Saturday, December 8, 2012
ဟောင်ဖွာဟောင်ဖွာ မီဒီယာနာ by Aungzaw Win on Friday, December 7, 2012 at 8:30am ·
ဟောင်ဖွာဟောင်ဖွာ မီဒီယာနာ ကား ကုရာနတ္တိ ဆေးမရှိ ပြီလော၊၊
ဆေး မမီပြီလော၊၊ခါးကျော ပင် ညပ်နေသလား၊ရေချိန်ပင် စောင်းနေသလားမသိ၊၊လူထု အားကိုးလိုသော စတုတ္တမဏ္ဍိုင်ကြီး မှာ သူကိုယ်တိုင် ဒရီးဒယိုင်ဖြစ်နေလေပေရော့ထင်၊၊*************************************
ငါးပိရေကျိုတွင် ယူရီးယားဓာတ်မြေသြဇာ များထည့်သွင်း၍
ပြုလုပ်လာသောကြောင့် စားသုံးသူပြည်သူများ သေချာလေ့လာပြီး
မှသာ ၀ယ်ယူစားသုံးသင့်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး အသင်း ဥက္ကဋ္ဌ က နိုဝင်ဘာလ ၃၀ ရက်နေ့တွင်
 +++++ ဂျာနယ်ကို ပြောကြားသည်။ *********************************
ဘုရား၊ဘုရား၊၊အများပြည်သူ တို့၏ တစ်ခုတည်းသော အာဟာရ ကို ခြိမ်းချောက်လေပြီ၊၊ရုံးကန်လှုပ်ရှားရလွန်း၍ ဖိစီးမှု ခံနေရသည့် အခြေခံလူတန်းစားများ အတွက် ရတက် မအေးစရာ သတင်းကို အသာပင် တင်လွှတ်လိုက်ကြပြီ၊၊ပေါက်ကွဲ မှုတွေ ကို ခုံမင်ကြပါသလား မီဒီယာ ကိုကို မမ များခင်ဗျား၊၊သူများ ထက် ဦး လျင် ပြီးရော သဘော မထားကြသင့်ပါ၊၊သတင်းဒဏ် ခံရမည့်သူ များကို စာနာသော နှလုံးသား ထားသင့်ပါသည်၊၊မီဒီယာ ဆိုသည်မှာ နားက ကြားသည် ကို ပါးစပ်က ပြန်ပြောယုံဟု ခံယူကြလေသလား၊၊မြန်မာနိုင်ငံတွင် ဒေါက်တာမျိုးသန့်တင် သည် ငါးပိပညာရှင်တစ်ဦးဖြစ်ပါသည်၊၊
★အမျိုးသားအောင်ပွဲနေ့★
Ma Nandar shared ကမ္ဘာသစ် မြန်မာ Fan Page's photo.
★အမျိုးသားအောင်ပွဲနေ့★
ဘွေကောင်းကင်ယံ၊ နိတုံစံသို့၊ ဖန်ဝါရောင်ဝင်း၊ မိုက်မှောင်ခွင်းသည့်၊ နေမင်းတရထည်၊ ဆွေအကြည်လျှင်၊ ကျင့်ရည်ပြည့်စုံ၊ သွယ်သွယ်ဂုဏ်နှင့်၊ လောက
်လုံအ၀၊ မင်းသမ္မတ၏၊ ၀ံသနွယ်လာ၊ ဘိရာဇာမှ၊ ရေကာတွက်စီ၊ နှစ်ရာချီ၍၊ သုံးလီဒသ၊ မင်းသတ္တတို့၊ တည်စ ( တကောင်း )၊ မြန့်သောင်း ( ခေတ္တယံ )၊ မြို့ ( ပုဂံ ) တည့်၊ ဌာနံ ( မြင်စိုင်း )၊ ( စစ်ကိုင်း ) ( ပင်းယ )၊ ( အင်းဝ ) သာစည်၊ ( တောင်ငူ ) ( ပြည် ) နှင့်၊ ဇာနည်ဘုန်းတန်း၊ ( ကုန်းဘောင် ) နန်းကို၊ သိမ်းမြန်းဆက်ခံ၊ မတ်ပေါင်းရံလျက်၊ ကဒဏ်ရွှေချူ၊ ထီးပစ္စူဖြင့်၊ ရိပ်ဖြူဆောင်းကာ၊ စိုးအုပ်လာသည်။ မြန်မာတို့သွေး ထောက်ချင့်တွေး။
နေဒေါင်းတောင်ပံ၊ သကုဏံတည့်၊ ၀ဲပျံလူးခတ်၊ ၀ဠာရပ်မှ၊ နံဓာတ်ပျက်ကြွေ၊ ဂြိုဟ်ဆိုးမွှေလျက်၊ ရဝေဦးကင်၊ ကြငှန်းစဉ်နှင့်၊ ပလ္လင်တိမ်ပျောက်၊ ဗြိတန်အောက်သို့၊ ကံလျှောက်ကြမ္မာ၊ ကျခဲ့ရှာ၍၊ ကောဇာသက္ကရာဇ်၊ တွက်ဖွဲ့စစ်သော်၊ ထောင်နှစ်ရှစ်ဆယ်၊ နှစ်နှစ်ကယ်၌၊ ချိန်ဝယ်သရဒ၊ ဆောင်မုန်းလ၏၊ ပက္ခဆုတ်ကျော်၊ ဆယ်ရက်မော်တွင်၊ ကျောင်းတော်သိပ္ပံ၊ နေဗိမာန်မှ၊ နည်းစံထုံးတမ်း၊ ဥပဒေကြမ်းကို၊ နှစ်ဝမ်းမကြည်၊ နောင်အရှည်ဖို့၊ မျှော်ရည်စိတ်ထား၊ ကျောင်းတော်သားတို့၊ စိတ်အားမာန်တက်၊ ဖယ်ကြဉ်ထွက်ခဲ့၊ ဘ၀ဂ်အာကာ၊ သိမ့်သိမ့်ငြာသည်။ ၀ံသာဘို့ရေး ပျောက်လွင့်အေး။
ရွှေမောင်းရောင်လျှံ၊ ဓာတ်မွေဆံတို့၊ ပျော်စံဝပ်ကိန်း၊ မျက်စံလိန်းလျက်၊ တစ်သိန်းလောကဓာတ်၊ သုံးလူနတ်လျှင်၊ တွားညွတ်လက်စုံ၊ ရှိဦးလှုံရာ၊ တိဂုံယင်္ဂဏ၊ စေတီယ၌၊ မောရ၀ံသံ၊ ဇာတိမာန်နှင့်၊ ဟိတ်ခံတန်ခိုး၊ မနွမ်းညှိုးအောင်၊ ငြိမ်းထိုးသဖွယ်၊ နေရှင်နယ်ဟု၊ တိမ်ကွယ်မမေ့၊ ဤချိန်စေ့က၊ ဤနေ့မင်္ဂလာ၊ ဤအခါတွင်၊ ရွှင်သာနှစ်ထောင်း၊ ခြိမ့်ခြိမ့်ညောင်းလျက်၊ ပန်းပေါင်းအမွန်၊ အောင်တံခွန်နှင့်၊ ပန်တင်သီးသီး၊ သင်းချပ်တီးသို့၊ မြန့်ထီးတစ်ခွင်၊ လွတ်လပ်ယာဉ်၌၊ လျင်လျင်ဆောစွာ ဆောင်ပို့ရာသည်။ စံရာတို့ကျေး မြှောက်ပင့်ပေး။
ဇော်ဂျီ ( ၁၉၂၄ )
ကမ္ဘာသစ်
www.newworldnanda.ning.com
“ ကြယ်စင်လား... စတားအတုလား ” ရေးသားသူ -ဒေါ် အောင်ဆန်းစုကြည်
Myanmar Mediamm and Aung Khaing Myint shared Burma-Newselite's photo.
“ ကြယ်စင်လား... စတားအတုလား ” ရေးသားသူ -ဒေါ် အောင်ဆန်းစုကြည်
တစ်နေ့လွှတ်တော်ထဲမှာ မျက်မှန်ကို စာရေးခုံပေါ်မှာ ကိုင်ထားတုန်း ငုံ့ကြည့် လိုက်တဲ့အခါ ခန်းမအထက်မျက်နှာကျက်က မီးလုံးများမြောက်များ စွာဟာ မျက်မှန်ရဲ့ မှန်သားတွေပေါ်မှာ ကြယ် ကလေးများ တောက်ပသလို လင်း လက်နေတာတွေ့လိုက်ရပါတယ်။ ကြည်နူးဖွယ်ရာ မြင်ကွင်းလေးမို့ လွှတ်တော်အတွင်း ဘာတွေပြောနေကြတယ်ဆိုတာကို သတိမပြု နိုင်တော့ဘဲ ကြယ်ကလေးများအကြောင်းကို အတွေးရောက်သွားပါတယ်။
“ကြယ်ကလေးတွေ” လို့ပြောလိုက်ပေမဲ့ ကြယ်တွေဆိုတာ တကယ်တော့ ကြီးမားတဲ့ ဂြိုလ်ကမ္ဘာကြီးတွေဖြစ်ပါတယ်။ မီးလျှံတွေ ဟုန်းဟုန်းတောက်နေ လို့ ကျွန်မတို့ ကမ္ဘာက ကြည့်လိုက်တော့ လင်းလက်နေတာပါ။ စကြာဝဋ္ဌာ ကြီးရဲ့ ဝေးလံလှသော တစ်နေရာမှာရှိနေတဲ့ ကြယ်ကြီးအချို့ရဲ့ မီးလျှံတွေ ဟာ ငြိမ်းသွားတာကြာလှပါပြီ။ ဒါပေမယ့် အလင်းရောင်ရဲ့ အမြန်နှုန်းနဲ့ေ တာင် အင်မတန်ကြာတဲ့ခရီးကိုဖြတ်ကျော်ခဲ့ရတာကြောင့် ဇစ်မြစ်ဖြစ်တဲ့ ကြယ်ကြီးတွေ လောင် ကျွမ်းပျောက်ကွယ်သွားသည့်တိုင် ကျွန်မတို့အမြင် မှာတော့ တောက်ပဆဲ အလင်းပွင့်လေးများ လို မြင်နေရပါတယ်။
အခုခေတ်မှာ “စတား” ဆိုတဲ့ “ကြယ်” လို့အဓိပ္ပာယ်ပေါက်တဲ့ အင်္ဂလိပ် ဘာသာ စကားလုံးကို တွင်တွင်သုံးကြပါတယ်။ ရုပ်ရှင်အနုပညာရှင်များနဲ့ ပတ်သက်လို့ အနောက်တိုင်းနိုင်ငံတွေမှာ စတင်သုံးစွဲခဲ့တယ်လို့ ထင်ပါတယ်။ စတားတွေဟာ အများအလယ်မှာ ရေပန်းစားပြီး အားကျစရာတွေဖြစ်လာ တာကြောင့် ဒီစကားလုံးကို ရုပ်ရှင်အနုပညာပညာရှင်များအပြင်၊ အကြောင်း ကြောင်းကြောင့် လူအကြိုက်များ၊ ၀ိုင်းပြီးအားကျသြဘာပေး ခံရ သူတွေကိုလည်း “စတား” တွေလို့ခေါ်တွင်လာတာပါပဲ။ ယခု ဆက်သွယ်ရေး တော်လှန်ရေးခေတ်ကြီးထဲမှာ ကမ္ဘာတစ်ဝှမ်း ဖြစ် ပျက်နေသမျှကို လျင်မြန်စွာသိနိုင်မြင်နိုင်ဆိုတော့ “စတား”တွေကို လူအများက သိကြ၊ မြင်ကြရတာပေါ့။ အဲဒါကြောင့်ပဲ စတားရောဂါတွေ ထလာကြပါတယ်။
စတားရောဂါလို့ ကျွန်မပြောတာ အဓိပ္ပာယ်နှစ်မျိုးနဲ့ပါ။ တစ်မျိုးကတော့ စတားတွေအပေါ် စိတ်ဝင်စားအာရုံစိုက်တာ၊ စတားတွေအကြောင်းလေ့လာ၊ စတားတွေကို အတုခိုးတာတွေကို ဆိုလိုတာပါ။ ကိုယ်သဘောကျအားကျတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်လို့ စိတ်အားထက်သန် တာကတော့ အပြစ်ကြီး မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကို ထိခိုက်လောက်အောင် အလွန် အကြူးဖြစ်ခဲ ပါတယ်။ ရောဂါဆိုပေမယ့် ရောဂါကြီးမဟုတ်ပါဘူးဆိုပါတော့။
စတားဖြစ်ချင်တဲ့ ရောဂါကတော့ ဆိုးနိုင်ပါတယ်။ အနုပညာလောကမှာ ဖြစ် ချင်တာကတော့ သဘာဝကျပါတယ်။ ရောဂါမလွန်ကျွံဖို့ပါပဲ။ ဒါပေမဲ့ နိုင်ငံရေးလောကမှာ စတားဖြစ်ချင်လို့ ကတော့ အန္တရယ်များပါတယ်။ ဒီမီဒီယာခေတ်ကြီးမှာ ထင်ပေါ်ကျော်ကြားမှုကို နိုင်ငံရေးလုပ်သူများ ပိုမို အလေးထားကြသလို ဖြစ်လာပါတယ်။ အများပြည်သူ၊ ကမ္ဘာသူ ကမ္ဘာသား များရဲ့ ထောက်ခံမှု ဆိုတာ မိမိအတွက်မဟုတ်ဘဲ မိမိရဲ့ ရည်မှန်းချက် ပန်းတိုင်အတွက် ဖြစ်ရမယ်ဆိုတာကို အမြဲတစေ မှတ်သားထားဖို့လိုပါတယ်။
ယခုကျွန်မတို့တွေ ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ ပါဝင်ဆောင်ရွက်ခဲ့ ကြလို့ ပြည်တွင်းပြည်ပ ထောက်ခံအားပေးမှုတွေကိုရရှိနေကြတာပါ။ နှစ်ပေါင်းများစွာ မူပေါ်မှာရပ်တည်ပြီး ဖိနှိပ် ချုပ်ချယ်မှုတွေကို ရင်ဆိုင်ကျော်လွှား နိုင်တာကို လေးစားဂရုဏာထားတဲ့သဘောပါပဲ။ ထင်ပေါ်ကျော်ကြားမှုကို အပေါ်ယံကြောသာမြင်၊ အားကျပြီး စတားလုပ်ချင်တဲ့ စိတ်တွေမဖြစ်ဖို့ အရေးကြီးပါတယ်။
ယခု ကျွန်မတို့နိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားအောင် ကြိုးစားနေရတဲ့ အချိန်ပါ။ ဒီလိုအချိန်မျိုးမှာ လူကြိုက်များမှု စတားဖြစ်ရေးထက် အရေးကြီး တာက လုပ်သင့်လုပ်ထိုက်တာတွေကို လူမုန်းခံပြီး လုပ်နိုင်ဖို့ပါပဲ။ နိုင်ငံရေး ကို စိတ်ဝင်စားတဲ့ လူငယ်တွေကို ဖေဖေ့ရဲ့ လက်သုံးစကား အဆိုလေး ပြန်သတိပေးချင်ပါတယ်။ လုပ်ရဲတာက သတ္တိမဟုတ်ဘူး။ ခံရဲတာက သတ္တိတဲ့။
ဒါကိုတလွဲအဓိပ္ပာယ်မကောက်ပါနဲ့။ ဘာမှမလုပ်ဘဲ ဖြစ်သမျှသာခံဆိုတဲ့ သဘောမဟုတ်ပါဘူး။ ကိုယ်လုပ်ဖို့ရာ ဆုံးဖြတ်လိုက်တဲ့ အလုပ်ရဲ့အကျိုး ဆက်တွေကို ခံရဲရမယ်လို့ ဆိုလိုတာပါ။ ကန္တာရခရီးလမ်းကို ပန်းခင်းထားတဲ့ စတားလမ်းလို့ မထင်မိကြပါစေနဲ့။ သိသိကြီးနဲ့ ရွေးပြီးလျှောက်ခဲ့တဲ့လမ်းမို့ မညည်းမညူဆက်ကြရမှာပါ။ လမ်းခုလတ်က ၀င်ပြီး အကြော့သားလေး စတားလုပ်ချင်တဲ့ စိတ်တွေမွေးရင်တော့ ကျွန်မတို့နိုင်ငံကို အကျိုးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုလူတွေကို အားမကျကြပါနဲ့။
တကယ့်ကြယ်ဆိုတာ မီးလျှံတွေအားလုံးသေသွားပြီး ကာလရှည်ကြာစွာ အလင်းရောင်ကို ပေးနိုင်ပါတယ်။
လျှပ်တစ်ပြက် ၀င်းလက်သွားတာဟာ ကြယ်စင် မဟုတ်ပါဘူး။ အတုအပ စတားသာဖြစ်ပါလိမ့်မယ်။
ဒီလှိုင်းဂျာနယ်ပါ .. (ဒေါ် အောင်ဆန်းစုကြည် ရေးစကား)
“ ကြယ်စင်လား... စတားအတုလား ” ရေးသားသူ -ဒေါ် အောင်ဆန်းစုကြည်
တစ်နေ့လွှတ်တော်ထဲမှာ မျက်မှန်ကို စာရေးခုံပေါ်မှာ ကိုင်ထားတုန်း ငုံ့ကြည့် လိုက်တဲ့အခါ ခန်းမအထက်မျက်နှာက
ျက်က မီးလုံးများမြောက်များ စွာဟာ မျက်မှန်ရဲ့ မှန်သားတွေပေါ်မှာ ကြယ် ကလေးများ တောက်ပသလို လင်း လက်နေတာတွေ့လိုက်ရပါတယ်။ ကြည်နူးဖွယ်ရာ မြင်ကွင်းလေးမို့ လွှတ်တော်အတွင်း ဘာတွေပြောနေကြတယ်ဆိုတာကို သတိမပြု နိုင်တော့ဘဲ ကြယ်ကလေးများအကြောင်းကို အတွေးရောက်သွားပါတယ်။
“ကြယ်ကလေးတွေ” လို့ပြောလိုက်ပေမဲ့ ကြယ်တွေဆိုတာ တကယ်တော့ ကြီးမားတဲ့ ဂြိုလ်ကမ္ဘာကြီးတွေဖြစ်ပါတယ်။ မီးလျှံတွေ ဟုန်းဟုန်းတောက်နေ လို့ ကျွန်မတို့ ကမ္ဘာက ကြည့်လိုက်တော့ လင်းလက်နေတာပါ။ စကြာဝဋ္ဌာ ကြီးရဲ့ ဝေးလံလှသော တစ်နေရာမှာရှိနေတဲ့ ကြယ်ကြီးအချို့ရဲ့ မီးလျှံတွေ ဟာ ငြိမ်းသွားတာကြာလှပါပြီ။ ဒါပေမယ့် အလင်းရောင်ရဲ့ အမြန်နှုန်းနဲ့ေ တာင် အင်မတန်ကြာတဲ့ခရီးကိုဖြတ်ကျော်ခဲ့ရတာကြောင့် ဇစ်မြစ်ဖြစ်တဲ့ ကြယ်ကြီးတွေ လောင် ကျွမ်းပျောက်ကွယ်သွားသည့်တိုင် ကျွန်မတို့အမြင် မှာတော့ တောက်ပဆဲ အလင်းပွင့်လေးများ လို မြင်နေရပါတယ်။
သမ္မတ၏ အရည်အချင်းများ
L-Zaw Sai and Zaw Myo Lwin shared ခွန် ဒီးယမ်'s photo.
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၃ တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ၏ အရည်အချင်းများ အပိုဒ်(ဃ)တွင် သမ္မတ လုပ်မည့်သူသည် စစ်ရေးအမြင် ရှိရမည်ဟု ပါလာသည်။ လူတစ်ယောက် စစ်ရေး အမြင်ရှိမရှိ ဘယ်လိုပေတံနှင့် တိုင်းမှာလဲ၊ စစ်မှုထမ်း ဖူးသူများသာ စစ်ရေး အမြင်ရှိသည် ဟု ယူဆလျှင် အရပ်သားများ သမ္မတဖြစ်နိုင်ခွင့် မရှိတော့။ မိန်းမများ သမ္မတဖြစ်ဖို့ ဝေးလှစွာ၏။ 
ဖိလစ်ပိုင်နိုင်ငံတွင်သမ္မတဖြစ်ခဲ့သော မစ္စစ်အကွီနိုမှာ ကံကောင်းလှ၏။ အကြောင်းမှာ ဖိလစ်ပိုင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ဤကဲ့သို့ စစ်ရေးအမြင်ရှိရမည်ဟူသော ကန့်သတ် ချုပ်ချယ်မှုမပါ၍ဖြစ်သည်။
ထိုဥပဒေ၏ အပိုဒ်(င)မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မလုပ် နိုင်အောင် တမင် ရည်စူး၍ ရေးထားသလား အောက်မေ့ရသည်။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ ခင်ပွန်း မိုက်ကယ်အဲရစ်(စ်)နှင့် သားနှစ်ယောက်မှာ နိုင်ငံခြား သားများ ဖြစ်၍ ဖြစ်သည်။ 
ဤဥပဒေအရဆိုလျှင် ဒေါ်ဆောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့လမ်းမမြင်၊ အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ အပိုဒ် (င) လို ဥပဒေမျိုးမပါသည့်အတွက် လက်ရှိသမ္မတ အိုဘားမားအား ကံကောင်းလှ၏။ 
အကြောင်းမှာ ဘားရက်အိုဘားမား၏ အဖေ Barack Hussein Obama မှာ ကင်ညာနိုင်ငံသား တစ်ယောက်ဖြစ်သည်။ တစ်ဖန် အိုဘားမား၏ မိခင် Ann Dunham မှာ အိုဘားမား၏ အဖေ ကွဲသောအခါ အင်ဒိုနီးရှားနိုင်ငံသား Lo Lo Soetoro နှင့် နောက်အိမ်ထောင်ထူ လိုက်သေးသည်။
၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ အခြေခံဥပဒေအရဆိုလျှင် အိုဘားမား တစ်သက်လုံး သမ္မတဖြစ်ခွင့် မရှိတော့။ 
သို့သော် အမေရိကန်၊ အာဖရိကန် လူမည်း အိုဘားမား သည် အမေရိကန်နိုင်ငံကြီး၏ သမ္မတ ဖြစ်လာခဲ့သည်။ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ သူတို့ နိုင်ငံသား တိုင်းကို သမ္မတဖြစ်ခွင့်ပေးထားသည်။
မြန်မာနိုင်ငံ အခြေခံဥပဒေကဲ့သို့ နိုင်ငံခြားသားနှင့် အကြောင်းပါမှုကို ဘိုးစဉ် ဘောင်ဆက်၊ သားစဉ်မြေးဆက် ကန့်သတ် ချုပ်ချယ်မှုတွေ မလုပ်။
နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေသည် လူ့အခွင့်အရေး ကို လေးစားသင့်ကြောင်း ၊ သမ္မတလုပ်မည့်သူ နိုင်ငံသား ဖြစ်လျှင် လုံလောက်ပြီ။
သူ့အဖေ နိုင်ငံခြားသားဖြစ်ခြင်း၊ သူ့အမေ နိုင်ငံခြားသားကို ယူခြင်း၊ ယောက်ျား နိုင်ငံခြား သားဖြစ်ခြင်း၊ သားသမီးတွေနိုင်ငံခြားသားဖြစ်ခြင်း တို့သည် သူတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စဟု အမေရိကန်ပြည်သူအားလုံးက သဘောထားသည်။
လူတစ်ယောက်နှင့် တစ်ယောက်ညားခြင်းကိစ္စသည် ဖူးစာဖြစ်သည်။ မြန်မာဘုရင် များပင် မြောက်ကျွန်းသူကိုယူခဲ့သည်ဟု ကြားဖူးရာ ယခုခေတ်နိုင်ငံခြားသားကို ဖူးစာဆုံခြင်းကိစ္စမှာ မဆန်းချေ။
အမေရိကန်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သမ္မတလောင်း၏ ကိုယ်ရေးကိုယ်တာကိစ္စ များကို ပူပင်မနေ၊ လူတစ်ယောက် သမ္မတဖြစ်မှု၊ မဖြစ်မှုကို ပြည်သူလူထု၏ ပခုံးပေါ်သို့ တင်ပေးလိုက်သည်။ 
မသူတော် တစ်ယောက် နိုင်ငံခေါင်းဆောင်ဖြစ်မည့်ကိစ္စ စိုးရိမ်သောကများ စရာရှိလျှင် ပြည်သူထက် ဘယ်သူမှ မပို၊ အကြောင်းမှာ မသူတော်တွေ နိုင်ငံခေါင်းဆောင် ဖြစ်လျှင် ကျောကော့အောင် ခံရသူများမှာ အမျိုးသား ညီလာခံ ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ မဟုတ်ဘဲ ဆင်းရဲသား ကျောမွဲပြည်သူ များဖြစ်၍ဖြစ်သည်။
အမေရိကန်ပြည်သူလူထုက အိုဘားမားကို မဲပေးပြီး သူတို့သမ္မတအဖြစ် တစ်ခဲနက် ရွေးချယ်လိုက် ကြသည်။ အိုဘားမား၏ အဖေ ကင်ညာနိုင်ငံသားဖြစ်တာ၊ အိုဘားမား၏ အမေ အင်ဒိုနီးရှားလူမျိုးကို ယူတာ သူတို့ စိတ်မ၀င်စား။
သူတို့စိတ်ဝင်စားသည်မှာ အိုဘားမားသာဖြစ်သည်။ အိုဘားမားက အမေရိကန်ပြည်သူတွေ ဘ၀ တိုးတက်မှုရှိအောင်၊ လုံခြုံစိတ်ချစွာနေနိုင်အောင် လုပ်ပေးနိုင်စွမ်းရှိသည်ဟု ယုံကြည် ကြသည်။
ထိုသို့ ယုံကြည်သည့်အလျောက် သူတို့၏ဆန္ဒမဲဖြင့် အိုဘားမားကို သမ္မတအာဏာ အပ်နှင်းလိုက်ခြင်း ဖြစ်သည်။ သမ္မတ ၄ နှစ်သက်တမ်းအတွင်း လူထုယုံကြည်သည့်အတိုင်း လုပ်ချင်လုပ်၊ မလုပ်လျှင်နောက်တစ် ကျော့သမ္မတရွေးကောက်ပွဲမှာ အိုဘားမားကို မဲမထည့် ဘဲနေကြလိမ့်မည်။
အကယ်၍ လူထုမဲဆန္ဒဖြင့် သမ္မတ ရွေးကောက်ခွင့် မြန်မာပြည်သူတို့သာ ရမည် ဆိုလျှင် ဗေဒင်မေးစရာမလို ဒေါ်အောင်ဆန်းစု ကြည် မြေကြီးလက်ခတ်မလွဲ သမ္မတ ဖြစ်ပေလိမ့်မည်။
ရေးသားသူ - နတ်မှုး (ဥာဏ်နီ ဥာဏ်နက်ဆောင်းပါးမှ) via-ဒီမိုဖက်တီး
ဓာတ်ပုံ- ကောင်းညီဟန်/ဧရာဝတီ
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၃ တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ၏ အရည်အချင်းများ အပိုဒ်(ဃ)တွင် သမ္မတ လုပ်မည့်သူသည် စစ်ရေးအမြင် ရှိရမည်ဟု ပါလာသည်။ လူ
တစ်ယောက် စစ်ရေး အမြင်ရှိမရှိ ဘယ်လိုပေတံနှင့် တိုင်းမှာလဲ၊ စစ်မှုထမ်း ဖူးသူများသာ စစ်ရေး အမြင်ရှိသည် ဟု ယူဆလျှင် အရပ်သားများ သမ္မတဖြစ်နိုင်ခွင့် မရှိတော့။ မိန်းမများ သမ္မတဖြစ်ဖို့ ဝေးလှစွာ၏။
ဖိလစ်ပိုင်နိုင်ငံတွင်သမ္မတဖြစ်ခဲ့သော မစ္စစ်အကွီနိုမှာ ကံကောင်းလှ၏။ အကြောင်းမှာ ဖိလစ်ပိုင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ဤကဲ့သို့ စစ်ရေးအမြင်ရှိရမည်ဟူသော ကန့်သတ် ချုပ်ချယ်မှုမပါ၍ဖြစ်သည်။
ထိုဥပဒေ၏ အပိုဒ်(င)မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မလုပ် နိုင်အောင် တမင် ရည်စူး၍ ရေးထားသလား အောက်မေ့ရသည်။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ ခင်ပွန်း မိုက်ကယ်အဲရစ်(စ်)နှင့် သားနှစ်ယောက်မှာ နိုင်ငံခြား သားများ ဖြစ်၍ ဖြစ်သည်။
အမျိုးသားပညာဝန် ဦးဖိုးကျား၏ မယ်မြ `` မြန်မာမိန်းခလေးတိုင်းဖက်ပေးပါ ´´ ===
Min Tharr and New MyanmarFoundation shared Afraid (ကြောက်တတ်သူများ like လုပ်ရန်မသင့်)'s photo.
=== အမျိုးသားပညာဝန် ဦးဖိုးကျား၏ မယ်မြ `` မြန်မာမိန်းခလေးတိုင်းဖက်ပေးပါ ´´ ===
လွန်ခဲ့သော ၁၃-နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တွင်လည်း အမျိုးသားကျောင်းတစ်ကျောင်း တည်ထောင်လေသည်။ ထိုကျောင်းသို့ တနှစ်တခေါက်ဆိုသလို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေး၊ ငါးနှစ်လောက်က တစ်ခေါက် သွားရသည်။
ရန်ကုန်မှစစ်တွေသို့ ပင်လယ်ကူးသဘောင်္ဖြင့် နှစ်ညနှင့် သုံးနေ့သွားရ၏။ ၄င်းသင်္ဘောမှာ
စစ်တကောင်း ကုလား (ခေါ်တော) များ အစီး အများဆုံးဖြစ်၏။ ရခိုင်များ အနည်းငယ်စီးကြ၏။ကျွန်ုပ် သွားသောအခေါက်၌ ရခိုင်သုံးလေးယောက်နှင့် မြန်မာကျွန်တော် တစ်ယောက်သာပါ၏။ အခြားတို့က ကုလားများဖြစ်ကြ၏။ ရန်ကုန်က ထွက်၍ တစ်ညထွက်ပြီးနောက် ကမ်း-လမ်း မမြင်သော ပင်လယ်ကြီးသို့ ရောက်၏။ ပင်လယ်သမုဒ္ဒရာတို့၏ အံ့သြဖွယ်သည် ကြီးကျယ်လှ၏။ သဘောင်္စီးသူတို့သည် ကုန်းပတ်သို့ ထွက်ခါ ပင်လယ်သမုဒ္ဒရာ၏ အညို့ဓာတ်ကို မပြတ်မစဲ စွဲမြဲကြည့် ရှု၍ ငေးမော နေသူနေ၊ တွေးတော နေသူနေ ရှိကြကုန်၏။
ကျွန်ုပ်သည်လည်း ကုန်းပတ်ပေါ်သို့ထွက်ခဲ့ရာ ကုန်တင်ကုန်ချပေါက်အနီး ထောင့်တစ်ခု၌ ကုလားလင်မယား နှစ်ယောက်ကို တွေ့မြင်ရ၏။ ကုလားမမှာ ခေါင်းမြီးခြုံ၍ရှိ၏။ ၄င်၏အသားအရေမှာ အတန်ပင်ဖြူစင်သပ်ရပ်၏။ ထို ကုလားမသည် ဖြူစင် သပ်ယပ်လှသည်၊ အသို့နည်းဟု အနီးသို့ မယောင်မလယ် ကပ်ကြည့်ရာ ၄င်း၏ ယောင်္ကျားကုလားက...
“ဘယ်နှယ့်လည်းဆရာကြီး၊ ဘယ်သွား မလို့လည်း၊ ထိုင်ပါအုံးလား၊ ကွမ်းများ-ဘာများစားရအောင်လေ”
ဟု မြန်မာရေ လည်ပတ်စွာနှင့် နှုက်ဆက်လေရာ။
“အော်-ခင်ဗျား ဗမာလို ကောင်းကောင်းတတ်သကို။ ဗမာပြည်မှာ တော်တော် ကြာနေဘူးတယ်ထင်ပါရဲ့၊ အင်မတန်လည်း ပီတာဘဲ။ နို့ ခင်ဗျား မိန်းမကော ဗမာစကား တတ်ရဲ့လား”
ထိုအခါ ကုလားက ဟက်ဟက်ပက်ပက်ရယ်၍
“တတ်လား၊ မတတ်လား ခင်ဗျားဘဲ မေးကြည့်တော့၊ ဟေး-မယ်မြ ဒီမှာ ဗမာတစ်ယောက် ကွဲ့၊ စကားများ ပြောပါအုံး”
ဟု ဖော်ရွေစွာပြော၏။ မယ်မြဆိုသူသည် ထိုအခါမှ ကျွန်ုပ်တို့ဖက်သို့လှည့်၍ မျက်နှာဖုံးကို အတန်ဖွင့်ခါ မျက်နှာထားနှင့် ဆိုသည်ကား--
“ရှင်ကဘယ်ကလဲ ဘယ်သွားမလို့လဲ”
“ကျွန်တော် ရန်ကုန်ကလာပါတယ်။ အခုစစ်တွေကို သွားမလို့ဘဲ။ နေပါဦး ခင်ဗျားက ဘယ်အရပ်ကလည်း အကြောင်းပါတာ ဘယ်လောက်ကြာပြီလဲ”
“ကျွန်မက ဟင်္သာတနယ်ကပါ။ အကြောင်းပါတာ တနှစ်ကျော်ဘဲ ရှိပါသေးတယ်။”
“အော် ဟင်္သာတနယ်ကလား ကျွန်တော်လဲ ဟင်္သာတနယ်ကဘဲ။ ခင်ဗျား နေရပ်က……”
“ကျွန်မက နိဗ္ဗာန် ရှင်ပင်သာလျောင်ရွာကပါ။ ရှင်ကကော-”
“ဟင်-ကျွန်တော်လည်း နိဗ္ဗာန်ကဘဲ”
ဆို၍ မျက်နှာကို စိုက်ကြည့်မိရာ သိသလိုလိုရှိ၏။ ၂ ယောက်သား စိုက်ကြည့်ကြ၍ မကြာမီပင် ကျွန်ုပ်ထင်သည့် အတိုင်း-
“နေပါဦး၊ ခင်ဗျား၊…ဟာ၊ ဧကန္တဘဲ..။ နင် ကိုထွန်း သမီးမယ်မြ မဟုတ်လား။ နင်ငါ့ကို မမှတ်မိဘူးလား။ ငါ-မောင်ကျားရယ်လေ”
“ဟေ-အောင်မယ်လေးဟယ်။ အေးဟယ် ဟုတ်ပါရဲ့ နင်ကခုဆံပင်တွေ ဘာတွေနဲ့။ ၀လို့ကိုဟဲ့။ ကတဲ့ဟယ်။ ငယ်ငယ်ကရုပ် တစက်ကမှ မရှိဘူး။ အေးဟယ်။ ဟုတ်ပါရဲ့။ နင်အစ်ကိုကြီးနဲ့ ငါမကြာမကြာ တွေ့တယ်။ နင်ရန်ကုန် မှာနေတယ်ပြောတယ်။ အခုတွေ့ရတာ အင်မတန် ၀မ်းသာတယ်ကွယ်။ တို့ကျောင်းကထွက်သွားတာ ခုဆိုရင် ၁၂-နှစ် ၁၃-နှစ်လောက်ရှိရော့မယ်။ (သူ့ ယောင်္ကျားဖက်လှည့်၍) ဒီမှာ အဒူလမြစ်ရဲ့၊ ဒါဟာ တို့သူငယ်ချင်း၊ ကျောင်းနေဖက်၊ ကစားဖက်ကွဲ့။ အင်မတန်ခင်ကြတယ်။”
“အော်-ဟုတ်ကလား၊ အေးအေးကောင်းတယ်။ ကိုင်း စကားပြောကြအုံး” ဟုဆို၍ထသွား၏။ ဇာတ်ရင်းကို လှန်ရအုံးမည်။ နိဗ္ဗာန်ရွာနှင့် ရှင်ပင်သာလျောင်းရွာ စပ်ကြားတွင် လောကဓာတ်ဘုန်းကြီးကျောင်း ရှိ၏။ ထိုကျောင်းတွင် ကျွန်ုပ်တို့ ငယ်ငယ်က နေကြရာ ကျွန်ုပ်တို့ နိဗ္ဗာန်ဖက်က၊ ဖိုးအေးကြီးနှင့် ကျွန်တော်တို့တတွဲ၊ ရှင်ပင်သာလျောင်းရွာဘက်က မယ်မြ၊ ဧစိန်၊ သန်းညွှန့်တို့ တစ်တွဲ အလွန် ချစ်ခင်ကြ၏။ ကစားအတူ၊ စားအတူသဆို သလိုနေကြ၏။ ၄င်းကျောင်း ၆-တန်းတွင် အတူနေကြ၏။
ကျွန်ုပ်တို့ လူစုတွင် မယ်မြနှင့် ဖိုးအေးကြီးတို့အကြောင်းကို အထူးပြောရဦးမည်။ မယ်မြမှာ ဥာဏ်ကောင်း၏။ သွက်လက်၏။ ပါးနပ်၏။ ကျွန်ုပ်တို့ သူငယ်ချင်း ဖိုးအေးကြီးမှာကား မယ်မြ ဥာဏ်ကောင်းသလောက်-သွက်သလောက်-ပါးသလောက်၊ ဖိုးအေးကြီးက- ဥာဏ်ထိုင်း၏။ ထုံ၏။ နုံ၏။ သို့ရာတွင် အလွန် သဘောကောင်းရှာ၏။ မယ်မြက ဖိုးအေးကြီးကို သစ်တုံးဟု သဘောထား၏။ သူ့လက်အောက် ငယ်သားကဲ့သို့ ခိုင်းစေ၏။ စိတ်မထင်လျှင် နားရွက် ဆွဲခြင်း၊ ထုရိုက်ခြင်းကိုပြု၏။ အလွန်အနိုင်ရ၏။ သို့ရာတွင် မုန်းသည်ကား မဟုတ်ချေ။ မယ်မြက စားစရာရှိလျှင် မိမိက နဲနဲယူ၍ ဖိုးအေးကြီးကို သူများ စော်ကားလျှင် မယ်မြက ၀င်၍ ခုခံ၏။ မယ်မြမှာ ဖိုးအေးကြီးအတွက် မကြာမကြာ ဆရာဘုန်းကြီးရှေ့သို့ ရောက်ရ၏။
ဤသို့နေကြရာ ၆-တန်းစာမေးပွဲပြီးသည့်နောက် ကျွန်ုပ်ထွက်ခဲ့၏။ သူတို့လည်း မကြာမီဆိုသလို ကျောင်းကထွက်ကြ၍ မယ်မြနှင့် ဖိုးအေးကြီးတို့ ချစ်ကြိုက်နေကြသည်ဟု ကြားရ၏။ ကျွန်ုပ်သည်လည်း အခြားကျောင်းများတွင် မြန်မာ၇-တန်းဆရာဖြစ်၊ အင်္ဂလိပ် ၁၀-တန်း၊ နောက် ရန်ကုန်ကောလိပ်သို့ ရောက်ခဲ့၏။ ၁၂- နှစ် ၁၃- နှစ် ကွဲကြပြီးနောက် သမုဒ္ဒရာ ပင်လယ်ကြောတွင် မယ်မြကို ကုလားမယားအဖြစ်နှင့် တွေ့ရကြုံရသည်မှာ အတန်ထူးဆန်း အံ့သြဖွယ်ကောင်း၏။
“မယ်မြရယ်၊ နင် ဘယ်အဖြစ် ရောက်လာတာလဲ၊ နင်ဟာ တော်ပုံတော်ပန်းနဲ့ နေပါဦး၊ ဖိုးအေးကြီးကော”
“မင့်လူ ဖိုးအေးကြီးလား၊ မင်းက လူဟုတ်ကြီး ထင်နေသလား၊ ငယ်ငယ်က နုံနုံ၊ ကြီးတော့ သာနုံသေးတယ်၊ သူ့ကို မချစ်လို့တော့ မဟုတ်ပါ ဘူး။ နို့ပေတဲ့ လူစတုံးလွန်းလို့ပါကွယ်၊ ဒီအကောင်”
“နင့် ကုလားကကော၊ ဘယ်လောက်များ လူစ ကောင်းလို့လဲဟဲ့။” (မခံချင်၍ ဒေါသနှင့်မေးသည်။)
“ဟာ မင်းမသိဘူး။ ငါ့ ကုလားကလေ၊ ခိုဒါ စူးရစေရဲ့၊ သိပ်လည်တာ၊ ငါပြောမယ်၊ ဒီမှာကြည့်၊ သူ အရင်က နွားသတ်သမားဆီမှာ နေရတယ်။ မကြာဘူး မောင်ရေ၊ သူကိုယ်တိုင် မင်းတို့ နိဗ္ဗာန်ဘက်က နွားသတ်ရုံကို သူလေလံဆွဲ နိုင်တာပဲ။ အခု နွားသတ်ရုံ လေလံပိုင်မောင်ရဲ့၊ နှယ်နှယ် မမှတ်နဲ့”
“ဟင်- နို့ နင်ကိုယ်တိုင်လဲ နွားသတ်သလား”
“ဟာ-နင်ရူးသလားဟဲ့၊ ငါကိုယ်တိုင်သတ်မှ နွားသေရမှာလားဟဲ့၊ ဘာလဲ မင်းက၊ မင်းတို့ ဗုဒ္ဓဘာသာတရားနဲ့ ပါဏာတိပါတာတွေ ဘာတွေ ပြောချင်လို့ လား။ ဟေ့၊ မင်းနဲ့ငါနဲ့ ကျောင်းနေဘက်ပါကွယ်။ မင်း သင်ရသလောက် ငါသင် ရတာပါပဲ၊ မဖိန်းပါနဲ့။ တို့ ကျမ်းစာက စားချင်ရင် သတ်ရတယ်။ ဒါတွေဟာ ကမ္ဘာ့ဟင်းသီးဟင်းရွက်တွေ၊ ပြီးတော့ ကျန်းမာရေးဘက်က ကြည့်ဦး၊ နာ - သေတဲ့ အသားစားရင် ရောဂါ ဖြစ်တတ်တယ်။ လတ်လတ်ဆတ်ဆတ်ကို သတ်စားမှ သန့်ရှင်းတယ်၊ ကျန်းမာတယ်၊ နားလည်ရဲ့လား။ အဲဒါတွေ မင်းတို့ အင်္ဂလိပ် စာတွေ သင်ရတာ မပါဘူးလား”
“ဟာ-မယ်မြ၊ နင့်ဟာတွေ လွဲကုန်ပြီ၊ ဒီမှာ”
ထိုအခါ မယ်မြက အသံထွက်အောင်ရယ်၍
“ဟေ့- မင်းကငါ့ကို တရားဟောမလို့လား၊ မရဘူးဆရာ၊ ငါကမင့်ကို ဟောမှာ၊ အဘိဓမ္မာ တွေ ဘာတွေ တပ်မနေဘူး၊ မင့်ကို သတ်တရားနဲ့ ရှင်းရှင်းဟောပြမယ်။ မင်းတို့မြန်မာ ဗုဒ္ဓဘာသာတွေက သတ်တော့ မသတ်ရဘူး၊ သူတပါး သတ်ပေးတော့ မြိန်မြိန်ကြီး စားသလား၊ အလှူအတန်းရှိရင် နွားသတ်ကုလားကို လာပြီး လက်တို့ တတ်သလား။ ပြီးတော့ ပူပူနွေးနွေး စားချင်တယ်ဆိုပြီး ဈေးရောက်အောင်မှ မစောင့်နိုင်ဘဲ နွားသတ်ရုံအထိ လာစောင့်ပြီး လဒတွေလို ဆွဲကြလုကြတယ်။ ဘာဗုဒ္ဒဘာသာ လဲကွယ့် ပြောစမ်းပါဦး။ ပြီးတော့ မင်းတို့မြန်မာတွေ အခုတလော ၀ံသာနုစကား အင်မတန်ပြောကြတယ်။ ဟေ့ မှတ်ထား၊ ဘာလူမျိုးဖြစ်ဖြစ်၊ တရားနဲ့ ပြည့်စုံရင်၊ ၀တ္တရား မလစ်ဟင်းရင်၊ အဲဒါ လူ့အဖိုးတန်လို့ မှတ်ထား၊ ဟော- အခု ငါ့ယောက်ျား အဒူလမြစ်ဟာ ရွှေနဲ့ ငွေနဲ့ အခန့်စား မောင်ရေ့၊ ပိုက်ဆံရှိရင် ဂုဏ်ရှိတာဘဲ၊ အဖိုးတန်တာဘဲ၊ ငါနဲ့မရခင်ကထဲက အင်မတန် ဖော်ရွေတယ်။ တို့မိဘများက ငွေလိုရင် သူ ကတောင် လာပို့တယ်၊ ဘယ်လောက် တော်သလဲ”
“ဟဲ့- အဲဒါက ဒါနပြုတာ မဟုတ်ဘူးဟဲ့၊ နင့်ကို ပိုးပေးတာ၊ အခု အဲဒီ ပိုက်ဆံတွေကို နှိမ်ပြီး နင့်ကိုယူတာ မဟုတ်လား”
“ဒါက နောက်မှ ဖြစ်တာ၊ ငါ့ကို မရခင်ကလည်း ပေးတယ်၊ ရပြီးတဲ့ နောက်လဲ ပေးတာပဲ၊ အဖြစ်ကို ပြောရဦးမယ်၊ ငါကုလားနဲ့ ရတော့ တစ်မျိုးလုံး တစ်ရပ်လုံးက ငါ့ကို လက်ညှိုး ၀ိုင်းထိုးကြတယ်၊ တော်တော်ကြာလို့ ငတ်ကြတော့ ကုလားဆီ ငါ့ဆီကို ဒူးတုပ် လာကြရတယ်၊ မင်းတို့ မြန်မာများ ဘယ်လောက် ဖျင်းချာသလဲ ဆိုတာကိုကြည့်၊ ငါ့မှာ ရွှေနဲ့ ငွေနဲ့ဆိုတော့ ငါ့ကို အရပ်က အခု မမမြတဲ့၊ တချို့က ဘီဘီမြ တဲ့၊ အဲဒါသာ ကြည့်တော့၊ ပိုက်ဆံဟာ အရေးကြီးဆုံးပဲ။ တို့ရွာမှာ အခု ကုလားခေတ် ထနေတယ်၊ ငါ့ကိုအားကျပြီး ကုလားတွေကို လိုက်မြူ နေကြတယ်။ တို့သူငယ်ချင်း အေးစိန်လေ လွှတိုက်တဲ့ကောင်နဲ့ ရတယ်။ သန်းညွန့်က ဘုန်းကြီးလူထွက်နဲ့ ရတယ်။ အခုသူတို့က မြန်မာလင် တွေ ကွာပြီး ကုလားကို ယူမလို့ စိတ်ကူးနေကြတယ်။ ခေတ် မောင်ရေ့ ခေတ်၊ မင်းကော အိမ်ထောင် ကျပြီလား။ မကျသေး ရင် ကုလားလို ၀တ်လာခဲ့၊ မင့်ကို အရင်က စခန်းကြီးနေတဲ့ ဟိုကောင်မကြီးရှိတယ် မဟုတ်လား၊ အခု ရစေ့မယ် လာခဲ့။ ငါ အာမခံမယ်”
မယ်မြ၊ နင်ရူးပြီ၊ ဒီကုလားတွေကြောင့် တို့ မြန်မာတွေရဲ့ အကျိုးယုတ်ရတယ်။ ဒီမှာကြည့်၊ ငါပြောမယ်”
“ဟေ့၊ တော်၊ မင်းတို့က ကျေးဇူးရှင်ကို ကျေးစွပ်မလို့လား၊ ကြည့်စမ်း၊ ချစ်တီးတွေဟာ ရပ်ဝေးက လာပြီး ငွေအား ကြေးအားနဲ့ မင်းတို့ မြန်မာတွေကို ထောက်ပံ့တယ်။ သူတို့ ရှိလို့ မင်းတို့ လယ်လုပ်ဖို့ အရင်း ရတယ်။ စပါးလှောင်ဖို့ ကုန်ကူးဖို့ ဆိုလို့ အရင်းအနှီး ရတယ် မဟုတ်လား၊ ဒီကျေးဇူးတွေ မင်းတို့မသိဘူးလား”
“သြော်- သူတို့တွေဟာ ကျေးဇူးးတွေလား၊ နို့ - နေပါဦး။ အခုတို့နယ်က လယ်တွေ၊ ခြံတွေ၊ အိမ်တွေ အခု ဘယ်သူ့လက်ထဲ ရောက်ကုန်ပြီလဲ”
“ချစ်တီးလက်ထဲ ရောက်ကုန်ပြီ၊ ဘာဖြစ်သေးလဲ။ ရောက်မှာပေါ့၊ အရောက်တောင် နည်းသေးတယ်၊ မင်းက ကုလားကို အပြစ်တင် ချင်လို့လား၊ မင်းဟာ အင်္ဂလိပ်စာတွေ ဘာတွေလဲ တတ်တယ်၊ ရန်ကုန်မြို့ကြီးမှာလဲ နေရတယ်၊ မင်းကို တော်လိမ့်မလား အောက်မေ့ မိတယ်၊ မင်းလည်း ခပ်ချာချာ ပါကလား၊ ဟေ့- မင်းမြန်မာတွေ ဖျင်းလို့၊ ညံ့လို့၊ အလုပ် မလုပ်လို့၊ ကောက်ချင် လိမ်ချင်လို့၊ အမြော်အမြင် မရှိလို့၊ ချွေတာခြင်း မရှိလို့၊ ကိုယ့် ရှိတာထက် ကြွားချင်လို့ သိရဲ့လား၊ လူမှာဖြင့် စားစရာ ဆန်မရှိဘူး၊ ခေါက်ဆွဲဆိုင်၊ ပလာတာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထန်းရေဆိုင်၊ အရက်ဆိုင်၊ ဖဲဝိုင်း၊ ရုပ်ရှင်၊ မြင်းပွဲ၊ ဘာကျန်သေးလဲ။
ကိုယ့်အပြစ်နဲ့ ကိုယ်ဖြစ်တာ၊ ဘာပြုလို့သူများ အပေါ်မှာ မတရား ချချင်ကြသလဲ၊ အကုန်တောင် နည်းသေးတယ်၊ ငါ သိပါတယ်ကွယ်၊ အခု တို့နယ်က လယ်တွေ မြေတွေ ကုလားလက်ထဲ ကို တစ်ကျပ်မှာ ငါးမူး ခြောက်မူးလောက် ရောက်ကုန်ပြီ။ ကျန်တာလဲ မကြာဘူး ရောက်မှာပဲ။ ကြည့် - မင့် မြန်မာတွေ၊ ရှေ့ကို သာပြီး ကျပ်အုံးမယ်။ အခု ကုလားတွေ သနားလို့ လယ်ငှား လုပ်စေတယ်။ အဲ့ဒါကို ကျေးဇူးမတင်ဘူး။ လယ်ငှားခ ပေးခါနီးကျရင် စပါးကို ကဲ့ထားတယ်။ ခိုးရောင်းတယ်။ ကုလားက စိတ်နဲ့ မာန်နဲ့ တောင်းရင် မင့် မြန်မာတွေက ဆဲတယ်။ ရိုက်ရိုက် လွှတ်တယ်။ အဲ့ဒါ ကောင်း သလား။ ဒီလို မရိုးဖြောင့်တဲ့ သူတွေ ကောင်းစားမယ်လို့ ရှင်ဂေါတမက ဟောသလား။ ရှေ့ကို ဘာဖြစ်မလဲ သိရဲကလား။ အခု မြန်မာတွေ ဒီလို ညစ်လို့ ဆိုးလို့ ချစ်တီးတွေက သူတို့ကို နောင်ဆို လယ်ငှားမှာ မဟုတ်ဘူး။ အခု ငါမလာခင်ကတင်ပဲ ကုလားတွေကို ရွေးပြီး ငှားနေတယ်သိရဲ့လား။
ရှေ့ကို ကြံထားပုံကိုလဲ ငါပြောပြမယ်ဦး။ မကြာခင်ပဲ ကုလားပြည်က ကုလား အများအပြား ခေါ်ပြီး ရွာတည်ပေး လိမ့်မယ်။ ဘယ်ကလောက် ဥာဏ်ကြီးသလဲ မင်းကြည့်တော့။ ပြီးတော့။ အဒူလမြစ်တို့ လူစုကြံပုံက ကုလားတွေ ရနိုင်သမျှ မြန်မာပြည်မှာ ခေါ်ထား။ ရသမျှ မြန်မာတွေကိုယူ။ လင်ခန်း မယားခန်း မြောက်အောင် ဆိုပြီး ဇာတ်သွင်း၊ မွေးလာတဲ့ ကပြားလေးတွေကို ကုလားဇာတ်သွင်း၊ နောက် အကြာလှဆုံး အနှစ် ၅၀-ပဲ။ မြန်မာပြည် ဘာဖြစ်မလဲ။ မင်း တွေးကြည့်တော့။ ငါကိုယ်တိုင်လဲ ခု ကုလားဇာတ် သွင်းပြီးပြီ။ အခု စစ်တကောင်းမှာ အတော်ကြာ နေပြီးရင် ဟို အနောက် မကာမြို့ကို အရောက်သွားမယ်။ ပြန်လာတော့ ကြည့်၊ ငါ့အရပ်ကစပြီး ငါ့မြန်မာတွေကို ချွတ်ပြမယ်”
“မယ်မြ နင့်ဟာ လွန်ကုန်ပြီ၊ ငါ- နင့်အဖြစ် မြင်ရတာ အင်မတန် သနားတယ်။ ငါ ပြောပါရစေဦးဟဲ့”
“ဘာ-မင်းက ငါ့ကို သနားတယ် ဟုတ်တယ် ဟုတ်လှသေး။ ငါက မင်းကို သနားတာ။ မင်းအခု ပညာဝန် လုပ်နေတယ်။ ငါကြားတယ်။ ပြီးတော့ ၀ံသာနု အလုပ်တွေလည်း လုပ်နေတယ်ကြားတယ်။ မလုပ်နဲ့ ဆရာရေ့။ မင်းမြန်မာတွေ အလကားပဲ။ ဘာလုပ်လုပ် ပျက်မှာပဲ။ မင်းတို့ မောရုံသာရှိမယ်။ ငါမြန်မာပြည်မှာ မြန်မာ လာဖြစ်တာ တွေးမိတိုင်း ရှက်တယ်။ အခု ခိုဒါအရှင် ကယ်တော်မူပေလို့။ နို့မဟုတ်ရင် အမယ်လေးဟယ်။ ငါ ကလီဇာတုန်လှတယ်၊ မပြောချင်ပါဘူး။”
“ကိုင်း-မယ်မြ၊ ငါလည်း ဘာမှ မပြောရဘူး။ နင်ချည်း ပြောတာပဲ။ ခု ငါပြောလို့လည်း ရမယ် မဟုတ်ဘူး။ နင့်လို မိန်းမတစ်ယောက် ဒီလို ဖြစ်သွားတာ ငါ အင်မတန် ၀မ်းနည်းတယ်။ သို့သော်လည်း နင့်လို မိန်းမတစ်ယောက်က ဘယ်နည်းနဲ့မှ ကြာကြာ လွဲမှာနိုင်မှာ မဟုတ်ဘူး ဆိုတာ ငါယုံကြည်တယ်။ တစ်နေ့နေ့တော့ နင်သိမယ်။ ကိုင်း- ဒါပဲ၊ ငါသွားမယ်။ နောက်မှ လာဦးမယ်”
ဟု ဆို၍ ကျွန်ုပ် ထခဲ့၏။ ထိုနေ့ညနေ ကျွန်ုပ် ထမင်း မစားနိုင်တော့ပါ။ ကော်ဖီ တစ်ခွက်သာ သောက်၍ အိပ်ရာသို့ ၀င်တော့၏။ အိပ်၍လည်း မပျော်နိုင်။ တွေးမိသည်ကား
“ သြော်- ဒီလို ဖြစ်ရတာဟာ ကုလားများ ငါတို့ပြည်မှာ လာနေလို့ ဖြစ်ရတာ။ သူတို့ကို အပြစ် တင်စရာပဲ။ နေဦး၊ နေဦး သေသေချာချာ တွေးကြည့်လိုက်တော့ သူတို့ အပြစ် မဟုတ်ဘူး။ သူတို့ ဒီလို စည်းမရှိ ကမ်းမရှိ လာချင်တိုင်း လာနေတာဟာ ဆိုင်ရာအစိုးရက ခွင့်ပြုထားလို့ပဲ။ ဒါဖြင့် အစိုးရကို အပြစ်တင်စရာ ဖြစ်နေပါလား။ နေဦး၊ နေဦး တွေးစရာ ကျန်သေးတယ်။ အစိုးရကို အပြစ်တင်ဖို့မှ ဟုတ်ပါလေစ။ စစ်စစ်မတော့ တို့လူမျိုး ဖျင်းလို့ပဲ။ “ဥစ္စာရင်းလို ဥစ္စာရင်းခဲ” ဆိုသလို ကိုယ့်အကျိုးအတွက် ကိုယ်လုပ်မှ ရတော့ပေါ့။ ငါတို့တစ်တွေ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေခဲ့လို့ အခုလို အဖက်ဖက်က ပျက်စီးရတာပဲ။ ဒါဖြင့် တို့လူတွေကို အပြစ်တင် သင့်တာပဲ။ နေဦး၊ တို့လူတွေ ခမျာမှာလည်း ပညာဗဟုသုတ မရှိရှာကြဘူး။
အားကိုးစရာ ခေါင်းဆောင်လူကြီးကလည်း ကောင်းကောင်း မရှိရှာကြ ဘူး။ ဒီတော့ ပိုမို သိကျွမ်းတဲ့ မြော်မြင်တဲ့ လူတွေများက ရှေ့ဆောင်ပေးမှ သိကြရမှာပဲ။ ဒါဖြင့် တော်တော်တန်တန် သိမြင်တဲ့ လူတွေ ၀တ္တရား ပျက်နေပါလား။ ဒီလူထဲမှာလည်း ငါတစ်ယောက်လည်း ပါဝင်သင့်တယ် ထင်တယ်။ မိမိ သိကျွမ်း သိမြင်သမျှကို တတ်နိုင်သမျှ လူများ နားလည်အောင် ပြုလုပ်ဖို့ရှိတယ်။ ငါ ပြုသင့်သလောက် မပြုရသေးဘူး။ ဒါဖြင့် တရားခံ လက်သည်အစစ်က ငါ ဖြစ်နေပါကော လား။ ကိုင်း-ဒါဖြင့် ဇာတ်ကြော မရှည်နှင့်တော့။ ကုလားတွေ၊ အစိုးရတွေ လူတွေကို အပြစ်ဆိုမယ့်အစား ကိုယ့်ကိုယ်ကိုသာ ဆိုပေတော့။ ဥပဒေသ တစ်ခုလည်း လုပ်ကြစို့။
“ကိုယ့်ကိုကို အပြစ်တင်ခြင်းသည် အမှန်ဆုံးဖြစ်၏။ ကိုယ်ကိုကို အပြစ်တင်ခြင်းသည်သာ အပြစ်အကင်းဆုံးဖြစ်၏။”
ဤဥပဒေသကိုရမှ အိပ်ပျော်သွားလေသတည်း။
နောက်တစ်နေ့ သဘောင်္သည် စစ်တွေသို့ ကပ်ခဲ့၏။ ကျွန်ုပ်သည် မယ်မြတို့ ကုလားလင်မယား မောင်နှံအား ဆလံများများ ပေး၍ စိတ်လေးလေးနှင့် ဆင်းခဲ့၏။ ဆင်းခါနီး၌
“မယ်မြ ဘယ်အခါမဆို ရန်ကုန်ရောက်ရင် ငါ့အိမ်ကို ၀င်ထွက်သွား၊ ရော့လိပ်စာယူထား”
ဆို၍ ပေးခဲ့၏။ စစ်တွေတွင် ၇-ရက် တစ်ပတ်မျှ နေပြီး၍ ရန်ကုန်ပြန်ခဲ့၏။ မယ်မြတို့နှင့် တွေ့ပြီးနောက် တစ်နှစ်ကျော် ကြာသောအခါ ကြုံရသည်ကား မယုံနိုင်စရာဖြစ်၏။
တစ်နေ့တွင် မိန်းမ စုတ်ချာချာ တစ်ယောက် လန်ချားနှင့်ကျွန်ုပ်အိမ်သို့ ရောက်လာ၏။ ထိုသူကား မယ်မြပင်တည်း။ သဘောင်္ပေါ်တွင် တွေ့မြင်ခဲ့ရသော စိုရွှမ်း ၀ဖြိုးသော အသားတို့ မရှိပြီ၊ ပါးရိုးပေါ်အောင် ပိန်ကြုံ့ခဲ့ပြီ။ မျက်တွင်းကျလေပြီ၊ ဆံပင်များ ခြောက်သွေ့၍ မသပ်မရပ် ဖြစ်ကုန်လေပြီ။ ထိုအားလုံးပေါ်တွင် မကြည်မသာခြင်း တည်းဟူသော စိတ်ညှိုးငယ်ခြင်းက တစ်မျက်နှာလုံး တစ်ကိုယ်လုံးကို ဖုံးအုပ်လျက် ရှိလေတကား။
“မောင်ကျားရယ်၊ ငါ့အဖြစ် မြင်ဝံ့သေးရဲ့လား၊ (မျက်ရည်လည်ရွှဲနှင့် ပြောသည်) ငါတော့ ခွေးဖြစ်တာပဲ၊ စစ်တကောင်းကို ရောက်လို့ တစ်နှစ်လောက် ကြာရင်ပဲ သူတို့ မိဘဆွေမျိုးများက ငါ့ကိုမလိုဘူး။ သူတို့ပြည်က ကုလားမ တစ်ယောက်နဲ့ လက်ထပ်စေတယ်။ ငါ့ကို ကျွန်လို ထားတယ်။ ငါ့ကို မော်မကြည့်ဝံ့တဲ့ အဒူလမြစ်ဟာ ငါ့ကို ဆဲဆို ကြိမ်းမောင်းတယ်။ တစ်နေ့တော့ ငါ့ကို ခြေနဲ့တောင် ကန်တယ်။ အဲဒါနဲ့ ငါ့ဇာတိမာန် ထလာတာပေါ့။ ငါ သူတို့ကို အကုန်လုံး အဆိပ်ကျွေး သတ်မယ်လို့ ကြံတယ်။ နောက် ကိုယ့်စိတ်ကိုယ် ချုပ်ပြီး ညအခါမှာ သူတို့သေတ္တာကို ဖွင့်ပြီး တစ်ရာယူ နှစ်ရာယူပြီး၊ ကဲ့ဝှက်ထားလို့ ငါးရာအပြည့်မှာ ငါထွက်ပြေးပြီး သင်္ဘောက ထမင်းချက် သမားကို ငွေပေးပြီး သင်္ဘောပေးမှာ ပုန်းလိုက်ခဲ့တယ်။ အခု မင်းပေးခဲ့တဲ့ လိပ်စာအတိုင်း မေးမြန်းလာလို့ ရောက်လာတာပဲ”
“အေး- နင့်လို မိန်းမမျိုး ကြာကြာ လွဲမှား မနေနိုင်ဘူးဆိုတာ အစကပဲ ငါပြော လိုက်တယ်မဟုတ်လား။ အေးလေကွယ်၊ တစ်သက်တစ်ခါ ဒုက္ခဆိုတာ တွေ့ရတာပေါ့၊ အခုလို လွပ်လွပ်လပ်လပ် ဖြစ်လာတာကိုပဲ ကျေးဇူးတင် ၀မ်းသာပေ တော့။ ငါ့ဆီမှာ နင်ပျော်သလောက်နေပါ။ အရင်းအချာလိုပဲ အောက်မေ့တာပေါ့”
မယ်မြသည် ကျွန်ုပ်ထံတွင် တစ်လ ကိုးသီတင်း နေပြီး၍ မိမိ၏အရပ်ရင်း အစ်မထံတွင် နေလိုကြောင်း၊ လက်တွင် ငွေ ၃၀၀- ကျပ်မျှ ကျန်သေးသဖြင့် တောအရပ်တွင် ကောင်းစွာ ရင်းနှီး စားနေနိုင်ကြောင်း ပြောသည်နှင့် ကျွန်ုပ် ပို့လိုက်ပါ၏။ လွန်ခဲ့သော ၂- နှစ်ခန့်က နေ့စဉ် သတင်းစာကြီး တစ်စောင်၏ ခေါင်းကြီးပိုင်းတွင် ပါလာသည်ကား-
“ဟင်္သာတနယ်၊ နိဗ္ဗာန်ရွာသို့ ခေါင်းဆောင်လူကြီးများ ရောက်ရှိ --- နိုင်ငံရေး တရားဟောကြောင်း၊ ပရိသတ်အစည်ဆုံး ဘုန်းကြီးပျံ များထက် စည်ကြောင်း၊ ပရိသတ်တို့ကို ရှင်ပင်သာလျောင် ကုမ္မာရီအသင်းက ရှာလပတ်ရည်၊ ကွမ်းဆေး၊ လက်ဖက်တို့ဖြင့် ဧည့်ခံကြောင်း၊ တရားပွဲအပြီး၌ ၄င်းကုမ္မာရီအသင်း ဥက္ကဋ္ဌ ဒေါ်မြက ကျေးဇူးတင် စကား ပြောသည့်အပြင် အမျိုး၏ စောင့်စည်းမှုတွင် မိန်းမ များ အရေးကြီးပုံ မိမိ မစောင့်စည်းသဖြင့် ဒုက္ခရောက်ခဲ့ပုံတို့ကို ပြောပြရာ၌ ပရိသတ် အလွန်နှစ်သက်ကြောင်း၊ ၄င်းအသင်းက ယခုအခါ အနီးအနား ရပ်ရွာတို့သို့ သွားရောက်၍ အမျိုးသမီးများ စောင့်စည်းအပ်ကြောင်း လိုက်လံ ဟောပြောနေကြကြောင်း။
ထို့ပြင် မကြာမီပင် ၄င်းအသင်းဥက္ကဋ္ဌ ဒေါ်မြ ကမကထ ပြု၍ အရပ်နှင့်စုပြီးလျှင် နိဗ္ဗာန်ဘက်ရှိ နွားသတ်ရုံကို လေလံ အမြင့်ဆုံးပေး၍ ဆွဲယူလိုက်ကြောင်း၊ သို့ကြောင့် ယခုလာမည့်နှစ်အတွက် အထူးသဖြင့် နွားသတ္တ၀ါများ အသက် ချမ်းသာကြရတော့မည် ဖြစ်ကြောင်း” ပါလေသည်။
“အင်း- တို့မယ်မြကြီး တယ်ဟုတ်နေပါကလား” ဟု ကျွန်ုပ်သည် ဆိုမြည်လျက် သဘောကျဝမ်းမြောက်ကျေးဇူး တင်ကာ ပြုံးလိုက် မိလေ၏။ နောက်ထပ်၍ သတင်းကြားရသည်ကား၊ လူရိုးဖိုးအေးကြီးသည် မယ်မြကို စိတ်နာ၍ အိမ်ထောင်မပြုဘဲ ဇွဲနှင့် နေခဲ့ရာ မယ်မြ ပြန်ရောက်၍ ၂ လလောက် အရှိတွင် မယ်မြက ငယ်နိုင် ဖြစ်သည့်အတိုင်း ဖိုးအေးကြီးကို နားရွက်ဆွဲ ခေါ်ခဲ့၍ သင့်တင့်အေးချမ်းစွာ လင်မယားအဖြစ် ပေါင်းသင်း နေထိုင်ကြလေပြီ ဟူသတည်း။
အမျိုးသားပညာဝန်ဦးဖိုးကျား
၁၂၉၄ ခု (ကိုယ်တွေ့ဝတ္ထုများမှ) ထုတ်နှုတ် တင်ပြပါသည်။
======================================================================
Copy by Than Lwin
‎=== အမျိုးသားပညာဝန် ဦးဖိုးကျား၏ မယ်မြ `` မြန်မာမိန်းခလေးတိုင်းဖက်ပေးပါ ´´ ===
လွန်ခဲ့သော ၁၃-နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တ
ွင်လည်း အမျိုးသားကျောင်းတစ်ကျောင်း တည်ထောင်လေသည်။ ထိုကျောင်းသို့ တနှစ်တခေါက်ဆိုသလို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေး၊ ငါးနှစ်လောက်က တစ်ခေါက် သွားရသည်။
ရန်ကုန်မှစစ်တွေသို့ ပင်လယ်ကူးသဘောင်္ဖြင့် နှစ်ညနှင့် သုံးနေ့သွားရ၏။ ၄င်းသင်္ဘောမှာ
စစ်တကောင်း ကုလား (ခေါ်တော) များ အစီး အများဆုံးဖြစ်၏။ ရခိုင်များ အနည်းငယ်စီးကြ၏။ကျွန်ုပ် သွားသောအခေါက်၌ ရခိုင်သုံးလေးယောက်နှင့် မြန်မာကျွန်တော် တစ်ယောက်သာပါ၏။ အခြားတို့က ကုလားများဖြစ်ကြ၏။ ရန်ကုန်က ထွက်၍ တစ်ညထွက်ပြီးနောက် ကမ်း-လမ်း မမြင်သော ပင်လယ်ကြီးသို့ ရောက်၏။ ပင်လယ်သမုဒ္ဒရာတို့၏ အံ့သြဖွယ်သည် ကြီးကျယ်လှ၏။ သဘောင်္စီးသူတို့သည် ကုန်းပတ်သို့ ထွက်ခါ ပင်လယ်သမုဒ္ဒရာ၏ အညို့ဓာတ်ကို မပြတ်မစဲ စွဲမြဲကြည့် ရှု၍ ငေးမော နေသူနေ၊ တွေးတော နေသူနေ ရှိကြကုန်၏။
အနာဂတ်ကုမ္ပဏီလီမိတက် (ဒုတိယပိုင်း ဇာတ်သိမ်း) by မင်းလူ၏ ၀တ္တုတိုများ on Wednesday, October 3, 2012 at 8:34am ·
    အိမ်ထောင်ရေး စပါယ်ရှယ်လစ် ဆရာကြီးတစ်ယောက်ရှေ့တွင် အမျိုးသမီးကြီးတစ်ဦး ထိုင်နေသည်။ အသက်ငါးဆယ် ဝန်းကျင်ခန့်ရှိလိမ့်မည်။ ပူပန်သောက၊ ဒေါသနှင့် မခံချိမခံသာဖြစ်မှုများရောထွေးနေသော ဟန်ပန်အမူအရာက သိသာထင်ရှားနေသည်။ တစ်နည်းအားဖြင့် ' စန်းပျက် 'နေသည်။ အတွေ့အကြုံအရ ဒါမျိုးတွေ့ဖူးပေါင်းများပြီးဖြစ်သဖြင့်
    " ကဲ...ဆိုစမ်းပါဦး၊ အိမ်ကလူ ဘာပြဿနာရှာလို့လဲ "
    အမျိုးသမီးမှာအံ့သြသွားပြီး
    " ဟင်...ဆရာက ကြိုတောင်သိနေပြီကိုး၊ ဒါကြောင့်လည်း အားကိုးတကြီးလာခဲ့တာပါ "
    " ဘာဖြစ်တာလဲ၊ အိမ်ပြန်မလာလို့လား "
    " ရှင်၊ ဟုတ်လိုက်လေ ဆရာရယ်၊ သူအိမ်ကထွက်သွားတာ ငါးရက်ရှိပြီ "
    " ကတောက်ကဆဖြစ်ပြီးတော့ပေါ့ ဟုတ်လား "
    " သူကသာ တစ်ဖက်သတ် အပြစ်ရှာနေတာပါ "
    " သူဘယ်မှာရှိနေတယ်ဆိုတာ အစ်မကြီးသိနေတယ်ထင်တယ် "
    " ဘယ်မှာရှိရမလဲ၊ ဟိုကောင်မ အိမ်မှာပဲပေါ့၊ ကန်တော့ဆရာ ကန်တော့၊ ကျွန်မ မခံချင်လွန်းလို့ စကားပြောရိုင်းသွားတာပါ "
အနာဂတ်ကုမ္ပဏီလီမိတက် (ပထမပိုင်း) by မင်းလူ၏ ၀တ္တုတိုများ on Wednesday, October 3, 2012 at 5:13am
 ·
တစ်နှစ်တာအတွင်း အအောင်မြင်ဆုံး ကုမ္ပဏီဆုကို သုံးနှစ်ဆက်တိုက် ရရှိခဲ့ပြီဖြစ်သည်။ နောက်နှစ်တွေမှာလည်း ဆက်ပြီးရဖို့ အလားအလာကောင်းနေသည်။ အစုရှယ်ယာဈေးတွေကလည်း တရိပ်ရိပ်တက်နေသည်။ အမြတ်ရာခိုင်နှုန်းကလည်း တစ်နှစ်ပြီးတစ်နှစ်ပို၍ မြင့်မားလာသည်။ နိုင်ငံခြားတိုင်းပြည်များမှာပါ ကုမ္ပဏီခွဲတွေဖွင့်ဖို့ အစီအစဉ်တွေ စတင်ရေးဆွဲနေရပြီ။ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အကောင်းဆုံး၊ အသင့်တော်ဆုံး ကုမ္ပဏီဖြစ်ကြောင်း စီးပွားရေး ပညာရှင်များအဖွဲ့ကပင် ထောက်ခံမှုပေးထားသည်။
    ထိုကုမ္ပဏီကား ' အနာဂတ် ကုမ္ပဏီလီမိတက် 'ပင်ဖြစ်ပေသည်။
    ဥက္ကဌအပါအဝင် ထိပ်တန်းဒါရိုက်တာအဖွဲ့ဝင် ငါးဦးတို့သည် ထိုကုမ္ပဏီကို စတင်တည်ထောင်သူများဖြစ်ကြ၏။ သူတို့သည် မူလက သာမန် မထင်မရှား ဗေဒင်လက္ခဏာဆရာများသာဖြစ်ကြ၏၊ ဘုရားစောင်းတန်းတစ်ခုမှာ ခုံကလေးတွေချပြီး ဟောခဲ့ကြရသည်။ သိပ်အလုပ်မဖြစ်ကြ။
    နောက်တော့ သူတို့ငါးယောက်ပေါင်းပြီး အတော်အသင့်လူစည်ကားသော မြို့နယ်တစ်ခုမှာ အခန်းကလေးတစ်ခန်းငှားပြီး အလုပ်ခန်းဖွင့်ကြည့်သည်။ အဆင်မပြေလှ။ တချို့လတွေကျလျှင် အလုပ်ခန်းလခအတွက်တောင် ပြည့်အောင်မရသဖြင့် အိတ်ထဲက စိုက်ထုတ်ကြရသည်။ ကိုယ့်လုပ်ငန်းအတွက်တောင် အောင်မြင်အောင် ယတြာမချေနိုင်တဲ့လူတွေက ဟောစာတမ်းတွေထုတ်နေလို့ ဘာအသုံးကျတော့မှာလဲ။
အနာဂတ်ဟာ သိမ်းဆည်းခံ လယ်မြေလို ပျောက်ဆုံးနေပြီ
အနာဂတ်ဟာ သိမ်းဆည်းခံ လယ်မြေလို ပျောက်ဆုံးနေပြီ
မျက်နှာပျက်စေတဲ့ အကျင့်ဆိုး ၀တ်လစ်စလစ် သိက္ခာမဲ့နေ့ များ
မျက်နှာပြောင်တိုက်ကာ တဆင့်တိုး တပတ်ရစ် အတွေးအခေါ်ဟောင်းတွေ ၀တ်ဆင်ရင်း
ဘ၀ပျက်ကို မိုက်မိုက်မဲမဲ သွေးဆောင်ဖျားယောင်
နာကျင် ခံစားချက်များရဲ့ ပဲ့တင်သံ မရပ်မနား ပူလောင်တယ်..။
မငြိမ်မသက် ပုံသေကားချပ်က သီအိုရမ်တစ်ခုလို
ထပ်တူမကျတော့တဲ့ အတွေးများ မီးလောင်
အနာဂတ်ဟာ သိမ်းဆည်းခံ လယ်မြေလို ပျောက်ဆုံး
တောင်ကတုံးပေါ် မျှော်လင့်ခြင်း ပန်းတခင်းလုံး အဆိပ်သင့်နေပြီ..။
နှုတ်ခမ်း၏ထောင့်စွန်းများ by မင်းလူ၏ ၀တ္တုတိုများ on Monday, October 1, 2012 at 11:52pm ·
    အပြုံးဆိုသည်မှာ ရယ်မောခြင်းအသေးစားဟု ဆိုကောင်းဆိုနိုင်လိမ့်မည်။ သို့တည်းမဟုတ် ရယ်မောခြင်းအပျော့စားလည်း ဖြစ်ချင်ဖြစ်မည်။ ရယ်မောခြင်း၏ ပထမအဆင့်လည်းဖြစ်နိုင်သည်။ ရယ်မောခြင်းကို သံခိပ်လုပ်ထားခြင်းမျိုးလည်း ပြောလို့ရလျှင်ရမည်။
    ရယ်မောခြင်းကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြသလို အပြုံးကိုလည်း ရှက်ပြုံး၊ လှောင်ပြုံး၊ မချိပြုံး စသည်ဖြင့် သရုပ်ခွဲကြပြန်သည်။ လူဟူ၍ ပေါ်ဦးစတုန်းက တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံကြရာ  ရန်မူလိုသော ဆန္ဒမရှိကြောင်း နှစ်လိုဖွယ်မျက်နှာအမူအရာလုပ်ပြရာမှ အပြုံးဟူ၍ စတင်ပေါ်ပေါက်လာခြင်းဖြစ်နိုင်၏။ နောက်ပိုင်းကျမှ လူတို့၏ ၀ါသနာအတိုင်း အမျိုးမျိုး ချဲ့ကားတီထွင်ကြသဖြင့် ရှက်ပြုံးတွေ၊ မဲ့ပြုံးတွေ ထပ်ပေါ်လာခြင်းဖြစ်ရမည်။
    ဒီတော့ ခုခေတ်လူတွေ ဘယ်လိုအခါမျိုးမှာ ပြုံးကြပါသလဲ။
သယံဇာတ ကျိန်စာမှ လွတ်မြောက်ဖို့ (ဖေမြင့်) ပြည်သူ့ခေတ် Wednesday, 5 December 2012
ကိုသောင်း ပုလဲမြေ's photo.
သယံဇာတ ကျိန်စာမှ လွတ်မြောက်ဖို့ (ဖေမြင့်)
 ပြည်သူ့ခေတ် 
Wednesday, 5 December 2012 
---------------------------------------------------------
မြန်မာပြည်သည် သယံဇာတ ပေါကြွယ်ဝသော နိုင်ငံဟုဆိုသည့်အခါ ကျွန်တော်တို့ ၀မ်းသာ ကြသည်။
          သည်စကားကို သူတစ်ပါးက တကယ် ပြောတာလား၊ ကိုယ့်ဘာသာ ကိုယ် ဂုဏ်ဖော် ပြောဆို ၀မ်းမြောက်နေခဲ့  ကြသည်လား၊ ကျွန်တော်မသိ။
          သို့သော် ပြီးခဲ့သည့် နှစ်များအတွင်း သယံဇာတ ကျိန်စာဟူသော စကားကို မကြာခဏ ကြားလာရသည့်အခါ ကျွန်တော်တို့ စိတ်မသက်မသာ ဖြစ်ရသည်။
          သယံဇာတကျိန်စာတဲ့။
          မညှာမတာ ပြောလိုက်သည့်စကား။
          သယံဇာတပုံ ပေါ်ထိုင်ကာ ဆင်းရဲမွဲတေနေကြသည့် ကျွန်တော်တို့ အပါအ၀င် နိုင်ငံ တချို့ကို ညွှန်းဆိုခဲ့သော စကားဖြစ်သည်။
          အဲသည် တိုင်းပြည်တွေမှာ အစိုးရနှင့် ပြည်သူက မသင့်တင့်။ အုပ်စိုးသူတွေက စီမံခန့်ခွဲပုံ နေရာမကျ။ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ မလုပ်တတ် မကိုင်တတ်။ တလွဲ တချော်တွေကြားမှာ အလွဲသုံးမှုတွေကလည်း များပြားသည်။ သည့်အပြင် များသောအားဖြင့်  ပြည်သူတင်မြှောက်တာ မဟုတ်ဘဲ အင်အားဖြင့် တက်နေသော အစိုးရများဖြစ်ရာ ပြည်သူ အပေါ် တာဝန်ယူမှုမရှိ၊ လေးစားသိမှတ်မှု မရှိ၊ မိမိ လုပ်တာကိုင်တာ ပြည်သူကို  တင်ပြစရာ လိုသည်ဟု မယူဆ။ ပြည်သူ ကလည်း ၎င်းင်းတို့နှင့် မဆက်ဆံ မပူးပေါင်း။ တိုင်းပြည် မဖွံ့ဖြိုး မတိုးတက်သည့်အခါ  ပြည်သူတွေမှာ လုပ်ငန်းကိုင်ငန်းမရှိ၊ ၀င်ငွေမရှိသဖြင့် ပြည်သူ့ထံမှ အခွန်အတုပ် ဘယ်လို ကောက်သော်လည်း  များများမရ။ သို့သော် အဲဒါကို အုပ်စိုးသူတွေ မပူ။ တိုင်းပြည်မှာ မြေပေါ်မြေအောက် သယံဇာတတွေ ရှိသည်။ အဲဒါတွေ ရောင်းချစားကာ အဲသည်က ငွေဖြင့် အုပ်ချုပ်ရေး ယန္တရား လည်ပတ်ကြသည်။ အုပ်ချုပ်သူ အသိုင်းအ၀ိုင်း ချမ်းသာကြွယ်ဝကြသည်။ လူထုက မွဲမြဲမွဲ၊ တိုင်းပြည်က နုံချာမြဲ နုံချာ။ မကျေနပ်လျှင်လည်း ဘာမှ မတတ်နိုင်။ အုပ်စိုးသူက သယံဇာတ ရောင်းချငွေဖြင့် ဖိနှိပ်ရေး ယန္တရား အင်အား ကောင်းသထက် ကောင်းအောင် မွမ်းမံ ဖြည့်တင်းထားသည်။
          အဲသလိုဖြင့် သယံဇာတတွေရှိလျက် ဆင်းရဲတွင်းထဲက မတက်နိုင်သည့် နိုင်ငံများကို သယံဇာတ ကျိန်စာမိနေသူများဟု ဆိုကြခြင်း ဖြစ်သည်။ အဲသည် အထဲမှာ ကျွန်တော်တို့လည်း ပါခဲ့သည်။
          ယခုတော့ ကျွန်တော်တို့ဆီမှာ ပွင့်လင်းစ ပြုလာပါပြီ။
          သည်အခါ ယခင်က မသိရ မမြင်ရတာတွေ တစ်စွန်းတစ်စ မြင်လာရသည်။  ယခင်က မဖွင့်မဟနိုင်တာတွေ တစ်စွန်းတစ်စ ဖွင့်ဟနိုင်လာသည်။
          ကျွန်တော်တို့မှာ ကြွယ်ဝလှပါသည်ဆိုသော သယံဇာတများ ကိစ္စကိုလည်းသည် သယံဇာတများကို အမှန်တကယ် ပိုင်ဆိုင်သည့် ကျွန်တော်တို့ နိုင်ငံသားများစ၍ ပြောနိုင်ဆိုနိုင် လာကြပါပြီ။
          ကျွန်တော်တို့ရဲ့ သယံဇာတတွေသည် ဘယ်ရွေ့ဘယ်မျှ တန်ဖိုးရှိသလဲ။ အဲဒါတွေကို ဘယ်သူတွေက ဘယ်လို ရောင်းချထားသလဲ။
          ရောင်းချ ပြီးစီးခဲ့တာတွေမဟုတ်။  ရောင်းလက်စ ၀ယ်လက်စ တန်းလန်းကိစ္စများ။
          ရောင်းသည့် ပစ္စည်းများကလည်း ရော့ ပတ္တမြား၊ ရော့ နဂါးဆိုပြီး လက်ပြောင်းလက်လွှဲ လုပ်လိုက်တာနှင့် ချက်ချင်း ပြီးသွားတာမျိုး မဟုတ်။
          နှစ်ရှည်လများ ထုတ်ယူနေ၊ နှစ်ရှည်လများ ပေးချေနေဆိုသော အရောင်းအ၀ယ်မျိုး။
          လက်ရှိ နိုင်ငံသားများ သာမက နောင်လာနောက်သားများ၏ သက်တမ်းအထိ ဆက်လက် ရောင်းဝယ်နေရမည့် ကိစ္စမျိုး။
          အဲသည်တော့ အားလုံးနှင့် ဆိုင်နေပြီ။
          ပြီး၊ ရောင်းရာဝယ်ရာမှာ၊ ပစ္စည်း အရွှေ့အပြောင်း အထုတ်အယူမှာ မလွတ်မလပ်၍ ရွှေ့ပြောင်း ဖယ်ရှားပေးရသည့် ကိစ္စအပါအ၀င် ထိခိုက် ပျက်ယွင်းတာတွေလည်း ပါနေသည်။
          အဲသည်တော့ ပြောလာရသည်ပေါ့။
          သည်အခါ ပြဿနာတွေ ရှိလာသည်။
          ယခု လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ စတင်ပြီး ယခင်မြုံထားတာတွေ ပွင့်ထွက်လာသည်။ အားလုံးသိပြီး ဖြစ်၍ အကျယ် မပြောတော့။
          ယခု စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီ။ သည်ကော်မရှင်က ဘာလုပ်မည်လဲ။ သူ့ကို ဘာတာဝန်တွေ ပေးထားသလဲ။
          ဆန္ဒဖော်ထုတ်သည့် ကိစ္စနှင့် ထိန်းသိမ်း ဆောင်ရွက်ရာတွင် သံဃာတော်များ ထိခိုက် သည့် ကိစ္စက သီးခြားတစ်ပိုင်းဖြစ်၍၊ ၎င်းကို ချန်လှပ်ကာ စီးပွားရေးအပိုင်း သယံဇာတ ရောင်းချမှု အပိုင်းကို ကြည့်လျှင်၊ အဓိကက
          ကြေးနီ စီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်မှာ ဘယ်လောက် ထိခိုက်သလဲ။
          သည် စီမံကိန်းကြောင့် တိုင်းပြည်မှာ အကျိုးရှိ မရှိ။
          သည်စီမံကိန်းကို ဆက်လက် ဆောင်ရွက်ရန် သင့်မသင့်၊ (နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအား ရပ်ဆိုင်းရန် သင့်မသင့်)
          အဲဒါတွေ စုံစမ်း စစ်ဆေးပြီး သုံးသပ်ဖော်ပြ အကြံပြုရန်ဟူ၍ ဖြစ်သည်။
          ယခင် လုပ်ခဲ့သည့် သယံဇာတ ရောင်းဝယ်မှုကိစ္စ၊ ယင်းနှင့် စပ်လျဉ်း၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လက်ခံထားခဲ့သည့် ကိစ္စ။ အဲဒါကို ပြန်လည် သုံးသပ်ခိုင်းခြင်း ဖြစ်သည်။
          မသင့်တော်ကြောင်း တွေ့ရှိလျှင်  ရပ်ဆိုင်းမည်ဟူသော သဘောပါသည်။
          သယံဇာတကိစ္စတွင် ပြန်လည် အဖတ်ဆယ်လိုသော သဘောကို မြင်ရသဖြင့် နိုင်ငံသား တစ်ဦးအနေနှင့် ၀မ်းသာသည်။
          ပြီးခဲ့သည့်နှစ် စက်တင်ဘာတုန်းက မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်းကို  မိမိ ရာထူးသက်တမ်းအတွင်း ရပ်ဆိုင်းထားရန် နိုင်ငံတော်သမ္မတက ထုတ်ပြန် ကြေညာခဲ့ခြင်းကို အမှတ်ရသည်။
          အဲသည်တုန်းက ပြဿနာသည်လောက် ပွင့်ထွက်မလာသော်လည်း အရောင်းအ၀ယ် ကိစ္စမှာ နောက်ခံ အနေအထားက သဘောချင်း ဆင်တူဖြစ်လိမ့် မည်ဟု ယူဆရသည်။
သည်တွင် ပြောစရာတစ်ခု ရှိလာသည်။
          အဲဒါက တစ်ပါးသော နိုင်ငံများနှင့် သဘောတူထားသည့် ကိစ္စရပ်များကို အလွယ်တကူ ဖျက်၍ ဖြစ်မည်လားဆိုသည့် ကိစ္စ။
          တိုင်းပြည် တစ်ပြည်တွင် အစိုးရတစ်ရပ်က တစ်ပါးသူနှင့် ကတိက၀တ် ပြုထားခဲ့သည့် ကိစ္စကို၊ နောက်တက်လာသည့် အစိုးရတို့က ဆက်လက် အသိအမှတ်ပြုကာ ကတိက၀တ် အတိုင်းဆောင်ရွက်ရန် တာဝန်ရှိသည် ဆိုသည့်ကိစ္စ။
          ဒါသည်လည်း တစ်စိတ်တစ်ပိုင်း မှန်ပါသည်။
          နိုင်ငံတကာ ဓလေ့ထုံးစံများ၊ ဆက်ဆံရေးစံများကို အလေးဂရု ပြုရပါလိမ့်မည်။ သို့သော် အဲဒါသည်ပင် အလုံးစုံ ဟူ၍တော့ မယူဆ။
          တိုင်းပြည်များမှာ နိုင်ငံရေးစနစ် စီးပွားရေး စနစ်တွေပြောင်းလျှင် ပြောင်းလဲသည့် စနစ်နှင့်အညီ ဆောင်ရွက်ကြတာ၊ ဆောင်ရွက်ရတာတွေလည်း ရှိပါသည်။ ဥပမာ- ဈေးကွက် စီးပွားရေးမှ ဆိုရှယ်လစ် စီးပွားရေးသို့ ပြောင်းသည့်အခါ ပုဂ္ဂလိကပိုင် ပစ္စည်းများကို ပြည်သူပိုင် သိမ်းကြသည်။ ဆိုရှယ်လစ်မှ ဈေးကွက်သို့ ပြောင်းသည့် အခါကျတော့ ပြည်သူပိုင်ကို ပုဂ်္ဂလိကပိုင် ပြုလုပ်ကြပြန်သည်။
          သည်လိုပဲ၊ ကျွန်တော်တို့ တိုင်းပြည်မှာ ယခုအခါ  နိုင်ငံရေးစနစ် ပြောင်းလာပြီ၊ ယခင် အာဏာပိုင်စနစ်၊ အလုံပိတ်စနစ်၊  လူထုကို ဘာမှမပြော လူထုကလည်း ဘာမှမပြောနိုင်သည့် စနစ်မှ၊ ဒီမိုကရေစီ စနစ်၊ ပွင့်လင်းမြင်သာသည့်စနစ်၊ လူထုကို အစီရင်ခံ၍ လူထုကလည်း မိမိသဘော ဆန္ဒကို ဖွင့်ဟပြောဆိုသည့် စနစ်ဘက်သို့ ပြောင်းလာပြီဆိုတော့၊ ယခုမှ မြင်တွေ့လာရသည့် အရောင်းအ၀ယ် ကိစ္စတွေ၊ အထူးသဖြင့် တိုင်းပြည်အပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိသည့် ကိစ္စတွေကို လူထုရော လူထုကိုယ်စားလှယ်များပါ ပြန်လည် စိစစ် သုံးသပ်ချင်လာကြမည် ဖြစ်သည်။
          လိုအပ်လျှင် ထောက်ပြ ဝေဖန်မည်၊ သင့်တင့် လျောက်ပတ်အောင် ပြင်ဆင်ဖို့၊ ပြောင်းလဲဖို့၊ ရပ်ဆိုင်းဖို့ အကြံပြုလာကြလိမ့်မည်။
          မပွင့်လင်းသော ယခင်ကာလများ အတွင်းက လုပ်ကိုင် ဆောင်ရွက်ခဲ့ပြီး  ယင်း၏ သက်ရောက်မှုတွေက ယခုအခါတွင်မှ သို့မဟုတ် နောက်နှစ်များတွင်မှ ထင်ရှားလာမည့် အရာ တွေ ရှိပါလိမ့်ဦးမည်။
          လောလောဆယ်တွင် ကြီးကြီး မားမား မြင်နေရတာတွေက
          မြစ်ဆုံရေကာတာ စီမံကိန်း၊
          ကြေးနီတောင် စီမံကိန်း၊
          ထို့နောက်
          မိုင် ၇၀၀ နီးပါး ရှည်လျားသည့်  မြန်မာပြည်ဖြစ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း များ စီမံကိန်း၊
          အရင်းအနှီးကြီး၊ အကျိုးအမြတ်ကြီး၊ လူမှုဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်တို့အပေါ် သက်ရောက်မှုကြီးသည့် မဟာလုပ်ငန်းကြီးများ ဖြစ်သည်။ သို့သော် ရိုးရိုးပြောလျှင်တော့ သယံဇာတ ရောင်းချတာတွေပါပဲ။
          စွမ်းအင် သယံဇာတနှင့် တွင်းထွက် သယံဇာတ၊
          ယခုအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူတွေသည် မြန်မာနိုင်ငံ၌ အဆိုပါ စွမ်းအင်နှင့် တွင်းထွက်ပစ္စည်း ထုတ်လုပ်ရေး ကဏ္ဍများတွင်သာ လုပ်ကိုင်နေကြသည်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု စုစုပေါင်း၏ ၉၈ ရာခိုင်နှုန်းကျော် (အားလုံးနီးပါးပဲ ဆိုပါစို့) သည် အဲသည် ထုတ်ယူရေး လုပ်ငန်းများထဲမှာသာ ရှိနေသည်ဟု သုတေသန စာတမ်းတစ်ခုက ဆိုသည်။
          သို့သော် အရောင်းအ၀ယ် ကိစ္စဟုပဲ ဆိုလိုက်ကြပါစို့။
          ကျွန်တော်တို့မှာရှိသည့် ပစ္စည်းကို ကိုယ့်ဘာသာ မတူးဖော်နိုင်၊ မထုတ်ယူနိုင်၊ တစ်ဝက် တစ်ပျက် ကုန်ချော၊ အပြီးသတ် ကုန်ချောများအဖြစ် မရောင်းနိုင်။
          သည်အချိန်တစ်ဖက် လူက တူးဖော်နိုင်သည်၊ ထုတ်ယူနိုင်သည်၊ သူ့ဘာသာ တူးဖော် မည်၊ ထုတ်ယူမည်၊ သင့်တော်သော ငွေကြေးပေးမည်ဆိုလျှင် မရောင်းချနိုင်စရာ ဘာရှိသလဲ။
          အရေးကြီးသည်က
          တိုင်းပြည်အနေနှင့် တန်ရာတန်ဖိုး  ရရှိဖို့၊
          တူးဖော်ထုတ်လုပ် ယူငင်ရာမှာ လူမှုပတ်ဝန်းကျင်၊ သဘာဝ ပတ်ဝန်းကျင်များအတွက် ထိခိုက်မှု အနည်းဆုံး နည်းလမ်းဖြင့် လုပ်ကိုင်ဖို့၊
          ထိခိုက်နစ်နာသူများအား ထိုက်တန်သော နစ်နာကြေးများ ပေးဖို့ဖြစ်သည်။
          အဲဒါတွေက သည်ကိစ္စမျိုးမှာ အရေးတကြီး အနီးကပ် စဉ်းစားစရာတွေ ဖြစ်သည်။
          သည့်အပြင်၊ စောစောစီးစီး ကြိုကြိုတင်တင်ကာလမှာ ရေရှည်အတွက် စဉ်းစား ချင့်ချိန်ရမည့် အရာတွေရှိသည်။ အဲဒါက၊
          သယံဇာတ တစ်စုံတစ်ရာမှ တိုင်းပြည်အတွက် အကျိုးအမြတ် အများဆုံးရအောင် ဘယ်သို့ဆောင်ရွက်မည်လဲ။
          ထို့နောက်
          အဲသည် အကျိုးအမြတ်ကို တိုင်းပြည်အတွက် တန်ဖိုးအရှိဆုံး ဖြစ်အောင်မည်သို့ အသုံးပြုမည်လဲ။
          အဲဒါက အမြော်အမြင်ရှိသော စီးပွားရေး ပညာရှင်များ၊ နိုင်ငံရေးသမားများ၊ ပြည်သူ့ ကိုယ်စားလှယ်များ၊ နိုင်ငံ့အရေးတွေးတော ပူပင်တတ်သည့်၊ တက်ကြွသော နိုင်ငံသားများ စဉ်းစားရမည့် အရာများ ဖြစ်သည်။
          သည်ကိစ္စများကို အများသူငါ ကြားမှာ ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးညှိနှိုင်း  အဖြေ ရှာလျှင် သယံဇာတကျိန်စာမှ လွတ်မြောက်ကာ သဘာဝပေးသော အရင်းအနှီးများကို ထိရောက်စွာ အသုံးချရင်း ဖွံ့ဖြိုးတိုးတက်၍ ဂုဏ်ကျက်သရေ ပြည့်ဝသောနိုင်ငံကို ထူထောင် နိုင်ကြ လိမ့်မည်ဟု ရှုမြင်ကြောင်း တင်ပြလိုပါသည်။
သယံဇာတ ကျိန်စာမှ လွတ်မြောက်ဖို့ (ဖေမြင့်)
ပြည်သူ့ခေတ်
Wednesday, 5 December 2012
---------------------------------------------------------
မြန်မာပြည်သည် သယံဇ
ာတ ပေါကြွယ်ဝသော နိုင်ငံဟုဆိုသည့်အခါ ကျွန်တော်တို့ ၀မ်းသာ ကြသည်။
သည်စကားကို သူတစ်ပါးက တကယ် ပြောတာလား၊ ကိုယ့်ဘာသာ ကိုယ် ဂုဏ်ဖော် ပြောဆို ၀မ်းမြောက်နေခဲ့ ကြသည်လား၊ ကျွန်တော်မသိ။
သို့သော် ပြီးခဲ့သည့် နှစ်များအတွင်း သယံဇာတ ကျိန်စာဟူသော စကားကို မကြာခဏ ကြားလာရသည့်အခါ ကျွန်တော်တို့ စိတ်မသက်မသာ ဖြစ်ရသည်။
သယံဇာတကျိန်စာတဲ့။
မညှာမတာ ပြောလိုက်သည့်စကား။
သယံဇာတပုံ ပေါ်ထိုင်ကာ ဆင်းရဲမွဲတေနေကြသည့် ကျွန်တော်တို့ အပါအ၀င် နိုင်ငံ တချို့ကို ညွှန်းဆိုခဲ့သော စကားဖြစ်သည်။
အဲသည် တိုင်းပြည်တွေမှာ အစိုးရနှင့် ပြည်သူက မသင့်တင့်။ အုပ်စိုးသူတွေက စီမံခန့်ခွဲပုံ နေရာမကျ။ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ မလုပ်တတ် မကိုင်တတ်။ တလွဲ တချော်တွေကြားမှာ အလွဲသုံးမှုတွေကလည်း များပြားသည်။ သည့်အပြင် များသောအားဖြင့် ပြည်သူတင်မြှောက်တာ မဟုတ်ဘဲ အင်အားဖြင့် တက်နေသော အစိုးရများဖြစ်ရာ ပြည်သူ အပေါ် တာဝန်ယူမှုမရှိ၊ လေးစားသိမှတ်မှု မရှိ၊ မိမိ လုပ်တာကိုင်တာ ပြည်သူကို တင်ပြစရာ လိုသည်ဟု မယူဆ။ ပြည်သူ ကလည်း ၎င်းင်းတို့နှင့် မဆက်ဆံ မပူးပေါင်း။ တိုင်းပြည် မဖွံ့ဖြိုး မတိုးတက်သည့်အခါ ပြည်သူတွေမှာ လုပ်ငန်းကိုင်ငန်းမရှိ၊ ၀င်ငွေမရှိသဖြင့် ပြည်သူ့ထံမှ အခွန်အတုပ် ဘယ်လို ကောက်သော်လည်း များများမရ။ သို့သော် အဲဒါကို အုပ်စိုးသူတွေ မပူ။ တိုင်းပြည်မှာ မြေပေါ်မြေအောက် သယံဇာတတွေ ရှိသည်။ အဲဒါတွေ ရောင်းချစားကာ အဲသည်က ငွေဖြင့် အုပ်ချုပ်ရေး ယန္တရား လည်ပတ်ကြသည်။ အုပ်ချုပ်သူ အသိုင်းအ၀ိုင်း ချမ်းသာကြွယ်ဝကြသည်။ လူထုက မွဲမြဲမွဲ၊ တိုင်းပြည်က နုံချာမြဲ နုံချာ။ မကျေနပ်လျှင်လည်း ဘာမှ မတတ်နိုင်။ အုပ်စိုးသူက သယံဇာတ ရောင်းချငွေဖြင့် ဖိနှိပ်ရေး ယန္တရား အင်အား ကောင်းသထက် ကောင်းအောင် မွမ်းမံ ဖြည့်တင်းထားသည်။
အဲသလိုဖြင့် သယံဇာတတွေရှိလျက် ဆင်းရဲတွင်းထဲက မတက်နိုင်သည့် နိုင်ငံများကို သယံဇာတ ကျိန်စာမိနေသူများဟု ဆိုကြခြင်း ဖြစ်သည်။ အဲသည် အထဲမှာ ကျွန်တော်တို့လည်း ပါခဲ့သည်။