Saturday, November 24, 2012

အမျိုးသားများ၏ ဆီးလမ်းကြောင်း ပြဿနာအဖြာဖြာ 23 November 2012

Zaw Lin shared Aye Chan Mon's photo.
အမျိုးသားများ၏ ဆီးလမ်းကြောင်း ပြဿနာအဖြာဖြာ

    23 November 2012   


အမျိုးသားများ၏ ဆီးလမ်းကြောင်းပြဿနာအဖြာဖြာဆီးကျိတ်ဆိုတာဟာ သစ်ကြားသီး ပုံသဏ္ဌာန် အကျိတ် တစ်ခုဖြစ်ပြီး ဆီးအိမ် အောက်ဘက် ဆီပြွန်နဲ့

ကပ်လျက် စအိုအရှေ့မှာ တည်ရှိ နေပါတယ်။ ဆီးကျိတ် ရဲ့တည်နေရာ ကို အောက်မှာ ပုံနဲ့တကွ ဖော်ပြလိုက် ပါတယ်။

Q. အသက် ၅၁ နှစ်အရွယ် အမျိုးသား တစ်ဦးအနေနဲ့ ဆီးကျိတ်ရောဂါဖြစ်နိုင် ပါသလား၊ ရောဂါဖြစ်ရင် ဘယ်လိုဝေဒနာ တွေခံစားရနိုင်ပါသလဲ။

A. အသက်ကြီးသူတစ်ယောက်အနေနဲ့ ဆီးကျိတ်ရောဂါဖြစ်ပေါ်နိုင်ပါတယ်။ ဆီးကျိတ်မှာ ရောဂါဝင်တာကို လိင်ဆက်ဆံ တာကို တက်ကြွမှုရှိနေတဲ့ ငယ်ရွယ်တဲ့ အမျိုးသားတွေမှာ အတွေ့များလေ့ရှိ တတ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက် နဲ့ ယခုအချိန် နှိုင်းယှဉ်ရင် ဆီးကျဉ်တာနဲ့ သွေးထဲမှာ ဆီးပါတာတွေကြောင့် ဆရာဝန်ကို လာရောက်ပြသတဲ့ လူနာတွေ ပိုများပါတယ်။ အခုအချိန်မှာမူ ဆီးလမ်း ကြောင်း ပိုးဝင်တာကြောင့် ဆေးခန်းကို လာပြသူတွေ ပိုများကြပါတယ်။

Q. ဆီးကျိတ်ရဲ့ လုပ်ငန်းဆောင်တာ တွေကို ဖော်ပြပါ။

A. ဆီးကျိတ်ဟာ မျိုးပွားနိုင်ဖို့ သုက်ပိုး တွေအတွက် အာဟာရတွေ ထုတ်လုပ် ပေးတာကြောင့် သုက်ရည်အတွက် အ ရေးကြီးပါတယ်။ အမျိုးသားတွေမှာ ဆီးကျိတ်ဟာ ၃၅ နှစ်အရွယ်မှာ စတင်ပြီး ကြီးလာနိုင်ပါတယ်။ ဒီလိုကြီးလာတဲ့ ပြောင်းလဲမှုကို မှန်ပြောင်းနဲ့ ကြည့်ရှုရင် မြင်ရနိုင်ပေမယ့် ဆီးလမ်းကြောင်းနဲ့ ပတ်သက်တဲ့ လက္ခဏာတွေ မပေါ်ပေါက်သေး ပါဘူး။ ဆီးအိမ်က ဆီးကျိတ်ကြီးလာတဲ့ ပြောင်းလဲမှုကို ထိန်းညှိနိုင်လို့ပါ။ ဆီးကျိတ်ကြီး လာတာဟာ အမျိုးသား လိင်ဟော်မုန်း တက်စတိုစတီရုန်းနဲ့ အကျိတ်ရဲ့ ဆဲလ်အစိတ်အပိုင်းနဲ့ သွေး ကြောအစိတ်အပိုင်းတွေ ကြီးထွား လာတာကြောင့်ပါ။ ဒီလိုကြီးထွားလာတဲ့ဖြစ် စဉ်ဟာ တစ်ခုနဲ့တစ်ခု အချိုးအစား မညီမျှတာကြောင့် တစ်ယောက်နဲ့တစ် ယောက်ကြားမှာလည်း ဆီးကျိတ်ကြီးထွား မှုဟာ တူညီမှုမရှိနိုင်ပါဘူး။

Q. ဆီးကျိတ်ကြီးတဲ့ ဖြစ်စဉ်ဟာ ဆီး ကျိတ်ရဲ့ဘယ်နေရာက စတင်ဖြစ်ပေါ် တတ်ပါသလဲ၊ ဘာလက္ခဏာတွေပြတတ် ပါသလဲ။

A. BPH ခေါ်တဲ့ ဆီးကျိတ်ကြီးထွားတဲ့ ဖြစ်စဉ်ဟာ ဆီးကျိတ်ရဲ့အလယ်ပိုင်းနေရာ မှာ ပိုမိုကြီးထွားတတ်တာကြောင့် ဆီးပြွန် ကို ဖိထားနိုင်ပြီး ဆီးလမ်းကြောင်းပိတ်ဆို့ တဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ ဆီးကျိတ်ကင်ဆာမှာမူ အကျိတ်ရဲ့ ဘေးနေရာမှာ ပိုမိုကြီးထွားတတ်ပါတယ်။ ဒါကြောင့် ဆီးပြွန်ကို ဖိထားနိုင်တဲ့အပြင် ဘေးပတ်ဝန်းကျင်မှ အစိတ်အပိုင်းတွေ ကိုလည်း ဖိထားနိုင်တဲ့အတွက် အဲဒီနေရာ တစ်ဝိုက်မှာ False capsule ဖြစ်ပေါ် တတ်ပါတယ်။

Q. BPH ရောဂါဟာ ဘယ်အသက်အရွယ်မှာ စတင်ဖြစ်ပေါ်တတ်ပါသလဲ။ ဘာကြောင့်အသက် ကြီးသူတွေမှာပဲ ဆီးလမ်းကြောင်းနဲ့ပတ်သက်တဲ့ ဝေဒနာတွေ တွေ့ရှိရပါသလဲ။

A. BPH ခေါ်တဲ့ ဆီးကျိတ်ကြီးတဲ့ ရော ဂါဟာ အမျိုးသားတွေမှာ အစောဆုံး အသက် ၃၀ အရွယ်မှာ စတင်ဖြစ်ပေါ် တတ်ပါတယ်။ အမျိုးသားတွေအနေနဲ့ အသက် ၃၀ အရွယ်မှာ ၂၅ ရာခိုင်နှုန်း၊ အသက် ၄၀ အရွယ်မှာ ၃၅ ရာခိုင်နှုန်း၊ အသက် ၅၀ အရွယ်မှာ ၅၀ ရာခိုင်နှုန်း နဲ့ အသက် ၈၀ အရွယ်မှာ ၈၀ ရာခိုင်နှုန်း ဟာ BPH ဖြစ်တတ်ပါတယ်။ ဆီးကျိတ်အနည်းငယ်ကြီးရုံနဲ့ ဆီး လမ်းကြောင်းနဲ့ဆိုင်တဲ့ ပြဿနာတွေ မပေါ်ပေါက်နိုင်သေးပါဘူး။ ဆီးကျိတ် အနေနဲ့ ဆီးအိမ်ထက်ကြီးမားလာမှသာ အောက်ပိုင်းဆီးလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ စတင်ပေါ်ပေါက်တတ် ပါတယ်။ ဒီအခြေအနေကို Clinical BPH လို့ ခေါ်ပါတယ်။ Clinical BPH က များသောအားဖြင့် အသက်၅၀ကျော် သူတွေမှာသာ ဖြစ်တတ်ပါတယ်။ လေ့ လာမှုအရ အသက် ၅၀ ကျော်သူတွေရဲ့ ၂၅ ရာခိုင်နှုန်းနဲ့ အသက် ၆၀ ကျော်သူ တွေရဲ့ ၄၀ ရာခိုင်နှုန်းမှာ Clinical BPH ဖြစ်ပေါ်တတ်ပါတယ်။

SM

အေးချမ်းမွန်မှ  Good Health  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Good Health
အမျိုးသားများ၏ ဆီးလမ်းကြောင်း ပြဿနာအဖြာဖြာ

23 November 2012


အမျိုးသားများ၏ ဆီးလမ်းကြောင်းပြဿနာအဖြာဖြာဆီးကျိတ်ဆိုတာဟာ သစ်ကြားသီး ပုံသဏ္ဌာန် အကျိတ် တစ်ခုဖြစ်ပြီး ဆီးအိမ် အောက်ဘက် ဆီပြွန်နဲ့

ကပ်လျက် စအိုအရှေ့မှာ တည်ရှိ နေပါတယ်။ ဆီးကျိတ် ရဲ့တည်နေရာ ကို အောက်မှာ ပုံနဲ့တကွ ဖော်ပြလိုက် ပါတယ်။

Q. အသက် ၅၁ နှစ်အရွယ် အမျိုးသား တစ်ဦးအနေနဲ့ ဆီးကျိတ်ရောဂါဖြစ်နိုင် ပါသလား၊ ရောဂါဖြစ်ရင် ဘယ်လိုဝေဒနာ တွေခံစားရနိုင်ပါသလဲ။

A. အသက်ကြီးသူတစ်ယောက်အနေနဲ့ ဆီးကျိတ်ရောဂါဖြစ်ပေါ်နိုင်ပါတယ်။ ဆီးကျိတ်မှာ ရောဂါဝင်တာကို လိင်ဆက်ဆံ တာကို တက်ကြွမှုရှိနေတဲ့ ငယ်ရွယ်တဲ့ အမျိုးသားတွေမှာ အတွေ့များလေ့ရှိ တတ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက် နဲ့ ယခုအချိန် နှိုင်းယှဉ်ရင် ဆီးကျဉ်တာနဲ့ သွေးထဲမှာ ဆီးပါတာတွေကြောင့် ဆရာဝန်ကို လာရောက်ပြသတဲ့ လူနာတွေ ပိုများပါတယ်။ အခုအချိန်မှာမူ ဆီးလမ်း ကြောင်း ပိုးဝင်တာကြောင့် ဆေးခန်းကို လာပြသူတွေ ပိုများကြပါတယ်။

Q. ဆီးကျိတ်ရဲ့ လုပ်ငန်းဆောင်တာ တွေကို ဖော်ပြပါ။

ကျေးဇူးခံ၊ ကျေးဇူးစား ပြဿနာ ရှင်းတမ်း

ကျေးဇူးခံ၊ ကျေးဇူးစား ပြဿနာ ရှင်းတမ်း

တရုတ်က မြန်မာပြည်ကို ငတ်တုန်းကျွေးထားခဲ့တဲ့ ကျေးဇူးတွေ ရှိတယ် ဆိုတဲ့ စကားဗျာ တနုံ့နုံ့ဖြစ်ရလွန်းလို့၊ သမိုင်းနဲ့ချီပြီး သုံးသပ်မိတယ်။

၁၉၆၂ မတိုင်မီတုန်းက ကျနော်တို့တိုင်းပြည်ဟာ ဘာကြွေးမြီမှ မရှိရုံမက၊ ကမ္ဘာ့ဘဏ်ထဲ အရန်ရွှေတွေ တောင် ရှိခဲ့တယ်။
အရှေ့တောင်အာရှမှာ အကောင်းဆုံး တက္ကသိုလ်၊ အကောင်းဆုံးဆေးရုံ၊ နဲ့ အချမ်းသာအကြွယ်ဝဆုံး တိုင်းပြည်။
လွတ်လပ်ရေး ဆုံးရှုံးခဲ့သည်တိုင် ထိုင်း ကိုတောင် ပို့ကုန်တဘက်သတ်နဲ့၊
ရွှေကျီးနိုင်လွန်၊ ဟံသာအေးနိုင်လွန်၊ ကြက်ဆင်ဖဲထီး၊ ပွင့်ကောင်း ငပိငံပြာရည်တို့ နိုင်ငံခြားပို့ကုန်တွေ ဖြစ်ခဲ့ရ။
ခေါင်းဆောင်တွေဆိုလည်း ဦးနု ဟာ အရှေ့တောင်အာရှမှာ သြဇာရှိတဲ့ ခေါင်းဆောင်တဦးဖြစ်ခဲ့သလို(အင်ဒိုနီးရှားလွတ်လပ်ရေးအတွက် တောင် ထောက်ပံ့ခဲ့တယ်)၊ ဦးသန့်ဟာ နိုင်ငံတကာ က လေးစားလွန်းရတဲ့ ကမ္ဘာ့ ခေါင်းဆောင် တဦးဖြစ်ခဲ့တယ်။
စင်္ကာပူ ထူထောင်သူ လီကွမ်ယု က မြန်မာပြည်ကို စံပြုခဲ့တယ်၊ မြန်မာပြည်လို ဖြစ်အောင် ကြိုးစားမယ်လို့ ပြောခဲ့တယ်။ ဒီကနေ့ စင်္ကာပူဟာ ချမ်းသာကြွယ်ဝသော်ငြား ဒီမိုကရေစီရေး နဲ့ လူ့တန်ဖိုးရှိမှု၊ နိုင်ငံသား တဦးချင်း ထူးချွန်ထက်မြက်မှုတို့မှာ အဲဒီခေတ်မြန်မာပြည်ကို မမီသေးပါဘူး (ရဲရဲ ကိုပြောရဲတယ်)။

ဒီလို တိုင်းပြည်ကို ချောက်ထဲကျဖို့ လက်တလုံး အလို လို့ အကြောင်းပြပြီး ကယ်တင်ရှင်လုပ် အာဏာသိမ်းခဲ့တဲ့ ဦးနေ၀င်းနဲ့ စစ်အုပ်စု တသိုက် ရဲ့
လက်ထဲမှာ တိုင်းပြည်ဟာ တဖြည်းဖြည်း ချွတ်ခြုံကျ ဆင်းရဲနိမ့်ပါးလိုက်တာ
၁၉၈၇ မှာ အဆင်းရဲဆုံးတိုင်းပြည်စာရင်း L.D.C ၀င်ခဲ့ရတယ်။

သကြားထက်ချိုသောအရာ (ဖတ်ဖြစ်အောင်ဖတ်ပါကျန်တော်လည်းရင်ထဲထိသွားလိုပြန်မျှဝေလိုက်တာပါ) Posted by သန်းထိုက်ဝင်း on November 24, 2012 at

သကြားထက်ချိုသောအရာ (ဖတ်ဖြစ်အောင်ဖတ်ပါကျန်တော်လည်းရင်ထဲထိသွားလိုပြန်မျှဝေလိုက်တာပါ)

Posted by သန်းထိုက်ဝင်း on November 24, 2012 at

အသက်ရနေပြီဖြစ်တဲ့ လူကြီးတစ်ယောက်ဟာ အေးစက်နေတဲ့ လမ်းဘေး ပလက်ဖောင်း လေးတစ်ခုပေါ်မှာ ထိုင်နေပါ
တယ်.. မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊ စုတ်ပြဲညစ်နွမ်းနေတဲ့ အ၀တ်အစားတွေနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ သူ့ကို
လမ်းသွားလမ်းလာ လူတွေက သာမန်ကာလျှံကာ ကြည့်သွားကြရုံက လွဲလို့ဘယ်သူကမှအရေးတယူ မရှိကြ......
ဟုတ်ပါတယ်လေ အိမ်မရှိ ယာမရှိ တောင်းရမ်း စားသောက်နေတဲ့ သူ့လိုလူ တစ်ယောက်ကို ဘယ်သူကများ
ဆေးဖော်ကြောဖက် လုပ်ချင်ပါ့မလဲ.ရေခဲလုမတတ် အေးချမ်းလွန်းတဲ့ ခုလိုချိန်မျိုးမှာ စုတ်ပြဲနေတဲ့သူ့ကုတ်အင်္ကျီ
အဟောင်းလေး ထက်စာရင် နွေးနွေးထွေးထွေး ထူထူထဲထဲရှိမဲ့အင်္ကျီမျိုး သူ့အတွက် သိပ်ကို လိုအပ်နေတာတော့
အမှန်ပါ…


ဒီအချိန်လေးမှာ အသက် ၃၅နှစ်ခန့် အမျိုးသမီး တစ်ယောက်ဟာပလက်ဖောင်းလေးအတိုင်း လမ်းလျှောက်
လာနေပါတယ်.. လျှောက်လာရင်းနဲ့အမျိုးသမီးဟာ သူ့အနားအရောက်မှာ ရပ်တန့်လိုက်ပြီး သူ့ကို ငုံ့ကြည့်
လိုက်ကာ“ ဦးလေး.. ရှင်နေကောင်းရဲ့လား” လို့ နှုတ်ခွန်းဆက် စကား ဆိုလိုက်ပါတယ်..ကြည့်လိုက်တာနဲ့
အမျိုးသမီးဟာ ချမ်းချမ်းသာသာ အထက်တန်းလွှာက ဖြစ်မယ်ဆိုတာအဖိုးအိုက သိလိုက်ပါတယ်.. သူမဟာ
လှပသစ်လွင်တဲ့ ထူထူထဲထဲ ကုတ်အင်္ကျီကိုဝတ်ဆင် ထားပါတယ်… ပြီးတော့လဲ သူမကို ကြည့်ရတာ ငတ်မွတ်ခြင်း၊
ဆာလောင်ခြင်းဆိုတာကို ဘယ်သောခါမှ ခံစားခဲ့ရဖူးပုံ မပေါ်ပါဘူး.. ဒီလို အမျိးသမီးတစ်ယောက်က သူနဲ့ လာပြီး
စကားပြောဆို ပတ်သက်ဖို့ဆိုတာ အကြောင်းကို မရှိပါ…သူဟာလည်း တစ်ခြား လမ်းသွားလမ်းလာတွေလိုဘဲ သူ့
ကို ရယ်စရာလုပ်ဖို့စနောက်ဖို့ သက်သက်နဲ့ စကားလာပြောနေတာသာ ဖြစ်မှာပါ.. ဒါကြောင့်လဲအမျိုးသမီးကို “
ခင်ဗျား ကိုယ့်လမ်းကို သွားပါ.. ကျုပ်တစ်ယောက်တည်းနေပါရစေလို့ ” အော်ဟစ်ပြီး ပြောလိုက်ပါတယ်..

ရေသောက်သုံးမှုနည်းသည့်ပြဿနာမှာသွေးချို ၊ ဆီးချိုရောဂါဖြစ်ပွားမှုနှင့်ဆက်စပ်လျက်ရှိ Posted by Thi Thi Cho on နိုဝင်ဘာ 24, 2012 at

ရေသောက်သုံးမှုနည်းသည့်ပြဿနာမှာသွေးချို ၊ ဆီးချိုရောဂါဖြစ်ပွားမှုနှင့်ဆက်စပ်လျက်ရှိ

Posted by Thi Thi Cho on နိုဝင်ဘာ 24, 2012 at

နေ့စဉ် ရေ(၂)ခွက်ထက် နည်းပြီး သောက်သုံးတဲ့ သူတွေဟာ သွေးတွင်းသကြားဓာတ် မြင့်မားဖို့ အလားအလာ ပိုမိုမြင့်မား နိုင်တယ်လို့ သိရပါသည်။ေ သွးတွင်းသကြား ဓာတ်ဟာေ သွးချို ၊ ဆီးချိုရောဂါ ဖြစ်ပွားလောက်အောင် မမြင့်မားပေမယ့် သာမန်ထက် သွေးတွင်း သကြားဓာတ် ပိုမို မြင့်မားတဲ့သူေ တွ ၊ သွေ
းချို ၊ ဆီးချိုရောဂါအကြို ဖြစ်ပွားနေသူတွေ ဖြစ်ပါသည်။

ယခုပြုလုပ်တဲ့ လေ့လာမှု အသစ်အရ ရေလီတာဝက်သာ သောက်သုံးတဲ့ အရွယ်ရောက်ပြီး သူတွေဟာ သွေးချို ၊ ဆီးချိုရောဂါ အကြို ဖြစ်ပွားတဲ့ အဆင့်

မှာ သွေးတွင်းသကြားဓာတ် ပိုမိုမြင့်မား လာကြောင်း သိရပါသည်။ ဒါ့ပေမယ့်လည်း ပုံမှန်ရေ သောက်သုံးသူ တွေဟာ သွေးတွင်း သကြားဓာတ် မြင့်မားမှု အန္တရာယ်ကို လျှော့ချနိုင်မှု ရှိ ၊ မရှိ ဆိုတာကိုတော့ ဆက်လက် လေ့လာလျက် ရှိပါသည်။ အဆိုပါ လေ့လာချက် အသစ်ကို စတင် လေ့လာချိန်က သွေး တွင်း သကြားဓာတ် ပုံမှန်ရှိတဲ့ အသက်(၃၀)နဲ့ (၆၅)နှစ်ကြား အရွယ်ရှိ ပြင်သစ်လူမျိုး(သုံးထောင့်ခြောက်ရာတစ်ဆယ့်ငါး)ဦးကို လေ့လာမှုတွေ လုပ်ခဲ့ တာ ဖြစ်ပါသည်။ လေ့လာမှုမှာ ပါဝင်သူတွေ အနက် (၁၉)ရာခိုင်နှုန်းဟာ တစ်နေ့ ရေလီတာဝက်ထက် နည်းပြီး သောက်သုံး သူတွေဖြစ်ပြီး ကျန်(၈၉)ရာခို င်နှုန်းကတော့ ရေတစ်လီတာ နဲ့အထက် သောက်သုံးသူတွေ ဖြစ်ပါသည်။


လေ့လာမှုမှာ ပါဝင်သူတွေကို (၉)နှစ်ကြာ စောင့်ကြည့်ခဲ့ပြီး ပါဝင်သူ တွေအနက်(၅၆၅)ဦးဟာ သွေးတွင်း သကြားဓာတ် မြင့်မားလျက်ရှိပြီး (၂၀၂)ဦးကေ တာ့ သွေးချို ၊ ဆီးချိုရောဂါ ဖြစ်ပွားနေတာကို တွေ့ရပါသည်။ နောက်ထပ်တွေ့ရှိ မှုတွေအရ ရေသောက်သုံးမှု နည်းပါးသူတွေဟာ ရေအစား အချိုရည်ေ သာက်သုံးမှု များပြားတာကြောင့် ကိုယ်အလေးချိန်နဲ့ သကြားဓာတ် မြင့်တက်တာကို တွေ့ရပါသည်။ သုတေသီ တွေကတော့ အချိုရည် သောက်သုံးမှု ကို လျှော့ချပြီး သောက်ရေသန့် သောက်သုံးခြင်ဟာ သွေးချို ၊ ဆီးချိုရောဂါ ဖြစ်ပွားမှု တားဆီးဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်တယ်လို့ အကြံပေးထားေ ကြာင်း သိရှိရပါသည်/

http://soneseeyar.ning.com/profiles/blog/show?id=6523429%3ABlogPost%3A84178&xgs=1&xg_source=msg_share_post
ရေသောက်သုံးမှုနည်းသည့်ပြဿနာမှာသွေးချို ၊ ဆီးချိုရောဂါဖြစ်ပွားမှုနှင့်ဆက်စပ်လျက်ရှိ
soneseeyar.ning.com
နေ့စဉ် ရေ(၂)ခွက်ထက် နည်းပြီး သောက်သုံးတဲ့ သူတွေဟာ သွေးတွင်းသကြားဓာတ် မြင့်မားဖို့

ကာမေသုမိစ္ဆာစာရကံ

ကာမေသုမိစ္ဆာစာရကံ

လောကမှာ ကျင်လည်ကျက်စားနေကြတဲ့ သတ္တ၀ါမှန်သမျှဟာ သတိလက်လွတ်မှုကြောင့် မမှားသင့်တဲ့ အမှားလေးတွေ
မှားနေကြပါတယ်။တချို့အမှားလေးတွေကျတော့မိမိဘက်က မှန်တယ်ထင်ရပေမဲ့အများအမြင်မှာတော့ မှားတဲ့အရာဖြစ်
နေပါတယ်။ ယနေ့ခေတ်တွင် လူငယ်များဟာ ကာမကိစ္စများနဲ့ပတ်သတ်ပြီး မှားသင့်တဲ့အရာလား၊မမှားသင့်တဲ့အရာလား
ဆိုတာ ခွဲခြားဝေဖန်ခြင်း လေ့လာခြင်းမရှိဘဲ စိတ်ကိုအလိုလိုက်ကာ အလွယ်တကူ မှားယွင်းနေကြပါတယ်။ တကယ်ဆို
ကာမအမှုဟာ မိမိအတွက် အပြစ်နဲ့အကျိုး ဘယ်ဟာက ပိုများသလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။

ဒါပြင် ယခုခေတ်လူငယ်များ ကျုးလွန်နေကြတဲ့ ကာမမှုများဟာ များသောအားဖြင့် ကာမေသုမိစ္ဆာစာရကံနဲ့ မကင်းဘူးဖြစ်
နေပါတယ်။ မိမိတို့ဟာ ဘယ်လိုမိန်းမယောက်ျားနဲ့ ကျုးလွန်ရင် ကာမေသုမိစ္ဆာစာရကံ ထိုက်မလဲဆိုတာ သေချာမသိကြပါ။
တချို့ကျတော့လည်း သိသိကြီးနဲ့ မိုက်နေကြတာလည်း ဖြစ်ပါမယ်။ အဲဒီလိုမိုက်နေတာဟာ ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုး
ကျိုးများကို မိမိတို့က သေချာမစဉ်းစား မလေ့လာထားလို့ပါ။ တကယ်တမ်းလေ့လာဆင်ခြင်စဉ်းစားမယ်ဆိုရင်ဒီကာမေသု
မိစ္ဆာစာရကံရဲ့အကျိုးဟာ မျက်မှောက်တမလွန်နှစ်ဘ၀လုံးအတွက် ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ သိပါလိမ့်
မယ်။

မြန်မာတွေသိပ်မသိကြတဲ့ ကမ္ဘာကျော်မြန်မာတစ်ဦး (သို့မဟုတ်) အာရှဖွံ့ဖြိုးရေးဘဏ်၏ဖခင်ကြီး ဦးညွန့်

MrMaung KoThet and D Nyein Lin shared Aye Chan Mon's photo.
မြန်မာတွေသိပ်မသိကြတဲ့ ကမ္ဘာကျော်မြန်မာတစ်ဦး (သို့မဟုတ်) အာရှဖွံ့ဖြိုးရေးဘဏ်၏ဖခင်ကြီး ဦးညွန့်

ဦးညွန့်ဟာ နိုင်ငံတကာ ဆက်ဆံရေးစာမျက်နှာတွင် မြန်မာတစ်ဦးအဖြစ်သာမက အာရှတိုက်သားတစ်ဦးအဖြစ် အောင်မြင်ခဲ့သူ၊ ကုလသမဂ္ဂ အဖွဲ့ အစည်းတွင် မြန်မာနိုင်ငံသားများထဲမှ ပထမဆုံး အဆင့်မြင့်ရာထူးကို ထမ်းဆောင်ခဲ့သူ၊ အာရှဖွံ့ဖြိုးရေးဘဏ်ကြီး ပေါ်ထွက်လာရေး၏ ဖခင်ကြီးအဖြစ် ကမ္ဘာက အသိအမှတ်ပြုခဲ့သူ ဖြစ်ပါတယ်။ သူ့ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၂နှစ် (၁၉၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ)က ဘားအံမြို့မှာ မွေးဖွားခဲ့ပါတယ်။

အခု ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (အက်စ်ကက်ပ်) မတိုင်ခင်ရှိခဲ့တဲ့ အာရှနှင့် အရှေ့ဖျား ဒေသဆိုင်ရာ စီးပွားရေးကော်မရှင် (အီးကဖေး)ရဲ့ အမှုဆောင် အတွင်းဝန် အဖြစ် ၁၄ နှစ်ကြာ ဆောင်ရွက်ခဲ့တဲ့ အတွက် သူ့ကို အီးကဖေး ဦးညွန့်လို့ လူသိများပါတယ်။

၁၉၃၀ ပြည့်နှစ်မှာ ရန်ကုန် တက္ကသိုလ်ကနေ ၀ိဇ္ဇာဘွဲ့ရရှိခဲ့ပြီး နောက်ပိုင်း အောက်စ်ဖို့တက္ကသိုလ်နဲ့ လန်ဒန်တက္ကသိုလ်တို့မှာ ပညာသင် ကြားခဲ့တဲ့ ဦးညွန့်ဟာ မြန်မာနိုင်ငံတော် ၀န်ထမ်းဘ၀နဲ့ ၁၉၃၃ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပါတယ်။

အကောက်ခွန်မင်းကြီး၊ ကုန်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ပြီး ၁၉၅၂ ခုနှစ်မှာ မြန်မာနိုင်ငံတော်အစိုးရ ခွင့်ပြုချက် အရ ECAFE တွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၅၉ ခုနှစ်မှာ ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး က ECAFE ရဲ့ အမှုဆောင်အတွင်းဝန် အဖြစ် ခန့်အပ်ခဲ့တဲ့ ဦးညွန့်ကို လူသိများ ရတဲ့အချက်တွေထဲက တစ်ခုက ကမ္ဘာ့ စာမျက်နှာမှာ အာရှရုပ်ပုံလွှာကို စတင် မြှင့်တင်ပေးနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

ဦးညွန့် ECAFE ရဲ့ အမှုဆောင် အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင် နေချိန်ဟာ အနောက်နိုင်ငံတွေရဲ့ စနက်နဲ့ အာရှနိုင်ငံတွေ ကြားမှာ သဘော ထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေတဲ့ကာလ ဖြစ်ပါတယ်။ ECAFE ရဲ့ အစည်း အဝေးတွေမှာ အများမဲအနိုင်စနစ်နဲ့ ဆုံးဖြတ်ချက်တွေချမှတ်တဲ့ အလေ့ အထကြောင့် အင်အားကြီး ကိုလိုနီ နိုင်ငံတွေက သူတို့စိတ်ကြိုက်ခြယ်လှယ် နိုင်နေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အာရှနိုင်ငံတွေက မိမိတို့ သဘောအတိုင်း အချင်းချင်းညှိနှိုင်း ဆောင်ရွက်နိုင်မယ့် အားလုံးစိတ်တူ သဘောတူ (Consensus) ဆုံးဖြတ်တဲ့ အာရှလမ်းစဉ်(Asian Way)ကို ဦးညွန့် က စတင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလမ်းစဉ်နဲ့ပဲ မဲခေါင်မြစ်ဝှမ်း စီမံကိန်းကို အကောင်အထည်ဖော်ပြီး အာရှနိုင်ငံတွေရဲ့ စည်းလုံးမှုကို အစပျိုး စေခဲ့ပါတယ်။ အဲဒီနောက်မှာ အာရှ ဖွံ့ဖြိုးရေးဘက်၊ အာရှငွေကြေးပေးချေ မှုအုပ်စု စသဖြင့် ဆက်လက်တည် ထောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာသာမက အာရှမှာပါ အရေးပါတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တဲ့ကာလမှာ တာဝန်ထမ်း ဆောင်ခဲ့တဲ့ ဦးညွန့်ဟာ ECAFE ရဲ့ အမှုဆောင် အတွင်းဝန်တွေထဲမှာ အအောင်မြင်ဆုံးလို့ ဆိုနိုင်ပါတယ်။

အားကစားလည်းလိုက်စားတဲ့ ဦးညွန့် ဟာ ရန်ကုန်တက္ကသိုလ် လှေလှော် အသင်းကိုယ်စားပြု အင်းလျားကန် ဖြတ် ရေကူးသမား တစ်ဦးဖြစ်သလို တက္ကသိုလ်လေ့ကျင့်ရေးတပ်၏ ရိုင်ဖယ် သေနတ်ပစ် လက်ဖြောင့်သမားလည်း ဖြစ်ပါတယ်။

"အခု ကန်တော်ကြီးဟိုတယ်နေရာက အဲဒီခေတ်က လူဖြူတွေချည်းပဲပါတဲ့။ Rangoon Boat Club ကို အနိုင် လှော်ခဲ့ကြတဲ့ထဲမှာ ပါတယ်။ အဖေ့ရဲ့ ပင်ကိုအရည်အချင်းတွေက မျိုးချစ် စိတ်ဓာတ် ပြင်းပြတယ်။ အမျိုးဘာသာ ချစ်စိတ်လည်း ပြင်းပြတယ်"လို့ ဦးညွန့်ရဲ့ ဒုတိယသားဖြစ်တဲ့ ဒေါက်တာသန်းညွန့်က ပြောပြပါတယ်။

၁၉၇၃ ခုနှစ်မှာ ဦးညွန့် ဟာECAFE ရဲ့ အမှုဆောင် အတွင်းဝန်အဖြစ်ကနေ အငြိမ်းစားယူခဲ့ပါတယ်။

ဦးညွန့် နောက်ဆုံးအနေနဲ့ တာဝန်ယူကျင်းပပေးခဲ့ရတဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ ECAFE ရဲ့ (၂၉)ကြိမ်မြောက် ညီလာခံ မှာ သူ့ကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေငြာချက်မှာ ဦးညွန့်ကျင့်သုံးခဲ့ တဲ့ အာရှလမ်းစဉ်ကို နိုင်ငံအချင်းချင်း ညီရင်းအစ်ကိုကဲ့သို့ ဆက်ဆံခြင်းလို့ ဖော်ပြပြီး အာရှရုပ်ပုံလွှာ လျင်လျင်မြန်မြန် ပေါ်ထွန်းလာဖို့ ကြိုးစားအားထုတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀ ကတည်းက တက္ကသိုလ်မှာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းပဲရှိပြီး ဗုဒ္ဓဘာသာ ဓမ္မာရုံ တည်ဆောက်ရေးအတွက် လှုပ်ရှားခဲ့တဲ့ ဦးညွန့်ဟာ အငြိမ်းစားယူပြီး နောက်ပိုင်းမှာလည်း ဇနီးဖြစ်သူ ဒေါ်သန်းတင်နဲ့အတူ ဘာသာ သာသနာရေးကို အာရုံစိုက်ခဲ့ပါတယ်။

၁၉၇၅ ခုနှစ်မှာ နိကာယ်သာသနာ တော်ပြန့်ပွားရေးအသင်း တည်ထောင်ရာမှာ ပါဝင်ခဲ့ပြီး အသင်းဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက် ခဲ့ပါတယ်။

ရွှေတိဂုံ စေတီနဲ့ ကမ္ဘာအေးစေတီတို့မှာလည်း မီးမောင်းတွေကို ပထမဆုံးအဖြစ် တပ်ဆင်လှူဒါန်းခဲ့ပါတယ်။ ညဘက်မှာ စေတီတော်တွေကို မီးရောင်ထိန်ထိန်နဲ့ ဖူးမျှော်နိုင်အောင် ဦးညွန့်က လမ်းဖော်ပေးခဲ့တာလို့ ဆိုနိုင်ပါတယ်။

သားလေးယောက်၊ သမီး တစ်ယောက် ထွန်းကားခဲ့တဲ့ ဦးညွန့်ဟာ သက်ရှိထင်ရှားရှိမယ်ဆိုရင် အသက် ၁၀၂ ပြည့်ပြီ ဖြစ်ပါတယ်။

အားလုံးကိုလေးစားစွာဖြင့်
မင်းအရိပ်

အေးချမ်းမွန်မှ  ဝေဟင်ချစ်သူ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဝေဟင်ချစ်သူ
မြန်မာတွေသိပ်မသိကြတဲ့ ကမ္ဘာကျော်မြန်မာတစ်ဦး (သို့မဟုတ်) အာရှဖွံ့ဖြိုးရေးဘဏ်၏ဖခင်ကြီး ဦးညွန့်

ဦးညွန့်ဟာ နိုင်ငံတကာ ဆက်ဆံရေးစာမျက်နှာတွင် မြန်မာတစ်ဦးအဖြစ်သာမက
အာရှတိုက်သားတစ်ဦးအဖြစ် အောင်မြင်ခဲ့သူ၊ ကုလသမဂ္ဂ အဖွဲ့ အစည်းတွင် မြန်မာနိုင်ငံသားများထဲမှ ပထမဆုံး အဆင့်မြင့်ရာထူးကို ထမ်းဆောင်ခဲ့သူ၊ အာရှဖွံ့ဖြိုးရေးဘဏ်ကြီး ပေါ်ထွက်လာရေး၏ ဖခင်ကြီးအဖြစ် ကမ္ဘာက အသိအမှတ်ပြုခဲ့သူ ဖြစ်ပါတယ်။ သူ့ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၂နှစ် (၁၉၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ)က ဘားအံမြို့မှာ မွေးဖွားခဲ့ပါတယ်။

အခု ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (အက်စ်ကက်ပ်) မတိုင်ခင်ရှိခဲ့တဲ့ အာရှနှင့် အရှေ့ဖျား ဒေသဆိုင်ရာ စီးပွားရေးကော်မရှင် (အီးကဖေး)ရဲ့ အမှုဆောင် အတွင်းဝန် အဖြစ် ၁၄ နှစ်ကြာ ဆောင်ရွက်ခဲ့တဲ့ အတွက် သူ့ကို အီးကဖေး ဦးညွန့်လို့ လူသိများပါတယ်။

၁၉၃၀ ပြည့်နှစ်မှာ ရန်ကုန် တက္ကသိုလ်ကနေ ၀ိဇ္ဇာဘွဲ့ရရှိခဲ့ပြီး နောက်ပိုင်း အောက်စ်ဖို့တက္ကသိုလ်နဲ့ လန်ဒန်တက္ကသိုလ်တို့မှာ ပညာသင် ကြားခဲ့တဲ့ ဦးညွန့်ဟာ မြန်မာနိုင်ငံတော် ၀န်ထမ်းဘ၀နဲ့ ၁၉၃၃ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပါတယ်။

အကောက်ခွန်မင်းကြီး၊ ကုန်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ပြီး ၁၉၅၂ ခုနှစ်မှာ မြန်မာနိုင်ငံတော်အစိုးရ ခွင့်ပြုချက် အရ ECAFE တွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၅၉ ခုနှစ်မှာ ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး က ECAFE ရဲ့ အမှုဆောင်အတွင်းဝန် အဖြစ် ခန့်အပ်ခဲ့တဲ့ ဦးညွန့်ကို လူသိများ ရတဲ့အချက်တွေထဲက တစ်ခုက ကမ္ဘာ့ စာမျက်နှာမှာ အာရှရုပ်ပုံလွှာကို စတင် မြှင့်တင်ပေးနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

ဦးညွန့် ECAFE ရဲ့ အမှုဆောင် အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင် နေချိန်ဟာ အနောက်နိုင်ငံတွေရဲ့ စနက်နဲ့ အာရှနိုင်ငံတွေ ကြားမှာ သဘော ထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေတဲ့ကာလ ဖြစ်ပါတယ်။ ECAFE ရဲ့ အစည်း အဝေးတွေမှာ အများမဲအနိုင်စနစ်နဲ့ ဆုံးဖြတ်ချက်တွေချမှတ်တဲ့ အလေ့ အထကြောင့် အင်အားကြီး ကိုလိုနီ နိုင်ငံတွေက သူတို့စိတ်ကြိုက်ခြယ်လှယ် နိုင်နေခဲ့တာ ဖြစ်ပါတယ်။

Friday, November 23, 2012

“အရှေ့ပိုင်းတက္ကသိုလ်ပါချုပ်ရဲ့ အထူးစပါယ်ရှယ် စာမေးပွဲခန်း”

‎(ယုံချင်ယုံ မယုံချင်နေ ... အရှေ့ပိုင်းတက္ကသိုလ်မှာ ဒီလိုပဲ ရှိတယ် :D :D ကိုင်း အမတ်မင်းတွေဆီ ပို့ကြပါကုန် ... အထူးစာမေးပွဲတဲ့ ...။ မျက်နှာကြီးသလား ... ဘာကြီးသလဲဆိုတာတော့ ဖတ်ကြည့်ပေါ့ ...)

“အရှေ့ပိုင်းတက္ကသိုလ်ပါချုပ်ရဲ့
အထူးစပါယ်ရှယ် စာမေးပွဲခန်း”

အခုရက်ပိုင်းမှာ အဝေးသင်တက္ကသိုလ်ရဲ့ စာမေးပွဲများကို
သက်ဆိုင်ရာ တက္ကသိုလ်များတွင် အသီးသီးကျင်းပလျှက်ရှိပါတယ်။
အဲဒီလိုကျင်းပနေမှုမှာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (အများအခေါ် တာဝ
တက္ကသိုလ်) လည်း အပါအ၀င်ပါ။

အဲဒီတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဖြစ်တဲ့
ဦးကျော်ရဲထွန်းဟာ အထူးစာမေးပွဲတစ်ခုကို ဖွင့်လှစ်ပေးထားပါတယ်။
အထူးစာမေးပွဲတွင် ဖြေဆိုခွင့်ရသူကတော့ သရုပ်ဆောင်၊ မော်ဒယ်
မိုးယုစံပဲဖြစ်ပါတယ်။ မတောက်တခေါက် အောင်မြင်မှုလေးရထားတဲ့
မော်ဒယ်မင်းသမီးဟာ အများသူငါလို စာမေးပွဲဖြေဆိုခန်းတွင် မဖြေရပဲ ရုတ်တရက် ကျမ်းမာရေး မကောင်းသူများ၊ မျက်မမြင်များသာလျှင် ဖြေဆိုရသော
ကျောင်းတွင်းကြက်ခြေနီဆေးခန်းတွင် ဖြေဆိုခွင့်ရရှိနေတာကြောင့်
အရှေ့ပိုင်းတက္ကသိုလ်တွင် အဝေးသင်စာမေးပွဲဖြေဆိုနေကြသော
ကျောင်းသားကျောင်းသူများကြား သို့လောသို့လော သတင်းထွက်နေပါတယ်။

ပါမောက္ခချုပ်ဦးကျော်ရဲထွန်းဟာ သရုပ်ဆောင်မိုးယုစံအား
စာမေးပွဲဖြေဆိုရန်အတွက် ကြက်ခြေနီဆေးခန်းအတွင်းတွင် သီးသန့်နေရာပေးကာ အခန်းစောင့် ဆရာ၊ ဆရာမများအားလည်း ၀င်ရောက်စေခြင်းမရှိဘဲ သူကိုယ်တိုင်စောင့်ကြပ်ကာ မိုးယုစံအား မသာမာမှုပြုလုပ်နိုင်ရန်အတွက် အခွင့်အရေး ပေးထားတယ်လို့လည်း ဆရာ၊ ဆရာမများနှင့် စာမေးပွဲခန်းစောင့်
ဝန်ထမ်းများဆီမှ သိရပါတယ်။

မော်ဒယ်မင်းသမီး မိုးယုစံဟာလည်း အခွင့်ကောင်းယူကာ သူမနှင့်အတူ အဝေးသင်စာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသူကျောင်းသားများကို
မတူမတန် ဆက်ဆံခြင်းများလည်း ရှိနေတယ်လို့ စာမေးပွဲဖြေဆိုကြသော
ကျောင်းသားကျောင်းသူများက ဆိုပါတယ်။

ဘီယာအကြောင်း ဘယ်လောက် သိသလဲ

New MyanmarFoundation shared Wai Lin Shein's photo.
ဘီယာအကြောင်း ဘယ်လောက် သိသလဲ

“ဘီယာဟာ အရက်တော့ မ ဟုတ်ပါ”
ဆိုတဲ့သီချင်းလိုပဲ။အရက်မဟုတ် ဘူးလို့ အတင်း ဇွတ်ကန်ငြင်းပြီး လူတွေက ဘီယာ ကို နှစ်နှစ်ခြိုက်ခြိုက် သောက်လာ ကြပါတယ်။ယောက်ျားလေး တွေသာမကဘဲ မိန်းကလေး တွေလည်း သောက်လာ ကြတာပါ။ အဲဒီလို ဖက်ရှင်လိုရော၊ သောက်ချင်လို့ ရောနဲ့ အကြောင်းအ မျိုးမျိုးနဲ့ သောက်ကြတဲ့ သူတွေဘီ ယာ အကြောင်း သိပါရဲ့လား။ ဘီယာ နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ ကိုပြောပြပါ့မယ်။



Light (or) Lite ဘီယာမှာ 
ကယ်လိုရီ ၁၀၀ ထက်ပိုပါတယ်။ ပျမ်းမျှ ၁၂ အောင်စပဲရှိတဲ့ lite ဘီ ယာတိုင်းမှာ ကယ်လိုရီ ၁၀၀ က နေ ၁၃၀ အထိပါပါတယ်။ ရိုးရိုးဘီ ယာဆိုရင် ၁၅၀ ကနေ ၂၀၀ ကယ် လိုရီပါပါတယ်။ ရိုးရိုးဘီယာ နဲ့ lite ဘီယာက အနည်းဆုံး ကယ်လီုရီ ၂၀ ကနေ ၁၀၀ အထိ ကွာပါတယ်။


ဘီယာက အဆီ ဓာတ်ကင်း တယ်။
ဘီယာက ၀ိုင်လိုပဲ အဆီဓာတ် ကင်းပါတယ်။ နောက်ပြီး အာဟာရ ဓာတ်အနည်းငယ် လည်းပါဝင်ပါ တယ်။ ဘာတွေလဲ ဆိုရင် ပရိုတင်း၊ ပိုတတ်ဆီယမ်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင်ဘီ ၁၂ နဲ့ ဆီလီယမ် တွေ ပါ။ ဒါပေမယ့် အမေရိကန်အမျိုး သား အစားအစာ ညွှန်ကြားမှုဌာ န ကတော့ ဘီယာဟာ ကယ်လိုရီ အများဆုံး အစားအစာငါးမျိုးမှာပါ ၀င်နေပြီးတော့ အာဟာရဓာတ်လုံးဝ မရှိ ဘူးလို့ ကြေညာ ထားပါတယ်။


နေ့စဉ်ဘီယာသောက်လို့ရသလား
ဘီယာကို နေ့စဉ် သောက်ရင် ကယ်လိုရီ ၃၀၀ ကနေ ၄၀၀ အထိရှိ လာတတ် လာမယ်။ ဒါက ဟမ်ဘာ ဂါစား တာရဲ့ နှစ်ဆ၊ ရိုစ့်ဆင်းဒ၀တ် နဲ့ ချိစ်ပီဇာနှစ်ခုစားသလောက်ကို တက်မှာပါ။
ဘီယာမှာ အယ်လ်ကိုဟောဘယ်လိုပါဝင်လဲ
အယ်လ်ကိုဟောမှာ ကယ်လိုရီ ၇ ဂရမ်ပါဝင်ပါတယ်။ ဒီတော့ အယ်လ်ကို ဟောများလေ ကယ်လိုရီ များ လေပါ။ ကိုယ်အလေးချိန် လျှော့ ချချင်သူတွေကတော့ အယ်လ်ကို ဟောရော ဘီယာကိုပါရှောင်ရမှာပါ။


အရောင်တွေက ဘယ်လိုကွာသလဲ
ကယ်လိုရီဟာ အယ်လ်ကိုဟော ဘယ်လောက်ပါ သလဲ အပေါ်မှာမူ တည်တာပါ။ အရောင်အရင့်၊ အ ရောင် အနုပေါ်မှာ မူမတည် ပါဘူး။ အရောင်နုရင် ကယ်လိုရီ နည်းတာ လည်းမဟုတ်ပါဘူး။
ယောက်ျားတစ်ယောက်ဘီယာဘယ်လောက်သောက်ရမလဲ
လုံးဝ မသောက်ရင်ကောင်းပေ မယ့် မသောက်ရ မနေနိုင်ဘူးဆိုရင် တော့ နှစ်ခွက် ထက်ပိုမသောက်သင့် ပါဘူး။ တစ်ခွက်က ၁၂ အောင်စ ထက် မပိုရပါဘူး။


မိန်းမတွေကရော
မိန်းမတွေက လည်းနေရာတကာ လိုက်ပြီး ရင်ပေါင်တန်း ချင်တယ်။ သောက်ချင်တယ်ဆိုရင် တစ်နေ့ကို တစ်ခွက်ထက် ပိုမသောက်သင့်ပါဘူး။  ၀ိုင်ဆိုရင် ငါးအောင်စ တစ်ခွက်ပဲ သောက်သင့်ပါတယ်။


ဘာရောသောက်မလဲ
ဘီယာကို ပေါ့အောင်ဆိုပြီး တခြားအရည်ရော သောက်ရင် ကယ် လိုရီပို တတ်ပါတယ်။ ကိုလာလိုအ ရည်မျိုးရော သောက်မိပြီဆိုရင် ကယ် လိုရီ ၁၅၀ ကနေ ၂၀၀ လောက် အထိ ပိုသွားမှာပါ။
ဘီယာမသောက်လည်း ဗိုက်ပူတယ်
တချို့ ယောက်ျားတွေက အ သက်ရ လာရင် ဘီယာ သောက်ပြီး ဘီယာဗိုက် ဖြစ်လာကြပါတယ်။ အ မှန် ကတော့ ဘီယာမ သောက်လည်း ကယ်လိုရီ များရင်ဗိုက်ပူ တတ်ပါတယ်။


ကောင်းတာဘာရှိလဲ
ဒီတော့ ဘီယာဆိုင် ထိုင်၊ ဘီ ယာသောက်ရင် ကောင်းတာဘာရှိ လဲ။ အပေါင်းအသင်း တိုးတယ်၊ လူ မှုရေး အကျိုးရတယ်လို့ အများက တော့ဆင်ခြေ ပေးကြပါတယ်။ နောက် တစ်ချက် ရှိပါသေးတယ်။ ရေများများ သောက်ဖြစ်တဲ့ အတွက် ကျောက် ကပ် ကျောက်တည်တာ ကိုတော့လျော့ ကျစေ တာပါပဲ။
http://multivitaminforall.blogspot.com/2011/09/blog-post_2354.html#more

by nang kha yea
ဘီယာအကြောင်း ဘယ်လောက် သိသလဲ

“ဘီယာဟာ အရက်တော့ မ ဟုတ်ပါ”
ဆိုတဲ့သီချင်းလိုပဲ။အရက်မဟုတ် ဘူးလို့ အတင်း ဇွတ်ကန်ငြင်းပြီး လူတွေက ဘီယာ ကို နှစ်နှစ်ခြိုက်ခြိုက် သောက်လာ
ကြပါတယ်။ယောက်ျားလေး တွေသာမကဘဲ မိန်းကလေး တွေလည်း သောက်လာ ကြတာပါ။ အဲဒီလို ဖက်ရှင်လိုရော၊ သောက်ချင်လို့ ရောနဲ့ အကြောင်းအ မျိုးမျိုးနဲ့ သောက်ကြတဲ့ သူတွေဘီ ယာ အကြောင်း သိပါရဲ့လား။ ဘီယာ နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ ကိုပြောပြပါ့မယ်။



Light (or) Lite ဘီယာမှာ
ကယ်လိုရီ ၁၀၀ ထက်ပိုပါတယ်။ ပျမ်းမျှ ၁၂ အောင်စပဲရှိတဲ့ lite ဘီ ယာတိုင်းမှာ ကယ်လိုရီ ၁၀၀ က နေ ၁၃၀ အထိပါပါတယ်။ ရိုးရိုးဘီ ယာဆိုရင် ၁၅၀ ကနေ ၂၀၀ ကယ် လိုရီပါပါတယ်။ ရိုးရိုးဘီယာ နဲ့ lite ဘီယာက အနည်းဆုံး ကယ်လီုရီ ၂၀ ကနေ ၁၀၀ အထိ ကွာပါတယ်။


ဘီယာက အဆီ ဓာတ်ကင်း တယ်။
ဘီယာက ၀ိုင်လိုပဲ အဆီဓာတ် ကင်းပါတယ်။ နောက်ပြီး အာဟာရ ဓာတ်အနည်းငယ် လည်းပါဝင်ပါ တယ်။ ဘာတွေလဲ ဆိုရင် ပရိုတင်း၊ ပိုတတ်ဆီယမ်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင်ဘီ ၁၂ နဲ့ ဆီလီယမ် တွေ ပါ။ ဒါပေမယ့် အမေရိကန်အမျိုး သား အစားအစာ ညွှန်ကြားမှုဌာ န ကတော့ ဘီယာဟာ ကယ်လိုရီ အများဆုံး အစားအစာငါးမျိုးမှာပါ ၀င်နေပြီးတော့ အာဟာရဓာတ်လုံးဝ မရှိ ဘူးလို့ ကြေညာ ထားပါတယ်။


နေ့စဉ်ဘီယာသောက်လို့ရသလား
ဘီယာကို နေ့စဉ် သောက်ရင် ကယ်လိုရီ ၃၀၀ ကနေ ၄၀၀ အထိရှိ လာတတ် လာမယ်။ ဒါက ဟမ်ဘာ ဂါစား တာရဲ့ နှစ်ဆ၊ ရိုစ့်ဆင်းဒ၀တ် နဲ့ ချိစ်ပီဇာနှစ်ခုစားသလောက်ကို တက်မှာပါ။
ဘီယာမှာ အယ်လ်ကိုဟောဘယ်လိုပါဝင်လဲ
အယ်လ်ကိုဟောမှာ ကယ်လိုရီ ၇ ဂရမ်ပါဝင်ပါတယ်။ ဒီတော့ အယ်လ်ကို ဟောများလေ ကယ်လိုရီ များ လေပါ။ ကိုယ်အလေးချိန် လျှော့ ချချင်သူတွေကတော့ အယ်လ်ကို ဟောရော ဘီယာကိုပါရှောင်ရမှာပါ။


အရောင်တွေက ဘယ်လိုကွာသလဲ
ကယ်လိုရီဟာ အယ်လ်ကိုဟော ဘယ်လောက်ပါ သလဲ အပေါ်မှာမူ တည်တာပါ။ အရောင်အရင့်၊ အ ရောင် အနုပေါ်မှာ မူမတည် ပါဘူး။ အရောင်နုရင် ကယ်လိုရီ နည်းတာ လည်းမဟုတ်ပါဘူး။
ယောက်ျားတစ်ယောက်ဘီယာဘယ်လောက်သောက်ရမလဲ
လုံးဝ မသောက်ရင်ကောင်းပေ မယ့် မသောက်ရ မနေနိုင်ဘူးဆိုရင် တော့ နှစ်ခွက် ထက်ပိုမသောက်သင့် ပါဘူး။ တစ်ခွက်က ၁၂ အောင်စ ထက် မပိုရပါဘူး။

အိုဘားမားခရီးစဉ်မှ ဆင်ခြင်စရာများ ငြိမ်းချမ်းအေး နိုဝင်ဘာ ၂၃၊ ၂၀၁၂


အိုဘားမားခရီးစဉ်မှ ဆင်ခြင်စရာများ
ငြိမ်းချမ်းအေး
နိုဝင်ဘာ ၂၃၊ ၂၀၁၂
အမေရိကန် သမ္မတ အိုဘားမား ဗမာပြည်လာခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး လူအများစိတ်ဝင်းတစားရှိကြတာ သတိထားမိတယ်။ ဒီ ကိစ္စနဲ့ ပတ်သက်ရင် နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးရာ စတဲ့ ရှုဒေါင့်အမျိုးမျိုးက သုံးသပ်ဝေဖန်ဆင်ခြင်ထောက်ပြစရာ အများကြီးရှိတယ်။ ခရီးစဉ်ရဲ့ သဘော၊ သဘာဝနဲ့ ရှေ့လာမယ့် နှစ်နိုင်ငံရဲ့ ခြေလှမ်းတွေ အတွက် စာရေးသူ အမြင် နဲ့ ထောက်ပြမယ့် အချက်တွေဟာ (အများစု လို့ ယူဆရတဲ့) လူတွေရဲ့ မျှော်လင့်ချက် နဲ့ အပျော် တချို့ကို ထိခိုက်စေနိုင်လို့ ခုအချိန်မှာ ရေးဖို့ အားနာမိပါတယ်။ ဒါကြောင့် အိုဘားမားရဲ့ ဒီခရီးစဉ် နဲ့ ရန်ကုန်တက္ကသိုလ် မိန့်ခွန်းထဲကပဲ နိုင်ငံရေးသဘော၊ စီးပွားရေးသဘောမဟုတ်ဘဲ ဗမာ့လူ့အဖွဲ့အစည်းအတွက် သတိပြု ဆင်ခြင်စရာ၊ အတုယူ လေ့လာမှတ်သားစရာ အပြုအမူ၊ အကျင့်နဲ့ ပတ်သက်တဲ့ ယေဘုယျ အကြောင်းအရာ အချက်တချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေးတင်ပြချင်ပါတယ်။

ပထမဦးဆုံး အချက်က အိုဘားမား ရဲ့ မြန်မာလို နှုတ်ခွန်းဆက်သတဲ့ စကား၊ သူ့ကို ခရီးဦး ကြိုဆိုနှုတ်ခွန်းဆက်သူကြသူတွေရဲ့ အမူအရာ နဲ့ သူက ပြန်လည် နှုတ်ဆက်ရာမှာ ပြုမူပြတဲ့ အမူအရာ အကြောင်းဖြစ်ပါတယ်။

နှုတ်ခွန်းဆက် စကား “မင်္ဂလာပါ” နဲ့ အမူအရာ “လက်အုပ်ချီ ဦး/ဒူး အနည်းငယ် ညွတ်” နှစ်ခုစလုံးဟာ ဗမာ့နေ့စဉ်သုံး လူမှုဓလေ့ထုံးတမ်းမှာ မရှိဘူး၊ စစ်အစိုးခေတ်အဆက်ဆက် လုပ်ယူထားတဲ့ ဓလေ့ဆိုတာ သတိမမူမိသူများအတွက် ဦးစွာပထမ ရှင်းပြလိုပါတယ်။

မြန်မာ (ဗမာ) တွေ ကာလ၊ဒေသ မရွေး လက်အုပ်ချီ အရိုအသေပေးခြင်းဟာ ဗုဒ္ဓမြတ်စွာဘုရား နဲ့ ဘုရားရဲ့ သားတော် ရဟန်းသံဃာတော်တွေကိုသာ ပြူမူလေ့ရှိပါတယ်။ နေရာ၊ ဒေသ၊ အခြေအနေ အပေါ်မူတည်ပြီး လက်အုပ်ချီ ဂါရဝပြု လေ့ရှိကြတဲ့ နောက်တမျိုးက ဘုရား၊ တရား၊ သံဃာ နဲ့ အတူ တဂိုဏ်းထဲထား လေးစားရိုသေမြတ်နိုးရတဲ့ မိဘ နဲ့ ဆရာသမားတွေအပေါ်မှာ ဖြစ်ပါတယ်။ အလားတူ အခြေအနေ၊ အချိန်အခါ အလိုက် လက်အုပ်ချီ အရိုအသေ ပေးလေ့ရှိကြတာက မိမိထက် အသက်ကြီး၊ ဝါကြီး၊ ပညာကြီး တဲ့ လူကြီးသူမ များကို ဖြစ်ပါတယ်။ နောက်တခု ထူးခြားတဲ့ အခြေအနေဖြစ်စဉ်သဘောမျိုးဖြစ်တဲ့ မိမိအသက်ကို ကယ်ခဲ့သူ (သို့) ဆေးဆရာ သမားတော်ကြီးများကိုလည်း ကျေးဇူးသိတတ်တဲ့ သဘော ရှိခိုးကန်တော့ ဂါရဝပြုလေ့ရှိကြပါတယ်။ ဒီလိုအချက်၊ အခြေအနေ မျိုးတွေကလွဲလို့ နေ့စဉ် လူမှုဘဝမှာတော့ လူအချင်းချင်း လက်အုပ်ချီ၊ ဦးညွတ် နှုတ်ဆက်တယ်ဆိုတာ မြန်မာ့ (ဗမာ့) ဓလေ့မှာ လုံးဝ မရှိပါဘူး။

ဒီဓလေ့ဟာ ဟိန္ဒူဘာသာယဉ်ကျေးမှုဓလေ့ထုံးစံ မှာ မြစ်ဖျားခံကာ သူတို့ရဲ့ လူမှုထုံးတမ်းမှာပါ တည်ရှိနေပြီး အိန္ဒိယ ယဉ်ကျေးမှု ပျံ့နှံ့ရောက်ရှိတဲ့ ဗမာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေကို သက်ရောက်လာခဲ့ပါတယ်။ တချို့ နိုင်ငံတွေမှာ နေ့စဉ်သုံး နှုတ်ခွန်းဆက်ရာမှာပါ ဓလေ့အနေနဲ့ သုံးလာကြပါတယ်။ ဥပမာ - အိန္ဒိယနိုင်ငံမှာ နိုင်ငံခြားသား တယောက်ကို ဒေသခံ အိန္ဒိယ လူမျိုး တယောက်က နှုတ်ဆက်ရင် လက်အုပ်ချီ၊ ဦးညွတ်၊ ဒူးညွတ် ပြီး “Namasté” လို့ နှုတ်ဆက်သလို ယိုးဒယားမှာဆိုရင် ထိုင်းလူမျိုးတွေက အလားတူ အမူအရာနဲ့ “Sawasdee” လို့ နှုတ်ဆက်ပါတယ်။ ကမ္ဘောဒီးယားမှာ ဆိုရင် “Sampeah” လို့ ဆိုပြီး နှုတ်ဆက်ကြပါမယ်။ ဗမာမှာတော့ အထက်မှာ ဖော်ပြတဲ့ အမျိုးအစား နဲ့ အခြေအနေမျိုးတွေ ကလွဲရင် တခြား ဘယ်သူ့ကိုမှ လက်အုပ်ချီ၊ ဦးညွတ်၊ ဒူးညွတ် နှုတ်ဆက်လေ့မရှိပါဘူး။

ဗြိတိသျှ ကိုလိုနီ ကျွန်သဘောက် ဘဝ လွတ်မြောက်ရေးကြိုးပမ်းစဉ်ကာလတုန်းက သခင်ဘသောင်းဦးဆောင်တဲ့ ဒို့ဗမာအစည်းအရုံးဝင် ရှေးသခင်ကြီးတွေဟာ လူအချင်းချင်း၊ အထူးသဖြင့် အုပ်စိုးသူ၊ သြဇာအာဏာရှိသူ အင်္ဂလိပ် နဲ့ လက်ပါးစေ အခွင့်ထူးခံ လူတန်းစားတွေကို ဘုရားထူး၊ သခင်တပ်ခေါ်၊ လက်အုပ်ချီ၊ ဦးညွှတ် အရိုအသေပေးနေရတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပြီး ဗုဒ္ဓအဆုံးအမနဲ့လည်း ညီတဲ့၊ ခေတ်အမြင် လူ့တန်ဖိုး သဘောတရားတွေနဲ့လည်း ကိုက်ညီတဲ့ “ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်..” (I am the master of my fate. I am the captain of my soul.) ဆိုတဲ့ “လူတိုင်းဟာ လူ့ဂုဏ်သိက္ခာနဲ့အညီ အားလုံး တန်းတူ မိမိရဲ့ဘဝအသီးသီးကို ဦးဆောင်မောင်းနှင်ရာ အရှင်သခင်တွေချည်းပဲဟေ့..” လို့ ကြွေးကြော်လှုံ့ဆော်ကာ လူတိုင်းနာမည်ရှေ့မှာ သခင်တပ်ခေါ်ရင်း ပဒေသရာဇ်စနစ်ဆိုး နဲ့ ကိုလိုနီစနစ်ဆိုး ဒဏ် ကို ရာစုနှစ်၊ ဆယ်စုနှစ်များစွာခံစားရင်း ကျွန်စိတ်ဝင်နေရှာကြတဲ့ ဗမာနိုင်ငံသား လူမျိုးပေါင်းစုံကို “သခင်စိတ်” သွင်းပေးခဲ့ကြရတယ်။ ဒါဟာ “ငါ၏ဦးခေါင်းတို့သည် သွေးသံတို့ဖြင့် ရဲရဲနီ၏…၊ သို့သော်.. ညွတ်ကားမညွှတ်” ဆိုတဲ့ ရဲရဲတောက် သခင်စိတ်ဓာတ်၊ သခင်အကျင့်လည်း ဖြစ်ပါတယ်။  ဒါဟာ တိုင်းပြည်ကို သူ့ကျွန်ဘဝက လွတ်မြောက်စေခဲ့တဲ့ အတွေးအခေါ် လက်နက်ကောင်းတခုလည်း ဖြစ်ပါတယ်။

ဒါကို နောင်တိုင်းပြည်မှာ ဆယ်စုနှစ်ပေါင်းများစွာ တိုင်းသူပြည်သားအပေါ် ဗိုလ်ကျ စိုးမိုးခဲ့တဲ့ စစ်အာဏာရှင်တွေက ပဒေသရာဇ်ညာဉ်မ ပျောက်ဘဲ ကိုလိုနီအမွေဆိုးကို ဆက်လက်ထိန်းသိမ်းလိုပြီး အတွေးအခေါ် ကျပ်မပြည့်၊ လူ..လူချင်း ခွဲခြားတဲ့စိတ်နဲ့ သာမန်ထက်ပို အရိုအသေပေးမှုခံယူချင်ကာ သူတို့ရဲ့ မင်းခမ်း၊မင်းနား၊ ပွဲလမ်းသဘင် နဲ့ တိုင်းခန်းလှည့်လည်တဲ့ ခရီးစဉ်တွေမှာ ပြည်သူလူထုကို အတင်းအဓမ္မ လက်အုပ်ချီ ကြိုဆိုနှုတ်ဆက်ခိုင်းရင်းနဲ့ လက်အုပ်ချီ နှုတ်ဆက်တဲ့ ဓလေ့ကို လူမှုထုံးတမ်းအဖြစ် သွတ်သွင်း ရှင်သန်စေခဲ့ခြင်းသာ ဖြစ်ပါတယ်။

“မင်္ဂလာပါ” ဆိုတဲ့ နှုတ်ခွန်းဆက် စကားဟာလည်း နေ့စဉ်သုံး လူမှုထုံးတမ်းမှာ မသုံးဘူး၊ နေ့စဉ်သုံး ဝေါဟာရ မဟုတ်ဘူးဆိုတာတော့ အားလုံး နားလည်သဘောပေါက် မြင်နိုင်ကြမယ်လို့ ယူဆပါတယ်။ နေ့စဉ်သုံး လူမှုရေး လောကဝတ် စကားအရ မြန်မာ (ဗမာ) တွေ အချင်းချင်းတွေ့ရင် ယဉ်ကျေးတဲ့ အသုံးအနှုန်းအနေနဲ့ “မာရဲလား ခင်ဗျာ..၊ “ထမင်းသုံးဆောင်ပြီးပြီလား ရှင့်..၊ ထမင်းသုံးဆောင်ပါဦး..” အစရှိသလို နှုတ်ဆက်လေ့ရှိကြပြီး ရွယ်တူတန်းတူချင်း၊ ခင်မင်ရင်းနှီးသူချင်း နှုတ်ဆက်ကြရင်လည်း “ထမင်းစားပြီးပြီလားကွ..၊ ထမင်းဝင်စားသွားလေကွာ..၊ နေကောင်းရဲ့လားဟေ့” စတဲ့ အသုံးအနှုန်းတွေသာ သုံးလေ့ရှိတာ အားလုံးလည်း အသိပါပဲ။  “မင်္ဂလာပါ” ဆိုတဲ့ နှုတ်ခွန်းဆက် စကားကတော့ အခမ်းအနား၊ ပွဲတွေ၊ ဆရာ/ဆရာမ ကို အရိုအသေပြုတဲ့ အနေနဲ့ သုံးတဲ့ စာသင်ခန်း နှုတ်ခွန်းဆက် အသုံးတွေ၊ ပြည်သူ့ပြန်ကြားရေး နဲ့ အသံလွှင့်ရာ မှာသာ အသုံးပြုတဲ့ အစရှိတဲ့ ကာလ၊ ဒေသ၊ အခြေအနေတခုခုမှာသာ သင့်လျော်တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

ပါးကွပ်သား - ၁ [သွန်းနေစိုး]

ပါးကွပ်သား - ၁ [သွန်းနေစိုး]

by Thorn Nay Soe on Friday, November 16, 2012 at 11:52pm ·
စကားဦး

ကျနော်တို့ ၀တ္ထုရေးတာမှာ Anti-Hero ဆိုတာတစ်ခု ရှိပါတယ်။
အနီးစပ်ဆုံး ပြရရင် ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူဟာ ဒဿဂီရိကို ဇာတ်ကောင်ထားလို့မို့
Anti-Hero ဆိုပြီး ပြောကြတယ်။
ကျနော့် အခုဝတ္ထုကတော့ လုံးဝ သူရဲကောင်းမဆန်တဲ့ သူတစ်ယောက်အကြောင်း ရေးထားတာပါ။

ဘ၀တစ်သက်တာလုံးမှာ ဘယ်လိုမှ အရေးမပါလှတဲ့ အဖြစ်မျိုးနဲ့ နေထိုင်ရှင်သန်ခဲ့တဲ့သူပေါ့။
သူ့ကို အားလုံးက ရွံမုန်းကြတယ်။
ဘ၀ရဲ့ ထောင့်တစ်နေရာမှာ သူ ရှင်သန် နေတာကို သူကလွဲလို့ ဘယ်သူမှ တန်ဖိုးမထားကြဘူး။
တစ်ခါတစ်လေ လူတွေက သူ သက်ရှိထင်ရှားရှိ နေပါလားဆိုတာတောင် မေ့ချင်မေ့နေတတ်ကြပါသေးတယ်။

    သူ့အကြောင်း တကယ်တမ်းပြောရင် စာလေး သုံးကြောင်းထဲနဲ့ ပြောနိုင်ပါတယ်။
    “မွေးလာတယ်၊
     ရှင်သန်တယ်၊
     နောက်ဆုံး သူသေသွားတယ်”
    ဒါပေမယ့် ပြောသာပြောရတာပါ။
    တကယ်တမ်း ကျွန်တော်တို့ဘ၀တွေဟာလဲ သူနဲ့ သိပ်တော့ ထူးခြားလှတာ မဟုတ်ပါဘူး။


[၁]

    ဖပ်ကနဲ ကျုပ်လည်ဂုတ်ပေါ်မှာ
    စိုရွှဲတဲ့ အထိအတွေ့တစ်ခုကို ရလိုက်တယ်။

    လက်ဝါးနဲ့ ပြန်သပ်ယူရင်း လက်ကိုဖြန့်ကြည့် လိုက်တော့ ...
    “ဟင်”ကနဲ ဖြစ်သွားရတယ်။

    ကျုပ်ရဲ့ လည်ဂုတ်ကို လာစင်တာက တံတွေးတွေ။
   “အတင့်ရဲလှချေလား၊ ငါ့ကို တံတွေးနဲ့လှမ်း ထွေးတယ်၊ ဘယ်ကောင်လဲကွ”

    ကျုပ်ရဲ့ နံဘေးတစ်ဖက်တစ်ချက်မှာက မြေတိုက် အချုပ်ခန်းတွေ။ စီစီရီရီ သွယ်တန်းလို့။
    အထဲမှာ ရာဇ၀တ်သားတွေက ဟိုတစ်စု၊ ဒီ တစ်စု။ အချုပ်နားကပ်သွားပြီး အသံပြင်းပြင်း မျက်နှာထားမာမာနဲ့ မေးလိုက်တယ်။
    “ဘယ်ခွေးမသားလဲကွ၊ ငါ့ကို တံတွေးနဲ့လှမ်းထွေးတာ”

    တစ်ယောက်မှ တုတ်တုတ်မလှုပ်ကြဘူး။ သူတို့မျက်နှာတွေကြည့်တော့ မချိုမချဉ်နဲ့။
    “သြော် မဖြေကြဘူးပေါ့ ဟုတ်လား၊ ဖော်မယ့်သူမရှိရင် အကုန်လုံးနာမယ်နော်”
    ဘယ်သူမှ မဖြေကြဘူး။ ကျုပ်ကိုတောင် မခိုး မခန့် ပြန်ကြည့်နေကြသေးတယ်။
    ရင်ထဲမှာ ဒေါသတွေ အထွတ်အထိပ်ထိ ရောက်သွားပါတော့တယ်။
    “ဟေ့ကောင်တွေ၊ အချုပ်တိုက်တံခါး ဖွင့်စမ်းကွာ”

    အနားမလှမ်းမကမ်းမှာ ရှိနေတဲ့ အချုပ်တိုက် စောင့်ရဲမက်နှစ်ယောက်ကို လှမ်းခေါ်လိုက်တယ်။
တံခါးကို သူတို့ကိုပဲဖွင့်ခိုင်းပြီး တံခါးပွင့်သွားတာနဲ့ အဲဒီရဲမက် နှစ်ယောက်နဲ့အတူ အချုပ်တိုက်ထဲ ခြေသံခပ်ပြင်းပြင်း ၀င်သွားလိုက်ပါတယ်။

    “ငါနောက်ဆုံးမေးမယ်၊ ငါ့ကို တံတွေးနဲ့ထွေးတာ ဘယ်ကောင်လဲ၊ ပြောတဲ့လူ လွတ်မယ်၊ မပြောရင် အကုန်နာမယ်”
    ကျုပ်အသံကြီးက ဟိန်းပြီးထွက်လာတယ်။
    တစ်ကိုယ်လုံးလည်း ဒေါသထွက်လွန်းလို့ တဆတ်ဆတ် တုန်နေပြီ။
    အချုပ်တိုက်စောင့် ရဲမက်နှစ်ယောက်က အဲမောင်းလှံကိုယ်စီနဲ့ အချုပ်သားတွေကို ချိန်ရွယ်ရင်း ကျုပ်ဘေးက အသင့်စောင့်နေပေးကြတယ်။

    “ကဲ ... ပြောလေကွာ၊ ငါ သိပ်စိတ်မရှည်တော့ဘူးနော်”
    ဟိုကောင်တွေကတော့ ခုထိတုတ်တုတ်မလှုပ်ဘဲ ရှိနေဆဲပါ။
    ကျုပ်ကိုတောင် မျက်လုံးချင်းပြိုင်ပြီး ဆိုင်ကြည့်နေကြသေး။
    ကျုပ်ရဲ့လက်သံ မြည်းချင်တယ် ထင်ပ။

    “ဒီလောက်တောင် နာချင်နေကြတော့လည်း ငါ့လက်နဲ့တွေ့ပြီပေါ့ကွာ၊ ကဲ...လာစမ်း”
    အချုပ်တိုက်ထဲက မြင်မြင်လေရာလူတွေကို လက်သီးမိုးတွေ တဖြုန်းဖြုန်းရွာတော့တယ်။

    “အား...အင့်...အွတ်...ခွပ်”
    အသံမျိုးစုံ ခဏချင်းဆူညံသွားတော့တယ်။
    ဒီလောက် တဖြုန်းဖြုန်း ထိုးကြိတ်နေပေမယ့်  အံ့သြဖို့ကောင်းတာက တစ်ယောက်မှ မငြီးငြူကြဘူး။

    ခြေကျဉ်း လက်ကျဉ်းတွေ ခတ်ထားလို့သာ ဘာမှမတတ်နိုင်ပေမယ့် သူတို့ကတောင် ကျုပ်ကို ပြန်ထိုးချင်တဲ့ပုံနဲ့ အားလုံး မိုက်မိုက်ကန်းကန်း ပြန်ကြည့်နေကြတယ်။
    ကျုပ်ရဲ့ဒေါသတွေကလည်း ဆင့်ကာဆင့်ကာ။
    လူတစ်ကိုယ်လုံး ဖတ်ဖတ်မောသွားလောက်တဲ့ အထိ အဆက်မပြတ် ထိုးကြိတ်ပစ်ပလိုက်တယ်။