Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Wednesday, July 3, 2013

Burma, Not Quite Out of Orwellian Danger | Link TV

Burma, Not Quite Out of Orwellian Danger | Link TV

အမေရိကားရဲ့ “မဲပေးခွင့်ဥပဒေ” ကို ဗဟိုတရားရုံးက ပယ်ချလိုက်ပြီ (Voting Rights Act of 1965) နိုင်ငံတကာသာဂိ၊ ဇူလိုင် ၃၊ ၂၀၁၃



ဇွန်လ ၂၆ မှာ အမေရိကန် ဖယ်ဒရယ်တရားရုံးတော်က (၁၉၉၆ ခုနှစ် - လက်ထိပ်ထိမ်းမြား ကာကွယ်ရေးဥပဒေ) ကို ပယ်ချလိုက်တယ်။ ဒါနဲ့အတူ (၂၀၀၈ ခုနှစ် ကယ်လီဖိုးနီးယားပြည်နယ် လိင်တူများလက်မထပ်ရေးဥပဒေ) ကိုလည်း ပယ်ချလိုက်တယ်။ အဲသည်မှာတင် သာဂိလည်း ဒါကို ရေးကြီးခွင်ကျယ်လုပ် သတင်းဆောင်းပါးရေးနေလိုက်တာ၊ ဇွန် ၂၅ရက်နေ့က ပြည်ထောင်စုတရားရုံးတော် (ဖယ်ဒရယ်= ပြည်ထောင်စု) က (၁၉၆၅ - မဲပေးခွင့်ဥပဒေ) ကို ဇွန် ၂၅နဲ့ ပယ်ချခဲ့တာကို သတိလက်လွတ်ဖြစ်သွားပြီး မရေးမိတော့ဘူး။
၁၉၆၅ မဲပေးခွင့်ဥပဒေရဲ့ အဓိကပြဌာန်းချက်စာပိုဒ်ကို ပြည်ထောင်စုရုံးတော်က ခေတ်နဲ့ စနစ်နဲ့ မညီဘူးဆိုပြီး ပယ်ချတာဖြစ်ပါတယ်။ အဲသည်မှာက လူမည်းတွေနဲ့ လူနည်းစုတွေကို မဲပေးခွင့်နဲ့ ပတ်သက်ပြီ ပြည်နယ်(အချို့)က ကန့်သတ်တဲ့ ဥပဒေတွေကို ပြည်ထောင်စုတရားရုံးတော် သဘောမတူဘဲ ထုတ်ပြန်ခြင်း မပြုရလို့ ဆိုတဲ့ Civil Rights Movement (လူ့အခွင့်အရေးလှုပ်ရှားမှု) ကို အသိအမှတ်ပြုတဲ့ စာပုဒ်ဖြစ်ပါတယ်။
၁၇၇၆ မှာ ဗြိတိန်ကိုလိုနီအဖြစ်က လွတ်လပ်ရေးရခဲ့ပြီးနောက် အမေရိကန်တွေက လူဖြူသခင် အဖြစ် ဆက်ခံလိုက်ကြပြီး၊ လူမည်းတွေကိုတော့ ကျေးကျွန်တွေအဖြစ် လွတ်လပ်ခွင့် မပေးခဲ့ကြပါဘူး။ အဲသည်မှာ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၈၀ ကျော်မှာမှ လူမည်းတွေကို ကျေးကျွန်အဖြစ်က လွတ်လပ်ရေးပေးဖို့ အမေရိကန်တွေ အချင်းချင်း တိုက်ပွဲဝင်ခဲ့ရပါတယ်။ ကျေးကျွန်စနစ်ကို ဆက်ထားလိုချင်သူတွေကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးအဓိက တောင်ပိုင်းကပြည်နယ်တွေ ဖြစ်ပါတယ်။ ၁၈၆၀ ခုနှစ်များမှာ တောင်ပိုင်းနဲ့ မြောက်ပိုင်း ပြည်တွင်းစစ်သွေးချောင်းစီးပြီး တိုက်ခဲ့ရတယ်။ ၁၈၆၅ မှာ မြောက်ပိုင်းသားတွေ စစ်နိုင်ပြီး လူမည်းကျေးကျွန်တွေကို လွတ်လပ်ရေး ပေးနိုင်ခဲ့တယ်။ သို့သော်လည်း လူဖြူတွေက လူမည်းတွေ၊ အသားဝါတွေ၊ အသားညိုတွေကို ဆက်လက်ပြီး လူတတန်းစားတည်း မဆက်ဆံဘဲ ဖိနှိပ်တာတွေ၊ ချုပ်ခြယ်တာတွေ အမြတ်ထုတ်တာတွေ ရှိနေတာကြောင့် နောက် နှစ်ပေါင်း ၁၀၀ ကျော် Civil Rights Movements တွေ ဆက်လက် လှုပ်ရှားခဲ့ကြရပါတယ်။

Sunday, May 19, 2013

ဘ၀ကို ဘာတွေပေးဆပ်မှာလဲ(လမ်းမှားကနေ သွားလို့မရပါ။ မှားနေရင်တော့ ပြင်ရပါသည်) by Myat Thi Ha (Notes) on Sunday, May 19, 2013 at 3:19am Created on Sunday, 19 May 2013 06:08 Written by ဒေါက်တာ ခင်မောင်ညို


ကမ္ဘာ၏ ကြွယ်ဝမှု၏ ၉၀ ရာခိုင်နှုန်းသည် လူတစ်သန်းတွင်သာ ရှိနေသည်။ ထိုတစ်သန်းသည် ကမ္ဘာပေါ်ရှိ ဥစ္စာဓနများကို လက်ဝါးကြီး အုပ်ထားသည်။ ကျန်သော လူဦးရေ ၆၉၉၉ သန်းသည် မညီမျှသော ဥစ္စာကိုသာ ပိုင်ဆိုင်ကြသည်။ တကယ်တော့ လူတစ်ထောင်ကျော်၏ လက်ထဲတွင်ပင် ဥစ္စာဓနများ စုပြုံနေသည်ဟု ဆိုနိုင်သည်။ မြန်မာပြည်က ပြည်သူသန်း ၆၀ ရဲ့ ဓနဥစ္စာကရော။ လူတစ်ထောင်လောက်မှာပဲ စုပြုံနေပါသလား . . . . .



ပန်းတိုင်ကို သတ်မှတ်ပြီးနောက် လမ်းကြောင်း မှန်ရပါသည်။ လမ်းကြောင်းပေါ် ရောက်ပြီးနောက် လားရာ (direction) သည် အရေးပါလာသည်။ မိမိအတွက် ညွှန်ပြမှုပြုဖို့ လားရာ (direction) ကို တိတိကျကျ သဘောပေါက်ထားရမည်။

ကျွန်တော်က သူငယ်ချင်း ကိုဘသစ်ကို မေးဖူးသည်။ "ပန်းတိုင်၊ လမ်းကြောင်း၊ လားရာ ဘယ်အရာက အရေးကြီးလဲ"

"သုံးချက်စလုံး အရေးကြီးတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးက လမ်းကြောင်းပဲ။ မိဘလုပ်ကျွေးချင်သူ ဆိုတာ အင်မတန် မွန်မြတ်တယ်။ ဒါပေမဲ့ သူတို့တစ်တွေဟာ ဓားပြတိုက်ပြီး လုပ်ကျွေးမယ်ဆိုရင် မမှန်တော့ဘူးပေါ့"

"ဟုတ်ကဲ့၊ ဒါကို အချို့က End must justify the means ဆိုပြီး လက်ခံကြတယ်။ တရုတ်ခေါင်းဆောင်ကြီး

တိန့်ရှောက်ဖိန်ကလည်း ကြောင်ဖြူသုံးသုံး ကြောင်မည်းသုံးသုံး ကြွက်သေသည်သာ အဓိကလို့ ဆိုတယ်"၊ "အမှန်ကတော့ လမ်းကြောင်းမှန်ဖို့ အရေးကြီးတယ်။ လမ်းကြောင်းမှန်တယ်ဆိုတာ လားရာမှန်တာကိုလည်း ပြောတာပါ။  သူငယ်ချင်း ပြောဖူးတဲ့ ပုံပြင်လို အဖြစ်အပျက်လေး တစ်ခုကို ပြောပြမယ်"

ကိုဘသစ်သည် ကျွန်တော့်ကို အောက်ပါအတိုင်း ပြောပြသည်။

Wednesday, May 8, 2013

သူတောင်းစားတစ်ယောက်က ပေးတဲ့သင်ခန်းစာ/by ချစ်လွမ်းမောင်

သူတောင်းစား ပေးတဲ. သင်ခန်းစာ
သူတောင်းစားတစ်ယောက်က ပေးတဲ့သင်ခန်းစာ

(ပုံပြင်လေးက မိုက်တယ်.. ရှည်တော့နဲနဲရှည်တယ်၊ စိတ်ဝင်စားရင်တော့ဖတ်ပေါ့
ဖတ်ရတန်ပါတယ်...) စီးပွားရေးသမားတွေ ဖတ်သင့်တယ် =D

ကျွန်တော်ဟာ ၀ယ်ပြီးခါစ Levi's ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက် ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။ သူအဲလို ရပ်လိုက်တာ နောက်ဆက်တွဲ ရမယ့် သင်ခန်းစာ ပုံပြင်ရဲ့ အစဖြစ်လာတယ်.။ 
Market research သင်ခန်းစာတစ်ခုကို တက်လိုက်ရသလိုပါပဲ..။ အဲဒီ သူတောင်းစားရဲ့ မူရင်း
အဓိပ္ပါယ် မပျောက်ရလေအောင် ကျွန်တော် အတတ်နိုင်ဆုံး ပြန်စဉ်းစားပြီး သူ့စကားအတိုင်း ပြန်ပြောပြပါမယ်..။

"ညီလေးရယ်.....သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ" ကျွန်တော်လည်း ပျင်းပျင်းနဲ့ အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်.။ ပြီးတော့ သူနဲ့ စကားပြောဖြစ်သွားတယ်.။အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်.။ ".........ကျွန်တော်က ဒီဘက်တစ်ကြောမှာပဲ တောင်းဖြစ်တယ်.။ သိလား။ ခင်ဗျားကို ကျွန်တော် အစောတည်းက တွေ့တယ်။ ဒီShopping Mall မှာ Levi's ၀ယ်တည်းက ပိုက်ဆံမနှမျောဘူးဆိုတာ ကျွန်တော်သိတယ်..............."

ကျွန်တော် အရမ်းအံ့သြသွားပြီး ပြောပိတယ်..."ခင်ဗျား နားလည်တာ များသားပဲ.."
"သူတောင်းစား လုပ်တယ်ဆိုတာလဲ၊ သိပ္ပံနည်းကျ လုပ်ရတယ်ဗျ"လို့သူကပြောတယ်..။
ကျွန်တော်ကြောင်သွားတယ်...။ စိတ်ဝင်စားသွားပြီး သူ့ကို "ဘယ်လို သိပ္ပံနည်းကျလဲဗျ၊ လုပ်စမ်းပါဦး"လို့ မေးလိုက်တယ်..။
သူက "ကျွန်တော့်မှာ တစ်ခြား သူတောင်းစားနဲ့ မတူတဲ့အချက် ဘာတွေရှိလဲ ခင်ဗျား အရင် ကြည့်ပါဦး" လို့ပြန်ပြောတယ်.။
ကျွန်တော် သူ့ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်တယ်.။ ဆံပင်တွေ ရှုပ်ပွနေတယ်၊ အင်္ကျီအ၀တ်အစားတွေ စုတ်ပြတ်နေတယ်.။ အရမ်းပိန်တယ်..။ ဒါပေမယ့် ပေရေမနေကြဘူး.။
သူကကျွန်တော့်အတွေးတွေကို စကားသံနဲ့ ဖြတ်လိုက်တယ်..။ "လူတွေက သူတောင်းစားဆို ရွံကြတယ်ဗျ၊ ဒါပေမယ့် ခင်ဗျားကျွန်တော့်ကို မရွံဘူးဆိုတာ ကျွန်တော် ပြောရဲတယ်..။ အဲဒါက ကျွန်တော် တစ်ခြားသူတောင်းစားတွေနဲ့ မတူတဲ့အချက်ပဲ..။"

ကျွန်တော် ခေါင်းငြိမ့်ဝန်ခံလိုက်တယ်.။ အဟုတ်ကို ရွံစရာမကောင်းပါဘူး..။ မဟုတ်ရင် ကျွန်တော် ဘယ်လိုလုပ် သူတောင်းစား တစ်ယောက်နဲ့ စကားလက်ဆုံကျနေပါ့မလဲ..။
" ကျွန်တော် SWOT (Strengths, Weaknesses, Opportunities and Threats) ခွဲခြမ်းစိတ်ဖြာနည်းကို နားလည်တယ်။ ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေကြားမှာ ကျွန်တော့်ရဲ့ strength ဟာ ရွံစရာကောင်းမနေတာပါ။ Opportunities နဲ့ Threats ကတော့ အပြင်က အခြေအနေတွေပါ။ ဒီမြို့မှာ လူဦးရေများတာတို့၊ မြို့ရဲ့ အင်္ဂါရပ်ကို မြှင့်တင်မှာတို့ပေါ့ဗျာ"
"ကျွန်တော် အသေးစိတ်တွက်ချက်ဖူးတယ်ဗျ။ ဒီနေရာမှာ တစ်နေ့ကို လူဦးရေ သောင်းဂဏာန်းလောက် ဖြတ်သန်းသွားလာနေတာ.။ ဆင်းရဲတဲ့သူတွေများတယ်။

ဒါပေမယ့် ပိုက်ဆံချမ်းသာတဲ့သူတွေ ပိုများတာပေါ့ဗျာ.. သီအိုရီအရ ပြောရရင် အကယ်၍ ကျွန်တော်ဟာ တစ်ရက်ကို လူ၁ယောက်ဆီက တစ်ကျပ်ပဲတောင်းဦးတော့၊ ၁လကို သုံးသိန်းလောက်ဝင်နိုင်တယ်..။ ဒါပေမယ့် လူတိုင်းက ပေးမှာမဟုတ်ဘူးလေ၊ ပြီးတော့ ကျွန်တော်လည်းတစ်နေ့တည်းနဲ့ လူအဲလောက်အများကြီးဆီက တောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး.။ အဲဒါကြောင့် ကျွန်တော် ခွဲခြမ်းစိတ်ဖြာရတယ်၊ ဘယ်ဟာတွေကတော့ target customer၊ ဘယ်ဟာတွေကတော့ potential customers ဆိုတာပေါ့ဗျာ"

သူက တံတွေးမျိုပြီး ဆက်ပြောပြန်တယ်.."ဒီဘက်ပိုင်းမှာ ကျွန်တော့်ရဲ့ target customers က စုစုပေါင်း ဖြတ်သန်းသွားလာနေတဲ့လူအရေအတွက်ရဲ့ ၃၀ရာခိုင်နှုန်းပေါ့..၊ အောင်မြင်နိုင်ခြေက ၇၀%ရှိတယ်..။ potential customers က ၂၀% ရှိတယ်၊ အောင်မြင်နိုင်ချေက ၅၀%၊ ကျန်တဲ့ ၅၀%ကတော့ကျွန်တော် လက်လျှော့ဖို့ ရွေးချယ်လိုက်တယ်.။ ကျွန်တော့်မှာ သူတို့နဲ့ ကံစမ်းနေဖို့ အချိန်မလောက်လို့""အဲဒါဆို ခင်ဗျားရဲ့ customer ကို ခင်ဗျား ဘယ်လို သတ်မှတ်လဲ" ကျွန်တော် မေးလိုက်မိတယ်..။

"အရင်ဆုံး target customer ကို ပြောပြမယ်။ ခင်ဗျားတို့လို လူငယ်တွေပေါ့၊ ၀င်ငွေရှိတယ်.။ ရက်ရောတယ်။ ဒါ့အပြင် စုံတွေရောပဲ။ သူတို့က တစ်ဖက်သားရှေ့မှာ မျက်နှာပျက်မခံချင်လို့၊ ရက်ရက်ရောရော ပေးတတ်ကြတယ်၊ ဒုတိယအနေနဲ့က တစ်ယောက်တည်းဖြစ်နေတဲ့ မိန်းမလှလေးတွေကို ကျွန်တော်က potential customer လို့ သတ်မှတ်ထားတယ်..။ သူတို့က ရှုပ်ရှုပ်ယှက်ယှက်တွေကြောက်တတ်ကြတော့၊ အများအားဖြင့် ပေးတတ်ကြတယ်။ အဲဒီ လူအုပ်စု၂မျိုးလုံးကို အသက် ၂၀ကနေ ၃၀ကြားကို ထားတယ်.။ သိပ်အသက်ငယ်ရင်လည်း ၀င်ငွေသိပ်မရှိတတ်ကြဘူးလေ။ အသက်အရမ်းကြီးရင်လည်း အိမ်ထောင်ကျပြီးလောက်ပြီ။ ငွေရေးကြေးရေး မိန်းမက ထိန်းချုပ်နေပြီ။ အဲလို လူတွေက ဘာမှ မျှော်မှန်းစရာ သိပ်မရှိဘူး"
"အဲဒါဆို ခင်ဗျားတစ်နေ့ကို ဘယ်လောက်လောက် ရတတ်သလဲ"ကျွန်တော် မေးလိုက်တယ်.။
"Monday to Friday ကတော့ နည်းနည်း ပါးတယ်ဗျ၊ ၂၀၀လောက်တော့ ရတာပေါ့..။ စနေ၊ တနင်္ဂနွေဆိုရင် လေးငါးရာလောက်တော့ ရတာပေါ့ဗျာ"

"အဲလောက်တောင် များများ ရလား"
ကျွန်တော်နည်းနည်း သံသယရှိနေတာ တွေ့တော့ သူက ကျွန်တော့ကို တွက်ပြတယ်..။"ခင်ဗျားတို့လိုပဲ ကျွန်တော်လည်း ၁ရက်ကို ၈နာရီ အလုပ်လုပ်တယ်ဗျာ။ မနက် ၁၁နာရီကနေ ည ရနာရီထိ၊ စနေ၊တနင်္ဂနွေလည်း မနားဘူး။ ကျွန်တော် တခါတောင်းတဲ့ ကြာချိန်က ၅မိနစ်ပေါ့။ လမ်းလျှောက်ပြီး ပစ်မှတ်ရှာတဲ့ အချိန်တွေကို နှုတ်လိုက်ရင်၊ အကြမ်းအားဖြင့် ၁မိနစ်ကို ၁ယောက်၊ ၁ကျပ်နှုန်းနဲ့ရတယ်။ ၈နာရီဆိုတော့ ၄၈၀ ရတာပေါ့။ ပြီးတော့မှ အောင်မြင်နိုင်ခြေ ၆၀% (၅၀%+၇၀%)/၂ နဲ့ မြှောက်လိုက်ရင် ၊ ၃၀၀ နီးပါးလောက်ရတာပေါ့။ customer ကို အမြီးဆွဲပြီး တစ်လမ်းလုံး လျှောက်လိုက်နေလို့ လုံးဝမဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ သူသာ ပေးချင်ရင် အစောတည်းက ပေးပြီးနေပြီလေ။ အဲဒါကြောင့် ဇွတ်လိုက်နေလည်း အောင်မြင်ချင်မှ အောင်မြင်မှာကိုး။ အဲဒါကြောင့် အကန့်အသတ်ရှိတဲ့ အချိန်တွေကို မပေးချင်တဲ့ customer ဆီမှာ မဖြုန်းပစ်ရဘူး။ နောက်တစ်ယောက် ရှာတာကမှ ဟုတ်သေးတယ်။"

ကောင်းလှချည်လား။ ဒီသူတောင်းစားမခေဘူးပဲ။ ရုပ်နဲ့တောင်မလိုက်ဘူး။
ပြောတဲ့စကားတွေက ၀ါရင့် Marketing Supervisor လားကျနေတာပဲ..။
"ခင်ဗျား ဆက်ပြောပါ။" ကျွန်တော် ပိုစိတ်ဝင်စားလာတယ်..။ ဒီနေ့တော့ ပညာတွေရပြီ..။
"တစ်ချို့က သူတောင်းစားဟာ ကံကိုမှီပြီး စားရတယ်လို့ ပြောကြတယ်။ ကျွန်တော်ကတော့ အဲလို မသတ်မှတ်ဘူး။ ဥပမာ ပြောမယ်ဗျာ..။ မိန်းကလေးပစ္စည်းတွေချည်းပဲ ရောင်းတဲ့ဆိုင်ရှေ့မှာ အမျိုးသားချောချော၁ယောက်နဲ့၊ ကောင်မလေး ချောချောလေး ၁ယောက်ရပ်နေရင် ဘယ်၁ယောက်ကို ခင်ဗျား တောင်းမလဲ။" ကျွန်တော်စဉ်းစားလိုက်ပြီး၊ မသိဘူးလို့ ဖြေလိုက်တယ်..။

"ခင်ဗျား ယောက်ျားလေးကို သွားတောင်းသင့်တယ်.။ ဘေးမှာ မိန်းမချောလေး ရပ်နေတော့၊ သူမပေးဘဲ နေရမှာ ရှက်လိမ့်မယ်။ ကောင်မလေးသာ သွားတောင်လို့ကတော့ ကြောက်ချင်ယောင်ဆောင်ပြီး ဝေးဝေး ရှောင်သွားလို့ရတာပေါ့။"
"ခင်ဗျားကို နောက်ဥပမာ၁ခု ထပ်ပေးမယ်။ တစ်နေ့က shopping mall ၁ခု ရှေ့မှာ ပစ္စည်းဝယ်ပြီးခါစ ထွက်လာတဲ့ အထုပ်တွေနဲ့ မိန်းမငယ် ၁ယောက်ရယ်၊ ရေခဲမုန့်စားနေတဲ့ လူငယ်ပိုင်း စုံတွဲ၁တွဲရယ်၊ သပ်သပ်ရပ်ရပ် ၀တ်စားထားတဲ့ laptop အိတ်ဆွဲထားတဲ့ လူငယ်တစ်ယောက်ရယ်ရှိနေတယ်။ ကျွန်တော် လူတစ်ယောက်ကို သုံးစက္ကန့်စာလောက်ပဲ အကဲခတ်လိုက်တယ်.။ ပြီးတော့ ကောင်မလေးဆီကို သွားတောင်းလိုက်တယ်။ သူက အိတ်ထဲက အကြွေစေ့ ၂စေ့ကို နှိုက်ပေးပြီး ထူးဆန်းတကြီးကျွန်တော့်ကို ဘာလိုသူ့မှတောင်းတာလဲလို့ မေးတယ်။ ကျွန်တော်က ဟိုစုံတွဲက ရေခဲမုန့်စားနေကြတာ၊ ပိုက်ဆံနှိုက်ဖို့လက်မအားဘူး၊ ဟို ယောက်ျားကတော့ အရာရှိပိုင်း ကုမ္ပဏီ ၀န်ထမ်းဆိုတော့ အကြွေမပါလောက်ဘူး၊ မင်းကတော့ ခုမှ ပစ္စည်းဝယ်ပြီးထွက်လာတာဆိုတော့၊ သေချာပေါက် အကြွေပါမှာကြောင့်လို့ ပြန်ဖြေလိုက်တယ်.။"

ယုတ္တိရှိသား! ကျွန်တော်နားထောင်လေ စိတ်ဝင်စားလေ ဖြစ်လာတယ်.။
"သိပ္ပံနည်းကျ တောင်းရမယ်။ နေ့တိုင်း ဂုံးတံတားပေါ် သွားထိုင်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ ဂုံးတံတားပေါ်က ဖြတ်ကြတဲ့သူတွေက အလျင်စလိုတွေချည်းပဲ။ ဘယ်သူက ဂုံးတံတားပေါ်အားယားယား သွားလျှောက်နေမလဲ။ လှေကား တက်လိုက် ဆင်းလိုက်နဲ့ မောကမောသေး၊ ကိုယ့်ကို ကိုယ် ပညာနဲ့ တန်ဆာဆင်ထားရမယ်ဗျ၊ ဗဟုသုတလိုက်စားတာ လူတစ်ယောက်ကို ထက်မြက်လာစေတယ်။ ထက်မြက်တဲ့သူဟာ အဆက်မပြတ် ဗဟုတ်သုတ ရှာမှီးနေမှ လူတော်ဖြစ်လာမှာပေါ့။၂၁ရာစုမှ အလိုအပ်ဆုံးက လူတော်တွေပဲလေဗျာ"
"တစ်ခါက လူတစ်ယောက် ကျွန်တော်ကို ငွေငါးဆယ်ပေးပြီး တိုက်အောက်ကနေ နီရေ လွမ်းလိုက်တာလို့ အခါ၁၀၀ သွားအော် ပေးရမတဲ့။ ကျွန်တော် တွက်ကြည့်လိုက်တယ်။ တစ်ခါအော်ရင် ငါးစက္ကန့်လောက်အော်ရမယ်။ ကျွန်တော် တစ်ခါတောင်းတာနဲ့ ညီမျှတယ်။ ရတာကကျတော့ ပြား၅၀ပဲရတယ်။ အဲဒါနဲ့ ကျွန်တော် ငြင်းလိုက်တယ်။"

"ဒီ စိန်းကျိန့်မြို့မှာ သာမာန် သူတောင်းစားဆိုရင် ၁လကို ၈၀၀/တစ်ထောင် ရအောင် တောင်းနိုင်တယ်။ ကံကောင်းရင်တော့ ၂၀၀၀ စွန်းစွန်းရတာပေါ့..။ စိန်းကျိန့် ၁မြို့လုံး သူတောင်းစား အယောက်၁သိန်းမှာ ၁၀ယောက်လောက်ပဲ ၁လကို ၁သောင်းအထက်ရအောင် တောင်းနိုင်တယ်။ ကျွန်တော်က အဲဒီ ၁၀ယောက်ထဲက တစ်ယောက်ပဲ..။ ပြီးတော့ ၀င်ငွေက ငြိမ်တယ်။ အများအားဖြင့် အရမ်းကြီး အတက်အကျမရှိဘူး။"
မိုက်လှချည်လား။ ကျွန်တော် ဒီသူတောင်းစားကို တော်တော် လေးစားသွားတယ်။
"ကျွန်တော်က ကျွန်တော့်ကို ကျွန်တော် ပျော်ရွှင်တဲ့ သူတောင်းစားလို့ အမြဲပြောတယ်။ အခြားသူတောင်းစားတွေကတော့ ကျွန်တော့်ကို အဲဒါ ပိုက်ဆံများများ ၀င်လို့ပျော်တာလို့ ပြောကြတာပေါ့။ ကျွန်တော်က သူတို့ကို ပြန်ပြောတယ်။ ခင်ဗျားတို့ မှားနေတယ်။ ကျွန်တော့်မှာ ပျော်ရွှင်တက်ကြွတဲ့ စိတ်ရှိနေလို့ ၀င်ငွေများနေတာလို့။"
အပြောကောင်းချက်ဗျာ

"တောင်းတယ်ဆိုတာ ကျွန်တော့်အလုပ်ပဲဗျ။ အဲဒီတော့ အလုပ်ကပေးလာတဲ့ ပျော်ရွှင်မှုလေးတွေကို ခံစားတတ်ရတယ်.။ မိုးရွာတဲ့နေ့ လူသွားလူလာနည်းတဲ့အခါ၊ တခြား သူတောင်းစားတွေက ညည်းတဲ့သူညည်း အိပ်တဲ့သူ အိပ်နေကြတယ်။ အဲလို လုပ်လို့ လုံးဝမဖြစ်ဘူးဗျ။ စိတ်ထဲကနေ ဒီမြို့ရဲ့ အလှကို ခံစားရမယ်..။ ညအလုပ်သိမ်းလို့ အိမ်ပြန်တဲ့အခါ မိန်းမနဲ့ ကလေးကို ခေါ်ပြီး ဈေးလေးဘာလေးပတ်၊ အစားလေးဘာလေးစားပေါ့၊ ညရှုခင်းလေးခံစားရင်း တစ်မိသားစုလုံး ပျော်ပျော်ပါးပါးပေါ့..။ အဲလိုဆိုရင် ဒီဘ၀ အသက်ရှင်ရတာ အဓိပ္ပါယ်မမဲ့တော့ဘူးပေါ့ဗျာ။ အကယ်၍များ လုပ်ငန်းတူတွေ့လို့ တစ်ခါတစ်လေလည်း အကြွေလေး ဘာလေး ပစ်ပေးလိုက်တာပေါ့။ သူတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေးဇူးတင်စကားပြောရင်း ထွက်သွားတာကို တွေ့တော့လည်း ကိုယ့်ကို ကိုယ် ပြန်မြင်နေသလိုပေါ့"

"ခင်ဗျားက မိန်းမနဲ့ ကလေးနဲ့?" ကျွန်တော်အလန့်တကြားမေးလိုက်မိတယ်။ လမ်းသွားလမ်းလာတွေတောင် ငဲ့ကြည့်သွားကြတယ်။
"ကျွန်တော်မိန်းမက အိမ်ရှင်မ တာဝန်ကို အပြည့်ယူထားတယ်။ ကလေးက မူလတန်းတက်နေပြီ။ ကျွန်တော် ဖူထျန် ရပ်ကွက်ဘက်မှာ တိုက်ခန်းလေးတစ်ခန်း installment နဲ့ ၀ယ်ထားတယ်.။ ၁၀နှစ်ခွဲပေးရမယ်.။ နောက် ၆နှစ်ဆို ကြေပြီဗျ.။ ကျွန်တော် ကြိုးစားမှဖြစ်မယ်။ ကျွန်တော့သားလေး ကြီးလာရင် တက္ကသိုလ်မှာ Marketing Major ယူခိုင်းရမယ်။ ပြီးရင် အဖေ့အမွေဆက်ခံပြီး ကျွန်တော့်ထက်သာတဲ့ 
သူတောင်းစားဖြစ်အောင် ကြိုးစားခိုင်းရမယ်.။"

"လွန်ခဲ့တဲ့ ၅နှစ်တုန်းက PROFIBUS ဆိုတဲ့ ကုမ္ပဏီမှာ Market planning လုပ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၂နှစ်တုန်းကတော့ Sales Manager အဖြစ် promotion ရတယ်ဗျ။ ၁လကို ၅၀၀၀နဲ့ပေါ့..။ အဲချိန်တုန်းက ၁သောင်းကျော်တန် Samsung Laptop ၁လုံးကို installment နဲ့ ၀ယ်ခဲ့တယ်။ ၁လကို ၂၀၀၀သွင်းရတယ်။ သေမလိုရှင်မလိုပဲဗျာ..။ နောက်တော့ ကျွန်တော် စဉ်းစားတယ်။ ဒီလိုသာဆက်သွားရင်တော့ ၁သက်လုံး လူမွှေးလူတောင် ပြောင်မှာ မဟုတ်ဘူးလို့။ အဲဒါနဲ့ အလုပ်ထွက်လိုက်တာ။ ပြီးတော့ ကျွန်တော်ဒီမြို့ကို ပြောင်းလာပြီး သူတောင်းစားလာလုပ်နေတာ။ 
ကျွန်တော်က အဆင့်မြင့် သူတောင်းစားတစ်ယောက်ဖြစ်ချင်တာဗျ.. "
သူ့စကားလည်း ဆုံးရော ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်မိတာက..."ကျွန်တော့်ကို တပည့်အဖြစ်လက်ခံနိုင်မလားဗျာ...."

ချစ်လွမ်းမောင်
သူတောင်းစားတစ်ယောက်က ပေးတဲ့သင်ခန်းစာ

(ပုံပြင်လေးက မိုက်တယ်.. ရှည်တော့နဲနဲရှည်တယ်၊ စိတ်ဝင်စားရင်တော့ဖတ်ပေါ့
ဖတ်ရတန်ပါတယ်...) စီးပွားရေးသမားတွေ ဖတ်သင့်တယ် =D

ကျွန်တော်ဟာ ၀ယ်ပြီးခါစ Levi's ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက် ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။ သူအဲလို ရပ်လိုက်တာ နောက်ဆက်တွဲ ရမယ့် သင်ခန်းစာ ပုံပြင်ရဲ့ အစဖြစ်လာတယ်.။
Market research သင်ခန်းစာတစ်ခုကို တက်လိုက်ရသလိုပါပဲ..။ အဲဒီ သူတောင်းစားရဲ့ မူရင်း
အဓိပ္ပါယ် မပျောက်ရလေအောင် ကျွန်တော် အတတ်နိုင်ဆုံး ပြန်စဉ်းစားပြီး သူ့စကားအတိုင်း ပြန်ပြောပြပါမယ်..။

"ညီလေးရယ်.....သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ" ကျွန်တော်လည်း ပျင်းပျင်းနဲ့ အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်.။ ပြီးတော့ သူနဲ့ စကားပြောဖြစ်သွားတယ်.။အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်.။ ".........ကျွန်တော်က ဒီဘက်တစ်ကြောမှာပဲ တောင်းဖြစ်တယ်.။ သိလား။ ခင်ဗျားကို ကျွန်တော် အစောတည်းက တွေ့တယ်။ ဒီShopping Mall မှာ Levi's ၀ယ်တည်းက ပိုက်ဆံမနှမျောဘူးဆိုတာ ကျွန်တော်သိတယ်..............."

Sunday, May 5, 2013

“လူထုအားကို အများကြီးလိုသည်” by Soe Min (Notes) on Monday, April 29, 2013 at 10:26am


          ရုပ်သေးပွဲတွေမှာ တိုင်းတော်ပြည်တော် တည်ကြတဲ့အခါ ကမ္ဘာပျက် ကမ္ဘာတည်၊ဟိမ၀န္တာခန်းပြီးတာနဲ့ သပြေပန်းတွေထိုးထားတဲ့ ၀ါးကျည်တောက်ကလေးကို ဇာတ်စင်အလယ် လာထားလိုက်ရင်ပရိသတ်က သဘောပေါက်တယ်။ ဒါဆို နောက်တစ်ခန်းက ၀န်လေးပါးထွက်လာပြီး စကားပလ္လင်ခံ၊ ဘုရင်မင်းတရားကြီးနဲ့ ညီလာခံခေါ်ပြီး ဇာတ်ပန္နက်ရိုက်တော့မှာ။ တကယ့်လက်တွေ့ဘ၀မှာလည်း သိပ်တော့ မကွာပါဘူး။တိုင်းပြည်တစ်ခုတည်ချင် ဘယ်သူက အုပ်ချုပ်မှာတုန်း၊ ဘယ်ပုံစံနဲ့ အုပ်ချုပ်မှာတုန်း။ဝန်ကြီးတွေက ဘယ်သူပါသတုန်း။ ဘယ်သူက ဘယ်သူ့ကို ဘယ်လိုရွေးကောက်ခွင့်ရှိသတုန်း၊ စတာတွေအတွက်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အစိုးရအဖွဲ့ ဖွဲ့စည်းရတယ်။ ဒါကြောင့်သူတို့လည်းလွှတ်တော်တွေ ညီလာခံတွေ အကြိမ်ကြိမ်ခေါ်ရတယ်။ ဒါပြီးရင်တော့ တိုင်းပြည်ဆိုတာ ရှင်ဘုရင်၊မူးမတ်၊ စစ်သူကြီးချည့်ပဲ ဇာတ်လမ်းဆင်ကပြီး တိုင်းသူပြည်သားကို ဖြတ်လျှောက်နောက်ထ ဝေလေလေလေးငါးယောက်လောက်နဲ့ ပြီးသွားလို့ မရဘူး။ တကယ့်အပြင်မှာ အဲသည်လူတွေက သန်းခြောက်ဆယ်တောင်ရှိတာ။ နည်းနည်းနောနော မှတ်လို့။ ဒါကြောင့်မို့လို့ သူတို့ပါးစပ်က တဖွဖွအော်နေကြတဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး တည်ဆောက်ချင်တယ် ဆိုလို့ရှိရင် အဲသည်တိုင်းသူပြည်သားတွေရဲ့အင်အားအပေါ်မှာ အများကြီး အခြေခံပြီးမှ တည်ဆောက်ယူလို့ရမယ်။ ဒါကို သူတို့ဆီကအခေါ်အဝေါ်ကCapacity Building တဲ့။ တိုက်ရိုက် ဘာသာပြန်ရင် ဗူးလုံးနားမထွင်းနဲ့မို့ ဥပမာလေးနဲ့ရှင်းပြပါ့မယ်။

          မိုးရွာလို့ ရေခံကြတဲ့အခါ စဥ့်အိုးရှိတဲ့သူက စဥ့်အိုးလောက်၊ ဖျဉ်းအိုးရှိတဲ့သူကဖျဉ်းအိုးလောက်၊ အုန်းမှုတ်ခွက်ပဲ ရှိတဲ့သူကတော့ အုန်းမှုတ်ခွက်လောက်ပဲ ရလိမ့်မယ် မဟုတ်လား။ အခွင့်အလမ်းဆိုတာကတော့
ကောင်းကင်ကရွာတဲ့မိုးများလို ဖြိုင်ဖြိုင်ရွာချင်ရွာမယ်။ ဖွဲဖွဲကျချင်ကျမယ်။ ကိုယ့်အတွက် ရေဘယ်လောက် ရလိုက်သလဲဆိုတာကတော့ ကိုယ့်ဆီမှာခံတဲ့ အိုးပေါ် မူတည်လိမ့်မယ်။Capacity ဆိုတာ အဲဒါကို ပြောတာ။ နိုင်ငံတစ်ခုကို တိုးတက်အောင် ကြိုးစားတဲ့နေရာမှာလည်းအဲသည်နိုင်ငံက ပြည်သူတွေရဲ့ ခံယူနိုင်စွမ်းအားကို အတတ်နိုင်ဆုံး မြှင့်ထားပေးမှ တိုင်းယက်တဲ့ပက္ကလာ မိုးရွာတော့အသင့်ဖြစ်လိမ့်မယ်။ အခုပြောတဲ့ခံယူနိုင်စွမ်းအားဆိုတာက ၁၅၀၀တန်ဖုန်းချပေးရင်ဘယ်လောက်များများတန်းစီပြီး ရအောင်ယူနိုင်သလဲဆိုတာမျိုးကို မဆိုလိုဘူး။ တိုင်းပြည်လူထုဆီမှာရှိတဲ့ ငွေအင်အား၊ လူအင်အား၊ ကာယစွမ်းအား၊ ဥာဏစွမ်းအားတွေကို ပြောတာ။ အဲဒါကြောင့် တို့နိုင်ငံထူထောင်ခါစကဗိုလ်ချုပ်အောင်ဆန်းပြောခဲ့ဖူးတယ်လေ။ “လူထုအားကို အများကြီး လိုသည်” တဲ့။

Wednesday, May 1, 2013

မြန်မာပြည်၏ ပန်းတော်ဦး ရောင်းရန်ရှိသည် / by ဂိုလ်ရှယ်လေး

Zaw Lin and Min Tharr shared Minmaha Bagan's photo.
For sale: Burmese virgins 
မြန်မာပြည်၏  ပန်းတော်ဦး ရောင်းရန်ရှိသည် 

ဂိုလ်ရှယ်လေး

၁၉၈၈ သွေးမြေကျ စစ်အာဏာသိမ်းမှုကြီး၏ အကျိုးဆက်ရလဒ်က ဥပဒေမဲ့အခြေနေတခုလုံးဆီသို့ ဆိုက်ရောက်ခဲ့ရပြီး၊ အနာဂတ်ရှေ့ခရီးအလားလာက  ကြောက်ခမန်းလိလိတုန်လှုပ်ဖွယ်ရာ ဖြစ်၏။ စစ်အာဏာပိုင်များအဖို့မှာ အထွေထွေ ချွတ်ခြုံကျအောင်ဖန်တီးပေးပြီး လူတဦးခြင်း၏ အသက်ရှင်းနေထိုင်ရေး စီးပွားဖြစ်တည်မှုဘ၀ ဘုံးဘုံးလဲကာ လှဲနေလှေအောက် မြင်းစောင်းမကျန် နိုင်ငံရေးနှင့် စီးပွါးရေးဆိုင်ရာ ရပိုင်ခွင့်တို့အား ပတ်သက်ဆက်နွယ်သည့် ဥပဒေအား အလုံးစုံ ပိတ်ပင် အမှောင်ချကာ အုပ်ချုပ်ကြလေ၏။

In the aftermath of the second military bloody coup in 1988 the lawless situation deteriorated further.   The authorities continue to enjoy absolute impunity for all violations of political and economic rights and rule of law is denied throughout the country resulting in the collapse of individual economic life and leading to general poverty.

စစ်အစိုးရဆိုသော ခေါင်းစဉ်၏ အုပ်ချုပ်မှုအောက်တွင် မြန်မာ စစ်အာဏာပိုင်များက ကျေးလက်ဒေသများတွင် သူတို့ကို သူတို့ မဟာ စစ်ဘုရင်ကြီးများသဖွယ် ဆောင်ရွက်လုပ်ကိုင်ကြပြီး ထိုကျေးလက်ဒေသများတွင်၇ှိသော ရွာသူကြီးများနှင့် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်သူများအပေါ် သူတို့ အလိုရှိသလို အမှောက်အလှန် အမျိုးမျိုး လုပ်နေခဲ့ကြ၏။
Under the military government, Burmese Army commanders act as warlords in rural areas where they order the village headmen and local authorities as they wish. 

မြန်မာ စစ်အစိုးရမှ “ကိုဖန်ကန်း သဘောတူစာချုပ်” ဟုအမည်ရသော ယူအန်နှင့် ပတ်သက်သော အဖွဲ့စည်းများဖြစ်သည့် အရေးပါသော အဖွဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီစဉ် အဖွဲ့ ( ယူအန်ဒီပီ)၏ သဘောတူချက်ကို မျက်နှာလွဲခဲပစ်လုပ်ထားပုံမှာ ၁၉၈၆ ခုနှစ်က သဘောတူထားသော ကုလသမဂ္ဂ၏  “ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သော အခွင်းရေး” ဆိုသည့်ကြေငြာစာတမ်းမှာ မထီမဲ့မြင်ပြုခြင်းခံနေရသည်။

While the military regime ignores the Copenhagen agreement, some UN agencies, mainly the United Nations Development Programme (UNDP), disregard the 1986 UN Declaration on the Right to Development. 
ကြေးလက်ဒေသများ၏ နေ့တဓူဝ ၀င်ငွေရှာပုံမှာ တောက်တိုမယ်ရလေးများရောင်းချခြင်း၊ ချဲထီ နှင့် အခြားသော လက်ဖြစ် အ၀တ်ထည် များအပါဝင် စိုက်ပျိုးသီးနှံပင်တို့ဖြစ်၏။ သို့တိုင်အောင် ကြီးမာသော အလုပ်လက်မဲ့ အမျိုးသမီးဦးရေမှာ များပြားလွန်းသည်မို့ ထိုင်းနိုင်ငံ၊ တရုတ် နှင့် အခြားသော အာရှနိုင်ငံများသို့ တရားမ၀င်သွားရောက် ခိုပုန်းအလုပ်မျိုးစုံလုပ်ကိုင်ရာမှ အချို့ အမျိုးသမီးတို့မှာ လိင်မှု ဆက်ဆံဖျော်ဖြေရေးနေရာသို့ ရောက်ရှိခဲ့ကြလေ၏။ မြန်မာ့ ယဉ်ကျေးမှု အစဉ်လာအရ လိင်ဖျော်ဖြေ ဆက်ဆံခြင်း လုပ်ငန်းသည် အလွန်ပင် ခွင့်ပြုလက်ခံနိုင်မှုမရှိစေကာမူ စီးပွါးရေးမပြေလည်မှု အခြေနေဆိုးနှင့် အလုပ်လက်မဲ့ပြသနာများအပြင် လုပ်အားခ အလွန်နည်းပါးသော ကြောင်းရာနှင့် လူတန်းစားအမျိုးမျိုး ကွဲပြားခြားနားမှုတို့က ၄င်းတို့ ဘ၀ ရှင်သန်ရပ်တည်နေထိုင်ရေး အရ လိင်ဖျော်ဖြေရေးလုပ်ငန်းများအတွင်းသို့ ၀င်ရခြင်း ဖြစ်ရလေ၏။

Income in rural areas is earned by selling consumer goods and chai (illegal lottery tickets), trading, dress-making, mat-knotting, plant growing and rice harvesting. However there are large numbers of unemployed women, many of whom enter Thailand, China and other Asia region, illegally to find work in the fishing, construction and sex industries. Selling sex is culturally unacceptable in Burma, but due to deteriorating economic conditions, low wages and unemployment, women from different communities and classes have become sex workers in order to survive.

မြန်မာ အစိုးရမှ ဆင်နွဲလာသော စစ်မက်ဖြစ်ပွါးနေသည်ဒေသအတွင်းမှ အမျိုးသမီးများအဖို့မှာတော့ အတင်းအဓမ္မ အလုပ်စေခိုင်းခြင်း(ပေါ်တာ)၊ အကျဉ်းရုံး ကွပ်မြက်သတ်ဖြတ်ခြင်း၊ အကျိုးကြောင်းဆီလျော်မှုမရှိပဲ အတင်းကြပ်ဖမ်းဆီးခေါ်ဆောင်ခြင်း နှင့် အတင်းအဓမ္မ ဘလက်ကာယ မုဒိန်းကျင်ခြင်းတို့ ရင်ဆိုင်ရန် မ၀ံ့သာသောကြောင့် ၄င်းတို့နေထိုင်ရာ အိမ်များမှ ထွက်ပြေးကာ ထိုင်းနိုင်ငံသို့ တရားမ၀င် ပြေးဝင်ခိုလှုံလာခဲ့ကြရ၏။ သို့ကြောင့်  အမျိုးသမီးများအဖို့ ကလိမ်ကျသော လူလိမ် လူလည်များ (အထူးသဖြင့် အခြား မိန်းမလည် လူကုန်ကူးသူများက) ထိုင်းနိုင်ငံတွင် လစာကောင်းသော အလုပ်များ ရရှိမည်ဟု အယုံသွင်း ခေါ်ဆောင်လှည့်ဖြားခြင်း ခံရကြလေ၏။ ထိုနောက် အတင်းအကြပ်ပင် အပြစ်ကင်းစင်သော အမျိုးသမီးများမှာ လိင်မှုဆက်ဆံဖျော်ဖြေရေးလုပ်ငန်းအတွင်းသို့ ထိုးသွင်းခြင်း ခံကြရကာ အဆုံးတွင် ၄င်းတို့အတွက် ခုခံအားကျဆင်းစေသော ရာဂါပိုး အေအိုင်ဒီအစ် ဝေဒနာသာ ကူးစက်ရရှိခံစားရသော နိဂုံးများဖြင့် အဖြေ ရလဒ် ဖြစ်စေခဲ့ရသည်။

Many women in the war conflict zone waged by Myanmar government have also fled their homes and illegally migrated to Thailand in the face of rape, arbitrary arrest, summary execution and forced labour. Women are deceived by (often female) traffickers into believing that they will have a good job in Thailand, but are then forced into prostitution, resulting in the massive spread of HIV/AIDS.
 လိင်ဖျော်ဖြေရေးလုပ်ငန်း (ပြည့်တန်ဆာ)၏ မူရင်းရေသောက်မြစ်သည် အမျိုးသမီးတို့၏ အညီမျှခံစားပိုင်ခွင့်ရှိသော စီးပွါးရေးဆိုင်ရာအခွင့်ရေးများ လစ်ဟင်း ပိတ်ဆို့ခံရမှုနှင့်  မိသားစု ဆင်းရဲနုံခြာ မပြေလည်မှုတို့ တိုက်ရိုက်ဆက်စပ်နေပြီး၊ ၄င်းအချင်းရာများအား အုပ်ချုပ်ခဲ့သော စစ်အစိုးရမှ (စီအီဒီ အေ ဒဗလျူ) ဆိုသော အမျိုးသမီးများအပေါ် ခွဲခြားဆန့်ကျင်သည့်အခြေနေများအားလုံး ကုကွယ်အထောက်ပံပေးဆောင်ရွက်ရေး နိုင်ငံတကာ သဘောတူစာချုပ်အား တဖက်လှည့် မျက်နှာလုပ်ကာ လက်မှရေးထို ပြထားခဲ့သေးသည်။ 

The root cause of prostitution is family poverty directly related to a lack of equal economic rights for women and is perpetuated by the military regime - the same regime which ratified by tricking to the Convention on the Elimination of All Forms of Discrimination against Women (CEDAW).

ထပ်မံ အတည်ပြုတင်ပြရသော်၊ ပြည်နယ်တိုင်းဆိုင်ရာ အာဏာပိုင်များနှင့် မြန်မာ စစ်ဘက်ဆိုင်ရာ အရာရှိများကိုယ်တိုင်ပင် လိင်ဖျော်ဖြေရေးလုပ်ငန်းနှင့် ပြည့်တန်စာ လုပ်ငန်းခွင်တို့တွင် တိုက်၇ိုက် ပတ်သက်နေလေသည်။မြန်မာနိုင်ငံအတွင်းမှာပင် လိင်ဖျော်ဖြေမှု လုပ်ငန်းသည် တရားမ၀င်သော လုပ်ငန်းတခုအဖြစ်ရှိနေသော်ငြား ပြည့်တန်ဆာလုပ်ငန်းပိုင်ရှင်များမှ သက်ဆိုင်ရာ အဏာပိုင်များနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများအား လုပ်ငန်းဆောင်ရွက်ပိုင်ခွင်ွအတွက် လာဒ်ထိုးထားရပြီး အချို့အာဏာပိုင်များမှာ ၄င်းတို့ကိုယ်တိုင် ပြည့်တန်စာ လုပ်ငန်းများတွင် အချိုးကျအစုရှယ်ယာများ ပါဝင်ထည့်သွင်းလုပ်ကိုင်နေသည်ကို တွေ့ရသည်။ အချို့သော အခြေနေ ဖြစ်စဉ်များတွင် အာဏာပိုင်နှင့် စစ်ဘက်ဆိုင်ရာ အရာ၇ှိများကိုယ်တိုင်ပင် အပိုဝင်ငွေလုပ်ငန်းအဖြင့် ပြည့်တန်ဆာ လုပ်ငန်းအား ကမကထပြုကာ လုပ်ကိုင်နေကြလေ၏။

Additionally, state authorities and Burmese Army commanders are also involved in the sex trade and prostitution. Since the brothel business is illegal in Burma, brothel owners must pay bribes to authorities and army commanders for permission to operate or involve them as shareholders. In some cases, the authorities or army commanders also operate brothels for extra income.


ထိုင်းနိုင်ငံအတွင်း အများက သတိမပြုမိသော လိင်ဖျော်ဖြေမှုရောင်းဝယ်ရေးမှာ  အမှန်တကယ် ထိုင်း အမျိုးသမီးများမဟုတ်ကြပဲ မြန်မာ ၊ ကမ်ဘောဒီးယား လာအို အစရှိသော နိုင်ငံများမှ အများဆုံးဖြစ်နေ၏။ ဆိုရပါသော် မြန်မာနိုင်ငံမှ အမျိုးသမီးများကို ဒေသတွင်း အာရှနိုင်ငံများတွင် များစွာ လိင်ဖျော်ဖြေရေး လုပ်ငန်းများထဲတွင် တွေ့ရှိရသည့်အပြင် ၄င်း၏ ပြည်တွင်းဒေသတလျောက်တွင်လဲ  နာဂစ်မုန်တိုင်းကြီး၏ တိုက်ခတ်ဖျက်ဆီးခြင်း ဘေးဒဏ်အား ခံစားရပြီးနောက် ထိုးအခြေနေဆိုးမှ မြို့တော် ရန်ကုန်အပါဝင် လိင်ဖျော်ဖြေရေး လုပ်ငန်းများ အကြီးကျယ်တဟုန်ထိုးမြင့်တက်သွားလေသည်။

Most sex tourists in Thailand are unaware they may actually not be with a Thai woman at all... in fact, it's highly likely the woman may be from Myanmar (or Cambodia, Laos...). Burmese women can be found working in many countries in the Asia region, including domestically and it's reported that Nagis catastrophic typhoon has led to a huge increase of commercial sex workers in the capital Yangon.

ထိုင်းနိုငံအတွင်းမှ ပြည့်တန်ဆာလုပ်ငန်းသည် အခြေနေ ပုံစံတမျိုးသို့ အလှည့်ပြောင်းဖြစ်နေလေပြီ၊ အကြောင်းမှာ ပြည့်တန်ဆာလုပ်ငန်းများအား ထိုင်းအမျိုးသမီးများကိုယ်တိုင် ၀င်ရောက် လုပ်ကိုင် မှုအား ကန့်ကွက်ခြင်း အသိပညာပေးခြင်းနှင့် လူမှုရေးအသင်းဖွဲ့တို့၏ ဆော်သြဆောင်ရွက်မှုများကြောင့် နှစ်စဉ် ၄င်းလုပ်ငန်းတွင်းသို့ ထိုင်း သမီးပျိုများ ပါဝင်လာမှု လျော့ကျလာသည်။

Prostitution in Thailand is changing its face. Because of persistent 
campaigning by the government as well as non-governmental organisations 
(NGOs), each year fewer Thai girls enter the sex business.

ထိုင်းနိုင်ငံအတွင် တဖြေးဖြေးမြင့်မားလာသော လိင်ဈေးကွက်လိုအပ်ချက်အရ နိုင်ငံခြားမှ အမျိုးသမီးများအား အစားထိုး သွတ်သွင်းသော နည်းစနစ်အား လူကုန်ကူးသူများမှတဆင့် သဲသွင်းစေခဲ့သည်မှာ ထိုင်းအမျိုးသားများအဖို့ အသစ်ဆန်း လူမျိုးကွဲများအား မြည်းစမ်းလိုသော ဆန္ဒနှင့် ဈေးနုံန်းသက်သာပြီး အများပြား ရွေးချယ်ပျော်ပါးနိုင်သောကြောင့်ဖြစ်လေ၏၊ နိုင်ငံတကာ လိင်မှုဆိုင်ရာ လူကုန်ကူးမှု တာဆီးတိုက်ဖျက်ရေးသည် ကျမတို့၏ အိမ်နီးချင်းအိမ်ရှင်နိုင်ငံများအတွင်းသို့ပင် ၀င်ရောက်လုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်ကြောင်းအား လိင်မှုဆိုင်ရာ စောင်ကြည့်စာတန်းပြုစုနေသော ဒေါက်တာ ခရစ်တယာက ဘန်ကောက်ပို့သတင်းစာတွင် အတိလင်းရေးသားတင်ပြ အကြံပေးခဲ့ဘူးသည်။
To meet the steadily high demand, foreign girls, therefore, are recruited instead. This technique is becoming more popular among racketeers because of a 
plentiful supply, a cheaper price, and Thai men's desire to try "something different".

"International trafficking of sex workers needs to encroach the borders and reaching into the home of our neighbors," said Dr Kritaya.

ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးချုပ်နှောင်ခံရမှုမှ လွတ်လာပြီးနောက် နိုင်ငံရေးဆိုင်ရာ ဖိနှိပ်ချုပ်ကိုင်မှုနှင့် စီးပွါးရေး ဆိုင်ရာ အသက်ရှူမ၀ဖြစ်နေရသော အကြပ်တဲတို့ကြောင့် ထိုင်းနိုင်ငံတွင်းရှိ လိင်ဖျော်ဖြေရေးလုပ်ငန်းများအတွင်းလုပ်ကိုင်နေကြသော မြန်မာပြည်မှ အမျိုးသမီးများသည် မျှတသော စီးပွါးရေးဆိုင်ရာ အခွင့်လမ်းနှင့် နိုင်ငံရေးဆိုင်ရာ တရားမျှတမှုတို့အား ၄င်းတို့ခံစားကြရမည်ဟု အားတက်သရော အကြီးအကျယ်မျှော်လင့်နေခဲ့ကြသည်။ သို့သော်” ကျမတို့အနေဖြင့် အခြေခံလူတန်းစားဘ၀များအတွက် ဘာတခုမှ မယ်မယ်ရရ အပြောင်းလဲအား မတွေ့သေးပဲ အပေါ်ယံ မိတ်ကပ်လိမ်းထားသော ပြောင်းလဲမှုမျိုးလောက်သာ ရှိနေသေးပါတယ်” ဟု ထိုင်းနိုင်ငံ ပြည့်တန်ဆာလုပ်ငန်းတွင် လုပ်ကိုင်နေရသော မနု မှ ပြောဆိုပါကြောင်း တင်ပြလိုက်ရပါသည်။

After Aung San Suu Kyi was freed from her arrest, most of sex workers in Thailand because of economic crisis and political suppression on woman in their homeland eagerly expect to go back to their homes and to stand on equal political and economic rights. “We do not see transparent change for grass roots and it is changing on the surface as a cosmetic change”, said Ma Nu who is still working in a brothel house in Thailand. 


ကျေးဇူးတင်ပါသည်။

ဂိုလ်ရှယ်လေး 

တင်ပြထားသော ဆောင်းပါသည် နိုင်ငံတကာနှင့် လက်တွေ ဖြတ်သန်းနေရသူ  အမျိုးသမီးတို့မှ ဖွင့်ဟ ၀န်ခံချက်များ အဖြစ်ပျက်များအား ကောက်နုတ်တင်ပြထားသော ခိုင်လုံသည့် သက်သေ အထောက်ထားများဖြစ်ပါသည်။

(တရုတ်နယ်စပ်မှ အကြွေပန်းများအကြောင်း စွန့်စား၇ိုက်ကူးထားသော ဓါတ်ပုံအထောက်ထားများနှင့် တိကျစွာ မကြာခင် တင်ပြပါဦးမည်) ကြိုက်သလောက်ရှယ်နိုင်ပါသည်။ စာရေးသူအားခရက်တစ်ပေးစေလိုပါသည်။
For sale: Burmese virgins
မြန်မာပြည်၏ ပန်းတော်ဦး ရောင်းရန်ရှိသည်

ဂိုလ်ရှယ်လေး

၁၉၈၈ သွေးမြေကျ စစ်အာဏာသိမ်းမှုကြီး၏ အကျိုးဆက်ရလဒ်က ဥပဒေမဲ့အခြေနေတခုလုံးဆီသို့ ဆိုက်ရောက်ခဲ့ရပြီး၊ အနာဂတ်ရှေ့ခရီးအလားလာက ကြောက်ခမန်းလိလိတုန်လှုပ်ဖွယ်ရာ ဖြစ်၏။ စစ်အာဏာပိုင်များအဖို့မှာ အထွေထွေ ချွတ်ခြုံကျအောင်ဖန်တီးပေးပြီး လူတဦးခြင်း၏ အသက်ရှင်းနေထိုင်ရေး စီးပွားဖြစ်တည်မှုဘ၀ ဘုံးဘုံးလဲကာ လှဲနေလှေအောက် မြင်းစောင်းမကျန် နိုင်ငံရေးနှင့် စီးပွါးရေးဆိုင်ရာ ရပိုင်ခွင့်တို့အား ပတ်သက်ဆက်နွယ်သည့် ဥပဒေအား အလုံးစုံ ပိတ်ပင် အမှောင်ချကာ အုပ်ချုပ်ကြလေ၏။

In the aftermath of the second military bloody coup in 1988 the lawless situation deteriorated further. The authorities continue to enjoy absolute impunity for all violations of political and economic rights and rule of law is denied throughout the country resulting in the collapse of individual economic life and leading to general poverty.

စစ်အစိုးရဆိုသော ခေါင်းစဉ်၏ အုပ်ချုပ်မှုအောက်တွင် မြန်မာ စစ်အာဏာပိုင်များက ကျေးလက်ဒေသများတွင် သူတို့ကို သူတို့ မဟာ စစ်ဘုရင်ကြီးများသဖွယ် ဆောင်ရွက်လုပ်ကိုင်ကြပြီး ထိုကျေးလက်ဒေသများတွင်၇ှိသော ရွာသူကြီးများနှင့် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်သူများအပေါ် သူတို့ အလိုရှိသလို အမှောက်အလှန် အမျိုးမျိုး လုပ်နေခဲ့ကြ၏။
Under the military government, Burmese Army commanders act as warlords in rural areas where they order the village headmen and local authorities as they wish.

Tuesday, April 9, 2013

HOW TO SURVIVE A HEART ATTACK WHEN YOU ARE ALONE?

HOW TO SURVIVE A HEART ATTACK WHEN YOU ARE ALONE??

Since many people are alone when they suffer a heart attack, without help,the person whose heart is beating improperly and who begins to feel faint, has only about 10 seconds left before losing consciousness.

However,these victims can help themselves by coughing repeatedly and very vigorously. A deep breath should be taken before each cough, and the cough must be deep and prolonged, as when producing sputum from deep inside the chest.

A breath and a cough must be repeated about every two seconds without let-up until help arrives, or until the heart is felt to be beating normally again.

Deep breaths get oxygen into the lungs and coughing movements squeeze the heart and keep the blood circulating. The squeezing pressure on the heart also helps it regain normal rhythm. In this way, heart attack victims can get to a hospital. Tell as many other people as possible about this. It could save their lives!!

A cardiologist says If everyone who sees this post shares it to 10 people, you can bet that we'll save at least one life..

Rather than sharing jokes only please contribute by forwarding this info which can save a person's life..

Please SHARE & help save lives !!


Since many people are alone when they suffer a heart attack, without help,the person whose heart is beating improperly and who begins to feel faint, has only about 10 seconds left before losing consciousness.

However,these victims can help themselves by coughing repeatedly and very vigorously. A deep breath should be taken before each cough, and the cough must be deep and prolonged, as when producing sputum from deep inside the chest.

A breath and a cough must be repeated about every two seconds without let-up until help arrives, or until the heart is felt to be beating normally again.

Deep breaths get oxygen into the lungs and coughing movements squeeze the heart and keep the blood circulating. The squeezing pressure on the heart also helps it regain normal rhythm. In this way, heart attack victims can get to a hospital. Tell as many other people as possible about this. It could save their lives!!

A cardiologist says If everyone who sees this post shares it to 10 people, you can bet that we'll save at least one life..

Rather than sharing jokes only please contribute by forwarding this info which can save a person's life..

Please SHARE & help save lives !!

Thursday, April 4, 2013

မန်းကိုကို ~ Mahn Ko Ko: တွင်းနက်နဲ့ မှတ်စုတိုစများ

မန်းကိုကို ~ Mahn Ko Ko: တွင်းနက်နဲ့ မှတ်စုတိုစများ:   ဒီစာရဲ့ ရည်ရွယ်ရင်းက တလောက မိတ္ထီလာအရေးနဲ့နွယ်ပြီး မြင်တာလေး အနည်းကျဉ်းကို တွဲစုပြီး စာလေးတချို့ တို့ထားဖို့ပါ ။   မြန်မာပြည် ...

Monday, February 25, 2013

မန်းကိုကို ~ Mahn Ko Ko: Ethnics

မန်းကိုကို ~ Mahn Ko Ko: Ethnics: source : http://pwintthitsa.blogspot.com/      အခုတွေ့ရတဲ့ အလံကတော့ ကရင့်အလံဖြစ်ပါတယ်။ ၁၉၃၇ နှစ်မှာ ကရင့်အမျိုးသားသီချင်းနဲ့ အတူ မြန်မာပြ...

Wednesday, February 13, 2013

ဗုဒ္ဓသာသာနာတော်မြတ်ကြီး မြန်မာပြည်မှာ တင်ကျန်စေချင်တယ်ဆိုရင် ဒေါက်တာအေးမောင်ရဲ့ အဆို

နန္ဒ ထွန်း and ခိုင် မိုး နိုင် shared ရခိုင်လူငယ်များအဖွဲ့ (Arakan Youths Organization)'s photo.
ဗုဒ္ဓသာသာနာတော်မြတ်ကြီး မြန်မာပြည်မှာ တင်ကျန်စေချင်တယ်ဆိုရင် ဒေါက်တာအေးမောင်ရဲ့ အဆိုကို လွှတ်တော်က အတည်ပြုနိုင်တဲ့အထိ ဝိုင်းဝန်း Share ကြစေလိုပါတယ်။ ဝိုင်းဝန်းထောက်ခံကြစေလိုပါတယ်။ 

ဒါဟာ ရခိုင်ကိစ္စမဟုတ်ပါဘူး၊ ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားအားလုံးရဲ့ ကိစ္စဖြစ်ပါတယ်။ 

ဒီအလှည့်အပြောင်းဟာ ဗုဒ္ဓဘာသာဝင်အားလုံးအတွက် အင်မတန်အရေးကြီးလှပါတယ်။

 ဒီအဆိုရှုံးနိမ့်ခဲ့မယ်ဆိုရင် အနာဂါတ် မြန်မာပြည်က ဂျီဟတ်နဲ့ နီးစပ်လာဖို့ရှိနေပါပြီ။

__________________________________


"၂၀၁၂ ခုနှစ်၊ဇွန်လအတွင်းရခိုင်ပြည်နယ်၌ အင်္ဂလီဆူပူမှုကြောင့်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအပေါ် ဆင်ခြင်သုံးသပ်ပြီး နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် နယ်စပ်လုံခြုံရေး၊ နယ်မြေအုပ်ချုပ်ရေးနှင့် လူဝင်လူထွက် စီမံခန့်ခွဲရေးဆိုင်ရာ မဟာဗျူဟာမြောက်ရေတို၊ ရေရှည်အထူးအစီအမံတို့ဖြင့် ဦးစားပေးဆောင်ရွက်ရန်ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်၏ ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အဆို"
***********************************

"ကျွန်တော်တို့ရဲ့ပြည်ထောင်စုသမ္မတ နိုင်ငံတော်မှာ ဆိုရင် အဓိကအားဖြင့် ဒို့တာဝန်အရေး(၃)ပါးဦးထိပ်ထားပြီးတော့ ကျွန်တော်တို့ရဲ့အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ နံပါတ်(၃)အချက်က ဦးတည်ပြီးကာမှကျွန်တော်တို့ ဆောင်ရွက်ကြိုးပမ်းနေကြပါတယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့စာရွက်ပေါ်မှာ ရေးထားရုံနဲ့ မလုံလောက်တော့ပေမယ့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် အဓိကအရေးကြီးတဲ့ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မြဲရေးအတွက်အချင်းချင်းဖြစ်နေကြတဲ ပြည်တွင်းပဋိပက္ခတွေကို ရပ်ဆိုင်းပြီးခါမှ တကယ့်တကယ် အရေးကြီးတဲ့ အချုပ်ခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် လိုအပ်တဲ့ကဏ္ဍလေးတွေကို ကျွန်တော်တို့ရဲ သေနက်ပစ်ဖေါက်မှုတစ်ခုမှမလုပ်ရ ဘဲနဲ့ ဆုံးရှုံးသွားမယ့်ကဏ္ဍတွေကိုသတိပြုဖို့၊ သတိမူမိဖို့ အချိန်ရောက်ပြီ ဆိုတာကိုဒီအဆိုကို ရည်ရွယ်ချက်ပေါင်းများစွာနဲ့တင်ပြရခြင်း ဖြစ်ပါတယ်။

ဒီအဆိုနဲ့ပါက်သက်လို့ဥက္ကဌကြီးခင်ဗျား၊ ကျွန်တော်ကဏ္ဍ(၃)ခုခွဲပြီးတင်ပြချင်ပါတယ်။ နံပါတ်တစ်က တော့ဖြင့် ဘာကြောင့်ဖြစ်ရသ လဲဆိုတဲ့Root Cause ပါ။ ကျွန်တော်လေ့လာသုံးသပ်ပြီးခါမှ အချက်(၇)ချက်လောက်ထွက်ပါတယ်။ ဒါကြီးကိုမှီပြီးကာမှ နောက်ဖြစ်လာနိုင်တဲ့ အချက်လေးချက်လောက်ကိုကျွန်တော်သုံး သပ်တင်ပြထားပါတယ်။

သိတဲ့အခါမှာ ရေတိုနေရှည်နဲ့ပက်သက်လို့ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာက သုံးသပ်တဲ့အခါမှထည့်သွင်းစဉ်းစားပေးဖို့အတွက် အချက်(၁၂)လောက် ကျွန်တော်အကြံပြုတင်ပြရင်းနဲ့ဒီအဆိုကို ကျွန်တော်တင်သွင်းရခြင်းဖြစ်ပါတယ်။

အဲဒီတော့ ပထမ ကျွန်တော် ဒီဖြစ်ပွားရတာနဲ ပါက်သက်လို့အခြေခံပင်မ အကြောင်းရင်းတွေ ကိုကျွန်တော်(၇)ချက်လောက် သုံးသပ်ထားတာကိုတင်ပြချင်ပါတယ်။ ဒီကျောက်နီမော် ဖြစ်စဉ်ပြီးတဲ့နောက်မှာ ပြီးခဲ့တဲ့ကာလမှာ သိကြတဲ့အတိုင်း တောင်ကုတ်မှာ ဖြစ်ပေါ်ခဲ့ပါတယ်။ တောင်ကုတ်ဖြစ်စဉ်ကိုမူတည်ပြီးမှ ကျွန်တော်တို့ရဲ့နယ်စပ်ဒေသဖြစ်တဲ့မောင်တော ဇွန်လ၈ ရက်နေ့မှာ စပြီးတော့ဖြစ်ပွားတဲ့ဖြစ် စဉ်ဟာ စစ်တွေကိုကူးစက်အဲဒီနောက် မှာ ရသေ့တောင်၊ကျောက်တော်၊ပေါက်တော စသဖြင့် ဒေသတော်တော်များ များမှာ ဘင်္ဂလီနဲ့ ရခိုင်ပဋိပက္ခများဖြစ်ဖြစ်ပြီးကာမှအခုဆိုရင် ဒုတိယလှိုင်းဖြစ်တဲ့အောက်တိုဘာဖြစ်စဉ် ကူးစက်သွားပါပြီ။နောက်တတိယ မဖြစ်ဖို့အတွက် တည်ငြိမ်အေးချမ်းဖို့ကို ကြိုးစားတည်ဆောက်နေတဲ့ကာလမှာ အခုလို တင်ပြခွင့်ရတာကိုပဲကျွန်တော့်အနေနဲ့ အင်မတန် ကျေးဇူးတင် ပါတယ်ဆိုတာ ပြောချင်ပါတယ်။

အဲဒီတော့ ကျွန်တော်တွေ့ရှိတဲ့Root Cause ခုနှစ်ချက်က(၁)ကျွန်တော်တို့ဆီမှာ ဗြိတိသျှခေတ်ထဲကရှိခဲ့ပါတယ်။ ကုလား ဗမာပဋိပက္ခဖြစ်ဖူးတာ ရှိခဲ့ပါတယ်။ ဒီအတိုင်း အသုံးပြုခဲ့ကြပါတယ်။ဒီတော့ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက်ဟာ ဒီဘင်္ဂလီပြဿနာ ၊ အထူးသဖြင့်ရခိုင်တွေနဲ့ပါက်သက် တဲ့ နိုင်ငံရေးပြဿနာကိုထိန်းညိုလိုတဲ့အခါ ဘင်္ဂလီတွေပြသနာနဲ့ငြိမ်းခဲ့တဲ့ အစဉ်အလာရှိပါတယ်။ ဒါဟာလည်း သမိုင်းအားဖြင့် ကျွန်တော်တို့မှားခဲ့တဲ့ ပထမအမှားတစ်ချက်လို့ကျွန်တော် သုံးသပ်ပါတယ်။

နောက်သိတဲ့အတိုင်းပါ နယ်စပ် ဒေသဆိုတာ ကျွန်တော်တို့ရဲ့ပြည်ထောင် စု တစ်နံ့တလျားမှာ အင်မတန်ကျယ်ပြန့်တဲ့အခါ လူဝင်လူထွက်က အစ လုံခြုံရေးအဆုံး အကုန်လုံးကိုစီမံခန့်ခွဲနိုင်မှုအားနည်းချက်ရြှိ ကတဲ့အခါဒီလူဝင်မှုကြီးကြပ်ရေးအပါအ၀င် သက်ဆိုင်တဲ့ဒေသအာဏာပိုင် အဆင့်ဆင့်ရဲ့ ကျွန်တော်တို့ဒီလာဘ်ပေးလာဘ်ယူမှု အဂတိလိုက်စားမှု စတဲ့ ကျွန်တော်တို့ရဲ့Miss Management နဲ့ကျွန်တော်တို့တရားမ၀င် ဘင်္ဂလီတွေခိုးဝင်လာတာကိုမတားဆီးနိုင် တာတွေနောက် ဘင်္ဂလီတို့ရဲ့မမှန်မကန် နိုင်ငံသားဖြစ်လိုမှုဆိုတဲ့ ဒီဥစ္စာကို နိုင်ငံသားအဖြစ်ယူနိုင်ခဲ့တဲ့အထိစီမံခန့်ခွဲမှုဆိုင်ရာ တရားဥပဒေစိုးမိုးမှုဆိုင်ရာ အားနည်းခဲ့တဲ့ အဖြစ်တွေကြောင့် ကျွန်တော်တို့ဘင်္ဂလီဦးရေ ကြောက်ခ မန်းလိလိတိုးတက်လာရတယ်လို့ သုံးသပ်တယ်။

အဲဒီသုံးသပ်ချက်ဟာ ဒုတိယအကြောင်းရင်းတစ်ခုလို့ကျွန်တော်တို့ သုံးသပ်ပါတယ်။ ကျွန်တော်တို့ပြီးခဲ့တဲ့အစိုးရဆက်ဆက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျွန်တော်တို့ရဲ့ပြည်တွင်းပြင်ပမှာ ရှိနေတဲ့ Activiseတွေဟာ စစ်မျက်နှာအမျိုးမျိုးဖွင့်ပြီး လူ့အခွင့်အရေးချိုးဖောက်နေ တဲ့ပြသနာတွေကို ရှေ့တန်းတင်တဲ့အခါမှာ အစိုးရအဆက်ဆက်ကိ တိုက်ခိုက်မှုတွေဟာ အမေရိကန်၊ ဥရောပအပါအ၀င် နိုင်ငံပြင်ပမှာ ရှိတဲ့အခါ ဒါကို အခွင့်အကောင်းယူပြီးကာမှ ဘင်္ဂလီတွေက သမိုင်းလိမ်ဖန်တီးပြီးခါမှကျွန်တော်တို့ရဲ ရိုဟင်ဂျာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတို့ နိုင်ငံသားဖြစ်လိုမှုဆိုတဲ့ ဦးတည်ချက်တွေကိ စစ်မျက်နာဖွင့်လာတဲ့အခါမှရခိုင်ပြည်ကြီးရဲ့ ရှေ့ကတည်ရှိခဲ့တဲ့သမိုင်းအခြေခံ အချက်အလက်တွေ၊သမိုင်းရဲ့ဖြစ်စဉ်တွေကို ဂဃနဏမသိဘဲသေသေချာချာ ဆုံးဖြတ်ခြင်း မရှိဘဲနဲ့ လူ့အခွင့်မရဘူးဆိုတဲ့အောက်မှာ တိုင်းရင်းသားဖြစ်လိုတဲ့ အခွင့်အရေးကို အသုံးချခံခဲ့ရတာဟာ ဒီလိုဘဲ တတိယအမှာတစ်ခုလို့သုံးသပ်ပါတယ်။

နောက်သိကြတဲ့အတိုင်းပါပဲ၁၉၉၀ ပြည့်လွန်ကာလတွေမှာ စီးဆင်းမှု၊ ခိုးဝင်မှုတွေကို စိစစ်မှုရှိတဲ့အခါမှာ အစုလိုက်အပြုံလိုက်ပြည်ပဘက်ကို ထွက်ပြေးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်းဒုက္ခသည်ပြသနာ၊ နိုင်ငံတွင်းကိုပြန်လည်နေရာချထားရေးပြဿနာကလည်းလူသားချင်းစာနာေ ထာက်ထားတဲ့အနေတဲ့ကုလသမဂ အပါအ၀င် နိုင်ငံတကာ အစိုးရမဟုတ်တဲ့အ ဖွဲ့အစည်းတွေဟာ အသုတ်လိုက်အသုတ်လိုက် ရခိုင်ပြည်နယ်မြောက်ပိုင်းကိုဝင်လာပါတယ်။

အထူးသဖြင့်UNHCR တို့WFD တို့၊ နောက်ပွင့်ပွင့်လင်းလင်းပြောရရင်FAO အပါအ၀င်UN အင်ဂျီအို တော်တော်များများလာပါတယ်။ နောက်အိုင်အင်ဂျီအိုထဲက ပြန်ကြည့်တဲ့အခါအများကြီးပါ။ AZG တို့ACF တို့၊BAG တို့နောက် MSF တို့ဒီယားမိုင်အိုတို့ စတဲ့ အိုင်အင်ဂျီတွေ အများကြီးလာတဲ့ အခါမှာ သူတို့ဘာကို ဦးတည်သလဲဆိုတော့ရိုဟင်ဂျာ အစ္စလာမ်ထောက်ထားညှာတာရေးဆိုတဲ့အစီစဉ်တွေကိုဦးစားပေးပြီးကာမှ ဒီဘက်မှာရှိတဲ့လူများစုကလူနည်းစုဖြစ်သွား တဲ့ဒေသခံတိုင်းရင်းသားတွေရဲ့ကဏ္ဍကို မေ့ပျောက်ပြီးကာမှဒီဘက်က အနှစ်နှစ်ဆယ်ကျော်လောက် တစ်ဖက်စောင်းနင်းကျန်းမာရေး၊ပညာရေး၊ လူမှုရေးအကူအညီတွေအလွန်အကျွံပေးတာ တဲ့နောက်ပိုင်းမှာ ဒီဘက်မှာ ရှိတဲ့ တိုင်းရင်းသားတွေရဲ့ခံစားချက်တွေကို လစ်လျှူရှုပြီးကာမှနောက်ပိုင်းဒီအင်ဂျီအိုအပြင် ယူအမ်အေဂျင်စီတွေမှာ ပါဝင်နေကြတဲ့ ၀န်ထမ်းတွေကိုယ်တိုင်က နိုင်ငံရေးနဲ့နွယ်တဲ့ လှုပ်ရှားမှုတွေပေါ်ပေါက်ပြီးကာမှ ပြည်တွင်းပြည်ပ ချိတ်ဆက်ပြီးကာမှ၊ လှုပ်ရှားလာကြတဲ့နောက်ပိုင်းမှာ ဒီပဋိပက္ခဟာ ပိုပြီးမီးလောင်ရာ လေပင့်သွက်လက်လှု ပ်ရှားလာတယ်လို့ သုံးသပ်ရပါတယ်။

ဒီအချက်တွေကို စတုတ္ထအချက်အနေနဲ ကျွန်တော်မြင်မိပါတယ်။

ပဉ္စမအချက်အနေနဲ့ပြန်ကြည့်တဲ့ အခါမှာ ကျွန်တော်တို့ဆင်ခြေ ဖို့ကောင်းတဲ့ ယခင်အစိုးရအဆက်ဆက်ရဲ့အမှားတွေကိ တွေ့ရပါတယ်။ အထူးသဖြင့်ဘင်္ဂလီများဟာ ဒီအမှားတွေကိုလိမ္မာပါးနပ်စွာ အသုံးချခဲ့ တာကိုတွေ့ရပါတယ်။ အထူးသဖြင့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ပါက်သက်လို့ ဆန္ဒခံယူပွဲလုပ်တဲ့အခါမှာ ၁၉၈၂ နဲ့နိုင်ငံသားဥပ ဒေနဲ့နိုင်ငံသားမခိုင်လုံတဲ့သူတွေကို နိုင်ငံသား၊ ဧည့်နိုင်ငံသား နိုင်ငံသားဖြစ်နိုင်ဆိုတဲ့ မပါတဲ့ ပုဂိုလ်တွေကိုယာယီနိုင်ငံသားဆိုတဲ့ အဖြူကဒ်တွေကို ပေးပြီးကာမှ မဲပေးခွင့် ပေးခဲ့ကြတာရှိပါတယ်။

နောက်တစ်ချက်ကအဲဒီပုဂိုလ်တွေက ပါတီတည်ထောင်ခွင့်တို့၊ပါတီမှာ ပါဝင်ခွင့်တို့က ဒီယာယီဆိုတဲ့ဆန္ဒမဲပေးခွင့်တို့ ဒီယာယီဆိုတဲ့ ၁၉၈၂ ဥပဒေမှာ မပါတဲ့ဥစ္စာလေးနဲ နိုင်ငံသားစိစစ်ရေးကဒ်ပြားပေးခဲ့လို့တွေ့ရှိရ ပါတယ်။ နောက်ပြီးတော့ဒီကိုင် ဆောင်ထားတဲ့ပုဂိုလ်တွေ မွေးဖွားလာတုန်းက နိုင်ငံသားမိဘနှစ်ပါးက မွေးဖွားလာရမယ်ဆိုတဲ့ ခုနကဥပဒေသာ ရှိခဲ့တယ် ဆိုသော်လည်း အကြောင်းကြောင်းတွေနဲ့ဘူးသီးတောင်၊ မောင်တောဒေသတွေမှာ ရွေးကောက်ပွဲတွေဝင် လွှတ်တော် အမတ်တွေ ဖြစ်သွားကြတဲ့ လက်ရှိအခြေအနေကိုသုံးသပ်ကြတဲ့အခါ ဒီအချက်(၃)ချက်ဟာလည်းခုနကတင်ပြခဲ့တဲ့ နံပါက်(၅)ကြီးထဲမှာ ပါတဲ့Root Cause လို့ ကျွန်တော်သုံးသပ်ပါတယ်။

နောက်တစ်ခုနံပါတ် (၆)ထဲမှာ ပါတဲ့ ဒီဘင်္ဂလီတွေဟာ ကျွန်တော်တို့ရဲ ဒီမိုကရက်တစ်ခေတ်မီတဲ့နိုင်ငံတော် သစ်ကြီုးကို တည်ဆောက်တော့မယ်လို့ ကျွန်တော်တို့ရဲ့အစီအစဉ်ရောက်လာတဲ့အခါမှာ သူတို့ရဲ့ အမျိုးသားActivity ကိုမြှင့်ပြီးကာမှ ဘင်္ဂလီဟာ တိုင်းရင်းသားဖြစ်တယ်ဆိုတာ ဒီဘက်ကဦးတည်ချက်နဲ့သူတို့ရဲ့ ဟိုးတုန်းက ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အပြီးဟိုးဘက် ဘူးသီးတောင်၊မောင်တော၊ရသေ့တောင် ကို ကွေ့ပက်ပြီးကာ မှပါကစ္စတန်ကို ပေါင်းမယ်ဆိုတဲ့ရည်ရွယ်ချက်ကဖွဲ့ပြီးကာမှ ဒီအတောမသက်နိုင်တဲ့ဧရိယာတစ်ခု သတ်မှတ်ချင်တဲ့သဘောနဲ့ တိုင်းရင်းသားဖြ စ်လိုတဲ့ ဆန္ဒကိုလွန်လွန်ကဲကဲသုံးလာတာ ကို တွေ့ရတာ ဟာ နံပါက်(၆) အချက်အနေနဲ့ တွေ့ရပါတယ်။

နောက်နံပါက်(၇) အချက်နဲ့ပြန်ကြည့်တဲ့အခါမှာ ဒါဟာ သမားရိုးကျ မဟာဗျူဟာမြောက်ရည်မှန်းချက်ဖြစ်ပါတယ်။ဘာသာရေးယူအရ လူအများစု ဖြစ်ရန်ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဘာသာရေးကို အကြောင်းပြပြီးခါမှ ဇနီးမယား များစွာ ယူခြင်း၊အလွန်အကျွံကလေးမွေးဖွားမှု၊ အသက်မပြည့်သေးဘဲအိမ်ထောင်ချထားပေးမှု စတဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့မြှပ်ကွက်၊ ဟာကွက်တွေကိုသုံးပြီးကာမှ လာဘ်ပေးလာဘ်ယူမှုတွေ လုပ်ပြီးကျွန်တော် တို့ရဲ့ နယ်စွန်နယ်ဖျားတွေမှာ တွေ့ရပါတယ်။

နောက် ဘာသာရေးတက္ကသိုလ်၊ ဘာသာရေးကျောင်းတွေအလွန်အကျွံ၊ ကျွန်တော်တို့ရဲ့ဥပဒေပြင်ပကနေ တည်ထောင်ပြီးကာမှခွင့်ပြုချက်မဲ့ထားပြီးကာမှ နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး အလှူရှင်များရဲ့ ဘဏ္ဍာငွေတွေကိုသုံးပြီးကာမှ တည်ထောင်လာကြတာကိုကျွန်တော်တို့ တွေ့ရပါတယ်။

အဲဒီက ထွက်တဲ့ပုဂိုလ်တွေဟာလည်း တာလီဘန်ပုံစံမျိုးနဲ့လူငယ်လူရွယ်တွေနဲ့ ပြီးခဲ့တဲ့ဇွန်လ၆ ရက်နေ့ကဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြန်ပြီးစဉ်းစားကြည့်တဲ့အခါမှာ လူငယ်တွေဟာ စစ်သွေးကြွ တက်ကြွပြီးကာမှရခိုင်တွေရဲ့အိမ်ကို လာပြီးပထမဆုံးလှုံ့ဆော်ခဲ့တယ်ဆိုတာ ကို တွေ့ ရပါတယ်။ ဆိုတော့ဒီအချက်တွေကို ပြန်သုံးသပ်တဲ့အခါဒီဥစ္စာဟာ ကျွန်တော်တို့ တွက်ချိန်ထားတဲ့အခြေခံအချက်၇ ချက်ဟာ တစ်ပြိုင်တည်းတစ်ကြိမ်တည်းဖြစ်အောင် စနစ်တကျဖောက်ခွဲတယ်၊အချိန်ကိုက်ဖောက်ခွဲ လာ တဲ့အစီစဉ်ကောင်းတစ်ခုလိုပဲ ကျွန်တော်သုံးသပ်ပါတယ်။

အဲဒီလိုဘဲ ဒုတိယတစ်ကြိမ်ဖြစ်တဲ့ second way မှာဖြစ်တဲ့ဖြစ်စဉ်ကိုပြန်ကြည့်ရင်လည်းပဲ စနစ်တကျ အချိန်ကိုက်ဖောက်ခွဲမှုဖြစ်တယ်လိ Root cause ကို ကျွန်တော်ပြန်လည်တင်ပြရခြင်းဖြစ်ပါတယ်။ ဒါနဲ့ပါက်သက်လို့ နောက်ဘယ်လိုဖြစ်နိုင်လဲဆိုတဲ့ကျွန်တော် ကျန်ခဲ့တဲ့ဇူလိုင်လတုန်းကတင်ပြခဲ့တဲ့ အချက်အလက်လေးတွေကိုလေးချက်ကို ပြန်ဖက်ပြချင်ပါတယ်။

ဦးဆုံးကျွန်တော်တို့ရဲ့ လူမှုရေးအားနည်းတဲက နယ်စပ်ဒေသေအ၀ါအ၀င်ကုန်းလမ်းရေလမ်း ဆက်သွယ်မှုဧရိယာ တော်တော်များများမှာ ပြင်ပက ကျူးကျော်လာတဲ့သို့မဟုတ် အတွင်းမှရှိတဲ့သူတွေရဲ့လှုံ့ဆော်မှုတွေက ရာဇ၀တ်မှု အမျိုးမျိုးကိုကျူးလွန်နိုင်တယ်။ မီးရှို့မှု၊ဓါပြတိုက်မှု၊လုယက်မှု၊ကျွဲနွားခိုးမှု ကျွန်တော်တို့ရဲ့အမျိုးသမီးလေးတွေကို မုဒိမ်းကျင့်မှုစတဲ့သက်ဖြတ်မှုတေ ပေါ်ပေါက်လာနိုင်တယ်ဆိုတာ (၁) အချက်အနေနဲ့ ကျွန်တော်တို့တွေ့ရှိပါတယ်။

၂အချက်က လယ်ယာလုပ်ငန်းခွင်၊ သစ်ဝါးခုတ်တဲ့လုပ်ငန်းခွင်နောက် ပင်လယ်ပြင်လုပ်ငန်းခွင်တွေမှာ ၀င်ရောက်ပြီး ဖျတ်ဆီးတာတို့၊ကုန်လမ်းရေလမ်း သွားလာမှုတွေကို လုယက်သတ်ဖြတ်တာတို့တွေ လူဦးရေအရ နည်းပါးတဲ့တိုင်းရင်းသားကျေးရွာတွေကို လုံးဝစွန့်ခွာသွားနိုင်အောင်ဖိအားပေးနိုင်တယ်လို့ သုံးသပ်ပါတယ်။

နံပါက်(၃)အချက်ကတော့ဘင်္ဂလီတွေဟာ ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ရေးဆိုတဲ့လူ့အခွင့် အရေးကိုပြဌာန်းချက်အလွန်အမင်းအခြေခံတဲ့ ကမ္ဘာ့ကုလသမဂ ပါဝင်တဲ့ နိုင်ငံတကာရဲ့ဖိ အားပေးမှုကိုမရတော့ဘူးလို့ သုံးသပ်တဲ့ကာလမှာ ခုနကတင်ပြခဲ့တဲ့ တာလီဘန် ၊အစွန်းရောက် အဖွဲ့ အစည်းတွေဟာ အစွန်းရောက်အဖွဲ့အစည်း တွေဖြစ်တဲ့ အယ်ကိုင်ဒါးတို့၊ဂျပမ်းအစ္စလာမ် မီးယားတို့စတဲ့အကူအညီနဲ့လက်နက်ကိုင် ပဋိပက္ခအဖြစ် ဖန်းတီးလာတယ်လို့ကျွန်တော် သုံးသပ်ပါတယ်။

အားလုံးလည်းသိကြပြီးတဲ့အတိုင်းမိုင်တိုင်၅၀၊ ၅၁ ပက်ဝန်းကျင်မှာ ဂျီအီးတပ်ဖွဲ့ဝင်တွေကို ဖမ်းတာတို့ ခုနကအသုံးပြုနေတဲ့ ယာဉ်တွေကို မီးရှို့တာတို့ ဆိုတာတွေဟာ ဒါဖြစ်လာနိုင်ြေ ခရှိတာပေါ့။ နောက်ဆုံးအရေးကြီးတဲ့ အချက်တစ်ချက်ရှိပါတယ်။

ဒါဟာသတိပြုဖို့လိုပါတယ်။ ပြည်ထောင်စု ခိုင်မြဲဖို့အတွက်အင်မတန်အရေးကြီးပါတယ်။ ဘင်္ဂလီတို့ရဲ့ရိုဟင်ဂျာ ဖန်တီးမှုကြောင့် တိုင်းရင်းသားအခွင့်အရေး ရရှိနေတဲ့ပြည်ထောင်စုအတွင်းမှာ ကျွန်တော်တို့အစ္စလာမ်တို့ရဲ့ အစ္စလာမ်တိုက်ဇေးရှင်းစိတ်ကြောင့်ဒါဟာ ဘင်္ဂလားဒေ့ရှ်နဲ့အာဆီယံ ကိုပေါင်းစပ်သွားစေ နိုင်တဲ့ဆက်ကြောင်းဖန်းတီးလာမယ်ဆိုတဲ့ အယူအဆနောက်ဖြစ်လာနိုင်မယ်လို့ ကျွန်တော်သုံးသပ်ပါတယ်။ ခုနက ကျွန်တော်ပြောတဲ့နိဒါန်းမှာ ပြောခဲ့သလိုပါ ကျွန်တော်တို့ရဲ့အချုပ်ခြာ အာဏာ တည့်တံ့ခိုင်မြဲရေးအတွက်ပြည်ထောင်စုကြီးရဲ့ တာဝန်ဟာ ကျွန်တော်တို့အပေါ်မှာ ရှိနေတယ် ဆိုတာကိုသုံးသပ်စေချင်တာပါ။

တကယ်လိုများအစ္စလာမ်တိုက်ဇေးရှင်းစကြာဝဌာဟာ အောင်မြင်သွားမယ်ဆိုရင် ခုနကဘင်္ဂလီဆိုတဲ့ တိုင်းရင်းသားတစ်တွေဟာ ရိုဟင်ဂျာဆိုတဲ့တိုင်းရင်းတစ်ခု ဖြစ်သွားမယ်ဆိုရင်နိုင်ငံတကာမှာ ပျံ့နှံ့နေတဲ့ ဘင်္ဂလီ လူမျိုးစုတော်တော်များများဟာ မြန်မာပြည်မြေကိုခံယူပြီးကာမှ ကုလသမဂ အပါအ၀င်ခုနက တခြားမိတ်ဖက်နိုင်ငံတွေ ရဲ့ ဖိအားနဲ့ မြန်မာပြည် အတွင်းကို သန်းပေါင်းများစွာ ၀င်လာပြီး အစ္စလာမ်တိုက်ဇေးရှင်းဆက်ကြောင်းတွေ ကို ၀င်ပြီးပူးပေါင်းသွားနိုင်တယ်ဆိုရင် ပြည်ထောင်စု အချုပ်ခြာအာဏာ တည်တံ့ခိုင်မြဲရေးကိုဦးတည်နေတာကို တင်ပြချင်ပါတယ်။

နောက် ရေတိုရေရှည်အစီအမံအတွင်းမှာ ထည့်သွင်းစဉ်းစားပေးဖို့အစီအမံအချို့ကို ကျွန်တော်တင်ပြချင်ပါတယ်။

၂အချက်ကတော့ရေတိုနဲ့ပါက်သက်တဲ့စီမံချက်ပါ။ အထူးသဖြင့်ပြည်သူများပူးပေါင်း ပါဝင်တဲ့ အထူးသဖြင့်ရခိုင်ပြည်မှာ ရှိတဲ့ တိုင်းရင်းသားတွေပါဝင်မှုနဲ့ကျွန်တော်တို့ လုံခြုံရေးအစီအမံကိုအစိုးရနဲ့ပူးပေါင်းပြီးမှ လုံခြုံအစီမံချမယ်ဆိုတဲ့အစီအစဉ်တစ်ခုလို ပါတယ်။

ဒီလက်ရှိအခြေအနေကိုသုံးသပ်ကြည့်တဲ့ အခါမှာ ဘယ်လိုမှပူးပေါင်းနေ ထိုင်ပြီးလုပ်လိ ရေတိုမှာ လုပ်လို့ မရဘူးဆိုတော့ဘယ်လို ကာလတစ်ခုမှပြန်လည်သင့်ဖို့အတွက်လက်ရှိ အခြေအနေမှာ ခွဲခြားပြီးထားမယ့်မူ ယာယီအခြားတစ်နေရာမှာ ချထားရေးမူဆိုတာ လိုအပ်ပါတယ်။ အဲဒီတော့ ဘင်္ဂလီတွေကို သီးသန့်နေရာချထားတဲ့အခါမှာ ခုနက ပင်လယ်ပြင်စစ်ကြောင်းတို့ရထားလမ်းတို့ ၊ ကားလမ်းတို့ကို အနှောင့်အယှက်ပြုနိုင်တဲ့ ဧရိယာပြင်ပမှာယာယီနေထိုင်စေမှုပြုတဲ့ အစီအစဉ်တစ်ခုလိုပါတယ်။ ဒါကိုရေတိုစီမံချက်တစ်ခုထားပေးစေလိုပါ တယ်။

အဲလိုရှိမှပဲနောက်ရေရှည်ဖြတ် သန်းသွားလာတဲ့ကာလတစ်ခုမှာ ဒီ ကွန်မြူနတီနှစ်ခုကိုဘယ်လို ညှိညှိနိုင်းနိုင်း တိုင်တိုင်ပင်ပင်နဲ့ဘယ်လိုပူးပေါင်းနေထိုင်ဆောင်ရွက်မလဲဆိုတဲ့ဒုတိယရေရှည်စီမံချက်မှာ ထည့်သွင်းပေးဖို့လိုပါတယ်။နောက် ရေရှည်အနေနဲ့ဆယ်ချက်လောက် အစီအစဉ်ဆွဲထားပါတယ်။ တစ်အချက်ကတော့ဖြင့်နယ်စပ်တစ်လျောက် မှာ ရေရှည်နေထိုင်လာခဲ့တဲ့ တိုင်းရင်းသားကျေးရွာများတာဝရ တည်တံ့ခိုင်မြဲနိုင်မှုက အရေးကြီးပါတယ်။

ဒီတည်ရှိနေတဲ့ကျေးရွာတွေ တည်တံ့ခိုင်မြဲဖို့အတွက်ဘယ်လိုလုပ်ရမလဲ။ ရခိုင်အပါအ၀င် တိုင်းရင်းသားကျေးရွာများမှာ နယ်စပ်တလျောက်မှာ ရှိကြ ပါတယ်။ ဒီကျေးရွာတွေတည်တံ့ခိုင်မြဲမှပဲ ကျွန်တော်တို့ရဲ့အချုပ်အခြာ အာဏာ တည့်တံ့ခိုင်မြဲမယ်ဆိုတဲ့ယူဆချက်နဲ့ ကျေးရွာတွေအင်အားတောင့်တင်းခိုင်မာသော ရွာကြီးတွေဖြစ်ဖို့အိမ်ခြေနှစ်ရာ သုံးရွာလောက် ရှိတဲ့ ရှေ့တန်းစံပြရွာကြီးတွေ တည်ထောင်ပေးဖို့ဆိုတဲ့အစိုးရရဲ့မူတစ်ခုရှိဖို့လိုပါတယ်။ ရှေ့တန်းခံစစ်ကြောင်းအတွက်ပါ။ နောက်မေယုရိုးမရဲ့ အနောက်ဘက်ခြမ်းအ ရှေ့ဘက်ခြမ်းရှိပါတယ်။

အနောက်ဘက်ခြမ်းမှာ နှစ်မိုင်ကွာဝေးရှိတဲ့ နေရာတိုင်းမှာ လက်ရှိတည်ဆောက်ပေးတဲ့ေ ကျးရွာတွေအပြင်ကျွန်တော်တို့ ပထ၀ီဆက်ကြောင်းအရ နိုင်ငံရေးအားသာ ချက်အရ တိုင်းရင်းသားကျေးရွာကြီးတွေကို စစ်ပြန်စစ်မှုထမ်းတွေ၊အငြိမ်းစားတွေ၊ စစ်ဝန်ထမ်းတွေနဲ့ပြည်ပမှာ ရှိတဲ့တိုင်းရင်းသားတွေနဲ့နှစ်မိုင်အကွာအဝေးတိုင်းမှာ ရွာကြီးတွေဖြစ်အောင်။ရှေ့တန်းစံပြကျေးရွာတွေဖြစ်အောင်ဘယ်လို တည်ထောင်မလဲဆိုတဲ့ရေရှည်အနေနဲ့တ င်ပြချင်ပါတယ်။

မေယုရိုးမရဲ့အရှေ့ဘက်ခြမ်းမှာ အငူပေါ်ဒေသတွေအကျော်က ဘူးသီးတောင်၊ မောင်တော လမ်းကြောင်းနှစ်ခုမှာ ဆယ်နှစ်ရာသီ ကားသွားလို့ ရတဲ့၊ကြီးမားတဲ့ ကားတွေဝန်နဲ့အားနဲ့ သွားလို့ရတဲ့လမ်းတွေ တံတားတွေဖြစ်နေပြီးလုပ်ခြုံမှုရှိအောင် အင်မတန်လိုအပ်နေပါတယ်။

ဒီလိုရွာကြီးတွေတည်ထောင်တဲ့နေရာမှာ ဒီမှာရှိတဲ့တိုင်းရင်းသားကျေးရွာတွေ ရေရှည်တည်တံ့ခိုင်မြဲစေဖို့ အချက်တစ်ချက် တင်ပြချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ စက်မှုဇုန်စီမံကိန်းတွေ ဖန်တီးပေးဖို့လိုပါတယ်။ အဲဒီရွာကြီးတွေက လူတွေ အလုပ်အကိုင်အခွင့်လမ်းတွေကို အမီသဟဲပြုပြီးကာမှရေရှည်နေထိုင်ပြီး ခံစစ်ကြောင်းတွေ ရေရှည် တည်တံ့ခိုင်မြဲဖို့လိုပါတယ်။

ကျွန်တော်တို့ရဲ့လူဦးရေ ပေါက်ဖွားမှုရှိပါတယ်။ အဲဒါကိုဘယ်လိုထိန်းချုပ်မလဲဆိုတာကို တစ်ခုရှိပါတယ်။ဒီဟာနဲ့ပါက်သက်လို့ နယ်စပ်စည်းတွေကိုလုပ်ပေးတဲ့အခါမှာ တကယ်နိုင်ငံသားမဟုတ်တဲ့သူတွေကို ဘယ်လိုစိစစ်မလဲ ။ ဘယ်နေရာမှာ ထားမလဲဆိုတဲ့ စီစစ်ထိန်းချုပ်ဖို့လိုပါတယ်။ကျွန်တော်တို့အထူးဒေသတွေနဲ့ ပါက်သက်ပြီး Final planning ကိုဘယ်လိုချမလဲဆိုတာ လိုပါတယ်။နောက်၇၃၊၈၃၊ မှာ စတဲ့ သန်းခေါင်းစားရင်းကောက်ခဲ့တာရှိပါတယ်။

၂၀၁၄ မှာလည်းကောက်ဖို့ရှိပါတယ်။

ဒီကာလပိုင်းခြားတစ်ခုမှာ ဒီအိမ်ရာတွေပေါ်လာတယ်၊ဒါတွေကဘယ် လိုပေါ်လာတာလဲ။ ဥပဒေနဲ့ညီသလားမညီဘူးလားဆိုတာက ဒါတွေကိုဆယ်စုနှစ်နောက်ပိုင်းဖြစ်လာတဲ့ အနှစ်နှစ်ဆယ်၊သုံးဆယ်၊ငါးဆယ်ကာလတွေ အတွင်းမှာ ဘယ်လိုဖြစ်လာနို င်သလဲဆိုတဲ့ဟာကိုဝန်ကြီးဌာနတွေက ပြုစုပေးဖို့လိုပါတယ်။ နောက်ဆုံးအနေနဲ့ရခိုင် ဘင်္ဂလီသင့်မြတ်ရေးနဲ့ပါက်သက်ဖို့ ၇ ချက်ကို ကျွန်တော်ဆွဲပါတယ်။

ဒါဟာ အင်မတန်သိမ်မွေ့တဲ့ပြသနာပါ။ ရေရှည်ပြုစုပျိုးထောင်ပြီးကာမှ လူမျိုးရေးအရဆက်နွယ်နေတဲ့ နိုင်ငံရေးပြသနာ ပါ။ အဲဒီမှာ လူ့အဖွဲ့ အစည်းနှစ်ခုမှာ ပညာရေး၊ ကျန်းမာရေး၊လူမှုရေးနဲ့ပါက်သက်လို့အင်မ တန်မှနိမ့်ကျနေတာကို ၀န်ခံဖို့လိုပါတယ်။ အမျိုးသားအကျိုးစီးပွားအတွက် အပြန်အလှန်ဆက်စပ်နေတယ်ဆိုတာ သိဖို့လိုပါတယ်။ ဒီလက်တွေ့ကျကျ အသိအမှတ်ပြုဖို့လိုပါတယ်။

နောက်တစ်ခုကရခိုင်သမိုင်းဆိုင်ရာမှာ ဘင်္ဂလီလူမျိုးစုတွေကရိုဟင်ဂျာ သမိုင်း အမည်ခံပြီးလိမ်ပြီးလုပ်ကြံတာကို ထာဝရစွန့်လွှတ်ဖို့လိုပါတယ်။ ဘင်္ဂလီလူဦးရေပေါက်ဖွားပြီးကာမှ ထိန်းညိုရမယ်ဆိုတဲ့မိသားစုစီမံကိန်းကို ဘင်္ဂလီတွေကိုယ်တိုင်လက်ခံဖို့လိုပါတယ်။ ဘင်္ဂလီလူ့အဖွဲ့အစည်းကို ဘာသာရေးအစွန်းမေ ရာက်စေဘဲဘာသာရေးစွက်ဖက်မှုကင်းတဲ့ လူအဖွဲ့အစည်းအဖြစ်ပြောင်းလဲကြိုးစားပေးဖို့လိုပါတယ်။

ဘာသာခြားအစွန်းရောက်အယူဝါဒတွေကို စွန့်လွတ်ပေးဖို့လိုပါတယ်။

အချင်းချင်းညှိနိုင်းပြီးကာမှ ဘာသာရေးအစွန်းရောက်မှုမပါတဲ့လူအဖွဲ့ အစည်းတစ်ခုကို ရခိုင်ပြည်နယ်မှာ တည်ဆောက်နိုင်မယ်ဆိုရင်ဘာသာရေး စွက်ဖက်မှုမပါတဲ့နိုင်ငံရေးကို ကျွန်တော်တို့ဟာ ညှိညှိနိုင်းနိုင်းတိုင်တိုင်ပင်ပင်နှင့် ဆောင်ရွက်နိုင်မယ်ဆိုရင်လက်ရှိတည်တံ့နေတ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအခြေအနေကို ဆထက်တပိုးတိုးတက်ပြီးကာ မှ ပြည်ထောင်စုရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့အတွက်ရခိုင်တွေကော အနိုင်ငံသားဖြစ်ခွင့်ကြိုးစားနေကြတဲ့ ဘင်္ဂလီတွေပါအတူတကွလက်တွဲပြီးကာမှ ပြည်ထောင်စုကြီးရဲ့အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်ရခိုင်ပြည်ကြီးက ကာကွယ်နိုင်မယ် ပြည်ထောင်စုကြီးကို ကာကွယ်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။

ဒါကြောင့်ဒီအဆိုကိုတကယ့်မြေပြင်အြေ ခအနေဖြစ်ပေါ်လာနိုင်တာ ရယ်နောင်ဖြစ်ပေါ် လာနိုင်တာရယ်ကိုမှန်းပြီးကာမှ ဒီအဆိုကို တင်ပြရခြင်းဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။"

ဒေါက်တာအေးမောင်
________________

(ဓါတ်ပုံ - ခိုင်မြတ်ထံမှ ကူးယူဖော်ပြသည်)

ရခိုင်လူငယ်များအဖွဲ့
ဗုဒ္ဓသာသာနာတော်မြတ်ကြီး မြန်မာပြည်မှာ တင်ကျန်စေချင်တယ်ဆိုရင် ဒေါက်တာအေးမောင်ရဲ့ အဆိုကို လွှတ်တော်က အတည်ပြုနိုင်တဲ့အထိ ဝိုင်းဝန်း Share ကြစေလိုပါတယ်။ ဝိုင်းဝန်းထောက်ခံကြစေလိုပါတယ်။

ဒါဟာ ရခိုင်ကိစ္စမဟုတ်ပါဘူး၊ ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားအားလုံးရဲ့ ကိစ္စဖြစ်ပါတယ်။

ဒီအလှည့်အပြောင်းဟာ ဗုဒ္ဓဘာသာဝင်အားလုံးအတွက် အင်မတန်အရေးကြီးလှပါတယ်။

ဒီအဆိုရှုံးနိမ့်ခဲ့မယ်ဆိုရင် အနာဂါတ် မြန်မာပြည်က ဂျီဟတ်နဲ့ နီးစပ်လာဖို့ရှိနေပါပြီ။

__________________________________


"၂၀၁၂ ခုနှစ်၊ဇွန်လအတွင်းရခိုင်ပြည်နယ်၌ အင်္ဂလီဆူပူမှုကြောင့်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအပေါ် ဆင်ခြင်သုံးသပ်ပြီး နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် နယ်စပ်လုံခြုံရေး၊ နယ်မြေအုပ်ချုပ်ရေးနှင့် လူဝင်လူထွက် စီမံခန့်ခွဲရေးဆိုင်ရာ မဟာဗျူဟာမြောက်ရေတို၊ ရေရှည်အထူးအစီအမံတို့ဖြင့် ဦးစားပေးဆောင်ရွက်ရန်ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်၏ ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အဆို"
***********************************

"ကျွန်တော်တို့ရဲ့ပြည်ထောင်စုသမ္မတ နိုင်ငံတော်မှာ ဆိုရင် အဓိကအားဖြင့် ဒို့တာဝန်အရေး(၃)ပါးဦးထိပ်ထားပြီးတော့ ကျွန်တော်တို့ရဲ့အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ နံပါတ်(၃)အချက်က ဦးတည်ပြီးကာမှကျွန်တော်တို့ ဆောင်ရွက်ကြိုးပမ်းနေကြပါတယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့စာရွက်ပေါ်မှာ ရေးထားရုံနဲ့ မလုံလောက်တော့ပေမယ့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် အဓိကအရေးကြီးတဲ့ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မြဲရေးအတွက်အချင်းချင်းဖြစ်နေကြတဲ ပြည်တွင်းပဋိပက္ခတွေကို ရပ်ဆိုင်းပြီးခါမှ တကယ့်တကယ် အရေးကြီးတဲ့ အချုပ်ခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် လိုအပ်တဲ့ကဏ္ဍလေးတွေကို ကျွန်တော်တို့ရဲ သေနက်ပစ်ဖေါက်မှုတစ်ခုမှမလုပ်ရ ဘဲနဲ့ ဆုံးရှုံးသွားမယ့်ကဏ္ဍတွေကိုသတိပြုဖို့၊ သတိမူမိဖို့ အချိန်ရောက်ပြီ ဆိုတာကိုဒီအဆိုကို ရည်ရွယ်ချက်ပေါင်းများစွာနဲ့တင်ပြရခြင်း ဖြစ်ပါတယ်။