တကယ်တော့  အဆိုးတွေထဲက၊အမှားတွေထဲက၊ဒုက္ခတွေထဲကမှ တကယ်လေး နက်တဲ့  အသိညဏ်ကို ရရှိတာပါ၊ အလေးနက်ဆုံး အသိညဏ်ကို ဘဝအတွေ့ အကြုံများထဲမှ သာ ရရှိမှာပါ၊နောက်ဆုံးတော့  ဘဝဟာ အလေးနက်ဆုံး စာအုပ်ပါ ပဲ။(ဆရာတော်ဦးဇောတိက)
Showing posts with label စာပေ/ယှဉ်ကျေးမှု့ . Show all posts
Showing posts with label စာပေ/ယှဉ်ကျေးမှု့ . Show all posts
Thursday, January 24, 2013
Thursday, January 3, 2013
“အထွေထွေယဉ်ကျေးခြင်း”
Nwe Aung and 2 other people shared အလင်းရောင် ချစ်သူ's photo.
“အထွေထွေယဉ်ကျေးခြင်း”၁။ လူကြီးလူကောင်းများနှင့် လည်းကောင်း၊ လူစိမ်းများနှင့် လည်းကောင်း စကားပြောလျှင် ခေါင်းငုံ့၍မပြောပါနှင့်၊ ထိုသူကိုကြည့်၍ပြောရာ၏။
၂။ စကားပြောဆိုရာတွင် ရှက်ကန်းကန်းလည်းမဖြစ်နှင့်၊ ရဲတင်းလွန်းသောအမူအရာဖြင့် မဖွယ်မရာလည်းမပြုနှင့်၊
(သူတစ်ပါးသည် သင့်အားအပြစ်ရှာနေသည်ဟုမထင်နှင့
၃။ သူတစ်ပါးစကားပြောလျှင် ကြားဖြတ်၍မပြောရ၊ ထိုသူ၏စကားဆုံးအောင် စောင့်ဆိုင်းရာ၏။
အကယ်၍ စိတ်မပါသ့ည့်တိုင်အောင် စိတ်မပါသည့် အမူအရာမပြဘဲ စိတ်ပါသကဲ့သို့ နားထောင်ရာ၏။
၎။ ဖြည့်စွက်၍ပြောရန်ရှိသော်လည်း ထိုသူစကားပြီးဆုံးမှ ယဉ်ကျေးသောအမူအရာနှင့် ရိုသေစွာဖြည့်စွက်ရမည်။
(မိမိတတ်ကျွမ်းနားလည်ကြောင်း ပြလိုသည့် သဘော၊ ဆရာလုပ်လိုသည့် သဘောဖြင့် ပြောဆိုခြင်းမပြုရ)။
Friday, December 21, 2012
ရခိုင်လူမျိုးနှင့် မြန်မာစာ ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာ November 29th, 2012
Hla Htay shared Aye Maung's photo.
ရခိုင်လူမျိုးနှင့် မြန်မာစာ ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာNovember 29th, 2012 .
ရခိုင်လူမျိုးနှင့်မြန်မာစာ ဟူသော ဆောင်ပါးသည် ရခိုင်လူမျိုးနှင့်။ မြန်မာစာ မည်သို့ မည်ပုံ ဆက်စပ်နေသည်ကို သိရှိနိုင်ကြစေရန် ရည်ရွယ် ချက်ဖြင့် ဤဆောင်းပါး ကို ရေးသား ရခြင်း ဖြစ်ပါသည်။ ရခိုင်လူမျိုးနှင့် မြန်မာစာ မြန်မာစာနှင့် ရခိုင်လူမျိုး ကိုမည်သည့်အခါမျှ ခွဲခြား၍ ရလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် မြန်မာစာကို ရခိုင်လူမျိုးတို့က မိမိတို့၏ ကိုယ်ပိုင်စာပေ´´ အနေဖြင့် အသိအမှတ်ပြု ထားသောကြောင့် ဖြစ်၏။
မြန်မာနိုင်ငံတွင် မြန်မာစာဟု သတ်မှတ်ခံ ထားရသော ´အက္ခရာစာပေ´´ ကို ရခိုင်လူမျိုးတို့က မိမိတို့၏ ´´ရခိုင်စာဟူ၍သာ သိနေကြပါသည်။ စာပေကို ရေးသားသည့် အခါ၌ ရခိုင်စကား အပြောအသုံး အနှုန်းဖြင့် ရေးသားခြင်း၊ စာပေအသုံးအနှုန်းဖြင့် ရေးသားခြင်းဟူ၍သာ ခွဲခြားထား သည်။ အက္ခရာ စာပေအနေဖြင့်မူသည် အက္ခရာသည် စာပေဖြင့်သာရေ သားနေကြခြင်း ဖြစ်ပါ သည်။ ယင်းစာ အမျိုးအစားကို ရခိုင်တို့က ´ရခိုင်စာ´(သို့မဟုတ်) ရက္ခ၀ဏ အက္ခရာ´ ဟုအမည် ပေးကာ ခေါ်ဝေါ်သ မှုပြုနေကြသည်ကိုလည်း တွေမြင်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် လူမျိုး ပေါင်း´၁၃၅´ မျိုးရှိကြသည့်အနက်´ မြန်မာစာ အရေးအသားကို မည်သည့်လူမျိုးတို့ က´ရှေ့ဦးစွာ စတင်ရေး သား´ခဲ့ကြသည်ကို လေ့လာစူးစမ်းဖို့ အချိန်တန်ပြီဟု စာရေး သူယူဆပါသည်။
အကယ်၍ အဖြေမှန် ထွက်ရှိခဲ့ပါလျှင်လည်း အားလုံး သဘောထားကြီးစွာဖြင့် လက်ခံ အတည်ပြု ပေးကြဖို့ကိုလည်း အနူးအညွတ် မေတ္တာရပ် ခံလိုပ်သည်။ မြန်မာနိုင်ငံအတွင်း၌ကား ရှေ့က ရခိုင်လူမျိုးတို့တွင် ´ရခိုင်စာ´၊ မွန်လူမျိုးတို့ တွင်´မွန်စာ´၊ ပြူ(ပျူ) လူမျိုးတို့ တွင် ´ပြူ(ပျူစာ)´ ဟူ၍ ကိုယ်ပိုင် စာပေအသီးသီး ရှိခဲ့ကြသည်အနက်သည် ဆောင်းပါးသည် ´မွန်နှင် ပျူစာ´ကို လေ့လာဆန်းစစ်မှု မပြုတောပဲ´မြန်မာစာဟု သတ်မှတ်ခံထားရ သော´ရခိုင်စာ´ကိုသာ နှစ်ဖက် နှိုင်းယှဉ်၍ ဝေဖန်သုံးသပ်တင်ပြသွားမည်ဖြစ်ပါ
အထောက်အထားရှိတိုင်း အကျယ်တ၀င့် တင်ပြဖို့ဆိုသည်မှာ မဂ္ဂဇင်းက စာမျက်နှာနေရာ ပေးနိုင် သည် မဟုတ်ပါ။ ရခိုင်နှင်မြန်မာ ခေတ်ပြိုင်မှုကိုရှာကြည့်ခြင်း မြန်မာစာပေ´ကို ရေးသား နေကြ သည့်´ရခိုင်လူမျိုးနှင့် မြန်မာလူမျိုး´´တို့၏ ခေတ်ပြိုင်အချိန်ကာလကိုရှာကြည့်
ပုမင်း အင်းတောင်ညောင်ရမ်းနောင် ကုန်းဘောင် ခုနစ်ဆက်´´ဟူသောသင်္ကေတ သံပေါက် ကဗျာအရ မြန်မာလူမျိုးတို့တွင် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊
ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် ဟူ၍ခေတ်(၆)ခေတ် ထွန်းကားခဲ့သည်ကို တွေရှိရပါသည်။
ရခိုင်လူမျိုးတို့တွင်လည်း ဒွါရာဝတီခေတ်၊ ဝေသာလီခေတ်၊ ဓည၀တီခေတ်(ပ၊ဒု၊တ)ခေတ် ၊ဝေသာ လီကျောက်လှေကားခေတ်၊ လေးမြိုခေတ်၊ မြောက်ဦး(ပ၊ဒု၊တ)ခေတ်ဟူ၍ ခေတ်(၆)ခေတ် ထွန်း ကားခဲ့သည်ကို တွေ့ရှိနိုင်သည်။ သို့သော်အချိန်ကာလ ကြာမြင့်ပုံခြင်းတော တူနိုင်မည်မဟုတ်ပါ။ ယင်းတို့အနက် မြန်မာတို့၏ ပုဂံခေတ်နှင့် ရခိုင်တို့၏ လေးမြိုခေတ်မှာ ခေတ်ပြိုင်ဖြစ်ကြ၏။ မြန်မာတို့ ဘက်ကပုဂံ၏ထင်ရှား သော´ရာဇကုမာရ် ကျောက်စာခေါ်မြစေတီ ကျောက်စာ´´ကို ခိုင်မာသောအထောက် အထားအဖြစ်တင်ပြမှာဖြစ်ပြီး၊ ရခိုင်တို့ဘက်က စစ်တွေမြို့ ခေါင်းလောင်း ကျောင်းတိုက်ရှိ လေးမြို့ခေတ်´ရခိုင် ဘုရင်မင်းရင်ဖြူ´သွန်းလုပ်ပူဇော
မြန်မာတို့၏ ပုဂံခေတ်..
ကြာ၊ မိုး၊ အံ၊ ပုဂံ တည်´ဟူသောဆောင်ပုဒ်အရ ပျဉ်ပြားမင်း (အေဒီ-၈၄၆ မှ ၈၇၈)ထိသည် ယခုလက်ရှိ ပုဂံမြိုကို တည်ချိန်မှာ ကောဇာ-၂၁၁-ခု၊ ခရစ်အေဒီ ၈၄၉ ခုဖြစ်၏၊
ပုဂံ ပျက်ချိန်ကား´စောမွန်နစ်မင်း´(ေ
ကွမ်းဆော် ကြောင်ဖြူမင်း(အေဒီ-၉၆၄-၉၈၆) ၄င်းနောက် ကျည်စိုးမင်း(အေဒီ-၉၈၆-၉၉၂) ၄င်းနောက် စုက္ကတေမင်း (အေဒီ-၉၉၂-၁၀၁၇) ၄င်းနောက် အနော်ရထာမင်း(အေဒီ-၁၀၄၄-၁၀၇၇) လက်ထက်မှ ထေရ၀ါဒ ဗုဒ္ဒသာသနာကို မွန်ရဟန်းတော် ရှင်အရဟံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ရ၏။ ယင်းအချိန်ထိ ´ပုဂံ´၌ ´မြန်မာစာ´´ဟူသောအရေးအသားမရှိသေ
Monday, November 26, 2012
“ကရင်လူမျိုးနှင့် ဖားစည်”
Saw Lin shared Manh Lay's photo.
သူငယ်ချင်းတစ်ယောက်ရဲ့ဖေ့ဘုတ်ပေ
်နှင့်အမျှ...
“ကရင်လူမျိုးနှင့် ဖားစည်”
ဆိုတဲ့ ကရင့်ကြေးမုံစာစောင်အား တဆင့်ပြန်လည်မျှဝေလိုက်ပါမယ်။
ကရင်အမျိုးသားအပေါင်းတို့ သည် ဖားစည်ကို အမျိုးသားယဉ်ကျေးမှုအထိမ်းအမှတအ နေဖြင့်အထဋ်
့အမြတ်ထားပြီး လေး စားတန်ဖိုးထားကြပါတယ်။ စည်ရဲ့မျက်နှာပြင်ပေါ်မှာ
ဖားရုပ်တွေရှိတဲ့အတွက် မြန်မာတွေက ဖားစည်လို့  ခေါ်ခြင်းဖြစ်ပါတယ်။အရှေ
့ပိုးကရင်ဘာသာစကားဖြင့် က္လေါဟ် (ကလူး) လို့ ခေါ်ကြပါတယ်။အဓိပာယ်ဖွင့်ဆိုရလျှင် အလေးထားဏီးညွတ်ခြင်းမြတ်နိုးတန် ဖိုးထားခြင်း နှင့်အလေးအနက်လေးစားလိုက်နာခြင်းလို့  အဓိပာယ် ဆောင်ပါတယ်။
ရှေးကရင်တို့ သည် တောတောင်အတွင်း ရွာတည်ပီးနေထိုင်ကြသည်မှာ တစ်အိမ်နှင့်တအိမ် တစ်ရွာ နှင့်တစ်ရွာ အလှမ်းဝေးကွာလှပါသည်။ ရွာသူရွာသားများ စုဝေးစေချင်သည့်အခါ ဖားစည်ကို အား ရိုးရိုးတီးခတ်ပေးပြီး စုရုံးကြပါသည်။ အရေးကြီးသည့်ကိစ္စပေါ်လာသည့် အချိန်တွင်ဖြစ်စေ၊ရန်သူဘေးနှင့် ကြုံတွေ့ ရသည့်အချိန်တွင်ဖြစ်စေဖားစည်ကို
အမှတ်အသားဖြင့် တီးခတ်ကြပြီး လူစုကြပါသည်။ရွာသူရွာသားများက
အချက်ပေးသံအမှတ်အသားနှင့် တီးခတ်သံကိုနားထောင်ပြီး ကိစ္စ၏အကြောင်းရင်းကို
နားလည်သဘောပေါက်ကြသည်။
“ကရင်လူမျိုးနှင့် ဖားစည်”
ဆိုတဲ့ ကရင့်ကြေးမုံစာစောင်အား တဆင့်ပြန်လည်မျှဝေလိုက်ပါမယ်။
ကရင်အမျိုးသားအပေါင်းတို့ သည် ဖားစည်ကို အမျိုးသားယဉ်ကျေးမှုအထိမ်းအမှတအ
ရှေးကရင်တို့ သည် တောတောင်အတွင်း ရွာတည်ပီးနေထိုင်ကြသည်မှာ တစ်အိမ်နှင့်တအိမ် တစ်ရွာ နှင့်တစ်ရွာ အလှမ်းဝေးကွာလှပါသည်။ ရွာသူရွာသားများ စုဝေးစေချင်သည့်အခါ ဖားစည်ကို အား ရိုးရိုးတီးခတ်ပေးပြီး စုရုံးကြပါသည်။ အရေးကြီးသည့်ကိစ္စပေါ်လာသည့် အချိန်တွင်ဖြစ်စေ၊ရန်သူဘေးနှင့်
Subscribe to:
Posts (Atom)