Showing posts with label မှတ်စု. Show all posts
Showing posts with label မှတ်စု. Show all posts

Friday, December 14, 2012

အမေရိကန်နိုင်ငံသားဖြေမယ့်သူတွေအတွက် မေးခွန်း(၁ဝဝ) (မျိုးမြင့်ချို-ဘာသာပြန်) by Myo Myint on Thursday, December 13, 2012 at 7:49pm ·

မနေ့က USCIS လို့ဆိုတဲ့ အမေရိကန်နိုင်ငံသားနှင့်လူဝင်မှုဋ္ဌာနကမိတ်ဆွေတဦးက ဒီစာရွက်တွေထိုးပေးပြီး ဘာသာပြန်ပေးပါလား..ဒီရောက်ပြီး နိုင်ငံသားဖြေဖို့ပြင်နေကြတဲ့ မင်းတို့ဗမာပြည်သားတွေအတွက် အကျိုးရှိမှာပါ..ဘယ်သူမဆို တို့ဝက်ဘ်ဆိုက်မှာတက်ကြည့်ပြီး အခမဲ့ဒေါင်းလုဒ်လုပ်ပြီး ကျက်မှတ်လို့ရတာမှန်ပေမယ့် (အမေရိကန်မှာနေပြီး) အင်တာနက်လည်းမသုံး အင်္ဂလိပ်စကားလည်းမတတ်သေးသူတွေအတွက် အထောက်အကူဖြစ်မှာတော့သေချာတယ်လေ။ ဖြေတဲ့အခါ ဗမာလို ဖြေမရတာမှန်ပေမယ့် ဗမာလိုနားလည်ပြီး အင်္ဂလိပ်လိုကြိုးစားကျက်ရင် ပိုလွယ်မယ်ထင်တယ်..လို့ပြောပြီး အကူအညီတောင်းတယ်။ ဒါနဲ့ ဒီနေ့ အားတဲ့အချိန် ထိုင်ပြန်လိုက်တယ်။ ခုပဲပြီးတယ်။ သူ့ဆီ အီးမေးလ်နဲ့ပို့လိုက်တယ်။ ဒီမှာခုတင်ပေးလိုက်ပါတယ်။ မသိသေးသူတွေသိဖို့ဖြစ်ပြီး သိပြီးသူတွေက လိုမယ့်သူတွေကိုလက်ဆင့်ကမ်းပေးနိုင်ရင်အတော်ကောင်းမယ်ထင်ပါတယ်။

အံ့ဘွယ်CoCaCoLa လျှို့ ဝှက်ချက်များ------

မိုင် ဘလောက်ဂါ's photo.
အံ့ဘွယ်CoCaCoLa လျှို့ ဝှက်ချက်များ------

ကိုကာကိုလာအချိုရည်မှာ အခြား အသုံးပြုလို့ရ တဲ့ နည်းလမ်းများလည်း ရှိနေပါသေးတယ်။ 

သံချေးများ ဖယ်ရှားခြင်း

ကိုကာကိုလာအချိရည်ကလည်း အက်ဆစ်တစ်မျိုးဖြစ်ပါတယ်။ သံချေးစား ထားတဲ့ ဝက်အူရစ်၊ ပလယ်ရာ အစရှိသဖြင့် သံတိုတဆ အစိတ်အပိုင်းများ အားလုံးကို ကိုကာကိုလာအရည်နဲ့ ဆေးချပြီး သေချာ သုတ်ပေးရင် သံချေး များ ပြောင်စင်သွားပါတယ်။

ဖိုက်ဘာ၊ကြွေတို့မှ အပေအကြံများ ဖယ်ရှားခြင်း

ဖိုက်ဘာ၊ ကြွေအလွာတို့မှာ ကပ်ပြီး ကျန်ရှိတတ်တဲ့ အညစ်အကြေးများကို ကိုကာကိုလာနဲ့ ဆေးထုတ်ရင် ပြောင်ပါတယ်။ အဝတ်လျှော်စက်တွင် ညစ်ပတ်နေတာမျိုး၊ လက်ဆေး ကြွေခွက်တို့မှာ အစွန်းအထင်းပေနေ တာမျိုး၊ မည်းနေတာမျိုးဆိုရင် ကိုကာကိုလာအချိုရည်နဲ့ ဆေးကြောလို့ ရပါတယ်။

ဆေးဝါးအဖြစ် သုံးစွဲခြင်း

ဝမ်းလျှောရောဂါအပြင် ဝမ်းနဲ့ ပက်သက်တဲ့ ရောဂါအချို့ ကို ကိုကာကိုလာ အချိုရည်သောက်ပြီး ပျောက်ကင်းစေ နိုင်ပါတယ်။ ဗိုက်မအီမသာဖြစ်နေတာ၊ အစာမကြေတာ၊ လေအောင့်တာဆိုရင် ကိုကာကိုလာအချိုရည်သောက်ချပြီး သက်သာစေပါတယ်။ ဝမ်းပျက်၊ဝမ်းလျှော ဖြစ်နေသူများလည်း ကိုကာကို လာ အချိုရည်သောက်ပြီး ကုသလို့ ရပါတယ်။

ပိုးသတ်ဆေးအဖြစ် သုံးစွဲခြင်း

အိမ်မှာ ကပ်တွယ်တတ်တဲ့ ပိုးကောင်တွေ၊ ခရုတွေ၊ အင်းစက်တွေကို ကိုကာကိုလာ အချိုရည်လောင်းပြီးတော့ လည်း ဖယ်ရှားပါတယ်။ ပထမတော့ သကြားဓာတ်ပါတဲ့အတွက် သောက်သုံးမိပြီး ပါဝင်တဲ့ အတွင်း အက်ဆစ်ဓာတ်ကို ပိုးကောင်တို့ မခံနိုင်ပါဘူး။ ကားမှန်နဲ့ ကားတွေပေါ်မှာ ကပ်နေတတ်တဲ့ အင်းဆက်များလည်း ဖယ်ရားနိုင်ပါတယ်။

ဟင်းချက်ရာတွင် အသုံးပြုခြင်း

ဗနီကာ၊ ရှာလကာရည် တစ်မျိုးပဲ ဖြစ်ပါတယ်။ အသားဟင်းချက်ရာမှာ ကိုကာကိုလာအချိုရည်ကို ရှာလကာရည် ထည့်သလို အချိးအစား မှန်မှန် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အသားရဲ့  မကျက်နိုင်တဲ့အစိုင် အခဲတွေကြားကို ဖောက်ပေးပြီး ဟင်းအနှစ်အားလုံးကို အသားတွေထဲ ထိ ပြန့်နှံ့စေမှာ ဖြစ်ပါတယ်။ ပိုမို အရသာ ရှိတဲ့ အသားဟင်း တစ်ခွက် ရရှိစေတယ်လို့ ဆိုပါတယ်။

ကိုကာကိုလာအချိုရည်ဟာ ကာဘွန်နိုက်အချိုရည် တစ်မျိုးဖြစ်ပြီး ရေ ဓာတ်ဖြည့်ဆည်းပေးသလို အစာအိမ်တွင်းက မကြေညက်တဲ့အစား အစာများကို ချေဖျက်ပေးပါတယ်။ သကြားဓာတ်လည်း ကြွယ်ဝတဲ့အ တွက် သွေးထဲကို ဂလူးကိုစ့်ဓာတ် ကောင်းကောင်း ထောက်ပံ့ပေးပါတယ်။ သူ့မှာ ပါဝင်တဲ့ ဓာတ်များက သောက်သုံးရန်အပြင် အခြား အသုံးဝင် တဲ့ နေရာများလည်း ရှိနေတာကို ယခုလို သိရပါတယ်။
့http://discoverychannel99.blogspot.com မှကူးယူတင်ပြပါသည်။
အံ့ဘွယ်CoCaCoLa လျှို့ ဝှက်ချက်များ------

ကိုကာကိုလာအချိုရည်မှာ အခြား အသုံးပြုလို့ရ တဲ့ နည်းလမ်းများလည်း ရှိနေပါသေးတယ်။

သံချေးများ ဖယ်ရှားခြင်း

ကိုကာကိုလာအချိရည်ကလည်း အက်ဆစ်တစ်မျိုးဖြစ်ပါတယ်။ သံချေးစား ထားတဲ့ ဝက်အူရစ်၊ ပလယ်ရာ အစရှိသဖြင့် သံတိုတဆ အစိတ်အပိုင်းများ အားလုံးကို ကိုကာကိုလာအရည်နဲ့ ဆေးချပြီး သေချာ သုတ်ပေးရင် သံချေး များ ပြောင်စင်သွားပါတယ်။

ဖိုက်ဘာ၊ကြွေတို့မှ အပေအကြံများ ဖယ်ရှားခြင်း

ဖိုက်ဘာ၊ ကြွေအလွာတို့မှာ ကပ်ပြီး ကျန်ရှိတတ်တဲ့ အညစ်အကြေးများကို ကိုကာကိုလာနဲ့ ဆေးထုတ်ရင် ပြောင်ပါတယ်။ အဝတ်လျှော်စက်တွင် ညစ်ပတ်နေတာမျိုး၊ လက်ဆေး ကြွေခွက်တို့မှာ အစွန်းအထင်းပေနေ တာမျိုး၊ မည်းနေတာမျိုးဆိုရင် ကိုကာကိုလာအချိုရည်နဲ့ ဆေးကြောလို့ ရပါတယ်။

Tuesday, December 11, 2012

“ကောသလအိပ်မက် ၁၆-ချက် ရှစ်လုံးဖွဲ့မြန်မာကဗျာ”

KhingKhing Su shared Buddha In My Life's photo.
“ကောသလအိပ်မက် ၁၆-ချက် ရှစ်လုံးဖွဲ့မြန်မာကဗျာ”

(၁) အမေး။ ။နွားနက်လေးခု၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြဘဲ၊ ရှောင်လွဲသည်မြင်။
အဖြေ။ ။အရှေ့အနောက်၊ တောင်မြောက် မိုးဆင်၊ ခြိမ်းသံပေး မိုးဝေးလွင့်ပျောက်စင်။

(၂) အမေး။ ။မြေကမကြွ၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေ့မြင်။
အဖြေ။ ။အရွယ်မမျှ၊ ပျိုမ လုံခင်၊ သမီးသား၊ လင်ထား အိမ်ထောင်ဆင်။

(၃) အမေး။ ။ယနေ့ဖွားစ၊ နွားမနို့သာ၊ မိခင်နွားကြီး၊ စို့ပြီးနေရှာ။
အဖြေ။ ။သမီးနှင့်သား၊ စီးပွားဆိုင်ရာ၊ မိနှင့်ဖ၊ ကျွေးမှစားရမှာ။

(၄) အမေး။ ။နွားကြီးမကြိုက်၊ ၀န်တိုက်နွားငယ်၊ မရုန်းနိုင်ဘဲ၊ ၀ပ်လဲနေတယ်။
အဖြေ။ ။ကြီးသူပယ်ရှား၊ မြှောက်ထားလူငယ်၊ တိုင်းပြည်ရေး၊ ရှုပ်ထွေးပွေတော့မယ်။

(၅) အမေး။ ။ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကျွေးမွေးသမျှ၊ မ၀နိုင်ပါ။
အဖြေ။ ။မှူးမတ်မင်းစိုး၊ လာဘ်ထိုးသူရှာ၊ နှစ်ဘက်စား၊ တရားစီရင်မှာ။

(၆) အမေး။ ။ခွေးအိုထံဆက်၊ ရွှေခွက်သိန်းတန်၊ ကျင်ငယ်အမြဲ၊ ခွက်ထဲစွန့်ပြန်။
အဖြေ။ ။မျိုးမြတ်သမီး၊ ပစ္စည်းမက်ဟန်၊ အမျိုးယုတ်၊ လင်လုပ်ပေါင်းဆက်ဆံ။

(၇) အမေး။ ။ရှေ့ကကျစ်ချ၊ လွန်စကြိုးကို၊ ခွေးမခိုးစား၊ ကိုက်ဝါးကာမျို။
အဖြေ။ ။လင်ကြီးပစ္စည်း၊ သိမ်းဆည်းမသို၊ လင်ငယ်အား မယားလောကွတ်ပို။

(၈) အမေး။ ။အိုးငယ်ချည်းနှီး၊ အိုးကြီးရေလျှံ၊ အိုးကြီးကိုဘဲ၊ ရေဆွဲလောင်းပြန်။
အဖြေ။ ။ဆင်းရဲသူများ၊ ၀တ်စားမကျန်၊ အခွန်တွက်၊ နှိပ်စက်ငွေကောက်ခံ။

(၉) အမေး။ ။ကြာမျိုးငါးဝ၊ ပွင့်ကြရေကန်၊ ရေလယ်နောက်လျက်၊ ကမ်းဘက်ကြည်ပြန်။
အဖြေ။ ။မြို့တွင်းပွေရှုပ်၊ ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက်၊ ပြည့်နှက်စည်ကားရန်။

(၁၀) အမေး။ ။တစ်အိုးတည်းချက်၊ အကျက်မညီ၊ ထမင်းမာဆတ်၊ ပျော့နပ်သုံးလီ။
အဖြေ။ ။မင်းနှင့်လူများ၊ တရားမညီ၊ မိုးသုံးစား၊ ကွက်ကြားရွာချမည်။

(၁၁) အမေး။ ။မွှေးထုံနဲ့ကြူး၊ စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင့်လဲ၊ သုံးစွဲစားပြန်။
အဖြေ။ ။အလဇ္ဇီများ၊ တရားဖိုးတန်၊ ငွေနှင့်လဲ၊ အမြဲဟောမည်မှန်။

(၁၂) အမေး။ ။သံကြေးမပေါင်း၊ ဘူးတောင်း ဘူးအုံ၊ ရေတွင်စုပ်စုပ်၊ နစ်မြုပ်လုံးစုံ။
အဖြေ။ ။ပညာရှိများ၊ စကားဥဿုံ၊ ပြောသမျှ၊ လောကမသုံးကုန်။

(၁၃) အမေး။ ။အိမ်လုံး တောင်လုံး၊ ကျောက်တုံးကျောက်ဖျာ၊ ရေမှာဘွားဘွား၊ ထင်ရှားပေါ်လာ။
အဖြေ။ ။ရဟန်းရှင်ဆိုး၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်မှာ။

(၁၄) အမေး။ ။အဆိပ်ပြင်းတောက်၊ မြွေဟောက်ကြီးကို၊ ဖားငယ်မများ၊ ကိုက်ဝါးကာမျို။
အဖြေ။ ။ကညာယူထား၊ သက်ကြားဘိုးအို၊ မယားဆဲ၊ အမြဲအော်ငေါက်ဆို။

(၁၅) အမေး။ ။အဆင်းမည်းနက်၊ ကျီးငှက်ထံမှာ၊ ရွှေဟင်္သာများ၊ ခစားနေရှာ။
အဖြေ။ ။ပညာသီလ၊ ပြည့်ဝသူဟာ၊ သူယုတ်အား၊ ၀ပ်တွားနေရမှာ။

(၁၆) အမေး။ ။ဆိတ်ကိုမြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြင်္သေ့သစ်ကျား၊ ခုန်လွှားပြေးပြန်။
အဖြေ။ ။သူယုတ်မာများ၊ ထောင်လွှားနိုင်ငံ၊ သူတော်ကောင်း ပုန်းအောင်းတောမြိုင်ယံ။
“ကောသလအိပ်မက် ၁၆-ချက် ရှစ်လုံးဖွဲ့မြန်မာကဗျာ”

(၁) အမေး။ ။နွားနက်လေးခု၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြဘဲ၊ ရှောင်လွဲသည်မြင်။
အဖြေ။ ။အရှေ့အနောက်၊ တောင်မြောက် မိုးဆင်၊ ခြိ
မ်းသံပေး မိုးဝေးလွင့်ပျောက်စင်။

(၂) အမေး။ ။မြေကမကြွ၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေ့မြင်။
အဖြေ။ ။အရွယ်မမျှ၊ ပျိုမ လုံခင်၊ သမီးသား၊ လင်ထား အိမ်ထောင်ဆင်။

(၃) အမေး။ ။ယနေ့ဖွားစ၊ နွားမနို့သာ၊ မိခင်နွားကြီး၊ စို့ပြီးနေရှာ။
အဖြေ။ ။သမီးနှင့်သား၊ စီးပွားဆိုင်ရာ၊ မိနှင့်ဖ၊ ကျွေးမှစားရမှာ။

(၄) အမေး။ ။နွားကြီးမကြိုက်၊ ၀န်တိုက်နွားငယ်၊ မရုန်းနိုင်ဘဲ၊ ၀ပ်လဲနေတယ်။
အဖြေ။ ။ကြီးသူပယ်ရှား၊ မြှောက်ထားလူငယ်၊ တိုင်းပြည်ရေး၊ ရှုပ်ထွေးပွေတော့မယ်။

Saturday, December 8, 2012

သမ္မတ၏ အရည်အချင်းများ

L-Zaw Sai and Zaw Myo Lwin shared ခွန် ဒီးယမ်'s photo.
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၃ တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ၏ အရည်အချင်းများ အပိုဒ်(ဃ)တွင် သမ္မတ လုပ်မည့်သူသည် စစ်ရေးအမြင် ရှိရမည်ဟု ပါလာသည်။ လူတစ်ယောက် စစ်ရေး အမြင်ရှိမရှိ ဘယ်လိုပေတံနှင့် တိုင်းမှာလဲ၊ စစ်မှုထမ်း ဖူးသူများသာ စစ်ရေး အမြင်ရှိသည် ဟု ယူဆလျှင် အရပ်သားများ သမ္မတဖြစ်နိုင်ခွင့် မရှိတော့။ မိန်းမများ သမ္မတဖြစ်ဖို့ ဝေးလှစွာ၏။ 

ဖိလစ်ပိုင်နိုင်ငံတွင်သမ္မတဖြစ်ခဲ့သော မစ္စစ်အကွီနိုမှာ ကံကောင်းလှ၏။ အကြောင်းမှာ ဖိလစ်ပိုင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ဤကဲ့သို့ စစ်ရေးအမြင်ရှိရမည်ဟူသော ကန့်သတ် ချုပ်ချယ်မှုမပါ၍ဖြစ်သည်။

ထိုဥပဒေ၏ အပိုဒ်(င)မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မလုပ် နိုင်အောင် တမင် ရည်စူး၍ ရေးထားသလား အောက်မေ့ရသည်။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ ခင်ပွန်း မိုက်ကယ်အဲရစ်(စ်)နှင့် သားနှစ်ယောက်မှာ နိုင်ငံခြား သားများ ဖြစ်၍ ဖြစ်သည်။ 

ဤဥပဒေအရဆိုလျှင် ဒေါ်ဆောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့လမ်းမမြင်၊ အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ အပိုဒ် (င) လို ဥပဒေမျိုးမပါသည့်အတွက် လက်ရှိသမ္မတ အိုဘားမားအား ကံကောင်းလှ၏။ 

အကြောင်းမှာ ဘားရက်အိုဘားမား၏ အဖေ Barack Hussein Obama မှာ ကင်ညာနိုင်ငံသား တစ်ယောက်ဖြစ်သည်။ တစ်ဖန် အိုဘားမား၏ မိခင် Ann Dunham မှာ အိုဘားမား၏ အဖေ ကွဲသောအခါ အင်ဒိုနီးရှားနိုင်ငံသား Lo Lo Soetoro နှင့် နောက်အိမ်ထောင်ထူ လိုက်သေးသည်။

၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ အခြေခံဥပဒေအရဆိုလျှင် အိုဘားမား တစ်သက်လုံး သမ္မတဖြစ်ခွင့် မရှိတော့။ 

သို့သော် အမေရိကန်၊ အာဖရိကန် လူမည်း အိုဘားမား သည် အမေရိကန်နိုင်ငံကြီး၏ သမ္မတ ဖြစ်လာခဲ့သည်။ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ သူတို့ နိုင်ငံသား တိုင်းကို သမ္မတဖြစ်ခွင့်ပေးထားသည်။

မြန်မာနိုင်ငံ အခြေခံဥပဒေကဲ့သို့ နိုင်ငံခြားသားနှင့် အကြောင်းပါမှုကို ဘိုးစဉ် ဘောင်ဆက်၊ သားစဉ်မြေးဆက် ကန့်သတ် ချုပ်ချယ်မှုတွေ မလုပ်။

နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေသည် လူ့အခွင့်အရေး ကို လေးစားသင့်ကြောင်း ၊ သမ္မတလုပ်မည့်သူ နိုင်ငံသား ဖြစ်လျှင် လုံလောက်ပြီ။

သူ့အဖေ နိုင်ငံခြားသားဖြစ်ခြင်း၊ သူ့အမေ နိုင်ငံခြားသားကို ယူခြင်း၊ ယောက်ျား နိုင်ငံခြား သားဖြစ်ခြင်း၊ သားသမီးတွေနိုင်ငံခြားသားဖြစ်ခြင်း တို့သည် သူတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စဟု အမေရိကန်ပြည်သူအားလုံးက သဘောထားသည်။

လူတစ်ယောက်နှင့် တစ်ယောက်ညားခြင်းကိစ္စသည် ဖူးစာဖြစ်သည်။ မြန်မာဘုရင် များပင် မြောက်ကျွန်းသူကိုယူခဲ့သည်ဟု ကြားဖူးရာ ယခုခေတ်နိုင်ငံခြားသားကို ဖူးစာဆုံခြင်းကိစ္စမှာ မဆန်းချေ။

အမေရိကန်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သမ္မတလောင်း၏ ကိုယ်ရေးကိုယ်တာကိစ္စ များကို ပူပင်မနေ၊ လူတစ်ယောက် သမ္မတဖြစ်မှု၊ မဖြစ်မှုကို ပြည်သူလူထု၏ ပခုံးပေါ်သို့ တင်ပေးလိုက်သည်။ 

မသူတော် တစ်ယောက် နိုင်ငံခေါင်းဆောင်ဖြစ်မည့်ကိစ္စ စိုးရိမ်သောကများ စရာရှိလျှင် ပြည်သူထက် ဘယ်သူမှ မပို၊ အကြောင်းမှာ မသူတော်တွေ နိုင်ငံခေါင်းဆောင် ဖြစ်လျှင် ကျောကော့အောင် ခံရသူများမှာ အမျိုးသား ညီလာခံ ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ မဟုတ်ဘဲ ဆင်းရဲသား ကျောမွဲပြည်သူ များဖြစ်၍ဖြစ်သည်။

အမေရိကန်ပြည်သူလူထုက အိုဘားမားကို မဲပေးပြီး သူတို့သမ္မတအဖြစ် တစ်ခဲနက် ရွေးချယ်လိုက် ကြသည်။ အိုဘားမား၏ အဖေ ကင်ညာနိုင်ငံသားဖြစ်တာ၊ အိုဘားမား၏ အမေ အင်ဒိုနီးရှားလူမျိုးကို ယူတာ သူတို့ စိတ်မ၀င်စား။

သူတို့စိတ်ဝင်စားသည်မှာ အိုဘားမားသာဖြစ်သည်။ အိုဘားမားက အမေရိကန်ပြည်သူတွေ ဘ၀ တိုးတက်မှုရှိအောင်၊ လုံခြုံစိတ်ချစွာနေနိုင်အောင် လုပ်ပေးနိုင်စွမ်းရှိသည်ဟု ယုံကြည် ကြသည်။

ထိုသို့ ယုံကြည်သည့်အလျောက် သူတို့၏ဆန္ဒမဲဖြင့် အိုဘားမားကို သမ္မတအာဏာ အပ်နှင်းလိုက်ခြင်း ဖြစ်သည်။ သမ္မတ ၄ နှစ်သက်တမ်းအတွင်း လူထုယုံကြည်သည့်အတိုင်း လုပ်ချင်လုပ်၊ မလုပ်လျှင်နောက်တစ် ကျော့သမ္မတရွေးကောက်ပွဲမှာ အိုဘားမားကို မဲမထည့် ဘဲနေကြလိမ့်မည်။

အကယ်၍ လူထုမဲဆန္ဒဖြင့် သမ္မတ ရွေးကောက်ခွင့် မြန်မာပြည်သူတို့သာ ရမည် ဆိုလျှင် ဗေဒင်မေးစရာမလို ဒေါ်အောင်ဆန်းစု ကြည် မြေကြီးလက်ခတ်မလွဲ သမ္မတ ဖြစ်ပေလိမ့်မည်။

ရေးသားသူ - နတ်မှုး (ဥာဏ်နီ ဥာဏ်နက်ဆောင်းပါးမှ) via-ဒီမိုဖက်တီး
ဓာတ်ပုံ- ကောင်းညီဟန်/ဧရာဝတီ
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၃ တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ၏ အရည်အချင်းများ အပိုဒ်(ဃ)တွင် သမ္မတ လုပ်မည့်သူသည် စစ်ရေးအမြင် ရှိရမည်ဟု ပါလာသည်။ လူ
တစ်ယောက် စစ်ရေး အမြင်ရှိမရှိ ဘယ်လိုပေတံနှင့် တိုင်းမှာလဲ၊ စစ်မှုထမ်း ဖူးသူများသာ စစ်ရေး အမြင်ရှိသည် ဟု ယူဆလျှင် အရပ်သားများ သမ္မတဖြစ်နိုင်ခွင့် မရှိတော့။ မိန်းမများ သမ္မတဖြစ်ဖို့ ဝေးလှစွာ၏။

ဖိလစ်ပိုင်နိုင်ငံတွင်သမ္မတဖြစ်ခဲ့သော မစ္စစ်အကွီနိုမှာ ကံကောင်းလှ၏။ အကြောင်းမှာ ဖိလစ်ပိုင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ဤကဲ့သို့ စစ်ရေးအမြင်ရှိရမည်ဟူသော ကန့်သတ် ချုပ်ချယ်မှုမပါ၍ဖြစ်သည်။

ထိုဥပဒေ၏ အပိုဒ်(င)မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မလုပ် နိုင်အောင် တမင် ရည်စူး၍ ရေးထားသလား အောက်မေ့ရသည်။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ ခင်ပွန်း မိုက်ကယ်အဲရစ်(စ်)နှင့် သားနှစ်ယောက်မှာ နိုင်ငံခြား သားများ ဖြစ်၍ ဖြစ်သည်။

Thursday, November 29, 2012

ခေါင်းဆောင် မတင်ထိုက်သူများ “ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”

Thu Zar's photo.
ခေါင်းဆောင် မတင်ထိုက်သူများ

“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”

၁။ ဂဏန်း = လက်မထောင်ခြင်း

၂။ ပုတ်သင် = ပြောသမျှခေါင်းငြိမ့်ခြင်း

၃။ ၀ါးပင် = လေသင့်ရာယိမ်းတတ်ခြင်း

၎။ လိပ်မျိုး = မိမိဘက်သို့ယက်တတ်ခြင်း

၅။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင်း

၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက ။

၁။ ဂဏန်းနဲ့တူတဲ့ လူစားမျိုးတဲ့။ ဂဏန်းဆိုတဲ့ ကောင်ဟာ အမြဲတမ်း လက်မ တစ်ထောင်ထောင်နဲ့ ရှိတတ်ပါတယ်။ ငါမှတတ်တာ၊ မင်းတို့ကဘာမှ သိ တာမဟုတ်ဘူး။ ငါ့ဆရာလာမလုပ်နဲ့ဆိုတဲ့ လူစားမျိုးပါ။ အောက်လက်ငယ် သားကို ကျွန်လို ဆက်ဆံတတ်တဲ့ သူမျိုးကို ဆရာမတင်ထိုက်ဘူး။

၂။ ပုတ်သင်လို လူစားမျိုးတဲ့။ ဒီကောင်ကတော့ ကိုယ်ပိုင်အရည်အချင်းဘာမှ မရှိပါဘူး။ သူများပြောတိုင်း ခေါင်းညိတ်တယ်၊ ဘယ်သူက ပြောပြော “အေးလုပ်လိုက်ဆိုတာချည်းပဲ”။ အဲဒိလို လူမျိုးဆရာတင်မိပြန်ရင်လည်း ငါးပါးမကဘူး။ ဆယ့်ငါးပါးလောက်မှောက်ရော။

၃။ ၀ါးပင်လို လူစားမျိုးတဲ့။ ဒီလူကတော့ ခပ်ညံ့ညံ့လူစားမျိုး၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်မရှိဘူး။ကိုယ်ပိုင်ရပ်တည်မှု မရှိဘူး၊ နေရာတကာ ရေလိုက် ငါးလိုက်ဆိုတဲ့ လူစားမျိုး၊ အစွယ်ကောင်းရင် ပါသွားတာချည်းပဲ၊ ကောင်း တာ ဆိုလည်း အစွယ်ကောင်းရင် လုပ်တယ်။ မကေကာင်းတာဆိုရင်လည်း မက်လုံးကောင်းရင်လုပ်တယ်။ ပျော့ညံ့လူစားမျိုး၊ ဒီလိုလူစားမျိုးလည်း ဆ၇ာတစ်ယောက်အနေဲ့ အားမကိုးထိုက်ပြန်ဘူး။

၎။ နွားသိုး နဲ့တဲ့ လူမျိုး။ ဒီကောင်ကတော့ ဘာမဆို အမှားအမှန် မဝေခွဲ ဘူး။ နေရာတကာ ရှုးဒိုင်းဒိုင်းနဲ့ စွတ်လုပ်တတ်တယ်။ နှလုံးရေ နည်းပြီး၊ လက်ရုံးရေ အားကိုးတဲ့ လူစားမျိုးပေါ့။ ဒီလိုလူမျိုးခေါင်းဆောင် တင်မိရင် လည်း အားလုံးပျက်ဆီးဘို့များပြီ။

၅။ လိပ်နဲ့တူတဲ့ လူစား။ ဒီလူမျိုးကတော့ အတ္တကြိးတဲ့ လူစားပေါ့။ ဘာမဆို သူ့အတွက်ပဲ သူသိတယ်။ “ငါခေါင်းဆောင်၊ ငါပေးမှ မင်းတို့ရမယ်၊ ငါပြီး မှ ပြီးမယ်”ဆိုတဲ့လူစားမျိုး၊ ကိုယ်ကျိုးစီးပွါးပဲ သိတယ်။ အများအတွက် ထဲ့မတွက်တတ်တဲ့လူစားမျိုး။(ပရဟိတ စိတ်မ၀င်စားတဲ့ လူစားမျိုး)

၆။ ခွေးအနဲ့ တူတဲ့ လူမျိုး။ ဒီလူစားကတော့ ကောက်ကျစ်တယ်။ ဘယ်နေရာ မဆို နည်းမှန်၊ လမ်းမှန်က မသွားတတ်ဘူး။ ဘယ်သူ့ကိုမဆို လှည့်စားလိုက် ရမှ စားဝင် အိပ်ပျော်တဲ့လူမျိုး။ ကိုယ့်လက်အောက်ငယ်သားကို ကိုယ့်လက် ခုတ်ထဲက ရေလို၊ ကိုယ်လိုတဲ့ နေရာမှာပဲ အသုံးချတတ်တယ်။

ကဲ...ခေါင်းဆောင်များ စဉ်းစားကြည့်ပါ၊ ငါဘယ်နံပါတ်နဲ့ ငြိနေလည်းဆိုတာ၊ ဘယ်နံပါတ်နဲ့မှ မငြိဘူးဆို၇င်တော့ သင်လူကောင်းဖြစ်ပြီ၊ ခေါင်းဆောင်ေ ကာင်းဖြစ်၊ မဖြစ်တော့ နောက်တင်ပြမယ့် “ခေါင်းဆောင်အင်္ဂါ”နဲ့ ဆက်ပြီး တိုက်ဆိုင်ကြည့်ရပါမယ်။

(သိင်္ဂါလောဝါဒသုတ်ကို ကိုးကားပါသည်....)
ခေါင်းဆောင် မတင်ထိုက်သူများ

“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”

၁။ ဂဏန်း = လက်မထောင်ခြင်း

၂။ ပုတ်သင် = ပြောသမျှခေါင်းငြိမ့်ခြင်း

၃။ ၀ါးပင် = လေသင့်ရာယိမ်းတတ်ခြင်း

၎။ လိပ်မျိုး = မိမိဘက်သို့ယက်တတ်ခြင်း

၅။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင်း

၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက ။

Tuesday, November 27, 2012

မဟုတ်မမှန်ရင်မခံ အမှန်တရားအတွက်ဆို အဖေပါမကျန်တရားစွဲရဲတဲ့ “အာဇာနည်ကြီး စောဘဦးကြီး”

Lu Bo shared Manh Lay's photo.
မဟုတ်မမှန်ရင်မခံ အမှန်တရားအတွက်ဆို အဖေပါမကျန်တရားစွဲရဲတဲ့  

“အာဇာနည်ကြီး  စောဘဦးကြီး”

ဇာတ်လမ်းကဒီလိုပါ....... ခုနှစ်သက္ကရာဇ် အချိန်ကာလမပါပါ။ 

 ဒေါက်တာစောဘဦးကြီးဟာ အင်္ဂလန်က ဥပဒေပညာဘွဲ့ရပြီး မြန်မာပြည်ပြန်ရောက်တဲ့အချိန် သူ့မိဘများနှင့် အတူနေထိုင်စဉ် တစ်နေ့မှာ….လယ်သမား ကြီးတစ်ဦးဟာ သူ့အိမ်ပေါ်ကနေခေါင်းငိုက်စိုက် မျက်ရည်စက်လက်နဲ့ ဆင်းသွားတာကို..... အိမ်ရှေ့ဝရန်တာမှာ စာဖတ်နေတဲ့ စောဘဦးကြီးကတွေ့လိုက်တယ်။ 

ဒါနဲ့အကြောင်းသိချင်လို့ထင်ပါရဲ့ ….. ခြံပြင်ရောက်သွားတဲ့လယ်သမား ကြီးနောက်ကိုလိုက်သွားပြီး အကျိုးအကြောင်းမေးတယ်။ လယ်သမားကြီးက စောဘဦးကြီးကို သူဆင်းလာတဲ့ အိမ်ပေါ်ကမှန်းမသိတော့ အကျိုးအကြောင်းရှင်းပြသတဲ့။ ဖြစ်စဉ်က အဲဒီလယ်မားကြီးဟာ သူပိုင်တဲ့လယ်မြေတွေ ကို စောဘဦးကြီးဖခင်ထံမှာ ပေါင်နှံထားခဲ့တယ်။ အဲဒီနေ့ဟာနောက်ဆုံးရွေးရမဲ့ရက်ဖြစ်တယ်။ အခက်အခဲအမျိုးမျိုးကြောင့် အဲဒီနေ့ကျမှရွေးနိုင်ပြီး လာခဲ့တဲ့ခရီးကလဲ ခက်ခဲတော့ ညနေပိုင်းမှရောက်လာသတဲ့။ 

ဒါကြောင့်လယ်မြေကိုသွားရွေးတဲ့အခါမှာ နောက်ဆုံးရက်လဲဖြစ်…စာချုပ်ပါအရ ထိုနေ့ညနေအထိဆိုတော့ ညနေစောင်းသွားပြီဖြစ်တဲ့အတွက်  လက်မခံနိုင် တော့ကြောင်း….လယ်မြေများသိမ်းဆည်းလိုက်ပြီ ဖြစ်ကြောင်းပြောလိုက်လို့ဝမ်းနဲအားငယ်စွာနဲ့ပြန်လာရတာဖြစ်ကြောင်း။မိမိတို့မိသားစု ဘာဆက်လုပ်ရမည်မသိကြောင်း စောဘဦးကြီးကိုရှင်းပြသတဲ့။ ဒီအခါမှာ စောဘဦးကြီးက သူ့လက်ကနာရီကိုကြည့်ပြီး “ အခု ညနေ ၅ နာရီခွဲဘဲရှိသေးတယ် ဦးကြီးသွားပြောတဲ့အချိန်ကဆိုရင် ၅ နာရီ လောက်ဘဲရှိမယ် ဒါကြောင့် ၆ နာရီမထိုးသေးရင် အချိန်မှီသေးတယ်လို့ပြောလို့ရတယ် ကျွန်တော်သက်သေဘဲ။ ဒီကိစ္စတရားရုံးကို လျှောက်ပါ“ ဆိုပြီးလယ်သမားကြီးကိုအကြံပေးတယ်။  ဒီအခါမှာ လယ်သမားကြီးက “ဦးကြီးတို့ ဒီအဆင့်အထိ…နားမလည်...လက်လှမ်းမမှီပါဘူးကွယ် ။ ရုံးတို့ဂတ်တို့ဆိုတာ…..ရှေ့နေရှေ့ရပ်တွေနဲ့မှဖြစ်မှာ၊ ဦးကြီးတို့မှာ ဒီလိုရှေ့နေငှားရအောင်လဲ လက်လှမ်းမမှီ ငွေကြေးမပြည်စုံပါဘူး..... ဘ၀ကံအတိုင်းဘဲ ရှိပါစေတော့” လို့ပြန်ပြောသတဲ့ ၊ ဒီအခါမှာစောဘဦးကြီးက “ဒီမှာဦးကြီး ကျွန်တော်ဟာရှေ့နေဘဲ၊ ဦးကြီးကမတရားခံရတာ။ ဒီအမှုဟာရုံး ရောက်ရင် နိုင်ကိုနိုင်ရမယ်။ ဦးကြီးသာအမှုတင်ပါ... ကျွန်တော်လိုက်မယ်   ရှေ့နေခတစ်ပြားမှပေးစရာမလိုပါဘူး ကျွန်တော်မတရားမှုကိုမကြိုက်လို့ပါ”  ဆိုပြီး အားပေးရင်းနဲ့ တရားစွဲဖြစ်သွား ခဲ့တယ်တဲ့။

ဒီလိုနဲ့…စောဘဦးကြီးအဖေကတစ်ဖက်…စောဘဦးကြီးနဲ့လယ်သမားကြီးကတစ်ဘက်….အဆင့်ဆင့် တရားရင်ဆိုင်ကြရင်း…နောက်ဆုံးစီရင်ချက်ချတဲ့နေ့မှာ…စောဘဦးကြီးဟာ လက်သီးကျစ်ကျစ်ဆုတ်.... ခေါင်း ငိုက်ဆိုက်နဲ့ အိမ်ပြန်လာခဲ့ရတယ်။ တရားရုံးကစီရင်ချက်မှာ သူ့ဖခင်ဘက်ကိုအနိုင်ပေးလိုက်တယ်လေ။ အိမ်ပြန် ရောက်တော့ ဖခင်နဲ့မျက်နှာချင်းဆိုင်ရင်း စောဘဦးကြီးက ဒီအမှုမှာ သူ့ဘက်က ဥပဒေကြောင်းလျှောက်လှဲ ချက်တွေ ဘယ်လောက်ခိုင်ခိုင်မာမာ တင်ပြနိုင်ခဲ့ကြောင်း။ ဒါပေမဲ့တရားရုံးက ဆုံးဖြတ်ပုံ... မမျှတဟုထင်ကြောင်း….မကျေနပ်နိုင်ကြောင်း မကျေမနပ်နဲ့ပြောသတဲ့။ အဲဒီအခါမှာ စောဘဦးကြီးဖခင်က သူ့သားကို “အေး....မင်းလျှောက်လဲချက်တွေ အကုန်ပြည့်စုံပေမဲ့… မပြည့်စုံတာတစ်ခုရှိတယ်..... အဲဒါက.... အဲဒီတရားသူကြီးကို ငါကျွေးသလိုမင်းကျွေးမထားနိုင်ခဲ့ဘူးလေ” လို့ ခပ်အေးအေးပြန်ပြောသတဲ့။

သမိုင်းမ၀င်တဲ့ ဖြစ်ရပ်မှန်ပုံပြင်ကလေးကတော့ ဒါပါဘဲ ။ 

ဆိုလိုတာက...
ဥပဒေပညာရှင် စောဘဦးကြီးဟာ အဲဒီကထဲက..... ဥပဒေဆိုတာဟာ… တစ်ခါတရံမှာ တကယ်တမ်းရိုးသားတဲ့သူတွေကို ကာကွယ်ဖို့ထက်... နားလည်တဲ့လူလည် တွေက ဥပဒေနားမလည်တဲ့ ရိုးသားသူတွေကို ပိုပြီးဖိနှိပ်ဖို့ ”လက်နက်”သဖွယ် ဖြစ်တတ်တယ်ဆိုတာ….နားလည် သဘောပေါက်သွားပုံရပါတယ်။

 ဒီပုံကတော့ Oxford University မှာ ဘွဲ့ရစဉ်က ရှေ့နေ စောဘဦးကြီးရဲ့ပုံဖြစ်ပါတယ်။
မဟုတ်မမှန်ရင်မခံ အမှန်တရားအတွက်ဆို အဖေပါမကျန်တရားစွဲရဲတဲ့

“အာဇာနည်ကြီး စောဘဦးကြီး”

ဇာတ်လမ်းကဒီလိုပါ....... ခုနှစ်သက္ကရာဇ် အချိန်ကာလမပါပါ။

ဒေါက်တာစောဘဦးကြီးဟာ အင်္ဂလန်က ဥပဒေပညာဘွဲ့ရပြီး မြန်မာပြည်ပြန်ရောက်တဲ့အချိန် သူ့မိဘများနှင့် အတူနေထိုင်စဉ် တစ်နေ့မှာ….လယ်သမား ကြီးတစ်ဦးဟာ သူ့အိမ်ပေါ်ကနေခေါင်းငိုက်စိုက် မျက်ရည်စက်လက်နဲ့ ဆင်းသွားတာကို..... အိမ်ရှေ့ဝရန်တာမှာ စာဖတ်နေတဲ့ စောဘဦးကြီးကတွေ့လိုက်တယ်။

ဒါနဲ့အကြောင်းသိချင်လို့ထင်ပါရဲ့ ….. ခြံပြင်ရောက်သွားတဲ့လယ်သမား ကြီးနောက်ကိုလိုက်သွားပြီး အကျိုးအကြောင်းမေးတယ်။ လယ်သမားကြီးက စောဘဦးကြီးကို သူဆင်းလာတဲ့ အိမ်ပေါ်ကမှန်းမသိတော့ အကျိုးအကြောင်းရှင်းပြသတဲ့။ ဖြစ်စဉ်က အဲဒီလယ်မားကြီးဟာ သူပိုင်တဲ့လယ်မြေတွေ ကို စောဘဦးကြီးဖခင်ထံမှာ ပေါင်နှံထားခဲ့တယ်။ အဲဒီနေ့ဟာနောက်ဆုံးရွေးရမဲ့ရက်ဖြစ်တယ်။ အခက်အခဲအမျိုးမျိုးကြောင့် အဲဒီနေ့ကျမှရွေးနိုင်ပြီး လာခဲ့တဲ့ခရီးကလဲ ခက်ခဲတော့ ညနေပိုင်းမှရောက်လာသတဲ့။

ဒါကြောင့်လယ်မြေကိုသွားရွေးတဲ့အခါမှာ နောက်ဆုံးရက်လဲဖြစ်…စာချုပ်ပါအရ ထိုနေ့ညနေအထိဆိုတော့ ညနေစောင်းသွားပြီဖြစ်တဲ့အတွက် လက်မခံနိုင် တော့ကြောင်း….လယ်မြေများသိမ်းဆည်းလိုက်ပြီ ဖြစ်ကြောင်းပြောလိုက်လို့ဝမ်းနဲအားငယ်စွာနဲ့ပြန်လာရတာဖြစ်ကြောင်း။မိမိတို့မိသားစု ဘာဆက်လုပ်ရမည်မသိကြောင်း စောဘဦးကြီးကိုရှင်းပြသတဲ့။ ဒီအခါမှာ စောဘဦးကြီးက သူ့လက်ကနာရီကိုကြည့်ပြီး “ အခု ညနေ ၅ နာရီခွဲဘဲရှိသေးတယ် ဦးကြီးသွားပြောတဲ့အချိန်ကဆိုရင် ၅ နာရီ လောက်ဘဲရှိမယ် ဒါကြောင့် ၆ နာရီမထိုးသေးရင် အချိန်မှီသေးတယ်လို့ပြောလို့ရတယ် ကျွန်တော်သက်သေဘဲ။ ဒီကိစ္စတရားရုံးကို လျှောက်ပါ“ ဆိုပြီးလယ်သမားကြီးကိုအကြံပေးတယ်။ ဒီအခါမှာ လယ်သမားကြီးက “ဦးကြီးတို့ ဒီအဆင့်အထိ…နားမလည်...လက်လှမ်းမမှီပါဘူးကွယ် ။ ရုံးတို့ဂတ်တို့ဆိုတာ…..ရှေ့နေရှေ့ရပ်တွေနဲ့မှဖြစ်မှာ၊ ဦးကြီးတို့မှာ ဒီလိုရှေ့နေငှားရအောင်လဲ လက်လှမ်းမမှီ ငွေကြေးမပြည်စုံပါဘူး..... ဘ၀ကံအတိုင်းဘဲ ရှိပါစေတော့” လို့ပြန်ပြောသတဲ့ ၊ ဒီအခါမှာစောဘဦးကြီးက “ဒီမှာဦးကြီး ကျွန်တော်ဟာရှေ့နေဘဲ၊ ဦးကြီးကမတရားခံရတာ။ ဒီအမှုဟာရုံး ရောက်ရင် နိုင်ကိုနိုင်ရမယ်။ ဦးကြီးသာအမှုတင်ပါ... ကျွန်တော်လိုက်မယ် ရှေ့နေခတစ်ပြားမှပေးစရာမလိုပါဘူး ကျွန်တော်မတရားမှုကိုမကြိုက်လို့ပါ” ဆိုပြီး အားပေးရင်းနဲ့ တရားစွဲဖြစ်သွား ခဲ့တယ်တဲ့။

Monday, November 26, 2012

***အလှကြိုက်တဲ့ ညီမငယ်လေးများ သတိပြုဖို့ ***

Nwe Aung and Lu Bo shared Thet Ko Oo's photo.
***အလှကြိုက်တဲ့ ညီမငယ်လေးများ သတိပြုဖို့ ***

ဒီတစ်ခါတော့ ညီမလေးတို့ အတွက် အလှအပဆိုင်ရာ သတိပြုစရာလေးတွေကို ချမ်းချမ်း သိသလောက်ပြန်လည် မျှဝေပေးမယ်နော်။
မိန်းကလေးတော်တော်များများ ဟာ အရွယ်ရောက်လာရင်တော့ အနည်းနဲ့ အများ အလှပြင်တတ်ကြတာချည်းပါပဲ။ တစ်ချို့ ကတော့ ကာလာစုံတဲ့ မျက်နှာကိုကြိုက်သလို တစ်ချို့ ကျတော့ သဘာအတိုင်းနေတာကိုကြိုက်ကြပါတယ်။ဘာပဲဖြစ်ဖြစ် Make Up , Shampoo ဒါမှမဟုတ် Skincare ၀ယ်တိုင်း သတိပြုရမှာက...

(၁) ကိုယ့်မျက်နှာအသားအရေနဲ့ လိုက်မလိုက် တည့်မတည့် အရင် စမ်း
သုံးပါ.တစ်ချို့ ဆိုင်တွေမှာ Sample အသေးလေးတွေရှိတယ်။အရင်ဝယ်သုံးကြည့်ပါ။ကိုယ်နဲ့ အဆင်ပြေတယ် ဆိုမှ ဘူးကြီးဝယ်သုံးပါ။

(၂) Branded ပစ္စည်းတွေကိုပဲသုံးပါ။ Shiseido ,SKII တို့ လို ဈေးအရမ်းကြီးတာ မသုံးနိုင်ရင်တောင် တရားဝင် မှတ်ပုံတင်ထားတဲ့ တံဆိပ် သို့ တရားဝင်ဖြန့် ဖြူးထားတဲ့ ပစ္စည်းကိုပဲသုံးပါ။အခုခေတ်မှာ ပစ္စည်းအတုတွေအရမ်းများပါတယ်။အသစ်ဝင်လာတိုင်း ကောင်းတယ်ပြောတိုင်း အရမ်းမ၀ယ်ပါနဲ့ ။

(၃) မိတ်ကပ်၊ခေါင်းလျှော်ရည် တစ်ခုခုဝယ်တိုင်း Manufacture Date (MFD) နဲ့ Expire Date (EXP) ကိုသေချာကြည့်ပါ။တစ်ခါတစ်လေ Best Before By 08052012 လို့ ရေးထားတတ်ပါတယ်။
တစ်ချို့  ပစ္စည်းတွေမှာတော့ MFD နဲ့  EXP တစ်ခါတည်းရေးထားရင်တော့ မြင်တာနဲ့ သိနိုင်ပေ
မယ့် တစ်ချို့ ပစ္စည်းတွေမှာတော့ MFD နဲ့ EXP စာလုံးမပါဘဲ 251109 လို့ ပဲ စာလုံးသေးသေးလေးရေးထားရင်တော့ အဲ့ဒီပစ္စည်းဟာ
(Day.Month.Years) 25ရက်နေ့ 11လပိုင်း 2009 ခုနှစ် မှာထုတ်လုပ်ထားပါတယ်။ တစ်ခါတစ်လေ 011611 လို့ ရေးထားရင်လဲ(Day.Month.Years) 2011ခုနှစ် 4လပိုင်း 5ရက်နေ့ မှာ ထုတ်လုပ်ထားတယ်ဆိုတာသိရပါ့မယ်။ တစ်ခါတစ်လေ 102011 ဆိုရင်လည်း (Month.Day.Years) 10လပိုင်း 20ရက်နေ့ 2011 ခုနှစ် လို့ သိထားရပါ့မယ်။ ဒီအမှတ်အသားတွေကို တစ်ခါတစ်လေ ဘူးခွံမှာ တွေ့ ရပေမယ့်တစ်ခါတစ်လေ ဘူးထဲက ပစ္စည်းမှာ ရှိနေတတ်ပါတယ်။သေချာ ကြည့်ပြီးမှဝယ်ပါ။
သဏ္ဍန်လုပ် သရူပ်တူပေါ့နော်...ပုံမလှပေမယ့် မျက်စိထဲမြင်သာအောင် ပုံမှာ ပြူးပြီးကြည့်ပါ။

(၄) မျက်နှာသစ်ဆပ်ပြာ ၊ဂျေးချွတ်ရေ၊ နို့ ရည်ကြည် ၊ခရင်မ် တွေဝယ်လို့ ရှိရင် သူ့ ရဲ့ သက်တမ်းဟာ အနည်းဆုံး၂နှစ်ကျော်လောက်အထားခံပါတယ်။ ဆိုင်ရှင်ကိုတော့သွားမမေးနဲ့ နော် ဆိုင်ရှင်တွေက သက်တမ်းကုန်လဲ သုံးလို့ ရတယ်လို့ ပြောမှာဘဲ။မိတ်ကပ်၊နှုတ်ခမ်းနီ၊ပေါင်ဒါ ကတော့ ၄ နှစ်လောက်အထားခံပါတယ်။
ဒါ့ကြောင့် ပစ္စည်းဝယ်တိုင်း ရက်စွဲသေချာကြည့်ပါ။ပစ္စည်းသက်တမ်းကုန်ဆုံးမယ့်ရက်နဲ့ ကိုယ်သုံးမယ့်အချိန်သိပ်မကွာပါစေနဲ့ ။အလှပြင်ပစ္စည်းတစ်ခု ကို ၆ လ လောက်ပဲသုံးပါ။ အကြာကြီးမထားပါနဲ့ ။ ကိုယ့်အသားအရေနဲ့ သင့်တော်မည့်ပစ္စည်းတွေပဲဝယ်ပါ။ မျက်နှာအသားအရေ လေးမျိုးရှိပါတယ်.
(က) သာမန်အသားအရေ( Normal Skin)
(ခ) အဆီပြန်တဲ့အသားအရေ( Oily Skin)
(ဂ) ခြောက်သွေ့ တဲ့ အသားအရေ( Dry Skin)
(ဃ) ဆတ်ဆတ်ထိမခံတဲ့ အသားအရေ (Sensitive Skin)

(က) သာမန်အသားအရေ (Normal Skin)
ကိုယ့်မျက်နှာဟာ သာမန်အသားအရေ Normal Skin ဆိုရင်တော့ ဘာပဲသုံးသုံး ပြဿနာ သိပ်မရှိပါဘူး။ သုံးပုံသုံးနည်း မှန်ကန်ဖို့ ပဲလိုပါတယ်။ မျက်နှာသစ်ဆပ်ပြာဝယ်သုံးမယ်ပါစို့ ။ Cleaning Foam ,Cleaning Gel,Cleaning Cream ,Cleaning Milk , Cleaning Lotion အမျိုးအစား တွေ၇ှိပါတယ်။
Cleaning Foam ကတော့ လက်သန်းစာလောက်ကို လက်ထဲထည့် ရေထည့်ပြီးအမြှုပ်ထအောင်ပွတ်ပါ။ပြီးရင် T-Zone နဖူးပြင်၊နှာတံနဲ့ မေးစေ့ပေါ်အရင်ထင်ပါ။ဘာဖြစ်လို့ လဲဆိုတော့ ပါးပြင်ထက် T-Zone က အဆီပိုများလို့ T-Zone ကိုအရင် နှံ့ အောင်ပွတ်ပါ။ ပြီးမှပါးနှစ်ဖက်ပေါ်တင်ပြီးမျက်နှာအနှံ့ လက်ခယ်၊လက်သူကြွယ်၊လက်သန်းတို့ နဲ့ ပွတ်ပါ။မျက်နှာသစ်တိုင်း ဒါမှမဟုတ် မိတ်ကပ်လိမ်းတိုင်း လက်ညှိးကို လုံးဝမသုံးပါဘူး။ဘာဖြစ်လို့ လဲဆိုတော့ မျက်နှာပြင်က အသားအရေဟာ ခန္ဓာကိုယ်ထက် ပိုနူးညံ့လို့ လက်ညှိးက ဖိအား Pressure ပိုများတဲ့အတွက် အသားအရေ ကိုထိခိုက်စေပါတယ်။Cleaning Gel နဲ့  Cleaning Cream သုံးနည်း ကတော့ မျက်နှာပေါ်တခါတည်းတင်လို့ ရပါတယ် T-Zone ကိုအရင်တင်ဖို့ တော့မမေ့ပါနဲ့ ။ ပြီးရင် Tissue နဲ့ သုတ်ပြီးရေဆေးပါ။ Cleaning Milk နဲ့ Cleaning Lotion သုံးနည်းကတော့ ကတော့ Facial Cotton ဂွမ်းထဲထည့်ပြီး နဖူး၊နှာတံ နဲ့ မေးစေ့ ကိုအရင်ပွတ်။ပြီးရင် ပါးနှစ်ဖက်ပွတ်ပြီး ရေဆေးပါ။

(ခ) အဆီပြန်တဲ့အသားအရေ (Oily Skin)
ကိုယ့်မျက်နှာဟာ အဆီပြန်တဲ့ အသားအရေ( Oily Skin )၀က်ခြံ ထွက်တဲ့အသားအရေဆိုရင်တော့ မျက်နှာသစ်ဆပ်ပြာ၊ နို့ ရည်၊ခရင်မ် တွေဝယ်တိုင်း For Oily Skin ဒါမှမဟုတ် Oil Control ပါတာတွေ ၀ယ်ပါ။ ၀က်ခြံထွက်တဲ့သူတွေဟာ Whitning ပါတဲ့ မျက်နှာဖြူစေတဲ့ အမျိုးအစားတွေနဲ့ သိပ်မတည့်ပါဘူး။ တစ်ချို့ သုံးမိလို့ ဝက်ခြံပိုများလာတာဖြစ်တတ်ပါတယ်။
ယောကျာ်းလေး တွေဟာ
အရိုးအကြောနဲ့ ကြွက်သားတွေ ပိုမာလို့ မိန်းကလေးတွေထက်ပိုပြီး အသားအရေပိုကြမ်းပါတယ်။ဒါ့ကြောင့် ယောင်္ကျားလေးဆိုရင်တော့
For Men ပစ္စည်း တွေသီးသန့် ဝယ်သုံးပါ။
အဆီပြန်နေရင်တော့ Cream အမျိုးအစားသုံးရတာအဆင်မပြေပါဘူး။Foam ပါတာတွေသုံးပါ။ ၀က်ခြံတွေများနေရင်တော့ မျက်နှာသန့် ရှင်းအောင် ဂရုစိုက်ပါ။ မျက်နှာသစ်ပြီးတိုင်း သန့် ရှင်းတဲ့ မျက်နှာသုတ်ပ၀ါ၊ဒါမှမဟုတ် တစ်ရှုးတို့ နဲ့ သုတ်ပါ။ မိတ်ကပ်၊ပေါင်ဒါ တွေမှာလည်း အဆီနည်းတဲ့ အမျိုးအစား အဆီထိန်းတဲ့ အမျိုးအစား တွေရှိတယ်။ ၀က်ခြံထွက်တဲ့ မျက်နှာတွေဟာ ရောဂါပိုးဝင်ရအလွယ်ကူဆုံးပါဘဲ။ဒါ့ကြောင့် မျက်နှာသုတ်ပ၀ါ တို့ ခေါင်းအုံးစွပ်တို့ ကို သုံးရက်တစ်ခါ
တစ်ပတ်တစ်ခါ လျှော်ပြီးလဲပေးပါ။ ဘာဖြစ်လို့ လဲဆိုတော့ တစ်နေ့ မှာ အိပ်ချိန် ၇နာရီရှိတယ်ဆိုရင် ခေါင်းက ချွေးတွေ ဂျီးတွေနဲ့ ခေါင်းအုံးထိတွေ့ နေရတဲ့အချိန်ပိုများလို့ ခေါင်းအုံးမှာ ဘတ်တီးရီးယားတွေ တော်တော် သောင်းကျန်းနေလိမ့်မယ်။ ချွေးတွေ ဂျီးတွေ ပွနေတဲ့ ခေါင်းအုံးနဲ့ မျက်နှာကို ပြန်ထိတော့ မျက်နှာကိုပိုးတွေဝင်ရလွယ်ကူလို့ တစ်ခါတစ်လေ၀က်ခြံထွက်ရင်မျက်နှာတွေရောင်ပြီးတအားနာတာခံစားရပါလိမ့်မယ်။ ပြီးရင် အပူ၊အစပ်၊အငံ တွေနဲ့  အဆီတွေ လျှော့စားပါ။ ၀မ်းမချုပ်ပါစေနဲ့ ။ မျက်နှာသုံးတဲ့ Sponge ရေမြှုပ် ။နှုတ်ခမ်းနီဆိုးတဲ့စုတ်တံ၊ အလှပြင်ပစ္စည်းတွေကို တစ်ပတ်တစ်ခါ
ရေနွေးနဲ့ စိမ်ပြီးလျှော်ပေးပါ။ နံက်အိပ်ရာက နိုးနိုးချင်း ရေသန့် တစ်ဝကြီးသောက်တဲ့အကျင့်အမြဲလုပ်ပါ။
မျက်နှာအဆီဓါတ်တွေ အငံဓါတ်တွေ အပူတွေများရင်ဝက်ခြံဟာ ပါးနှစ်ဖက်ပေါ် ပေါက်ပါတယ်။ အိပ်ရေးပျက်တာများရင်တော့ T-Zone နဖူးနဲ့ နှာတံ မှာပေါက်ပါတယ်။ စိတ်ဖိစီးမှု Stress တွေများရင်တော့ မေးစေ့မှာပေါက်ပါတယ်။
မြန်မာ့သနပ်ခါး စစ်စစ် ကို ညဘက် လိမ်းပေးပါ။သနပ်ခါးဟာ အဆီတွေကိုစုပ်ယူတဲ့အစွမ်းရှိပါတယ်။
ဝက်ခြံပေါက်ပြီး မျက်နှာအဆီပြန်သူများဟာ တခြားအသားအရေပိုင်၇ှင်တွေထက် အိုမင်းမှု အရွယ်ကျမှု နှေးပါတယ်။ အရွယ်တင်တယ်ဆိုပါတော့ ။ ပြီးတော့ မှဲ့ ခြောက်နဲ့ တင်းတိပ် ဖြစ်မှု ရာခိုင်နှုန်းနည်းပါတယ်.ဒါ့ကြောင့် အဆီပြန်ပြီးဝက်ခြံပေါက်လဲ အားငယ်နဲ့ ။အားသာချက်တွေ ၇ှိတယ်။ ပြီးတော့ “၀က်ခြံပေါက်ရင် စော်ကြည်တယ်တဲ့ ”။ မိန်းကလေးဆိုရင်တော့ ဘဲကြည်တယ်ပေါ့။
ဟုတ်မဟုတ် ကိုယ့်ဘဲ ကိုယ်ပြန်မေးပေါ့နော့။

(ဂ) ခြောက်သွေတဲ့အသားအရေ(Dry Skin)
ကိုယ်ဟာ ခြောက်သွေ့ တဲ့ အသားအရေပိုင်ရှင် ဆိုရင်တော့ အလှပြင်ပစ္စည်းဝယ်တိုင်း For Dry Skin လို့ ရေးထားတာဝယ်သုံးပါ။ Cream တို့ Milk တို့ ပါတာတွေ သုံးပါ။ မြန်မာသနပ်ခါး မလိမ်းပါနဲ့ ။မြန်မာသနပ်ခါးဟာ အသားအရေကိုအေးစေပေမယ့် အဆီတွေကို စုပ်ယူလို့ အသားခြောက်စေပါတယ်။ သာမန်အသားအရေ (Normal Skin) နဲ့ မျက်နှာအသားအရေခြောက်သွေ့ တဲ့ (Dry Skin) တွေဟာ အရွယ်ကျတာပိုမြန်ပါတယ။်ပြီးတော့ တင်းတိပ်၊မှဲ့ ခြောက်ထွက်တာလဲ ပိုမြန်ပါတယ်။ဒါ့ကြောင့် နေပူထဲ ထီးမပါဘဲ သွားတာ ရှောင်ပါ။Suncover,Sun screen, UV Protector .SPF...23 +++ ပါတာတွေသုံးပါ။ ရေများများသောက်ပါ။ညအိပ်ရာဝင်တိုင်း မိတ်ကပ်တွေ သန့် စင်ပြီးမှ အိပ်ပါ။မအိပ်ခင်
သဘာဝသစ်သီးသစ်ဥတွေနဲ့ မျက်မှာကိုလိမ်းပေးပါ။ ဥပမာ..အရည်ရွှမ်းပြီးအခွံစိမ်းတဲ့လိမ္မော်သီး၊ဒိန်ချဉ်၊ နွားနို့ ၊သခွားသီး၊ တို့ ကို လိမ်းပြီး နာရီဝက်လောက်ထားပြီး ရေဆေးပါဆပ်ပြာနဲ့ မဆေးတော့ဘူးနော်၊ ဒီအတိုင်းသစ်ပြီး မျက်နှာအစိုအတိုင်းထားပါ။
သူ့ ဘာသာခြောက်သွားလိမ့်မယ်။ဒါမှမဟုတ် ညမအိပ်ခင် Night Cream .နဲ့ Night Lotion တစ်ခုခုလိမ်းပါ။ဘာမှလိမ်းစရာမရှိဘူးဆိုရင်တောင်
မျက်နှာကို သန့် စင်အောင် ရေဆေးပြီး မျက်နှာမသုတ်ပဲ မျက်နှာအစိုဓါတ်ရအောင် ဒီအတိုင်းမျက်နှာ ရေစိုစိုနဲ့ ထားပါ။သူ့ ဘာသာ ခြောက်သွားလိမ့်မယ်။

(ဃ) ဆတ်ဆတ်ထိမခံတဲ့ အသားအရေ (Sensitive Skin)
ကိုယ့်မျက်နှာဟာ ဘာပဲလိမ်းလိမ်း မတည့်ဘူးဆိုရင်တော့ Baby Care တွေ သုံးကြည့်ပါ။မျက်နှာသစ်ဆပ်ပြာဆိုရင်တော့ Baby Soap,
ခရင်မ် ဆိုရင်လဲ Baby Milk , Baby Lotion တွေသုံးပါ။နေပူထဲထီးမပါဘဲသွားလာခြင်းရှောင်ပါ။ အရည်ရွှမ်းပြီးအခွံစိမ်းတဲ့လိမ္မော်သီး၊ဒိန်ချဉ်၊
နွားနို့ ၊ဒိန်ချဉ်၊သခွားသီး၊ တို့ ကို ညဘက်စမ်းလိမ်းကြည့်ပါ။နာရီဝက်လောက်ထားပြီး ရေဆေးပါ။ မျက်နှာကို သန့် စင်အောင်ထားပါ။
တစ်ချို့ အလှကုန်ပစ္စည်းတွေမှာ Sensitive Skin အတွက် သီးသန့် ထုတ်ထားတာရှိပါတယ်။
ဝယ်သုံးကြည့်ပါ။ ဒါမှမဟုတ်လဲ အရေပြားဆရာဝန်နဲ့ ပြကြည့်ပါ။

မိတ်ကပ်၊ပေါင်ဒါ ၊နှုတ်ခမ်းနီ။အိုင်းရှဲဒိုး ပစ္စည်းတွေ ၀ယ်တာထက်ကို အသားအရေထိန်းသိမ်းပေးတဲ့ Skin Care ဖြစ်တဲ့ဆပ်ပြာ၊နို့ ရည်၊ခရင်မ်၊ တွေဝယ်သုံးတဲ့အကျင့်လုပ်ပါ။မျက်နှာအသားအရေ ကိုအမှန်တကယ် အထောက်အကူပြုတာက Skin Care တွေပါပဲ။

နောက်တစ်ခုက......
လက်သည်းအရှည်ထားတဲ့ညီမလေးတွေ လက်သည်းဆိုးဆေးအလှဆိုးတဲ့ညီမလေးတွေ လက်သည်းဆိုးဆေးဝယ်ရင် သတိထားပါ။တစ်ချို့ လက်သည်းဆိုးဆေး အပေါစားတွေထဲမှာ အဆိပ်သင့်တဲ့ ပစ္စည်းတွေ ထည့်ထားပါတယ်။အထူးသဖြင့် တရုတ်ကလာတဲ့ပစ္စည်းတွေ တရားဝင်မဟုတ်တဲ့ပစ္စည်းတွေ ထဲမှာအများဆုံးပါဘဲ။
တရားဝင်ထုတ်ထားတဲ့ပစ္စည်းဆိုရင် ထုတ်လုပ်တဲ့ ရက်စွဲနဲ့ ကုန်ဆုံးမယ့် ရက်စွဲ ပါတယ်။ တစ်ချို့ ကျတော့ ထုတ်လုပ်တဲ့ရက်စွဲသက်သက်
ထည့်ထားရင်တော့ ကုန်ဆုံးမယ့်ရက်ဟာ ပျမ်းမျှ ၃ နှစ်လောက်တော့ကြာလိမ့်မယ်။ ဒိတ်လွန်နေတဲ့ပစ္စည်းသုံးရင်လဲ ကျန်းမာရေးအတွက် ထိခိုက်ပါတယ်။ လက်သည်းဆိုးဆေးအတုသုံးမိရင်တော့ အကယ်၍ ပါးစပ်ထဲဝင်မိရင်
ဦးနှောက်အာရုံကျော နဲ့ အသက်အန္တရာယ်ကိုထိခိုက်စေပါတယ်။

လက်သည်းဆိုးဆေးအမြဲသုံးရင်လဲ လက်သည်းကို ပျက်စီးစေပါတယ်။လက်သည်းအ၀ါရောင်သမ်းတာ၊လက်သည်းခွံ
ကွာထွက်တာ ၊လက်သည်းကျိုးတာ ဖြစ်တတ်တာမို့ အရောင်မတင်ခင်မှာ Base and Top Coat အကြည်ရောင်အရင်ဆိုးပါ။ပြီးမှ ကိုယ်ကြိုက်တဲ့အရောင်တင်ပါ။ ဒါပေမယ့်သဘာအတိုင်းထားတာ ပိုကောင်းတယ်လို့ ထင်ပါတယ်။ ကိုယ်က အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ အမြဲသ မနေနိုင်တော့ တစ်ခါတစ်လေလက်သည်းဆိုးဆေးတစ်ဝက်တစ်ပျက် နဲ့ ဖြစ်နေရင်လဲ ကြည့်ရတာတော်တော်ဆိုးပါတယ်။
တစ်ချို့ လက်သည်း အတုတွေကို အလှဆင်ပြီးတပ်ကြပါတယ်။ အဲ့ဒါက အဆိုးဆုံးပါဘဲ။ လက်သည်းအတုခိုင်အောင် Super Glue လိုမျိုး ကော်နဲ့ အသေကပ်ထားတော့ တစ်ခါတစ်လေ တစ်ခုခုနဲ့ တိုက်မိလို့ လက်သည်းကျိုးသွား ရင် ဖျက်လို့ မရ ခွာလို့ မရနဲ့ တော်တော် အရုပ်ဆိုးပါတယ်။ဒါ့ကြောင့် လက်ကိုသန့် သန့် လေးနဲ့ ပြောင်ပြောင်လေးထားတာကျန်းမာရေးအတွက် ပိုကောင်းပါတယ်။
အရောင်မပါတဲ့ Base and Top Coat ဆိုးရင်လဲ လက်သည်းပြောင်ပြောင်လေးဖြစ်ပါတယ်။

လက်ဆိုတာ အမြဲတမ်းကိုင်တွယ်လှုပ်ရှားနေရတော့ အရမ်းအရှည်ထားလို့ အဆင်မပြေပါဘူး။ တုံးတိကြီး ဖြတ်ထားရင်လဲ ကြည့်လို့ မလှပါဘူး။ဒါ့ကြောင့် အရမ်းမရှည် မတိုပဲ လက်သည်းထိပ်က အသားလေးမပေါ်အောင် ခပ်တိုတိုလေးပဲထားပါ။ လက်ကိုအမြဲသန့် နေအောင်ထားပါ။အပြင်က ပြန်လာတိုင်းလက်ဆေးတဲ့အကျင့် လုပ်ပါ။
အပြင်မှာက လူပေါင်းစုံ မို့ ရောဂါပိုးတွေပေါင်းစုံနေမှာပဲ။အထူးသဖြင့်ဘတ်စ်ကား စီးတဲ့အခါမှာပေါ့။
နောက်တစ်ချက်က လက်သည်းညှပ်တဲ့အခါ ပထမဦးဆုံး လက်သည်းထိပ်ကိုတစ်ခါပဲညှပ်ပါ။ညှပ်ပြီးရင် တံစဉ်းနဲ့ ပုံသွင်းပါ။ထိပ်နားက အ၀ိုင်းလေးလိုချင်ရင်တော့ ဘေးနှစ်ဘက်ကို အရင်တံစဉ်းနဲ့ တစ်ဖက်စီတိုက်ပြီးအချွန်လေးဖြစ်အောင်ညှိပေးပါ။လေးထောင့်ကျကျလေးလိုချင်ရင်တော့ ထိပ်နားကိုညှပ်ပြီး တံစဉ်းနဲ့ ထိပ်နေရာကနေ တည့်တည့် ညှိပါ။ပြီးမှ ဘေးနှစ်ဘက်ကို ညှိပါ။သတိထားရမှာက လက်သည်းကို ထိပ်နားကနည်းနည်းပဲညှပ်ပါတယ်။အကုန်လိုက်မညှပ်ပါဘူး။တံစဉ်းလေးနဲ့ ပဲ ကိုယ်လိုတဲ့ပုံသွင်းယူပါတယ်။ လက်သည်း ခြေသည်းကိုခိုင်မာပြီး ဖြူစင်သန့် ရှင်းအောင် သံပုရာသီးနဲ့  ခဏခဏ ပွတ်ပေးပါ။

နောက်တစ်ခုက ချွေးနံ့ ပြင်းတဲ့သူ။ဂျိုင်းမည်းတဲ့သူ။တွေဟာ ဂျိုင်းကိုထုံးရေကြည်နဲ့ ခဏခဏလိမ်းပေးပါ။ ရေချိုးတိုင်း သံပုရာသီးနဲ့ ပွတ်ပေးပါ။ဝမ်းမချုပ်ပါစေနဲ့ ။
ရေများများသောက်ပါ။Whitning Role On ဂျိုင်းလိမ်းတောင့်ကို ညဘက်ပါ လိမ်းပေးပါ။

နောက်ဆုံးကတော့ အလှအပရေးရာနဲ့ မဆိုင်ပေမယ့် ကြုံတုန်းမို့ မပြောမဖြစ်လို့ ပြောရမှာပါဘဲ။ပန်းခြံထဲမှာ၊ရုပ်ရှင်ရုံထဲမှာ ဘုရားပေါ်မှာ နေကြာစေ့အခွံတွေ ပလပ်စတစ်တွေစည်းကမ်းမဲ့ စွန့် ပစ်ကြတာပါပဲ။ ရုပ်ကလေးနဲ့ အပြင်အဆင်ကတော့ မှုန်နေပါအောင်လှပါတယ်။ဒါပေမယ့် အမှိုက်ကိုတော့ ဖြစ်သလိုကြုံရာ စွန့် ပစ်ရင်တော့ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတာကြောင့် လူလှပေမယ့် အကျင့်က မလှလို့ 
ရုပ်လေးနဲ့ အကျင့် တခြားစီ ဖြစ်နေလိမ့်မယ်နော်။ဒါ့ကြောင့် လူလဲလှ အကျင့်လဲလှအောင် ကိုယ့်အကျင့်ကို ကိုယ်တိုင်ပြုပြင်ရမှာပါဘဲ။ပြီးတော့....
နားနဲ့ မနာ ဖ၀ါးနဲ့ နာပေါ့နော်။ခရီးသွားတဲ့အခါ၊ ရုပ်ရှင်ရုံထဲက အများသုံးအိမ်သာထဲမှာ ရှောပ့်ပင်ထွက်တဲ့အခါ ၊ မသုံးမဖြစ်သုံး၇တဲ့ အများသုံးအိမ်သာဝင်ရတဲ့ အခါတွေ့ မြင်နေရတဲ့ ပြဿနာပါဘဲ။ အိမ်မှာမွေးထားတဲ့ ကြောင်လေးတွေတောင် အညစ်အကြေးစွန့် ပြီးရင် သေချာ သဲနဲ့ ပြန်ဖုံးပါတယ်။ အသိညဏ်ရှိတဲ့ အ၇ှက်ရှိတဲ့အမျိုးသမီးတစ်ချို့ က ကိုယ့်ရဲ့ လစဉ်သုံးစွန့် ပစ်ပစ္စည်းတွေကို ဒီအတိုင်း စည်းကမ်းမဲ့ စွန့် ပစ်ကြတာပါပဲ။
“သိသာသိစေ မမြင်စေနဲ့  ” စကားပုံလိုပေါ့ တခြားသူအမြင်မတင့်တဲ့ အ၇ာတွေကို မမြင်အောင် ထိန်းသိမ်းရမှာပါဘဲ။ တော်တော်များများက ချွေးသုတ်ဖို့ တစ်ရှူးလေးတော့ အိတ်လေးထဲမှာ လူတိုင်းဆောင်တတ်ကြပါတယ်။တစ်ရှူးလေးနဲ့ ထုပ်ပြီး သေချာစွန့် ပစ် ပါ။ မ၇ှိရင်လဲ သေချာ စည်းကမ်းတကျစွန့် ပစ်ပါ။ ကိုယ်တစ်ယောက်ထဲသုံးနေတာမဟုတ်ပါဘူး။ အများသုံးအိမ်သာမို့ နောက်သုံးမယ့်သူတွေကိုအားနာပါ။ လူကြားထဲနေရင်တော့ လူလိုအလိုက်သိတတ်ရမှာပဲ။ တိရိစ္ဆာန်လေးတွေတောင် အလိုက်သိတတ်ပါတယ်။ပြီးတော့ အိမ်သာသန့် ၇ှင်းရေးလုပ်တဲ့ ၀န်ထမ်းတွေထဲမှာ ကိုယ့်အမေအရွယ် ၊အဒေါ်အရွယ် တွေ အများကြီးရှိပါတယ်။ သူတို့ ကို ကိုယ်ချင်းစာပြီး အားနာပါ။ ရွံစရာ ပစ္စည်းကို မြင်လဲမြင်နေရ ။သိမ်းလဲသိမ်းနေရတော့ သူတို့ လဲ စိတ်တော်တော်လေး ညစ်နေမှာပါဘဲ။ ကိုယ့်အိမ်မှာ နေရင်တောင် အမြင်မသင့်တော်လို့ ကိုယ့်အဖေတွေ အစ်ကိုတွေ မမြင်အောင်သေချာစွန့် ပစ်ရမှာပါဘဲ။ သိသာသိစေ မမြင်စေနဲ့ နော်။

ရုပ်လှဖို့ ထက် စိတ်လှဖို့ အရေးကြီးသလို လူလှဖို့ ထက် ဘ၀ လှဖို့ အရေးကြီးပါတယ်.။ဒါ့ကြောင့်စိတ်ထားလေးတွေ နဲ့ ဘ၀လှဖို့ ကို လဲ ပြုပြင်ဖို့ လိုပါလိမ့်မယ်။ ဘ၀လှဖို့ အတွက်ကတော့...

*** ရတနာသုံးပါးကို ယုံကြည်မှုနှင့် ကိုးကွယ် ၍ ...
“သဒ္ဒါ”...ဆိုတဲ့ သူတော်ကောင်းတရားနဲ့ ကိုယ့်ဘ၀ကိုအလှဆင်ပါ။

*** ကောင်းတဲ့စိတ် တွေမွေး၍...
“သီလ” ဆိုတဲ့ သူတော်ကောင်းတရားနဲ့  ကိုယ့်ဘ၀ကိုအလှဆင်ပါ။

*** တရားနာ တရားစာများဖတ်၍ ...
“သုတ” ဆိုတဲ့သူတော်ကောင်းတရား နဲ့ ကိုယ့်ဘ၀ကိုအလှဆင်ပါ။

*** စွန့် ကြဲပေးကမ်း လှူဒါန်း၍ ...
“စာဂ”...ဆိုတဲ့ သူတော်ကောင်းတရားနဲ့ ကိုယ့်ဘ၀ကိုအလှဆင်ပါ။

*** ဘာဝနာများ ပွားများ၍ ..
“ပညာ”...ဆိုတဲ့ သူတော်ကောင်းတရားနဲ့ ကိုယ့်ဘ၀ကိုအလှဆင်ပါ။

*** မိမိကိုယ်ကို တန်ဖိုးထား၍ ...
“ဟီရိ”..ဆိုတဲ့ သူတော်ကောင်း တရားနဲ့ ကိုယ့်ဘ၀ကိုအလှဆင်ပါ။

*** အပါယ်လေးပါး ဒုက္ခ များဆင်ခြင်၍ ...
“သြတ္တပ္ပ” ဆိုတဲ့ သူတော်ကောင်းတရားနဲ့ ကိုယ့်ဘ၀ကိုအလှဆင်ပါ။

အားလုံးကို လှစေချင်ဆန္ဒများစွာနဲ့ 

Written...By....ချမ်းချမ်း(ရွာသူလေး)http://www.haymonchan.blogspot.com
‎***အလှကြိုက်တဲ့ ညီမငယ်လေးများ သတိပြုဖို့ ***

ဒီတစ်ခါတော့ ညီမလေးတို့ အတွက် အလှအပဆိုင်ရာ သတိပြုစရာလေးတွေကို ချမ်းချမ်း သိသလောက်ပြန်လည် မျှဝေပေးမယ်နော်။
မိန်းကလေ
းတော်တော်များများ ဟာ အရွယ်ရောက်လာရင်တော့ အနည်းနဲ့ အများ အလှပြင်တတ်ကြတာချည်းပါပဲ။ တစ်ချို့ ကတော့ ကာလာစုံတဲ့ မျက်နှာကိုကြိုက်သလို တစ်ချို့ ကျတော့ သဘာအတိုင်းနေတာကိုကြိုက်ကြပါတယ်။ဘာပဲဖြစ်ဖြစ် Make Up , Shampoo ဒါမှမဟုတ် Skincare ၀ယ်တိုင်း သတိပြုရမှာက...

(၁) ကိုယ့်မျက်နှာအသားအရေနဲ့ လိုက်မလိုက် တည့်မတည့် အရင် စမ်း
သုံးပါ.တစ်ချို့ ဆိုင်တွေမှာ Sample အသေးလေးတွေရှိတယ်။အရင်ဝယ်သုံးကြည့်ပါ။ကိုယ်နဲ့ အဆင်ပြေတယ် ဆိုမှ ဘူးကြီးဝယ်သုံးပါ။

(၂) Branded ပစ္စည်းတွေကိုပဲသုံးပါ။ Shiseido ,SKII တို့ လို ဈေးအရမ်းကြီးတာ မသုံးနိုင်ရင်တောင် တရားဝင် မှတ်ပုံတင်ထားတဲ့ တံဆိပ် သို့ တရားဝင်ဖြန့် ဖြူးထားတဲ့ ပစ္စည်းကိုပဲသုံးပါ။အခုခေတ်မှာ ပစ္စည်းအတုတွေအရမ်းများပါတယ်။အသစ်ဝင်လာတိုင်း ကောင်းတယ်ပြောတိုင်း အရမ်းမ၀ယ်ပါနဲ့ ။

(၃) မိတ်ကပ်၊ခေါင်းလျှော်ရည် တစ်ခုခုဝယ်တိုင်း Manufacture Date (MFD) နဲ့ Expire Date (EXP) ကိုသေချာကြည့်ပါ။တစ်ခါတစ်လေ Best Before By 08052012 လို့ ရေးထားတတ်ပါတယ်။
တစ်ချို့  ပစ္စည်းတွေမှာတော့ MFD နဲ့  EXP တစ်ခါတည်းရေးထားရင်တော့ မြင်တာနဲ့ သိနိုင်ပေ
မယ့် တစ်ချို့ ပစ္စည်းတွေမှာတော့ MFD နဲ့ EXP စာလုံးမပါဘဲ 251109 လို့ ပဲ စာလုံးသေးသေးလေးရေးထားရင်တော့ အဲ့ဒီပစ္စည်းဟာ
(Day.Month.Years) 25ရက်နေ့ 11လပိုင်း 2009 ခုနှစ် မှာထုတ်လုပ်ထားပါတယ်။ တစ်ခါတစ်လေ 011611 လို့ ရေးထားရင်လဲ(Day.Month.Years) 2011ခုနှစ် 4လပိုင်း 5ရက်နေ့ မှာ ထုတ်လုပ်ထားတယ်ဆိုတာသိရပါ့မယ်။ တစ်ခါတစ်လေ 102011 ဆိုရင်လည်း (Month.Day.Years) 10လပိုင်း 20ရက်နေ့ 2011 ခုနှစ် လို့ သိထားရပါ့မယ်။ ဒီအမှတ်အသားတွေကို တစ်ခါတစ်လေ ဘူးခွံမှာ တွေ့ ရပေမယ့်တစ်ခါတစ်လေ ဘူးထဲက ပစ္စည်းမှာ ရှိနေတတ်ပါတယ်။သေချာ ကြည့်ပြီးမှဝယ်ပါ။
သဏ္ဍန်လုပ် သရူပ်တူပေါ့နော်...ပုံမလှပေမယ့် မျက်စိထဲမြင်သာအောင် ပုံမှာ ပြူးပြီးကြည့်ပါ။

လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ (၁၀)ချက်

U Nay Meinda and Lu Bo shared Thet Ko Oo's photo.
လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ (၁၀)ချက်

၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)

၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)

၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)

၎။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)

၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sleep)

၆။ ဆီး အနီရောင်သွားခြင်း။
(Redness discolouration of urine)

၇။ ပစ္စည်းများကိုင်လျှင် မမြဲခြင်း၊ မကြာခဏ လွတ်ကျတတ်ခြင်း။
(Freguent fall down of objects when bandling)

၈။ ဘယ်ဘက်လက် ကိုက်ခဲပြီး လက်မတွင် ထုံခြင်း၊ ဘယ်ခြေဆွဲခြင်း။
(Tingling and aching sensation of left upper limbs, thumb and lower limbs)

၉။ အမျိုးသားများ အသက် ၄၅-နှစ်ကျော်လျှင် ရက်ရှည် ခြေ,လက် ထုံကျဉ်ခြင်း။
(Male over 45yrs,numbers sensation longtime)
အမျိုးသမီးများ သွေးဆုံးချိန်တွင် ခြေ,လက်များ ထုံကျဉ်ခြင်း။ လက်ညှိုး၊ လက်ခလယ် ကွေးရာမှ ချက်ချင်းဆန့်မရခြင်း။
(Numbness sensation during menolpasuse)

၁၀။ ရေချိုးပြီးလျှင် မျက်စိများ ကြာမြင့်စွာ နီရဲခြင်း။
(Redness of eye after bath (or) Conjunctivities after bath)

ကြိုတင်သိရှိပြီး လူသားများအားလုံး လေဖြတ်ခြင်း မှ ကာကွယ်နိုင်ကြပါစေ.....

Mg Mandalay

Saturday, November 24, 2012

မြန်မာတွေသိပ်မသိကြတဲ့ ကမ္ဘာကျော်မြန်မာတစ်ဦး (သို့မဟုတ်) အာရှဖွံ့ဖြိုးရေးဘဏ်၏ဖခင်ကြီး ဦးညွန့်

MrMaung KoThet and D Nyein Lin shared Aye Chan Mon's photo.
မြန်မာတွေသိပ်မသိကြတဲ့ ကမ္ဘာကျော်မြန်မာတစ်ဦး (သို့မဟုတ်) အာရှဖွံ့ဖြိုးရေးဘဏ်၏ဖခင်ကြီး ဦးညွန့်

ဦးညွန့်ဟာ နိုင်ငံတကာ ဆက်ဆံရေးစာမျက်နှာတွင် မြန်မာတစ်ဦးအဖြစ်သာမက အာရှတိုက်သားတစ်ဦးအဖြစ် အောင်မြင်ခဲ့သူ၊ ကုလသမဂ္ဂ အဖွဲ့ အစည်းတွင် မြန်မာနိုင်ငံသားများထဲမှ ပထမဆုံး အဆင့်မြင့်ရာထူးကို ထမ်းဆောင်ခဲ့သူ၊ အာရှဖွံ့ဖြိုးရေးဘဏ်ကြီး ပေါ်ထွက်လာရေး၏ ဖခင်ကြီးအဖြစ် ကမ္ဘာက အသိအမှတ်ပြုခဲ့သူ ဖြစ်ပါတယ်။ သူ့ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၂နှစ် (၁၉၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ)က ဘားအံမြို့မှာ မွေးဖွားခဲ့ပါတယ်။

အခု ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (အက်စ်ကက်ပ်) မတိုင်ခင်ရှိခဲ့တဲ့ အာရှနှင့် အရှေ့ဖျား ဒေသဆိုင်ရာ စီးပွားရေးကော်မရှင် (အီးကဖေး)ရဲ့ အမှုဆောင် အတွင်းဝန် အဖြစ် ၁၄ နှစ်ကြာ ဆောင်ရွက်ခဲ့တဲ့ အတွက် သူ့ကို အီးကဖေး ဦးညွန့်လို့ လူသိများပါတယ်။

၁၉၃၀ ပြည့်နှစ်မှာ ရန်ကုန် တက္ကသိုလ်ကနေ ၀ိဇ္ဇာဘွဲ့ရရှိခဲ့ပြီး နောက်ပိုင်း အောက်စ်ဖို့တက္ကသိုလ်နဲ့ လန်ဒန်တက္ကသိုလ်တို့မှာ ပညာသင် ကြားခဲ့တဲ့ ဦးညွန့်ဟာ မြန်မာနိုင်ငံတော် ၀န်ထမ်းဘ၀နဲ့ ၁၉၃၃ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပါတယ်။

အကောက်ခွန်မင်းကြီး၊ ကုန်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ပြီး ၁၉၅၂ ခုနှစ်မှာ မြန်မာနိုင်ငံတော်အစိုးရ ခွင့်ပြုချက် အရ ECAFE တွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၅၉ ခုနှစ်မှာ ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး က ECAFE ရဲ့ အမှုဆောင်အတွင်းဝန် အဖြစ် ခန့်အပ်ခဲ့တဲ့ ဦးညွန့်ကို လူသိများ ရတဲ့အချက်တွေထဲက တစ်ခုက ကမ္ဘာ့ စာမျက်နှာမှာ အာရှရုပ်ပုံလွှာကို စတင် မြှင့်တင်ပေးနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

ဦးညွန့် ECAFE ရဲ့ အမှုဆောင် အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင် နေချိန်ဟာ အနောက်နိုင်ငံတွေရဲ့ စနက်နဲ့ အာရှနိုင်ငံတွေ ကြားမှာ သဘော ထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေတဲ့ကာလ ဖြစ်ပါတယ်။ ECAFE ရဲ့ အစည်း အဝေးတွေမှာ အများမဲအနိုင်စနစ်နဲ့ ဆုံးဖြတ်ချက်တွေချမှတ်တဲ့ အလေ့ အထကြောင့် အင်အားကြီး ကိုလိုနီ နိုင်ငံတွေက သူတို့စိတ်ကြိုက်ခြယ်လှယ် နိုင်နေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အာရှနိုင်ငံတွေက မိမိတို့ သဘောအတိုင်း အချင်းချင်းညှိနှိုင်း ဆောင်ရွက်နိုင်မယ့် အားလုံးစိတ်တူ သဘောတူ (Consensus) ဆုံးဖြတ်တဲ့ အာရှလမ်းစဉ်(Asian Way)ကို ဦးညွန့် က စတင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလမ်းစဉ်နဲ့ပဲ မဲခေါင်မြစ်ဝှမ်း စီမံကိန်းကို အကောင်အထည်ဖော်ပြီး အာရှနိုင်ငံတွေရဲ့ စည်းလုံးမှုကို အစပျိုး စေခဲ့ပါတယ်။ အဲဒီနောက်မှာ အာရှ ဖွံ့ဖြိုးရေးဘက်၊ အာရှငွေကြေးပေးချေ မှုအုပ်စု စသဖြင့် ဆက်လက်တည် ထောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာသာမက အာရှမှာပါ အရေးပါတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တဲ့ကာလမှာ တာဝန်ထမ်း ဆောင်ခဲ့တဲ့ ဦးညွန့်ဟာ ECAFE ရဲ့ အမှုဆောင် အတွင်းဝန်တွေထဲမှာ အအောင်မြင်ဆုံးလို့ ဆိုနိုင်ပါတယ်။

အားကစားလည်းလိုက်စားတဲ့ ဦးညွန့် ဟာ ရန်ကုန်တက္ကသိုလ် လှေလှော် အသင်းကိုယ်စားပြု အင်းလျားကန် ဖြတ် ရေကူးသမား တစ်ဦးဖြစ်သလို တက္ကသိုလ်လေ့ကျင့်ရေးတပ်၏ ရိုင်ဖယ် သေနတ်ပစ် လက်ဖြောင့်သမားလည်း ဖြစ်ပါတယ်။

"အခု ကန်တော်ကြီးဟိုတယ်နေရာက အဲဒီခေတ်က လူဖြူတွေချည်းပဲပါတဲ့။ Rangoon Boat Club ကို အနိုင် လှော်ခဲ့ကြတဲ့ထဲမှာ ပါတယ်။ အဖေ့ရဲ့ ပင်ကိုအရည်အချင်းတွေက မျိုးချစ် စိတ်ဓာတ် ပြင်းပြတယ်။ အမျိုးဘာသာ ချစ်စိတ်လည်း ပြင်းပြတယ်"လို့ ဦးညွန့်ရဲ့ ဒုတိယသားဖြစ်တဲ့ ဒေါက်တာသန်းညွန့်က ပြောပြပါတယ်။

၁၉၇၃ ခုနှစ်မှာ ဦးညွန့် ဟာECAFE ရဲ့ အမှုဆောင် အတွင်းဝန်အဖြစ်ကနေ အငြိမ်းစားယူခဲ့ပါတယ်။

ဦးညွန့် နောက်ဆုံးအနေနဲ့ တာဝန်ယူကျင်းပပေးခဲ့ရတဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ ECAFE ရဲ့ (၂၉)ကြိမ်မြောက် ညီလာခံ မှာ သူ့ကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေငြာချက်မှာ ဦးညွန့်ကျင့်သုံးခဲ့ တဲ့ အာရှလမ်းစဉ်ကို နိုင်ငံအချင်းချင်း ညီရင်းအစ်ကိုကဲ့သို့ ဆက်ဆံခြင်းလို့ ဖော်ပြပြီး အာရှရုပ်ပုံလွှာ လျင်လျင်မြန်မြန် ပေါ်ထွန်းလာဖို့ ကြိုးစားအားထုတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀ ကတည်းက တက္ကသိုလ်မှာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းပဲရှိပြီး ဗုဒ္ဓဘာသာ ဓမ္မာရုံ တည်ဆောက်ရေးအတွက် လှုပ်ရှားခဲ့တဲ့ ဦးညွန့်ဟာ အငြိမ်းစားယူပြီး နောက်ပိုင်းမှာလည်း ဇနီးဖြစ်သူ ဒေါ်သန်းတင်နဲ့အတူ ဘာသာ သာသနာရေးကို အာရုံစိုက်ခဲ့ပါတယ်။

၁၉၇၅ ခုနှစ်မှာ နိကာယ်သာသနာ တော်ပြန့်ပွားရေးအသင်း တည်ထောင်ရာမှာ ပါဝင်ခဲ့ပြီး အသင်းဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက် ခဲ့ပါတယ်။

ရွှေတိဂုံ စေတီနဲ့ ကမ္ဘာအေးစေတီတို့မှာလည်း မီးမောင်းတွေကို ပထမဆုံးအဖြစ် တပ်ဆင်လှူဒါန်းခဲ့ပါတယ်။ ညဘက်မှာ စေတီတော်တွေကို မီးရောင်ထိန်ထိန်နဲ့ ဖူးမျှော်နိုင်အောင် ဦးညွန့်က လမ်းဖော်ပေးခဲ့တာလို့ ဆိုနိုင်ပါတယ်။

သားလေးယောက်၊ သမီး တစ်ယောက် ထွန်းကားခဲ့တဲ့ ဦးညွန့်ဟာ သက်ရှိထင်ရှားရှိမယ်ဆိုရင် အသက် ၁၀၂ ပြည့်ပြီ ဖြစ်ပါတယ်။

အားလုံးကိုလေးစားစွာဖြင့်
မင်းအရိပ်

အေးချမ်းမွန်မှ  ဝေဟင်ချစ်သူ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဝေဟင်ချစ်သူ
မြန်မာတွေသိပ်မသိကြတဲ့ ကမ္ဘာကျော်မြန်မာတစ်ဦး (သို့မဟုတ်) အာရှဖွံ့ဖြိုးရေးဘဏ်၏ဖခင်ကြီး ဦးညွန့်

ဦးညွန့်ဟာ နိုင်ငံတကာ ဆက်ဆံရေးစာမျက်နှာတွင် မြန်မာတစ်ဦးအဖြစ်သာမက
အာရှတိုက်သားတစ်ဦးအဖြစ် အောင်မြင်ခဲ့သူ၊ ကုလသမဂ္ဂ အဖွဲ့ အစည်းတွင် မြန်မာနိုင်ငံသားများထဲမှ ပထမဆုံး အဆင့်မြင့်ရာထူးကို ထမ်းဆောင်ခဲ့သူ၊ အာရှဖွံ့ဖြိုးရေးဘဏ်ကြီး ပေါ်ထွက်လာရေး၏ ဖခင်ကြီးအဖြစ် ကမ္ဘာက အသိအမှတ်ပြုခဲ့သူ ဖြစ်ပါတယ်။ သူ့ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၂နှစ် (၁၉၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ)က ဘားအံမြို့မှာ မွေးဖွားခဲ့ပါတယ်။

အခု ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (အက်စ်ကက်ပ်) မတိုင်ခင်ရှိခဲ့တဲ့ အာရှနှင့် အရှေ့ဖျား ဒေသဆိုင်ရာ စီးပွားရေးကော်မရှင် (အီးကဖေး)ရဲ့ အမှုဆောင် အတွင်းဝန် အဖြစ် ၁၄ နှစ်ကြာ ဆောင်ရွက်ခဲ့တဲ့ အတွက် သူ့ကို အီးကဖေး ဦးညွန့်လို့ လူသိများပါတယ်။

၁၉၃၀ ပြည့်နှစ်မှာ ရန်ကုန် တက္ကသိုလ်ကနေ ၀ိဇ္ဇာဘွဲ့ရရှိခဲ့ပြီး နောက်ပိုင်း အောက်စ်ဖို့တက္ကသိုလ်နဲ့ လန်ဒန်တက္ကသိုလ်တို့မှာ ပညာသင် ကြားခဲ့တဲ့ ဦးညွန့်ဟာ မြန်မာနိုင်ငံတော် ၀န်ထမ်းဘ၀နဲ့ ၁၉၃၃ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပါတယ်။

အကောက်ခွန်မင်းကြီး၊ ကုန်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ပြီး ၁၉၅၂ ခုနှစ်မှာ မြန်မာနိုင်ငံတော်အစိုးရ ခွင့်ပြုချက် အရ ECAFE တွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၅၉ ခုနှစ်မှာ ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး က ECAFE ရဲ့ အမှုဆောင်အတွင်းဝန် အဖြစ် ခန့်အပ်ခဲ့တဲ့ ဦးညွန့်ကို လူသိများ ရတဲ့အချက်တွေထဲက တစ်ခုက ကမ္ဘာ့ စာမျက်နှာမှာ အာရှရုပ်ပုံလွှာကို စတင် မြှင့်တင်ပေးနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

ဦးညွန့် ECAFE ရဲ့ အမှုဆောင် အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင် နေချိန်ဟာ အနောက်နိုင်ငံတွေရဲ့ စနက်နဲ့ အာရှနိုင်ငံတွေ ကြားမှာ သဘော ထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေတဲ့ကာလ ဖြစ်ပါတယ်။ ECAFE ရဲ့ အစည်း အဝေးတွေမှာ အများမဲအနိုင်စနစ်နဲ့ ဆုံးဖြတ်ချက်တွေချမှတ်တဲ့ အလေ့ အထကြောင့် အင်အားကြီး ကိုလိုနီ နိုင်ငံတွေက သူတို့စိတ်ကြိုက်ခြယ်လှယ် နိုင်နေခဲ့တာ ဖြစ်ပါတယ်။

Wednesday, November 21, 2012

မြန်မာတို့၏ ပထမဆုံးများ

New MyanmarFoundation and Mai Kyaw Oo shared Aye Chan Mon's photo.
မြန်မာတို့၏ ပထမဆုံးများ

၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်
၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု
၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး
၎။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း ( ဒေါက်တာ ဆင်မျူရယ်
ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို )
၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်
၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ်
၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး
၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ
၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း
၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု
၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင်
၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင် ထုူးချွန်ဆုရ မင်းသား = ကျော်စိုး
၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး = ကြည်ကြည်ဌေး
၁၄။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရကလေးသရုပ်ဆောင် = အောင်ထွန်းလေး
၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသား = ဦးကျောက်လုံး
၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသမီး = ဒေါ်မေနွဲ့ 
၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ
၁၈။ ပထမဆုံး နိုင်ငံခြားရောက်ဆိုင်းဆရာ = စိန်ဗေဒါ
၁၉။ ပထမဆုံး ကာလပေါ်ဝတ္တုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော်(မောင်ရင်မောင် မမယ်မ၀တ္တု)
၂၀။ ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့်ဒေါ်စန်း
၂၁။ ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာကထိက = ဒေါက်တာဘမော်
၂၂။ ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး = ပါမောက္ခ ဦးဖေမောင်တင်
၂၃။ ပထမဆုံး စတီရီယို အဆိုတော် =တက္ကသိုလ် ထွန်းနောင်
၂၄။ ပထမဆုံး လေသူရဲ = မီးပုံးပျံ ကျော်ရင်
၂၅။ ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည်
၂၆။ ပထမဆုံး နယ်လှည့်ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန်
၂၇။ ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး(၁၈၈၅-၁၈၈၆)
၂၈။ ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန် ( ၁၈၉၀-၁၉၆၉) ( ပြင်သစ်နှင့်ဂျာမနီပြန်)
၂၉။ ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာနတည်ထောင်သူ= ဒေါက်တာ တင်လှိုင် ၃၀။ ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဥိးဘကလေး ( ဦးရွှေကလေး)
၃၁။ ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဌ = ပညာမင်းကြီး စည်သူဦးကောင်း
၃၂။ ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် = ဒေါက်တာ တင်မောင်
၃၃။ ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ( ဗ - က - သ ) ဥက္ကဌ = ဦးရာရှစ်
၃၄။ ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ = စာရေးဆရာချစ်ဦးညို(၁၉၂၄ - ၁၉၈၇)
၃၅။ ပထမဆုံး လူမူထူးချွန်ဆု ပထမဆင့်ကို ရရှိသူ အမျိုးသမီး = ဟာဂျီမ ပျဉ်းမနား ဒေါ်ပု
၃၆။ ပထမဆုံး ဖလောရင့်နိုက်တင်ဂေးဆုရရှိသူ = ဗိုလ်မှူးဒေါ်ခင်အုန်းမြ (ခ)စာရေးဆရာမကြီး မြမာလာ 
၃၇။ ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး)
၃၈။ ပထမဆုံး မြန်မာ ကုလသမဂ္ဂအတွင်းေ၇းမှုး= ဦးသန့် 
၃၉။ပထမဆုံး မြန်မာနိုဘယ်လ်ဆုရှင် = ဒေါ်အောင်ဆန်းစုကြည်

အားလုံးကိုလေးစားလျက်...

အေးချမ်းမွန်မှ  Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Google
မြန်မာတို့၏ ပထမဆုံးများ

၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်
၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု
၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး
၎။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း ( ဒေါက်တာ ဆင်မျူရယ်
ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို )
၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်
၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ်
၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး
၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ
၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း
၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု
၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင်

"မိန်းခလေးများအထူးဖတ်သင့်သည်" မိန်းခလေးများfbမသုံးသင့်တဲ့အြေ ကာင်းပြချက်များမှာfbအသုံးပြုသူမိန်းခလေး အများစုမှာထူးဆန်းသည့်ရောဂါဆန်းတစ်မျိုးလျင်မြန်စွာကူးစက်နေ

Danger Flower shared ပန်းပျိုး လက်'s photo.
"မိန်းခလေးများအထူးဖတ်သင့်သည်"
မိန်းခလေးများfbမသုံးသင့်တဲ့အကြောင်းပြချက်များမှာfbအသုံးပြုသူမိန်းခလေး အများစုမှာထူးဆန်းသည့်ရောဂါဆန်းတစ်မျိုးလျင်မြန်စွာကူးစက်နေသည်
ဟုသိရသည်။ရောဂါနာမည်များမှာမြန်မာလိုရှင်းရှင်းပြောရရင်(၁)ဘဝင်မြင့်
ခြင်း(၂)အလကားနေမာနကြီးခြင်း(၃)မတူတန်သလိုပြောဆိုခြင်း(၄)မောက်မာစွာဆက်ဆံခြင်းဆိုတဲ့ရောဂါဆန်းလေးမျိုးဖြစ်ပါတယ်။fbအပေါ်မှာအဖြစ်များသူမိန်းခလေးအများစုကတော့။ရုပ်ရည်ချောမောလှပသောမိန်းခလေး။ချမ်းသာသည့်မိန်းခလေး။ပညာတတ်သည့်မိန်းခလေး။သူငယ်ချင်းထောင်နဲ့ချီပြီးရှိတဲ့မိန်းခလေးများမှာအဖြစ်များသည်ဟုသိရပါသည်။ရောဂါဖြစ်ပွားရခြင်းအ
ကြောင်းရင်းများမှာ။ပထမအဆင့်ဘဝင်မြင့်ရောဂါအစပြုခြင်းအကြောင်းအရာ
မှာ-မိန်းခလေးများfbတွင်သူငယ်ချင်းဦးရေလျင်မြန်စွာတိုးပွားလာချင်းသည်
အဓိကကျသည်ဟုသိရပါသည်။မိန်းခလေးများfbစသုံးခါစတွင်အလွန်သဘော
ကောင်းတတ်ကြပြီး။သူငယ်ချင်းဦးရေလျင်မြန်စွာတိုးပွားလာချိန်တွင် ဘဝင်
မြင့်ရောဂါစလာပါသည်။ဒုတိယအဆင့်အလကားနေရင်းမာနကြီးသောရောဂါ
ဖြစ်ရခြင်းအကြောင်းကတော့-မိန်းခလေးများသူတို့ဓါတ်ပုံများကိုပို့တင်သော
အခါများတွင်မိန်းခလေးမှာချောသည်ဖြစ်စေ မချောသည်ဖြစ်စေ။ယောကျာင်္း
လေးအများစုကသိသည်ဖြစ်စေ မသိသည်ဖြစ်စေ like လုပ်ရသည်ကိုအားမရ
ပဲမိန်းခလေးများ၏ပုံများအောက်တွင်ချောသည်လှသည်ဟုကြံဖန်ပြီးချီးကျူးတတ်ကြသည်။ထိုအခါမျိုးတွင်မိန်းခလေးများမှာစပြီးအလကားနေရင်းဘဝင်
မြင့်သည်ရောဂါစလာခဲ့သည်။မိန်းခလေးများစာများကိုပို့တင်သည့်အခါများ
တွင်ပိုဆိုးသည်၊မိန်းခလေးတင်သည့်ပို့ထဲတွင် ဝါးအိပ်ချင်လိုက်တာ ဟုသော်
လည်ကောင်း။အီအီးပါချင်သည်ဟုသော်လည်ကောင်းရေးသည့်အခါများတွင်
ယောကျာင်္းလေးများမှာဘာမှန်းမသိ။ထို့ပိုအောက်တွင်ကွန်မန့်များပေးတတ်
ကြသည်အတွက် မိန်းခလေးများရဲ့ရောဂါမှာပိုပြီးဆိုးဝါးလာခဲ့ပါသည်။တတိယ
မတူတန်စွာပြောဆိုခြင်းရောဂါအစပြုအကြောင်းအရာများမှာ-ယောကျာင်္းလေး
များမှာချတ်ဘောက်ထဲတွင် မိန်းခလေးများကို ဟိုင်း ဟုစနူတ်ဆက်သည့်အခါ
များတွင် မိန်းခလေးများမှာပြန်ပြီး မနူတ်ဆက်သည့်အပြင်။ထိုအကြောင်းရာ
များကို ပို့တင်ပြီးယောကျာင်္းလေးများနှိပ်ကွပ်ပါသည်။ထိုအခါများတွင်ယော
ကျာင်္းလေးများနာရကောင်းမှန်းမသိပို့များအောက်တွင် အရှက်မရှိသွားရောက်
ကွန်မန့်သွားပေးကြသည်အခါများမှစပြီး။မိန်းခလေးများမှာမတူတန်စွာပြော
ဆိုဆက်ဆံတတ်ခြင်းဆိုတဲ့ရောဂါကိုရရှိတယ်လို့သိရပါတယ်။စတုတ္ထအဆင့်
မောက်မာစွာဆက်ဆံခြင်းဆိုတဲ့ရောဂါကိုဖြစ်ရခြင်းအကြောင်းအရာကတော့-
သူငယ်ချင်းများလာသောအခါများမှာအဖြစ်များတယ်လို့သိရပါတယ်။ထိုရောဂါရှိသောမိန်းခလေးများတင်သောပို့များပါလာတတ်သည်စာများကတော့ မ
ကျေနပ်ရင်ဘလော့လို့ရတယ်ဆိုတဲ့စကားများပဲဖြစ်ပါတယ်လို့........။
ထို့ကြောင့်မိန်းခလေးများအခုလိုရောဂါများမဖြစ်ရအောင်fbကိုမသုံးနဲ့လို့အကြံ
ပေးချင်ပါတယ်လို့.........
ကမ္ဘာ့ကုလသမ္မဂ္ဂနဲ့ကျန်းမာရေးဝန်ကြီးဌာနမှဒေါက်တာပန်းပျိုးလက်(......)မှ
ပြောကြားသွားပါတယ်လို့ CCTV သတင်းဌာနမှပြောကြားသွားပါတယ်...။

                                               ပန်းပျိုးလက်(.......)
‎"မိန်းခလေးများအထူးဖတ်သင့်သည်"
မိန်းခလေးများfbမသုံးသင့်တဲ့အြေ
ကာင်းပြချက်များမှာfbအသုံးပြုသူမိန်းခလေး အများစုမှာထူးဆန်းသည့်ရောဂါဆန်းတစ်မျိုးလျင်မြန်စွာကူးစက်နေသည

ဟုသိရသည်။ရောဂါနာမည်များမှာမြန်မာလိုရှင်းရှင်းပြောရရင်(၁)ဘဝင်မြင့်
ခြင်း(၂)အလကားနေမာနကြီးခြင်း(၃)မတူတန်သလိုပြောဆိုခြင်း(၄)မောက်မာစွာဆက်ဆံခြင်းဆိုတဲ့ရောဂါဆန်းလေးမျိုးဖြစ်ပါတယ်။fbအပေါ်မှာအဖြစ်များသူမိန်းခလေးအများစုကတော့။ရုပ်ရည်ချောမောလှပသောမိန်းခလေး။ချမ်းသာသည့်မိန်းခလေး။ပညာတတ်သည့်မိန်းခလေး။သူငယ်ချင်းထောင်နဲ့ချီပြီးရှိတဲ့မိန်းခလေးများမှာအဖြစ်များသည်ဟုသိရပါသည်။ရောဂါဖြစ်ပွားရခြင်းအ
ကြောင်းရင်းများမှာ။ပထမအဆင့်ဘဝင်မြင့်ရောဂါအစပြုခြင်းအကြောင်းအရာ
မှာ-မိန်းခလေးများfbတွင်သူငယ်ချင်းဦးရေလျင်မြန်စွာတိုးပွားလာချင်းသည်
အဓိကကျသည်ဟုသိရပါသည်။မိန်းခလေးများfbစသုံးခါစတွင်အလွန်သဘော
ကောင်းတတ်ကြပြီး။သူငယ်ချင်းဦးရေလျင်မြန်စွာတိုးပွားလာချိန်တွင် ဘဝင်
မြင့်ရောဂါစလာပါသည်။ဒုတိယအဆင့်အလကားနေရင်းမာနကြီးသောရောဂါ
ဖြစ်ရခြင်းအကြောင်းကတော့-မိန်းခလေးများသူတို့ဓါတ်ပုံများကိုပို့တင်သော
အခါများတွင်မိန်းခလေးမှာချောသည်ဖြစ်စေ မချောသည်ဖြစ်စေ။ယောကျာင်္း
လေးအများစုကသိသည်ဖြစ်စေ မသိသည်ဖြစ်စေ like လုပ်ရသည်ကိုအားမရ
ပဲမိန်းခလေးများ၏ပုံများအောက်တွင်ချောသည်လှသည်ဟုကြံဖန်ပြီးချီးကျူးတတ်ကြသည်။

သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင် Wednesday, 21 November 2012

Myanmar Online News's photo.
သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်
Wednesday, 21 November 2012

သည်းခြေ၌ ကျောက်တည်သော ရောဂါလက္ခဏာတစ်ခုမှာ အစာများများ
စားပြီးနောက် ဝမ်းဗိုက်ပြည့်အင့် ဖောင်းကားလာကာ အစာမကြေသလို ခံစားရမည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုက်တွင် နာကျင်မှုကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။

သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းမှာ ပထမငါးရက်တွင်
နေ့စဉ် ပန်းသီးဖျော်ရည် (Apple Juice) လေးခွက်သောက်ပါ။ သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက်နိုင်သည်။) ပန်းသီးဖျော်ရည်သည် သည်းခြေကျောက်ကို ပျော့စေနိုင်သည်။ ထို ငါးရက်အတွင်း အစား
အစာကိုလည်း ပုံမှန်စားသုံးရန် ဖြစ်သည်။

ခြောက်ရက်မြောက်နေ့တွင် ညစာမစားဘဲ ထိုနေ့ညနေ ၆ နာရီတွင်မှ ဆားခါးတစ်ဇွန်းကို ရေနွေးတစ်ဖန်ခွက်နှင့် သောက်ပါ။ ည ၈ နာရီတွင် ဆားခါးတစ်ဇွန်း ထပ်သောက်ပါ။ ဆားခါးသည် သည်းခြေ အိတ်ပြွန်များကို ပွင့်စေပါသည်။

ည ၁၀ နာရီတွင် သံလွင်ဆီ(သို့မဟုတ်) နှမ်းဆီပန်ကန်လုံး တစ်ဝက်ကို လတ်ဆတ်သော သံပရာရည်ဖြင့် ရော၍ သောက်ပါ။သေချာစွာ
ရောမွှေပြီးမှ သောက်ပါ။ ဆီသည် သည်းခြေကျောက်များကို ချောမွေ့စွာ ထွက်နိုင်စေသည်။ နောက်တစ်နေ့ ဝမ်းသွားသောအခါတွင် ဝမ်းထဲ၌ အစိမ်းရောင် ကျောက်တုံးကလေးများကို တွေ့ရမည်။ ပန်းသီးသည်
ဆေးဖက်ဝင် သဘာဝဓာတ်စာဖြစ်ပြီး ဘေးထွက် ဆိုးကျိုးများကိုလည်း မဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

ကြေးမုံသတင်းစာ (၅-၅-၂၀၁၁)

ကညာဇင်
မြန်မာပြည်မှမြန်မာလူမျိုး
သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်
Wednesday, 21 November 2012

သည်းခြေ၌ ကျောက်တည်သော ရောဂါလက္ခဏာတစ်ခုမှာ အစာများများ
စားပြီးနောက် ဝမ်းဗိုက်ပြည့်အင့် ဖေ
ာင်းကားလာကာ အစာမကြေသလို ခံစားရမည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုက်တွင် နာကျင်မှုကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။

သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းမှာ ပထမငါးရက်တွင်
နေ့စဉ် ပန်းသီးဖျော်ရည် (Apple Juice) လေးခွက်သောက်ပါ။ သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက်နိုင်သည်။) ပန်းသီးဖျော်ရည်သည် သည်းခြေကျောက်ကို ပျော့စေနိုင်သည်။ ထို ငါးရက်အတွင်း အစား
အစာကိုလည်း ပုံမှန်စားသုံးရန် ဖြစ်သည်။

Saturday, November 17, 2012

ဗမာ နဲ့ တိုင်းရင်းသား စစ်ပွဲများကို ဘီအိုင်အေ အစပျိုးခဲ့တာပါ။Saw Lin shared Duwa Kachin's photo.

မြန်မာနိုင်ငံမှာ လှပတဲ့တိုင်းရင်းသားတွေကို ဖျောက်ဖျက်ချင်တဲ့ လူမျိုးကြီးဝါဒစွဲ ဗမာလူမျိုးတွေရဲ့သောက်ကျင့်ကို အရင်ပြင်လိုက်စမ်းပါ..
ဗမာ နဲ့ တိုင်းရင်းသား စစ်ပွဲများကို ဘီအိုင်အေ အစပျိုးခဲ့တာပါ။
*************************************
http://kachinduwa.blogspot.com/2012/11/blog-post_8410.html#more

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးချိပ် အဖွဲ့များဟာ ဟိုင်နန်ကျွန်းမှာ ဂျပန် စစ်သင်တန်းမှူးများ လေ့ကျင့်ပေးပြီး ၁၉၄၁ ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော် (Burma Independence Army) စတင်ဖွဲ့စည်းခဲ့သည်။

၁၉၄၂ ဇန်န၀ါရီလမှာ ဂျပန်က မြန်မာနိုင်ငံထဲကို ထိုးစစ်ဆင်ရာမှာ ဘီအိုင်အေ အဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့သည်။

ပထမဆုံး တိုက်ခိုက်ခံရသော ဒေသမှာ ထိုင်းနိုင်ငံ နယ်စပ် တစ်လျောက်မှ ကရင် နှင့် မွန် ကျေးရွာ များ ဖြစ်သည်။ အထူးသဖြင့် ခရစ်ယာန် သာသနာပြုကျောင်းများ အများအပြား တည်ရှိရာ ကရင်လူ့အဖွဲ့အစည်းတခုလုံးသည် အင်္ဂလိပ် လက်ပါးစေများ အဖြင့် သမုတ်ခံရပြီး၊ တရွာလုံး အပြတ်ရှင်းခြင်းခံခဲ့ရသည်။ အစိုးဆုံးဖြစ်ရပ်မှာ ဧရာဝတီ တိုင်းတွင် ဖြစ်ပျက်ခဲ့သော ကရင်-ဗမာ အဓိကရုဏ်းဖြစ်သည်။ ဗမာ ဆိုတဲ့ နေရာမှာ ဘီအိုင်အေ တပ်သားများ ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်သို့ တက်လာသော ဂျပန်တပ်များ နှင့် အတူ ဗမာ တပ်များလဲ ထိုနည်း၎င်း ပင်ပြုမူခဲ့သည်။
ထို့ကြောင့် ကချင်လူမျိုးများက အစကတည်းက ဂျပန်ကို လက်မခံခဲ့ပေ။ ဂျပန်များ စတင်ဝင်ရောက်လာသည့် ၁၉၄၂ မှ စ၍ တော်လှန်ပုန်ကန်နေခဲ့ ရာမှ အမေရိကန် စီအိုင်အေများ အကူအညီ ရယူခဲ့ပြီး၊ နောက်ပိုင်း ပိုအားရှိလာခဲ့သည်။

၁၉၄၃ မှစ၍ ဂျပန်ကို မဟာမိတ်များ စတင် ထိုးစစ်ဆင်လာခဲ့ရာ ကချင်ပြည်နယ်သည် အရှေ့တောင် အာရှ၏ ပဏာမ စစ်မျက်နှာ ဖြစ်ခဲ့သည်။

ကချင်လူမျိုးများ ထောင်ကဏန်းဖြင့်သာ ဖွဲ့စည်းခဲ့သော အမေရိကန် ရိန်းဂျား နှင့် ကချင် လေ၀ီး တပ်များ၏ အောင်မြင်မှုကို ထိုစဉ်က အမေရိကန် သမ္မတ အိုင်ဆင်ဟောင်ဝါ ၏ တရားဝင် ဂုဏ်ပြုမှတ်တမ်းကိုတောင် ရခဲ့သည်။ အင်အားမမျှ တဲ့ ဂျပန်စစ်တပ်ကို ပြောက်ကျားစစ်နဲ့ ထိုးစစ်ဆင်နိုင်ခဲ့ခြင်းဖြစ်သည်။ (http://en.wikipedia.org/wiki/OSS_Detachment_101)

ဂျပန် တော်လှန်ရေး ခရီး တစ်လျှောက် ၁၉၄၃ မှ ၁၉၄၅ မတ်လထိ ကချင်လူမျိုးများ နှင့် တခြား တိုင်းရင်းသား ဂျပန် တော်လှန်ရေး အင်အားစုများ ရင်ဆိုင်ခဲ့ရသော စစ်ပွဲများတွင် ဂျပန်လူမျိုးများ သီးသန့်မဟုတ်ခဲ့ပါ။ ဂျပန်စစ်တပ်တွင် ရှမ်း နှင့် ဗမာ အများအပြား ပါဝင်ခဲ့သည်။ ကချင်လူမျိုးများ ဂျပန် စစ် အောင်ပွဲခံမနောပွဲ ကို စိန်လုံတွင် ၁၉၄၅ မတ်လ ၂၄-၂၆ မှာလုပ်ခဲ့သည်။ ရန်ကုန်အစိုးရက မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်ဂျပန် တော်လှန်ရေး (ဖဆပလ) ဆိုပြီး ထလုပ်သည်။ အခု ကျောင်းသင်ခန်းစာ များတွင် မြန်မာ့ သမိုင်းမှာ ဂျပန်တော်လှန်ရေးစတာ ၁၉၄၅ မတ်လ ၂၇ ဖြစ်သည်။

ဂျပန်လူမျိုးများက ဗုဒ္ဓဘာသာ လူမျိုးများအုပ်စု နှင့် ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသား အုပ်စုကိုလဲ သီးသန့်ခွဲထုတ်ပြီး အုပ်ချုပ်ခဲ့သည်။ ဥပမာ- ထိုစဉ်က ကချင်ဗုဒ္ဓဘာသာဝင် ဖြစ်ခဲ့သော ဆမားဒူဝါ မိသားစုကို ဂျပန်များ အသုံးချခဲ့သည်။ ထို့ကြောင့် အင်္ဂလိပ်များ နှင့် ရန်သူဖြစ်ခဲ့သော ဆမားဒူဝါသည် နောင်အခါ ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဘော်တူခဲ့သည်။

ထိုစဉ်အခါက မြန်မာနိုင်ငံကို အုပ်ချုပ်သော အင်္ဂလိပ်အစိုးရ ရုံးသည် အိန္ဒိယ နိုင်ငံ ဆင်းမ်လားတွင် ရုံးထိုင်ခဲ့သော အချိန်ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ပြီးတော့ အထက်မြန်မာပြည်သည် အမေရိကန် စစ်တပ်၏ ဦးဆောင်မှု ဖြစ်ပြီး အောက်မြန်မာပြည်မှာ အင်္ဂလိပ်စစ်တပ်ဦးဆောင်မှု အောက်တွင်ရှိနေသော အချိန်လဲ ဖြစ်သည်။ ထိုအခြေအနေတွင် ဆင်းမ်လား အစိုးရသည် မဟာမိတ်ဖက်မှ ပါဝင်ခဲ့သော တောင်ပေါ်ဒေသ တိုင်းရင်းသားများ နှင့် ဂျပန်ဖက်မှ တိုက်ခဲ့သော မြေပြန့်ဒေသ လူမျိုးများ အကြား ဆက်ပြီးပြဿနာ တက်မည့် အရေး ကြိုတင် မြင်လာသည်။ ထို့ကြောင့်၊ ဆင်းမ်လား စက္ကူဖြူ စီမံကိန်းကို ရေးဆွဲခဲ့လေသည်။ 

ထိုစီမံကိန်းသည်၊ တောင်ပေါ်ဒေသ တိုင်းရင်းသားများ နှင် မြေပြန့်ဒေသ တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ အဖြင့် တစ်ဦးအပေါ် တစ်ဦး လွမ်းမိုး ချုပ်ချယ်မှု ကင်းကင်း နဲ့ ဆက်လက်ရပ်တည်ရန် ဖြစ်သည်။

သို့သော်.... 
ဖဆပလ အထဲတွင်တော့ ဒီလို မဟုတ်ခဲ့ပါ။ သူတို့အထဲမှာ အတွင်းကြိတ် စီစဉ်နေခဲ့သည်။ ဒါကတော့ ရန်ကုန် အစိုးရ အနေဖြင့် အရာရာ အားလုံး ဗဟိုချုပ်ကိုင်မှု စနစ် ဖြစ်ထွန်းရေး ဖြစ်သည်။

တကယ်တော့ ပင်လုံ စာချုပ်သည်၊ တောင်ပေါ်ဒေသနေ တိုင်းရင်းသားများ နှင့် မြေပြန့်နေ ဗမာ၊ မွန်၊ ရခိုင် များကြား မဟာမိတ်ဖွဲ့ပြီး အတူယှဉ်တွဲနေထိုင်ရေးမူ ရေးဆွဲခြင်းသာ ဖြစ်သည်၊ ဖက်ဒရယ် မူရေးဆွဲရန် ပဏာမ ဘုံသဘောတူညီချက် ဖြစ်သည်။ ထိုအချိန်က ကချင်တွင် လက်နက်၊ လူအင်အား အပြည်အစုံ နှင့် တိုက်ရည် ခိုက်ရည် ၀ပြီးသော ကချင် လက်နက်ကိုင် တပ်ရင်း (၅) ရင်း (စစ်အင်အား တစ်သောင်းဝန်းကျင်) ရှိနေသော အချိန်လဲ ဖြစ်သည်။ သီးသန့် နေချင်ရင် နေလို့ရသည်။

သို့သော်လဲ..... တိုင်းရင်းသားခေါင်းဆောင်များ နှင့် ဗိုလ်ချုပ်အောင်ဆန်း အဖွဲ့ မျက်နှာစုံညီ ရေးဆွဲခဲ့သော ၁၉၄၇ အခြေခံ ဥပဒေ ပထမ မူကြမ်းကို ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် ဖဆပလအထဲတွင် တိုင်းရင်းသားခေါင်းဆောင်များသဘောဆန္ဒမပါပဲ ပြန်ပြင် ရေးဆွဲခဲ့သည်။ ထို့ကြောင့် ၁၉၄၇ အခြေခံ ဥပဒေ မှ စ၍ တိုင်းရင်းသားများ မကျေနပ်မှု စတင်လာသည်။

သူတို့ အဓိက ပြုပြင်လိုက်သော အချက်များမှာ ဗဟိုအစိုးရမှ ပြည်နယ်များအပေါ် တိုက်ရိုက်ချုပ်ကိုင်နိုင်ရန် ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်နယ် ၀န်ကြီးချုပ်ရာထူးများကို ခန့်အပ်ပိုင်ခွင့် ဖြစ်သည်။

ထိုသို့ ဖဆပလ၏ မူမမှန်လုပ်ရပ်အပေါ် တခြားတိုင်းရင်းသား ခေါင်းဆောင်များ က သိပ်မသိခဲ့သော်လဲ ထိုစဉ်က ပညာတတ် အများဆုံးရှိခဲ့သော ကရင်နိုင်ငံရေး ခေါင်းဆောင်များက စပြီး သတိထားမိလာသည်။ ထို့ကြောင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ရုံးကို ဖဆပလ အတင်းအဓမ္မ ၀င်စီးပြီး ဖျတ်ပေးလိုက်ရာမှ ကေအန်ယူ တောခိုသွားရသည်။ 

ဖဆပလ တွင်လဲ နှစ်ခြမ်းကွဲခြင်း နှင့် ကွန်မြူနစ်ပါတီ များ တောခိုခြင်းများ ဆက်တိုက် ပေါ်ပေါက်ခဲ့သည့်တိုင် ကချင်လူမျိုးများသည်၊ ဦးနေ၀င်း အာဏာမသိမ်းမီအချိန်အထိ ပြည်ထောင်စု အပေါ် သစ္စာရှိရှိ ကာကွယ်ခဲ့သည်။

သို့သော်လဲ.... 

ဗမာ အမျိုးသားစိတ်ဓါတ် ပြင်းထန်သူများ၏ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြင့် သွပ်သွင်းခြင်း နှင့် ဦးနေ၀င်း ၏ ဗဟိုချုပ်ကိုင်မှု စနစ် ကျင့်သုံးခြင်းမူ များသည်၊ ကချင်တော်လှန်ရေး ပေါ်ပေါက်လာရန်၊ ခိုင်လုံသော အကြောင်းပြချက်များ ဖြစ်ပေါ်ခဲ့သည်။ 

ဒီနေ့ထိ ဖြစ်ပေါ်နေခဲ့သော လက်နက်ကိုင် တော်လှန်ရေး နှင့် ပြည်တွင်းစစ် နောက်ကြောင်း အတိုချုပ်ရမယ် ဆိုရင်... ဘီအိုင်အေ၏ ခရစ်ယာန် အသိုင်းအ၀ိုင်းအပေါ် ပစ်မှတ်ထားခြင်းကြောင့် ကရင်တော်လှန်ရေးကို အစပျိုးပေးခဲ့သည်။ အဲဒီ ဘီအိုင်အေ စစ်ခေါင်းဆောင်များသည်ပင် ကွန်မြူနစ်ခေါင်းဆောင်များ နှင့် အစိုးရ စစ်ခေါင်းဆောင်များ ဖြစ်လာသည်။ ကရင်တော်လှန်ရေး နှင့် ဗမာပြည် ကွန်မြူနစ်ပါတီ ကြောင့် ပြည်တွင်းစစ် ပြင်းထန်လာရာက ဦးနေ၀င်း အာဏာသိမ်းသည်။ ဦးနေ၀င်း အာဏာသိမ်းရာမှ တခြားတော်လှန်ရေး အဖွဲ့များ ပိုမို အားကောင်းလာသည်။

အခုတော့.. အားလုံးသိနေတဲ့ အခြေအနေ အတိုင်းဖြစ်နေပါပြီ။
ဗမာ နဲ့ တိုင်းရင်းသား စစ်ပွဲများကို ဘီအိုင်အေ အစပျိုးခဲ့တာပါ။
******************************
*******
http://kachinduwa.blogspot.com/2012/11/blog-post_8410.html#m
ore

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးချိပ် အဖွဲ့များဟာ ဟိုင်နန်ကျွန်းမှာ ဂျပန် စစ်သင်တန်းမှူးများ လေ့ကျင့်ပေးပြီး ၁၉၄၁ ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော် (Burma Independence Army) စတင်ဖွဲ့စည်းခဲ့သည်။

၁၉၄၂ ဇန်န၀ါရီလမှာ ဂျပန်က မြန်မာနိုင်ငံထဲကို ထိုးစစ်ဆင်ရာမှာ ဘီအိုင်အေ အဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့သည်။

ပထမဆုံး တိုက်ခိုက်ခံရသော ဒေသမှာ ထိုင်းနိုင်ငံ နယ်စပ် တစ်လျောက်မှ ကရင် နှင့် မွန် ကျေးရွာ များ ဖြစ်သည်။ အထူးသဖြင့် ခရစ်ယာန် သာသနာပြုကျောင်းများ အများအပြား တည်ရှိရာ ကရင်လူ့အဖွဲ့အစည်းတခုလုံးသည် အင်္ဂလိပ် လက်ပါးစေများ အဖြင့် သမုတ်ခံရပြီး၊ တရွာလုံး အပြတ်ရှင်းခြင်းခံခဲ့ရသည်။ အစိုးဆုံးဖြစ်ရပ်မှာ ဧရာဝတီ တိုင်းတွင် ဖြစ်ပျက်ခဲ့သော ကရင်-ဗမာ အဓိကရုဏ်းဖြစ်သည်။ ဗမာ ဆိုတဲ့ နေရာမှာ ဘီအိုင်အေ တပ်သားများ ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်သို့ တက်လာသော ဂျပန်တပ်များ နှင့် အတူ ဗမာ တပ်များလဲ ထိုနည်း၎င်း ပင်ပြုမူခဲ့သည်။
ထို့ကြောင့် ကချင်လူမျိုးများက အစကတည်းက ဂျပန်ကို လက်မခံခဲ့ပေ။ ဂျပန်များ စတင်ဝင်ရောက်လာသည့် ၁၉၄၂ မှ စ၍ တော်လှန်ပုန်ကန်နေခဲ့ ရာမှ အမေရိကန် စီအိုင်အေများ အကူအညီ ရယူခဲ့ပြီး၊ နောက်ပိုင်း ပိုအားရှိလာခဲ့သည်။

၁၉၄၃ မှစ၍ ဂျပန်ကို မဟာမိတ်များ စတင် ထိုးစစ်ဆင်လာခဲ့ရာ ကချင်ပြည်နယ်သည် အရှေ့တောင် အာရှ၏ ပဏာမ စစ်မျက်နှာ ဖြစ်ခဲ့သည်။

ကချင်လူမျိုးများ ထောင်ကဏန်းဖြင့်သာ ဖွဲ့စည်းခဲ့သော အမေရိကန် ရိန်းဂျား နှင့် ကချင် လေ၀ီး တပ်များ၏ အောင်မြင်မှုကို ထိုစဉ်က အမေရိကန် သမ္မတ အိုင်ဆင်ဟောင်ဝါ ၏ တရားဝင် ဂုဏ်ပြုမှတ်တမ်းကိုတောင် ရခဲ့သည်။ အင်အားမမျှ တဲ့ ဂျပန်စစ်တပ်ကို ပြောက်ကျားစစ်နဲ့ ထိုးစစ်ဆင်နိုင်ခဲ့ခြင်းဖြစ်သည်။ (http://en.wikipedia.org/wiki/OSS_Detachment_101)

Wednesday, November 14, 2012

ကုလားလို့  ခေါ်ရခြင်း အကြောင်း ကုလားဟူသောဝေါဟာရသည်ချိုးနှိမ်ေ ခ်ါသည့်အသုးံ လော/ by ဇော်ထွေးမောင်

ကုလားလို့  ခေါ်ရခြင်း အကြောင်း

ကုလားဟူသောဝေါဟာရသည်ချိုးနှိမ်ေ
ခ်ါသည့်အသုးံ လော

ဇော်ထွေးမောင်
ယခုတလော ကုလားဟူသောဝေါဟာရသည် ချိုးနှိမ်ခေါ်သည့် အသုံးဟုတ်မဟုတ်ဆွေးနွေးငြင်း
ခုံနေကြသည်ကိုဖတ်ရပါသည်။ ၎င်းတို့ဖာသာ၎င်းတို့ "ရိုဟင်ညာ" ဟုသမုတ်ထားသူများ၏ခေါင်းဆောင်
တဦးဖြစ်သည့် ဝါကာအူဒင်က ကုလားဟူသောဝေါဟာရသည် ချိုးနှိမ်ခေါ်သည့် အသုံး ဖြစ်ပါသည်၊
မြန်မာများက အိန္ဒိယတိုက်ငယ်ဒေသမှ လာသောသူများကို "ငမဲ"ဟုရှုံ့ချခေါ်ကြပါသည်ဟု ကမ္ဘာပတ်ပြီး
လျှောက်အော်နေပါ၏။ ဝါကာအူဒင်သည် မြန်မာစကား နှင့်စာကို ကောင်းစွာတတ်သူမဟုတ်ကြောင်း
ထိုသူ၏ ရေဒီယို အင်တာဗျူးများကို နားထောင်ဖူးသူတိုင်း သိကြပါလိမ့်မည်။
အဆိုပါစကားလုံးအား အဓိပ္ပါယ်ဖွင့်ဆိုပုံနှင့်စပ်လျဉ်း၍ စာရေးသူသည် မြန်မာစာပေပါအသုံးများ၊
ထင်ရှားသည့် မြန်မာပညာရှင်များ၊ နိုင်ငံခေါင်းဆောင်များနှင့်ထင်ရှားသောပုဂ္ဂိုလ်များ၏သုံးစွဲပုံများနှင့်
ပညာရှင်မဟုတ်သော သာမန်လူများထံမှရသော ကြားဖူးနားဝ ပါးစပ်ရာဇ၀င်များကို အခြေခံကိုးကားပြီး
လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုမှုဖြင့် ရေးသားထားသည်များ၏ ခြားနားချက်များကို "ကွက်ကွက် ကွင်းကွင်း
မုန့်တီဟင်းကဲ့သို့" ဆိုသော ဦးပုည၏စကားအတိုင်း ရှင်းလင်းပြတ်သားစွာ ထောက်ပြပါမည်။
မြန်မာပညာရှင်များ၏အယူအဆ
ယူဆချက် (၁)
ကုလားဟူသောစကားသည် ကုလဟူသော ပါဠိစကားမှ ဆင်းသက်လာကြောင်းအယူအဆတရပ် ရှိပြီး
မြင့်မြတ်သော အမျိုးအနွယ်ဟု အဓိပ္ပါယ်ရသည်။ ကုလပုတ္တ မြင့်မြတ်သောအမျိုးအနွယ်မှ ဆင်းသက်
လာသော သား၊ အမျိုးကောင်းသား ဟုဆိုလိုသည်။ ရှေးဦး မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင် မွန်၊ဗမာ၊ရခိုင်၊
ရှမ်း၊ကရင် စသည့်မျိုးနွယ်စုများက အိန္ဒိယတိုက်ငယ်မှ မျိုးနွယ်စုများအား ဤအခေါ်အဝေါ်အားဖြင့်
ခြီးမြှောက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓကိုယ်တော်တိုင်ပင် အိန္ဒိယတိုင်းသား တဦးဖြစ်သော
ကြောင့် ပေတည်း။
အထောက်အထားများ၊
၁၊ မြန်မာစာအဖွဲ့၊ မြန်မာအဘိဓာန်၊ ရန်ကုန်၊ ၁၉၉၁၊ စာမျက်နှာ ၉
ကုလား /kla;/ n 1 အိန္ဒိယတိုက်ငယ်ဒေသမှ လာသောသူများ။ 2 သာမန်အားဖြင့်
မြန်မာနိုင်ငံအနောက်ဖက်ရှိ တိုင်းနိုင်ငံများမှ လာသောသူများ။ 3 စက္ကူဖဲတွင် ဂျက်၊ကွင်း၊ကင်း
ဖဲချပ်ကိုခေါ်သောစကား န၀ိ- နိုင်ငံခြားမှလာသော။ နိုင်ငံခြားမှဖြစ်သော။ [ပါ၊ကုလ]
၂။ ဦးဝန်၊ တက္ကသိုလ်မြန်မာ အဘိဓာန်၊ အပိုင်း(၁)၊ ရန်ကုန်၊ ၁၉၅၂၊ စာမျက်နှာ ၂၂။
ကုလား နံ ၁။ အိန္ဒိယနိုင်ငံသားများ ၂။ သာမန်အားဖြင့်ကား မြန်မာနိုင်ငံ အနောက်ဖက်ဒေသများမှ လာသူများ----
နံဝိ နိုင်ငံခြားမှဖြစ်သော။ နိုင်ငံခြားမှလာသော။ [မွန်၊ဂလာ။ ပါ၊ကုလ]
၃။ ဦးဟုတ်စိန်၊ ပါဠိမြန်မာအဘိဓာန်၊ ဒုတိယပိုင်း၊ ရန်ကုန်၊ ၁၉၅၆၊ စာမျက်နှာ ၃၂၉ ။
ကုလ [ကုလ] (န) အမျိုး။ မြတ်သောအမျိုး။ အိမ်။ မိဘအိမ်။ အလုပ်အကျွေး ဒါယကာ။
ယူဆချက် (၂)
ဒုတိယအယူအဆအနေဖြင့် ကုလားဟူသောဝေါဟာရသည် မွန်စကား ဂိုလ (ရွှံ့ဖြင့်လုပ်သောအိမ်၊
မြေဖြင့်လုပ်သောအိမ်တွင်နေသူများ) မှဆင်းသက်လာကြောင်း သိရှိရသည်။
အထောက်အထား၊
မွန်ဘာသာဖြင့်ရေးထိုးသည့် ကလျာဏီကျောက်စာ၊ အေဒီ ၁၄ ရာစု၊ ပဲခူး။
ယူဆချက် (၃)
တတိယအယူအဆအနေဖြင့် ကုလားဟူသောစကားလုံးသည် ကိုလား (Cola/Chola) ဟူသော
ဝေါဟာရများမှ ပြောင်းလဲဖြစ်ပေါ်လာသည်။
အထောက်အထား၊
Myanmar-English Dictionary, Department of the Myanmar Language Commision, Ministry of
Education, Union of Myanmar, "A History of the Myanmar Alphabet, p.iv.
“အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မောရိယ (Maurya) မင်းဆက်ပျက်သုဉ်းပြီးနောက် အန္ဓရ (Andhra)
မင်းဆက်ပေါ်ထွန်းလာခဲ့သ ည်။ ထို့နောက် ပလ္လဝါ (Pallava), ကဒမ္ဗ (Kadamba), ကလုကျ (Calukya),
ရပ်စတြကုတ (Rashtrakuta) နှင့် ကိုလား (Cola) ကဲ့သို့သော မင်းဆက်များ ဆက်လက်ပေါ် ထွန်းခဲ့
သည်။ အဆိုပါမင်းဆက်များထီးနန်းစိုးစံစဉ်ကာလအတွင်း ဗြဟ္မီအက္ခရာစာပေ (Brahmi) ထွန်းကားလာ
ခြဲ့ပီး အနောက်ပိုင်းတငွ် ပတ်ချီမီ (Pacchimi) အရေးအသား၊ အလယ်ပိုင်းတွင် မဓယပါရာဒက်ရှ်
(Madhya Pradesh) အရေးအသား၊ တောင်ပိုင်းတွင် တယ်လဂူ (Telugu), ကနာတီ (Kanati), ကဝိသုံး
ဂရန္တ (academic Grantha) နှင့် ကဒမ္ဗ (Kadamba), ကလုကျ (Calukya) , ရပ်စတြကုတ (Rashtrakuta)
တို့ပါဝင်သော တမီလ် Tamil စသည့် စာပေအရေးအသားတို့ ထွန်းကားလာခဲ့သည်။ ဗြဟ္မီစာပေမှ
ဆင်းသက်လာသော ၎င်းစာပေ အရေး အသားတို့သည် အိန္ဒိယမှ ကိုးကွယ်ယုံကြည်မှုများ၊ ယဉ်ကျေးမှု
များနှင့်အတူ အေဒီတစ်ရာစုမှ ရှစ်ရာစု အတွင်း တိဗက်၊ သီရိလင်္ကာ၊မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့်
အင်ဒိုနီးရှားနိုင်ငံ များသို့ ပျံ့နှံ့သွားပြီး ၎င်းဒေသများမှ တိုင်းရင်းသားဘာသာ စာပေအရေးအသားတို့ကို
ဖံြွ့ဖိုးတိုး တက်စေရန် ကူညီပေးခဲ့သ ည်။
အရှေ့တောင်အာရှဒေသသို့ အိန္ဒိယတောင်ပိုင်းသားများ ရေကြောင်းခရီးဖြင့် အိန္ဒိယစာပေ၊ယဉ်ကျေးမှု
တို့ကို တပါတည်းယူဆောင်ကာ ရောက်ရှိလာချိန်မှစတင်၍ ဒေသခံများမှ ၎င်းတို့အား ကိုလား (Cola
/Chola လူမျိုးများဟု ခေါ်ဆိုခဲ့ကြဟန်ရှိသည်။ ထို့ကြောင့် ၎င်းအခေါ်အဝေါ်သည် မွန်တို့၏မူလအသုံး
အနှုန်းဖြစ်သော ဂိုလ/ဂလာ၊ ကရင်လူမျိုးတို့၏ ကိုလား/ ကူလား နှင့် ဗမာလူမျိုးတို့ခေါ်ဝေါ်ကြသည့်
ကုလား စသည့် အသုံးအနှုန်းများနှင့်ဆက်သွယ်မှုရှိနိုင်ပါသည်။
စာရေးသူထုတ်နုတ်တင်ပြခဲ့သ ည့် စာပေများအရ ကုလားဟူသော ဝေါဟာရသည် ပါဠိစကား ကုလ
မှဆင်းသက်လာခြင်း (သို့) အိန္ဒိယတောင်ပိုင်းရှိ ကိုလား (Cola/Chola) မင်းဆက် ဟူသောစကားနှင့်
ဆက်စပ်မှုရှိခြင်း (သို့) နှစ်မျိုးစလုံးနှင့် ဆက်စပ်မှုရှိပြီး မွန်တို့က ဂိုလာ/ဂလာ ဟုမွေးစားယူကာ
ဗမာများထံတွင် ကုလားဟု အသံထွက်ပြောင်းသွားကြောင်း တွေ့ရှိနိုင်သည်။ အထက်ဖော်ပြပါ အယူ
အဆ အားလုံးတွင် ကုလားဟူသောဝေါဟာရသည် အဖျက်သဘောဆောင်သည့် အဓိပ္ပါယ် သက်ရောက်
မှုမျိုး (၀ါ) ချိုးနှိမ်သည့် သဘောဆန်သောအဓိပ္ပါယ်သက်ရောက်မှုမျိုး လုံးဝမရှိခဲ့ ကြောင်း ဖော်ပြလျှက်
ရှိသည်။ ထို့ ကြောင့်ယင်းအသုံးအနှုန်းကို ဧကူနခြင်းကင်းပြီး လွတ်လပ်စွာ ပြောဆို ရေးသား သုံးနှုန်းနိုင်
သည်သာမက ၎င်းအသုံးအနှုန်းသည် အပြုသဘောဆောင်သည့် အဓိပ္ပါယ်မျိုးပါ သက်ရောက် စေကြောင်း
တွေ့ရှိနိုင်ပါသည်။
ကုလားဟူသော ဝေါဟာရသည် ရှေးဟောင်းစကားအခေါ်အဝေါ်တခုဖြစ်ပါသည်။ ပုဂံခေတ်ကျောက်
စာများ (အေဒီ၁၂ရာစု-အေဒီ ၁၄ရာစု)တွင် ကုလားဟူသော စကားလုံးနှင့်စပ်လျဉ်း၍ ကုလားကခြေ
သည်၊ ကုလားပသာသည် စသည့် အသုံးအနှုန်းများကို တွေ့ရှိနိုင်သည်။
အိန္ဒိယဗိသုကာပုံစံဖြင့် တည်ဆောက်ထားသော စေတီပုထိုးများကိုပင်လျှင် ကုလားကျောင်းဟုခေါ်ဝေါ်
ကြသည်။ အကယ်၍ ကုလားဟူသော ဝေါဟာရသည် ခေါ်တွင်ခံရသည့် ပုဂ္ဂိုလ်(သို့)အရာဝထ္ထုအား
ဂုဏ်သရေညှိုးနွမ်းစေခဲ့လျှင် (၀ါ) ချိုးနှိမ်သည့် သဘောဆန်သောအဓိပ္ပါယ်သက်ရောက်မှုမျိုးရှိနိုင်ခဲ့လျှင်
မြန်မာတို့အနေဖြင့် ၎င်းတို့အမြတ်တနိုးကိုးကွယ်ရာ စေတီပုထိုးများကို ကုလားအမည်ရှေ့မှထည့်၍
ခေါ်ဆိုလိမ့်မည် မဟုတ်ချေ။
ပုဂံမင်းဆက်မှ အလောင်းစည်သူမင်းကြီး၏သားတော် နရသူမင်းအား ရာဇ၀င်ဆရာတို့က ကုလားကျမင်း
ဟုခေါ်ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုမင်းအား အိန္ဒိယလူမျိုးတို့က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း
ကြောင့်ဖြစ်သည်။ အကယ်၍ ကုလားဟူသောဝေါဟာရသည် သိမ်ဖျင်းနိမ့် ကျသော အသုံးအနှုန်း တခု
ဖြစ်ခ့လျှဲင် (၀ါ) ချိုးနှိမ်သည့် သဘောဆန်သော အဓိပ္ပါယ် သက်ရောက်မှု မျိုးရှိနိုင်ခဲ့လျှင် ထိုခေတ် အခါက
သက်ဦးဆံပိုင်ဘုရင်အား မည်သူတဦးကမျှ ထိုကဲ့သို့သော အမည်ဖြင့် အမှတ်သညာပြုရဲလိမ့်မည်
မဟုတ်ချေ။(နှိုင်းယှဉ်ရန်-ပုဂံခေတ် နရသီဟပတေ့မင်းအား ရာဇ၀င်တွင် တရုတ်ပြေးမင်းဟုဖော်ပြထား
သည်။ အဘယ်ကြောင့်ဆိုသော်၎င်းဘုရင်သည် အေဒီ၁၂၈၇ ခုနှစ်တွင် ကူဗလိုင်ခန်၏ တရုတ်တပ်များ
ဝင်ရောက်တိုက်ခိုက်သဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသောကြောင့် ဖြစ်သည်။)
မြန်မာရာဇ၀င်ဆရာများထဲတွင် အထင်ရှားဆုံး ရာဇ၀င်ကျမ်းသုံးစောင်ကို ညောင်ရမ်းခေတ် (ဒုတိယ
အင်းဝမင်းဆက်) အတငွ်း ရေးသားပြုစုခဲ့သူ၏အမည်မှာ ဦးကုလား ဖြစ်သည်။ အကယ်၍ ကုလား
ဟူသော အမည်သည် အောက်တန်းကျသည့် အမည်နာမတစ်ခုဖြစ်နေခဲ့ပါလျှင်(သို့) ချိုးနှိမ်သည့်
သဘောဆန်သော အဓိပ္ပါယ် သက်ရောက်မှုမျိုးရှိနိုင်ခဲ့လျှင် အလွန်ထင်ရှားကျော်ကြားသည့်
ထိုရာဇ၀င်ဆရာသည် ၎င်း၏အမည်အားပြောင်းလဲပစ်မည်မှာ သေချာသည်။
ရှေးခေတ်အခါက ရခိုင်၊ဗမာ၊မွန် ဘုရင်များသည် ၎င်းတို့ကိုယ်၎င်းတို့ ဗုဒ္ဓ၏မျိုးနွယ်ဖြစ်သည့် သကျ
သာကီဝင် မျိုးရိုးမှ ဆင်းသက်လာသည်ဟု ထုံးတမ်းစဉ်လာအရ ယုံကြည်ခဲ့ကြသည်။အထက်ပါအချက်
အရ ထိုဘုရင်များသည် ၎င်းတို့ကိုယ်၎င်းတို့ အိန္ဒိယတိုင်းသားမျိုးဆက်များအဖြစ် ယုံကြည်ခဲ့ကြောင်း
သိရှိနိုင်သည်။ အဆိုပါအချင်းအရာများကို ကြည့်ခြင်းဖြင့် အိန္ဒိယတိုက်ငယ်မှ မျိုးနွယ်စုများနှင့် ပတ်သက်
၍ နှိမ့်ချဆက်ဆံခြင်း(သို့) လူမျိုးရေးခွဲခြားခြင်းစသည့် အချက်များ မြန်မာများ၌၎င်း၊ အခြားတိုင်းရင်းသား
များတငွ်၎င်း မရှိခဲ့ေ ကြာင်း သိနိုင်ပါသည်။

(Key point ) ကို အားစိုက်ပြုပြင်ရမလဲဆိုတာ သိခြင်း/by သက်တန့်ချို Feb 18-2012.

New MyanmarFoundation shared သက်တန့်ချို's photo.
တခါတုန်းက အလွန်ကြီးမားတဲ့ သဘောင်္ကြီးတစ်စင်းရဲ့ အင်ဂျင်ဟာ ပျက်သွားတယ် ။ သဘောင်္ပိုင်ရှင်ဟာ စက်ပြင်သမားတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းပြီးပြပေမယ့် ဘယ်သူကမှ အင်ဂျင်ပြန်ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အဖြေ ရှာမတွေ့ခဲ့ကြဘူး ။ တစ်နေ့မှာ စက်ပြင်သမားတွေက သင်္ဘောအင်ဂျင်နဲ့ပတ်သတ်လို့ ငယ်ငယ်ကတည်းကတတ်ကျွမ်းခဲ့တဲ့ အဖိုးအိုတစ်ဦးကိုခေါ်လာတယ် ။ အဖိုးအိုက အိတ်ကြီးတစ်လုံးကိုလွယ်ထားတယ် ။ ရောက်ရောက်ခြင်းပဲ သူဟာ အင်ဂျင်ဆီကိုသွားပြီးအလုပ်လုပ်ဖို့ စတင်ပါတယ် ။ အဖိုးအိုဟာ အင်ဂျင်ကို ဂရုတစိုက်နဲ့ သေချာကြည့်တယ် အပေါ်ကနေ အောက်ခြေအထိ သေသေချာချာစစ်ဆေးတယ် ။ 

အဲဒီနေရာမှာ သင်္ဘောပိုင်ရှင်ကလည်း ကြည့်နေတယ် ။ အဖိုးအို ဘာလုပ်မလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ ။ အကုန်လုံးကြည့်ပြီးတဲ့အခါ အဖိုးအိုဟာ အိတ်ထဲကို လက်နှိုက်လိုက်ပြီး တူသေးသေးလေးတစ်ချောင်းကိုထုတ်လိုက်တယ် ။ ပြီးတော့ တစ်နေရာကို ညှင်သာစွာ ခေါက်လိုက်တယ် ။ ရုတ်တရက်ပဲ အင်ဂျင်က စက်နှိုးသွားပါတယ် ။ အဖိုးအိုဟာ သူ့ တူလေးကို ဂရုတစိုက်အိတ်ထဲထည့်ပြီး ထွက်ခွာသွားတယ် ။ ခဏလေးပါပဲ --- အင်ဂျင်ပြင်တာပြီးသွားပါပြီ ။ 

တစ်ပတ်ကြာပြီးနောက်မှာ သဘောင်္ပိုင်ရှင်ဟာ အဖိုးအိုဆီက ငွေတောင်းခံလွှာကို လက်ခံရရှိခဲ့တယ် ။ ဒေါ်လာ ၁၀၀၀၀ ဖြစ်ပါသတဲ့ ။ 

“ ဘာ ” သဘောင်္ပိုင်ရှင် ထိတ်လန့်သွားတယ် ။ “ သူက ဘာများ ခက်ခဲစွာ လုပ်ရလို့လဲ ” 

ဒီလိုနဲ့ သဘောင်္ပိုင်ရှင်က အဖိုးအိုကို ပစ္စည်းတန်ဖိုးနဲ့တကွ ကုန်ကျစရိတ်ကိုတောင်းခံလွှာပို့လိုက်တယ် ။ အဖိုးအိုက စာပြန်ပို့လိုက်တယ် ။ 

“ တူ နှင့် ထု ခ --- ၂ ဒေါ်လာ
မည်သည့်နေရာကို ထု ရမလဲ သိသည့် အသိပညာခ - ၉၉၉၈ ဒေါ်လာ ”

####################################

လောကကြီးမှာ အသိပညာ အတတ်ပညာဟာ အရာအားလုံးကို ဖြေရှင်းပေးနိုင်သလို ဘ၀ရဲ့ အောင်မြင်ခြင်းသော့ချက်လည်းဖြစ်တယ် ။ ဒါကြောင့် ကျွန်တော်တို့အားလုံးလည်း အသိပညာတစ်ခုခုကို စူးစိုက်လေ့လာသင်ကြားကြဖို့လိုတယ် ။ ဘယ်နေရာလေး (Key point ) ကို အားစိုက်ပြုပြင်ရမလဲဆိုတာ သိခြင်းဟာ လောကမှာ အရေးကြီးဆုံး အရာတစ်ခုပါပဲ ။ 

သက်တန့်ချို
Feb 18-2012
တခါတုန်းက အလွန်ကြီးမားတဲ့ သဘောင်္ကြီးတစ်စင်းရဲ့ အင်ဂျင်ဟာ ပျက်သွားတယ် ။ သဘောင်္ပိုင်ရှင်ဟာ စက်ပြင်သမားတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းပြီးပြပေမယ့် ဘယ်သူကမှ အင်ဂျင်ြ
ပန်ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အဖြေ ရှာမတွေ့ခဲ့ကြဘူး ။ တစ်နေ့မှာ စက်ပြင်သမားတွေက သင်္ဘောအင်ဂျင်နဲ့ပတ်သတ်လို့ ငယ်ငယ်ကတည်းကတတ်ကျွမ်းခဲ့တဲ့ အဖိုးအိုတစ်ဦးကိုခေါ်လာတယ် ။ အဖိုးအိုက အိတ်ကြီးတစ်လုံးကိုလွယ်ထားတယ် ။ ရောက်ရောက်ခြင်းပဲ သူဟာ အင်ဂျင်ဆီကိုသွားပြီးအလုပ်လုပ်ဖို့ စတင်ပါတယ် ။ အဖိုးအိုဟာ အင်ဂျင်ကို ဂရုတစိုက်နဲ့ သေချာကြည့်တယ် အပေါ်ကနေ အောက်ခြေအထိ သေသေချာချာစစ်ဆေးတယ် ။

အဲဒီနေရာမှာ သင်္ဘောပိုင်ရှင်ကလည်း ကြည့်နေတယ် ။ အဖိုးအို ဘာလုပ်မလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ ။ အကုန်လုံးကြည့်ပြီးတဲ့အခါ အဖိုးအိုဟာ အိတ်ထဲကို လက်နှိုက်လိုက်ပြီး တူသေးသေးလေးတစ်ချောင်းကိုထုတ်လိုက်တယ် ။ ပြီးတော့ တစ်နေရာကို ညှင်သာစွာ ခေါက်လိုက်တယ် ။ ရုတ်တရက်ပဲ အင်ဂျင်က စက်နှိုးသွားပါတယ် ။ အဖိုးအိုဟာ သူ့ တူလေးကို ဂရုတစိုက်အိတ်ထဲထည့်ပြီး ထွက်ခွာသွားတယ် ။ ခဏလေးပါပဲ --- အင်ဂျင်ပြင်တာပြီးသွားပါပြီ ။

တစ်ပတ်ကြာပြီးနောက်မှာ သဘောင်္ပိုင်ရှင်ဟာ အဖိုးအိုဆီက ငွေတောင်းခံလွှာကို လက်ခံရရှိခဲ့တယ် ။ ဒေါ်လာ ၁၀၀၀၀ ဖြစ်ပါသတဲ့ ။

“ ဘာ ” သဘောင်္ပိုင်ရှင် ထိတ်လန့်သွားတယ် ။ “ သူက ဘာများ ခက်ခဲစွာ လုပ်ရလို့လဲ ”

ဒီလိုနဲ့ သဘောင်္ပိုင်ရှင်က အဖိုးအိုကို ပစ္စည်းတန်ဖိုးနဲ့တကွ ကုန်ကျစရိတ်ကိုတောင်းခံလွှာပို့လိုက်တယ် ။ အဖိုးအိုက စာပြန်ပို့လိုက်တယ် ။

“ တူ နှင့် ထု ခ --- ၂ ဒေါ်လာ
မည်သည့်နေရာကို ထု ရမလဲ သိသည့် အသိပညာခ - ၉၉၉၈ ဒေါ်လာ ”

####################################

လောကကြီးမှာ အသိပညာ အတတ်ပညာဟာ အရာအားလုံးကို ဖြေရှင်းပေးနိုင်သလို ဘ၀ရဲ့ အောင်မြင်ခြင်းသော့ချက်လည်းဖြစ်တယ် ။ ဒါကြောင့် ကျွန်တော်တို့အားလုံးလည်း အသိပညာတစ်ခုခုကို စူးစိုက်လေ့လာသင်ကြားကြဖို့လိုတယ် ။ ဘယ်နေရာလေး (Key point ) ကို အားစိုက်ပြုပြင်ရမလဲဆိုတာ သိခြင်းဟာ လောကမှာ အရေးကြီးဆုံး အရာတစ်ခုပါပဲ ။

သက်တန့်ချို
Feb 18-2012

Saturday, November 10, 2012

ကုလားဟူသည် ဤသို့တည်း... အပိုင်း(၂) by Won Thar Nu on Friday, November 9, 2012 at 10:57am ·

အခန်း(၄) ထင်ရှားသည့်ပုဂ္ဂိုလ်များ၏ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံ ဥပမာများ

(1) မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၇ခုနှစ် ဇူလိုင်လ ၁၃ရက်နေ့၊ လုပ်ကြံခြင်းမခံရခင် ၆ရက်အလိုတွင် ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်းအတွင်း မြန်မာနိုင်ငံသားများ၏ လက်ဖွာမှုများ၊ဖြုန်းတီးမှုများကို ထောက်ပြသွားပြီး  အဆိုပါစရိုက်များကြောင့် လွတ်လပ်ရေးရရှိပြီးနောက် ပြည်ပတင်သွင်းကုန်အရေအတွက်ကို လျှော့ချသင့်သည်ဟု ပြောကြားသည့်နေရာတွင် ကုလားဟူသော အသုံးအနှုန်းအား ဤသို့သုံးစွဲခဲ့သည်။
“ဆီကို ကုလားပြည်က ၀ယ်ရတယ်”
အကယ်၍ ကုလားဟူသော အသုံးအနှုန်းသည် တစ်စုံတစ်ရာအား ထိခိုက်စေသည့် ဆိုးရွားသောအဓိပ္ပါယ်သက်ရောက်မှုမျိုး ရှိနေခဲ့လျှင် ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အဆိုပါစကားလုံးအား သူ၏မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားလိမ့်မည် မဟုတ်ချေ။

(2) မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဦးနု

Burma under the Japanese အမည်ဖြင့် J. S. Furnival ဘာသာပြန်ဆိုထုတ်ဝေခဲ့သည့် ၀န်ကြီးချုပ်ဦးနု မြန်မာဘာသာဖြင့် မူရင်းရေးသားသော ငါးနှစ်ရာသီ ဗမာပြည်  စာအုပ် စာမျက်နှာ ၁၇ တွင်-
“ကန်ထရိုက်တာကုလားသည် သူ၏အလုပ်ကို ဆက်မလုပ်တော့ဘဲ မန္တလေးမှ ထွက်ပြေးခြင်းဖြစ်လေသည်။”
စာမျက်နှာ ၂၀၅ တွင်-
“အုပ်ချုပ်ရေးစီရင်မှုအဖွဲ့ (preparatory Committee) ကိုဖွဲ့ပြီး၍ တစ်လလောက်ရှိသောအခါ တစ်နေ့သ၌ လက္ခဏာဖတ်တတ်သော ကုလားနာမည်ကြီးတစ်ဦးကို သူ၏ရုံးခန်းအတွင်း၌ ဒေါက်တာဘမော်သည် ခေါ်၍ (သူသည် ချောင်း၍ အသတ်ခံရမည်လောဟူ၍) တိုင်ပင်ဘူး၏။”

(3) ဗမာပြည်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး၊ သတင်းစာဆရာ၊စာရေးဆရာ ဦးသိန်းဖေမြင့်

သူ၏ထင်ရှားသော စာအုပ်တစ်အုပ်ဖြစ်သည့် ဘုံဝါဒနှင့်တို့ဗမာ စာအုပ် စာမျက်နှာ၁၇၀ တွင်-
“ကုလားဆင်းရဲသားများကား ဗမာပြည်၌လာရောက်နေထိုင်ရသော ကျေးဇူးကိုမေ့ဟန်မရှိ။ ဗမာများကို ရန်မမူ၊ တခါတခါ ဗမာများနှင့် ဆိုးတူကောင်းဘက် ဆောင်ရွက်ကြလေသည်။ ရေနံချောင်း၊တညင်စသော ရေနံမြေသပိတ်တို့၌၎င်း၊ အခြားသပိတ်တို့၌၎င်း၊ ကုလားအလုပ်သမားနှင့် ဗမာအလုပ်သမားသည် တပူးတပေါင်းတည်းရှိသည်မှာ ထင်ရှား၏။”

အခန်း(၅) အရေးကြီးစာရွက်စာတမ်းများမှ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံဥပမာများ

(1) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်၏ ကြေငြာစာတမ်း အမှတ်(၁)၊ အပိုဒ်(၂)၊ အပိုဒ်ခွဲ(ဏ)၊ ၁၉၄၄-ခု၊သြဂုတ်လ ၇ ရက်။(3)
“ကရင်၊ရှမ်း၊ပလောင်၊တောင်သူ၊ကချင်၊ချင်း၊ မွန်၊တရုပ်၊ကုလား စသောလူနည်းစုများ၏ နိုင်ငံရေး၊စီးပွားရေး၊ လူမှုဆက်ဆံရေးအခွင့်အရေးများကို အစိုးရက အထူးစောင့်ရှောက်ပေးခြင်း။”
(2) မြေအောက်ကွန်မြူနစ်ပါတီ၏ ကြေငြာချက်၊ ၁၉၄၅-ခု ဖေဖော်ဝါရီလ ၂၇ရက်။ အခဏ်း (၆)၊ အပိုဒ် (၄)။(4)
“ကုလားစစ်တပ်ကိစ္စ။ ကုလားစစ်တပ်သည် ဂျပန်စစ်တပ်နှင့်အတူ ဆုတ်ချင်လည်းဆုတ်သွားမည်၊ သို့မဟုတ် ဗမာပြည်တွင် ဖရိုဖရဲဖြစ်ချင်လည်း ဖြစ်သွားလိမ့်မည်၊ ကုလားစစ်တပ် ဖရိုဖရဲဖြစ်ခဲ့လျှင် ဗမာပြည်တွင် အဓိကရုဏ်းများ ဖြစ်နိုင်စရာလမ်းရှိသည်၊ ဖြစ်နိုင်ပါလျှင် ဂျပန်ကို တော်လှန်တိုက်ခိုက်ရေးတွင် ကုလားစစ်တပ်သည် ငါတို့နှင့်အတူ ပူးပေါင်း၍လုပ်သည်အထိ ကြိုးစားကြရမည်။”

Friday, November 9, 2012

ကောသလမင်းအိမ်မက်(၁၆)ချက်။by ကိုရင် သြ

မသိသေးသောသူများအတွက်ပါ....

ကောသလမင်းအိမ်မက်(၁၆)ချက်

ဘုရားရှင် လက်ထက်တော်မှာ ကောသလမင်းကြီးက အိပ်မက် ၁၆ချက် မက်တော့ ဘုရားရှင်ထံ မေးမြန်းရာ
ဘုရားရှင်က ပြန်လည်ဖြေကြားတော်မူခဲ့ပါတယ်။
အဆိုပါ အချက် ၁၆ချက်က နောင်အနာဂတ်မှာ ဖြစ်ပေါ်လာမယ်လို့ ဆိုပါတယ်။ အခုဆိုရင် အချို့ အချက်တွေ ဖြစ်ပေါ်နေပြီလို့ ဆိုနိုင်နေပါတယ်။
အဆိုပါ ၁၆ ချက်ကတော့ . . .

(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်၏။

နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကာက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။

(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြကုန်၏။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။

(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍
လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်ကုန်၏။

နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ၀ါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ
အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။
လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။

(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားကုန်၏။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

ရိုဟင်ဂျာ အက်သနစ် ဟုတ် မဟုတ်/by Gypsy Byrd.

ရိုဟင်ဂျာ အက်သနစ် ဟုတ် မဟုတ်

ရိုဟင်ဂျာ ဆိုတဲ့ ပြသနာရဲ့  အရင်းအမြစ်ဟာ အက်သနစ် (Ethnic) ကို တိုင်းရင်းသားလို့ ဘာသာပြန်ဆို (သို့မဟုတ်) နားလည်သဘောပေါက် တာက စတယ်လို့ မြင်ပါတယ်။ အက်သနစ် ကို မြန်မာလို တိုင်းရင်းသား လို့ ဘာသာပြန်ဆိုလိုက်တာနဲ့ အော်တိုမစ်တစ် တွဲပါလာတာက မူရင်းဌာနေလူမျိုး ဆိုတဲ့ အဓိပ္ဗါယ် ပါပဲ။ မူရင်းဌာနေလူမျိုးဆိုတာကတော့ Native (or) Indigenous ပါပဲ။ အမှန်က အက်သနစ် နဲ့ မူရင်း ဌာနေလူမျိုးဆိုတာကွာပါတယ်။ ဒီ ၂ ခုကို ၁ ခုတည်း အနေနဲ့  တိုင်းရင်းသား ဆိုပြီး ပြန်ဆိုလိုက်တဲ့နေရာမှာ ရောထွေးပြီး ရိုဟင်ဂျာ အက် သနစ် ဟုတ်မဟုတ်ကနေ မြန်မာပြည်ရဲ့  လူမျိုး ဟုတ်မဟုတ်၊ တိုင်းပြည်ရဲ့  အရင်း ဟုတ်မဟုတ်၊ ရိုဟင်ဂျာဆိုတဲ့ နာမည်ရှိမရှိ ဆိုတာတွေဖြစ်လာပါတယ်။

ဒီ concepts တွေကို အကြမ်းအားဖြင့် ပြောရမယ်ဆိုရင်

(၁) အက်သနစ် ဆိုတာ လူစု (Cultural group) ပါပဲ။ လူတစုမှာ ဘာသာ၊ စကား၊ စသဖြင့် အုပ်စုတစ်ခု ရဲ့ သွင်ပြင်လက္ခာတွေရှိမယ်၊ လူအစုအဝေး အနေနဲ့ ပြစရာရှိမယ်ဆိုရင် သူဟာ အက်သနစ် (သို့ ) ကာချရာဂရုပါပဲ။ အက်သနစ် သွင်ပြင်လက္ခဏာဟာ တသက်လုံး တည်ငြိမ်မှုမ ရှိနိုင်ပါဘူး။ သူ့ သဘောသဘာဝအရ စီးပွားရေး၊ နိုင်ငံရေး၊ စသဖြင့် လိုအပ်ချက်ပေါ်မူတည်ပြီး အက်သနစ်သွင်ပြင်တွေ ကို ပြောင်း လဲခြင်း၊ ပြင်ခြင်းခြင်း၊ အသစ်သွင်းခြင်း၊ ထုတ်ပြစ်ခြင်း စသဖြင့်လုပ်လေ့ရှိပါတယ်။ မြန်မာပြည်က ကချင်လူမျိုးတွေ အကြောင်း လေ့လာတဲ့ Edmond Leach က ၁၉၅၀ လောက်ကတည်းက ဒီအချက်ကို ထောက်ပြထားပါတယ်။ ချင်းနဲ့  ကယားလူမျိုးတွေအကြောင်းလေ့လာတဲ့ Dr. FK Lehman (aka) Chit Hlaing ကလည်း ၁၉၇၀ လောက်ကတည်းက ဒီလိုပဲဆိုပါတယ်။ အက်သနစ်နဲ့ပတ်သက်ပြီး လေ့လာသူတိုင်း ဒီအချက်ကို နားလည်ပါတယ်။

Friday, November 2, 2012

ABSDF -ကျောင်းသားရဲဘော်-ဗဟိုကော်မတီဝင်ဟောင်း ရဲလင်းရဲ့ မြောက်ပိုင်း ခရီး(၁၀) by May Thingyan Hein on Friday, November 2, 2012 at 11:21am ·

မေသင်္ကြန်ဟိန်(မြစ်မခ)
နိုဝင်ဘာ ၃၊ ရန်ကုန်မြို့။

အပိုင်း(၁၀)

ထောင်ထဲမှာ စားရတာကလည်း အဟာရ မရှိတော့ ကျနော်တို့ အကျဉ်းကျခံနေရတဲ့ သူတွေမှာ အဟာရ တွေပြတ်ကြတယ်။ကျနော်တို့ကို ထားတဲ့ နေရာမှာလည်း  ၇၀ကျော် ၈၀ လောက်ကိုပဲ ဒီအတိုင်း ထားထားတဲ့ အနေအထားတွေလည်း ရှိတော့ ကျန်းမာရေးတွေလည်း ဆိုးဆိုးဝါးဝါး ထိခိုက်ကြတာတွေလည်းရှိတယ်။

အဲလိုအနေအထားမျိုးနဲ့ နေနေတုန်း တရက်မှာတော့ ကျနော်တို့ကို ညနေ  ၃နာရီလောက်ပဲ ရှိသေးတယ် အလုပ်စောစောသိမ်းခိုင်းတယ်။ ကျနော်ရယ် ဘိုဘိုရယ် ကိုကျော်နိုင်ဦးတို့ရယ်က တဖွဲ့ပေါ့၊ နောက်ကိုယ်စီကိုယ်စီ အလုပ်သွားလုပ်ကြရတဲ့ သူတွေကလည်း တဖွဲဖွဲပြန်ရောက်လာကြတာပေါ့။

အဲဒီလိုအချိန်မှာပဲ ရဲဘော် ၃ ယောက်က ပေါက်တူးတွေ ဂေါ်ပြားတွေ လာယူတယ်။ ရှိတဲ့ ပေါက်တူးတွေ ဂေါ်ပြားတွေ ယူသွားရုံနဲ့တင် မလောက်သေးဘူး ဆိုတော့ ဟာ ကျနော့် စိတ်ထဲ တခုခုပဲပေါ့ ထင့်သွားတယ်။

ရဲဘော်တွေကတော့ ထင်းခွဲတဲ့ နေရာတွေ မငယ်တို့ မခင်ချိုဦးတို့ ထမင်းချက်နဲ့ နေရာတွေမှာပါ ၀င်ရှာ ပြီးတော့ အားလုံး ယူသွားကြတယ်။
အဲဒီအချိန်မှာ အကုန်လုံးကို ထုံးစံအတိုင်း မျက်နှာတွေစည်း၊ နံရံဘက်ကိုလည့်ပြီးတော့ လက်နောက်ပြန်ကြိုးတုတ်ပေါ့လေ။ အဲဒီနေ့က လက်ပြန်ကြိုးတုတ်တာလည်း တော်တော်နာတယ်။ မခံနိုင်အောင်ကို တင်းကြပ်နေအောင်ကို ချည်ထားတာ။ ခါတိုင်းနေ့နဲ့ကို မတူဘူး။
ကျနော့် စိတ်ထဲမှာလည်း တခုခုတော့ဖြစ်နေပြီ ငါတို့ကို တခုခုတော့ လုပ်တော့မှာပဲ ဆိုပြီး အတွေးကလည်း ၀င်နေပြီ။ နားကလည်း စွင့်ထားတော့ ကုန်းပေါ်ကလည်း ၀ီစီမှုတ်သံတွေ လူစုတဲ့ အသံတွေ ကြားနေရတယ်ပေါ့လေ။

နောက် ညနေ ၄ နာရီကျော် ၅ နာရီဝန်းကျင်လောက်ရှိမယ်ထင်တယ်၊ ကျနော်တို့ ဆီကို လူ ၁၀ ဦးကျော်လောက် လာတဲ့ အသံတွေကို ကြားနေရတယ်။ လှဆိုင်းက ထောင်ပြောင်းမယ်ဟေ့လို့ ပြောပြီး ၀င်လာတာ။ နာမည်ခေါ်တဲ့ သူတွေ ထ ဆိုပြီးတော့ပြောပြီး နာမည်ခေါ်တယ်။

ကျနော်တို့မှာကလည်း မျက်နှာကလည်း စည်းထားတယ်၊ လက်ကိုလည်း တင်းကြပ်နေအောင်နောက်ပြန်ကြိုးတုပ်ပြီး ချည်ထားတယ်၊ ခြေထောက်မှာလည်း သံခြေကျင်းတွေနဲ့ ဆိုတော့ ဘာပဲ လုပ်လုပ် လွယ်တာက မလွယ်ဘူး၊ ထဆိုရင်လည်း မလွယ်ဘူး၊ လှဲရ ပြုရတာကလည်း တကယ်ကို မလွယ်ပါဘူး။

အဲဒီမှာ ကျနော့်နားကို တယောက်ယောက်လာပြီးတော့ လက်ပြန်ကြိုးတုပ်ထားတဲ့ ကြိုးကို လာဖြည်တယ်။ ကျနော့်စိတ်ထဲ လှစ်ခနဲ ၀မ်းသာသွားမိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့်လက်တွေ အရမ်းနာနေပြီ။ လက်ကို ကြိုးဖြေပေးလိုက်တဲ့ အချိန်မှာ အနာလေး နည်းနည်းသက်သာသွားလို့ ကျနော် ၀မ်းသာသွားတယ်။

ကျနော်တို့ကို တကယ်ကို ကောင်းတဲ့ နေရာပြောင်းပေးမယ်လို့ ရိုးရိုးသားသား ထင်နေခဲ့တာ၊ အဲဒီအချိန်မှာပဲ နောက်ထပ် ရဲဘော်တယောက်အနားရောက်လာပြီး ဟာ သူ မပါဘူး။ သူမပါဘူး လို့ လာပြောတယ်။