Showing posts with label သမိုင်း. Show all posts
Showing posts with label သမိုင်း. Show all posts

Friday, November 2, 2012

We are Rakkhapureans 16 hours ago “ကမန် (သို့မဟုတ်) ကုလားဝင်ပေါက်”


“အမှန်က နှစ်သောင်းလောက်ရှိတဲ့ ကမန်လူမျိုးဟာ နှစ်သိန်းလောက်ဖြစ်နေလို့ ကျွန်တော်တို့ကိုလည်း ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်၊ ကုလားကို ကမန်ဖြစ်အောင် လ၀က ကပဲ လာဒ်စားပြီး လုပ်ပေးနေတာ၊ ခံရတာက ကျွန်တော်တို့ကမန်တွေပ
ဲ”လို့ ရမ်းဗြဲမြို့နယ်က “ကမန်”တစ်ယောက် BBC ကျေးတမာနဲ့ပေဖူးလွှာကဏ္ဍကနေ ၂၀၀၄-ခုနှစ်လောက်က ထအော်တာကို ကြားလိုက်ရတော့ ကျွန်တော့်ကိုယ်တွေ့ ကမန်အသွင်ပြောင်းလဲမှုကို တင်ပြချင်နေခဲ့တယ်။
ခုအခြေအနေမှာ လိုအပ်ချက်ကလည့် ရှိနေပြီမို့ အုပ်စိုးသူအပါအ၀င်၊ နိုင်ငံရေးပါတီတွေ၊ မြန်မာရဟန်းရှင်လူ ပြည်သူပြည်သားတွေ စဉ်းစားချင့်ချိန်နိုင်အောင် တင်ပြလိုက်ပါတယ်။
၁၉၉၂-ခုနှစ် ပတ်ဝန်းကျင်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ သိမ်ကျောင်းရွာထိပ်မှာ ကျွန်တော်က သစ်စက်လုပ်ငန်းလုပ်နေတယ်။ တနေ့မှာ ကျွန်တော်တို့နဲ့ ကပ်ရက် ကုန်ခြောက်ဆိုင်ကို ဈေးဝယ်ဖို့သွားတော့ ကျွန်တော်နဲ့ အထူးခင်မင်ရင်းနှီးနေတဲ့ ဆိုင်ရှင်အဒေါ်ကြီးက “ဒါမင်းတို့ရခိုင်ပြည်က ကမန်လူမျိုးတွေပဲ”လို့ လူစိမ်းငါးယောက်နဲ့ မိတ်ဆက်ပေးတယ်။
ကျွန်တော်က “မင်းတို့ဘယ်ကလဲ”လို့ ရခိုင်စကားနဲ့မေးလိုက်တော့၊ လ၀က ပုံစံစာရွက်တွေ ဖြည့်နေသူတစ်ဦးက “မြောက်ဦးမြို့ကပါ”လို့ ရခိုင်စကားနဲ့ပြန်ပြောတယ်။ “မြောက်ဦးမြို့ ဘယ်ရပ်ကွက်ကလဲ”လို့ ထပ်မေးတော့ “ရွှေဂူတောင်ကပါ”တဲ့။ “ငါမြောက်ဦးမြို့သားပဲ၊ ရွှေဂူတောင်မှာ ကုလားပဲနည်းနည်းပါးပါးရှိတယ်၊ ကမန်မှမရှိတာ”လို့ ပြန်ပြောလိုက်တော့ သူငြိမ်သွားတယ်။ ကျန်လေးယောက်ကို “မင်းတို့ကကောဘယ်ကလဲ”လို့ ရခိုင်လိုမေးတော့ နားမလည်သလို ပြန်ကြည့်နေလို့၊ ဗမာစကားနဲ့ မေးလိုက်တော့လဲ နားမလည်ကြ။ ပထမဆုံး ရခိုင်လိုဖြေခဲ့တဲ့လူကိုပဲ ကုလားလိုမေးနေကြတယ်။ အဲဒီလူက သူတို့ကို ကုလားလိုပြန်ပြောလိုက်တော့ ကြောက်ကြောက်လန့်လန့်မျက်နှာနဲ့ ကျွန်တော့်ကို ငေးကြည့်နေကြတယ်။ အဲဒီ ၄-ယောက်က ရခိုင်ပြည်မှာပင် မနေဖူးပဲ ဘင်္ဂလားဒေ့ခ်ျက တိုက်ရိုက်ဝင်လာသူတွေဆိုတာ ကျွန်တော်သဘောပေါက်လိုက်တယ်။
“သူတို့ခမျာ မြန်မာစာလည်းမရေးတတ်တော့ ငါကပဲဒီပုံစံတွေကို ဖြည့်ပေး၊ တို့ရှေ့က လ၀က နဲ့ ဆက်သွယ်ပေး လုပ်နေရတယ်။ လ၀က က တစ်ယောက်ကို သုံးထောင်ကျပ်နှုံးယူတယ်၊ အဒေါ့်ကိုတော့ လ္ဘက်ရည်ဖိုးလောက်ပဲပေးတယ်။ ဒါပေမဲ့ လာလုပ်တဲ့ ကမန်တွေကများတော့ အိမ်စရိတ် နည်းနည်းပါးပါး ကာမိတာပေါ့”လို့ ဆိုင်ရှင်အဒေါ်ကြီးကပြောတော့ ကျွန်တော်တို့ သစ်စက်ရှေ့မှာရှိတဲ့ လ၀က ရုံးကလူကြီးတွေ ညဘက်မှာလည့် အိမ်မပြန်ကြပဲ စားကြသောက်ကြ၊ တရုန်းရုန်းနဲ့ မိန်းမပျက်တွေနဲ့ ပျော်ပါးနေကြတာ ဒီဝင်ငွေကြောင့်ပဲလို့ နားလည်လိုက်တယ်။
စစ်အစိုးရက နိုင်ငံအနှံ့ မြို့သစ်တွေဖေါ်ပေးနေတယ်၊ ကျူးကျော်ရပ်ကွက်တွေကိုပါ မြို့သစ်တွေမှာ နေရာချထားပေးတော့ သန်းခေါင်စာရင်းပျောက်တဲ့လူနဲ့ မှတ်ပုံတင်မရှိတဲ့လူတွေ အများကြီးဆိုတော့၊ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်လုပ်ပေးတာကို လျှော့လျှော့ပေါ့ပေါ့နဲ့ လုပ်ပေးနေခဲ့တယ်။ ဒီအကွက်ကို ကုလားတွေက ကောင်းကောင်းအသုံးချပြီး လှိမ့်ဝင်လာတာတွေ အကုန်လုံး မြို့သစ်တွေမှာလာပြီး မှတ်ပုံတင်လုပ်ကြတယ်။ မှတ်ပုံတင်မှာမှ “ဘင်္ဂလီလူမျိုး၊ အစ္စလာမ်ဘာသာဝင် အဆင့်တင်မကပဲ၊ ကမန်လူမျိုး အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား”အထိ လုပ်ပေးလိုက်ကြတယ်။
မြို့သစ်ပေါင်း မြောက်များစွာမှာ သူတို့ဘယ်လောက်များများ လုပ်သွားကြပြီလဲ၊ တွေးကြည့်ပြီး စိတ်မကောင်းဖြစ်နေခဲ့တယ်။ ရမ်းဗြဲမြို့နယ်က ကမန်တစ်ယောက် ၂၀၀၄-ခုနှစ်ပတ်ဝန်းကျင်မှာ BBC ကနေပြောလိုက်တဲ့အချိန် နှစ်သိန်းရှိနေပြီဆိုတော့ ခုဆိုဘယ်လောက်များ ရှိနေပြီလဲ၊ ဌာနဆိုင်ရာတွေနဲ့ ရဲ၊ စစ်တပ်တွေထဲကို ကုလားတွေ ကမန်အရေခြုံပြီး ဘယ်လောက် များများစားစား ၀င်ရောက်နေရာယူထားကြပြီလဲ၊ စဉ်းစားမိတိုင်း တုန်လှုပ်ခြောက်ခြားမိရတယ်။
ကမန်ကို တိုင်းရင်းသားအဖြစ် သွတ်သွင်းလိုက်တာကတော့ ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံအတည်ပြုပြီးမှ မဆလ အစိုးရက သတ်မှတ်လိုက်တာ။ မြန်မာပြည်သူတွေ အကုန်လုံးကို ချပြအသိပေးဖို့ မပြောနဲ့ ရခိုင်ပြည်သူတွေရဲ့ သဘောတူညီချက်ကိုပင် မေးစမ်းမကြည့်ပဲ ထင်သလိုလုပ်ခဲ့တယ်။ အဲဒီတုန်းက ရခိုင်စကားပြောပြီး ရခိုင်မှာ အနေကြာလာတဲ့ ဒီကမန်လူမျိုးတွေကို ခင်မင်မှုအစွဲနဲ့ ရခိုင်ပညာရှင်တချို့က မဆလ အစိုးရနဲ့အတူ တိုင်းရင်းသားအဖြစ် လက်ခံခဲ့ပေမဲ့ ပညာရှင်အများစုနဲ့ ရခိုင်ပြည်သူတွေက လုံးဝလက်မခံခဲ့ကြဘူး။
လက်မခံတဲ့ ရခိုင်ပညာရှင်အများစုနဲ့ ပြည်သူတွေရဲ့ သဘောထားကတော့- နံပါတ် (၁) အချက်-ကမန်ဆိုတာ မြို၊ သက်၊ ဒိုင်းနက်၊ ခမွီး၊ ရခိုင်၊ ဗမာ၊ ရှမ်း၊ ချင်း၊ ကရင်တို့လို ဒီမြေ၊ ဒီရေမှာ ဘယ်အချိန်ကာလကစပြီး နေထိုင်လာကြသလဲဆိုတာကို မှန်းဆမှုသာပြုနိုင်တဲ့ တိုင်းရင်းသား စစ်စစ်မျိုးမဟုတ်ပဲ၊ ၁၆၆၀-ခုနှစ်လောက်မှာမှ တိုင်းတပါး အာဖကန်နစ္စတန်က လာရောက်နေထိုင်သူတွေ ဖြစ်နေလို့ပဲ။
နံပါတ် (၂) အချက်က ကမန်ကိုအကြောင်းပြုပြီး ကုလားတွေ ရခိုင်ကိုပိုင်ဆိုင်ဖို့ ကြိုးစားမှုတွေ သမိုင်းမှာရှိနေတော့ ကမန်ကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုလိုက်တာဟာ ကုလားတွေအတွက် တိုက်ကွက်ကြီး ဖြစ်လာနိုင်တာကို ရခိုင်ပညာရှင်အများစုနဲ့ အသိအမြင်ကျယ်တဲ့ ပြည်သူတွေက သိထားခဲ့ကြလို့ဘဲ။
ထင်ခဲ့တဲ့အတိုင်း ဖြစ်လာတာပဲ။ ၁၉၉၀-ခုနှစ် ရွေးကောက်ပွဲမှာ ကမန်ကိုရှေ့ကတင် ကုလားတွေက ၀ိုင်းပြီးမေးပေးခဲ့လို့ စစ်တွေမဲဆန္ဒနယ်မြေမှာပင် ကမန်တစ်ယောက် မဲအနိုင်ရခဲ့တယ်။
ခုဖြစ်နေတဲ့ ရခိုင်ပဋိပက္ခမှာလည်း ဒေသခံတိုင်းရင်းသားတွေနဲ့ ခိုးဝင်၊ တိုက်ဝင်လာတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေနဲ့ဘဲ ဖြစ်နေကြတာမဟုတ်ပါဘူး၊ အစ္စလာမ်ဘာသာဝင်အားလုံးနဲ့ ဖြစ်နေကြတာပါလို့ ကမ္ဘာကို လှည့်စားချင်တဲ့ ရည်ရွယ်ချက်နဲ့ ကုလားတွေက ကမန်ကိုပါ ပြဿနာထဲပါလာအောင် ဆွဲသွင်းနေတယ်။ ၈၈-ကျောင်းသားခေါင်းဆောင် ကိုမြအေးစကားကို ငှားယူပြောရရင် “ရိုဟင်ဂျာတွေဟာ သူတို့ရဲ့အရေးကို အစ္စလာမ်ဘာသာအရေး ဖြစ်လာအောင် ဖန်တီးနေကြတာပါ”လို့ ပြောချင်တယ်။
ကမန်ဆိုတာက အစ္စလာမ်ဘာသာကို ကိုးကွယ်တာကလွဲလို့ ရခိုင်လိုပြောပြီး၊ ရခိုင်လိုနေကြသူတွေ၊ ကုလားစကား(ဘင်္ဂလီစကား)လည့် မတတ်ကြဘူး။ ကုလားစာတတ်ဖို့ကအဝေးကြီး၊ ကုလားတွေဟာ သူတို့ထက် နိမ့်ကျတဲ့လူမျိုးတွေလို့ သတ်မှတ်ပြီး ကုလားနဲ့သားပေး သမီးယူလည့် မလုပ်ခဲ့ကြဘူး၊ ရခိုင်တွေနဲ့ပဲ ရင်းနှီးခင်မင်စွာနဲ့ နေထိုင်လာခဲ့ကြတယ်။

Kochan Tha September 3 at 1:45am · ရခိုင်လူမျိုးနှင့် မြန်မာစာ ဒွါရာသတီ-အသျှင်ကုသလ


ရခိုင်လူမျိုးနှင့်မြန်မာစာ ဟူသောဆောင်ပါးသည် ရခိုင်လူမျိုးနှင့်။မြန်မာစာ မည်သို့မည်ပုံဆက်စပ်နေသည်ကို သိရှိနိုင်ကြစေရန် ရည်ရွယ်ချက်ဖြင့် ဤဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။ ရခိုင်လူမျိုးနှင့် မြန်မာစာ မြန်မာစာနှင်ရခိုင်လူမျိုး ကိုမည်သည့်အခါမျှ ခွဲခြား၍ ရလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် မြန်မာစာကို ရခိုင်လူမျိုးတို့က မိမိတို့၏ ကိုယ်ပိုင်စာပေ´´ အနေဖြင့်အသိအမှတ်ပြုထားသောကြောင့်ဖြစ်၏။ မြန်မာနိုင်ငံတွင် မြန်မာစာဟုသတ်မှတ်ခံထားရသော ´အက္ခရာစာပေ´´ ကို ရခိုင်လူမျိုးတို့ကမိမိတို့၏ ´´ရခိုင်စာဟူ၍သာ သိနေကြပါသည်။ စာပေကိုရေးသားသည့်အခါ၌ ရခိုင်စကားအပြောအသုံးအနှုန်းဖြင့်ရေးသားခြင်း၊ စာပေအသုံးအနှုန်းဖြင့်ရေးသားခြင်းဟူ၍သာ ခွဲခြားထားသည်။ အက္ခရာစာပေအနေဖြင့်မူ သည်အက္ခရာသည် စာပေဖြင့်သာရေသားနေကြခြင်းဖြစ်ပါသည်။ ယင်းစာအမျိုးအစားကို ရခိုင်တို့က ´ရခိုင်စာ´(သို့မဟုတ်) ရက္ခ၀ဏအက္ခရာ´ ဟုအမည်ပေးကာခေါ်ဝေါ်သမှုပြုနေကြသည်ကိုလည်းတွေမြင်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် လူမျိုးပေါင်း´၁၃၅´မျိုးရှိကြသည့်အနက်´မြန်မာစာအရေးအသား´ကို မည်သည့်လူမျိုးတို့က´ရှေ့ဦးစွာစတင်ရေးသား´ခဲ့ကြသည်ကိုလေ့လာစူးစမ်းဖို့ အချိန်တန်ပြီဟု စာရေးသူယူဆပါသည်။ အကယ်၍အဖြေမှန်ထွက်ရှိခဲ့ပါလျှင်လည်းအားလုံးသဘောထားကြီးစွာဖြင့် လက်ခံအတည်ပြုပေးကြဖို့ ကိုလည်းအနူးအညွတ်မေတ္တာရပ်ခံလိုပ်သည်။ မြန်မာနိုင်ငံအတွင်း၌ကား ရှေ့ကရခိုင်လူမျိုးတို့တွင်´ရခိုင်စာ´၊ မွန်လူမျိုးတို့တွင်´မွန်စာ´၊ပြူ(ပျူ) လူမျိုးတို့တွင် ´ပြူ(ပျူစာ)´ ဟူ၍ ကိုယ်ပိုင်စာပေအသီးသီးရှိခဲ့ကြသည်အနက် သည်ဆောင်းပါးသည် ´မွန်နှင်ပျူစာ´ကိုလေ့လာဆန်းစစ်မှုမပြုတောပဲ´မြန်မာစာဟုသတ်မှတ်ခံထားရသော´ရခိုင်စာ´ကိုသာ နှစ်ဖက်နှိုင်းယှဉ်၍ ဝေဖန်သုံးသပ်တင်ပြသွားမည်ဖြစ်ပါသည်။ နှစ်ဖက်နှိုင်းယှဉ်ရာ၌ နှစ်ဖက်စလုံးမှ ထင်ရှာပြီးခိုင်မာသော သမိုင်းဆိုင်ရာ ခေတ်ပြိုင်အထောက်အထား တစ်ခုစီကိုသာထုတ်နှုတ်၍ ရေးသားတင်ပြသွားပါမည်။ အထောက်အထားရှိတိုင်း အကျယ်တ၀င့်တင်ပြဖို့ဆိုသည်မှာ မဂ္ဂဇင်းက စာမျက်နှာနေရာပေးနိုင်ည်မဟုတ်ပါ။

ရခိုင်နှင်မြန်မာ ခေတ်ပြိုင်မှုကိုရှာကြည့်ခြင်း
မြန်မာစာပေ´ကိုရေးသားနေကြသည့်´ရခိုင်လူမျိုးနှင် မြန်မာလူမျိုး´´တို့၏ ခေတ်ပြိုင်အချိန်ကာလကိုရှာကြည့်သော် ဤသို့တွေရ၏။
ပုမင်းအင်းတောင်ညောင်ရမ်းနောင်ကုန်းဘောင်ခုနစ်ဆက်´´ဟူသောသင်္ကေတ သံပေါက်ကဗျာအရ မြန်မာလူမျိုးတို့တွင် ပုဂံခေတ်၊ပင်းယခေတ်၊ အင်းဝခေတ်၊တောင်ငူခေတ်၊ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် ဟူ၍ခေတ်(၆)ခေတ် ထွန်းကားခဲ့သည်ကို တွေရှိရပါသည်။
ရခိုင်လူမျိုးတို့တွင်လည်း ဒွါရာဝတီခေတ်၊ ဝေသာလီခေတ်၊ ဓည၀တီခေတ်(ပ၊ဒု၊တ)ခေတ်၊ဝေသာလီကျောက်လှေကားခေတ်၊ လေးမြိုခေတ်၊ မြောက်ဦး(ပ၊ဒု၊တ)ခေတ်ဟူ၍ ခေတ်(၆)ခေတ်ထွန်းကားခဲ့သည်ကို တွေ့ရှိနိုင်သည်။ သို့သော်အချိန်ကာလ ကြာမြင့်ပုံခြင်းတော တူနိုင်မည်မဟုတ်ပါ။ယင်းတို့အနက် မြန်မာတို့၏ ပုဂံခေတ်နှင့် ရခိုင်တို့၏လေးမြိုခေတ်မှာ ခေတ်ပြိုင်ဖြစ်ကြ၏။မြန်မာတို့ဘက်က ပုဂံ၏ထင်ရှားသော´ရာဇကုမာရ်ကျောက်စာခေါ်မြစေတီကျောက်စာ´´ကိုခိုင်မာသောအထောက်အထားအဖြစ်တင်ပြမှာဖြစ်ပြီး၊ ရခိုင်တို့ဘက်က စစ်တွေမျြိ၊ ခေါင်းလောင်းကျောင်းတိုက်ရှိ လေးမြို့ခေတ်´ရခိုင်ဘုရင်မင်းရင်ဖြူ´သွန်းလုပ်ပူဇော်ခဲ့သောဘုရား၏´စမ္မခဏ်းကမ္မည်းစာ´ကိုခိုင်မာသောအထောက်အထားအနေဖြင့် တင်ပြသွားမှာဖြစ်ပါသည်။
မြန်မာတို့၏ ပုဂံခေတ်..
ကြာ၊မိုး၊အံ၊ပုဂံတည်´ဟူသောဆောင်ပုဒ်အရ ပျဉ်ပြားမင်း(အေဒီ-၈၄၆ မှ ၈၇၈)ထိသည် ယခုလက်ရှိ ပုဂံမြိုကိုတည်ချိန်မှာ ကောဇာ-၂၁၁-ခု၊ ခရစ်အေဒီ ၈၄၉ ခုဖြစ်၏၊ ပုဂံပျက်ချိန်ကား´စောမွန်နစ်မင်း´(အေဒီ.၁၃၂၅ မှ ၁၃၆၉) လက်ထက်တွင်ဖြစ်လေ၏။ ပျဉ်းပြားမင်းသည် ပုဂံမြိုကိုတည်ဆောက်နေသည်အချိန်တွင် ပုဂံ၌ ´ထေရ၀ါဒဗုဒ္ဒသာသနာ´´မရောက်ရှိသေး၊ အလားတူ´မြန်မာစာ´ဟူသော စာပေရေးသားမှု အတတ်ပညာသည်လည်း လုံးဝမရှိသေးသည်ကို တွေ့ရ၏။ ပုဂံမြို့၌ ပျဉ်ပြားမင်းလွန်ပြီးနောက်တန်နက်မင်း(အေဒီ-၈၇၈-၉၀၆)၊ ၄င်းနောက် စလေငခွေးမင်း(အေဒီ ၉၀၆-၉၁၅)၊ ၄င်းနောက် သိန်းခိုမင်း (အေဒီ-၉၁၅-၉၃၁)၊၄င်းနောက် ညောင်ဦးစောရဟန်းမင်း(တောင်သူမင်းကြီး)(အေဒီ-၉၃၁-၉၆၃) ၄င်းနောက် ကွမ်းဆော်ကြောင်ဖြူမင်း(အေဒီ-၉၆၄-၉၈၆) ၄င်းနောက် ကျည်စိုးမင်း(အေဒီ-၉၈၆-၉၉၂) ၄င်းနောက် စုက္ကတေမင်း(အေဒီ-၉၉၂-၁၀၁၇) ၄င်းနောက်အနော်ရထာမင်း(အေဒီ-၁၀၄၄-၁၀၇၇) လက်ထက်မှ ထေရ၀ါဒဗုဒ္ဒသာသနာကို မွန်ရဟန်းတော် ရှင်အရဟံ၏အကူအညီဖြင့်တည်ဆောက်ခဲ့ရ၏။ ယင်းအချိန်ထိ ´ပုဂံ´၌ ´မြန်မာစာ´´ဟူသောအရေးအသားမရှိသေးချေ။ မွန်လူမျိုးတို့၏စာပေကိုသာ မွန်ပညာရှင်မျာ၏အကူအညီဖြင့် ရေးသားနေကြရလေ၏။ အနော်ရထာမင်း လွန်ပြီးနောက် စောလူးမင်း (အေဒီ-၁၀၇၇-၁၀၈၄) ၄င်းနောက် ကျန်စစ်သားမင်း (အေဒီ-၁၀၈၄-၁၁၁၃) လက်ထက်တွင် ´´ဇေယျခေတ္တရာ´´အမည်ရှိသော သားတော် ´ရာဇကုမာရ်´သည် ပုဂံ၌´မြစေတီဘုရား´ကိုတည်၏။ မြစေတီဘုရား၌ သူ၏ကုသိုလ်တော်မှတ်တမ်းကို ´ပါဋိ၊ မြန်မာ၊မွန်၊ပြူ´ ဟူ၍ ဘာသာလေးမျိုးဖြင့်ကမ္မည်းစာရေးထိုးစေခဲ့ပါသည်။ ယင်းမြစေတီဘုရားကျောက်စားကား ပုဂံခေတ်ကျောက်စာများအနက် ´ရှေ့အကျဆုံးကျောက်စာ´ဖြစ်၏။ မြစေတီကျောက်စာကို သာသနာတော် သက္ကရာဇ် ၁၆၅၇၊ ကောဇာ-၄၇၅-ခု (ခရစ်အေဒီ- ၁၁၁၃)တွင် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ ယင်းအချိန်ထိ ပုဂံ၌´ပြူလူမျိုး´ တို့ရှိနေသေးသည်ကိုတွေရ၏။

Friday, October 26, 2012

သန်းခေါင်စာရင်း နဲ့ လူမျိုးသတ်မှတ်ရေးပြဿနာ by ဂါ မဏိ on Friday, October 26, 2012 at 5:20pm ·

သန်းခေါင်စာရင်း နဲ့ လူမျိုးသတ်မှတ်ရေးပြဿနာ
by ဂါ မဏိ on Friday, October 26, 2012 at 5:20pm ·
၁ ၃ ၅

နအဖဟာ အရင်အစိုးရအဆက်ဆက်နဲ့ လမ်းခွဲထွက်လာတာဖြစ်တယ်၊ အရင်အစိုးရတွေထက်သာတယ်လို့ ဝါကြွားနေပေမဲ့ ဦးနုအစိုးရလုပ်ခဲ့တဲ့ ကမ္ဘာအေးလှိုဏ်ဂူ၊ နေဝင်းလုပ်ခဲ့တဲ့ မြန်မာစာ ရေးရာမှာ တစ် ခု-တစ် ယောက် စသဖြင့် သုံးစွဲရေး၊ စောမောင်ထွင်ခဲ့တဲ့ မြန်မာနိုင်ငံတိုင်းရင်းသား ၁၃၅ မျိုး၊ ခင်ညွန့်ထွင်ခဲ့တဲ့ မြန်မာအစ-လူသားအစ ပုံတောင်ပုံညာက ဆိုတဲ့အယူအဆတွေကို ဆက်ကျင့်သုံးနေပါတယ်။ အခုဆောင်းပါးမှာတော့ မြန်မာပြည်မှာ တိုင်းရင်း သား ၁၃၅ မျိုးတကယ်ရှိမရှိကို ဆန်းစစ်ဖော်ထုတ်သွားပါမယ်။

ပထဆုံး ကချင် လူမျိုးတွေကိုကြည့်ရင် နဝတ-နအဖက ကချင် ၁၂ မျိုး လို့ဖော်ပြထားရာမှာ လူမျိုးတမျိုး ထဲက ဆွေမျိုးစုကွဲ၊ ဘာသာစကားလေယူလေသိမ်းကွဲတွေကို သီးခြားလူမျိုးအဖြစ် ဇွတ်အတင်းပြထားပါတယ်။ ဒါ့အပြင် ကချင်ဆိုတဲ့နာမယ်နဲ့ လူမျိုးတမျိုး သီးသန့်ပြထားသလို ဂျင်းဖောနာမယ်နဲ့လည်း ပြထားပြန်တယ်။ တကယ်တော့ ကချင်ဆိုတာ အားလုံးကိုခြုံခေါ်တဲ့နာမယ်ဖြစ်မှန်း လူတိုင်းသိပေမဲ့ နအဖဟာ လူမျိုးအရေအတွက် ဖောင်းပွစေ ချင်လွန်းအားကြီးလို့ သီးသန့်လူမျိုးမဟုတ်တာကို အဟုတ်ကြီးလုပ်ထည့်တာဖြစ်တယ်။ နအဖ စာရင်းထဲက ဂေါ်ရီ၊ ခခူ နဲ့ ဒူးလန်းတို့ဟာ ဂျင်းဖောအနွယ်ကွဲတွေသာဖြစ်ပြီး သီးခြားလူမျိုးစုတွေ မဟုတ်ပါဘူး။ ခခူနဲ့ဒူးလန်း ဆိုရင် မျိုးနွယ်ကွဲတခုတည်းကိုဘဲ နာမယ်နှစ်မျိုး ခေါ်ထားတာဖြစ်ပါတယ်။ ကချင် ၁၂ မျိုးထဲက တမျိုးအဖြစ်ပြထားတဲ့ တရုမ်းနဲ့ဒလောင် ဆိုတာလည်း ရဝမ် မျိုးကွဲဖြစ်ပါတယ်။ ဒါကြောင့် နအဖပြောတဲ့ ကချင် ၁၂ မျိုးဟာ လက်တွေ့မှာ ၆ မျိုးဘဲဖြစ်ပါတယ်။
နအဖစာရင်း အမှန်စာရင်း
၁ ကချင် ဂျိန်းဖော၊ မရူ၊ ရဝမ်၊ လရှီ၊ အဇီး နှင့် လီဆူး တို့ကို လွှမ်းခြုံခေါ်ဝေါ်သည့်အမည်
၂ တရုမ်း ရဝမ်မျိုးနွယ်စု
၃ ဒလောင် ရဝမ်မျိုးနွယ်စု
၎ ဂျိန်းဖော ၁ ဂျိန်းဖော (ဂေါ်ရီ၊ ခခူ၊ ဒူးလန်း နှင့် အခြားမျိုးနွယ်စုများပါဝင်)
၅ ဂေါ်ရီ ဂျိန်းဖောမျိုးနွယ်စု
၆ ခခူ ဂျိန်းဖောမျိုးနွယ်စု
၇ ဒူးလန်း ဂျိန်းဖောမျိုးနွယ်စု
၈ မရူ (လော်ဝေါ်) ၂ မရူ
၉ ရဝမ် ၃ ရဝမ် သို့မဟုတ် နုံး (ဒလောင်၊ တရုမ်း နှင့် အခြားမျိုးနွယ်စုများပါဝင်)
၁ဝ လရှီ (လချိတ်) ၄ လရှီ
၁၁ အဇီး ၅ အဇီး သို့မဟုတ် ဇိုင်ဝါး
၁၂ လီဆူး ၆ လီဆူး သို့မဟုတ် ယောယင် သို့မဟုတ် လီရှော
၁၂ စုစုပေါင်း ၆ စုစုပေါင်း

Wednesday, October 17, 2012

ရခိုင်လူမျိုး နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ/by ဦးဦး မှော်ဆရာ


သေချာတဲ့ သမိုင်းအထောက်အထားများဖြင့် ကျနော့် အမြင်မှားယွင်းကြောင်း ၀င်ရောက်ဆွေးနွေးခြင်းဖြင့် ကိုယ့်ကိုယ်ကို အရည်အချင်းရှိကြောင်း ပြပါ

ဦးဦး မှော်ဆရာ

မေးလ်တစ်စောင်မှာ ပြောထားတဲ့အချက်တစ်ချက်ကို ပုံပြင်ပါလို့ ကျနော် ငြင်းလိုက်တာကို မကျေနပ်တဲ့ မည်သူမဆို
အထောက်အထားဖြင့် ၀င်ရောက်ဆွေးနွေးနိုင်သည် ။ ၂၁ ရာစု ပညာခေတ်ကြီးမှာ ဒီလိုပြောတာမကျေနပ်ဘူးကွ လို့
အရူးတစ်ယောက်လိုအော်ဟစ်နေမဲ့အစား သေချာတဲ့ သမိုင်းအထောက်အထားများဖြင့် ကျနော့် အမြင်မှားယွင်းကြောင်း
ဝင်ရောက်ဆွေးနွေးခြင်းဖြင့် ကိုယ့်ကိုယ်ကို အရည်အချင်းရှိကြောင်း ပြပါ ။

မူရင်းပို့စ်

ရခိုင်လူမျိုး နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
======
ရခိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို
စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။

ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း
ဒေသဘက် သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင်
အခြား လူမျိုးစုများသည်လည်း ရခိုင်ကမ်းရိုးတန်း ဒေသများသို့
့အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များဘက်မှ ၀င်ရောက်လာကြသည်။
ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့် အခါ
ရှေးအကျဆုံး မင်းဆက်များနှင့် တိုင်းပြည် နယ်ပယ်များသည်
စစ်တွေပတ်ဝန်းကျင် ဒေသတ၀ိုက်လောက်တွင် အခြေခံသည်ကို
အများဆုံးတွေ့ရှိရသည်။

Saturday, October 6, 2012

ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓား နားမလည်ရင် နားပြတ်လိမ့်မယ် လည်ပြတ်မယ်/ Posted by admin on July 26, 2012ဟံသာဝတီ ဦးဝင်းတင်

ဒီနေ့ ကျုပ်အသက် ၈၃ နှစ် ရှိပြီ။ နှစ်ပေါင်း ၆ဝကျော် ၇ဝ နီးပါး လောက်က အကြောင်းတွေကို တခါတခါ ပြန်တွေးမိ တယ်။ တပြည်လုံး ယူကျုံးမရ ဖြစ်ခဲ့ရတဲ့နေ့။ အမှောင်ကြီး ကျခဲ့တဲ့နေ့။ ကျုပ် အသက် ၁၇ နှစ်သားလောက်ရှိပြီ။ တက္က သိုလ်ဝင်တန်း တက်နေတယ်။ တိုင်းပြည်ကြီး ဒုက္ခရောက်ပြီဆိုတာ သိတယ်။ ကျုပ်တို့ တောမြို့လေးလည်း ငရဲကျပြီဆို တာ သိတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံကြရတယ်။ တိုင်းပြည် ဒုက္ခရောက်ပြီပေါ့။ ဒီလောက်တော့ ကျုပ် သဘောပေါက်ခဲ့တယ်။ ဗိုလ်ချုပ်တို့ကို လုပ်ကြံသူတွေထဲမှာ ကျုပ်တို့ မြို့သား တယောက်ပါနေတယ်။ ကျုပ်ထက် အ သက် ၅ နှစ်ပဲ ကြီးတဲ့သူ။ ကျောင်းနေဖက်တော့ မဟုတ်ဘူး။ ကျုပ်နဲ့အတူ ပြည်သူ့ ရဲဘော်အဖွဲ့ဝင်။
ကျုပ်တို့ တောမြို့ကလေးက သေးသေးလေး။ ဒါပေမယ့် သူနဲ့ကျုပ် မရင်းဖူး။ ကောင်းကောင်းတော့ သိတာပေါ့။ သူက ဂျပန်ခေတ် တပ်မတော်သားဟောင်း။ စစ်ကြီးပြီးသွားတော့ ကျုပ်လိုပဲ ပြည်သူ့ရဲဘော် အဖွဲ့ဝင်။ ကျောင်းဘင်ခရာ တီး ဝိုင်းတွေ ဘာတွေမှာ ခေါင်းဆောင်ပါတဲ့သူ။ ဗိုလ်ချုပ်အောင်ဆန်း ကိုလည်း အလွန် ကြည်ညို ကိုးကွယ်သူ။ လူက ကိုယ် လုံးတောင့်တောင့် ရုပ်ဖြောင့်ဖြောင့်။

ခင်မောင်ရင်၊ သုခ၊ စိန်ကြီး၊ ရန်ကြီးအောင်