ

သွေးနဲ့လုပ်ထားတဲ့ အက္ခရာ
အဲဒီအက္ခရာ
ကျောင်းသားများရဲ့ နှလုံးသားတွေမှာ
ရဲရဲရင့်ရင့်ထိုးခဲ့ကြရဲ့။
သူတို့ခြေထောက်တွေက
နောက်ဆုတ်ပြန်လှည့်ဖို့မဟုတ်ဘူး
သူတို့လက်တွေက
ဖြန့်ပြီးအသနားခံတောင်းယူဖို့မဟုတ်ဘူး
သူတို့အပေါ်
ဘယ်လိုအာဏာတွေနဲ့မှ ပိတ်ပင်တားဆီးလို့မရဘူး
သူတို့အပေါ်
ဘယ်လိုမတရားဥပဒေတွေနဲ့မှ ဟန့်တားလို့မရဘူး
သူတို့အပေါ်
ဘယ်လိုသေနတ်တွေနဲ့မှ ခြိမ်းခြောက်လို့မရဘူး
ကျောင်းသားဆိုတာ
တိုင်းပြည်ရဲ့တန်ဖိုးအနဂ္ဃသယံဇာတ
ကျောင်းသားဆိုတာ
ခေတ်တစ်ခေတ်ရဲ့ပင်မရေစီး
ကျောင်းသားဆိုတာ
အနာဂတ်များရဲ့အနာဂတ်
အဖိုးတန်ရတနာတွေကို
တန်ခိုးထန်အာဏာရူးတွေက
ဓား ဓားချင်း၊ လှံ လှံချင်း
ထိပ်တိုက်ရင်ဆိုင်မယ်ဆိုပြီး
ရက်စက်ယုတ်မာ သတ်ဖြတ်ခဲ့ကြ။
ကျောင်းသားတွေသွေးမြေကျခဲ့ကြ။
သူတို့မှာ
အညံ့ခံပြီး ထောက်ပြဖို့ဒူးတွေမပါဘူး
သူတို့မှာ
အောက်ကျနောက်ကျခံပြီးမြှောက်ဖို့လက်တွေမပါဘူး
သူတို့မှာ
သေးသိမ်စွာညွတ်ပြဖို့ ဦးခေါင်းတွေမပါဘူး
သူတို့ရဲ့ဂါရ၀တရားအတွက်
သူတို့မှာဦးခေါင်းတွေရှိတယ်
သူတို့ရဲ့နိဝါတတရားအတွက်
သူတို့မှာဒူးတွေပါတယ်
သူတို့သမိုင်းအတွက်
သူတို့မှာ လက်တွေပါတယ်
ဒါဟာ
ခွပ်ဒေါင်းများရဲ့သမိုင်း
ဒါဟာ
ခွပ်ဒေါင်းများရဲ့လမ်း
ထောင်သံတိုင်တွေကိုကိုက်ချီ
သူတို့ပျံသန်းခဲ့ကြပြီ။
သူတို့လှုပ်ရှားမှုတိုင်းဟာ
သူတို့ရဲ့ယုံကြည်ချက်ပဲ
သူတို့ရဲ့ယုံကြည်ချက်တိုင်းဟာ
သူတို့ရဲ့သစ္စာတရားပဲ
သူတို့ရဲ့သစ္စာတိုင်းဟာ
သူတို့ရဲ့သွေးစက်တွေပဲ
သူတို့ရဲ့သွေးစက်တိုင်းဟာ
ဗကသများရဲ့သမိုင်းပဲဖြစ်ရဲ့။
သမိုင်းထဲကသွေးစက်တွေက
လမ်းပြ
ခွပ်ဒေါင်းတွေဟာ
သွေးအိုင်ထဲက
ရုန်းထပျံတက်
အတောင်ပံရိုက်ခပ်သံဟာ
ကောင်းကင်ကြီးတောင်လွင့်သွားလောက်ပါရဲ့။
(၉၊ ၁၀၊ ၂၀၁၂)
မောင်သစ်ဝေ (မြင်းခြံ)

ကိုယ့်သမ္မတအကြောင်းလေးနည်းနည်းပြောချင်တယ် by Ko Oo on Wednesday, December 12, 2012 at 6:55am ·


“ဆယ်ပြားနဲ့ငါးပြားပေါင်းရင်ဆယ့်ငါးပြားလေ”
ကိုကိုဦး(တပ်ရင်း-၁၀၂)

အီဂျစ်နိုင်ငံမှာ လူတွေလမ်းမပေါ်တက်ပြီးအသေခံဆန္ဒပြခဲ့ကြတယ်၊
သူတို့နိုင်ငံဒီမိုကရေစီရပြီလို့ထင်ခဲ့ကြတယ်၊ အမေရိကန်အပါအ၀င်
နိုင်ငံတကာကနေ စစ်တပ်နဲ့စေ့စပ်ဆွေးနွေးပြီး ဒီမိုကရေစီလမ်းကြောင်း
ကိုလျှောက်ဖို့တွန်းအားပေးတယ်၊ ရွေးကောက်ပွဲနဲ့အပြောင်းအလဲကို
ရယူသွားမယ်ဆိုတဲ့တွက်ကိန်းနဲ့ပေါ့၊ လက်တွေ့ကတခြားစီပဲ၊
လက်ရှိရွေးကောက်ပွဲကနေတက်လာတဲ့အီဂျစ်သမတMohamed Morsi
ဟာ အမေရိကန်နိုင်ငံကနေဒေါက်တာဘွဲ့ရတစ်ယောက်ဖြစ်ပြီးတော့
Muslim Brotherhood ကိုထူထောင်ခဲ့သူခေါင်းဆောင်တစ်ယောက်လည်း
ဖြစ်ခဲ့ပါတယ်၊ သူဟာအာဏာရလာတော့ အစ္စလမ်များကြီးစိုးထားတဲ့
Islamist-led assembly အားကိုနဲ့ ဖွဲ့စည်းပုံအသစ်ကိုရေးဆွဲပြီး
အာဏာရှင်ပုံစံဟောင်းအတိုင်း တစ်စခန်းထလာပြန်တယ်၊ သူ့ရဲ့ဆုံးဖြတ်
ချက်တွေကို လုံးဝထိပါးလို့မရအောင် ဥပဒေဟောင်းတွေကိုအတင်းပယ်ဖျက်ပြီး
အခြေခံဥပဒေကိုလိုသလိုရေးဆွဲပြီး တိုင်းပြည်ကိုအုပ်ချုပ်ဖို့လုပ်နေပါပြီ၊
ကျနော်တို့ဆီက(၂၀၀၈) စစ်တပ်အခြေပြုအခြေခံဥပဒေလို့ပေါ့၊

ဘယ်မှာလဲ ဘာလုပ်နေကြလဲ by Myat Thi Ha on Wednesday, December 12, 2012 at 5:19am · Posted by admin on December 12, 2012

ဒေါ်စုသည် ကိုးဆယ့်ခြောက်ပါး ရောဂါ ပျောက်ဆေး မဟုတ်ဆိုတာ သတိထားဖို့ သတိပေးလိုသည်။ လူတွေကို လမ်းပေါ်တွန်းပို့ပါက လမ်းပေါ်ရောက်လာမှာ မလွဲပေ။ လမ်းပေါ် လူတွေမရောက်စေလိုဘူးဆိုပါက ရိုးသားမှုနဲ့ စကားပြောဖို့လိုသည်။ လူထုအသံကို နားထောင်ပါ လို့သာ အကြံပေးလိုသည်။

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်ဆန္ဒပြသူများ အကြမ်းဖက်နှိမ်နင်းခံရသည်။ သံဃတော်များ အပါ အဝင် ဆန္ဒပြသူတချို့အပြင်းအထန် ဒဏ်ရာရသည်ဟု ကြားရသည်။ အစိုးရသစ်ရဲ့ ရက်စက်သည့်လုပ်ရပ်ဟု ပြောလို သည်။ စစ်ယူနီဖောင်းမှ အရပ်ဝတ်ပြောင်း၍ ဝတ်ထားသော်လည်း ဇာတိရုပ်အစစ်ကို ကြာကြာ မဖုံးနိုင်ပါ။

အင်အားသုံး နှိမ်နင်းသည့် အကျင့်ကား ရှိမြဲပင်။ မျက်နှာဖုံးစွပ်ထားတာ ကွာကျလာပြီလို့တောင် ပြောနိုင်သည်။

မြန်မာပြည်မှာ နစ်နာနေသူတွေကား ရေတွက်၍ပင်မကုန်။ လက်ပန်းတောင်းမှသည် မိုးထိမိုးမိ၊ မြစ်ဆုံမှသည် ထားဝယ် စက်မှုဇုန်၊ ရခိုင်ပြည်မှ ရှမ်းပြည်တောက်လျှောက်။ မြစ်ဝကျွန်းပေါ်မှာလည်း နိုင်ငံသားတို့သည် ကြောင်အစားခံရသည့် ပုဇွန်များလို ဖြစ်နေသည်။ လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်း၊ အိမ်သိမ်း အစရှိသည့် ခပ်သိမ်းကုန်သော အမှုကိစ္စတို့ကား ကြားရဖန် များလွန်းသည့်အတွက် မြန်မာပြည်၏ ယဉ်ကျေးမှုအစိတ်အပိုင်း တခုလိုတောင် ဖြစ်နေပြီလားဟု ဆိုရပေ တော့မည်။