Saturday, December 8, 2012
အနာဂတ်ကုမ္ပဏီလီမိတက် (ပထမပိုင်း) by မင်းလူ၏ ၀တ္တုတိုများ on Wednesday, October 3, 2012 at 5:13am
 ·
တစ်နှစ်တာအတွင်း အအောင်မြင်ဆုံး ကုမ္ပဏီဆုကို သုံးနှစ်ဆက်တိုက် ရရှိခဲ့ပြီဖြစ်သည်။ နောက်နှစ်တွေမှာလည်း ဆက်ပြီးရဖို့ အလားအလာကောင်းနေသည်။ အစုရှယ်ယာဈေးတွေကလည်း တရိပ်ရိပ်တက်နေသည်။ အမြတ်ရာခိုင်နှုန်းကလည်း တစ်နှစ်ပြီးတစ်နှစ်ပို၍ မြင့်မားလာသည်။ နိုင်ငံခြားတိုင်းပြည်များမှာပါ ကုမ္ပဏီခွဲတွေဖွင့်ဖို့ အစီအစဉ်တွေ စတင်ရေးဆွဲနေရပြီ။ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အကောင်းဆုံး၊ အသင့်တော်ဆုံး ကုမ္ပဏီဖြစ်ကြောင်း စီးပွားရေး ပညာရှင်များအဖွဲ့ကပင် ထောက်ခံမှုပေးထားသည်။
    ထိုကုမ္ပဏီကား ' အနာဂတ် ကုမ္ပဏီလီမိတက် 'ပင်ဖြစ်ပေသည်။
    ဥက္ကဌအပါအဝင် ထိပ်တန်းဒါရိုက်တာအဖွဲ့ဝင် ငါးဦးတို့သည် ထိုကုမ္ပဏီကို စတင်တည်ထောင်သူများဖြစ်ကြ၏။ သူတို့သည် မူလက သာမန် မထင်မရှား ဗေဒင်လက္ခဏာဆရာများသာဖြစ်ကြ၏၊ ဘုရားစောင်းတန်းတစ်ခုမှာ ခုံကလေးတွေချပြီး ဟောခဲ့ကြရသည်။ သိပ်အလုပ်မဖြစ်ကြ။
    နောက်တော့ သူတို့ငါးယောက်ပေါင်းပြီး အတော်အသင့်လူစည်ကားသော မြို့နယ်တစ်ခုမှာ အခန်းကလေးတစ်ခန်းငှားပြီး အလုပ်ခန်းဖွင့်ကြည့်သည်။ အဆင်မပြေလှ။ တချို့လတွေကျလျှင် အလုပ်ခန်းလခအတွက်တောင် ပြည့်အောင်မရသဖြင့် အိတ်ထဲက စိုက်ထုတ်ကြရသည်။ ကိုယ့်လုပ်ငန်းအတွက်တောင် အောင်မြင်အောင် ယတြာမချေနိုင်တဲ့လူတွေက ဟောစာတမ်းတွေထုတ်နေလို့ ဘာအသုံးကျတော့မှာလဲ။
အနာဂတ်ဟာ သိမ်းဆည်းခံ လယ်မြေလို ပျောက်ဆုံးနေပြီ
အနာဂတ်ဟာ သိမ်းဆည်းခံ လယ်မြေလို ပျောက်ဆုံးနေပြီ
မျက်နှာပျက်စေတဲ့ အကျင့်ဆိုး ၀တ်လစ်စလစ် သိက္ခာမဲ့နေ့ များ
မျက်နှာပြောင်တိုက်ကာ တဆင့်တိုး တပတ်ရစ် အတွေးအခေါ်ဟောင်းတွေ ၀တ်ဆင်ရင်း
ဘ၀ပျက်ကို မိုက်မိုက်မဲမဲ သွေးဆောင်ဖျားယောင်
နာကျင် ခံစားချက်များရဲ့ ပဲ့တင်သံ မရပ်မနား ပူလောင်တယ်..။
မငြိမ်မသက် ပုံသေကားချပ်က သီအိုရမ်တစ်ခုလို
ထပ်တူမကျတော့တဲ့ အတွေးများ မီးလောင်
အနာဂတ်ဟာ သိမ်းဆည်းခံ လယ်မြေလို ပျောက်ဆုံး
တောင်ကတုံးပေါ် မျှော်လင့်ခြင်း ပန်းတခင်းလုံး အဆိပ်သင့်နေပြီ..။
နှုတ်ခမ်း၏ထောင့်စွန်းများ by မင်းလူ၏ ၀တ္တုတိုများ on Monday, October 1, 2012 at 11:52pm ·
    အပြုံးဆိုသည်မှာ ရယ်မောခြင်းအသေးစားဟု ဆိုကောင်းဆိုနိုင်လိမ့်မည်။ သို့တည်းမဟုတ် ရယ်မောခြင်းအပျော့စားလည်း ဖြစ်ချင်ဖြစ်မည်။ ရယ်မောခြင်း၏ ပထမအဆင့်လည်းဖြစ်နိုင်သည်။ ရယ်မောခြင်းကို သံခိပ်လုပ်ထားခြင်းမျိုးလည်း ပြောလို့ရလျှင်ရမည်။
    ရယ်မောခြင်းကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြသလို အပြုံးကိုလည်း ရှက်ပြုံး၊ လှောင်ပြုံး၊ မချိပြုံး စသည်ဖြင့် သရုပ်ခွဲကြပြန်သည်။ လူဟူ၍ ပေါ်ဦးစတုန်းက တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံကြရာ  ရန်မူလိုသော ဆန္ဒမရှိကြောင်း နှစ်လိုဖွယ်မျက်နှာအမူအရာလုပ်ပြရာမှ အပြုံးဟူ၍ စတင်ပေါ်ပေါက်လာခြင်းဖြစ်နိုင်၏။ နောက်ပိုင်းကျမှ လူတို့၏ ၀ါသနာအတိုင်း အမျိုးမျိုး ချဲ့ကားတီထွင်ကြသဖြင့် ရှက်ပြုံးတွေ၊ မဲ့ပြုံးတွေ ထပ်ပေါ်လာခြင်းဖြစ်ရမည်။
    ဒီတော့ ခုခေတ်လူတွေ ဘယ်လိုအခါမျိုးမှာ ပြုံးကြပါသလဲ။
သယံဇာတ ကျိန်စာမှ လွတ်မြောက်ဖို့ (ဖေမြင့်) ပြည်သူ့ခေတ် Wednesday, 5 December 2012
ကိုသောင်း ပုလဲမြေ's photo.
သယံဇာတ ကျိန်စာမှ လွတ်မြောက်ဖို့ (ဖေမြင့်)
 ပြည်သူ့ခေတ် 
Wednesday, 5 December 2012 
---------------------------------------------------------
မြန်မာပြည်သည် သယံဇာတ ပေါကြွယ်ဝသော နိုင်ငံဟုဆိုသည့်အခါ ကျွန်တော်တို့ ၀မ်းသာ ကြသည်။
          သည်စကားကို သူတစ်ပါးက တကယ် ပြောတာလား၊ ကိုယ့်ဘာသာ ကိုယ် ဂုဏ်ဖော် ပြောဆို ၀မ်းမြောက်နေခဲ့  ကြသည်လား၊ ကျွန်တော်မသိ။
          သို့သော် ပြီးခဲ့သည့် နှစ်များအတွင်း သယံဇာတ ကျိန်စာဟူသော စကားကို မကြာခဏ ကြားလာရသည့်အခါ ကျွန်တော်တို့ စိတ်မသက်မသာ ဖြစ်ရသည်။
          သယံဇာတကျိန်စာတဲ့။
          မညှာမတာ ပြောလိုက်သည့်စကား။
          သယံဇာတပုံ ပေါ်ထိုင်ကာ ဆင်းရဲမွဲတေနေကြသည့် ကျွန်တော်တို့ အပါအ၀င် နိုင်ငံ တချို့ကို ညွှန်းဆိုခဲ့သော စကားဖြစ်သည်။
          အဲသည် တိုင်းပြည်တွေမှာ အစိုးရနှင့် ပြည်သူက မသင့်တင့်။ အုပ်စိုးသူတွေက စီမံခန့်ခွဲပုံ နေရာမကျ။ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ မလုပ်တတ် မကိုင်တတ်။ တလွဲ တချော်တွေကြားမှာ အလွဲသုံးမှုတွေကလည်း များပြားသည်။ သည့်အပြင် များသောအားဖြင့်  ပြည်သူတင်မြှောက်တာ မဟုတ်ဘဲ အင်အားဖြင့် တက်နေသော အစိုးရများဖြစ်ရာ ပြည်သူ အပေါ် တာဝန်ယူမှုမရှိ၊ လေးစားသိမှတ်မှု မရှိ၊ မိမိ လုပ်တာကိုင်တာ ပြည်သူကို  တင်ပြစရာ လိုသည်ဟု မယူဆ။ ပြည်သူ ကလည်း ၎င်းင်းတို့နှင့် မဆက်ဆံ မပူးပေါင်း။ တိုင်းပြည် မဖွံ့ဖြိုး မတိုးတက်သည့်အခါ  ပြည်သူတွေမှာ လုပ်ငန်းကိုင်ငန်းမရှိ၊ ၀င်ငွေမရှိသဖြင့် ပြည်သူ့ထံမှ အခွန်အတုပ် ဘယ်လို ကောက်သော်လည်း  များများမရ။ သို့သော် အဲဒါကို အုပ်စိုးသူတွေ မပူ။ တိုင်းပြည်မှာ မြေပေါ်မြေအောက် သယံဇာတတွေ ရှိသည်။ အဲဒါတွေ ရောင်းချစားကာ အဲသည်က ငွေဖြင့် အုပ်ချုပ်ရေး ယန္တရား လည်ပတ်ကြသည်။ အုပ်ချုပ်သူ အသိုင်းအ၀ိုင်း ချမ်းသာကြွယ်ဝကြသည်။ လူထုက မွဲမြဲမွဲ၊ တိုင်းပြည်က နုံချာမြဲ နုံချာ။ မကျေနပ်လျှင်လည်း ဘာမှ မတတ်နိုင်။ အုပ်စိုးသူက သယံဇာတ ရောင်းချငွေဖြင့် ဖိနှိပ်ရေး ယန္တရား အင်အား ကောင်းသထက် ကောင်းအောင် မွမ်းမံ ဖြည့်တင်းထားသည်။
          အဲသလိုဖြင့် သယံဇာတတွေရှိလျက် ဆင်းရဲတွင်းထဲက မတက်နိုင်သည့် နိုင်ငံများကို သယံဇာတ ကျိန်စာမိနေသူများဟု ဆိုကြခြင်း ဖြစ်သည်။ အဲသည် အထဲမှာ ကျွန်တော်တို့လည်း ပါခဲ့သည်။
          ယခုတော့ ကျွန်တော်တို့ဆီမှာ ပွင့်လင်းစ ပြုလာပါပြီ။
          သည်အခါ ယခင်က မသိရ မမြင်ရတာတွေ တစ်စွန်းတစ်စ မြင်လာရသည်။  ယခင်က မဖွင့်မဟနိုင်တာတွေ တစ်စွန်းတစ်စ ဖွင့်ဟနိုင်လာသည်။
          ကျွန်တော်တို့မှာ ကြွယ်ဝလှပါသည်ဆိုသော သယံဇာတများ ကိစ္စကိုလည်းသည် သယံဇာတများကို အမှန်တကယ် ပိုင်ဆိုင်သည့် ကျွန်တော်တို့ နိုင်ငံသားများစ၍ ပြောနိုင်ဆိုနိုင် လာကြပါပြီ။
          ကျွန်တော်တို့ရဲ့ သယံဇာတတွေသည် ဘယ်ရွေ့ဘယ်မျှ တန်ဖိုးရှိသလဲ။ အဲဒါတွေကို ဘယ်သူတွေက ဘယ်လို ရောင်းချထားသလဲ။
          ရောင်းချ ပြီးစီးခဲ့တာတွေမဟုတ်။  ရောင်းလက်စ ၀ယ်လက်စ တန်းလန်းကိစ္စများ။
          ရောင်းသည့် ပစ္စည်းများကလည်း ရော့ ပတ္တမြား၊ ရော့ နဂါးဆိုပြီး လက်ပြောင်းလက်လွှဲ လုပ်လိုက်တာနှင့် ချက်ချင်း ပြီးသွားတာမျိုး မဟုတ်။
          နှစ်ရှည်လများ ထုတ်ယူနေ၊ နှစ်ရှည်လများ ပေးချေနေဆိုသော အရောင်းအ၀ယ်မျိုး။
          လက်ရှိ နိုင်ငံသားများ သာမက နောင်လာနောက်သားများ၏ သက်တမ်းအထိ ဆက်လက် ရောင်းဝယ်နေရမည့် ကိစ္စမျိုး။
          အဲသည်တော့ အားလုံးနှင့် ဆိုင်နေပြီ။
          ပြီး၊ ရောင်းရာဝယ်ရာမှာ၊ ပစ္စည်း အရွှေ့အပြောင်း အထုတ်အယူမှာ မလွတ်မလပ်၍ ရွှေ့ပြောင်း ဖယ်ရှားပေးရသည့် ကိစ္စအပါအ၀င် ထိခိုက် ပျက်ယွင်းတာတွေလည်း ပါနေသည်။
          အဲသည်တော့ ပြောလာရသည်ပေါ့။
          သည်အခါ ပြဿနာတွေ ရှိလာသည်။
          ယခု လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ စတင်ပြီး ယခင်မြုံထားတာတွေ ပွင့်ထွက်လာသည်။ အားလုံးသိပြီး ဖြစ်၍ အကျယ် မပြောတော့။
          ယခု စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီ။ သည်ကော်မရှင်က ဘာလုပ်မည်လဲ။ သူ့ကို ဘာတာဝန်တွေ ပေးထားသလဲ။
          ဆန္ဒဖော်ထုတ်သည့် ကိစ္စနှင့် ထိန်းသိမ်း ဆောင်ရွက်ရာတွင် သံဃာတော်များ ထိခိုက် သည့် ကိစ္စက သီးခြားတစ်ပိုင်းဖြစ်၍၊ ၎င်းကို ချန်လှပ်ကာ စီးပွားရေးအပိုင်း သယံဇာတ ရောင်းချမှု အပိုင်းကို ကြည့်လျှင်၊ အဓိကက
          ကြေးနီ စီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်မှာ ဘယ်လောက် ထိခိုက်သလဲ။
          သည် စီမံကိန်းကြောင့် တိုင်းပြည်မှာ အကျိုးရှိ မရှိ။
          သည်စီမံကိန်းကို ဆက်လက် ဆောင်ရွက်ရန် သင့်မသင့်၊ (နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအား ရပ်ဆိုင်းရန် သင့်မသင့်)
          အဲဒါတွေ စုံစမ်း စစ်ဆေးပြီး သုံးသပ်ဖော်ပြ အကြံပြုရန်ဟူ၍ ဖြစ်သည်။
          ယခင် လုပ်ခဲ့သည့် သယံဇာတ ရောင်းဝယ်မှုကိစ္စ၊ ယင်းနှင့် စပ်လျဉ်း၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လက်ခံထားခဲ့သည့် ကိစ္စ။ အဲဒါကို ပြန်လည် သုံးသပ်ခိုင်းခြင်း ဖြစ်သည်။
          မသင့်တော်ကြောင်း တွေ့ရှိလျှင်  ရပ်ဆိုင်းမည်ဟူသော သဘောပါသည်။
          သယံဇာတကိစ္စတွင် ပြန်လည် အဖတ်ဆယ်လိုသော သဘောကို မြင်ရသဖြင့် နိုင်ငံသား တစ်ဦးအနေနှင့် ၀မ်းသာသည်။
          ပြီးခဲ့သည့်နှစ် စက်တင်ဘာတုန်းက မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်းကို  မိမိ ရာထူးသက်တမ်းအတွင်း ရပ်ဆိုင်းထားရန် နိုင်ငံတော်သမ္မတက ထုတ်ပြန် ကြေညာခဲ့ခြင်းကို အမှတ်ရသည်။
          အဲသည်တုန်းက ပြဿနာသည်လောက် ပွင့်ထွက်မလာသော်လည်း အရောင်းအ၀ယ် ကိစ္စမှာ နောက်ခံ အနေအထားက သဘောချင်း ဆင်တူဖြစ်လိမ့် မည်ဟု ယူဆရသည်။
သည်တွင် ပြောစရာတစ်ခု ရှိလာသည်။
          အဲဒါက တစ်ပါးသော နိုင်ငံများနှင့် သဘောတူထားသည့် ကိစ္စရပ်များကို အလွယ်တကူ ဖျက်၍ ဖြစ်မည်လားဆိုသည့် ကိစ္စ။
          တိုင်းပြည် တစ်ပြည်တွင် အစိုးရတစ်ရပ်က တစ်ပါးသူနှင့် ကတိက၀တ် ပြုထားခဲ့သည့် ကိစ္စကို၊ နောက်တက်လာသည့် အစိုးရတို့က ဆက်လက် အသိအမှတ်ပြုကာ ကတိက၀တ် အတိုင်းဆောင်ရွက်ရန် တာဝန်ရှိသည် ဆိုသည့်ကိစ္စ။
          ဒါသည်လည်း တစ်စိတ်တစ်ပိုင်း မှန်ပါသည်။
          နိုင်ငံတကာ ဓလေ့ထုံးစံများ၊ ဆက်ဆံရေးစံများကို အလေးဂရု ပြုရပါလိမ့်မည်။ သို့သော် အဲဒါသည်ပင် အလုံးစုံ ဟူ၍တော့ မယူဆ။
          တိုင်းပြည်များမှာ နိုင်ငံရေးစနစ် စီးပွားရေး စနစ်တွေပြောင်းလျှင် ပြောင်းလဲသည့် စနစ်နှင့်အညီ ဆောင်ရွက်ကြတာ၊ ဆောင်ရွက်ရတာတွေလည်း ရှိပါသည်။ ဥပမာ- ဈေးကွက် စီးပွားရေးမှ ဆိုရှယ်လစ် စီးပွားရေးသို့ ပြောင်းသည့်အခါ ပုဂ္ဂလိကပိုင် ပစ္စည်းများကို ပြည်သူပိုင် သိမ်းကြသည်။ ဆိုရှယ်လစ်မှ ဈေးကွက်သို့ ပြောင်းသည့် အခါကျတော့ ပြည်သူပိုင်ကို ပုဂ်္ဂလိကပိုင် ပြုလုပ်ကြပြန်သည်။
          သည်လိုပဲ၊ ကျွန်တော်တို့ တိုင်းပြည်မှာ ယခုအခါ  နိုင်ငံရေးစနစ် ပြောင်းလာပြီ၊ ယခင် အာဏာပိုင်စနစ်၊ အလုံပိတ်စနစ်၊  လူထုကို ဘာမှမပြော လူထုကလည်း ဘာမှမပြောနိုင်သည့် စနစ်မှ၊ ဒီမိုကရေစီ စနစ်၊ ပွင့်လင်းမြင်သာသည့်စနစ်၊ လူထုကို အစီရင်ခံ၍ လူထုကလည်း မိမိသဘော ဆန္ဒကို ဖွင့်ဟပြောဆိုသည့် စနစ်ဘက်သို့ ပြောင်းလာပြီဆိုတော့၊ ယခုမှ မြင်တွေ့လာရသည့် အရောင်းအ၀ယ် ကိစ္စတွေ၊ အထူးသဖြင့် တိုင်းပြည်အပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိသည့် ကိစ္စတွေကို လူထုရော လူထုကိုယ်စားလှယ်များပါ ပြန်လည် စိစစ် သုံးသပ်ချင်လာကြမည် ဖြစ်သည်။
          လိုအပ်လျှင် ထောက်ပြ ဝေဖန်မည်၊ သင့်တင့် လျောက်ပတ်အောင် ပြင်ဆင်ဖို့၊ ပြောင်းလဲဖို့၊ ရပ်ဆိုင်းဖို့ အကြံပြုလာကြလိမ့်မည်။
          မပွင့်လင်းသော ယခင်ကာလများ အတွင်းက လုပ်ကိုင် ဆောင်ရွက်ခဲ့ပြီး  ယင်း၏ သက်ရောက်မှုတွေက ယခုအခါတွင်မှ သို့မဟုတ် နောက်နှစ်များတွင်မှ ထင်ရှားလာမည့် အရာ တွေ ရှိပါလိမ့်ဦးမည်။
          လောလောဆယ်တွင် ကြီးကြီး မားမား မြင်နေရတာတွေက
          မြစ်ဆုံရေကာတာ စီမံကိန်း၊
          ကြေးနီတောင် စီမံကိန်း၊
          ထို့နောက်
          မိုင် ၇၀၀ နီးပါး ရှည်လျားသည့်  မြန်မာပြည်ဖြစ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း များ စီမံကိန်း၊
          အရင်းအနှီးကြီး၊ အကျိုးအမြတ်ကြီး၊ လူမှုဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်တို့အပေါ် သက်ရောက်မှုကြီးသည့် မဟာလုပ်ငန်းကြီးများ ဖြစ်သည်။ သို့သော် ရိုးရိုးပြောလျှင်တော့ သယံဇာတ ရောင်းချတာတွေပါပဲ။
          စွမ်းအင် သယံဇာတနှင့် တွင်းထွက် သယံဇာတ၊
          ယခုအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူတွေသည် မြန်မာနိုင်ငံ၌ အဆိုပါ စွမ်းအင်နှင့် တွင်းထွက်ပစ္စည်း ထုတ်လုပ်ရေး ကဏ္ဍများတွင်သာ လုပ်ကိုင်နေကြသည်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု စုစုပေါင်း၏ ၉၈ ရာခိုင်နှုန်းကျော် (အားလုံးနီးပါးပဲ ဆိုပါစို့) သည် အဲသည် ထုတ်ယူရေး လုပ်ငန်းများထဲမှာသာ ရှိနေသည်ဟု သုတေသန စာတမ်းတစ်ခုက ဆိုသည်။
          သို့သော် အရောင်းအ၀ယ် ကိစ္စဟုပဲ ဆိုလိုက်ကြပါစို့။
          ကျွန်တော်တို့မှာရှိသည့် ပစ္စည်းကို ကိုယ့်ဘာသာ မတူးဖော်နိုင်၊ မထုတ်ယူနိုင်၊ တစ်ဝက် တစ်ပျက် ကုန်ချော၊ အပြီးသတ် ကုန်ချောများအဖြစ် မရောင်းနိုင်။
          သည်အချိန်တစ်ဖက် လူက တူးဖော်နိုင်သည်၊ ထုတ်ယူနိုင်သည်၊ သူ့ဘာသာ တူးဖော် မည်၊ ထုတ်ယူမည်၊ သင့်တော်သော ငွေကြေးပေးမည်ဆိုလျှင် မရောင်းချနိုင်စရာ ဘာရှိသလဲ။
          အရေးကြီးသည်က
          တိုင်းပြည်အနေနှင့် တန်ရာတန်ဖိုး  ရရှိဖို့၊
          တူးဖော်ထုတ်လုပ် ယူငင်ရာမှာ လူမှုပတ်ဝန်းကျင်၊ သဘာဝ ပတ်ဝန်းကျင်များအတွက် ထိခိုက်မှု အနည်းဆုံး နည်းလမ်းဖြင့် လုပ်ကိုင်ဖို့၊
          ထိခိုက်နစ်နာသူများအား ထိုက်တန်သော နစ်နာကြေးများ ပေးဖို့ဖြစ်သည်။
          အဲဒါတွေက သည်ကိစ္စမျိုးမှာ အရေးတကြီး အနီးကပ် စဉ်းစားစရာတွေ ဖြစ်သည်။
          သည့်အပြင်၊ စောစောစီးစီး ကြိုကြိုတင်တင်ကာလမှာ ရေရှည်အတွက် စဉ်းစား ချင့်ချိန်ရမည့် အရာတွေရှိသည်။ အဲဒါက၊
          သယံဇာတ တစ်စုံတစ်ရာမှ တိုင်းပြည်အတွက် အကျိုးအမြတ် အများဆုံးရအောင် ဘယ်သို့ဆောင်ရွက်မည်လဲ။
          ထို့နောက်
          အဲသည် အကျိုးအမြတ်ကို တိုင်းပြည်အတွက် တန်ဖိုးအရှိဆုံး ဖြစ်အောင်မည်သို့ အသုံးပြုမည်လဲ။
          အဲဒါက အမြော်အမြင်ရှိသော စီးပွားရေး ပညာရှင်များ၊ နိုင်ငံရေးသမားများ၊ ပြည်သူ့ ကိုယ်စားလှယ်များ၊ နိုင်ငံ့အရေးတွေးတော ပူပင်တတ်သည့်၊ တက်ကြွသော နိုင်ငံသားများ စဉ်းစားရမည့် အရာများ ဖြစ်သည်။
          သည်ကိစ္စများကို အများသူငါ ကြားမှာ ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးညှိနှိုင်း  အဖြေ ရှာလျှင် သယံဇာတကျိန်စာမှ လွတ်မြောက်ကာ သဘာဝပေးသော အရင်းအနှီးများကို ထိရောက်စွာ အသုံးချရင်း ဖွံ့ဖြိုးတိုးတက်၍ ဂုဏ်ကျက်သရေ ပြည့်ဝသောနိုင်ငံကို ထူထောင် နိုင်ကြ လိမ့်မည်ဟု ရှုမြင်ကြောင်း တင်ပြလိုပါသည်။
သယံဇာတ ကျိန်စာမှ လွတ်မြောက်ဖို့ (ဖေမြင့်)
ပြည်သူ့ခေတ်
Wednesday, 5 December 2012
---------------------------------------------------------
မြန်မာပြည်သည် သယံဇ
ာတ ပေါကြွယ်ဝသော နိုင်ငံဟုဆိုသည့်အခါ ကျွန်တော်တို့ ၀မ်းသာ ကြသည်။
သည်စကားကို သူတစ်ပါးက တကယ် ပြောတာလား၊ ကိုယ့်ဘာသာ ကိုယ် ဂုဏ်ဖော် ပြောဆို ၀မ်းမြောက်နေခဲ့ ကြသည်လား၊ ကျွန်တော်မသိ။
သို့သော် ပြီးခဲ့သည့် နှစ်များအတွင်း သယံဇာတ ကျိန်စာဟူသော စကားကို မကြာခဏ ကြားလာရသည့်အခါ ကျွန်တော်တို့ စိတ်မသက်မသာ ဖြစ်ရသည်။
သယံဇာတကျိန်စာတဲ့။
မညှာမတာ ပြောလိုက်သည့်စကား။
သယံဇာတပုံ ပေါ်ထိုင်ကာ ဆင်းရဲမွဲတေနေကြသည့် ကျွန်တော်တို့ အပါအ၀င် နိုင်ငံ တချို့ကို ညွှန်းဆိုခဲ့သော စကားဖြစ်သည်။
အဲသည် တိုင်းပြည်တွေမှာ အစိုးရနှင့် ပြည်သူက မသင့်တင့်။ အုပ်စိုးသူတွေက စီမံခန့်ခွဲပုံ နေရာမကျ။ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ မလုပ်တတ် မကိုင်တတ်။ တလွဲ တချော်တွေကြားမှာ အလွဲသုံးမှုတွေကလည်း များပြားသည်။ သည့်အပြင် များသောအားဖြင့် ပြည်သူတင်မြှောက်တာ မဟုတ်ဘဲ အင်အားဖြင့် တက်နေသော အစိုးရများဖြစ်ရာ ပြည်သူ အပေါ် တာဝန်ယူမှုမရှိ၊ လေးစားသိမှတ်မှု မရှိ၊ မိမိ လုပ်တာကိုင်တာ ပြည်သူကို တင်ပြစရာ လိုသည်ဟု မယူဆ။ ပြည်သူ ကလည်း ၎င်းင်းတို့နှင့် မဆက်ဆံ မပူးပေါင်း။ တိုင်းပြည် မဖွံ့ဖြိုး မတိုးတက်သည့်အခါ ပြည်သူတွေမှာ လုပ်ငန်းကိုင်ငန်းမရှိ၊ ၀င်ငွေမရှိသဖြင့် ပြည်သူ့ထံမှ အခွန်အတုပ် ဘယ်လို ကောက်သော်လည်း များများမရ။ သို့သော် အဲဒါကို အုပ်စိုးသူတွေ မပူ။ တိုင်းပြည်မှာ မြေပေါ်မြေအောက် သယံဇာတတွေ ရှိသည်။ အဲဒါတွေ ရောင်းချစားကာ အဲသည်က ငွေဖြင့် အုပ်ချုပ်ရေး ယန္တရား လည်ပတ်ကြသည်။ အုပ်ချုပ်သူ အသိုင်းအ၀ိုင်း ချမ်းသာကြွယ်ဝကြသည်။ လူထုက မွဲမြဲမွဲ၊ တိုင်းပြည်က နုံချာမြဲ နုံချာ။ မကျေနပ်လျှင်လည်း ဘာမှ မတတ်နိုင်။ အုပ်စိုးသူက သယံဇာတ ရောင်းချငွေဖြင့် ဖိနှိပ်ရေး ယန္တရား အင်အား ကောင်းသထက် ကောင်းအောင် မွမ်းမံ ဖြည့်တင်းထားသည်။
အဲသလိုဖြင့် သယံဇာတတွေရှိလျက် ဆင်းရဲတွင်းထဲက မတက်နိုင်သည့် နိုင်ငံများကို သယံဇာတ ကျိန်စာမိနေသူများဟု ဆိုကြခြင်း ဖြစ်သည်။ အဲသည် အထဲမှာ ကျွန်တော်တို့လည်း ပါခဲ့သည်။
ရွှေအမြုရဲ့ ငွေရတု (အပိုင်း -၁) by မင်းလူ၏ ၀တ္တုတိုများ on Friday, November 9, 2012 at 3:00am ·
    ဆရာ၊ဆရာမ ခင်ဗျား.....
            ရွှေအမြုတေ စာပေဆုနှင်းသဘင်၊
            နှစ်ဆယ့်ငါးကြိမ်မြောက် ငွေရတုအခမ်းအနားကို
            အောက်ပါ အစီအစဉ်အတိုင်း
            ကျင်းပမည်ဖြစ်သဖြင့်
            မပျက်မကွက်
            ကြွရောက် ချီးမြှင့်ပါရန်
            လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
                          ရွှေအဖွဲ့သားများ
    အထက်ပါစာသားများပါသော ဖောင်းကြွ အီးမေးလ်ဖိတ်စာများသည် စာပေလောကသားများထံသို့ တစ်ပြိုင်နက် ရောက်ရှိလာသည်။ ဖောင်းကြွ အီးမေးလ်ဖိတ်စာဆိုသည်မှာ အီးမေးလ်ရောက်လာလို့ ဖွင့်ကြည့်လိုက်လျှင် စာသားတွေက မော်နီတာပေါ်မှာ ဖောင်းကြွပြီး ပေါ်လာသည်။ စခရင်ကို လက်နှင့်စမ်းကြည့်လျှင် စာလုံးတွေ ဖုနေတာတွေ့ရ၏။ အီးမေးလ်အတု မလုပ်နိုင်အောင် တီထွင်ထားခြင်းဖြစ်၏။ ပို့ခကတော့ ဈေးကြီးသည်။
    ဆရာကြီး ဦးစိန်မျိုးမြင့်သည် ရုပ်မြင်သံကြားမှပြသနေသော သရီးဒီဘောလုံးပွဲကို စိတ်ပါဝင်စားစွာကြည့်နေသည်။ သူသည် ဘောလုံးကလပ်အသင်းတစ်သင်း၏ အကြံပေးအရာရှိချုပ်ဖြစ်၏။ သူ့အသက်အရွယ်နှင့်ကျန်းမာရေးအရ ကွင်းထဲအထိ သွားမကြည့်နိုင်တော့သဖြင့် အိမ်ကနေပဲ သရီးဒီတီဗွီနှင့်ကြည့်ရင်း တိုက်ရိုက်ညွှန်ကြားနေရခြင်းဖြစ်၏။
    သူက ခလုတ်နှိပ်၍ ကွင်းထဲကနည်းပြနှင့်ဆက်သွယ်လိုက်ပြီး-
    " ဖော်မေးရှင်းကို သရီးဖိုက်တူးပြောင်း၊ ကွင်းလယ်ကိုစီးပြီး အတက်ကင်ကို မြှင့်တော့ "
    ဟုအမိန့်ပေးလိုက်သည်။ ထိုစဉ်တွင် သူ့တပည့်လေးဘေးမှာ လာရပ်သည်။
    " အီးမေးလ်ဖိတ်စာ ဝင်လာတယ်အဘ "
    ဦးစိန်မျိုးမြင့်က လှည့်မကြည့်ဘဲ
    " သေချာစစ်ပြီးပြီလား၊ စပမ်းမေးလ်လည်းဖြစ်နေဦးမယ် "
    " စစ်ပြီးပါပြီ၊ အမှန်အကန်ပါပဲ "
    " ဘယ်ကဖိတ်တာလဲ "
    " ရွှေအမြုတေ ဆုပေးပွဲတဲ့ "
    ဘောလုံးပွဲထဲ အာရုံရောက်နေသဖြင့် နားစွန်နားဖျား ကြားပြီး-
    " ဘာ၊ ရွှေမျိုးတွေဆုပေးပွဲ ဟုတ်လား၊ အဲဒါ ငါနဲ့ဘာဆိုင်လဲ "
    " ရွှေမျိုးတွေ မဟုတ်ပါဘူး၊ ရွှေအမြုတေ စာပေဆုပေးပွဲပါ "
    " ဟေ... ရွှေအမြုတေပွဲဆိုရင်တော့ သွားကိုသွားရမယ်၊ ဝီစကီကောင်းကောင်းမသောက်ရတာ ကြာပြီ "
    ဟု ပြောလိုက်၏။
ဥာဏ်အနီနဲ့ ဥာဏ်အနက်” ......by ရေးသားသူ - နတ်မှုး (ဥာဏ်နီ ဥာဏ်နက်ဆောင်းပါးမှ)
ဒီမို ဖက်တီး's photo.
လူထုအနေဖြင့် သူတို့၏ကံကြမ္မာကို ဘယ်သူဘယ်ဝါဒ သားမှန်းမသိသော ဗိုလ်ချုပ်တွေ၊ ပါတီခေါင်းဆောင်တွေထက် သူတို့ချစ်သော တိုင်းပြည် နှင့်လူမျိုးအတွက် အသက်စွန့် သွားသော အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်ဆောင်ဆန်း၏သမီး လက်ထဲသို့ သာ ပုံအပ်ချင်၍ဖြစ်သည်။ 
မြန်မာပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်မှာ တိုင်းပြည် ကို တိုးတက်အောင် လုပ်နိုင်သော အရည်အချင်းတွေရှိသည်ဟု အပြည့်အ၀ယုံကြည်သည်။ 
“ကျုပ်တို့ပြည်သူလူထုရဲ့သဘောဆန္ဒမပါဘဲ အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို နှစ်ပေါင်း(၁၀၀)နီးပါး အုပ်ချုပ်ခဲ့တယ်။ နောက် ဂျပန်တွေ ၀င်လာတယ်။ နောက် မဆလ၊ န၀တ၊ နအဖ ဆိုတာတွေ လည်း ပြည်သူ့ ဆန္ဒနဲ့ တက်လာတာမဟုတ်ဘူး။ လက်နက်အားကိုးနဲ့တက်လာတဲ့ အာဏာသိမ်း အစိုးရတွေပဲ။ စီမံအုပ်ချုပ်မှု ညံ့ဖျင်းခဲ့တဲ့အတွက် တိုင်းပြည် ဆင်းရဲတွင်းနက်ခဲ့တယ်။ ကမ္ဘာ့ အဆင်းရဲ ဆုံးနိုင်ငံ စာရင်းဝင်သွားတယ်။ န၀တ၊ နအဖတွေလည်း ၂၂ နှစ် ကျော် အုပ်ချုပ်ခဲ့တယ်။ ကျုပ်တို့ပြည်သူတွေ စကားတောင် ကျယ်ကျယ် မပြောရဲဘူး။ ကြောက်နေရ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျုပ်တို့ အားကိုးတယ်။ သူက ကျုပ်တို့နိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဗျ။ နောက်ပညာတတ်တယ်။ ဘာပဲဖြစ်ဖြစ် အရင်လူတွေထက်တော့ အပုံကြီးသာတယ်ဆိုတာ ကျုပ်တို့ရဲရဲကြီး ယုံကြည်တယ်”
" အင်္ဂလိပ်တွေတောင် နှစ်ပေါင်း ၁၀၀ နီးပါး အုပ်ချုပ်သွားသေးတာ။ အင်္ဂလိပ်မယား ငါးနှစ်လောက်အုပ်ချုပ်တော့ ဘာဖြစ်သေးလဲ။ "
ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ် ယောက်ျားယူခြင်းကို ခွင့်လွှတ်သည်။ ခွင့်မလွှတ်နိုင်သည်မှာ စစ်အစိုးရဖြစ်သည်။ 
စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရေးမှ ပထုတ်ပြီး၊ သူတို့ ဗိုလ်ချုပ် များသာ ထာဝရ မိုးကောင်းချင်နေသည်။ သို့ဖြင့် စစ်အစိုးရ အလိုကျ ရေးဆွဲထားသော ၂၀၀၈ ခုနှစ် နာဂစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပေါ်ပေါက် ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏သမ္မတမဖြစ်ရန် ကန့်သတ်မှုများသာမက ထိုအခြေခံဥပဒေ ကို ပြင်ဖို့ ခက်ရန်အတွက် ပြည်သူလူထုက ရွေးချယ်တင်မြှောက် ခြင်းမပြုရသော စစ်ဗိုလ် ၂၅% ကိုပါ လွှတ်တော်ထဲမှာ ထိုင်ခွင့်ပေးထားလိုက်သေးသည်။
ထိုနာဂစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အားကိုးပြုလျက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဗိုလ်ချုပ်ဟောင်းများက ....
“ဒေါ်အောင်ဆန်းစုကြည် သမ္မတလုပ်နိုင်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အရင်ပြင်ရလိမ့်မယ်“ ဟု ပြောလာကြသည်။
ပြောမှာပေါ့ … စစ်အစိုးရက သူတို့လက်ထဲကို နိုင်ဖဲထည့်ပေးခဲ့တာကိုး။ ကာတွန်း ဆရာ အော်ပီကျယ်ပြောတာ … သတိရမိသည်။
“ကျုပ်တို့လူမျိုးမှာ ဥာဏ်ရောင်စုံရှိဖို့ လိုတယ်ဗျ။ ဒါမှအမြင်ကျယ်ပြီး တိုင်းပြည် တိုးတက်မှာပေါ့။ အခုတော့ ဒီလူတွေမှာ ဥာဏ်အရောင် နှစ်မျိုးပဲရှိတယ်။ ဥာဏ်အနီနဲ့ ဥာဏ်အနက်” ......
ရေးသားသူ - နတ်မှုး (ဥာဏ်နီ ဥာဏ်နက်ဆောင်းပါးမှ)
လူထုအနေဖြင့် သူတို့၏ကံကြမ္မာကို ဘယ်သူဘယ်ဝါဒ သားမှန်းမသိသော ဗိုလ်ချုပ်တွေ၊ ပါတီခေါင်းဆောင်တွေထက် သူတို့ချစ်သော တိုင်းပြည် နှင့်လူမျိုးအတွက် အသက်စွန့် သွားသော အာဇာ
နည်ခေါင်းဆောင် ဗိုလ်ချုပ်ဆောင်ဆန်း၏သမီး လက်ထဲသို့ သာ ပုံအပ်ချင်၍ဖြစ်သည်။
မြန်မာပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်မှာ တိုင်းပြည် ကို တိုးတက်အောင် လုပ်နိုင်သော အရည်အချင်းတွေရှိသည်ဟု အပြည့်အ၀ယုံကြည်သည်။
တရားခံအစစ် “ ၂၀၀၈ ”
Kyaw Naing Win's photo.
တရားခံအစစ် “ ၂၀၀၈ ”
“ ဒီ လက်ပတောင်း တောင်ဆိုတာ မုံရွာမြို့ရဲ့ Land Mark ပါ။ ဒီ Land Mark ကြီးကို ဖြိုစတမ်းဆိုရင် ပုပ္ပားတောင်ကြီးထဲမှာ အလူမီနီယံတွေရှိတယ်ဆိုရင်ဖြိုချမှာလား။ သိဂုင်္တ္တရ ကုန်းမှာ ပလူတိုနီယမ်တွေရှိတယ်ဆို ရင်ရောခင်ဗျားတို့ဖြိုကြမှာလား။ဘနှဖူး သိုက်မတူးကြပါနဲ့။
မြစ်ဆုံတုန်းကလည်း ကျွန်တော်တို့ ပေါက်ကွဲပြီးပြီ။ ပြောပြီးပြီ။ ပြောပြီးတော့ နောက်တစ်ခါ ဒီလိုဖြစ်လာပြန်ပြီး နောက်ဖြစ်ဦးမှာပဲ။ အဲဒီတော့ ခင်ဗျားတို့က ဆန်စဉ်ရာကို ကျည်ပွေ့မလိုက်ကြပါနဲ့။ ငါးပွက်ရာ ငါးစာမချကြပါနဲ့။ အဓိကကို ဆုပ်ကိုင်နိုင်ရမယ်။ အဓိက ကဘာလဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံရဲ့ မဟုတ်မမှန်အနှစ်သာရတွေ ခင်ဗျားတို့ခံစားနေရတာ။ အဲဒီတော့ ကျွန်တော်တို့အားလုံးဟာ ဒါတွေကို ရှုတ်ချပြီးတော့ ပြီးမသွားပါနဲ့။ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းနိုင်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲဆိုတာကို အားလုံးစဉ်းစားဖို့လိုတယ်။ ဥပဒေတစ်ခုကိုပြဋ္ဌာန်းမယ်ဆိုရင် ဥပဒေတစ်ခုက ယုတ္တိတန်ရမယ်။ အများလက်ခံနိုင်ရမယ်။ အဓိပ္ပာယ်ရှိရမယ်။ ဒီဥပဒေကို ဘယ်သူပြုစုခဲ့တာလဲ။ လူတစ်ဦးတစ်ယောက်က အာဏာရှင်တစ်ယောက်ကနေ စိတ်တိုင်ကျရေးဆွဲပြီးတော့မှ နှစ်ပေါင်းများစွာ အချိန်ယူပြီးတော့ စိတ်တိုင်းကျအကာအကွယ်ယူဖို့အတွက် ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်။ စိတ်တိုင်းကြခံစားဖို့အတွက် ရေးဆွဲထားတဲ့ ဥပဒေ ဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ တပ်မတော်ကို အင်မတန်ချစ်တယ်။ လေးစားတယ်။ အဲဒီတော့ တပ်မတော်ကို လူမှန်နေရာမှန် ပြန်ပို့ချင်တယ်။ သိက္ခာရှိတဲ့ မြန်မာ့တပ်မတော်ဖြစ်စေချင်တယ်။ စီပွားရေးလုပ်တဲ့ တပ်မတော်မဖြစ်စေချင်ဘူး။
ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘာပေါ်မှာ မရှိတဲ့ကိစ္စ နှစ်ခုရှိတယ်။ အဲဒါကတော့ အစိုးရက သတင်းစားထုတ်ပြီး တပ်မတော်က စီးပွားရေးလုပ်တာပဲဖြစ်တယ်။ အဲဒါလည်း ကမ္ဘာစံချိန် တင်ထားတယ်။ ကျွန်တော်တို့ဆိုလိုချင်တာက အောက်ခြေမှာရှိတဲ့ အကြပ်၊ ရဲဘော်တွေ၊ တပ်သားတွေ ဘယ်လောက်ချမ်းသာနေလဲ၊ အဲဒီတော့ ရေပေါ်ဆီအလွှာကြီး ကြီးထွားအောင်လုပ်တဲ့ ဒီ Plan ကြီးကို မလိုချင်ပါဘူး။ သူတို့ဆီမှာ လက်ရှိရထားတဲ့ ဥစ္စာကလည်း တစ်သက်မဟုတ်ဘူး ဆယ်သက်စားတောင်မကုန်ပါဘူး။ ဒါတွေအားလုံး သိပြီးသားပါ။ အဲဒါကို ဘာလို့များတောင် ထပ်ပြီးလောဘကြီးနေရတာလဲ။ ဘာလို့များ ထမင်းချက် ငါးယောက်အတွက်၊ မာလီငါးယောက်အတွက် ထပ်ပေးပါလို့တောင်းနေရတာလဲ။ 
အဲဒီတော့  အဓိပ္ပာယ်မရှိတာကြီးကို လက်ခံနေရင် နောက်ထပ်ဒီလိုပြဿနာတွေကြုံနေရမှာပဲ။ အဓိပ္ပာယ်မရှိတာကို ဖြတ်ပစ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ လွတ်လပ်တဲ့ပြည်သူတွေက လွတ်လပ်တဲ့ သဘောဆန္ဒအရ ဆွဲရမှာဖြစ်ပါတယ်။  ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ ကြီးကို ကျွန်တော်တို့အယုံအကြည် မရှိတဲ့ အတွက် အားလုံးဆန္ဒနဲ့ပျက်အောင်လုပ်ရမယ်။ တရားခံအစစ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပေဒေပါ။”
- ဦးစိုးညွန့် (မြန်မာငှက် နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသင်းဥက္ကဌ)
တရားခံအစစ် “ ၂၀၀၈ ”
“ ဒီ လက်ပတောင်း တောင်ဆိုတာ မုံရွာမြို့ရဲ့ Land Mark ပါ။ ဒီ Land Mark ကြီးကို ဖြိုစတမ်းဆိုရင် ပုပ္ပားတောင်ကြီးထဲမှာ အလူမီနီယံတွေရှိတယ်ဆိုရင်ြ
ဖိုချမှာလား။ သိဂုင်္တ္တရ ကုန်းမှာ ပလူတိုနီယမ်တွေရှိတယ်ဆို ရင်ရောခင်ဗျားတို့ဖြိုကြမှာလား။ဘနှဖူး သိုက်မတူးကြပါနဲ့။
မြစ်ဆုံတုန်းကလည်း ကျွန်တော်တို့ ပေါက်ကွဲပြီးပြီ။ ပြောပြီးပြီ။ ပြောပြီးတော့ နောက်တစ်ခါ ဒီလိုဖြစ်လာပြန်ပြီး နောက်ဖြစ်ဦးမှာပဲ။ အဲဒီတော့ ခင်ဗျားတို့က ဆန်စဉ်ရာကို ကျည်ပွေ့မလိုက်ကြပါနဲ့။ ငါးပွက်ရာ ငါးစာမချကြပါနဲ့။ အဓိကကို ဆုပ်ကိုင်နိုင်ရမယ်။ အဓိက ကဘာလဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံရဲ့ မဟုတ်မမှန်အနှစ်သာရတွေ ခင်ဗျားတို့ခံစားနေရတာ။ အဲဒီတော့ ကျွန်တော်တို့အားလုံးဟာ ဒါတွေကို ရှုတ်ချပြီးတော့ ပြီးမသွားပါနဲ့။ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းနိုင်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲဆိုတာကို အားလုံးစဉ်းစားဖို့လိုတယ်။ ဥပဒေတစ်ခုကိုပြဋ္ဌာန်းမယ်ဆိုရင် ဥပဒေတစ်ခုက ယုတ္တိတန်ရမယ်။ အများလက်ခံနိုင်ရမယ်။ အဓိပ္ပာယ်ရှိရမယ်။ ဒီဥပဒေကို ဘယ်သူပြုစုခဲ့တာလဲ။ လူတစ်ဦးတစ်ယောက်က အာဏာရှင်တစ်ယောက်ကနေ စိတ်တိုင်ကျရေးဆွဲပြီးတော့မှ နှစ်ပေါင်းများစွာ အချိန်ယူပြီးတော့ စိတ်တိုင်းကျအကာအကွယ်ယူဖို့အတွက် ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်။ စိတ်တိုင်းကြခံစားဖို့အတွက် ရေးဆွဲထားတဲ့ ဥပဒေ ဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ တပ်မတော်ကို အင်မတန်ချစ်တယ်။ လေးစားတယ်။ အဲဒီတော့ တပ်မတော်ကို လူမှန်နေရာမှန် ပြန်ပို့ချင်တယ်။ သိက္ခာရှိတဲ့ မြန်မာ့တပ်မတော်ဖြစ်စေချင်တယ်။ စီပွားရေးလုပ်တဲ့ တပ်မတော်မဖြစ်စေချင်ဘူး။
Friday, December 7, 2012
ခေတ်ဆိုတာ လူက လုပ်တာပါ by Htain Linn on Thursday, December 6, 2012 at 12:05pm · ထိန်လင်း
            တိုးတက်လာတဲ့ အခြေအနေများနဲ့အတူ နေရာတိုင်း တိုင်းပြည်တိုင်းမှာ အပြောင်းအလဲတွေက အမြဲမပြတ် ဖြစ်လျက်ပါ။ အပြောင်းအလဲတွေထဲမှာ တိုးတက်ခြင်း ဆုတ်ယုတ်ခြင်းတွေ ဒွန်တွဲနေမှာပါပဲ။ ဘယ်ဟာက ဖြစ်သင့်တဲ့အပြောင်းအလဲ၊ ဘယ်ဟာက မဖြစ်သင့်တဲ့အပြောင်းအလဲ ဆိုတာတွေကတော့ တစ်ဦးချင်းကပဲဖြစ်ဖြစ်၊ လူမှုအ၀န်းအ၀ိုင်းကပဲဖြစ်ဖြစ် စဉ်းစားတွေးဆရမှာဖြစ်ပါတယ်။
            ဈေးကွက်စီးပွားရေး ဆိုတဲ့ ခဏကလေး ဖွင့်သလိုလုပ်လိုက်တဲ့အချိန်ကစပြီး မြန်မာပြည်ရဲ့ လူမှုစီးပွားနယ်ပယ် ပုံစံပြောင်းလဲလာခဲ့တာ မှတ်မိကြမှာပါ။ ဖက်စပ်လုပ်ငန်းတွေ ပေါ်လာတယ်၊ ပုဂ္ဂလိကလုပ်ငန်းတွေ များလာတယ်၊ စက်ရုံအလုပ်ရုံတွေ စတိုးဆိုင်တွေ မီနီမတ်ကက်တွေ စသဖြင့် သိသိသာသာ ပေါ်ထွက်လာခဲ့သလို မြို့နေလူတန်းစားရဲ့ ငွေကြေးရှာဖွေမှု အသက်မွေးဝမ်းကျောင်းလုပ်ငန်းအသစ်တွေ ပေါ်ခဲ့ပါတယ်။
            ပြတင်းပေါက်ကို ဖွင့်တဲ့အခါ အပြင်က လေကောင်းလေသန့်တွေ ၀င်လာနိုင်သလို၊ ညေၟာ်နံ့တွေလည်း ၀င်လာနိုင်တယ်။ ခြင်တွေယင်တွေ အမှိုက်သရိုက်တွေလည်း ၀င်လာနိုင်တာပဲ။ ဒါတွေကိုတော့ ကာကွယ်ရမှာပေါ့။ အဓိက က ပညာရေးနဲ့ အသိအမြင်ကျယ်ပြန့် မြင့်မားဖို့က အရေးကြီးပါတယ်။