May ThanHtwe shared Nine Nine Sanay @ နိုင်းနိုင်းစနေ's photo.
ကွက်လပ်_______
မတော်တဆမှုနဲ့ ကျွန်တော့်ဇနီး ကျွန်တော့်အပါးက ထာဝရထွက်ခွါသွားတာ အခုဆိုရင် (၄)နှစ်ရှိခဲ့ပါပြီ။ အိမ်မှုကိစ္စဘာမှ မလုပ်တတ်တဲ့ကျွန်တော်နဲ့ လူမမယ်သားလေး
ကို
မထားချင်ဘဲထားခဲ့ရတဲ့ ဇနီးရဲ့ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်။
ကျွန်တော်လည်း သားအပေါ် အဖေလိုတစ်မျိုး၊ အမေလိုတစ်မျိုး ဂရုမစိုက်တတ်ခဲ့လို့
ခံစားရပါတယ်။
တစ်ခါက အလုပ်ကိစ္စနဲ့ မနက်အစောကြီး အိမ်ကနေ ကျွန်တော်ထွက်ခဲ့ရလို့ သားအတွက် ဘာမှမစီစဉ်ပေးခဲ့ရဘူး။ တစ်နေ့ကကျန်တဲ့ ထမင်းနဲ့ကြက်ဥပေါင်းကိုပဲနွေးပြီး
အိပ်ရာက ကောင်းကောင်းနိုးဟန်မတူသေးတဲ့ သားကိုမှာခဲ့ရတယ်။ သားကို
တစ်နေ့သုံးနပ် ပြုစုစောင့်ရှောက်ဖို့နဲ့ အလုပ်ကတစ်ဖက်မို့ ကျွန်တော်
အရမ်းပင်ပန်းနွမ်းနယ်ခဲ့ရတယ်။
တစ်ညနေ အလုပ်ကအပြန် ကျွန်တော်အရမ်းပင်ပန်းနေခဲ့တယ်။
အပေါ်အင်္ကျီကိုချွတ် သားကို တစ်ချက်နှုတ်ဆက်ပြီး ညစာတောင်မစားနိုင်ဘဲ
ကုတင်ပေါ် ကျွန်တော်ပစ်လှဲချလိုက်တယ်။ အဲဒီမှာ "ဘုန်း"ဆိုတဲ့ အသံနဲ့အတူ
ခေါက်ဆွဲနဲ့ဟင်းရည်တွေ အိပ်ယာခင်းပေါ် စီးကျပေကျံကုန်တယ်။ စောင်ထဲမှာ
ခေါက်ဆွဲတစ်ခွက် ရှိနေခဲ့လို့ဖြစ်တယ်။ "ဟာ.... ဒီကလေး" ချက်ချင်းပဲ
အင်္ကျီချိတ်တစ်ခုကို ကောက်ယူပြီး အိပ်ခန်းထဲကနေ ကျွန်တော်ပြေးထွက်ခဲ့တယ်။
ကစားစရာတွေနဲ့ ဆော့ကစားနေတဲ့ သားရဲ့တင်ပါးကို မပြောမဆို
ကျွန်တော်ရိုက်ချပစ်တယ်။ အရမ်းဒေါသထွက်နေလို့ မနားတမ်း
ကျွန်တော်ရိုက်နေမိတယ်။ ဆက်တိုက်ရိုက်နေမိတဲ့ ကျွန်တော့်ရိုက်ချက်တွေက
ငိုယိုပြီးပြောလိုက်တဲ့ သားရဲ့စကားတစ်ခွန်းကြောင့် အရိုက်ရပ်သွားခဲ့တယ်။
"ထမင်းအိုးထဲက ထမင်းတွေ မနက်ကတည်းက ကုန်သွားပြီဖေဖေ။ ညနေစာကို သားကျောင်းမှာစားခဲ့ပါတယ်။ ညရောက်တော့ ဖေဖေလည်း မပြန်လာသေးတာနဲ့ မီးဖိုကြောင်အိမ်ထဲမှာ ခေါက်ဆွဲတစ်ထုပ်တွေ့လို့ သားပြုပ်မလို့ပါပဲ။ ဒါပေမယ့် ဂက်စ်မီးဖိုကို လျှောက်မဖွင့်ရဘူးလို့ ဖေဖေမှာထားခဲ့လို့ ရေချိုးခန်းထဲက ရေနွေးနဲ့ သားခေါက်ဆွဲပြုပ်လိုက်ပါတယ်။ ခေါက်ဆွဲစားနေရင်း ဖေဖေကိုလည်း စားစေချင်လို့ ခေါက်ဆွဲအေးမသွားအောင် စောင်အောက်ထဲ သားထည့်ထားမိတာပါ ဖေဖေ။ ဖေဖေပြန်ရောက်တာနဲ့ ပြောမလို့ပါပဲ။ ဒါပေမယ့် သူငယ်ချင်းဆီက ငှားလာတဲ့ ကစားစရာတွေဆီ စိတ်ရောက်နေလို့ သားပြောဖို့ မေ့သွားတာပါ ဖေဖေ"
ကျွန်တော့်ပါးပြင်ပေါ်က မျက်ရည်တွေ သားတွေ့မှာစိုးလို့ ရေချိုးခန်းထဲ ကျွန်တော်အပြေးဝင်ခဲ့တယ်။ ရေစက်ခေါင်းကို အကျယ်ကြီးဖွင့်ပြီး ကျွန်တော်အော်ငိုမိပါတယ်။ တအောင့်နေမှ ကျွန်တော်အားတင်းပြီး သားကို တစ်ဖက်ကချော့ရင်း တစ်ဖက်က ဒဏ်ရာတွေကို ဆေးလိမ်းပေးပြီး အိပ်စေခဲ့တယ်။ ကုတင်ပေါ်က ပေကျံနေတဲ့ ခေါက်ဆွဲတွေကိုရှင်းလင်းပြီး သားအိပ်ခန်းတံခါးကို ကျွန်တော် အသာလေးတွန်းဖွင့်ကြည့်မိတယ်။ လက်ထဲမှာ အမေ့ဓာတ်ပုံကို ဆုပ်ကိုင်ထားတဲ့သားဆီက ရှိုက်သံတိုးတိုးကို ကျွန်တော်ကြားနေရတုန်းပါပဲ။ တံခါးဘောင်ကိုမှီပြီ သားကို အကြာကြီး ကျွန်တော်ရပ်ကြည့်နေခဲ့မိတယ်။
လွန်ခဲ့တဲ့တစ်နှစ်ကျော်က ဒီလိုကိစ္စမျိုး ဖြစ်ပွါးပြီးနောက် မိခင်တာဝန်ပါကျေပွန်ဖို့ သားကို ကျွန်တော်ပိုပြီး ဂရုစိုက်ခဲ့တယ်။ အခုဆိုရင် သား(၇)နှစ်ပြည့်ပါတော့မယ်။ မကြာခင် ကျောင်းကြီးတက်ရပါတော့မယ်။ ကံကောင်းတာက ဒီကာလအတောအတွင်း သားပေါ် ဘာအရိပ်မည်းမှ မကျရောက်ခဲ့ဘူး။ သားဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းခဲ့ပါတယ်။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ သားကိုကျွန်တော်ရိုက်မိပြန်တယ်။
ဆရာမဆီက ကျောင်းကို သားရောက်မလာခဲ့တဲ့အကြောင်း ကြားတော့
ကျွန်တော်စိတ်ပူမိတယ်။ အလုပ်စောစောဆင်းပြီး ရပ်ကွက်လမ်းတွေမှာ သားနာမည်ကို
အကျယ်ကြီးအော်ပြီး ကျွန်တော်လိုက်ရှာခဲ့မိတယ်။ ဘယ်လိုရှာရှာ
သားကိုမတွေ့ခဲ့ဘူး။ နောက်ဆုံးမှာ ကျောင်းသုံးပစ္စည်းတွေရောင်းတဲ့ ဆိုင်ရှေ့က
ကစားစရာရှေ့မှာ ရပ်နေတဲ့သားကိုတွေ့ခဲ့တယ်။ ဒေါသတကြီးနဲ့ သားကို ကျွန်တော်
အဆက်မပြတ်ရိုက်မိပြန်တယ်။ ဒီတစ်ကြိမ်တော့ သားဆီက ဘာဖြေရှင်းချက်မှ
မကြားခဲ့ဘူး။ ကျွန်တော့်ကို တောင်းပန်တဲ့စကားတစ်ခွန်းပဲ သားပြောခဲ့တယ်။
နောက်ကျမှသိရတာက အဲဒီနေ့မှာ ကျောင်းသားတွေရဲ့မိဘတွေကို ကျောင်းကပွဲအတွက်
ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုကိစ္စမျိုးဖြစ်ပျက်ပြီးနောက်
ကျောင်းကသင်ခဲ့တဲ့ စာတွေကို လေ့ကျင့်ဖို့ဆိုပြီး သားက သူ့အခန်းထဲမှာပဲ
အမြဲအောင်းနေခဲ့တော့တယ်။ စာတွေကို ကြိုးကြိုးစားစား လေ့ကျင့်ရေးမှတ်နေတဲ့
သားကိုကြည့်ရင်း သွားလေသူဇနီးလည်း အဝေးတစ်နေရာကနေ
သားရဲ့ကြိုးစားမှုတွေကိုကြည့်ပြီး ပီတိဖြစ်နေမယ်လို့ ကျွန်တော်ထင်တယ်။
တစ်ခါက အလုပ်ကိစ္စနဲ့ မနက်အစောကြီး အိမ်ကနေ ကျွန်တော်ထွက်ခဲ့ရလို့ သားအတွက် ဘာမှမစီစဉ်ပေးခဲ့ရဘူး။ တစ်နေ့ကကျန်တဲ့ ထမင်းနဲ့ကြက်ဥပေါင်းကိုပဲနွေးပြ
တစ်ညနေ အလုပ်ကအပြန် ကျွန်တော်အရမ်းပင်ပန်းနေခဲ့တယ်။
"ထမင်းအိုးထဲက ထမင်းတွေ မနက်ကတည်းက ကုန်သွားပြီဖေဖေ။ ညနေစာကို သားကျောင်းမှာစားခဲ့ပါတယ်။ ညရောက်တော့ ဖေဖေလည်း မပြန်လာသေးတာနဲ့ မီးဖိုကြောင်အိမ်ထဲမှာ ခေါက်ဆွဲတစ်ထုပ်တွေ့လို့ သားပြုပ်မလို့ပါပဲ။ ဒါပေမယ့် ဂက်စ်မီးဖိုကို လျှောက်မဖွင့်ရဘူးလို့ ဖေဖေမှာထားခဲ့လို့ ရေချိုးခန်းထဲက ရေနွေးနဲ့ သားခေါက်ဆွဲပြုပ်လိုက်ပါတယ်။ ခေါက်ဆွဲစားနေရင်း ဖေဖေကိုလည်း စားစေချင်လို့ ခေါက်ဆွဲအေးမသွားအောင် စောင်အောက်ထဲ သားထည့်ထားမိတာပါ ဖေဖေ။ ဖေဖေပြန်ရောက်တာနဲ့ ပြောမလို့ပါပဲ။ ဒါပေမယ့် သူငယ်ချင်းဆီက ငှားလာတဲ့ ကစားစရာတွေဆီ စိတ်ရောက်နေလို့ သားပြောဖို့ မေ့သွားတာပါ ဖေဖေ"
ကျွန်တော့်ပါးပြင်ပေါ်က မျက်ရည်တွေ သားတွေ့မှာစိုးလို့ ရေချိုးခန်းထဲ ကျွန်တော်အပြေးဝင်ခဲ့တယ်။ ရေစက်ခေါင်းကို အကျယ်ကြီးဖွင့်ပြီး ကျွန်တော်အော်ငိုမိပါတယ်။ တအောင့်နေမှ ကျွန်တော်အားတင်းပြီး သားကို တစ်ဖက်ကချော့ရင်း တစ်ဖက်က ဒဏ်ရာတွေကို ဆေးလိမ်းပေးပြီး အိပ်စေခဲ့တယ်။ ကုတင်ပေါ်က ပေကျံနေတဲ့ ခေါက်ဆွဲတွေကိုရှင်းလင်းပြီး သားအိပ်ခန်းတံခါးကို ကျွန်တော် အသာလေးတွန်းဖွင့်ကြည့်မိတယ်။ လက်ထဲမှာ အမေ့ဓာတ်ပုံကို ဆုပ်ကိုင်ထားတဲ့သားဆီက ရှိုက်သံတိုးတိုးကို ကျွန်တော်ကြားနေရတုန်းပါပဲ။ တံခါးဘောင်ကိုမှီပြီ သားကို အကြာကြီး ကျွန်တော်ရပ်ကြည့်နေခဲ့မိတယ်။
လွန်ခဲ့တဲ့တစ်နှစ်ကျော်က ဒီလိုကိစ္စမျိုး ဖြစ်ပွါးပြီးနောက် မိခင်တာဝန်ပါကျေပွန်ဖို့ သားကို ကျွန်တော်ပိုပြီး ဂရုစိုက်ခဲ့တယ်။ အခုဆိုရင် သား(၇)နှစ်ပြည့်ပါတော့မယ်။ မကြာခင် ကျောင်းကြီးတက်ရပါတော့မယ်။ ကံကောင်းတာက ဒီကာလအတောအတွင်း သားပေါ် ဘာအရိပ်မည်းမှ မကျရောက်ခဲ့ဘူး။ သားဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းခဲ့ပါတယ်။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ သားကိုကျွန်တော်ရိုက်မိပြန်တယ်။
ဒီလိုကိစ္စမျိုးဖြစ်ပျက်ပြီးနောက