Showing posts with label သမိုင်း. Show all posts
Showing posts with label သမိုင်း. Show all posts
Sunday, July 21, 2013
အခန်း(၁) *ရန်ကုန်ကို ကိုင်လှုပ်သောထို (၇) ရက်*/ by Kyaw Naing
အခန်း(၁) *ရန်ကုန်ကို ကိုင်လှုပ်သောထို (၇) ရက်*
၁၉၈၈ခု မတ်လ ဒုတိယအပတ်။
ငိုက်မြည်းနေသော ရန်ကုန်မြို့တော်၌ ထူးထူးခြားခြားလက္ခဏာ တစ်စုံတစ်ရာမျှ မတွေ့ရချေ။ ခရီးသည်များနှင့် ကြပ်သိပ်နေသော ဘတ်စ်ကားအိုတို့သည် လမ်းမကြီးများ တလျှောက် လေးတွဲ့စွာ သွားလာနေကြသည်။ ယိုးဒယား၊တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ပါမကျန် အိမ်နီးချင်းနိုင်ငံများမှ ဝင်လာသော မှောင်ခိုပစ္စည်းမျိုးစုံရောင်းသည့် ဈေးများ မှာလည်း စည်ကားလျက်ရှိနေသည်။
နိုင်ငံ၏ ဘဏ္ဍာရေး လျာထားချက်ကို ပြည်သူ့ လွှတ်တော်၌ တင်သွင်းဆွေးနွေးနိုင်ရန် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)၏ ဗဟိုကော်မတီဝင်များ စည်းဝေးတိုင်ပင်၍ ကြိုတင်ပြင်ဆင်ခဲ့သည်။ အရွယ်အစားသေး၍ စိတ်ဝင်စားစရာ နတ္ထိ ငြီးငွေ့ဖွယ်ရာအတိဖြစ်သော မြန်မာ့ သတင်းစာများမှာလည်း တာဝန် ကျေပြွန်စွာဖြင့် မဆလ ဗဟိုကော်မတီအစည်းအဝေး သတင်းများကို ဝေဝေဆာဆာ ဖော်ပြထားကြသည်။ သတင်းများတွင် အစည်းအဝေး တက်ရောက်ကြသော ဗဟိုကော်မတီဝင်များ၏ အမည်နာမ အပြည့်အစုံကို လည်းကောင်း၊ အခမ်းအနားမှူးများ မည်သူမည်ဝါဖြစ်သည်ကို လည်းကောင်း၊ ကိုယ်စားလှယ်တော်ကြီးများသည် ဘဏ္ဍာရေး လျာထားချက်များကို တစ်ဦးပြီးတစ်ဦး မည်သို့မည်ပုံ ထောက်ခံဆွေးနွေးကြသည်ကို လည်းကောင်း၊ ရှည်လျားစွာ ဖော်ပြထားသည်။ ထိုထောက်ခံဆွေးနွေးမှုများမှာ လုပ်ရိုးလုပ်စဉ် တစ်ခုသာဖြစ်သည်ကို လူတိုင်းသိရှိထားပြီးဖြစ်သည်။ နေဝင်းကိုယ်တိုင် ကနဦး ကတည်းက အတည်ပြုရန် ညွန်ကြားထားခဲ့သည်။ ထုံးစံအတိုင်းသတင်းစာများတွင် သတင်းဟူ၍ မယ်မယ်ရရမပါ။ မတ်လ ၁၁ ရက်နေ့ ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ ခေါင်းကြီးပိုင်းတွင်ကျောင်းသားများ အနေနှင့် ကျန်းမာရေးဂရုစိုက်ကြရန် သတိပေးဆော်သြ ထားကြောင်းကို တွေ့မြင်နိုင်သည်။ နီးကပ်လာနေသော အတန်းတင် စာမေးပွဲကို စိုးရိမ်ပူပန်ပြီး ညဥ့်နက်သန်းခေါင်ယံတိုင် စာမဖတ်သင့်ကြောင်း၊ အချိန်ဇယားဆွဲပြီး အချိန်မှန်မှန် စာကြိုးစားသင့်ကြောင်း စသည်ဖြင့် သတင်းစာ က ထောက်ပြသွားသည်။ ထိုအကြံပေးချက်များကို နှလုံးသွင်းကြသော လူငယ်သုံးဦးမှာ ဝင်းမြင့်၊ အမည်တူ ဝင်းမြင့်နှင့် ကျော်စံဝင်းတို့ဖြစ်သည်။ သုံးဦးစလုံးမှာ ရန်ကုန်မြောက်ပိုင်းဆင်ခြေဖုံးအနောက် ကြို့ကုန်းရှိ အထင်ကရ ရန်ကုန် စက်မှုတက္ကသိုလ်မှ ကျောင်းသားများဖြစ်ကြသည်။
Thursday, July 18, 2013
" ၀န်ကြီးတမတ် " July 13, 2012 at 4:03am/ By: Ter Tee
                                                            သူတို့သိပါတယ်
                                                           -------------------
" စာသဘင် "  ကို တာဝန်ယူထားသောသားများက စာတပုဒ်-စာတအုပ် အသစ်ရေးပေးပါဟု သာဓုကို အပူကပ်ကြသည်။ (အနယ်နယ်က တောင်းဆိုနေပါပြီ) ဟုလည်း အလွယ်ဆုံးနည်းဖြင့် အကြောင်းပြသည်။
" ကိုယ့်ဟာကိုယ် ထုတ်ချင်လဲ ရေးပေးပါ့မယ် ဟိုကတောင်းဆိုချက် ၊ ဒီက တိုက်တွန်းမှု ဆိုတာတွေနဲ့ ခုတုံးမလုပ်ပါနဲ့ကွာ "  သို့ ပြောရင်း ဤစာအုပ် ရေးပေးမည်ဟု ပြောလိုက်သည်နှင့် ပြိုက်ကနဲ ကောက်၍ကြော်ငြာကြသည်။
(ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးစက ဒေါသဖြစ်စရာ ကမောက်ကမမြင်ကွင်းများကို မကျေမနပ်ဖြစ်ခဲ့ရာမှ စာတပုဒ်ကောက်ရေးရင်း စာရေးဆရာ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရသော) စသဖြင့် ....
ဤတွင် ထိုကောက်ရေးသည် ဆိုသော စာတပုဒ်သည် အဘယ်စာတပုဒ်လေနည်း ဟု သိလိုလာကြသည်။ သိပြီးသူက မသိသေးသူကို " ၀န်ကြီးတမတ် " ဆိုတဲ့ ၀တ္ထုပေါ့ ဟု သူတို့ချင်းပြော၍ (သိ) သွားပြီးသောအခါတွင်မူ (ဖတ်)ချင်လာကြပြန်သည်။
ဤသည်ကိုလည်း သားများက ပြော၍ သိရသည်။ စာရှုပရိသတ်ကိုပင် ခုတုံးလုပ်ပြန်လေသလော မပြောတတ်။ ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ ၊ " အဆစ် " ကလေးအဖြစ်ကား ထည့်ပေးသင့်သည်ဟု ယူဆသည့်အတိုင်း ဆက်ဖတ်လိုက ဖတ်ပါ ၊ သာဓု၏ စာရှုသူ ....။
**********************************************************************************
                                                               -----------------
                                                                                                                 သာဓုရေးသည်။
ဂျစ်ကားကလေးတစင်းသည် ဆူးလေဘုရားဘက်မှ ဒါလဟိုဇီလမ်းအတိုင်း အနောက်ဘက်သို့ မောင်းလာပြီး သိမ်ကြီးဈေးထိပ် ဘုရားလမ်းသို့ ရောက်သည်နှင့် လက်ျာဘက်သို့ ချိုးကွေ့ကာ သိမ်ကြီးဈေး ဆင်ဝင်အောက် အထည်ဆိုင်များအနီးတွင် ရုတ်တရက် ထိုးရပ်လိုက်သည်။
"ဂျူလိုင် ၁၉ လုပ်ကြံမှုကြီး ကိုယ်တွေ့ကြုံသူတို့၏ပြောကြားချက်များ" July 19, 2012 at 12:31pm - ဦးဘဂျမ်း
ထိုနေ့က ၀န်ကြီးများအစည်းအဝေးသည် အတွင်းဝန်များရုံး အဆောက်အဦး ဗိုလ်ချုပ်အောင်ဆန်း၏
ရုံးခန်းတွင် ဂ ငယ်ပုံ အစည်းအဝေးစာပွဲကြီး၌ နံနက် ၁၀ နာရီခန့်အချိန်တွင် စတင်ကျင်းပရာ
ထိပ်စာပွဲအလယ်၌ ဗိုလ်ချုပ်အောင်ဆန်းထိုင်သည်။ ဗိုလ်ချုပ်၏ လက်ဝဲဖက်၌ ၀န်ကြီးများအဖွဲ့
အတွင်းဝန် ဦးရွှေဘော်သည်လည်းကောင်း ၊ လက်ယာဖက်စာပွဲ၌ သခင်မြ ၊ ဦးရာဇတ် ၊ ဒီးဒုတ်ဦးဘချို ၊
ဦးဘ၀င်း နှင့် မန်းဘခိုင် တို့ အစဉ်အတိုင်းသည် လည်းကောင်း ၊ လက်ဝဲဘက်စာပွဲ၌ ဦးဘဂျမ်း ၊
ဦးအောင်ဇံဝေ ၊ ပျော်ဘွယ်ဦးမြ ၊ မိုင်းပွန်စော်ဘွားကြီး တို့ အစဉ်အတိုင်းသည် လည်းကောင်း ထိုင်ကြပြီးလျှင်
လက်ယာဖက် သခင်မြတို့ စာပွဲထိပ်ရှိ ကုလားထိုင်၌ အစည်းအဝေးတွင် စဉ်းစားသောကိစ္စနှင့်
သက်ဆိုင်သည့် ၀န်ကြီးဌာန၏ အတွင်းဝန်က ထိုင်ရသည်။
နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် လူသတ်သမားများရောက်လာချိန်၌ ၀န်ကြီးများ အစည်းအဝေးတွင်
ရှိနေသော အလှည့်ကျ အစိုးရအတွင်းဝန်မှာ ဦးအုန်းမောင်ဖြစ်သည်။ ဦးအုန်းမောင် ရောက်လာပြီး
သုံးလေးမိနစ်ခန့်အကြာတွင် လူသတ်သမားများ ရောက်လာခြင်းဖြစ်သည်။ အစည်းအဝေးအစီအစဉ်အရ
ထိုအချိန်သည် ဦးအုန်းမောင်၏ အလှည့် မကျရောက်သေး။ သံအမတ်ဟောင်း (ထိုအချိန်က အတွင်းဝန်) ဦးကြင်၏
အလှည့် ဖြစ်သည်။ ဦးအုန်းမောင်က မိမိတွင် အခြားအရေးကြီးသော ကိစ္စတခု ရှိနေသေးကြောင်း ဦးကြင်အား
ပြောပြခွင့်ပန်ပြီးလျှင် အစည်းအဝေးသို့ ဦးစွာလာ၍ သူရေးထားသည့် သယ်ယူပို့ဆောင်ရေး စီမံကိန်းအကြောင်း ရှင်းလင်းတင်ပြထားခြင်း ဖြစ်သည်။ အကယ်၍သာ အစည်းအဝေးအစီအစဉ်အတိုင်း စဉ်းစားဖြစ်လျှင်
(သို့တည်းမဟုတ်) လူသတ်သမားများ ငါးမိနစ်ခန့်စော၍ ရောက်လျှင် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့်
ရင်နင့်ဖွယ်ကိစ္စတွင် ဦးအုန်းမောင်၏ အသက်တချောင်း အဆစ်ပါသွားခဲ့မည် မဟုတ်ပေ။
အချောင်သမား ဆိုသည်မှာ... July 18, 2013 at 12:38am
ဒင်းလိုလူစား သတိထားဟေ့
သူဟာ ကိုလိုနီခေတ်က တောနယ်လေးတခုမှာ မွေးဖွားကြီးပြင်းလာခဲ့ပြီးအင်္ဂလိပ်ခေတ် ၇ တန်းအောင်တယ်လို့ ဆိုပါ တယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံ ကလကတ္တားကိုသွား အင်္ဂလိပ်စာသင်ခဲ့ပြီးနောက်အသက် ၂၇ နှစ်မှာ အောက်တန်း ရှေ့နေစာမေးပွဲ ဝင်ဖြေတာအောင်လို့ ရှေ့နေလုပ်ခဲ့ပါတယ်။ အင်မတန်ရဲတင်းပြီးရည်မှန်းချက်ကြီးလှတဲ့ ဒီလူဟာ တဖက်ကရှေ့နေလုပ်ရင်း နိုင်ငံရေးနယ် မီဒီယာနယ်တွေထဲ ထိုးဖောက်ခြေကုတ်ယူခဲ့ပါတယ်။သူရိယသတင်းစာတိုက် ရှယ်ယာတွေကို ဝယ်ယူခဲ့ပါတယ်။
သူဟာ အဲဒီကာလက အဓိကအတိုက်အခံ အမျိုးသားရေးအဖွဲ့ကြီးဖြစ်တဲ့ဂျီစီဘီအေ ဝံသာနုအဖွဲ့ကြီးထဲ ဝင်ပါခဲ့ပြီး ၁၉၂၂ ခုမှာ ဂျီစီဘီအေကွဲတော့ ၂၁ ဦးအဖွဲ့ဘက်ပါခဲ့ပါတယ်။ ၁၉၂၅ ပထမအကြိမ် ဒိုင်အာခီရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ပေမဲ့ အရွေးမခံရပါ။သူ့အသက် ၂၇ နှစ်အရွယ် ၁၉၂၇ ခုနှစ် ဒုတိယအကြိမ် ဒိုင်အာခီရွေးကောက်ပွဲမှာတော့ သာယာဝတီတောင်ပိုင်းမဲဆန္ဒနယ်ကနေဥပဒေပြုလွှတ်တော်အမတ်အဖြစ် အရွေးခံရပါတယ်။ ၁၉၂၉ ခုမှာလည်း တတိယအကြိမ်ဒိုင်အာခီရွေးကောက်ပွဲမှာထပ်နိုင်ခဲ့ပါတယ်။ သာယာဝတီမြို့မ ဝံသာနုကောင်စီမှာလည်း အတွင်းရေး မှူးအဖြစ်နဲ့ နယ်ချဲဆန့်ကျင်ရေးနိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခဲ့ပါတယ်။ ၁၉၃၆ ရွေးကောက်ပွဲမှာတော့ ဟင်္သာတ မြောက်ပိုင်းအမတ်အဖြစ်အရွေးခံခဲ့ရပါတယ်။
ထောင်မှုးကြီးသိန်းဝင်း/ မရှိခဏ
Tuesday, April 23, 2013
ကရင်များ ပဌမဆုံးအကြိမ်မြန်မာပြည်ထဲသို့ ဝင်ရောက်လာခြင်း
Saw Htoo shared Phlonetherdwae Karenization's photo.
ကရင်များ ပဌမဆုံးအကြိမ်မြန်မာပြည်ထဲသို့ ဝင်ရောက်လာခြင်း
    ဘီစီ-၁၁၃၄ နှင့် ဘီစီ-၁၁၂၂ ခု နှစ်များအကြားတွင် တရုတ်ပြည်တွင် တရုတ်ဘုရင် ချြောင်ဆင်ဋ္ဋ (Chaw Hsin)အုပ်စိုးလျှက်ရှိသည်။၎င်းဘုရင် အုပ်ချုပ်စဉ်ကာလအတွင်း ကောင်းမွန်သည့်စိတ်ထားနှင့် စည်းကမ်းမရှိသောကြောင့် ၄င်း၏အုပ်စိုးမှုအောက်တွင် တိုင်းသူပြည်သားများအား အကြီးအကျယ် ဒုက္ခပေးလျှက်ရှိသည်။ ၄င်း၏တိုင်းပြည်ပတ်ပတ်လည်င်္တင်နေထိုင်လျှက်ရှိသောတိုင်းသူပြည်သားများကိုဖိနှိပ်လျှက်ရှိရာ အတင်းမောင်းထုတ်ခြင်း၊ မိမိ၏လူမျိုးတိုင်းပြည်သား အဖြစ်အတင်းအဓမ္မပြုလုပ်လျှက်ရှိလေသည်။(ပါမောက္ခ ဒဗလျူ အီး-စူဟေးလ် ရေးသည့် တရုတ်ပြည်၏ရာဇဝင် (၁၉၂၉၊ စာမျက်နှာ ၈ နှင့်၉ ကိုရှု ပါ)။ဆရာချားလ်(စ်) ကုစလပ်(ဖ်)ရေး-တရုတ်ပြည်ရာဇဝင်အကျဉ်း အတွဲ ၁- ၁၉၃၄၊ နှာ-၁၆၂ - ၁၆၆ကိုလဲရှုပါ။) 
HISTORY OF CHINA-1929 PG,.8-9 BY PROFESSER W.E.SOOTHILL AND ALSO A SKETCH OF CHINA HISTORY-ANCIENT AND MODERN ETCL,VOLUME 1, 1934,PG,.162 - 166 BY REV,.CHARLES GUTZATT.
က်ျ ဘုရင်၏ အုပ်ချုပ်မှုအောက်တွက် အလွန်ဆိုးရွားလှသောကြောင့် တရုတ်ပြည်ပတ်ပတ်လည်တွင်နေထိုင်ကြသောကရင်များနှင့်တရုတ်ပြည်တွင်းနေထိုင်ကြသောကရင်အချို့ သည်၎င်းဖိနှိပ်မှုကိုမခံနိုင်ကြတော့ သောကြောင့်ဘီစီ-၁၁၂၈ တွင် ၄င်းတို့ သည် တရုတ်ပြည်၏ တောင်ဘက်နှင့်အနောက်တောင်ဘက် အရပ်သို့  ရွှေ့ ပြောင်းသွားကြသည်။ထိုနောက်၎င်းတို့ သည်တိုင်းပြည်သစ် တပြည်အတွင်းသို့ ဘီစီ၁၁၂၅တွင်ဝင်ရောက်နေထိုင်ကြလေသည်။၎င်းတို
ကရင်မျိုးနွယ် အမျိုးမျိုးတို့ သည် တရုတ်ပြည်မှ အုပ်စု(၃)စုခွဲပြီး လမ်း(၃) လမ်းဖြင့် အုပ်စုတစုကို တစ်လမ်း၊(၃)နှစ်အတွင်းထွက် ခွါလာကြ သည်။ ပဌမအုပ်စုမှာ-မဲခေါင်မြစ်ကြောင်းအတိုင်း ဆင်းလာကြသည်။ ၄င်းတို့ သည်  တောင်ဘက်သို့ တဆင့်ပြီးတဆင့် ရွှေ့ ပြောင်းလာကြရာ ပဌမဦးဆုံး၎င်းတို့ သည်ယခုတောကီးဟုခေါ်သော နေရာတွင်ဝင်ရောက်နေထိုင်ကြလေသည်။ထိုမှတဆင့်၎င်းတို့ သည်ယခုထိုင်းနိုင်ငံသို့ ဝင်ရောက်နေထိုင်ကြသည်။ ထိုနောက် ဆက်လက်ရွှေ့ ပြောင်းသွားကြရာ ယခု ကမ္ဘောဒီယားနိုင်ငံပင်လယ်ကမ်းစပ်သို့ ရောက်သွားကြလေတော့ သည်။၎င်းတို့ ရွှေ့ ပြောင်းနေထိုင်ခဲ့သည့်နေရာများမှာ ယခု လော၊ ထိုင်း၊ ကမ္ဘောဒီယားနှင့် ဗီယက်နမ် နိုင်ငံများဖြစ်ကြလေသည်။
နောက်ပိုင်း နှစ်အနည်းငယ်အကြာတွင် ရှမ်းလူမျိုးများကလည်း ကရင်များဆင်းသက်လာကြသည့် လမ်းကြောင်းအတိုင်း အများအပြားပြောင်းရွှေ့ ဆင်းသက်လာကြသည်။ကရင်တို့ သည် နောက်တွင်ပြောင်းရွှေ့ လာကြသောရှမ်းများ၏်ဖိအားကိုခံနေကြရလေသည်။သို့ သော်၎င်းတို့ သည်ပင်လယ်ကမ်းစပ်သို့  ရောက်ရှိပြီးဖြစ်သဖြင့်ဆက်သွားရန်မဖြစ်နိုင်တော့ ချေ။ယင်းကြောင့်၎င်းတို့ သည် နောက်ပြန်လှည့်ကာမယ်နမ့် မြစ်အတိုင်းပြန်ရ်ျဆန်တက်လာကြတော့ သည်။ယင်းကဲ့သို့ မြစ်ဖျားဘက်သို့ တဆင်ပြီးဆင့်ဆန်တက်လာကြရာ နောက်ဆုံးမယ့် ပင် မြစ်ရှိရာ နေရာသို့ ရောက်လာကြသည်။ထိုအခါ မယ့်ပင် မြစ်ကြောင်းအတိုင်းဆန်တက်ပြန်ရာ မယ့်ပင်မြစ်ဖျား မရောက်ခင် တနေရာတွင် စခန်းချ နေထိုင်ကြလေသည်။ က်ျ နေရာကား - ယခုချင်းမိုင်ဟုခေါ်သော မြို့ ပင်ဖြစ်သည်။ ချင်းမိုင်းသည် ကရင်မျိုးနွယ် အစုစုတို့  စုစည်းနေထိုင်လာရာနေရာဖြစ်သည်။ထို့ ကြောင့် ချင်းမိုင်သည် တချိန်က ကရင်လူမျိုးတို့ ၏ မြို့ တော်ဖြစ်လာလေသည်။ ကရင်တို့  ချင်းမိုင်တွင်နေထိုင်စဉ် ရှမ်းလူမျိုးနှင့် မကြာခဏ တိုက်ခိုက်ကြသည်။ တခါတရံတွင် ကရင်များကတိုက်ပွဲတွင်အနိုင်ရပြီး တခ့တရံ ရှမ်းက အနိုင်ရသည်။ သို့ ရာတွင် နောက်ဆုံးမှာ ကရင်များအားရှမ်းများက အနိုင်ယူတိုက်ခိုက်နိုင်ခဲ့လေသည်။ထိုအခါ ကရှုတို့ သည် ချင်းမိုင်မှထွက်ပြေးကြရပြီး ပတ်ဝန်းကျင်အနှံ့အပြား နေရာများသို့  ပျံ့ နှံ့ ရောက်ရှိကြလေတော့ သည်။ယင်းကြောင့်ယခုအချိန်တွင် ကရင်များသည်မယ့်စရင်၊ဖါပွန်၊လူသောခို၊လယ်မူထိစသည်တောင်ပေါ်ဒေသ လျှိုမြောင်အရပ်များတွင်ပျံ့နှံ့ နေထိုင်လျှက်ရှိသည်ကို တွေ့ ကြရမည်ဖြစ်ပါသည်။အချို့ တို့ မှာ ယခုဘော်နီယိုကျွန်းဟုခေါ်သော ကျွန်းအထိပျံ့ နှံ့ ရောက်ရှိကြလေသည်။
ကရင်မျိုးနွယ် အမျိုးမျိုးတို့ သည် ဒုတိယအသုတ် ယူနန်ပြည်နယ်မှ ထွ့က်ခွာလာကြပြီးရွှေလီ မြစ်လမ်းကြောင်းအတိုင်း စုံဆင်းလာကြရာ ယခုအခေါ် မြန်မာပြည်အတွင်းသို့ ဝင်ရောက်ကြလေသည်။ရွှေလီမြစ်မြေပြန့်ဒေသတွင် ရှမ်းလူမျိုးများ နေထိုင်ကြပြီးဖြစ်သဖြင့် ကရှုလူမျိုးတို့ သည် ဆက်လက်ပြီး ဃဲဝါး မြစ်အတိုင်းဆင်းသွားကြလေသည်။၎င်းနောက်ဃဲဝါးမြစ် ကမ်းဘေးရှိမြေပြန့် ဒေသတွင်နေထိုင်ကြလေသည်။ပဌမဦးဆုံးမိုးကုတ်နယ်အတွင်းနေထိုင်ကြသည်။ကာလကြာရှည်စွာ ထိုနေရာတွင်နေထိုင်ကြသဖြင့် ရပ်ရွာများတိုးများလာလေသည်။၎င်းတို့ ၏သူကြီး ဖူးဃဲဝါး နေသည့် ရွာမှာ   မြစ်ကမ်းဘေးတွင်ရှိသည်။က်ျရွာကို ၄င်းတို့ မြို့ အဖြစ် တည်ထောင်ကြလေသည်။က်ျ မြို့ ကိုလည်းနောက်ပိုင်းတွင် တြကောင်းဋ္ဋ ဟုယခု အမည်တွင်လာလေသည်။ ယခုထိတိုင်လည်းခေါ်ကြပါသည်။ ဃဲဝါးမြစ်ကိုမူအချိန်ကာလကြာမြင့်စွာရွှေ့ လျား ပြီးနောက်ပြေ္လက္လိုဋ္ဋ(ကရင်လို)ဟုပြောင်းလဲခေါ်ကြသည်။တနည်းအားဖြင့်ဧရာဝတီမြစ်ဟုယခုခေါ်သောမြစ်ဖြစ်လာသည်။ဃဲဝါး အား တကောင်းဟုပြန်ခေါ်ရသောအကြောင်းရင်မှာ-ဃဲဝါးမြို့ အား တကောင်းမြို့  နှင့် ဃဲဝါး က္လို (ဃဲဝါးမြစ်)အား ပလေးကလို (ဧရာဝတီမြစ်အဖြစ်ပြန်ခေါ်ရသည့်အကြောင်းရင်းမှာ=ကရင်လူမျိုးနှင့်ရှမ်းလူမျိုးတို့ သည် ၄င်းတို့ နေထိုင်ရာတိုင်းပြည်နှင့် နယ်မြေများတခုနှင့်တခု ဆက်စပ်လျှက်ရှိသည်။ယခုကဲ့သို့နေထိုင်ကြသည်မှာအချိန်ကြာမြင့်လှပြီဖြစ်ပါသည်။၎င်းတို့ သည်ကုန်ပစ္စည်းအရောင်းအ၀ယ်များ အပြန်အလှန်မှီခိုလျှက် ရှိနေကြသည်။ကရင်တို့ သည် ဖားရုပ်ပါစည့်စည်အား အမြတ်တနိုး ထားသည်ကို ရှမ်းလူမျိုးတို့ သိသဖြင့် ၄င်းတို့ သည် ဖားသည်များအား ယူနန်ပြည်နယ်တွင်သွားရောက်ဝယ်ယူကာ ကရင်လူမျိုးများကိုပြန် လည်ရောင်းချလေသည်။ရှမ်းလူမျိုးတို့ သည် ဖားစည် များကိုကရင်လူမျိုး များအား ပြန်လည်ရောင်းချနိုင်ရန် အတွက် လှေဖြင့် တင်ဆောင် လာကြ သည်။ ဃဲဝါးမြို့ ကိုရောက်လာကြသောအခါ လှေများ အားလှေဆိပ်တွင် ဆိုက်ကပ်စေပြီးပါလာသည့်ဖားစည်များကိုကရင်များအားရောင်းချကြလေ  သည်။ ၄င်းတို့ လှေများဆိုက်ကပ်သည့်လှေဆိပ်အား တြုကော ဋ္ဋ ဟုခေါ်ကြသည်။တု-ဆိုသည့်ရှမ်းလို စကား၏်အဓိပ္ပာယ်မှာဆြိပ်ကမ်းဋ္ဋ ဟုအဓပ္ပာယ်ရပြီး ကြောဋ္ဋ ဆိုသည်မှာ  ဖြားသည်ဋ္ဋဖြစ်သည်။ ထို့ ကြောင့်တြုကောဋ္ဋဆိုသည့် အဓိပ္ပာယ်မှာဖားစည်ဆိပ်ကမ်းပင်ဖြစ်ပါသည်။ တနည်းအားဖြင့်ဖားစည်များရောင်းချရာနေရာဖြစ်ပါသည်။ထိုနည်းအတူ ဃဲဝါးမြို့ ဟုခေါ်ကြခြင်းမှာ ကရင်လူမျိုးတို့ သာခေါ်ကြခြင်းဖြစ်သည်။သို့ သော် ရှမ်းတို့ က က်ျ မြို့ ကို တုကော ဟုခေါ်သည်။ဗမာလူမျိုးများကရှမ်း လူမျိုး များခေါ်သကဲ့သို့  လိုက်ခေါ်ကြရာ ရှမ်းကဲ့သို့ ပီပီသသမခေါ်နိုင်သဖြင့် တုကော မှ နောက်ဆုံး တကောင်း ဟူရ်ျ ယခုထိတိုင် တွင်ကျန်ခဲ့လေသည်။ သို့ ရာတွင် မြစ်ကိုမူ အဘိုးဃဲဝါး၏အမည်ဖြင့်မှည့်ခေါ်ထားသောကြောင့် ဃဲဝါးမြစ်ဟုခေါ်တွင်လေသည်။မြစ်၏အောက်ပိုင်းကိုမူ မြစ်၏အောက်ပိုင်းကိုမူ အဘိုးပလေး ၏အမည်ဖြင့် မှည့်ခေါ်ထားပြန်ရာ ပလေမြစ်ဟုတွင်ကျန် ခဲ့လေသည်။ က်ျ အကြောင်းမှာမူ အဘိုးဃဲဝါးသည် ကရှုလူမျိုးများအား ပထမပိုင်းတွင် မြန်မာပြည်ဟုခေါ်သော ယခုတိုင်းပြည်ထဲသို့ရောက်အောင် ကွတ်ကဲ ခေါင်းဆောင်ပြီးပို့ ဆောင်လာခဲ့သူဖြစ်သည်။အဘိုးပလေးမှာမူ ကရင်တို့ မြန်မာပြည်တွင်းသို့ ရောက်လာပြီးနောက်မှအောက်ဖက်သို့ စုံဆင်းရာ ကရင်တို့ ကို ကွပ်ကဲခေါင်းဆောင်ခဲ့သူတယောက်ဖြစ်ပါသည်။ထို့ကြောင့် ကရင်ထုံးစံအခေါ်အရ ယခုဧရာဝတီမြစ်၏နာမည်မှာ၂မျိုးဖြစ်နေ ခြင်းဖြစ် သည်။မြစ်အထက်ပိုင်းအား ဃဲဝါးမြစ်ဟုခေါ်ပြီးမြစ်အောက်ပိုင်းကိုမူ ပလေးမြစ်ဟုခေါ်ခြင်းဖြစ်သည်။နောက်ပိုင်းအချိန်များကြာညောင်းလာသောအခါ ကရင်တို့ သည်အထက်ပိုင်းတွင် မနေကြတော့ဘဲ အောက်ပိုင်းသို့  အားလုံးရွှေ့ ပြောင်းရောက်ရှိလာကြလေသည်။ထို့ ကြောင့်ဧရာဝတီမြစ်အထက်ပိုင်း မူလအမည်ဃြဲဝါးကလိုဋ္ဋ မှာတဖြေဖြေးတိမ်ကောပပျောက်လာပြီး က်ျ ဧရာဝတီမြစ်ကြီးကို ပြလေကလိုဋ္ဋ ဟူ ရ်ျသာအသိများလာကြလေတော့  သည်။နောက်ဆုံးတွင် က်ျဧရာဝတီမြစ်ကြီးကို ပလေကလို ဟူရ်ျသာ တွင်ကျန်ရစ်လေတော့ သည်။သို့သော် မွန်၊ဗမာများက က်ျ မြစ်ကိုကုလားများခေါ်သကဲ့သို့  အင်္ဂလိပ်များနည်းတူ ဧရာဝတီမြစ် ဟူရ်ျသာ ယနေ့ ထက်တိုင်ခေါ်ကြလေတော့ သည်။ တကောင်းနှင့်ဧရာဝတီမြစ်အကြောင်းပြီး၏)
ကရင်များ ပဌမဆုံးအကြိမ်မြန်မာပြည်ထဲသို့ ဝင်ရောက်လာခြင်း
ဘီစီ-၁၁၃၄ နှင့် ဘီစီ-၁၁၂၂ ခု နှစ်များအကြားတွင် တရုတ်ပြည်တွင် တရုတ်ဘုရင် ချြောင်ဆင်ဋ္ဋ (Chaw Hsin)အုပ်စိုးလျှက်ရှိသည်။၎င်းဘုရင် အုပ်ချုပ်စဉ်ကာလအတွင်း ကောင်းမွန်သည့်စိတ်ထားနှင့် စည်းကမ်းမရှိသောကြောင့် ၄င်း၏အုပ်စိုးမှုအောက်တွင် တိုင်းသူပြည်သားများအား အကြီးအကျယ် ဒုက္ခပေးလျှက်ရှိသည်။ ၄င်း၏တိုင်းပြည်ပတ်ပတ်လည်င်္တင်နေထိုင်လျှက်ရှိသောတိုင်းသူပြည်သားများကိုဖိနှိပ်လျှက်ရှိရာ အတင်းမောင်းထုတ်ခြင်း၊ မိမိ၏လူမျိုးတိုင်းပြည်သား အဖြစ်အတင်းအဓမ္မပြုလုပ်လျှက်ရှိလေသည်။(ပါမောက္ခ ဒဗလျူ အီး-စူဟေးလ် ရေးသည့် တရုတ်ပြည်၏ရာဇဝင် (၁၉၂၉၊ စာမျက်နှာ ၈ နှင့်၉ ကိုရှု ပါ)။ဆရာချားလ်(စ်) ကုစလပ်(ဖ်)ရေး-တရုတ်ပြည်ရာဇဝင်အကျဉ်း အတွဲ ၁- ၁၉၃၄၊ နှာ-၁၆၂ - ၁၆၆ကိုလဲရှုပါ။)
HISTORY OF CHINA-1929 PG,.8-9 BY PROFESSER W.E.SOOTHILL AND ALSO A SKETCH OF CHINA HISTORY-ANCIENT AND MODERN ETCL,VOLUME 1, 1934,PG,.162 - 166 BY REV,.CHARLES GUTZATT.
က်ျ ဘုရင်၏ အုပ်ချုပ်မှုအောက်တွက် အလွန်ဆိုးရွားလှသောကြောင့် တရုတ်ပြည်ပတ်ပတ်လည်တွင်နေထိုင်ကြသောကရင်များနှင့်တရုတ်ပြည်တွင်းနေထိုင်ကြသောကရင်အချို့ သည်၎င်းဖိနှိပ်မှုကိုမခံနိုင်ကြတော့ သောကြောင့်ဘီစီ-၁၁၂၈ တွင် ၄င်းတို့ သည် တရုတ်ပြည်၏ တောင်ဘက်နှင့်အနောက်တောင်ဘက် အရပ်သို့  ရွှေ့ ပြောင်းသွားကြသည်။ထိုနောက်၎င်းတို့ သည်တိုင်းပြည်သစ် တပြည်အတွင်းသို့ ဘီစီ၁၁၂၅တွင်ဝင်ရောက်နေထိုင်ကြလေသည်။၎င်းတို
့ဝင်ရောက်နေထိုင်ကြသည့်နေရာများမှာ အောက်ပါအတိုင်းဖြစ်လေသည်။
ကရင်မျိုးနွယ် အမျိုးမျိုးတို့ သည် တရုတ်ပြည်မှ အုပ်စု(၃)စုခွဲပြီး လမ်း(၃) လမ်းဖြင့် အုပ်စုတစုကို တစ်လမ်း၊(၃)နှစ်အတွင်းထွက် ခွါလာကြ သည်။ ပဌမအုပ်စုမှာ-မဲခေါင်မြစ်ကြောင်းအတိုင်း ဆင်းလာကြသည်။ ၄င်းတို့ သည် တောင်ဘက်သို့ တဆင့်ပြီးတဆင့် ရွှေ့ ပြောင်းလာကြရာ ပဌမဦးဆုံး၎င်းတို့ သည်ယခုတောကီးဟုခေါ်သော နေရာတွင်ဝင်ရောက်နေထိုင်ကြလေသည်။ထိုမှတဆင့်၎င်းတို့ သည်ယခုထိုင်းနိုင်ငံသို့ ဝင်ရောက်နေထိုင်ကြသည်။ ထိုနောက် ဆက်လက်ရွှေ့ ပြောင်းသွားကြရာ ယခု ကမ္ဘောဒီယားနိုင်ငံပင်လယ်ကမ်းစပ်သို့ ရောက်သွားကြလေတော့ သည်။၎င်းတို့ ရွှေ့ ပြောင်းနေထိုင်ခဲ့သည့်နေရာများမှာ ယခု လော၊ ထိုင်း၊ ကမ္ဘောဒီယားနှင့် ဗီယက်နမ် နိုင်ငံများဖြစ်ကြလေသည်။