Thursday, December 13, 2012

..တရား မျှတ ရဲ့လား/ by May Thingyan Hein on Wednesday, December 12, 2012 at 11:12pm ·

...တရား မျှတ ရဲ့လား

by May Thingyan Hein on Wednesday, December 12, 2012 at 11:12pm ·
လက်ရှိရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စတဲ့ ဒေသတွေမှာ သံဃာတွနဲ့ ပြည်သူအချို့ ဆန္ဒထုတ်ဖော်နေကြတယ်။

သူတို့ရဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်လာပါတယ်။ သူတို့တွေက  လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး အတွက် ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့အတွက် ဒဏ်ရာရ သံဃာတွေနဲ့ပြည်သူတွေအပေါ် အစိုးရအနေနဲ့ တာဝန်ယူမှု မရှိတဲ့အတွက် ဆန္ဒဖော်ထုတ်နေကြတာ ဖြစ်တယ်။

ဒီအသံတွေကို အစိုးရကလည်း ဂရုမစိုက်ဘူး။ ပြည်သူတွေ အားကိုးနေတဲ့ သူတွေကလည်း ဂရုမစိုက်ဘူး၊ လွှတ်တော်ထဲက လူကြီးမင်းတွေကလည်း   ဂရုမစိုက်ဘူး။

ဒါ့အပြင် ခုလို ဆန္ဒထုတ်ဖော်နေတဲ့ သူတွေကိုတောင်မှ မနေနိုင် မထိုင်နိုင် လမ်းပေါ် ထွက်လာတဲ့ သူတွေအဖြစ် ရှုံ့ချနေကြတာလည်း ရှိသေးတယ်။ ကိုယ်မလုပ်ချင်ရင်မလုပ်နဲ့ပေါ့ သူများရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကိုတော့ လေးစားပေးသင့်တယ်။

မီးခိုးမထွက်၊ ဆီစားနှုန်း ၇၀%အထိ သက်သာသည့် ရေငွေ့စက်ဖြင့် ယာဉ်မောင်းနှင်တော့မည် Thursday, 13 December 2012

Myat Thu shared Myanmar Online News's photo.
မီးခိုးမထွက်၊ ဆီစားနှုန်း ၇၀%အထိ သက်သာသည့် ရေငွေ့စက်ဖြင့် ယာဉ်မောင်းနှင်တော့မည်
Thursday, 13 December 2012

ချင်းတွင်းမြစ်အတွင်း မုံရွာနှင့်ဟုမ္မလင်းမြို့သို့ ပြေးဆွဲနေသော ခရီးသည်တင် ရှပ်ပြေးရေယာဉ်တွင် ရေဓာတ်ငွေ့စက်တပ်ဆင် ကာ လောင်စာဆီနှင့်ပူးတွဲ၍ လာမည့် ဒီဇင်ဘာ (၁၅)ရက်နေ့တွင် စတင် မောင်းနှင်သွားမည် ဖြစ်သည်။

“ကျွန်တော်တို့ ဒီဇင်ဘာ(၁၅)ရက်နေ့မှာ မုံရွာကိုသွားပြီးခရီးသည်တင်
ရှပ်ပြေးရယာဉ်ကို ရေဓာတ်ငွေ့ စက် သွားတပ်ဆင်ပေးမှာပါ။ ကုန်ကျ
စရိတ်အနေနဲ့ကတော့ တပ်ဆင်ခတွေဘာတွေအပါ ခန့်မှန်းခြေ သိန်း (၄၀)လောက်ရှိမယ်”ဟု ရေဓာတ်ငွေ့စက်တီထွင်သူ သုတေသီအင်ဂျင်နီယာ ဦးကျော်ကျော်က ပြောသည်။

၂၀၁၁ခုနှစ် ဒီဇင်ဘာလအတွင်းက ရှပ်ပြေးရေယာဉ် တစ်စီးအား ရန်ကုန်မြစ်အတွင်း ရေဓာတ်ငွေ့ဖြင့် ပူးတွဲစမ်းသပ်မောင်းနှင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်းကားမျိုးစုံ ၁၄ စီးအား ရေဓာတ်ငွေ့ ဖြင့် ပူးတွဲ စမ်းသပ်မောင်းနှင်ခဲ့ပြီးဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

ရေဓာတ်ငွေ့ ရေမော်လီကျူးထဲတွင်ပါဝင်နေသော အောက်စီဂျင်
အက်တမ်နှင့် ဟိုက်ဒရိုဂျင်အက်တမ် အား HHO Gasအဖြစ် လျှပ်စစ်ဓာတ်ဖြိုခွဲနည်းစဉ်သုံးပြီး ရေမှ ဓာတ်ခွဲထုတ်ယူကာ 
၎င်းဓာတ်ငွေ့အား pubbler ကြားခြံ့ပီး မော်တော်ယာဉ်၏ လေသန့်ရှင်းစနစ်
(Air Cleaner)ထဲသို့ ထည့်သွင်းကာ အင်ဂျင်  အတွင်းတွင် လောင်စာဆီ
နှင့်အတူလောင်ကျွမ်းစေခြင်းဖြစ်ကြောင်း သိရသည်။

“တိုင်းအဆင့် ရေဓာတ်ငွေ့ဆိုင်ရာပညာရပ်ဟောပြောပွဲနဲ့ သရုပ်ပြပွဲကို ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ မုံရွာ မှာ လုပ်တယ်၊အဲ့ဒီကို HONDA CRV 2000 Model အင်ဂျင်အား 2000 CC ကားနဲ့ ရန်ကုန်မုံရွာ အသွားအပြန်မောင်းတယ်၊ ဓာတ်ဆီတစ်ဂါလံကို ရေဓာတ်ငွေ့နဲ့ ပူးတွဲမောင်းတာ ၅၇.၄ KGM/GAL
မောင်းနှင်နှိင်ပြီး ရေဓာတ်ငွေမပါဘဲ မောင်းတာ -၃၇KGM/GALသာ
မောင်းနှင်နှိင်ကာ ရေဓာတ်ငွေ့တပ် ဆင်မောင်းနှင်တာက ၂၀.၄ KGM/GAL ပိုရရှိတယ်” ဟုသုတေသီအင်ဂျင်နီယာဦးကျော်ကျာ်ကပြောသည်။

ရေဓာတ်ငွေ့အားအင်ဂျင်များတွင်ပူးတွဲအသုံးပြုခြင်းဖြင့် အင်ဂျင်စွမ်းအား၂ဆမှ ၃ဆအထိတိုးမြှင့်လာ ခြင်း၊မလိုအပ်သော မီးခိုးမည်းများထွက်ရှိမှုမှ ၈၀ရာခိုင်နှုန်းအထိလျှော့ကျစေနိုင်ခြင်း၊ အဝေးပြေးလမ်း များတွင် လောင်စာဆီစားနှုန်း ၇၂ရာခိုင်နှုန်း အထိလျှော့ကျ စေခြင်း၊ ရေတစ်လီတာမှသည် ရေဓာတ် ငွေ့အဖြစ် 
၁၈၁၀ လီတာအထိ ထွက်ရှိခြင်း လက်ရှိအသုံးပြုနေသော အင်ဂျင်များအား
ပြုပြင်ရန်မလိုခြင်း၊ ထပ်မံဖြည့်တင်းပေးရသောအရာသည်သာမန်ရေသာ
လျှင်ဖြစ်၍ကုန်ကျစရိတ် မရှိတော့ခြင်းနှင့် ဘေးထွက်ပစ္စည်းမှာ
ရေခိုးရေငွေ့သာလျှင်ဖြစ်သဖြင့် ပတ်ဝန်းကျင် သန့်ရှင်းစိမ်းလန်းစိုပြေခြင်း အကျိုးကျေးဇူးများရရှိနိုင်ကြောင်းသိရသည်။

ကမ္ဘာတွင် ရေဓာတ်ငွေ့ဖြင့် ယာဉ်များ စက်ယန္တရားများ မီးစက်များ
ပူးတွဲအသုံးပြု့သည့် နိုင်ငံများလည်း ရှိပြီး အမေရိကန် ၊ရုရှား၊ဂျာမနီ၊
တရုတ်၊အန္ဒိယ၊မလေးရှား၊ထိုင်းနှင့်စင်္ကာပူနိုင်ငံတို့မှ တွင်ကျယ်စွာ အသုံးပြုလျှက်ရှိကြောင်း သိရသည်။

ရေဓာတ်ငွေ့ဖြင့်မီးစက်များ၊ကားများ၊ရေယာဉ်များ၊တွင် တပ်ဆင်မောင်းနှင်
နိုင်ပြီဖြစ်ကြောင်းနှင့် မီးရထားများတွင် ရေဓာတ်ငွေ့နှင့်ပူးတွဲမောင်းနှင်နိုင်ရန် မီးရထားစက်ခေါင်းများအား လေ့လာပြီးကြောင်းနှင့် အဆင်သင့်
တပ်ဆင်နှိင်ရန် လုပ်ဆောင်ပြီးကြောင်း သိရသည်။

သန့်ဇင်ဝင်း(မြစ်မခ)
Myit Makha Mediagroup
မီးခိုးမထွက်၊ ဆီစားနှုန်း ၇၀%အထိ သက်သာသည့် ရေငွေ့စက်ဖြင့် ယာဉ်မောင်းနှင်တော့မည်
Thursday, 13 December 2012

ချင်းတွင်းမြစ်အတွင်း မုံရွာနှင့်ဟုမ္မလင်းမြို့သို့ ပြေ
းဆွဲနေသော ခရီးသည်တင် ရှပ်ပြေးရေယာဉ်တွင် ရေဓာတ်ငွေ့စက်တပ်ဆင် ကာ လောင်စာဆီနှင့်ပူးတွဲ၍ လာမည့် ဒီဇင်ဘာ (၁၅)ရက်နေ့တွင် စတင် မောင်းနှင်သွားမည် ဖြစ်သည်။

“ကျွန်တော်တို့ ဒီဇင်ဘာ(၁၅)ရက်နေ့မှာ မုံရွာကိုသွားပြီးခရီးသည်တင်
ရှပ်ပြေးရယာဉ်ကို ရေဓာတ်ငွေ့ စက် သွားတပ်ဆင်ပေးမှာပါ။ ကုန်ကျ
စရိတ်အနေနဲ့ကတော့ တပ်ဆင်ခတွေဘာတွေအပါ ခန့်မှန်းခြေ သိန်း (၄၀)လောက်ရှိမယ်”ဟု ရေဓာတ်ငွေ့စက်တီထွင်သူ သုတေသီအင်ဂျင်နီယာ ဦးကျော်ကျော်က ပြောသည်။

၂၀၁၁ခုနှစ် ဒီဇင်ဘာလအတွင်းက ရှပ်ပြေးရေယာဉ် တစ်စီးအား ရန်ကုန်မြစ်အတွင်း ရေဓာတ်ငွေ့ဖြင့် ပူးတွဲစမ်းသပ်မောင်းနှင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်းကားမျိုးစုံ ၁၄ စီးအား ရေဓာတ်ငွေ့ ဖြင့် ပူးတွဲ စမ်းသပ်မောင်းနှင်ခဲ့ပြီးဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

လက်ပံတောင်းတောင် ကိစ္စဟာ ဆက်လုပ်သင့်မလုပ်သင့် ဆိုတာ ကော်မရှင်က ဆုံးဖြတ်ရမှာ ဖြစ်

လက်ပံတောင်းတောင် ကိစ္စဟာ ဆက်လုပ်သင့်မလုပ်သင့် ဆိုတာ ကော်မရှင်က ဆုံးဖြတ်ရမှာ ဖြစ်ပေမယ့် တောင်ကုတ်ကော်မရှင်၊ ရခိုင်ကော်မရှင်တွေဆီက ဘာသံမှမကြားရတော့ ဒီတစ်ခါ ကော်မရှင်အနေနဲ့ ဆင်ခြေရာရှာတာမျိုးထက် ပိုအလုပ်လုပ်ဖို့တော့ လိုပါတယ်။ ကျွန်တော့်အမြင်အရ ဆိုရင်တော့ ဒါဟာ ဒုတိယမြစ်ဆုံလိုမျိုးတော့ မဟုတ်ပါဘူး။ တစ်ခုပါပဲ ပွင့်လင်းမြင်သာရမယ်။ နိုင်ငံနဲ့ ဒေသ အတွက် အကျိုးရှိရမယ်။ ဒေသခံ ပြည်သူတွေ မနစ်နာစေရပါဘူး။ ဒီစီမံကိ
န်းဟာ ယခင်သတ္တုတွင်းဝန်ကြီးဌာန နဲ့ အိုင်ဗင်ဟိုတို့ရဲ့လုပ်ငန်းကို ဦးပိုင်နဲ့ ၀မ်ပေါင်ကုမ္ပဏီက ၀ယ်ယူခဲ့တာဖြစ်ပြီး ဦးပိုင်က သတ္တုတွင်းဆီက ဒေါ်လာသန်း ၁၀၀ နဲ့ဝယ်ယူပြီး ဒီငွေကို ၀မ်ပေါင်က ပေးချေခဲ့တာလို့ သိရပါတယ်။ ကြားထဲမှာ ထူးထရေးဒင်းက ပါဝင် ပတ်သက်မှု ရှိခဲ့တယ်လို့သိရပြီး တရုတ်သံအမတ်ကြီးကတော့ တရုတ်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုမှာ ကြားပွဲခတွေမရှိဘူး။ Commission မရှိဘူးလို့ ငြင်းဆိုသွားပါတယ်။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင် ရဲ့တာဝန်ဖြစ်သွားပါပြီ။

Internet Speed ကို မြန်အောင်လုပ်နည်း..........

Zaw Lin shared Win Paphyu's photo.
Internet Speed ကို မြန်အောင်လုပ်နည်း..........

ဒီနည်းလမ်း လေးကတော့ Internet Speed ကို မြန်အောင်လုပ်နည်းလေး ဖြစ်ပါတယ်----နည်းဟောင်း လေးပါ---- မသိ သေး တဲ့ သယ်ချင
်းများ အတွက် ပြန်လည် ဖော်ပြပေးလိုက် တာပါ-----
အ၇င်ဆုံး
1) start >>> Run ကိုသွားပြီး gpedit.msc လို့ရိုက်ပါ။ ပြီးရင် Enter ကိုနှိပ်ပါ----
2) Administrative Templates ကို နှိပ်ပါ--
3) Network ကိုနှိပ်ပါ---
4) QoS Packet Scheduler ကိုနှိပ်ပါ--
5) Limit reservable bandwidth ကိုနှိပ်ပါ----
6) Enabled ကိုရွေးပါ----
7) Bandwidth limit (%) ကို 20 ကို 0 ပြောင်းပါ----
8) Apply >> ok ပေးလိုက်ပါ----အဲဆို၇င်တော့ Computer ရဲ့ Internet Speed 20% မြန်သွားပါပြီ----

Posted by soe pae at Monday, February 27, 2012

တစ်ချိန်က ဗိုလ်ချုပ် တစ်ယောက်ထဲ ဘုရင်ခံ အိမ်တော်ကို ညကြီး မင်းကြီးသွားပြီး မြန်မာနိုင်ငံ ဘုရင်ခံ ဆာဟူးဘတ်ရန့် (စ)ရှေ့မှာ မျက်ရည် ကျဘူးတယ်…။

Myat Thu and 5 other people shared Thar Phyoo's photo.
တစ်ချိန်က ဗိုလ်ချုပ် တစ်ယောက်ထဲ ဘုရင်ခံ အိမ်တော်ကို ညကြီး မင်းကြီးသွားပြီး မြန်မာနိုင်ငံ ဘုရင်ခံ ဆာဟူးဘတ်ရန့် (စ)ရှေ့မှာ မျက်ရည် ကျဘူးတယ်…။ ဒီအချိန်တုန်းက ဗိုလ်ချုပ် မသေခင် တစ်လအလို၊ ၁၉၄၇-ခု၊ ဇွန်လ ထဲမှာ။

ရောက်တာနဲ့ ဟူးဘတ်ရန့်(စ)က အကြောင်းရင်းမေးတော့ “အထွေအထူး မဟုတ်ပါဘူး။ ကျနော့်မှာ စကားပြောရမယ့်သူ မရှိလို့ပါ” တဲ့။ ဟူးဘတ်ရန့်(စ)က ကြောင်သွားပြီး ပြန်မေးတယ်။  “ခင်ဗျားဟာ တပ်ရဲ့သေနာပတိ၊ ဖဆပလရဲ့ ဥက္ကဌ၊ နိုင်ငံရဲ့ခေါင်းဆောင်၊ ခင်ဗျားလို လူတစ်ယောက်မှာ စကားစမြည်ပြောရမယ့် အဖော် တစ်ယောက်မှ မရှိဘူးဆိုတာ အတော်အံ့သြစရာပဲ” ....ဆိုတော့

ဗိုလ်ချုပ်က “ကျနော် ဘယ်လောက် ဘယ်လို စွန့်လွှတ် စွန့်စားခဲ့တယ် ဆိုတာ ကျနော်အသိဆုံးပါ။ ဒီအချိန်မှာ ဒီလို ကျနော်တစ်ယောက်ထဲ အထီးကျန်နေလိမ့်မယ်လို့ ဘယ်တုံးကမှ မတွေးထင်ခဲ့မိဘူးဗျာ။ ပြောရင်း မျက်ရည်တွေ စကျလာတယ်။”

 ပြီးတော့ “ဘယ်နိုင်ငံမှာမဆို အာဇာနည်ဆိုတာ ကြာကြာမခံပါဘူး။ ကြာကြာခံတဲ့သူလဲ အာဇာနည် မဖြစ်ပါဘူး။ ကျနော်ဟာ ကိုယ့်ကိုကိုယ် အာဇာနည် တစ်ယောက်ဖြစ်ဖို့ မွေးလာမှန်း အများကြီး နောက်ကျပြီးမှ သိလိုက်ရပါတယ်။ ကျနော့်အတွက် အချိန်တွေ သိပ်မကျန်တော့ဘူးဗျာ...” တဲ့။ ပြောရင်း မျက်ရည်တွေကျနေတဲ့ကြားက ဒူးပေါ်မှာ ထောက်ထားတဲ့ တတောင်ဆစ်နှစ်ခု အဖျားက လက်ခုပ်ပေါ်မှာ မျက်နှာအပ်ပြီး ရှိုက်ကြီးတငင် ငိုခဲ့တယ်….။

စကားချပ်။            ။ (ကျနော်တို့ ဗိုလ်ချုပ် ငိုခဲ့ရှာတယ်။ ဒီမျက်ရည်တွေရဲ့အကြွေးကို အခု ကျနော်တို့ဆပ်နေရတာဗျ။ နောက်ထပ်လဲ အများကြီးဆပ်ရဦးမှာ…..)

 အာဇာနည်ကြီးတွေကို သဂြိုလ်ပြီးတာတောင် သတင်းမေးတွေက မပြတ်ဘူး။ တာဝါလိန်းလမ်းကထွက်၊ နတ်မောက်လမ်းကိုကျော်၊ ကမ္ဘာဧဘုရားလမ်းအတိုင်း၊ ဗဟန်း၃လမ်းထိပ်က ဓာတ်ဆီဆိုင်နားအထိ၊ လူတန်းကြီးက မပြတ်ဘူး။

အမေကြည်က ဗိုလ်ချုပ် ဓာတ်ပုံရယ်၊ ပန်းအိုးတစ်အိုးရယ်၊ ခေါက်ထားတဲ့ ယူနီဖေါင်းတစ်စုံပေါ်မှာ ဗိုလ်ချုပ် ဦးထုပ်တင်ထားတဲ့ စားပွဲလေးဘေးက ကုလားထိုင် တစ်လုံးပေါ်မှာ တစ်နေကုန်တစ်နေခန်း ထိုင်ပြီး၊ အနယ်နယ်အရပ်ရပ်က သတင်းမေးလာကြတဲ့ (အလိုက်ကန်းဆိုးမသိတဲ့ လို့ဖြည့်ပြောချင်လဲ ပြောနိုင်ပါတယ်။) ပြည်သူတွေကို ဧည့်ခံစကား ထိုင်ပြောနေရတာ မိုးလင်းကမိုးချုပ်….။

လာသမျှ ပြည်သူတွေကလည်း ဗိုလ်ချုပ်ကတော် အားမငယ်နဲ့နော်။ ဟော့ဒီမှာ ကျနော့်/ကျမ လိပ်စာ။ ကလေးတွေအတွက် ပညာရေး၊ ကျန်းမာရေး ဘာဘဲလိုလို အချိန်မရွေး အတတ်နိုင်ဆုံး (အသက်နဲ့ပဲ လဲရလဲရ) ကူမယ်။ ပြောလဲပြော၊ စာအိတ်ထဲမှာလဲ ပိုက်ဆံတွေ ရွှေတိုရွှေစတွေထဲ့၊ ဘေးစားပွဲပေါ်က ဗိုလ်ချုပ်ဦးထုပ်အောက်မှာ ထားခဲ့ပြီး ပြန်ပြန်သွားကြတာ….။

တအောင့်နေရင် (ဒီတုံးက လုံခြုံရေးကအစ တာဝန်ယူထားတဲ့) အရာရှိတစ်ယောက်က စာအိတ်တွေလာသိမ်းရပြီ။ (ဦးထုပ်က မောက်မောက် လာသကို…)

 နောက်ဆုံးတော့ အဲဒီ အရာရှိကပဲ “ကြာလာရင် မမကြည် ကျန်းမာရေး စိုးရိမ်စရာဖြစ်လာမယ်၊ တစ်ခုခုလုပ်ကြပါဦး” ဆိုပြီး ဒီတုံးက သေနာပတိဖြစ်လာတဲ့ ဗိုလ်နေဝင်းကိုပြောတယ်။ လူကြီးတွေ (ဘကြီးဘဘေတို့၊ သခင်နုတို့၊ အဘမှိုင်းတို့နဲ့ပါ) တိုင်ပင်ပြီး တာဝါလိန်းလမ်းက ဗိုလ်ချုပ်အမေ ဒေါ်စု ဝယ်ပေးသွားတဲ့အိမ်ကို တစ်ချိန် လွတ်လပ်ရေး ရလာရင် ပြတိုက်လုပ်ဖို့ နိုင်ငံတော်က ယူမယ်။ အမေကြည်နေချင်တဲ့ နေရာမှာ အိမ်တစ်လုံးအစားပေးရမယ်...ဖြစ်လာရော။ ဒါနဲ့ အမေကြည်က သူ့ လင်ညီအမ (ဦးဘဝင်း ကတော် ဒေါ်ခင်စော)နဲ့ နီးနီးနားနား တက္ကသိုလ်ရိပ်သာလမ်းမှာနေမယ်လို့ စိတ်ကူးတော့ အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းကို ပြောင်းပေးဖို့ စီစဉ်ကြတယ်။ လူထုကိုတော့ အမေကြည် ကျန်းမာရေးအရ အနားယူနေတယ်ဆိုပြီး လမ်းစဖြတ်လိုက်တယ်။

 အိမ်မပြောင်းကြခင် “ကြည်ရေ...ပဲပြုပ်နဲ့ နံပြားရရင် စားချင်တယ်” ဆိုတဲ့ မှတ်စုလေး အပါအဝင် ဗိုလ်ချုပ်ရဲ့ မှတ်တမ်းမှတ်ရာတွေ အားလုံးကို တစ်ချိန်မှာ (ဒီတုန်းက လွတ်လပ်ရေးမရသေးဘူးလေ) ပြတိုက်ဖွင့်ဖို့ အဲ့ဒီ အရာရှိကလဲ စာရင်းလုပ်ပြီး အမေကြည်ဆီကနေ လက်ခံယူတယ်။ ပြီးတော့ အထက-၁ ဒဂုံရှေ့မှာ (အခု ယုဇနဂါးဒင်းဟိုတယ် ဖြစ်နေတဲ့) တပ်မတော်ပိုင် ဆိုရွန်တိုဗီလာရဲ့ ဒုတိယအထပ်မှာ သေတ္တာလိုက်ထည့်ပြီး သိမ်းထားခဲ့တယ်။

 ဒီထဲမှာ ဗိုလ်ချုပ်ရဲ့ ဒိုင်ယာရီတွေလဲပါတယ်။ ဖြည့်ပြောရရင် ဗိုလ်ချုပ်က ဒိုင်ယာရီကို အင်္ဂလိပ်လို ရေးလေ့ရှိတယ်။ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ အချက်က... ဗိုလ်ချုပ် ဘုရင်ခံအိမ်ကိုသွားပြီး ဆာဟူးဘတ်ရန့်(စ)ရှေ့မှာ မျက်ရည်ကျခဲ့တဲ့ည ၁၉၄၇၊ ဇွန်လ ၁၉ရက် က ရေးခဲ့တဲ့ ဒိုင်ယာရီစာရွက် ပြဲနေတယ်၊ ပါမလာဘူး။ ဒေါ်အောင်ဆန်းစုကြည်က ၁၉၄၅-ခု၊ ဇွန်လ (၁၉)ရက်နေ့မှာ မွေးတာ၊ သူ (၂)နှစ်ပြည့်တဲ့နေ့- ဗိုလ်ချုပ် မျက်ရည်ကျတဲ့ည၊ တစ်လအကြာမှာ ဗိုလ်ချုပ်လုပ်ကြံခံရတယ်။ အဲဒီ ဒိုင်ယာရီ စာမျက်နှာမှာ ဗိုလ်ချုပ်ဘာတွေရေးခဲ့လို့၊ ဘယ်သူကဖြဲခဲ့တာလဲ ?

စကားချပ်။            ။(ထင်ချင်ရာတွေထင် ပြောချင်ရာတွေပြော၊ ဗိုလ်ချုပ်ကို ဘယ်သူသတ်သလဲ... ဆိုတဲ့အဖြေ အဲဒီစာရွက်မှာ ပါကို ပါရမယ်။)

 *(နိုင်ငံတော်ဈာပန အခမ်းအနား ဓာတ်ပုံအား ကမ္ဘာသစ်မြန်မာ Fan Page မှ ကူးယူပါသည်။) အခြေခံအချက်များအား ပေးသော ပြည်ပရောက် အစ်ကိုအား ကျေးဇူးတင်သည်။

မြတ်သုတ
တစ်ချိန်က ဗိုလ်ချုပ် တစ်ယောက်ထဲ ဘုရင်ခံ အိမ်တော်ကို ညကြီး မင်းကြီးသွားပြီး မြန်မာနိုင်ငံ ဘုရင်ခံ ဆာဟူးဘတ်ရန့် (စ)ရှေ့မှာ မျက်ရည် ကျဘူးတယ်…။ ဒီအချိန်တုန်းက ဗိုလ်
ချုပ် မသေခင် တစ်လအလို၊ ၁၉၄၇-ခု၊ ဇွန်လ ထဲမှာ။

အမိမြေကို ကာကွယ်ကြပါစို့ . . . .

Zaw Lin and 2 other friends shared Myint Soe Oo's photo.
အမိမြေကို ကာကွယ်ကြပါစို့ . . . .

မြန်မာ့မြေ လန်ပိကျွန်း ကျူးကျော်ခ့နေရပြီလော . . .
မြန်မာတိုင်းရင်းမောင်နှမ မော်ကင်း တို့ မျိုးပျောက်တော့မည်လော . . .
ကယ်ရာမဲ့၊ တွယ်ယာမဲ့ ဖြစ်နေရှာသော မြန်မာ့ တောင်စွန်းဒေသ
-----------------------------------------------------------------
သတင်းသစ်ဂျာနယ် မှ သတင်းထောက် အေးချမ်းမိုး ရေးသည်။

သတင်းသစ်ဂျာနယ် အတွဲ1၊ အမှတ် 38၊ 14-12-2012 သောကြာနေ့ထုတ်ဂျာနယ်တွင်ပါ၇ှိသော လန်ပိကျွန်း အကြောင်းက စိတ်ဝင်စားစရာဖြင့် ပြည့်နှက်နေသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း၇န်၊ ကိုယ့်ရေမြေ တောတောင်တို့အား ကာကွယ်ထိန်းသိမ်းရန်၊  ၀ိသမာလောဘသားများ၏ အနိုင်ကျင့်စိုးမိုးမှု ပပျောက်စေရန်၊ အကျင့်ပျက်သူတို့ပပျောက်စေရန်၊ မြန်မာတိုပ၏ သယံဇာတများအား နည်းအမျိုးမျိုးနှင့် ဂုတ်သွေးစုပ်နေမှုများအား ၀ိုင်းဝန်းထိမ်းသိမ်းကြစေလိုရန် ရည်ရွယ်ရ်ျ မူရင်စာသားများအား အနှစ်ချုပ်ပြီးဖော်ပြပေးပါမည်။

- မြန်မာနိုင်ငံ၏ လူမျိုးများထဲတွင် မြန်မာသာမက ကမ္ဘာကပါသိသော ပင်လယ်ပျော် မော်ကင်းလူမျိုးတို့မှာ ကျန်မာရေး၊ ပညာရေးချို့တဲ့သည့်အပြင် မှတ်ပုံတင်ပင်မရှိသည့်အတွက် လူမျိုးပါပျောက်မည့် အရေးနှင့်ရင်ဆိုင်နေရခြင်း။

- ဆလုံခေါ်မော်ကင်းတို့၏မြေသည် 1966 မှစပြီး မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အဏ၀ါအမျိုးသားဥယျာသ်အဖြစ်သတ်မှတ်ခြင်းခံရသော လန်ပိကျွန်းဖြစ်သည်။ လန်ပိကျွန်းဟာ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းဒေသမှ မိုင် 40၊ မြိတ်မြို့မှ မိုင် 90၊ ကောသောင်းမှ မိုင် 60 ရေလမ်းဖြင့် သွားရောက်ရသော အဖိုးမဖြတ်နိုင်သည့် မြန်မာတိုပ၏ ဒေသဖြစ်ခြင်း။

- လန်ပိကျွန်းသည် အမြဲစိမ်းသစ်တော 22 ရာခိုင်နှုန်း၊ ဒီရေတော 2 ရာခိုင်နှုန်း၊ သဲသောင်သစ်တော 1 ရာခိုင်နှုန်း၊ ရေသယံဇာတ 75 ရာခိုင်နှုန်း ဖြစ်ပြီး အကျယ်အ၀န်းအားဖြင့် 79 ဒသမ 9 မိုင်၊ ပေ 1500 အထက်တောင်များဖြင့်စုဖွဲထားပြီး ဆလုံလူမျိုးတို့ နေထိုင်ကျက်စားရာဒေသဖြစ်ခြင်း။

- လန်ပိကွန်းတွင် သန္တာကျောက်တန်း၊ ပင်လယ်မြက်ခင်း၊ ဒီရေတော၊ ရေချိုရေငန်၊ ရွှံ့နွ့တောများသာမက အပင်အမျိုးအစား 195 မျိုး (ကညင်နီ၊ ကညင်ဖြူ၊ ကညင်ရွက်သေး၊ သေခံ၊ ဦးပယ်၊ သင်္ကန်း၊ တောင်ဖြူ၊ ဟင်းချိုကြီးစသောအပင်ကြီးမျိုးများ)၊ ဒီရေတောအမျိုးအစာ 69 မျိုး၊ နို့တိုက် သတ္တ၀ါ 19 မျိုး၊ ဖွတ် 228 မျိုး၊ တွားသွားသတ္တ၀ါ 19 မျိုး၊ ကုန်ရေနေသတ္တ၀ါ 10 မျိုး၊ ခရု၊ ဂုံး၊ ကမာ၊ ယောက်သွားအမျိုး 50၊ ပင်လယ်ရေညှိ 73 မျိုး၊ ပင်လယ်ငှက် 11 မျိုး၇ှသည်။ ပသျှူးသင်းခွေချပ်၊ ရေ၀က်၊ ကဏန်းစားမျောက်၊ ခြေသည်ငယ်ဖျံ စသည့်ရှားပါးသတ္တ၀ါများမှာ လန်ပိကျွန်းတွင်ရှိပြီး မျိုးတုန်းပျောက်ကွယ်မည့်၇န်နှင့်ရင်ဆိုင်နေရခြင်း။

- လန်ပိကျွန်းရှိ ပင်လယ်ပျော် ဆလုံ(ခ)မော်ကင်းလူမျိုးတို့သည် အင်အားကြီးလူမျိုးစုများတစ်တစ်စ၀င်ရောက်လာမှု၊ အခြားလူမျိုးများနှင့်အိမ်ထောင်ကျမှု၊ ရေကြည်ရာမြက်နုရာေ၇ွှ့ပြောင်နေထိုင်မှုတို့ကြောင့် လွန်ခဲ့သော 7 နှစ်ခန့်က နေထိုင်သော ဆလု့လူမျိုးတို့ဟာ နည်းပါးလာပြီး မြန်မာ ကရင်အိမ်ထောင်စုများ 2 ဆကျော်များပြားလာခြင်း။

- အသိပညာရှာဖွေမှုအခွင့်အရေးအားနည်းသော စိတ်ရင်းဖြူသော ဆလုံတိုင်း ရင်းသားများ၇ှိရာသို့ စီးပွားေ၇းသမားများရောက်ရှိလာပြီး ကဘန်းခေါ်ေ၇ှးဆလုံအိမ်လှေကြီးများကိုဝယ်ပြီး ဆလု့လူမျိုးများကို ကင်းမွန်မျှားရန် အငှားပြန်ချကြပြီး ကင်းမွန်မျှားရာတွင် မျှားမည့်နေရာရောက်မှသာ အစားအစာထုတ်ပေးခြင်းခ့နေရပြီး မူးယစ်ဆေးဝါးဝါးမျိုခြင်းခံရသော ဆလုံအမျိုးသားရှားပါးလာဖြင်းကြောင့် အမျိုးသမီးနှင့် ကလေးငယ်များသာ ထိုအလုပ်ကိုလုက်ကိုင်နေ၇ပြီး လုပ်ငန်းရှင်များထံသို့  ထက်ဝက်ဈေးဖြင့်မဖြစ်မနေေ၇ာင်းချနေရခြင်းအပြင် အမိမြေလန်ပိကျွန်းသို့ အိမ်နီးချင်း ထိုင်နိုင်ငံမှ တရားမ၀င် စီးပွားရှာမှုကြောင့် ဂေဟစနစ်မှာ တစ်နှစ်ထက်တစ်နှစ် သိသာစွာယိုယွင်းလာခြင်း။

- တစ်ခြားနိုင်ငံမှ တ၇ားမ၀င်သစ်ခိုထုတ်ခြင်း၊ ရေသယံဇာတများဖမ်းစီးခြင်း၊ မိုင်းခွဲငါးဖမ်းခြင်းများကြောင့် သန္တာကျောက်တန်းများပင် ပျက်စီးနေခြင်း။

- အမိမြေ လန်ပိကျွန်း ဂေဟစနစ်ပျက်ယွင်းလာမှုကို ထိုကျွန်းသို့ကိုယ်တိုင် သွားလာ လေ့လာသူ သဘာဝပတ်ဝန်းကျင် ပညာရှင် ဒေါက်တာစောမွန်သိမ့်က ပြောကြားရာတွင် - - -
- မြန်မာနိုင်ငံရဲ့ အဏ၀ါအမျိုးသားဥယျာဉ်ဟာ marine Resources ပေါကြွယ်ဝလို့ ကျွန်မတို့အမြဲဂုဏ်ယူခဲ့ရတဲ့နေရာပါ။ ဒါပေမယ့် အခုတော့ marine resources တွေဟာ တကယ့်ကို မျိုးတုန်းပျက်စီးတော့မယ့် အခြေမနေအဖြစ် ခြိမ်းခြောက်ခံနေရပါပြီ၊ ကမ္ဘာမှာ ဒိုင်နိုစောတွေပျောက်ကွယ်သလို ပျောက်ကွယ်တော့မယ့် အပ်ငမျိုးစိတ်တွေ နေစဉ်ခုတ်လှဲခံနေရပါတယ်။ ကျွန်မတို့ သတိမပြုမိဘဲ မထိမ်းသိမ်းရင်မဖြစ်တော့တဲ့ အခြေမနေကိုရောက်နေပါပြီ တဲ့၊
- အဏ၀ါဥယျာဉ်ကို ကာကွယ်စောင့်ရှောက်ဖို့ 22 ဦးရှိတယ်လို့ ဌာနမှထုတ်ပြန်ချက်တွေမှာတွေ့ရပေမယ့် တကယ့်လက်တွေ့ရောက်သွားတော့ မ၇ှိဘူး။ အခုလိုဘာကြောင့်တစ်ဖက်နိုင်င့ကလူတွေလာပြီးလုပ်နေကြသလဲ၊ တရားဥပဒေစိုးမိုးမှုထုတ်ပြန်ထားတဲ့ သပဒေတွေမစိုးမိုးလို့ပါ။ တရားမ၀င် လုပ်ကိုင်နေသူတွေကိုယ်တိုင်က အဲ့ဒီနေရာရဲ့ အုပ်ချုပ်ရေးမှူးတွေဖြစ်နေတာ တွေ့ရတယ်
လို့ ဒေါက်တာစောမွန်သိမ့်ကပြောပြပါတယ်။

- ထိုပြင် စာရေးသာ အေးချမ်းမိုးကလည်း -- မော်ကငုးတို့၏ အမိမြေသည်လည်း တရားမ၀င်သစိခိုးထုတ်မှုများ၊ တရားမ၀င်ငါးဖမ်းမှုများ၊ တရားမ၀င်ရေသယံဇာတများကပုန်ကူးမှုတို့ကြောင့် မျိုးစိတ်များကွယ်ပျောက် ရာမှကျွန်းတစ်ခုလုံးပါကွယ်ပျောက်မည့်အန္တရာယ်ကို ရင်ဆိုင်နေရပြီဖြစ်သည်။ထို့ကြောင့် သဘာဝဓလေ့၊ လူမျိုး၊ သဘာဝဥယျာဉ် စသည်တို့ မပျောက်ကွယ်စေရန် တာဝန်ရှိသူများမှသည် စာဖတ်သူများပါ ထိန်းသိမ်းကာကွယ်စေရန် ရည်ရွယ်ပြီးေ၇းသားလိုက်ရပါသည်  လို့တွေ့ရပါသည်။

-ထို့ကြောင့် ကျွန်တော်တို့နိုင်ငံသည် မြေပေါ်မြေအောက်၊ ရေ သယံဇာတများလန်စွာပေါကြွယ်ဝသောကြောင့် ထိုကဲ့သိုသော အထင်ကရ၊ ၇ှားပါးနေရာများတွင် ၀ိသမာလောဘ၊ ကိုယ်ကျိုးကြည့်သူတွေကြောင့် မည်မျှပင်ပျောက်ကွယ်နေမည်လဲဆိုသည်မှာ တွေးပင်မတွေးတက်အောင် ၇ှိခြင်းကြောင့် တိင်ပြည်နှင့်လူမျိုးအတွက် တစစိတ်တစ်ဒေသက ကူညီနုင်မည့်သူများ သိရှိပြီး ကာကွယ်ပေနိုင်ရန် စေတနာဖြင့်တင်ပြလိုက်ပါတယ်။

မြင့်စိုးဦး
အမိမြေကို ကာကွယ်ကြပါစို့ . . . .

မြန်မာ့မြေ လန်ပိကျွန်း ကျူးကျော်ခ့နေရပြီလော . . .
မြန်မာတိုင်းရင်းမောင်နှမ မော်ကင်း တို့ မျိုးပျောက်တော့မည်လော . . .
ကယ်ရာမဲ့၊ တွယ်ယာမဲ့ ဖြစ်နေရှာသော မြန်မာ့ တောင်စွန်းဒေသ
-----------------------------------------------------------------
သတင်းသစ်ဂျာနယ် မှ သတင်းထောက် အေးချမ်းမိုး ရေးသည်။

သတင်းသစ်ဂျာနယ် အတွဲ1၊ အမှတ် 38၊ 14-12-2012 သောကြာနေ့ထုတ်ဂျာနယ်တွင်ပါ၇ှိသော လန်ပိကျွန်း အကြောင်းက စိတ်ဝင်စားစရာဖြင့် ပြည့်နှက်နေသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း၇န်၊ ကိုယ့်ရေမြေ တောတောင်တို့အား ကာကွယ်ထိန်းသိမ်းရန်၊ ၀ိသမာလောဘသားများ၏ အနိုင်ကျင့်စိုးမိုးမှု ပပျောက်စေရန်၊ အကျင့်ပျက်သူတို့ပပျောက်စေရန်၊ မြန်မာတိုပ၏ သယံဇာတများအား နည်းအမျိုးမျိုးနှင့် ဂုတ်သွေးစုပ်နေမှုများအား ၀ိုင်းဝန်းထိမ်းသိမ်းကြစေလိုရန် ရည်ရွယ်ရ်ျ မူရင်စာသားများအား အနှစ်ချုပ်ပြီးဖော်ပြပေးပါမည်။

နိုင်ငံကို တရုတ်လက်ထဲရောင်းစားထားကြသော မြန်မာစစ်ခေါင်းဆောင်များ | MoeMaKa Burmese News & Media

နိုင်ငံကို တရုတ်လက်ထဲရောင်းစားထားကြသော မြန်မာစစ်ခေါင်းဆောင်များ | MoeMaKa Burmese News & Media

ကျနော်တို့ စကားမကျွံဖို့ပဲလိုတယ် . . ကျနော်တို့စကားနဲ့ အမေစုပြောလာမယ့် စကားတွေ ဆန့်ကျင်ဖက်ဖြစ်မသွားဖို့ပဲလိုတယ် . . by Hawdeka Khalaylay on Thursday, December 13, 2012 at 12:05pm ·

Cho Tu Zal
ဒီလို စာ မျိုးတွေ ဖတ်ရတာ အင်မတန်အာရုံနောက်ရပါတယ်။

ဘယ်သူနဲ့ ဘယ်သူ ဘယ်လို အားပြိုင်နေတယ်၊ ဘယ်သူက ဘယ်လို ကစားတာ စ သဖြင့် စာမျိုးတွေပါ။

နိုင်ငံရဲ့ ပြောင်းလဲမှု ဖြစ်စဉ်တွေဟာ လူတဦးတယောက်အပေါ်၊ လူတစုအပေါ်မှာ မှီတည်နေသေးသရွေ့ အဲဒီနိုင်ငံမှာ ဒီမိုကရေစီစနစ် မထွန်းကားသေးပါဘူး ဆိုတာ
ထင်းထင်းကြီး ပြလို့နေပါတယ်။

ဦးသန်းရွှေရဲ့ သေရေး ရှင်ရေး၊ လေဖြတ်ရေး၊ ဆီးမှန်၊ ၀မ်းမှန် ကျန်းမာရေးဟာ မြန်မာပြည်သား သန်း ၆၀ ရဲ့ ကံကြမ္မာနဲ့ တိုက်ရိုက်အချိုးသက်ရောက်နေသည်ဖြစ်စေ၊ ပြောင်းပြန်အချိုးသက်ရောက်နေသည် ဖြစ်စေ၊ မြန်မာပြည် ဒီမိုကရေစီ ဝေးပါသေးတယ်။
ဒီလိုပဲ ဦးသန်းရွှေ နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ဆိုလည်း အတူတူပါပဲ။
ခေါင်းဆောင် ဆိုပြီး ဘယ်လောက်ပဲ လေးစား လေးစား သူတယောက်ထဲပေါ်တည်
နေတယ်ဆို ဒါဟာ ဒီမိုကရေစီ လုံးဝ မဟုတ်ပါဘူး။
ကျနော်တို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ စာတွေ ရေးတယ်။ အပြန်အလှန်ဆွေးနွေးတယ်။ နောက်ဆုံး တူညီတဲ့အမြင်တွေ အပြန်အလှန်နားလည်မှုတွေရတယ်။ အဲဒီကတဆင့် တူညီတဲ့ အလုပ်တွေ လုပ်ကြတယ်။ အဲဒါကမှ ဒီမိုကရေစီပါ။
သေချာ ချင့်ချိန်စဉ်းစားကြည့်ပါ။
အစိုးရတွင်း ဘယ်လို အလုပ်လုပ်နေသလဲ။
အတိုက်အခံပါတီတွင်းမှာကော ဘယ်လို တွေ လုပ်နေသလဲ။
တဦးတယောက်ထဲ က ထင်တိုင်းကျဲနေသရွေ့ အဲဒါ ဒီမိုကရေစီ လုံးဝ( လုံးဝ ) မဟုတ်ပါဘူး။

နောက် ရပ်တည်ချက် နဲ့ ပါတ်သက်လို့လည်း. .
ဘယ်လိုပုံစံမျိုးနဲ့ပဲ ဖြစ်ဖြစ် ပြည်သူနဲ့သာ တသားတည်းရပ်တည်ရမှာ လို့မြင်ပါတယ်။ ဘယ်အချိန်မျိုးပဲဖြစ်ြဖစ်၊ ဘယ်လို အခြေအနေမျိုးပဲ ဖြစ်ဖြစ်ပါ။ ပြဿနာတွေဟာ ပြည်သူလူထုဆီမှာ ရှိနေတယ်။
လူတစု ရဲ့ အာဏာရရေး၊ လူတစုရဲ့ စည်းစိမ်ရေး အတွက် အချင်းချင်း လုကြ တိုက်ကြတာ မြန်မာ့သမိုင်းမှာ အပ်ကြောင်းထပ်နေတဲ့ ရာဇ၀င်ပြဿနာတွေပါ။ ကုန်းဘောင်ခေတ် မင်းညီမင်းသားတွေ . .အချင်းချင်း တိုက်ကြခိုက်ကြဆိုတာတွေ လည်း အများကြီးကို ဖြစ်ခဲ့ပေါ့။ တကယ်တမ်း မြေဇာပင်ဘ၀ နဲ့ နာခဲ့ရတာ ခေတ်အဆက်ဆက် ပြည်သူတွေပါ။

ဒါတွေကို သိရင် ပြည်သူနဲ့သာ တသားတည်းရပ်ပြီး၊ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်ဖို့ရပ်တည်တဲ့ လမ်းတခုတည်းသာ တည့်မတ်မှန်ကန်တဲ့ နိုင်ငံရေးကျင့်စဉ်တခုလို့ မြင်လာပါလိမ့်မယ်။
ပြည်သူ့ဆန္ဒနဲ့ ကင်းကွာတဲ့ နိုင်ငံရေးသမားဟာ၊ အကာအကွယ်မဲ့၊ ချပ်ဝပ်တန်ဆာမဲ့ စစ်သည်လိုပဲ အချိန်မရွေး ဟာကွက်ပေါင်းများစွာနဲ့ ထိုးနှက်ခံပြီး ကျဆုံးသွားမှာပါပဲ။

ချိုတူးဇော်

လိုအပ်လျှင် အာဏာပြန်သိမ်းမည်ဟု ကာကွယ်ရေး ဦးစီးချုပ် အရိပ်အမြွက်ပြော

Myint Sein and 2 other friends shared မျိုးချစ် သူရဲကောင်း's photo.
လိုအပ်လျှင် အာဏာပြန်သိမ်းမည်ဟု ကာကွယ်ရေး ဦးစီးချုပ် အရိပ်အမြွက်ပြော

ဟိန်းခိုင်ထွန်း၊ ၊ကာကွယ်ရေး ဦးစီးချုပ်အသစ်အဖြစ် ခန့်ထားခြင်း ခံရသည့် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဧပြီလ၈ ရက်နေ့က ကျင်းပသည့် ဗထူး တပ်မြို့ ရှိ ဗိုလ်လောင်း သင်တန်း အမှတ်စဉ် ၁၁၄ ဆင်းပွဲတွင် သင်တန်းဆင်း ဗိုလ်လောင်းများကို မိန့်ခွန်း ပြောကြားရာ၌ တပ်မတော်သည် လိုအပ်လျှင် အာဏာ ပြန်သိမ်းမည်ဟု အရိပ်အမြွက် ပြောကြားခဲ့ကြောင်း FNG မှ သတင်း ရရှိသည်။

ခောတ်သစ် မြန်မာနိုင်ငံရေး သမိုင်းတွင် အာဏာအရှိဆုံး ရာထူးဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ရရှိခဲ့သည့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် အဆိုပါ ရာထူးကို ပြီးခဲ့သည့် လက လက်ခံခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် စစ်တပ်၏ အရေးပါသည့် ဗိုလ်လောင်း သင်တန်းဆင်းပွဲတွင် မိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တပ်မတော် အနေဖြင့် အမြဲ သတိရှိနေရန် သူက ပြောကြားပြီး တိုင်းပြည်အတွက် အန္တရာယ် ပေါင်းစုံနှင့် ရင်ဆိုင်ရပြီး အကျပ်အတည်း ဆိုက်နေပါက လိုအပ်လျှင် ၀င်ရောက် ထိန်းသိမ်း ရမည်”ဖြစ်ကြောင်း သူက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခင်က ဗထူးတပ်မြို့ ဗိုလ်လောင်း သင်တန်းဆင်းပွဲကို ဒုကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်အေး တက်ရောက်ပြီး၊ မေမြို့  ဗိုလ်သင်တန်း ဆင်းပွဲကို ဗိုလ်ချုပ်မှုးကြီး သန်းရွှေ တက်ရောက်သည်။
နေပြည်တော် စစ်တပ် အသိုင်းအ၀ိုင်းမှ အမည်မဖော်လိုသည့် အရာရှိကြီး တစ်ဦးက FNG သို့ ပြောကြားရာတွင် ပြည်ထောင်စု အစိုးရမှ ဒုသမ္မတ ဦးသီဟသူရ တင်အောင်မြင့်ဦးနှင့် ဗိုလ်ချုပ် ကြီးမင်းအောင်လှိုင်တို့မှာ ကျောင်းတော်က ရန်စရှိခဲ့သူများဟု ဆိုသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရတို့ အာဏာပြိုင် ဆိုင်မှုများ နောက်ပိုင်းတွင် ပြင်းထန်လာနိုင်သည်ဟု တပ်မတော် အရာရှိဟောင်းများက သုံးသပ်ကြသည်။ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တပ်မတော်ထဲ၌ ၎င်းထက် ပို၍ အတွေ့ အကြုံရင့်သူများ ကို ကျော်ဖြတ်ပြီး နေရာရခဲ့ခြင်းကြောင့် အချို့က မကျေနပ်ကြဟု သိရသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် ၎င်း၏ လက်အောက်တွင် ကာကွယ်ရေးဝန်ကြီး မထမ်းဆောင်လို၍ ရာထူးမှ နှုတ်ထွက်ခဲ့သည်။

၎င်းသည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ လူယုံတစ်ဦးဖြစ်ပြီး မည်မျှထိ ယုံရမည် ဆိုသည်ကိုမူ မည်သူမျှ မသိနိုင်ကြောင်း စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးတပ်မှ အရာရှိတစ်ဦးက Freedom News Groupသို့ ပြောသည်။

မြန်မာ့တပ်မတော်၏ အကြီးအကဲ၊ ကာကွယ်ရေးဝန်ကြီး (သို့မဟုတ်) ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများ(List of Commander in Chief in Burma)

၁. ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၅ မှ ၁၉.၀၇.၁၉၄၇ (ရဲဘော်သုံးကျိပ် အဖွဲ့ဝင်နှင့် မြန်မာ့ တပ်မတော် တည်ထောင်သူ)

၂. ဗိုလ်မှုးချုပ် လက်ျာ ၁၉၄၇ မှ ၁၉၄၈ (ရဲဘော်သုံးကျိပ် အဖွဲ့ဝင်နှင့် မြန်မာ့တပ်မတော် တည်ထောင်သူများတွင် ပါဝင်) (လင်္ကျာ – ဖရီးမင်း စာချုပ် ကို ချုပ်ဆို နိုင်ခဲ့သူ)

၃.ဗိုလ်ချုပ်ကြီးနေ၀င်း ၀၁.၀၂.၁၉၄၉ မှ – ၂၀.၀၄.၁၉၇၂ (ရဲဘော်သုံးကျိပ်အဖွဲ့ဝင် မြန်မာ စစ်တပ်ကို အင်အား ပိုမိုကောင်းလာရန် လုပ်ဆောင်ခဲ့ပြီး စစ်လက်နက်ပစ္စည်း စက်ရုံများ နိုင်ငံ တွင်း စတင်တည်ထောင်ကာ ပြည်ပနိုင်ငံများမှ စစ်လက်နက်ပစ္စည်း ၀ယ်ယူမှုကို စတင်ခဲ့

၎. ဗိုလ်ချုပ်ကြီးစန်းယု ၂၀.၀၄.၁၉၇၂ မှ- ၀၁.၀၃.၁၉၇၄ (နောက်ပိုင်းတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဌနှင့် သမ္မတဖြစ်လာသည်

၅. ဗိုလ်ချုပ်ကြီးသူရတင်ဦး ၀၁.၀၃.၁၉၇၄ မှ ၀၆.၀၃.၁၉၇၆ (နောက်ပိုင်းတွင် အတိုက်အခံ ပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင် ဖြစ်လာခဲ့သည်)

၆. ဗိုလ်ချုပ်ကြီးသူရကျော်ထင် ၀၆.၀၃.၁၉၇၆ မှ ၀၃.၁၁.၁၉၈၅ (ဗမာ့ကာကွယ်ရေး တပ်မတော်ကို ၁၉၄၃ ခုနှစ်တွင် တပ်သားအဖြစ်မှ စတင်ဝင်ရောက်ခဲ့သည့် တစ်ဦးတည်း သော ကာကွယ်ရေး ဦးစီးချုပ်ဖြစ်)
၎င်းသည် ကာကွယ်ရေးဝန်ကြီးတာဝန်ကိုလည်း သူ၏ ကာကွယ်ရေး ဦးစီးချုပ် သက်တမ်းတွင် ပူးတွဲယူခဲ့ပြီး ဗိုလ်ချုပ်ကြီးသူရအေးကိုလည်း ၎င်းကာကွယ်ရေးဦးစီးချုပ် တာဝန်ယူစဉ် ကာကွယ်ရေး ၀န်ကြီးအဖြစ် တာဝန်ယူခဲ့သည်။
၎င်းလက်ထက်တွင် ကာကွယ်ရေးဝန်ကြီးဌာနကို ပိုမိုအဆင့်မြှင့်ခဲ့ပြီး စစ်တိုင်းအချို့ကို တိုးချဲ့ဖွဲ့စည်းခဲ့ကာ တပ်မတော်ဖွဲ့စည်းပုံအချို့ကို ပြောင်းလဲခဲ့သည်

၇. ဗိုလ်ချုပ်မှုးကြီးစောမောင် ၀၃.၁၁.၁၉၈၅ မှ ၂၂.၀၄.၁၉၉၂ (၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်း ခေါင်းဆောင်ဖြစ်သည်)

၈. ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ၂၂.၀၄.၁၉၉၂ မှ ၀၁.၀၄.၂၀၁၁ (စစ်တိုင်းများ ဆက်လက် တိုးချဲ့ခဲ့ပြီး ပြည်ပမှ စစ်လက်နက်များ ၀ယ်ယူခဲ့သည်။ လွှတ်တော်တွင် စစ်သားအများစု နေရာ ယူထားနိုင်အောင် စီစဉ်ခဲ့ပြီး၊ စစ်ထောက်လှမ်းရေးအဖွဲကို ဖျက်သိမ်းခဲ့သည်)

၉. ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ၀၁.၀၄.၂၀၁၁ (တာဝန်ထမ်းဆောာင်ဆဲ)
လိုအပ်လျှင် အာဏာပြန်သိမ်းမည်ဟု ကာကွယ်ရေး ဦးစီးချုပ် အရိပ်အမြွက်ပြော

ဟိန်းခိုင်ထွန်း၊ ၊ကာကွယ်ရေး ဦးစီးချုပ်အသစ်အဖြစ် ခန့်ထားခြင်း ခံရသည့် ဗိုလ်ချုပ်ကြီးမင်းအေ
ာင်လှိုင် ဧပြီလ၈ ရက်နေ့က ကျင်းပသည့် ဗထူး တပ်မြို့ ရှိ ဗိုလ်လောင်း သင်တန်း အမှတ်စဉ် ၁၁၄ ဆင်းပွဲတွင် သင်တန်းဆင်း ဗိုလ်လောင်းများကို မိန့်ခွန်း ပြောကြားရာ၌ တပ်မတော်သည် လိုအပ်လျှင် အာဏာ ပြန်သိမ်းမည်ဟု အရိပ်အမြွက် ပြောကြားခဲ့ကြောင်း FNG မှ သတင်း ရရှိသည်။

ခောတ်သစ် မြန်မာနိုင်ငံရေး သမိုင်းတွင် အာဏာအရှိဆုံး ရာထူးဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ရရှိခဲ့သည့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် အဆိုပါ ရာထူးကို ပြီးခဲ့သည့် လက လက်ခံခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် စစ်တပ်၏ အရေးပါသည့် ဗိုလ်လောင်း သင်တန်းဆင်းပွဲတွင် မိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တပ်မတော် အနေဖြင့် အမြဲ သတိရှိနေရန် သူက ပြောကြားပြီး တိုင်းပြည်အတွက် အန္တရာယ် ပေါင်းစုံနှင့် ရင်ဆိုင်ရပြီး အကျပ်အတည်း ဆိုက်နေပါက လိုအပ်လျှင် ၀င်ရောက် ထိန်းသိမ်း ရမည်”ဖြစ်ကြောင်း သူက ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်၏ တိုက်ရိုက် အထောက်အပံ့ကို ကေအိုင်အေ ရရှိနေပြီလား..

Myat Khine and 2 other friends shared Chit Coco's photo.
တရုတ်၏ တိုက်ရိုက် အထောက်အပံ့ကို ကေအိုင်အေ ရရှိနေပြီလား..
ဦးအောင်မင်းပြောသည့် တရုတ်ကိုလည်းကြောက်ရတယ်ဆိုတဲ့ စကားအတိုင်း ဖြစ်လာပါတော့မယ်။ ကေအိုင်အေသည် ၈၈ မတိုင်ခင်က ဗကပ ဆီမှ အကူအညီများ ရရှိရန် ဗကပဆိုပြီး လုပ်ခဲ့ကာ တရုတ်မှ အကူ အညီများ ယူခဲ့ဖူးသည်။ ၈၈ နောက်ပိုင်း ကာလတွင်လည်း ကေအိုင်အေ၏ အဓိက ၀င်ငွေ စီးဆင်း သည့် နိုင်ငံမှ တရုတ်နိုင်ငံ ဖြစ်သည် ဆိုတာကလည်း ငြင်းစရာမရှိ။

ကေအိုင်အေ စိုးမိုးသည့် နယ်နိမိတ်အတွင်း အံ့သြသင့်ဖွယ် တရုတ်ဖုန်းများ လွယ်ကူစွာ အသုံးပြု၍ ရနေကြောင်း၊ ကေအိုင်အေတို့၏ ဆက်သွယ်ရေး စနစ် အရမ်းမြင့်ကြောင်း ရှေ့တန်းမှ ပြန်လာသည့် အရာရှိတစ်ဦးမှ ပြောဆိုခဲ့သည်။ အစက ကျွန်တော်တို့ ထင်ထားတာ ကေအိုင်အေက တောထဲက သူပုန်လို့ပဲ ထင်ထားတာ၊ အခုမှ ဒီကောင်တွေက FM တွေ၊ အင်တာနက် နည်းပညာတွေနဲ့၊ နောက်ဆုံး တိုက်ပွဲမှာ ထိခိုက် ဆုံးရှုံးမှုတွေ ရှိရင်တောင် ချက်ချင်း ရိုက်ပြီး ဌာနချုပ်ကို ပို့ပေးနိုင်တယ်လို့ ပြောကြ တယ်။ ဒီလို နည်းပညာတွေက တရုတ်ကလွဲပြိး ဘယ်သူမှ ထောက်ပံ့မှာ မဟုတ်ဘူး ဟု ၄င်းက ဆက်ပြောခဲ့သည်။

သူတို့မှာ လက်နက်သစ်တွေလည်း အများကြီးပဲ။ အထူးသဖြင့် တရုတ်က လက်နက်တွေကို ပိုပြီး အသုံးပြု တယ် ထင်တယ်။ ပြီးခဲ့တဲ့ အခေါက် ကျွန်တော်တို့ သိမ်းမိတုန်းက ရတဲ့ ကေအိုင်အေရဲ့ ရိက္ခာခြောက်ေ တွက သေချာထုပ်ပိုးထားတာ၊ ရေးထားတဲ့ စာတွေကလည်း တရုတ်စာတွေနဲ့။ ကျွန်တော့်အထင်တော့ တရုတ် က တိုက်ရိုက်ထောက်ပံ့နေပြီလို့ ထင်တာပဲ ဟု အဆိုပါ အရာရှိနှင့် ပါလာသည့် အဖွဲ့ဝင် တစ်ဦးမှ ပြောခဲ့ သည်။

ကေအိုင်အေအဖွဲ့သည် တစ်ပတ်အတွင်း လူသစ် ၃၀၀ ကျော်ကို ဖမ်းဆီးစုဆောင်းကာ တပ်သားသစ် အဖြစ် သိမ်းသွင်းခဲ့ကြောင်း၊ ယခင်ကျေးရွာများမှသာ စုဆောင်းခဲ့သော်လည်း ယခုအခါ ကားလမ်းများနှင့် လုပ်ငန်း များအထိ တိုးချဲ့စုဆောင်းနေသဖြင့် ကချင်ပြည်နယ်အတွင်း အထိတ်တလန့် ဖြင့် နေထိုင်နေ ရသည်။

ပိုမိုယုတ်မာသော အကြံအစည်ကား ကေအိုင်အေမှ စုစည်းဖွဲ့စည်းထားသည့် ဂေါ်ရခါးတပ်ရင်း ခေါ် ဘင်္ဂလီ တပ်ရင်း အား ဒုက္ခသည်များ အဖြစ် ၄င်းတို့မှ စောင့်ရှောက်ထားရကြောင်း မှတ်တမ်း ရိုက်ကူး မည်ဖြစ်ပြီး အထောက် အပံ့များ တောင်းခံသွားမည် ဖြစ်ကြောင်း သိရသည်။

(Oppositeye)
Kachin Daily News
တရုတ်၏ တိုက်ရိုက် အထောက်အပံ့ကို ကေအိုင်အေ ရရှိနေပြီလား..
ဦးအောင်မင်းပြောသည့် တရုတ်ကိုလည်းကြောက်ရတယ်ဆိုတဲ့ စကားအတိုင်း ဖြစ်လာပါတော့မယ်။ ကေအိုင်အေသည် ၈၈ မတိုင်ခင်
က ဗကပ ဆီမှ အကူအညီများ ရရှိရန် ဗကပဆိုပြီး လုပ်ခဲ့ကာ တရုတ်မှ အကူ အညီများ ယူခဲ့ဖူးသည်။ ၈၈ နောက်ပိုင်း ကာလတွင်လည်း ကေအိုင်အေ၏ အဓိက ၀င်ငွေ စီးဆင်း သည့် နိုင်ငံမှ တရုတ်နိုင်ငံ ဖြစ်သည် ဆိုတာကလည်း ငြင်းစရာမရှိ။